Tuesday, March 10, 2026

 

အခန်း(၂၁)

ပုရောဖက်ဧလိရှဲ၏ နောက်ဆုံးနေ့ရက်များ

 

               ဧလိရှဲ၏ အသက်တာတစ်လျှောက် ဣသရေလပြည်နိုင်ငံမှာ ပြောင်းလဲမှု အမျိုးမျိုးကို မြင်တွေ့ခဲ့ရပေသည်။ ရှုရိရှင်ဘုရင်ဟာဇေလသည် ဖောက်လှဲ ဖောက်ပြန်သောပြည်သားတို့ကို ရက်စက်စွာညှဉ်းဆဲကာ ဒုက္ခပေး၏။ ယေဟုသည်ကား အာဟပ်မင်းနှင့် သားတော်အပေါင်းတို့အပါအဝင် မိသားစုအားလုံးကို လုပ်ကြံ၏။ ယေဟု၏သားတော်ယောခတ်သည် ထာ၀ရဘုရားသခင်ရှေ့တော်မှာ အပြစ်ကိုပြု သောကြောင့် ယော်ဒန်မြစ် အရှေ့ဘက်ရှိမြို့တော်တချို့သည် ရန်သူလက်ထဲပါ သွားရ၏။ ထိုစဉ်ကာလမှာ ဣသရေလပြည်တစ်ဝန်းလုံးကို ရှုရိပြည်သားတို့အုပ်ချုပ်မင်း လုပ်နေသယောင်ဖြစ်ခဲ့ရ၏။ သို့သော်လည်း ပုရောဖက်ဧလိရှဲဦးဆောင်သော ဘာသာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကြောင့် လူများစွာတို့သည် ဘုရားသခင်၏ နောက်တော်သို့လိုက်ကြသည်။ ဗာလယဇ်ပလ္လင်တို့သည် စွန့်ပစ်ခြင်းခံရ၏။ ထာ၀ရ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့နှင့် ဝတ်ပြုကိုးကွယ်ဆည်းကပ်ရွေးချယ်လိုသူ တို့ သည် တဖြည်းဖြည်း နှင့် သေချာပေါက် ဘုရားသခင်၏ အကြံတော်နှင့် နီးကပ်လာပါပြီ။

               အမှန်အားဖြင့် ဣသရေလလူမျိုးသည် မိမိတို့၏အရှင်သခင် မေတ္တာရှင်ကို ပြစ်မှားကြသောကြောင့် ထာ၀ရဘုရားသခင်သည် ထိုသူတို့အား ရှုရိလူတို့ ညှဉ်းဆဲ နှိပ်ကွပ်ရန် အပ်နှံခွင့်ပြုလိုက်ခြင်းဖြစ်ပေသည်။ ကောင်းလှသည်ကို လုပ်လိုပါသော် လည်း အကျင့်အရာမှာ အားအင်ချည့်နဲ့ခဲ့ရပြီမို့ ထာ၀ရဘုရားသခင်သည် သူတို့ကို သနားကာ ယေဟုကိုပေါ်ထွန်းစေ၍ ယေဇဗေလနှင့် အာဟပ်အိမ်ထောင်စုတစ်ခုလုံးကို လုပ်ကြံစေခဲ့ပါသည်။ ဤတစ်ကြိမ်မှာလည်း ဘုရားသခင်၏ကရုဏာတော်စီမံချက်ဖြင့် ဗာလဘုရားနှင့် အာရှရနတ်ဘုရားမတို့၏ ပုရောဖက်များဘေးဖယ်ခံရကာ ထိုတိုင် တစ်ပါးသားတို့၏ ယဇ်ပလ္လင်တို့ဖြိုဖျက်ခြင်းကိုခံရလေသည်။ လူတို့၌ စုံစမ်းသွေးဆောင် နှောင့်ယှက်ခြင်းများကို ဖယ်ရှားပေးနိုင်က တချို့သောသူတို့သည် တစ်ပါးအမျိုးသားတို့ ကိုးကွယ်သော ယဇ်နတ်ဘုရား အယူဝါဒဘာသာရေးစွန့်လွှတ်ကြမည်ကို ဘုရား သခင်သည် ကြိုမြင်ထားပါ၏။ သို့ဖြစ်၍လည်း ဒုက္ခဆင်းရဲခြင်းကပ်ကို  ဆက်ကာ ဆက်ကာကျရောက်စေခြင်းဖြစ်ပါသည်။ ထိုအကြံတော်မျာ ပြီးပြည့်စုံသွားသည်နောက် ဘုရားသခင်အထံတော်သို့ ပြန်လာချဉ်းကပ်လိုသောသူတို့အား ဘုရားသခင်သည် ပြန်လည်၍ ကရုဏာတော်ကိုပြခဲ့ပါသည်။

               စာတန်နတ်ဆိုးမင်းသည် ဣသရေလရှင်ဘုရင်အာဟပ်နှင့် မိဖုရားယေဇဗေလ တို့၏ နန်းစံလက်ထက်မှာ ပျက်စီးခြင်းများစွာကို လုပ်ဆောင်ပြီးစီးစေနိုင်ခဲ့သလောက် ပုရောဖက်ဧလိရှဲသည် ဆက်လက်၍ သက်သေခံလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ သူသည် ဆန့်ကျင်တိုက်လှန်သူများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း မည်သူတစ်ဦးတစ် ယောက်မျှ သူ၏စကားကို ငြင်းခုံခြင်းမပြုနိုင်ခဲ့ပါချေ။ လူများစွာက သူ့ထံမှာအကြံ ဉာဏ်လာတောင်းကြ၏။ ဣသရေလရှင်ဘုရင်ယောရံသည် ဧလိရှဲထံအကြံတောင်း ခဲ့သည်။ တစ်ကြိမ်မှာဧလိရှသည် ဒမသက်မြို့မှာရှိနေစဉ် ရှုရိရှင်ဘုရင်ဗင်္ယာဒဒ်၏ သံတမန်များပင်လျှင် သူ့ထံသို့အလည်အပတ်ရောက်ရှိခဲ့သည်။ အားလုံးကို ပုရော ဖက်သည် သစ္စာရှိရှိသက်သေခံ ပြောဆိုခဲ့သည်။ အများစုက ကောင်းကင်ဘုံ ထာ၀ရဘုရားသခင်ကို ပြောင်ပြောင်တင်းတင်းဆန့်ကျင် ပုန်ကန်မှုကို ပြုသည်တိုင် သူသည် ဘုရားသခင်ပေးတာဝန်ကို ငြိမ်းအေးစွာ ထမ်းဆောင်ခဲ့ပါသည်။

               ထာ၀ရဘုရားသခင်သည်လည်း မိမိ၏ ရွေးချယ်ထားပြီးစေတမန်ကို ဘယ် သောအခါမျှ မစွန့်လွှတ်ခဲ့ပါ။ တစ်ခါ တစ်ပါးတွင် ရှုရိရှင်ဘုရင်သည် ဧလိရှဲကို ဖျက်ဆီးရန်ကြိုးစားခဲ့ပါသည်။ အကြောင်းရင်းမှာ ရန်သူတို့ ကြံစည်လေသမျှ ပျက်စီးရင် ထိုပုရောဖက်သည် အာရုံဖြင့် ကြားရလေသမျှကို ဣသရေလရှင်ဘုရင်အား တိုင်ကြားခြင်းကို ပြုသောကြောင့်ဖြစ်သည်။ မှတ်တမ်းကို ဖတ်ရှုကြပါစို့။ ]တစ်ဖန် ရှုရိရှင်ဘုရင်သည် ဣသရေလပြည်ကိုစစ်တိုက်၍ ဤမည်သောအရပ်၊ ဤမည်သော အရပ်၌ ငါတို့သည် တပ်ချကြကုန်အံ့ဟု ကျွန်တို့နှင့်တိုင်ပင်သောအခါ ဘုရားသခင် ၏လူသည် ဣသရေလရှင်ဘုရင်ထံသို့ လူကိုစေလွှတ်၍ ဤမည်သောအရပ်ကို သတိပြုပါ။ ထိုအရပ်သို့ ရှုရိလူတို့သည် လာကြပြီဟု သတိပေးသောအရပ်သို့ ဣသရေလရှင်ဘုရင်သည် လူကိုစေလွှတ်၍ တစ်ကြိမ်နှစ်ကြိမ်မက ရန်သူ တို့ကိုရှောင်လေ၏။ ထိုအကြောင်းကြောင့် ရှုရိရှင်ဘုရင်သည် စိတ်ပူပန်၍ ကျွန်တို့ကို ခေါ်ပြီးလျှင် ငါတို့တွင် အဘယ်သူသည် ဣသရေလရှင်ဘုရင်ဘက်၌ နေသည်ကို ငါ့အားမပြဘဲနေကြသနည်းဟုမေးသော် ကျွန်တစ်ယောက်က ထိုသို့မဟုတ်ပါ အရှင်မင်းကြီး၊ ကိုယ်တော်စက်တော်မူခန်းထဲ၌ မိန့်တော်မူသော စကားကိုပင် ဣသရေလပြည်၌ရှိသော ပုရောဖက်ဧလိရှဲသည် ဣသရေလရှင်ဘုရင် အားကြားပြော တတ်ပါသည်ဟု လျှောက်လေ၏။}

               ထိုအခါ ရှုရိရှင်ဘုရင်သည် ထိုပုရောဖက်အားဖမ်းဆီးဖို့ရန် ဆုံးဖြတ်လိုက် သဖြင့် ဤသို့အမိန့်ပေးလိုက်၏။ ]ရှင်ဘုရင်ကလည်း၊ သူသည် အဘယ်အရပ်၌ ရှိသည်ကို သွား၍ချောင်းကြည့်လော့။ သူ့ကိုဖမ်းဆီးစေခြင်းငှါ ငါစေလွှတ်မည်။} ထိုစဉ်က ပုရောဖက်သည် ဒေါသန်မြို့မှာရှိနေကြောင်း ရှင်ဘုရင်ကြားသိသောအခါ၊ ]ထိုမြို့သို့ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေများကို စေလွှတ်သဖြင့် ညအခါရောက်၍ မြို့ကို ဝိုင်းကြ၏။ နံနက်စောစော ဘုရားသခင့်လူ၏ကျွန်သည် ထ၍ပြင်သို့ ထွက်သောအခါ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေတို့သည် မြို့ကိုဝိုင်းလျက်ရှိကြသည် ဖြစ်၍} ကြောက်စိတ်မွန်းနေသာ ဧလိရှဲ၏ ကျွန်သည် ]အိုသခင် အဘယ်သို့ပြုရပါ မည်နည်း} ဟုဆို၏။

               ]ဧလိရှဲက မစိုးရိမ်နှင့်။ ငါတို့လက်၌နေသာသူတို့သည် ရန်သူတို့ဘက်၌ နေသာ သူတို့ထက်သာ၍ များကြသည်ဟုဆိုလျက်၊ အိုထာ၀ရဘုရားသခင်၊ ဤသူသည် မြင်နိုင်မည်အကြောင်း သူ၏ မျက်စိကိုဖွင့်တော်မူသဖြင့် ဧလိရှဲပတ်လည်၌ တစ်တောင် လုံးသည် မီးမြင်း၊ မီးရထားနှင့် ပြည့်သည်ကိုမြင်လေ၏။} ကောင်းကင်ဘုံမှကောင်းကင် တမန်တို့သည် ကြီးမားသော အင်အားစုနှင့် ဘုရားသခင်၏အကူအညီကင်းမဲ့နေသူ တို့အား အစေခံကူညီဖို့ရန် ရောက်လာကြပြီမဟုတ်ပါလား။ (ငယ် ၁၅-၁၇)။

               ရှုရိစစ်သည်တို့သည် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့ကို မမြင်တွေ့ရသဖြင့် ရဲရင့်စွာ ပင်ချီလာကြပေသည်။ ထိုအခါ၊ ]ဧလိရှက အိုထာ၀ရဘုရားသခင်၊ ဤသူတို့၏ မျက်စိမမြင်စေခြင်းငှါ ဒဏ်ခတ်တော်မူပါဟု ဆုတောင်းသည်အတိုင်းဒဏ်ခတ် တော်မူ၏။ ဧလိရှဲကလည်း၊ ဤလမ်းမဟုတ်၊ ဤမြို့လည်းမဟုတ်။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ရှာသော သူရှိရာသို့ငါပို့မည်ဟုဆိုလျက် ရှမာရိမြို့သို့ပို့လေ၏။ မြို့ထဲသို့ ရောက်ပြီးမှ ဧလိရှက် အိုထာ၀ရဘုရားသခင်၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့၏မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း သူတို့၏မျက်စိကို ဖွင့်တော်မူသဖြင့် သူတို့သည်မြင်၍ ရှမာရိမြို့ထဲမှာ ရှိသည်ဟု သိကြ၏။  ဣသရေလရှင်ဘုရင်ကလည်း အဘ၊ ထိုသူတို့ကို ဓါးနှင့် သတ်ရပါမည်လောဟု ဧလိရှဲအားမေးလျှင် မသတ်ပါနှင့်။ ဓါးနှင့် ခုတ်လျက်၊ လေးနှင့်ပစ်လျက် စစ်တိုက်၍ ဖမ်းမိသောသူတို့ကို သတ်ရမည်လော။ သူတို့ရှေ့မှာ မုန့်နှင့်ရေကိုထည့်၍ သူတို့ သည်စားသောက်ပြီးမှ မိမိတို့သခင်ထံသို့သွားပါစေဟုဆို၏။} (ငယ် ၁၈-၂၂)။

 

                              ဘုရားသခင်သည် ဧလိရှဲ၏ ဟောကိန်းကိုဂုဏ်ပြုလိုက်ခြင်း

               ဧလိရှဲသည် ရှုရိစစ်သည်တို့အား ထိုသို့ကောင်းမှုများကို ပြုလိုက်ခြင်းဖြင့် အခိုက်အတန့်မျှ အလိုအလျောက်တပ်ဖွဲ့၍ ဣသရေလပြည်သို့မလာကြ။ သို့သော် လည်း နောက်တစ်ဖန်ရှုရီဘုရင်ဟာဇေလသည် ဗိုလ်ခြအပေါင်းကို စုဝေးစေပြီး စစ်ချီသဖြင့် ရှမာရိမြို့ကို ဝိုင်းထားကြ၏။ ကြာမြင့်စွာ ဝိုင်းထားသော ကြောင့် ဣသရေလပြည်မြို့တော်ရှမာရိသည် ထိုခက်ခဲမှုဇုန်၌ တစ်ကြိမ်တခါမျှ မရှိဖူးခဲ့ချေ။ အလွန်အစာခေါင်းပါး၍ ဣသရေလရှင်ဘုရင်သည် ဤအမှု၌ တရားခံမည်သူပါလဲဟူ၍ ဇာတိသဘောအတိုင်းမေးခွန်းထုတ်ကာ ရှင်းပစ်လိုက်ချင်သည်။ ]ရှင်ဘုရင်ကလည်း ရှာဖတ်သားဧလိရှဲ၏ဦးခေါင်းသည် ယနေ့သူ့ကိုယ်နှင့်မကွာဘဲနေလျှင် ထာ၀ရဘုရား သခင်သည် ထိုမျှမက ငါ၌ပြုတော်မူပါစေသော်ဟု ဆို၏။} (ငယ် ၃၁)။ ထိုကဲ့သို့ ဘေး ကျပ်၊ နံကျပ်အချိန်အခါမျိုးမှာ ဧလိရှဲသည် နောက်တစ်နေ့ဖြစ်ပေါ်လာ မည့်ကယ် နုတ်ခြင်းကျေးဇူးတော်ကို ကြိုဟောခဲ့ပါသည်။

               နောက်တစ်နေ့နံနက်ပိုင်းမိုးမလင်းမီ ဘုရားသခင်၏လုပ်ဆောင်မှုကို မှတ်သား ပါ။  ရှုရိလူတို့သည် ရထားစီးသူရဲ၊ မြင်းစီးသူရဲ၊ များစွာသော ဗိုလ်ခြေအသံကို ကြားစေခြင်းငှါ ထာ၀ရဘုရားသခင်ပြုတော်မူသဖြင့် သူတို့က ဣသရေလရှင်ဘုရင် သည် ငါတို့ကိုတိုက်စေခြင်းငှါ (စစ်ကူ) တောင်းကြပြီဟု တစ်ယောက်ကိုတစ်ယောက် ဆိုလျက် မိုးမလင်းမီထ၍ သူတို့တဲ၊ မြင်း၊ မြည်းနှင့် ရိက္ခာအပြည့်စု သိမ်းထားကြသော တစ်တပ်လုံးကို စွန့်ပစ်ဥကိုယ်အသက်လွတ်အောင်ပြေးကြ၏။} (၄ရာ ၇း၆၊၇)။

               ထိုညပိုင်းမှာ မြို့တံခါး၀၌ ထိုင်လျက်ရှိသော လူနူလေးယောက်တို့က အစာငတ်၍ သေမည်ကိုမြင်သောကြောင့် ]ရှုရိတပ်သို့ ဝင်စားကြကုန်အံ့။ သူတို့ သတ် လျှင်သေရမည်၊ ချမ်းသာပေးလျှင် ရှင်ရမည်} ဟုတိုင်ပင်ပြီးလျှင် အစာရလိုဇောနှင့် ရှုရိတပ်သို့ သွားကြ၏။ တပ်ဦးသို့ရောက်သောအခါ အဘယ်သူကိုမျှ မတွေ့ကြ။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူတို့ကို ပညတ်ထားတားဆီးမည့်သူမရှိသောကြောင့် ]တဲတစ်ခုထဲသို့ဝင်၍ စားသောက်ပြီးမှ ရွှေ၊ ငွေ၊ အဝတ်တန်ဆာများကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ သို့ရာတွင် ငါတို့သည် ကောင်းမွန်စွာမပြုပါတကား။ ယခုနေ့သည် ကောင်းသောသတင်းကို ကြားပြောရသောနေ့ဖြစ်လျက် ငါတို့သည် မကြားမပြောဘဲ နေပါပြီတကား။ သို့ဖြစ်၍ နန်းတော်၌သတင်းကြားပြောအံ့သောငှါ ငါတို့သည် သွားကြ ကုန်အံ့} (ငယ် ၈၊ ၉) ဟုဆိုကာ မြို့တော်ဆီသို့ သတင်းကောင်းပို့ရန် အသော့ ပြေး လေတော့သည်။

               ထိုနေ့ရက်မှာ ရိက္ခာများစွာ ရရှိ၏။ ဧလိရှဲဟောကိန်းထုတ်ထားသည် အတိုင်း ]ဂျုံမုန့်ညက်တစ်စိတ်ကို ငွေတစ်ကျပ်၊ မုယောဆန် တစ်ခွဲကို တစ်ကျပ်နှင့်ရောင်း ကြ၏။ }စိတ်နှလုံးရိုးစင်းသော သူတို့ထံရောက်ရှိသော ဧလိရှဲ၏ သတင်းစကား ဤသို့လျှင် ဘုရားသခင်၏ လူဧလိရှဲသည် နှစ်တိုင်းအစဉ်အမှုတော်ကို ထမ်းရွက်နေ၏။ လူတို့တွင် အနီးကပ်သွားလာ၍ ပြည်တော်မှာ ကပ်ဆိုက်သောအခါ ရှင်ဘုရင်အနားမှာ ရပ်တည် လျက် အကြံပြုသုခမိန်အဖြစ် မိမိကိုယ်ကိုအသုံးခံပါသည်။ ဘာသာအယူဝါဒ ဖောက်လွဲ တိမ်းစောင်းမှု အမှောင်ရိပ်ကြီးကား ပြည်တော်အနှံ့ မျက်ဝါးထင်ထင်မြင်တွေ့ရလေ သည်။ သို့တိုင်အောင်လည်း ဗာလနတ်ဘုရားရှေ့မှာ ဒူးထောက်၊ ဝတ်မပြုသော ယုံကြည်သူ ဘုရားသခင်သမီးများလည်း ထိုနေရာမှာ အနည်းငယ်၊ ဤနေရာမှာ အနည်းငယ်ဟူ၍ ရှိပါသေးသည်။ ဧလိရှဲက မိမိ၏ အမှုတော်ထိန်းသိမ်းရေး လုပ်ငန်း စဉ်ကို ဆက်လက်လုပ်ဆောင် နေသည်နှင့်အမျှ မှန်သောဘုရားသခင်ကို ချစ်မြတ် နိုးသူများစွာတို့သည် ဝမ်းမြောက်ရွှင်လန်းစွာ ဝတ်ပြုကိုးကွယ်ကြလေသည်။ ဤသည်ကို မြင်တွေ့ရသောပုရောဖက်သည် ရွှင်လန်းဝမ်းမြောက်ခြင်းရှိ၏။ ဘုရားသခင်၏ကျေးဇူး တော်ကြောင့် နိမိတ်လက္ခဏာများစွာ တို့ကို ပြသခွင့်ရ၏။ ဤသို့လျှင် သူသည် စိတ်နှလုံးထဲမှာ ရိုးသားသူများစွာတို့ထံသို့ လည်ပတ်ရောက်ရှိလိုစိတ်ပြင်းပြလှပေသည်။

               လူ့အမြင်နှင့်မူကား ပြည်တော်၏ ဝိညာဉ်ရေးဆိုင်ရာပြန်လည် နိုးကြားမှုသည် ယနေ့အချိန်အခါမျိုးမှာ မြင်တွေ့ရသလို မျှော်လင့်ချက် ကင်းမဲ့နေပုံပါတည်း။ သို့သော် လည်း ခရစ်တော်၏အသင်းတော်သည် မိမိ၌ အပ်နှင်းထားသော အထူးသာသနာပြုခြင်း အမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် တန်ခိုးအင်အားနှင့် ဖြည့်ဆည်းထားပါ၏။ အကယ်၍သာ သူမ(အသင်းတော်) သည် ထာ၀ရဘုရားသခင် အပေါ်သစ္စာစောင့်သိ၍ ပညတ်တော်ကို နားထောင်ချေက အဘယ်မည်သောမှောင်မိုက်တန်ခိုး လက်နက်စုံ မျှသည် သူမကိုမဆန့်ကျင်နိုင်ပါပြီ။ သူမရှေ့မှာ အာရုဏ်ဦးအလင်းသည် ဆီးကြို လျက်ရှိ၏။ ဘုန်းတော်သောနေ့ရက်ကြီးပေတည်း။ သို့ဖြစ်၍ အသင်းတော်သည် ကမ္ဘာ လောကမဆန်၊ မြေကြီး၏ သွေးဆောင်ဖြားယောင်းမှုအပေါင်းကိုစွန့်ပယ်၍ သခင် ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဝတ်ရုံတော်ကို ခြုံရံဝတ်ဆင်ဖို့သာ ရှိပေတော့၏ တကား။

 

                              မြော်လင့်ခြင်းနှင့်ရဲဝံ့ခြင်းရှိလာရန် ပြောကြားပါ

               ဘုရားသခင်သည် မိမိအားယုံကြည်သူသစ္စာရှိ သားသမီးများအား ဖိတ်ခေါ်ရာ၌ မယုံကြည်သူများနှင့် မျှော်လင့်ချက်ကင်းမဲ့နေသူများကို ရဲစွမ်းသတ္တိရှိလာရန် ပြောကြား ရပေမည်။ ဘုရားသခင်၏တန်ခိုးတော်၌ စိတ်နှလုံးနှိမ့်ချစွာ ယုံကြည်မှုထားရှိကြောင်း နှင့် ပျက်စီးသူများကို ကယ်တင်ရန် ဆန္ဒရှိကြောင်းကိုလည်း ပြသရပေမည်။ ထိုသခင်၏ စွမ်းအင်ကိုကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် ဆွဲကိုင်ပါက အမြင်အားဖြင့် လုံး၀မျှော် လင့်ချက်ကင်းမဲ့၍ စိတ်ပျက်စရာ ဖြစ်ရပ်မှန်တို့ကို အံ့ဩဖွယ်ရာပြုပြင်ပြောင်းလဲပေး ပါလိမ့်မည်။ ထာ၀ရဘုရားသခင်သည် ဤသို့jYပုရာ၌ မိမိ၏နာမတော် ဘုန်းထင်ရှား စေရေးအတွက်ဖြစ်ကြောင်း သိမှတ်အပ်ပေသည်။

               ပုရောဖက်ဧလိရှဲသည် ပုရောဖက်ကျောင်းများကို အမြဲစိတ်ဝင်စားလျက် ရှိ ပါသည်။ ဘုရားသခင်သည်လည်း မိမိနှင့်အတူရှိကြောင်းကို သူသိ၏။ တစ်နေ့သ၌ ]ပုရောဖက်အမျိုးသားတို့က ကိုယ်တော်နှင့်အတူ ယခုနေသောအရပ်သည် ကျဉ်း မြောင်းပါ၏။ အကျွန်ုပ်တို့သည် ယောဒန်မြစ်နားသို့သွားပါရစေ။ ထိုအရပ်၌ဝိုင်း၍ သစ်သားကိုခုတ်ပြီးလျှင် ကိုယ်နေရာဖို့ လုပ်ပါရစေဟု ဧလိရှဲထံ၌ အခွင့်တောင်းလျှင် သွားကြလော့ဟု အခွင့်ပေး၏။} (၄ရာ ၆း၁၊၂)။ ဧလိရှဲသည်လည်း သူတို့နှင့် အတူလိုက်ပါသွား၏။ လိုအပ်သလိုလည်း ခွန်အားပေး နှိုးဆော်၏။ သွန်သင် ပဲ့ပြင်ဆုံးမ၏။ သူတို့ကို ကူညီမစဖို့ရန် နိမိတ်လက္ခဏာတစ်ခုကိုပင် ပြသလိုက်ပါ သေးသည်။ ]ယော်ဒန် မြစ်နားသို့ ရောက်သောအခါ သစ်သားကို ခုတ်ကြ၏။ တစ်ယောက်သောသူသည် ခုတ်စဉ်တွင် ရေထဲသို့ပုဆိန်ကျ၏။ ခုတ်သောသူကလည်း ခက်လှပြီသခင်။ ထိုပုဆိန်သည် ငှါးခဲ့သော ဥစ္စာဖြစ်ပါ၏ ဟုအော်ဟစ်လျှင် ဘုရား သခင်၏လူက အဘယ်မှာကျသနည်းဟု မေးသော်၊ ကျရာ အရပ်ပြပြီးမှ တုတ်ကိုခုတ်၍ ထိုအရပ်၌ ချသဖြင့် ပုဆိန်သည် ပေါလောနေ၏။ ဆယ်ယူလော့ဟု ဧလိရှဲဆိုသည် အတိုင်း တပည့်သည်လက်ကို ဆန့်၍ ဆယ်ယူ၏။} (ငယ် ၅-၇)။

 

ဧလိရှဲ၏ နောက်ဆုံးသောနေ့ရက်များ

               ဧလိရှဲ၏ သာသနာတော်ဖြန့်ချိမှုသည် ထိရောက်လှပါ၏။ ယခုမှာတော့သူသည် သေနာစွဲ၍နာနေပြီ။ ဣသရေလရှင်ဘုရင်ယဟောရှသည် လာ၍ သူရှေ့မှာငိုကြွေးလျက် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဆို၏။ ရှင်ဘုရင်သည် အသက်အရွယ်နုငယ်သေ၏။ ထာ၀ရဘုရားသခင်ကို ရိုသေသမှုနည်းသူနတ်ဘုရား ကိုးကွယ်သူတစ်ယောက်ပေတည်း။ သို့တိုက်အောင်လည်း ပြည်တော်မှာ ဒုက္ခရောက် လျှင် ဧလိရှဲကိုသာ အားကိုးရသောကြောင့် ထိုပုရောဖက်သည် မြင်းစီးသူရဲ ၊ရထား စီးသူရဲတပ်များထက် ပို၍ တန်ဖိုးကြီးသူတစ်ယောက်ဖြစ်သည် မဟုတ်ပါလော။ (၄ရာ ၁၃း၁၄)။

               စိတ်ဆင်းရဲဒုက္ခရောက်နေသူများစွာတို့အတွက် ဧလိရှဲသည် ပညာရှိသော ဖခင်တစ်ယောက်ကဲ့သို့ဖြစ်၏။ ဤသဘောသည် သူ၌ရှိသောကြောင့် ဘုရားမဲ့လူငယ် ရှင်ဘုရင်လေးသည် သူ့အားအကူအညီလာတောင်းသောအခါ မငြင်း။ ရှင်ဘုရင် အဖြစ်မထိုက်တန်ကြောင်းသိသော်လည်း လိုအပ်သောအကြံကိုပေး၏။ ထာ၀ရဘုရား သခင်သည် ရှင်ဘုရင်ကို ပြန်လည်ရွေးနုတ်၍ မိမိ၏ထီးနန်းကို အခြေသာသော နေရာသို့ပြန်လည်ချထားပြီမဟုတ်လော။ ရှုရိလူရန်သူတို့သည် တစ်ဖန်ဆုံးမခြင်းကို ခံရပေဦးတော့မည်။ ဆိုးသွမ်းမိုက်မဲသော ဣသရေလတို့၏ ကိုယ်စားထာ၀ရဘုရား သခင်သည် ဤတစ်ကြိမ်မှာ တန်ခိုးတော်ကို ထင်ရှားပြသပါလိမ့်မည်။ အားအင် ဆုတ်ယုတ်နေပြီဖြစ်သော ပုရောဖက်ဧလိရှဲသည် ရှင်ဘုရင်အား၊ ]လေးနှင့်မြှားတို့ကို ယူလော့ဟုဆိုသည်အတိုင်း ရှင်ဘုရင်ယူ၏။ လေးကို တင်းလော့ဟု တစ်ဖန်ဆိုသည် အတိုင်းလေးကိုတင်၍ ဧလိရှဲသည် မိမိလက်ကို ရှင်ဘုရင်လက်ပေါ်မှာတင်လျက် အရှေ့ပြတင်းပေါက်ကို ဖွင့်လော့ဟု ဆို၍ ဖွင့်လေ၏။ ပစ်လော့ဟု ဆိုသည်အတိုင်း ရှင်ဘုရင်သည်ပစ်လေ၏။ ဧလိရှဲကလည်း ထာ၀ရဘုရားကယ်တင်တော်မူရာမြှား၊ ရှုရိမင်းလက်မှ ကယ်နုတ်ရာ မြှားဖြစ်၏။ အာဖက်မြို့၌ ရှုရိလူတို့ကို အကုန်အစင် လုပ်ကြံရ လိမ့်မည်ဟုဆို၏။}(၄ရာ ၁၃း၁၅-၁၉)။ ယော်ဒန်မြစ်တစ်ဖက်မှာ ရှုရိလူတို့ ပိုင်သော မြို့များသည်ရှိ၏။ ထိုသူတို့ရှုံနိမ့်ရပေမည်။

               ဆက်လက်၍ပုရောဖက်သည် ရှင်ဘုရင်၏ ယုံကြည်ခြင်းကိုစမ်းသပ်၏။ မြှား တိုကို ယူဦးလော့။ ၎င်းတို့ကို မြေပေါ်သို့ ရိုက်လော့ဟု ဆိုလျှင် ရှင်ဘုရင်သည် မြေပေါ်မှာ သုံးကြိမ်ရိုက်လေ၏။ ]ထိုအခါ ဘုရားသခင်၏လူသည် အမျက်ထွက်၍ အဘယ်ကြောင့် ငါးကြိမ်ခြောက်ကြိမ်မရိုက်သနည်း။ ထိုသို့ရိုက်လျှင် ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့်မည်။ ယခုမူကားသုံးကြီမ်သာ လုပ်ကြံရလိမ့်မည်ဟုဆို၏။} (ငယ် ၁၈၊ ၁၉)။

               ဤကား စိတ်ချယုံကြည်၍ ရာထူးကြီးငယ် အပ်နှင်းခြင်းခံရသူ အပေါင်းတို့ ရယူအပ်သည့် သင်ခန်းစာပေတည်း။ ဘုရားသခင်သည် လူကိုသေချာပေါက် အောင် မြင်မှုကို ပေးပြီဆိုလျှင် ရွေးချယ်ခံလက်ရွေးစင် ထိုလူသားသည် မိမိမှာ ရှိသောအစွမ်း ရှိသမျှနှင့် ဦးတည်ချက်ရလဒ်ပန်းတုံးတိုင်းကို အရောက်လှမ်းကာ လုပ်ဆောင်ရ မည်ဖြစ်၏။ စိတ်အားထက်သန်မှုနှင့် လုံ့လဝီရိယတို့သည် အချိုးတူညီစွာဖြင် အလုပ်ကို ပွားစေသော် အောင်မြင်မည်မှာ မုချမလွဲတည်း။ မမောနိုင်မပန်းနိုင်သော စိတ်စွမ်း အင်ဖြင့် မိမိလုပ်ရမည့်အလုပ်ကို ကြိုးစားလုပ်ဆောင်သော သူအားသာလျှင် ထာ၀ရ ဘုရားသခင်သည် အံ့ဖွယ်နိမိတ်ကို လုပ်ဆာင်ပေးနိုင်ပါသည်။ ဘုရားတရားကြည်ညိုသူ၊ အကျင့်အရာမှာ ကောင်းမွန်ရဲရင့်သူတို့သည် မဆုတ်မနစ်သော ဇွဲအားမာန်နှင့် အလုပ် ကိုလုပ်ကိုင်ခြင်းသည် ဆုံးရှုံးပုံရသော အခြေအနေမျိုးမှ အောင်မြင်ခြင်းအဖြစ် သို့ ရောက်ရပါလိမ့်မည်။ ထိုသူတို့ကို အဘယ်တားဆီးအုတ်တံတိုင်းကမျှ အနိုင် ယူ၍ မဟန့်  တားနိုင်ပါ။ ထာ၀ရဘုရားသခင်၏နိုင်ငံတော်ကို တည်ဆောက်ခြင်း အမှု၌ဦး တည် ချက်ထား လုပ်ဆောင်ခြင်းသည် သူတို့၏ပျော်မွေ့ရာပင် ဖြစ်တော့ သည် မဟုတ်ပါလား။

                                            

 

                              ဧလိရှဲသည် သေသည်တိုင်အောင်သစ္စာရှိခြင်း

               ဣသရေလရှင်ဘုရင်ယဟောရှအား အကြံပြုရဲဆေးတင်အားပေး လိုက်ပြီး သည်နောက် ဧလိရှဲ၏အမှုတော်ဆောင်ရွက်ခြင်းသည် ချုပ်ငြိမ်းရ၏။ သေသည် တိုင်အောင် သစ္စာရှိသော သူတစ်ဦးပေတည်း။ သူသည် တန်ခိုးကြီးသော ဘုရားသခင်၏ စွမ်းအားကို ဘယ်သောအခါမျှ သံသယမရှိ၊ အားကိုးခိုလှုံပါ၏။ အမြဲထာ၀စဉ် ယုံကြည်ခြင်းဖြင့် အမှုတော်ခရီးကို ဆက်သည်။ ဘုရားသခင်သည်လည်း သူ၏ ယုံကြည်စိတ်ချမှုကို ပြည့်စုံစေခြင်းဖြင့် ဂုဏ်ပြုခဲ့ပါသည်။

               ဧလိရှဲသည် မိမိ၏သခင်ဧလိယကဲ့သို့ မီးရထားဖြင့် ကောင်းကင်ဘုံသို့ လိုက်ပါသွားရန် ခွန့်မရခဲ့ချေ။ သူ့အတွက်ဆိုလျှင် နာတာရှည်ရောဂါကိုခံခဲ့ရ၏။ ဒေါသန်မြို့မှာရှိစဉ် သူသည် ကောင်းကင်ဘုံမှ တမန်များပေါင်းစည်းစုဝေးကာ ကွယ်ကာ ထားပုံကို မြင်တွေ့ခဲ့ရသလို ယခုအချိန်မှာ သနားတတ်သော ကောင်းကင်တမန်များ၏ ဝန်းရံမှုကို သတိပြုမိလေသည်။ သို့ဖြစ်၍ သူသည် အသက်ရှင်နေသေးသည် မဟုတ်လော။ သူသည် ထာ၀ရဘုရားသခင်၏ သနားခြင်း ကရုဏာတော်ကို အသိ အမှတ်ပြုလျက် ထိုသခင်၌အားကို ခိုလှုံသည်ဖြစ်သောကြောင့် ယုံကြည်ခြင်းအရာမှာ တိုးပွားမြဲတိုးပွားသဖြင့် သူသည်သေခြင်းတရားကို အသင့် စောင့်မျှော်နိုင်ခဲ့ပါသည်။ (ဆာ ၁၁၆း၁၅)]ဖြောင့်မတ်သောသူမူကား သေသောအခါ၌ပင် မျှော်လင့်စရာရှိ၏။} (သု ၁၄း၃၂)။ ဧကန်စင်စစ် ပုရောဖက် ဧလိရှဲသည် ဆာလံဆရာကဲ့သို့ပင် စိတ်ချမှု အပြည့်နှင့် ဤသို့ ပြောဆိုနိုင်ခဲ့ပြီ မဟုတ်ပါလား။(ယာကုတ် ၁၉း၂၅)။ ]အကျွန်ုပ်မူကား၊ ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်။ နိုးသောအခါ ပုံသဏ္ဌာန်တော်အား ဖြင့် အကျွန်ုပ် အလို ပြည့်စုံရပါလိမ့်မည်။} (ဆာလံ ၁၇း၁၅)။

 

              

No comments:

Post a Comment