Tuesday, March 10, 2026

 

အခန်း (၄၅)

ကုရု (သို့) စိုင်းရပ်စ်မင်းကြီးသုံ့ပန်းများကိုလွှတ်လိုက်ခြင်း

 

               စိုင်းရပ်စ်မမွေးဖွားမီနှစ်ပေါင်းတစ်ရာကျော်အထက်က ကြိုတင်၍ ဖြစ်ပျက် မည့်အကြောင်းကို ဘုရားသခင်၏နှုတ်တော်ထွက်စကားက ဟောထားပါပြီ။ စိုင်းရပ်စ် သည် ဗာဗုလုန်မြို့တော်ကြီးကို လျှပ်တစ်ပြက် တိုက်ခိုက်သိမ်းယူမည်ဖြစ်ကြောင်း၊ သုံ့ ပန်းအဖြစ်ကျွန်ခံနေရသော ဘုရားသခင်၏ အပေါင်းအသင်းဝင်တို့ကို လွတ်ငြိမ်းချမ်း သာခွင့်ပေးမည် ဖြစ်ကြောင်း ဖော်ပြထားပုံမှာ- ]အကြင်သူ၏ ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍ ရှင်ဘုရင်တို့ကိုတန်ဆာချွတ်လျက် အတွင်းတံခါးတို့ကိုမပိတ်ရဘဲ နှစ်ရွက်ရှိ သောတံခါးတို့ကို ဖွင့်ခြင်းငှါ အကြင်သူ၏လက်ယာလက်ကို ငါထောက်မ၏။ ထိုသူ တည်းဟူသော ကုရုမင်း၊ ထာ၀ရဘုရားသခင်ပေးတော်မူ၏ ဘိသိက်ခံသော မင်းအား မိန့်တော်မူသည်ကား၊ သင့်ရှေ့မှာငါသွာ၍ မြင့်သောအရပ်ကိုညီစေမည်။ ကြေးဝါတံခါး တို့ကို ချိုး၍ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည်။} (ဟေရှာယ ၄၅း၁၊ ၂)။

               အောင်ပွဲရပါရှားစစ်တပ်မဟာကြီးသည် ဗာဗုလုန်မြို့တော်တွင်းသို့ ဝင်ရောက် ပုံမှာ မြို့တွင်းမှာ ဖြတ်သန်းစီးဆင်းသွာသော ယူဖရိတ်မြစ်ရေကို အထက်အရပ်မှနေ၍ ရေလွှဲလိုက်ခြင်းဖြင့် မြစ်ရေမရှိသောမြစ်ကြောင်းအတိုင်း မြို့တွင်းထဲသို့ ထပ်မဟာကြီး ဝင်ရောက်လာခြင်းဖြစ်ပေသည်။ ထိုအချိန်မှာလည်း မြို့စောင့်တပ်သားတို့မှာ အဆင် သင့်မရှိ။ လုံခြုံမှုကို မပေးနိုင်ဖြစ်ရကား ပုရောဖက်ဟေရှာယ ကြိုတင်ဟောပြောခဲ့သည့် စကားမှာ အတိအကျပြည့်စုံလာခဲ့ရပေသည်။ ဤအမှုအားဖြင့် ဂျူးလူမျိုးတို့အတွက် ကြီးမားသော သက်သေသာဓကဖြစ်ကြောင်း မငြင်းပယ်နိုင်ပါပြီ။ ဤသည်ကို ထောက် ရှု၍ ထာ၀ရဘုရားသခင်သည် မိမိတို့နှင့်အတူ အစဉ်အမြဲရှိနေကြောင်း မမှားနိုင်သော လက္ခဏာသက်သေတစ်ခုဖြစ်ပေသည်။ ဗာဗုလုန်မြို့တော်ကြီး ကျဆုံးရပုံအကြောင်းစုံ ကို ဤသို့ကြိုတင်ဟောကိန်းထုတ်ခဲ့လေပြီကော။

 

 

               ]သင့်ကို ရွေးနုတ်တော်မူ၍ ဖွားစကပင် သင့်ကိုပြုပြင်တော်မူသော ထာ၀ရ ဘုရားသခင်မိန့်တော်မူသည်ကား၊ ကုရုမင်းကိုလည်း သင်သည်ငါ့သိုးထိန်းဖြစ်၏။ ငါအ လိုရှိသမျှကို ပြည့်စုံစေလျက် ယေရုရှလင်မြို့ တည်ဆောက်စေ၊ ဗိမာန်တော်တိုက် မြစ်ကျစေဟု စီရင်လိမ့်မည်ဟူ၍လည်းကောင်း ငါဆိုရ၏။} ]ထိုသူကိုလည်း၊ တရားတော် အတိုင်း ငါပေါ်ထွန်းစေ၏။ သူသွားသောလမ်းမကို ငါဖြောင့်စေမည်။ သူသည် ငါ၏ မြို့ကိုတည်ဆောက်လိမ့်မည်။ သိမ်းသွားချုပ်ထားခြင်းကို ခံရသောငါ၏ လူတို့ကို သူ သည် အဖိုးမခံ၊ ဆုမယူဘဲလွှတ်လိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေထာ၀ရဘုရားသခင် မိန့်တော်မူ၏။} (ဟေရှာယ ၄၄း၂၄၊ ၂၈။ ၄၅း၁၃)။

               အစ္စရေးလူမျိုးတို့ ပြန်လည်တည်ထောင်စုဝေးခြင်းအတွက် အချိန်ကာလနှင့် ပတ်သက်၍ ပုရောဖက်ယေရမိသည် ရှင်းလင်းစွာဖော်ပြခဲ့ပါသည်။ ]ထာ၀ရဘုရား သခင် မိန့်တော်မူသည်ကား၊ အနှစ်ခုနစ်ဆယ်စေ့သောအခါ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏ နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ၏ အပြစ်ကြောင့် ငါသည်သူတို့ကိုဒဏ်ပး၍ ထို နိုင်ငံကို အစဉ်အမြဲလူဆိတ်ညံရာ အရပ်ဖြစ်စေမည်။} (ယေရမိ ၂၅း၁၂)။} ]အထက် က ငါနှင်ထုတ်၍ သင်တို့ခံရသောသိမ်းသွားခြင်းအမှုကို ငါသည်ဖြေရှင်းခြင်းငှါ တိုင်းနိုင်ငံ အရပ်ရပ်တို့မှ သင်တို့ကိုငါစုသိမ်းပြီးလျှင် အထက်ကငါနှင်ထုတ်၍ သင်တို့ရှုံးသော ပြည် သို့ တစ်ဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာ၀ရဘုရားသခင် မိန့်တော်မူ၏။} (ယေရမိ ၂၉း၁၄)။

               ပုရောဖက်ဒံယေလသည် အလားတူစွာသော ဤပုရောဖက် ဟောကြားချက် များနှင့် ယဉ်ပါးနေပြီဖြစ်ပါသည်။ အစ္စရေးတို့အပေါ် ထာ၀ရဘုရားသခင်၏ ရွှေလက် တော်အုပ်မိုးခြင်းကို ဒံယေလမြင်တွေ့ ခံစားမိသောကြောင့်လည်း ကတိတော်မြတ်တို့ကို အထူးတလည်အာရုံပြုခဲ့ပေသည်။ ဘုရားသခင်တစ်ဖန်မိန့်မြွတ်တော်မူချက်ကို မှတ် သားပါ။ ]သင်တို့သည် ငါ့ကိုခေါ်၍သွားလာကြလိမ့်မည်။ ဆုတောင်းလာသောအခါ သင်တို့စကားကို ငါနားထောင်မည်။ ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာလျှင် တွေ့ကြလိမ့်မည်။} (ငယ် ၁၂၊ ၁၃)။ဗာဗုလုန်နိုင်ငံတော်ကြီးမကျဆုံးမီမှာ ဤမြင်ကွင်း ကျယ်ရုပ်ရှင်ဆန်ဆန် ပုရောဖက်ဟောကြားချက်များကို နားလည်သိမှတ်ရန်အတွက် ဒံယေလသည် အာရုံပြုဆင်ခြင်အောက်မေ့နေချိန်မှာ ကမ္ဘာ့နိုင်ငံကြီးများ၏ စတင်ပေါ် ထွန်းလာပုံ နှင့် ကျဆင်းပျောက်သွားပုံများကိုလည်း အစဉ်အလိုက်နေအိပ်မက်မှာ မြင် တွေ့ခဲ့ရပါသေးသည်။ ဒံယေလအခန်းကြီး (၇) မှာ မှတ်တမ်းပြုထားသော ပထမမြင် ကွင်းကျယ်ရုပ်ရှင်ထဲမှာ အနက်အဓိပ္ပါယ်ကိုလည်း ဖွင့်ဆိုထားပါသည်။ သို့တိုင်အောင် လည်း အပြည့်အစုံကိုတော့ ဒံယေလမသိနားမလည်ပါချေ။ ]ဤရွေ့ကား အနက်အ ဓိပ္ပါယ်ပေတည်းဟု ဆိုလေ၏။ ငါဒံယေလသည် စိတ်ပူပန်ခြင်းသို့ရောက်၍ မျက်နှာညှိုး ငယ်ခြင်းရှိ၏။ သို့သော်လည်း မြင်ရသောအာရုံများကို စိတ်နှလုံး၌သိုထား၏။} (ဒံယေလ ၇း၂၈)။

 

အချိန်ကာလဆိုင်ရာဟောကြားချက်ကိုဖွင့်လှစ်ဖော်ပြခြင်း

               ရှေ့ကာလမှာ ဖြစ်မည့်ဖြစ်ရပ်မှန်များကို ပို၍နားလည်မှတ်သားမိစေရန် အ ခြားမြင်ကွင်း ကျယ်ရုပ်ရှင်ကို ဒံယေလမြင်တွေ့ခဲ့ရလေသည်။ ]ထိုအခါ သန့်ရှင်းသူ တစ်ပါး၏ စကားပြောသံကိုငါကြား၏။ သန့်ရှင်းသူတစ်ပါးက ယခင်ပြောသောသူကို ဟစ် ၍ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကို နင်းခြင်းအလိုငှါ နေ့ရက်အစဉ်ပြုသော ဝတ်ကို ပယ်ခြင်းနှင့် စပ်ဆိုင်သော ဘုရားသခင်ဖော်ပြသော မြင်ကွင်းကျယ်ရုပ်ရှင် (ဗျာဒိတ် ရူပါရုံ) သည် အဘယ်မျှကာလပတ်လုံး တည်လိမ့်မည်နည်း ဟုမေးမြန်းလျှင် ယခင် ပြောသောသူက ရက်ပေါင်းနှစ်ထောင့်သုံးရာတိုင်တိုင် တည်လိမ့်မည်။ ထိုနောက် သန့် ရှင်းရာဌာနကို တစ်ဖန် ဆေးကြောသုတ်သင်ကြလိမ့်မည်ဟု ပြန်၍ပြောဆို၏။} (ဒံယေ လ ၈း၁၃၊ ၁၄)။

               ဒံယေလနားမလည်၍ စိတ်ရှုပ်သွားသည်။ နှစ်ပေါင်း (၂၃၀၀) နှင့် (၇၀) စစ်သုံ့ ပန်းဘ၀ဖြစ်ထွေကို ဆက်စပ်ကြည့်သည်။ ဤဖြစ်ရပ်ကား ဘုရားသခင်၏ သန့်ရှင်း သောဌာနတော်ကို မဆေးကြောမီဖြစ်၏။ ဤမြင်ကွင်းကျယ်ရုပ်ရှင်သည် ]တာရှည် သောကာလတိုင်တိုင်းတည်လိမ့်မည်} ဟူသောအသံကို ဒံယေလကြားရသောအခါ ဒံ ယေလသည် ]မော၍နားလျက်နေ၏။ တစ်ဖန်အနားမှာထမြောက်၍ ရှင်ဘုရင်၏အမှု တော်ကို ဆောင်ရွက်၏။ မြင်ပြီးသော မြင်ကွင်းကျယ်ရုပ်ရှင်ကို ငါအံ့ဩသော်လည်း ထို အမှုကို အဘယ်သူမျှ မရိပ်မိကြ။} (ငယ် ၂၆၊ ၂၇)။

               ]ယေရုရှလင်မြို့ပျက်စီ၍ အနှစ်ခုနစ်ဆယ်လွန်စေမည်ဟု ထာ၀ရဘုရား သခင် ၏ ဖော်ပြချက် (ဗျာဒိတ်တော်) ကိုပုရောဖက် ယေရမိခံဖူးသည် ဖြစ်၍} ဒံယေလသည် ထိုနှစ်ပေါင်းအရေးအတွက်ကို ကျမ်းစာ အားဖြင့် သိရလေသည်။ (ဒံယေလ ၉း၁)။

 

သစ္စာရှိသောဒံယေလသည် သစ္စာမဲ့သော အစ္စရေးတို့နှင့်

သဘောတူခြင်း

               ဒံယေလသည် ဤကတိတော်ကောင်းများကို လျှင်မြန်စွာပြည့်စုံ စေလိုလှပြီ ဖြစ်၏။ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို ချီးမြှောက်ရန်ဖြစ်ပေသည်။ ဤသို့ဆိုရာ၌ အပြစ်များလှသော အစ္စရေးတို့ကိုမိမိကိုယ်နှင့် နှိုင်းကာ အပြစ်များစွာကို ဖော်ပြဝန်ချ တောင်းပန်ခဲ့ပေသည်။ ကောင်းကင်ဘုံဘုရားသခင်က သူ့အား၊ ]အလွန်ချစ်အပ်သော သူ} ဟုခေါ်ဆိုပါသည်။ ယခုတွင်သူသည် ဘုရားသခင် ရှေ့တော်မှောက်မှာ အပြစ်သား တစ်ယောက်အလား မိမိကိုယ်ကိုဖော်ပြလျက် မိမိချစ်သော လူမျိုး၏ လိုအပ်ချက်ကို တောင်းခံနေပါပြီ။ သူ၏ဆုတောင်းချက်မှာလည်း ရိုးစင်း၍ နားဝင်ချိုလှပါပေသည်တ ကား။

               ]အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။အကျွန်ုပ်တို့၏ ရှင်ဘုရင်၊ မင်းသား၊ အသက်ကြီးသူမှစ၍ ပြည်သူပြည်သား အပေါင်းတို့အား ကိုယ်တော်၏အခွင့် နှင့်ဟောပြောသော ကိုယ်တော်၏ကျွန်၊ ပုရောဖက်တို့၏ စကားများကို အကျွန်ုပ်တို့ သည် နားမထောင်ဘဲ နေကြပါပြီ။}

               ]အိုဘုရားသခင်၊ ဖြောင့်မတ်တော်မူခြင်းတရားတော် ရှိသမျှတို့နှင့် အညီ၊ သန့် ရှင်းသော တောင်တော်တည်းဟူသော ကိုယ်တော်၏ ယေရုရှလင်မြို့မှပြင်းစွာသော ဒေါသအမျက်တော်ကိုလွှဲတော်မူပါဟု အကျွန်ုပ်တောင်းပန်ပါ၏။ အကြောင်းမူကား၊ အ ကျွန်ုပ်တို့အပြစ်များမှစ၍ ဘိုးဘေးတို့၏အပြစ်များကြောင့် ယေရုရှလင်မြို့နှင့် ကိုယ် တော်၏လူစုသည် ပတ်ဝန်းကျင်၌ ရှိသောသူတို့တွင် ကဲ့ရဲ့စရာ အကြောင်းဖြစ်ပါ၏။}

               ]အိုဘုရားသခင်၊ နားထောင်တော်မူပါ။ အပြစ်ကိုလွှတ်တော်မူပါ။ ကိုယ်တော် အတွက် ဖင့်နွှဲတော်မမူပါနှင့်။ ကိုယ်တော်မြို့၊ ကိုယ်တော်၏ လူစုသည် နာမတော်ဖြင့် သမုတ်ခြင်းရှိပါသည်။} (ငယ် ၄-၉၊ ၁၆၊ ၁၉)။

               ပုရောဖက်ကြီးသည် မိမိပြုသော တောင်းပန်စကားမပြီးသေးမီ ကောင်းကင် တမန် ဂါဗြေလသည် သူ့ထံသို့လာ၍ သူမြင်သောမြင်ကွင်းကျယ်ရုပ်ရှင်ကို အာရုံပြုရန် ဖိတ်ခေါ်ခဲ့လေသည်။ ၎င်းအပြင် သီတင်းခုနစ်ဆယ်နှင့်ပတ်သက်၍ အသေးစိတ်ကို ကျောရိုးဖော်ရန်တိုက်တွန်းခဲ့ပါ၏။ ]သီတင်းခုနစ်ဆယ်ကို သင်၏အမျိုးသားချင်းအဖို့ နှင့် သင်၏သန့်ရှင်းသောမြို့အဖို့ ဆုံးဖြတ်ခြင်းရှိ၏ (ငယ် ၂၅) ဟုဆိုခဲ့သည် မဟုတ် လော။

               စိုင်းရပ်စ်မင်းကြီးစတင်စိုးစံသော နှစ်သည် သီတင်းခုနစ်ဆယ် ပြီးပြည့်စုံသော နှစ်ဟု မှတ်ယူနိုင်ပါသည်။ (ငယ် ၁) နေဗုလဒ်နေဇာမင်းကြီးက ဟေဗြဲသုံ့ပန်းတို့ကို ဗာဗုလုန်မြို့တော်သို့ ပထမအကြိမ်ခေါ်ဆောင်လာခဲ့သည့် နှစ်ကစ၍ ယခုအချိန်ဆိုလျှင် သီတင်း ခုနစ်ဆယ်ရှိပါ၏။ ဒံယေလကို ခြင်္သေ့တွင်းမှ ဘုရားသခင်ကယ်နုတ်ခဲ့ပုံကို ကြားသိ ရသော စိုင်းရပ်စ်မင်းကြီးသည် ထိုဘုရားသခင်ကို ကြောက်ရွံ့မိ၏။ စွဲလမ်းနေမိသည်။ (ဒံ ၁၁း၁)။ အုပ်ချုပ်ကွပ်ကဲမှုမှာ အမြင်ရှည်သော ဘုရားသခင်၏လူ ဒံယေလ၏ ချင့်ချိန်ဆုံးဖြတ် လုပ်ဆောင်ပုံကို မြင်ရသဖြင့်လည်း မင်းကြီးသည် ဒံယေလကို လေးစားမိ၏။ သူပြီးလျှင်အရာရာမှာ အဆင်ပြေပြီဟု မင်းကြီးမှတ်ယူ လိုက် လေပြီ။ သို့ဖြစ်၍ စိုင်းရပ်စ်မင်းကြီးကို ဘုရားသခင်အသုံးချနိုင်ပါသည်။ မင်းကြီးကို ပုရောဖက်ဟောကြားချက်များ မည်ကဲ့သို့ ရှိသည်ကိုသိစေ၏။ မိမိအကြောင်းသာမက ဟေဗြဲလူမျိုးတို့၏ လွတ်မြောက်ရေးအတွက် အာမခံချက်ပေးရန် ဖော်ပြသော ပုရော ဖက်စကားများစွာတို့ကိုလည်း မင်းကြီး ခွဲခြားသိမြင်နိုင်ပါပြီ။

 

               သို့ဖြစ်၍ ကောင်းကင်ဗိုလ်ခြေထာ၀ရဘုရားသခင်၏ အုပ်စိုးမှုကို စိုင်းရပ်စ် မင်းကြီး အသိအမှတ်ပြု၏။ ပုရောဖက်စကားချက်များအရ ]ငါရွေးကောက်သော သူ ဣသရေလအတွက်၊ ငါသည် သင့်ကိုနာမည်ဖြင့်ခေါ်၏။ သင်သည် ငါ့ကိုမသိ သော် လည်း သင့်၌နာမည်သစ်ကိုထပ်၍ပေး၏။ ငါတစ်ပါးတည်းသာလျှင် ထာ၀ရဘုရား သခင်ဖြစ်ကြောင်းကို နေထွက်ရာအရပ်သားနှင့် အနောက်မျက်နှာသားတို့သည် သိရ ကြလိမ့်မည်။ သင်သည် ငါ့ကိုမသိသော်လည်း သင့်၏ခါးကို ငါစည်း၏။} ]ထိုသူကိုလည်း၊ တရားတော်အတိုင်းငါပေါ်ထွန်းစေ၏။ သူသွားသော လမ်းကိုငါဖြောင့်စေမည်။ သူသည် ငါ၏ မြို့ကိုတည်ဆောက်လိမ့်မည်။ သိမ်းသွားချုပ်ထားခြင်းကို ခံရသော ငါ၏လူတို့ကို သူသည် အဖိုးမခံ၊ ဆုမယူဘဲလွှတ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေထာ၀ရဘုရားသခင် မိန့်တော်မူ၏။} (ဟေရှာယ ၄၅း၅၊ ၆၊ ၄၊ ၁၃)။ ထိုသို့ဆိုသောကြောင့် ထိုစိုင်းရပ်စ် မင်းကြီးသည် ဂျူးလူမျိုးသုံ့ပန်းများကို လွတ်မြောက်စေရတော့မည် မဟုတ်ပါလား။

               ပေရသိရှင်ဘုရင်ကုရု (စိုင်းရပ်စ်) နန်းစံပထမနှစ်တွင် ထိုရှင်ဘုရင်သည် အ မိန့်တော်စာကို ထုတ်ပြီးလျှင် ပေရသိနိုင်ငံအရပ်ရပ်တို့၌ ကြော်ငြာစေသည်ကား ]ကောင်းကင်ဘုံ၏ ထာ၀ရဘုရားသခင်သည် မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို င gh အားပေးတော်မူသည်ဖြစ်၍ ယုဒပြည်၊ ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည်ဆောက် ရမည်အကြောင်း မှာထားတော်မူပြီ။ သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏ လူ ဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူပါစေသော်။ ယုဒပြည်၊ ယေရုရှ လင် မြို့သို့သွား၍ ဣသရေလအမျိုး၏ ဘုရားသခင်ထာ၀ရဘုရား၏ အိမ်တော်ကို တည် ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသော ဘုရားသခင်သည် ဘုရားသခင်ဖြစ် တော်မူ၏။ ဘုရားသခင်၏ လူတည်းခိုရာအရပ်ရပ်၌ နေသောသူတို့သည် ယေရုရှ လင်မြို့မှာရှိတော်မူသော ဘုရားသခင်၏ အိမ်တော်အဖို့ အလိုလိုလÈသော အလÈမှတစ် ပါး ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန် နှင့် မစစေဟု မိန့်တော်မူ၏။} (ဧဇရမှတ်စာ ၁း၁-၄)။

 

 

               ဗိမာန်တော်နှင့်ပတ်သက်၍လည်း ဤသို့ညွှန်ကြားခဲ့ပါ၏။ ]ယဇ်ပူဇော်ရာ အိမ် ကိုတည်စေ။ တိုက်မြစ်ကိုခိုင်ခံ့စွာချထားစေ။ စရိတ်များကိုလည်း ဘဏ္ဍာတော်ထဲက ထုတ်၍ပေးစေ။ ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲက နေဗုခဒ်နေဇာထုတ်၍ ဘုရား သခင်၏ အိမ်တော်နှင့်ဆိုင်သော်လည်း ဗာဗုလုန်မြို့သို့ဆောင်ခဲ့သော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ပြန်ပေးစေ။ ယေရုရှလင်မြို့၏ ဗိမာန်တော်သို့ပို့၍ အလုံးစုံတို့ကို ဘုရားသခင် အိမ်တော်ထဲတွင် မိမိတို့နေရာ၌ထားစေဟု ကုရု (စိုင်းရပ်စ်) မင်းကြီးသည် နန်းစံပထမနှစ်တွင် ယေရုရှလင်မြို့၏ ဘုရားသခင်အိမ်တော် အမှုမှာ အမိန့်တော်ရှိ၏။} (ဧဇရ ၆း၃-၅)။

               ဤဘုရင်အမိန့်တော်သည် အင်ပါယာအတွင်းရှိ လှည်းနေလှေအောင်း မြင် ဇောင်းမကျန်၊ တောရွာဇနပုဒ်များတိုင် ပျံ့နှံ့ရောက်ရှိနေပါသောကြောင့် ကြားရသူတိုင်း ဝမ်းမြောက်ကြလေသည်။ လူများစွာတို့သည်လည်း ဒံယေလကဲ့သို့ပင် ပုရောဖက်ဟော ကြားချက်များကို စေ့စေ့လေ့လာမှတ်သားကြသည်ဖြစ်ရကား ဇိအုန်တောင်၏ ကိုယ်စား ဘုရားသခင်ထံတော်မှ ဘုရားသခင် ပေးကတိတော်မြတ်ရှိသမျှတို့ကို မျှော်လင့်စောင့် စားနေခဲကြသည်။ ယခုတော့ ဆုတောင်းခြင်း၏ အဖြေကိုရရှိနေလေပြီ။

 

               ဖမ်းသွားချုပ်ထားသော ဇိအုန်သားတို့ကို ထာ၀ရဘုရားသခင် ပြန်လာစေတော် မူသောအခါ ငါတို့သည် အိပ်မက်သောသူကဲ့သို့ဖြစ်ကြ၏။ ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့်လည်းကောင်း၊ ငါတို့လျှာသည် သီချင်းဆိုခြင်းနှင့်လည်းကော်း ပြည့်၀၏။ (ဆာလံ ၁၂၆း၁၊ ၂)။

 

               ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန်အဆွေအမျိုးသူကြီးများ၊ ယဇ်ပုရော ဟိတ်၊ လေဝိသားများနှင့်တကွ ဘုရားသခင်နှိုးဆော်တော်မူသောသူ (၅၀၀၀၀) ခန့်တို့ သည် ]ယေရုရှလင်မြို့၌ရှိတော်မူသောထာ၀ရဘုရားသခင်၏ အိမ်တော်ကို တည် ဆောင်ခြင်းငှါလာကြ၏။} ထိုသူတို့၏ မိတ်ဆွေများတို့ကလည်း ]ငွေတန်ဆာနှင့် ရွှေအစ ရှိသောဥစ္စာများ၊ တိရစ္ဆာန်များ၊ အဖိုးထိုက်သော အရာတို့နှင့်မစကြ၏။} ]ပေရသိ ရှင် ဘုရင်ကုရုသည်လည်း ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာသိမ်းသွား၍ မိမိဘုရားသခင်တို့ ဗိမာန်၌သွင်းထားသော ဘုရားသခင်၏ ဗိမာန်တော်တန်ဆာတို့ကို ရွှေတိုက်စိုး လက်ဖြင့် ထုတ်၍ ယုဒမင်းရှေရှဗေဇာ၌ ရေတွက်လျက် အပ်တော်မူ၏။} (ဧဇရ ၁း၅-၇)။

               ကုရုမင်းကြီးသည် ရှင်ဘုရင်ဒါဝိဒ်၏ ဆွေစဉ်မျိုးဆက်တစ်ဦးဖြစ်သော ဇေရုဗ ဗေလအား ယုဒပြည်ပြန်သွားသော လူစုလူဝေးတို့ကိုအုပ်ချုပ်ရသည့် တာဝန်ကို ပေး အပ် ထားလေသည်။ သဲကန္တာရကြီးကို ကျော်ဖြတ်ရမည့် မရီးကြမ်းသည် ဝေးလှသလို ပြိုပျက်နေသော မြို့ကို ပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံရန် အလုပ်သည် မလွယ်ကူ လှပါ။ သို့သော်လည်း ထိုသူတို့သည် ပျော်ရွှင်ကြပါသည်။

               အဆွေအမျိုးသူကြီး (ဧဇရ ၂း၆၈) အချို့တို့သည် ယေရုရှလင်မြို့ ဗိမာန်တော် သို့ ရောက်သောအခါ တတ်နိုင်သမျှအတိုင်း အလိုလိုလှူ၍ ဘဏ္ဍာတော် ထဲသို့သွင်း ကြ၏။ လူထုပရိသတ်တို့သည်လည်း ထိုသူတို့၏ ပုံနမူနာကိုယူကာ ရက်ရောစွာ ပေး လÈကြ လေသည်။

               ယခုတွင် ဗိမာန်တော်ပရဝဏ်အတွင်းရှိ ရှေးဟောင်းယဇ်ပလ္လင်နေရာမှာ ပလ္လင် သစ်တစ်ခုကို တည်ဆောင်၍ ပြီးစီးလေပြီ။ လူအပေါင်းတို့သည် ယေရုရှလင်မြို့သို့ တညီတညွတ်တည်းလာ၍စုဝေးကြ၏။ မြို့တော်ပျက်စီးခဲ့ပြီး နောက်ပိုင်းပြတ်တောက် သွားသော မြင့်မြတ်သန့်ရှင်းသည့် ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကိုစုပေါင်း၍ ပြန် လည်းကျင်းပကြသည်တွင် ]သကေနေပွဲကို လည်းခံ၍} တရားနှင့်အညီ နေ့တိုင်း ပြု သင့်သော ဝတ်ကိုပြုလျက် နေ့တိုင်းမီးရှို့ရာယဇ်တို့ကို အရေအတွက်နှင့် ပူဇော်ကြ၏။ (ဧဇရ ၃း၁၊ ၄)။ ဤသို့ယဇ်ပလ္လင်ကို တည်ဆောက်ပြီးစီး၍ ဆုတောင်းနိုင်ခွင့် ရရှိကြ ကုန်သော သစ္စာရှိအကျန်အကြွင်းယုံကြည်သူ သားသမီးတို့သည် ကြီးစွာဝမ်းမြောက် ကြကုန်၏။ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရန် ပြင်ဆင်ခြင်းအမှု၌လည်း ရဲဝံ့စွာ အားထုတ်ကြလေသည်။ ပတ်ဝန်းကျင်မှာလည်း ပျက်သုဉ်းမှုများစွာနှင့် ပြည့်နက်နေ သဖြင့် မိမိတို့၏ ရှေးဘိုးဘေးများဖောက်ပြန်လမ်းလွဲမှုကို ပြန်လည်သတိရတိုင်း ဝမ်း နည်းကြ၏။ ယခုတော့ ဘုရားသခင်၏အပြစ်ဖြေလွှတ်ခွင့်ကို ရရှိလျက် သခင့်ရှေ့မှာ မျက်နှာရရှိဖို့ သူတို့တောင့်တကြပါသည်။ မိမိနှင့်ဆိုင်သော အကျိုးအမြတ်ကို ရရှိဖို့ ထက် ဘုရားသခင်ထံတော်မှ ထောက်ခံမှုကို သူတို့တန်ဖိုးထားလာကြလေပြီ။ သို့ဖြစ် ၍လည်း သူတို့နှင့်အတူ ဘုရားသခင်ရှိကြောင်း သူတို့ခံစားသိမြင်ခဲ့၏။ သို့တိုင်အောင် လည်း ဤအရာများထက်သာလွန်သော ကောင်းချီးမင်္ဂလာများစွာကို သူတို့လိုလားကြ ပါသည်။ သို့ဖြစ်၍ ဘုရားသခင်၏ ဘုန်းရောင်ခြည်တော်ထွန်းတောက်နေမည့် ရှေ့ရေး ဖြစ်ရပ်မှန်တို့ကို ယုံကြည်ခြင်းမျက်စိနှင့် မှန်းမျှော်ကာ ဘုရားသခင်၏ ဗိမာန်တော် ကြီးကို ပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံကြလေ၏။

               ဆောက်လုပ်ရေးအလုပ်သမားတို့သည် ရှောလမုန်မင်းကြီးခေတ်က အသုံး ပြုခဲ့သော ထုဆစ်ပြီးကျောက်တုံးကြီးများကို တွေ့ရှိရသဖြင့် ထိုကျောက်တုံးဟောင်း ကြီးများကို ပြန်လည်အသုံးပြုကြပါသည်။ အဆင်သင့်သုံ၍ ရသည်များရှိသလိုအသစ် ထုဆစ်ရသည်များလည်း ရှိပေသည်။ အချိန်မကြာလှပါ။ အုတ်မြစ်ကျောက်ကြိုးကို လုပ် ငန်းစဉ်စတင်ပြီဟူသော အထိမ်းအမှတ်နှင့် ထောင်ချီသော လူထုပရိသတ်ရှေ့မျာ ချ လိုက်ပါသည်။ ဤသို့လျှင် အုတ်မြစ်ကျောက်ကို သူ့နေရာမှာ ချလိုက်သည် တစ်ခဏ၌ လူစုလူဝေးပရိသတ်တို့သည် ]ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကျေးဇူးတော်ကို ဝန်ခံလျက်၊ အသံပြိုင်၍ အလှည့်လှည့် သီချင်းဆိုကြ၏။} (ငယ် ၁၁)။

               လူအပေါင်းတို့သည် ထိုအမှု၌ တစ်စိတ်တစ်သဘောတည်း လေးလေးနက်နက် ရှိလှပါသည်။ သို့တိုင်အောင်လည်းဝမ်းသာ၍ တူရိယာသံစဉ်များနှင့် ညီညွတ်စွာတေး သီချင်း ချီးမွမ်းသံများကို ကျူးအေးသူများရှိကြသလို ထိုမြင်ကွင်းကြောင့် အတိတ် သမိုင်းကို ပြန်လည်းသတိရ အောက်မေ့မိသော ရှေ့မီနောက်မီ သက်ကြီးရွယ်အို တို့မှာကား ဝမ်းနည်းကြလေသည်။ ]အသက်ကြီး၍ အရင်ဗိမာန်တော်ကိ မြင်ဖူးသော ယဇ်ပုရောဟိတ်၊လေဝိသား၊ အဆွေအမျိုးသူကြီးအများတို့သည် နောက်ဗိမာန်တော် တိုက်မြစ်ကျလျက်ရှိသည်ကို မြင်သောအခါ ကြီးစွာသော အသံနှင့် ငိုကြွေးကြ၏။} (ငယ် ၁၂)။ ထိုသူတို့၏အတွေးထဲမှာ မိမိတို့၏အသည်းနှလုံးသား ခိုင်မာချက် အဒွန့်ရှည် မှုကြောင့် ဤသို့ဖြစ်ပျက်ခဲ့ရကြောင်းကို ပြန်လည်စဉ်စားမိကြလေသည်။ အကယ်၍သာ ထိုသူတို့သည် ဘုရားသခင်၏အလိုတော်ကိုဝန်ခံ၍ အကြံအစည်တော် အတိုင်း သက် ရှင်ခဲ့ကြပါမူ ဤသို့လျှင် မိမိတို့သည် သုံ့ပန်းဘ၀သို့ ရောက်ခဲ့ရမည်မဟုတ်။ လှပသော ရှောလမုန်၏ ဗိမာန်တော်လည်း ပျက်စီးခဲ့ရမည် မဟုတ်ပါချေ။

               ယခုတော့ အခြေအနေတို့ ခြားနားခဲ့လေပြီ။ ဘုရားသခင်သည် မိမိလူတို့အား မိမိတို့နေရင်းပြည်သို့ ပြန်သွားခွင့်ပြုနေပါပြီ။ ဝမ်းနည်းစရာ အကြောင်းမရှိ၊ ဝမ်းမြောက် ရမည်သာဖြစ်၏။ ဘုရားသခင်သည် ဧက္ကရာဇ်မင်း၊ သက်ဦးဆံပိုင်ရှင်ဘုရင်စိုင်းရပ်စ် (ကုရု)ကို ဗိမာန်တော်ပြန်လည်တည်ဆောက်ရန် ကူညီစေပြီ မဟုတ်ပါလား။ ဤလို အချိန်မျိုးမှာ ပျော်ရွှင်ဝမ်းမြောက်ရမည်အစား စိတ်ဓါတ်ကျဆင်းကာ သဘောမတူ၊ မ ညီမညွတ်မှုများ ပေါ်ထွန်းစေသောသူတချို့ရှိကြလေသည်။ ပြန်ဆောက်မည် ဆောက် တော့ဘုန်းတောက်တဲ့ ရှောလမုန်ဗိမာန်တော်ကြီးကို ပြန်ဆောက်ရတာမတူ၍ လက်ရှိ အဆောက်အဦမှာ စိတ်နှလုံးညှိုးငယ်ကြသူများရှိပေသည်။

               ဤသို့ညည်းတွားပြစ်တင်ပြောတတ်သူများကြောင့် လုပ်ဆောင်သူ များစွာတို့မှာ စိတ်ပျက်ကြရ၏။ ဆက်လက်ကာ အလုပ်ပွားလျှင်သော်မှာ အဓိပ္ပါယ်ရှိပါလေစဟု တွေး ထင်သူများရှိသဖြင့် မလုပ်မကိုင်ဘဲ မှုန်ကုပ်ကုပ်သာနေချင်တော့သည့် လူတချို့ရှိ ပေသည်။ သို့သော်လည်း လူများစွာတို့သည် ယခင်ကကဲ့သို့လို မကြီးကျယ်မခမ်း နားလှသော်လည်း ဆောက်လုပ်ပြီးစီးနိုင်သည့်အဖြစ်၌ ကျေနပ်နေကြသူများရှိပါသည်။ ထိုသူတို့သည်လည်း ဝမ်းမြောက်သောစိတ်နှင့် ကြွေးကြော်ကြ၏။ ]ထိုသို့ပြုသော ကြွေး ကြော်သံနှင့် ငိုကြွေးသံကို ကြားသောသူတို့သည် ပိုင်းခြား၍မသိနိုင်ကြ။ လူများတို့သည် ကြီးစွာသော အသံနှင့် ကြွေးကြော်သောကြောင့် ဝေးသော အရပ်၌ကြားရလေ၏။} (ငယ် ၁၂၊ ၁၃)။

 

 

               ဤသို့ဗိမာန်တော်တိုက်ကျောက်မြစ်ချသည့် အစီအစဉ်မှာ မပျော်ရွှင်နိုင်သော သူတို့သည် မိမိတို့၏ကန့်ကွက်မဲများနှင့် စိတ်ဓါတ်ကျဆင်းစေသော လှည့်စားလုပ်ကြံ စကားများ၏ အလေးစီးမှုကို သတိမပြုမိခဲ့ကြပါချေ။ သူတို့၏ မကျေနပ်မှုများက ဘုရား သခင်၏ အိမ်တော်ကြီးကို ပြီးမြောက်အောင် အလျင်အမြန်မလုပ်ဆောင်နိုင် ကြောင်း ကိုလည်း သူတို့မသိကြပါချေ။ ခက်လှပေ၏။

               ပထမဗိမာန်တော်ကြီးသည် ကြီးမားထည်ဝါခံ့ညားသောကြောင့် သုံ့ပန်းဘ၀မ ရောက်မီ ဣသရေလလူများတို့၏ မာန်မာနတက်ကြွဂုဏ်ယူစရာ ဖြစ်ခဲ့ရပါ၏။ သို့ သော်လည်း ထိုပထမဗိမာန်တော်ထဲသို့ သယ်ဆောင်လာသော ယဇ်ပူဇော်မှု ဝတ်ပြုကိုး ကွယ်သည့်အစီအစဉ်တို့မှာ ဘုရားသခင်၏ထောက်ခံမှုကို မရရှိနိုင်ခဲ့ပါချေ။ အကြောင်း မူကား ထိုခေတ်ကလူတို့သည် ဘုရားသခင်ကို နှိမ့်ချသောစိတ်၊ ကြေကွဲသောနှလုံး သားအိမ်ဖြင့် မဆက်ကပ်၊ မအပ်နှံကြသောကြောင့်ပေတည်း။ ထာ၀ရဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရာ၌ အခြေခံအားထားရာဖြစ်သော မူစည်းမျဉ်း တို့ မျက်ခြည်ပြတ်သွား ပြီဟုဆိုလျှင် ပွဲတော်အခမ်းအနားအစီအစဉ်တို့မှာ များပြားလာ၍ အကုန်အကျလည်း များလာပေ၏။ ဘုရားသခင်၌ မွေ့လျော်ခြင်း၏ ရိုးစင်းမှုတန်ခိုးကို ငြင်းပယ်လိုက်ပြီ ဆိုပါကလည်း အပြင်ပန်းသဏ္ဌာန်ကိုအားကျမိ၍ မာန်မာနတရားဝင်ရောက်လာကာ အ သင်းတော်၌ ခံ့သားထည်ဝါသော အဆောက်အဦများ၊ တောက်ပသော ဆင်ယင်ထုံး ဖွဲ့မှုများနှင့် တိုးမြှင်လာသော ဝိနည်းအထုံးအဖွဲ့များစွာတို့သည် လိုအပ်လာပေသည်။

               သို့သော်လည်း ဘုရားသခင်သည် မိမိ၏အသင်းတော်ကို တန်ဖိုးထား၏။ လော ကမဆန်သော ကြည်ညိုဖွယ်ကောင်းသည့်ဘုရားတရားမှာ မေ့Gလျော်သောသဘောက်ို အလိုတော်ရှိပါသည်။ ထိုသခင်သည် ယုံကြည်သူသားသမီးများ မည်မျှခရစ်တော်ယေရှု ဘုရားသခင်ကို သိကျွမ်း၍ ထိုသခင်၌ကြီးပွားကာ ဝိညာဉ်ရေးအတွေ့အကြုံ ရင့်ကျက် သည်ကို သိမြင်လို၍ တန်ဖိုးထားပါ၏။ ချစ်ခြင်းမေတ္တာနှင့် ကောင်းမြတ်ခြင်းသဘောကို ရှာ၏။ သခင်ခရစ်တော်၏ သားစစ်၊ သမီးမှန်ကိုယ်စားလှည်တော်များ၌ ဖော်ပြထင် ရှားသော လှပသောအကျင့်စရိုက်တို့သည် လှပေသာဗိသုကာလက်ရာနှင့် မနှိုင်းယှဉ် နိုင်ပါ။ တိုင်းပြည်နေရာအသီးသီးမှာရှိသော ယုံကြည်သူသားသမီး တပည့်တော်စုတို့၌ အစားဆင်းရဲ၊ အနေဆင်းရဲခြင်းရှိနိုင်ပါသော်လည်း အကယ်၍သာထိုသူတို့သည် သခင် ခရစ်တော်၏ အကျင့်ဂုဏ်တော်၏ အခြေခံမူစည်းကမ်းမျိုးကို ရင်ဆိုင်ထားရှိမည်ဆိုက နံဝိညာဉ်ကောင်းကင်တမန်တို့သည် ထိုသူတို့နှင့်အတူ ဘုရားသခင်အားဝတ်ပြု ကိုး ကွယ်ခြင်းအမှု၌ ပါဝင်ပူးပေါင်းကြမည်ဖြစ်ပါသည်။

               ]ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ရန်သူ၏လက်မှ ထာ၀ရ ဘုရားသခင်နုတ်၍ အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်ရပ်ထဲက စုသိမ်းသော သူတည်းဟူသော၊ ရွေးတော်မူသော သူတို့သည် ဝန်ခံကြစေ။} (ဆာလံ ၁၀၇း၁၊ ၂)။

(ဆာလံ ၁၀၇း၉)။

 

No comments:

Post a Comment