အခန်း (၃၃)
နှစ်ရှည်လများပျောက်ဆုံးနေသောပညတ္တိကျမ်းစာကို
ပြန်တွေ့ခြင်း
ဗာဗုလုန်ပြည်သို့
စစ်သုံ့ပန်းဘ၀နှင့် ချီဆောင်ခြင်းကို ခံရပေမည် ဟူသော ပုရောဖက်များဟောကြားချက်သည်
ယောရှိမင်း၏ ထီးနန်းသက် တစ်ဆယ့်ရှစ်နှစ်အ တွင်းမှာ
ဝိညာဉ်ရေးပြန်လည်ပြုပြင်နိုးကြားရေးအသွင်ကို ဆောင်စေခဲ့ပါသည်။ အထူး သဖြင့်
ဤကဲ့သို့သော မမျှော်လင့်ဘဲဖြစ်ပေါ်လာသည့် ပြန်လည်ပြုပြင်နိုးကြားမှု
လုပ်ငန်းစဉ်များပေါ်ထွန်းလာရခြင်းမှာ နှစ်ရှည်လများအထားအသိုမှား၍ ပျောက်ဆုံး နေသော
ပညတ္တိကျမ်းစာ တစ်ပိုင်းတစ်စကို
ပြန်လည်တွေ့ရှိရခြင်းကြောင့်ဖြစ်ပါသည်။
နှစ်တစ်ရာနီးပါးမတိုင်မီကဆိုလျှင်
ဟေဇကိမင်းကြီးသည် နှစ်ရည်လများ တစ်ခါမျှ မပြုလုပ်မကျင်းပခဲ့သော ပသခါပွဲကို
ပထမဦးဆုံးအကြိမ်ကျင်းပခဲ့၏။ ထိုစဉ် ကဆိုလျှင် ပညတ္တိကျမ်းစာ၌ရွတ်ဖတ်ကောင်းသော
အချက်များကို တရားနာပရိသတ် တို့အား ဖတ်ကြားပေးလေ့ရှိပါသည်။(တရားဟောရာ ၃၀း၁၉)။ထိုသို့ကျင့်စောင်ရန်
ကျင့်ထုံးများမှာ ဘုရားသခင်နှင့် လူတို့ကတိသစ္စာပြု ကျိန်ဆိုသောစာအုပ် (တရားဟော
ရာကျမ်းပိုင်းတစ်ခု) ၏ မှတ်တမ်းများအတိုင်း ကျင့်သုံးလိုက်လျှောက်သဖြင့် ဟေဇကိ
မင်းကြီးလက်ထက်မှာ ဘက်စုံတိုးတက်ကြီးပွားခဲ့ပါသည်။ သို့သော်လည်း မနာရှေမင်း
လက်ထက်မှာတော့ ထို ဗိမာန်တော်သုံးစာအုပ်ကြီးမှာ
ပျောက်ဆုံးခဲ့ရပေသည်။
နှစ်ရှည်လများပျောက်ဆုံးနေသော ထိုမူရင်းစာလိပ်ကို
ဗိမာန်တော်ထဲ မှာ ယဇ်ပုရောဟိတ်မင်း (hငုငah)ဟိလခိက အဆောက်အဦးပြန်လည်ပြုပြင်မွမ်းမံ စဉ်ကာလအတွင်းမှာ
ပြန်လည်တွေ့ရှိခဲ့သည်။ ထိုတန်ဖိုးကြီးစာမူတွဲကို ကျမ်းတတ် ပုဂ္ဂိုလ်ဆရာတော်ကြီး(Shစေ့ညေ)ရှာဖန်ကို အပ်နှင်းလိုက်ရာ ထိုဆရာတော်ကြီး သည်
ရှင်ဘုရင်ကြီးထံသွား၍ တွေ့ရှိပုံနှင့်တကွ ထိုစာအုပ်ကို ပြောပြကာဆက်သလိုက် လေသည်။
ယောရှိမင်းသည်
ဤလိုရှေးဟောင်းမူရင်းစာလိပ်ကြီးထဲမှာ မှတ်တမ်းတင်ထား ခဲ့သော သတိပေးချက်မျာကို
ပထမဦးဆုံးအကြိမ်တွေ့မြင်ဖတ်ကြားခဲ့ရသဖြင့် ထိတ် လန့်ကာ စိတ်တော်မှာ
ကြီးစွာလှုပ်ရှားခဲ့ရပါသည်။ ဣသရေလလူမျိုးသည် ကမ္ဘာ့လူမျိုး ဘာသာစကား
အသီးသီးတို့အတွက် ကောင်းချီးမင်္ဂလာအဖြာဖြာဖြစ်စေဖို့ရန် ထာ၀ရ ဘုရားသခင်သည်
အသက်လမ်းကိုရွေးချယ်ရန် ကြိမ်ဖန်များစွာ သတိပေးတိုက်တွန်း နှိုးဆော်ခဲ့ကြောင်းကို
ယခင်ကတစ်ခါမျှမကြားမသိခဲ့ရဖူးပါ။ (တရားဟောရာ ၃၁း၆ ကို ဖတ်ပါ)။ စာအုပ်၏အဆိုအရ
မည်သူမဆိုထာ၀ရဘုရားသခင်ကို အကြွင်းမဲ့ယုံကြည် အားကိုပါက ထာ၀ရဘုရားသခင်သည်
ထိုသူကိုကယ်တင်ခြင်းပေးရန် အလိုတော် ရှိကြောင်း အာမခံချက်ပေးထားပါသည်။
ထာ၀ရဘုရားသခင်သည် ထိုသူတို့၏ကျွန် ဘ၀မှ လွတ်မြောက်ရေးအတွက် ကျွန်ခံရာအီဂျစ်ပြည်မျ
နုတ်ဆောင်သကဲ့သို့ ထာ၀ရ ဘုရားသခင်သည် ထိုသူတို့အားကမ္ဘာ့လူမျိုးနွယ်တစ်ရပ်လုံး၏
အထွတ်အထိပ်မှာ ထားရှိကာ ဦးဆောင်စေမည်ဖြစ်ကြောင်း ကတိတော်ရှိခဲ့ပါသည်။
ရှင်ဘုရင်သည် ဝိညာဉ်တော်မှုတ်သွင်းထားသော ထိုစာစကားများကို
ကြားနာရသည်နှင့်အမျှ မိမိ၏နိုင်ငံတော်မှာ ထိုသို့ဖြစ်လာနိုင်ကြောင်း စိတ်အာရုံတွင်
ကွက်ကွက်ကွင်းကွင်း မြင်တွေ့လာခဲ့ပါ၏။ အခြေအနေက တောင်းဆိုလာနေပါပြီ။
ထာ၀ရဘုရားသခင်အထံတော်မှ ဝေးဝေးနေသော် ဧကန်မုချစာစောင်ထဲက ဘေးဒဏ် သည် အဆီးအတားမရှိ၊
ကုသ၍မရသော အဖြစ်မှာ ပြည်တော်သည် ခံရပေတော့မည်။ ဤသေချာပေါက်ဖော်ပြထားချက်ကို
ဒွိဟဖြစ်စရာ၊ သံသယဖြစ်ဖွယ် မရှိပါပြီ။ ရှင်းလှ ပါ၏။ ထိုစာစောင်၏အဆုံးပိုင်းကို
မောရှေ၏ကြွေးကြော်ချက်များနှင့် ဖွဲ့စည်းထား ခဲ့ပါသည်။
(ဣသရေလ)သည်
ဖန်ဆင်းတော်မူသောဘုရားသခင်ကိုစွန့်၍ ကယ်တင်ရာ ကျောက်ကို မထီမဲ့မြင်ပြုလေ၏။
သူတို့သည် အခြားတစ်ပါးသောဘုရားသခင်များအား ဖြင့်ငြူစူစေကြ၏။ ဘုရားသခင်မဟုတ်သော
နတ်ဆိုး၊ မသိဘူးသောဘုရားသခင်တို့ အားယဇ်ပူဇော်ကြ၏။ သင်ဖြစ်ရာမူလအမြစ်ကို
သင်မမှတ်မိ။ သင့်ကို ဖန်ဆင်းတော် မူသော ဘုရားသခင်ကို သင်မေ့လျော့ပြီ။ ထိုအမှုကို
ထာ၀ရဘုရားသခင်မြင်သောအခါ အမျက်တော်ထွက်၍ သားသမီးတို့ကို စွန့်ပစ်တော်မူလျက်ငါသည်
ကိုယ်မျက်နှာကို သူတို့မှလွှဲမည်။ သူတို့သည် အဘယ်သို့ဆုံးမည်ကိုငါကြည့်မည်။
သဘောခိုင်မသော အမျိုး၊ သစ္စာမရှိသော သားသမီးဖြစ်ကြ၏။
သူတို့ခိုလှုံစရာကျောက်သည်
သူတို့ကိုမရောင်း၊ ထာ၀ရဘုရားသခင်သည် သူ တို့ကို အပ်တော်မမူလျှင် လူတစ်ယောက်သည်
လူတစ်ထောင်ကို အဘယ်သို့နှင်နိုင် မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကို အဘယ်သို့
ပြေးစေနိုင်မည်နည်း။
အပြစ်တရားကို
စီရင်ရသောအခွင့်၊ အပြစ်နှင့်အလျောက်ဆပ်ပေးရသော အခွင့်ကိုငါပိုင်၏။ အချိန်တန်မှ သူတို့ခြေသည်ချော်လိမ့်မည်။ သူတို့၌ဘေးရောက် သော အချိန်နီးပြီ။ သူတို့ တေ့Gကြုံရသောအမူသည် အလျင်အမြန်ရောက်လိမ့်မည်။ (တရားဟော ၃၂း၁၅-၂၀၊ ၃၀၊ ၃၅)။
လူငယ်ယောရှိမင်းသည် တတ်နိုင်သမျှလုပ်ဆောင်နေခြင်း
ရှင်ဘုရင်ယောရိသည်
မနှေးအမြန်ရှေ့မှာ ကျရောက်လာတော့မည့် ပုရောဖက် ဟောထားချက်စကားများကို
ဖတ်ကြားနာယူမိသည်နှင့်အမျှ တုန်လှုပ်ချောက်ချားလာ ပါသည်။ ယုဒပြည်၏
မှောက်မှားမှုကြီးကား တိုးပွားခဲ့ပြီမဟုတ်ပါလား။ ဤကဲ့သို့သာ ရှေ့ဆက်ခရီးစဉ်မှာ
လွဲမှာဖောက်ပြန်နေဦးမည်ဆိုက ပြည်တော်မှာဘယ်လိုအဖြစ် ဆိုးနှင့် ရင်ဆိုင်ရမည်ကို
တွေးမျှော်မိတိုင်း ရင်လေးဖွယ်ဖြစ်ရပါသည်။ ယောရိမင်းသည်
]အသက်ငယ်စဉ်နန်းစံရှစ်နှစ်တွင် အဘဒါဝိဒ်၏ဘုရားသခင်ကို ဆည်းကပ်စပြု၏။
တစ်ဆယ့်နှစ်နှစ်တွင် ယုဒပြည်ယေရုရှလင်မြို့၌ရှိသော ကုန်း၊ အာရှရပင်၊ ထုသော ရုပ်တု၊
သွန်းသောရုပ်တုတို့ကို သုတ်သင်ပယ်ရှင်းစပြု၏။ ဗာလဘုရားယဇ်ပလ္လင်များကို
ရှေ့တော်၌ဖြိုချ၍ အာရှရပင်များနှင့်ထုသောရုပ်တုများကိုချိုးဖဲ့၍ ညက်ညက်ချေပြီး
လျှင် ယဇ်ပူဇော်သောသူတို့၏ သင်္ချိုင်းပေါ်မှာဖြန့်ဖြူးတော်မူ၏။ ယဇ်ပုရောဟိတ်တို့
အရိုးကို ထိုယဇ်ပလ္လင်တည်ရာ အပေါ်မှာမီးရှို့၍ ယုဒပြည်နှင့်h ယေရုရှလင်မြို့ကို စင် ကြယ်စေတော်မူ၏။} (၆ရာ ၃၄း၃-၅)။
လူငယ်ယောရှိမင်းသည်
မိမိ၏ဘာသာရေးပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုများ ကို
ယခင်ကဣသရေလမျိုးနွယ်ဆယ်စုတို့၏ နယ်မြေဖြစ်ခဲ့ဖူးသော နေရာဒေသတချို့
တိုင်အောင်ပျံ့နှံ့စေခဲ့ပါသည်။ ယခုမှာတော့ ထိုဒေသနေလူနည်းစုတို့သည် ကျန်ကြွင်း သော
အားနည်းစုတစ်စုသာ ဖြစ်ချေတော့သည်မဟုတ်ပါလား။ ကျမ်းမှတ်တမ်းအရ ယောရှိမင်းသည်
]ထိုအတူမနာ ရှေခရိုင်၊ ဧဖရိမ်ခရိုင်၊ ရှိမောင်ခရိုင်၊ နဿလိခရိုင် တိုင်အောင်
အရပ်ရပ်မြို့များတို့၌ ပေါက်တူးနှင့်h လုပ်လျက်
ယဇ်ပလ္လင်တို့နှင့် အာရှရ ပင်တို့ကိုချိုးဖဲ့၍ ဣသရေလပြည်တစ်လျှောက်လုံး၌
ရှိသမျှသောနွားခေါင်းရုပ်တုတို့ကို ခုတ်လှဲ၍ ညက်ညက်ချေပြီးမှာ
ယေရုရှလင်မြို့သို့ပြန်တော်မူ၏။} (ငယ် ၆၊ ၇)။
ဤသို့လျှင်
ယောရှိမင်းသည် ထာ၀ရဘုရားသခင်၏ သန့်ရှင်းသောပညတ် တရားကိုချီးမြှင်ကာ
သာသနာတော်သန့်စင်ရေးကို ရှေးရှု၍ ဆောင်ရွက်ခဲ့ပေသည်။ ယခုမှာ
ကျမ်းတတ်ဆရာတော်ရှာဖန်က ပညတ္တိကျမ်း၏အရေးပါချက်များကို ဖတ်ကြား ပေးပြီးသည်နောက်
မိမိသည် ဤပြုပြင်ပြောင်းလဲရေးအလုပ်ကို ဦးစီးလုပ်ဆောင်ရမည် ကို မြင်တွေ့သဖြင့်
ပြည်သားအပေါင်းတို့အား ထိုတရားလမ်းနှင့်အညီ သွန်သင်၍ ကောင်းကင်ဘုံ၏ပညတ်တရားကို
မြတ်နိုးချစ်ခင်ရိုသေစွာဖြင့် လိုက်နာစောင့်ရှောက် လာကြစေရန် မိမိမှာ
ရှိသေအာဏာတန်ခိုးအလုံးစုံကို အသုံးချလျက် ဆက်လက်ပြုပြင် မည်ဟု သံန္နိဌာန်ချလိုက်ပေတော့သည်တကား။
ရှင်ဘုရင်သည်
ထာ၀ရဘုရားသခင်၏ ပုရောဖက်မကို
အကြံတောင်းခံခြင်း
သို့သော်လည်း
ပြည်တော်တွင်းမျာ ဘာသာတရားရေး၌ပြန်လည် ပြုပြင်ပြောင်း လဲ သန့်စင်ရေးပြုလုပ်ရန်
လိုအပ်ပါသေး၏လောဟု မေးစရာအကြောင်းရှိပေသည်။ အဘယ်ကြောင့်ဆိုသော် ဣသရေလသည်
ထာ၀ရဘုရားသခင် စိတ်ရှည်သည်းခံခြင်းငှါ မတတ်သာတော့သော
အဆုံးပိုင်းသို့ရောက်လုချေပြီ။ တစ်နည်းဆိုရသော်အပြစ်မ ကောင်းမှု ရောဂါသည်
ဤလူမျိုးမှာကျွမ်းနေပြီဖြစ်၍ မျှော်လင့်ရာမဲ့လုသောအချိန် ဖြစ်ပါ၏။
သို့တစေလည်းယောရှိမင်းသည် ကြေကွဲသသောစိတ်နှလုံးနှင့် ထာ၀ရဘုရား
သခင်ရှေ့တော်မှောက်မှာ စိတ်နှလုံးနှိမ့်ချလျက် ပြည်တော်အတွက်ခွင့်လွှတ်ခြင်းတရား
ကို ရှာဖွေခဲ့ပါသည်။
ထိုကာလတွင် ပုရောဖက်မဟုလဒသည်
ယေရုရှင်မြို့ဗိမာန်တော်နားမှာနေ၏။ ရှင်ဘုရင်သည်
ပျက်စီးလုနီးပြီဖြစ်သောပြည်တော်ကို မိမိစွမ်းအားရှိသမျှနှင့် ကယ်တင် နိုင်မည်၊
မနိုင်မည်ကိသိရှိရန် ဘုရားသခင်အား ပုရောဖက်မှတစ်ဆင့် မေးလျှောက် မည်ဟု
ဆုံးဖြတ်လိုက်လေသည်။ ထိုကြောင့် ]ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက်၊
လူများအတွက်၊ ယုဒအမျိုးအပေါင်းတို့အတွက် ထာ၀ရဘုရားသခင်၌ မေး လျှောက်ကြပါ။
ငါတို့အဖို့ ဤကျမ်းစာ၌ရေးထားသမျှသောစကားတို့ကို ဘိုးဘေးတို့ သည်
နားမထောင်မကျင့်ဘဲနေသောကြောင့် ထာ၀ရဘုရားသခငသည် ငါတို့၌ ပြင်း
စွာအမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။}
(၄ရာ ၂၂း၁၃)။
ထာ၀ရဘုရားသခင်ကလည်း ဟုဒအားဖြင့် ယောရှိမင်းကို
သိမှတ်စေသည်ကား ယေရုရှလင်မြို့၏ ပျက်စီးခြင်းကို မည်သူမျှမတားဆီးနိုင်တော့ပြီ။
ပြည်သူပြည်သား တို့သည် ဧကန်မုချမိမိတို့၏ အပြစ်မကောင်းပုံကြီးအတွက်
ပြစ်ကြွေးဆပ်ရပေမည်။ တစ်ဦးတစ်ယောက်မျှမလွတ်နိုင်။ အကယ်၍သာ တရားမစီရင်ဘဲရှိနေပါက
ထိုသူ တို့သည်လည်း ဆိုးသောလမ်းမှ ပြန်မလှည့်လိုကြပြီဖြစ်သောကြောင့် ဆက်လက်၍သာ
ဆိုးညှစ်မြဲဆိုးနေပါမည်။
ခွေးမြီးကောက်ကျည်တောင့်စွပ်ကဲ့သို့တည်း။ သို့ဖြစ်၍ ပုရော ဖက်မသည် ဤသို့လျှင်
ရှင်ဘုရင်အားပြန်ပြောစေ၏။ ]ငါ့ထံသို့ စေလွှတ်သောသူထံသို့ သင်တို့ပြန်၍
ဆင့်ဆိုရသောဣသရေလအမျိုး၏ ထာ၀ရဘုရားသခင်မိန့်တော် မူသည် ကား၊
ယုဒရှင်ဘုရင်ဖတ်သောကျမ်းစာကား လာသမျှအတိုင်း ငါသည်ဤအရပ်၌ လည်းကောင်း၊
ဤအရပ်သားတို့လည်းကောင်း ဘေးရောက်စေမည်။ ဤအရပ်၌ ငါ အမျက်မီးသည်
မငြိမ်းဘဲလောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။}
(ငယ် ၁၅-၁၇)။
သို့ရာတွင် ရှင်ဘုရင်သည် ထာ၀ရဘုရားသခင်ရှေ့တော်မှောက်မှာ
စိတ် နှလုံးနှိမ့်ချသောကြောင့် သူ့အတွက်သတင်းကောင်းကား ]ဤအရပ်သားတို့သည် ဖျက်
ဆီးရာနှင့် ကျိန်ဆဲရာဖြစ်ရကြလိမ့်မည်ဟု ဤအရပ်ကိုလည်းကောင်း၊ ဤအရပ်သား
တို့ကိုလည်းကောင်း၊ ငါခြိမ်းခြောက်သောစကားကို သင်သည်ကြားသောအခါ နူးညံ့ သောစိတ်ရှိ၍
ထာ၀ရဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကို ဆုတ်ခြင်း၊
ငါ့ရှေ့မှာ ငိုကြွေးခြင်းကို ပြုသောကြောင့် သင့်စကားကို ငါနားထောင်၏။ ငါသည်သင်ကို
ဘိုးဘေးစုဝေးရာသို့ပို့ဆောင်၍ သင်သည်ငြိမ်ဝပ်စွာ သင်္ချိုင်းသို့ ရောက် ရလိမ့်မည်။
ဤအရပ်၌ ငါရောက်စေအံ့သောဘေးကို သင့်ကိုယ်တိုင်မတွေ့မမြင်ရ} (ငယ် ၁၉၊ ၂၀) ဟူ၍ ဖြစ်ပါသည်။
ရှေ့ရေးဖြစ်ပျက်မည့် အရာများနှင့် ပတ်သက်သည်များကို
ရှင်ဘုရင်သည် ထာ၀ရဘုရားသခင်လက်တော်တွင်းမှာ အပ်နှံသင့်ပါသည်မဟုတ်လော။ သို့သော်လည်း
ထာ၀ရဘုရားသခင်သည် ဣသရေလလူတို့နောင်တရရန်နှင့် သာသနာတော်သန့်စင်
ရေးပြန်လည်ဆောင်ရွက်ရန် အခွင့်အရေးကိုမူ မရုတ်သိမ်းလိုက်သေးပါ။ သို့ဖြစ်၍
ယောရှိမင်းသည် မိမိခွန်အားအစွမ်းရှိသမျှနှင့် သာသနာတော် သန့်စင်ရေးလုပ်ငန်း
များကို ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချထား ခြင်းဖြစ်ပါသည်။ မင်းကြီးသည် ပြည်လုံး
ဆိုင်ရာ အစည်းအဝေးကြီးကိုမဆိုင်းမတွဘဲ စီမံဖိတ်ခေါ်လိုက်သဖြင့် တိုင်းပြည်အနှံ့
သက်ကြီးမိဘများ၊ မင်းညီမင်းသား အုပ်ချုပ်သူလူတန်းစားနှင့် ရိုးရိုးပြည်သူပြည်သား
တို့သည် စုဝေရန် ရောက်ရှိလာကြပါ၏။
ဤမျှကြီးကျယ်လှစွာသော လူအစုအဝေးကြီးရှေ့မှောက်မှာ ရှင်ဘုရင်
ကိုယ်တော်တိုင်မတ်တတ်ရပ်လျက် ]ဗိမာန်တော်၌တွေ့သော ပဋိညာဉ်ကျမ်းစာ ရှိ သမျှကို
သူတို့ရှေ့မှာဖတ်တော်မူ၏။} (၄ရာ ၂၃း၂)။
ရှင်ဘုရင်သည် စိတ်နှလုံး ကြေကွဲစွာဖြင့် ထာ၀ရဘုရားသခင်ကို ဆည်းကပ်ပါမည်။
စီရင်ထုံးဖွဲ့ချက်ပညတ် တရားကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်။
ဤကျမ်းစာ၌ပါသောပဋိညာဉ် စကားအတိုင်း ကျင့်ပါမည်ဟု ဗိမာန်တော်တိုင်နားမှာရပ်၍
အဓိဌာန်ပြုခဲ့လေရာ စည်းဝေးလာလူပရိသတ်အပေါင်းတို့သည်လည်း ထိုအဓိဌာန်ကို
ဝန်ခံကြလေသည်။ ရှင်ဘုရင်နှင့်အတူလူထုကြီးသည် ထာ၀ရဘုရားသခင်အထံတော်မှ
အပြစ်လွှတ်ခွင့်ကို ရှာဖွေကြလေပြီ။ ကောင်းလှပေစွ။
ပြည်သူပြည်သားအပေါင်းတို့သည် ပတ်ဝန်းကျင်နိုင်ငံသားတို့၏
နွားခေါင်း ရုပ်တုနတ်ဘုရားတို့ရှေ့မှာ ဦးချဝတ်ပြုကာ သာသနာပလူတို့၏ဓလေ့ထုံးစံကို
လိုက် လျှောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီမို့ ထိုအပြစ်မကောင်းမှုတို့သည်
ပြည်တော်မှ ဖယ်ရှားပစ်ဖို့ရန် လူခွန်အားနှင့်မတတ်နိုင်တော့ပြီ။ သို့သော်လည်း
ယောရှိမင်းသည် ဇွဲလုံ့လကြီးစွာဖြင့် ပြည်တော်ကိုသန့်စင်ရန် ကြိုးစားခဲ့လေသည်။ (ငယ်
၂၀၊ ၂၄ ကို ဖတ်ပါ)။
နှစ်ပေါင်းသုံးရာသက်တမ်းရှိသော ပုရောဖက်စကား
ပြည့်စုံလာခြင်း
ယခင်ရာစုနှစ်များမှာ ယေရောဗောင်အမည်ရှိသော
ဣသရေလရှင်ဘုရင်သည် ထာ၀ရဘုရားသခင်ကို ရဲတင်းစွာစော်ကားမထီမဲ့မြင်ပြု၍ ဗေသလမြို့မှာ
ထာ၀ရဘုရား သခင်မကြိုက်သော ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်ခဲ့ပါသည်။ ထိုယဇ်ပလ္လင်ကိုအနု
မောဒနာပြုအစီအစဉ်ပြုနေစဉ်မှာပင် ယုဒပြည်မှလာသော ဘုရားသခင်၏လူတစ် ယောက်က
ရုတ်ခြည်းဆိုသလို ]ထာ၀ရဘုရားသခင်၏စကားတော်အတိုင်း ယဇ်ပလ္လင် တစ်ဖက်၌ကြွေးကြော်လျက်
အိုယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာ၀ရဘုရားသခင်မိန့်တော်မူ သည်ကား ဒါဝိဒ်မင်းမျိုး၌
ယောရှိအမည်ရှိသော သူကို ဖွားမြင်မည်။
သင့်အပေါ်မှာ
နံ့သာပေါင်းကိုမီးရှို့၍မြင့်သောအရပ်၌ ယဇ်ပုရောဟိတ်လုပ် သောသူတို့ကို ထိုသူသည်
သင့်အပေါ်မှာပူဇော်၍ လူသေအရိုးတို့ကိုမီးရှို့လိမ့်မည်ဟု မိန့်တော်မူကြောင်းကို
ဆင့်ဆို၏။} (၃ရာ ၁၃း၂)။
ထိုပုရောဖက်စကားမြွက်ဆိုခဲ့သည်မှာ၊
ရာစုနှစ်သုံးခုကျော်သွားလေပြီ။ ယောရှိ မင်းသည် ယခုမှာ ဗေသလမြို့တွင်ရှိနေသည်။
ထိုရှေးဟောင်း ယဇ်ပလ္လင်ရှေ့မှာရပ် နေ၏။ ယခုတွင် ပုရောဖက်စကားပြည့်စုံရလေပြီ။
]ဣသရေလအမျိုးကို ပြစ်မှားစေ သော နေဗတ်၏သားယေရောဗောင်သည် ဗေသလမြို့၌တည်သောကုန်းနှင့်
ယဇ်ပလ္လင် ကို လည်းဖြိုချ၍ မီးရှို့ပြီးမှညက်ညက်ခြေတော်မူ၏။ ယောရှိမင်းသည်
လှည့်လည်၍ ကြည့်ရှုလျက် ထိုတောင်ပေါ်မှာရှိသော သင်္ချိုင်းကိုမြင်သောအခါ
လူကိုစေလွှတ်၍ ထိုသင်္ချိုင်းထဲမှလူသေအရိုးတို့ကို ထုတ်ပြီးလျှင် ထိုအမှုကိုအထက်
ကဖော်ပြသော ဘုရားသခင်၏ လူဆင့်ဆိုသော ထာ၀ရဘုရားသခင်၏စကားတော်အတိုင်း အရိုးတို့ကို
ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ ညစ်ညူးစေတော်မူ၏။}
(၄ရာ ၂၃း၁၅၊ ၁၈)။
သံလွင်တောင်၏ တောင်ဘက်ပိုင်းဆင်ခြေလျှောနေရာများပေါ်မှာ
ရှေလမုန် မင်းကြီးသည် မိမိနတ်ဘုရားကိုးကွယ်ကြကုန်သော မိဖုရားများအလိုသို့
လိုက်သည့် အနေဖြင့် တည်ထားကိုးကွယ်သော နွားခေါင်းရုပ်တုများနှင့်
ဘုံဗိမာန်တို့သည်ရှိကြ၏။ ထိုအရာတို့သည် မောရိတောင်ပေါ်မှာ တည်ဆောက်ထားသော
ယေဟောဝါဘုရား သခင်၏ ဗိမာနေတော်နှင့် မျက်နှာချင်းဆိုင်လျက်ရှိသတည်း။ (၃ရာ ၁၁း၆-၈
ကို ဖတ်ရှုပါ)။ ထိုမင်းလက်ထက်မှစ၍ ထိုပုံသဏ္ဌာန်အဆင်း မညီညွတ်မလှပသော ရုပ်တု
တို့သည် ဣသရေလလူမျိုးတို့၏ ပညာအရှိဆုံးရှင်ဘုရင်၏ မှားယွင်းဖောက်ပြန်မှုကို
သက်သေခံလျက်ရှိနေပါ၏။ ထိုအရာများကိုလည်း ယောရှိမင်းသည် ဖြိုဖျက်ပယ်ရှင်း ရမည်
မဟုတ်ပါလား။
ယောရှိမင်းသည် ယုဒလူမျိုးတို့၏ ယုံကြည်ခြင်းကို
ဆက်လက်တည်ဆောက် လိုသည်ဖြစ်ရကား ပညတ္တိကျမ်းနှင့်ဆီလျော်ညီညွတ်သော
ပသခါပွဲတော်ကြီးကိုကျင်းပ ရန်ပြင်ဆင်ပါသည်။ ]အကယ်၍ ဣသရေလအမျိုးကိုအုပ်စိုးသော
တရားသူကြီး လက်ထက်မှစ၍ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်လက်ထက်ကာလပတ်လုံး ထို
သို့သော ပသခါပွဲကို တစ်ခါမျှ မဆောင်ကြ။ ယောရှိမင်းကြီးနန်းစံတစ်ဆယ်ရှစ်နှစ်တွင်
ထိုပွဲကို ယေရုရှလင်မြို့၌ ထာ၀ရဘုရားသခင်အားဆောင်သတည်း။} (၄ရာ ၂၃း၂၂၊ ၂၃)။ သို့သော်လည်း မင်းကြီး၏
စိတ်အားထက်သန်မှုသည် ယခင်ကပြုလုပ်ခဲ့သော ဣသရေလဘိုးဘေးတို့၏ အပြစ်ကို
မချေဖျက်နိုင်ခဲ့ပါ။ မင်းကြီး၏ သစ္စာရှိငယ်သားတို့၏
ဘုရားတရားကြည်ညိုမှုတို့သည်လည်း ထာ၀ရဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရာမှ ကျောခိုင်း၍
ယဇ်နတ်ဘုရားများကို ခေါင်းမာစွာဖြင့် ဆက်လက်ကိုးကွယ်ပသသော လူတို့၏စိတ်နှလုံးကို
မပြောင်းလဲနိုင်ခဲ့ပါချေ။
ထိုပသခါပွဲတော်ကြီးကို ကျင်းပဆောင်ရွက်ပြီးချိန်မှ
ဆယ်နှစ်ကျော် ကာလတိုင်အောင် ယောရှိမင်းသည် ယုဒပြည်ကိုအုပ်စိုးနေဆဲဖြစ်၏။
မင်းကြီးအသက် သုံးဆယ့်ကိုးနှစ်တွင်မူ အီဂျစ်တပ်မတော်နှင့်တိုက်ပွဲဖြစ်သဖြင့်
မင်းကြီးသည် တိုက်ပွဲ တွင်ကျဆုံးကာ အသက်တော်ကုန်ခဲ့ပါသည်။ ]ယုဒပြည်သူ၊
ယေရုရှလင်မြို့သားအ ပေါင်းတို့သည် ယောရှိမင်းအနိစ္စရောက်သောကြောင့်
ငိုကြွေးမြည်တမ်းခြင်းကိုပြုကြ၏။ ယေရမိသည်လည်း မြည်တမ်းသောစကားကို စီရင်ခဲ့လေသည်။} (၆ရာ ၃၅း၂၄၊ ၂၅)။
ယေရုရှင်လင်မြို့တော်ကြီးသည် လုံး၀ပျက်စီးဖို့ရန်
အချိန်ကားနီး၍ သာလာ၏။ ပြည်သားတို့သည်လည်း ဗာဗုလုန်နိုင်ငံတော်သို့သုံ့ပန်းအဖြစ်
ချီဆောင် ခြင်းကိုခံရပေတော့မည်။ ထိုနိုင်ငံတော်မှာပင် ထိုလူမျိုးသည်
အချိန်အခါကောင်းမွန် ခိုက် ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို မရေတွက်တတ်ခြင်း၏
သင်ခန်းစာကိုကိုယ် တွေ့ဆည်းပူးကြလေတော့မည် ဖြစ်ပါ၏တကား။
No comments:
Post a Comment