အခန်း (၄၇)
တရားလိုစာတန်နှင့်
ရှေ့နေခရစ်တော်ယေရှု
ဣသရေလူမျိုးသည် ဤကမ္ဘာမြေကြီးမှာ ဘုရားသခင်ကို
သိကျွမ်းခြင်းပညာ ကိုထိန်းသိမ်းသွားရန် ရွေးချယ်ခန့်အပ်ခံလူမျိုးဖြစ်သည်နှင့်အမျှ
စာတန်နတ်ဆိုးမင်း သည် ထိုသူတို့ပျက်စီးရာပျက်စီးကြောင်း အမြဲဆောင်ရွက်ရန်
ဆုံးဖြတ်ပြီးဖြစ်ပါသည်။ ထိုသူတို့သည် ဘုရားသခင်၏စကားတော်ကို နားထောင်သောအခါ
စာတန်သည် သူ တို့အား ဘေးဥပဒ်မပေးနိုင်ပေ။ သို့ဖြစ်၍စာတန်သည် မိမိမှာရှိသမျှသော
အင်အားစုနှင့် ပရိယာယ်ကြွယ်၀မှုကို အသုံးချပါတော့သည်။ ထိုသူတို့အား
ထောင်ချောက်ဆင်ထား ခြင်းဖြင့်သူတို့သည် အပြစ်လွန်ကျူးသောအခါ အလွယ်တကူ
ဖမ်းယူဝါးမျိုးနိုင်သော သားကောင်ဘ၀သို့ ဆင်းသက်ရရှာလေ၏။
သို့တိုင်အောင်လည်း ထာ၀ရဘုရားသခင်သည် ထိုသူတို့အား
စွန့်ပစ်၍ မ သွားပါ။ သူတို့၏အမှားကိုမြင်တွေ့ရန် ဘုရားသခင်သည် မိမိ၏အစေခံပုရောဖက်
များကို စေလွှတ်ပါ၏။ တရားရ၍ စစ်မှန်သော နောင်တနှင့် ပြန်လှည့်လာသောအခါ
ဘုရားသခင်သည် ထိုသူတို့အား သုံ့ပန်းဘ၀အဖြစ်မှကယ်နုတ်ကာ မိမိတို့၏ နေ ပြည်
တော်မွေးရပ်ဌာနေသို့ ပြန်လည်ပို့ဆောင်ကာ နေရာချပေးပါသည်။ ယခုမှာတော့ ပြန်
လည်နေရာချထားရေး အစီအစဉ်အရ အကျန်အကြွင်းလူတစ်စုသည် ယုဒပြည်သို့ ရောက်ရှိလာလေပြီ။
စာတန်နတ်ဆိုးမင်းသည် ဘုရားသခင်၏အကြံတော်ကို ရှုပ်ထွေး အောင်လုပ်ပေတော့မည်။ မိမိ၏
အစီအစဉ်အရ ထိုကျန်ကြွင်း သူလူတစ်စုအား ထာ၀ရ ဘုရားသခင်ကို မကိုးကွယ်
သူသာသနာပလူမျို့တို့၏ ပျက်စီးခြင်းလက်သို့ အပ်နှံရှာကြံ လျက်နေပါသည်။
ဤလိုခက်ခဲရာ ကာလတစ်လျှောက်တွင် ထာ၀ရဘုရားသခင်သည် မိမိ၏အ
ပေါင်းအသင်းဝင်လူတစ်စုကို ]ကောင်းသောစကား၊ နှစ်သိမ့်သော စကားဖြင့် ပြန်ပြော
တော်မူ၏။} (ဇာခရိ ၁း၁၃)။
မမေ့ပျောက်နိုင်သော သာဓကအားဖြင့်လည်း ထာ၀ရ ဘုရားသခင်သည်
မိမိ၏လူတို့အားတရားစွဲဆိုသော တရားလိုစာတန်နတ်ဆိုးမင်းကို အောင်မြင်ရန် လူသားတို့၏
အမှုတွင်ကြားဝင်ဖျက်ဖြေပေးသူ ခရစ်တော်သခင်၏ အ နှိုင်းမဲ့တန်ခိုးတော်ကို
ပြသခဲ့လေသည်။
]ယဇ်ပုရောဟိတ်မင်းယောရှုသည်} ]ညစ်ညူးသောအဝတ်ကို
ဝတ်လျက်} ထာ၀ရဘုရားသခင်၏
ကောင်းကင်တမန်ရှေ့၌ ရပ်နေပါသည်။ (ဇာခရိ ၃း၁၊ ၃)။ သူ သည် ထာ၀ရဘုရားသခင်အထံတော်၌
ရွှေကတိတော်များ ပြည့်စုံစေရန်အတွက် တောင်းပန်နေချိန်မှာ စာတန်သည် ဣသရေလလူတို့၏
အပြစ်များစွာတို့ကိုညွှန်ပြကာ ထိုမကောင်းမှုများကြောင့် ဘုရားသခင်အထံတော်၌
မျက်နှာရ ထိုက်သူများမဟုတ် ကြောင်းပြစ်တင်ကာ ဆင်ခြင်ပေးလေသည်။
သူ၏ကျိုးကြောင်းဆက်သွယ်မှု အ ကြောင်းပြချက်မှာလည်း မှန်ကန်နေပါသောကြောင့်
ထိုသူတို့သည် မိမိ၏သားကောင် များသာဖြစ်၍ မိမိ၏ လက်တွင်းအပ်နှံရမည်ဟု
တောင်းဆိုလိုက်ပါသည်။
ယဇ်ပုရောဟိတ်မင်းယောရှုက ဣသရေလလူမျိုးတို့သည် အပြစ်မှ
ကင်းစင် သည်ဟု မပြောပါ။ မိမိသည် ညစ်ထေးသောအဝတ်ကို ဝတ်ထားသည် ဆိုခြင်းက
မိမိလူတို့၏အပြစ်သည် ငြင်းဆိုဖွယ်ရာမရှိကြောင်း ပုံဆောင်ထားပါသည်။ သို့သော်
ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်ရှေ့တော်မှောက်မှာရပ်လျက် မိမိတို့၏ အပြစ် ကို
ဖော်ပြဝန်ချတောင်းပန်ပေးခြင်းအမှုကို ပြုနေသည်မှာ အပြစ်ကိုဖြေလွှတ်နိုင်သော
ကယ်တင်ရွေးနုတ်သူ ဘုရားသခင်၏ကရုဏာတော်ကို ယုံကြည်ခြင်းဖြင့် မှီခိုနေကြောင်း
ဖော်ပြလျက်နေပါသည်။
ထိုနောက် ကောင်းကင်တမန်မင်းဖြစ်သည့် အပြစ်သားတို့၏
ကယ်တင်ပိုင်ရှင် ယေရှုခရစ်တော်ဘုရားသခင်သည် တရားလိုကို ဤသို့လျှင်
တိတ်ဆိတ်စေလိုက်ပါ၏။ ]အိုစာတန်၊ ထာ၀ရဘုရားသခင်သည် သင့်ကို ဆုံးမတော်မူပါစေသော်။
ယေရုရှလင် မြို့ကို ရွေးချယ်ပြီးသော ထာ၀ရဘုရားသခင်သည် သင့်ကိုဆုံးမတော်မူပါစေသော်။
ဤသူသည် မီးထဲကနုတ်သော ထင်းစဖြစ်သည်မဟုတ်လောဟု စာတန်အားဆို၏။} (ငယ် ၂)။ ဣသရေလလူမျိုးတို့သည် မိမိတို့၏အပြစ်များကြောင့်
စာတန်နှင့်သူ၏ တမန် တို့အဖို့ ဘုရားသခင်ပြင်ဆင်ထားသော ထာ၀ရငရဲမီးအိုင်ထဲမှာ
ထာ၀ရမီးလောင် ပျက် စီးပြာကျသွားရန်ဖြစ်၏။ သို့သော်လည်း ထာ၀ရဘုရားသခင်သည် ယခုမှာ
မိမိလက်ကို ဆန့်၍ ထိုသူတို့အား မီးထဲကကယ်နုတ်၍နေလေပြီ။
ယောရှု၏ ကြားဝင်ဖျန်ဖြေမှုကြီးကို
ထာ၀ရဘုရားသခင်လက်ခံလိုက်သည်နှင့် အမျှ ဆက်လက်၍အမိန့်တော်ကို ဆင့်ဆိုလိုက်သည်မှာ၊
]ညစ်ညူးသော အဝတ်ကို ချွတ်ပယ်ကြလော့။ ယောရှုအားလည်း၊ သင့်အပြစ်ကို ငါဖြေရှင်းပြီ။
တင့်တယ်သောအ ဝတ်ကိုဝတ်စေမည်။ စင်ကြယ်သောပေါင်းကို သူ၏ခေါင်းပေါ်မျာတင်၍ အဝတ်ကိုဝတ်
စေကြ၏။} (ငယ် ၄၊ ၅)။ ယောရှု၏
အပြစ်များနှင့် လူထုပရိသတ်တို့၏ အပြစ်များဖြေ လွှတ်ခြင်းကို ရရှိကြပြီ။
ဣသရေလလူမျိုးသည် ]အဝတ်သစ်ကို ပြောင်းလဲဝတ်ဆင်}
ထားကြလေပြီ။
ထိုအဝတ်ကား ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းဝတ်ရုံပင်ဖြစ်၏။ ယောရှု၌
ယခင်ကအပြစ်တွေမရှိတော့ပြီ။ ယခုတွင် သန့်ရှင်းရာဌာနတော်၌ ဘုရား
သခင်ရှေ့တော်မှောက်မှာ အပြစ်ကင်းမဲ့သော ဓမ္မဆရာအဖြစ်အစေခံနေပါသည်။ (ထွက် ၂၈း၃၆)။
အကယ်၍ သူသည် ဆက်လက်၍သာ ယုံကြည်နားထောင်နေမည် ဆိုပါက ဗိမာန်တော်နှင့်
ပတ်သက်သည်များ၌ ပါဝင်အသုံးတော်ခံနိုင်ခွင့် (သို့) တရား သူကြီး (သို့) အစိုးရမင်းကြီးအဖြစ်
ဤလက်ရှိအသက်တာမှာ ဂုဏ်ချီးမြှင့်ခြင်းကို ခံရနိုင်ပါသည်။ နောင်ဘ၀မှာလည်း
ဘုရားသခင်၏ပလ္လင်တော်ပတ်လည်မှာ ဘုန်း ရောင်ခြည်နှင့် တောက်ပြောင် နေသော
လူစုလူဝေးများအနွယ်ဝင် ဖြစ်ရပါလိမ့်မည်။
]အိုယဇ်ပုရောဟိတ်ယောရှု၊ ငါ၏ကျွန်တည်းဟူသောအညွန့်ကို
ငါပေါ်ထွန်းစေ မည်။} (ငယ် ၈)။
ထိုအညွန့်မှာ ဣသရေလူတို့ မျှော်လင့်ရာ ကယ်တင်ရွေးနုတ် သူပင်ဖြစ်၏။ နောင်ကာလမှာ
ပေါ်ထွန်းတော်မူမည့် ကယ်တင်ရွေးနုတ်သူသခင်ကို ယုံ ကြည်မျှော်လင့်ခြင်းဖြင့်
ယောရှုနှင့် သူ၏လူထုပရိသတ်ကြီးသည် အပြစ်မှဖြေလွှတ် ခွင့်ကိုရရှိကာ ဘုရားသခင်၏
မျက်နှာသာပေးမှုကို ပြန်လည်ရရှိခဲ့ပါသည်။ ထိုသခင်၏
ကရုဏာအကျင့်သီလအားဖြင့်သာ
ထိုသူတို့သည် ကောင်းကင်ဘုံ၏ ရွေးချယ်ရာလူမျိုး အဖြစ်
ကမ္ဘာ့လူမျိုးတိုင်းနိုင်ငံများအလယ်မှာ ဂုဏ်ပြုချီးမြှင့်ခြင်းကို
ခံရနိုင်မည်ဖြစ်ပါ သည်။
ခေတ်အဆက်ဆက်မှာ စာတန်နတ်ဆိုးမင်းသည် ]ငါတို့ညီအစ်ကိုများကို
ငါတို့ ဘုရားသခင်ရှေ့တော်၌ နေညဉ့်မပြတ်အပြစ်တင်သော ရန်သူ} (ဗျာ ၁၂း၁၀) ပင်ဖြစ် ပါသည်။ လူ့အသက်ဝိညာဉ်တိုင်းကိုကယ်တင်ရန်
လုပ်ဆောင်ပြီဟုဆိုလျှင် မကောင်း ဆိုးဝါး၏ တန်ခိုးလက်နက်စုံနှင့်
ရင်ဆိုင်ရစမြဲဖြစ်၏။ ရန်သူစာတန်၏ တိုက်ခိုက်မှုကို မခံရဘဲနှင့် ဘယ်သောအခါမျှလူသည်
ဘုရားသခင်၏ အိမ်ထောင်စုဝင်တစ်ဦးမဖြစ်
လာနိုင်ပါချေ။ သို့သော်လည်း ဣသရေလလူမျိုး၏ အကာအကွယ်ဖြစ်တော်မူထသော၊
ထိုသူတို့၏ဖြောင့်မတ်ခြင်းနှင့် ကယ်တင်ရွေးနုတ်ခြင်းဖြစ်တော်မူထသော ဘုရားသခင် သည်
ယနေ့အသင်းတော်၏ မျှော်လင့်ရာလည်းဖြစ်တော်မူပါသည်။
စာတန်မည်သို့
အလုပ်ဆောင်ရွက်ပုံ
စာတန်သည် ထာ၀ရဘုရားသခင်ကို ရှာဖွေသောသူတို့အား
ဆန့်ကျင်စွပ်စွဲ ရာ၌ မိမိတို့၏အပြစ်များမှာ ပျောက်ပိုက်ဖို့ရန်
လှုံဆော်တိုက်တွန်းနေပါ၏။ သူတို့အ ကျင့်အရာမှာ ချို့ယွင်းမှုများ၌လည်း
အထူးအားရရွှင်လန်းခြင်းရှိပါသည်။ အကြောင်း မူကား၊ ထာ၀ရဘုရားသခင်၏ ပညတ်ဥပဒေသများကို
ကျုးလွန်ခြင်းအားဖြင့်သာလျှင် စာတန်သည် ထိုသူတို့အား အောင်နိုင်စွမ်းရှိမည်ကို
သိသောကြောင့်ပေတည်း။ အ ထူးသဖြင့် စာတန်၏စွပ်စွဲချက်များသည်
ခရစ်တော်ကိုမကျေနပ်၍ဖြစ်ပါသည်။ ခရစ် တော်၏ ကြီးမြင့်ခြင်းအရာကို
သူမကြည့်မြင်လိုပါပြီ။ သို့ဖြစ်၍လည်း ကယ်တင်ခြင်း တရားကို လက်ခံကြကုန်သောသူတို့ကို
စာတန်သည် မမြင်လို၊ အားထုတ်ကာ မရမက ကယ်တင်ပိုင်သူနှင့် ဝေးဝေးရှိနေအောင်လုပ်ပါသည်။
ထိုသူတို့အား ဘုရားသခင်အပေါ် ယုံကြည်စိတ်ချထားခြင်းကင်းမဲ့လာအောင်လုပ်၏။
ထာ၀ရချစ်ခြင်းနှင့် ဘက်စုံလုံခြုံမှုကို ပေးသောသခင်နှင့် ပြတ်စဲစေ၏။ဘုရားသခင်၏
ပညတ်တော်ချက်များကို လွန်ကျူးရန် သွေးဆောင်လေသည်။ သို့မှသာလျှင် ထိုသူတို့သည်
သူ၏သုံ့ပန်းများဖြစ်ကြောင်း ကြွေး ကြော်နိုင်မည် မဟုတ်ပါလား။ ယုတ်မာလှသော
စာတန်ပါတကား။
လူသည် ဘုရားသခင်ထံတော်မှ အပြစ်လွှတ်ဖို့တောင်းခံလာလျှင်
အပြစ်လွှတ် ခြင်ခံရမည်ကို စာတန်သိ၏။ သို့ဖြစ်၍ လူသည် မိမိကျူးလွန်မိသောအပြစ်များလှ
ကြောင်းကို သတိရစေလျက် ထိုအပြစ်တွေကြောင့် စိတ်ဓါတ်ကျဆင်းစေကာ ဆုမ
တောင်းချင်အောင်လုပ်၏။ သူတို့၏အကောင်းဆုံး အစေခံလုပ်ဆောင်မှုများကို ပင်လျှင်
စာတန်သည် ညစ်ညမ်းပုံရအောင် လုပ်ဆောင်ပါသည်။ သူ၏ မရေတွက်နိုင်သော
ပရိယာယ်စုံလင်စွာနှင့် ရက်စက်မှုမကင်းသော ဉာဏ်နီဉာဏ်နက်ထုတ်၊ သရုပ်ပျက်
လုပ်ဆောင်ချက်တို့အားဖြင် ထိုသူတို့သည် အပြစ်ဒဏ်ခံယူသင့်ကြောင်း ကြိုးစား၍
ချောက်တွန်းနေပါသည်။
သို့ပါသောကြောင့် လူသည် မိမိခွန်အားငယ်နှင့် ရန်သူစာတန်၏
စွပ်စွဲချက် များကို အလျှင်းချေပအနိုင်ယူနိုင်မည်မဟုတ်ပါချေ။ သို့သော်လည်း
ကျွန်ုပ်တို့၏ ရှေ့ နေကြီး ယေရှုသခင်သည် ကျွန်ုပ်တို့အားလုံးကိုယ်စား ထိရောက်သော
တောင်းပန်မှုကို ပြုနေပါ၏။ ကျွန်ုပ်တို့သာလျှင် အပြစ်တရားမှာ နောင်တရလျက်
ယုံကြည်ခြင်းဖြင့် မိမိတို့၏ အသက်တာကို သခင်လက်ထဲတွင် အပ်နှင်းဖို့ရန် ဖြစ်ပါသည်။
သခင်၏ ကရာ နိကုန်း သက်စွန့်သက်သေက စွဲချက်တင်သူ ရန်သူစာတန်ကိုနှုတ်ပိတ်စေပါ၏။
သခင်၏ စုံလင်သော နားထောင်ခြင်းသည် ကောင်းကင်နှင့် မြေကြီးဆိုင်ရာ တန်ခိုးအပေါင်းကို
ရ ရှိစေပါသည်။ မိမိ၏လူတို့အား စွပ်စွဲသော ရန်သူကြီးကိုလည်း ဤသို့လျှင် ကြေညာပါ၏။
]အိုစာတန်၊ ထာ၀ရဘုရားသခင်သည် သင့်ကိုဆုံးမတော်မူပါစေသော်။ ဤသူတို့သည် ငါ၏
သွေးဖြင့် ဝယ်ယူခြင်းခံရသူများ၊ မီးထဲကနုတ်ယူသောထင်းစများဖြစ်ကြသည် မ ဟုတ်လော။} (ဇာခရိ ၃း၂ ကိုကြည့်ပါ)။ သခင့်ကို ယုံကြည်ခြင်းဖြင့်
မှီခိုနေသူတို့အား သခင်သည် အာမခံချက်အပြည့်အဝပေးထားပါပြီ။ ]ငါသည် သင့်အပြစ်ကို
ဖြေရှင်းပြီ။ တင့်တယ်သော အဝတ်ကိုဝတ်ဆင်စေမည်}
(ငယ် ၄)။
သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်းဝတ်ရုံတော်ကို ဝတ်ခြုံထားသူ
အပေါင်းတို့ သည် သစ္စာရှိမှန်ကန်စွာ ရပ်တည်နေပါလိမ့်မည်။
ယဇ်ပုရောဟိတ်မင်းယောရှုကို ပေး သော ကတိတော်သည်လည်း လူသားအားလုံး
တို့အတွက်ဖြစ်ပါသည်။ ]သင်သည် ငါ့ လမ်းသို့လိုက်၍ ငါ့ပညတ်တရားကို စောင့်ရှောက်လျှင်
ငါ့အိမ်ကို စီရင်ရသောအခွင့်၊ ငါ့တံတိုင်းတို့ကို စောင့်ရသောအခွင့်ရှိလိမ့်မည်။
ရှေ့တော်၌ ရပ်နေသောသူအချို့တို့ကို သင့်အားလမ်းပြရသောသူဖြစ်မည် အကြောင်း
ငါခန့်ထားမည်။} (ငယ် ၇)။ ဤသို့လျှင်
ယခုဘ၀အသက်တာမှာ ကောင်းကင်တမန်များသည် ထိုသူတို့၏ တစ်ဖက်တစ်ချက်မှာ လမ်းလျှောက်အဖော်ပြု၍
နောင်ဘ၀မှာ ဘုရားသခင်ပလ္လင်တော်ကို ပတ်ဝိုင်းလျက် နေသော ကောင်းကင်တမန်တို့၏အနားမှာ
ထိုသူတို့သည် ရပ်နေခွင့်ရရှိကြပါလိမ့်မည်။
ဇာခရိမြင်တွေ့ရသော မြင်ကွင်းကျယ်ရုပ်ရုင်သည်
ကမ္ဘာမြေကြီးပေါ်မှာ မော ရှေလက်ထက် ဣသရေလလူမိုးတို့ တစ်နှစ်တစ်ခါကျင်းပမြဲဖြစ်သော
အပြစ်ဖြေရာ ယဇ်ပူဇော်ကြီး၏ နောက်ဆုံးမြင်ကွင်းများဖြစ်ပါသည်။ ဘုရားသခင်၏
လူစုတို့အတွက် ထူးခြားပါ၏။ ကျန်ကြွင်းသော လူတစ်စုသည် ကြီးပွားသော
ဒုက္ခဆင်းရဲခြင်းနှင့် ရင် ဆိုင်ရပေမည်။ အထူးသဖြင့် ဘုရားသခင်၏ပညတ်တော်နှင့်
ယေရှု၏ သက်သေခံ ချက်တို့ကို စောင့်ရှောက်သောသူတို့သည် နဂါးနှင့်
သူ့ဘက်တော်သားတို့၏ အမျက် ဒေါသကို ရင်ဆိုင်ခံစားရပေမည်။ ဤတွင် ထိုစာတန်၏
အချုပ်အခြာအာဏာ တန်ခိုးကို တွန်းလှန်သောသူများကား လူနည်းစုကလေးသာဖြစ်၏။
ထိုသူတိုကို ရန်သူစာတန် သည် ဤကမ္ဘာမြေကြီးပေါ်မှာ အမြစ်ပြတ်ဖယ်ရှားနိုင်ပါက
သူ၏အောင်မြင်မှုသည် ပြီးပြည့်စုံသွားမည်ဖြစ်၏။ သို့ဖြစ်၍ မကြာတော့သော
ရှေ့ရေးအနာဂတ်တွင် စာတန် သည် မြေကြီးဆိုင်ရာ ဆိုးဝါးယုတ်မာသော အင်အားစုများကို
နှိုးဆော်လျက် ဘုရား သခင်၏ သားသမီးလူတစ်စုကို ဖျက်ဆီးရန်ဆောင်ရွက်ပါလိမ့်မည်။
ဘုရားသခင်အပေါ်သစ္စာရှိမှန်ကန်သူတို့သည် ထိုအချိန်မှာ
ပြည်နှင်ဒဏ်ပေး၊ ပစ်ပယ်ခြင်းကို ခံရပေမည်။ ထိုသူတို့သည် ကိုယ့် ]မိဘ၊ညီအစ်ကို၊
ပေါင်းဖော်၊ အဆွေ ခင်ပွန်းတို့၏ အပ်နှံခြင်းကို ခံရကြလိမ့်မည်။} သေစေလိုသော ဆန္ဒလည်းရှိနိုင်ကြပါ သည်။ (လုကာ ၂၁း ၁၆)။
ယောရှုသည် ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန် ရှေ့မှာ တောင်းပန်သကဲ့သို့
ကျန်ကြွင်းသောအသင်းတော်သည်လည်း ကြေကွဲသော နှလုံး၊ မလျှော့သော ယုံကြည်ခြင်းဖြင့်
၎င်းတို့၏ ရှေ့နေကြီးယေရှုဘုရားသခင်အားဖြင့် အပြစ်လွှတ်ခြင်းနှင့်
ကယ်နုတ်ခြင်းတို့ကို ခံစားရရှိရန် မရမက၊ အပူတပြင်း တောင်းပန် ကြပါလိမ့်မည်။
သူတို့သည် မိမိတို့၏အပြစ်များလှကြောင်းနှင့် မထိုက်တန်မှုများကို လုံး၀
သိမြင်မှတ်သားသောကြောင့် စိတ်ပျက်ရန်မှာ လွယ်ကူလှပေသည်။
စာတန်သည်
ဘုရားသခင်၏လူတစ်စုကို
စိတ်ဓါတ်ကျဆင်းစေခြင်း
သွေးဆောင်လှည့်ဖြားသူသည် ထိုသူတို့အားစွပ်စွဲပြောဆိုရန်
အနားမှာ ရပ်နေ ပါသည်။ သူသည် ထိုသူတို့၏ ညစ်ထေးသောအဝတ်များ၊ ပြောဖွယ်ဖြစ်သော အကျင့်
သိက္ခာကျဆင်းမှု၊ အားနည်းချက်နှင့် မိုက်မဲမှုများ၊ ကျေးဇူးမသိတတ်မှုများ၊ ခရစ်တူ
အကျင့်မျိုးမရှိမှုများတို့ကို လက်ညှိုးထိုးပြညွှန်နေပါသည်။ ထိုအရာတို့သည်လည်း ကယ်
တင်ရွေးနုတ်ပိုင်သူကို ရှုတ်ချသောအရာများပင်ဖြစ်ကြသည် မဟုတ်လော။ ရန်သူစာ တန်သည်
ထိုသူတို့အား လုံး၀ခေါင်းမထောင်နိုင်အောင်၊ မျှော်လင့်ချက်ကင်းမဲ့စေသော
အတွေးမျိုးဖြင့် ခြိမ်းခြောက်ရန် ကြိုးစားနေ၏။ မိမိ၏သွေးဆောင်မှုများဘက်ကို ယိမ်း
ယိုင်လျက် ဘုရားသခင်နှင့် မိတ်သဟာယဖွဲခြင်းမှ ကျောခိုင်းလှည့်ထွက်ခွာလာရန် သူ
မျှော်လင့်ပါသည်။
စာတန်သည် ဘုရားသခင်၏သားသမီးများကို အပြစ်ကျူးလွန်စေခြင်း
အမှု၌ အပြစ်၏ ဆိုးကျိုးသက်ရောက်ပုံကို ခရေစေ့တွင်းကျ၊ စေ့စေ့စပ်စပ်သိနှင့်
ပြီဖြစ်သော ကြောင့် ထိုသူတို့အားဆန့်ကျင်စွဲချက်တင်သည်မှာ ပိုင်နိုင်လှပေ၏။
သူတို့အပြစ်များ ကြောင့် ထာ၀ရဘုရားသခင်အထံတော်မှ အကာအကွယ်ကို မရရှိထိုက်ကြောင်း သူ
ထောက်ပြပါသည်။ သူ့လိုပင် ထာ၀ရဘုရားသခင်အထံတော်မှ မျက်နှာမရ၊ ထွက်ခွာ ထိုက်သူများ
ဖြစ်ကြောင်းကို လည်းသိစေပါ၏။ သူပြောနေပုံကို နားထောင်ပါ။ ]ဤ သူတို့သည်
ကောင်းကင်ဘုံရှိကျွန်ုပ်နှင့် ကျွန်ုပ်၏ဘက်တော်သား ကောင်းကင်တမန် တို့၏နေရာမှာ
အစားတိုးဝင်ရောက်လာသူများ မဟုတ်ပါလော။ သူတို့သည် ထာ၀ရ ဘုရားသခင်၏ပညတ်တော်ကို
နားထောင်ကျင့်စောင့်ပါမည် ဟုဆိုပါသော်လည်း တ ကယ်တမ်းမှာတော့ မိမိကိုယ်တစ်ဖို့ကိုသာ
ချစ်မြတ်နိုးကြသူများ မဟုတ်ပါလော။ ထာ၀ရဘုရားသခင်၏အစေကို ခံဖို့ထက်
မိမိတို့၏စိတ်ဝင်စားမှုများကို ဦးစားပေးနေ ကြသည် မဟုတ်လော။ မြေကြီးနှင့်
မြေကြီးပေါ်မှာ ရှိသောအရာတို့ကို ချစ်မြတ်နိုးသူများ မဟုတ်လော။ ထိုသူတို့၏
တစ်ကိုယ်ကောင်းဆန်ပုံ၊ မရိုးသားသည့် အပြုအမူများနှင့် အချင်းချင်းတစ်ဦးကို
တစ်ဦးမုန်းတီးရွံရှာနေကြပုံကို ကြည့်ပါ။ သူတို့၏ လက်ရှိအခြေ အနေအရ တရားမျှတစွာ
ဆုံးဖြတ်ရပါလျှင် ထိုသူတို့သည် အပြစ်သင့်ဖို့ရာသာ ရှိပါသည် မဟုတလော။
တရားမျှတမှုကို ကျွန်ုပ်စာတန်သည် တောင်းခံပါ၏။}
သို့ပါသော်လည်း ခရစ်တော်၏ နောက်တော်သို့လိုက်သောသူများသည်
မိမိ တို့၏ အပြစ်များမှ နောင်တရလျက် ကြေကွဲသောစိတ်နှင့် ဘုရားသခင်ကို ရှာဖွေနေ
ကြပါသည်။ ထိုသူတို့အတွက် ကောင်းကင်ဘုံအရှင်ရှေ့နေကြီးသည်လည်း ကြားဝင် ကာ
တောင်းပန်ပေးနေပါ၏။ ကျေးဇူးတရား မသိတတ်ဆုံးလူသားတို့အတွက် ထိုသခင် သည်
ဤသို့ကြေညာလိုက်ပြီတကား။ ]ငါသည် ဤအသက်ဝိညာဉ်များအတွက် အ သက်တော်စွန့်ခဲ့လေပြီ။
သူတို့မှာ မစုံလင်သောအကျင့်ရှိကောင်းရှိပေမည်။ သို့သော် လည်း ထိုသူတို့သည်
နောင်တရပြီးသူများဖြစ်သောကြောင့် သူတို့၏အပြစ်ကို ငါသည် အလျှင်းဖြေလွှတ်၍
ထာ၀ရကာလအဖို့ လက်ခံလိုက်လေပြီ။}
ရန်သူစာတန်၏ ပုတ်ခတ်ပြောဆိုမှုသည် ပြင်းထန်လှပါသည်။
မီးဖိုမှမီးလျှံတို့ သည်လည်း ဘုရားသခင်၏ လူတို့ကိုဝါးမျိုလုပြီဖြစ်၏။ သို့ရာတွင်
သခင်ယေရှုသည် ထို သူတို့အားမီးနှင့်ချွတ်သော ရွှေစင်ကဲ့သို့နုတ်ယူပါလိမ့်မည်။
သူတို့၏ မြေကြီးဆန်သော အရာများ ပယ်ရှင်းပပျောက်ကုန်လေပြီ။ ထိုသူတို့အားဖြင့်
သခင်ခရစ်တော်၏ရုပ်လုံး သည် ပြည့်၀စုံလင်စွာဖော်ပြနိုင်မည်ဖြစ်ပါသည်။
တစ်ခါတစ်ရံမှာ ဘုရားသခင်သည် မိမိ၏အသင်းတော်ကို
မေ့ပျောက်သယောင် ဖြစ်ကောင်းဖြစ်နိုင်ပါမည်။ သို့သော်လည်း ကျွန်ုပ်တို့သတိရ
အောက်မေ့ဖို့ရန်အမြဲသင့် သည်က ဤကမ္ဘာမြေကြီးပေါ်မှာ ဘုရားသခင်၏အသင်းတော်လောက်
ဘုရားသခင်၏ စိတ်နှလုံးသားကို ထိတွေ့မြတ်နိုးသည့် အရာမှာမရှိတော့ပြီဖြစ်၏။
စာတန်နတ်ဆိုးမင်း ၏ စုံစမ်းသွေးဆောင်မှုများသည် ထိုသူတို့ကို
အောင်မြင်လွှမ်းမိုးဖို့ရန် ကိုယ်တော်သည် အလိုတော်မရှိပါပြီ။
သခင်အားအလွဲတချော်ကိုယ်စားပြုသူများကို သခင်သည် အပြစ် ပေးမည် ဖြစ်သော်လည်း
အပြစ်မှနောင်တရသူအပေါင်းကို ထိုသခင်သည် ကျေးဇူး ပြုပါလိမ့်မည်။
ကမ္ဘာ့သမိုင်းအဆုံးပိုင်းကာလမှာ ဘုရားသခင်၏
အပေါင်းအသင်းဝင်လူစု တို့ သည် မြေကြီးအရပ်လေးမျက်နှာရှိ စက်ဆုပ်ရွဲရှာဖွယ်
ယုတ်မာမှုများကို မြင်တွေ့ရ သောအခါ သက်ပြင်းရှည်ကြီးချ၍ ငိုကြွေးကြပါမည်။
ထိုသူတို့သည် ထာ၀ရဘုရား သခင်၏ ပညတ်တော်မိန့်မှာချက် များတို့ကိုဂရုမစိုက်၊
ထော်လော်ကန့်လန့်လုပ်ကာ ရှုတ်ချသူလူယုတ်မာတို့ကို မျက်ရည်နှင့် သတိပေးပြောကြားလျက်
မိမိတို့ကိုယ်တိုင် မှာလည်း နောင်တရသော ကြေကွဲနှလုံးသားဖြင့် ထာ၀ရဘုရားသခင်၏
ရှေ့တော် မှောက်မှာ နှိမ့်ချကြပေလိမ့်မည်။ ဤသည်ကို လူဆိုးသွမ်းယုတ်မာသူတို့သည်
ဘုရား သခင်လူတို့၏ ကြားဝင်တောင်းပန်ပေးမှုကိုမြင်ကာ သရော်ပြောင်လှောင်သည့် စကား
များဖြင့် မြှောက်ထိုပင့်ကော်ပြုကြ၏။ ဤသည်ကို ထောက်ရှုသော်အပြစ်၏ အကျိုး
ဆက်ကြောင့် ဆုံးရှုံးပျောက်ကွယ်ခဲ့ရသော မြင့်မြတ်အကျင့်ကောင်းသည် စိတ်နှလုံး
ကြေကွဲဝမ်းနည်းနေသော ဘုရားသခင်၏လူတို့၌ ပြန်လည်ရရှိကြောင်း မျက်မြင်သက်
သေထင်ရှားလျက်ရှိ၏။
ဤသို့ဖြစ်ရခြင်းမှာလည်း ထိုသူတို့သည် သခင်ခရစ်တော် ထံ တော်ပါးသို့
တိုးဝင်ချဉ်းကပ်သောကြောင့်ဖြစ်၏။ ထိုသခင်၏စုံလင်သော ၁၀။ဘုရား သခင်၏
လူတို့ယေရုရှလင်မြို့သို့ပြန်လာရန် ဘုရားသခင်သည် ဧဇရအားဖြင့် ဘုရားအာ ရွှေရုကို
ဖျောင်းဖျခဲ့သည်။ဖြူစင်မှုကိုသူတို့သည် ရှုမြင်ကြ၏။ ထိုသို့ပြုသောကြောင့် သူ
တို့သည် အပြစ်၏အကျိုးဆက်ကို ရှင်လင်းပီပြင်စွာ ခွဲခြားမြင်တွေ့ကာ ရှောင်ရှားနိုင်
သည်မဟုတ်လော။ ကပ်တိုင်တော်၏ခြေတော်ရင်မှာ ဝပ်တွားဦးချကန်တော့ခြင်းအ မှုကို
ပြုသောသူတို့အတွက် ဘုန်းရောင်တောက်သော ဦးရစ်သရဖူသည် စောင့်ဆိုင်း လျက်ရှိနေပါသည်။
ဘုရားသခင်၌ သစ္စာရှိ၍ဆုတောင်းလျက်နေသောသူတို့အား ကောင်းကင်တ
မန်များက လုံခြုံစွာကာကွယ်ထားရှိသည်ကို ထိုသူတို့သည်မသိကြပါ။ ဤကမ္ဘာမြေကြီး
ပေါ်ရှိ အာဏာပိုင်အစိုးရသောသူတို့က စာတန်၏နှိုးဆော်မှုဖြင့် သင်တို့အားဖျက်ဆီး
ပစ်ရန် ရှာဖွေနေသည်ကို ထိုဘုရားသခင်၏ ချစ်သားသမီးတို့သည် မြင်တွေ့ရကြပါမူ
သူတို့ပတ်လည်၌ ကောင်းကင်တမန်များ တပ်ချထားလျက်ရှိကြောင်းကို သိမြင်ရပါလိမ့် မည်။
ဘုရားသခင်၏ ချစ်သားသမီးတို့သည် ဖြူစင်သော နှလုံးသားကို
တောင် လျှောက်ရာတွင် အစွန်းအထင်းမရှိ၊ ပကတိဖြူစင်သန့်ရှင်းသော သခင်ခရစ်တော်၏
ဖြောင့်မတ်ခြင်းဝတ်ရုံတော်ကို ဝတ်ဆင်ရပါသည်။ အပစ်ပယ်ခံအကျန်အကြွင်းဘုရား
သခင်၏လူတစ်စုသည် ဘုန်းရောင်တောက်သော ဝတ်စားတန်ဆာနှင့် ဆင်မြန်းခြင်းကို
ခံရလေပြီကော။ ထိုသူတို့သည် ဤလောကအညစ်အကြေးနှင့် နောင်ဘယ်သော အ ခါမျှ
ညစ်ထေးခြင်းမရှိတော့ပါပြီ။ သူတို့၏နာမည်သည်လည်း သိုးသငယ်၏အသက် စာစောင်ထဲမှာ
မပပျောက်အောင် ကမ္ဗည်းထိုးထားလျက်ရှိ၏။ လှည့်ဖြားသူ၏ စုံလင် လှစွာသော
ပရိယာယ်ထောင်ချောက်များကို သူတို့သည်တွန်းလှန်နိုင်ခဲ့သည်။ ယခုမှာ တော့
ထာ၀စဉ်အပြစ်မှလွှတ်ပြီ၊ ကျွတ်ပြီ။ လုံခြုံနေပါပြီ။ သူတို့၏ အပြစ်များစွာတို့သည်
လည်း အပြစ်ကိုစတင်တီထွင်သော ပထမမူလပိုင်ရှင်ထံသို့ ပြောင်းလဲရောက်ရှိသွား
လဲ့လေပါပြီ။
အပြစ်များကို
ပထုတ်လိုက်ခြင်း
စာတန်သည် ဘုရားသခင်၏ လူတို့အားစွပ်စွဲမှုများပြုနေစဉ်မှာ
သန့်ရှင်းသော ကောင်းကင်တမန်တို့သည် သစ္စာရှိဘုရားသခင်လူတို့အပေါ်မှာဘုရားသခင်၏
တံဆိပ် တော်ကို ခတ်ထားနေပါသည်။ ဤသူတို့သည် ဇိအုန်းတောင်ပေါ်မှာရပ်လျက်နေ၍ အ
ဘယ်သူမျှမသီဆိုနိုင်သော သန့်ရှင်းသောသူ တစ်သိန်းလေးသောင်းလေးထောင်တို့၏
သီချင်းကိုကျူးအေးကြပေသည်။ သူတို့၏နဖူးပေါ်မှာလည်း ခမည်းတော်ဘုရားသခင်၏ နာမတော်သည်
ရှိ၏။ ]အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။} (ဗျာ ၁၄း၅)။
ယခုတွင် ယောရှုထံသို့ပြောဆိုသော ထာ၀ရဘုရားသခင်၏
ကောင်းကင်တမန် စကားတို့သည် အပြီးပိုင်ပြည့်စုံနေပါပြီ။ ]ငါ၏ကျွန်တည်းဟူသောညွန့်ကို
ငါပေါ်ထွန်း စေမည်။} ခရစ်တော်သည် မိမိလူတို့၏
ကယ်တင်ရွေးနုတ်သူအဖြစ်ပေါ်ထွန်း ထင်ရှား လျက်ရှိ၏။ ထိုသခင်၏
ကျန်ကြွင်းသောလူတစ်စုသည်လည်း ]နိမိတ်လက္ခဏာနှင့် ယှဉ် သောသူဖြစ်ကြ၏။} (ဇာခရိ ၃း၈)။ မျက်ရည်နှင့်တကွ စိတ်နှလုံးမှာတော့ ဘုရားသခင်
နှင့် သိုးသငယ်တို့၏ ရှေ့မှောက်တော်မှာ ဝမ်းမြောက်ရွှင်လန်းစွာဖြင့်
ဂုဏ်ပြုချီးမွမ်း ခြင်းကို ခံရလေမည်ဖြစ်သတည်း။ (ဟေရှာယ ၄း၂-၄ ကိုကြည့်ပါ။)
No comments:
Post a Comment