Tuesday, March 10, 2026

 

                                                        အခန်း(၂၀)

                              စစ်သူကြီးနေမန် နူနာရောဂါမှ ပျောက်ကင်းသွားခြင်း

 

ဤအခန်းကြီးသည်(ဓမ္မရာဇဝင်စတုတ္တစောင်  ၅) အခြေခံထား သည်။

 

               ]ရှုရိရှင်ဘုရင်၏ စစ်သူကြီးနေမန်သည် မိမိသခင်ထံမှာ မျက်နှာရသောသူ၊ ဘုန်းကြီးသောသူဖြစ်၏။ အကြောင်းမူကားရှုရိပြည်သည် ထိုသူအားဖြင့် အောင်ရသော အခွင့်ကို ထာ၀ရဘုရားသခင်ပေးတော်မူပြီ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲ ဖြစ်၏။ သို့ရာတွင် နူနာစွဲ၏။}

               ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် ဣသရေလရှင်ဘုရင်အာဟပ်ကို လုပ်ကြံအောင် နိုင်ခဲ့ပြီးသည်မှစ၍ ရှုရိပြည်သားတို့သည် ဣသရေလလူတို့နှင့် အမြဲနယ်စပ် တိုက်ပွဲ ဖြစ်လေ့ရှိပါသည်။ တစ်ခုသော စစ်ကြောင်း၌ ရှုရိပြည်သားတို့အနိုင်ရသဖြင့် သုံ့ပန်း တချို့ကို ခေါ်ဆောင်သွားလေရာ ထိုအထဲမှာ မိန်းမငယ်တစ်ယောက်သည်လည်း ပါသွား၏။ သူမသည် ]နေမန်၏ မယားထံ၌ကျွန်ခံရ၏} မွေးရပ်မြေနေအိမ်မှ ဝေလှစွာရှိနေရသော ကျွန်မတစ်ဦးဖြစ်ပါသော်လည်း ထိုသူငယ်မသည် ဘုရားသခင်၏ သက်သေခံကောင်းတစ်ဦးဖြစ်ခဲ့ပါသည်။ သူမအားဖြင့် ဣသရေလလူမျိုးကို ဘုရား သခင်သည် ရွေးချယ်ထားကြောင်းကို တိုင်းတစ်ပါးသားတို့ သိရှိခွင့်ရပါ၏။ ဘုရား သခင်၏ အကြံတော်ကို ပြည့်စုံစေသောကြောင့်ဖြစ်သတည်း။ တိုင်းတစ်ပါးအိမ်မှာ နေရသော်လည်း သူမသည် သူ့သခင်နေမန်ကို အကြင်နာတရားပွား၏။ မိမိ၏ ပြည်တော်မှာ ပုရောဖက်ဧလိရှဲအားဖြင့် အံ့ဖွယ်အနာရောဂါများ ပျောက်ကင်းသော ဖြစ်ရပ်မှန်တို့ကို သတိရသည်ဖြစ်ရကား တစ်နေ့မှာသူမ၏ သခင်မကို ဤသို့ ပြောလိုက်ပါသည်။ ]ကျွန်မသခင်သည် ရှမာရိမြို့၌ရှိသော ပုရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပုရောဖက်သည် သခင်၌စွဲသော နူနာကိုပျောက်စေလိမ့်မည်။} (ငယ် ၃)။ သူမသည် ကောင်းကင်ဘုံ၏တန်ခိုးတော်ဖြင့် နေမန်သည် အနာရောဂါမှ ပျောက်ကင်းမည် ကို အကြွင်းမဲ့ယုံကြည်ခဲ့လေပြီ မဟုတ်လော။သုံ့ပန်းဘ၀မှာရှိသော ထိုသမီးငယ်သည် တိုင်းတစ်ပါးအိမ်မှာ နေရလင့်ကစား ဤကဲ့သို့ ခိုင်မာလှသော သက်သေခံချက်ကို ပြုဝံ့သည်အရာမှ လက်ဦးဆရာမိနှင့်ဘ တို့၏ အိမ်တွင်း မွမ်းမံ သင်တန်းကြောင့် ဖြစ်ပေသည်။ မေမေနှင့် ဖေဖေတို့အား သားသမီးများကို ပေးလျက် ဂရုတစိုက်ကြည့်ရှု စောင့်ရှောက်ကာ သင်တန်းပေးကျင့်စေသော အလုပ်ထက် မြင့်မြတ်သော အပ်နှံမှုသည် မရှိတော့ပြီ။

               သို့ဖြစ်၍ ဘုရားသခင်အလိုတော်ကို မိမိတို့၏သားသမီးများအားဖြင့် ရောင် ပြန်ဟပ် စေနိုင်သော မိဘများ၏ပျော်ရွှင်မှုသည် ဝါဂွမ်းဆီထိသကဲ့သို့ ပီတိဖြစ်ရပါသည်။ ကလေးငယ်တို့၏ ကျေးဇူးသိတတ်မှုနှင့် ရိုသေသမှုရှိခြင်း တို့သည်လည်းကောင်း၊ နူးညံ့သိမ်မွေ့မှုနှင့် ဖြောင့်မတ်၍ တရားမျှတခြင်းရှိကာ စိတ်ရှည်သည်းခံခြင်း သည် လည်းကောင်း မိဘတို့၏ပုံစံများကို ရောက်ပြန်ဟပ် နေခြင်းပင်ဖြစ်၏။ ဤကား ဘုရားသခင်၏ ပညတ်တော်များနှင့် ကတိတော်မြတ်တို့ကို ယုံကြည်စွဲလမ်း၍ အခြေ ခံထား အသက်ရှင်ကြောင်းကိုပြ၏။ ဤသို့လျှင် ကလေးငယ်တို့သည်လည်း မိဘများ သွန်သင်သလို ကောင်းကင်ဘုံဘုရားသခင်အား ချစ်ခြင်းမေတ္တာဖြင့် ယုံကြည်အား ကိုးကာ စကားတော်ကို နားထောင်လိုက်လျှောက်ခြင်းသည် သူငယ်တို့၏ပန္နက် ရိုက်ပြီးသား ဖြစ်လာပါသည်။ ထာ၀ရကာလအတွက် အကျင့်တည်ဆောက်ပေးရာ ဘဏ္ဍာတိုက်သည် မိဘများနှင့် ဘုရားသခင့် အလိုတော်နှင့် အညီနေထိုင်သက် ရှင်ခြင်းပင်ဖြစ်သည်မဟုတ်ပါလော။ကျွန်ုပ်တို့၏ ရင်သွေးငယ်ကလေးကြီးများတို့သည် မိမိတို့၏ အသက်မွေးဝမ်းကျောင်းအတွက် သာမန်အလုပ်အကိုင်များကို လုပ်ကိုင်နေပါ သော်လည်း အားလုံးက ကမ္ဘာလောကကြီအား အကျိုးပြု ကရုဏာလုပ်ငန်းများ လုပ်ဆောင်ပေးရန် ဖိတ်ခေါ်ခြင်းကို ခံကြရသူများဖြစ်ပေသည်။ ထိုသူတို့သည် သခင်ခရစ်တော်၏ ဘေးအနားမှာ ရပ်နေ၍ အများအကျိုးသယ်ပိုးရန် လုပ်ဆောင်ကြ ရမည်ဖြစ်ပါသည်။          

                                                           

 

               သုံ့ပန်းမိန်းမငယ်လေးကနေမန်၏ နူနာရောဂါကို ကုသရနနှိုး ဆော်ခြင်း

              

နေမန်သည် ထိုသုံ့ပန်းမိန်းမငယ်၏ပြောစကားကို မိမိ၏ဇနီးသည်ထံမှ တစ်ဆင့်ကြား သိရသောအခါ မိမိအရှင်ဘုရင်မင်းမြတ်ထံသို့ဝင်၍ ဣသရေလ အမျိုးမိန်းမငယ် စကားကို ပြန်လျှောက်လေ၏။ ]ရှုရိရှင်ဘုရင်ကလည်း သွားလော့၊ သွားလော့။ ဣသရေလရှင်ဘုရင်ထံသို့စာပေး လိုက်မည်ဟု အမိန့်တော်အတိုင်း နေမန်သည် ငွေအခွက်တစ်ရာ၊ ရွှေအခွက်ခြောက်ဆယ်၊ အဝတ်ဆယ်စုံကိုယူသွား၍ ဣသရေလ  ရှင်ဘုရင်ထံသို့ မိမိအရှင်၏ စာကိုသွင်းလေ၏။ စာ၌ပါသော အချက်ဟူမူကား ကိုယ်တော်သည်ငါ့ကျွန်နေမန်၏ နူနာကိုပျောက်စေခြင်းငှါ သူ့ကို ဤစာနှင့် အတူ ငါစေလွှတ်သည်ဟု ပါတည်း။}

               ]ဣသရေလရှင်ဘုရင်သည် ထိုစာကိုကြည့်ပြီးမှ မိမိအဝတ်ကို ဆုတ်၍ ငါသည် အသက်ပေးပိုင်၊ နုတ်ပိုင်သော ဘုရားသခင်ဖြစ်သောကြောင့် ဤသူသည် လူနူကို ချမ်းသာပေးစေခြင်းငှါ ငါ့ထံသို့ စေလွှတ်သလော။ ကြည့်ကြလော့။ ဤသူသည် ငါ့ကို အဘယ်မျှလောက်ရန်ရှာ ချင်သည်ကို ကြည့်ကြလော့ဟုဆို၏။}

               ဤသတင်းသည် ပုရောဖက်ဧလိရှဲထံသို့ရောက်သော် သူသည်ရှင်ဘုရင်ထံ ဤကဲ့သို့အကြောင်းပြန်၏။ ]ကိုယ်တော်သည် အဘယ်ကြောင့်အဝတ်ကို ဆုတ် သနည်း။ ထိုသူသည် ငါ့ထံသို့လာပါလေစေ။ ဣသရေလပြည်၌ ပုရောဖက်ရှိသည်ကို သိလိမ့်မည်ဟု ရှင်ဘုရင်ကို မှာလိုက်လေ၏။}

               ]ထိုကြောင့် နေမန်သည်မြင်းရထားကို စီးသွာ၍ ဧလိရှဲအိမ်ရှေ့မှာ ရပ်နေ၏။} ဧလိရှဲက မိမိ၏ စေတမန်အာဖြင့် နေမန်ကို ပြောစေလိုက်သည်မှာ- ]သင်သည် သွား၍ ယောဒန်မြစ်၌ ခုနစ်ကြိမ်တိုက်အောင်ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့် မည်။}

               နေမန်သည် အမှန်အားဖြင့် ကောင်းကင်ဘုံမှ တန်ခိုးတော်ကို မျက်ဝါးထင်ထင် အံ့ဖွယ် နိမိတ်လက္ခဏာ တစ်ရပ်အဖြစ်မြင်တွေ့ရတော့အံ့ဟုမျှော်လင့်ခဲ့သူဖြစ်ပါသည်။ ]နေမန်ကလည်း အကယ်၍ ပုရောဖက်သည် ထွက်လာမည်။ ငါ့အနားမှာရပ်လျက် မိမိထာ၀ရဘုရားသခင်၏ နာမကိုခေါ်၍ မိမိလက်နှင့်သုံးသပ်သဖြင့် နူနာကို ပျောက် စေမည်ဟု ငါထင်၏။} ဤသို့လျှင် သူ့အားမလေးမခန့်သဘောမျိုးနှင့် ယောဒန်မြစ် မှာသွား၍ စင်ကြယ်စေလော့ ဟုဆိုသောအခါ သူ၏မာန်မာနကို ထိခိုက်သည်ဟု မှတ်ယူကာ] ဒမာသက်ပြည်၌ အာဗနာမြစ်၊ ဖါဖါမြစ်တို့သည် ဣသရေလမြစ်အလုံးစုံတို့ ထက်သာ၍ကောင်းသည် မဟုတ်လော။ ထိုမြစ်၌ ငါရေချိုး၍ မသန့်ရှင်းရသလောဟု ဆိုလျက် အမျက်ထွက်၍ ပြန်သွား၏။}

               မှန်ပါသည်။ နေမန်ဖော်ပြသွားသော မြစ်တို့သည် လှပသာယာလှပေသည်။ မြစ်ကမ်းတစ်လျှောက်နတ်ကွန်းများစွာရှိ၏။ လူတို့သည် ဤလှပမြစ်ကမ်းနဖူးမှာ စုဝေး ကာ ယဇ်နတ်ပူဇော်ပသ ကိုးကွယ်ခြင်းအမှုကို ပြုကြသည်အရာမှာ ယဉ်ပါးလျက် ရှိနေပါပြီ။ ယခုလို အမိန့်ပေးခံရသည်ကို အနှိမ်ခံရသည်ဟု မှတ်ယူခဲ့ပါ၏။ သို့သော် လည်း တိကျသေချာသော ပုရောဖက်၏ ညွှန်ကြားချက်များ အတိုင်းလိုက်လျှောက်ပါမှ နေမန်သည် အနာရောဂါမှ ပကတိပျောက်ကင်း ကျန်းမာလာမည်မဟုတ်ပါလော။

               နေမန်၏ ကျွန်များတို့သည် မိမိတို့၏ အရှင်သခင်အား ပုရောဖက်ဧလိရှဲ ညွှန်ကြားချက်အတိုင်း လိုက်၍ လုပ်ဆောင်ရန် ဖျောင်းဖျပြောဆိုကြပေသည်။ ]ကျွန်တို့သည် ချဉ်းလာ၍ အဘ၊ ခက်သော အမှုကိုပြုရမည်ဟု ပုရောဖက်စီရင် လျှင် ပြုတော်မူမည်မဟုတ်လော။ ရေချိုး၍သာ သန့်ရှင်းခြင်းသို့ ရောက်လော့ဟု စီရင်လျှင် အဘယ်မျှလောက်သာ၍ ပြုတော်မူသင့်ပါသည်တကားဟု လျှောက်ကြသော်၊ မျက်နှာထားတင်းမာစွာဖြင့် နေမန်သည်သွား၍ ဘုရားသခင်၏ လူစီရင်သည်အတိုင်း ယောဒန်မြစ်၌ကိုယ်ကို ခုနစ်ကြိမ်နှစ်သဖြင့် သူ၏အသားသည် သူငယ်၏အသားကဲ့သို့ ပြောင်း၍ သန့်ရှင်းခြင်းသို့ရောက်၏။}

               သို့ပြီးမှ ကျေးဇူးများစွာတင်ရှိစွာဖြင့် လိုက်သောသူအပေါင်းတို့နှင့် တကွ ဘုရားသခင်၏ လူထံသို့ပြန်လာ၍ သူ့ရှေ့မှာရပ်လျက်၊ ဣသရေလပြည်မှတစ်ပါး အဘယ်ပြည်၌ မျှဘုရားသခင်မရှိသည်ကို ယခု အကျွန်ုပ်သိပါ၏ဟု အသိအမှတ် ပြုပြောဆိုလိုက်ပါသည်။

 

                             

 

               နေမန်အဖို့ထုံးစံရှိသည်အတိုင်း ဧလိရှဲကို ]သို့ဖြစ်၍ ကိုယ်တော်၏ ကျွန်လÈသော တန်ဖိုးကြီးအလÈလက်ဆောင်ကို ခံယူတော်မူပါ} ဟု တောင်းလျှောက် လေသည်။ ဧလိရှဲကလည်း၊ ငါကိုးကွယ်သော ထာ၀ရဘုရားအသက်ရှင်တော်မူသည် အတိုင်း မခံမယူရဟုဆိုလျှင်၊ ခံယူစေခြင်းငှါ တစ်ဖန်တိုက်တွန်းသော်လည်း ငြင်း ပယ်လျက်နေ၏။ ဘုရားသခင်ပေးသနားတော်မူသော ကောင်းချီးမင်္ဂလာများအတွက် အဖိုးအခကို မခံယူထိုက်ဟု ဧလိရှဲမှတ်ယူပါသည်။ ဤသို့လျှင် နေမန်သည် ဧလိရှဲထံမှ ထွက်ခွါသွားလေ၏။

 

                              ဧလိရှဲ၏ ကျွန်မှာ ယုဒရှကာရုတ်၏ သေဘောရှိခြင်း

               ဧလိရှဲ၏ ကျွန်ဂေဟာဇိ၌ မိမိ၏ သခင့်အသက်တာ လုပ်ဆောင်မှုတွေမှာ နေ့စဉ်နှင့် အမျှမြင်တွေ့နေရသော မိမိကိုယ်ကိုငြင်းပယ်ခြင်းသဘောကို တိုးပွားစေအံ့ သောငှါ အခွင့်အရေးကိုရရှိခဲ့ပါသည်။ ကောင်းကင်ဘုံ၏ အကောင်းဆုံးကျေးဇူးကို သူသည် ရယူနိုင်၏။ အခွင့်အရေးများစွာ ရှိခဲ့ပါသည်။ သို့သော်လည်း ထိုအရာတို့ကို စိတ်မဝင်စားဘဲ လောကစည်းစိမ်ချမ်းသာကို သူစိတ်ဝင်စားတပ်မက်နေ၏။ ယခုလို အခွင့်အရေးပေါ်လာသောအခါ သူ၌ နှစ်ရှည်လများသန္ဓေတည် ကိန်းအောင်းနေသော ကြေးငွေတပ်မက်သောသဘောသည် နှိမ်နင်းလို့မရအောင်ပေါ် ထွက်လာပါတော့သည်။ ]ဘုရားသခင်၏ လူဧလိရှဲ၏ ကျွန်ဂေဟာဇိက ဤရှုရိလူ နေမန်ဆောင်ခဲ့သောဥစ္စာကို ငါ့သခင်သည် မခံမယူ။ သူ့ကိုအလွန်သနားပြီး ထာ၀ရဘုရားသခင် အသက်ရှင်တော် မူသည်အတိုင်း သူ့နောက်သို့ ငါလိုက်၍ တစ်စုံတစ်ခုကို ယူမည်ဟု အကြံရှိလျက် နေမန်နောက်သို့လိုက်လေ၏။}

               ]လိုက်ကြောင်းကို နေမန်သည် မြင်လျှင် ကြိုဆိုအံ့သောငှါ ရထားမှဆင်း၍ ရှိသမျှ ကောင်းသလောဟုမေးသော် ဂေဟာဇိက ကောင်းပါ၏။ ယခုတွင် ပုရောဖက် အမျိုးသားလုလင်နှစ်ယောက်သည် ဧဖရိမ်တောင်မှ ရောက်လာပြီ။ ငွေအခွက် တစ်ဆယ်နှင့် အဝတ်နှစ်စုံကို သူတို့အဖို့ပေးပါလော့ဟုတောင်းခြင်းငှါ ကျွန်တော့်သခင် သည် ကျွန်တော့်ကိုစေလွှတ်ပါပြီဟု ဆိုလျှင်} နေမန်သည် သူတောင်းဆိုသည် အတိုင်း ဝမ်းမြောက်စွာသောစိတ်နှင့် သဘောတူပေကမ်းလိုက်၏။] နေမန်က အခွက်နှစ် ယောက်ကို မငြင်းယူပါလော့ဟု တိုက်တွန်းလျက် ငွေအခွက်နှစ်ဆယ်ကိုအိတ်နှစ်လုံး က၌ အဝတ်နှစ်စုံနှင့်တကွစည်း၍ မိမိကျွန်နှစ်ယောက်အပေါ်မှာတင်သဖြင့် သူတို့သည် ဂေဟာဇိရှေ့၌ ထမ်းသွားရ၏။}

               ဂေဟာဇိသည် ဧလိရှဲ၏ အိမ်အနီးသို့ရောက်လာသောအခါ ထိုဥစ္စာကို ဂေဟာဇိသညယူ၍ အိမ်၌ သိုဝှက်ထားသဖြင့် ထမ်းသောသူတို့ကို လွှတ်လိုက်ပြီးမှ ကိုယ်တိုင်ဝင်၍ မိမိသခင့်ရှေ့၌ရပ်နေ၏။ ဧလိရှဲကလည်း ဂေဟာဇိ၊ အဘယ်အရပ်သို့ သွားဘိသနည်းဟု မေးလျှင် ကိုယ်တော်ကျွန်သည် အဘယ်အရပ်ကိုမျှ မသွားပါဟု ပြန်ပြောလေ၏။

               ဂေဟာဇိလုပ်ခဲ့လေသမျှအားလုံးကို ဧလိရှဲသိထားနှင့်ပြီ ဖြစ်ပါသည်။ ]ဧလိရှဲက ထိုလူသည် သင့်ကိုကြိုဆိုအံ့သောငှါ ရထားပေါ်မှာလှည့်သောအခါ ငါ့စိတ်ဝိညာဉ်သည် သင့်နှင့်အတူအလိုက်သလော။ ငွေကိုခံယူချိန်ရှိသလော။ အဝတ်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုးနွား၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမကို သိမ်းယူချိန်ရှိသလော။ သို့ဖြစ်၍ နေမန်၏နူနာသည် သင့်၌လည်းကောင်း၊ သင်၏သားမြေး၌လည်းကောင်း၊ အစဉ်အမြဲ စွဲစေဟုဆိုသည်အတိုင်း အကျိုးအပြစ်ဆပ်ပေးခြင်းသည် လျင်မြန်လှသည်နှင့် သမျှ ဂေဟာဇိသည် နူနာစွဲ၍ မိုးပွင့်ကဲ့သို့ဖြူလျက် သခင်ဧလိရှဲမျက်မှောက်မှာ ထွက်ခွာ သွားခဲ့ရလေသည်။

               ဤအတွေ့အကြုံကို ကျွန်ုပ်တို့သည် သင်ခန်းစာယူအပ်ပေသည်။ ဂေဟာ ဇိသည် နေမန်၏ယုံကြည်ခြင်းခရီးလမ်းကို ပိတ်ဆို့ထားသော ခလုတ်တံသင်း တစ်ခုဖြစ်ခဲ့လေပြီ မဟုတ်လော။ နေမန်သည် အသက်ရှင်သော ဘုရားသခင်ကို ယုံကြည်ကိုးကွယ်ရန် ဆန္ဒရှိခဲ့ပါလေပြီ။ အံ့ဖွယ်တရားအလင်းသည် သူ့အပေါ်မှာ ထွန်းလင်းခဲ့၏။ သို့သော် ဤလှည့်ဖြားမှုတစ်ခုအတွက်နှင့် နေမန်သည် ထိုတရား အလင်းကို မျက်ခြည်ပတ်ခဲ့ရလေသည် သို့ဖြစ်၍ လှည့်ဖြားမှုအတွက် ဆင်ခြင်ပေး၍ မရနိုင်ပြီ။ ဂေဟာဇိသည် သေသည်တိုင်အောင် နူနာရောဂါသည် တစ်ဦးဖြစ်ခဲ့ရပါသည်။

                                            

 

               ]မမှန်သောသက်သေသည် အပြစ်မခံလဲမနေရ။ မုသားကိုသုံးသောသူသည် လည်း ဒဏ်နှင့်မလွတ်ရ။} (သုတ္တံ ၁၉း၅)။ ]ငါတို့ကို စစ်ကြောစီရင်တော်မူသော သူ ရှေ့၌ မထင်ရှားသော အရာတစ်စုံတစ်ခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ် အကာမရှိဘဲ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏။} (ဟေဗြဲ ၄း၁၃)။ ဘုရား သခင်သည် မိမိ၏ပုရောဖက်အား ဂေဟာဇိနှင့် နေမန်တို့စပ်ကြား ဖြစ်ရပ်မှန်မြင်ကွင်း ဟူသမျှကို ဖော်ပြခဲ့လေပြီ။

               အမှန်တရားသည် ဘုရားသခင်နှင့် သက်ဆိုင်ပါ၏။ ပုံစံအမျိုးမျိုးနှင့် လာသော ပရိယာယ်လှည့်ဖြားခြင်းတို့သည်ကား စာတန်မှ ဖြစ်ပေသည်။ အကြင်သူသည် အမှန် တရားလမ်းဖြောင့်မှ မိမိကိုယ်ကိုသွေဖည်၍လျှောက်လှမ်းအံ့။ ထိုသူသည် မိမိကိုယ်ကို လူဆိုးသွမ်း၏ တန်ခိုးအာဏာလက်တွင်းသို့ အပ်နှင်းလိုက်သည်နှင့်တူ၏။ မိမိကိုယ်ကို ရောင်းစားသည်ဟု ဆိုရလိမ့်မည်။(ဧဖက် ၅း၁၁)။ သခင်ခရစ်တော်၌ နည်းခံသူမှန် သမျှသည် ရှေ့သို့ စေ့စေ့ကြည့်၍ ဖြောင့်မတ်မှန်ကန်စွာ ကျင့်သုံးသက်ရှင်နေပါ လိမ့် မည်။ အကြောင်းမူကာ ထိုသူတို့သည် မိမိတို့၏နှုတ်၌ မုသားမရှိ။ သန့်ရှင်းသူများဖြစ်ကြ ပါ၏။(ဗျာ ၁၄း၅)။ ဤသို့လျှင် မိမိကိုယ်ကို ပြင်ဆင်ထားကြသူများဖြစ်သတည်း။

               နေမန်၏ အံ့ဖွယ်ယုံကြည်ခြင်းကို ကယ်တင်ပိုင်ရှင်ခရစ်တော်ယေရှုသည် သရုပ်ပြဩဝါဒတစ်ခုအဖြစ် မိန့်ကြားခဲ့ပါသည်။ ]ပုရောဖက်ဧလိရှဲလက်ထက်တွင်လည်း ဣသရေလအမျိုး၌ နူနာစွဲသောသူအများရှိကြ၏။ သို့သောလည်း နေမန်အမည်ရှိသော ရှုရိလူမှတစ်ပါး အဘယ်သူမျှ သန့်ရှင်းခြင်းသို့ မရောက်ရဟုမိန့်တော်မူ၏။} (လုကာ ၄း၂၇)။ ဘုရားသခင်သည် ဣသရေလပြည်တွင်များစွာသော နူနာရောဂါသည်တို့ အားလွန်သွာရ၏။ အဘယ်ကြောင့်ပါနည်း။ မိမိတို့၏ မယုံကြည်မှုကြောင့်ဖြစ်ပါသည်။ တစ်ပါးအမျိုးသား သူကောင်းမျိုးတစ်ယောက်မှာမူကား   အမှန်တရားအပေါ် မိမိ၏ရပ် တည်မှုသည် မှန်ကန်ပါသောကြောင့် ဘုရားသခင့်ရှေ့တော်မှာက်မှာ ကောင်းချီးမင်္ဂ လာကို ခံယူရရှိရန် ပိုမို၍ ထိုက်တန်သူတစ်ယောက်ဖြစ်ရပေသည်။ ဣသရေလလူမျိုး တို့မှာ အခွင့်အရေးရရှိပါလျက်နှင့် ဘုရားသခင်ပေးအခွင့်ထူးများကို ငြင်းပယ် ခြင်းက မိမိတို့ ကိုယ်ကို ဆင်းရဲစေခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ ကောင်းကင်ဘုံမှ ပေးသနားသော အလင်းကို တုံ့ပြန်သူနှင့် ဘုရားသခင်၏ အလိုတော်ကို နှစ်သက်တတ်သူများ အတွက် ကိုသာ ဘုရားသခင်သည် အလုပ်လုပ်ပေးနေပါကြောင်း သိမှတ်ရပေမည်။

               အကြင်သူသည် မိမိတာဝန်ဝတ္တရားကိုသိ၍ ထမ်းဆောင်ရာ၌ ရိုးသားမှုရှိချေက ထိုသူ၌ အလင်းတရားသည် တိုးပွားလာမည်ဖြစ်ပါသည်။ နေမန်ကဲ့သို့ ]ဣသရေ လပြည်မှတစ်ပါး အဘယ်ပြည်၌မျှ ဖန်ဆင်းသူ အသက်ရှင်တော်မူသော ဘုရား သခင်မရှိသည်ကို ယခုအကျွန်ုပ်သိပါ၏} ဟု အသိအမှတ်ပြုလာသည်တိုင်အောင် ထို သူတို့၌ ဘုရားသခင်သည် အလုပ်လုပ်တော်မူပါလိမ့်မည်။ (ဟေ ၅၀း၁၀၊ ၆၄း၄၊၅)။

              

No comments:

Post a Comment