Tuesday, January 6, 2026

သမ္မာကျမ်းစာလမ်းညွှန်များကို ရှာဖွေပါ Discover Bible Guides



 



မာတိကာ (Table of Contents)
အခန်းကြီး - ၁
အခန်းကြီး - ၂
အခန်းကြီး - ၃
အခန်းကြီး - ၄
အခန်းကြီး - ၅
အခန်းကြီး - ၆
အခန်းကြီး - ၇
အခန်းကြီး - ၈
အခန်းကြီး - ၉
အခန်းကြီး - ၁၀
အခန်းကြီး - ၁၁
အခန်းကြီး - ၁၂
အခန်းကြီး - ၁၃
အခန်းကြီး - ၁၄
အခန်းကြီး - ၁၅
အခန်းကြီး - ၁၆
အခန်းကြီး - ၁၇
အခန်းကြီး - ၁၈
အခန်းကြီး - ၁၉
အခန်းကြီး - ၂၀
အခန်းကြီး - ၂၁
အခန်းကြီး - ၂၂
အခန်းကြီး - ၂၃
အခန်းကြီး - ၂၄
အခန်းကြီး - ၂၅
အခန်းကြီး - ၂၆



အခန်းကြီး - ၁

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၁)

ကျွန်ုပ်တို့သည် ထာဝရဘုရားသခင်၌ ယုံကြည်စိတ်ချနိုင်သည်

 

          တစ်နေ့သောအခါ၌ ဂျင်သည် ဘုရားသခင်ကို မယုံသူတစ်ဦးအား ဘုရားသခင်ရှိ၊ မရှိမေးခွန်း ထုတ်ခဲ့သောအခါ ဂျင်အံ့သြသွားအောင် “ဘုရားသခင်ရှိကြောင်း သေချာတာပေါ့” ဟုဖြေဆိုခဲ့သည်။ “လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက ငါတို့ပထမကလေးမွေးလာတာနဲ့ ဘုရားသခင်ကို ယုံကြည်သူ ဖြစ်လာတော့မလိုဘဲ။ ငါအဲဒီသေးငယ်ပြည့်စုံတဲ့လူငယ် ကလေးကို ပုခက်ထဲမှာမြင်တွေ့သောအခါ လက်ချောင်းခြေချောင်းများလှုပ်ရှားရုံမက မျက်စိများဖွင့်ပိတ်သောအခါ နောက်လပေါင်းများစွာသော အချိန်တွင်မှာ “ဘုရားသခင်မရှိဘူး” ဆိုတဲ့ ယုံကြည်ချက်ဟာပျောက်ခါနီးပဲ။ အဲဒီကလေးကိုကြည့် တိုင်း ဘုရားသခင်တော့ရှိရမယ်ဆိုတာငါယုံတော့ယုံနိုင်တယ်ဟု စိတ်ဆုံးဖြတ်ခါနီးပဲ။”

၁။       ရုပ်ပုံကားဟူသမျှမှာ ပုံရေးဆွဲသောသူရှိသည်

          လူ၏ရုပ်ပုံသဏ္ဌာန်ကို ပြုလုပ်သောသူရှိသည်။ သိပ္ပံရှင်ကြီးများ၏ ပြောပြချက်အရ စိတ်တွင် ပေါ်ပေါက်သော ပုံလွှာထောင်ပေါင်းများစွာကို လူ၏ဦးနှောက်တွင်သိုထားနိုင်သည်။ စီစဉ်ညှိနှိုင်း၍ ပြဿနာမျိုးစုံကို အဖြေရှာပေးနိုင်သည်။ လှပမှုကို လက်ခံသဘောပေါက်နိုင်သည်။ ကိုယ့်ကိုယ်ကို လည်းနားလည်နိုင်သည်။ တစ်ဦးစီတို့သည် အကောင်းဆုံးအကျင့်တရားကို ကျင့်လိုသောဆန္ဒရှိသည်။ ဦးနှောက်အတွင်းရှိ အခြေခံလျှပ်စစ်ဓါတ်အားတို့သည် ကိုယ်တွင်းရှိ ကြွက်သားများတို့ကို တညီ တညွတ်တည်းလှုပ်ရှားစေသည်။

          ထို့ကြောင့် ဆာလံဆရာဆုံးဖြတ်ချက်မှာလူ၏ ကိုယ်ကာယသည်ကျယ်လောင်စွာနှင့်ရှင်းလင်း သောစကားဖြင့်ပြောရလျှင် ဖန်ဆင်းရှင်ကို ပြသကြောင်းဖြင့် “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင် တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို ကျွန်ုပ်၏ စိတ်ဝိညာဉ်သည် အမှန်သိပါ၏။” (ဆာလံ ၁၃၉:၁၄)။

          ထာဝရဘုရားသခင်ဖန်ဆင်းတော်မူကြောင်းကို ရှည်ရှည်ဝေးဝေးရှာဖွေရန်မလိုပါ။ နားလည် ရန်မလွယ်သော လူ၏ အင်္ဂါရပ်များဖြစ်သော ဦးနှောက်နှင့်ကိုယ်အင်္ဂါအစိတ်အပိုင်းများစွာတို့သည် ထာဝရဘုရားသခင်ကိုယ်တိုင် လူ၏ပုံ၊ ရုပ်၊ ကိုယ် လူ့ ဥာဏ်ဖြင့်မမီနိုင်သော ဒီဇိုင်းမျိုးစုံဖြင့် ပြုလုပ် တီထွင်ထားကြောင်းသိရသည်။ ဘယ်နည်းဖြင့် စထွင်ခဲ့သောပန့်ကို နှလုံးပန့်ဖြင့် နှိုင်းယှဉ်၍မရပါ။ ဘယ်လိုပန့်မျိုးမှ နှလုံးပန့်ဖြင့်နှိုင်းယှဉ်၍မရပါ။ ဘယ်လိုသော ကွန်ပျူတာတွင် ပါဝင်ပတ်သက်သော ဆက်နွှယ်မှုများကို အာရုံကြောဆက်နွှယ်ပုံများနှင့်နှိုင်းယှဉ်၍မရပါ။ ရုပ်မြင်သံကြားတွင် ကြားနာမြင် တွေ့ အသံထွက်များအထိ လူ၏အသံအကြားအမြင်နှင့် နှိုင်းယှဉ်၍မရပါ။ လေအေးစက်သော်လည်း ကောင်း၊ အပူအအေးပေးစက်များသော်လည်းကောင်း၊ ကိုယ်၏နှာခေါင်း၊ အဆုတ်နှင့်အရေခွံသော် လည်းကောင်း နှိုင်းယှဉ်၍မရပါ။ ရှုပ်ထွေးစေ့စပ်သောလူ၏ ကိုယ်ကြီးပြုပြင်ဖန်တီးသောပုဂ္ဂိုလ်သည်

ဘုရားသခင်သာလျှင်ဖြစ်နိုင်ပါသည်။

          လူ၏ကိုယ်ခန္ဓာသည် ပြည့်စုံသောအင်္ဂါအစိတ်အပိုင်းများ စုပေါင်းရာဖြစ်၍ တစ်ခုနှင့်တစ်ခု ဆက်စပ်ပါဝင်ပတ်သက်သောကြောင့် တိကျသေချာစွာ တီထွင်ထားကြောင်းသိရသည်။ အဆုတ်နှင့် နှလုံး၊ အာရုံကြောနှင့်ကြွက်သားများတို့သည် စဉ်းစား၍မရလောက်အောင် မိမိတာဝန်အသီးသီးကို ကျေပွန်စွာပြုလုပ်ဆောင်ရွက်ကြပါသည်။

          ငွေအကြွေပြား (၁၀) ခုကိုယူ၍ ၁ မှ ၁၀ အထိအစဉ်အတိုင်းမှတ်ထားပါ။ ပြီးလျှင် အိတ်တစ်လုံး ထဲထည့်၍ လှုပ်ခါပေးပါ။ ပြီးလျှင် နံပါတ်အစဉ်အတိုင်းဆွဲယူ၍ရပါမည်လား။ သင်္ချာ၏ပညာအရ အခွင့်အရေးအစီအစဉ်အတိုင်း ၁ မှ ၁၀ ထွက်လာနိုင်ရန် အကြိမ်ပေါင်းသန်းပေါင်းတစ်ထောင်မှသာ အစီအစဉ်အတိုင်းထွက်ပေါ်လာနိုင်ပါသည်။

          ထိုနည်းတူ အစာအိမ်၊ ဦးနှောက်၊ နှလုံး၊ အသည်း၊ သွေးလွှတ်ကြော၊ သွေးပြန်ကြော၊ ကျောက် ကပ်၊ နား၊ မျက်စိနှင့် သွားများတို့သည် တစ်ချိန်တည်းမှာ တစ်ခါတည်းတစ်ပြိုင်နက် ကိုယ့်တာဝန် အသီးသီးကိုလုပ်ကိုင်လာစေပါသည်။

          ထို့ကြောင့် လူ၏ကိုယ်ခန္ဓာကြီးကိုအကြောင်းပြ၍ ရှင်းပြနိုင်တာကတော့-

တစ်ဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဌာန်နှင့် တညီတစ်သဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့။ ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။” (ကမ္ဘာဦးကျမ်း ၁း၂၆၊ ၂၇)။ ပထမ လူယောက်ျားနှင့်လူမိန်းမတို့သည် အလိုအလျောက်မဖြစ်လာနိုင်ပါ။ သမ္မာကျမ်းစာက လူကိုမိမိပုံ သဏ္ဌာန်အတိုင်းဖန်ဆင်းတော်မူကြောင်း ဖေါ်ပြပါသည်။

 

၂။       ဖန်ဆင်းပြုလုပ်သောအရာတိုင်းသည်ပြုလုပ်သူရှိသည်

          ဘုရားသခင်ဖန်ဆင်းသော သက်သေသာဓကတို့သည် လူ၏ ကိုယ်ခန္ဓာသာမကပါ။ ကောင်း ကင်အနှံ့ကျယ်ပြန့်ပါသည်။ မြို့ကြီးများတို့၏ အလင်းကိုစွန့်ခွာ၍ ညဉ့်နက်ကောင်းကင်ကို ကြည့်ပါ။ တိမ်ဖြူရောင်တစ်ဖက်ကြယ်များ၏ အထက်စကြဝဠာကြီးတွင် ကျွန်တော်တို့၏ ကမ္ဘာပမာ နေပေါင်း သန်းပေါင်းများစွာတို့သည် ကမ္ဘာပေါင်းများစွာတို့ကို ထွန်းလင်းပေးနေကြောင်း သိရှိနားလည်ရပါ သည်။ အလားတူစကြဝဠာရှိကြောင်းကိုလည်း အလွန်ကြီးမားလှသော မှန်ဘီလူးကြီးများဖြင့် တွေ့မြင် ရပါသည်။

          ထို့ကြောင့် ဆာလံဆရာကြီး၏ ဆုံးဖြတ်ချက်မှာ ကြယ်များတို့သည် ဘုန်းတန်ခိုးကြီးသော ဖန်ဆင်းရှင်ကို ပြသကြောင်းပြောကြားခဲ့ပါသည်။ “မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေ တော်ကို ကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်ဆောင်သောအရာများကိုပြသ၏။” (ဆာလံ ၁၉:၁-၃)။

          ဤကျယ်ပြန့်များပြားသော စကြဝဠာများကိုကြည့်ခြင်းဖြင့် အကြောင်းပြချက်လုံလောက်စွာ ဖြင့် ဖန်ဆင်းရှင်ရှိကြောင်း စိတ်ချယုံကြည်နိုင်ပါသည်။ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင် နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏ (ကမ္ဘာဦး ၁း၁)။ “သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။” (ကောလောသဲ ၁း၁၇)။

          ဖန်ဆင်းသမျှသောအရာတို့သည် ထာဝရဘုရားသခင်ကိုပြသ၍ ပုံဆွဲပုဂ္ဂိုလ်ကြီးသည် ဖန်ဆင်း ရှင်ဖြစ်ကြောင်း သက်သေထူသည်။ ရှင်းလင်းသောနှုတ်ထွက်စကားတော်အရ အစအဦး၌ ဘုရားသခင် သည် နက်နဲသောအသက်တာ အကြောင်းဖေါ်ပြသည်။ ဘုရားသခင်သည် ခပ်သိမ်းသောအရာကို ဖန်ဆင်းတော်မူကြောင်းသိရသည်။

          ယနေ့ခေတ်သစ်ထဲတွင် ရူပဗေဒပညာနိုဘယ်ဆုရှင်ဆရာကြီး ဒေါက်တာအာသာကွန်တွန် သည် အထက်ပါကျမ်းချက်ကို အကြောင်းပြု၍ ဝေဖန်ခဲ့သည်မှာ ကျွန်ုပ်အနေနှင့်ယုံကြည်ခြင်းဖြင့် ထာဝရဘုရားသခင်သည် စကြဝဠာနှင့်လူကို ဖန်ဆင်းတော်မူကြောင်းနားလည်ခဲ့သည်။ ကျွန်တော့် အနေဖြင့် နားလည်ရန်မခက်ခဲပါ။ အကြောင်းမှာ အကြံအစည်တော်သည် ထာဝရပညာရှင်ဖြစ်၏။ စည်းစနစ်ဖြင့်သွားလာတည်နေသောစကြဝဠာကြီးကမှန်ကန်ကြောင်း၊ ထောက်ခံဖေါ်ထုတ်ခဲ့ကြောင်း၊ ကျမ်းစာအားဖြင့် “အစအဦး၌ထာဝရဘုရားသခင်သည်” ဟုဖေါ်ပြထားပါသည်။

          သမ္မာကျမ်းစာသည် ထာဝရဘုရားသခင်ကို ဘုရားသခင်ဖြစ်ကြောင်း အထောက်အထားအကိုး အကားမပြပါ။ ဘုရားသခင်ရှိကြောင်းသာကြေညာသည်။ သတ္တဗေဒဆရာကြီးဒေါက်တာကွန်ကလင်း သည် အသက်နှင့်ပတ်သက် သောဖြစ်ရပ်ပေါ်လာခြင်းသည် မတော်တဆကြောင့်မှန်လျှင် အကြမ်း ဖျင်းနှိုင်းယှဉ်ရလျှင် အဘိဓာန်ကျမ်းသည် မတော်တဆပုံနှိပ်စက်ထဲ၌ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ် လာသည်ဟုပြောဆိုနိုင်သည်။

          လူသားများအနေဖြင့် မရှိမဖြစ်သောနေရာမှရှိလာဖို့၊ ဖြစ်လာဖို့၊ မပြုလုပ်နိုင်ပါ။ ကျွန်ုပ်တို့သည် ဆောက်လုပ်နိုင်သည်။ ရှာဖွေတီတွင်နိုင်သော်လည်း မရှိသောအရာမှဖားကလေးတစ်ကောင်ဖြစ်လာဖို့ မဆန်းကြယ်သောပန်းကလေး တစ်ပွင့်ဖြစ်လာဖို့မပြုလုပ်နိုင်ပါ။ ထိုအရာများတို့သည် အသံကျယ် ဟစ်ခါ ထာဝရဘုရားသခင်ပုံစံထွင်ကာဖန်ဆင်းကြောင်း၊ ထိန်းသိမ်းကြောင်းပြောသည်။ စကြဝဠာ ကမ္ဘာနှင့်လူသားများယုံနိုင်လောက်သောဇစ်မြစ်မှာ ထာဝရဘုရား သခင်မှသာဖြစ်ကြောင်းသိရသည်။

 

၃။       ဘုရားသခင်သည်လူနှင့်အတူပေါင်းသင်းဆက်ဆံကြောင်း

          ကြယ်များဖြင့် ပြည့်သောကောင်းကင်ကို ရေးဆွဲသောစကြဝဠာကြီးကို ဖန်ဆင်းသောဘုရား သခင်သည် လူသားများကိုရှာဖွေကာ ဆက်ဆံပေါင်းသင်းပါသည်။ ထာဝရဘုရားသခင်သည် မောရှေ နှင့်ရင်းနှီးစွာ ပေါင်းသင်းပါသည်။ “ထာဝရဘုရားသခင်သည် အဆွေခင်ပွန်းနှုတ်ဆက်တတ်သည် နည်းတူ၊ မောရှေနှင့်မျက်နှာချင်းဆိုင်၍ နှုတ်ဆက်တော်မူ၏” (ထွက် ၃၃း၁၁)။

          ထိုနည်းတူထာဝရဘုရားသခင်သည် ကျွန်ုပ်တို့နှင့် ခင်မင်ရင်းနှီးစွာမိတ်ဆွေကဲ့သို့ ပေါင်းသင်း ဆက်ဆံလိုသော ဆန္ဒရှိ၏။ ယေရှုနောက်သို့လိုက်လိုသောသူများအား ကတိပေးထားသည်မှာ “သင်တို့ သည် ငါ့ပညတ်ရှိသမျှကို ကျင့်စောင့်လျှင် ငါ၏အဆွေဖြစ်ကြ၏” (ယောဟန် ၁၅:၁၄)။ လူသတ္တဝါတို့သည် သာမန်အနေဖြင့် ဘာသာရေးတွင် စိတ်အားထက်သန်သောကြောင့် ထာဝရဘုရားသခင်၏ အဖြစ်တော်ကိုလေ့လာဆွေးနွေးခဲ့ပါသည်။ တိရစ္ဆာန်များတို့သည် ဘယ်သောအခါကမျှ ဘုရားသခင် ကိုဝတ်ပြုရန် ပလ္လင်တော်ကို မတည်ဆောက်ခဲ့ချေ။ သို့ရာတွင် လူသားများမူကား မိမိယုံကြည်ရာ၊ ကိုင်းရှိုင်းရာဘုရားသခင်ကို ကိုးကွယ်ကြပါသည်။ လူသတ္တဝါတို့၏ စိတ်အတွင်းတွင် ဘုရားသခင်ကို ရှိခိုးကိုးကွယ်ရန် သဘာဝဆန္ဒရှိပါသည်။ ထာဝရဘုရားသခင်ကို မိတ်ဆွေအနေဖြင့် မိတ်ဖွဲ့ရန်ဆန္ဒရှိပါ သည်။ ထိုဆန္ဒကိုယုံကြည်လက်ခံကာ ကျင့်သုံးလာပါက ထာဝရဘုရားသခင်ရှိကြောင်း သင်္ကာမကင်း မရှိဘဲ မိမိ၏အသက်တာတွင် ထာဝရဘုရားသခင်ကိုလိုအပ်လာကြောင်းလက်ခံလာပေမည်။

          ၁၉၉ဝ ပြည့်နှစ်တွင် ရုရှားပြည်ရှိသန်းပေါင်းများစွာသောဘာသာရေးမယုံကြည်သူများ ထာဝရ ဘုရားသခင်ကိုလက်ခံလာပါသည်။ စိန့်ပီတာစဘတ်၊ မဟာသိပ္ပံကျောင်းရှိ ကထိကတစ်ဦး၏ သက်သေခံချက်သည် ဘုရားသခင်ကို မယုံကြည်သူများ၏ သက်သေခံချက်နှင့်ထပ်တူထပ်မျှဖြစ်လာ လေသည်။ သူ၏မှတ်ချက်မှာ ကျွန်ုပ်၏ သိပ္ပံပညာစူးစမ်းရှာဖွေရာ၌ လူ၏အသက်တာအဖြေကို ရှာဖွေ သောအခါ ယုံကြည်ကိုးစားနိုင်သောအဖြေမတွေ့ရှိခဲ့ပေ။ ကျွန်ုပ်၏သိပ္ပံ ပညာဖြစ်သောကြယ်တာရာ များအကြောင်းမည်မျှကြီးကျယ်၍ မည်မျှကျယ်ပြန့်ကြောင်းကြည့်ရှုသောအခါ ကျွန်ုပ်၏ စိတ်ထဲတွင် တစ်ခုခုလိုနေကြောင်းနှင့် ထုထည်ကျယ်ပြန့်ကြီးမားသောကြယ်တာရာများတွင် အဖြစ်မှန်အဓိပ္ပါယ်ရှိ ရမည်ဟုယုံကြည်လာသည်။ ထို့နောက် ကျမ်းစာတစ်အုပ်ကိုရ၍ ဖတ်ကြည့်သောအခါ ကျမ်းစာတွင် ရေးသားဖေါ်ပြထားသောအချက်အလက်များတို့သည် လိုလျက်ရှိသောကျွန်ုပ်စိတ်တွင် ဖြည့်စွက်ပေးခဲ့ ပါသည်။ ခရစ်တော်ကို ကျွန်ုပ်လက်ခံ၍ စိတ်အတွင်းငြိမ်သက်သာယာမှုရရှိခဲ့ပါသည်။

          ခရစ်ယာန်တို့သည် ဘုရားသခင်ကို ယုံကြည်ရသောအကြောင်းရင်းမှာ လူ၏စိတ်ဆန္ဒကို ဖြည့် စွက်ပေးနိုင်သောကြောင့်ဖြစ်၏။ ခရစ်ယာန်များတို့သည် ထာဝရဘုရားသခင်ကို ယုံကြည်လက်ခံလာ သောအခါ အမြင်မှန်၊ အသက်တာ၏ အဓိပ္ပါယ်အသစ်၊ တွေးတောယူဆမှုအသစ်နှင့် ဝမ်းမြောက်ခြင်း အသစ်ကိုရလာလေသည်။

          ထာဝရဘုရားသခင်သည် လူ၏အသက်တာတွင် ပြဿနာများနှင့်ကင်းရှင်းမည်အကြောင်း မဆိုလို၊ အကယ်၍ ရင်မဆိုင်ရပါက ကူညီစောင့်မမည်ဖြစ်ကြောင်းနားလည်ရပါသည်။ ခရစ်ယာန်များ သည်လည်း အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ ဘဝဟောင်းလမ်းကြောင်းသို့တစ်ဖန်ပြန်မရောက် လိုကြောင်းသက်သေခံကြပါသည်။

          ဤကမ္ဘာကို ပြုပြင်ဖန်တီးထိန်းသိမ်းတော်မူသော ထာဝရဘုရားသခင်သည် ဖန်ဆင်းခြင်းခံရ သော လူသားများ အားလုံးနှင့်ခင်မင်ရင်းနှီးစွာဆက်ဆံပေါင်းသင်းလိုကြောင်းသိရပါသည်။ ထိုကြောင့် ဆာလံဆရာဒါဝိဒ်မင်းကြီးက “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကို လည်းကောင်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များတို့ကိုလည်းကောင်း ကျွန်ုပ်ဆင်ခြင်သော်၊ လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်အောက်မေ့တော်မူရပါသနည်း။” (ဆာလံ ၈:၃၊ ၄)။

          ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ထာဝရဘုရားသခင်သည် လူသားအားလုံးတို့အား သိရှိနားလည်၍ ကူညီစောင့်ရှောက်ကြောင်းသိရသည်။ အကြောင်းမှာ သူကိုယ်တိုင်ဖန်ဆင်းတော်မူသောကြောင့် ဖြစ် သည်။ ထာဝရဘုရားသခင်ကို ကျွန်ုပ်တို့ယုံကြည်နိုင်ကြောင်းမှာ-

          (က)    ထူးဆန်းစွာတီထွင်ဖန်ဆင်းနိုင်သောကြောင့် ဖြစ်သည်။

          (ခ)      ကျွန်ုပ်တို့စိတ်သည်ငြိမ်သက်သာယာမှုရရှိရန် ဘုရားသခင်ရှိမှသာဖြစ်သောကြောင့်။

          (ဂ)      ကျွန်ုပ်တို့ထာဝရဘုရားသခင်ကို ရှာဖွေတွေ့ရှိသောအခါ ထာဝရဘုရားသခင်က လူ၌                လိုလျက်ရှိသော အရာများကိုဖြည့်စွက်ပေးနိုင်သောကြောင့်ဖြစ်သည်။

 

၄။       ထာဝရဘုရားသခင်သည်မည်ကဲ့သို့သောဘုရားသခင်ဖြစ်သနည်း

          ဖခင်သည် မိမိသားသမီးတို့အား အဖေဖြစ်ကြောင်းသွန်သင်ပြသသကဲ့သို့ ထာဝရဘုရားသခင် သည်လည်း မိမိဖန်ဆင်းထားသောလူသတ္တဝါတို့အား ဘုရားသခင်ဖြစ်ကြောင်း သမ္မာကျမ်းစာအားဖြင့် ဖေါ်ပြထားပါသည်။ သမ္မာကျမ်းစာတွင် မိမိကိုယ်ကိုတိကျသေချာစွာဖေါ်ပြထားပါသည်။

          ထာဝရဘုရားသခင်သည် လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းသောအခါ မည်သည့်ပုံသဏ္ဌာန် ဖြင့်ဖန်ဆင်းပါသနည်း။ “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်တော်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏” (ကမ္ဘာဦး ၁း၂၇)။

          ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်ဖြင့်ဖန်ဆင်းသောကြောင့် ကျွန်တော်တို့၏ ခံစားမှု တုံ့ပြန်နိုင်သော စွမ်းအားသော်လည်းကောင်း၊ သတိရဖို့နှင့် မျှော်လင့်ဖို့ရန်သော်လည်းကောင်း၊ ဆင် ခြေဖို့နှင့် သီးခြားစိစစ်ဖို့ရန်သော်လည်းကောင်း ထာဝရဘုရားသခင်ထံတော်မှ ရရှိပါသည်။ ထာဝရ ဘုရားသခင်၏ထူးခြားသော ကိုယ်ကျင့်တရားသည် မည်သည့်အရာဖြစ်ပါသနည်း။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ (၁ယော ၄း၈)။ ထာဝရဘုရားသခင်သည် မေတ္တာရှေ့ထားကာ လူတို့ နှင့်ပေါင်းသင်းဆက်ဆံတော်မူ၏။

 

၅။       ခရစ်တော်ဘုရားသခင်သည် ထာဝရဘုရားသခင်ကို မည်ကဲ့သို့ဖေါ်ပြထားပါသနည်း

          သမ္မာကျမ်းစာတော်မြတ်တွင် ထာဝရဘုရားသခင်သည် မိမိကိုယ်ကို ထပ်ခါတလဲလဲအဘဟု ခေါ်ဆိုထားပါသည်။ “ခပ်သိမ်းသောငါတို့၌ တစ်ပါးတည်းသောအဘရှိသည်မဟုတ်လော။” (မာလခိ ၂း၁၀)။

          ယခုခေတ်အဘတို့အပေါ်အမြင်များမှာ နှစ်သက်ဖွယ်ဖြစ်ပါ၏။ ပေါ့ပေါ့တန်တန်ဖခင်၊ ဆူဆူ ပူပူလုပ်တတ်သောဖခင်၊ ထာဝရဘုရားသခင်သည် ထိုကဲ့သို့မဟုတ်ပါ။ ထာဝရဘုရားသခင်သည် တယုတယတရင်းတနှီးရှိ၏။ ဖခင်ကောင်းများကဲ့သို့ သားသမီးများနှင့်ကစားတတ်၏။ အိပ်ခါနီးပုံပြော ပေးတတ်၏ ။

          မေတ္တာဖြင့်ပြည့်ဝသောထာဝရဘုရားသခင်သည် မိမိအကြောင်းကိုကျမ်းစာအားဖြင့်သာမက ဘဲ သားတော် ခရစ်တော်ဘုရားသခင်အားစေလွှတ်ကာ မိမိကိုပိုမိုထင်ရှားစေသည်။ “ထိုသားတော် သည် မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်၏” (ကောလောသဲ ၁း၁၅)။ ထို့ကြောင့် ခရစ်တော်ကိုမြင်သောသူသည် ထာဝရဘုရားသခင်ကိုလည်း မြင်၏။ ခရစ်တော်ဘုရားသခင်သည် လူ၏ ဘဝကိုခံယူကာ လူအဆင့်သို့ဆင်း၍ လူတို့အားမည်ကဲ့သို့ အသက်ရှင်ရမည်အကြောင်း၊ မည်ကဲ့သို့ဝမ်းမြောက်ရမည်အကြောင်း ထာဝရဘုရားသခင် ကိုယ်တိုင်မိန့်မှာခဲ့သည်မှာ “ငါ့ကိုမြင်ဖူး သောသူသည် ခမည်းတော်ကိုမြင်၏” (ယောဟန် ၁၄း၉)။ ခရစ်တော်ဘုရားသခင်အကြောင်းနှင့် ဓမ္မ သစ်ကျမ်းလေးစောင်တွင် ခရစ်တော်ဘုရားသခင်အကြောင်း ရေးသားဖေါ်ပြထားသော်လည်း အဖ ဘုရားသခင်၏ရုပ် ဏ္ဌာန်နှင့်ထာဝရအဖြစ်တော်တည်းဟူသော ဘုရားသခင်၏အရာတို့သည် ခရစ် တော်အားဖြင့် ပြသခဲ့၏။ တံငါသည်တို့သည် ပိုက်ကိုစွန့်၍ ခရစ်တော်နောက်လိုက်ကြ၏။ ကလေး ငယ်တို့သည်ကောင်းချီးခံအံ့သောငှါလာကြ၏။ အဆိုးဆုံးအပြစ်သားကို နှစ်သိမ့်နိုင်ခဲ့သလို အယောင် ဆောင်ကြက်သူခိုးများတို့အား သိမ်မွေ့စွာ မိမိအခြေအနေကို ဖေါ်ပြခဲ့သည်။ မျက်စိမမြင်သူမှအစ နူနာစွဲသူများအထိ ကုသပြုစုခဲ့သည်။ ခရစ်တော်၏ကျင့်စဉ်တိုင်း၌ အဘ၏ မေတ္တာကိုပြသည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင်တော်၌ အဖဘုရားသခင်၏အကြောင်းကို နောက်ဆုံးအနေဖြင့် ပြသခဲ့ပါသည်။ (ယောဟန် ၃း၁၆)။

          ခရစ်တော်ဘုရားသခင်သက်တော်စွန့်ခြင်းသည် ယခုခရစ်ယာန်များပျော်ရွှင်သောအသက်တာ ကိုရစေခြင်းသာမကဘဲ ထာဝရအသက်ရရန်ပါရှိပါသည်။ မြောက်မြားစွာသောလူတို့သည် နှစ်ပေါင်း များစွာကပင် အဖဘုရား သခင်အကြောင်းစဉ်းစားမျှော်မှန်းအိပ်မက်ခဲ့ပါသည်။ ကောင်းကင်ပေါ်တွင် ဘုရားသခင်လက်ရာကိုကြည့်ရှုခဲ့သည်။

          ခရစ်တော်ပြခဲ့သောဘုရားသခင်ကို (အဖဘုရားသခင်) သင်ရှာဖွေတွေ့ခဲ့ပြီ။ ထို့ကြောင့် အဖ ဘုရားသခင်ကိုယ်တော်ကို ကျွန်ုပ်ချစ်ပါ၏ဟု ပြောနိုင်ပြီလား။


ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၁) အဖြေလွှာ

ကျွန်ုပ်တို့သည်ထာဝရဘုရားသခင်၌ယုံကြည်စိတ်ချနိုင်သည်

 

အောက်ပါမေးခွန်းများကိုဖြေဆိုရန်။ အဖြေများလမ်းညွှန် (၁) တွင်ဖတ်ပါ၊ ရှာပါ၊ မှန်သောစာကြောင်း ရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။

၁။ (က) -------------- လူ၏ကိုယ်ကာယပုံသဏ္ဌာန်အချိုးသည် ဖန်ဆင်းရှင်၏လက်ရာသက်သေဖြစ်၏။

          -------------- လူ၏ ကိုယ်ကာယပုံသဏ္ဌာန်အချိုးဖြစ်လာနိုင်ရန် ပြောင်းလဲမှုအချိန် နှစ်သန်း                           ပေါင်းများစွာလိုသည်။

          -------------- လူ၏ကိုယ်ကာယပုံသဏ္ဌာန်အချိုးသည် ပညာရှင်၏လက်ရာကိုပြသည်။

 

မှား(မှား) မှန်(မှန်) ဖြင့်ပြပါ။

၂။ (က) ကောင်းကင်ကြယ်တာရာများမှာ ဘုရားသခင်၏လက်ရာများဖြစ်သည်။

    (ခ)  စကြဝဠာသည် မတော်တဆပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသည်။

    (ဂ) ဘုရားသခင်သည်ပုံဆွဲ၍ ဖန်ဆင်းသောသခင်ဖြစ်သည်။

   (ဃ) များစွာသောသိပ္ပံပညာရှင်တို့သည် ဘုရားသခင်ကိုယုံကြည်ကြသည်။

၃။       ထာဝရဘုရားသခင်သည် လူနှင့်လာရောက်ပေါင်းသင်းဆက်ဆံသည်။

၄။ (က)          ထာဝရဘုရားသခင်သည် လူကိုမိမိပုံသဏ္ဌာန်နှင့်တညီတစ်သဏ္ဌာန်တည်းဖန်ဆင်းသည်။

     (ခ) ထာဝရဘုရားသခင်၏အမွန်မြတ်ဆုံးသောအင်္ဂါရပ်သည်မေတ္တာဖြစ်သည်။

၅။ (က)          ထာဝရဘုရားသခင်သည် ပြုစုယုယတတ်သောဖခင်ဖြစ်သည်။

     (ခ) ထာဝရဘုရားသခင်သည် လူ့ လောကသို့ပုဂ္ဂိုလ်အနေဖြင့်လာသည်။

     (ဂ) ခရစ်တော်သည်လူသားဖြစ်သည်။ ဘုရားသခင်မဟုတ်။

    (ဃ) ခရစ်တော်သည် ဘုရားသခင်၏ရုပ်လုံးကိုဖေါ်ပြသည်။

     (င) ခရစ်တော်အသေခံခြင်းသည် လူကိုကယ်တင်ခြင်းပေးရန်ဖြစ်သည်။

 

စဉ်းစားရန်မေးခွန်း

          ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန်သည် သင့်အားထာဝရဘုရားသခင်ကို နားလည်ယုံကြည်စေပါ သလား။

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 

စိတ္တသုခရှာဖွေခြင်း (၁)

ဓမ္မဒါန

စာမူခွင့်ပြုချက်အမှတ် ၃၆၂/၂၀၀၃ (၆)

 

ထုတ်ဝေသူ။     ဦးဆန်ဒီ၊ ယာယီမှတ်ပုံတင်အမှတ် (၄၄၉) စိတ္တသုခရှာဖွေခြင်း၊ (အမှတ်စဉ်ထုတ်)                  ၆၈/၇၂ ဦးဝိစာရလမ်း၊ ရန်ကုန်မြို့

ပုံနှိပ်သူ။          ဦးစိုင်းရပ်စ်၊ မှတ်ပုံတင်အမှတ် (၀၂၈၃ဝ) ကင်းစောင့်ပုံနှိပ်တိုက်၊ အမှတ် ၂၀၆                               ရွှေသစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

(စောင်ရေ ၅၀၀၀၊ ပထမအကြိမ်)




အခန်းကြီး - ၂

ရှာဖွေတွေ့ ရှိခြင်း

လမ်းညွှန် (၂)

ကျွန်ုပ်တို့သည်သမ္မာကျမ်းစာ၌ယုံကြည်စိတ်ချနိုင်သည်

 

          နာမည်ကြီးတော်လှန်သောသင်္ဘောသားသည် အင်္ဂလိပ်သင်္ဘော “ဘောင်တီ” ကိုမြှုပ်ပစ်၍ ပစိဖိတ်တောင်ဘက် ကျွန်းငယ်ဖြစ်သော “ပီကိန်းကျွန်းတွင်နယ်ခံတိုင်းရင်းအမျိုးသမီးများနှင့် နေထိုင် ခဲ့ရသည်။ ၎င်းသင်္ဘောသားများအဖွဲ့တွင် အင်္ဂလိပ်လူမျိုးအမျိုးသား (၉) ဦး၊ တဟိတ်တိကျွန်းသား အမျိုးသား (၆) ဦး၊ တဟိတ်တိအမျိုးသမီး (၁ဝ) ဦးနှင့် (၁၅) နှစ်ခန့်အရွယ်အမျိုးသမီးငယ်တစ်ဦး ပါဝင်သည်။ ၎င်းသင်္ဘောသားများထဲတွင် တစ်ဦးသည်အရက်ချက်တတ်သည်။ မကြာမီမှာပင် ကျွန်း ငယ်ရှိလူစုသည် မူးယစ်ဖေါက်ပြန်လာ၍ တစ်ဦးပေါ်တစ်ဦး ရက်စက်ကြမ်းတမ်းစွာဆက်ဆံလာမှု ကြောင့် မူရင်းအမျိုးသားများထဲမှတစ်ဦးသာကျန်ရစ်တော့သည်။ အီလက်ဇင်းဒါးစမစ်သင်္ဘောပျက်စဉ် က ဆယ်ယူရရှိလာသော သေတ္တာထဲမှ သမ္မာကျမ်းစာအုပ်တစ်အုပ်ကို တွေ့ရှိလေ့လာဖတ်ရှုသောအခါ မိမိအသက်တာပြောင်းလဲလာရုံမျှမက ကျွန်းသူကျွန်းသားများအားလုံးတို့၏ အကျင့်ဓလေ့များပါ ပြောင်းလဲလာတော့သည်။

          ကျွန်းသူကျွန်းသားများသည် အခြားကမ္ဘာနှင့်လုံးလုံးအဆက်ပြတ်ခဲ့သော်လည်း ၁၈၀၈ ခုနှစ် အမေရိကန်သင်္ဘော တိုပက်စ်ရောက်ရှိလာသောအခါ ကျွန်းသူကျွန်းသားများတို့၏ အနေအထိုင် တိုး တက်ကြီးပွားလာသည်ကိုတွေ့ရုံမျှမကဘဲ ထောင်မရှိ၊ အရက်မရှိ၊ ရာဇဝတ်ပြစ်မှုများလုံးဝမရှိကြောင်း တွေ့ရှိခဲ့ပါသည်။ သမ္မာကျမ်းစာတော်မြတ်သည် ထိုကျွန်းသားတို့၏ ကျင့်ဝတ်ကိုပြုပြင်ပြောင်းလဲပေး ခဲ့ကြောင်း သက်သေသာဓကအနေဖြင့်သိမြင်ခဲ့ရပေသည်။ ယနေ့အထိလည်း ထိုကျွန်းသားတို့သည် မိမိအကျင့်ကောင်းများကိုထိန်းသိမ်းဆဲဖြစ်ကြောင်းသိရှိနားလည်ရပါသည်။

          ယနေ့ဤအချိန်အခါ၌ ထာဝရဘုရားသခင်သည် မိမိသမ္မာကျမ်းစာတော်မြတ်မှ လူများတို့အား သွန်သင်ဆုံးမ ထိန်းကျောင်းနေတော်မူကြောင်းသိရပါသည်။ ယနေ့ဤသင်ခန်းစာကို ရေးနေစဉ် ကျမ်းစာသင်တန်းမှအဖြေလွှာ၏ အောက်ဘက်မှတ်ချက်တစ်ခုတွင် အောက်ပါအတိုင်း ဖေါ်ပြထားပါ သည်။ “ကျွန်တော်သည် ထောင်သားတစ်ဦးဖြစ်ပါသည်။ သေစားသေရမည့်အခန်းတွင်ရှိပါသည်။ ကျွန်တော့်အပြစ်ကြောင့် သေဖို့ရန်ဆုံးဖြတ်ထားပါသည်။ ကျွန်တော် ဤကျမ်းစာသင်ခန်းစာမယူမီ ကျွန်တော်သည်ပျောက်ဆုံးနေသူပမာဖြစ်နေပါသည်။ ယခုမူကား ရှေ့ဆက်ကြည့်ရှုမျှော်လင့်ရန်နှင့် မေတ္တာအသစ်အဆန်းကိုတွေ့ခဲ့ရပါသည်။

          သမ္မာကျမ်းစာတော်မြတ်တွင် ဧကန်အမှန်လူအကျင့်နှင့်ဘဝအသက်တာကိုပြုပြင်နိုင်ကြောင်း သိရပါသည်။ သမ္မာကျမ်းစာတော်မြတ်ကို ဖတ်ရှုလေ့လာပါက လူ၏အကျင့်ဓလေ့နှင့်အသက်တာကို ပြုပြင်ပြောင်းလဲနိုင်ပါသည်။

 

၁။       သမ္မာကျမ်းစာအားဖြင့် ထာဝရဘုရားသခင်သည်ကျွန်ုပ်တို့အား မည်ကဲ့သို့ဆက်သွယ်ပြောဆို    ပါသနည်း

          အာဒံနှင့်ဧဝသည် ဖန်ဆင်းပြီးသောအခါ ထာဝရဘုရားသခင်သည်လူသားများနှင့် မျက်နှာချင်း ဆိုင်ပြောဆိုပါသည်။ အာဒံနှင့်ဧဝတို့နှစ်ဦးအပြစ်ပြုလုပ်ပြီးသောအခါ ထာဝရဘုရားသခင်လာရောက် လည်ပတ်ရာလူသားနှစ်ဦး မည်ကဲ့သို့ ပြုလုပ်ပါသနည်း။ “နေအေးသောအချိန်တွင် ထိုဥယျာဉ်၌ ထာဝရဘုရားသခင်ကြွတော်မူသောအသံကို လူလင်မယားတို့သည်ကြားလျှင် အထံတော်မှလွတ်ခြင်း ငှါ ဥယျာဉ်တော်အပင်တို့တွင် ပုန်းကွယ်လျက်နေကြ၏။” (ကမ္ဘာဦး ၃း၈)။ အပြစ်သည် ဘုရား သခင်နှင့်တိုက်ရိုက်ဆက်သွယ်ရန်ပြတ်တောက်စေသည်။ အပြစ်လောကသို့ ရောက်ရှိပြီးသည့်နောက် ပိုင်းတွင် ထာဝရဘုရားသခင်သည် လူနှင့်မည်ကဲ့သို့ ဆက်သွယ်ပါသနည်း။ “အကယ်စင်စစ် ထာဝရ ဘုရားသခင်သည် မိမိကျွန် ပုရောဖက်တို့အားမဖေါ်မပြဘဲ အဘယ်အမှုကိုမျှစီရင်တော်မမူ။” (အာမုတ် ၃း၇)။

          ထာဝရဘုရားသခင်သည် အသက်တာနှင့်အသက်တာ၏အဓိပ္ပါယ်ကို ဘယ်တော့မှမှောင်ချ မထားပါ။ သူ၏ပုရောဖက်တို့အား သူခေါ်ယူသူတို့အားသူပြောဆိုစေ၍လည်းကောင်း၊ ရေးသားစေခြင်း အားဖြင့်လည်းကောင်း အသက်တာတွင်အကြီးဆုံးသောမေးခွန်းများကိုဖေါ်ပြဖြေကြားပေးခဲ့ပါသည်။

 

၂။       သမ္မာကျမ်းစာကိုအဘယ်သူရေးသားပါသနည်း

          ပုရောဖက်တို့သည် ထာဝရဘုရားသခင်၏ သတင်းစကားများတို့အသံဖြင့်လည်းကောင်း၊ ကလောင်အားဖြင့်လည်းကောင်း သူတို့အသက်ရှင်စဉ်တွင်ရေးသားဖေါ်ပြခဲ့၍ သူတို့သေဆုံးသွားသော အခါ ရေးသားခဲ့သောစာပေများတို့သည် ဆက်လက်တည်ရှိခဲ့ပါသည်။ ထိုပုရောဖက်များတို့၏ စာပေ များကိုစုပေါင်းကာ ထာဝရဘုရား၏ဦးဆောင်ခြင်းဖြင့် ကျမ်းစာဟုခေါ်ဆိုသော စာအုပ်ကြီးတစ်အုပ် ဖြစ်စေခဲ့ပါသည်။ ဤရေးသားချက်များတို့သည် မည်မျှစိတ်ချအားထား နိုင်ပါသနည်း။ “ကျမ်းစာ၌ပါ သော အနာဂတ္တိစကားများသည်ကား ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေးဦးစွာ သိမှတ်ကြ လော့။ အကြောင်းမူကား အနာဂတ္တိစကားသည် လူ့အလိုအားဖြင့်ဖြစ်ဖူးသည်မဟုတ်၊ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းတော်မူခြင်းကိုခံရ၍ ဟောပြောကြ၏။” (၂ပေ ၁း၂၀၊ ၂၁)။

          သမ္မာကျမ်းစာကိုရေးသားသောသူများတို့သည် သူတို့ဆန္ဒသူတို့သဘောထားအတိုင်း မဟုတ် ဘဲ ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းနှိုးဆော်ချက်အရ ရေးသားရခြင်း ဖြစ် သည်။ သမ္မာကျမ်းစာတော်မြတ်သည် ထာဝရဘုရားသခင်၏ စာအုပ်ကြီးဖြစ်တော်မူ၏။ သမ္မာကျမ်းစာ တော်မြတ်၌ ထာဝရဘုရားသခင်သည် မိမိအကြောင်းနှင့်လူသားများတို့အား မိမိအကြံအစည်တော် များကိုဖေါ်ပြထားသည်။ ထာဝရဘုရားသခင်သည် အတိတ်၏မြင်ကွင်းကိုလည်းကောင်း၊ အနာဂတ်၏ အကြောင်းအရာကိုဖွင့်ပြခြင်းအားဖြင့်လည်းကောင်း နတ်ဆိုး၏ပြဿနာနှင့်အခက်အခဲများကိုဖြေရှင်း ၍ ကမ္ဘာကြီးအပေါ်ငြိမ်းချမ်းသာယာမှုရရှိမည်အကြောင်းပြောပြထားသည်။

          သမ္မာကျမ်းစာတော်မြတ်ရှိသတင်းစကားများတို့သည် ထာဝရဘုရားသခင်ထံမှ လာပါသည်။ “ထိုကျမ်းစာ ရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၍ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှါ ပြင်ဆင်သောသူဖြစ်မည့်အကြောင်း သြဝါဒပေးခြင်း၊ အပြစ်ကိုဖေါ်ပြခြင်း၊ ဖြောင့်မတ်စွာပြုခြင်း၊ တရားကိုသွန်သင်ခြင်း၊ ကျေးဇူးများကို ပြတတ်၏။” (၂တိမောသေ ၃း၁၆၊ ၁၇)။

          သန့်ရှင်းသောကျမ်းစာတော်မြတ်သည် ဘုရားသခင်မှုတ်သွင်း၍ တိုက်တွန်းနှိုးဆော်သော ထာ ဝရဘုရားသခင်၏စာအုပ်ဖြစ်သောကြောင့် လူများတို့၏ စိတ်ကိုထူးချွန်စွာ ထိတွေ့စေသည်။ ပုရော ဖက်များသည် လူတို့မြင်သမျှနှင့် ခံစားရသမျှအရာများကိုလူဘာသာစကားအားဖြင့်ကြားပြောကြ၍ တရားသတင်းစကားများတို့သည် ထာဝရဘုရားသခင်ထံမှ တိုက်ရိုက်ရောက်ရှိလာပြီး လူ့အသက်တာ နှင့်အကြောင်းအရာများသိရှိလိုပါက သမ္မာကျမ်းစာကိုဖတ်ပါ။

          ကျမ်းစာကိုဖတ်ရှုခြင်းဖြင့် သင်၏အသက်တာသည်ပြောင်းလဲလာပါမည်။ ဆုတောင်းခြင်းဖြင့် သေချာစွာလေ့လာပါက ပို၍စိတ်သက်သာခြင်း၊ ငြိမ်သက်ခြင်းကိုရလာပါမည်။ ပုရောဖက်များနှင့် သမ္မာကျမ်းစာရေးသူများတို့သည် ထိုသန့်ရှင်းသောဝိညာဉ်တော်ကမစပို့ဆောင်သကဲ့သို့ ကျမ်းစာ သင်ပေးသူများ၊ ဧဝံဂေလိတရားဟောကြားသူများတို့၏ စိတ်များစွာတို့ကို ပြုပြင်ပြောင်းလဲပေးနိုင် သောကြောင့် ထိုဝိညာဉ်တော်၏မစကူညီခြင်းကိုတောင်းဆိုပါ။

 

၃။       သမ္မာကျမ်းစာနှင့်ကျမ်းစကားတို့သည်တညီတညွတ်တည်းဖြစ်၏

          သမ္မာကျမ်းစာတော်မြတ်တွင် ကျမ်းပေါင်း (၆၆) အုပ်ရှိပါသည်။ ကျမ်း (၃၉) အုပ်မှာဓမ္မဟောင်း ကျမ်းဖြစ်၍ ၁၄၅ဝ ဘီစီနှင့် ၄ဝဝ ဘီစီအတွင်းတွင်ရေးထားခဲ့ပါသည်။ ကျမ်း (၂၇) ကျမ်းမှာဓမ္မသစ် ကျမ်းဖြစ်၍ အေဒီ (၅၀) မှအေဒီ (၁ဝဝ) အတွင်းရေးသားခဲ့ပါသည်။ ပုရောဖက်ကြီးဖြစ်သောမောရှေ သည် ပထမကျမ်း (၅) စောင်ကို ဘီစီ ၁၄၀၀ မတိုင်မီကရေးသားထားခဲ့ပါသည်။ တမန်တော်ယောဟန် သည် ဗျာဒိတ်ကျမ်းစာနောက်ဆုံးကျမ်းကို အေဒီ (၉၅) အတွင်းရေးသားပြီးစီးခဲ့ပါသည်။ နှစ်ပေါင်း ၁၅ဝဝ အချိန်အတွင်းသမ္မာကျမ်းစာကိုလူပေါင်း ၃၈ ဦး၊ သန့်ရှင်းသော ဝိညာဉ်တော်တိုက်တွန်းခြင်း ခံရသောပုရောဖက်များရေးခဲ့ပါသည်။ လုပ်ငန်းအရအချို့တို့သည် စီးပွားရေးသမားများ၊ အချို့တို့သည် သိုးထိန်းများ၊ အချို့တို့သည်တံငါသည်များ၊ အချို့တို့သည်စစ်သူရဲများ၊ အချို့တို့သည်ဆရာဝန်များ၊ အချို့တို့သည်တရားဟောဆရာများ၊ အချို့တို့သည်မင်းများလူပေါင်းအလွှာစုံမှပါဝင်ခဲ့ပါသည်။ အချိန် အခါကာလ ကွာခြားခဲ့သလို ယဉ်ကျေးမှုတွင်သော်လည်းကောင်း၊ အတွေးအခေါ်ပညာအခြေခံနှင့် ကွာခြားမှုများကြားတွင်သော်လည်းကောင်း ရေးသားရခြင်းဖြစ်သည်။

          ထူးဆန်းလှသောအံ့သြစရာအချက်တစ်ခုမှာ ထို (၆၆) ကျမ်းတွင်အခန်းပေါင်း ၁၁၈၉ ခန်းပါရှိ၍ အခန်းငယ်ပေါင်း ၃၁၁၇၃ ခန်းပေါင်းစပ်ထားသော်လည်း သတင်းပေးပို့သော နေရာတွင် သော်လည်းကောင်း၊ သွန်သင်သောနေရာတွင်သော်လည်းကောင်း ညီညွတ်စပ်ဟပ်နေကြောင်းသိရ သည်။

          ဆိုကြပါစို့၊ လူတစ်ယောက်သည် သခင်၏အိမ်သို့လာ၍ ကြွေသားတစ်စကိုပေးခဲ့၏။ ၎င်း နောက် ဘာမျှမပြောဘဲထွက်သွား၏။ အလားတူလူပေါင်း ၄၀ တို့သည်မိမိတို့ယူခဲ့သော မှတ်သားထား သည့်ကြွေစများကိုစုစည်း ပေါင်းစပ်လိုက်သော်၊ အလွန်လှပသောကြွေရုပ်တစ်ခုဖြစ်လာတော့သည်။ လူပေါင်း ၄ဝ ထဲမှနောက်ဆုံးယူလည်း ထွက်သွားပြီး ကြွေရုပ်သည်လည်းအလွန်လှပ၏။ ပန်းပုဆရာ များတို့သည်လည်း တစ်ဦးကိုတစ်ဦးမသိခဲ့ကြပေ။ သူတို့ တစ်ဦးစီနေရာများကွာခြားဝေးလံလှ၏။ အချို့တို့သည် တောင်အမေရိက၊ ရုရှား၊ အာဖရိက၊ တရုတ်နှင့် အခြားသော ရေမြေများမှဖြစ်သည်။ ကျွန်တော်တို့မည်ကဲ့သို့ဆုံးဖြတ်မည်နည်း။ တစ်ဦးသောပုဂ္ဂိုလ်သည် ဤပန်းပု၏ အပိုင်းအစများကို လူပေါင်း ၄ဝ တို့အားပေး၍ နေရာရပ်ခြားနှင့်ကာလအပိုင်းအခြားအားဖြင့်ကွာခြားခဲ့သော်လည်း တစ်ဦးတည်းသော သူ၏စီရင်မှုကြောင့်သာဖြစ်လာနိုင်ကြောင်းသိရှိနားလည်ရပါသည်။ သမ္မာကျမ်းစာ တော်မြတ်သည် ညီညွတ်စပ်ဟပ်သော အတွေးအခေါ်သဘောတရားများပေးနိုင်ပါသည်။ ပုဂ္ဂိုလ် တစ်ဦး၏ကြံစည်ပြုပြင်မှုသာဖြစ်ပါသည်။

          ထိုပုဂ္ဂိုလ်သည် ထာဝရဘုရားသခင်ပေတည်း။ ထို့ကြောင့် ကျမ်းစာတော်မြတ်၏ ညီညွတ် လျော်ညီမှုများတို့သည် လူသားများရေးခဲ့သော်လည်း ဘုရားသခင်မှုတ်သွင်းသော ဝိညာဉ်တော် ကြောင့် တညီတညွတ်တည်းရှိကြောင်းသိရပါသည်။

 

၄။       သင်သည်သမ္မာကျမ်းစာကိုယုံကြည်ကိုးစားနိုင်သည်

          (၁)      သမ္မာကျမ်းစာကိုထိန်းသိမ်းထားနိုင်ခြင်းသည် အံ့သြစရာပင်ဖြစ်သည်။ ပုံနှိပ်စက်မရှိမီ            ကျမ်းများတို့ကို လက်ဖြင့်ရေးသားခဲ့သည်။ စာရေးဆရာများတို့သည် မူရင်းစာသား              များတို့ကိုရေးကူး၍ ဝေငှခဲ့ပါသည်။

                    ဤကဲ့သို့အားဖြင့် ကျမ်းအုပ်ငယ်ပေါင်းထောင်ပေါင်းများစွာကျန်ခဲ့ပါသည်။ ခရစ်နှစ်                    မတိုင်မီ နှစ်ပေါင်း ၁၅ဝ၊ ၂ဝဝ ခန့်ကဟေဗြဲဘာသာဖြင့်ရေးသားခဲ့သော ဓမ္မဟောင်း               ကျမ်းများတို့ကို ၁၉၄၇ ခုနှစ်ကပင် ပင်လယ် သေအနီးတွင်ရှာဖွေတွေ့ရှိခဲ့ရာ ထိုစဉ်က              ရေးသားခဲ့သောစာသားများသည် ယခုလက်ရှိစာသားများနှင့် တစ်ထပ်တည်း၊ တစ်                     သားတည်းတူညီခဲ့ပါသည်။ ဤသက်သေသာဓကများက ထာဝရဘုရားသခင်၏ နှုတ်                တော်ထွက်စကားတော်ဖြစ်ကြောင်းပြသထားပါသည်။ ဓမ္မသစ်ကျမ်းတို့ကို ရေးသား                     သော တမန်တော်များတို့သည် ခရစ်ယာန်အသင်းတော်သို့ ခရစ်တော်ဘုရားသခင်            အသက်စွန့်၍ ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းတွင်သာ ရေးသားမှတ်တမ်းတင်ခဲ့ပါ                 သည်။ ထိုမှတ်တမ်းစာသားပေါင်း ၄၅ဝဝ တို့သည် ဓမ္မသစ်ကျမ်း တစ်စိတ်တစ်ဒေသ                   ဖြစ်၍ ဥရောပတိုင်းပြည်များနှင့် အမေရိကတိုင်းပြည်ရှိ စာဖတ်ခန်းများတွင်တွေ့           ရှိနိုင်ပါသည်။ အချို့သောကျမ်းစာများတို့သည် ဒုတိယနှစ်ရာစုတွင်ရေးသားခဲ့ရာ ယခု             ခေတ်ကာလရှိဓမ္မသစ်ကျမ်းစာများနှင့် အတူတူပင်ဖြစ်၍ စာမူပြောင်းလဲမှုမရှိပါ။ ယခု                     ခေတ်အချိန်အခါတွင် ဘာသာပေါင်း ၂၁၆ဝ ခန့်ပြန်ဆို ထားကြောင်းသိရှိခဲ့ရပါသည်။              ကမ္ဘာပေါ်တွင် အရောင်းရဆုံးစာအုပ်ဖြစ်သည်။ တစ်နှစ်လျှင်ကျမ်းစာအုပ်အစုံ၊ ဓမ္မ                  ဟောင်း၊ ဓမ္မသစ်နှစ်စောင်စီရေးထားသော စာအုပ်ပေါင်း သန်းတစ်ရာ့ငါးဆယ်ရှိပါ            သည်။

          (၂)      ရာဇဝင်အရဖေါ်ပြထားသောကျမ်းစာသည် တိကျမှန်ကန်၍ ထူးဆန်းလှပါသည်။ ရှေး                   ဟောင်းသုတေသီများ၏ရှာဖွေချက်များထူးဆန်းနက်နဲစွာ မှန်ကန်ကြောင်း သက်သေ                     သာဓကများဖြင့် ပြသခဲ့ပါသည်။ ရာဇဝင်ဆရာကြီးများကိုယ်တိုင်လည်း မြေသား                    ကျောက်ပြားများပေါ်တွင် ရေးသားထားသောစာများကို ဖတ်ရှုလေ့လာသောအခါ                   အမည်နှင့်နေရာများမှာကျမ်းစာတွင်ပါသောအမည်၊ နေရာနှင့်တူညီမှန်ကန်ကြောင်း           ပိုမိုထင်ရှားစွာသိရှိခဲ့ရပါသည်။

                    လက်တွေ့ပြရလျှင် “သူတို့သည် ခါနာန်ပြည်သို့သွားခြင်းငှါ ခါလဒဲပြည်သားတို့နေ             သော ဥရမြို့မှထွက်သဖြင့် ခါရန်မြို့သို့ရောက်၍နေကြ၏။” (ကမ္ဘာ ၁၁း၃၁)။ အချို့            သောကျမ်းတတ်ဆရာများတို့သည် သမ္မာကျမ်းစာတွင်ဖေါ်ပြသောဥရမြို့ရှိခဲ့ကြောင်း                    ကို မယုံကြည်ကြပါ။ နောက်ပိုင်းတွင် ရှေးဟောင်းသုတေသနများတို့သည် အီရတ်                တိုင်းပြည်တောင်ပိုင်းတွင် ရှေးဟောင်းစာဖြင့် ရေးသားထားသောကျောက်စာတစ်ခု                     ကို ဖတ်ခဲ့ရာ ဥရုအမည်ဖြင့်တိုးတက်ကျော်ကြားသောအဆင့်မြင့်မားသည့် မြို့ကြီး           တစ်မြို့ဟု ရေးသားဖေါ်ပြထားကြောင်း သိရှိခဲ့ရပါသည်။ မြို့ပုံနှင့်အနေအထားကို                    တိကျသေချာစွာမသိခဲ့ရသော်လည်း ကျမ်းစာတွင်အမည်နာမကို တိကျသေချာစွာ               ဖေါ်ပြထားပါသည်။ ဥရုမြို့သည် မြောက်မြားစွာသောအကြောင်းအရာထဲမှ တစ်ချက်                ကိုသာ ဖေါ်ပြထားပါသည်။

          (၃)      ကျမ်းစာ၏ အနာဂတ်အဖြစ်အပျက်များပြည့်စုံမှန်ကန်လာသောကြောင့် ယုံကြည်နိုင်               ပါသည်။ ကျမ်းတွင် အနာဂတ်စကားဟောထားခဲ့ရာ ပြည့်စုံမှန်ကန်လာခဲ့ကြောင်း               မျက်မြင်သာဓကများရှိခဲ့ပါသည်။ ဤအနာဂတ် စကားများအကြောင်းကို လာမည့်                  သင်ခန်းစာများတွင်ဆက်လက်သင်ကြားပါမည်။

 

၅။       သမ္မာကျမ်းစာကိုမည်ကဲ့သို့ နားလည်ရပါမည်နည်း

          ထာဝရဘုရားသခင်၏ နှုတ်ထွက်စကားတော်ကိုလေ့လာစဉ် အောက်ပါအချက်များကိုသတိ   ပြုပါ။

          (၁)      ထာဝရဘုရားသခင်၏နှုတ်ထွက်စကားတော်ကို ဆုတောင်းခြင်းဖြင့်လေ့လာပါ။ ကိုယ်              စိတ်နှစ်ဖြာဖြင့် ကျမ်းစာလေ့လာသောအခါ ဆုတောင်းခြင်းဖြင့်သာ အသိတရားပွင့်            လင်းလာပါမည်။ ခရစ်တော်ဘုရား သခင်နှင့်ကိုယ်တိုင် ဆက်သွယ်သလိုဖြစ်လာပါ            မည်။ (ယောဟန် ၁၆း၁၃၊ ၁၄)။

          (၂)      ကျမ်းစာကိုနေ့စဉ်လေ့လာပါ။ ကျမ်းစာကို နေ့စဉ်လေ့လာခြင်းဖြင့် တန်ခိုးစွမ်းအားရရှိ                 နိုင်သည်။ ထာဝရဘုရားသခင်၏ စိတ်သဘောတော်နှင့်တွေ့ထိလာပါမည်။ (ရောမ                   ၁း၁၆)။

          (၃)      ကျမ်းစာတော်မြတ်ကိုဖတ်သောအခါ ကျမ်းစာဖေါ်ပြသည့်အတိုင်းလက်ခံပါ။ မေးခွန်း                    ထုတ်လျှင်လည်း ကျမ်းစာပြုစုသူဆိုလိုချက်၊ ကျမ်းဆိုလိုချက်ကို နားလည်ခြင်းဖြင့်                   မိမိအသက်တာအတွက် ယနေ့အသုံးပြုနိုင်ကြောင်းနားလည်လာမည်။

          (၄)      ကျမ်းစာကိုလေ့လာသောအခါ ခေါင်းစဉ်တစ်ခုဖြင့်သာလေ့လာပါ။ ခရစ်တော်ဘုရား                   သခင်ကိုယ်တိုင် ကျမ်းချက်များနှိုင်းယှဉ်ပြပါသည်။ မိမိသည်မေရှိယဖြစ်ကြောင်း ပြ                     သည်။ “ထိုအခါ မောရှေ၏ကျမ်းမှစ၍ ပုရောဖက်တို့၏ကျမ်းစာများ၌ ကိုယ်တော်ကို              ရည်မှတ်၍ ရေးထားသမျှသောကျမ်းစာချက်အနက်ကိုရှင်းလင်း စွာဖေါ်ပြတော်မူ၏”                    (လုကာ ၂၄း၂၇)။ ကျမ်းစာမှဖေါ်ပြထားသောပူးတွဲနှိုင်းယှဉ်ချက်များဖြင့် ဆိုလိုရင်း                     အချက်များကိုသိရှိနားလည်နိုင်ပါသည်။

          (၅)      ကျမ်းစာလေ့လာခြင်းဖြင့် ခရစ်တော်အတွက်အသက်ရှင်နိုင်ရန် တန်ခိုးခွန်အားရရှိ                  မည်။ဟေဗြဲ၄း၁၂တွင်ဖေါ်ပြချက်အရ နှုတ်ထွက်စကားတော်သည် ပြတ်သောသံလျက်                     နှစ်ဖက်သွားနှင့်တူ၏။ နှုတ်ထွက်စကားတော်သည် စာအုပ်တွင်းရှိ စာသားထက် သာ              မက အပြစ်ဖြေစေရန် သွေးဆောင်ခြင်းကိုတိုက်ခိုက်နိုင်သောလက်နက်ဖြစ်သည်။

          (၆)      ထာဝရဘုရားသခင်သည် နှုတ်ထွက်စကားတော်အားဖြင့် သင့်အားပြောဆိုသံကိုနား                  ထောင်ပါသည်။ ကျမ်းစာမှအမှန်တရားအချက်တစ်ခုကိုနားလည်ရန် ကျမ်းမှသွန်သင်                ထားသောအချက်ကိုလက်ခံနားထောင်ရပါမည်။ (ယောဟန် ၇း၁၇)။ ကိုယ်တိုင် ထင်                     မြင်သည့်အတိုင်းနှင့် အသင်းတော်အချို့မှသွန်သင်ထားသည့်အတိုင်း ယုံကြည်လက်ခံ                    ထားသည့်အတိုင်းမဖြစ်ရ။

 

၆။       ကျမ်းစာတော်မြတ်သည် သင်၏အသက်တာကိုပြောင်းလဲပေးနိုင်သည်

          “နှုတ်ထွက်စကားတော်ကိုဖွင့်ပြခြင်းသည် အလင်းကိုပေး၍ မလိမ္မာသောသူကိုလိမ္မာစေတတ် ၏” (ဆာလံ ၁၁၉:၁၃ဝ)။

          ကျမ်းစာလေ့လာခြင်းဖြင့် နားလည်နိုင်သောအစွမ်းတန်ခိုးရ၍ ပျက်စီးစေသောအကျင့်ဓလေ့ များကို အောင်နိုင်ရန် ခွန်အားတန်ခိုးရရှိမည်။ ကိုယ်ကာယခွန်အား၊ စိတ်ဓါတ်ခွန်အား၊ ကောင်းမှု ခွန်အားနှင့် ဝိညာဉ်ခွန်အားကိုပါရရှိနိုင်သည်။

          ကျမ်းစာသည်နှလုံးကိုသွန်သင်သည်။ လူဇာတိ၏ဗဟုသုတများဖြစ်သောမွေးဖွားခြင်း၊ မေတ္တာ တရား၊ အိမ်ထောင် ပြုခြင်း၊ မိဘအကြောင်း၊ သေခြင်းတရားများကို ပြသသွန်သင်ထားသည်။ ကျမ်းစာသည်အပြစ်ကြောင့် ဘဝပျက်စီးခြင်းကို ပြန်လည်ပြုပြင်ပြောင်းလဲပေးနိုင်သည်။

          နှုတ်ထွက်ကျမ်းစာတော်မြတ်သည် လူတစ်မျိုးအတွက်မဟုတ်၊ တစ်သက်တာအတွက်မဟုတ်၊ တစ်နိုင်ငံ အတွက်မဟုတ်၊ ယဉ်ကျေးမှုတစ်မျိုးအတွက်မဟုတ်။ သမ္မာကျမ်းစာတော်မြတ်သည် အရှေ့ ဖျားဒေသတွင်ရေးသားခဲ့သော်လည်း အနောက်နိုင်ငံသားများအတွက်လည်း ပါဝင်ပတ်သက်ပါသည်။ တဲအိုပျက်တွင်နေသောသူများအတွက်ဖြစ်သကဲ့သို့ သူဌေးသူကြွယ်များနှင့် နန်းတွင်းသူနန်းတွင်းသား များအတွက်လည်းပါဝင်သည်။ ကလေးလူငယ်များ ကျမ်းစာတွင်းရှိ ပုံပြင်များကို နှစ်သက်သည်။ လူလတ်များကျမ်းတွင်းရှိသူရဲကောင်းများအကြောင်းကိုစိတ်ဝင်စားသည်။ ဖျားနာသူများ၊ အထီးတည်း ကျန်ရစ်သူများ၊ သက်ကြီးရွယ်အိုများကျမ်းစာမှနှစ်သိမ့်ခြင်းနှင့် မျှော်လင့်ခြင်း၊ သာ၍ ကောင်းသော အသက်တာဘဝလမ်းကြောင်းကိုဖေါ်ပြသည်။

          ထာဝရဘုရားသခင်အသုံးပြုသော ကျမ်းစာသည် တန်ခိုးခွန်အားနှင့် ပြည့်ဝလာသည်။ ထို့ ကြောင့် ခိုင်မာလာသောနှလုံးသားခံစားချက်များကို ပျော့ပျောင်းနူးညံ့လာအောင်ပြုလုပ်ပေး၍ မေတ္တာ တရားဖြည့်ပေးနိုင်သည်။ သမ္မာကျမ်းစာသည် သူခိုး၊ ဓါးပြနှင့် မူးယစ်ဆေးဝါးသုံးစွဲသူကို တရား ဟောဆရာတစ်ဦးဖြစ်လာရန် ပြုပြင်လမ်းညွှန်ပေးနိုင်သည်။ လိမ်လည်လှည့်ဖြားသူတစ်ဦးကိုလည်း ဆရာသမားကောင်းတစ်ဦးကဲ့သို့ပြုပြင်ပေးနိုင်သည်။ သမ္မာကျမ်းစာတော်မြတ်သည် ကိုယ့်ကိုယ်ကို သေကြောင်းကြံသူတစ်ဦးအား ဘဝတစ်သက်တာပြောင်းလဲပေးနိုင်သည်။ ရန်သူအချင်းချင်းပင်လျှင် သမ္မာကျမ်းစာအားဖြင့် တစ်ဦးအပေါ်တစ်ဦးမေတ္တာတရားမြင်လာနိုင်သည်။ ဝါကြွားသူကို နှိမ့်ချခြင်း တရားပြသည်။ တစ်ကိုယ်ကောင်းစိတ်ရှိသူကို ဖေါ်ရွေရက်ရောမှုပေးသည်။ သမ္မာကျမ်းစာသည် ခွန် အားနည်းသူကိုခွန်အားပေးသည်။ ပျက်စီးစဉ် မျှော်လင့်ခြင်းကိုပေးသည်။ ဝမ်းနည်းလျှင် ဝမ်းမြောက် ခြင်းကိုပေးသည်။ မတိကျမရေရာသောအခါ သမ္မာကျမ်းစာသည် သွန်သင်လမ်းညွှန်ပေးသည်။ မောပန်းနေလျှင်လည်း ခွန်အားကို ဖြည့်ပေးသည်။ သေခြင်းတရားကိုလည်း မကြောက်လန့်ရန် သွန်သင်ပေးသည်။ ဘုရားသခင်၏ကျမ်းစာတော်မြတ်သည် သင်၏အသက်တာကိုပြောင်းလဲပေးနိုင် သည်။ “ရှာဖွေတွေ့ရှိခြင်း” လမ်းညွှန်ကိုလေ့လာသောအခါ ရှင်းလင်းစွာ ပိုမိုသိရှိလာပါမည်။ ကျမ်းစာ သည် ကျွန်ုပ်တို့အတွက် ဘာကြောင့်ရေးထားရပါသလဲ။ ခရစ်တော်၏အဖြေမှာ- “ယေရှုသည် ခရစ် တော်တည်းဟူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို သင်တို့သည်ယုံကြည်မည် အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက်ရေးထားလျက် ရှိသတည်း” (ယောဟန် ၂၀:၃၁)။

          သမ္မာတရားကိုသိရှိနားလည်ရသော အကြီးဆုံးအကြောင်းရင်းမှာ ခရစ်တော်ဘုရားသခင်နှင့် ထာဝရအသက် ရရှိနိုင်ကြောင်းသိရှိရသည်။ ကျမ်းစာတော်မြတ်အတွင်း၌ ခရစ်တော်ကိုတွေ့မြင်ရ ခြင်းဖြင့် လူ၏အကျင့်များ ပြောင်းလဲလာမည်။ ထို့ကြောင့် ထာဝရဘုရားသခင်၏တန်ခိုးပြည့်ဝသော သမ္မာကျမ်းစာလေ့လာခြင်းဖြင့် ခရစ်တော်ဘုရားသခင်၏ အကျင့်များနှင့်ပိုမိုတူညီလာပါမည်။

ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၂) အဖြေလွှာ

ကျွန်ုပ်တို့သည်သမ္မာကျမ်းစာ၌ယုံကြည်စိတ်ချနိုင်သည်

 

ရှာဖွေတွေ့ရှိခြင်းလမ်းညွှန် (၂) ကိုသေချာစွာပြန်ဖတ်၍ အမှန် (သို့မဟုတ်) အမှားအဖြေမှန်တစ်ခုကို စက်ဝိုင်းခတ်ပါ။

၁။ မှန်-မှား      ဤကမ္ဘာတွင်အပြစ်မရှိမီ ဘုရားသခင်သည် အာဒံနှင့်ဧဝကိုမျက်နှာချင်းဆိုင်စကား             ပြောသည်။

   မှန်−မှား       ကမ္ဘာတွင်အပြစ်ရောက်ရှိပြီးနောက် ဘုရားသခင်ကို ပုရောဖက်အားဖြင့်စကားပြော            သည်။

၂။ မှန်-မှား       ပုရောဖက်အားဖြင့်ပြောကြားသော ဘုရားသခင်၏တရားများကိုစုစည်းကာ စာအုပ်ပြု                  လုပ်၍ သမ္မာကျမ်းစာဟုခေါ်သည်။

   မှန်-မှား        သမ္မာကျမ်းစာပြုစုသောပုရောဖက်များတို့သည် ဘုရားသခင်၏ဝိညာဉ်တော်ခံစားရ၍               သာဖြစ်၏။

   မှန်-မှား        ကျမ်းစာအချို့တစ်ဝက်သာ ဘုရားသခင်၏ဝိညာဉ်တော်ကိုခံစားရရှိသည်။

   မှန်-မှား        သမ္မာကျမ်းစာ၏တန်ခိုးခွန်အားမှာ ရှေးဟောင်းခေတ်ကရေးခဲ့သောကြောင့်ဖြစ်၏။

၃။ မှန်-မှား      သမ္မာကျမ်းစာရေးသားပြုစုသောအချိန်မှာ အေဒီ ၂၀၀ မှ အေဒီ ၁၅ဝဝ ကြားဖြစ်သည်။      

   မှန်−မှား           သမ္မာကျမ်းစာ၏စုစည်းညီညွတ်မှုမှာပုရောဖက်အားလုံးတို့အားဘုရားသခင်၏ဝိညာဉ်                     တော်ပေး၍ ရေးသားသောကြောင့်ဖြစ်၏။

၄။ မှန်-မှား      သမ္မာကျမ်းစာဓမ္မဝင်မှာတိကျသေချာမှုမရှိပါ။

    မှန်−မှား      သမ္မာကျမ်း၌ပြည့်စုံလာသောအနာဂတ်စကားများသည် ကျမ်း၏ မှန်ကန်ကြောင်းပြ                 သည်။

 

ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၂) စာပိုဒ် (၅) ကိုပြန်ဖတ်၍ မှန်သောဝါကျရှေ့တွင်ကြက်ခြေခတ် (x) ပေး ပါ။

၅။ ------------------- ကျမ်းစာကိုနားလည်နိုင်ရန် ဆုတောင်းခြင်းဖြင့်လေ့လာရမည်။

    ------------------- ကျမ်း၏ အချက်တစ်ခုကို အခြားကျမ်းဖေါ်ပြထားသောအချက်များနှင့် နှိုင်းယှဉ်                         လေ့လာမှသာလျှင် လျော်ညီသောအမြင်ရရှိပါမည်။

------------------- ကျမ်းစာကိုလေ့လာသောအခါ အခြားကျမ်းများ၏ရှင်းပြချက်ကိုလက်ခံရမည်။

------------------- နှုတ်ထွက်စကားတော်လေ့လာခြင်းဖြင့်သာ အပြစ်နှင့်သွေးဆောင်ခြင်းကို ခုခံကာ                     ကွယ်နိုင်မည်။

------------------- မိမိယုံကြည်ခြင်းသည် ကျမ်းစာကိုဆန့်ကျင်သော်လည်း စွဲမြဲစွာကိုင်ထားရသည်။

 

စဉ်းစားရန်မေးခွန်း

          သမ္မာကျမ်းစာသည် လူ၏အသက်တာအတွက် ဝမ်းမြောက်ခြင်း၊ နှစ်သိမ့်ခြင်း၊ လမ်းညွှန်မှု၊ ကယ်တင်ခြင်းနှင့် ခရစ်တော်အားဖြင့် ထာဝရအသက်ရနိုင်သောကြောင့် သင်သည်အသစ်သော အသက်တာအတွက် ကျမ်းစာလေ့လာခြင်းဖြင့် ရှာဖွေလိုပါသလား။

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 စိတ္တသုခရှာဖွေခြင်း (၁)

ဓမ္မဒါန

စာမူခွင့်ပြုချက်အမှတ် ၃၅၅/၂၀၀၃ (၆)

ထုတ်ဝေသူ။     ဦးဆန်ဒီ၊ ယာယီမှတ်ပုံတင်အမှတ် (၄၄၉) စိတ္တသုခရှာဖွေခြင်း၊ (အမှတ်စဉ်ထုတ်)                  ၆၈/၇၂ ဦးဝိစာရလမ်း၊ ရန်ကုန်မြို့

ပုံနှိပ်သူ။          ဦးစိုင်းရပ်စ်၊ မှတ်ပုံတင်အမှတ် (၀၂၈၃ဝ) ကင်းစောင့်ပုံနှိပ်တိုက်၊ အမှတ် ၂၀၆                               ရွှေသစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

(စောင်ရေ ၅၀၀၀၊ ပထမအကြိမ်)




အခန်းကြီး - ၃

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၃)

ကျွန်ုပ်၏ အသက်တာသည် ဘုရားသခင်အတွက်အရေးကြီးပါသလား

 

          အချို့သောနံနက်ခင်းမှာ ကမ္ဘာကြီးသည် ပါရဒိသုဘုံပမာနှင့်တူလှ၏။ နံနက်ခင်းနိုးလျှင်နိုးချင်း ပြတင်းပေါက်ဝမှ မတ်တတ်ရပ်ကာ လေပြင်းပြင်းရှူလိုက်ပါ။ နေရောင်ခြည်အလင်းသည် သစ်ပင်များ အပေါ်မှရောင်ပြန်ဟပ်နေသည်။ သစ်ရွက်များတစ်ရွက်ပြီးတစ်ရွက်ကြည့်ပါက တစ်ချိန်တစ်ခါတွင် လူ၏အသက်တာသည်တန်ဖိုးရှိကြောင်းသိရ၏။ ချစ်ခင်ရသောမိတ်ဆွေများကိုနှုတ်ဆက်ရခြင်း၊ လူ၏ စိတ်ကိုကြည်နူးစေသောသီချင်းများခံစားမှုနှင့် တိုက်ဆိုင်ရခြင်း၊ စဉ်းစားမရသော ကလေးချစ်ချစ်ရ သကဲ့သို့ မေတ္တာကိုခံစားရခြင်းများဖြစ်သည်။

          အချို့သောနံနက်ခင်းများမှာမူ ကမ္ဘာကြီးအတွက် ကြောက်မက်ဖွယ်များနိုးထလာသောအခါ သတင်းစာခေါင်းကြီးပိုင်းတွင် အကြမ်းဖက်သမားများ၏ ဗုံးကြောင့် သေကျေပျက်စီး၊ ကြိုးကန်း ကြောင်းသိရသည်။ ဆက်တိုက်သတ်သည့် လူသတ်သမား လူဆယ်ယောက်မြောက်ကို သတ်ခဲ့ ကြောင်းဖတ်ခဲ့ရ၏။ တစ်ဆက်တည်းမှာပင် ငတ်မွတ်ခေါင်းပါးခြင်းအကြောင်း၊ ငလျင်ဒဏ်ခံရသူများ အကြောင်းဖတ်ရ၍ အကြောင်းမဲ့ဖြစ်ပေါ်ရခြင်းနှင့် မတော်မတရားအကြောင်းသာစဉ်းစားမိ၏။

          ဤဖြစ်ရပ်များသည် မည်သည့်အဓိပ္ပါယ်ကို ဖေါ်ထုတ်ပေးပါသနည်း။ ထူးဆန်း၍ကြောက်မက် ဖွယ်ကောင်းသော ကျွန်ုပ်တို့၏ ကမ္ဘာကြီးကို တွေးမိပါသလား။ ဤကဲ့သို့ ကမ္ဘာကြီးအပေါ် ကျွန်ုပ်တို့ မည်ကဲ့သို့ရောက်လာပါသလဲ။ ကျွန်ုပ်၏ အသက်တာသည် ဘုရားသခင်အတွက် အရေးကြီးပါသလား။ (သို့တည်းမဟုတ်) ဤစကြဝဠာစက်ယန္တရားကြီးတန်ဖိုး မရှိသောအရာလား။

၁။       ဘုရားသခင်သည်ကမ္ဘာကြီးအားပြည့်စုံစွာဖန်ဆင်းထားသည်

          ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်။ ဗိသုကာ၊ ပုံဆွဲဆရာ၊ အရောင်အမျိုးမျိုးပြောင်းသော ကြယ်ကြီးမှ လိပ်ပြာအကောင်အထိ ဖန်ဆင်းခဲ့ပါသည်။ “ထာဝရဘုရားသခင်၏နှုတ်တွက်စကားတော် အားဖြင့် မိုးကောင်းကင်ကို လည်းကောင်း၊ နှုတ်တော်အသံအားဖြင့် မိုးကောင်းကင်တန်ဆာများကို လည်းကောင်း ဖန်ဆင်းတော်မူ၏။ သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏။ နက်နဲသောသမုဒ္ဒရာကို လည်း လုံခြုံရာအရပ်တို့၌သိုထားတော်မူ၏။ ထာဝရဘုရားသခင်ကို မြေကြီးတစ်ပြင်လုံးကြောက်ရွံ့ စေ၊ လောကနိုင်ငံသားအပေါင်းတို့သည် ရိုသေလေးမြတ်ကြစေ၊ အကြောင်းမူကား ထာဝရဘုရားသခင် မြွက်ဆိုသည့်အတိုင်းဖြစ်၏။ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်းတည်လျက်နေ၏” (ဆာလံ ၃၃း၆-၉)။ ထာဝရဘုရားသခင်ပြောရန်သာလို၏။ ပြောဆိုသည့်အတိုင်း အခြေခံသိပ္ပံပစ္စည်းများတို့ သည်နားထောင်၏။

၂။       ခြောက်ရက်တွင်းကမ္ဘာကြီးကိုဖန်ဆင်းသည်

          “အကြောင်းမူကား၊ ထာဝရဘုရားသခင်သည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာအရပ်ရပ်တို့၌ ရှိသမျှတို့ကို ခြောက်ရက်အတွင်းဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထို့ကြောင့်

ထာဝရဘုရားသခင်သည် သတ္တမနေ့ရက်ကိုကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏” (ထွက် ၂၀း၁၁)။

          ထာဝရတန်ခိုးခွန်အားကြီးသောဘုရားသခင်သည် တစ်ခဏချင်းတွင် နှုတ်တော်ထွက်အမိန့် ဖြင့် ဖန်ဆင်းနိုင်၏။ သို့ရာတွင် ခြောက်ရက်တိုင်တိုင်အချိန်ယူကာဖန်ဆင်းတော်မူ၏။ ကျမ်းစာတွင် ပထမဦးဆုံးအခန်းတွင် ကမ္ဘာဦးကျမ်းအခန်းကြီး (၁) တွင်တစ်ရက်တစ်မျိုး တစ်ပတ်အတွင်းဖန်ဆင်းခဲ့ ၏။ ခြောက်ရက်နေ့၌အထူးချွန်ဆုံးဖန်ဆင်းခြင်းမှာ မည်သည့်အရာ ဖြစ်သနည်း။


 

ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူ ကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန် တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်း ပြီးလျှင်” (ကမ္ဘာဦး ၁း၂၇)။

ဘုရားသခင်သည် လူနှင့်တူသော လူပုဂ္ဂိုလ်ကို ဖန် ဆင်း၍ ဆွေးနွေးသုံးသပ်ခြင်း၊ ခံစားတတ်ခြင်း၊ မေတ္တာတရားပြတတ်ခြင်း၊ ဘုရားသခင်နှင့်တူညီ သော လူကိုဖန်ဆင်းတော်မူ၏။

 

          လူတိုင်းတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်အတိုင်းဖန်ဆင်း၏။ ခြောက်ရက်နေ့အပြီးတွင် ကမ္ဘာကြီးသည် သစ်ပင်မျိုးစုံ၊ သတ္တဝါမျိုးစုံပြည့်ဝလျက်ရှိ၏။ ထို့နောက် ဖန်ဆင်းခြင်း၏အထွတ် အထိပ်ဖြစ်သောလူအာဒံကို မြေကြီးမှ မြေမှုန့်ကိုယူ၍ အာဒံ၏ကိုယ်ကိုပြုလုပ်လေ၏။ ထို့နောက် အာဒံ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်သွင်းသောအခါ အသက်ရှင်သောလူဖြစ်လာ၏။ (ကမ္ဘာဦး ၂၇)။ ဘုရားသခင်သည် ပထမလူကို အာဒံဟုခေါ်သတည်း။ အာဒံ၏ အနက်အဓိပ္ပါယ်မှာ လူဟု ဆိုလိုသတည်း။ ပထမမိန်းမဝေအနက်အဓိပ္ပါယ်မှာ အသက်ရှင်ခြင်းဟုဆိုလိုသတည်း။ (ကမ္ဘာဦး ၂:၂၀။ ၃:၂၀)။ မေတ္တာဖြင့်ပြည့်ဝသောဖန်ဆင်းရှင်သခင်သည် လူ၌အဖေါ်လိုကြောင်းကိုမြင်၏။

          ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ၏ပုံသဏ္ဌာန်အတိုင်းဖန်ဆင်း၏။ စဉ်းစားနိုင်သည့်ရွေးချယ် နိုင်သောအခွင့်အရေးကိုပေးထား၏။ သတိရနိုင်ရန်၊ နားလည်နိုင်ရန်၊ မေတ္တာတုံ့ပြန်နိုင်ရန် ခွင့်ပြုထား ၏။ အာဒံနှင့်ဧ၀သည် ဘုရားသခင်၏သားနှင့်သမီးများဖြစ်၏။ လူတို့အား ဘုရားသခင်သည် အထူးချစ် တော်မူ၏။

 

၃။       နတ်ဆိုးသည်စုံလင်သောကမ္ဘာထဲသို့ဝင်ရောက်လာသည်

          အာဒံနှင့်ဧဝဝမ်းမြောက်ခြင်းရှိရန် ပြည့်စုံခြင်းရှိ၏။ သူတို့နှစ်ဦးကာယကျန်းမာခြင်း၊ စိတ္တ ကျန်းမာခြင်းအပြည့်အဝရှိ၏။ ခြောက်ပြစ်ကင်းသော အိမ်ဥယျာဉ်ထဲ၌နေရ၏။ (ကမ္ဘာဦး ၂း၈။ ၁း၂၈-၃၁)။ ဘုရားသခင်သည် လူတို့ကလေးရရန် ကတိပေးထားသည်။ လူတို့အားလည်းစူးစမ်းရှာဖွေသော အစွမ်းသတ္တိနှင့် လက်ဖြင့်လုပ်ကိုင်သောအရာခပ်သိမ်းအပေါ် ကျေနပ်မှုပေး၏ (ကမ္ဘာဦး ၁း၂၈။ ၂း၁၅)။ ဖန်ဆင်းရှင်နှင့်မျက်နှာချင်းဆိုင် မိတ်ဖွဲ့ရသော အခွင့်ရှိ၏။ ပူပန်သောက၊ ကြောက်ရွံ့တုန်လှုပ်ခြင်း၊ မကျန်းမမာဖျားနာသောအချိန်အခါနှင့်ရင်မဆိုင်ရပါ။

          ကမ္ဘာကြီးသည် ချက်ချင်းဆိုသလို မည်ကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ်နှင့်ရင်ဆိုင်ရပါသနည်း။ ကမ္ဘာဦးအခန်းကြီး ၂ နှင့် ၃ တွင်ဖတ်ကြည့်ပါ။ ကမ္ဘာကြီးအတွင်းသို့ဝင်လာပုံကိုဖေါ်ပြထားသည်။ အားလပ်သောအချိန်တွင်ဖတ်ကြည့်ပါ။ ဖြစ်ပျက်ပုံ၏အသေးစိတ်မှာ-

          နတ်ဆိုးသည် ဧဒင်ဥယျာဉ်ထဲသို့ဝင်လာ၍ အာဒံနှင့်ဧဝအား ဖန်ဆင်းရှင်ကို နားမထောင်ရန် သွေးဆောင်ခဲ့ပါသည်။ လူအားသွေးဆောင်ရန် ကောင်းမကောင်းသိကျွမ်းနိုင်သော အပင်အားဖြင့် အခွင့်ကောင်းယူခဲ့ပါသည်။ ဘုရားသခင်သည် အာဒံနှင့်ဧဝတို့အား ထိုအသီးကိုမစားရန်နှင့် သေမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

          ထိုနေ့၌ဝသည် ထိုအပင်အနီးသို့ရောက်သွားရာ စာတန်သည်အခွင့်ကောင်းယူကာ သွေး ဆောင်လေသည်။ စာတန်က ထာဝရဘုရားသခင်ဆင့်ဆိုသောစကားမှာ မမှန်ကြောင်းနှင့်စားခဲ့လျှင် ပညာဉာဏ်တိုးပွား၍ ဘုရားသခင်နှင့်တူညီမည် ဖြစ်ကြောင်းပြောဆိုလေသည်။ ဝမ်းနည်းစွာဖြင့် ဧဝသည်သွေးဆောင်ခြင်းခံရ၍ နောက်ပိုင်းတွင် အာဒံလည်းခံရလေတော့သည်။ အာဒံနှင့်ဧဝသည် အကောင်းသာသိခဲ့သော်လည်း စာတန်၏သွေးဆောင်ခြင်းကိုလက်ခံခဲ့သောကြောင့် ထာဝရဘုရား သခင်အား နားထောင်ခြင်းနှင့်ကိုးစားမှုကိုဖြတ်တောက်ခဲ့လေသည်။ ဘုရားသခင်၏အကြံတော်သည် အာဒံနှင့်ဧဝအား ကမ္ဘာကြီးကို အုပ်ချုပ်ထိန်းသိမ်းရန်စီစဉ်ခဲ့သော်လည်း (ကမ္ဘာဦး ၁း၂၆) စာတန်ကို သာ ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့သောကြောင့် သူတို့နှစ်ဦး၏ အခွင့်အရေးဆုံးရှုံးခဲ့လေသည်။ ထိုအချိန်အခါမှစ၍ စာတန်သည် ကမ္ဘာကြီးကို ပိုင်ဆိုင်ကြောင်းကြေညာ၍ လူအများတို့အား မိမိ၏ ကျွန်အဖြစ်သိမ်းသွင်းခဲ့လေသည်။

          ကျွန်ုပ်တို့ကြိမ်ဖန်ပေါင်းများစွာ တစ်ကိုယ်ကောင်းစိတ်ဖြင့် သူတစ်ပါးအပေါ် ရက်စက်စွာ ကျင့်ကြံခဲ့ပါသည်။ အမှန်တကယ်မှာ အကျင့်ကောင်းများဖြင့်နေလိုသော်လည်းမရပါ။ ဘာကြောင့်လဲ၊ မမြင်ရသောနတ်ဆိုးစာတန်သည် အကျင့်ကောင်း ကျင့်စောင့်မည့်လူကို နည်းမျိုးစုံဖြင့် စုံစမ်းသွေး ဆောင်သောကြောင့်ဖြစ်၏။ ကမ္ဘာဦးအခန်းကြီး ၃ ကို ဖတ်သောအခါ အာဒံနှင့်ဧဝသည် အပြစ်ကြောင့် ဘုရားသခင်ကိုကြောက်၍ ပုံးအောင်းနေကြောင်းသိရ၏။ အပြစ်သည်ဖန်ဆင်းခြင်း ခံရသမျှအရာ အားလုံးကိုထိခိုက်လာတော့သည်။ ပန်းနှင့်အတူဆူးပါလာတော့သည်။ မြေကြီးသည်လည်း မိုးခေါင် ရေရှား ဖြစ်လာသည်။ အလုပ်သည်ဝန်ထုပ်ပမာဖြစ်လာသည်။ ရောဂါများတို့သည် လူအားဘေးဒုက္ခ ပေးလာတော့သည်။ မနာလိုဝန်တိုခြင်း၊ လောဘစိတ်ဓါတ်ပြန့်ပွားကာ လူတို့အား စိတ်ဆင်းရဲမှုကိုပေး လေသည်။ အဆိုးဆုံးအမွေမှာ အပြစ်၏ သေခြင်းတရားကိုယုံဆောင်လာတော့သည်။


၄။       ဤလောကကြီး၏အပြစ်ပယောဂပူးဝင်စွဲကပ်စေသောနတ်ဆိုးသည်အဘယ်သူနည်း

          “စာတန်နတ်ဆိုးသည် ရှေးဦးစွာမှစ၍ လူ့အသက်ကိုသတ်သောသူဖြစ်၏။ သူ၌ သစ္စာတရား မရှိသောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိ

အတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏” (ယောဟန် ၈း၄၄)။

          ခရစ်တော်၏ ဖေါ်ပြချက်မှာ- စာတန်နတ်ဆိုးသည် စကြဝဠာထဲသို့ အဦးဆုံးအပြစ်ယူဆောင် လာသူဖြစ်ကြောင်း ဖေါ်ပြထား၏။ အပြစ်၏အဘ၊ လူသတ်သမား၊ လိမ်လည်သောသူ ဖြစ်၏။ သောမတ်စ်ခါးလိုင်း အင်္ဂလိပ်အတွေး အခေါ်ပညာရှင်ကြီးတစ်ဦးသည် ရပ်(ဖ်)ဝေါဒိုအီမားဆန်လန်ဒန် အရှေ့ဖျားရှိ ပြည့်တန်ဆာရပ်ကွက်အား ခေါ်ဆောင်ပြသခဲ့ပြီး ခါးလိုင်းက “ခင်ဗျား ယခုစာတန်နတ် ဆိုးရှိကြောင်းယုံကြည်ပြီလားဟုမေးခဲ့ဖူးသည်။”


၅။       ဘုရားသခင်သည်နတ်ဆိုးကိုဖန်ဆင်းခဲ့ပါသလား

          မဟုတ်ပါ။ ဘုရားသခင်သည် နတ်ဆိုးကိုမဖန်ဆင်းပါ။ သို့ရာတွင် ကျမ်းစာတော်မြတ်၏ ထွက် ဆိုချက်အရ၊ နတ်ဆိုးသည် သူသွေးဆောင်၍ရသော ကောင်းကင်တမန်အပေါင်းတို့နှင့် ကောင်းကင်နေ အိမ်ပျောက်၍ ဤလောကသို့ ရောက်လာကြောင်းဖေါ်ပြထားသည်။ “ကောင်းကင်၌စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့်သူ၏ တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ထိုအခါ လောကတစ်နိုင်ငံလုံးကို လှည့် ဖြား၍ စာတန်အမည်ရှိသောရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ့တမန်တို့ကိုလည်းကောင်း မြေကြီးသို့ချလိုက်ကြ၏။” (ဗျာ၊ ၁၂:၇-၉)။

စာတန်နတ်ဆိုးသည် မည်ပုံမည်နည်းဖြင့်ရောက်ခဲ့ပါသနည်း

          “သင်သည် ဖြန့်၍လွှမ်းမိုးသောခေရုဗိမ်ဖြစ်လျက် ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ၍ မီးတောက်သောကျောက်တို့တွင် သွားလာရ၏။ ဖွားသောနေ့မှစ၍ သင့် အပြစ်ထင်ရှားသောနေ့တိုင်အောင် ပြုလေရာရာ၌စုံလင်လျက်ရှိ၏။” (ယေဇကျေလ ၂၈:၁၄၊ ၁၅)။


၆။       လူစီဖါ၊ ပြည့်စုံသောကောင်းကင်တမန်သည် ဘာကြောင့်အပြစ်ပြုလုပ်ပါသနည်း

          “အိုနံနက်သားမိုးသောက်ကြယ်၊ သင်သည်ကောင်းကင်ကကျလေပြီတကား။ အပြည်ပြည် တို့ကိုနှိပ်စက်သော သင်သည် မြေကြီးတိုင်အောင်ခုတ်လှဲခြင်းကို ခံရလေပြီတကား။ သင်ကလည်း၊ ကောင်းကင်ပေါ်သို့ငါတက်မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မြောက်မျက်နှာဘက်၊ ကြိုတင်နိမိတ်ဟောရာတောင်ပေါ်မှာ ငါထိုင်မည်။ မိုးတိမ်ထိပ်ပေါ်သို့ငါတက် မည်။ အမြင့်ဆုံးသောဘုရားသခင်ကဲ့သို့ငါနေမည်ဟု စိတ်အကြံရှိလေပြီ။” (ဟေရှာယ ၁၄:၁၂-၁၄)။

          နတ်ဆိုးသည် ကနဦးက လူစီဖါအမည်ရှိ၏။ လူစီဖါ၏အနက်မှာ တောက်ပသောမိုးသောက် ကြယ်ဖြစ်၏။ ဤစာတန်၏စိတ်တွင် တစ်ကိုယ်ကောင်းနှင့် လောဘဇောတို့သည် ဘုရားသခင်ကို ကိုးကွယ်လိုသောစိတ်အတွင်းသို့ ဝင်ရောက်လာကြသည်။ ဝါကြွားခြင်းသဘောသည် ကြီးထွားလာ၍ ငြူစူသောသဘောဝင်ကာ ဘုရားသခင်၏နေရာကိုယူရန် ကြံစည်လေတော့သည်။

          လူစီဖါသည် အခြားတမန်တို့အား သူ့နောက်လိုက်ရန် အတော်ပင်တိုက်တွန်းသွေးဆောင်ရပေ သည်။ သူ၏ တမန်တို့နှင့်အပြန်အလှန်ဆွေးနွေး၊ သုံးသပ်၊ တိုင်ပင်ကာ ဘုရားသခင်သည် ဆရာစား ချန်ထားကြောင်း၊ သူ၏ ပညတ်တော်တို့သည် ချုပ်ချယ်လိုသောသဘောရှိကြောင်း၊ တစ်ဖက်သတ်ဖြစ် ကြောင်းနှင့် သူ၏တမန်တို့အား ဖြားယောင်းသွေးဆောင်ခဲ့လေသည်။ ဘုရားသခင်၏ပညတ်တော်တို့ သည် မေတ္တာတရားနှင့် လူလူချင်းစာနာသက်ညှာမှုမရှိကြောင်းဖြင့် နည်းမျိုးစုံနှင့် လှည့်ဖြားသွေး ဆောင်လေတော့သည်။

ဤပြဿနာကိုကောင်းကင်၌မည်ကဲ့သို့ဖြေရှင်းခဲ့သနည်း

          “ဝါကြွားသောစိတ်ရှိလျက် ဂုဏ်ထွန်းတောက်သောကြောင့် သင့်၏ ပညာသည် ဖေါက်ပြန် လျက်ရှိလေပြီ။ ငါသည် သင့်ကိုမြေတိုင်အောင်နှိမ့်ချမည်” (ယေဇကျေလ ၂၈း၁၇)။

          ဘဝင်မြင့်ခြင်းသည် အကြီးဆုံးကောင်းကင်တမန်မှ စာတန်အသွင်သို့ကူးပြောင်းခဲ့လေသည်။ ကောင်းကင် တွင်ညီညွတ်မှုနှင့်ငြိမ်သက်ခြင်းရရှိထိန်းသိမ်းနိုင်ရန် စာတန်နှင့် သူ၏တမန်များ၊ ကောင်း ကင်တမန်သုံးပုံတစ်ပုံ တို့ကိုကောင်းကင်မှနှင်ထုတ်ရတော့သည်။ (ဗျာ၊ ၁၂:၄၊ ၇-၉)။


၇။       အပြစ်ပြုလုပ်ရခြင်းသည် မည်သူ့ အပေါ်တာဝန်ရှိပါသနည်း၊ ဘုရားသခင်သည် အပြစ်မလုပ်     နိုင်သောသူကို ဘာကြောင့်မဖန်ဆင်းပါသနည်း။

          ဖန်ဆင်းခဲ့သောဤလောကတွင် အပြစ်ရှိမည်မဟုတ်ပါ။ သို့ရာတွင် ဘုရားသခင်သည် လူနှင့် ဘုရားသခင် ရှင်းလင်းပြတ်သားစွာ ဆက်ဆံပေါင်းသင်းနေထိုင်နိုင်ရန် လူကိုပင် မိမိပုံနှင့်တညီ တစ်သဏ္ဌာန်တည်းဖန်ဆင်းခဲ့ပါသည်။ (ကမ္ဘာဦး ၁း၂၇)။ လူသည် လွတ်လပ်၍ တာဝန်ရှိကြောင်း ပြသည်။ ကျွန်ုပ်တို့သည် ကိုယ့်သဘောအရ၊ ဘုရားသခင်ကိုကိုးကွယ်နိုင်သည် (သို့တည်းမဟုတ်) စွန့်လွှတ်ကျောခိုင်းနိုင်ကြောင်းပြသည်။ ဘုရားသခင်သည် ကောင်းကင်တမန်နှင့် လူတို့အား ကပ် ကာလအဆက်ဆက်တွင် ဝိညာဉ်ရေးသဘောတရားတည်းဟူသော လွတ်လပ်စွာ ရွေးပိုင်ခွင့်ပေးထား သည်။ “အဘယ်မည်သောဘုရားသခင်တို့အား ဝတ်ပြုမည့်အရာကို ယနေ့ ရွေးကြလော့” (ယောရှု ၂၄း၁၅)။ ဘုရားသခင်သည် လူနှင့်ကောင်းကင်တမန်တို့အား မိမိ၏ပုံသဏ္ဌာန်ဖြင့် ဖန်ဆင်းသော ကြောင့် အသိပညာနှင့်ဆင်ခြင်တုံတရားတို့သည် ဘုရားသခင်၏နည်းလမ်းမှန်ကန်ကြောင်းထောက်ပြ သောကြောင့် အမှားသည်အပြစ်စွန့်လွှတ်ရမည်ဖြစ်ကြောင်းကို ပြသထားပါသည်။

          ဆင်ခြင်တွေးတောမှုအသိတရားကြောင့် မေတ္တာ၏ ဗဟုသုတကိုခံစားနိုင်သည်။ ဘုရားသခင် သည် မိမိအကြောင်းကို သဘောပေါက်နားလည်၍ မိမိ၏အကျင့်နှစ်သက်လက်ခံလာ၍ မေတ္တာဖြင့် တုံ့ပြန်ခြင်းကိုနှစ်သက်လက်ခံတတ်၏။ ဘုရားသခင်သည် မိမိ၏မေတ္တာကို လူနှင့်ကောင်းကင်တမန် တို့အား ဝေငှလိုသောကြောင့် မိမိတို့၏ စိတ်ကြိုက်ရာကိုရွေးယူခွင့်ရရှိသောကြောင့် မိမိကိုယ်တိုင် စွန့်စား၍ တရားကိုတာဝန်ကြီးစွာဖြင့် ထိန်းသိမ်းရပေမည်။ စာတန်သည်ရွေးပိုင်မှုကို အကြောင်းပြကာ ပထမဆုံးသောပုဂ္ဂိုလ်အနေဖြင့် မကောင်းမှုကိုရွေးခဲ့ပါသည်။ (ယောဟန် ၈း၄၄။ ၁ယော ၃း၈)။


၈။       လက်ဝါးကပ်တိုင်သည်အပြစ်ကိုဖျက်ဆီးနိုင်ရန်အစွမ်းတန်ခိုးပေးသည်

          အပြစ်ရောဂါမပြန့်ပွားရလေအောင် ဘုရားသခင်သည် လူစီဖါအားဘာကြောင့် မဖျက်ဆီးပါ သနည်း။ လူစီဖါသည် ဘုရားသခင်၏ အုပ်ချုပ်ပုံမတရားကြောင်းကိုအကြောင်းပြု၍ ဆန့်ကျင်သည်။ ဘုရားသခင်လုပ်ရပ်များကိုလိမ်လည် ပြောဆိုသည်။ အကယ်၍ ဘုရားသခင်သည် စာတန်အား ချက်ချင်းဖျက်ဆီးပစ်သော် လူနှင့်ကောင်းကင်တမန်တို့သည် ဘုရားသခင်ကို မေတ္တာဖြင့်မဟုတ်ဘဲ ကြောက်ရွံ့ခြင်းဖြင့်သာ ကိုးကွယ်ဆည်းကပ်တော့မည်။ လူနှင့်ကောင်းကင်တမန် တို့ပေးထားသော ရွေးချယ်ပိုင်ခွင့်သည် ပျက်စီးသွားတော့မည်။

          လူများတို့သည် ဘုရားသခင်၏နည်းလမ်း၊ စည်းကမ်းအကောင်းဆုံးဖြစ်ကြောင်း မည်ကဲ့သို့ သိနိုင်သနည်း။ ဘုရားသခင်အား ဆန့်ကျင်သူစာတန်ကပင်လျှင် လူအားသွေးဆောင်နိုင်သော ရွေးပိုင် ခွင့်ပြုထားသည်။ ထို့ကြောင့် အာဒံအားသွေးဆောင်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာတွင် ဘုရားသခင်၏မေတ္တာတော်နှင့် စာတန်၏ အကျင့်တရားများ ချင့်ချိန်နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ ဤအခြင်းအရာကိုသိမြင်လာသောအခါ အပြစ်၏ အခသည် သေခြင်းဖြစ်၍ ထာဝရဘုရားသခင်၏ ကျေးဇူးတော်သည် ထာဝရအသက်ဖြစ်ကြောင်းသိမြင်တွေ့ရှိလာမည်။ (ရောမ ၆း၂၃)။


စကြဝဠာရှိ လူသားအပေါင်းတို့သည်ထောက်ခံသဘောတူပါမည်

          “ထိုသူတို့သည် ဘုရားသခင်၏ကျွန်မောရှေ၏သီချင်းနှင့်သိုးသငယ်၏သီချင်းကိုသီ၍---ကိုယ် တော်၏ အပြုအမူတို့သည်ကောင်းမြတ်၍ အံ့ဩဖွယ်ဖြစ်ပါ၏။---ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန် ကြပါ၏။ အိုထာဝရဘုရားသခင်၊ ကိုယ်တော်ကို မကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။---လူမျိုးအပေါင်းတို့သည်လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါ လိမ့်မည်။ (ဗျာ၊ ၁၅:၃၊ ၄)။ လူအပေါင်းတို့သည် အပြစ်၏ ကြောက်မက်ဖွယ်အန္တရာယ်၊ ပျက်စီးခြင်း ဘေးဒုက္ခနှင့်ပြည့်သော စာတန်၏အတွေးအခေါ်သဘောတရားကို သိလာကြမည်။ ဘုရားသခင်သည် သူ၏ကျေးဇူးတရားကိုငြင်းသော စာတန်၏ဘက်တော်သားများကို ဖျက်ဆီးပစ်မည်။ ကျွန်ုပ်တို့သည် စာတန်၏ဘက်တော်သားများ ဖျက်ဆီးပစ်ရန်လိုလားသကဲ့သို့ ဘုရားသခင်ကလည်း ဧကန် မုချဖျက် ဆီးပစ်ပါမည်။ ဘုရားသခင်သည် အပြစ်နှင့်အပြစ်လုပ်ရန်တိုက်တွန်းသူများကို ယတိပြတ်ရာသက်ပန် ဖျက်ဆီးရန် စောင့်ဆိုင်းသည်။ ဤစောင့်ဆိုင်းသည့်အချိန်တွင် ထိုသူ၏ ရွေးချယ်မှုအခွင့်အရေးကို ထိန်းသိမ်းရန်နှင့် အပြစ်မပြုလုပ်ရန် ကာကွယ်ပေးနေကြောင်းပြသထားသည်။

          ဘုရားသခင်သည် အပြစ်ကိုစီရင်ရန် မီးအားဖြင့်သန့်ရှင်းစေမည်ဖြစ်ကြောင်း ကတိပေးထား သည်။ ထိုကတိတော်ကိုစောင့်မျှော်ကာ သန့်ရှင်းသူများနေမည့် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို စောင့်မျှော်ရပါမည် (၂ပေ ၃း၁၀၊ ၁၃)။ အပြစ်သည် ဤစကြဝဠာအတွင်း ဝင်ရောက်ထိုးဖေါက်ရန် မရတော့ပါ။ အပြစ်၏ဝမ်းနည်းဖွယ်၊ အပြစ်တရားပြတ်သားစွာ ထင်ရှား၍ ထာဝရဘုရားသခင်၏ တရားတော်ကို နားမထောင်ခြင်းသည် လူတိုင်းတို့ရှေ့တွင် ရာသက်ပန် ရွံရှာဖွယ်ရာဖြစ်လာမည်။ “ခရစ်တော်သည် အသေခံတော်မူသောအားဖြင့် သေခြင်းတရားကို အစိုးရသောသူတည်းဟူသော စာတန်၏တန်ခိုးကိုချိုးဖဲ့ဖျက်ဆီးခြင်းငှါလည်းကောင်း၊ သေဘေးကိုကြောက်၍ တစ်သက်လုံး ကျွန်ခံရ သောသူတို့ကို ကယ်လွှတ်ခြင်းငှါလည်းကောင်း ထိုသူငယ်တို့နည်းတူ အသွေးအသားကို ဆောင်ယူ တော်မူ၏။” (ဟေဗြဲ ၂:၁၄၊ ၁၅)။ ခရစ်တော်ကိုကပ်တိုင်ပေါ်တင်သောအခါ ကောင်းကင်တမန်များနှင့် အပြစ်မရှိသောကမ္ဘာသားများ တို့သည် စာတန်၏ စိတ်ထားအဖြစ်မှန်ကို မျက်ဝါးထင်ထင်မြင်တွေ့ လာတော့သည်။ လိမ်လည်သူလူသတ်သမား ဖြစ်ကြောင်းသိရှိလေသည်။ စာတန်သည် အပြစ်မရှိ သောခရစ်တော်ကို လက်ဝါးကပ်တိုင်ပေါ်သို့ တင်ထားခြင်းဖြင့် မိမိအကျင့်များဖေါ်ပြထားလေသည်။ စာတန်၏မကောင်းမှုများကို လူသူအများ သိသွားပြီးနောက် အပြစ်ကိုနှစ်သက်သူများနှင့် စာတန်ကို ဖျက်ဆီးရခြင်းမှာ တရားကြောင်းသိလာကြပါမည်။

          ခရစ်တော်လက်ဝါးကပ်တိုင်ပေါ်တက်ရောက်ရခြင်းမှာ စာတန်၏ဆန္ဒကို ပြသခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ်က ခရစ်တော်သည် ကမ္ဘာ့လူသားအပေါင်းတို့၏ ကယ်တင်ရှင်ကိုဖေါ်ပြသည်။ ထိုလက်ဝါးကပ်တိုင်၌ပင် ချွင်းချက်မရှိ သောဘုရားသခင်၏ မေတ္တာတော်ကိုပြထားသည်။ စာတန်၏ စစ်ပွဲရှုံးနိမ့်ခဲ့ကြောင်းကိုလည်းပြသခဲ့သည်။ စစ်ပွဲကြီး ပြီးဆုံးခဲ့ပါပြီ။ ဤကမ္ဘာကြီးကို ဘယ်သူအုပ်စိုး မည်နည်း။ ခရစ်တော်မဟုတ်လျှင် စာတန်ဖြစ်ရမည်။ သို့ရာတွင် လက်ဝါးကပ်တိုင်သည် အဖြေမှန်ကို ပေးခဲ့ပြီ။ ခရစ်တော်သာလျှင် စကြဝဠာကြီးကိုအုပ်စိုးတော်မူမည်။

          သင်သည် ကယ်တင်ရှင်နှင့်မိတ်သဟာယဖွဲ့ခဲ့ပြီလား။ ခရစ်တော်သည် အသက်စွန့်၍ မနှိုင်း ယှဉ်နိုင်သော၊ မပြောင်းလဲနိုင်သောမေတ္တာတော်ကိုပြခဲ့ပါပြီ။ ခရစ်တော်သည် ဤလောကသို့ကြွလာ၍ အသက်တော်ကိုစွန့်ကာ အပြစ်၏ သေခြင်းတရားမှ ကယ်တင်တော်မူကြောင်း သင်သိရှိခံစားရပါ သလား။ ယခုသင်သည် ဦးညွှတ်၍ သင်၏အသက်တာအားလုံးကိုပိုင်ဆိုင်ရန် ရိုသေစွာဖြင့်တောင်းခံလို ပါသလား။

 

ရှာဖွေတွေ့ရှိခြင်းလမ်းညွှန် (၃) အဖြေလွှာ

ကျွန်ုပ်၏အသက်တာသည် ဘုရားသခင်အတွက်အရေးကြီးပါသလား

 

          သင်သည် အောက်ပါမေးခွန်းများကိုဖြေဆိုသောအခါ ရှာဖွေတွေ့ရှိခြင်းလမ်းညွှန်ကို ပြန်လည် သုံးသပ်ပါ။ အဖြေမှန် တွေ့ရှိနိုင်ပါသည်။ အဖြေသည် လမ်းညွှန် (၃) တွင်ရှိပါသည်။ အမှန် (သို့မဟုတ်) အမှားအဖြေမှန်တစ်ခုကို စက်ဝိုင်းခတ်ပါ။

၁။ မှန်−မှား ဖန်ဆင်းသည့်အချိန်၌ ဘုရားသခင်သည်အမိန့်ပေး၍ ကောင်းကင်ဖြစ်လာသည်။

မှန်သောဝါကျရှေ့တွင်ကြက်ခြေခတ် (x) ပေးပါ။

၂။ ------------------- ဘုရားသခင်သည် အာဒံနှင့်ဧ၀ကို ခြောက်ရက်တစ်ရက်တွင်ဖန်ဆင်းသည်။

    ------------------- လူသားတိုင်းကို ဘုရားသခင်သည် မိမိ၏ပုံသဏ္ဌာန်အတိုင်းဖန်ဆင်းသည်။

    ------------------- ဘုရားသခင်သည် အာဒံ၏ကိုယ်ကို ရေမှဖန်ဆင်းသည်။

၃။  ဘုရားသခင်သည် အာဒံနှင့်ဧဝကိုပြည့်စုံသောကမ္ဘာထဲတွင်ထားသည်။

     ------------------- ဘုရားသခင်သည် အာဒံနှင့်ဧ၀တို့အား ကောင်းမကောင်းသိကျွမ်းရာ အသီးစား                        လျှင် ပညာရှိမည် ဖြစ်ကြောင်းမှာကြားသည်။

     ------------------- အပြစ်သည် အာဒံနှင့်ဧ၀ကိုဘုရားသခင်ရှေ့မှာပုန်းအောင်းစေသည်။

    ------------------- စာတန်နတ်ဆိုးသည် အာဒံနှင့်ဧ၀အား ဖန်ဆင်းရှင်ကိုနားမထောင်ရန် သွေးဆောင်                   သည်။

    ------------------- အာဒံသည် တားမြစ်သောအသီးကိုစားပြီး ဧဝကိုပေးသည်။

    ------------------- အာဒံနှင့် ဧဝတို့အားသွေးဆောင်၍ အပြစ်ထဲရောက်ပြီးနောက် စာတန်နတ်ဆိုး                           သည် ကမ္ဘာ၏ပညတ်တော်များကို သူတို့ထံမှယူသွားသည်။

အမှန် (သို့မဟုတ်) အမှားအဖြေမှန်တစ်ခုကိုစက်ဝိုင်းခတ်ပါ။

၄။ မှန် − မှား    စာတန်နတ်ဆိုးသည် အပြစ်၏အစမူလဖြစ်သည်။

၅။ မှန် − မှား    ဘုရားသခင်သည် စာတန်နတ်ဆိုးကိုဖန်ဆင်းသည်။

     မှန် − မှား   ဘုရားသခင်သည် လူစီဖါအား ပြည့်စုံသောတမန်အဖြစ် ဖန်ဆင်းသည်။ သူသည်                              ဘုရားသခင်ကို မနာလိုစိတ်ပွား၍ အပြစ်လုပ်ရန်ကိုယ်တိုင်ရွေးချယ်၍ လူစီဖါသည်                     မိမိ၏ဘဝကို နတ်ဆိုးဘဝသို့ ကူးပြောင်းသွားစေသည်။

၆။ မှန် − မှား    စာတန်နတ်ဆိုးအား ကောင်းကင်မှနှင်ထုတ်၍ ဖန်ဆင်းပြီးစကမ္ဘာသစ်သို့ရောက်လာ              သည်။

၇။ မှန် − မှား    ဘုရားသခင်သည် လူကိုဖန်ဆင်းစဉ်က လူအပြစ်လုပ်ရန်၊ မလုပ်ရန် ရွေးချယ်မှုအစွမ်း                   တန်ခိုးဖြင့် ဖန်ဆင်းသည်။

၈။ မှန်−မှား      လက်ဝါးကပ်တိုင်ပေါ်တွင်ခရစ်တော်သည် ဘုရားသခင်၏အကျင့်၊ မေတ္တာကိုပြသည်။

စဉ်းစားရန်မေးခွန်း

          သင်၏အသက်တာကို ဘယ်သူအုပ်စိုးနေပါသနည်း။ ခရစ်တော်သည် ငြိမ်သက်ခြင်းအရှင် (သို့မဟုတ်) စာတန်သည် ပြဿနာအပေါင်းတို့၏ အရှင်ဖြစ်သော ဒုက္ခနှင့်သေခြင်း။


ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

စိတ္တသုခရှာဖွေခြင်း (၁)

ဓမ္မဒါန

စာမူခွင့်ပြုချက်အမှတ် ၄၇၀/၂၀၀၃ ()

 

ထုတ်ဝေသူ။     ဦးဆန်ဒီ၊ ယာယီမှတ်ပုံတင်အမှတ် (၄၄၉) စိတ္တသုခရှာဖွေခြင်း၊ (အမှတ်စဉ်ထုတ်)                  ၆၈/၇၂ ဦးဝိစာရလမ်း၊ ရန်ကုန်မြို့

ပုံနှိပ်သူ။          ဦးစိုင်းရပ်စ်၊ မှတ်ပုံတင်အမှတ် (၀၂၈၃ဝ) ကင်းစောင့်ပုံနှိပ်တိုက်၊ အမှတ် ၂၀၆                               ရွှေသစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

(စောင်ရေ ၅၀၀၀၊ ပထမအကြိမ်)



အခန်းကြီး - ၄

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၄)

သင်၏ အသက်တာအတွက်အကြံအစည်

 

          ဓမ္မဆရာသည် “ကျွန်ုပ်ဘာကြောင့်ခရစ်တော်ကိုယုံကြည်ပါသလဲ” ခေါင်းစဉ်ဖြင့် တရားဟော အပြီးတွင် သန့်သန့်ကလေးဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ဆရာကြီးထံသို့လာ၍ ဆရာကြီး၊ ခရစ်တော်အကြောင်းနဲ့ ပတ်သက်သောတရားသည် စိတ်ပါဝင်စားစရာကောင်းပါတယ်။ ဆရာကြီး ဟာ၊ ကျမ်းထဲမှာ အားလုံးကိုးကားပြီးဟောတဲ့တရားဖြစ်တယ်။ ခရစ်တော်ဟာ အကယ်၍ ဤလောက ထဲမှာနေသွားရင်ဘာကြောင့်ရာဇဝင်ဆရာများကမှတ်တမ်းတင်မထားသလဲ။ ဆရာကြီးဟာသူ့စာအုပ် စင်မှစာအုပ်အတော်များများကို ထုတ်၍ ရာဇဝင် ဆရာအတော်များများက ခရစ်တော်အကြောင်း ရေးသားဖေါ်ပြထားကြောင်းပြောပြပါသည်။ စာစောင်အမှတ် ၉၇၊ စာအုပ်အမှတ် “ဘစ်သီနီးယားရှိ ရောမအုပ်ချုပ်ရေးမှူး၊ အာရှအလယ်ပိုင်း၏တိုင်းတစ်တိုင်းတွင် ပလင်းနေသည် ရောမဘုရင်မင်းမြတ် ထရာဂျင်တိုင်းအတွင်း ဖြစ်ပေါ်လျက်ရှိသောအခြေအနေကို တင်ပြသည်။ အုပ်ချုပ်ရေးမှူးသည် ခရစ် ယာန်ဂိုဏ်းသစ်ကို မည်ကဲ့သို့ကိုင်တွယ်ရမည်အကြောင်း အကြံဉာဏ်တောင်းထားသည်။ ဤဂိုဏ်း သည် တိုးတက်မှုအလွန်လျင်မြန်ကြောင်း၊ ထိုဂိုဏ်းသည် သူတို့၏ခေါင်းဆောင်ဖြစ်သော ခရစ်တော်ကို အကြောင်းပြု၍ သီချင်းများစပ်ဆိုထားကြောင်း၊ ထိုသခင်သည် ခရစ်တော်ဖြစ်ကြောင်း၊ ထိုတိုင်ကြား စာကို အေဒီ ၁၁၀ ခုနှစ်တွင် ပေးပို့ခဲ့သည်။ ၎င်းစာအတွင်းတွင် ခရစ်တော်အကြောင်းနှင့် သူ၏ တမန်တော်များအကြောင်းသက်သေသာဓက များအပြည့်အစုံဖြင့် ရေးသားပေးပို့ခဲ့ကြောင်းသိရသည်။

          လူငယ်မှာ အတော်အံ့အားသင့်ကာ ဆရာကြီးဆက်၍ ပြောပြပါဦးဟု တောင်းဆိုခဲ့ပါသည်။ ဓမ္မ ဆရာကြီးက နောက်စာအုပ်တစ်အုပ်ကိုယူကာ ပလင်းနေနှင့်တစ်ချိန်တည်းမှာပင် ထင်ရှားသောဆရာ ကြီးဖြစ်သူ တာစစ်တတ်စ်က သူ၏စာအဲန်ခေါ်ရာဇဝင်မှတ်တမ်းစာအုပ်စဉ် ၁၅၊ စာမျက်နှာ ၄၄ တွင်နီးရိုးဘုရင်သည် ခရစ်ယာန်များကိုမုန်း၍ ညှဉ်းဆဲနှိပ်စက်ကြောင်း၊ အထူးသဖြင့် ရောမမြို့တော် ကြီးမီးလောင်နေချိန်အခါဖြစ်သည်။ တာစစ်တက်စ်သည် ခရစ်ယာန်ဟူသောဝါဟာရကို ခရစ်တော် အမည်မှပေါ်ပေါက်လာကြောင်း၊ ၎င်းပြင်ဆက်၍ ခရစ်ယာန်ဘာသာကို တည်ထောင်ခဲ့သော ခရစ် တော်ကို ပိလမင်းကသတ်ဖြတ်ခဲ့ကြောင်း၊ ထိုစဉ်အခါကပိလမင်းသည် ဘုရင်ခံအဖြစ် ယုဒတိုင်းကို အုပ်ချုပ်ခဲ့ကြောင်းနှင့် ဘုရင်မင်းမြတ်ကြီးမှာ တီဘေရီဖြစ်ကြောင်း မှတ်တမ်းတင်ထားပါသည်။

          ရာဇဝင်ဆရာကြီးတာစစ်တတ်စ်မှတ်တမ်းတင်ထားသောအချိန်၊ နေရာ၊ မြို့ရွာ၊ ဘုရင်ခံနှင့် ဘုရင်မင်းမြတ်၊ သက္ကရာဇ်တို့မှာ ကျမ်းစာအတိုင်းတူညီလှ၏။ လူငယ်က ဆရာကြီး၊ အပြင်လောက စာပေများ ဤကဲ့သို့ကျမ်းအတိုင်း ရေးသားထားကြောင်း ကျွန်တော်တစ်ခါမျှမသိခဲ့ကြောင်း ပြောပြ ခဲ့၏။ ဓမ္မဆရာကြီးက အေဒီ ၁၈၀ အချိန်၌ ရာဇဝင်ဆရာကြီးဆဲဆဲ(စ်)ဟာ ခရစ်ယာန်များအားအတိုက် အခံပြုကာ ရေးသား၍ ဤအဖွဲ့အစည်းသည် တန်ခိုးခွန်အားကြီးမား၍ သတိပြုရမည့်အကြောင်း နှိုးဆော်ခဲ့ကြောင်းသိရသည်။ ဤအကြောင်းနှင့် သင်္ကာမကင်းဖြစ်ခဲ့ပါက ဓမ္မသစ်ကျမ်းပထမလေး စောင်ကို ယှဉ်တွဲဖတ်ရန် အကြံပြုခဲ့ပါသည်။ ထိုအခါလူငယ်သည် မိမိနားနှင့်မျက်စိဖြင့် ကြားမြင်ရ သောအခါ ခရစ်တော်သည် ကျမ်းတွင်လည်းကောင်း၊ ရာဇဝင်တွင်လည်းကောင်း မှတ်တမ်းတင်ထား သောပုဂ္ဂိုလ်ကြီးဖြစ်ခဲ့ကြောင်း ယုံကြည်လက်ခံခဲ့ပါသည်။

၁။       ခရစ်တော်ဘုရားသခင်သည် ရာဇဝင်အဆက်ဆက်ကရှိခဲ့ကြောင်း၊ ကမ္ဘာအဆက်ဆက်က ထာဝရဖြစ်ခဲ့ကြောင်း

          ခရစ်တော်သည် သူတော်စင်တစ်ဦးဖြစ်ကြောင်းသာမကဘဲ သူသည်လည်း ဘုရားသခင်ဖြစ် တော်မူ၏။ ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း မိမိကိုယ်ကိုမည်ကဲ့သို့ အကြောင်းပြထား သနည်း။ “သင်တို့သည် ငါ့ကို သိလျှင် ငါ့ခမည်းတော်ကိုမသိဘဲမနေရကြ။ ယခုမှစ၍ ခမည်းတော်ကို သိမြင်ကြ၏ဟုမိန့်တော်မူ၏။---ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကိုမသိသေးသလော။ ငါ့ကိုမြင်သော သူသည် ခမည်းတော်ကိုမြင်ရ၏။” (ယောဟန် ၁၄း၇-၉)။

          အကယ်၍ မေးခွန်း၏အဖြေကိုသိလိုလျှင် ဘုရားသခင်သည်အဘယ်သူနည်း။ သူသည် မည်သူ နှင့်တူပါသနည်း။ ခရစ်တော်ဘုရားသခင်ကိုသာကြည့်ပါ။ ကြေညာထားသည်မှာ- “ငါသည် ငါ့ခမည်း တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူ၏။” (ယောဟန် ၁၀း၃ဝ)။ ခရစ်တော်ဘုရားသခင်နှင့် အဖ ဘုရားသခင်သည် အဆက်ဆက်က ရှိတော်မူ၏။ “သားတော်ကိုကား အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် ထာဝရပလ္လင်ဖြစ်ပါ၏” (ဟေဗြဲ ၁း၈)။ ခရစ်တော်သည် မည်သည့်အခါမျှ သီးခြားပြီး ထာဝရဘုရားသခင်နှင့် ခြားနား၍မနေခဲ့ပါ။ အဖဘုရားသခင်သည်လည်း ခရစ်တော် ဤလောက၌ သက်တော်ထင်ရှားစဉ်အခါက မေတ္တာမျှခဲ့သောသူ တစ်ဦးစီအပေါ် ထပ်တူထပ်မျှ အဖဘုရားသခင် လည်း မိမိမေတ္တာကိုပေးဝေခဲ့ပါသည်။

၂။       ခရစ်တော်သည် ရာဇဝင်နှင့်ကြိုတင်တရားဟောချက်စာစောင်များ၏အသည်းအူပွတ်ဖြစ်၏

          ခရစ်တော်၏အသက်တာပုံပြင်မှာ ကြိုတင်တရားဟောချက်ကို ပြည့်စုံစေသောပုံပြင်ဖြစ်သော ကြောင့် သူ၏ အသက်တာပုံပြင်သည် သက်တော်မထင်ရှားမီက ရေးသားထားခြင်းဖြစ်သည်။ ဓမ္မ ဟောင်းကျမ်းရှိ ကြိုတင်တရားဟောချက်များသည် သက်တော်မထင်ရှားမီက ရေးသားထားခြင်းဖြစ် သည်။ ဓမ္မဟောင်းကျမ်းတွင် ခရစ်တော်သက်တော်စဉ် ထင်ရှားပြတ်သားစွာ ခရစ်တော်၏အသက်တာ သေခြင်း၊ ထမြောက်ရှင်ပြန်ခြင်းအကြောင်း ကြိုတင်ရေးသားထားသည့် ဓမ္မသစ်ကျမ်းတွင်ကား ခရစ် တော်အသက်တာမွေးဖွားခြင်း၊ သေခြင်း၊ ထမြောက်ရှင်ပြန်ခြင်း၊ ကောင်းကင်သို့ ကြွမြန်းတော်မူခြင်း၊ အသေးစိတ်ကြိုတင်တရားဟောချက်အတိုင်း ကွက်တိပြည့်စုံခဲ့ကြောင်း မှတ်တမ်းတင်ထားခြင်းဖြစ် သည်။

          ခရစ်တော်မပေါ်ထွန်းမီ နှစ်ပေါင်း ၅ဝဝ မှ ၁၅ဝဝ အတွင်း၌ ကျမ်းတွင်အကြိမ်ပေါင်းမြောက် မြားစွာ မေရှိယ၏အသက်တာအကြောင်း ကြိုတင်ဟောကြားခဲ့ပါသည်။ ခရစ်တော်၏ အမှုတော် လုပ်ငန်းစောစောပိုင်းက ခရစ်ယာန်ကျမ်းဟောင်းအနာဂတ်စာရေးသားချက်နှင့် နှိုင်းယှဉ်ခဲ့သော် လူ အများ၏သုံးသပ်ချက်မှာ- “မောရှေသည် ပညတ္တိကျမ်း၌လည်းကောင်း၊ ပုရောဖက်တို့သည် သူတို့ ကျမ်း၌လည်းကောင်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏ သားယေရှုကို ငါတို့သည်တွေ့ကြပြီဟုဆို၏” (ယောဟန် ၁း၄၅)။ ခရစ်တော်သည် ပုရောဖက်စာ စောင်များပြည့်စုံရကြောင်းမှာ သူသည်ဘယ်သူဖြစ်ကြောင်းကိုသာ ညွှန်ပြခြင်းဖြစ်၏။ “ထိုအခါ မောရှေ၏ကျမ်းမှစ၍ ပုရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာဖေါ်ပြတော်မူ၏။” (လုကာ ၂၄:၂၅-၂၇)။ ပြည့်စုံခဲ့သောအနာဂတ် စကားများတို့သည် ယုံလောက်သော သက်သေသာဓကများဖြစ်၍ ခရစ်တော်သည်ကတိထားခဲ့သော မေရှိယဖြစ်ကြောင်း တိကျစွာသိရသည်။

၃။       ပြည့်စုံသောအနာဂတ်စကားရှိခရစ်တော်၏အသက်တာ

          ဓမ္မဟောင်းကျမ်းရှိခရစ်တော်နှင့်ပတ်သက်သောအနာဂတ်စကားများ ဓမ္မသစ်ကျမ်းမှတ်တမ်း တွင်ပြည့်စုံလာသည်။

မွေးဖွားသောနေရပ်    ။ ဓမ္မဟောင်းကျမ်းမှတ်တမ်း “အိုဗက်လင်ဧဖရက်မြို့၊ အစိုးရသောယုဒမြို့တို့ တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် ငါတို့အဖို့ သင်၏အထဲမှပေါ်ထွန်းလတ္တံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင် ဖြစ်၏။” (မိက္ခာ ၅:၂)။ ဓမ္မသစ်ကျမ်းမှတ်တမ်းတွင် ပြည့်စုံလာသည် (မဿဲ ၂း၁)။ ယခုဖွားမြင်သော ယုဒရှင်ဘုရင်သည် အဘယ်မှာရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ ကြယ်ကိုငါတို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ ပူဇော်ခြင်းငှါ ရောက်လာပြီဟုမေးမြန်းပြောဆိုကြသည်။

အပျိုကညာမှမွေးဖွားခြင်း။ ။ ဓမ္မဟောင်းကျမ်း၏ အနာဂတ်စကား “ကြည့်ရှုလော့၊ သတို့သမီးကညာ သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြ လတ္တံ့” (ဟေရှာယ ၇း၁၄)။ ဓမ္မသစ်ကျမ်းတွင်ပြည့်စုံလာသည် “ကြည့်ရှုလော့၊ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့်မှည့်ရကြလတ္တံ့။ (မဿဲ ၁း၂၀-၂၃)။

သူ၏မျိုးရိုးသည်ယုဒမှဆင်းသက်လာသည်။     ။ ဓမ္မဟောင်းကျမ်း၏ အနာဂတ်စကား “ရှိလော မရောက်မီတိုင်အောင်၊ ရာဇလှံတံသည် ယုဒထံမှလည်းကောင်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ် ထံမှလည်းကောင်း မရွေ့ရ။ (ကမ္ဘာ ၄၉း၁ဝ)။ ဓမ္မသစ်ကျမ်းတွင်ပြည့်စုံလာခြင်း “အကြောင်းမူကား ငါတို့သခင်သည် ယုဒအမျိုးထဲ၌ပေါ်ထွန်းသည်ဟုထင်ရှားလျက်ရှိ၏” (ဟေဗြဲ ၇း၁၄)။

ခရစ်တော်ကိုငြင်းပယ်ခြင်း။     ။ ဓမ္မဟောင်းကျမ်းရှိအနာဂတ်စကား “မထီမဲ့မြင်ပြုခြင်းကိုခံ၍ လူတို့ တွင်အယုတ်ဆုံးသောသူ၊ နာကြည်းခြင်းဝေဒနာနှင့်ကျွမ်းဝင်သောသူဖြစ်၏။” (ဟေရှာယ ၅၃း၃)။ ဓမ္မသစ်ကျမ်းတွင်ပြည့်စုံလာခြင်း “သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။” (ယောဟန် ၁း၁၁)။

ခရစ်တော်ကိုအပ်နှံခြင်းနှင့်အပ်နှံသောငွေအဖိုးအခ။      ဓမ္မဟောင်းကျမ်း၏ အနာဂတ်စကား “အကယ်စင်စစ် ငါယုံ၍၊ ငါ့မုန့်ကိုစားသောအဆွေခင်ပွန်းသည် ငါ့ကိုခြေနှင့်ကျောက်သတည်း။” (ဆာလံ ၄၁:၉)။ “ငါရထိုက်သောအခကိုပေးအံ့သောငှါ၊ သင်တို့သည်အလိုရှိလျှင်ပေးကြလော့။ အလို

မရှိလျှင်မပေးကြနှင့်ဟုဆိုသော်၊ သူတို့သည် ငါ့အားအခပေးအံ့သောငှါ ငွေသုံးဆယ်ကိုချိန်ကြ၏။” (ဇာခရိ ၁၁း၁၂)။ ဓမ္မသစ်ကျမ်း၏ ပြည့်စုံချက် “ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွား၍ အကျွန်ုပ်သည် ယေရှုကို ကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက်ပေးပါမည်နည်း ဟုလျှောက်သော် ထိုသူတို့က ငွေအကျပ်သုံးဆယ်ပေးမည်ဟုဝန်ခံကြ၏။” (မဿဲ ၂၆:၁၄၊ ၁၅)။

လက်ဝါးကပ်တိုင်မှာအသေခံခြင်း။       ။ ဓမ္မဟောင်းကျမ်းစာအနာဂတ်စကား“ခွေးတို့သည်အကျွန်ုပ် ကိုဝိုင်းလျက်၊ စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍ အကျွန်ုပ်၏ခြေလက်တို့ကို ထိုးဖေါက်ကြ ပါပြီ။” (ဆာလံ ၂၂း၁၆)။ ဓမ္မသစ်ကျမ်း၏ ပြည့်စုံချက် “ကရာနိအမည်ရှိသောအရပ်သို့ရောက်ကြသော် ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ျာတော်ဘက်၌တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ် ယောက် လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။” (လုကာ ၂၃:၃၃)။ (ယောဟန် ၂၀း၂၅ ကိုလည်းဖတ်ပါ)။

သင်္ချိုင်းမှလွတ်မြောက်လာခြင်း။          ။ ဓမ္မဟောင်းကျမ်း၏ အနာဂတ်စကား “အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏာနိုင်ငံ၌ပစ်ထားတော်မမူ၊ ကိုယ်တော်၏သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကိုရှိစေ တော်မမူဘဲလျက် အသက်ရှင်ခြင်းလမ်းကိုပြညွှန်တော်မူလိမ့်မည်။” (ဆာလံ ၁၆း၁ဝ)။ ဓမ္မသစ်ကျမ်း၏ပြည့်စုံချက် “ခရစ်တော်ထမြောက်ခြင်းအကြောင်းကို ရည်မှတ် လျက်၊ ထိုခရစ်တော်၏ စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ် ခြင်းသို့မရောက်ဟု တန်ခိုးတော်ဉာဏ်နှင့်ဟောလေ၏” (တမန်တော် ၂း၃၁၊ ၃၂)။ ခရစ်တော်သာလျှင် ဤအနာဂတ်စကားပြည့်စုံလာရခြင်းမကဘဲ ခရစ်တော်၏အကြောင်းအရာသည်ကြိုတင်ကာ ကြီးမား သောတန်ခိုးတော်ဖြင့်ရေးသားခဲ့ပါသည်။ ခရစ်တော်သည် ဘုရားသခင်၏ သားတော်အမှန်တကယ် ဖြစ်ကြောင်းထင်ရှားသည်။ ဆုတောင်းခြင်းဖြင့် ဘယ်အရှင်သည် ကျွန်ုပ်တို့အသက်တာတွင် ထားရန် ဆုံးဖြတ်ရပါမည်။ သင်မဆုံးဖြတ်ခဲ့သေးပါသော် ယခုသင်၏ အသက်တာကို ခရစ်တော်လက်တွင် အပ်ပါမည်လား။

၄။       ဘုရားသခင်စီစဉ်ပေးသောအသက်တာ

          ခရစ်တော်သည် ဘုရားသခင်စီစဉ်ပေးခဲ့သောဘောင်အတွင်း နေခဲ့သည်။ ဘုရားသခင်စီစဉ် သော လမ်းစဉ်အတိုင်း တိကျစွာလိုက်လျှောက်ခဲ့သည်။ ခရစ်တော်၏ သက်သေခံချက်မှာ “ငါသည် ကိုယ်အလိုအလျောက်အဘယ်အမှုကိုမျှမပြုဘဲ ငါ့ခမည်းတော်သည် ငါ့အားနည်းပေးတော်မူသည် အတိုင်း ငါဟောပြောသည်ကိုလည်းကောင်း သင်တို့သည် သိကြလိမ့်မည်။” (ယောဟန် ၈း၂၈၊ ၂၉)။ ခရစ်တော်လူဇာတိမခံယူမီ ဘုရားသခင်စီစဉ်ထားပေးသည်။ ဘုရားသခင်သည် လူသားအားလုံး အတွက်အစီအစဉ်ရှိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဆန္ဒအပြည့်အဝနှင့်ပြည့်စုံ သောအသက် တာပေးရန် အစီအစဉ်ရှိသည်။ “ရေး” ဆိုသောလူငယ်သည် ဘုရားသခင်၏အစီအစဉ်ကိုလက်ခံရန် ဆုံးဖြတ်သည်။ ရက်ပေါင်းများစွာစုဆောင်းခဲ့ပြီး အကုန်အကျနည်းသော သိပ္ပံကျောင်းကြီးတွင် နေခဲ့ သည်။ မကြာမီမှာပင် ခရစ်ယာန်မိတ်ဆွေများ၊ ကျောင်းတွင်းရှိမိတ်သဟာယအဖွဲ့နှင့်ရင်းနှီးခဲ့ပြီး (၂) နှစ်အတွင်း သူ၏ အသက်တာပြောင်းလဲခဲ့သည်။ “ရေး” သည် ပြဿနာများနှင့်ရင်ဆိုင်တိုင်း ဘုရား သခင်သည် သူ့အတွက်အသစ်သောအခွင့် အရေးနှင့်အောင်မြင်မှုကိုပေးခဲ့ပါသည်။ ဘုရားသခင်သည် သင့်အသက်တာတွင်လမ်းပြကြောင်း ဘယ်နည်းဖြင့် သိနိုင်သနည်း။ ဘုရားသခင်၏ နည်းလမ်း မြောက်မြားစွာရှိ၏။

(၁) သမ္မာကျမ်းစာ။      ။ ဆာလံဆရာက အသက်တာလမ်းညွှန်ဟုခေါ်ဆိုသည်။ “နှုတ်ထွက်စကား တော်သည် အကျွန်ုပ်ခြေရှေ့မှာမီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏” (ဆာလံ ၁၁၉း၁ဝ၅)။ နှုတ်ထွက်စကားတော်သည် ကျွန်ုပ်တို့၏ စိတ်ကိုလန်းဆန်းစေ၍ အတွေးအခေါ်သစ်ကို ပေးသည်။ (ရောမ ၁၂း၂။ ၁၁၉း၉၉)။ အချိန်မှန်ဆုတောင်း၍ ကျမ်းစာလေ့လာခြင်းသည် ဦးစားပေးလုပ်ဆောင် ရမည့်အချက်ကိုစီစဉ်ပေးသည်။

(၂) ဆက်စပ်သောဘုရားသခင်၏လမ်းညွှန်မှု။   ။ ဘုရားသခင်ကိုယ်တိုင် ချိတ်ဆက်မှုမိအောင် စီစဉ် ဦးဆောင်မှုပေးသည်။ ဆာလံ ၂၃ သည်ကောင်းသောသိုးထိန်းကိုပြသည်။ သိုးထိန်းသည် ကောင်းသော တောင်စိမ့်စမ်းရှိရာသို့ပို့ဆောင်ထိန်းကျောင်းပေးသည်။ သိုးထိန်းသည် ဝတ္တရားသိသိ၊ တာဝန်ရှိရှိဖြင့် ဗဟုသုတကိုအခြေခံကာ အကျိုးသက်ရောက်စေသောလုပ်ငန်းကိုသာ လုပ်သည်။ ကျွန်တော်တို့ အတွက် အနီးကပ်မစရန် သိုးထိန်းရှိသည်။

(၃) ဘုရားသခင်နှင့်နှလုံးသားတိုက်ရိုက်ထိတွေ့မှုရှိရန်ဆက်သွယ်ပေးခြင်း။          ဘုရားသခင်သည် အမှန်တရားကိုအသုံးချ၍ ကျွန်ုပ်တို့နှင့်ဆက်သွယ်သည်။ နှလုံးသားအသိတရားပွင့်လင်းရန် ဝိညာဉ် တော်ပြုလုပ်ပေးနိုင်သည်။ (ဧဖက် ၁း၁၈)။ ဘုရားသခင်နှင့်တိကျသေချာစွာဆက်သွယ်ပါမူ ဘုရား သခင်သည် ကျွန်ုပ်တို့အားလမ်းညွှန်ပြသနိုင်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ခံစားမှု၊ ဆင်ခြင်တုံ တရားနှင့်ဆုံးဖြတ်ချက်များကိုပုံသွင်းထားပေး၍ ကျွန်ုပ်သွားရမည့်နောက်တစ်လှမ်းကိုမြင်နိုင်သည်။

၅။       အညွှန်းသည်တညီတညွတ်တည်းဖြစ်ရမည်

          ဘုရားသခင်၏အလိုတော်အတိုင်းနေထိုင်သည်ဟု ထင်မိသော်လည်း ကိုယ့်အလိုအတိုင်း၊ ခံစားမှုအတိုင်း နေတတ်ပါသည်။ (သု၊ ၁၆:၂၅)။ သမ္မာကျမ်းစာသွန်သင်မှုနှင့် မိမိခံစားမှုတို့သည် တညီတညွတ်တည်းဖြစ်ရပါမည်။ ဤအချက်သုံးချက်ညီမှသာလျှင် ဘုရားသခင်လမ်းညွှန်ကြောင်းဟု မဆုံးဖြတ်သင့်ပါ။

          ဥပမာ- ဂျိတ် (ခေါ်) လူငယ်တစ်ယောက်ချစ်ရသောဇနီးတစ်ဦး၊ ကလေး ၂ ဦးရှိသည်။ သို့ရာတွင် သူ့အသက်တာတွင်အပျော်မိန်းမတစ်ဦးရှိသည်။ ဤကဲ့သို့ထားရခြင်းသည် ဘုရားသခင်၏ အလိုဟု မိတ်ဆွေများကို ပြောပြသည်။ “ငါတော့ဆုတောင်းတာပဲ၊ ဘုရားသခင်၏အလိုပဲ” ဟု ပြော သည်။ ဂျိတ်၏စိတ်လှုပ်ရှားမှုနှင့် ခံစားမှုများသည် သူ့အားမှားသောလမ်းပေါ်သို့ ရောက်ရှိကြောင်း မသိပါ။ ကျမ်းစာပညတ်တော်နှင့် သက်သေခံတော်မူချက်ကိုမကြည့်ဘဲ၊ တရားနှင့်မညှိနှိုင်းဘဲ အခြေ အနေဖန်တီးလာမှုကို ဘုရားသခင်၏ အလိုတော်ဟု သတ်မှတ်ထားရှိမှုသည် (ဟေရှာယ ၈း၂ဝ) သမ္မာကျမ်းမှ လမ်းလွဲစေသည်။ တိုက်ဆိုင်သောဘုရားသခင်၏ အလိုတော်ဟုခံစားသတ်မှတ်ခြင်း သည် ကျမ်းစာ၏သွန်သင်ချက်နှင့်ဝေးကွာစေသည်။

၆။       ဘုရားသခင်၏ အလိုတော်ကိုလက်ခံခြင်း

          တောထဲ၌ခရစ်တော်အား စာတန်လာ၍သွေးဆောင်သောအခါ ဘုရားသခင်၏အကြံအစည်

တော်အတိုင်း မိမိကိုယ်ကိုမဆက်ကပ်ရန်၊ မပူဇော်ရန် ကျွန်ုပ်သည် သင့်အား ဤကမ္ဘာကြီးကိုပေးမည်။ ထင်ပေါ်ကျော်စော၊ စီးပွား ဥစ္စာ၊ အသက်တာတွင်အဆင်ပြေမှုအမျိုးမျိုးကိုပေးမည်။ စာတန်သည် ခရစ်တော်နားထောင်ရန် ကျမ်းစကားကို အသုံးပြုထားသည်။ စုံစမ်းခြင်းတိုင်းကို ခရစ်တော်သည် ကျမ်းစကားအားဖြင့်အဖြေပေးကာ စုံစမ်းခြင်းကိုကာကွယ်ခဲ့သည်။ ခရစ်တော်၏ အသက်တာတွင် အကြီးဆုံးအောင်မြင်ခြင်းမှာ ဘုရားသခင်ကို မိမိ၏ကိုယ်ကို အပ်နှံခြင်းပင်ဖြစ်သည်။ ဂေသရှေမန် ဥယျာဉ်တွင်အကြီးမားဆုံးဆုတောင်းခန်းမှာ- “ကျွန်ုပ်အလိုမဟုတ်ပါ။ ကိုယ်တော်အလိုသာ ဖြစ်ပါစေ” (မဿဲ ၂၆:၃၉)။ အမှုတော်မြတ်၌သုံးနှစ်အပြီးတွင် ဘုရားသခင်၏ အလိုတော်နှင့် တညီတညွတ်တည်း နေခဲ့သောကြောင့် အမှုပြီးပြီ (ယောဟန် ၁၉း၃ဝ)။ ခရစ်တော်၏ဆိုလိုရင်းမှာ ဘုရားသခင်စီစဉ်ပေး သောအသက်တာ ပြည့်စုံပါပြီ။ အနာဂတ်စကားအရ ပြီးမြောက်ပါပြီဟုဆိုလိုသတည်း။

          သင်သည် ဘုရားသခင်၏စကားများကို နှုတ်ထွက်စကားတော်အားဖြင့် ပြတ်သားစွာသိရသော အခါ သင်၏ ခံစားမှုနှင့် ဘုရားသခင်၏ လမ်းညွှန်မှုကိုအကြွင်းမဲ့လက်ခံသောအခါ ဘုရားသခင်စီစဉ် သတ်မှတ်သောလမ်းနှင့် အကြံအစည်တွင်ဝမ်းမြောက်ခြင်းတွေ့ရှိပါမည်။

 

ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၄) အဖြေလွှာ

သင်၏အသက်တာအတွက်အကြံအစည်

မှန်သောဝါကျရှေ့တွင်ကြက်ခြေခတ် (x) ပေးပါ။

၁။ ခရစ်တော်သည်

 -------------ရာဇဝင်တွင်ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်ဖြစ်သည်။

-------------အသင်းတော်ရာဇဝင်ဆရာများစိတ်ကူးယဉ်ရေးသားထားသည့်ပုဂ္ဂိုလ်တစ်ဦးသာဖြစ်သည်။

၁။ ခရစ်တော်သည်

------------- ဘုရားသခင်တစ်ပါးသာဖြစ်သည်။

------------- ဘုရားသခင်နှင့်လူနှစ်ဦးစလုံးဖြစ်သည်။

အဖဘုရားသခင်နှင့်သားတော်ခရစ်တော်ဘုရားသခင်သည် အတူတကွတည်ရှိခဲ့သည်။

------------- ကာလအဆက်ဆက်မှ။

------------- အဖဘုရားသခင်သားတော်ဖန်ဆင်းပြီးနောက်

၂။ ကျမ်းအနာဂတ်စကားများ

------------- ခရစ်တော်နှင့်ပတ်သက်သောအချက်များစိတ်မချရပါ။

------------- ခရစ်တော်၏အသက်တာ၌ သေခြင်း၊ ထမြောက်ရှင်ပြန်ခြင်း ကွက်ကွက်ကွင်းကွင်း ပြထား      သည်။

၃။ ခရစ်တော်သည်ဗက်လင်မြို့၌မွေးဖွားသည်

------------- အပျိုကညာမာရိမှ မွေးဖွားသည်။

------------- သားသည်မိခင်မှမွေးဖွားသည်။

ခရစ်တော်သည်-

------------- ဣသရေလလူမျိုးများအနေဖြင့် မေရှိယဖြစ်ကြောင်းလွယ်လင့်တကူလက်ခံသည်။

------------- သူ၏လူများကငြင်းပယ်၍ မိတ်ဆွေများကအပ်နှံသည်။

နှစ်ရာပေါင်းများစွာကပုရောဖက်များသည် ကြိုတင်ဟောထားသည်။

------------- ခရစ်တော်သည် လက်ဝါးကပ်တိုင်တွင်သေပြီး ပြန်၍ထမြောက်မည်။

------------- လက်ဝါးကပ်တိုင်ပေါ်အသေခံ၍ သင်္ချိုင်းတွင်ရှိမည်။

၄။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက်အစီအစဉ်ရှိကြောင်းကိုသိနိုင်သည်။

------------- အိပ်မက်အနေအထားကိုလေ့လာခြင်းဖြင့်သိနိုင်သည်။

------------- ကျမ်းစာလေ့လာခြင်းဖြင့် အခြေအနေကို ဘုရားသခင်ပြသခြင်းဖြင့် ကျွန်ုပ်တို့စိတ်ကို                        ဘုရားသခင် နှိုးဆော်ခြင်းဖြင့်သိနိုင်သည်။

၅။ စိတ်အတွင်းခံစားမှုဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုလမ်းညွှန်သည်။

------------- ကျမ်းစာနှင့်လိုက်လျောညီစွာဖြင့်

------------- စိတ်အတွင်းခံစားမှုတစ်ခုတည်းဖြင့်

နှလုံးသား၏မေးခွန်း

          ခရစ်တော်သက်တော်ထင်ရှားစဉ်က ဘုရားသခင်၏ လမ်းပြမှုကိုလက်ခံသကဲ့သို့ သင်သည် လည်း ရက်ရော ကြည်နူးစွာဖြင့်လက်ခံလိုပါသလား။

  

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 

စိတ္တသုခရှာဖွေခြင်း (၁)

ဓမ္မဒါန

စာမူခွင့်ပြုချက်အမှတ် ၄၇၁/၂၀၀၃ ()

 

ထုတ်ဝေသူ။     ဦးဆန်ဒီ၊ ယာယီမှတ်ပုံတင်အမှတ် (၄၄၉) စိတ္တသုခရှာဖွေခြင်း၊ (အမှတ်စဉ်ထုတ်)                  ၆၈/၇၂ ဦးဝိစာရလမ်း၊ ရန်ကုန်မြို့

ပုံနှိပ်သူ။          ဦးစိုင်းရပ်စ်၊ မှတ်ပုံတင်အမှတ် (၀၂၈၃ဝ) ကင်းစောင့်ပုံနှိပ်တိုက်၊ အမှတ် ၂၀၆                               ရွှေသစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

(စောင်ရေ ၅၀၀၀၊ ပထမအကြိမ်)


 


အခန်းကြီး - ၅

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၅)

ကျေနပ်ဖွယ်ရာကောင်းသောအသက်တာ၏ တံတားသို့

 

          အတ္တလန်တိတ်ပင်လယ်၊ လူမရှိသောကျွန်း၊ ယာယီတဲအနားတွင် လူတစ်ဦး၏အရိုးစုကိုတွေ့ ရသည်။ အမည်မသိသင်္ဘောသား၏အဖြစ်အပျက်ကို လေးလအတွင်းမည်ကဲ့သို့ခံစားရကြောင်း သူ၏ မှတ်တမ်းတွင်သိခဲ့ရပါသည်။ သူသည် အမည်မသိသောအပြစ်ကြောင့် ၁၇၂၅ ခုနှစ်အဆင်းရှင်း ကျွန်း ပေါ်သို့ ဒတ်(ရှ်) ရေတပ်မတော်မှ ချထားခြင်းခံခဲ့ရသည်။ ၎င်းကျွန်းပေါ်တွင် ရေငတ်အားကြီး၍ လိပ် သွေးများသောက်ခဲ့ရသည်။ ခံစားရသောဝေဒနာမှာလည်း ပြင်းထံလှသည်။ သို့ရာတွင် သာလွန်ထူးကဲ သောခံစားမှုတစ်ခုမှာ သူ၏အပြစ်တစ်ခုဖြစ်သည်။

          ခံစားရသောခံပြင်းမှုများကို အောက်ပါစာလုံးများအားဖြင့် တင်ပြထားသည်။ “ဖြောင့်မတ်ခြင်း လမ်းကြောင်း ကိုစွန့်လွှတ်သောလူယုတ်တစ်ဦး၏နာကျင်ခံစားမှုသည် နာကြည်းလေလေ ခံစားရလေ လေဖြစ်လာသည်။ “ဤသင်္ဘောသား၏အကြီးဆုံးခွဲခွာရခြင်း၏နာကြည်းမှုသည် ဘုရားသခင်နှင့်ခွဲခွါ ရသောနာကြည်းမှုဖြစ်သည်။ သေခါနီးခံစားရသည့်ခံစားချက် အခက်ဆုံးဖြစ်ကြောင်း ဖေါ်ပြထား သည်။

          ဘုရားသခင်နှင့်နှလုံးသားခွဲခွါရသောဧဒင်ဥယျာဉ်အတွင်းပုန်းအောင်းနေခြင်း၊ ဤအကျိုးဆက် များသည် ခံပြင်းလှ၏။ သစ်ဆန်းသောခံစားမှုများသည် ရှက်ကြောက်ခြင်း၊ အပြစ်၊ ကြောက်ရွံ့ခြင်း များ အာဒံနှင့်ဧ၀တို့အား ဘုရားသခင်ခေါ်သောအခါ ထွက်ပြေးတိမ်းရှောင်ခဲ့စေသည်။ ထိုအပြစ်များ သည် မရှောင်မရှားရင်ဆိုင်ရသောအရာများဖြစ်ခဲ့၍ ယခုအချိန်တွင် မထူးဆန်းသောဗဟုသုတမျိုးဖြစ် လေသည်။

          ကျွန်ုပ်တို့နှင့်ဘုရားသခင်စပ်ကြားတွင် မည်သည့်အရာက ခွဲခွါစေသနည်း။ “သင်တို့အပြစ် သည် သင်တို့ကို ဘုရားသခင်နှင့်ကွာစေပြီ။ ကြားတော်မမူစေခြင်းငှါ သင်တို့၏ အပြစ်သည် မျက်နှာ တော်ကိုလွှဲစေပြီ။” (ဟေရှာယ ၅၉း၂)။ လူသည် အပြစ်ကြောင့် ဘုရားသခင်ကွာခြားစေသည်မဟုတ်၊ အာဒံနှင့်ဧဝသည် အပြစ်ပြုလုပ်၍ ဘုရားသခင်ထံမှထွက်ပြေးသွားခြင်းဖြစ်၏။

၁။       ကျွန်ုပ်တို့၏လိုအင်ဆန္ဒများကိုကျေနပ်စေခြင်း

          ဧဒင်ဥယျာဉ်၏သာယာလှပသောအိမ်ထောင်ကို အပြစ်သည်မဖျက်ဆီးမီ ဘုရားသခင်သည် အာဒံ၊ ဧဝတို့နှင့် ရင်းနှီးစွာပေါင်းသင်းဆက်ဆံခဲ့လေသည်။ သို့ရာတွင် အာဒံနှင့်ဧဝသည် စာတန်၏ လိမ်လည်မှုကိုနားထောင်လက်ခံကာ ဖန်ဆင်းရှင်၏ ကိုးစားမှုကိုအဆက်ဖြတ်ခဲ့ပါသည်။ (ကမ္ဘာ ၃:-)။ ဥယျာဉ်အပြင်သို့နှင်ထုတ်ခြင်းခံရပြီးနောက် မိမိတို့အသက်တာ၏ ခက်ခဲကြမ်းတမ်းမှုနှင့်ရင်ဆိုင်ရလေ သည်။ မွေးဖွားရခြင်းဝေဒနာ၊ ထွန်ယက်စားသောက်ရန်လည်း သွေးချွေး၊ မျက်ရည်များနှင့်ရင်းနှီး လုပ်ကိုင်ရတော့သည်။ ဘုရားသခင်နှင့်လည်း ရင်းနှီးမှုအဆက်ပြတ်လေသည်။ သူတို့၏အသက်တာ တွင် ကျေနပ်မှုမရှိကြောင်း၊ နာကြည်းဖွယ်သောတမ်းတမှုများနှင့်တွေ့ ကြုံရင်ဆိုင်ရလေသည်။ အပြစ် အစ၏ ဝမ်းနည်းမှုများဖြစ်၏။

          အာဒံနှင့်ဧဝတို့၏ ပထမဆုံးဆန့်ကျင်မှုကြောင့် လူမျိုးတစ်မျိုးလုံး (အားလုံး) အလားတူ ဆန့်ကျင်မှုအပြစ်များကြောင့် သေခြင်းတရားဝင်လာသည်။ အပြစ်၏ဆိုးကျိုးဖြစ်သည်။ “အပြစ်တရား သည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင် သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏” (ရောမ ၅:၁၂)။ ဘုရားသခင်ပေးနိုင်သောလုံခြုံမှုနှင့် ကျေနပ်မှုတို့ကို ဆုံးရှုံးခဲ့ရသဖြင့် စိတ်တွင် နာကြည်းမှုခံစားရပါ သည်။ ထိုပျောက်ဆုံးသောအခွင့်အရေးမေ့ပျောက်ရန် ဈေးဝယ်ထွက်ခြင်း၊ လုပ်ငန်းတိုးတက်ရန် ပြိုင် ဆိုင်ခြင်း၊ သေရည်သေရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးနှင့်မကောင်းမှုအပြစ်များကို ပြုလုပ်ခြင်းနှင့် နှစ်သိမ့်တတ်ပါသည်။

          ဤကဲ့သို့ခံစားမှုဝေဒနာများမှာ ဘုရားသခင်နှင့် ခွဲခွါရခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်၏ မေတ္တာမှတစ်ပါး ထိုဝေဒနာများကို မပျောက်ကင်းစေနိုင်ပါ။ “အထံတော်၌ စုံလင်ဝမ်းမြောက်ခြင်း အခွင့်နှင့် လက်ျာတော်နားမှာ အစဉ်အမြဲပျော်မွေ့ခြင်းအခွင့်ရှိပါ၏” (ဆာလံ ၁၆:၁၁)။ စုံလင်သော ကျေနပ်မှုသည် ဘုရားသခင်နှင့်လူစပ်ကြားမှာ ပြိုပျက်နေသောဆက်သွယ်မှုကိုပြုပြင်ပြီးမှသာ ကိုယ် တော်၏ ရှေ့မှောက်သို့ဝင်ရောက်ခစားနိုင်ပါသည်။

 

၂။       အပြစ်နှင့်သေခြင်းပေါင်းကူးတံတားကိုပြုပြင်ခြင်း

          လူသည် အပြစ်ကြောင့်လွမ်းဆွတ်တမ်းတရခြင်းသာမကဘဲ အာဒံနှင့်ဧ၀တို့သည် ဘုရားသခင် ကိုကျောခိုင်းပြီးနောက် ဘုရားသခင်၏နှလုံးသားကို ထိခိုက်နာကြည်းစေခဲ့ပါသည်။ လူ၏ဝမ်းနည်း ခြင်းနှင့် ဒုက္ခများကြောင့် ဘုရားသခင်သည်လည်း စိတ်နာကြည်းထိခိုက်ခဲ့ပါသည်။ ဘုရားသခင်သည် လူ၏ ကြေကွဲမှုဒုက္ခကိုနှစ်သိမ့်ရန်နှင့် စိတ်၏ နာကြည်းမှုကို ပျောက်ကင်းစေလိုပါသည်။ ကမ်း၏ တစ်ဖက်မှသနားမှုစိတ်ဖြင့်မကြည့်ရှုလိုဘဲ ကမ်းတစ်ဖက်နှင့်တစ်ဖက်ကို တံတားပမာ မိမိမေတ္တာဖြင့် ပေါင်းကူးပေးလိုက်ပါသည်။ “ထာဝရဘုရားသခင်၏သားတော်ကို ယုံကြည်သူအပေါင်းတို့သည် ပျက် စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါ ဘုရားသခင်သည် တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကသားတို့ကို ချစ်တော်မူ၏။” (ယောဟန် ၃း၁၆၊ ၁၇)။

          ဘုရားသခင်သည် သားတော်ကိုပေးသည်။ သားတော်သည် အသက်ကိုပေးသည်။ သေစားသေ ရမည့်လူအတွက် အသက်ကိုပေးသည်။ ခရစ်တော်၏ အသေခံခြင်း၊ ထမြောက်ရှင်ပြန်ခြင်းအားဖြင့် အပြစ်သားကိုကယ်၍ အပြစ်ကို သေးသိမ်ခြင်းမရှိစေဘဲ ခွင့်လွှတ်ကာ စကြဝဠာတစ်ခုလုံးအား ခရစ် တော်နှင့်စာတန်၏အကျင့်များကို နှိုင်းယှဉ်ထားပါသည်။ တံတားတည်းဟူသောကျိုးပဲ့သော ကိုယ်ခန္ဓာ နှင့် ယိုစီးသောသွေးတော်သည် အပြစ်သားများကို ထောင်ချောက်မှဆွဲထုတ်သည်။ မေတ္တာတော်သည် ပေါင်းကူးပေးသည်။ ခရစ်တော်ကိုယုံကြည်သောသူတိုင်းတို့သည် ထာဝရအသက်လမ်းပေါ်လျှောက် လိုက်ရသောအခွင့်ရှိသည်။

၃။       ခရစ်တော်ကိုသိရန်အချက်ကြီး (၇) ချက်

(၁)    ဤအချက်ကြီး (၇) ချက်သည် အသက်ရှင်ခဲ့သောဘယ်လူသားနှင့်မျှမတူညီပါ။ “ယေရှုက လည်း ငါအမှန်အကန်ဆိုသည်ကား အာဗြဟံမဖြစ်မီ ငါဖြစ်၏ဟု မိန့်တော်မူ၏” (ယောဟန် ၈း၅၈)။ ခရစ်တော်က ကမ္ဘာကြီးကိုသက်သေခံသည်မှာ- “ငါဖြစ်၏” ငါအမြဲတည်ရှိ၏။ ငါအမြဲ တည်နေမည်။ ခရစ်တော်သည် လူသားမိခင်မှမွေးဖွားခြင်းခံရသော်လည်း (မဿဲ ၁:၂၂၊ ၂၃)။ ထိုပုဂ္ဂိုလ်သည် ဘုရားသခင်ဖြစ်၏။ ဘုရားသခင်သည် လူအသွေးအသားတွင်တည်နေ၏။ ဒွိုက်မူးဒီနှင့် ဘေလီဂရာဟင်(မ်) ဓမ္မဆရာကြီးများ၏ ဝေဖန်ချက်မှာ- ခရစ်တော်သည် ငွေ ပုခက်ပေါ်လွှဲခြင်းခံရသော်လည်း၊ ကောင်းကင် တမန်က ကြည့်ရှုပြုစုသော်လည်း၊ ရွှေဇွန်းဖြင့် အစာခွံ့ပေးခြင်းခံရသော်လည်း သူသည် လူ့ဘဝတွင် ဝင်စားခံရခြင်း သည်အချည်းနှီးပင်ဖြစ် မည်ကို သိနိုင်သည်။ သို့ရာတွင် ခရစ်တော်သည် ကောင်းကင်မိုးမြေအရှင်ဖြစ်သော်လည်း လူ၏ဘဝဇာတိကိုခံယူခဲ့ပါသည်။ ပတ်ဝန်းကျင်တွင် အဆိုးဆုံးနွားစားခွက်တွင် မွေးဖွားခြင်းခံ ခဲ့ရပါသည်။ ခရစ်တော်ကို မွေးဖွားစဉ်က အဘယောသပ်အားမှာကြားခဲ့သည်မှာ “သူမ (မာရီ) သားယောက်ျားကိုမွေးဖွား၍ ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူဖြစ်သော ကြောင့် ယေရှုဟု အမည်ဖြင့်မှည့်ရမည်။” (မဿဲ ၁း၂၁)။ ခရစ်တော်ကမ္ဘာကြီးကိုဖန်ဆင်း သော (ယောဟန် ၁း၁-၃၊ ၁၄) ကယ်တင်ရှင်သခင်သည် ကျွန်ုပ်တို့၏ အပြစ်နှင့်သေခြင်းမှလွတ် မြောက်ရန် ကယ်တင်ပေးခဲ့ပါသည်။

(၂)     ခရစ်တော်သည် အပြစ်မရှိသောအသက်တာဖြင့်နေထိုင်ခဲ့သည်

ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူ မဟုတ်၊ ငါတို့ခံရသည့်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ် တော်မူ၏။ သို့ရာတွင် အပြစ်နှင့်ကင်းလွတ်တော်မူ၏။” (ဟေဗြဲ ၄:၁၄၊ ၁၅)။

          ဘုရားသခင်အဖြစ်၏ အသက်တာမှ အပြစ်မဲ့အသက်တာသို့ သွန်သင်ပေးပါသည်။ လူဇာတိအဖြစ်နေခြင်းဖြင့်အပြစ်အသက်တာမှလွှတ်မြောက်ရန်နေပြခြင်းအားဖြင့် အကောင်း ဆုံးလက်တွေ့ တရားဟောချက်တစ်ခုပေးခဲ့ပါသည်။ စာတန်၊ ခရစ်တော်၏ရန်သူသည် ခရစ် တော်လောကတွင်သက်တော် ထင်ရှားစဉ် နည်းမျိုးစုံအသုံးပြုကာ စုံးစမ်းသွေးဆောင်ခဲ့ပါ သည်။ တောတောင်အတွင်းအစာရှောင်ဆုတောင်းနေစဉ် အကြီးမားဆုံးသော သွေးဆောင် မှုကိုပြုခဲ့ပါသည်။ (မဿဲ ၄း၁-၁၁)။ လက်ဝါးကပ်တိုင်မတက်မီ ဂေသရှေမန်ဥယျာဉ်ထဲတွင် ခရစ်တော်၏ စိတ်အလှုပ်ရှားဆုံးဖြစ်စေခဲ့၍ ချွေးများသည် သွေးကဲ့သို့ စီးထွက်ခဲ့သည်။ (လုကာ ၂၂း၄၄)။ သို့ရာတွင် မည်ကဲ့သို့စုံစမ်းခြင်းမဆို ခရစ်တော်သည် မားမားမတ်မတ် ရပ် တည်ကာ တွန်းလှန်နိုင်ခဲ့သည်။ အပြစ်တစ်စုံတစ်ရာမျှမပြုလုပ်ခဲ့ပါ။ အကြောင်းမူကား ခရစ် တော်သည် လူ၏ရုန်းကန်မှုနှင့် အပြစ်ကို တွန်းလှန်နိုင်သောအခက်အခဲများကို အားလုံးသိခဲ့ သောကြောင့်ဖြစ်သည်။ ခရစ်တော်သည်လူ၏အားနည်းချက်ကိုကိုယ်ချင်းစာ၍ သနားမိသည်။ (ဟေဗြဲ ၄း၁၅)။ ခရစ်တော်အပြစ်မဲ့နေရခြင်းသည် ဘာကြောင့် အရေးကြီးသနည်း။ အဘယ် ကြောင့်နည်းဟူမူကား ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း (၂ကော ၅:၂၁)။

          ခရစ်တော်သည် စုံစမ်းခြင်းကိုအောင်မြင်၍ အပြစ်မရှိသောအသက်တာ၌ ကျင်လည်ခဲ့ သောကြောင့် ကျွန်ုပ်တို့၏ဘဝဟောင်းအပြစ်အသက်တာဖြင့် လဲလှယ်နိုင်ခဲ့သည်။

 

(၃)      ခရစ်တော်၏သေခြင်းသည် အပြစ်ယူပစ်ရန်ဖြစ်သည်

လူဘယ်လောက်များများ အပြစ်ပြုလုပ်ခဲ့ပါသနည်း။ “လူအပေါင်းတို့သည် အပြစ်ကိုပြု၍ ဘုရားသခင် ရှေ့တော်၌ အသရေပျက်ကြပြီ။” (ရောမ ၃:၂၃)။ အပြစ်၏အခကား မည်သည့် အရာနည်း။ “အပြစ်တရား၏အခကား သေခြင်းပေတည်း။” (ရောမ ၆း၂၃)။ ခရစ်တော်သည် ဘာကြောင့် အသက်စွန့်ရသနည်း။ “ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့” (ယောဟန် ၁:၂၉)။ လူသားများတို့သည် အပြစ်သင့်သောကြောင့် ထာဝရသေခြင်းတရားဝင်လာသည်။ သို့ရာတွင် ခရစ်တော်သည် ကျွန်ုပ်တို့၏ ကိုယ်စားအသေ ခံခဲ့သည်။ သူသည် ကျွန်ုပ်တို့၏ အပြစ်ကိုယ်စားခံယူကာ သေခြင်း၏ပြစ်မိန့်တရားကို ပေး ဆောင်ခဲ့သည်။ သူ၏သေခြင်းတရားသည် ကျွန်ုပ်တို့အတွက် ဆုကျေးဇူးဖြစ်၏။ “ထာဝရ ဘုရားသခင်၏ကျေးဇူးမူကား၊ ထာဝရအသက်ဖြစ်၏” (ရောမ ၆း၂၃)။ ခရစ်တော်သည် ပြည့်စုံ ဖြောင့်မတ်သောအသက်တာဖြင့် မေတ္တာဆုကျေးဇူးနှင့် ပေးဆပ်ခဲ့သည်။ ဤကဲ့သို့သော အချစ်စစ်အချစ်မှန်သည် လူ့သဘောသဘာဝဖြင့် ဆင်ခြင်ဝေဖန်သုံးသပ်၍ မရနိုင်ပါ။ ခရစ် တော်၏သေခြင်းကြောင့် သူ့အားဖြင့် ဘုရားသခင်၏ရှေ့တော်၌ ငြိမ်သက်ခြင်းရှိ၏။ (ရောမ ၅း၁)။

(၄)      ခရစ်တော်သည် သေခြင်းမှထမြောက်သည်

သေခြင်းတရားသည် ခရစ်တော်၏သက်တော်စဉ်တွင် အဆုံးတရားမဟုတ်ပါ။ ခရစ်တော် သည် သေလျက်ပင် ကယ်တင်ရှင်ဖြစ်နိုင်သည်။ ခရစ်တော်သည်ထမြောက်တော်မမူလျှင် သင် တို့သည် ယုံကြည်သော်လည်းအကျိုးမရှိ။ (၁ကော ၁၅း၁၇၊ ၁၈)။ ခရစ်တော်သည် သေခြင်းမှ သုံးရက်အတွင်း ထမြောက်ခဲ့သောကြောင့် မည်သည့်ကတိကို ပေးနိုင်သနည်း။ “ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရလိမ့်မည်။” (ယောဟန် ၁၄း၁၉)။ ခရစ်တော်သည်အသက်ရှင်လျက်ရှိ၏။ အကြောင်းမူကား၊ သေခြင်းတန်ခိုးကို အောင်နိုင်သော သူဖြစ်၏။ သူသည် သေခြင်းမှကယ်တင်ခြင်းပေးနိုင်၍ ပြည့်စုံသော အသက်တာနှင့် ထာဝရ အသက်လည်းပေးနိုင်၏။ ခရစ်တော်ဘုရားသခင်ကိုဖိတ်ခေါ်လျှင် ကျွန်ုပ်တို့၏ နှလုံးသားထဲ တွင် ကိန်းအောင်းနေမည်။ ခရစ်တော်ဘုရားသခင်သည် လိုလျက်ရှိသောအရာတစ်ခုစီကို ဖြည့်စွက်ပေးနိုင်သည်။ “ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏” (မဿဲ ၂၈း၂၀)။ ကမ္ဘာရှိလူသား များတို့သည် ခရစ်တော်ကယ်တင်ကြောင်းနှင့်ပတ်သက်၍အဖြစ်အပျက်များကိုဝေငှသက်သေ ခံကြပါသည်။

          တပည့်ဟောင်းတစ်ယောက်သည် အဖြေစာရွက်တစ်ခုတွင် သက်သေခံခဲ့ပုံမှာ- ကျွန်တော်သည်အရက်သမားတစ်ဦးဖြစ်ပါသည်။ တစ်နေ့အရက်မူးနေစဉ်ရေမြောင်းဘေးတွင် ကျမ်းစာသင်တန်းကတ်ပြားကိုတွေ့ရ၍ ကျွန်တော့်လိပ်စာထည့်ကာ ပေးပို့လိုက်ပါသည်။ မကြာမီမှာပင် ခရစ်တော်၏အကြောင်းနှင့် ပတ်သက်သော အမှန်တရားများသိရှိခဲ့ပါသည်။ မကြာမီမှာပင် ကျမ်းစာဆက်လက်သင်ကြားသောကြောင့် အရက်ကိုစွန့်ခဲ့ပါသည်။ ခရစ်တော် သည် ဤလူ၏အသက်တာကိုပိုင်သွားသောအခါ ခရစ်တော်ထံမှ အရက်စွဲနေသော အကျင့်ဆိုး ကိုအောင်နိုင်ရန် စွမ်းရည်သတ္တိပေးတော်မူ၏။

(၅)      ခရစ်တော်သည် ကောင်းကင်သို့တက်ကြွသွားသည်

ထမြောက်ရှင်ပြန်ပြီးနောက် အဘထံသို့မသွားမီ (တမန်တော် ၁း၉)။ သူသည် မိမိတပည့်တော် တို့အားကတိပေးခဲ့သည်မှာ “သင်တို့နေစရာအရပ်ကိုပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား ၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တစ်ဖန်ပြန်လာ၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့သိမ်းဆည်းမည်” (ယောဟန် ၁၄း၁-၃)။

(၆)      ခရစ်တော်ကောင်းကင်ဗိမာန်တော်တွင် ယဇ်ပုရောဟိတ်အနေဖြင့်လုပ်ကိုင်နေသည်

          ခရစ်တော်သည် သူ၏အပြစ်ဖြေစရာအကြောင်းကိုစီရင်၍ ဘုရားသခင်နှင့်စပ်ဆိုင် သောအရာတို့၌ ကရုဏာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ပြည့်စုံသောယဇ်ပုရော ဟိတ်အကြီးဖြစ်အံ့သောငှါ မိမိညီအစ်ကိုတို့နှင့်လုံးလုံးတူရသောအကြောင်းရှိ၏ (ဟေဗြဲ ၂း၁၇၊ ၁၈)။ ဘုရားသခင်နှင့် လူကိုစေ့စပ်ပေးရန် ဤလောကသို့လာသတည်း။ အပြစ်၏နှောင်ကြိုးမှ ကယ်တင်ရန်လာသည်။ အသေခံ၍ ကျွန်ုပ်တို့ကို ကယ်တင်ရခြင်းသည် အပြစ်ကိုဖျက်ဆီးဖို့ရန် ဖြစ်သည်။ နောက်ဆုံးတွင် စာတန်ကို ဖျက်ဆီးဖို့ရန်ဖြစ်သည်။ ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ် မင်းခရစ်တော်သည် မိမိညီအစ်ကိုနှင့်တူသောကြောင့်ဖြစ်၏။ ယခုအခါ အဘ၏ရှေ့တော်တွင် အပြစ်သားတစ်ဦးစီအတွက်ရှေ့နေအဖြစ်အကျိုးဆောင်ပေး၏။ထိုခရစ်တော်ပင်လျှင် ကလေး များကို ကောင်းချီးပေးခဲ့သည်။ အပြစ်လုပ်နေသော မာရိကိုလည်း ဘဝပြောင်းပေးခဲ့သည်။ လက်ဝါးကပ်တိုင်တွင် သေလုဆဲအချိန်တွင် သူခိုးကိုလည်းအပြစ်လွှတ်ခဲ့သည်။ ထိုအရှင်သည် လူတစ်ဦးစီ စုံစမ်းခြင်းခံရသောသူကိုမစနိုင်သည်။

(၇)      ခရစ်တော်တစ်ဖန်ပြန်လာမည်

ကောင်းကင်သို့မတက်သွားမီ ခရစ်တော်ဘာကတိပေးခဲ့သလဲ။ ငါသည် သင်တို့နေစရာအရပ် ကို ပြင်ဆင်ပြီးမှ တစ်ဖန်ပြန်လာ၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကိုငါ့ထံသို့ သိမ်း ဆည်းမည် (ယောဟန် ၁၄:၃)။ ခရစ်တော်ကြွလာသောအခါ ကျွန်ုပ်တို့ကိုအပြစ်မှ ကယ်လွှတ် မည်။ ၎င်းအချိန်တွင် ကျွန်ုပ်တို့ကို ဖိတ်ခေါ်၍ ကမ္ဘာသစ်၊ ထာဝရအသက်နှင့် ဝမ်းမြောက်ခြင်း ဆီသို့ပို့ဆောင်မည်။

၄။       မလျော့နည်းသောမေတ္တာ

          ထိုင်ဝမ်ကျွန်းတွင်ပြုလုပ်သောမင်္ဂလာပွဲအပြီးတွင် သတို့သားဖြစ်သူဦးလုံးသည် သတို့သမီးဖြစ် သူ၏မျက်နှာကို အုပ်ထားသောဇာပဝါကိုဖွင့်ကြည့်လိုက်သောအခါ သူသည်တုန်လှုပ်ချောက်ချားသွား လေသည်။ သူမ၏မျက်နှာ သည် မင်းကုသ၏မျက်နှာကဲ့သို့ဖြစ်နေကြောင်း တွေ့မြင်လိုက်ရလေသည်။ ၎င်းနောက်ပိုင်းတွင် ဦးလုံး၏ဆက်ဆံ ပေါင်းသင်းပုံမှာ ထူးခြားသွားလေသည်။ ဇနီးသည်မှာ ၁၂ နှစ် တိတိသျှ အားကြည့်ရှုပြုစုယုယကာ သူမ၏မေတ္တာကို ပြခဲ့သည်။ သူမ၏ခင်ပွန်းမှာကား သူမအပေါ် တွင် ဟန်ဆောင်အချစ်ဖြင့် ဂရုမစိုက်ဘဲပေါင်းသင်းခဲ့သည်။ ဦးလုံးသည် အထီးတည်းဂရုမစိုက်ဘဲနေခဲ့ သည်။ ဤကဲ့သို့နေထိုင်ခဲ့ရာမှ ဦးလုံးသည်တဖြည်းဖြည်းစက္ခုအလင်းကွယ်ပျောက်လာခဲ့ရာ အကယ် ၍ ဆရာဝန်များကအချိန်မီခွဲစိတ်ကုသ၍ မျက်ကြည်လွှာကိုမထည့်ပေးခဲ့လျှင် မျက်စိလုံးလုံးကွယ်သွား မည်ဖြစ်ကြောင်းပြောပြခဲ့၏။ မျက်ကြည်လွှာမှာလည်း ရှားပါးပစ္စည်းဖြစ်၍ ရရှိနိုင်ရန်တန်းစီစောင့်ရ မည်ဖြစ်ကြောင်း ပြောပြ၏။ အချစ်မခံခဲ့ရသောဇနီးသည်က ချစ်ရသောခင်ပွန်းသည်အတွက် မျက်စိ ပြန်မြင်နိုင်ရန် ခွဲစိတ်ခအတွက် မြက်ဦးထုပ်များရက်လုပ်ရင်း ဆေးကုသစရိတ်များရရှိရန် ရှာဖွေပေး ခဲ့သည်။ ခွဲစိတ်ကုသစရိတ်လုံလောက်သောအခါ ခွဲစိတ်ခပေး၍ မိမိမျက်ကြည်လွှာကို ချစ်ရသော ခင်ပွန်းသည်အတွက်ပေးလှူခဲ့လေသည်။ ခွဲစိတ်ခသာသိ၍ မိမိမျက်ကြည်လွှာလှူခဲ့သော ဇနီးသည်ကို ကျေးဇူးတင်ရန် ကြည့်သောအခါ ဇနီးသည်မှာ မျက်ကြည်လွှာမရှိ၊ ဘာမျှမမြင်တော့ကြောင်းကို သိသောအခါ ကျေးဇူးတင်၊ ဝမ်းနည်း၊ နှလုံးကြေကွဲကာ မိမိဇနီး၏အမည် (မရွှေပန်း) ဟု ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်ခေါ်ဆို၍ အချစ်ကြေကွဲဝမ်းနည်းမှုများခဲ့ကြောင်းသိရလေသည်။

          အပြစ်သားတစ်ဦးပြန်လာရန် ခရစ်တော်သည် နှစ်ပေါင်းများစွာစောင့်မျှော်နေပါသည်။ သူ့ အားလည်း ကယ်တင်ရှင်ဟုခေါ်ဆိုရန် စောင့်စား၍နေပါသည်။ ခရစ်တော်သည် နောင်တရသော အပြစ်သားတစ်ဦးအတွက် မျက်ကြည်လွှာသာမကဘဲ အသက်တော်ပင်စွန့်ခဲ့လေသည်။ (၁တိ ၁း၁၅)။ ကျွန်ုပ်တို့ဂရုမစိုက်သောစိတ်ထားကို ခရစ်တော်၏ ပေးလှူသောစေတနာမေတ္တာဖြင့် တံတားပေါင်း ကူးပေးခဲ့သည်။ သင့်အား အန္တရာယ်ကြီးသော တောင်ကြားတစ်ဖက်သို့ ဆွဲယူကယ်တင်လိုကြောင်း၊ ရင်ခွင်ထဲရောက်သည်အထိဆွဲယူလိုသည်။ သင်သည် ဦးညွှတ်ခါဆုတောင်း၍ ခရစ်တော်ဘုရားသခင် ကို ကျွန်ုပ်ချစ်ပါ၏ဟုပြောပြလိုပါသလား။ ကျွန်ုပ်၏ စိတ်နှလုံးထဲသို့ဝင်၍ ကျွန်ုပ်ကိုကယ်မတော်မူပါ ဟုတောင်းပန်လိုပါသလား။

                    သခင်ခရစ်တော်

လာ၍လူဇာတိကိုခံယူသောဘုရားသခင်

နေခဲ့သည်                           -         အပြစ်မရှိသောအသက်တာဖြင့်

သက်တော်စွန့်သည်               -         လူသားအပြစ်အတွက်

ထမြောက်သည်                    -         သေခြင်းမှကယ်တင်ရန်

ကောင်းကင်သို့တက်ကြွသည်   -         ကျွန်ုပ်တို့အတွက်အိမ်တော်ပြင်ဆင်ရန်

အမှုတော်ဆောင်ရွက်သည်      -         နေ့စဉ်ယဇ်ပုရောဟိတ်မင်းအဖြစ်

ကြွလာတော်မူမည်      -         သူနှင့်အတူထာဝရနေရန်ခေါ်ဆောင်မည်။

 

ရှာဖွေတွေ့ရှိခြင်းလမ်းညွှန် (၅) အဖြေလွှာ

ကျေနပ်ဖွယ်ရာကောင်းသောအသက်တာတံတားသို့

ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၅) ကိုဖတ်၍ မှန်သောစာကြောင်းရှေ့ တွင်ကြက်ခြေခတ် (x) ပေးပါ။

၁။       အပြစ်သည် ဘုရားသခင်နှင့်လူကိုခွဲခွါသည်-

          ----------------- အပြစ်ကြောင့် သေခြင်းတရားဝင်လာသည်။

          ----------------- ဘုရားသခင်ကိုရှာခြင်းဖြင့် အပြစ်ကြောင့် ဝေးနေသောစိတ်ကိုနှစ်သိမ့်ခြင်းပေး                         သည်။

၂။       ----------------- ခရစ်တော်သည် အပြစ်အခသေခြင်းကို ပေးလှူခဲ့သည်။ ဘုရားသခင်နှင့် လူစပ်                      ကြားမှာပေါင်းကူးပေးသည်။ ခရစ်တော်သည် ထာဝရအသက်ပေးရန်ကြွလာ                       သည်။

အဓိပ္ပါယ်ပြည့်သောစာကြောင်းကိုသာ ကြက်ခြေခတ်ပေးပါ။

၃။       ခရစ်တော်သည် ဤလောကသို့ကြွလာသည်-

          ----------------- ဘုရားသခင်အဖြစ် ကမ္ဘာဆက်ဆက်ဖြစ်ခဲ့သောဘုရားသခင်၊ အပြစ်မှကယ်                       တင်ပေးရန်။

          ----------------- ဖန်ဆင်းရှင်အဖြစ် လူကိုဖန်ဆင်း၍တာဝန်ရှိလို့သာ။

          ခရစ်တော်သည် ဤလောက၌နေသည်-

          ----------------- ကျွန်ုပ်တို့နေရာအစား အပြစ်မရှိသောအသက်တာဖြင့်နေသည်။

          ----------------- စာတန်သွေးဆောင်သော်လည်း၊ ပြည့်စုံသလောက်အသက်တာဖြင့်နေသည်။

          ခရစ်တော်သက်တော်စွန့် သည်-

          ----------------- အပြစ်အတွက်၊ လူသားအားလုံးအတွက်။

          ----------------- သန့်ရှင်းသောသူ၏အပြစ်အတွက်သာ။

          ခရစ်တော်သည် တတိယနေ့၌ သင်္ချိုင်းမှထမြောက်သည်-

          ----------------- အခြားဘာသာရေးပုဂ္ဂိုလ်များကဲ့သို့။

          ----------------- ကျွန်ုပ်တို့အတွက် အသစ်သောအသက်ပေးနိုင်ရန်။

          ခရစ်တော်သည် ကောင်းကင်သို့တက်ကြွသွားသည်-

          ----------------- ကောင်းကင်တွင် ကျွန်ုပ်တို့အတွက်နေအိမ်ပြုလုပ်ပေးရန်။

          ----------------- ကျွန်ုပ်တို့သူ့ကိုဘယ်တော့မျှမမြင်နိုင်ရန်။

          ခရစ်တော်သည် မကြာမီပြန်လာမည်။ ယခုသူသည် ယဇ်ပုရောဟိတ်မင်းအနေဖြင့် ကျွန်ုပ်တို့         အတွက်အမှုတော် ဆောင်ရွက်ပေးသည်။-

          ----------------- ကျွန်ုပ်တို့ကို အပြစ်၏ကျေးကျွန်မှကယ်ချွတ်ရန်။

          ----------------- တိရစ္ဆာန်ကိုပေးလှူခြင်းဖြင့် ကျွန်ုပ်တို့ကိုအပြစ်မှကယ်တင်ရန်။

 

နှလုံးသွင်းရန်မေးခွန်းများ

          ခရစ်တော်သည် ကျွန်ုပ်တို့အပြစ်သားများအတွက် ဤမျှပြုလုပ်ပေးသည်ကိုထောက်၍ သင် သည် နှလုံးသားဖြင့် တုံ့ပြန်ကာ အပြစ်ဖြေလွှတ်ရန် စိတ်နှလုံးတွင်ကိန်းအောင်းရန်နှင့် ကယ်တင်ရန် တောင်းဆိုလိုပါသလား။

 

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 

စိတ္တသုခရှာဖွေခြင်း ()

ဓမ္မဒါန

စာမူခွင့်ပြုချက်အမှတ် ၄၈၂/၂၀၀၃ ()

 

ထုတ်ဝေသူ။     ဦးဆန်ဒီ၊ ယာယီမှတ်ပုံတင်အမှတ် (၄၄၉) စိတ္တသုခရှာဖွေခြင်း၊ (အမှတ်စဉ်ထုတ်)                  ၆၈/၇၂ ဦးဝိစာရလမ်း၊ ရန်ကုန်မြို့

ပုံနှိပ်သူ။          ဦးစိုင်းရပ်စ်၊ မှတ်ပုံတင်အမှတ် (၀၂၈၃ဝ) ကင်းစောင့်ပုံနှိပ်တိုက်၊ အမှတ် ၂၀၆                               ရွှေသစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

(စောင်ရေ ၅၀၀၀၊ ပထမအကြိမ်)




အခန်းကြီး - ၆

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၆)

အသက်တာ၏ ဒုတိယအခွင့်အရေး

 

လူတစ်ယောက်သည် တခြားဘာသာအဖြစ် နှစ်ပေါင်းများစွာနေခဲ့ပြီးနောက် စင်္ကာပူမြို့ရှိ ခရစ်ယာန်အသင်းလူကြီး တစ်ယောက်က ၎င်းဘာသာကိုးကွယ်ခဲ့သည့် မစ္စတာလင်းအား ၎င်းဘာသာ နှင့် ခရစ်ယာန်ဘာသာခြားနားချက်ကို မည်ကဲ့သို့တွေ့ရှိပါသနည်းဟုမေးခဲ့ရာ မစ္စတာလင်းက လွယ်ပါ တယ်ခင်ဗျာ၊ ခရစ်တော်ယေရှုကိုတွေ့ခဲ့ကတည်းက ကျွန်ုပ်၏ ကယ်တင်ရှင်အဖြစ်လက်ခံသော ကြောင့် ကျွန်ုပ်၏ စိတ်တွင် ငြိမ်သက်ခြင်းတွေ့ခဲ့ပါသည်။ ကျွန်ုပ်တို့၏ အသက်တာကို ခရစ်တော်၌ ဗဟိုပြုလျှင် ထိုကဲ့သို့ ဗဟုသုတမျိုးခံစားရပါမည်။ “စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့် ငြိမ်သက်ခြင်းသက်သက်ရှိမည်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်။” (ဟေရှာယ ၂၆:၃)။

ခရစ်ယာန်အသက်တာရရှိခြင်းသည် ပြည့်စုံသောငြိမ်သက်ခြင်းဖြစ်၏။ ပြည့်စုံ၍ လုံခြုံသော ခံစားမှုနှင့် နေထိုင်မှုပါရှိ ပါသည်။

ခရစ်တော်ကိုတွေ့ ရှိသောသူသည် အသက်တာ၏ဒုတိယအခွင့်အရေးရရှိသောသူဖြစ်သည်။

၁။       ပျောက်သောသူကယ်တင်ရန် မည်ကဲ့သို့သောအဓိပ္ပါယ်ရှိပါသနည်း

ကိုယ်ကာယအားဖြင့် အသက်ရှင်သောသူသည် အချို့သောသူ၏ ခေါ်ဝေါ်ချက်အရ ကောင်း သောအခွင့်အရေးဖြစ်သော်လည်း ဝိညာဉ်ရေးတွင် သေလျက်နေသောသူဖြစ်ပေလိမ့်မည်။ “သင်တို့ သည် အထက်ကလောကတရားသို့လိုက်၍အာကာသကောင်းကင်၏ တန်ခိုးကိုအစိုးရသောမင်းတည်း ဟူသော ငြင်းဆန်သောသူတို့၌ ပြုပြင်သောဝိညာဉ်၏အလိုနှင့်အညီ အပြစ်တို့၌ကျင်လည်ကြ၍ အပြစ် ၌သေလျက်နေသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။” (ဧဖက် ၂း၁၊ ၂)။ စာတန်သည် ဝိညာဉ်ရေးအရ သေနေသောသူအား အနိမ့်သို့စောက်ထိုးဆင်းရန် အပြစ်နှင့်နားမထောင် ခြင်းသို့ ပို့ဆောင်ခဲ့ပါသည်။ သို့ရာတွင် ထူးဆန်းနက်နဲသော ဘုရားသခင်၏မေတ္တာနှင့် ဧဝံဂေလိတရား သည် သူတို့အားကယ်တင်လိုပါသည်။ ထိုသူတို့အား သူတို့အပြစ်၌သေလျက်နေစဉ် ချစ်တော်မူ၏။ သူတို့အတွက် သူတို့၏အခက်အခဲများမှ အခမဲ့ ကယ်တင်လိုပါသည်။ “သို့သော်လည်း ကရုဏာတော် နှင့်ကြွယ်ဝတော်မူသောဘုရားသခင်သည် ငါတို့ကိုချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့် အပြစ်၌သေလျက်ရှိနေသောငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီး ကျေးဇူးတော် ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏။” (ဒဖက် ၂:၄၊ ၅)။ ဘုရားသခင်သည် ကျွန်ုပ်တို့အားချစ်ဖို့ရန် မသင့်သော်လည်း ချစ်တော်မူ၏။ သူ၏ကျေးဇူးတရားသည် ခရစ်တော်အားဖြင့် အသစ်သော အသက် တာကိုဖန်တီးပေး၏။ ကျွန်ုပ်တို့သည် မိမိကိုယ်စိတ်သဘောကို မပြောင်းလဲနိုင်ပါ။ ဘုရားသခင်သာ ပြောင်းလဲပေးနိုင်၏။ ယုံကြည်ခြင်းဖြင့်လည်းကောင်း၊ ဆက်ကပ်ခြင်းဖြင့်လည်းကောင်း ဘုရားသခင် ထံသို့လာလျှင်ဘုရားသခင်သည်အသက်တာ၏ဒုတိယအခွင့်အရေးကို အခမဲ့ဆုကျေးဇူးအဖြစ်ပေး၏။

၂။       မည်သည့်အရာမှကယ်တင်ဖို့ရန်လိုပါသနည်း

(၁)      ကျွန်ုပ်တို့သည် အပြစ်မှကယ်တင်ဖို့ရန် လိုပါသည်။ “အဘယ်ကြောင့်နည်းဟူမူကား လူ အပေါင်းတို့သည် အပြစ်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ” (ရောမ ၃း၂၃)။ ရှင်းရှင်းလင်းလင်းပြောရလျှင် ကျွန်ုပ်တို့သည် အမှန်ကိုအမှန်အတိုင်းလက်မခံပါ။ မိဘတို့ သည် စိတ်ဖေါက်ပြန်နေခိုက် ကလေးငယ်၏ စိတ်ဆန္ဒကို ဖေါက်ပြန်စေနိုင်သည်။ လူတစ် ယောက်သည် စိတ်ဆိုးနေခိုက် ကားမောင်းသောသူတစ်ယောက် (သို့မဟုတ်) ခရီးသွားသူ တစ်ဦးအား မတော်တဆအန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည်။ ကျောင်းသားတစ်ဦးသည်လည်း အမျက်ဒေါသထွက်၍ အခြားသောကျောင်းသားတစ်ဦးအား ဝေဖန်တတ်ပါသည်။ လုပ်ငန်း ပိုင်ရှင်တစ်ဦးသည်လည်း ဝင်ငွေအချို့ကို ထိမ်ဝှက်၍ အမြတ်တော်ခွန်လျော့နည်းစေရန် ကြံ စည်တတ်ပါသည်။ လူတိုင်းတွင်အပြစ်ရှိ၏။ ဤကဲ့သို့သော အခြင်းအရာသည် လူ၏အခြေခံ တရားမဲ့ခြင်းဖြစ်၏။ ကျမ်းစာတော်မြတ်ကား အပြစ်ကိုမည်ကဲ့သို့ရှင်းပြထားပါသနည်း။ “မတ ရားသောအမှုမည်သည်ကား အပြစ်ဖြစ်၏။ သို့သော်လည်း သေပြစ်မသင့်သောအပြစ်ရှိ၏” (၁ယော ၁၅း၁၇)။ ကျွန်ုပ်တို့သည် မသန့်ရှင်းသောဓလေ့နှင့် ပြင်းပြသောဆန္ဒဒေါသမှ ကယ် တင်ရန်လိုပါ၏။ လိမ်လည်ခြင်း၊ ဆဲဆိုသောဒေါသများ၊ တပ်မက်ခြင်း၊ ငြူစူခြင်း ဤမကောင်း မှုဓလေ့များဖြစ်ပါသည်။ “အပြစ်ကို ပြုသောသူမည်သည်ကား ပညတ်တော်ကိုလွန်ကျူး၏။ အပြစ်သည်ကား ပညတ်တော်ကိုလွန်ကျူးခြင်းဖြစ်သတည်း” (၁ယော ၃း၄)။ ထို့ကြောင့် ကျွန်ုပ်တို့သည် အပြစ်မှကယ်တင်ရန်လိုပါ၏။ အပြစ်သည် ပညတ်တော်ကိုလွန်ကျူးခြင်းဖြစ် သတည်း။

(၂)      ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အဆက်ပြတ်နေခြင်းမှ ကယ်တင်ရန်လိုပါသည်။ “သင်တို့ အပြစ်သည် သင်တို့ကို ဘုရားသခင်နှင့်ကွာစေပြီ။ ကြားတော်မမူစေခြင်းငှါ၊ သင်တို့အပြစ် သည် မျက်နှာတော်ကိုလွှဲစေပြီ” (ဟေရှာယ ၅၉း၂)။ မဖြေလွှတ်သောအပြစ်သည် ဘုရားသခင် နှင့်အဆက်ပြတ်စေသည်။ ခရစ်တော်သည် စာတန် ဖျက်ဆီးသော ထိုအဆက်ဖြတ်ခြင်းကို ပြုပြင်ရန်လာသတည်း။

(၃)      ကျွန်ုပ်တို့သည် အပြစ်အခဖြစ်သော ထာဝရသေခြင်းမှကယ်တင်ရန် လိုအပ်ပါသည်။ “ဤ အကြောင်းအရာဟူမူကား အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိ သောကြောင့် သေခြင်းသို့ရောက်ရကြ၏” (ရောမ ၅း၁၂)။

(၄)      ကျွန်ုပ်တို့သည် အပြစ်တွင် ပျော်ရွှင်မှုမရှိစေခြင်းနှင့် ခံစားမှုမရှိစေသောအသက်တာမှ ကယ် တင်ရန်လိုသည်။ အပြစ်သားများအတွက် အသက်တာသည် လမ်းဆုံးရောက်နေကြောင်းသိရ သည်။

(၅)      ကျွန်ုပ်တို့သည် အပြစ်ကမ္ဘာမှကယ်တင်ရန်လိုပါသည်။ ကျွန်ုပ်တို့အား အပြစ်နှင့်ပြည့်ဝသော ကမ္ဘာထဲမှ ကယ်တင်ရန်လိုပါသည်။ ဝမ်းနည်းကြေကွဲခြင်း၊ စိတ်နှလုံးမသာမယာခြင်း၊ နာကျင် စွာခံစားရခြင်း၊ အထီးကျန် နေထိုင်ခံစားရခြင်း၊ စစ်မက်ဘေးရန်သင့်ခြင်း၊ ဖျားနာခြင်းနှင့် သေခြင်းခံစားရခြင်းတို့ဖြစ်သည်။

၃။       ဘယ်သူကျွန်ုပ်တို့အားကယ်တင်နိုင်ပါသနည်း

(၁)      ခရစ်တော်သာလျှင် ကယ်တင်နိုင်ပါသည်။ “ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့် သူဖြစ်သောကြောင့် ယေရှုဟူသောအမည်ဖြင့်မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏” (မဿဲ ၁း၂၁)။ တခြားဘာသာဝင် တစ်ဦးသည် ခရစ်ယာန်မိတ်ဆွေတစ်ဦးအားပြောခဲ့သောစကားမှာ “သူ၏ဘာသာတွင် မြောက်မြားစွာသောယုံကြည် ချက်တို့မှာ ခရစ်ယာန်ဘာသာတွင်မတွေ့ ရပါ။ သို့ရာတွင် ခရစ်ယာန်ဘာသာတွင် ကယ်တင်ရှင်ဟူသော ဝေါဟာရသည် သူ၏ဘာသာ တွင်မရှိပါ။ ကမ္ဘာတွင် ခရစ်ယာန်ဘာသာတစ်ခုတည်းသာလျှင် ကယ်တင်ရှင်ရှိကြောင်း ဖေါ်ပြ ထားသည်။

(၂)      ခရစ်တော်သာလျှင် ပျက်စီးနေသောဆက်သွယ်မှုမှ ဘုရားသခင်နှင့်ပြန်၍ဆက်သွယ်ပေးနိုင် သည်။ “ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလအပေါင်းအသင်း၌မဝင်၊ ကတိ တော်ပါသောပဋိညာဉ်တရားတို့နှင့်မဆိုင်၊ မျှော်လင့်ခြင်းမရှိ၊ လောက၌ဘုရားသခင်ကိုမသိဘဲ နေကြသည်ကိုလည်းကောင်း အောက်မေ့ကြလော့။ သင်တို့သည် အထက်ကဝေးလျက်ရှိ သော်လည်း ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ” (ဧဖက် ၂း၁၂၊ ၁၃)။ ခရစ်တော်သည် ကောင်းသောမိတ်ဆွေဖြစ်၍ ပေါင်းသင်းရန်သင့်ထိုက်ပေ၏။ ထိုသခင်သည် ကျွန်ုပ်တို့၌ရှိသော အကောင်းဆုံးသောအကျင့်ကို ပြသတတ်ပါ၏။ ကျွန်ုပ်တို့ အပြစ်သည် လွန်ခဲ့သောအသက်တာ၌ ခရစ်တော်အသွေးတော်အားဖြင့် ခွင့်လွှတ်ခဲ့သော် လည်း နေ့စဉ်နှင့်အမျှ ကျွန်ုပ်တို့အားလက်ခံ၍ အပြစ်ကိုအောင်နိုင်သော တန်ခိုးပေးကာ သူ၏ ပြည့်စုံသောအသက်တာကိုပြခဲ့ပါသည်။ ထိုအရှင်သည် ကျွန်ုပ်တို့၏ အပြစ်ကို ပြုလုပ်တိုင်း ကယ်တင်ရန် စောင့်လျက်ရှိပါ၏။ ကျွန်ုပ်တို့၌ ကိုယ်တော်အား အလိုတော်အတိုင်းလိုက် လျှောက်ခြင်းငှါ ပြသခြင်းဖြင့် ကျွန်ုပ်တို့၏ မေတ္တာကိုတုံ့ပြန်နိုင်ပါသည်။

(၃)      အပြစ်၏အခ၌ သေခြင်းတရားမှ ခရစ်တော်သည်ကယ်တင်ခြင်းပေးနိုင်သည်။ “အပြစ်တရား ၏အခကာ သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကား ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း” (ရောမ ၆:၂၃)။ ငါတို့သည် သေဒဏ်သင့် သောတရားဥပဒေချိုးဖေါက်သူဖြစ်၏။ အပြစ်၏ အခကား သေခြင်းပေတည်း။ ခရစ်တော် သည် ကယ်တင်ခြင်းပေး၍ ထာဝရသေခြင်းမှ ထာဝရအသက်ရှင်ခြင်း တရားကိုပေးခဲ့သည်။ “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည် ဖြစ်၍ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြ တော်မူ၏ (ရောမ ၅း၈)။ အတွန့်တက်မရှိသောဘုရားသခင်၏မေတ္တာတော်သည် ကျွန်ုပ်တို့ အတွက် ခရစ်တော်၏အသေခံတော်မူခြင်းကို ဖန်တီးပေးသည်။ ခရစ်တော်သည် အသက် တော်ကိုစွန့်၍ အပြစ်၏အဖိုးအခကို အပြည့်ပေးဆောင်ခဲ့ပါသည်။ ယခုဘုရားသခင်သည် နောင်တရသောအပြစ်သားများတို့ကို ခွင့်လွှတ်ကာ နောင်တရသောအပြစ်သားများတို့၏ အပြစ်ကိုလက်ခံနိုင်သည်။

(၄)      ခရစ်တော်သည် အပြစ်နှင့်ပျော်ရွှင်မှုမရှိသောအသက်တာကို ကယ်တင်ခြင်းပေးနိုင်သည်။ “လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ကောင်းသောအရာ တို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီ” (၂ကော ၅း၁၇)။ ကျွန်ုပ် တို့သည် အပြစ်မှ မိမိသဘောသဘာဝကိုမပြောင်းလဲနိုင်ပါ။ အလားတူခြင်္သေ့တစ်ကောင်သည် သိုးသငယ်ဖြစ်ရန်မပြုလုပ်နိုင်ပါ (ရောမ ၇း၁၈)။ အပြစ်သည် ကျွန်ုပ်တို့၏ ဆုံးဖြတ်ခြင်း တန်ခိုးထက်ကြီးမား၏။ သို့ရာတွင် ခရစ်တော်သည် ကျွန်ုပ်တို့အားခွန်အားပေးခြင်းနှင့် ဝိညာဉ်တော် တန်ခိုးပေးခြင်းဖြင့် အောင်နိုင်သည် (ဧဖက် ၃း၁၆)။ ထာဝရဘုရားသခင်သည် ကျွန်ုပ်တို့၏ဖျက်ဆီးတတ်သော အကျင့်ဓလေ့များကိုပြောင်းလဲပေးကာ သူ၏မွန်မြတ်သော ချစ်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ကြင်နာခြင်း၊ ချုပ်တည်းခြင်းများကို အစားသွင်းပေး နိုင်သည် (ဂလာတိ ၅:၂၂၊ ၂၃)။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အသက်တာတွင်ကိန်းအောင်းနေ လျှင် ကျွန်ုပ်တို့သည် ဝိညာဉ်ရေး၊ ကျန်းမာခြင်းပြန်လည်လန်းဆန်းစေခြင်းနှင့် အသစ်သော အသက်တာကိုရရှိမည်။ ဟာရိုဟရူးလ်သည် မိမိအသက်တာကိုပြောင်းလဲပစ်ရန် လက်မှိုင်ချခဲ့ ပေသည်။ သူသည် အကြိမ်အခါပေါင်းများစွာအစွမ်းကုန်အရက်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ပါ။ သူသည် ပုလင်းစစ်ပွဲကိုတိုက်လှန်ရာ မအောင်နိုင်ကြောင်းအမြဲသိရှိနားလည် ခဲ့ပါသည်။ ထိုဘဝကြောင့် ဇနီးနှင့်သမီးနှစ်ဦးအတွက် ၁ဝ နှစ်ခန့် ငရဲတွင်နေခဲ့သလိုဖြစ်စေပါ သည်။ ထို့ကြောင့် တစ်နေ့သောနံနက်ခင်းတွင် ရေချိုးခန်းအတွင်း မိမိ၏ဦးခေါင်းကို သေနတ် နှင့်ချိန်ကာ သေကြောင်းကြံစည်ခဲ့ပါသည်။ သို့ရာတွင် သေနတ်မောင်းမဆွဲဖြုတ်မီ ဘုရား သခင်နှင့်ရှင်းတမ်းဖွင့်မည်ဟုကြံစည်ခဲ့ပါသည်။ သူ၏ဆုတောင်းခြင်းသည် ရှည်ကြာ၍ မျက် ရည်များဖြင့် ခံစားမှုအဝဝတို့ကို မစရန်တောင်းခံခဲ့ပါသည်။ ဘုရားသခင်သည်လည်း ရောက် လာ၍ ခရစ်တော်အားဆက်ကပ်ရန်နှင့် ဝိညာဉ်တော်ခွန်အားကိုလက်ခံရန် တိုက်တွန်းခဲ့လေ သည်။ သူသည် ရာသက်ပန်အရက်ပြတ်ကာ မေတ္တာနှင့် ပြည့်ဝသော၊ ယုံကြည်စိတ်ချရသော ခင်ပွန်းနှင့် ဖခင်တစ်ဦးဖြစ်လာလေသည်။ နောက်ပိုင်းတွင် တစ်စတစ်စဖြင့် အမေရိကန် အောက်လွှတ်တော်အမတ်တစ်ဦးဖြစ်လာခဲ့လေသည်။ ထိုပုဂ္ဂိုလ်သည် ကမ္ဘာပေါ်တွင် အကြီး ဆုံးပြောင်းလဲမှုကို ခရစ်တော်ထံမှရရှိခဲ့လေသည်။

(၅)      ခရစ်တော်သည် ကျွန်ုပ်တို့ကိုအပြစ်ကမ္ဘာမှကယ်တင်နိုင်သည်။ ထိုအကြောင်းအရာကို လာ မည့်ရှာဖွေတွေ့ရှိခြင်း လမ်းညွှန်များကရှင်းပြပါမည်။

၄။       ကျွန်ုပ်တို့သည် လွယ်ကူသောအချက် (၃) ချက်ဖြင့် ကယ်တင်ခြင်းရနိုင်ပါသည်

(၁)      သင်၏ အသက်တာရှိအပြစ်များကို ခရစ်တော်အားပြုပြင်ခိုင်းပါ။ ကျွန်ုပ်တို့၏အပြစ်များကို မည်ကဲ့သို့စွန့်လွှတ်ရမည်နည်း။ “ထို့ကြောင့် ထာဝရဘုရားသခင်ထံတော်မှ ချမ်းအေးသော ကာလသည်ရောက်လာ၍ သင်တို့အဖို့ အလို့ငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေ လွှတ်တော်မူမည်အကြောင်း၊ သင်တို့အပြစ်များကိုပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲ ခြင်းသို့ရောက်ကြလော့” (တမန်တော် ၃:၁၉၊ ၂၀)။ နောင်တတရားရရန် မည်သူ ပြုပြင်ပေး သနည်း။ “ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကိုနောင်တလမ်းသို့သွေးဆောင်သည်ကို မသိမမှတ်ဘဲ ကြွယ်ဝစွာကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်း တို့ကို မထီမဲ့မြင်ပြုသလော” (ရောမ ၂း၄)။ သင်၏ဝမ်းနည်းခြင်းသည် သင့်ကိုနောင်တတရား ရရန်ပို့ဆောင်သည်။ “သင်တို့ကို ဝမ်းနည်းစေသောကြောင့် ငါဝမ်းမြောက်သည်မဟုတ်။ ဝမ်း နည်းစေ၍ နောင်တရသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။ ငါတို့အားဖြင့် သင်တို့၏အကျိုး အလျှင်းမပြတ်ရမည်အကြောင်း ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းစေကြ၏” (၂ကော ၇း၉)။ နောင်တတရား၏အနက်မှာ ပြုခဲ့သောအပြစ်အတွက် ဝမ်းနည်းမိခြင်းသာ ဖြစ်၏။ နောက်ပိုင်းတွင် အပြစ်မလုပ်ဘဲ အကျင့်ဓလေ့ဟောင်းနှင့် အတွေးအခေါ်များကို စွန့် လွှတ်ခြင်းဖြစ်၏။ ထိုဝမ်းနည်းခြင်းဖြင့် အပြစ်စီရင်ခြင်းကို ကြောက်ရွံ့သောကြောင့်မဟုတ်ဘဲ ဘုရားသခင်၏ ကြင်နာခြင်းကိုလက်ခံကာ ခရစ်တော်၏သေခြင်းသည် ငါတို့အပြစ်ကြောင့် ဖြစ်သည်ကိုသိခြင်းဖြစ်၏။ အပြစ်သည် ဘုရားသခင်၏ စိတ်ကိုထိခိုက်သောကြောင့် ငါတို့ သည် အပြစ်ကိုရှောင်၏။ ခရစ်တော်အားဖြင့် အသစ်သောအသက်တာဗဟုသုတကိုရရှိသဖြင့် အဖြစ်နိုင်ဆုံးအမှားပြင်ရန် လိုပေမည်။ (ယေဇကျေလ ၃၃း၁၄-၁၆ ထိ)။ ဘဝဟောင်း၏ အပြစ်များကို စွန့်လွှတ်ရန် ဘုရားသခင်၏ ကူညီခြင်းသည် မည်ကဲ့သို့ရှိသနည်း။ နောင်တ တရားနှင့်အပြစ်ဖြေလွှတ်ပေးခြင်းသည် ဘုရားသခင်ထံမှ ရရှိသော ဆုကျေးဇူးဖြစ်သည်။ “ဣသရေလလူတို့အား နောင်တတရားနှင့်အပြစ်လွှတ်ခြင်းအခွင့်ကိုပေးစေခြင်းငှါ ထိုသူကို အစိုးရသောအရှင်အရာ၌လည်းကောင်း၊ ကယ်တင်သောသခင်အရာ၌လည်းကောင်း ဘုရား သခင်ခန့်ထား၍ မိမိ လက်ယာလက်တော်ဖြင့် ချီးမြှင့်တော်မူပြီ” (တမန်တော် ၅း၃၁)။ ကျွန်ုပ်တို့သည် နောင်တတရားနှင့်ပြန်လာသောအခါ မေတ္တာရှင်ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များကိုဖြေလွှတ်၍ ခပ်သိမ်းသောအပြစ်များမှ သန့်ရှင်းစေတော်မူ၏။ ၎င်းပြင် ကျွန်ုပ်တို့ ၏ အပြစ်များကို နက်သောပင်လယ်ထဲသို့ပစ်ချတော်မူ၏။

မည်ကဲ့သို့ခရစ်တော်ထံမှ အသစ်သောအသက်တာရရှိနိုင်မည်နည်း

(က)    ခရစ်တော်ကို အရှင်သခင်အဖြစ်ယုံကြည်ခြင်းနှင့်ရနိုင်သည်။

(ခ)      ခရစ်တော်နှင့်မိတ်သဟာယဖွဲ့ခြင်းဖြင့်ရနိုင်သည် (မှန်မှန်ဆုတောင်းခြင်းနှင့် ကျမ်းစာ ဖတ်ခြင်းသည်အရေးကြီး၏)။

(ဂ)      ခရစ်တော်သည် ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၏ မကောင်းသောဓလေ့များကို ကောင်းသောအကျင့်အားဖြင့် ပြောင်းလဲပေးသည်။ “ကိုယ့်အပြစ်တို့ကို ဖေါ်ပြတောင်း ပန်လျှင် ငါတို့အပြစ်များကိုလွှတ်၍ အပြစ်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင် သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံ တော်မူ၏” (၁ယော ၁း၉။ မိက္ခာ ၇း၁၈၊ ၁၉)။ လက်ဝါးကပ်တိုင်၌ အသေခံတော်မူ သောခရစ်တော်သည် မည်မျှပင်အပြစ်ကြီးစေကာမူ ခွင့်လွှတ်နိုင်သည်။ ခရစ်တော်ကို ကိုးစားသောသူသည် အမအစလိုကြောင်းကို တောင်းခံရန်သာရှိသည်။ ခရစ်တော်၏ သေခြင်းသည် အပြစ်ဖြေလွှတ်ရန်တောင်းခံခြင်းမရှိလျှင် အပြစ်ဖြေလွှတ်ခြင်းရရန် ခရစ်တော်မပေးပါ။ အပြစ်သည် ခရစ်တော်၏ လက်ဝါးနှင့်ခြေဖဝါးတို့တွင် ရိုက်ထား သောသံဖြစ်သောကြောင့် နောင်တရသောသူတို့အတွက် စိတ်ချောက်ချားစေသည်။ ခရစ်တော်၏ဆုကျေးဇူးတည်းဟူသော ခွင့်လွှတ်ခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းကို ကျွန်ုပ် တို့လက်ခံရန် ခရစ်တော်လိုလားပါသည်။ အိမ်မှထွက်ပြေးသော လူငယ်တစ်ဦးသည် မိမိ၏မိခင်အသည်းအသန်ဖျားနာကြောင်းသိသောအခါ သားအမိတို့၏ ဆက်သွယ်မှု ပြတ်လတ်နေသောကြောင့် ဝမ်းနည်းကြေကွဲမှုဖြစ်ရ၏။ အိမ်သို့အမြန်ပြန်လာ၍ မိခင် ၏အိပ်ရာပေါ်သို့ မျက်ရည်စက်လက်ဖြင့် မိခင်အားတောင်းပန်လေသည်။ ထိုအခါ မိခင်က လေသံစကားဖြင့် “ငါ့သား၊ မင်းခွင့်လွှတ်ရန်တောင်းပန်လျှင် ငါခွင့်လွှတ်ခဲ့တာ ကြာလှပြီ” သင်သည် ဘုရားသခင်ထံမှဝေးကွာခဲ့လျှင် (သို့တည်းမဟုတ်) သူ့အားမသိ လျှင် ဘုရားသခင်သည် သင့်အားဖိတ်ခေါ်ရန် ကြာလျက်ရှိကြောင်းသိစေလိုပါသည်။ သင့်အားခွင့်လွှတ်ရန် အခြားသောအရာများထက်လိုလားပါသည်။ ခရစ်တော်သည် သင့်အားချစ်၏။ သင့်အတွက်အသက်တော်ကိုစွန့်၏။ သင့်အားခွင့်လွှတ်ရန် အမြဲဆန္ဒ ရှိ၏။ သူ၏ဖိတ်ခေါ်ချက်ကို လက်ခံ၍ နောင်တတရားဖြင့်ပြန်လာပါ။ သင့်အပြစ်ကို ဝန်ခံပါ။ ဘုရားသခင်ခွင့်လွှတ်ကြောင်းကို ယုံကြည်ပါ။ သူခွင့်လွှတ်ပါသည်။ သူ့အား ကိုးစားပါ။ သူ့ ကတိတော်များကိုဝန်ခံပါ။

(၂)      ခရစ်တော်ထံမှအသစ်သောအသက်တာကိုရယူပါ

ခရစ်တော်ထံမှ အသစ်သောအသက်တာရရှိကြောင်းသိ၍ ကယ်တင်ခြင်းပေးနေသည်ကို လက်ခံပါ။ ဆင်ခြေမပေးဘဲ ခရစ်တော်အပြစ်လွှတ်ကြောင်း၊ သန့်ရှင်းစေကြောင်း၊ ဘဝ ဟောင်းမှအပြစ်များကိုခွင့်လွှတ်တော်မူကြောင်း၊ ယခုမူကား ပြောင်းလဲသောအသက်တာ အသစ်ကိုပေးနေကြောင်း ယုံကြည်ပါ။ “ထိုသူကို လက်ခံသမျှတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်သားဖြစ်ရသော အခွင့်ကိုပေးတော်မူ၏” (ယောဟန် ၁း၁၂)။ ဘုရားသခင်၏ သားသမီးများအနေဖြင့် ခရစ်တော်ထံမှအသစ်သော အသက်တာကို ရရှိရန် အခွင့်အရေးရှိသည်။ သို့ရာတွင် ကိုယ့်နည်းလမ်းဖြင့်မရနိုင်ပါ။ ရနိုင်သောနည်းလမ်းမှာ ဘုရားသခင်၏ဆုကျေးဇူးသာဖြစ်၏။ ခရစ်တော်သည် ဤကဲ့သို့ တိကျသေချာသောကတိ တော်များပေးခြင်းသည် ကျွန်ုပ်တို့၌မလုံခြုံ၍ သံသယရှိသောစိတ်များကြောင့်ဖြစ်သည်။

အသစ်သောအသက်တာရရှိရန် ဘုရားသခင်၏ အတိုင်းအတာသည် မည်ကဲ့သို့ဖြစ်သနည်း။

“ ယေရှုက ဒုတိယမွေးဖွားခြင်းကိုမခံသောသူမည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏” (ယောဟန် ၃း၃)။ ခရစ်တော်၏ စကားအရ နောင်တရသောအပြစ်သားတစ်ဦးသည် အမှန် တကယ်အသစ်သောအသက်တာ၌ မွေးဖွားခဲ့ကြောင်းသိရသည်။ ခရစ်တော်၏ ကတိမှာ- “စိတ်နှလုံးသစ်ကိုငါပေးမည်။ သဘော သစ်ကိုသွင်းထားမည်။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကိုနုတ်၍ အသားနှလုံးကိုပေး မည်” (ယေဇကျေလ ၃၆:၂၆)။ ခရစ်တော်သည် ကျွန်ုပ်တို့၏နှလုံးသားကို ပြုပြင်ပြောင်းလဲပေး သည်။ ကျွန်ုပ်တို့၏ခံစားမှ နှင့်သဘာဝများကိုပြောင်းလဲပေး၍ ကျွန်ုပ်တို့နှင့်အတူကိန်းအောင်း သည် (ကောလောသဲ ၁း၂၇)။ ဤအသစ်သော အသက်တာသည် သာမန်အနေဖြင့်သာ ကောင်းမြတ်ခြင်းမဟုတ်ဘဲ စစ်မှန်သောဝိညာဉ်ရေး၊ သေခြင်းမှထမြောက် ခြင်းဖြစ်၏။ အသစ်သောအသက်တာနှင့် နေထိုင်မှုလုံးလုံးဖြစ်သည်။

(၃)      ခရစ်တော်အတွက်နေ့စဉ်နှင့်အမျှအသက်ရှင်သွားပါ

ခရစ်ယာန်၏ အသက်တာသည် နေ့စဉ်နှင့်အမျှ တစ်ကိုယ်ကောင်းစိတ်မှ လွှဲရှောင်ခြင်းဖြစ် သည်။ ၎င်းပြင် ခရစ်တော်နှင့်ပူးပေါင်း၍ ရင်းနှီးသောမိတ်ဆွေဖွဲ့ခြင်းဖြစ်၏။ ကျွန်ုပ်တို့သည် အသစ်သောအသက်တာတွင်လျှောက်လှမ်း၍ ခရစ်တော်နှင့်မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ နေ့စဉ်နှင့်အမျှ အချိန်ကောင်းယူကာ သူနှင့်နေခြင်းဖြစ်၏။ ရင်းနှီးစွာ ပေါင်းသင်းဆက်သွယ် ခြင်းဖြစ်၏။ ဘုရားသခင်သည် ဝိညာဉ်ရေးကြီးထွားရန် အကူအညီ (၅) ချက်ပေးထားသည်။ (က) ကျမ်းစာဖတ်ခြင်း။

(ခ) ဆုတောင်းခြင်း။

(ဂ) မိတ်သဟာယဖွဲ့ခြင်း။

(ဃ) အခြားခရစ်ယာန်များနှင့်ပေါင်းဖေါ်ခြင်း။

(င) ကျွန်ုပ်တို့၏ဗဟုသုတများကိုအခြားသူများနှင့်ဝေငှခြင်း။

ခရစ်တော်နှင့်ပေါင်းဖေါ်ခြင်းသည် အပြစ်မလုပ်နိုင်ဟုမဆိုလိုပါ။ သို့ရာတွင် အပြစ်လုပ်၍ ပူဆွေးသောက ရောက်သောအခါ ခရစ်တော်၏ခွင့်လွှတ်ခြင်းကိုလည်း တောင်းဆိုနိုင်ပါသည်။ ကျွန်ုပ် တို့သည် ရှေ့သို့သွားရာ၌ သွားသောလမ်းတစ်လျှောက်တွင် ခရစ်တော်သည် အမြဲရှိကြောင်းသိထား ရမည်။

၅။       ဒုတိယအခွင့်အရေး၏ ဝမ်းမြောက်ခြင်း

ဟရိုဟရူးလ်သည် မြောက်မြားစွာသောဂုဏ်ပြုခြင်းကိုခံခဲ့ရပါသည်။ အမတ်အနေဖြင့် ထူးချွန် သောလုပ်ငန်းများကို တွေ့ရှိရသော်လည်း အကြီးဆုံးသောဗဟုသုတတစ်ခုမှာ သူ၏အသက်တာကို ခရစ်တော်၌အပ်နှံသောအခါဖြစ်၏။ သူသည်တစ်ည၌ ကျမ်းစာကိုဖတ်နေစဉ် မိမိအနားမှလှုပ်ရှား သောအရာကိုမြင်လိုက်ရ၏။ သူကြည့်လိုက်သောအခါ သမီးငယ်နှစ်ဦးအား ညအိပ်ဝတ်စုံဖြင့်တွေ့ လိုက်ရသည်။ သူသည် သမီးငယ်နှစ်ဦးအားကြည့်၍ ပြောင်းလဲလာသောပုလင်းစစ်ပွဲကိုသတိရမိသည်။ သမီးငယ်က ဖေဖေ၊ ကောင်းသောညပါဟုနှုတ်ဆက်လိုက်ပါသည်။ ဖခင်မှာမျက်ရည်လည်၍ သူ့အား လာဖက်သောသမီးငယ်ကို ကြည့်လိုက်ပါ၏။ ယခင်ကကဲ့သို့ ကြောက်ရွံ့သော မျက်နှာများလုံးဝမရှိ တော့ပါ။ ဖေဖေအိမ်သို့ပြန်လာပြီ။ ခရစ်တော်သည် လူသားတို့အား အမှန်တကယ်ဒုတိယအခွင့်အရေး ကိုပေးခဲ့ပါသည်။ ခရစ်တော်သည် မျှော်လင့်ခြင်းမရှိသောအခြေအနေမှ အကောင်းဆုံးပြုပြင်ပေး၍ အသစ်သောအသက်တာ၌နေစေ၏။ ခရစ်တော်ဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးစီအား အိမ်သို့ ပြန်ရန်လိုလားပါသည်။ သင်သည် ခရစ်တော်၏ ဖိတ်ခေါ်သံကို လက်ခံပါသလား၊ ဘုရားသခင်၏ခွင့် လွှတ်ခြင်းနှင့် သန့်စင်ခြင်းကို ရရှိ၍ သမီးငယ်၏ ပွေ့ဖက်ခြင်းကဲ့သို့ သင်၏လက်ဖြင့်ပွေ့ပိုက်လိုပါ သလား၊ သင်၏ ကယ်တင်ရှင်သခင်ခရစ်တော်အား ကိုးစားခြင်းကိုမရခဲ့သေးလျှင် အောက်ပါဆု တောင်းခြင်းဖြင့် တောင်းလိုပါသလား။ အဖဘုရားသခင်၊ ကျွန်ုပ်၏အပြစ် အသက်တာဟောင်းကြောင့် ဝမ်းနည်းမိပါ၏။ သားတော်ခရစ်တော်သည် ကျွန်ုပ်သေရမည့်နေရာတွင် နေရာယူခဲ့သောကြောင့် ကျေးဇူးကြီးလှပါ၏။ ခရစ်တော်သခင်၊ ကျွန်ုပ်အပြစ်များကိုဖြေလွှတ်၍ ကျွန်ုပ်ကိုကယ်တင်တော်မူပါ။ အသက်တာ၏ ဒုတိယအခွင့်အရေးကို ကျွန်ုပ်လိုလားပါ၏။ ကျွန်ုပ်သည် ဒုတိယမွေးခြင်းကိုခံလိုပါ၏။ သာ၍နီးကပ်သောအသက်တာတွင် ကိုယ်တော်နှင့်နေ့စဉ်လျှောက်လှမ်းလိုပါ၏။ ကျွန်ုပ်၏ အသက် တာတွင် ထူးဆန်းစွာပြောင်းလဲပေးခဲ့သောကြောင့်လည်း ကျေးဇူးကြီးလှပါ၏။ ခရစ်တော်၏နာမအား ဖြင့် တောင်းလျှောက်ပါ၏။ အာမင်။ ထူးဆန်းသောအရာကိုရှာဖွေတွေ့ရှိပါ။ ကျွန်ုပ်တို့သည်လာလျှင် ခရစ်တော်သည် ကယ်တင်ခြင်းကိုပေးမည်။

 

ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၆) အဖြေလွှာ

အသက်တာ၏ဒုတိယအခွင့်အရေး

မှန်သောဝါကျရှေ့တွင်ကြက်ခြေခတ် (x) ပေးပါ။

၁။       လူသည်-

---------------- ကိုယ်ကာယအားဖြင့်အသက်ရှင်သည်။ သို့ရာတွင် ဝိညာဉ်ရေးအရ အပြစ်တွင်

သေသည်။

---------------- ဝိညာဉ်ရေးအရသေသည်။ သို့ရာတွင် ယုံကြည်ခြင်းအားဖြင့် အခြားဘုရားသခင်

ကြောင့် အသက်ရှင်သည်။

ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရန်လိုသည်-

(က)    ---------------- ခရစ်တော်ကိုယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ ဆုကျေးဇူးတော်ကြောင့်

          ဖြစ်သည်။

(ခ)      ---------------- အပြစ်မှဘုရားသခင်၏ပညတ်တော်ကိုချိုးဖေါက်ခြင်းဖြစ်သည်။

---------------- အပြစ်ကြောင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းသည် ပျက်စီးသွား

သည်။

---------------- ထာဝရသေခြင်းသည် အပြစ်တရား၏အကျိုးအပြစ်ဖြစ်သည်။

---------------- သူများအတွက်ကောင်းသောအလုပ်ပြုလုပ်ပေးခြင်း။

၃။       ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်မှကယ်တင်ခြင်းပေးသည်။

---------------- ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းကိုပြန်လည်ပြုပြင်ပေးသည်။

---------------- ထာဝရသေခြင်းမှကယ်တင်သည်။

---------------- ထာဝရသေခြင်းနှင့် အပြစ်၏အခမှကယ်တင်သည်။

---------------- ကျန်းမာခြင်းပြန်လည်ပြုပြင်ပြောင်းလဲပေးခြင်းနှင့် အသစ်သောအသက်တာရရှိ

သည်။

---------------- ကျွန်ုပ်တို့သည် စိတ်ခိုင်မာစွာထားခြင်းဖြင့် အပြစ်ကိုအောင်နိုင်သည်။

---------------- ကျွန်ုပ်တို့ကိုလူသစ်သို့ပြောင်းလဲခြင်းဖြင့်။

၄။       ကယ်တင်ခြင်းရရန် ကျွန်ုပ်တို့၏တာဝန်မှာ-

---------------- နောင်တတရားဖြင့် ဘုရားသခင်ထံသို့ခွင့်လွှတ်ခြင်းကိုတောင်းခံခြင်း။

---------------- အပြစ်ဝန်ချ၍ စွန့်လွှတ်ခြင်းဖြင့် ဘဝဟောင်း၏အပြစ်ကိုစွန့်ခြင်း။

---------------- အကျင့်ကောင်းရရှိရန် အထူးကြိုးစားရမည်။

---------------- အမှားပြင်နိုင်ရန် အထူးကြိုးစားရမည်။

ဘုရားသခင်တာဝန်အရ ကျွန်ုပ်တို့ကယ်တင်ခြင်းရရန်မှာ-

----------------ကျွန်ုပ်တို့အားဆုကျေးဇူးတည်းဟူသောနောင်တတရားနှင့်ခွင့်လွှတ်ခြင်းပေးရန်။

---------------- ကယ်တင်ခြင်းမတောင်းဆိုဘဲ ကယ်တင်ခြင်းကိုပေးခြင်း။

ကျွန်ုပ်တို့၏တာဝန်အရ အသစ်သောအသက်တာကို ဘုရားသခင်ထံမှရကြောင်းသိရပါမည်။

----------------   ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်ကိုလွှတ်ပေးပါ၏။ လွန်ခဲ့သောအသက်

တာ၏ အပြစ်ကို သန့်စင်စေပါ၏။ အသစ်သောအသက်တာကိုလည်းပေးပါ ၏။

---------------- ကိုယ်ကိုတိုင်အသစ်သောအသက်တာကိုရရှိနိုင်ပါသည်။

ကျွန်ုပ်တို့၏အသစ်သောအသက်တာရရှိရန် ဘုရားသခင်၏ တာဝန်မှာ-

---------------- ထူးဆန်းနက်နဲသောမွေးဖွားခြင်း၊ အသစ်သောနှလုံးကိုပေးခြင်း၊ ကျွန်ုပ်တို့နှင့်

အတူနေခြင်း၊ ကျွန်ုပ်တို့၏ အကျင့်ဓလေ့များကိုပြောင်းလဲပေးခြင်း။

-----------ဘုရားသခင်၏ကျေးဇူးတရားကြောင့်သူတော်စင်ဖြစ်ရန်အတင်းအကျပ်ပြုလုပ်ခြင်း။

 

မှတ်ချက်။       *ခရစ်တော်သည် လူတိုင်းတို့အား အခွင့်အရေးပေးကာ ကယ်တင်ခြင်းနှင့် အသစ် သောအသက်တာ ရရှိနိုင်ရန် ပြုလုပ်ပေးပါသည်။

* သင်သည် ဘုရားသခင်၌ အသစ်သောအသက်တာတွေ့ ရှိပြီလား။

* သို့မဟုတ်လျှင် သင်သည် ခရစ်တော်အား အသစ်သောအသက်တာပေးရန် တောင်း ဆိုလိုပါသလား။

*အသစ်သောအသက်တာနေနိုင်ရန် အထူးဆုတောင်းခြင်းကိုလိုလားပါသလား။

  

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 

စိတ္တသုခရှာဖွေခြင်း (၆)

ဓမ္မဒါန

စာမူခွင့်ပြုချက်အမှတ် ၄၆၃/၂၀၀၃ ()

 

ထုတ်ဝေသူ။     ဦးဆန်ဒီ၊ ယာယီမှတ်ပုံတင်အမှတ် (၄၄၉) စိတ္တသုခရှာဖွေခြင်း၊ (အမှတ်စဉ်ထုတ်)                  ၆၈/၇၂ ဦးဝိစာရလမ်း၊ ရန်ကုန်မြို့

ပုံနှိပ်သူ။          ဦးစိုင်းရပ်စ်၊ မှတ်ပုံတင်အမှတ် (၀၂၈၃ဝ) ကင်းစောင့်ပုံနှိပ်တိုက်၊ အမှတ် ၂၀၆                               ရွှေသစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

(စောင်ရေ ၅၀၀၀၊ ပထမအကြိမ်)



အခန်းကြီး - ၇

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၇)

သင်၏ ရှေ့ရေး

ဆရာဝန်ကြီးပက်ထရေးရှားနှင့် ဒေးဗတ်မရာဇတ်သည် သူတို့၏လုပ်ငန်းတွင် စိတ်ထိခိုက်စရာ ကောင်းသော ဗဟုသုတအများရှိခဲ့ပါသည်။ ကလေးပါရဂူအဖြစ် ကလေးမြောက်မြားစွာ ကုသခဲ့ပါ သည်။ အချို့ကလေးများမှာ ကျန်းမာလာသည်။ အချို့ကလေးများမှာ သေဆုံးသွားပါသည်။ ဘာဖြစ် လို့ဤကဲ့သို့အခြေအနေမျိုးရှိရပါသလဲ။ အချို့ကလေးများကို ဆေးရုံသို့ပို့ရသည်။ အချို့ကလေးများမှာ ကောလိပ်သို့ပို့ရသည်။ အချို့ကလေးများမှာ ထိန်းကွပ်မည့်သူမရှိပါ။ ၎င်းပြင် ကြီးပြင်းလာသောအခါ သူတို့ကိုလည်း မထိန်းကွပ်နိုင်ပါ။ အချို့ကလေးဆိုးများသည် မိဘဆိုးများဖြစ်လာသကဲ့သို့ အချို့ ကလေးကောင်းများသည်လည်း မိဘကောင်းများဖြစ်လာသည်။ အဘယ်ကြောင့် ဤကဲ့သို့ဖြစ်ရ သနည်း။ ဆရာကြီးမရာဇတ်သည် ဤအကြောင်းရင်းများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သုတေ သနပြုခဲ့ပါသည်။ ဤကဲ့သို့သုတေသနပြုရာ၌ ထူးဆန်းသောရှာဖွေတွေ့ ရှိမှုတစ်ခုမှာ ကလေးဘဝက အခက်အခဲဒုက္ခနှင့်ရင်ဆိုင်ရသော်လည်း လူကြီးဘဝရောက်သောအခါတွင် ကောင်းမွန်သာယာသော အိမ်ထောင်နှင့် ပတ်ဝန်းကျင်ကို တည်ထောင်နိုင်သည်။ ၎င်းသော့ချက်မှာ အခြေခံအသက်တာတွင် အကောင်းမြင်၍ မျှော်လင့်ခြင်းကြီးသောကြောင့်ဖြစ်သည်။ မျှော်လင့်ခြင်းသည် လူ၏စိတ်သဘောနှင့် ပတ်ဝန်းကျင်ကိုပြောင်းလဲပေးနိုင်သည်။ မျှော်လင့်ခြင်းသည် အခြားသောအရာများထက် လူတစ် ယောက်၏ ဖိစီးမှုအပေါ် မှန်သောအတွေးအခေါ်နှင့်အမြင်ကိုပြသည်။ လူသားများ သည်မရှိမဖြစ် သောမျှော်လင့်ခြင်းလိုသည်။ မည်ကဲ့သို့ရနိုင်မည်နည်း။ ဤလောကတွင် မည်ကဲ့သို့ရှာမည်နည်း။ ကျမ်းစာ၏အနာဂတ်ဆန်းစစ်ခြင်းအားဖြင့် ရှာဖွေတွေ့ရှိနိုင်သည်။ ကျမ်းစာတွင် အနာဂတ်စကားအား ဖြင့် တောက်ပြောင်သောမျှော်လင့်ခြင်းရရှိသောသူမြောက်မြားစွာရှိသည်။

၁။       ထူးဆန်းနက်နဲသောကျမ်းစာ၏အနာဂတ်စကား

ခရစ်တော်သက်တော်မထင်ရှားမီ နှစ်ပေါင်း (၅၀၀) ခန့်က အံ့သြလောက်သော အနာဂတ် စကားကို ပုရောဖက်ဒံယေလအားပေးခဲ့ပါသည်။ ဘုရားသခင်သည် ကမ္ဘာ့ရာဇဝင်ကြီး၏မာတိကာများ ကို သတ်မှတ်ချထားခဲ့ပါသည်။ အချိန်အားဖြင့် ဒံယေလအချိန်အခါမှစ၍ နှစ်ပေါင်း (၂၅၀၀) အတွင်း ယခုလက်ရှိအချိန်အထိသတ်မှတ်ထားပါသည်။ ၎င်းအနာဂတ်စကားတွင် ဘုရားသခင်သည် ဗာဗုလုန် မင်းကြီးဖြစ်သော နေဗုခဒ်နေဇာမင်းအား လွန်ခဲ့သော နှစ်ပေါင်း (၂၅ဝဝ) ခန့်က ဖေါ်ပြခဲ့ပါသည်။ ထိုအိပ်မက်ကိုမြင်မက်သောအခါ စိတ်ကိုချောက်ချားစေ၍ အိပ်မက်အနက်ကိုလည်း မေ့ပျောက်သွား စေခဲ့ပါသည်။ ဗာဗုလုန်ပြည်ရှိ ပညာရှိအပေါင်းတို့သည် ထိုအိပ်မက်ကို သတိရရန်ကြိုးစားသော်လည်း မရပါ။ ဟေဗြဲလူငယ်ဖြစ်သော ဒံယေလသည် ထိုဖေါ်ပြမှုမြင်ကွင်းကို ဘုရင်မင်းမြတ် ထူးဆန်းစွာ ဖေါ်ပြခဲ့ပါသည်။ “အရှင်မင်းကြီးစက်တော်ခေါ်၍ မြင်မက်တော်မူသောမြင်ခြင်းဟူမူကား၊ ကိုယ်တော် သည်ကြည့်ရှု၍ ရုပ်တုကြီးကိုမြင်တော်မူ၏။ ထူးမြတ်သောအရောင်အဝါနှင့်ပြည့်စုံ၍ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက်ဖွယ်သော ပုံသဏ္ဌာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့၌တည်ရှိ၏။ သူ၏ ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ဘတ်နှင့်လက်နှစ်ဖက်သည် ငွေဖြစ်၏။ ဝမ်းနှင့်ပေါင်နှစ်ဖက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဖက်သည် သံဖြစ်၏။ ခြေဖဝါးနှင့်ဖမိုးသည် သံတစ်ပိုင်းသရွတ် တစ်ပိုင်း ဖြစ်၏။ ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ် လက်ဖြင့် မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက် တစ်လုံးသည် သံနှင့်သရွတ်ဖြစ်သောရုပ်တု၏ခြေကိုထိခိုက်၍ ချိုးဖဲ့သည်ရှိသော် သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေ တို့သည် ကျိုးပဲ့ကြေမွလျက် နွေကာလ၌ ကောက်နယ်တလင်းအမှုန့်ကဲ့သို့ ဖြစ်သဖြင့် လေတိုက်လွင့်၍ သူတို့နေရာမရှိ၊ ပျောက်လေ၏” (ဒံယေလ ၂း၃၁-၃၅)။ ဤရုပ်တုသည် အနက်ကား၊ လက်ရှိအချိန်အခါအတွက် အနာဂတ်စကားဖြစ်ကြောင်း၊ မဖြစ်ကြောင်း မထင်ရှားပါ။ သို့ရာတွင် ဆက်လက်လေ့လာပါ။

၂။       အနာဂတ်စကား၏ အနက်ပြန်ခြင်း

အလွန်စိတ်ပါဝင်စားစရာကောင်းသောရုပ်တုကြီး၏အနက်ကို ပုရောဖက်ဒံယေလ ရှင်းပြပါ သည်။ “ယခုတွင် အိပ်မက်တော်၏အနက်ကိုဖေါ်ပြ၍ နားတော်လျှောက်ပါမည်။ အရှင်မင်းကြီး ကိုယ်တော်သည် ဘုရင်တို့၏ ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် နိုင်ငံနှင့်တကွ အာနုဘော်အစွမ်းသတ္တိဘုန်းအသရေကို ကိုယ်တော် အားပေးတော်မူပြီ။” (ဒံယေလ ၂း၃၆၊ ၃၇)။ ဒံယေလဆိုလိုသည်မှာ- ယခုအုပ်ချုပ်လျက်ရှိသောကမ္ဘာပေါ်တွင် အကြီးဆုံးနိုင်ငံသည် ဗာဗုလုန်ပြည် အရှင်နေဗုခဒ်နေဇာမင်းကြီးဖြစ်ကြောင်း၊ အရှင်မင်းကြီးသည် ရွှေဦးခေါင်းကို ပုံဆောင်ထားကြောင်း၊ ရင်ဘတ်နှင့်လက်မောင်းများမှာ ငွေဖြစ်၏။ ၎င်းရှုထောင့်တွင် ရွှေနိုင်ငံဖြစ်သော ဗာဗုလုန်သည် အမြဲ တည်ရှိမည်ဟုယုံရသော်လည်း နောက်မင်းတစ်ပါးပေါ်ဦးမည်။ “ကိုယ်တော်နောက်၌ ကိုယ်တော်၏ နိုင်ငံလောက်မမြတ်သောနိုင်ငံတစ်ခုသည် တည်ထောင်လိမ့်မည်။ ထို့နောက် မြေကြီးတစ်ပြင်လုံးကို အုပ်စိုးသော ကြေးဝါ နိုင်ငံတည်းဟူသော တတိယနိုင်ငံတည်ထောင်လိမ့်မည်” (ဒံယေလ ၂:၃၉)။ ဘုရားသခင်၏ကြိုတင်တရားဟောချက် ပြည့်စုံလာသောအခါ ပါရှားစစ်သူကြီးကုရုသည် ဗာဗုလုန် နိုင်ငံတော်ကြီးကို ဘီစီ-၅၃၉ ခုနှစ်တွင် အောင်မြင်နိုင်နင်း ခဲ့ပါသည်။ ထိုရင်ဘတ်နှင့်လက်မောင်းဖြစ် သောငွေသည် မေဒိပေရသိနိုင်ငံဖြစ်၍ အလွန်ခွန်အားကြီးသောကမ္ဘာ့နိုင်ငံကြီးဖြစ်သည်။ ရုပ်တုကြီး၏ ပေါင်နှင့်ခါးဖြစ်သောကြေးဝါသည် မည်သည့်နိုင်ငံကို ပုံဆောင်ထားသနည်း။ ထို့နောက် မြေကြီး တစ်ပြင်လုံးကိုအုပ်စိုးသောကြေးဝါနိုင်ငံကြီးဟူသော တတိယနိုင်ငံတည်ထောင်လိမ့်မည်။ (ဒံယေလ ၂:၃၉) ဝမ်းဗိုက်၊ ပေါင်ဖြစ်သောကြေးဝါသည် ဟေလသနိုင်ငံကိုပုံဆောင်သည်။ ဟေလသဘုရင်ဖြစ် သော အလက်ဇန္ဒားသည် မေဒိပေရသိနိုင်ငံကို ဘီစီ-၃၃၁ ၌အောင်မြင်၍ ၁၆၈ ဘီစီအထိအုပ်ချုပ်ခဲ့ လေသည်။ သံဖြစ်သောခြေထောက် “စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသောနိုင်ငံဖြစ်လိမ့်မည်။ သံသည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့၍နိုင်သကဲ့သို့ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်းကို ပြုလိမ့်မည်” (ဒံယေလ ၂း၄၀)။ အလက်ဇန္ဒားနတ်ရွာစံပြီးနောက် သူ၏နိုင်ငံသည်ပြိုကွဲ၍ ၁၆၈ ဘီစီ တွင် ပစ်နာစစ်ပွဲတွင် သံနိုင်ငံတည်းဟူသော ရောမနိုင်ငံသည် ဟေလသနိုင်ငံကို ချေမှုန်းလိုက်သည်။ ကဲသာဘုရင်သြဂတ်(စ်)တတ်(စ်)သည် ရောမနိုင်ငံကြီးကို အုပ်စိုးသောအချိန်တွင် ခရစ်တော် သက် တော်ထင်ရှားခဲ့ပါသည်။ (လုကာ ၂း၁)။ ခရစ်တော်နှင့် မိမိတမန်တော်တို့နေထိုင်သော အချိန်သည် ရုပ်တုကြီး၏ ခြေထောက်ဖြစ်သော သံနိုင်ငံဖြစ်ပါသည်။ ဂေဗန် ၁၈ဝဝ ရာစုရာဇဝင်ဆရာကြီးသည် ဒံယေလပုရောဖက်စကား၏ အကြောင်းကိုရေးသားခဲ့သည်မှာ “ရွှေရုပ် (သို့မဟုတ်) ငွေရုပ် (သို့မဟုတ်) ကြေးဝါရုပ်နိုင်ငံတော်၏မင်းများကို ပုံဆောင်ထားကြောင်း နောက်ဆုံးတွင် သံဘုရင် ရောမမင်းကချေမှုန်းဖျက်ဆီးခဲ့သည်ကို သိရပါသည်။ ဤအနာဂတ်စကားများကို စဉ်းစားကြည့်လျှင် ဗာဗုလုန်အချိန်ကနေခဲ့သော ပုရောဖက်ဒံယေလသည် တစ်မင်းပြီးလျှင်တစ်မင်း (၄) မင်းဆက်တိုက် သံနိုင်ငံဖြစ်သော ရောမမင်းအချိန်အထိ ဟောကြားခဲ့သည်မှာ အနာဂတ်စကား၏ လေးနက်သော အရာများဖြစ်ကြောင်းသိရသည်။ ဘုရားသခင်သည် အနာဂတ်ကာလကို ချုပ်ထိန်းထားပါသလား။ ဘုရားသခင်သည် ဤကြီးမြတ်သောအကြံအစည်ကို ယုံကြည်မျှော်လင့်နိုင်ပါသလား။ အဖြေမှာ ဟုတ် မှန်ပါကြောင်းဝန်ခံရပါမည်။ သံနှင့်သရွတ်ရောသောခြေထောက်နိုင်ငံသည် ရောမခေတ်ကုန်ပြီးသည့် အချိန်အခါတွင် ပေါ်ပေါက်မည်ဖြစ်ပါသည်။ “ရုပ်တု၏ခြေနှင့်ခြေချောင်းတို့သည် သရွတ်တစ်ပိုင်း၊ သံတစ်ပိုင်းရှိသည်ကိုမြင်တော်မူသည်အတိုင်း အချင်းချင်းကွဲပြားသောနိုင်ငံဖြစ်လိမ့်မည်။ သို့သော် လည်း ဖုတ်သောသရွတ်နှင့်သံရောနှောသည်ကိုမြင်တော်မူသည်ဖြစ်၍ သံသည်ခိုင်မာ ခြင်းသတ္တိရှိ လိမ့်မည်။ ခြေချောင်းတို့သည် သံတစ်ပိုင်း၊ သရွတ်တစ်ပိုင်းဖြစ်သည်နှင့်အညီ နိုင်ငံသည်ခိုင်မာခြင်းနှင့် လည်းကောင်း၊ ကျိုးပဲ့ခြင်းနှင့်လည်းကောင်း ဆက်ဆံလိမ့်မည်” (ဒံယေလ ၂:၄၁၊ ၄၂)။ ပုရောဖက်၏ အနာဂတ်စကားအရ၊ ပဉ္စမမြောက်ကမ္ဘာ့နိုင်ငံကြီးမဟုတ်ဘဲ ရောမနိုင်ငံပြိုကွဲသဖြင့် ခြေချောင်း (၁ဝ) ချောင်းကဲ့သို့ (၁၀) နိုင်ငံဖြစ်ပေါ်လာပါသည်။ ဤကဲ့သို့အမှန်တကယ်ဖြစ်ပေါ်လာပါသလား။ ရာစု ၄ နှင့် ၅ အချိန်တွင် မြောက်အရပ်မှလူရိုင်းများတို့သည် တစ်ချိန်ပြီးတစ်ချိန်ပြိုကွဲပျက်စီးနေသော ရောမ နိုင်ငံကိုအောင်မြင်ကာ ယခုအချိန်အခါဥရောပနိုင်ငံများမှ နိုင်ငံ (၁၀) နိုင်ငံပေါ်ပေါက်ခဲ့ပါသည်။ ခြေချောင်း (၁ဝ) ချောင်းမှာ အဓိက လူမျိုးစုကြီး (၁ဝ) စု၊ ရောမနိုင်ငံ၏နောက်ပိုင်း တွင်ပေါ်ပေါက်ပါ သည်။ ထိုနိုင်ငံ (၁၀) နိုင်ငံမှာ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ အော်စထရိုဂေါ့သ် (နောက်ပိုင်းတွင် ပျက်စီးသွားသည်)၊ စပိန်နိုင်ငံ၊ ဆွစ္စလန်နိုင်ငံ၊ မြောက်အာဖရိက (နောက်ပိုင်းတွင်ပျက်စီးသွားသည်)၊ ပေါ်တူဂီနိုင်ငံ၊ ဟာရိုလီ (လွန်ခဲ့သောနှစ်ပေါင်းများစွာကတိမ်မြုပ်သွားပါသည်)။

 

၃။       ကျမ်းစာအနာဂတ်စကားမှ ကျွန်ုပ်တို့၏အချိန်နေ့ရက်

ဒံယေလ၏အနာဂတ်စကားအရ၊ ဤနိုင်ငံများအား အုပ်ချုပ်သူတစ်ဦးတည်း၏ လက်အောက် တွင်ထားရှိမည်လား “ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်နှင့်လျော်ညီစွာ နိုင်ငံသားတို့သည် အခြားသော လူမျိုးသားတို့နှင့်ပေါင်းဖေါ်ကြလိမ့်မည်။ သို့သော်လည်း သရွတ်နှင့် သံမရောနှောနိုင်သကဲ့သို့ သူတို့သည် အချင်းချင်း ပေါင်းဖေါ်၍မသင့်နိုင်ကြ” (ဒံယေလ ၂း၄၃)။ အကြိမ် အခါပေါင်းများစွာတန်ခိုးခွန်အားရှိသောလူအများတို့သည် ဥရောပနိုင်ငံများကို ပူးပေါင်းရန် ကြံစည် သော်လည်း မအောင်မြင်ခဲ့ပါ။ နပိုလီယန်ကိုယ်တိုင် ကွဲပြားနေသောဥရောပ နိုင်ငံများကို ပူးပေါင်းရန် ကြံစည်သောသူများတို့တွင် အအောင်မြင်ဆုံးနှင့်အထိရောက်ဆုံး စစ်သူကြီးနှင့်မင်းဖြစ် သော်လည်း ဝါထားလူးစစ်မြေပြင်တွင်အရေးနိမ့်ကာ အရှုံးပေးခဲ့ရပါသည်။ သူ၏နောက်ဆုံးစကားမှာ “ထာဝရ ဘုရားသခင်သည် ငါ၏အတွက်အလွန်မှပင်ကြီးမြတ်တော်မူသည်။ ကိုင်ဇာဝေဟင်(မ်)နှင့် အဒေါ့ဟစ် တလာတို့သည် ကမ္ဘာပေါ်တွင် အများဆုံးစစ်သူရဲတို့ကို စည်းရုံးကာ အကျယ်ပြန့်ဆုံးစစ် မြေပြင်ကို ထိန်းချုပ်နိုင်သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ပျက်စီးကြလေသည်။ အကြောင်းမှာ ထာဝရဘုရား သခင်၏ စကားအရ၊ လူတို့သည်ပူးပေါင်း၍မရ၊ ကွဲပြားကြလိမ့်မည်။” ထိုကြောင့် ကမ္ဘာ့စစ်ပွဲကြီး ဖြစ်သော ပထမနှင့်ဒုတိယစစ်ပွဲကြီးများကို ထာဝရဘုရားသခင်သည် မိမိ၏ လက်တော်ဖြင့်ထိန်းချုပ် ထားကြောင်းကို နောက်ဆုံးတွင်သိရလေသည်။ ဤအချက်များကိုထောက်ရှု၍ ကျွန်ုပ်တို့အား ဘုရား သခင်ပေးသောစိတ်၏ မျှော်လင့်ခြင်း၊ ငြိမ်သက်ခြင်းနှင့်ကိုးစားခြင်းတို့ကို ကျွန်ုပ်တို့အတွက် စီစဉ်ထား ကြောင်း သိရသည်။

၄။       အနာဂတ်အချိန်ကိုထောက်ရှုခြင်း

ဒံယေလ၏အနာဂတ္တိစကားတစ်ခုသာပြည့်စုံရန်လိုပေတော့သည်။ ရုပ်တုကြီးကိုချေမှုန်းသည့် ကျောက်၏အနက်သည်မည်သည့်အရာဖြစ်သနည်း။ ထိုကျောက်သည် တောင်ကြီးဖြစ်၍ တစ်ကမ္ဘာ လုံးပြည့်လျှံသွားသည်ဟုဆိုသည်မှာ မည်သည့်အရာနည်း။ “လက်နှင့်မထုမလုပ်ဘဲ ကျောက်တစ်လုံး သည် တောင်ပေါ်ကအလိုလိုပဲ့ကွာ၍ သံ၊ ကြေးဝါ၊ သရွတ်၊ ငွေ၊ ရွှေတို့ကိုချိုးဖဲ့သည်ကိုမြင်တော်မူ သည့်အကြောင်းအရာမှာ ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ “ထိုနိုင်ငံသည် အခြားသောလူမျိုး လက်သို့မရောက်ရဘဲ အထက်ဆိုပြီးခဲ့သော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့် မည်” (ဒံယေလ ၂:၄၄၊ ၄၅)။ ထိုမင်းများဟုဆိုလိုချက်မှာ ခြေချောင်းများကိုပုံဆောင်သောမင်းများ ဖြစ်သည်။ ထိုမင်းများသည် ဥရောပနိုင်ငံများတွင် ယနေ့အထိ ထင်ရှားနေဆဲမင်းများဖြစ်သည်။ ကျောက်တုံး၊ လူလက်ဖြင့် မဖြတ်သောကျောက်သည် ထိုရုပ်တုအားချိုးချေကာ အမှုန့်ဖြစ်စေမည်။ တစ်ကမ္ဘာလုံးကိုလည်းပြည့်စေ၏။ (၂:၃၄၊ ၃၅၊ ၄၅)။ မကြာမီခရစ်တော်သည် ဤလောကသို့ကြွလာ၍ မိမိ၏နိုင်ငံကိုတည်ထောင်မည်ဖြစ်သည်။ သူ၏နိုင်ငံသည် ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့်ပြည့် မည်။ ထို့နောက် ခရစ်တော်တည်းဟူသောကျောက်သည် ကမ္ဘာအဆက်ဆက် မင်းတို့၏မင်းဖြစ်၍ ထာဝရကာလတိုင်အောင်အုပ်စိုးတော်မူမည်။ ဒံယေလ၏အနာဂတ်စကားသည် နောက်ဆုံး တစ်ခုမှ အပ ပြည့်စုံခဲ့ပြီ။ ရုပ်တုကြီးကိုချေမှုန်းသောကျောက်တုံးကြီးသာ ကျန်တော့သည်။ ဘုရားသခင်၏ စံတော်ချိန်အရ၊ ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလ၌ ရောက်ရှိနေကြောင်း၊ ခရစ်တော်ဘုရား သခင်သည် မကြာမီပြန်လာတော့မည်ဖြစ်ကြောင်းနှင့် စာတန်နတ်ဆိုးနှင့်ဆင်နွှဲသောတိုက်ပွဲသည် အဆုံးသတ်တော့မည်ဖြစ်၍ ထာဝရမေတ္တာနှင့် ကျေးဇူးတရားနိုင်ငံကို တည်ထောင်တော့မည်ဖြစ်ပါ သည်။

၅။       သင်နှင့်ဘုရင်၏အိပ်မက်ခြင်း

အနာဂတ်စကားတွင် တိုင်းပြည်တစ်ပြည်ပေါ်ပေါက်၍ ကျဆုံးမည့်အခြေအနေများကို ထိန်း ချုပ်သောသူသည် ထာဝရဘုရားသခင်ပေတည်း။ ထာဝရဘုရားသခင်သည် အတိတ်ကအခြေအနေကို သိသကဲ့သို့ အနာဂတ်၏ဖြစ်ပျက် မည့်အရာများကိုသိရှိနားလည်ထားပါသည်။ အကယ်၍ ဘုရားသခင် သည် တိုင်းနိုင်ငံများတို့၏ ကံကြမ္မာများကို တိကျသေချာစွာ ဖန်တီးနေကြောင်းကိုသိသောကြောင့် တစ်ဦးစီတို့၏ အသက်တာကိုလည်း ပြင်ဆင်နေကြောင်း သိနိုင်သည်။ ခရစ်တော်၏စိတ်ချလောက် သောစကားဟူမူကား “သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက်သာ၍မြတ်ကြ၏” (မဿဲ ၁၀:၃ဝ၊ ၃၁)။ ဘုရားသခင်ပေးသောယုံကြည်ခြင်းဆုကျေးဇူးသည် စိတ်သောကနှင့်ကြောက်ရွံ့ခြင်းကို တွန်းလှန်နိုင် သောခံနိုင်ရည် ဖြစ်လာသည်။ ကျွန်ုပ်တို့၏မျှော်လင့်ခြင်းကိုအားပေး၍ အသက်တာ၏ကျောက်ဆူးဖြစ် လာသည် (ဟေဗြဲ ၆း၁၉)။ ၁၆၀၀ ရာစုပညာရှင်အီရာစု(စ်)ပြောပြခဲ့သော ပင်လယ်ခရီးတစ်ထောက် အကြောင်းသည် သူတို့၏တစ်သက်လုံးအတွက် မမေ့နိုင်ပါ။ သူ၏သင်္ဘောသည် မုန်တိုင်းကြောင့် သောင်တင်သွားသည်။ ထိုအချိန်အခါ၌ ပြင်းသောလေကြောင့် သင်္ဘောကြီးအားရိုက်ချိုးနေသလို ဖြစ်၏။ ထိုအဖြစ်အပျက်ကိုမြင်သော သင်္ဘောသားတို့သည် ကြောက်ရွံ့တုန်လှုပ်ခဲ့ကြသည်။ ခရီးသည် များမှာ ငိုသူငို၊ အော်သူအော်ဖြစ်ကာ စိတ်ချောက်ချားကုန်ကြ၏။ များသောလူတို့သည် မိမိ ကိုးကွယ် သောသူတော်စင်များကို အကူအညီတောင်းကြသည်။ သီချင်းဆိုကြသည် (သို့တည်းမဟုတ်) ကျယ် လောင်သောအသံဖြင့် ဆုတောင်းကြသည်။

အီရာမု(စ်)သတိပြုမိသောခရီးသည်တစ်ဦးမှာ အခြားသူများနှင့်ခြားနားလှသည်။ ထိုပုဂ္ဂိုလ်မှာ ငြိမ်သက် သာယာစွာဖြင့်ထိုင်ကာ စိတ်ချလက်ချဖြင့် မိမိ၏ကလေးငယ်ကို နို့တိုက်လျက်ရှိ၏။ သူတစ်ဦးတည်းသာလျှင် အော်ဟစ်ခြင်းမပြု၊ ငိုကျွေးခြင်းမပြု၊ ဘုရားသခင်ထံတော်မှလည်း အချီအချ စကားဖြင့် တောင်းဆိုကတိပြုခြင်းမရှိ၊ သူမသည် မလှုပ်မယှက်ဘဲ၊ မအော်မဟစ်ဘဲ ငြိမ်သက် သာယာစွာကလေးငယ်ကိုဖက်ကာဆုတောင်း၏။ ဤဆုတောင်းခြင်းသည် အီရာမု(စ်)နောက်ပိုင်းတွင် သိရသည်မှာ သူမသည်အချိန်မှန်အမြဲတစေဆုတောင်းခဲ့သူဖြစ်၏။ သူမသည် မိမိကိုယ်စိတ်နှစ်ဖြာကို ဘုရားသခင်အားအပ်နှံသောသူဖြစ်၏။ သင်္ဘောသည် နစ်စပြုသောအခါ မိခင်ကိုသစ်ပြား ပေါ်သို့တင် ကာ သစ်သားအပိုတစ်ခုပေး၍ လှော်တက်အဖြစ်အသုံးပြုစေသည်။ ပြီးသည့်နောက် လှိုင်းလုံးထဲသို့ တွန်းထုတ်လိုက်လေသည်။ သူမသည် လက်တစ်ဖက်ဖြင့် ကလေးကိုချီကာ ကျန်လက်တစ်ဖက်ဖြင့် သစ်သားပြားကို လှော်တက်အဖြစ်အသုံးပြုရသည်။ များသောသူတို့၏ထင်မြင်ချက်မှာ ဤအမျိုးသမီး အသက်ရှင်နိုင်ရန် အနည်းဆုံး အခွင့်အရေးရှိသည်ဟုဝေဖန်ကုန်ကြသည်။ သို့ရာတွင် သူမ၏ယုံကြည် ခြင်းနှင့် စိတ်တည်ငြိမ်မှုသည် အကောင်းဆုံး ခံနိုင်ရည်ဖြစ်လာသည်။ ထိုအမျိုးသမီးနှင့် သူ၏ကလေး ငယ်သည် ပထမဆုံးကမ်းပေါ်သို့တက်သောသူဖြစ်သည်။ မျှော်လင့်ခြင်းသည် သူ၏ခြားနားမှုကိုပြုပြင် ပေးနိုင်သည်။ ကမ္ဘာကြီးသည် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင် ပြိုကွဲပျက်စီးနေသော်လည်း ဘုရားသခင် ၌မျှော်လင့်သောသူသည် ခိုလှုံရာရှိ၏။ ထိုပင်လယ်ထဲတွင်လှော်နေသူသည် ကျွန်ုပ်သာမဟုတ်ပါ။ ကျွန်ုပ်ထက်သန်စွမ်းသောလက်နှင့်ခွန်အားသည် ကျွန်ုပ်တို့ကိုလုံခြုံစေသည်။ သင်သည် အကယ်၍ မိမိကိုယ်စိတ်နှစ်ဖြာကိုအပ်နှံကာ ခရစ်တော်ထံသို့လာလျှင် သူသည် သင့်အားခိုင်မာသောယုံကြည် ခြင်း တည်းဟူသောအောင်မြင်ခြင်းကိုပေး၍ အပြစ်နှင့်သွေးဆောင်ခြင်းတည်းဟူသော လေ၊ လှိုင်းကို ကောင်းမွန်စွာ အောင်နိုင်စေမည်။ ဘုရားသခင်၏ဘုန်းတန်ခိုးတော်နှင့်ပြည့်သော ခရစ်တော်ပေးသည့် ကတိနှင့်ငြိမ်သက်ခြင်းကို သင်ရှာဖွေတွေ့ရှိနိုင်ပါစေ။ “ငြိမ်သက်ခြင်းကို သင်တို့၌ငါထား၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ လောကသားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်” (ယောဟန် ၁၄း၂၇)။ သင်သည် ထိုငြိမ်သက်ခြင်း ကိုရရှိပြီလား။ ရရှိခဲ့လျှင် ခရစ်တော်အားကျေးဇူးတင်ပါ။ သူသည် သင်၏ကယ်တင်ရှင်ဖြစ်သည်။ အကယ်၍ သင်သည်သခင်ခရစ်တော်ကိုကယ်တင်ရှင်အဖြစ်မရသေးပါက ဘာကြောင့် သူ့အားယခု မဖိတ်ခေါ်ပါသလဲ။


ရှာဖွေတွေ့ရှိခြင်းလမ်းညွှန် (၇) အဖြေလွှာ

သင်၏ရှေ့ရေး

မှန်သောစာကြောင်းရှေ့တွင်ကြက်ခြေခတ် (x) ပေးပါ။

၁။       ဒံယေလအခန်းကြီး (၂) ရှိရုပ်တုကြီး၏အနာဂတ်စကား-

--------------- နှစ်ပေါင်း ၂၅ဝဝ ကိုကမ္ဘာ့ရာဇဝင်တွင်ကြိုတင်ဟောထားပါသည်။

--------------- နှစ်ပေါင်း ၂၅ဝဝ ၏ ကမ္ဘာ့ရာဇဝင်တွင် စောစောပိုင်းအဖြစ်အပျက်များကို ပြန်

လည်သုံးသပ်ပါ။

၂။       ရုပ်တုကြီး၏ခေါင်းသည် ရွှေဖြစ်၍ ကမ္ဘာ့နိုင်ငံကိုပုံဆောင်ထားသည်။

--------------- အာရှရိနိုင်ငံသည် ဘုရင်နေဘိုပိုလားဆာအုပ်စိုးသည်။

--------------- ဗာဗုလုန်တိုင်းပြည်ကြီးကို နေဗုခဒ်နေဇာမင်းအုပ်စိုးသည်။

ရုပ်တုကြီး၏ရင်ဘတ်နှင့်လက်သည် ငွေကိုပုံဆောင်သည်။

--------------- ကမ္ဘာ့နိုင်ငံဖြစ်သော မေဒိပေရသိနိုင်ငံသည် ၅၃၉-၃၃၁ ဘီစီအုပ်ချုပ်သည်။

--------------- အဲဂုတ္တုပြည်သည် ကမ္ဘာ့နိုင်ငံဖြစ်၍ ဘီစီ ၅၃၉-၃၃၁ ထိအုပ်စိုးသည်။

ရုပ်တုကြီး၏ပေါင်ဖြစ်သောကြေးဝါသည် ကမ္ဘာ့နိုင်ငံကိုပုံဆောင်သည်။

--------------- ဟေလသကမ္ဘာ့နိုင်ငံတော်သည် ဘီစီ ၃၃၁-၁၆၈ ထိအုပ်ချုပ်သည်။

--------------- ရောမကမ္ဘာ့နိုင်ငံသည် ဘီစီ ၁၆၈ မှ အေဒီ ၄၇၆ ထိအုပ်ချုပ်သည်။

ရုပ်တုကြီး၏ခြေဖျားသည် သံနှင့်သရွတ်ရောစပ်သည်။

--------------- ကွဲပြားသွားပြီးသောရောမ၏နိုင်ငံသည် ၄၇၆ အေဒီမှ ယနေ့အထိဖြစ်ပါသည်။

---------------  အမည်မတပ်သောကမ္ဘာ့နိုင်ငံ (၅) နိုင်ငံ၊ တစ်နိုင်ငံသည်မပေါ်ပေါက်သေးပါ။

၃။       သံနှင့်သရွတ်ရောထားသောရုပ်တုကြီး၏ခြေဖဝါး

--------------- အဓိပ္ပါယ်မှာ ဥရောပနိုင်ငံသည် ပြန်စည်းရုံး၍ တန်ခိုးကြီးသောကမ္ဘာ့နိုင်ငံဖြစ်

လာမည်။

--------------- အဓိပ္ပါယ်မှာ ခေတ်သစ်ဥရောပနိုင်ငံပူးပေါင်း၍မနေပါ။

၄။       ရုပ်တုကြီး၏ခြေဖဝါးကို ထိမှန်သောကျောက်တုံးကြီးသည် ရုပ်တုကြီးတစ်ခုလုံးအား အမှုန့် ဖြစ်အောင်ကြိတ်ပစ်မည်။

--------------- အဓိပ္ပါယ်မှာ ကြွလာမည့်ခရစ်တော်၏နိုင်ငံကိုတည်ထောင်ရန်ဖြစ်သည်။

--------------- အဓိပ္ပါယ်မှာ တတိယကမ္ဘာစစ်ကြီးဖြစ်သည်။

အမှန် (သို့မဟုတ်) အမှားအဖြေမှန်တစ်ခုကိုစက်ဝိုင်းခတ်ပါ။

၅။ ၆။ မှန် - မှား           ဘုရားသခင်သည်တိုင်းနိုင်ငံတို့၏အဖြစ်မှန်ကိုမှန်ကန်စွာပြောနိုင်လျှင် ကျွန်ုပ်

တို့၏အသက် လမ်းကိုလည်း မှန်အောင်ပြုလုပ်ပေးနိုင်သည်။

 

နှလုံးသားမေးခွန်း

ခရစ်တော်သည် မကြာမီသူ၏နိုင်ငံတော်ကို တည်ထောင်မည်ဖြစ်သောကြောင့် သင်၏ဆန္ဒ အတိုင်း ခရစ်တော်အား သင်၏အသက်တာကိုလမ်းညွှန်ရန် တောင်းဆိုလိုပါသလား။ 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 

စိတ္တသုခရှာဖွေခြင်း (၇)

ဓမ္မဒါန

စာမူခွင့်ပြုချက်အမှတ် ၄၉၄/၂၀၀၃ (၈)

 

ထုတ်ဝေသူ။     ဦးဆန်ဒီ၊ ယာယီမှတ်ပုံတင်အမှတ် (၄၄၉) စိတ္တသုခရှာဖွေခြင်း၊ (အမှတ်စဉ်ထုတ်)                  ၆၈/၇၂ ဦးဝိစာရလမ်း၊ ရန်ကုန်မြို့

ပုံနှိပ်သူ။          ဦးစိုင်းရပ်စ်၊ မှတ်ပုံတင်အမှတ် (၀၂၈၃ဝ) ကင်းစောင့်ပုံနှိပ်တိုက်၊ အမှတ် ၂၀၆                               ရွှေသစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

(စောင်ရေ ၅၀၀၀၊ ပထမအကြိမ်)




အခန်းကြီး - ၈

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၈)

ခရစ်တော်သင့်ကိုလာ၍ခေါ်သောအခါ

ညှဉ်းဆဲနှိပ်စက်ခြင်း နှစ်ပေါင်းများစွာခံရပြီးနောက် အမင်းဒိုဗာလာဒ်သည် ပိန်ချုံး၍ လမ်း လျှောက်၍မရပါ။ သူသည် ကျန်းမာသန်စွမ်း၍ ခွန်အားနှင့်ပြည့်ဝသော်လည်း ခရစ္စမတ်နေ့တစ်နေ့၌ ဘုရားရှိခိုးကျောင်းထဲတွင် ဆုတောင်းမိသောကြောင့် ထောင်ထဲတွင်နှစ်ပေါင်း (၃၀) ကျခဲ့ပါသည်။ သို့သော်လည်း သူ၏ယုံကြည်ခြင်းမပျက်ပါ။ သူ့အားဤကဲ့သို့ခံရသောဒုက္ခများကိုခံနိုင်ရန် ကတိတစ်ခု မှာ မာသ (ခေါ်) အမျိုးသမီးတစ်ဦးအားပေးခဲ့သောကြောင့် ဖြစ်သည်။ သူတို့နှစ်ဦးသည် ထောင်ကျနေ စဉ်အခါ တစ်ဦးကိုတစ်ဦးမေတ္တာမျှလာသောကြောင့်ဖြစ်သည်။ မာသသည် သူ၏ ယုံကြည်ခြင်းကို မြင်သောကြောင့် သူ့အားချစ်ခင်လာသည်။ မကြာမီမှာပင် ထောင်အတွင်းရှိနေရာတစ်နေရာတွင် တရားဥပဒေအရလက်ထပ်ခဲ့သော်လည်း မာသအား အမေရိကန်ရှိ မဲရာမီးမြို့သို့ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းခဲ့သည်။

ခွဲခွါရခြင်းသည် နှစ်ဦးစလုံး၏ စိတ်ကိုထိခိုက်ခဲ့လေသည်။ အမင်းဒိုသည်လည်း ချစ်ရသော   မာသအတွက် ကတိသစ္စာပေးခဲ့ပါသည်။ စက္ကူစကလေးတစ်ခုပေါ်ပေးခဲ့သောကတိမှာ ငါ့ကျောမှာ ဓါးမြှောင်နှင့်ထောက်ထားသော်လည်း တစ်ဖက်ကမ်းမင်းစီကိုရောက်အောင်လာမည်။

အမင်းဒို၊ စိတ်တွင်မာသအား တစ်နေ့ဘုရားရှိခိုးကျောင်းတွင် လက်ထပ်ကတိပြုရန် ဆုံးဖြတ် ထားသည်။ ဤကဲ့သို့လက်ထပ်ပြီးလျှင်သာ အကြင်လင်မယားအဖြစ်ပြည့်စုံမည်ဟု ယုံကြည်သည်။ မာသအားပြောခဲ့သောစကားမှာ “မင်းဟာ ငါနဲ့အတူအမြဲတမ်းရှိမှာပါ။” အမင်းဒို၏ ကတိမှာခိုင်လုံကာ ညှဉ်းဆဲခြင်းများကိုကျော်လွန်နိုင်ခဲ့ပါသည်။ သာမန်လူသားများသာဆိုလျှင် စိတ်ဓါတ်ကျကာ လူမှုရေး ကတိများပျက်စီးသွားနိုင်သည်။ မာသလည်း အလုပ်ကို ကြိုးစားကာ သူ၏ခင်ပွန်းအတွက်အများလူသူ သိကြားရန်ပြောပြခဲ့ပါသည်။

၁။       ပေးခဲ့သောကတိ

ခရစ်တော်သည် ကောင်းကင်မှ ဆင်းသက်ကြွလာ၍ ကျွန်ုပ်တို့ကို ခေါ်ဆောင်မည်ဟူသော ကတိတော်ကိုသတိရသောအခါ အပြန်အလှန်အတွေးအခေါ်အမျိုးမျိုးဖြင့် စဉ်းစားနေမိမည်ဖြစ်သည်။ ဒို့ဘဝဟာလည်း ဝမ်းနည်းဖွယ်ကောင်းသော ပြစ်မှုတစ်ခုဖြစ်၍ မဆုံးနိုင်သောကမ္ဘာကြီး၏ အဖြစ် အပျက်ကိုစောင့်မျှော်ခံစားရန်မှာ အမှန်တကယ်ဖြစ်ပေါ်လာမည်ကိုပင် သံသယစိတ်ဓါတ်ဝင်လာခဲ့ပါ သည်။ သို့ရာတွင် ထိုမျှော်လင့်ခြင်းကိုအသက်သွင်းရန် အချက်တစ်ချက်သာ ပေါ်ထွက်လာပါသည်။ ထိုအချက်မှာ ခရစ်တော်၏ဒုတိယကြွလာခြင်းပင်ဖြစ်သည်။ ခရစ်တော်သည် ကောင်းကင်နိုင်ငံတော် သို့မတက်ကြွသွားမီ ပေးခဲ့သောကတိသစ္စာမှာ “ယေရှုက သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရား သခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့။ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်း အများရှိ၏။ သို့မဟုတ်လျှင်မဟုတ်ကြောင်းကို သင်တို့အားငါမပြောဘဲမနေ၊ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကိုငါ့ထံသို့သိမ်းဆည်းမည်။” (ယောဟန် ၁၄း၁-၃)။ ခရစ် တော်သည် ကောင်းကင်သို့မတက်ကြွသွားမီ ပေးခဲ့သောကတိမှာ ငါတစ်ဖန်ပြန်လာမည်။ သူ၏ ကတိ မှာ သူ့ကိုကိုးစားသောသူများအတွက် နေရာပြင်ဆင်ထားသည်။ ခရစ်တော်၏ ဒုတိယကြွလာခြင်း အကြောင်းကို ကြိမ်ခါပေါင်း ၂၅ဝဝ တိတိ သတိနှင့်အသိပေးခဲ့ပါသည်။ ခရစ်တော်ကြွလာခြင်းမှာ ဤလောက၌ သက်ရှင်ထင်ရှားစဉ်နေခဲ့သည့်နည်းတူ ဒုတိယကြွလာခြင်းသည်လည်း တိကျသေချာ မည်ဖြစ်သည်။ ရှေးမဆွက ဘုရားသခင်ပေးခဲ့သောကတိမှာ မေရှိယကြွလာမည်ဖြစ်ကြောင်းကို ကယ် တင်ရှင်သည် ငါတို့အပြစ်များကိုဖြေလွှတ်ပေး၍ ကယ်တင်မည်ဖြစ်ကြောင်း၊ ထိုကတိတော်သည် ရှေးအခါကနေခဲ့သော လူသားများအတွက် ဝေဖန်စရာဖြစ်ခဲ့ပါသည်။ ခရစ်တော်သည် လက်ဝါးကပ် တိုင်ပေါ်တွင်အသက်စွန့်ခဲ့ပါသည်။ ထိုကတိတော်သည်ပြည့်စုံလာ၍ ဘုန်းတော်ထင်ရှားသော ကတိ တော်ဖြစ်စေခဲ့ပါသည်။ ကြွလာမည်ဟူသောကတိသည်လည်း ပြည့်စုံလာပါသည်။ ကျွန်ုပ်တို့သည် ထိုသခင်၏ကတိတော်ကိုတိကျသေချာစွာယုံကြည်နိုင်ပါသည်။ သူသည် ကျွန်ုပ်တို့အတွက် အဖိုး မဖြတ်နိုင်သောငွေဖြင့်ဝယ်ယူခဲ့ပါသည်။ အမင်းဒိုထောင်ကျနေစဉ် သူသည် ခိုးဝှက်ကာ ကဗျာများ၊ သူ ့အကြောင်းသတင်းများနှင့် ပန်းချီကားကို မာသအားပေးပို့ခဲ့ပါသည်။ မာသသည်လည်း အချို့သော ကဗျာနှင့်သတင်းစကားများကို သတင်းစာတိုက်သို့ပေးပို့ခဲ့ပါသည်။ ရေးသားသောအချက်များတို့သည် အများလူသူသိရှိနားလည်လာ၍ အရာရှိများတို့သည် အကြီးအကဲအားဘာသာရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုလာတော့သည်။ ပြင်သစ်သမ္မတကြီးသည် ကြားဝင်ဖျန်ဖြေကာ ၁၉၈၂ ခုနှစ်၊ အောက်တိုဘာလတွင် အမင်းဒိုအား လေယာဉ်ပေါ်တင်ကာ ပါရီမြို့ သို့ပို့လိုက်လေသည်။ အမင်းဒို သည် သူလွှတ်လာကြောင်းကို မယုံနိုင်သလောက်ဖြစ်၍ လေယာဉ်သည် မြေပြင်ပေါ်သို့ သက်ရောက် သောအခါ သူ၏ဘဝဖြစ်စဉ်ကို နှစ်ပေါင်း (၂၀) တိတိခံခဲ့ရကြောင်း၊ သိရှိနားလည်ရလေသည်။ အမင်းဒို သည် စောင့်လျက်နေသောမာသ၏ ပွေ့ဖက်မှုကိုခံရလေတော့သည်။ လအနည်းငယ်ပိုင်းအတွင်းတွင် သူတို့နှစ်ဦးသည် မဲရာမီးမြို့ ရှိစိန့် ခီရန်ဘုရားကျောင်းတွင် သူတို့၏ဒုတိယအကြိမ်မြောက်လက်ထပ် သောကတိသစ္စာကိုပြန်၍ပြုခဲ့လေသည်။ သူတို့၏အကြင်လင်မယားဘဝသည်လည်း ပြည့်စုံသွားလေ သည်။ တစ်နေ့ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်မျက်နှာချင်းဆိုင်ရမည်ကို စဉ်းစားကြည့်ပါ။ ထူးဆန်း အံ့သြဖွယ်ကောင်းသောတွေ့ဆုံခြင်းပင်ဖြစ်မည်။ သူ၏ပေါ်ထွန်းခြင်းသည် ဘုန်းတန်ခိုးမေတ္တာတော်၊ ကရုဏာတော်တို့နှင့်ပြည့်စုံ၍ လူသားများ ခံစားရသော ဝေဒနာများအားလုံးတို့သည် နှလုံးသားမှပယ် ရှားပေးမည်။ ခရစ်တော်၏ ကြွလာခြင်းသည် ကျွန်ုပ်တို့၏ ပြင်းပြသောဆန္ဒနှင့် ရင်ခုန်ဖွယ်သော မျှော်မှန်းချက်တို့ကိုပြည့်စုံစေမည်။ ထိုအခါ ကာလအဆက်ဆက်ရင်းနှီး၍ ပျော်ရွှင်သော တွေ့ဆုံခြင်း ဖြစ်၍ စကြဝဠာတွင် ကြော်ကြားသောပုဂ္ဂိုလ်များနှင့်တွေ့ဆုံရမည်ဖြစ်သည်။ ခရစ်တော်သည် မကြာမီ ကြွလာမည်။ သင်တို့သည် သူ့အားတွေ့ဆုံရန်စိတ်ဆန္ဒရှိပါသလား။

၂။       ခရစ်တော်မည်ကဲ့သို့ကြွလာမည်နည်း

(၁) ခရစ်တော်သည်တိတ်တဆိတ်ကြွလာမည်လား

လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင်ထွန်းလင်းသကဲ့သို့ လူသားသည်ကြွလာ

 တော်မူလတ္တံ့။” (မဿဲ ၂၄:၂၇)။ “ကြည့်ရှုလော့၊ မိုးတိမ်နှင့်တကွကြွတော်မူသည်ဖြစ်၍ ကိုယ်တော်ကို ထိုးဖေါက် သောသူတို့နှင့် ရှိသမျှသောလူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်” (ဗျာ၊ ၇း၁)။ လျှပ်စစ်သည် ရပ်ဝေးမှပြက်သော်လည်း လူတိုင်းမြင်နိုင်ကြသည်။ ထို့ကြောင့် ခရစ်တော်ကြွလာသော အခါ လျှို့ဝှက်စွာ မကြွလာဘဲ လူသိရှင်ကြားဖြစ်ပါမည်။

(၂) ခရစ်တော်သည် လူ၏ကိုယ်ကာယဖြင့်ကြွလာမည်လား

အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ မျှော်ကြည့်လျက်နေကြသနည်း။ သင်တို့ နှင့်ခွါ၍ ကောင်းကင်သို့ ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူတစ်ဖန်ကြွလာတော်မူလတ္တံ့ဟုပြောဆို၏” (တမန်တော် ၁း၁၀၊ ၁၁)။

ကျွန်ုပ်တို့၏ကမ္ဘာမှခရစ်တော်သည် ကောင်းကင်သို့တက်ကြွသွားအပြီး ကောင်းကင်တမန်မှာ ထားခဲ့သောစကားဖြစ်သည်။

(၃)      ခရစ်တော်ကြွလာလျှင် ကျွန်ုပ်တို့မြင်နိုင်မည်လား

ကြည့်ရှုလော့၊ မိုးတိမ်နှင့်တကွကြွလာတော်မူသည်ဖြစ်၍ ရှိသမျှသောသူတို့သည် ကိုယ်တော် ကို ရှုမြင်ကြရလိမ့်မည်” (ဗျာ၊ ၇း၁)။

သန့်ရှင်းသူအပေါင်းနှင့်တကွ ကိုယ်တော်ကိုထိုးဖေါက်သောအပြစ်သားတို့သည် ကိုယ်တော်၏ ကြွလာခြင်းကိုမျက်မြင်သက်သေခံရပါမည်။ ခရစ်တော်ကိုယ်တိုင်မည်သူမည်မျှသူ၏ ကြွလာခြင်းကို ဖူးမျှော်ရမည်နည်း။ “ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကိုဆောင်လျက် မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။ လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကိုပြင်းစွာနှုတ်စေတော်မူသဖြင့် ရွေးချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာကောင်းကင်အောက်ထက်ဝန်းကျင်တို့မှခေါ်၍ စုရုံးကြလတ္တံ့” (မဿဲ ၂၄:၃၀၊ ၃၁)။ ကမ္ဘာပေါ်တွင် အသက်ရှင်သမျှသောလူတို့သည် ခရစ်တော်ကြွလာခြင်းကိုမြင်ရမည်။

 

(၄)      ခရစ်တော်နှင့်အတူမည်သူကြွလာမည်နည်း

လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်များအခြံ အရံ တို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍” (မဿဲ ၂၅:၃၁)။

ခရစ်တော်သည် သူ၏ ကောင်းကင်တမန်များခြံရံလျက် ဘုန်းတန်ခိုးနှင့်ကြွလာသည်ကို ဆင်ခြင်စဉ်းစား ကြည့်ပါ။

(၅)      ခရစ်တော်ကြွလာခြင်းကို အချိန်အားဖြင့်တိကျစွာပြောနိုင်မည်လား

ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ၊ ကောင်းကင်တမန်မသိ၊ ခမည်းတော်တစ်ပါးတည်း သာ သိတော်မူ၏။---ထို့ကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ် သောအချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်” (မဿဲ ၂၄း၃၆၊ ၄၄)။

လူအများတို့သည် ခရစ်တော်ဘုန်းတန်ခိုးနှင့်ကြွလာသည်ကိုမြင်ရသော်လည်း မြောက်မြားစွာ သော လူတို့သည် အဆင်မသင့်ဖြစ်နေမည်။ သင်သည် ခရစ်တော်ကြွလာခြင်းကို အဆင်သင့်ပြင်ထား ပါပြီလား။

၃။       ခရစ်တော်ကြွလာသောအခါ မည်သည့်လုပ်ငန်းကိုပြုလုပ်ပါမည်နည်း

(၁) ခရစ်တော်သည် ကယ်တင်ခြင်းခံရသောသူအပေါင်းကိုစုရုံးမည်

လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကို ပြင်းစွာမှုတ်စေတော်မူသဖြင့် သူတို့ သည် ရွေးချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ် ၍စုရုံးကြလတ္တံ့” (မဿဲ ၂၄း၃၁)။

ခရစ်တော်အား သင်၏ကိုယ်စိတ်နှစ်ဖြာအပ်နှံလျှင် သင်၏ကယ်တင်ရှင်အား ဝမ်းမြောက်စွာ ဖြင့် ကြိုဆိုရမည်။

(၂)      ခရစ်တော်သည်သန့်ရှင်း၍ သေဆုံးနေသူတို့ကိုထမြောက်ရှင်ပြန်စေမည်

ဘုရားသခင်သည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍ ခရစ်တော်၌သေလွန် သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်” (၁သက် ၄း၁၆)။

ခရစ်တော်သည် ကောင်းကင်မှအသံကျယ်စွာဖြင့် ဆင်းသက်ကြွလာ၍ သူ၏အသံသည်လည်း ကမ္ဘာအနှံ့ကြားရမည်။ ဂူသင်္ချိုင်းများသည်လည်း အသံကြောင့်ကွဲအက်ပွင့်ထွက်ကာ ကာလအဆက် ဆက်မှ ခရစ်တော်၌ အိပ်ပျော်သောသူတို့သည်ထမြောက်ကြလိမ့်မည်။ ပျော်ရွှင်ဝမ်းသာဖွယ်သောနေ့ ရက်ကြီးပေတည်း။

(၃)      ခရစ်တော်သည် သန့်ရှင်းသူအပေါင်းတို့ကိုပြောင်းလဲစေတော်မူမည်

ထိုအခါ အသက်ရှင်၍ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ ဘုရားသခင်ထံ

တော်သို့ ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ချီဆောင်ခြင်းကိုခံရသောအားဖြင့် ဘုရား သခင်နှင့်အတူ အစဉ်မပြတ်နေကြရလိမ့်မည်” (၁သက် ၄း၁၇)။

ကျွန်ုပ်တို့အတွက် ထာဝရအသက်ရရှိရန်ပြင်ဆင်ခြင်း၊ ခရစ်တော်သည်သေခြင်း၊ နာခြင်း၊ အိုခြင်းနှင့်ရှိသောကိုယ်ကာယကို လှပသောထာဝရခန္ဓာကိုယ်သို့ ကူးပြောင်းပေးပါမည်။ “နက်နဲသော အရာတစ်ခုကိုငါပြဦးမည်။ ငါတို့ရှိသမျှသည်အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း နောက်ဆုံး သောတံပိုးမှုတ်သောအခါ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည်ပြောင်းလဲကြရမည်” (၁ကော ၁၅း၅၁-၅၃)။ ခရစ်တော်ကြွလာသောအခါ ငါတို့သည်ပြောင်းလဲမည်။ ထိုစကားကိုစဉ်းစား ကြည့်ပါ။ လေးဘက်နာမရှိ၊ သွေးလေဖြတ်မှ မရှိ၊ ကင်ဆာရောဂါမရှိ၊ ဆေးရုံအားလုံးပိတ်ရမည်၊ သင်္ချိုင်းလည်းမရှိ။ အကြောင်းမူကား၊ ခရစ်တော်ကြွလာပြီ။

(၄)      ခရစ်တော်သည် သန့်ရှင်းသူအပေါင်းတို့ကိုကောင်းကင်ရွှေပြည်သို့ခေါ်ဆောင်မည်

ခရစ်တော်၏ကတိမှာ ငါလျင်မြန်စွာလာ၍ သင်တို့သည် ငါ့အဘအိမ်တော်မှာငါနှင့်အတူနေရ မည် (ယောဟန် ၁၄း၁-၃)။ ပေတရုသည် ကယ်တင်ခြင်းခံရသောသူတို့၏ အမွေမှာ ကောင်းကင်ရွှေ ပြည်တွင်ရှိကြောင်း (၁ပေ ၁း၄) ကျွန်ုပ်တို့သည် ဘုရားသခင်၏ မြို့ကြီးကို သွားရောက်ကြည့်ရှုမည် ဖြစ်ပါသည်။ ထိုမြို့သည် ယေရုရှလင်မြို့သစ်ဖြစ်၍ ကျွန်ုပ်တို့၏ အဘဘုရားသခင်နှင့်သွားရောက်မိတ် သဟာယဖွဲ့မည်။

(၅)      ခရစ်တော်သည် နတ်ဆိုးနှင့်နာကျင်မှုများကိုအမြစ်ဖြတ်စီရင်ပစ်မည်

ဆိုးသောသူတို့သည် ခရစ်တော်ပေးသောကျေးဇူးတရားကိုငြင်းပယ်၍ သူတို့ကိုယ်ကို သူတို့ အပြစ်စီရင်လိမ့်မည်။ ခရစ်တော်၏ မျက်နှာတော်ကိုကြည့်ရင်း သူတို့၏အပြစ်သည် ခရစ်တော်ကို ဆက်လက်ကြည့်ရှုရန် မရတော့ဘဲ သူတို့အပေါ်သို့ တောင်များနှင့် ကျောက်ဆောင်များအုပ်မိုးရန် တောင်းဆိုပါလိမ့်မည် (ဗျာ၊ ၆း၁၆)။ သူတို့သည် ခရစ်တော်ကို ရင်ဆိုင်ရခြင်းထက် သေခြင်းကို ရင်ဆိုင် လိုကြ၏။ သူတို့သည်အထက် ကောင်းကင်မှကိုယ်တော်၏ အသံမိုးချုန်းသကဲ့သို့ ထွက်ပေါ်လာ၍ အပြစ်စီရင်ခြင်းကိုမကြေညာမီတစ်ခါကနူးညံ့သိမ်မွေ့သောစကားသံဖြင့်ဘုရားသခင်၏ကျေးဇူးတရား ပေးသံကို ကြားယောင်ပါလိမ့်မည်။ အချို့သောသူတို့သည် အပျော်အပါးနှင့် ငွေကြေးမက်မောခြင်း ကြောင့် ဘုရားသခင်၏ဖိတ်ခေါ်သံကိုနားမထောင်မိသောကြောင့် ဝမ်းနည်းကြေကွဲလျက်ရှိပါသည်။ ဤနာကြည်းဖွယ်သောခံစားမှုတို့သည် မလိုလားအပ်ဘဲခံစားရတော့မည်။ ဘုရားသခင်သည် အပြစ် သားတစ်ဦး၏ ပျက်စီးခြင်းကိုလိုလားသည်မဟုတ် (ယေဇကျေလ ၃၃း၁၁)။ လူတစ်ယောက်မျှ မပျက် စီးရန် ဘုရားသခင်အလိုရှိတော်မူသည်။ သို့ရာတွင် နောင်တတရားဖြင့်ပြန်လာရမည် (၂ပေ ၃း၉)။ ခရစ်တော်သည် ကျွန်ုပ်တို့အားတောင်းပန်ပြောဆိုသည်မှာ “ငါ့ထံသို့လာကြလော့၊ ဝန်လေး၍ ပင်ပန်း သောသူအပေါင်းတို့၊ ငြိမ်သက်ခြင်းပေးမည်” (မဿဲ ၁၁း၂၈)။ သို့ရာတွင် အချို့သောသူသည် ဘုရား

သခင်၏ကျေးဇူးတရားဖြင့်ဖိတ်ခေါ်ခြင်းကို ငြင်းဆန်ခဲ့ပါသည်။

၄။       သင်သည် ခရစ်တော်ကြွလာခြင်းအတွက် အဆင်သင့်ရှိပြီလား

ကျွန်ုပ်တို့ဘုန်းရှိသောအနာဂတ်အတွက် ကတိပေးခဲ့ခြင်းသည် ခရစ်တော်အတွက် မလွယ်လှ ပါ။ “ငါ၏ အဘအိမ်တော်တွင်အခန်းအများရှိ၏” ဆိုသောစကားရပ်မှာ ခရစ်တော်သည် မိမိအသက် စွန့်ရမည်ကိုသိ၏။ “ထိုနည်းတူခရစ်တော်သည် လူများအပြစ်အတွက်ခံခြင်းငှါ တစ်ခါတည်းကိုယ်ကို ပူဇော်ပြီးမှ နောက်တစ်ဖန် ထိုသခင်ကို မျှော်လင့်လျက်နေသောသူတို့ကိုကယ်တင်ခြင်းအလို့ငှါ အပြစ် နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတ္တံ့ (ဟေဗြဲ ၉း၂၈)။ လက်ဝါးကပ်တိုင်၌အသေခံသောခရစ်တော်သည် လူသားများ၏အပြစ်ကို ယူဆောင်ကာ ဒုတိယအကြိမ်ကယ်တင်ခြင်းစောင့်မျှော်သော သူတို့အား ယူခဲ့ ပေးမည်ဖြစ်သည်။ ခရစ်တော်၏သေခြင်းသည် လူသားများအတွက် ကယ်တင်ခြင်းပေးရန် ဖြစ်သည်။ သို့ရာတွင် ဒုတိယကြွလာခြင်းမရှိဘဲ လက်ဝါးကပ်တိုင်သည် ဆုံးရှုံးခြင်းသာဖြစ်မည်။ ခရစ်တော်သည် ကျွန်ုပ်တို့အား သူနှင့်အတူကမ္ဘာအဆက်ဆက်စိုးစံရန်နှင့် ထာဝရလုံခြုံသောအိမ်ကိုပေးရန်ဖြစ်သည်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နံနက်စောစောတွင် လူငယ်တစ်ဦးသည်ပြေး၍ လေယာဉ်တစ်စင်း မြင်ကြောင်းအော်ဟစ်ကာကြေညာခဲ့သည်။ ထိုအခါ လှုပ်ရှားနိုင်သောအကျဉ်းသားတို့သည် မော့ကြည့် လေ၏။ ဤယောက်ျားနှင့်မိန်းမတို့သည် လူအများနှင့်ခွဲကာ ဆင်းရဲနွမ်းပါးစွာဖြင့် လည်းကောင်း၊ သောကကြီးစွာဖြင့်လည်းကောင်း ဂျပန်၏ရန်သူများအဖြစ် အကျဉ်းခံရသူများဖြစ်၏။ အများသော သူများအတွက် မျှော်လင့်ခြင်းဖြင့်အသက်ရှင်ရခြင်းသည် တစ်နေ့စစ်ပွဲပြီးမည်ဟု ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ထိုအခါ နိုင်ငံရေးအကျဉ်းသမားများဖြစ်သော လူပေါင်း ၁၅၀၀ တို့သည်ပြေးထွက်ကာ လေယာဉ်ဘေးတွင် အမေရိကန်အလံကြီးရေးခြယ်ထားကြောင်းတွေ့သောအခါ အော်ဟစ်၍ ငါတို့ ထံသို့လာပြီဟုကြွေးကြော်လေ၏။ ထိုလူစုထဲမှတစ်ယောက်သောသူက ငါတို့ကို လက်ပြနေသည်ဟု ကြေညာလိုက်ပါသည်။ ထိုအခါ အားပြတ်သူများ၊ ရောဂါသည်များ၊ တစ်ပြိုင်တည်းပြေးထွက်၍ ၎င်းအကျဉ်းထောင်ခြံဝင်းအတွင်းပတ်ချာလည်ပြေးကာ လက်ဝှေ့ယမ်းပြ၍ အသံကုန် ဟစ်ကြွေးကြ လေသည်။ ထိုအခါ အသံသည် ဗြုန်းကနဲရပ်စဲကာ လေယာဉ်အောက်ပိုင်းအပေါက်ဖွင့်၍ တစ်ယောက် ပြီးတစ်ယောက်လေထီးဖြင့်ခုန်ဆင်းသည်ကိုတွေ့ရလေသည်။ ကယ်တင်မည့်သူသည် တစ်နေ့လာ မည်မဟုတ်၊ ယနေ့လာပြီဖြစ်ကြောင်းကိုသိရလေသည်။ လူထုကြီးသည် ခြံတံခါးပေါက်သို့ပြေးထွက် မည်ပြုကာ သူတို့အား အပေါ်ကင်းစခန်းမှ စက်သေနတ်ဖြင့်စောင့်နေသောသူများတို့ကိုမမှုဘဲ လေထီး ဖြင့်ဆင်းသောသူထံသို့မရောက်မီ လူထုကြီးသည် မိမိ၏ ခြံအတွင်းသို့ပြန်ဝင်ရာ သူတို့နောက်တွင် စစ်သူရဲများတို့သည် အစောင့်များတို့ကိုမပစ်ခတ်ဘဲ လက်နက်ချရန်တောင်းဆိုလေသည်။ စခန်းကို စောင့်သော စစ်သူကြီးသည် လက်နက်ချကာ လွတ်လပ်မှုရောက်ရှိလာကြောင်း ကြေညာလိုက်လေ သည်။ ငါတို့၏ကယ်တင်ရှင်သခင်သည် မိုးတိမ်မှဆင်းသက်၍ကြွလာမည်။ လူ၏ရက်စက်ကြမ်း ကြုတ်သောအဖြစ်အပျက်တို့သည် ရပ်စဲသွားမည်။ ခရစ်တော်၏ကြွလာခြင်းသည် လူသားများတို့ကို ပြောင်းလဲပေးသကဲ့သို့ ကမ္ဘာကြီးကိုလည်းပြောင်းလဲပစ်မည်။ သူသည် လာ၍ကြွလာခြင်းအတွက် ပြင်ဆင်ရန် ခွန်အားနှင့် ထာဝရအသက်ကိုပေးမည်။


ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၈) အဖြေလွှာ

ခရစ်တော်သင့်ကိုလာ၍ခေါ်သောအခါ

မှန်သောစာကြောင်းရှေ့တွင်ကြက်ခြေခတ် (x) ပေးပါ။

၁။       ----------------    ကောင်းကင်သို့မတက်ကြွမီ ခရစ်တော်၏ကတိတော်မှာ ငါပြန်၍လာမည်။

----------------    ခရစ်တော်၏ကြွလာခြင်းအကြောင်းနှင့်ပတ်သက်၍ အချက်ပေါင်းနှစ်ထောင့် ငါးရာကျမ်းစာတွင်ရှိသည်။

----------------    ခရစ်တော်ပထမအကြိမ်ကြွလာခြင်းဖြင့် ဒုတိယအကြိမ်ကြွလာခြင်းသည် သေချာနိုင်သည်။

၂။       ----------------    ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်းအကြောင်းနှင့်ပတ်သက်၍ လျှို့ဝှက်

ချက်မရှိပါ။

----------------    ခရစ်တော်ဒုတိယအကြိမ်ကြွလာသောအခါ ပုဂ္ဂိုလ်တော်အရဖြင့်လာမည်။

----------------    အသက်ရှင်သောသူတိုင်းခရစ်တော်ကြွလာခြင်းကိုမြင်ရမည်။

----------------    ကောင်းကင်ရှိကောင်းကင်တမန်များသည် ခရစ်တော်နှင့်အတူကြွလာမည်။

----------------    ကျမ်းစာသည် ခရစ်တော်ကြွလာမည့်နေ့ ရက်ကိုတိကျစွာပေးထားသည်။

၃။       ယေရှုတစ်ဖန်ကြွလာသောအခါ

----------------    သူ့အားစောင့်မျှော်သောသူကိုခေါ်ဆောင်ကယ်တင်မည်။

----------------    သေသောသန့်ရှင်းသူတို့အား ထမြောက်ရှင်ပြန်စေမည်။

----------------    သန့်ရှင်းသောသူတို့၏ကိုယ်ကာယကို ဖျားနာခြင်းနှင့် သေခြင်းမရှိရန်ပြောင်း လဲပေးမည်။

----------------    သန့်ရှင်းသူတို့အားစုရုံး၍ ကောင်းကင်သို့ခေါ်ဆောင်မည်။

----------------    အချို့သောသန့်ရှင်းသူတို့ကို ဤလောကတွင်နေရန်ချန်ခဲ့မည်။

----------------    ဤလောကတွင်ရှိသောအပြစ်သားများကိုဖျက်ဆီးပစ်မည်။

နှလုံးသား၏မေးခွန်း

ခရစ်တော်မကြာမီကြွလာမည်ကို သင်မည်ကဲ့သို့ခံစားရပါသနည်း။

  

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 

စိတ္တသုခရှာဖွေခြင်း (၈)

ဓမ္မဒါန

စာမူခွင့်ပြုချက်အမှတ် ၄၈၃/၂၀၀၃ (၇)

 

ထုတ်ဝေသူ။     ဦးဆန်ဒီ၊ ယာယီမှတ်ပုံတင်အမှတ် (၄၄၉) စိတ္တသုခရှာဖွေခြင်း၊ (အမှတ်စဉ်ထုတ်)                  ၆၈/၇၂ ဦးဝိစာရလမ်း၊ ရန်ကုန်မြို့

ပုံနှိပ်သူ။          ဦးစိုင်းရပ်စ်၊ မှတ်ပုံတင်အမှတ် (၀၂၈၃ဝ) ကင်းစောင့်ပုံနှိပ်တိုက်၊ အမှတ် ၂၀၆                               ရွှေသစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့

(စောင်ရေ ၅၀၀၀၊ ပထမအကြိမ်)


 


အခန်းကြီး - ၉

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၉)

ကောင်းကင်၌ရှိသောသင်၏ အိမ်

 

မာကိုပိုလိုသည် အရှေ့ဖျားဒေသမှ မိမိမြို့ရွာဖြစ်သော ဗင်းနစ်သို့ရောက်သောအခါ သူ၏ မိတ်ဆွေတို့သည် သူ့အားစိတ်ဖေါက်ပြန်သည်ဟုသတ်မှတ်ကြ၏။ သူသည် ခရီးအပြန်တွင် ဗဟုသုတ နှင့်ပုံပြင်များပါလာသည်။ သူရောက်ခဲ့သောမြို့တစ်မြို့မှာ ရွှေနှင့်ငွေအပြည့်ရှိကြောင်းနှင့် ကျောက် အနက်တစ်လုံးသည် မီးလောင်နေကြောင်း ပြောပြသည်။ ထိုစဉ်က လူတို့သည် ကျောက်မီးသွေး ရှာဖွေတွေ့ရှိခြင်းမရှိသေးပါ။ မီးမလောင်သော အဝတ်အကြောင်း ပြောပြသည်။ ထိုစဉ်ကလည်း ဘိလပ်မြေမှလုပ်သော (မျက်နှာကျက်ကျောက်ပြား) အဝတ်ကိုမကြားဖူးကြသေးပါ။ ခြေလှမ်းဆယ် လှမ်းခန့်ရှည်သောမြွေကြီးအကြောင်း၊ ပါးစပ်ပေါက်ကြီးသည်လည်း လူတစ်ယောက်ချောင်ချောင်ချိချိ ဝါးမျိုနိုင်ကြောင်း၊ အဆီထွက်သောအသီးမှာ လူ၏ ဦးခေါင်းလောက်ရှိကြောင်းနှင့် သူ၏အရည်သည် လည်း နို့ရည်ကဲ့သို့ဖြူကြောင်း၊ မြေကြီးမှထွက်လာသော အရည်သည်လည်း မီးရှို့နိုင်ကြောင်း၊ သို့ရာတွင် ထိုစဉ်ကလူသားတို့သည် မိကျောင်းအုန်းသီး၊ ရေနံစိမ်းတို့ကို မမြင်ဖူးကြသေးကြောင်း ဤပုံများတို့ကိုကြားရသောမိတ်ဆွေများတို့သည် ရယ်မော၍ လှောင်ပြောင်ကြသည်။ နှစ်ပေါင်းများ စွာကြာပြီးသည့်နောက် မာကိုပိုလိုသေခါနီးတွင် သူနှင့်အလွန်ရင်းနှီးသော သူတော်စင်တစ်ဦးက သူ့ အိပ်ရာအနားသို့လာ၍ သူပြောခဲ့သောပုံများတို့ကို မဟုတ်မမှန်ကြောင်းပြောဆိုရန် တောင်းပန်ခိုင်း လေသည်။ မာကိုပိုလိုသည်ငြင်းဆန်လေသည်။ “ကျွန်တော်ပြောတာ အားလုံးမှန်တယ်။ တကယ်ပြော ရလျှင် ကျွန်ုပ်အမြင်ဖြင့် ထက်ဝက်မျှသာ ပြောပြခြင်းဖြစ်သည်။” ကျမ်းစာရှိစာရေးဆရာတို့သည် ကောင်းကင်အကြောင်းနှင့် ပတ်သက်၍ ကွက်ကွက်ကွင်းကွင်းရေးသားခဲ့သောအခါ ကျမ်းစကားတို့ သည် မာကိုပိုလို၏ စကားနှင့်ထပ်တူထပ်မျှ တူလှပေသည်။ မြင်ခြင်းတွင်ပုရောဖက်များတို့၏ အမြင် ဖြင့်ရေးသားသောအကြောင်းအရာတို့သည် ကွက်ကွက်ကွင်းကွင်း တောက်ပြောင်သော အရာတို့ကို ဖေါ်ပြသောအခါ သူတို့မြင်ရသောအရာထက်ဝက်မျှသာရှိ၏။ ထို့ကြောင့် မာကိုပိုလို၏ မိတ်ဆွေများ အတွေးအခေါ်နှင့်ကျွန်ုပ်တို့၏အတွေးအခေါ်သည် တူညီလှပေသည်။ ကျွန်ုပ်တို့သည် မိကျောင်းနှင့် အုန်းသီးအကြောင်းတို့ကိုထည့်၍ စဉ်းစားသင့်ပေသည်။ ကောင်းကင်နိုင်ငံတော်၏ မြင်ကွင်းကို ကျမ်းစာဖေါ်ပြချက် အရ၊ တိမ်ပေါ်တွင်ထိုင်၍ စောင်းတီးနေသောမြင်ကွင်းနှင့်တူလှ၏။

၁။       ကောင်းကင်နိုင်ငံတော်သည်အမှန်တကယ်ရှိပါသလား

ခရစ်တော်သည် ကျွန်ုပ်တို့အတွက်အမှန်တကယ်ဖြစ်သော ကောင်းကင်အိမ်တော်ကို ပြင်ဆင် လျက်ရှိပါသည်။ “ယေရှုက သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့။ ငါ့အဘ၏အိမ်တော်၌နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင်မဟုတ် ကြောင်းကို သင်တို့အားငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့သိမ်းဆည်းမည်” (ယောဟန် ၁၄း၁-၃)။ ခရစ်တော်သည် ကျွန်ုပ်တို့၏ ကမ္ဘာသို့ ဒုတိယအကြိမ်ကြွလာမည်။ ကောင်းကင်မြို့တော်၌ ထိုပြင်ပြီးသားအိမ်တွင် စဉ်းစား၍ဥာဏ်မမီသော တိုက်နန်းတွင်နေရမည်။ ထိုမြို့သည် ယေရုရှလင်မြို့သစ်ဖြစ်၏။ ထိုနေရာ၌နှစ်ပေါင်း တစ်ထောင်နေ ပြီးသည်နောက်တွင် ခရစ်တော်သည် ကောင်းကင်နိုင်ငံရှိအိမ်များကို ဤကမ္ဘာမြေကြီးပေါ်သို့ ရွှေ့ ပြောင်းယူဆောင်လာမည်။ ယေရုရှလင်မြို့သစ်သည် ဤကမ္ဘာပေါ်သို့ ဆင်းသက်လာစဉ် ဘုရားသခင် သည် ဤကမ္ဘာကြီးကို မီးဖြင့်ဆေးကြောပစ်မည်ဖြစ်သည်။ ဤကမ္ဘာသစ်တွင် ကျွန်ုပ်တို့သည် ထာဝရ နေရမည်ဖြစ်ပါသည်။ (ဗျာ၊ ၂၀:၇- ၁၅)။ ဆက်လက်လေ့လာလိုလျှင် လမ်းညွှန် (၂၂) တွင်ကြည့်ပါ။

Revelation ပြုစုသောယောဟန်သည် မည်ကဲ့သို့ ထပ်မံ၍ဖေါ်ပြထားသနည်း။ “ကောင်းကင် သစ်နှင့်မြေကြီး သစ်ကိုလည်းငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့်ရှေးမြေကြီး သည် ရွေ့သွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ၊ သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ် သည် မိမိခင်ပွန်းဖို့တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင်အထံ တော်ကောင်းကင်ဘုံမှဆင်းသက်သည်ကိုငါမြင်၏။ ကောင်းကင်မှကြီးသောအသံကား ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူတည်ရှိတော်မူမည်။ သူတို့သည် ကိုယ်တော်၏ လူဖြစ် ကြလိမ့်မည်။ ဘုရားသခင်ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင်ဖြစ်တော်မူ မည်” (ဗျာ၊ ၂၁:၁-၃)။ ဘုရားသခင်သည် မီးအားဖြင့် ကမ္ဘာကြီးကိုပြုပြင်ပြောင်းလဲပြီးသည့်နောက် ခရစ်တော်၏စကားအရ၊ မည်သူသည် ဤကမ္ဘာကြီးတွင်နေမည်နည်း။ “စိတ်နူးညံ့သိမ်မွေ့သောသူတို့ သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ သူတို့သည်ပြည်တော်ကို အမွေခံရကြလတ္တံ့။” (မဿဲ ၅:၅)။ (ဗျာ၊ ၂၁း၇) ကိုလည်း ဖတ်ပါ။

ခရစ်တော်သည် မိမိဖန်ဆင်းခဲ့သောကမ္ဘာကြီးကို မူရင်းကမ္ဘာကြီးအတိုင်း ပြန်လည်ဖန်ဆင်း လို၏။ စိတ်နှိမ့်ချသောသူတို့သည် ကမ္ဘာကြီးကိုအမွေခံရကြလတ္တံ့။

၂။       ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်တွင် အမှန်တကယ်ကိုယ်ကာယဖြင့်နေရပါမည်လား

ခရစ်တော်သည်ထမြောက်ရှင်ပြန်၍ ဘုန်းတန်ခိုးတော်အားဖြင့် ပြည့်စုံသောကိုယ်ကာယဖြင့် နေခဲ့ကြောင်းကို မည်ကဲ့သို့ဖေါ်ပြထားသနည်း။ “ငါ့လက်ကိုကြည့်ကြလော့၊ ငါ့ခြေကိုလည်းကြည့်ကြ လော့၊ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကိုကြည့်ရှုစမ်းသပ်ကြလော့။ ငါသည်သင်တို့မြင်သည်အတိုင်း အရိုး အသားနှင့်ပြည့်စုံ၏” (လုကာ ၂၄း၃၉)။ ခရစ်တော်သည် အမှန်တကယ်ကိုယ်ရှိ၏။ သူသည် သောမကို ခေါ်၍ ငါ့ကိုစမ်းလော့။ (ယောဟန် ၂၀း၂၇)။ ဤအချိန်အခါတွင် ခရစ်တော်သည် တကယ့်အိမ်ထဲသို့

ဝင်၍ တကယ့်လူနှင့်ပြောဆိုကာ တကယ့်အစာကိုစား၏။ (လုကာ ၂၄း၄၃)။

ကောင်းကင်နိုင်ငံတော်တွင်တစ္ဆေမရှိ။ တကယ့်လူသားများဖြစ်၍ ဝိညာဉ်တော်အသက်တာ ဖြင့် ဘုန်းတန်ခိုးရှိသောကိုယ်ကာယနှင့်ရှိသည်။ “ငါတို့ကျင့်သောအကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင်သခင်ယေရှုသည် ကောင်းကင်ဘုံမှကြွလာတော်မူ မည်ဟု ငါတို့သည်မျှော်လင့်လျက်နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သော ငါတို့၏ကိုယ်ခန္ဓာကိုပင် ဘုန်း အသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာတော်နည်းတူဖြစ်စေခြင်းငှါ အသစ်ပြင်ဆင်တော်မူလတ္တံ့” (ဖိလိပ္ပိ ၃း၂၀၊ ၂၁)။ ကျွန်ုပ်တို့ကောင်းကင်၌နေရမည့်ကိုယ်ကာယသည် ခရစ်တော်ထမြောက်ရှင်ပြန်ခဲ့သော ကိုယ်ကာယနှင့်ထပ်တူထပ်မျှဖြစ်မည်။

ကျွန်ုပ်တို့သည် မိသားစုနှင့်မိတ်ဆွေများတို့ကို ကောင်းကင်နိုင်ငံတွင် သိရှိကြမည်လား။ “ယခုတွင်ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာနေကြ၏။ ထိုအခါမူကား မျက်မှောက်ထင်ထင်မြင်ရ ကြလိမ့်မည်။ ယခုတွင် ငါ့အသိ အမြင်မစုံမလင်ဖြစ်၏။ ထိုအခါမူကား သူတစ်ပါးသည် ငါ့ကို သိသကဲ့သို့ ငါသိရလိမ့်မည်” (၁ကော ၁၃:၁၂)။

ကောင်းကင်နိုင်ငံတော်တွင် ကျွန်ုပ်တို့သည်ပြည့်စုံစွာသိရှိကြလိမ့်မည်။ ကျွန်ုပ်တို့သည် တစ်ဦး ကိုတစ်ဦး သိရှိရုံမျှမက တစ်ဦးကိုတစ်ဦး ဤကမ္ဘာကြီးပေါ်မှာနေစဉ်အခါထက် နှစ်သက်ကြလိမ့်မည်။ ခရစ်တော်သည် ကောင်းကင်ကိုယ်ကာယဖြင့်ရှိနေသော်လည်း တမန်တော်တို့သည် သူ့အားမှတ်မိ၏။ အလှည့်မသင့်လျှင် သူ၏ ရုပ်နာမ်သဏ္ဌာန်ကြောင့်ဖြစ်မည် (လုကာ ၂၄း၃၆-၄၃)။ မာရိသည် ခရစ် တော်အား သင်္ချိုင်း၌ရှိစဉ် သူ၏အသံကြောင့် သိ၏ (ယောဟန် ၂၀း၁၄-၁၆)။ သူ၏တမန်တော် နှစ်ပါးတို့သည် ယေရုရှလင်မြို့မှဧမောက်သို့ခရီးထွက်သောအခါ ခရစ်တော်၏အမူအရာနှင့် စားပွဲတွင် ဆုတောင်းသံကိုကြားသောအခါ သူမှန်းရိပ်မိ၏ (လုကာ ၂၄း၁၃-၃၅)။

ကယ်တင်ခြင်းခံရသောသူတို့သည် စိတ်ရွှင်လန်းခြင်းနှင့်လည်းကောင်း၊ ဝမ်းမြောက်စွာဖြင့် လည်းကောင်း မျက်နှာချင်းဆိုင်တွေ့ဆုံရသောအခါ တစ်ဦးကိုတစ်ဦးမှတ်မိသတိရမည်။ ကိုယ်၏ဇနီး၊ ခင်ပွန်းပြုံးရွှင်သောမျက်နှာကိုသိရှိ၍ ဝမ်းမြောက်ခြင်းရှိမည်။ ရင်းနှီးခဲ့သောသားသမီးတို့၏အသံကို လည်း သိရှိနားလည်မည်။ ရင်းနှီးသောအမူအရာနှင့် ပြောဆိုသောမိတ်ဆွေ၏ အသံနှင့်မျက်နှာကို လည်း သိရှိမှတ်မိမည်။ ထာဝရအသက်နှင့် ရင်းနှီးသော ဆက်ဆံမှုအားဖြင့် ထူးချွန်သော ပုဂ္ဂိုလ်ကို လည်းမိတ်ဖွဲ့ရမည်။

၃။       ကောင်းကင်နိုင်ငံတော်တွင် ကျွန်ုပ်တို့သည်မည်သည့်လုပ်ငန်းကိုလုပ်ဆောင်မည်နည်း

ကောင်းကင်နိုင်ငံတော်တွင် ကျွန်ုပ်တို့လုပ်ဆောင်ရန်လုပ်ငန်းများစွာရှိသည်။ ကျွန်ုပ်တို့သည် စိတ်ကူးယဉ်နှင့် အိမ်ပုံဆန်းတစ်လုံးဆောက်လျှင်မဖြစ်ပါလား။ “ကြည့်ရှုလော့၊ မိုးကောင်းကင်နှင့် မြေကြီးကိုမအောက်မေ့ရ။ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် သင်တို့သည် အစဉ် အမြဲဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်းဖြစ်စေခြင်းငှါငါဖန်ဆင်း၏။ ငါသည်လည်းယေရုရှလင်မြို့ကြောင့်ဝမ်းမြောက် မည်။ ငါ၏လူတို့ကြောင့်ရွှင်လန်းမည်။ ထိုမြို့၌ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တစ်ဖန်မကြားရ။ ထိုမြို့၌အသက်ငယ်သောသူငယ်မရှိရ။ အသက်မပြည့်စုံသော လူအိုလည်းမရှိရ။ အသက်တစ်ရာရှိ လျက် သေသောသူကို သူငယ်ဟူ၍မှတ်ရမည်။ အပြစ်ရှိသောသူသည် အသက်တစ်ရာရှိလျက် သေလျှင် ကျိန်ခြင်းကိုခံရသောသူဟူ၍မှတ်ရ၏။ ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့် မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကိုစားကြလိမ့်မည်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏ လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်” (ဟေရှာယ ၆၅:၁၇-၂၂)။

ခရစ်တော်သည် ကြိုတင်ကာပုဂ္ဂလိကအိမ်များကို ကျွန်ုပ်တို့အတွက် သန့်ရှင်းသော ယေရုရှ လင်မြို့တွင်းတွင် ပြင်ဆင်ပြီးလျက်သားရှိပါသည် (ယောဟန် ၁၄း၁-၃။ ဗျာ၊ ၂၁)။ ဤကျမ်းချက်များ အားဖြင့် ကျွန်ုပ်တို့နားလည်ရသည်မှာ ကျွန်ုပ်တို့သည် စိတ်တိုင်းကျ အိမ်ကိုဆောက်မည်ဖြစ်ကြောင်း နှင့် ပန်းဥယျာဉ်များတို့ကိုစိုက်ပျိုးမည်ဖြစ်ကြောင်း၊ ခေတ်ပေါ်စက်ကိရိယာမျိုးစုံနှင့်ပြင်ဆင်စီစဉ်ထား မည်ဖြစ်ကြောင်း၊ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော တိုးတက်မည့်စက်မှုဆိုင်ရာလုပ်ငန်းပေါင်းစုံ နှင့် လုပ်ကိုင်နေထိုင်သွားမည်ဖြစ်ကြောင်း သိရှိနားလည်နိုင်ပါသည်။

သင်သည် ရေတံခွန်သံကြားရသောအခါ နှစ်သက်ပါသလား (သို့တည်းမဟုတ်) တောတောင် စိမ့်စမ်း ဆိတ်ငြိမ်ရာကိုနှစ်သက်ပါသလား (သို့မဟုတ်) မုတ်သုန်သစ်တောကြီးများကို နှစ်သက်ပါ သလား (သို့တည်းမဟုတ်) မွှေးကြိုင်သောပန်းရနံ့နှင့်ပြည့်စုံသော ပတ်ဝန်းကျင်ကိုနှစ်သက်ပါသလား။ “ထိုသို့နှင့်အညီ ထာဝရဘုရားသခင်သည် ဇိအုန်မြို့ ကိုချမ်းသာပေးတော်မူမည်။ သူ၏ဆိတ်ညံရာ အရပ်အလုံးစုံတို့ကိုချမ်းသာပေးမည်။ သူ၏တောကို ဧဒင်အရပ်ကဲ့သို့လည်းကောင်း၊ သူ၏လွင်ပြင်ကို ထာဝရဘုရားသခင်၏ ဥယျာဉ်တော်ကဲ့သို့လည်းကောင်း ဖြစ်စေတော်မူသဖြင့် ဇိအုန်မြို့သည် ဝမ်း မြောက်ရွှင်လန်းခြင်းကျေးဇူးတော်ကို ချီးမွမ်းခြင်း၊ သီချင်းဆိုခြင်းနှင့်ပြည့်စုံလိမ့်မည်” (ဟေရှာယ ၅၁း၃)။

ဘုရားသခင်သည် ကမ္ဘာကြီးကိုမူလဧဒင်ဥယျာဉ်ကဲ့သို့ပြောင်းလဲပစ်မည်။ ထိုနေရာတွင် ဆီပေ ကျံခြင်း၊ မီးခိုးမှောင်ထခြင်းနှင့် မိုးခေါင်ခြင်းလုံးဝရှိတော့မည်မဟုတ်ပါ။ ရေကန်များတို့သည် တောက် ပကြည်လင်၍လည်းကောင်း၊ သစ်ပင်တို့သည် စိမ်းလန်းစိုပြည်၍လည်းကောင်း၊ တောင်ကလပ်တို့ သည် ပန်းမြက်ခင်းများနှင့်လည်းကောင်း လှပတင့်တယ်ကြလိမ့်မည်။ ကမ္ဘာ၏အလှသာမကသေးဘဲ ကျွန်ုပ်တို့၏ဖျော်ဖြေမှုအတွက် အထူးတလည် အေးချမ်းသာယာစိမ်းလန်းစိုပြည်ကာ ခံစားမှုနှင့် မြင် ကွင်းများအတွက်ဖြစ်စေမည်။ ပထမမိနစ်ပိုင်းအတွင်း ခံစားရသောရှုခင်းသည် ထာဝရခံစားရမည့် ကြည်နူးမှုဖြစ်စေမည်။

၄။       နတ်ဆိုးတို့သည် ကောင်းကင်နိုင်ငံတော်ကိုအန္တ ရာယ်ပေးနိုင်ဦးမည်လား

“ညစ်ညူးသောအရာ၊ စက်ဆုပ်ဖွယ်သောအရာ၊ သစ္စာပျက်သောအရာတစ်စုံတစ်ခုမျှမဝင်ရဘဲ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင်သောသူတို့သာလျှင်ဝင်ရမည်” (ဗျာ၊ ၂၁း၂၇)။ ဘုရား သခင်သည် အပြစ်နှင့်အန္တရာယ်ကြီးသောနောက်ဆက်တွဲများကိုလုံးလုံးသုတ်သင်ပစ်မည်။ ထိုအရာ တို့သည်လုံးဝမပေါ်လာနိုင်တော့ပါ။ ခရစ်တော်ကြွလာလျှင် ကျွန်ုပ်တို့သည်ခရစ်တော်နှင့်တူမည် (၁ယော ၃း၂)။ ကျွန်ုပ်တို့သည် ကိုယ်ကျိုးဆန္ဒအလျောက်သတ်ခြင်း၊ ခိုးခြင်း၊ လိမ်လည်ခြင်း၊ မုဒိမ်း ကျင့်ခြင်းများကို မကျူးလွန်တော့ဘဲ နိုင်ငံတော်၏ ကျေးဇူးတရားနှင့်ပညတ်တော်များကိုသာ လိုက် လျှောက်တော့မည်ဖြစ်ပါသည်။ “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ် တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်း လည်း မရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည်ရွေ့သွားကြပြီ” (ဗျာ၊ ၂၁း၄)။ နောက်ဆုံး ရန်သူတည်းဟူသော သေခြင်းသည် ပပျောက်သွားမည်။ ကောင်းကင်နိုင်ငံတော်၏နယ်မြေအတွင်း ထာဝရနုပျိုမှုသည် ထာဝရအသက်နှင့် ယှဉ်တွဲကာ ကယ်တင်ခြင်းခံရသောသူတို့သည်ရကြလိမ့်မည်။ (၁ကော ၁၅:၅၃)။ ကောင်းကင်နိုင်ငံသားတစ်ဦးမျှ အိုမင်းမစွမ်း၏ ဒဏ်ကိုခံရတော့မည်မဟုတ်ပါ။ ထာဝရဘုရားသခင်သည် အပြစ်၏နောက်ဆက်တွဲများကိုဖျက်ဆီးပစ်မည်။ “ထိုအခါ မျက်စိကန်း သောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြ လိမ့်မည်။ ခြေကျွံသောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်း ဆိုကြလိမ့်မည်။ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍ လွင်ပြင်၌မြစ်ရေစီးလိမ့်မည်” (ဟေရှာယ ၃၅:၅၊ ၆)။

၅။       ကောင်းကင်၌ခံစားမှုအကြီးဆုံးသည် မည်သည့်အရာဖြစ်သနည်း

စကြဝဠာသခင်နှင့်မျက်နှာချင်းဆိုင်မြင်သောအခါ “ကောင်းကင်မှကြီးသောအသံကား၊ ဘုရား သခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူတည်ရှိတော်မူမည်။ သူတို့သည် ကိုယ်တော်၏ လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင်ဖြစ် တော်မူမည်” (ဗျာ၊ ၂၁:၃)။ ထာဝရဘုရားသခင်သည် ကျွန်ုပ်တို့၏ မိတ်ဆွေနှင့်ဆရာဖြစ်မည်။ ကယ်တင်ခြင်းခံရသောသူတို့သည် ထူးကဲသော အခွင့်အရေးရှိမည်။ သူတို့သည် သီချင်းပါရဂူ၊ သိပ္ပံ၊ ဝိဇ္ဇာအကျော်အမော်များဖြင့်ဆက်ဆံရမည်။ အထူးသဖြင့် စကြဝဠာနှင့်ပထဝီမြေကြီးကို ဆက်ဆံလာ သောအခါ ဝတ်ပြုကိုးကွယ်လိုသော စိတ်ဆန္ဒဖြစ်ပေါ်လာလိမ့်မည်။ “လူသတ္တဝါ အပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှါ လဆန်းနေ့နှင့်ဥပုသ်နေ့အစဉ်အတိုင်းလာကြလိမ့်မည်ဟု ထာဝရဘုရား သခင်မိန့်တော်မူ၏” (ဟေရှာယ ၆၆း၂၃)။ ကောင်းကင်ယေရုရှလင်မြို့သစ်သည် အလယ်တွင်ပလ္လင် အဖြူတစ်ခုရှိမည်။ ထိုပလ္လင်ပေါ်တွင် မြရောင်သန်းသောသက်တန့်ဖြင့်ဝန်းရံကာ သူ၏မျက်နှာသည် လည်း နေရောင်ခြည်အလင်းကဲ့သို့ထိန်တောက်၍ သူ့ခြေဖဝါးအောက်တွင်လည်း မှန်ပင်လယ် အရပ်လေးမျက်နှာကဲ့သို့ ကျယ်ပြန့်ကာ မျက်နှာပြင်အရောင်သည်လည်း စိန်ကျောက်ကဲ့သို့ ထိန် တောက်ကာ ဘုန်းတော်ကိုချီးမွမ်းလျက် ကျေးဇူးတော်ကို ကြွေးကြော်၍ “ထာဝရဘုရားသခင် ကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ၍သီချင်းဆိုလျက် ထာဝရဝမ်းမြောက်ခြင်းသရဖူကို ဆောင်းလျက် ဇိအုန်မြို့သို့ရောက်ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကိုရကြ၍ ဝမ်းနည်း ခြင်းနှင့်ညည်းတွား ခြင်းသည် ပြေးသွားရလိမ့်မည်” (ဟေရှာယ ၃၅:၁၀)။

၆။       ကျွန်ုပ်တို့သည် ထိုနေရာတွင်ရှိရမည်၊ ခရစ်တော်သည် ကျွန်ုပ်တို့နှင့်မျက်နှာချင်းဆိုင်ရန် စောင့်မျှော်လျက် ရှိပါသည်

ထို့ကြောင့် လူသားတို့ကိုအပြစ်မှကယ်တင်ခြင်းပေးခဲ့ပါသည်။ ထိုကယ်တင်ခြင်းဆုကျေးဇူးကို ကိုယ်တိုင်အခွင့်အရေးယူကာရယူရမည်။ ခရစ်တော်ကိုလည်း ကယ်တင်ရှင်သခင်အဖြစ် ယုံကြည် လက်ခံရမည်။ လက်ဝါးကပ်တိုင်မှပေးခဲ့သော အပြစ်လွှတ်ခြင်းကို လိုလျက်ရှိကြောင်းသိရမည်။ “ညစ်ညူးသောအရာ၊ စက်ဆုပ်ဖွယ်သောအရာ၊ သစ္စာပျက်သောအရာတစ်စုံတစ်ခုမျှမဝင်ရဘဲ သိုး သငယ်၏အသက်စာစောင်၌ စာရင်းဝင်သောသူတို့သာလျှင် ဝင်ရမည်” (ဗျာ၊ ၂၁း၂၇)။ ခရစ်တော်သည် ကျွန်ုပ်တို့အားအပြစ်မှကယ်နုတ်သောကြောင့် သူ့ထံသို့ချဉ်းကပ်ကာ တန်ခိုးခွန်အားကို လက်ခံ၍ အပြစ်များကိုရှောင်ရှားရမည်။ ခရစ်တော်၏ နိုင်ငံတော်ကိုတည်ထောင်ရာ၌ ယခုအချိန်တွင်ပင် အစပြုရမည်။ ပြုသောနေရာသည်လည်း နှလုံးသားအတွင်းဖြစ်ရမည်။ ထို့ကြောင့် သူသည်ကျွန်ုပ်တို့ ၏ သောက၊ ဒေါသ၊ တပ်မက်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် အပြစ်ရှိသည်ဟုနောင်တတရားပူးဝင်စွဲကပ်မှု များကိုပျောက်ကင်းစေနိုင်သည်။ ခရစ်တော်ကိုယုံကြည်ကိုးစားရခြင်းသည် လက်ရှိအသက်တာတွင် ပိုမိုထူးကဲစွာပြုပြင်ပြောင်းလဲပေးမည်။

ထိုသခင်ကို သင်တို့သည်မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခုမှာလည်း မမြင်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော ပြော၍မမီနိုင်သောရွှင်လန်းခြင်းစိတ်နှင့်ဝမ်းမြောက်ကြသည်ဖြစ်၍ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်းအကျိုးကိုခံရကြ၏” (၁ပေ ၁း၈၊ ၉)။ ခရစ်တော်ပေးခဲ့သော ကြွယ်ဝသည့်အသက်တာနှင့် အခွင့်အရေးကိုသင်ရယူလိုပါသလား။ ခရစ်တော် ၏ဖိတ်ခေါ်ခြင်းကို သင်မငြင်းဆန်ပါနှင့်။ “ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟုဆို ကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟုဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသော သူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ” (ဗျာ၊ ၂၂း၁၇)။ ခရစ်တော်သည် သင့်အားယနေ့ ပြောကြားဖိတ်ခေါ်ချက်ရှိပါသည်။ သူ၏ကျေးဇူးတရားကိုလက်ခံ၍ သူနှင့်ထာဝရနေနိုင်ရန် သင် လက်ခံပါ။ သူသည် သင့်အတွက်ကူညီမစကြောင်းနှင့် သင်သည် ကျေးဇူးတင်လိုကြောင်းပြောပြပါ။ ထိုသခင်၏ စကားကိုနားထောင်၍ ကိုယ်တော်၏ဖိတ်ခေါ်ခြင်းကိုကျွန်ုပ်လက်ခံပါ၏ဟုလျှောက်ပါ။

  

ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၉) အဖြေလွှာ

ကောင်းကင်၌ရှိသောသင်၏အိမ်

အမှန် (သို့မဟုတ်) အမှားအဖြေမှန်တစ်ခုကိုစက်ဝိုင်းခတ်ပါ။

၁။       မှန် − မှား        တကယ့်ကောင်းကင်ပေါ်တွင် ခရစ်တော်သည်ကျွန်ုပ်တို့၏အိမ်ကိုပြုပြင်ထား

သည်။

မှန် − မှား        ခရစ်တော်ဒုတိယအကြိမ်ကြွလာသောအခါ ကျွန်ုပ်တို့အား အိမ်တော်သို့ခေါ် ဆောင်မည်။

မှန် − မှား        နောက်ဆုံတွင် ကယ်တင်ခြင်းခံရသောသူတို့သည် ယေရုရှလင်မြို့ သစ်နှင့် အတူ ကမ္ဘာသစ်သို့ပြန်လာမည်။

၂။       မှန်− မှား         ကောင်းကင်တွင် ကျွန်ုပ်တို့သည် ခရစ်တော်ထမြောက်စဉ်ကရှိသည့် ကိုယ်

ကာယမျိုးနှင့်တူသော ကိုယ်ကာယရှိမည်။

မှန် − မှား        ထမြောက်ရှင်ပြန်ပြီးသည့်နောက်တွင် ခရစ်တော်သည် တကယ့်ကိုယ်ကာယ မရှိပါ။

မှန် − မှား        ထမြောက်ရှင်ပြန်ပြီးသည့်နောက် ခရစ်တော်၏ တမန်တော်တို့သည် ခရစ် တော်၏ပုံသဏ္ဌာန်အသံနှင့် အမူအရာများကိုမှတ်မိသည်။

မှန် − မှား        ကျွန်ုပ်တို့၏ မိသားစုများနှင့်မိတ်ဆွေများတို့သည် ကောင်းကင်တွင်ရင်းနှီးစွာ နေမည်။

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။

၃။ ကယ်တင်ခြင်းခံရသောသူသည် ကောင်းကင်နိုင်ငံတော်တွင် မည်သည့်အရာကိုပြုလုပ်မည်နည်း။

 ----------- အိမ်များဆောက်မည်။                             ----------- စပျစ်ဥယျာဉ်များစိုက်မည်။

----------- တကယ့်အစာစားမည်။                             ----------- ပျော်ရွှင်စွာနေမည်။

----------- တိရစ္ဆာန်များကိုသတ်၍စားမည်။                 ----------- လှပခြင်းကိုရှုစားမည်။

----------- သဲကန္တ ရတွင်နေမည်။                              ----------- ဗဟုသုတအသစ်များခံစားရမည်။

 

၄။ ကောင်းကင်နိုင်ငံတော်သည် မည်သည့်အရာနှင့်တူမည်နည်း။

----------- အပြစ်မရှိ။                                   ----------- နာကျင်မှုမရှိ။

-----------  ဖျားနာမှုမရှိ။                               ----------- တစ်ခါတစ်ရံနာကျင်မှုရှိမည်။

၅။ -----------     ဘုရားသခင်၏ပလ္လင်တော်       --------ခရစ်တော်သည် ငါတို့၏အပေါင်းအသင်း

ရှေ့တွင်ဝတ်ပြုကိုးကယ်မည်။

-----------  စိတ်ကြည်နူးစေသောသီချင်းများဆိုမည်။ -----------  မသန့်ရှင်းမှုအနည်းအကျဉ်းရှိမည်။

 

နှလုံးသားမေးခွန်း

သင်၏အသက်တာတွင် ခရစ်တော်လာရောက်နေထိုင်ရန်နှင့် ကောင်းကင်ဗဟုသုတများရရှိ နိုင်ရန် အဆင်သင့်ရှိသောအသက်တာဖြင့် ခရစ်တော်ပြင်ဆင်ပေးသောကောင်းကင်အိမ်တွင်နေရန်။

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 



အခန်းကြီး - ၁၀

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၁ဝ)

ခရစ်တော်မည်သည့်အချိန်တွင် ပြန်လာမည်နည်း

 

များသောအားဖြင့် ကျွန်ုပ်တို့သည် အနာဂတ်၏အဖြစ်အပျက်များကို သိလိုကြ၏။ အချိန်၏ တစ်ဖက်တွင် ဖြစ်ပျက်မည့်အရာများကိုသိလိုကြ၏။ သို့ရာတွင် မှန်သောအနာဂတ်နှင့်တိကျသော အချိန်ကိုသိရှိရန် ခဲယဉ်းလှ၏။ နောက်တစ်ရက်ဖြစ်ပျက်မည့်ရာသီ၏အချိန်ကဲ့သို့ ကြိုတင်ပြောရန် ခဲယဉ်းလှ၏။ သို့ရာတွင် အချိန်မှန်၊ မှန်သော အနာဂတ်စကားကို မှန်ကန်စွာဟောကြားနိုင်သော သူ တစ်ဦးရှိပါသည်။ ခရစ်တော်၏နှုတ်ထွက်စကားအားဖြင့် အနာဂတ်၏ အဖြစ်အပျက်များကို ကျွန်ုပ်တို့ ကြိုတင်သိရှိနားလည်နိုင်သည်။ သူသည် ယုံကြည်စိတ်ချလောက်သော ပုဂ္ဂိုလ်ဖြစ်သည်။ ဤသင်ခန်း စာတွင် သူ၏ဒုတိယအကြိမ်ကြွလာခြင်းအကြောင်းနှင့်ပတ်သက်၍ လေ့လာကြည့်ရှုကြစို့။ အမှန် တကယ်ပြောရလျှင် ကမ္ဘာကြီးကိုအစပြု၍ ဖန်ဆင်းခဲ့သောပုဂ္ဂိုလ်သည် အဆုံးတွင်မည်ကဲ့သို့ဖြစ်မည် ကို ဧကန်သိရှိမည့်သူဖြစ်သည်။

၁။       ကျွန်ုပ်တို့၏အချိန်တွင်ကြွလာမည့်ခရစ်တော်၏လက္ခာဏာများ

ခရစ်တော်သည် မိမိတပည့်တော်တို့အား ဒုတိယအကြိမ်ကြွလာမည့်ကိစ္စနှင့် (မဿဲ ၂၃:၃၉) တမန်တော်များမေးသောမေးခွန်းသည် မည်သည့်အရာနည်း။ “ထို့နောက် သံလွင်တောင်ပေါ်မှာ ထိုင် တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲချဉ်းကပ်၍ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော နိမိတ်လက္ခဏာ ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟုလျှောက်ကြ၏” (မဿဲ ၂၄း၃)။ ခရစ်တော်သည် တိကျ ပြတ်သားစွာဖြေဆိုခဲ့ပါသည်။ မအခန်းကြီး ၂၄ နှင့် လုကာ အခန်းကြီး ၂၁ တွင်ခရစ်တော်ကိုယ်တိုင် သူကြွလာမည့်နိမိတ်လက္ခဏာများကို ကျွန်ုပ်တို့သိနိုင်ရန် ပေးခဲ့ပါသည်။ အခြားကျမ်းအနာဂတ်စကား များသည် ကြွလာခြင်းအကြောင်းနှင့်ဖြည့်စွက်ပေးကာ ခရစ်တော်မကြွလာမီ ကမ္ဘာကြီး၏ အဖြစ် အပျက်နှင့်အခြေအနေကိုအသေးစိတ်ရေးသားဖေါ်ပြပါသည်။ ကျွန်ုပ်တို့တွေ့ရသည့်အတိုင်း ကျွန်ုပ်တို့ ၏ ရှေ့မှောက်တွင် ကျမ်းအနာဂတ်စကားများသည်ပြည့်စုံလာကြောင်းတွေ့မြင်ရပါသည်။ ထို့ကြောင့် ဤလောကသို့ ခရစ်တော်ကြွလာခြင်းသည် ဟုတ်မှန်ကြောင်းသိရသည်။ ကျမ်းစာ၏အနာဂတ်စကား မှတ်ချက် (၁၀) ခုကိုလေ့လာကြပါစို့။ ခေတ်သစ်ခရီးသည်တစ်ဦးသည် လမ်းညွှန်ကြည့်သကဲ့သို့ ကြည့် ကြပါစို့။

 

လမ်းညွှန် (၁) စိတ်ဓါတ်ပျက်ပြားခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း၊ စိတ်ချောက်ချားခြင်းနှင့် အနှောင့် အယှက်တွေ့ခြင်း

လွန်ခဲ့သောနှစ်ပေါင်း ၁၉ဝဝ ကျော်က ယခုခေတ်နှင့်အချိန်ဖြစ်ပျက်မည့်အကြောင်းအရာများ ကို သတင်းစာမှထုတ်သော သတင်းကဲ့သို့ရေးသားခဲ့ပါသည်။ “ထိုအခါ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ နိမိတ်လက္ခဏာထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက်စိုးရိမ်ကြောင့်ကြ ခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊ မြေကြီးပေါ်မှာဖြစ်လတ္တံ့သော ဘေးများကိုမျှော်၍ ကြောက်လန့် သဖြင့် လူများတို့၏ အသက်ဆုံးရှုံးခြင်းအမှုအရာတို့သည်ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ကောင်း ကင်တန်ခိုးတို့သည်တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော် ကိုဆောင်လျက်၊ မိုးတိမ်ကိုစီးလျက်၊ ကြွလာသည်ကိုမြင်ရကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဖြစ်စရှိ သောအခါ သင်တို့ကို ရွေးနုတ်သောအချိန်ကာလရောက်လု နီးပြီကိုထောက်သဖြင့် မျှော်ကြည့်၍ ခေါင်းကိုကြံ့ကြလော့ဟုမိန့်တော်မူ၏” (လုကာ ၂၁:၂၅-၂၈)။ ဤစကားထက်မှန်နိုင် သောရေးသား ချက်နှင့် မှန်သောအနာဂတ်စကားမရှိ။ လူသည် ကြောက်ရွံ့သောကြောင့် မောပန်း မေ့လျော့ကြလိမ့် မည်။ စုဆောင်းထားသော လက်နက်ဆန်းများတို့သည် ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်သည်။ အကယ်၍ အကြမ်းဖက်သမားတို့သည် အဏုမြူလက်နက်ရရှိခဲ့သော် မည်ကဲ့သို့ဖြစ်သွားနိုင်သနည်း။ ခရစ်တော်သည် ကျွန်ုပ်တို့အား ကြောက်မက်ဖွယ် အချိန်ကာလအတွက် မျှော်လင့်ခြင်းပေးထားပါ သည်။ ဤကမ္ဘာကြီး၏အခက်အခဲများနှင့် ကြောက်မက်ဖွယ်အန္တရာယ်များ တွေ့ကြုံရင်ဆိုင်လာရ သောအခါ ခရစ်တော်ကြွလာခြင်း၏ အမှန်တရားကို တိကျသေချာစွာယုံကြည်နိုင်ကြောင်းသိရသည်။ ယခုခေတ်လူများတို့သည် ကမ္ဘာကြီး၏ အခြေအနေကိုကြည့်ကာ စိတ်ဒုက္ခကိုယ်ဒုက္ခရောက်နေ ကြောင်းသိရသည်။ သို့ရာတွင် ကျမ်းစာလေ့လာသူများအတွက် အနာဂတ်စကား၏ ဖေါ်ပြချက်အရ၊ ခရစ်တော်ကြွလာမည်ကိုကြေညာထားပါသည်။

လမ်းညွှန် (၂) ကမ္ဘာကြီး၏ အခက်အခဲနှင့်ပြဿနာများ

သဘာဝအခက်အခဲများတို့သည် (မီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ရေကြီးခြင်း၊ တော မီးလောင်ခြင်း----) နောက်ဆုံးခေတ်၌ရောက်နေကြောင်းကို ပြသထားပါသည်။ “အရပ်ရပ်တို့၌ ကြီးစွာ သောမြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌ လည်း ကြောက်မက်ဖွယ်သောအရာနှင့် ကြီးစွာသောနိမိတ်လက္ခဏာတို့သည် ပေါ်ထွန်းကြလိမ့်မည်။ ထို့နည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကိုမြင်ရလျှင် ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီး သည်ကိုသိမှတ်ကြလော့” (လုကာ ၂၁း၁၁၊ ၃၁)။ အစာခေါင်းပါးခြင်းအကြောင်းနှင့်ပတ်သက်၍စဉ်းစား ကြည့်ပါ။ စာနယ်ဇင်းများတွင် ဝမ်းဗိုက်စူစူ အရိုးပေါ်အရေတင်ကာပုံဖေါ်ပြထားပါသည်။ လူသည် လကမ္ဘာကိုရောက်နိုင်သော်လည်း ငတ်ပြတ်နေသူများကို ကျွေးနိုင်ရန်ခဲယဉ်းလှ၏။ ခရစ်တော်သည် လူများတို့၏တစ်ကိုယ်ကောင်းစိတ်နှင့် ဆိုးယုတ်သောသဘောထားများတို့သည် နောက်ဆုံးသော အချိန်တွင်ပေါ်ပေါက်မည်ကိုသိ၏။ မြေငလျင်လှုပ်ခြင်းနှင့်ပတ်သက်၍ ၁၉၉၉ ခုနှစ်၊ ကမ္ဘာပေါ်တွင် ထူးဆန်းသောအဖြစ်အပျက်စာအုပ်ထဲတွင် ခရစ်ယာန်အချိန်ရာစုနှောင်းလာလေလေ ငလျင်လှုပ်ခြင်း သည် ပိုမိုများပြား၍ ပြင်းထန်လာလေဖြစ်၏။ ၁၈၀ဝ ရာစုတွင် ပြင်းထန်သောငလျင် (၆) ကြိမ်၊ ၁၉ဝဝ ရာစုတွင် (၇) ကြိမ်၊ ၂၀ ရာစုတွင် အကြိမ်ပေါင်း (၁၀၀) ကျော်ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ခေတ်ကာလအချိန်အထိ မြေငလျင်လှုပ်ရှားမှုနှင့် ကြီးမားမှုများသည် တစ်နေ့တခြားများလာကြောင်း သိရပါသည်။ ခရစ်တော်၏ အနာဂတ်စကားအရ၊ အစာငတ်မွတ်ခေါင်းပါးခြင်း ဘေးနှင့် မြေငလျင် လှုပ်ရှားမှုအကြီးစားများတို့သည် ပိုမိုများပြားလာပါသည်။ ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီး ကြောင်းကိုသိရသည်။ ကျွန်ုပ်တို့၏ ၂၁ ရာစုတွင် ကြီးမားသောမြေငလျင်လှုပ်ခြင်း (သို့မဟုတ်) ဘုရင် တကာတို့၏ ဘုရင်ကြွလာမည်လော။

လမ်းညွှန် (၃) ငွေကြေးဥစ္စာများစုဆောင်းခြင်း

ငွေကြေးဥစ္စာတို့သည် တစ်နေ့တခြားလူနည်းစုလက်ထဲသို့ ရောက်ရှိလာ၍ လူများစုတို့သည် တစ်နေ့တခြားဆင်းရဲ သွားကြလေသည်။ နောက်ဆုံးသောခေတ်အချိန်တွင် လူများတို့သည် ပစ္စည်း ဥစ္စာကိုသိုလှောင်ထားကြသည်။ “ရွှေငွေလည်းအချေးတက်၍ ပျက်ကုန်ပြီး ထိုအချေးသည် သင်တို့ တစ်ဖက်၌သက်သေဖြစ်၍ မီးကဲ့သို့ သင်တို့အသားကိုစားလိမ့်မည်။ နောက်ဆုံးသောနေ့ရက်ကာလ အဖို့ ဘဏ္ဍာကိုဆည်းပူးကြပြီတကား” (ယာကုပ် ၅း၃)။ ခေတ်ပညာ၏ ထောက်လှမ်းစူးစမ်း ချက်အရ၊ ဘောဂဗေဒပညာရှင်၏ရှင်းတမ်းတွင် သူဌေးများတို့သည် ပိုမိုဌေးလာ၍ ဆင်းရဲသားများတို့သည် ပိုမိုဆင်းရဲလာသည်။ ထိုစီးပွားရေးအခြေအနေတို့သည်လည်း ခရစ်တော်၏ ကြွလာခြင်းနီးလျက် ရှိကြောင်းပြသထားပါသည်။ (ယာကုပ် ၅:၈)။

လမ်းညွှန် (၄) လူမှုရေးတွင်လည်းငြိမ်သက်မှုမရှိပါ

ငြိမ်သက်မှုမရှိသော ဝန်ထမ်းများတို့သည် တစ်နေ့တခြား များပြားလာပါသည်။ “နားထောင် ကြ၊ သင်တို့လယ်ကွက်၌ ရိတ်သောသူတို့ကိုလှည့်စား၍ အခမပေးဘဲနေသောကြောင့် ထိုအခသည် ကြွေးကြော်လေ၏။ ရိတ်သောသူတို့၏ အော်ဟစ်ခြင်း အသံသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်၏နားတော်ထဲသို့ဝင်လေပြီ။ သည်းခံလျက်စောင့်နေကြလော့၊ ကိုယ်စိတ်နှလုံးကို မြဲမြံစေကြလော့။ ဘုရားသခင်ကြွလာတော်မူသော အချိန်ရောက်လုနီးပြီ” (ယာကုပ် ၅:၄၊ ၈)။ စီးပွား ဥစ္စာများကိုအတိုင်းထက်မသိစုပုံကာ စုဆောင်းခြင်းသည် ကြွလာခြင်းကိုပြ၏။ လုပ်သားနှင့်လုပ်ငန်း ရှင်တို့၏ အခက်အခဲကို ယာကုပ်ကြိုတင်သိမြင်၍ စီးပွားဥစ္စာရှိသောသူ၊ မရှိသောသူကွာခြားများပြား လာမည်အကြောင်းသည် ခရစ်တော်ကြွလာခြင်း နီးလျက်ရှိကြောင်းကိုပြ၏။

 

လမ်းညွှန် (၅) အကျင့်ပျက်ပြားခြင်း

လူ၏အကျင့်တို့သည် တစ်နေ့တခြားဖေါက်ပြန်ပျက်စီးလာသည်။ “နောင်ကာလသည် ခဲယဉ်း သောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား လူတို့သည် ကိုယ့်ကိုယ်ကိုချစ်သော သူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချ သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမသိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိ ကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ကုန်းချောတတ်သောသူ၊ ကိုယ်ဣန္ဒြေ ကိုမချုပ် တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကိုဖျက်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမ ဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်း တန်ခိုးကိုငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။ ဆိုးညစ်သောသူ၊ လှည့်ဖြား သောသူတို့မူကား သူတစ်ပါးကိုလည်းကောင်း၊ ကိုယ့်ကိုယ်ကိုလည်းကောင်း လှည့်ဖြား၍ ဆိုးညစ်ခြင်း ၌တရွေ့ရွေ့တိုးပွားကြလိမ့်မည်” (၂တိ ၃း၁-၅၊ ၁၃)။ ဤကမ္ဘာကြီး၏အဖြစ်အပျက်ကို မှန်ကန်ကြောင်း ဟောထားခြင်းကို မည်သူငြင်းဆန်နိုင်မည်နည်း။ အရပ်လေးမျက်နှာရှိ လူသူများကိုကြည့်လျှင် မိမိ ကိုယ်ကျိုးကိုသာ ရှေးရှုလုပ်ဆောင်သောသူသာရှိ၏။ သားသမီးငယ်များကို ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းဆဲသောသူသည်များပြားလာသည်။ ခေတ်လူငယ်များတို့သည်လည်း ထိန်းသိမ်းဆုံးမရန်ခဲယဉ်း လာပါသည်။ အထူးသဖြင့် လူငယ်တို့သည် ပြစ်မှုကျူးလွန်သူများတွင်များပြားလာသည်။ ဤအဖြစ် အပျက်များအားလုံးတို့သည် ခရစ်တော်ကြွလာရန်နီးလျက်ရှိကြောင်း ထောက်ပြထားပါသည်။

လမ်းညွှန် (၆) စုန်းတစ္ဆေနတ်ဝင်သည်များကိုယုံကြည်သူများပြားလာသည်

လူတို့သည် လောက၌ရှိသမျှသောပြဿနာအဖြေမှန်များဟုထင်သောအဖြေကို ရှာသောအခါ ထိုအထက်လမ်း၊ အောက်လမ်းတို့၏ ပယောဂလုပ်ငန်းတို့တွင် အဖြေဟုထင်သော နှစ်သိမ့်မှုကိုရရှိ သောကြောင့်ဖြစ်သည်။ “အကြောင်းမူကား၊ ခရစ်တော် ၏အယောင်ကိုဆောင်သောသူနှင့် ပုရောဖက် အတုတို့သည်ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင်ကြီး စွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကိုပြကြလိမ့်မည်” (မဿဲ ၂၄း၁၄)။ ဤကျမ်းစကားများ သည် အချိန်၏ နောက်ဆုံးအကြောင်းနှင့်ပတ်သက်ကာဖေါ်ပြ၍ ထူးဆန်းသောနိမိတ်လက္ခဏာများတို့ သည် အတုအပများသာဖြစ်ကြောင်းသိရသည်။ နတ်ဝင်သည်တို့နှင့် အောက်လမ်းဆရာများတို့သည် ပြဇာတ်များကဲ့သို့ပြုလုပ်ကာ နေရာတကာတွင် ကြော်ကြားထင်ရှား၍ သူတို့၏မှော်အတတ်ပညာများ ကိုပြသကာ သေသောသူတို့၏ ဝိညာဉ်ကိုပင် ထုတ်ဆောင်ပြသနိုင်ပါသည်။ ဤနတ်ဆိုး၏ အတုအပ နှင့်ထူးဆန်းသောနိမိတ်လက္ခဏာများကိုမြင်သောအခါယုံကြည်သူများပြားလာပါသည်။ ဤအကြောင်းအရာများကိုထောက်ရှုကာ ခရစ်တော်ကိုယ်တိုင် ကြိုတင်ပြောထားသောစကားအရ၊ သူ၏ကြွလာခြင်းသည် နီးကပ်လာကြောင်းကိုပြောထား၏ (မဿဲ ၂၄:၂၇)။

လမ်းညွှန် (၇) နိုးထလာသောကမ္ဘာကြီး

ကမ္ဘာကြီးရှိတိုင်းပြည်တို့သည် နိုးထလာကြောင်း အာဖရိကတိုက်တွင်လည်းကောင်း၊ အရှေ့ အလယ်ဖျားတွင်လည်းကောင်း၊ အရှေ့ဥရောပတွင်လည်းကောင်း၊ အာရှအရှေ့ဖျားတွင်လည်းကောင်း တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စစ်ရေးတို့တွင် နိုးထလှုပ်ရှားလာမှုကိုတွေ့ ရသည်။ “တစ်ပါးအမျိုးသားတို့သည်ထ၍ ယောရှဖတ်ချိုင့်သို့တက်လာကြစေ၊ ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှါ ထိုအရပ်၌ငါထိုင်မည်။ ကွပ်မျက်ရာ ချိုင့်၌ လူများစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရဘုရားသခင်၏နေ့ရက်သည် ရောက်လုနီး ပြီ” (ယောလ ၃:၁၂၊ ၁၄)။ ယနေ့အချိန်အခါတွင် အာရှ၊ အာဖရိက၊ အရှေ့ဥရောပ (ယခင်အချိန်ကရုရှ တိုင်းပြည်) နှင့် အရှေ့အလယ်ဖျား တိုင်းပြည်များသည် အထူးခြားဆုံးသောနိုးထလှုပ်ရှားလာမှုသည် ပိုမိုထူးခြားစွာရာဇဝင်တင်ခဲ့သောအချိန်များထက် ထူးကဲလာသောကြောင့် ခရစ်တော်၏ ကြွလာခြင်း သည်နီးကြောင်းသိရ၏။

 

လမ်းညွှန် (၈) ငြိမ်းချမ်းရေးအကြံအစည်များနှင့်စစ်ပွဲပြင်ဆင်ခြင်း

ကျွန်ုပ်တို့နေသောကမ္ဘာသည် ဆန်းကျယ်လှ၏။ လူတိုင်းတို့သည် ငြိမ်းချမ်းရေးကိုအရယူရ မည်ဟုကြွေးကြော်ကြ၏။ ငြိမ်းချမ်းရေးအကြောင်းပြောဟောကြ၏။ သို့ရာတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆန့်ကျင်ဘက်ပြုရန်စိုင်းပြင်းနေကြ၏။ အချို့နိုင်ငံတို့သည် နှစ်ပေါင်းရာနှင့်ချီ၍ ငြိမ်းချမ်းရေးဖြင့် နေရသော်လည်း ယခုအချိန်အခါ၌မူ ပွဲဦးထွက်စစ်ပွဲများဖြင့် ငြိမ်းချမ်းရေးကို ကျောခိုင်းလေ၏။ ပုရောဖက်များဖြစ်သော မိက္ခာနှင့်ယောလတို့သည် ကြိုတင်ကာဤအကြောင်းများနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးအကြောင်းများကိုဖေါ်ထုတ်ကြေညာသော်လည်း (မိက္ခာ ၄း၁-၃)။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မယုံကြည်၍ အတွင်းကြိတ်စစ်မက်အင်္ဂါများပြင်ဆင်နေကြောင်းတွေ့ရသည် (ယောလ ၃း၉-၁၃)။

လွန်ခဲ့သောနှစ်ပေါင်းများစွာက ကျမ်းစာတော်မြတ်သည် ငြိမ်းချမ်းရေးနှင့် စစ်ပွဲပြဿနာများ ကိုပြောပြထားပါသည်။ သို့ရာတွင် ခရစ်တော်ကြွလာသောအခါ “ငါ၌ထာဝရငြိမ်းချမ်းရေးရနိုင်မည်ဟု ကြေညာထားပါသည်။”

လမ်းညွှန် (၉) ခေတ်သစ်တွင်တိုးတက်မှုများ

နှစ်ရာပေါင်းများစွာကြာညောင်းခဲ့ပြီးသည့်နောက် လူသားတို့၏ ရာဇဝင်တွင် သွားလာမှုနှင့် ဆက်သွယ်မှုတို့သည် ကမ္ဘာကြီးရှိ နိုင်ငံနှင့်လူများတို့ကို တစ်ဦးနှင့်တစ်ဦးနီးကပ်စွာ ဖန်တီးဆက်သွယ် ပေးခဲ့သည်။ “အမှုကုန်ရသည့်ကာလတိုင်အောင်၊ ဤစကားတော်တို့ကိုပိတ်၍ စာစောင်ကိုတံဆိပ်ခတ် ထားလော့။ အများသောသူတို့သည် ထိုစာကိုကြည့်ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်ဟု ပြောဆို ၏” (ဒံယေလ ၁၂း၄)။ ဒံယေလသည် မိမိပုရောဖက်စကားများတို့သည် ပညာဉာဏ်တိုးပွား၍ နောက်ဆုံးသောခေတ်အချိန်အထိ ရောက်ရှိမည်ဖြစ်ကြောင်း ဖေါ်ပြသည်။ ထိုအနာဂတ်စကားများ သည် နောက်ဆုံးသောကွန်ပျူတာ သတင်းပေးပို့ချိန်အထိ ရောက်ရှိမည်ဖြစ်ကြောင်း ပြထားသည်။ ပညာမျိုးစုံတို့သည် လျင်မြန်ဆန်းကြယ်စွာ ပေါ်ပေါက်များပြားလာ၍ နောက်ပိုင်းနှစ်အနည်းငယ်တွင် တွေ့မြင်လာရပါသည်။ လွန်ခဲ့သောနှစ်ငါးဆယ်အတွင်းက ပြောင်းလဲမှုသည် လွန်ခဲ့သော နှစ်နှစ် ထောင်အချိန်အခါထက် များပြားသောပြောင်းလဲမှုကို ပေါ်ပေါက်ကြောင်းသိရသည်။ လူများတို့သည် ဟိုဟိုသည်သည် သွားလာ၍ ပညာများရှာကြသည်။ ၁၈၅ဝ ခုနှောင်းပိုင်းက မြင်းနှင့်မြင်းလှည်းကို အသုံးပြုသွားလာကြသည်။ ယခုမူကား အသံထက်လျင်မြန်သော ကွန်းကော့လေယာဉ်ဖြင့်လည်း ကောင်း၊ ဒုံးပျံကိုလည်းကောင်း သွားလာရန်အသုံးပြုခဲ့သည်။ သွားလာမှုများပြားခြင်းနှင့် ခေတ်ပေါ် လူသုံးစက်ပစ္စည်းများတို့ကို ထောက်ရှုသောအခါ နောက်ဆုံးသောခေတ်အချိန်၌ ရောက်ရှိသည်ကို သိရသည်။

လမ်းညွှန် (၁၀) တစ်ကမ္ဘာလုံးသို့ဧဝံဂေလိတရားဟောပြောခြင်း

ခရစ်တော်၏စကားအရ၊ သူမကြွလာမီ ဧဝံဂေလိတရားတော်သည် ကမ္ဘာအနှံ့ရောက်ရှိမည်ကို ပြောကြားထားသည်။ “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည့်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ် လတ္တံ့” (မဿဲ ၂၄း၁၄)။ နှစ်ပေါင်းများစွာတိုင်းပြည်အများတို့သည် ဘာသာရေးကိစ္စကိုတားမြစ်ပိတ် ဆို့ထားပါသည်။ သို့ရာတွင် နေ့ချင်းညချင်းပမာ ဥရောပအရှေ့ဖျားကွန်မြူနစ်နိုင်ငံများသည် သာသနာ လုပ်ငန်းပိတ်ဆို့ခြင်းများကိုဖွင့်ပေးခဲ့ပါသည်။ ဘာလင်မြို့ရှိ ခြံစည်းရိုးတံတိုင်းများ ပြိုကျခဲ့ပါသည်။ ကမ္ဘာကြီး၏ ထက်ဝက် ခန့်ကျယ်သောတိုင်းပြည်များတို့သည် ဧဝံဂေလိတရားနာရန် အခွင့်အရေးနှင့် အခွင့်ပေးခဲ့ပါသည်။ ဧဝံဂေလိတရားသည် ကမ္ဘာအနှံ့သို့ လွန်ခဲ့သောအချိန်အခါများထက် လျင်မြန်စွာ ရောက်ရှိနေကြောင်းသိရသည်။ ဂြိုဟ်တုများမှ ဧဝံဂေလိတရားဟော လုပ်ငန်းများသည် တိုင်းပြည်ရှိ နေရာတိုင်းသို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းပေးပို့နိုင်ခဲ့သည်။ ဤအကြောင်းအရာကို ထောက်၍ ခရစ်တော်၏ ကြေညာချက်မှာ ဤဧဝံဂေလိသတင်းစကားသည် တိုင်းပြည်အနှံ့သို့ဟောပြောပြီးမှ အဆုံးသည်ရောက်လတ္တံ့ဟု လာသည်။

၂။       ခရစ်တော်သည်မည်မျှလျင်မြန်စွာပြန်လာမည်နည်း

ခရစ်တော်သည် ဒုတိယအကြိမ်ကြွလာမည့်အကြောင်းနှင့်ဖြစ်ပေါ်မည့် နိမိတ်လက္ခဏာများ ကို ပြောပြအပြီး နိဂုံးချုပ်တွင် “ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများမကုန်မီ ထိုအကြောင်း အရာအလုံးစုံတို့သည်ဖြစ်ကြလိမ့်မည်” (မဿဲ ၂၄:၃၄)။ အဖြစ်အပျက်၏ နိဂုံးချုပ်သည် ထင်ရှားလျက် ရှိ၏။ အနာဂတ်စကား၏လမ်းညွှန်များသည် ခရစ်တော်ကြွလာခြင်းကို မျက်ဝါးထင်ထင် ဤလောက တွင်မြင်ရမည်။ အပြစ်နှင့်နာကျင်ခြင်းများကိုဖယ်ရှားပစ်၍ ထာဝရနိုင်ငံတော်ကို တည်ထောင်မည်ဖြစ် ပါသည်။ ခရစ်တော်၏သတိပေးချက်မှာ အဘယ်သူမျှထိုနေ့ရက်နှင့်နာရီကို (မဿဲ ၂၄း၃၆) မသိကြ။ ဆက်လက်၍ ခရစ်တော်က၊ “ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား သင်တို့မထင်မမှတ်သောအချိန် နာရီ၌ လူသားသည်ကြွလာလိမ့်မည်” (မဿဲ ၂၄း၄၄)။

၃။       ကမ္ဘာ၏မျှော်လင့်ခြင်းသည် ခရစ်တော်သာဖြစ်၏

ခရစ်တော်သည် နောက်ဆုံးနှင့်အကောင်းဆုံးလူသားများအတွက် မျှော်လင့်ချက်ဖြစ်၍ သူသာ လျှင်ကမ္ဘာကြီးကို ဖျက်ဆီးနေသည့်အရာတည်းဟူသောအပြစ်ကို သုတ်သင်နိုင်သည်။ ခရစ်တော်သာ လျှင် နတ်ဆိုးကိုလက်ဝါးကပ်တိုင်ကြောင့်သာလျှင် ချေမှုန်းပစ်ရုံမကဘဲ လူသားများအားလုံးကို ကယ် ဆယ်၍ ကယ်တင်ခြင်းပေးနိုင်သည်။ “စာတန်သည် ရှေးဦးစွာမှစ၍ အပြစ် ကိုပြုသောသူဖြစ်သော ကြောင့် အကြင်သူသည် အပြစ်ကိုပြု၏။ ထိုသူသည် စာတန်နှင့်ဆိုင်၏။ စာတန်အမှုကို ပယ်ဖျက် ခြင်းငှါ ဘုရားသခင်၏သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏” (၁ယော ၃း၈)။

ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် ပြိုကျပျက်စီးနေသော ကမ္ဘာကြီးကို မိမိအသွေးအသားအား ဖြင့်ကယ်တင်ခဲ့လေသည်။ ထိုယေရှုသည် တစ်နေ့ကမ္ဘာကြီး၏ မကောင်းမှုဟူသမျှကိုပပျောက်စေ မည်။ ယခုသင့်အသက်တာတွင်ရှိသောအပြစ်ကိုဖျောက်ပစ်ပါ။ ခရစ်တော်ဒုတိယအကြိမ်ကြွလာသော အခါ အပြစ်၏စီရင်ခြင်းမှကင်းလွတ်မည်ဖြစ်ပါသည်။ ထိုကဲ့သို့သောငြိမ်သက်ခြင်းကို ခရစ်တော်သည် ပေးနေ၍ သင်ယခုလက်ခံပါ။ အစည်းအဝေးတစ်ခုသို့ တက်ရောက်ခဲ့သောအမျိုးသမီးတစ်ဦးသည် စိတ်ပါဝင်စားလာသည်။ ခရစ်တော်၏ ကြွလာခြင်းအကြောင်းနှင့်ပတ်သက်၍ ဆက်နွှယ်နေသော သတင်းစကားများကို ကြားရသောအခါ သူယခင်ကမှန်သည်ဟုထင်သောမေတ္တာ၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့သည် နေရာမှားနေကြောင်းသိခဲ့ရသည်။ ခရစ်တော်သာလျှင် နေရာမှန်ကိုပြပေးနိုင် သည်။ နောက်တစ်နေ့တွင် တရားဟောဆရာကြီးနှင့် သူ၏တွဲဖက်ဆရာတို့သည် သူမ၏အိမ်သို့သွား ရောက်လည်ပတ်သောအခါ ပျက်စီးချို့ယွင်းနေသောသူ၏ အသက်တာအကြောင်းကို ပြောပြလေ သည်။ သူ၏ဘဝမှာ အရက်သမားဘဝ၊ စားဝတ်နေရေးအတွက်ပြည့်တန်ဆာဘ၀၊ အစရှိသောဘဝ များပျက်စီးခဲ့ကြောင်းကို ပြောပြလေသည်။ နောက်ပြီးမှ သူ၏သက်သေခံချက်မှာ ညတုန်းကဟောခဲ့ သောတရားသည် ကျွန်မအတွက်နှင့် ကျွန်မကို ဟောနေကြောင်းဝန်ခံခဲ့လေသည်။ သူမ၏စိတ်နှလုံး ကိုထိခိုက်သောအရာကား ဘုရားသခင်၏နှုတ်ထွက်စကားဖြစ်သည်။ ဘုရားသခင်သည် သူမအား မေတ္တာဖြင့်ညင်သာစွာပြောပြကြောင်းကိုသိရသောအခါ သူမသည် ဘုရားသခင်ထံသို့ မိမိကိုယ်ကို ဆက်ကပ်ခါ ခရစ်တော်၏ ကယ်တင်ခြင်းကိုလက်ခံ၍ ခရစ်တော်၏ကြွလာခြင်းကို စောင့်မျှော် ကြိုဆိုနေမည်ဟုသက်သေခံသည်။ နောက်အပတ်များတွင် ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ခြင်းများခံစားရ ၏။ ထိုကဲ့သို့အချိန်အခါမျိုးကိုအရက်ဖြင့်ဖြေဖျော်ခဲ့သော်လည်းယခုမူကား လိုလျက်ရှိသောဆုကျေးဇူး များကို ခရစ်တော်အားတောင်းခံ၏။ ပြင်းပြသောခံစားချက်များကိုဖျက်ဆီး နေသောအကျင့်ဓလေ့များ မှ ကိုယ်တော်သည်ကယ်တင်ပေးခဲ့ပါသည်။ သူမပြုလုပ်ခဲ့သောအရာများသည် ဂုဏ်ယူစရာမရှိသော် လည်း ခရစ်တော်၏ကျေးဇူးတရားနှင့် အပြစ်ဖြေလွှတ်ပေးခြင်းသည် သူမအတွက် ကျေးဇူးတင်စရာ နှင့်ဂုဏ်ယူစရာဖြစ်လေသည်။ အထူးသဖြင့် လက်ဝါးကပ်တိုင်ပေါ်ရှိ သူခိုး၏ သက်သေခံချက်သည် သူမအတွက်ခွန်အားယူစရာဖြစ်၏။ “သခင်၊ ကိုယ်တော်သည်နိုင်ငံတော်တည်လျက် ကြွလာတော်မူ သောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏” (လုကာ ၂၃:၄၂)။ ခရစ် တော်သည် အဆောတလျင်သူခိုး၏မေးခွန်းကို ပြန်၍ဖြေပေးပါ၏။ (လုကာ ၂၃း၄၃)။ ထိုယေရှုသည် သေလုဆဲဆဲသူခိုးကိုအပြစ်လွှတ်ပေးသည်နည်းတူ သင့်အားကယ်တင်ခြင်းကိုပေးနေသည်။ အပြစ်မှ ဖြေလွှတ်ပေးသည်။ စိတ်၏ငြိမ်သက်ခြင်းကိုလည်း ပေးသနားတော်မူသည်။ သင်ကိုယ်တိုင်ထို အကြောင်းနှင့်ပတ်သက်၍ ရှာဖွေလေ့လာပါ။

သင်သည်လည်း သေခါနီးဖြစ်သောသူခိုးကဲ့သို့ ကိုယ်ဘော်နိုင်ငံတော်တည်၍ကြွလာတော်မူ သောအခါ ခရစ်တော်၏ အဖြေမှာ ငါတစ်ဖန်ပြန်လာ၍ သင်တို့သည် ငါနှင့်အတူပရဒိသုဘုံ၌ ရှိလိမ့် မည်ဟုမိန့်တော်မူ၏။ 


ရှာဖွေတွေ့ရှိခြင်းလမ်းညွှန် (၁ဝ) အဖြေလွှာ

ခရစ်တော်မည်သည့်အချိန်တွင်ပြန်လာမည်နည်း

အဖြေမှန်မေးခွန်း (၈) ခု၏ရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။

၁။       ------------        ကမ္ဘာပေါ်တွင်ပေါ်လာမည့်အဖြစ်အပျက်များကိုကြောက်ရွံ့ ခြင်းရှိမည်။

------------        လူများတို့သည် အစားအစာငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုးနှင့် ငလျင်လှုပ် ခြင်းဘေးဆိုးတို့ကြောင့် စိတ်ဒုက္ခရောက်လျက်ရှိကြ၏။

------------        ကမ္ဘာသည် တစ်နေ့တခြားကောင်းမွန်လာ၍ ကောင်းကင်နိုင်ငံကဲ့သို့ဖြစ်တော့ မည်။

------------        လူများတို့သည် ဥစ္စာပစ္စည်းများကိုစုဆောင်းထားကြ၏။

------------        ဝန်ထမ်းများအထဲတွင် ကျေနပ်မှုနှင့်စိတ်ငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်းမရှိပါ။

------------        အပြစ်များကျူးလွန်မိမှာမဟုတ်ပါ။

------------        လူမှုရေးတွင်အကျင့်ပျက်ပြားလျက်ရှိပါ၏။

------------          အတုအပနိမိတ်လက္ခဏာများဖြစ်သောခေတ်သစ်မှော်အတတ်ပညာများ။

------------          ကမ္ဘာကြီး၏ရှေ့တန်းသို့တိုးဝင်လာသောအာရှနှင့်အာဖရိကနိုးကြားမှုများ။

------------        ပညာဉာဏ်တိုးပွားမှုကြောင့် ဧဝံဂေလိတရားကမ္ဘာအနှံ့သို့ရောက်ရှိခြင်း။

၂။       ခရစ်တော်ကြွလာခြင်းသည် မည်မျှနီးလျက်နေပါသနည်း။

------------        လူများသိရှိရန်မလွယ်ပါ။

------------        ကျမ်းစာတွင်းရှိအနာဂတ်စကားများသည် ကြွလာခြင်းနီးကြောင်းပြောပြထား သည်။

၃။       ကျွန်ုပ်တို့၏ခေတ်ပြည့်စုံလာသောကျမ်းအနာဂတ်စကားမှာ-

------------        ခရစ်တော်ကြွလာခြင်းနီး၏။ ခရစ်တော်သည်လည်း သူ၏အသက်ကိုစွန့်ကာ သူကြွလာခြင်းအတွက် သင့်ကိုပြင်ဆင်ပေးလျက်ရှိ၏။

------------        သင်သည် စေတနာမှန်ဖြင့်အဆင်သင့်နေကာ ခရစ်တော်သင့်အားခေါ်ဆောင် ရန်အဆင်သင့်ရှိပြီလား။

 

အရေးကြီးသောသော့ချက်

သင်၏လိပ်စာနှင့် တယ်လီဖုန်းနံပါတ်ထည့်ပေးပါ။ သင်၏အကြောင်းအကျဉ်းချုပ်ကိုရေးပေး ပါ။ သင်ခန်းစာ ကိုဖြေဆိုသောပုဂ္ဂိုလ်တိုင်းကို ရင်းနှီးစွာဆက်ဆံလိုပါသည်။

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 



အခန်းကြီး - ၁၁

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၁၁)

ကျွန်ုပ်အသက်တာရှိထူးဆန်းနက်နဲသောတန်ခိုးခွန်အား

 

၁၉၂၉ ခုနှစ်တွင် ဖရင့်မောရစ်သည် သင်္ဘောစီးကာ ဆွစ်ဇာလန်သို့လာခဲ့ပါသည်။ သူသည် ဤခရီးစဉ်ကို စဉ်းစားခဲ့သည်မှာကြာပြီဖြစ်ပါသည်။ သို့ရာတွင် သူ့အတွက် အရှက်ကွဲစရာသာဖြစ်ခဲ့ သည်။ သူ့ကိုထိန်းသိမ်းရန်ထားသောအစောင့်သည် ညအချိန်၌သူ့ကိုသော့ခတ်၍ထားသည်။ သူလှုပ် ရှားရန်အချိန်အနည်းငယ်သာရသည်။ သင်္ဘောပေါ်တွင် လမ်းလျှောက်ရန် တိရစ္ဆာန်ငယ်တစ်ကောင် ကဲ့သို့ ဆွဲခေါ်ခြင်းခံရပါသည်။ နောက်ပြီး သင်္ဘော၏ကုလားထိုင်ပေါ်တွင် တင်ထား၏။ သူ့အား လမ်း တွင် ရင်းနှီးသောမိတ်ဆွေများက ဖိတ်ခေါ်သော်လည်း သူ့အထိန်းသည် သူ့အားခွင့်မပြု၊ သူ့အား ကြည့်ရှုရမည်ဟုဆင်ခြေပေးပါသည်။ ဖရင့်သည် လူကြီးတစ်ယောက်ဖြစ်၍ လူကြီးကဲ့သို့ သိလိုသော ဆန္ဒရှိပါသည်။ သို့ရာတွင် သူသည်မျက်စိမမြင်ပါ။ ထို့ကြောင့် သူ့အားကြည့်ရှုသောပုဂ္ဂိုလ်သည် သူ့ ကိုယ်သူမထိန်းနိုင်ဟုမှတ်ကာ ပစ္စည်းကလေးပမာထားသည့်နေရာတွင်နေရမည်ဟု သဘောပေါက် ထားသည်။

ဆွစ်ဇာလန်ပြည်သို့ရောက်သောအခါ ဖရင့်၏အသက်တာသည် ဗြုန်းကနဲ ပြောင်းလဲသွား တော့သည်။ ထိုတိုင်းပြည်၌ရှိစဉ် ခွေးများတို့ကိုမျက်မမြင်သောသူများအတွက် လေ့ကျင့်ထားကြောင်း သိရသည်။ ထို့ကြောင့် ဘားဒီအမည်ရှိခွေးကြီး တစ်ကောင်ကို အမေရိကန်ပြည်သို့ယူဆောင်လာကာ ထိုခွေးကဲ့သို့မျက်မမြင်များကို လမ်းပြနိုင်သောခွေးများကို လေ့ကျင့်ပေးလေသည်။ ထိုအဖွဲ့အစည်း၏ အမည်မှာ “မြင်သောမျက်စိ” ဖြစ်သည်။ ယခုအချိန်တွင် ဤအဖွဲ့အစည်းသည် ကမ္ဘာအနှံ့တွင် ရှိပါသည်။ ဤဘားဒီဆိုသောခွေးကြီးနှင့်အတူ ဖရင့်သည် နေရာတိုင်း၊ အချိန်တိုင်း၊ လူတိုင်းနှင့်သွား လာနိုင်သည်။ ယခုသူသည် လွတ်လပ်သောသူတစ်ဦးဖြစ်လာသည်ဟု မှတ်ယူသည်။ တစ်ခါသော အချိန်၌ သတင်းထောက်များဖိတ်ခေါ်ကာ ဘားဒီနှင့်အတူ တစ်လမ်းမှတစ်လမ်းဖြတ်ကျော်ကာ ကား များအကြားမှအန္တရာယ်ကင်းစွာဖြင့်သွားလာနိုင်သည်။ အကြောင်းမှာ လမ်းကို လွယ်လင့်တကူ ဖြတ် ကူးနိုင်ခြင်းသည် ဘားဒီကို ကိုးစားယုံကြည်နိုင်သောကြောင့်ဖြစ်၏။ သတင်းထောက်တစ်ဦးမှာ ခက်ခက်ခဲခဲဖြင့် အချိန်ပိုယူကာဖြတ်ကျော်ရပါသည်။ နောက်သတင်းထောက်တစ်ဦးမှာကား ကားငှါး ကာဖြတ်ကျော်လိုက်ရပါသည်။

နောက်ပိုင်းစာမျက်နှာအနည်းငယ်တွင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြ မှုကိုလေ့လာ၍ ကျွန်ုပ်တို့၏ အသက်တာကို သူ၏လက်တွင်းသို့အပ်ရန် တောင်းဆိုကြောင်းသိရပါ မည်။ ကျွန်ုပ်တို့အားလုံးသည် လူ၏သဘောသဘာဝအားဖြင့် မိမိကိုယ်ကိုထိန်းသိမ်းရန် စွမ်းဆောင် နိုင်ခြင်းမရှိပါ။ ဖရင့်ကဲ့သို့အမြင်မရှိသော အတွေးအခေါ်သဘောတရားများရှိပါသည်။ ရင်ဆိုင်ရသော အသက်တာခရီးသည်လည်း ကြမ်းတမ်းခက်ခဲ၍ လိုရာခရီးသို့ရောက်နိုင်ရန်မလွယ်ပါ။ ဤကဲ့သို့သော အခြေအနေများကိုသိလျက်နှင့် ကောင်းသောလမ်းပြကိုအမီမပြုလိုပါ။ သို့ရာတွင် ကျွန်တော်တို့တစ်ဦး စီအတွက် လွတ်လပ်သောတန်ခိုး ခွန်အားကို သန့်ရှင်းသောဝိညာဉ်၏ လမ်းပြမှုအားဖြင့်သာ အသက် တာခရီးကိုလျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်။

၁။       ဤလောကကြီးတွင်သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်၏ကိုယ်စားလှယ်ဖြစ်သည်

“ငါအမှန်အကန်ဆိုသည်ကား ငါသွားလျှင်သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား ငါ မသွားလျှင်ဥပဇ္ဈာယ် ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကိုသင်တို့ဆီသို့ ငါစေလွှတ် မည်” (ယောဟန် ၁၆း၇)။

ခရစ်တော်သည် ကောင်းကင်သို့တက်ကြွသွားခါနီးတွင် တန်ဖိုးမဖြတ်နိုင်သောကိုယ်စားလှယ် တစ်ဦးပေးခဲ့မည်ဟု ကတိပေးခဲ့သည်။ “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက် လာသောအခါ သစ္စာတရားကို သင်တို့အား အကြွင်းမဲ့သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည်  ကိုယ့်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့ သောအရာတို့ကိုလည်း သင်တို့အားဖေါ်ပြလိမ့်မည်။ ထိုသူသည် ငါ့ဘုန်းကိုထင်ရှား စေလိမ့်မည်။ အကြောင်းမူကား ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖေါ်ပြလိမ့်မည်” (ယောဟန် ၁၆း၁၃၊ ၁၄)။ ဘုရားသခင်၏ စီစဉ်သတ်မှတ်ချက်တွင် ခရစ်တော်သည် ကောင်းကင်နိုင်ငံသို့ကြွရမည် ဖြစ်သည်။ လောကသားများအတွက် ဘုရားသခင်၏ပလ္လင်တော်ရှေ့တွင်ကိုယ်စားပြုရမည် ဖြစ်သော ကြောင့်ဖြစ်သည်။ (ဟေဗြဲ ၉း၂၄)။ လူသားအတွက် အသက်တော်ကိုစွန့်သော ခရစ်တော်သည် ကျွန်ုပ်တို့အားလုံးအတွက်ကိုလည်း ကောင်းကင်တွင် ကိုယ်စားပြုရမည်ဖြစ်သည်။ ထို့ကြောင့် ခရစ် တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အပြစ်သားများအတွက် အကျိုးဆောင်လုပ်ငန်းပြုရန် နှင့် သွန်သင်ရန်စေလွှတ်ပါသည်။ ဤလောကတွင် ခရစ်တော်သက်တော်ထင်ရှားစဉ်အခါ လူသား၏ ကိုယ်ကာယတွင်ရှိသောကြောင့် တစ်ချိန်တည်းမှာနေရာတကာ၌ လူ၏အကျိုးဆောင်မပြုလုပ်နိုင်ပါ။ သို့ရာတွင် သန့်ရှင်းသောဝိညာဉ်တော်ဘုရားသခင်သည် ထိုကဲ့သို့မဟုတ်၊ သူပြုလုပ်ရန်အချိန်နှင့် နေရာအကန့်အသတ်မရှိပါ။ သူသည် တစ်ဦးစီအတွက် အကြံပေးခြင်း၊ လမ်းညွှန်ခြင်းတို့ကို လူမြောက် မြားစွာအတွက် နေရာများစွာတွင်အကျိုးဆောင်ပေးနိုင်သည်။ ထို့ကြောင့် ခရစ်တော်သည် သန့်ရှင်း သောဝိညာဉ်တော်အားဖြင့် လူ၏အကျိုးကိုဆောင်ပေးသည်။

၂။       မည်သူကိုသန့်ရှင်းသောဝိညာဉ်တော်ဟုခေါ်ဆိုပါသနည်း

ကျွန်ုပ်တို့အား ကျွေးမွေးပြုစုယုယသောဘုရားသခင်အား အဘဘုရားသခင်ဟု ခေါ်ဆိုနိုင် သည်။ သားတော်ခရစ်တော်ကိုလည်း လူနှင့်အတူပေါင်းသင်းနေထိုင်ခဲ့သောကြောင့် သားတော်ဘုရား သခင်ဟုခေါ်ဆိုနိုင်သည်။ သို့ရာတွင် သန့်ရှင်းသောဝိညာဉ်တော်အား မည်ကဲ့သို့ခန့်မှန်းခေါ်ဆိုရမည် ကိုစဉ်းစားရခက်ပါသည်။ လူ၏နီးကပ်ပုံ၊ ရင်းနှီးပုံဖြင့် နှိုင်းယှဉ်ရန်မလွယ်ပါ။ သို့ရာတွင် ကျမ်းစာက ကျွန်ုပ်တို့အား တိကျသောသန့်ရှင်းသောဝိညာဉ်တော်၏အကြောင်းကို ဖေါ်ပြထားပါသည်။ သန့်ရှင်း သောဝိညာဉ်တော်ဘုရားသခင်သည် ပုံပန်းနှင့်ကိုယ်ရှိ၏။ ခရစ်တော်သည် သန့်ရှင်းသောဝိညာဉ် တော်အကြောင်းကို ရှင်းပြရာ၌ လူ၏ ပုံပန်းနှင့်ကိုယ်ကဲ့သို့ဖြစ်ကြောင်း သုံးပါးပေါင်းဘုရားသခင် တစ်ပါးဖြစ်ကြောင်း မှတ်တမ်းတင်ထားပါသည်။ “သင်တို့သည်သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကိုပေးကြလော့” (မဿဲ ၂၈း၁၉)။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသခင်သည် လူ၏ပုံပန်းနှင့်သဘောသဘာဝ စိတ် ထား (ရောမ ၈း၂၇)၊ အသိပညာ (၁ကော ၂း၁၀)၊ လူသားများအတွက်ချစ်ခြင်း၏ခံစားမှု (ရောမ ၁၅း၃ဝ)၊ ကျွန်ုပ်တို့အပြစ်လုပ်သောအခါ ဝမ်းနည်းခြင်းခံစားရသည် (ဧဖက် ၄း၃၀)၊ သွန်သင်နိုင်သော စွမ်းရည်သတ္တိ (နေဟမိ ၉း၂ဝ)နှင့် ကျွန်ုပ်တို့ကိုလမ်းပြရန်ခွန်အားတန်ခိုးရှိသည်။

ဖန်ဆင်းခြင်းတွင်ပါဝင်ကူညီသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကမ္ဘာကြီးကို အဖဘုရား သခင်နှင့်သားတော် ဖန်ဆင်းစဉ်ကပါဝင်ကူညီခဲ့သည်။ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူ၏။ မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာ အရပ်ကိုမှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော် မူ၏” (ကမ္ဘာ ၁း၁၊ ၂)။

၃။       သန့်ရှင်းသောဝိညာဉ်တော်၏တာဝန်ဝတ္တရားများ

(၁)      လူ၏စိတ်ဆန္ဒပြောင်းလဲပေးခြင်း

ခရစ်တော်သည် နိကောဒင်နှင့်တွေ့ ဆုံသောအခါ လူ၏စိတ်ကိုပြောင်းလဲရာ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ငန်းပါဝင်ကြောင်းပြောပြသည်။ “ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော်မမွေးသော သူမည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်သို့မဝင်ရဟု ငါအမှန်အကန်ဆို၏” (ယောဟန် ၃း၅)။

ဝိညာဉ်တော်မွေးဖွားခြင်းဟူသည်ကား လူသည် ဘဝသစ်သို့ကူးပြောင်းရန် ဝိညာဉ်တော်၏ ပဲ့ပြင်သွန်သင် ဆုံးမခြင်းလိုကြောင်းနှင့် အသစ်သောအသက်တာစရန် ဝိညာဉ်တော်၏ တန်ခိုးခွန်အား လိုကြောင်းပြသထားသည်။ အကျင့်သည် သာမန်အနေဖြင့်ပြောင်းလဲခြင်းသာမကဘဲ အတွင်းစိတ် သဘောထားနှင့်အတွေးအခေါ်များကိုပါ ပြုပြင်ပြောင်းလဲပေးခြင်းဖြစ်၏။ အနာဂတ်စကားအရ၊ “ငါ သည် သင့်အားနှလုံးအသစ်ကိုပေးမည်” (ယေဇကျေလ ၃၆း၂၆)။

(၂)      ဝိညာဉ်တော်သည် ကျွန်ုပ်တို့အားအမှားလုပ်ခြင်းကိုသိစေရုံမျှမကဘဲ သန့်ရှင်းသောအသက် တာလိုလားရန်ပြုပြင် ပေးသည်

“ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင် အပြစ်ကိုလည်းကောင်း၊ အပြစ်တင်ခြင်းကိုလည်း

ကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း လောကသားတို့အားထင်ရှားစွာဖေါ်ပြမည်” (ယောဟန် ၁၆း၈)။ အကျင့်ပျက်သောဘဝမှ ရုတ်တရက်ပြောင်းလဲလာခြင်းတို့၏ ဖြစ်ရပ်မှာ သန့်ရှင်းသောဝိညာဉ် တော်၏သွန်သင်ဆုံးမလမ်းပြပို့ဆောင်ခြင်းကြောင့်သာဖြစ်၏။

(၃)      ခရစ်ယာန်အသက်တာဘဝသို့ပို့ဆောင်ခြင်း

ခရစ်တော်သည် ဝိညာဉ်တော်၏မစခြင်းဖြင့် သေးငယ်သောအငန်နှင့်တိုက်ရိုက်ပြောဆိုသွန် သင်၏။ “သင်သည် လက်ျာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင် ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့ဟု သင့်နောက်၌ ပြောသောစကားသံကို ကိုယ့်နားနှင့်ကြားရလိမ့်မည်” (ဟေရှာ ယ ၃၀း၂၁)။ ဂြိုဟ်တုမှတစ်ဆင့်ပေးပို့သောအသံနှင့် ရုပ်များကို ကျွန်ုပ်တို့၏ ရုပ်မြင်သံကြားစက်မှ တစ်ဆင့် ရပ်ဝေးမှလာသော အဖြစ်အပျက်များကို တွေ့မြင်ကြားသိရပါသည်။ ဝိညာဉ်တော်သည် လည်း ဂြိုဟ်တုပမာ ခရစ်တော်၏အကြောင်းအရာသတင်းများကိုပေးပို့ပါသည်။ လိုသောအခါ၌လည်း ဝိညာဉ်တော်သည် ပို၍နီးအောင်စီစဉ်ပေးပါသည်။ (ယောဟန် ၁၄း၁၅-၂၀)။

(၄)      ဆုတောင်းခြင်းအသက်တာကိုလည်းကူညီမစသည်

“ထိုမှတစ်ပါး ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကိုတောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်း အမှုကိုနှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည်စောင့်မတော်မူ၏။ စိတ်နှလုံး ကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကိုသိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏ အလိုတော်နှင့်အညီ စောင့်မတော်မူ၏” (ရောမ ၈း၂၆၊ ၂၇)။ ကျွန်ုပ်တို့သည် ဆုတောင်းရာ၌သုံးရမည့် စာလုံးအခက်အခဲ နှင့်ကြုံသောအခါ ဝိညာဉ်တော်သည် ကျွန်ုပ်တို့အတွက်ဆုတောင်းပေး၏။ ကျွန်ုပ်တို့သည် စိတ်ဓါတ် ကျ၍ ဆုတောင်းသောအခါ ညည်းညူသံဖြင့်ပေါ်ပေါက်လာသောအခါ ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ လေသံဖြင့်ဆုတောင်းသောအသံကို ဝိညာဉ်တော်သည်အသံချဲ့ပေးကာ အားကြီးသောဆုတောင်းခြင်း ဖြစ်စေ၍ ဘုရားသခင်၏ပလ္လင်တော်ရှေ့ အထိပို့ဆောင်ပေး၏။

(၅)      ခရစ်ယာန်တို့၏အကျင့်များကိုပြုပြင်ပြောင်းလဲပေးသည်

ဝိညာဉ်တော်သည် ဘုရားတရားမရှိသောသူတို့ကို အကျင့်နှင့်ပြည့်စုံစေရန် ပြုပြင်ပေးသည်။ “ဝိညာဉ်ပကတိ၏ အကျိုးမူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း” (ဂလာတိ ၅း၂၂၊ ၂၃)။ ဝိညာဉ်တော်အသီး၏ သဘောတရားမှာ ကောင်းသောစပျစ်နွယ်ပင်တို့ ကိုင်းကူး ကိုင်းဆက်ပြုလုပ်ပေးခြင်းဖြစ်၏ (ယောဟန် ၁၅း၅)။

 

(၆)      ကျွန်ုပ်တို့ကိုသက်သေခံရန်ပြင်ဆင်ပေးခြင်း

ခရစ်တော်ကတိပြုထားခဲ့သည်မှာ “ထိုသို့မရှိသော်လည်း သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည်တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည် မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေဖြစ်ကြလိမ့်မည်” (တမန်တော် ၁း၈)။

သက်သေခံရန်ဆန္ဒရှိသောသူတိုင်းတို့သည် ဝိညာဉ်တော်ကခွန်အားပေးသည်။ ကျွန်ုပ်တို့အနေ ဖြင့် အဖြေအားလုံးမပေးနိုင်သော်လည်း ဝိညာဉ်တော်သာလျှင် စိတ်နှလုံးကိုတရားရရှိရန် ပြုပြင် ပေးနိုင်သည်။ တမန်တော်တို့သည် ပင်တေကုတ္တေပွဲမတိုင်မီက တရားဟောရန်ခက်ခဲ၏။ သို့ရာတွင် သန့်ရှင်းသောဝိညာဉ်တော်ကျရောက်ပြီးသည့် နောက် “လောကနိုင်ငံကို မှောက်လှန်နိုင်သော” အစွမ်း တန်ခိုးကိုရရှိလေသည် (တမန်တော် ၁၇း၆)။

၄။       ဝိညာဉ်တော်၏ဆုကျေးဇူးများ

ခရစ်ယာန်ကျမ်းစာတွင် ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်ဆုကျေးဇူးနှင့် ခရစ်ယာန် သာသနာလုပ်ငန်းကိစ္စဖြင့် လုပ်ဆောင်ရန် ယုံကြည်သူများအတွက် ဆုကျေးဇူးဟူ၍ ခွဲခြားသတ်မှတ် ထားပါသည်။ “ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့် များစွာသောသူတို့ကိုဖမ်းသွားတော်မူ၍ သူတို့အားဆုလာဘ်များကို ပေးတော်မူသည်ဟုလာသတည်း။ ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကိုပြုတတ်မည်အကြောင်း သန့်ရှင်းသူတို့ ကို ပြင်ဆင်ခြင်းအလိုငှါ ထိုသခင်သည်လူအချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပုရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို ခရစ်ယာန်သာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ ကိုသင်းအုပ်ဆရာ၊ ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏” (ဧဖက် ၄း၈၊ ၁၁၊ ၁၂)။ ခရစ်ယာန် တိုင်းတူညီသောဆုကျေးဇူးကိုမရရှိပါ။ အချို့တို့သည်များစွာရရှိမည်။ အချို့တို့သည် ဝိညာဉ်တော် ဆုံးဖြတ်သည့်အတိုင်း အနည်းအကျဉ်းသာရရှိမည် (၁ကော ၁၂း၁၁)။ ဝိညာဉ်တော်သည် ယုံကြည်သူ ယောက်ျားနှင့်မိန်းမတို့အား ဘုရားသခင်၏ အကြံအစည်အတိုင်း လိုသောဆုလာဘ်များကိုပေးသနား တော်မူ၏။ ဘုရားသခင်သည် မိမိ၏အသင်းသားနှင့်အသင်းတော်အတွက် လိုလျက်ရှိသောအကောင်း ဆုံးကိုပေးသနားတော်မူ၏။

နောက်ဝိညာဉ်တော်ဆုကျေးဇူးတစ်ခုမှာ (၁ကော ၁၂း၈-၁၀) တွင် ပညာဥာဏ်၊ ယုံကြည်ခြင်း၊ ဆေးဝါးကုသနိုင်သောအစွမ်းတန်ခိုး၊ ပုရောဖက်ပြုနိုင်သောအစွမ်းတန်ခိုးနှင့် ဘာသာစုံပြောနိုင်သော တန်ခိုးကိုပေးတော်မူ၏

ပေါလုသည် သာ၍ကောင်းသောဆုကျေးဇူးရရန်နှိုးဆော်ထားသည်။ “သင်တို့သည် အမြင့်ဆုံး သောဆုကျေးဇူးတော်တို့ကိုအလွန်အလိုရှိကြသည်တွင် သာ၍မြတ်သောလမ်းကိုငါပြဦးမည်” (၁ကော ၁၂း၃၁)။ မေတ္တာအခန်းဖြစ်သော (၁ကော ၁၃း၁ မှ ၁၃ ထိ)။ ဤကျမ်းချက်အရ မှတ်သားရန် အကောင်းဆုံးနည်းလမ်းမှာ မေတ္တာလမ်းဖြစ်သတည်း။ မေတ္တာသည် ဝိညာဉ်တော်၏အသီးဖြစ်၏။ (ဂလာတိ ၅း၂၂)။ ကျွန်ုပ်တို့၏တာဝန်မှာ ဝိညာဉ်တော်၏အသီးကိုရှာရန်ဖြစ်၍ နောက်ပြီးမှ လိုသော သူတို့အား ဝိညာဉ်တော်၏စိတ်ဆန္ဒအရခွဲဝေပေးရမည် (၁ကော ၁၂း၁၁)။

၅။       ပင်တေကုတ္တေပွဲနေ့၌ရရှိသောဝိညာဉ်တော်

ပင်တေကုတ္တေပွဲနေ့တွင် ခရစ်တော်၏ကတိအရ၊ ဝိညာဉ်တော်၏ ဆုကျေးဇူးများကို မြောက် မြားစွာပေးခဲ့ပါ၏။ “ထိုသို့ မရှိသော်လည်း သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက် သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်မြေကြီးစွန်း တိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်” (တမန်တော် ၁း၈)။ ပင်တေကုတ္တေပွဲနေ့၌ တမန်တော် တို့အားတန်ခိုးခွန်အားပေးသောကြောင့် ဧဝံဂေလိတရားကို ဘာသာစကားတိုင်း နားလည်နိုင်သော အစွမ်း သတ္တိကိုပေးတော်မူ၏ (တမန်တော် ၂း၃-၆)။ ခရစ်ယာန်ကျမ်းစာကို လေ့လာသောသူတို့သည် ဆောင်းနှောင်းဦး (မိန်ရာသီ) နှင့်နွေရာသီအစ၌ရွာသောမိုးကဲ့သို့ ဝိညာဉ်တော်ကြွလာခြင်းကို နှိုင်းယှဉ် ထားပါသည် (ယောလ ၂း၂၃)။ ပင်တေကုတ္တေပွဲ ကျရောက်သော ဝိညာဉ်တော်ကို မိုးဦးဟုခေါ်ထား ပါသည်။ အကြောင်းမှာ ထိုမိုးဦးကြောင့် အသီးအပင်တို့သည် ပေါက်ခွင့်နှင့် လန်းဆန်းကြ၏။ အသင်း တော်တည်ထောင်စက တိုးတက်ကြီးပွားရန် ဝိညာဉ်တော်မိုးဦးကို ရွာသွန်းပေးခဲ့သည်။

 

၆။       နောက်မိုးတည်းဟူသောသန့်ရှင်းသောဝိညာဉ်တော်

ဝိညာဉ်တော်၏စကားအရ အသင်းတော်အပေါ်သို့ ဝိညာဉ်တော်သွန်းလောင်းသောအခါ အသင်းသားတို့သည် နေရာအနှံ့ သက်သေခံမည်ဖြစ်ကြောင်းပြောပြထားသည် (ယောလ ၂း၂၈၊ ၂၉)။ နှစ်ရာပေါင်းများစွာကြာညောင်းခဲ့ပြီးသည့်နောက် ကယ်တင်ခြင်းဧဝံဂေလိတရားသည် ကမ္ဘာကြီးအနှံ့ သို့ရောက်ရှိခဲ့သောကြောင့် နောက်မိုးတည်းဟူသော ဝိညာဉ်တော်ဆုကိုပေးသောအခါ အသီးကိုမှည့် စေ၍ ရိတ်သိမ်းရမည်ဖြစ်ကြောင်းပြောပြထားသည်။ ထိုအနာဂတ်၏ လှုပ်ရှားမှုသည် တရွေ့ရွေ့ဖြင့် ခရစ်တော်ဒုတိယအကြိမ်ကြွလာခါနီးအထိ ဖြစ်ပေါ်လာမည်။ ဘုရားသခင်သည် စိတ်စေတနာမှန် သော သူတော်စင်အားလုံးတို့အား ဝိညာဉ်တော်သွန်းလောင်းပေး၍ အဆင်သင့်ရှိမည်ဖြစ်ကြောင်း ပြောပြထားသည်။ သင်သည် မိုးဦးဝိညာဉ်တော်ဆု ကျေးဇူးခံရပြီလား။ ဘုရားသခင်သည် နောက်မိုး တည်းဟူသောဝိညာဉ်တော်ပေးရန် သင်ပြင်ဆင်ပါ၏လား။ ဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာ ကိုသင်ရပါသလား။ သင်သည် ဝိညာဉ်တော်၏ တန်ခိုးကိုရရှိပြီလား။ သင်သည် ဘုရားသခင်နှင့် ဆက်သွယ်၍ သူ၏ကြီးမားသောမေတ္တာနှင့် မကြာမီကြွလာမည့်အကြောင်းကို စောင့်မျှော်ပြင်ဆင် နေပါသလား။

၇။       ဝိညာဉ်တော်ရရှိနိုင်ရန်အကြောင်းရင်းများ

ပင်တေကုတ္တေပွဲနေ့၌ ဝိညာဉ်တော်ဆုကျေးဇူးခံရသောသူတို့၏ စကားမှာ “ညီအစ်ကိုတို့၊ ငါတို့

ဘာလုပ်ရမည်နည်း” (တမန်တော် ၂း၃၇)။ “ပေတရုကလည်း သင်တို့၏အပြစ်ကို လွှတ်စေခြင်းငှါ နောင်တရ၍ တစ်ယောက်မျှမကြွင်း ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်း သောဝိညာဉ်တော်တည်းဟူသောဆုကျေးဇူးတော်ကိုခံရကြလတ္တံ့တည်း” (တမန်တော် ၂း၃၈)။

နောင်တတရား- အပြစ်ကိုရှောင်ရှားခြင်းအသက်တာနှင့် ခရစ်တော်ထံသို့ ခြေလှမ်းဦးတည် ခြင်းအသက်တာသည် ဝိညာဉ်တော်ဆုရရှိနိုင်ကြောင်းဖြစ်သည်။ ကျွန်တော်တို့အပေါ်သို့ဝိညာဉ်တော် သွန်းလောင်းနိုင်ရန် ပထမဦးစွာနောင်တတရားနှင့် အသက်တာကို ခရစ်တော်အားအပ်နှံခြင်းရှိရမည်။ ခရစ်တော်ကိုယ်တိုင်လည်း ဝိညာဉ်တော်ဆုရရှိနိုင်ရန် ဘုရားသခင်၏ နောက်တော်သို့လိုက်ခြင်း၊ စကားတော်ကိုနားထောင်ခြင်းများသည် ဆုကျေးဇူးရနိုင်စရာအခြေခံများဖြစ်ကြသည် (ယောဟန် ၁၄း၁၅-၁၇)။

၈။       ဝိညာဉ်တော်ပြည့်ဝသောအသက်တာ

ဤလောကကြီးမှ ခရစ်တော်မထွက်ခွာမီ သတိပေးထားသောစကားများမှာ “ထိုတမန်တော် တို့ကို စုဝေးစေတော်မူပြီးလျှင် ယေရုရှလင်မြို့မှမထွက်မခွါဘဲ ခမည်းတော်၏ကတိကို ငံ့မျှော်နေမည် အကြောင်း မှာထားတော်မူ၍ ထိုကတိတော်ကိုငါဟောပြောသဖြင့် သင်တို့ကြားသိရကြပြီ။ ကတိ တော်အချက်ဟူမူကား-ယောဟန်သည် ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည် မကြာမမြင့်မီ သန့်ရှင်း သောဝိညာဉ်တော်၌ ဗတ္တိဇံကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏” (တမန်တော် ၁:၄၊ ၅)။ ထပ်ခါတလဲလဲ ခရစ်ယာန်ကျမ်းစာက ခရစ်ယာန်တို့သည် ဝိညာဉ်တော်နှင့်ပြည့်ဝလျက်ရှိရမည်ဟုမှာကြားထားသည် (တမန်တော် ၂း၄။ ၄း၈။ ၄:၃၁။ ၆:၃။ ၆:၅။ ၇:၅၅။ ၉း၁၇။ ၁၃း၉။ ၁၃:၂၅။ ၁၉း၆)။ သန့်ရှင်းသောဝိညာဉ် တော်သည် ခရစ်ယာန်၏ အသက်တာကိုပြည့်စုံခြင်းနှင့်လှပခြင်းရရှိနိုင်ရန် ဝိညာဉ်တော်ကိုပေးတော် မူ၏။

ခရစ်ယာန်တို့၏ အသက်တာသည် ဝိညာဉ်တော်နှင့်ပြည့်ဝရမည်အကြောင်း ပေါလုက ဆု တောင်းပေးခဲ့သည်။ “ဆုတောင်းသောအချက်ဟူမူကား ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းလူကို ခွန်အားနှင့်မြဲမြံခိုင်ခံ့စေ၍ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးထဲ၌တည်ရှိ တော်မူမည်အကြောင်း၊ ဘုန်းတော်ကြွယ်ဝပြည့်စုံခြင်းနှင့်ညီလျော်စွာ သင်တို့အားပေးသနားတော်မူ၍ မေတ္တာ၌စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်းရှိသဖြင့် သင်တို့သည် သန့်ရှင်းသူအပေါင်းတို့၏ နည်းတူ ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက် ဘုန်းကြီးစေတော်မူသတည်း။ အာမင်။” (ဧဖက် ၃း၁၆၊ ၁၇၊ ၂၁)။

ဖရင့်မောရစ်၏သစ္စာရှိသောခွေးဘားဒီကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ကျွန်ုပ်တို့ အားလမ်းပြသွန်သင်၍ လိုသည်ထက်ပိုသောမစခြင်းကိုပေးတော်မူ၏။ အသစ်သောဆန္ဒနှင့် အသစ် သော အစွမ်းသတ္တိများဖြင့် ရှေ့သို့တိုးကာ အသက်တာ၏ပြဿနာများကို ရင်ဆိုင်နိုင်ရန်မစတော်မူ၏။ ဝိညာဉ်တော်ပြည့်သောဗဟုသုတသည် ဆုတောင်းခြင်းနှင့်ကျမ်းစာလေ့လာခြင်းအားဖြင့် နေ့စဉ်ရရှိ သည်။ ဆုတောင်းခြင်းသည် ခရစ်တော်အားဆက်သွယ်ပေးကာ နှုတ်ထွက်စကားတော်လေ့လာခြင်း အားဖြင့် ဘုရားသခင်၏ဆုကျေးဇူးများကို မျက်မှောက်ပြုနိုင်ခြင်းဖြစ်သည်။ ထိုကဲ့သို့သောအကျင့်များ ဖြင့် ကျွန်ုပ်တို့နှင့် ခရစ်တော်၏ ကြားရှိအဟန့်အတားဖြစ်စေသောအရာများကို ပစ်ပယ်၍ တန်ဖိုး မဖြတ်နိုင်သော ဝိညာဉ်တော်ကောင်းချီးများစီးဆင်းရန် ပြုပြင်ပေးပါသည်။ ဤနည်းသည် မကောင်း သောအကျင့်ဓလေ့များနေရာတွင် ကောင်းသောအကျင့်ဓလေ့များအစားထိုး၍ ဝိညာဉ်ကြီးပွားခြင်းဖြစ် စေမည်။ ရောမအခန်းကြီး (၈) တွင် ဝိညာဉ်တော်ပြည့်သောအသက်တာအကြောင်း ဖေါ်ပြထားသည်။ အချိန်ယူ၍ဖတ်ကြည့်ပါ။ ပေါလုပြသသော ဝိညာဉ်တော်အကြိမ်ပေါင်းကိုလည်းသတိပြုပါ။ ထိုဝိညာဉ် တော်သည် ခရစ်ယာန်တို့၏ခွန်အားတန်ခိုးဖြစ်သည်။ သင်သည် ဝိညာဉ်တော်ပြည့်သောအသက်တာ ကိုရှာဖွေတွေ့ရှိပြီလား။ သင်၏အသက်တာတွင် ဝိညာဉ်တော်ရှိကြောင်းသိရဲ့လား။ ထိုဝိညာဉ်တော် တန်ခိုးခွန်အားပေးကြောင်း ခံစားရပါသလား။ ဤစကြဝဠာတွင် အကြီးဆုံးပေးနိုင်သောခွန်အားကို သင်လက်ခံပြီလား။

 

ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၁၁) အဖြေလွှာ

ကျွန်ုပ်အသက်တာရှိထူးဆန်းနက်နဲသောတန်ခိုးခွန်အား

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။

၁။       သန့်ရှင်းသောဝိညာဉ်တော်လာသည်-

------------ ဤလောကတွင် ခရစ်တော်၏ကိုယ်စား။

------------ လောကနိုင်ငံတည်ထောင်ရန်။

၂။       သန့်ရှင်းသောဝိညာဉ်တော်သည်-

------------ ဘုရားသခင်၏ကောင်းကင်တမန်ဖြစ်သည်။

------------ သုံးပါးပေါင်းဘုရားသခင်တစ်ပါးဖြစ်သည်။

ဘုရားသခင်ဝိညာဉ်တော်သည်-

------------ ဖန်ဆင်းစဉ်ကမရှိပါ။

------------ ဖန်ဆင်းစဉ်ကပါဝင်ကူညီသည်။

၃။       သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်သည်မည်သည့်အရာဖြစ်သနည်း-

------------ အသစ်သောမွေးဖွားခြင်းဖြင့် လူ၏ စိတ်ကိုပြောင်းလဲပေးသည်။

------------ အပြစ်ဖေါ်ပြသည်။

------------ အမှန်တရားပြပေးသည်။

------------ ခရစ်တော်နှင့်ဆက်သွယ်ပေးသည်။

------------ ဝိညာဉ်တော်အသီးတည်းဟူသော ချစ်ခြင်း၊ သည်းခံခြင်း၊ ချုပ်တည်းခြင်း။

------------ ဆုတောင်းသောအခါ ကူညီရန်ဖြစ်သည်။

------------ သက်သေခံရန်တန်ခိုးပေးသည်။

၄။       ဝိညာဉ်တော်၏ဆုကျေးဇူးသည် မည်သည့်အရာဖြစ်သနည်း-

------------ တရားဟောဆရာ၊ သင်းအုပ်ဆရာ၊ ကျောင်းဆရာဖြစ်နိုင်ရန်။

------------ အကျင့်၏ကောင်းကျိုးဖြစ်သောမေတ္တာ၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း။

မည်သည့်ဆုကျေးဇူးကိုခရစ်ယာန်တို့ရရှိပါသနည်း-

------------ ဝိညာဉ်တော်၏ဆုကျေးဇူးအားလုံး။

------------ ဆုကျေးဇူးသာဝိညာဉ်တော်ရွေးချယ်၍ လူကိုပေးသည်။

၅-၆။    ဝိညာဉ်တော်သည် မည်သည့်အခါတွင်ချပေးပါသနည်း-

------------ နောက်ဆုံးသောနေ့ရက်၌ ခရစ်တော်ကြွလာသောအခါ လူကိုပြင်ဆင်ရန်ပေးသည်။

------------ တမန်တော်အချိန်၌ ပင်တေကုတ္တေပွဲနေ့မှာသာပေးသည်။

၇။       ဆုကျေးဇူးအနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိုမည်ကဲ့သို့ရရှိသနည်း-

------------ ကြိုးစားနိုင်သလောက်ကြိုးစားမှသာရရှိမည်။

-------နောင်တတရားနှင့် မိမိအသက်တာကိုဆက်ကပ်ခြင်းဖြင့် ရေနှစ်ခြင်းခံမှသာရရှိနိုင်မည်။

နှလုံးသားမေးခွန်း

ဝိညာဉ်တော်သည် မိမိတန်ခိုးအားဖြင့် ကျွန်ုပ်တို့အထဲသို့ကြွလာမှသာ ကျွန်ုပ်တို့၏အသက် တာသည် လှပပြည့်စုံမည်။ သင်၏အသက်တာတွင် ဝိညာဉ်တော်ကြွလာသည့်လက္ခဏာကိုမြင်လို ပါသလား။

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------


 


အခန်းကြီး - ၁၂

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၁၂)

အမြဲတမ်းရှိနေသောကယ်တင်ရှင်

 

စကော့(တ်)လူငယ်တစ်ဦးသည် မြက်ခင်းပြင်တစ်နေရာတွင် ညအချိန်မျက်စိလည်သွားပါ သည်။ ဘုရားသခင်သည် သူ့အားပီတာဟု ခေါ်သောအခါ ဖြုန်းခနဲမရပ်ဘဲ ဒုတိယအကြိမ်ထပ်၍ ပီတာဟုခေါ်သောအခါ ဖြုန်းခနဲရပ်၍ မြေသို့ငုံ့၍ ကြည့်သောအခါ ကျောက်တွင်းကြီးထဲသို့ကျရန် ခြေတစ်လှမ်းသာကျန်တော့၏။ ဘုရားသခင်ခေါ်သံကြားရလျှင် ကောင်းမည်ဟုထင်မိပါသည်။ နီးကပ် သောမိတ်ဆွေဖြစ်ရကြောင်းသိသောအခါ ပို၍ဝမ်းသာမည်။ အကယ်၍သာ ဘုရားသခင်နှင့် အတူထိုင် ၍စကားပြောရလျှင် အထူးကောင်းသည့်အခွင့်အရေးဖြစ်မည်။

၁။       အကန့်အသတ်မရှိဘဲ ခရစ်တော်ထံသို့ချဉ်းကပ်နိုင်သည်

ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယနေ့ကျွန်ုပ်တို့သည် ခရစ်တော်ထံသို့ပို၍ နီးကပ်စွာနေနိုင်ကြောင်း သိရသည်။ ခရစ်တော်သည် ယနေ့အသွေးအသားအားဖြင့်.. ပို၍ဝမ်းမြောက် စရာရှိမည်။ သို့ရာတွင် ခရစ်တော်အား အနီးကပ်ကြည့်လိုသူများမှာ အထူးပင်များပြားမည်ဖြစ်ပါ သည်။ သူ၏အချိန်မည်မျှကုန်မည်ကိုလည်း စဉ်းစားကြည့်ပါ။ အကယ်၍သာ ခရစ်တော်နှင့်တိုက်ရိုက် စကားပြောရလျှင် ဘဝအသက်တာအတွက် လုံလောက်မည်ဖြစ်ပါသည်။

ခရစ်တော်သည် တစ်ဦးတစ်ကိုယ်စီနှင့် ပေါင်းသင်းဆက်ဆံလိုပါသည်။ ထို့ကြောင့် သူသည် ဤကမ္ဘာကိုစွန့်၍ လူသားများတစ်ဦးစီအတွက် နေ့စဉ်နှင့်အမျှအလုပ်လုပ်ရခြင်းသည် ကျွန်ုပ်တို့နှင့် ရင်းနှီးလာမည်ဖြစ်ကြောင်းသိရသည်။ ခရစ်တော်သည် နေရာဒေသအားဖြင့် အကန့်အသတ်မရှိသော ကြောင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကိုယ်တော်အား လက်ခံသူတိုင်းအတွက် သွန်သင်လမ်းပြ ပါသည်။ ကောင်းကင်သို့မတက်ကြွသွားမီ အားရလောက်သောကတိတော်မှာ “ငါသည် သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမသြဝါဒပေးကြလော့၊ ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အားမိန့်တော် မူ၏” (မဿဲ၂၈:၂၀)။

ခရစ်တော်သည် မည်သည့်အလုပ်ကိုလုပ်သောကြောင့် လူတို့နှင့်အတူအစဉ်မပြတ်ရှိမည်ဟူ သောအချက်ကိုရှင်းပြပါ။ “ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်း အကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူ သောကြောင့် ငါတို့သည်ဝန်ခံခဲ့ပြီးသောအရာ၌တည်ကြည်ကြကုန်အံ့။ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်၊ ငါတို့ ခံရသည့်နည်းတူ အမျိုးမျိုး သောစုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် အပြစ်နှင့်ကင်းလွတ်တော်မူ ၏။ ထို့ကြောင့် ငါတို့သည် သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်းကျေးဇူး တော်ကိုလည်းကောင်း ခံရမည်အကြောင်း ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ် ကြကုန်အံ့။” (ဟေဗြဲ ၄း၁၄-၁၆)။ ခရစ်တော်သည် ကျွန်ုပ်တို့အတွက် ကိုယ်စားလှယ်အဖြစ်လုပ်ဆောင် နေကြောင်းကို သတိပြုပါ။ နေရာတိုင်းတွင် ကျွန်ုပ်တို့ကဲ့သို့ သွေးဆောင်ခြင်းခံရ၍ ကျွန်ုပ်တို့၏ အားနည်းချက်ကို သနားတတ်၏။ ကျွန်ုပ်တို့၌လိုသောအချိန်တွင် ကူညီမစတတ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းကြီးဖြစ်သောကြောင့် ကျွန်ုပ်တို့နှင့်ဘယ်တော့မှ အဆက်ပြတ်မသွား ပါ။ ကျွန်ုပ်တို့ကိုလည်း ဘုရားသခင်၏ ရှေ့တော်သို့ ခေါ်ဆောင်သွားနိုင်သည်။ “ထို့ကြောင့် ငါတို့သည် သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်းကျေးဇူးတော်ကိုလည်းကောင်း ခံရ မည့်အကြောင်း ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့တိုးဝင်ချဉ်းကပ်ကြကုန်အံ့။” ကောင်းကင် တွင် ခရစ်တော်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ရပါသနည်း။ “ထိုသခင်မူကား၊ အပြစ်ကို ဖြေခြင်းငှါ ယဇ်တစ်ခုတည်းကိုပူဇော်ပြီးမှစ၍ ဘုရားသခင်၏ လက်ျာတော်ဘက်၌ အစဉ်အမြဲထိုင်၍” (ဟေဗြဲ ၁၀း၁၂)။ အသက်ရှင်သောခရစ်တော်သည် ကျွန်ုပ်တို့၏ကိစ္စအဝဝကို နားလည်၍ ကျွန်ုပ်တို့၏ ကိုယ်စားလှယ်ကြီးဖြစ်ကြောင်း၊ ဘုရားသခင်၏လက်ျာတော်ဘက်ပလ္လင်ပေါ်၌ ထိုင်နေကြောင်း၊ ခရစ် တော်၏အသက်တာကြောင့် ကျွန်ုပ်တို့အတွက်ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် မိမိကိုယ်ကိုဘယ်ကဲ့သို့ ပြင်ဆင်နေပါသနည်း။ “ထို့ကြောင့် ခရစ်တော်သည် လူတို့၏ အပြစ်ဖြေစရာအကြောင်းကို စီရင်၍ ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့၌ ကရုဏာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ပြည့်စုံ သော ယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှါ မိမိညီအစ်ကိုတို့နှင့်တူရသောအကြောင်းရှိ၏။ ထိုစုံစမ်း နှောင့်ယှက်ခြင်းကိုကိုယ်တော်တိုင်ခံ၍ ဒုက္ခဆင်းရဲခြင်း၌ကျင်လည်သောကြောင့် စုံစမ်းနှောင့်ယှက် ခြင်းအမှုနှင့်တွေ့ကြုံသောသူတို့ကိုမစခြင်းငှါ တတ်နိုင်တော်မူ၏” (ဟေဗြဲ ၂း၁၇၊ ၁၈)။ ကျွန်ုပ်တို့၏ ညီအစ်ကိုသည် ကျွန်ုပ်တို့၏ ဘဝအဖြစ်အပျက်ကိုခံယူကာ ကျွန်ုပ်တို့စုံစမ်းခြင်းခံရသကဲ့သို့ ခံရသော ကြောင့် ယခုတွင် ထိုသခင်ယေရှုသည် အဖဘုရားသခင်၏ လက်ျာဘက်ပလ္လင်တော်ပေါ်၌ ယဇ်ပုရော ဟိတ်မင်းကြီးအဖြစ် လုပ်ကိုင်နေသောကြောင့် ကျွန်ုပ်တို့၏ ဘဝခံစားချက်ကို သိရှိနားလည်သော ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် ကျွန်ုပ်တို့ကဲ့သို့အစာဆာခြင်း၊ ရေငတ်ခြင်း၊ သွေးဆောင်ခြင်းနှင့် ပင်ပန်း ခြင်းကိုခံရ၏။ ကျွန်ုပ်တို့အတွက် သနားခြင်းနှင့်နားလည်ခြင်းကို ကျွန်ုပ်တို့အတွက် ခံစားရ၏။ ထို့ကြောင့် ခရစ်တော်သည် သာ၍သင့်ထိုက်သော ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ကျွန်ုပ်တို့အပြစ် အတွက် မိမိကိုယ်ကိုယဇ်ပူဇော်ခဲ့သောကြောင့်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့သေရမည့်နေရာတွင် ကျွန်ုပ်တို့၏ အပြစ်အတွက် သက်တော်စွန့်ခဲ့ပါသည်။ ဤအကြောင်းသည် ဧဝံဂေလိတရားဖြစ်၍ လူသားအားလုံးအတွက် အစဉ်အမြဲ ကောင်းသောသတင်းဖြစ်၏။

ကျွန်ုပ်တို့၏ကျမ်းစာကျောင်းရှိ ကျောင်းအုပ်ကြီး၏ သက်သေခံချက်မှာ- “သမီးငယ်သုံးနှစ် အရွယ်တွင် သူ၏ လက်သည် ခေါက်ကုလားထိုင်တွင်ညှပ်မိ၍ အရိုးကြေမွသွားသည်။ နာကျင်သော ကြောင့် အော်သောအသံသည် ကျွန်ုပ်တို့၏စိတ်နှလုံးကို ထိခိုက်စေပါသည်။ အထူးသဖြင့် သူ၏အစ်မ ငါးနှစ်အရွယ်သည် မိမိ၏ ညီမခံစားရသော နာကျင်မှုကို တွေ့မြင်သောအခါ ပြောသောစကားမှာ “ဖေဖေ၊ ကျွန်မသူ့အတွက် သူ့ရဲ့နာကျင်မှုကို ခံစားလိုပါတယ်” လူသားတို့သည် အပြစ်ကြောင့် ထာဝရ သေခြင်းကိုစီရင်ခြင်းခံရသောအခါ ခရစ်တော်သည်လည်း ထိုနည်းတူ “အိုးအဖ၊ အကျွန်ုပ်သည် ထိုလူသားများအတွက်ခံစားရလျှင် ပို၍ကောင်းပါမည်” ထို့ကြောင့် အဖဘုရားသခင်သည် ခရစ်တော် ၏ ဆန္ဒအရ၊ လက်ဝါးကပ်တိုင်ကိုပေး၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ ခံစားရသောနာကျင်မှုများကို သူသည်ပိုမို၍ခံစားရပါ၏။

၂။       ဓမ္မဟောင်းရှိဧဝံဂေလိတရား

ဣသရေလလူတို့သည် သိနတောင်ခြေတွင် စတည်းချနေကြသောအခါ ဘုရားသခင်သည် မောရှေကိုသယ်ယူ ရွှေ့ပြောင်းနိုင်သော ဗိမာန်တော်ကိုဝတ်ပြုခြင်းပြုနိုင်ရန် ဆောက်လုပ်စေသည်။ ထိုဗိမာန်တော်မှာ တောင်ပေါ်၌ပြထားသော ပုံစံအတိုင်း မောရှေအားမှာထား၏ (ထွက် ၂၅း၄၀)။ နှစ်ပေါင်းငါးရာကြာပြီးသည့်နောက် ရှောလမုန်မင်းကြီးသည် ထိုယာယီဗိမာန်တော်ကြီးကို ကျောက် ဖြင့် တည်ဆောက်ခဲ့ပါသည်။ ထိုဗိမာန်တော်ကြီးကိုလည်း ယာယီဗိမာန်တော်ကဲ့သို့ တညီတစ် သဏ္ဌာန်တည်းဆောက်ခဲ့ပါသည်။ မောရှေအား ဘုရားသခင်ပေးထားသောအမိန့်တော်မှာ ဗိမာန်တော် ၏ ပုံသဏ္ဌာန်သည် မည်ကဲ့သို့ရှိရမည်ဖြစ်ကြောင်း သူသိရှိနားလည်ပါသည်။ “ငါသည် သင်တို့တွင် ကျိန်းဝပ်ရာဖို့ သန့်ရှင်းရာဌာနကိုလုပ်ကြစေ၊ ငါပြသမျှသောတဲတော်ပုံ၊ တဲတော်တန်ဆာပုံနှင့်အညီ လုပ်ရမည်” (ထွက် ၂၅း၈၊ ၉)။

အပြစ်သည် ဘုရားသခင်နှင့်လူသားကို ဝမ်းနည်းဖွယ်ကောင်းလောက်သော ခွဲခွါမှုကို ပြုလုပ် ခဲ့သည်။ တဲတော် လူနှင့်အတူရှိခြင်းသည် ဘုရားသခင်သည် လူနှင့်အတူလာ၍နေထိုင်နိုင်ကြောင်းကို ပြသည်။ တဲတော်နောက်ပိုင်းတွင် ဗိမာန်တော်ကြီးသည် ဘာသာရေးအသက်တာနှင့် ဝတ်ပြုခြင်း ပြုလုပ်ရန်အချက်အချာဓမ္မဟောင်းခေတ်တွင်ဖြစ်လာသည်။ နံနက်တိုင်း၊ ညနေတိုင်း လူနှင့်ဘုရား သခင်သည် ဗိမာန်တော်၌မိတ်သဟာယဖွဲ့ကာ (လုကာ ၁၁း၉၊ ၁၀) ဘုရားသခင် ပေးခဲ့သောကတိ တော်ကိုတောင်းခံကာ “ငါသည် သင်နှင့်တွေ့ရာအရပ်ဟု” (ထွက် ၃၆း၆) သတ်မှတ်ခဲ့သည်။

ဓမ္မဟောင်းကျမ်းသည် ကယ်တင်ခြင်းဧဝံဂေလိတရားကို ဓမ္မသစ်ကျမ်းနည်းတူသွန်သင်ခဲ့ပါ သည်။ ထိုကျမ်းပြိုင်နှစ်ခုမှာ ခရစ်တော်သည် အပြစ်သားများအတွက် ကောင်းကင်ရှိဗိမာန်တော်ထဲ တွင် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် တာဝန်ထမ်းဆောင်နေကြောင်းပြသထားသည်။

 

၃။       ခရစ်တော်၏လုပ်ငန်းသည် ကျွန်ုပ်တို့အတွက်ဗိမာန်တော်ထဲ၌ဖေါ်ပြထားသည်

ကောင်းကင်ရှိ ဗိမာန်တော်လုပ်ငန်းများတို့သည် ဤလောက၌ ခရစ်တော်ပြုလုပ်ခဲ့သော လုပ်ငန်းဖြစ်၍ နေ့စဉ်နှင့် အမျှကျွန်ုပ်တို့၏ အသက်တာကို သွန်သင်လမ်းပြ၍ ကြွယ်ဝစေပါသည်။ လောကရှိတဲတော်သည် ကောင်းကင်ရှိဗိမာန်တော်ကြီးအတိုင်းဖြစ်သောကြောင့် ယခုကောင်းကင်ရှိ ဗိမာန်တော်တွင် ခရစ်တော်လုပ်ငန်းများပြုလုပ်လျက်ရှိသည်။ (ထွက်မြောက်ရာ ၂၅း၄ဝ) တွင် ပြသ ထားသောလုပ်ငန်းများသည် တောတောင်ထဲ၌လုပ်ရသော်လည်း အသေးစိတ်လုပ်ငန်းများကို ဖေါ်ပြ ထားသည်။ အကျဉ်းအားဖြင့်. ဗိမာန်တော်တွင် သုံးဆောင်ထားသောပစ္စည်းတို့ကို ဓမ္မသစ်ကျမ်းတွင် ဖေါ်ပြထားသည်။ “တစ်နည်းကား ပထမပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်လည်းကောင်း၊ လောကသန့်ရှင်းရာဌာနတော်နှင့်လည်းကောင်း စပ်ဆိုင်၏။ အဘယ်သို့နည်းဟူမူကား ဟဂျာဟုခေါ် သော ပထမတဲတော်သည် ဆီမီးခုံ၊ စားပွဲရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ၏။ ဒုတိယကန့်လန့်ကာ အတွင်း၌ ဟဂျာ၊ ဟဂျုန်ဟုခေါ်ဝေါ်သောတဲတော်ရှိ၏။ ထိုတဲတော်၌ ရွှေလင်ပန်း နှင့်ရွှေဖြင့်မွမ်းမံ သောပဋိညာဉ်တရားသေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နကိုထားသောရွှေအိုး၊ အပွင့်ပွင့်သောအာရုန်၏ လှံတံ၊ ပဋိညာဉ်တရားကို ရေးထားသောကျောက်ပြားတို့သည်ရှိ၏။ ထိုသေတ္တာပေါ်မှာဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ်ဖြေရာပလ္လင်ကို လွှမ်းမိုးလျက်ရှိကြ၏။ ထိုအရာများကို ယခု သေချာစွာပြော စရာအကြောင်းမရှိ။” (ဟေဗြဲ ၉း၁-၅)။

တဲတော်သည် အခန်းနှစ်ခန်းရှိ၏။ သန့်ရှင်းသောအခန်းနှင့်အလွန်သန့်ရှင်းသောအခန်းဖြစ်၏။ ထိုတဲတော် ရှေ့တွင်ကွက်လပ်ရှိ၏။ ထိုကွက်လပ်အတွင်းတွင် ယဇ်ပူဇော်ရာပလ္လင်၊ ယဇ်ပုရောဟိတ် များယဇ်ပူဇော်ခြင်းပြုသည်။ ရေနှင့်ဆေးကြောရန်အင်ဒုံရှိသည်။ ယဇ်ကောင်ကို ကြေးဝါပလ္လင်၌ပူဇော် ခြင်းသည် ခရစ်တော်ကိုပုံဆောင်သည်။ ထိုသခင်သည်ဘုရားသခင်၏သိုးသငယ်အဖြစ် ကျွန်ုပ်တို့၏ အပြစ်ကိုယူဆောင်သော ခရစ်တော်လက်ဝါးကပ်တိုင်ပေါ်၌ သေခြင်းကို ပြသည် (ယောဟန် ၁း၂၉)။ နောင်တရသောအပြစ်သားသည် ပလ္လင်တော်ရှေ့သို့လာ၍ ယဇ်ကောင်နှင့်တကွ မိမိအပြစ်ကို ဖေါ်ပြ ကာ ယဇ်ပူဇော်သောအခါ အပြစ်ဖြေလွှတ်ခြင်းနှင့် အပြစ်မှသန့်ရှင်းခြင်းကိုရရှိသည်။ ထို့နည်းတူ ကျွန်ုပ်တို့၏ အပြစ်များကို ပူဇော်ခဲ့သောခရစ်တော်၏ အသွေးအားဖြင့် အပြစ်ဖြေလွှတ်ခြင်းနှင့် သန့်ရှင်းခြင်းရရှိသည် (၁ယော ၁း၉)။ ပထမအခန်းတွင် (သို့မဟုတ်) သန့်ရှင်းသောအခန်းတွင် ဆီမီး တိုင် (၇) တိုင်အမြဲထွန်းလျက်ရှိသည်။ ခရစ်တော်သည် ထာဝရလောက၏အလင်းဖြစ်ကြောင်းကို ပုံ ဆောင်သည် (ယောဟန် ၈း၁၂)။ စားပွဲပေါ်တွင်ရှိသောရှေ့တော်မုန့်သည် ကျွန်ုပ်တို့အတွက် ဝိညာဉ်ရေးငတ်မွတ်သောအခါ ကျေနပ်ရန်ပေးသော မုန့်ဖြစ်၏။ ထိုမုန့်သည် အသက်မုန့်ဖြစ်၏ (ယောဟန် ၆း၃၅)။ နံ့သာမျိုးပူဇော်ရန် ရွှေပလ္လင်သည် ခရစ်တော်က ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ ရှေ့တော်သို့ တောင်းဆိုပေးသော ဆုတောင်းခြင်းဖြစ်၏ (ဗျာ၊ ၈း၃၊ ၄)။ ဒုတိယအခန်းသည် (သို့မဟုတ်) အလွန်သန့်ရှင်းသောနေရာဖြစ်၍ ပဋိညာဉ်သေတ္တာရှိ၍ ထိုသေတ္တာကို ရွှေဖြင့်မွမ်းမံထား သည်။ ထိုပဋိညာဉ်သေတ္တာပေါ်၌ ကျေးဇူးပလ္လင်ရှိ၍ ဘုရားသခင်၏ ပလ္လင်တော်ကိုပုံဆောင်သည်။ ထိုကျေးဇူးပလ္လင်သည် ခရစ်တော်ယဇ်ပုရောဟိတ်မင်းကြီးအနေဖြင့် ပညတ်တော်များကို ကျူးလွန် သောလူသားများအတွက် အပြစ်ဖြေစေရန် ဘုရားသခင်နှင့်ညှိနှိုင်းပေးခြင်းကို ပုံဆောင်သည်။ ထိုပဋိ ညာဉ်သေတ္တာအတွင်းရှိ ကျောက်ပြားနှစ်ပြားသည် ပညတ်တော် (၁ဝ) ပါးရေးထား၏။ ကျေးဇူးပလ္လင် အောက်၌ထား၏။ ပဋိညာဉ်သေတ္တာပေါ်ရှိကျေးဇူးပလ္လင်အဆုံးတွင် ရွှေဖြင့်မွမ်းမံသောခေရုဗိမ် ဝဲပျံ လျက်ရှိသောပုံသဏ္ဌာန်ကဲ့သို့ထားရှိ၏။ ထိုခေရုဗိမ်ကြားတွင် ထားသောမီးအလင်းသည် ဘုရားသခင် ရှိကြောင်းကိုပုံဆောင်၏။ သန့်ရှင်းသောအခန်းကိုလူမမြင်ရအောင် ယဇ်ပုရောဟိတ်တို့သည် ရှေ့တော် အခန်းတွင် ယဇ်ပူဇော်ပေး၏။ ဒုတိယကန့်လန့်ကာသည် အသန့်ရှင်းဆုံးသောအခန်းကို ကာကွယ်ကာ ပထမအခန်းရှိပုရောဖက်များတို့အတွက် ကာကွယ်ထားပေသည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင် ပေါ်တွင် သက်တော်စွန့်ခဲ့သောအခါ “ထိုအခါ ဗိမာန်တော်၏ကန့်လန့်ကာသည် အထက်စွန်းမှအောက် စွန်းတိုင်အောင် စုတ်ကွဲလေ၏” (မဿဲ ၂၇း၅၁)။ အသန့်ရှင်းဆုံးသောအခန်းသည် ခရစ်တော်သက် တော်စွန့်သောအခါ စုတ်ကွဲခြင်းသည် ၎င်းအခန်းတွင်းရှိအရာများကို တွေ့နိုင်မြင်နိုင်သည်ကိုပြသည်။ ခရစ်တော်၏ သေခြင်းသည် အဖဘုရားသခင်နှင့် ယုံကြည်သူတို့ကြားတွင် ခရစ်တော်အားဖြင့် မည်သည့်အဟန့်အတား ကန့်လန့်ကာမရှိတော့ကြောင်းကို ပြသည်။ ယဇ်ပုရောဟိတ်မင်းကြီး ဖြစ်သော ခရစ်တော်သည် အဟန့်အတားမရှိသောဘုရားသခင်၏ ရှေ့တော်သို့. ကျွန်ုပ်တို့ကို ခေါ် ဆောင်လာကြောင်းပြသည် (ဟေဗြဲ ၁၀း၁၉-၂၂)။ ခရစ်တော်သည် ကျွန်ုပ်တို့၏ မင်းကြီးဖြစ်၍ ဘုရား သခင်၏ လက်ျာတော်ဘက်၌ရှိသောကြောင့် ဘုရားသခင်၏ ရှေ့တော်တွင် ကျွန်ုပ်တို့သည် ခံစားရ သောအခွင့်ရှိ၏။ ခရစ်တော်သည် ဘုရားသခင်ရှေ့တော်သို့လာရန် ပြုပြင်ပေးသည်။ ဘုရားသခင်၏ မေတ္တာတော်ထဲသို့ဝင်ရန်ဆွဲဆောင်ပေး၏။ ထို့ကြောင့် ဘုရားသခင်ထံသို့လာနိုင်ရန်ကြိုးစားကြပါ။

၄။       ခရစ်တော်၏သေခြင်းဖြင့်. ကျွန်ုပ်တို့အားကယ်တင်ခြင်းပေးသောဗျာဒိတ်တော်

မြေကြီးပေါ်ရှိတဲတော်သည် ကောင်းကင်ပေါ်ရှိပုံတူတဲတော်ဖြစ်၍ ခရစ်တော်သည် ယခု ကျွန်တော်တို့အတွက် အပြစ်ဖြေရာဝတ်ကို ပြုလုပ်လျက်ရှိပါသည်။ (ဟေဗြဲ ၈း၅)။ သို့ရာတွင် ကောင်းကင်နှင့်မြေကြီးတဲတော်တို့သည် မတူညီသောအရာရှိပါသည်။ မြေကြီးပေါ်ရှိတဲတော်၏ ယဇ် ပုရောဟိတ်သည် အပြစ်ကိုဖြေလွှတ်၍ မပေးနိုင်ပါ။ သို့ရာတွင် ကောင်းကင်တဲတော်ရှိ ခရစ်တော် ယေရှုသည် အပြစ်ဖြေလွှတ်ပေးနိုင်၍ တစ်ခါတည်းမိမိကိုယ်ကိုပူဇော်ခြင်းအားဖြင့် အပြစ်ကို ထာဝရ ပယ်ဖျက်ခဲ့ပါသည်။ (ဟေဗြဲ ၉း၂၆)။ ဓမ္မဟောင်းကျမ်းရှိ ဝတ်ပြုရာကျမ်းတွင် တဲတော်တွင်းဝိနည်း အထုံးအဖွဲ့လုပ်ငန်းများကို အသေးစိတ်ဖေါ်ပြထားပါသည်။ ဝိနည်းအထုံးအဖွဲ့လုပ်ငန်းများသည် နှစ်ပိုင်းရှိပါသည်။ (၁) နေ့စဉ်ပြုရမည့်အပြစ်ဖြေရာယဇ်ပူဇော်ခြင်း၊ (၂) တစ်နှစ်တစ်ခါပြုရမည့် ယဇ် ပူဇော်ခြင်း။ (လမ်းညွှန် ၁၃ တွင် နှစ်စဉ်ပြုအပ်သောယဇ်ပူဇော်သကာများကိုတင်ပြထားပါသည်)။

နေ့စဉ်နှင့်အမျှပြုအပ်သောပူဇော်သကာများမှာ အပြစ်လုပ်သောသူအတွက် ပူဇော်ပေးခြင်းနှင့် လူအားလုံးအတွက် ပူဇော်ပေးခြင်းများရှိသည်။ အကယ်၍ အပြစ်လုပ်ခဲ့သော် အနာအဆာကင်းမဲ့သော တိရစ္ဆာန်တစ်ကောင်ဖြင့်ပူဇော်ရသည်။ ထိုသိုး၏ခေါင်းပေါ်တွင် လက်ကိုတင်ကာ အပြစ်ကိုဖေါ်ပြ၍ တိရစ္ဆာန်ကိုသတ်ကာ မီးရှို့ရာယဇ်ဖြင့်ပူဇော်ရသည် (ဝတ် ၄း၂၉)။ အပြစ်ရှိသောလူသည် မိမိအပြစ်ကို အပြစ်မရှိသောတိရစ္ဆာန်ပေါ်တင်ကာ (အပြစ်များဖေါ်ပြ၍ တိရစ္ဆာန်၏ခေါင်းပေါ်သို့လက်တင်ကာ) ယဇ်ပူဇော်ရသည်။ အနက်မှာ ခရစ်တော်သည် အပြစ်သားများ၏အပြစ်ကိုယူ၍ လက်ဝါးကပ်တိုင် ပေါ်၌ မိမိကိုယ်ကိုပူဇော်ရခြင်းပြသည် (၂ကော ၅း၂၁)။ ပူဇော်သောသတ္တဝါကိုသတ်၍ အသွေးယူကာ ပူဇော်ခြင်းသည် ခရစ်တော်အပြစ်သားများအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းကိုပြ သည်။

၅။       ဘာကြောင့်အသွေးတော်သာသုံးရသနည်း

“ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ်အသွေးအားဖြင့် စင်ကြယ်စေ တတ်၏။ အသွေး မသွန်းလောင်းဘဲ အပြစ်ဖြေလွှတ်ခြင်းမရှိ” (ဟေဗြဲ ၉း၂၂)။ ဓမ္မဟောင်းတွင် ရှိသောတဲတော်သည် ခရစ်တော်၏ ကယ်တင်ခြင်းတရားလမ်းကို မီးမောင်းထိုးထားပါသည်။ ခရစ် တော်သည် အပြစ်ကြောင့်အသေခံ၍ သန့်ရှင်းသော နေရာတွင်ဝင်ကာ တစ်ခါနှင့်အပြီး အသွေးတော် ကိုသွန်းကာ ထာဝရကယ်တင်ခြင်းကိုရသဖြင့် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းကိုပေးခဲ့ပါသည်။ (ဟေဗြဲ ၉း၁၂)။ ကျွန်ုပ်တို့၏အပြစ်အတွက်ကြောင့် ခရစ်တော်၏အသွေးသည် လက်ဝါးကပ်တိုင်၌ ခံရသော အခါ ယေရုရှလင်မြို့ရှိ ဗိမာန်တော်၌ရှိသောကန့်လန့်ကာသည် ထက်ခြမ်းစုတ်သွားပါသည် (မဿဲ ၂၇း၅၁)။ ခရစ်တော်၏ သေခြင်းကြောင့် ကျွန်ုပ်တို့သည် တိရစ္ဆာန်များကိုပူဇော်ရန်မလိုတော့ပါ။

ခရစ်တော်၏အသွေးသည် လက်ဝါးကပ်တိုင်ပေါ်တွင် သွန်းခဲ့သောအခါ ကိုယ်တော်သည် ပြည့်စုံသောနားထောင်ခြင်းဖြင့် မိမိအသက်တာကို လူ၏အစားပူဇော်ခဲ့ပါသည်။ ခရစ်တော်နှင့် အဖ ဘုရားသခင်သည် လက်ဝါးကပ်တိုင်ပေါ်၌ ခွဲခွါရသောအခါ သားတော်သည် စိတ်နှလုံးကြေကွဲ၍ သေဆုံးခဲ့ရသည်။ အဖနှင့်သားတို့သည် ကယ်တင်ခြင်းရာဇဝင်တွင် ပွဲဦးထွက် အပြစ်အမှားတို့၏ ရလဒ်ကိုပြသခဲ့ပါသည်။ ထို့ကြောင့် ခရစ်တော်သည် အပြစ်သားများကိုအပြစ် ဖြေလွှတ်ပေးနိုင်သည်။ ခရစ်တော်သည် မိမိအသွေးအားဖြင့် ငြိမ်သက်ခြင်းကိုရယူခဲ့ပါသည်။ (ကောလောသဲ ၁း၂ဝ)။

၆။       ခရစ်တော်သည် ကျွန်ုပ်တို့အားကယ်တင်ခြင်းပေးရန် ဗျာဒိတ်ထဲတွင်ဖေါ်ပြထားပါသည်

ကောင်းကင်ဗိမာန်တော်တွင် ခရစ်တော်၏လုပ်ငန်းသည် မည်သည့်အရာဖြစ်သနည်း။ “ထို့ကြောင့် အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင်အထံတော်သို့ ချဉ်းကပ်ကြ၏။ ထိုသူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက် ကာလအစဉ်အသက်ရှင်သောကြောင့် သူတို့ကိုအစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏” (ဟေဗြဲ ၇း၂၅)။

ခရစ်တော်သည် ယခုအသက်ရှင်၍ မိမိအသွေးကို ပူဇော်ပါသည်။ သူ၏ပူဇော်ခြင်းသည် ကျွန်ုပ်တို့အတွက်ဖြစ်ပါ၏။ သူသည် ကြိုးစား၍ အပြစ်ရှိသူများကိုကယ်တင်ရန် လုပ်ဆောင်လျက်ရှိ ပါသည်။ အချို့သောသူတို့သည် အယူမှားကာ ကြားဖျန်ဖြေသောခရစ်တော်၏လုပ်ငန်းသည် အဖ ဘုရားသခင်ထံတွင် အပြစ်လွှတ်ရန် တောင်းပန်သည်ဟု ယုံကြည်ရသည်။ သို့ရာတွင် အဖဘုရား သခင်သည် ကျွန်ုပ်တို့အတွက်ဝမ်းမြောက်စွာဖြင့် အပြစ်ဖြေလွှတ်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ယဇ် ပုရောဟိတ်အဖြစ် လူသားများအတွက် အပြစ်ကိုဖျန်ဖြေပေးလျက်ရှိပါသည်။ သတိမထားတတ်သော သူများအတွက် မျှော်လင့်ခြင်း၏ ဧဝံဂေလိတရားကိုရရှိစေရန် စိတ်ဓါတ်ကျလျက်ရှိသော အပြစ်သား များအတွက် မစကူညီပါသည်။

ယုံကြည်သောသူများအတွက်လည်း ကြွယ်ဝသောဘုရားသခင်၏ နှုတ်ထွက်တရားတော်ကို ရရှိနိုင်ရန် ဆုတောင်းခြင်းတန်ခိုးဖြင့်လမ်းပြခဲ့ပါသည်။ ခရစ်တော်သည် ဘုရားသခင်၏ ပညတ်တော် နှင့်အညီ ကျွန်ုပ်တို့၏ယုံကြည်ခြင်းများကိုပုံသွင်းကာ တည်ကြည်သောသူများဖြစ်ရန်မစခဲ့ပါသည်။

ဤကမ္ဘာကြီးပေါ်တွင်နေခဲ့သောကမ္ဘာသားတိုင်းအတွက် ခရစ်တော်သည် မိမိအသက်ကို စွန့်ခဲ့ ပါသည်။ ယခုအချိန်တွင် ယဇ်ပုရောဟိတ်မင်းအဖြစ် ထာဝရအသက်ရှင်၍ မိမိသေခြင်းကို ကယ်တင် ရှင်အဖြစ်လက်ခံရန် တောင်းဆိုနေပါသည်။ အပြစ်သည် ရင်းနှီးသောပေါင်းဖေါ်ခြင်းကို ဖျက်ဆီးခဲ့ပါ သည်။ အာဒံနှင့်ဧ၀သည် တစ်ချိန်က ဘုရားသခင်နှင့်ရင်းနှီးသောပုဂ္ဂိုလ်များဖြစ်ကြပါသည်။ သို့ရာတွင် အပြစ်ကြောင့်ခွဲခွါခဲ့ရသော်လည်း ခရစ်တော်အားဖြင့် ထိုခွဲခွါခြင်းကို ပြန်လည်ရင်းနှီးစေခဲ့ပါသည်။ ခရစ်တော်၏ပူဇော်သကာသည် ဆန်းကျယ်၍ ထူးခြားလှပါသည်။ ခရစ်တော်၏သာသနာလုပ်ငန်း သည် နက်နဲလှပါ၏။ ခရစ်တော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့နှင့်နီးစေပါသည်။ ခရစ်တော်သာလျှင် ဝိညာဉ်တော်အားဖြင့်သာ ကျွန်ုပ်တို့၏စိတ်ထဲ၌ ကိန်းအောင်းနိုင်ပါသည်။ ထို့ကြောင့် ခရစ်တော်သည် မိမိကိုယ်ကာယကိုပြောင်းလဲ၍ ကျွန်ုပ်တို့၏စိတ်တွင် ကိန်းအောင်း၍နေပါ၏။ ထို့နည်းတူ ခရစ်တော် ၏ တရားတော်၌မွေ့လျော်နိုင်ရန် ကျွန်ုပ်တို့ ပြင်ဆင်ရပါမည်။ ခရစ်တော်ကို ကျွန်ုပ်တို့၏ သခင် ကယ်တင်ရှင်အဖြစ် လက်ခံကြပါစို့။

 

ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၁၂) အဖြေလွှာ

အမြဲတမ်းရှိနေသောကယ်တင်ရှင်

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။ မေးခွန်းတစ်ပုဒ်တွင် အမှားတစ်ခုရှိသည်။

၁။       --------- သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့နှင့်ပို၍ လောကမှာ ရှိခဲ့

သည့်အချိန် အခါထက်နီးကပ်သည်။

--------- စိတ်ဆန္ဒရှိသောသူတိုင်းအား အသက်တာလမ်းညွှန်ရန် ခရစ်တော်သည်အနားမှာပင် ရှိသည်။   

--------- ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းဖြစ်၍ ကောင်းကင်နိုင်ငံတော်တွင် ဘုရားသခင် ၏လက်ျာတော် ဘက်၌နေ၍ ကျွန်ုပ်တို့၏အပြစ်အတွက် ကိုယ်စားပြုပေးသည်။

--------- ခရစ်တော်သည် လူကဲ့သို့စုံစမ်းခြင်းခံရသောကြောင့် လူ၌လိုသောအကူအညီကိုပေး နိုင်သည်။

--------- ခရစ်တော်သည် ရွေးချယ်သောသူအချို့အတွက်သာအသေခံသည်။

၂။       --------- ဓမ္မဟောင်းကျမ်းတွင်ရှိတဲတော်သည် ဘုရားသခင်လူနှင့်ဆုံသောနေရာဖြစ်သည်။

--------- ဓမ္မဟောင်းကျမ်းရှိဗိမာန်တော်သည် ဝတ်ပြုကိုးကွယ်ခြင်းနှင့်မပတ်သက်ပါ။

--------- ဓမ္မဟောင်းကျမ်းရှိ ဗိမာန်တော်တွင်ရှိသော ဧဝံဂေလိတရားသည် ဓမ္မသစ်ကျမ်းတွင်ရှိ သော ဧဝံဂေလိတရားနှင့်အတူတူပင်ဖြစ်သည်။

၃။       --------- ဗိမာန်တော်ရှိ ကိုးကွယ်ခြင်းနည်းလမ်းများတို့သည် ခရစ်တော် ကျွန်ုပ်တို့၏အပြစ်

အတွက် သေကြောင်းနှင့်ကောင်းကင်တွင် ယဇ်ပုရောဟိတ်မင်းအဖြစ်အမှုဆောင်ရွက် ကြောင်းပြသည်။

--------- ဗိမာန်တော်ရှိဝတ်ပြုကိုးကွယ်ခြင်းသည် ခရစ်ယာန်တို့အတွက်အကျိုးမရှိပါ။

၄။       --------- ဗိမာန်တော်ရှိ ပူဇော်သကာတို့သည် ခရစ်တော်၏ လက်ဝါးကပ်တိုင်ပေါ်သေခြင်းကို

ပြသည်။

--------- ဗိမာန်တော်တွင် ဣသရေလလူများအတွက် အပြစ်ဖြေလွှတ်ရန်အစီအစဉ်မရှိပါ။

--------- ဣသရေလလူတို့၏ဗိမာန်တော်သည် ကောင်းကင်ဗိမာန်တော်အတိုင်းဖြစ်သည်။

၅၊၆။    --------- ခရစ်တော်အချိန်၌ရှိသော ကန့်လန့်ကာသည် ယခုအချိန်အထိ. ယေရုရှလင်မြို့ရှိ

ဗိမာန်တော်တွင်ရှိသည်။

--------- ဗိမာန်တော်တွင် ယဇ်ပုရောဟိတ်လုပ်သောလုပ်ငန်းသည် ခရစ်တော်က ကျွန်တော် တို့အတွက်ပြုလုပ်သော လုပ်ငန်းကိုပုံဆောင်သည်။

--------- ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းအနေဖြင့် ခရစ်တော်သည် ယခုကျွန်ုပ်တို့၏ အပြစ် များကို မိမိအသွေး အားဖြင့်သန့်ရှင်းစေပါသည်။

 

နှလုံးသားမေးခွန်း

ဘုရားသခင်၏သိုးသငယ်အနေဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်အတွက်အသေခံ သည်။ ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းအနေဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် ရင်းနှီးသောမိတ်သဟာယဖွဲ့ပေးသည်။ ခရစ်တော်ပြုလုပ်ခဲ့သော အရာများကြောင့် ယခုလည်း ကျွန်ုပ်တို့အတွက်ပြုနေဆဲဖြစ်သည်။ ထိုအရှင်အား သင်သည် မည်ကဲ့သို့သိမြင်ဝေဖန်ပါသနည်း။


ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 



အခန်းကြီး - ၁၃

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၁၂)

အမြဲတမ်းရှိနေသောကယ်တင်ရှင်

 

စကော့(တ်)လူငယ်တစ်ဦးသည် မြက်ခင်းပြင်တစ်နေရာတွင် ညအချိန်မျက်စိလည်သွားပါ သည်။ ဘုရားသခင်သည် သူ့အားပီတာဟု ခေါ်သောအခါ ဖြုန်းခနဲမရပ်ဘဲ ဒုတိယအကြိမ်ထပ်၍ ပီတာဟုခေါ်သောအခါ ဖြုန်းခနဲရပ်၍ မြေသို့ငုံ့၍ ကြည့်သောအခါ ကျောက်တွင်းကြီးထဲသို့ကျရန် ခြေတစ်လှမ်းသာကျန်တော့၏။ ဘုရားသခင်ခေါ်သံကြားရလျှင် ကောင်းမည်ဟုထင်မိပါသည်။ နီးကပ် သောမိတ်ဆွေဖြစ်ရကြောင်းသိသောအခါ ပို၍ဝမ်းသာမည်။ အကယ်၍သာ ဘုရားသခင်နှင့် အတူထိုင် ၍စကားပြောရလျှင် အထူးကောင်းသည့်အခွင့်အရေးဖြစ်မည်။

၁။       အကန့်အသတ်မရှိဘဲ ခရစ်တော်ထံသို့ချဉ်းကပ်နိုင်သည်

ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယနေ့ကျွန်ုပ်တို့သည် ခရစ်တော်ထံသို့ပို၍ နီးကပ်စွာနေနိုင်ကြောင်း သိရသည်။ ခရစ်တော်သည် ယနေ့အသွေးအသားအားဖြင့်.. ပို၍ဝမ်းမြောက် စရာရှိမည်။ သို့ရာတွင် ခရစ်တော်အား အနီးကပ်ကြည့်လိုသူများမှာ အထူးပင်များပြားမည်ဖြစ်ပါ သည်။ သူ၏အချိန်မည်မျှကုန်မည်ကိုလည်း စဉ်းစားကြည့်ပါ။ အကယ်၍သာ ခရစ်တော်နှင့်တိုက်ရိုက် စကားပြောရလျှင် ဘဝအသက်တာအတွက် လုံလောက်မည်ဖြစ်ပါသည်။

ခရစ်တော်သည် တစ်ဦးတစ်ကိုယ်စီနှင့် ပေါင်းသင်းဆက်ဆံလိုပါသည်။ ထို့ကြောင့် သူသည် ဤကမ္ဘာကိုစွန့်၍ လူသားများတစ်ဦးစီအတွက် နေ့စဉ်နှင့်အမျှအလုပ်လုပ်ရခြင်းသည် ကျွန်ုပ်တို့နှင့် ရင်းနှီးလာမည်ဖြစ်ကြောင်းသိရသည်။ ခရစ်တော်သည် နေရာဒေသအားဖြင့် အကန့်အသတ်မရှိသော ကြောင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကိုယ်တော်အား လက်ခံသူတိုင်းအတွက် သွန်သင်လမ်းပြ ပါသည်။ ကောင်းကင်သို့မတက်ကြွသွားမီ အားရလောက်သောကတိတော်မှာ “ငါသည် သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမသြဝါဒပေးကြလော့၊ ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အားမိန့်တော် မူ၏” (မဿဲ၂၈:၂၀)။

ခရစ်တော်သည် မည်သည့်အလုပ်ကိုလုပ်သောကြောင့် လူတို့နှင့်အတူအစဉ်မပြတ်ရှိမည်ဟူ သောအချက်ကိုရှင်းပြပါ။ “ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်း အကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူ သောကြောင့် ငါတို့သည်ဝန်ခံခဲ့ပြီးသောအရာ၌တည်ကြည်ကြကုန်အံ့။ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်၊ ငါတို့ ခံရသည့်နည်းတူ အမျိုးမျိုး သောစုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် အပြစ်နှင့်ကင်းလွတ်တော်မူ ၏။ ထို့ကြောင့် ငါတို့သည် သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်းကျေးဇူး တော်ကိုလည်းကောင်း ခံရမည်အကြောင်း ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ် ကြကုန်အံ့။” (ဟေဗြဲ ၄း၁၄-၁၆)။ ခရစ်တော်သည် ကျွန်ုပ်တို့အတွက် ကိုယ်စားလှယ်အဖြစ်လုပ်ဆောင် နေကြောင်းကို သတိပြုပါ။ နေရာတိုင်းတွင် ကျွန်ုပ်တို့ကဲ့သို့ သွေးဆောင်ခြင်းခံရ၍ ကျွန်ုပ်တို့၏ အားနည်းချက်ကို သနားတတ်၏။ ကျွန်ုပ်တို့၌လိုသောအချိန်တွင် ကူညီမစတတ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းကြီးဖြစ်သောကြောင့် ကျွန်ုပ်တို့နှင့်ဘယ်တော့မှ အဆက်ပြတ်မသွား ပါ။ ကျွန်ုပ်တို့ကိုလည်း ဘုရားသခင်၏ ရှေ့တော်သို့ ခေါ်ဆောင်သွားနိုင်သည်။ “ထို့ကြောင့် ငါတို့သည် သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်းကျေးဇူးတော်ကိုလည်းကောင်း ခံရ မည့်အကြောင်း ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့တိုးဝင်ချဉ်းကပ်ကြကုန်အံ့။” ကောင်းကင် တွင် ခရစ်တော်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ရပါသနည်း။ “ထိုသခင်မူကား၊ အပြစ်ကို ဖြေခြင်းငှါ ယဇ်တစ်ခုတည်းကိုပူဇော်ပြီးမှစ၍ ဘုရားသခင်၏ လက်ျာတော်ဘက်၌ အစဉ်အမြဲထိုင်၍” (ဟေဗြဲ ၁၀း၁၂)။ အသက်ရှင်သောခရစ်တော်သည် ကျွန်ုပ်တို့၏ကိစ္စအဝဝကို နားလည်၍ ကျွန်ုပ်တို့၏ ကိုယ်စားလှယ်ကြီးဖြစ်ကြောင်း၊ ဘုရားသခင်၏လက်ျာတော်ဘက်ပလ္လင်ပေါ်၌ ထိုင်နေကြောင်း၊ ခရစ် တော်၏အသက်တာကြောင့် ကျွန်ုပ်တို့အတွက်ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် မိမိကိုယ်ကိုဘယ်ကဲ့သို့ ပြင်ဆင်နေပါသနည်း။ “ထို့ကြောင့် ခရစ်တော်သည် လူတို့၏ အပြစ်ဖြေစရာအကြောင်းကို စီရင်၍ ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့၌ ကရုဏာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ပြည့်စုံ သော ယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှါ မိမိညီအစ်ကိုတို့နှင့်တူရသောအကြောင်းရှိ၏။ ထိုစုံစမ်း နှောင့်ယှက်ခြင်းကိုကိုယ်တော်တိုင်ခံ၍ ဒုက္ခဆင်းရဲခြင်း၌ကျင်လည်သောကြောင့် စုံစမ်းနှောင့်ယှက် ခြင်းအမှုနှင့်တွေ့ကြုံသောသူတို့ကိုမစခြင်းငှါ တတ်နိုင်တော်မူ၏” (ဟေဗြဲ ၂း၁၇၊ ၁၈)။ ကျွန်ုပ်တို့၏ ညီအစ်ကိုသည် ကျွန်ုပ်တို့၏ ဘဝအဖြစ်အပျက်ကိုခံယူကာ ကျွန်ုပ်တို့စုံစမ်းခြင်းခံရသကဲ့သို့ ခံရသော ကြောင့် ယခုတွင် ထိုသခင်ယေရှုသည် အဖဘုရားသခင်၏ လက်ျာဘက်ပလ္လင်တော်ပေါ်၌ ယဇ်ပုရော ဟိတ်မင်းကြီးအဖြစ် လုပ်ကိုင်နေသောကြောင့် ကျွန်ုပ်တို့၏ ဘဝခံစားချက်ကို သိရှိနားလည်သော ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် ကျွန်ုပ်တို့ကဲ့သို့အစာဆာခြင်း၊ ရေငတ်ခြင်း၊ သွေးဆောင်ခြင်းနှင့် ပင်ပန်း ခြင်းကိုခံရ၏။ ကျွန်ုပ်တို့အတွက် သနားခြင်းနှင့်နားလည်ခြင်းကို ကျွန်ုပ်တို့အတွက် ခံစားရ၏။ ထို့ကြောင့် ခရစ်တော်သည် သာ၍သင့်ထိုက်သော ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ကျွန်ုပ်တို့အပြစ် အတွက် မိမိကိုယ်ကိုယဇ်ပူဇော်ခဲ့သောကြောင့်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့သေရမည့်နေရာတွင် ကျွန်ုပ်တို့၏ အပြစ်အတွက် သက်တော်စွန့်ခဲ့ပါသည်။ ဤအကြောင်းသည် ဧဝံဂေလိတရားဖြစ်၍ လူသားအားလုံးအတွက် အစဉ်အမြဲ ကောင်းသောသတင်းဖြစ်၏။

ကျွန်ုပ်တို့၏ကျမ်းစာကျောင်းရှိ ကျောင်းအုပ်ကြီး၏ သက်သေခံချက်မှာ- “သမီးငယ်သုံးနှစ် အရွယ်တွင် သူ၏ လက်သည် ခေါက်ကုလားထိုင်တွင်ညှပ်မိ၍ အရိုးကြေမွသွားသည်။ နာကျင်သော ကြောင့် အော်သောအသံသည် ကျွန်ုပ်တို့၏စိတ်နှလုံးကို ထိခိုက်စေပါသည်။ အထူးသဖြင့် သူ၏အစ်မ ငါးနှစ်အရွယ်သည် မိမိ၏ ညီမခံစားရသော နာကျင်မှုကို တွေ့မြင်သောအခါ ပြောသောစကားမှာ “ဖေဖေ၊ ကျွန်မသူ့အတွက် သူ့ရဲ့နာကျင်မှုကို ခံစားလိုပါတယ်” လူသားတို့သည် အပြစ်ကြောင့် ထာဝရ သေခြင်းကိုစီရင်ခြင်းခံရသောအခါ ခရစ်တော်သည်လည်း ထိုနည်းတူ “အိုးအဖ၊ အကျွန်ုပ်သည် ထိုလူသားများအတွက်ခံစားရလျှင် ပို၍ကောင်းပါမည်” ထို့ကြောင့် အဖဘုရားသခင်သည် ခရစ်တော် ၏ ဆန္ဒအရ၊ လက်ဝါးကပ်တိုင်ကိုပေး၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ ခံစားရသောနာကျင်မှုများကို သူသည်ပိုမို၍ခံစားရပါ၏။

၂။       ဓမ္မဟောင်းရှိဧဝံဂေလိတရား

ဣသရေလလူတို့သည် သိနတောင်ခြေတွင် စတည်းချနေကြသောအခါ ဘုရားသခင်သည် မောရှေကိုသယ်ယူ ရွှေ့ပြောင်းနိုင်သော ဗိမာန်တော်ကိုဝတ်ပြုခြင်းပြုနိုင်ရန် ဆောက်လုပ်စေသည်။ ထိုဗိမာန်တော်မှာ တောင်ပေါ်၌ပြထားသော ပုံစံအတိုင်း မောရှေအားမှာထား၏ (ထွက် ၂၅း၄၀)။ နှစ်ပေါင်းငါးရာကြာပြီးသည့်နောက် ရှောလမုန်မင်းကြီးသည် ထိုယာယီဗိမာန်တော်ကြီးကို ကျောက် ဖြင့် တည်ဆောက်ခဲ့ပါသည်။ ထိုဗိမာန်တော်ကြီးကိုလည်း ယာယီဗိမာန်တော်ကဲ့သို့ တညီတစ် သဏ္ဌာန်တည်းဆောက်ခဲ့ပါသည်။ မောရှေအား ဘုရားသခင်ပေးထားသောအမိန့်တော်မှာ ဗိမာန်တော် ၏ ပုံသဏ္ဌာန်သည် မည်ကဲ့သို့ရှိရမည်ဖြစ်ကြောင်း သူသိရှိနားလည်ပါသည်။ “ငါသည် သင်တို့တွင် ကျိန်းဝပ်ရာဖို့ သန့်ရှင်းရာဌာနကိုလုပ်ကြစေ၊ ငါပြသမျှသောတဲတော်ပုံ၊ တဲတော်တန်ဆာပုံနှင့်အညီ လုပ်ရမည်” (ထွက် ၂၅း၈၊ ၉)။

အပြစ်သည် ဘုရားသခင်နှင့်လူသားကို ဝမ်းနည်းဖွယ်ကောင်းလောက်သော ခွဲခွါမှုကို ပြုလုပ် ခဲ့သည်။ တဲတော် လူနှင့်အတူရှိခြင်းသည် ဘုရားသခင်သည် လူနှင့်အတူလာ၍နေထိုင်နိုင်ကြောင်းကို ပြသည်။ တဲတော်နောက်ပိုင်းတွင် ဗိမာန်တော်ကြီးသည် ဘာသာရေးအသက်တာနှင့် ဝတ်ပြုခြင်း ပြုလုပ်ရန်အချက်အချာဓမ္မဟောင်းခေတ်တွင်ဖြစ်လာသည်။ နံနက်တိုင်း၊ ညနေတိုင်း လူနှင့်ဘုရား သခင်သည် ဗိမာန်တော်၌မိတ်သဟာယဖွဲ့ကာ (လုကာ ၁၁း၉၊ ၁၀) ဘုရားသခင် ပေးခဲ့သောကတိ တော်ကိုတောင်းခံကာ “ငါသည် သင်နှင့်တွေ့ရာအရပ်ဟု” (ထွက် ၃၆း၆) သတ်မှတ်ခဲ့သည်။

ဓမ္မဟောင်းကျမ်းသည် ကယ်တင်ခြင်းဧဝံဂေလိတရားကို ဓမ္မသစ်ကျမ်းနည်းတူသွန်သင်ခဲ့ပါ သည်။ ထိုကျမ်းပြိုင်နှစ်ခုမှာ ခရစ်တော်သည် အပြစ်သားများအတွက် ကောင်းကင်ရှိဗိမာန်တော်ထဲ တွင် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် တာဝန်ထမ်းဆောင်နေကြောင်းပြသထားသည်။

 

၃။       ခရစ်တော်၏လုပ်ငန်းသည် ကျွန်ုပ်တို့အတွက်ဗိမာန်တော်ထဲ၌ဖေါ်ပြထားသည်

ကောင်းကင်ရှိ ဗိမာန်တော်လုပ်ငန်းများတို့သည် ဤလောက၌ ခရစ်တော်ပြုလုပ်ခဲ့သော လုပ်ငန်းဖြစ်၍ နေ့စဉ်နှင့် အမျှကျွန်ုပ်တို့၏ အသက်တာကို သွန်သင်လမ်းပြ၍ ကြွယ်ဝစေပါသည်။ လောကရှိတဲတော်သည် ကောင်းကင်ရှိဗိမာန်တော်ကြီးအတိုင်းဖြစ်သောကြောင့် ယခုကောင်းကင်ရှိ ဗိမာန်တော်တွင် ခရစ်တော်လုပ်ငန်းများပြုလုပ်လျက်ရှိသည်။ (ထွက်မြောက်ရာ ၂၅း၄ဝ) တွင် ပြသ ထားသောလုပ်ငန်းများသည် တောတောင်ထဲ၌လုပ်ရသော်လည်း အသေးစိတ်လုပ်ငန်းများကို ဖေါ်ပြ ထားသည်။ အကျဉ်းအားဖြင့်. ဗိမာန်တော်တွင် သုံးဆောင်ထားသောပစ္စည်းတို့ကို ဓမ္မသစ်ကျမ်းတွင် ဖေါ်ပြထားသည်။ “တစ်နည်းကား ပထမပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်လည်းကောင်း၊ လောကသန့်ရှင်းရာဌာနတော်နှင့်လည်းကောင်း စပ်ဆိုင်၏။ အဘယ်သို့နည်းဟူမူကား ဟဂျာဟုခေါ် သော ပထမတဲတော်သည် ဆီမီးခုံ၊ စားပွဲရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ၏။ ဒုတိယကန့်လန့်ကာ အတွင်း၌ ဟဂျာ၊ ဟဂျုန်ဟုခေါ်ဝေါ်သောတဲတော်ရှိ၏။ ထိုတဲတော်၌ ရွှေလင်ပန်း နှင့်ရွှေဖြင့်မွမ်းမံ သောပဋိညာဉ်တရားသေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နကိုထားသောရွှေအိုး၊ အပွင့်ပွင့်သောအာရုန်၏ လှံတံ၊ ပဋိညာဉ်တရားကို ရေးထားသောကျောက်ပြားတို့သည်ရှိ၏။ ထိုသေတ္တာပေါ်မှာဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ်ဖြေရာပလ္လင်ကို လွှမ်းမိုးလျက်ရှိကြ၏။ ထိုအရာများကို ယခု သေချာစွာပြော စရာအကြောင်းမရှိ။” (ဟေဗြဲ ၉း၁-၅)။

တဲတော်သည် အခန်းနှစ်ခန်းရှိ၏။ သန့်ရှင်းသောအခန်းနှင့်အလွန်သန့်ရှင်းသောအခန်းဖြစ်၏။ ထိုတဲတော် ရှေ့တွင်ကွက်လပ်ရှိ၏။ ထိုကွက်လပ်အတွင်းတွင် ယဇ်ပူဇော်ရာပလ္လင်၊ ယဇ်ပုရောဟိတ် များယဇ်ပူဇော်ခြင်းပြုသည်။ ရေနှင့်ဆေးကြောရန်အင်ဒုံရှိသည်။ ယဇ်ကောင်ကို ကြေးဝါပလ္လင်၌ပူဇော် ခြင်းသည် ခရစ်တော်ကိုပုံဆောင်သည်။ ထိုသခင်သည်ဘုရားသခင်၏သိုးသငယ်အဖြစ် ကျွန်ုပ်တို့၏ အပြစ်ကိုယူဆောင်သော ခရစ်တော်လက်ဝါးကပ်တိုင်ပေါ်၌ သေခြင်းကို ပြသည် (ယောဟန် ၁း၂၉)။ နောင်တရသောအပြစ်သားသည် ပလ္လင်တော်ရှေ့သို့လာ၍ ယဇ်ကောင်နှင့်တကွ မိမိအပြစ်ကို ဖေါ်ပြ ကာ ယဇ်ပူဇော်သောအခါ အပြစ်ဖြေလွှတ်ခြင်းနှင့် အပြစ်မှသန့်ရှင်းခြင်းကိုရရှိသည်။ ထို့နည်းတူ ကျွန်ုပ်တို့၏ အပြစ်များကို ပူဇော်ခဲ့သောခရစ်တော်၏ အသွေးအားဖြင့် အပြစ်ဖြေလွှတ်ခြင်းနှင့် သန့်ရှင်းခြင်းရရှိသည် (၁ယော ၁း၉)။ ပထမအခန်းတွင် (သို့မဟုတ်) သန့်ရှင်းသောအခန်းတွင် ဆီမီး တိုင် (၇) တိုင်အမြဲထွန်းလျက်ရှိသည်။ ခရစ်တော်သည် ထာဝရလောက၏အလင်းဖြစ်ကြောင်းကို ပုံ ဆောင်သည် (ယောဟန် ၈း၁၂)။ စားပွဲပေါ်တွင်ရှိသောရှေ့တော်မုန့်သည် ကျွန်ုပ်တို့အတွက် ဝိညာဉ်ရေးငတ်မွတ်သောအခါ ကျေနပ်ရန်ပေးသော မုန့်ဖြစ်၏။ ထိုမုန့်သည် အသက်မုန့်ဖြစ်၏ (ယောဟန် ၆း၃၅)။ နံ့သာမျိုးပူဇော်ရန် ရွှေပလ္လင်သည် ခရစ်တော်က ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ ရှေ့တော်သို့ တောင်းဆိုပေးသော ဆုတောင်းခြင်းဖြစ်၏ (ဗျာ၊ ၈း၃၊ ၄)။ ဒုတိယအခန်းသည် (သို့မဟုတ်) အလွန်သန့်ရှင်းသောနေရာဖြစ်၍ ပဋိညာဉ်သေတ္တာရှိ၍ ထိုသေတ္တာကို ရွှေဖြင့်မွမ်းမံထား သည်။ ထိုပဋိညာဉ်သေတ္တာပေါ်၌ ကျေးဇူးပလ္လင်ရှိ၍ ဘုရားသခင်၏ ပလ္လင်တော်ကိုပုံဆောင်သည်။ ထိုကျေးဇူးပလ္လင်သည် ခရစ်တော်ယဇ်ပုရောဟိတ်မင်းကြီးအနေဖြင့် ပညတ်တော်များကို ကျူးလွန် သောလူသားများအတွက် အပြစ်ဖြေစေရန် ဘုရားသခင်နှင့်ညှိနှိုင်းပေးခြင်းကို ပုံဆောင်သည်။ ထိုပဋိ ညာဉ်သေတ္တာအတွင်းရှိ ကျောက်ပြားနှစ်ပြားသည် ပညတ်တော် (၁ဝ) ပါးရေးထား၏။ ကျေးဇူးပလ္လင် အောက်၌ထား၏။ ပဋိညာဉ်သေတ္တာပေါ်ရှိကျေးဇူးပလ္လင်အဆုံးတွင် ရွှေဖြင့်မွမ်းမံသောခေရုဗိမ် ဝဲပျံ လျက်ရှိသောပုံသဏ္ဌာန်ကဲ့သို့ထားရှိ၏။ ထိုခေရုဗိမ်ကြားတွင် ထားသောမီးအလင်းသည် ဘုရားသခင် ရှိကြောင်းကိုပုံဆောင်၏။ သန့်ရှင်းသောအခန်းကိုလူမမြင်ရအောင် ယဇ်ပုရောဟိတ်တို့သည် ရှေ့တော် အခန်းတွင် ယဇ်ပူဇော်ပေး၏။ ဒုတိယကန့်လန့်ကာသည် အသန့်ရှင်းဆုံးသောအခန်းကို ကာကွယ်ကာ ပထမအခန်းရှိပုရောဖက်များတို့အတွက် ကာကွယ်ထားပေသည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင် ပေါ်တွင် သက်တော်စွန့်ခဲ့သောအခါ “ထိုအခါ ဗိမာန်တော်၏ကန့်လန့်ကာသည် အထက်စွန်းမှအောက် စွန်းတိုင်အောင် စုတ်ကွဲလေ၏” (မဿဲ ၂၇း၅၁)။ အသန့်ရှင်းဆုံးသောအခန်းသည် ခရစ်တော်သက် တော်စွန့်သောအခါ စုတ်ကွဲခြင်းသည် ၎င်းအခန်းတွင်းရှိအရာများကို တွေ့နိုင်မြင်နိုင်သည်ကိုပြသည်။ ခရစ်တော်၏ သေခြင်းသည် အဖဘုရားသခင်နှင့် ယုံကြည်သူတို့ကြားတွင် ခရစ်တော်အားဖြင့် မည်သည့်အဟန့်အတား ကန့်လန့်ကာမရှိတော့ကြောင်းကို ပြသည်။ ယဇ်ပုရောဟိတ်မင်းကြီး ဖြစ်သော ခရစ်တော်သည် အဟန့်အတားမရှိသောဘုရားသခင်၏ ရှေ့တော်သို့. ကျွန်ုပ်တို့ကို ခေါ် ဆောင်လာကြောင်းပြသည် (ဟေဗြဲ ၁၀း၁၉-၂၂)။ ခရစ်တော်သည် ကျွန်ုပ်တို့၏ မင်းကြီးဖြစ်၍ ဘုရား သခင်၏ လက်ျာတော်ဘက်၌ရှိသောကြောင့် ဘုရားသခင်၏ ရှေ့တော်တွင် ကျွန်ုပ်တို့သည် ခံစားရ သောအခွင့်ရှိ၏။ ခရစ်တော်သည် ဘုရားသခင်ရှေ့တော်သို့လာရန် ပြုပြင်ပေးသည်။ ဘုရားသခင်၏ မေတ္တာတော်ထဲသို့ဝင်ရန်ဆွဲဆောင်ပေး၏။ ထို့ကြောင့် ဘုရားသခင်ထံသို့လာနိုင်ရန်ကြိုးစားကြပါ။

၄။       ခရစ်တော်၏သေခြင်းဖြင့်. ကျွန်ုပ်တို့အားကယ်တင်ခြင်းပေးသောဗျာဒိတ်တော်

မြေကြီးပေါ်ရှိတဲတော်သည် ကောင်းကင်ပေါ်ရှိပုံတူတဲတော်ဖြစ်၍ ခရစ်တော်သည် ယခု ကျွန်တော်တို့အတွက် အပြစ်ဖြေရာဝတ်ကို ပြုလုပ်လျက်ရှိပါသည်။ (ဟေဗြဲ ၈း၅)။ သို့ရာတွင် ကောင်းကင်နှင့်မြေကြီးတဲတော်တို့သည် မတူညီသောအရာရှိပါသည်။ မြေကြီးပေါ်ရှိတဲတော်၏ ယဇ် ပုရောဟိတ်သည် အပြစ်ကိုဖြေလွှတ်၍ မပေးနိုင်ပါ။ သို့ရာတွင် ကောင်းကင်တဲတော်ရှိ ခရစ်တော် ယေရှုသည် အပြစ်ဖြေလွှတ်ပေးနိုင်၍ တစ်ခါတည်းမိမိကိုယ်ကိုပူဇော်ခြင်းအားဖြင့် အပြစ်ကို ထာဝရ ပယ်ဖျက်ခဲ့ပါသည်။ (ဟေဗြဲ ၉း၂၆)။ ဓမ္မဟောင်းကျမ်းရှိ ဝတ်ပြုရာကျမ်းတွင် တဲတော်တွင်းဝိနည်း အထုံးအဖွဲ့လုပ်ငန်းများကို အသေးစိတ်ဖေါ်ပြထားပါသည်။ ဝိနည်းအထုံးအဖွဲ့လုပ်ငန်းများသည် နှစ်ပိုင်းရှိပါသည်။ (၁) နေ့စဉ်ပြုရမည့်အပြစ်ဖြေရာယဇ်ပူဇော်ခြင်း၊ (၂) တစ်နှစ်တစ်ခါပြုရမည့် ယဇ် ပူဇော်ခြင်း။ (လမ်းညွှန် ၁၃ တွင် နှစ်စဉ်ပြုအပ်သောယဇ်ပူဇော်သကာများကိုတင်ပြထားပါသည်)။

နေ့စဉ်နှင့်အမျှပြုအပ်သောပူဇော်သကာများမှာ အပြစ်လုပ်သောသူအတွက် ပူဇော်ပေးခြင်းနှင့် လူအားလုံးအတွက် ပူဇော်ပေးခြင်းများရှိသည်။ အကယ်၍ အပြစ်လုပ်ခဲ့သော် အနာအဆာကင်းမဲ့သော တိရစ္ဆာန်တစ်ကောင်ဖြင့်ပူဇော်ရသည်။ ထိုသိုး၏ခေါင်းပေါ်တွင် လက်ကိုတင်ကာ အပြစ်ကိုဖေါ်ပြ၍ တိရစ္ဆာန်ကိုသတ်ကာ မီးရှို့ရာယဇ်ဖြင့်ပူဇော်ရသည် (ဝတ် ၄း၂၉)။ အပြစ်ရှိသောလူသည် မိမိအပြစ်ကို အပြစ်မရှိသောတိရစ္ဆာန်ပေါ်တင်ကာ (အပြစ်များဖေါ်ပြ၍ တိရစ္ဆာန်၏ခေါင်းပေါ်သို့လက်တင်ကာ) ယဇ်ပူဇော်ရသည်။ အနက်မှာ ခရစ်တော်သည် အပြစ်သားများ၏အပြစ်ကိုယူ၍ လက်ဝါးကပ်တိုင် ပေါ်၌ မိမိကိုယ်ကိုပူဇော်ရခြင်းပြသည် (၂ကော ၅း၂၁)။ ပူဇော်သောသတ္တဝါကိုသတ်၍ အသွေးယူကာ ပူဇော်ခြင်းသည် ခရစ်တော်အပြစ်သားများအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းကိုပြ သည်။

၅။       ဘာကြောင့်အသွေးတော်သာသုံးရသနည်း

“ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ်အသွေးအားဖြင့် စင်ကြယ်စေ တတ်၏။ အသွေး မသွန်းလောင်းဘဲ အပြစ်ဖြေလွှတ်ခြင်းမရှိ” (ဟေဗြဲ ၉း၂၂)။ ဓမ္မဟောင်းတွင် ရှိသောတဲတော်သည် ခရစ်တော်၏ ကယ်တင်ခြင်းတရားလမ်းကို မီးမောင်းထိုးထားပါသည်။ ခရစ် တော်သည် အပြစ်ကြောင့်အသေခံ၍ သန့်ရှင်းသော နေရာတွင်ဝင်ကာ တစ်ခါနှင့်အပြီး အသွေးတော် ကိုသွန်းကာ ထာဝရကယ်တင်ခြင်းကိုရသဖြင့် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းကိုပေးခဲ့ပါသည်။ (ဟေဗြဲ ၉း၁၂)။ ကျွန်ုပ်တို့၏အပြစ်အတွက်ကြောင့် ခရစ်တော်၏အသွေးသည် လက်ဝါးကပ်တိုင်၌ ခံရသော အခါ ယေရုရှလင်မြို့ရှိ ဗိမာန်တော်၌ရှိသောကန့်လန့်ကာသည် ထက်ခြမ်းစုတ်သွားပါသည် (မဿဲ ၂၇း၅၁)။ ခရစ်တော်၏ သေခြင်းကြောင့် ကျွန်ုပ်တို့သည် တိရစ္ဆာန်များကိုပူဇော်ရန်မလိုတော့ပါ။

ခရစ်တော်၏အသွေးသည် လက်ဝါးကပ်တိုင်ပေါ်တွင် သွန်းခဲ့သောအခါ ကိုယ်တော်သည် ပြည့်စုံသောနားထောင်ခြင်းဖြင့် မိမိအသက်တာကို လူ၏အစားပူဇော်ခဲ့ပါသည်။ ခရစ်တော်နှင့် အဖ ဘုရားသခင်သည် လက်ဝါးကပ်တိုင်ပေါ်၌ ခွဲခွါရသောအခါ သားတော်သည် စိတ်နှလုံးကြေကွဲ၍ သေဆုံးခဲ့ရသည်။ အဖနှင့်သားတို့သည် ကယ်တင်ခြင်းရာဇဝင်တွင် ပွဲဦးထွက် အပြစ်အမှားတို့၏ ရလဒ်ကိုပြသခဲ့ပါသည်။ ထို့ကြောင့် ခရစ်တော်သည် အပြစ်သားများကိုအပြစ် ဖြေလွှတ်ပေးနိုင်သည်။ ခရစ်တော်သည် မိမိအသွေးအားဖြင့် ငြိမ်သက်ခြင်းကိုရယူခဲ့ပါသည်။ (ကောလောသဲ ၁း၂ဝ)။

၆။       ခရစ်တော်သည် ကျွန်ုပ်တို့အားကယ်တင်ခြင်းပေးရန် ဗျာဒိတ်ထဲတွင်ဖေါ်ပြထားပါသည်

ကောင်းကင်ဗိမာန်တော်တွင် ခရစ်တော်၏လုပ်ငန်းသည် မည်သည့်အရာဖြစ်သနည်း။ “ထို့ကြောင့် အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင်အထံတော်သို့ ချဉ်းကပ်ကြ၏။ ထိုသူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက် ကာလအစဉ်အသက်ရှင်သောကြောင့် သူတို့ကိုအစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏” (ဟေဗြဲ ၇း၂၅)။

ခရစ်တော်သည် ယခုအသက်ရှင်၍ မိမိအသွေးကို ပူဇော်ပါသည်။ သူ၏ပူဇော်ခြင်းသည် ကျွန်ုပ်တို့အတွက်ဖြစ်ပါ၏။ သူသည် ကြိုးစား၍ အပြစ်ရှိသူများကိုကယ်တင်ရန် လုပ်ဆောင်လျက်ရှိ ပါသည်။ အချို့သောသူတို့သည် အယူမှားကာ ကြားဖျန်ဖြေသောခရစ်တော်၏လုပ်ငန်းသည် အဖ ဘုရားသခင်ထံတွင် အပြစ်လွှတ်ရန် တောင်းပန်သည်ဟု ယုံကြည်ရသည်။ သို့ရာတွင် အဖဘုရား သခင်သည် ကျွန်ုပ်တို့အတွက်ဝမ်းမြောက်စွာဖြင့် အပြစ်ဖြေလွှတ်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ယဇ် ပုရောဟိတ်အဖြစ် လူသားများအတွက် အပြစ်ကိုဖျန်ဖြေပေးလျက်ရှိပါသည်။ သတိမထားတတ်သော သူများအတွက် မျှော်လင့်ခြင်း၏ ဧဝံဂေလိတရားကိုရရှိစေရန် စိတ်ဓါတ်ကျလျက်ရှိသော အပြစ်သား များအတွက် မစကူညီပါသည်။

ယုံကြည်သောသူများအတွက်လည်း ကြွယ်ဝသောဘုရားသခင်၏ နှုတ်ထွက်တရားတော်ကို ရရှိနိုင်ရန် ဆုတောင်းခြင်းတန်ခိုးဖြင့်လမ်းပြခဲ့ပါသည်။ ခရစ်တော်သည် ဘုရားသခင်၏ ပညတ်တော် နှင့်အညီ ကျွန်ုပ်တို့၏ယုံကြည်ခြင်းများကိုပုံသွင်းကာ တည်ကြည်သောသူများဖြစ်ရန်မစခဲ့ပါသည်။

ဤကမ္ဘာကြီးပေါ်တွင်နေခဲ့သောကမ္ဘာသားတိုင်းအတွက် ခရစ်တော်သည် မိမိအသက်ကို စွန့်ခဲ့ ပါသည်။ ယခုအချိန်တွင် ယဇ်ပုရောဟိတ်မင်းအဖြစ် ထာဝရအသက်ရှင်၍ မိမိသေခြင်းကို ကယ်တင် ရှင်အဖြစ်လက်ခံရန် တောင်းဆိုနေပါသည်။ အပြစ်သည် ရင်းနှီးသောပေါင်းဖေါ်ခြင်းကို ဖျက်ဆီးခဲ့ပါ သည်။ အာဒံနှင့်ဧ၀သည် တစ်ချိန်က ဘုရားသခင်နှင့်ရင်းနှီးသောပုဂ္ဂိုလ်များဖြစ်ကြပါသည်။ သို့ရာတွင် အပြစ်ကြောင့်ခွဲခွါခဲ့ရသော်လည်း ခရစ်တော်အားဖြင့် ထိုခွဲခွါခြင်းကို ပြန်လည်ရင်းနှီးစေခဲ့ပါသည်။ ခရစ်တော်၏ပူဇော်သကာသည် ဆန်းကျယ်၍ ထူးခြားလှပါသည်။ ခရစ်တော်၏သာသနာလုပ်ငန်း သည် နက်နဲလှပါ၏။ ခရစ်တော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့နှင့်နီးစေပါသည်။ ခရစ်တော်သာလျှင် ဝိညာဉ်တော်အားဖြင့်သာ ကျွန်ုပ်တို့၏စိတ်ထဲ၌ ကိန်းအောင်းနိုင်ပါသည်။ ထို့ကြောင့် ခရစ်တော်သည် မိမိကိုယ်ကာယကိုပြောင်းလဲ၍ ကျွန်ုပ်တို့၏စိတ်တွင် ကိန်းအောင်း၍နေပါ၏။ ထို့နည်းတူ ခရစ်တော် ၏ တရားတော်၌မွေ့လျော်နိုင်ရန် ကျွန်ုပ်တို့ ပြင်ဆင်ရပါမည်။ ခရစ်တော်ကို ကျွန်ုပ်တို့၏ သခင် ကယ်တင်ရှင်အဖြစ် လက်ခံကြပါစို့။

 

ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၁၂) အဖြေလွှာ

အမြဲတမ်းရှိနေသောကယ်တင်ရှင်

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။ မေးခွန်းတစ်ပုဒ်တွင် အမှားတစ်ခုရှိသည်။

၁။       --------- သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့နှင့်ပို၍ လောကမှာ ရှိခဲ့

သည့်အချိန် အခါထက်နီးကပ်သည်။

--------- စိတ်ဆန္ဒရှိသောသူတိုင်းအား အသက်တာလမ်းညွှန်ရန် ခရစ်တော်သည်အနားမှာပင် ရှိသည်။   

--------- ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းဖြစ်၍ ကောင်းကင်နိုင်ငံတော်တွင် ဘုရားသခင် ၏လက်ျာတော် ဘက်၌နေ၍ ကျွန်ုပ်တို့၏အပြစ်အတွက် ကိုယ်စားပြုပေးသည်။

--------- ခရစ်တော်သည် လူကဲ့သို့စုံစမ်းခြင်းခံရသောကြောင့် လူ၌လိုသောအကူအညီကိုပေး နိုင်သည်။

--------- ခရစ်တော်သည် ရွေးချယ်သောသူအချို့အတွက်သာအသေခံသည်။

၂။       --------- ဓမ္မဟောင်းကျမ်းတွင်ရှိတဲတော်သည် ဘုရားသခင်လူနှင့်ဆုံသောနေရာဖြစ်သည်။

--------- ဓမ္မဟောင်းကျမ်းရှိဗိမာန်တော်သည် ဝတ်ပြုကိုးကွယ်ခြင်းနှင့်မပတ်သက်ပါ။

--------- ဓမ္မဟောင်းကျမ်းရှိ ဗိမာန်တော်တွင်ရှိသော ဧဝံဂေလိတရားသည် ဓမ္မသစ်ကျမ်းတွင်ရှိ သော ဧဝံဂေလိတရားနှင့်အတူတူပင်ဖြစ်သည်။

၃။       --------- ဗိမာန်တော်ရှိ ကိုးကွယ်ခြင်းနည်းလမ်းများတို့သည် ခရစ်တော် ကျွန်ုပ်တို့၏အပြစ်

အတွက် သေကြောင်းနှင့်ကောင်းကင်တွင် ယဇ်ပုရောဟိတ်မင်းအဖြစ်အမှုဆောင်ရွက် ကြောင်းပြသည်။

--------- ဗိမာန်တော်ရှိဝတ်ပြုကိုးကွယ်ခြင်းသည် ခရစ်ယာန်တို့အတွက်အကျိုးမရှိပါ။

၄။       --------- ဗိမာန်တော်ရှိ ပူဇော်သကာတို့သည် ခရစ်တော်၏ လက်ဝါးကပ်တိုင်ပေါ်သေခြင်းကို

ပြသည်။

--------- ဗိမာန်တော်တွင် ဣသရေလလူများအတွက် အပြစ်ဖြေလွှတ်ရန်အစီအစဉ်မရှိပါ။

--------- ဣသရေလလူတို့၏ဗိမာန်တော်သည် ကောင်းကင်ဗိမာန်တော်အတိုင်းဖြစ်သည်။

၅၊၆။    --------- ခရစ်တော်အချိန်၌ရှိသော ကန့်လန့်ကာသည် ယခုအချိန်အထိ. ယေရုရှလင်မြို့ရှိ

ဗိမာန်တော်တွင်ရှိသည်။

--------- ဗိမာန်တော်တွင် ယဇ်ပုရောဟိတ်လုပ်သောလုပ်ငန်းသည် ခရစ်တော်က ကျွန်တော် တို့အတွက်ပြုလုပ်သော လုပ်ငန်းကိုပုံဆောင်သည်။

--------- ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းအနေဖြင့် ခရစ်တော်သည် ယခုကျွန်ုပ်တို့၏ အပြစ် များကို မိမိအသွေး အားဖြင့်သန့်ရှင်းစေပါသည်။

 

နှလုံးသားမေးခွန်း

ဘုရားသခင်၏သိုးသငယ်အနေဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်အတွက်အသေခံ သည်။ ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းအနေဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် ရင်းနှီးသောမိတ်သဟာယဖွဲ့ပေးသည်။ ခရစ်တော်ပြုလုပ်ခဲ့သော အရာများကြောင့် ယခုလည်း ကျွန်ုပ်တို့အတွက်ပြုနေဆဲဖြစ်သည်။ ထိုအရှင်အား သင်သည် မည်ကဲ့သို့သိမြင်ဝေဖန်ပါသနည်း။

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 



အခန်းကြီး - ၁၄

ရှာဖွေတွေ့ ရှိခြင်း

လမ်းညွှန် (၁၄)

ဆုတောင်း၍ရနိုင်သောလျှို့ဝှက်ချက်များ

 

အနတ်တိုလီလေဘီတင် ရာဇဝင်ဆရာနှင့် စာရေးဆရာကြီးသည် ဆိုက်ဘေးရီးယားနိုင်ငံရေး အကျဉ်းသမား များထားရှိသောနေရာတွင် နှစ်ပေါင်းများစွာနေခဲ့ရပါသည်။ နှစ်လများစွာကြာညောင်း ခဲ့သောအခါ သူ၏ဆုတောင်းခြင်းများတို့သည် ဒေသရှိရာသီကဲ့သို့၊ မြေပေါ်ရှိနှင်းများကဲ့သို့ ခဲနေသည် ဟုထင်ရသော်လည်း သူပြန်၍လွတ်မြောက်လာသောအခါ သူ၏ဝိညာဉ်ရေးသည် ခံနိုင်ရည်အပြည့်ရှိ ကြောင်းသိရပါသည်။ သူ၏ပြောပြချက်အရ၊ “ကျွန်ုပ်သည် ဘုရားသခင်ထံသို့လှည့်၍ အာရုံပြုသော အခါ ဘုရားသခင်သည် အဆောတလျင် ကျွန်ုပ်၏စိတ်တစ်နေရာထဲသို့ တန်ခိုးခွန်အားသွန်းလောင်း သောကြောင့် လူတစ်ကိုယ်လုံးကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းရှင်သန်လာပါသည်။ မည်သည့်အရာ ဖြစ်ကြောင်းကို ကျွန်ုပ်ရှင်းပြပါသည်။ ကျွန်ုပ်၏ အသက်တာသည် အိုမင်းမစွမ်းဖြစ်ရုံတွင်မကဘဲ ခွန်အားနည်းလျက်ရှိပါသည်။ သို့ရာတွင် ဆုတောင်းခြင်းဖြင့်ရသောခွန်အားသည် ကျွန်ုပ်ကို ကယ်တင် ခဲ့ပါသည်။ ကျွန်ုပ်၏အသက်တာကိုလည်း မြင့်မားသောနေရာသို့ ပို့ဆောင်ပေးပါသည်။ ဤရသော ခွန်အားသည် ကိုယ်၏အတွင်းမှမရဘဲ ပြင်ပမှဖြစ်၍ ဤခွန်အားကို ငြင်းဆန်တွန်းလှန်နိုင်သောသူမရှိ ပါ။ “ဤစာအညွှန်းတွင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ခိုင်ခံ့တည်မြဲသော ဆက်သွယ်မှုနှင့်ဆက်စပ်မှု တို့ကို တည်ဆောက်နိုင်ပါသည်။

၁။       ဘုရားသခင်နှင့်စကားပြောဆိုခြင်း

ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဆုတောင်းသံနားညောင်းသည်ကို မည်ကဲ့သို့သေချာစွာသိရပါ သနည်း။ “တစ်ဖန် မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍သွားလာကြလိမ့်မည်။ ဆုတောင်း သောအခါ သင်တို့စကားကို ငါနားထောင်မည်။ ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင်တွေ့ ကြလိမ့်မည်” (ယေရမိ ၂၉း၁၂၊ ၁၃)။ ခရစ်တော်သည် ကျွန်ုပ်တို့ဆုတောင်းသောအခါ နားထောင်းမည် ဟု မည်ကဲ့သို့ကတိပေးထားပါသနည်း။ “တစ်ဖန်ငါဆိုသည်ကား၊ တောင်းကြလော့၊ တောင်းလျှင်ရ မည်။ ရှာကြလော့၊ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်” (လုကာ ၁၁း၉)။ ခရစ်တော်၏ကတိမှာ ဆုတောင်းခြင်းသည် အပြန်အလှန်စကားပြောခြင်းဖြစ်ကြောင်း၊ “ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့။ ထိုသူရှိရာ သို့ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်” (ဗျာ ၃း၂ဝ)။ ဤကျမ်းချက်အရ၊ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူစားရင်း၊ ပြောရင်းနှင့် မိတ်သဟာယ ဖွဲ့ကြောင်းပြ၏။ ပထမပိုင်းတွင် ကျွန်ုပ်တို့၌ ရှိသောပြောစရာဆိုစရာများကို လျှောက်ထားပါ၏။ ဒုတိယတွင် တိကျသေချာစွာ နားထောင်ခြင်းဖြင့်ဖြစ်၏။ ကျွန်ုပ်တို့သည် ဆုတောင်းခြင်းဖြင့် ဘုရား သခင်ကိုအာရုံပြုသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့အား တိုက်ရိုက်ပြောဆိုလိမ့်မည်။ ကျွန်ုပ်တို့ သည် ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကို ဖတ်ရှုလေ့လာရမည်။ ဘုရား သခင် သည်လည်း ထိုစာမျက်နှာရှိစာသားများအားဖြင့် ကျွန်ုပ်တို့ကိုလိုသည့်အရာပြောဆိုမည် ဖြစ်ပါ သည်။ ဆုတောင်းခြင်းသည် ခရစ်ယာန်အသက်တာလမ်းဖြစ်ရမည်။ “အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိ ကြလော့၊ မခြားမလပ်ဆုတောင်းကြလော့၊ အရာရာ၌ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်း မူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ ယေရှုခရစ်၌ ဘုရား သခင်အလိုတော်ရှိ၏” (၁သက် ၅း၁၆-၁၈)။

ကျွန်ုပ်တို့သည် မည်ကဲ့သို့မခြားမလပ်ဆုတောင်းနိုင်မည်နည်း။ ကျွန်ုပ်တို့သည် အမြဲတမ်းဒူး ထောက်၍ ချီးမွမ်းခြင်းစကားများ၊ တောင်းဆိုချက်များအမြဲတမ်းတင်ပြရမည်လား၊ မဟုတ်ပါ။ ကျွန်ုပ် တို့သည် ခရစ်တော်နှင့်အတူ နီးကပ်ကြောင်းပြ၍ အချိန်မရွေးနေရာမရွေးလိုသောဆုကျေးဇူးများကို တင်ပြနိုင်ရမည်။ လူသူများသောလမ်းပေါ်တွင်၊ လူများသော အလုပ်ခွင်တွင် ကျွန်ုပ်တို့သည် ဘုရား သခင်ကိုလိုလျက်ရှိသော ဆုကျေးဇူးညွှန်ပြချက်များကို တောင်းဆိုနိုင်သည်။ ကျွန်ုပ်တို့၏စိတ်နှလုံး တံခါးကို အမြဲဖွင့်ထားခြင်းအားဖြင့် ခရစ်တော်သည် ကောင်းကင်မိတ်ဆွေများအဖြစ် ကျွန်ုပ်တို့ထံသို့ လာရောက်နေထိုင်နိုင်ပါသည်။ “ငါ့ဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူဖွယ်ဖြစ်၍ ထာဝရ ဘုရားသခင်၌ ငါရွှင်လန်းလိမ့်မည်” (ဆာလံ ၁၀၄း၃၄)။ ဆုတောင်းသောအခါ လိုသောဆုကျေးဇူးများ ကို ပုံသေနည်းအားဖြင့်ရေရွတ်၍ တစ်ခုစီ အဆောတလျင်မတောင်းပါနှင့်။ လိုသောအချက်များကို တစ်ခုစီစောင့်ရင်းနားရင်း တောင်းဆိုသောအချက်များကို ပြန်လည်ဆန်းစစ်သုံးသပ်လျှင် ဘုရားသခင် နှင့် ဆက်သွယ်မှုသည် ပိုမိုကြွယ်ဝပြည့်စုံလာလိမ့်မည်။ “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်ရှိသောသူတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ် နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့” (ယာကုပ် ၄း၈)။ ကိုယ်တော်နှင့်သာ၍ နီးကပ်စွာနေလျှင် ခရစ်တော်သည် ကျွန်ုပ်တို့နှင့်အတူရှိကြောင်း ပိုမိုထင်ရှားလာလိမ့်မည်။ သင်သည် ခရစ်တော်၌ ချဉ်းကပ်၍ နီးကပ်စွာနေပါ။ စကားအပြောမှားမည်ကို မစိုးရိမ်နှင့်၊ သန့်ရှင်းသောစိတ် စေတနာရှင်းရှင်းဖြင့် ခရစ်တော်ကို စကားပြောပါ။ လိုလျက်ရှိသောအရာအားလုံးကို ဆွေးနွေးပါ။ သူသည် သေခြင်းအထိရရှိသော ခံစားမှုဗဟုသုတများကြောင့် သူ့အားရင်းနှီးသော မိတ်ဆွေအဖြစ် ထားရှိပါ။

၂။       မည်ကဲ့သို့ဆုတောင်းရမည်နည်း

ကျွန်ုပ်တို့ဆုတောင်းသောအခါ ခရစ်တော်သွန်သင်သော ဆုတောင်းခြင်းအတိုင်း ခရစ်တော် တမန်တော်တို့အား သွန်သင်ပေးခဲ့သည့်ပုံနမူနာမှာ “(မဿဲ ၆း၉–၁၃) ခရစ်တော်သွန်သင်ထားခဲ့သော ဆုတောင်းခန်း။” ခရစ်တော်၏ပုံနမူနာ ဆုတောင်းခန်းမှာ ဘုရားသခင်ကောင်းကင်၌ရှိသော ကျွန်ုပ်တို့ အဖဟုသွန်သင်ခဲ့ပါသည်။ အဖဘုရားသခင်သည် ကောင်းကင်၌ရှိသော သူ၏အလိုအတိုင်း မြေကြီး သားတို့၏စိတ်နှလုံးကိုပြုပြင်ပေးရန် လက်ခံစေခြင်းဖြစ်သည်။ ကိုယ်ကာယလိုသော အမစကိုတောင်း ဆိုခြင်း၊ အပြစ်လွှတ်ရန်တောင်းဆိုခြင်းနှင့် အပြစ်လွှတ်ရန်သဘောတရားကို နားလည်စေခြင်းဖြစ် သည်။ သင်တို့၏ခွန်အားဖြင့် အပြစ်ကိုတိုက်လှန်နိုင်ရန် ဘုရားသခင်မစမှသာလျှင်ဖြစ်ကြောင်း သိစေ ခြင်း၊ ခရစ်တော်၏ ဆုတောင်းခြင်းနိဂုံးတွင် ချီးမွမ်းခန်းများဖြစ်သည်။ အခြားတစ်နေရာတွင် ခရစ် တော်သည် မိမိတမန်တော်တို့အားသွန်သင်ခဲ့သည်မှာ အဖဘုရားသခင်အား ငါ၏နာမဖြင့်ဆုတောင်းပါ ဟုသွန်သင်ခဲ့ပါသည်။ (ယောဟန် ၁၆း၂၃)။ အနက်မှာ ဆုတောင်းခြင်းသည် ခရစ်တော်သွန်သင်သော နည်းလမ်းအတိုင်းဖြစ်ရမည်ဟုဆိုလိုသတည်း။ ထို့ကြောင့် ခရစ်ယာန်တို့၏ ဆုတောင်းခြင်းနိဂုံးတွင် “ခရစ်တော်၏ နာမအားဖြင့်တောင်းပါ၏၊ အာမင်။” အာမင်၏အနက်မှာ ဟေဗြဲဘာသာအနက် အားဖြင့် “အလိုတော်ပြည့်စုံပါစေ။” ကျွန်ုပ်တို့၏ ဆုတောင်းခြင်းသည် ခရစ်တော်၏အညွှန်းအတိုင်း တောင်းလျှောက်သော်လည်း ဘုရားသခင်ကို တောင်းလျှောက်ရာတွင် နှလုံးမှရုတ်တရက်ပေါ်ပေါက် လာသော ဆက်သွယ်ဆုတောင်းခြင်း သည်အကောင်းဆုံးဖြစ်၏။ ကျွန်ုပ်တို့သည် လိုသောအရာများကို တောင်းလျှောက်နိုင်သည်။ ဘုရားသခင်သည်လည်း အပြစ်ဝန်ချတောင်းပန်ရန် သွန်သင်လမ်းပြထား ပါသည်။ (၁ယော ၁း၉)။ ယုံကြည်ခြင်းများစွာဖြင့်. (မာကု ၉း၂၄)၊ အသက်တာ၏လိုသောအရာများ (မဿဲ ၆း၁၁)၊ မကျန်းမမာဖျားနာခြင်းနှင့်ရောဂါအနာခံစားရခြင်း (ယာကုပ် ၅း၁၅)၊ နောက်မိုးတည်း ဟူသောသန့်ရှင်းသောဝိညာဉ်တော်အတွက်ဆုတောင်းခြင်း (ဇာခရိ ၁၀း၁)၊ ခရစ်တော်၏အားပေးချက် အရ ကျွန်ုပ်တို့၌ရှိသော ပူပင်သောကများကို သူ့အားတင်ပြခြင်း၊ အဘယ်ကဲ့သို့သောအရာမဆို ဆုတောင်းစေခြင်းများဖြစ်သည်။ “သင်တို့ကိုသတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌စိုးရိမ်ခြင်း ရှိသမျှသောအမှုတို့ကို ကိုယ်တော်၌ အပ်နှံကြလော့” (၁ပေ ၅း၇)။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အသက်တာအသေးစိတ်အပေါ် စိတ်ပါဝင်စားပါသည်။ ကျွန်ုပ်တို့၏ မေတ္တာနှင့်ယုံကြည်ခြင်းကို ရှေ့ ထားကာ လိုလျက်ရှိသောဆုကျေးဇူးများကို တင်ပြတောင်းလျှောက်ပါလျှင် စိတ်စေတနာ အပြည့်အဝ ဖြင့်ကူညီမစပါသည်။

၃။       တစ်ဦးတစ်ယောက်တည်းအနေဖြင့်ဆုတောင်းခြင်း

ကျွန်ုပ်တို့သည်များသောအားဖြင့် အထီးတည်းဆုတောင်းရန်လိုလားပါသည်။ အလွန်ခင်မင် သော မိတ်ဆွေများနှင့်ပင် တွဲဖက်ဆုတောင်းရန်ခဲယဉ်းလှပါသည်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား တစ်ဦးတစ်ကိုယ်စီဆုတောင်းရန် ခွင့်ပြုပေးပါသည်။ ကျွန်ုပ်တို့ဆုတောင်းသောအခါ ကျွန်ုပ်တို့ထံမှကြောင်းရင်းဖြစ်ထွေများကိုသိလိုသောကြောင့် ဆုတောင်း စေခြင်းမဟုတ်ပါ။ သို့ရာတွင် ကျွန်ုပ်တို့သည် မိမိအပြစ်များကိုဝန်ချတောင်းပန်ရာ၌ လူများရှေ့တွင်ခက်ခဲသောကြောင့် ကျွန်ုပ်တို့၏ အခြေအနေကိုသိသောပုဂ္ဂိုလ်နှင့်ခင်မင်ရင်းနှီးသော ဘုရားသခင်ကို တင်ပြရဲသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ အနာများကို ခရစ်တော်၏ လက်ဖြင့်ထိတို့သောကြောင့် ပျောက်ကင်းပါ၏။ ကျွန်ုပ်တို့ ဆုတောင်းသောအခါ ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းခရစ်တော်သည် အနီးမှာရှိသည်ဖြစ်ကြောင်းကို ယုံကြည်သိရှိလျက် “ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာ နိုင်သောသူမဟုတ်၊ ငါတို့ခံရသည့်နည်းတူ အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ် တော်မူ၏။ သို့ရာတွင် အပြစ်နှင့်ကင်းလွတ်တော်မူ၏။ ထို့ကြောင့် ငါတို့သည် သနားခြင်း ကရုဏာကို လည်းကောင်း၊ တော်လျော်သောမစခြင်းကျေးဇူးတော်ကိုလည်းကောင်း ခံရမည့်အကြောင်း ရဲရင့် သော စိတ်နှလုံးနှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့” (ဟေဗြဲ ၄း၁၅၊ ၁၆)။ သင်သည် သောကပူပင်ခြင်းရှိပါသလား။ ထိုအရာအားလုံးကို ထာဝရဘုရားသခင်အားအပ်နှံပါ။ လိုသည့်အရာ အားလုံးကိုကူညီနိုင်ပါသည်။

အထူးဆုတောင်းရန်နေရာသီးသန့်ထားရှိရန် လိုပါသလား။ “သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ မထင်မရှားသောအရပ်၌ ရှိတော်မူသောသင်၏ အဖကို ဆုတောင်းလော့---” (မဿဲ ၆း၆)။ ဆုတောင်းသောအခါ၌လည်း လမ်းလျှောက်သောအခါ၌ဖြစ်စေ၊ အလုပ်လုပ်သောအခါ၌ဖြစ်စေ၊ အစည်းအဝေးလူမှုရေး ကဏ္ဍဖြစ်စေ၊ ခရစ်ယာန်တိုင်းတို့သည် ဆုတောင်းသောအချိန်ကိုသတ်မှတ်၍ ကျမ်းစာကို လေ့လာခြင်းဖြင့် ဆုတောင်းသင့်ပါသည်။ နေ့စဉ် နှင့်အမျှ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ပါ။ အထူးသဖြင့် နိုးနိုးကြားကြားရှိသောအခါ၌ ဘုရားသခင် နှင့်မိတ်သဟာယဖွဲ့ပါ။

၄။       လူအများရှေ့တွင်ဆုတောင်းခြင်း

လူအများနှင့်အတူတကွဆုတောင်းခြင်းသည် ရင်းနှီးမှုကို ဖန်တီးပေး၍ ဘုရားသခင်၏ တန်ခိုး တော်ကိုတောင်းဆို ဖိတ်ခေါ်ခြင်းဖြစ်၏။ “အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာငါရှိသည်ဟုမိန့်တော်မူ၏” (မဿဲ ၁၈း၂၀)။ မိသားစုများအနေဖြင့် အကောင်းဆုံးကျင့်ဝတ်တစ်ခုမှာ အတူတကွဆုတောင်းခြင်း ဖြစ်ပါ သည်။ ထိုကဲ့သို့ဆုတောင်းခြင်းဖြင့် ဆုတောင်းရာတွင်အတူတကွစည်းစည်း ရုံးရုံးရှိနိုင်ကြောင်းသိရ ပါသည်။ သူတို့သည် ဘုရားသခင်အကြောင်းကို ပိုမိုသိရှိနားလည်၍ တုံ့ပြန်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

၅။       ဘုရားသခင်ဆုတောင်းခြင်းကိုလက်ခံနားညောင်းခြင်း၏လျှို့ဝှက်ချက် (၇) ခု

မောရှေဆုတောင်းသောအခါ ပင်လယ်နီရှိရေသည် နှစ်ခြမ်းကွဲသွားသည်။ ဧလိယဆုတောင်း သောအခါ ကောင်းကင်မှ မီးကျလာသည်။ ဒံယေလဆုတောင်းသောအခါ ခြင်္သေ့တို့၏ပါးစပ်သည် ပိတ် ကုန်ကြသည်။ လူတို့သည် ဘုရားသခင်၏ ဆုတောင်းခြင်းကိုတုံ့ပြန်သော အမှုသက်သေသာဓကများ ဖြင့်ပြသထားပါသည်။ ဆုတောင်းခြင်းသည် ဘုရားသခင်၏ ကြီးမားသောတန်ခိုးကို ပြသည်။ ထိုအရှင် ၏တန်ခိုးတည်းဟူသော ကျေးဇူးတရားကို ပြသခြင်းဖြစ်သည်။ ခရစ်တော်၏ ထောက်ခံချက်အရ “သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင် တောင်းသည့်အတိုင်း ငါပြုမည်” (ယောဟန် ၁၄း၁၄)။ သို့ရာတွင် အချို့သောဆုတောင်းခြင်းကို ကျွန်တော်တို့နားမထောင်ခဲ့ ကြောင်းသိခဲ့ရသည်။ သင်သည် ဆုတောင်းသောအခါ ထိရောက်စေနိုင်ရန် သူစီစဉ်သတ်မှတ်ပေးပါ မည်။

(၁)      ခရစ်တော်နှင့်နီးကပ်စွာနေထိုင်ပါ

“သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင် သင်တို့သည်တောင်းချင်သမျှ ကိုတောင်းလျှင် ရကြလိမ့်မည်” (ယောဟန် ၁၅း၇)။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ လျှင် အနီးကပ်ဆုံးဆက်သွယ်ခြင်း ရှိနိုင်မည်။ သူသည် ကျွန်ုပ်တို့၏ တောင်းလျှောက်သံကိုနားညောင်း ၍ လိုသလိုကူညီမစပေးနိုင်ပါသည်။ သို့မဟုတ်လျှင် ဆုတောင်းခြင်းသည် အထက်သို့ ရောက်နိုင်ရန်

ခဲယဉ်းမည်ဖြစ်ပါသည်။

(၂)      ဘုရားသခင်ကိုကိုးစားခြင်းဖြင့်ချဉ်းကပ်ပါ

“ယုံကြည်ခြင်းပါလျက် ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်ဟု မိန့်တော်မူ၏” (မဿဲ ၂၁း၂၂)။ ယုံကြည်ခြင်း (သို့မဟုတ်) ယုံကြည်ရမည်ဆိုသည်မှာ ကျွန်ုပ်တို့သည် အဖဘုရားသခင် ၏ကူညီမစခြင်းရရှိမည်ဟု မျှော်လင့်ခြင်းဖြစ်သည်။ ယုံကြည်ခြင်းအပေါ်တွင် သံသယဖြစ်လာသော အခါ ယုံကြည်ခြင်းအကြောင်းနှင့်စကားအားဖြင့် သက်သေခံကြောင်းကို သတိပြုပါ။ “အကျွန်ုပ် ယုံကြည်ပါ၏သခင်။ မယုံကြည်သည်ကိုမစတော်မူပါဟု လျှောက်ပြန်လေ၏” (မာကု ၉း၂၄)။ သင့်၌ရှိ သောယုံကြည်ခြင်းကိုပြုစုပျိုးထောင်ပေးပါ။ သင့်၌မရှိသောယုံကြည်ခြင်းကို စိတ်တွင်း၌ ပူပန်ခြင်းမရှိ စေနှင့်။

(၃)      ဘုရားသခင်၏အလိုတော်အတိုင်း မိမိကိုယ်ကိုဆက်ကပ်ပါ

“ယေရှုသည် ဘုရားသခင်သားတော်ဖြစ်တော်မူသည်ကို ဝန်ခံသောသူမည်သည်ကား ဘုရား သခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏” (၁ယော ၅း၁၄)။ ဘုရားသခင်သည် လူများတို့အားသွန်သင်ပေးလိုပါသည်။ ထိုသွန်သင်ခြင်းသည် ဆုတောင်းခြင်းအားဖြင့်ရ၏။ ဆုတောင်း ခြင်းကိုမပေးသောအခါရှိသကဲ့သို့ အခြားတစ်နေရာသို့လမ်းပြတတ်ပါ၏။ ဆုတောင်းခြင်းသည် ဘုရား သခင်နှင့်သာ၍ဆက်ဆံမှုကိုနီးကပ်စေတော်မူပြီး ဘုရားသခင်နှင့်ပို၍ နီးကပ်စရာလမ်းညွှန်ပေးသည်။ ထိုလမ်းညွှန်အတိုင်း လိုက်လျှောက်ရန်သွန်သင်ပေးသည်။ ဆုတောင်းသောအခါ သီးသန့်ဆုများကို သတ်မှတ်ထားပါ။ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် ဆုတောင်းရာ၌ အထောက်အကူဖြစ်စေသည်။ ဝိညာဉ် တော် သည်လည်း ကြားဖြတ်ဝင်ကာ ဘုရားသခင်အလိုတော်အတိုင်းကူညီမစသည် (ရောမ ၈း၂၇)။

ကျွန်ုပ်တို့၏အလိုဆန္ဒနှင့်ဘုရားသခင်၏စေတနာမေတ္တာတော်တိုက်ဆိုင်မှုရှိခဲ့ပါသော်လိုသည့် ဆုကိုရရှိမည်ဖြစ်ပါသည်။

(၄)      ဘုရားသခင်ကိုတောင်းလျှောက်သောအခါ သည်းခံခြင်းဖြင့်စောင့်ဆိုင်းပါ

“ငါသည် ထာဝရဘုရားသခင်ကို စေ့စေ့မျှော်လင့်သည့်ကာလ ငါတို့မျက်နှာပြ၍ ငါအော်ဟစ် သောအသံကိုကြားတော်မူ၏” (ဆာလံ ၄၀း၁)။ ဆုတောင်းခြင်း၏အဓိကအချက်မှာ ဘုရားသခင်ကို မျက်မှောက်ပြုခြင်းဖြစ်၏။ သင်၏မျက်နှာကို ဘုရားသခင်ပေးနိုင်သော ဆုကျေးဇူးများအပေါ် မျက် မှောက်ပြုတော်မူပါ။ သင်တို့သည် အပျော်အပါးလိုက်စားခြင်းအားဖြင့် ဘုရားသခင်၏ အကူအညီကို မိုက်မိုက်ရိုင်းရိုင်းမတောင်းပါနှင့်။ သည်းခံ၍ ထာဝရဘုရားသခင်ကိုမျှော်လင့်ပါ။ ဤအကျင့်များသည် အထူးသဖြင့်ကျွန်ုပ်တို့၌လိုလျက်ရှိပါသည်။

(၅)      အပြစ်တစ်ခုကိုမက်မက်မောမောဖြင့်. သံယောဇဉ်မထားပါနှင့်

“ငါသည် စိတ်နှလုံးထဲမှာအပြစ်ကို ငဲ့ကွက်လျှင် ဘုရားသခင်သည် နားထောင်တော်မမူ” (ဆာလံ ၆၆း၁၈)။ သိသောအပြစ်ကိုမစွန့်လွှတ်သောကြောင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာဆု ကျေးဇူးများရရှိနိုင်ရန် ခဲယဉ်းလာပေသည် (ဟေရှာယ ၅၉း၁၊ ၂)။ သင်သည် လက်တစ်ဖက်ဖြင့် အပြစ် လုပ်လျက်၊ တစ်ဖက်ဖြင့်ဘုရားသခင်၏အမအစတောင်းခံရန် မလွယ်ပါ။ ရိုးသားသောအပြစ်ဝန်ချ တောင်းပန်ခြင်းနှင့် နောင်တတရားရခြင်းသည် ပြေလည်စွာ ဖြေရှင်းပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် အပြစ်မှ လွတ်မြောက်နိုင်ရန် ဘုရားသခင်ကိုအခွင့်မပေးပါလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဆုတောင်းခြင်းကိုနားထောင်မည်မဟုတ်ပါ။ “ဆုတောင်းလျှင်လည်း လောကစည်းစိမ်ခံစားစရာဖို့ရှိ စေခြင်းငှါ အလွဲတောင်းသောကြောင့် မရကြ” (ယာကုပ် ၄း၃)။ တစ်ကိုယ်ကောင်းစိတ်ဖြင့် တောင်း သော ဆုကျေးဇူးများကို ဘုရားသခင်အဖြေပေးမည် မဟုတ်ပါ။ ဘုရားသခင်၏ ပညတ်တော်ကို နားထောင်ပါ။ ဘုရားသခင်၏ အလိုတော်ကိုလိုက်ပါ။ သူသည် သင်တောင်းလျှောက်သော ဆုများကို နားညောင်းပါမည်။ “တရားမနာလွှဲသွားသောသူသည် ဆုတောင်းသော်လည်း သူ၏ ဆုတောင်းချက် စကားသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏” (သု၊ ၂၈း၉)။

(၆)      ဘုရားသခင်သည် မိမိအသက်တာတွင်လိုလျက်ရှိကြောင်းနားလည်သဘောပေါက်ရမည်

ဘုရားသခင်သည် လူ၌လိုသောဆုကျေးဇူးများကို သိရှိနားလည်တောင်းလျှောက်သော သူများ ကိုသာပေး၏။ “ဖြောင့်မတ်ခြင်းတရားကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဝပြောခြင်းသို့ရောက်ကြလတ္တံ့” (မဿဲ ၅း၆)။

(၇)      ဇွဲဖြင့်ဆုတောင်းပါ (စွဲစွဲမြဲမြဲဆုတောင်းပါ)

စွဲစွဲမြဲမြဲဆုတောင်းရခြင်းအကြောင်းနှင့် ခရစ်တော်သည် ပုံပြင်အားဖြင့် မုဆိုးမတစ်ဦးဇွဲဖြင့် တောင်းလျှောက်သော စီရင်ချက်တစ်ခုကိုပြသပေးခဲ့ပါသည် (လုကာ ၁၈:၅-၇)။

ဆုတောင်းသောအခါတွင် သင်၏လိုလားချက်များ၊ မျှော်လင့်ချက်များကို ဘုရားသခင်အား တင်ပြတောင်းလျှောက်ပါ။ အထူးဆုကျေးဇူးများကိုတောင်းဆိုပါ။ လိုသောအခါတွင် ဘုရားသခင် သည် လိုသလိုပေးပါမည်။ ဘုရားသခင်၏ မျက်နှာတော်ကို အမြဲရှာပါ။ ဆုံးမစကားကိုလက်ခံ နားထောင်ပါ။ နောက်ဆုံးတွင် ဘုရားသခင်၏ ပြန်ပြောသောအသံကို ယုံကြည်နားလည်ရပါမည်။

၆။       ဆုတောင်းသောသူတို့၏တောင်းလျှောက်ခြင်းကို. ကောင်းကင်တမန်တို့သည်လိုလျှင်လိုသလို ကူညီမစပါမည်

ဆာလံဆရာသည် သူ၏ဆုတောင်းသံများကို နားထောင်ခဲ့ကြောင်းတို့ကို သိနားလည်ရပါ သည်။ “ငါသည် ထာဝရဘုရားသခင်ကိုရှာသောအခါ နားထောင်တော်မူ၏။ ကြောက်မက်ဖွယ်သော အကြောင်းအလုံးစုံတို့အထဲက ငါ့ကိုကယ်နုတ်တော်မူ၏။ ထာဝရဘုရားသခင်ကို မျှော်ကြည့်ကြလော့။ အလင်းကိုရကြလိမ့်မည်။ မျက်နှာရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသခင်သည် နားထောင်လျှင် ခပ်သိမ်းသော ဆင်းရဲခြင်းထဲက ကယ်လွှတ်တော်မူ၏။ ထာဝရဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ ပတ်လည်၌ ကောင်းကင် တမန်တော်တို့သည်တပ်ချ၍ ကယ်လွှတ်တတ်ကြ၏” (ဆာလံ ၃၄း၄-၇)။ ကျွန်ုပ်တို့ဆုတောင်းသော အခါ ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ လိုသည့်အရာများကိုမစကူညီရန်ဖြစ်ပါသည် (ဟေဗြဲ၁း၁၄)။

ခရစ်ယာန်တစ်ဦးစီတို့၌ ကိုယ်ရန်တော်ကောင်းကင်တမန်တစ်ဦးစီရှိပါသည်။ “သင်တို့သည် ဤသူငယ်တစ်စုံ တစ်ယောက်ကိုမထီမဲ့မြင်မပြုမည့်အကြောင်း သတိပြုကြလော့။ ငါဆိုသည်ကား၊ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့အဖ၏ မျက်နှာတော်ကို အစဉ် မပြတ်ဖူးမြင်ကြ၏” (မဿဲ ၁၈း၁ဝ)။ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းကြောင့် “လူအပေါင်းတို့ရှေ့၌ သင်တို့၏ ဖြည်းညင်းခြင်းသဘောကို ထင်ရှားစေကြလော့။ ဘုရားသခင်သည် အနီးအပါး၌ရှိတော်မူ ၏။ အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း သောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်– (ဖိလိပ္ပိ ၄း၄-၇)။

၇။       ခရစ်ယာန်တို့၏အသက်တာပုံနမူနာကျင့်စဉ်များ

ကျမ်းစာသည် ခရစ်ယာန်တို့၏အသက်တာတွင်နေထိုင်ကျင့်သုံးရမည့်အကျင့်များကို ဆုံးဖြတ် ပေးထားပါသည် (ဧဖက် ၄း၂၂-၂၄)။ ခရစ်ယာန်တို့အား ဘဝဟောင်းကို မေ့ပျောက်ရန်နှင့် မတော် မတရားသောဆန္ဒများတို့ကိုစွန့်လွှတ်ရန် ရေးသားတောင်းပန်ထားပါသည်။ ဘုရားသခင်သည် လူကို ဘုရားသခင်နှင့်တူသော ရုပ်ခန္ဓာနှင့်သဏ္ဌာန်ကို ဖန်ဆင်းပေးခဲ့ပါသည်။ လမ်းညွှန် (၆) တွင် အသစ် မွေးဖွားခြင်းအကြောင်းနှင့် ပြန်လည်ပြုပြင်မွမ်းမံခြင်းအကြောင်းများကို ယူတင်ဝတ်ဆောင်ရန်နှင့် ခရစ်တော်နှင့်တူသော အသွင်အပြင်များဝတ်ဆင်ရန် ဖေါ်ပြခဲ့ပါသည်။ ဤလမ်းညွှန်နှင့် လမ်းညွှန် (၆) တို့တွင် ခရစ်ယာန်အသက်တာ၏ကျင့်စဉ်များကို အသေးစိတ် သွန်သင်ဖေါ်ပြထားပါသည်။ ဤခရစ် ယာန်အသက်တာများကြောင့် ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ သာယာခြင်းရရှိနိုင်ပါသည်။ ဤကဲ့သို့ နေထိုင်ခြင်းအားဖြင့် သာ၍ရင့်ကျက်သော၊ ခိုင်မြဲသောခရစ်တော်လိုလားသည့်အသက်တာမျိုးရရှိပါ မည်။ ထို့ကြောင့် သင်သည် ခရစ်တော်ကိုမျက်မှောက်ပြုပါ။ သင်သည် ဤကဲ့သို့မျက်မှောက်ပြုခြင်း ဖြင့် နိဂုံးချုပ်အောင်ပွဲတွင် ငြိမ်သက်ခြင်းအပြည့်ရရှိကာ အောင်ပွဲဆင်နိုင်ပါမည်။

 

ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၁၄) အဖြေလွှာ

ဆုတောင်း၍ရနိုင်သောလျှို့ဝှက်ချက်များ

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။

၁။       ဆုတောင်းခြင်း

--------- ဘုရားသခင်နှင့်စကားပြောခြင်းတွင် နှစ်ဖက်သွားလမ်းဖြစ်သည်။

--------- သင်၏စိတ်တွင်ရှိသောအရာကို ဘုရားသခင်အားလျှောက်ထားခြင်း။

--------- ဘုရားသခင်အဖြေပေးရန် စောင့်ဆိုင်းနားထောင်ခြင်း။

--------- အသင်းတော်၌ရှိသောသူတော်စင်များကိုအဆက်အသွယ်ပြုခြင်း။

--------- ခါတိုင်းကျင့်နေကျတစ်နေ့ငါးကြိမ်ပြုလုပ်ခြင်း။

--------- ဘုရားသခင်နှင့်အမြဲတမ်းပေါင်းသင်းဆက်ဆံသောဗဟုသုတ။

၂။       ကျွန်ုပ်တို့သည်ဆုတောင်းရမည်။

--------- အပြစ်ဖြေလွှတ်ခွင့်ရရန်။

--------- ကိုယ်ကာယ၌လိုသောအရာများရရန်။

--------- သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းပေးရန်။

--------- ဖျားနာသောသူပျောက်ကင်းစေရန်။

--------- ယုံကြည်ခြင်းတိုးတက်ကြီးပွားနိုင်ရန်။

--------- အားလုံးသောအရာရရန်။

--------- ကြီးသောဆုကျေးဇူးသာတောင်းလျှောက်ရန်။

--------- စိတ်သောကရှိလျှင်လည်းကောင်းရန်။

 

အမှန် (သို့မဟုတ်) အမှားအဖြေမှန်တစ်ခုကိုစက်ဝိုင်းခတ်ပါ။

၃။       မှန်−မှား          ဘုရားသခင်သည်ကျွန်ုပ်တို့အကြောင်းနှင့်ပတ်သက်၍သတင်းစုံရရှိထားသော

ကြောင့်ဆုတောင်းရမည်။

မှန်− မှား         ခရစ်တော်၊ ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းသည် ကျွန်ုပ်တို့ကိုသနားကြင်နာ သောကြောင့် ဆုတောင်းရမည်။

၄။       မှန်-မှား           သူများနှင့်ဆုတောင်းခြင်းအားဖြင့်ဘုရားသခင်၏တန်ခိုးဆုကျေးဇူးများ အထူး

တလည်ရရှိသည်။

မှန်− မှား         လူအများနှင့်ဆုတောင်းခြင်းသည် အနည်းဆုံးမိနစ် ၃ဝ ကြာခန့်ဆုတောင်းရ မည်။

၅။       မှန်−မှား          ကျွန်ုပ်တို့၏ဆုတောင်းခြင်းများကို တစ်ခါတလေသာအဖြေပေးသည်။

မှန်− မှား         ကျွန်ုပ်တို့၏ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်နှင့်ပိုမိုနီးကပ်စေသည်။

မှန်−မှား          ကျွန်ုပ်တို့သည်ဆုတောင်း၍ အဖြေရရန် သည်းခံခြင်းဖြင့်စောင့်ဆိုင်းရမည်။

မှန် − မှား        ဘုရားသခင်ထံမှအဖြေရသည့်အထိ ကျွန်ုပ်တို့ကြိုးစား၍ဆုတောင်းရမည်။

၆။       မှန်−မှား          ကျွန်ုပ်တို့၏ ဆုတောင်းခြင်းအဖြေရရန် ကောင်းကင်တမန်တို့သည် ဘုရား

သခင်အားကူညီကြသည်။

 

နှလုံးသားမေးခွန်း

သင်သည် ဆုတောင်းခြင်းအားဖြင့် သင်၏အသက်တာကို ဘုရားသခင်နှင့်နီးကပ်စွာ ထားရှိ လိုပါသလား။

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------




အခန်းကြီး - ၁၅

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၁၅)

ပျော်ရွှင်ခြင်း၏ သော့ချက်

 

၁၉၄၃ ခုနှစ်တွင် ဂျပန်တပ်မတော်သည် အမေရိကန်နှင့်ဥရောပ “ရန်သူတိုင်းရင်းသားများ” ကိုသုံ့ပန်းအကျဉ်းထောင်ရှိသော ရှန်တောင်နယ်၊ တရုတ်တိုင်းပြည်တွင်ထားရှိပါသည်။ သူတို့သည် လပေါင်းများစွာပျင်းရိခြင်း၊ စိတ်ပူပန်သောကရောက်ခြင်း၊ အကျဉ်းသားများအား ကျဉ်းကျပ်စွာထားရှိ ခြင်းနှင့် ကြောက်ရွံ့ခြင်းစိတ်များအမျိုးမျိုးခံစားရပါသည်။ သဘောထားခြင်း မတိုက်ဆိုင်မှုကြောင့် အမျက်ဒေါသထွက်ပေါ်ရခြင်းများရှိလာပါသည်။ တစ်ဦးနှင့်တစ်ဦးမသင့်မြတ်မှုများများပြားလာသည်။ သို့ရာတွင် အကျဉ်းသားများ၏ထွက်ဆိုချက်အရ၊ မရှိမဖြစ်သော၊ အများရိုသေခြင်း၊ ချစ်ခြင်းခံရသော လူတစ်ဦးအီရက်လစ်ဒဲဆိုသူ စကော့တလန်မှခရစ်ယာန်သာသနာပြုဆရာကြီးဖြစ်ပါသည်။

ရုရှားပြည့်တန်ဆာအမျိုးသမီးတစ်ဦး၏သတိရသောထွက်ဆိုချက်အရ၊ အပြန်အလှန်ပြုစုခြင်း မခံသောသူတစ်ဦးသည် ဆရာကြီးလစ်ဒဲသာဖြစ်ပါသည်။ သူမသည် သုံ့ပန်းအကျဉ်းထောင်သို့ တစ်ဦး တည်းရောက်လာသောအခါ အများသော အကျဉ်းသားတို့သည် သူမအားနှောင့်ယှက်ပြောင်လှောင် သရော်ကြသည်။ ဤကဲ့သို့မဖြစ်ရန် ဆရာကြီးလစ်ဒဲသည် သူမအတွက် အိပ်ရာစင်ကလေးတစ်ခုလုပ် ပေးပါသည်။ နောက်အကျဉ်းသားတစ်ဦး၏ သတိရချက်တစ်ခုမှာ ဆရာကြီးလစ်ဒဲတွင် အပြောအဆို သိမ်မွေ့၍ စိတ်ဆိုးမာန်တက်နေသောသူတစ်ယောက်၏ စိတ်ကိုပင်လျှင် ထိန်းချုပ်နိုင်သည်။ တစ်ခါ သောအချိန်တွင် အကျဉ်းသားများ အစည်းအဝေးတစ်ခုပြုလုပ်၍ လူငယ်များကြည့်ရှုထိန်းသိမ်းရန် အကြံပေးချက်တောင်းခံလာပါသည်။ ထိုအခါ၌ ဆရာကြီး လစ်ဒဲ၏ အကြံပေးချက်မှာ လူငယ်များ အတွက် ကစားဝိုင်းလက်ဖြင့်ပြုလုပ်သောအရာများ၊ ကလေးငယ်များအတွက်သင်တန်းများ၊ ညနေ တိုင်း ဤလူငယ်များနှင့်အချိန်ယူကာထိန်းသိမ်းခဲ့ပါသည်။ ဆရာကြီးလစ်ဒဲမှာ ၁၉၂၄ ခုအိုလံပစ် အားကစားပွဲတွင် မီတာ ၄၀၀ ပြေးပွဲ၌ ရွှေတံဆိပ်ဆုရှင်ဖြစ်ကာ နာမည်ကျော်ကြားခဲ့သူတစ်ဦးဖြစ်ပါ သည်။ သို့ရာတွင် ဤကျဉ်းကျပ်သော အကျဉ်းထောင်တွင် ခရစ်ယာန်ပြိုင်ပွဲအဖြစ် လောကသားများ ဖြစ်သော အကျဉ်းသားများတို့အတွက် ရိုသေလေးစားခြင်းခံရသောသူတစ်ဦးဖြစ်ပါသည်။ သူသည် အဘယ်ကြောင့် ဤကဲ့သို့ အထွေအထူးဂုဏ်ကျက်သရေနှင့်အပူဇော်ခံပုဂ္ဂိုလ် ဖြစ်လာရပါသနည်း။ သူ၏ထင်ရှားသောအောင်မြင်ခြင်းသော့ချက်မှာ နံနက် (၆) နာရီတွင် သိလိုက်ရပါသည်။ သူသည် အိပ်လျက်နေသောမိတ်ဆွေများ တို့၏အနားမှအသံမမြည်အောင် ခြေဖျားထောက်ကာ အနီးရှိစားပွဲခုံ တစ်လုံးပေါ်တွင် မီးတိုင်ငယ်ထွန်းကာ သူ၏မှတ်စုစာအုပ်နှင့် ကျမ်းစာကို ဖတ်ရွတ်လေ့လာပါသည်။ ဆရာကြီးလစ်ဒဲသည် တစ်နေ့အတွက် ဘုရားသခင်ထံမှ ကျေးဇူးတော်ခွန်အားရရှိရန်နှင့် နှုတ်ထွက်

 စကားတော်ခွန်အားကိုရယူပါသည်။

၁။       ခရစ်ယာန်အသက်တာအတွက်လမ်းညွှန်စာအုပ်

သမ္မာကျမ်းစာသည် ခရစ်ယာန်များအတွက် ရေးသားသော လမ်းညွှန်စာအုပ် ဖြစ်သည်။

တကယ်လူတို့၏ဗဟုသုတနှင့် အဖြစ်အပျက်များကို မှတ်တမ်းတင်ထားသော ရာဇဝင်စာအုပ်ဖြစ်၍ ထိုကဲ့သို့သောပုဂ္ဂိုလ်များကိုသိရှိနားလည်ပြီး သူတို့၏ဗဟုသုတများကိုလေ့လာရန် အားပေးထားသော ဗဟုသုတများဖြစ်သည်။ ဤကျမ်းစာတွင်းရှိပုဂ္ဂိုလ်များကို သိရှိနိုင်ရန် သူတို့၏ဝမ်းမြောက်ခြင်း၊ ဝမ်း နည်းခြင်း၊ သူတို့၏အမှုအရာများ၊ သူတို့၏အခွင့်အရေးများကိုသိရှိခြင်းဖြင့် ခရစ်ယာန်ဗဟုသုတများ နှင့်အတွေးအခေါ်များ ရင့်ကျက်လာသည်။ ဆာလံဆရာဒါဝိဒ်မင်းကြီးသည် နှုတ်ထွက်ကျမ်းစာတော် မြတ်ကို မီးမောင်းကြီးပမာထိုးပြရန် မှတ်တမ်းတင်ခဲ့ပါသည်။ “နှုတ်ထွက်စကားတော်သည် ကျွန်ုပ်ခြေ ရှေ့မှာမီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏” (ဆာလံ. ၁၁၉း၁ဝ၅)။

ကျမ်းစာတော်မြတ်မှရရှိသောတရားအလင်းအားဖြင့် ကျွန်ုပ်တို့၏ အသက်တာနှင့်အသိတရား အတွင်းလိုအပ်လျက်ရှိသော တောက်ပြောင်သည့် ဝိညာဉ်ရေးတရားများကိုထင်ရှားစွာပြသည်။ အရေး အကြီးဆုံးသောအချက်မှာ သမ္မာကျမ်းစာသည် ခရစ်တော်ဘုရားသခင်ကိုပြသည်။ ထိုဘုရားသခင် သည် လောက၏အလင်းဖြစ်သည်။ ခရစ်တော်၏တရားအလင်းပြတော်မူလျက် လူ၏အသက်တာကို တောက်ပြောင်စေနိုင်သည်။

၂။       ပြောင်းလဲပေးနေသောမိတ်ဆွေ

ကျမ်းစာသည် ရင်းနှီးသော မိတ်ဆွေတစ်ဦးနှင့်တစ်ဦးသို့ရေးသားသော စာကဲ့သို့ ခရစ်တော် ဖြစ်စေလိုသည်။ “ယခုမှစ၍ ငါသည် သင်တို့ကိုကျွန်ဟူ၍မခေါ်၊ ကျွန်မူကား ကိုယ့်သခင်ပြုသော အမှု ကိုမသိ၊ သင်တို့ကိုအဆွေဟုခေါ်၏။ အကြောင်းမူကား ငါသည် ခမည်းတော်ထံ၌ ကြားသမျှသော အရာတို့ကို သင်တို့အား ငါပြသ၏” (ယောဟန် ၁၅း၁၅)။ ခရစ်တော်သည် ကျွန်ုပ်တို့၌မရှိသော အကောင်းဆုံးအကျင့်ကိုလိုလားပါ၏။သူ၏နှုတ်ထွက်စကားတော်သည် ဘုရားသခင်၏အသိုက်အဝန်း ထဲသို့သိမ်းသွင်းကာ သွန်သင်ပေးပါသည်။ “သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏” (ယောဟန် ၁၆း၃၃)။ ဤကဲ့သို့သော ငြိမ်သက်ခြင်းကိုခံစားနိုင်ရန် ခရစ်တော်နှင့်မြဲမြံသော ဆက်သွယ်မှုနှင့် သူ၏ကျမ်းစာတော်မြတ်ကို ဖတ်ရှုလေ့လာရမည်။ ကျမ်းစာသည် အမှန်တကယ် ကောင်းကင်မှပေးပို့ရေးသားသောစာဖြစ်၏။ ထိုကျမ်းစာကိုမဖွင့်မဖတ်ဘဲမနေပါနှင့်။ ပြောင်းလဲစေနိုင်သောသတင်းနှင့် အခြေအနေကို ထိုကျမ်းစာ ကသာလျှင် ပေးနိုင်၏။ ကျမ်းစာ၏ ထိရောက်မှုအကြောင်းနှင့်သက်သေခံချက်များကို အောက်ပါ မှတ်ချက်တွင်တွေ့သိနိုင်ပါသည်။ “ကျွန်ုပ်တစ်ခုခုလိုသောအခါ ခရစ်တော်၌သာ တွေ့ရှိခဲ့ပါသည်။ လိုသောအရာတစ်ခုမကျန်ဖြည့်စွက်ပေးနိုင်သည်။ ဝိညာဉ်ငတ်မွတ်ခြင်းကိုလည်း ထိုသမ္မာကျမ်းစာက သာလုံလောက်သောကျေနပ်မှုပေးနိုင်သည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်အတွက်ခရစ်တော်၏ ဖေါ်ပြ ချက်ဖြစ် ကြောင်းယုံကြည်လက်ခံသည်။ ကျွန်ုပ်သည် ခရစ်တော်ကိုယုံကြည်ရခြင်းမှာ သူသည် ကျွန်ုပ် အတွက် ကယ်တင်ရှင်ဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်သည်သမ္မာကျမ်းစာကို ယုံကြည်ရသော အကြောင်းမှာ ထိုကျမ်းစာတွင်ရေးထားသောစာသားတို့သည် ဘုရားသခင်၏အသံပမာ ကျွန်ုပ်ဝိညာဉ် အတွက်ဖြစ်သောကြောင့်ဖြစ်သည်။” (ကျန်းမာခြင်းလုပ်ငန်းစာမျက်နှာ ၄၆၁)။

၃။       ကျမ်းစာတွင်းရှိအသက်တာလမ်းညွှန်နှင့်ပညတ်တော် (၁၀) ပါး

ပညတ်တော် (၁၀) ပါးကိုအကျဉ်းဖြင့်ကြည့်ရှုလေ့လာခဲ့သော် ကျမ်းစာသည် လူတို့အားမရှိ မဖြစ် မှန်ကန်သော နည်းလမ်းဖြင့် အသက်ရှင်နိုင်ရန် ပညတ်တော်သည် လူကိုသွန်သင်လမ်းပြ ကြောင်းဖေါ်ပြပါသည်။ ပညတ်တော် (၁၀) ပါး သည် အမှန်အားဖြင့် (၂) ပိုင်းရှိပါသည်။ ၊ ပထမ (၄) ခုမှာ ဘုရားသခင်နှင့်လူစပ်ကြားတွင်ရှိသောကျင့်ဝတ်များဖြစ်ပါသည်။ ဒုတိယပိုင်း (၆) ခုမှာလူလူချင်း ကျင့်အပ်သောကျင့်ဝတ်များဖြစ်ပါသည်။ ထွက်မြောက်ရာကျမ်းအခန်းကြီး ၂ဝ၊ အခန်းငယ် (၃) မှ (၇) တွင်ပညတ်တော်အကြောင်းနှင့်ပတ်သက်၍ အသေးစိတ်ရေးသားတင်ပြထားပါသည်။ ပထမပညတ် နှစ်ခုမှာ လူနှင့်ဘုရားသခင်မည်ကဲ့သို့သက်ဆိုင်၍ ဘုရားသခင်ကိုမည်သည့်နည်းဖြင့် ကိုးကွယ်ရမည် အကြောင်း တိကျပြတ်သားစွာရေးသားထားပါသည်။

(၁)      “ငါမှတစ်ပါး အခြားသောဘုရားသခင်ကိုမကိုးကွယ်နှင့်၊”

(၂)      “ရုပ်တုကို ကိုယ့်အဖို့မလုပ်နှင့်၊ ဦးမချဝတ်မပြုနှင့်၊”

ပညတ်တော်သုံးခုတစ်ခုနှင့်လေးခုတစ်ခုတို့မှာ ဘုရားသခင်၏ နာမတော်ကိုသော်လည်း ကောင်း၊ သူ၏သန့်ရှင်းသော ဥပုသ်နေ့ကိုသော်လည်းကောင်း ဖေါ်ပြထားသည်။

(၃)      “သင်၏ထာဝရဘုရားသခင်၏နာမတော်ကို. မုသားနှင့်ဆိုင်၍မမြွက်မဆိုပါနှင့်၊”

(၄)      “ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကိုအောက်မေ့လော့။ ခြောက်ရက်ပတ်လုံးအလုပ် မျိုးကိုကြိုးစား၍လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ထာဝရဘုရားသခင်၏ ဥပုသ် နေ့ဖြစ်၏၊”

ပညတ်တော်ငါးခုတစ်ခုနှင့် ခုနစ်ခုတစ်ခုမှာ အိမ်ထောင်ရေးအဖွဲ့အစည်းကို ထိန်းသိမ်းကာ ကွယ်သည်။

(၅)      “သင်၏မိဘကိုရိုသေလော့၊”

(၆)      “သူ့မယားကိုမပြစ်မှားနှင့်၊”

ပညတ်တော်ခြောက်ခုတစ်ခု၊ ရှစ်ခုတစ်ခု၊ ကိုးခုတစ်ခုနှင့်. တစ်ဆယ်ခုတစ်ခုတို့သည် လူမှုရေး အသိုက်အဝန်း အဖွဲ့အစည်းကိုကာကွယ်ထိန်းသိမ်းပေးသည်။

(၇)      “လူ့အသက်ကိုမသတ်နှင့်၊”

(၈)      “သူ့ဥစ္စာကိုမခိုးနှင့်၊”

(၉)      “မမှန်သောသက်သေကိုမခံနှင့်၊”

(၁၀)    “သူများအိုးအိမ်၊ သားမယား၊ ပစ္စည်းဥစ္စာများကို တပ်မက်လိုချင်သောစိတ်မရှိနှင့်။”

ပညတ်တော် (၁၀) ပါးသည် လူလူချင်း၊ လူနှင့်ဘုရားသခင်တို့စပ်ကြားတွင် စောင့်ရှောက်အပ် သောတရားများ ဖြစ်ပါသည်။ ဤတရားများတို့သည် အသက်တာလမ်းတွင်ပြညွှန်ထားသောသွန်သင် ချက်များဖြစ်သည်။

၄။       ပညတ်တော် (၁၀) ပါးနှင့်ပတ်သက်၍ ခရစ်တော်သည်မည်ကဲ့သို့မိန့်မှာထားပါသနည်း

တစ်နေ့သောအခါ ခရစ်တော်သည် လူထုတို့အား သွန်သင်ဟောကြားနေသောအခါ လူငယ်

တစ်ဦးသည် ခရစ်တော်ဆီသို့ ချဉ်းကပ်၍ ဆရာ၊ ထာဝရအသက်ရရန် မည်သို့ကြောင်းကျိုးကောင်းမှု ကိုပြုရမည်နည်း (မဿဲ ၁၉း၁၆)။ ခရစ်တော်သည် ထိုလူငယ်၏စိတ်တွင် ငွေရေးကြေးရေးကြောင့် ဖြစ်ပေါ်လာသော အမှုအရာများကြောင့် ထိုအရာများတို့ကိုစွန့်လွှတ်ရန် “ပညတ်တော်ကို စောင့် ရှောက်လော့” (မဿဲ ၁၉း၁၇)။

ခရစ်တော်ပေးသောအဖြေကို ရှောင်ရှားရန်နှင့် ခရစ်တော်ဆိုလိုသော ပညတ်တော်များမှာ မည်သည့်ပညတ်ဖြစ်ကြောင်း မေးခဲ့လေသည်။ ခရစ်တော်သည်လည်း ပညတ်တော် (၁၀) ပါးမှ နောက်ဆုံးပညတ်နှစ်ခုကိုရှင်းပြလေသည်။ (မဿဲ ၁၉း၁၈၊ ၁၉)။

နောက်ဆုံးတွင် သူဌေးကလေးသည် စိတ်ဓါတ်ကျစွာဖြင့် ပြန်လှည့်ထွက်သွားလေသည် (မဿဲ ၁၉း၂၀-၂၂)။ သူဌေးကလေးသည် ပညတ်တော်ကိုခြုံငုံ၍ စိတ်တွင်လက်ခံထားသော်လည်း တိကျ ပြတ်သားသောစောင့်ရှောက်ရမည့် ကျင့်ဝတ္တရားများကို မိမိတစ်ကိုယ်ကောင်းစိတ်ကြောင့် ဘေးချိတ် ထားပါသည်။

ပညတ်တော် (၁၀) ပါးသည် ခြံစည်းရိုးပမာ ပြေလည်ပြတ်သားစွာ ပေါင်းသင်းနေထိုင် လုပ်ကိုင်ရန် လူနှင့်ဘုရားသခင်သော်လည်းကောင်း၊ လူနှင့်လူချင်းသော်လည်းကောင်း ကျင့်ဝတ် စောင့်ရှောက်မှသာတိုးတက်ကြီးပွားနိုင်ကြောင်း ဖေါ်ပြထားပါသည်။ ခရစ်တော်ကိုယ်တိုင်နားထောင် ခြင်းဖြင့် ဝမ်းမြောက်ခြင်းအမှန်တကယ်ရရှိနိုင်ကြောင်းဖေါ်ပြထားပါသည်။ “ငါသည် ငါ့ခမည်းတော်၏ ပညတ်တို့ကိုစောင့်ရှောက်၍ ခမည်းတော်၏ ပညတ်၌တည်သကဲ့သို့ သင်တို့သည် ငါ့ပညတ်ကို စောင့် ရှောက်လျှင် ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။ သင်တို့၌ဝမ်းမြောက်စရာအကြောင်းတည်စေခြင်းငှါ လည်းကောင်း၊ သင်တို့ဝမ်းမြောက်စရာ အကြောင်းစုံလင်စေခြင်းငှါလည်းကောင်း ဤစကားကို သင်တို့အားငါဟောပြော၏” (ယောဟန် ၁၅း၁ဝ၊ ၁၁)။

၅။       ပျော်ရွှင်သောအသက်တာအတွက် လမ်းညွှန်

ရှောလမုန်မင်းကြီးသည် ပျော်ရွှင်ခြင်းရရှိနိုင်ရန်နှင့် ပျော်ရွှင်ခြင်းတရားများတို့ဖြစ်သော ဒေသနာကျမ်းစာချွန်လွှာကို ရေးသားပြုစုခဲ့ပါသည်။ သူ၏မှတ်တမ်းများသည် ပျော်ရွှင်ဝမ်းမြောက် ခြင်းနှင့်ပတ်သက်၍ ကြွယ်ဝချမ်းသာသော ကမ္ဘာကြီးထဲတွင် မည်သည့်အရာများကို ရှာဖွေရမည့် အကြောင်း မှတ်တမ်းတင်ထားသည်။ လှပခမ်းနားသောအိမ်၊ သီးနှံနှင့်ပြည့်ဝ သောစပျစ်ဥယျာဉ်၊ လှပ ၍ပန်းရနံ့နှင့်ပြည့်ဝသောပန်းခြံ၊ အသီးမျိုးစုံနှင့်ပြည့်ဝသော စားပင်ဥယျာဉ်များဖြစ်ပါသည်။ ကျေးကျွန် များကိုစုဆောင်းခဲ့သည်။ သူ၏ရှေ့တွင် သူ၏ဆန္ဒအရ၊ လိုလေသေးမရှိပြည့်ဝချမ်းသာခဲ့သည်။ သို့ရာ တွင် ပျော်မွေ့ခြင်းကို လိုက်ရှာ၍မတွေ့ပါ။ “ထိုအခါ ငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ်သမျှ တို့ကိုငါကြည့်ရှု၍ အလုံးစုံတို့သည် အချည်းနှီးအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။ နေအောက် မှာကောင်းသော အကျိုးတစ်စုံတစ်ခုမျှမရှိ။

ရှောလမုန်မင်းကြီးသည် ပျော်ရွှင်မှုရရှိနိုင်ရန် ပျော်ပါးမှုပေါင်းစုံကို ရှာဖွေခဲ့ပါသည်။ ထိုသို့ ရှာဖွေရာတွင် “သေရည် သေရက်၊ မိန်းမနှင့်သီချင်းများဖြင့်ပျော်မွေ့ မှုရှာသော်လည်း သူ၏နိဂုံးချုပ် စကားမှာ အချည်းနှီးသက်သက်၊ အလုံးစုံတို့သည် အချည်းနှီးဖြစ်ကြသည်ဟု ဓမ္မဒေသနာဆရာဟော

၏” (ဒေသနာ ၁၂း၈)။

တစ်ခါကရှောလမုန်မင်းကြီးသည် ထာဝရဘုရားသခင်၏အကြောင်းကို သက်သေခံခဲ့သည်မှာ “ထာဝရဘုရားသခင်သည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့” ဟုသက်သေခံခဲ့ပါသည်။ သူ၏အသက်တာ စောစောပိုင်းက ဘုရားသခင်၏ပညတ်တော်ကိုနားထောင် ခြင်းနှင့် နောက်ပိုင်းတွင် ပျော်မွေ့ခြင်းနှင့်ငြိမ်သက်ခြင်းကိုရှာခဲ့ရာ၌ ပေါ့ပေါ့တန်တန် အပြစ်အသက် တာဖြင့်နေခဲ့မိကြောင်းကိုနှိုင်းယှဉ်ထားပါသည်။ သူ၏ဆုံးဖြတ်ချက်မှာ- “အချုပ်အခြာ စကားဟူမူ ကား ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကိုစောင့်ရှောက်လော့၊ ဤရွေ့ကား လူနှင့်ဆိုင် သောအမှုအရာ အလုံးစုံတို့ကို ချုပ်ခြာသတည်း” (ဒေသနာ ၁၂း၁၃)။ ရှောလမုန်မင်းကြီးသည် ပျော်ရွှင်ခြင်းနှင့်သာယာမှုကိုဖြတ်လမ်း နည်းဖြင့်ရှာဖွေတွေ့ရှိနိုင်သည်ဟုထင်ခဲ့သော်လည်း တရားမဲ့ သက်သက်ဖြင့်သာ အဆုံးသတ်ခဲ့ရပါသည်။ မိမိအသက်တာ နောက်ဆုံးပိုင်းတွင် မှားခဲ့ကြောင်းနှင့် ရဲဝံ့စွာအပြစ်ဖေါ်ပြခဲ့ကြောင်းသိရှိပါသည်။ ထိုကဲ့သို့သောအမှားမျိုးမှလွတ်ကင်းစေရန် သူ၏အကြံပေး ချက်မှာ “တရားတော်ကိုစောင့်သောသူမူကား မင်္ဂလာရှိ၏” (သု၊ ၂၉း၁၈)။

၆။       ပညတ်တော် (၁၀) ပါးသည်ဓမ္မသစ်ကျမ်းအတွက်မရှိမဖြစ်သောလမ်းညွှန်ဖြစ်၏

ဓမ္မသစ်ကျမ်းတွင် ယာကုပ်၏သက်သေခံချက်မှာ- “အဘယ်သို့နည်းဟူမူကား ပညတ်တရား အလုံးစုံကိုစောင့်ရှောက်သည်တွင် တစ်စုံတစ်ခု၌မှားမိလျှင် ပညတ်တရားအလုံးစုံကို လွန်ကျူးသော အပြစ်ရှိ၏။ သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက လူ့အသက်ကိုမသတ်နှင့်ဟု ပညတ်တော်မူသေး၏။ သို့ဖြစ်၍ သင်သည် သူ့မယားကိုမပြစ်မှားဘဲနေသော်လည်း လူ့အသက်ကို သတ်လျှင် ပညတ်တရားကို လွန်ကျူးသောသူဖြစ်၏။ လွှတ်ခြင်းတရားအတိုင်းစီရင်ခြင်းကိုခံရလတ္တံ့ သောသူ ကဲ့သို့စကားပြောခြင်း၊ အမှုပြုခြင်းကိုစီရင်ကြလော့” (ယာကုပ် ၂း၁ဝ-၁၂)။

ချာ(လ်)စပါဂျီရန်၊ နာမည်ကြီးသော နှစ်ခြင်းဓမ္မဆရာကြီး၏ ဆုံးဖြတ်ချက်မှာ ပညတ်တော် သည် ထာဝရဘုရားသခင်၏ ပညတ်ဖြစ်၏။ သန့်ရှင်း၏၊ ကောင်းကင်နှင့်သက်ဆိုင်၏။ ပြည့်စုံခြင်း ရှိ၏။ ထိုပညတ်တွင် တားမြစ်မှုများများမရှိပါ။ လိုသည်ထက်ပိုသောတားမြစ်မှုမရှိပါ။ အခြားပညတ် များနှင့်နှိုင်းယှဉ်စာနာကြည့်ပါသော် ထိုပညတ်၏ပြည့်စုံမှုသည် ဘုရားသခင်၏ထံမှလာသောပညတ် ဖြစ်ပါသည်။

ဂျွန်ဝက်စလေ၊ မက်သဒစ်အသင်းတော်ကြီးကိုတည်ထောင်ခဲ့သောပုဂ္ဂိုလ်ကြီးက ပညတ်တော် သည် ထာဝရကာလအတွက် ရှိကြောင်းနှင့် ခိုင်မာသောသဘောသဘာဝကိုပြကြောင်းဖေါ်ပြသည်။ “ပညတ်တော် (၁၀) ပါးရှိကြောင်း၊ ခရစ်တော်သည် မည်သည့်ပညတ်တစ်ပါးပါးကိုမျှမပယ်ဖျက် ကြောင်း၊ ပညတ်တော် (၁၀) ပါးစလုံးသည် လူသားအားလုံးအတွက် ထာဝရ ကာလရှိနေကြောင်းနှင့် စောင့်ရှောက်ရမည့်အကြောင်းဖေါ်ပြခဲ့သည်။”

ဘီလီဂရာဟင်၊ ကမ္ဘာကြီးတွင်နာမည်အကြီးဆုံးတရားဟောဆရာကြီး၏မှတ်ချက်မှာ- ပညတ် တော်သည် အလွန်အရေးကြီးကြောင်းကို သိရှိနားလည်ခဲ့သောကြောင့် ပညတ်တော်အကြောင်းနှင့် ပတ်သက်၍ စာအုပ်ကြီးတစ်အုပ်ကိုပြုစုရေးသားခဲ့ပါသည်။

၇။       ပညတ်တော်ကိုနားထောင်နိုင်သောတန်ခိုးခွန်အား

ပညတ်တော်နှင့်သမ္မာကျမ်းစာသည် ဘယ်သောအခါမျှ ပြောင်းလဲခြင်းမရှိနိုင်ပါ။ လူသားများ အတွက်မရှိမဖြစ်သော အရာနှစ်ခုဖြစ်သည်။ ဝမ်းမြောက်ခြင်း၊ သာယာခြင်းအတွက်စုံလင်ပြည့်စုံသော လမ်းညွှန်ဖြစ်သည်။ သို့ရာတွင် လူ၏နှလုံးသားထဲတွင် အမြဲတမ်းဆိုသလို ဆန့်ကျင်လိုသောသဘော ရှိသည်။ အမျိုးသမီးတစ်ဦး၏သဘောထားမှာ “ကျွန်မသည် ပညတ်တော် (၁၀) ပါးကိုမစောင့်မဖြစ်ဟု ယုံကြည်သည်။ စောင့်ရှောက်ခြင်းဖြင့် ပျော်ရွှင်မှုနှင့်သာယာမှုကိုပေးကြောင်း တိကျစွာသိသည်။ ကျွန်မသည် အစွမ်းကုန်စောင့်နိုင်ရန် ကြိုးစားခဲ့သော်လည်းမရခဲ့ပါ။ ထို့ကြောင့် ကျွန်မသည် မည်သူမျှ မစောင့်နိုင်ကြောင်းကိုကျွန်မယုံကြည်မိသည်။

သဘာဝလူနှင့် သဘာဝစိတ်ထားတို့သည် ဘုရားသခင်၏ပညတ်တော်ကို နားထောင်လိုသော အသက်တာနှင့် စိတ်ထားရှိပါသည်။ သို့ရာတွင် ထပ်ခါတလဲလဲမှားခဲ့သောသူအတွက် စိတ်ဓါတ်ကျ ဆင်းခဲ့ကြောင်းသိလာ၍ “ငါမစောင့်နိုင်ကြောင်း” ဟု အဖြေပေးတတ်ပါသည်။ ဘာကြောင့်ပေးရပါ သနည်း။ အဖြေမှာ- “ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရား သခင်၏တရားတော်အလိုသို့မလိုက်တတ်။ ထိုမျှမကမလိုက်နိုင်” (ရောမ ၈း၇)။ ပညတ်တော် (၁၀) ပါးကိုမည်သည့်အကြောင်းကြောင့် စောင့်ရှောက်ရပါသနည်း။ “ထိုသို့ပညတ်တရားသည် အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့် ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ် သူမျှဖြောင့်မတ်ရာသို့မရောက်ရာ။” (ရောမ ၃း၂၀)။

ပညတ်တော်၏ တာဝန်လုပ်ငန်းများမှာ အပြစ်သားတစ်ဦးသည် ကယ်တင်ခြင်းရရှိနိုင်ရန် မျှော်လင့်ချက်လုံးဝမရှိကြောင်းကိုပြရုံသာမကဘဲ သခင်ခရစ်တော်ကယ်တင်ရှင်ဖြစ်ကြောင်းကို သတိ ပေး၊ အသိပေးခြင်းလည်းဖြစ်သည်။ “ထို့ကြောင့် ငါတို့သည်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ် သတည်း။” (ဂလာတိ ၃း၂၄)။

ခရစ်တော်သည် ပညတ်တော်စောင့်ရှောက်ရာ၌ ခက်ခဲခြင်းများတို့ကို ဖြေရှင်းပေးသည်။ လူ သည် မိမိခွန်အားဖြင့် ပညတ်တော်ကိုမစောင့်ရှောက်နိုင်၍ ခရစ်တော်ခြေရင်းတော်သို့ရောက်ရှိလာ သောအခါ ယုံကြည်ခြင်းအားဖြင့် အပြစ်ဖြေလွှတ်ခြင်းကိုခံရ၍ ကိုယ်တော်၏ထံမှ ခွန်အားတန်ခိုးရရှိ ကာ ပညတ်တော်ကိုစောင့်နိုင်သောစွမ်းရည်သတ္တိရရှိပါသည်။

၈။       မေတ္တာရှိသောနားထောင်ခြင်းသည် ပညတ်တော်ကိုစောင့်ရှောက်နိုင်သည်

မေတ္တာတော်ထားရှိခြင်းကြောင့် နားထောင်ခြင်းဖြစ်ပေါ်လာကြောင်း ခရစ်တော်ပြောကြားခဲ့ ပါသည်။ “ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကိုစောင့်ရှောက်ကြလော့” (ယော ၁၄း၁၅)။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုချစ်လျှင် သူ၏ပထမပညတ်တော် (၄) ပါးကို စောင့်ရှောက်မည်ဖြစ်သည်။ ထိုပညတ် တရား (၄) ပါးသည် လူစောင့်ရှောက်သင့်သောတရားများဖြစ်သည်။ ကျွန်ုပ်တို့သည်လူများကိုချစ်လျှင် ကျန်သောပညတ်တော် (၆) ပါးကို လူလူချင်းစောင့်ထိန်းအပ်သောတရားဖြစ်သောကြောင့် ထိန်းသိမ်း စောင့်ရှောက်ပါမည်။ ပညတ်တော် (၁၀) ပါးကိုကျူးလွန်လျှင် ထိုသူ၌အပြစ်ရှိ၏။ “အပြစ်ကိုပြုသော သူမည်သည်ကား ပညတ်တော်ကိုလွန်ကျူး၏။ အပြစ်သည်ကား ပညတ်တော်ကိုလွန်ကျူးခြင်းဖြစ် သတည်း” (၁ယော ၃း၄)။ သို့ရာတွင် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ခရစ်တော်ဘုရားသခင်သည် ဤလောကသို့ကြွ၍ အသေခံတော်မူသောကြောင့် ကယ်တင်ခြင်းတရားကိုပေးပြီး အပြစ်တရားကို အောင်နိုင်ကြောင်းပြသည်။ “ကိုယ်တော်သည် ငါတို့၏အပြစ်များကို ဆောင်သွားခြင်းငှါ ထင်ရှားပေါ် ထွန်း တော်မူသည်ကို သင်တို့သိကြ၏” (၁ယော ၃း၅)။ ကျွန်ုပ်တို့၏ခရစ်တော်ဘုရားသခင်သည် အပြစ်ကိုဖြေလွှတ်ပေး၍ အပြစ်မှသန့်စင်ပေးပါ၏ (၁ယော ၁း၉)။ ထို့နောက် ကိုယ်တော်သည်သူ၏ မေတ္တာကိုပေး၍ သူ၏မေတ္တာဖြင့် အပြစ်ကို အောင်နိုင်ခြင်းအခွင့်ပေး၏။ ဘုရားသခင်သည် သူ၏ မေတ္တာတော်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲသို့ သွန်းလောင်းပေး၏။ “အဘယ်ကြောင့်နည်းဟူမူကား ငါတို့အားပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့သွန်းလောင်းတော်မူ၏” (ရောမ ၅း၅)။ ကျွန်ုပ်တို့၏ကိုယ်စိတ်အတွင်းတွင် ကိုယ်၏ စွမ်းအားဖြင့် ပညတ်တော်ကိုစောင့်နိုင်သော အစွမ်းတန်ခိုးမရှိပါ။ ကျွန်ုပ်တို့၏စိတ်နှလုံးထဲသို့ သွန်း လောင်းပေးသော ဘုရားသခင်၏မေတ္တာတော်သည်ကား ပညတ်တော်ကိုစောင့်ထိန်းနိုင်သော အစွမ်း ခွန်အားကိုပေးတော်မူ၏။

၉။       ဘုရားသခင်၏ကျေးဇူးတရားနှင့်ပညတ်တော်ကိုနားထောင်ခြင်း

ကယ်တင်ခြင်းသည် ဘုရားသခင်ပေးသော ဆုလက်ဆောင်ဖြစ်သည်။ ဖြောင့်မတ်ခြင်းသည် ဘုရားသခင်ပေးသောဆုလာဘ် ဖြစ်သည်။ ကျေးဇူးတရားအားဖြင့် ယုံကြည်ခြင်းဖြင့်သာ ရရှိသည်။ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်၊ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း“ (ဧဖက် ၂း၈)။

ကျွန်ုပ်တို့သည် ကိုယ်ကျင့်တရားအားဖြင့် ပညတ်တော်ကို မစောင့်ထိန်းနိုင်ပါ။ ကြိုးစား၍ လည်းစောင့်ထိန်း၍မရပါ။ ပညတ်တော်စောင့်ခြင်းဖြင့်လည်း ကယ်တင်ခြင်းမရနိုင်ပါ။ သို့ရာတွင် ခရစ်တော်ထံသို့ ယုံကြည်ခြင်းဖြင့်လည်းကောင်း၊ မိမိကိုယ်ကိုအပ်နှံဆက်ကပ်ခြင်းဖြင့်လည်းကောင်း လာခဲ့လျှင်ကယ်တင်ခြင်းကိုရနိုင်ပါသည်။ ထိုကဲ့သို့သောယုံကြည်ခြင်းနှင့် ဆက်ကပ်ခြင်းသည် ကျွန်ုပ် တို့၏စိတ်တွင် ဘုရားသခင်၏မေတ္တာတော်နှင့်ပြည့်ဝမှသာလျှင် ကယ်တင်ခြင်းရနိုင်မည်။ ထို့ကြောင့် ဘုရားသခင်၏ကျေးဇူးတရားကိုယုံကြည်လက်ခံခြင်းနှင့် ဘုရားသခင်၏ အစီအစဉ်များကို နားထောင် ကျင့်သုံးခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် နားထောင်ခြင်းဖြင့် တန်ခိုးခွန်အားရရှိကာ ခရစ်တော်၏ မေတ္တာတော်ကိုလက်တွေ့ကျင့်သုံးမှသာ ကယ်တင်ခြင်းရမည်ဖြစ်ပါသည်။ (ရောမ ၅း၅)။

ပေါလု၏သွန်သင်ချက်အရ လူ၏ ကြိုးစားမှုသည် ထိရောက်မှုမရှိသောကြောင့် (ပညတ် တော်ကိုစောင့်ရန်ခဲယဉ်းသောကြောင့်) ပညတ်တော်အောက်တွင်မရှိကြောင်း၊ ကျေးဇူးတရားအောက် တွင်သာရှိကြောင်းဟုဆိုရာ၌ “ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် ပညတ်တရားလက် အောက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်ကို ပြုရမည်လော၊ ထိုသို့ မပြုရ” (ရောမ ၆း၁၅)။

ဘာကြောင့်နည်းဟုမေးလျှင် မေတ္တာဖြင့်ပြည့်သော နှလုံးသားသည် နားထောင်ခြင်းရှိသော အသက်တာကို ပြုပြင်ပြောင်းလဲပေးသည် (ရောမ ၁၃း၁၀)။ ခရစ်တော်ကိုချစ်ခြင်းသည် သူ၏ သွန်သင်ချက်နှင့်ပညတ်ကို နားထောင်ခြင်းဖြင့် လိုက်လျှောက်ခြင်းဖြစ်၏။ “ငါ့ပညတ်တို့ကို ရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ် တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော်မူ၏” (ယော ဟန် ၁၄း၂၁)။ ဆရာကြီးအီးရစ်လစ်ဒဲ၏ လက်တွေ့ပြသချက်တစ်ခုမှာ ဘုရားသခင်နှင့်ထိရောက်စွာ အကျွမ်းဝင်ခြင်းအားဖြင့် တင်းတိမ်ခြင်းနှင့်နားထောင်ခြင်းအသက်တာကို ပေးကြောင်းပြသည်။ ၎င်း ဆရာကြီး၏လက်တွေ့ပြသသော ဘုရားသခင်၏ ကျေးဇူးတရားသည် စိတ်သောက၊ ကိုယ်သောက ရောက်သောအချိန်အခါဖြစ်စေ၊ ကြောက်ရွံ့ဖွယ်ရာရောက်သောအချိန်အခါဖြစ်စေ ဘုရားသခင်၏ ကျေးဇူးတရားကြောင့် သာယာခြင်းနှင့်နှစ်သိမ့်ခြင်းရရှိနိုင်မည်။ ဘုရားသခင်၏ မေတ္တာတော်သည် ခရစ်တော်နှင့် ပူးပေါင်းကာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် နားထောင်ခြင်းမရှိသော သူများတို့ အတွက် ဖြောင့်မတ်ခြင်းတရားရနိုင်ရန် ပညတ်တော်ကိုစောင့်ရှောက်လိုသော နားထောင်ခြင်းကို ပေးသည်။ (ရောမ ၁း၁-၄)။ ကယ်တင်ရှင်သခင်ခရစ်တော်နှင့် စည်းရုံးပေါင်းဖက်သောမေတ္တာနှင့်သာ အကောင်းဆုံးခရစ်ယာန်၏အသက်တာကိုဖြစ်စေနိုင်သည်။

ဤပညတ်တော်နားထောင်ခြင်းတရားကို သင်တွေ့ရှိပါပြီလား။ ခရစ်တော်၏ မေတ္တာတွင် သင်၏နားထောင်ခြင်းမရှိသောကြောင့် သူ၏အသက်တာကိုအပြစ်ကြောင့် အသေခံရသည်ကို သင်သိ ပါသလား။ ခရစ်တော်နှင့်အတူပူးပေါင်းယှဉ်တွဲရန် သူ၏မေတ္တာတန်ခိုးကိုပေးခြင်းဖြင့် ခပ်သိမ်းသော ပညတ်တော်များကိုနားထောင်နိုင်ရန်ပေးပါသည်။ (ဟေဗြဲ ၁၃း၂၁)။

သင်၏တုံ့ပြန်မှုကိုမည်ကဲ့သို့အဖြေပေးပါမည်နည်း။

 

 

 

 

 

 

 

 

 

 

 

 

 

ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၁၅) အဖြေလွှာ

ပျော်ရွှင်ခြင်း၏သော့ချက်

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။ အချို့မေးခွန်းများသည် အားလုံးမှန်သည်။

၁၊၂။     ကျမ်းစာသည်

--------- ကျမ်းစာတွင်တကယ့်အဖြစ်အပျက်များနှင့်ပြည့်စုံသောပုံပြင်များရှိသည်။

--------- ကျမ်းစာသည် မိတ်ဆွေရင်းချာမှလာသောစာကဲ့သို့ဖြစ်သည်။

၃။       ပညတ်တော်ဆယ်ပါး

--------- ပညတ်တော်သည် ကျမ်းစာသွန်သင်သောအချက်များကို အချုပ်ပြုလုပ်ထားသည်။         --------- ပညတ်တော်သည် ဖြောင့်မှန်သောနည်းလမ်းကိုပြသည်။

ပညတ်တော်လေးပါးသည်

--------- ကျွန်ုပ်တို့ပြုအပ်သောကျင့်ဝတ် (ဘုရားသခင်နှင့်ဆိုင်ရာကျင့်ဝတ်)။

--------- လူများနှင့်သက်ဆိုင်သောကျင့်ဝတ်။

၄။       ခရစ်တော်သည် သူဌေးကလေးအားအကြံပေးသည်မှာ-

--------- ပညတ်တော်ဆယ်ပါးသည် ဓမ္မဟောင်းအချိန်နှင့်သာသက်ဆိုင်သည်။

--------- ပညတ်တော်စောင့်ရှောက်ရန်ဖြစ်သည်။

၅။       ခရစ်တော်၏သွန်သင်ချက်အရ၊ ပညတ်တော်ပေးခြင်းသည်-     

--------- ကျွန်ုပ်တို့ကိုချုပ်ချယ်ရန်။

--------- ပျော်ရွှင်သောအသက်တာအတွက်ကူညီရန်။

၆။       ဓမ္မသစ်ကျမ်းအရပညတ်တော်များသည်-

--------- အရေးကြီးသည်။

--------- ခေတ်မမီတော့ပါ။

၇၊၈။    ပညတ်တော်ကိုပေးရသောအကြောင်းရင်းမှာ-

--------- အပြစ်ပြရန်နှင့် ပန်းတိုင်မီရန် ကျွန်ုပ်တို့ခွန်အားဖြင့်ကြိုးစားရန်။

--------- အပြစ်ကိုပြရန်နှင့်. ကျွန်ုပ်တို့ကိုအပြစ်မှကယ်တင်သောခရစ်တော်ထံသို့ပို့ရန်။

၉၊၁၀။ လူသည် မည်သည့်အရာဖြင့်ကယ်တင်ခြင်းရပါသနည်း။

--------- ခရစ်တော်၏သေခြင်း၊ ထမြောက်ရှင်ပြန်ခြင်းနှင့် ယုံကြည်ခြင်းဖြင့် ကျေးဇူးတရား ကြောင့် ကယ်တင်ခြင်းရ၏။

--------- ပညတ်တော်စောင့်ရန်မလိုပါ။

--------- ခရစ်တော်ကိုချစ်ခြင်းဖြင့် အလိုအလျောက်ပညတ်တော်စောင့်သည်။

နှလုံးသားမေးခွန်း

ခရစ်တော်သင်၏နှလုံးသားပေါ်မှာပညတ်တော်ရေးပေးရန်လိုလားပါသလား။

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 




အခန်းကြီး - ၁၆

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၁၅)

ပျော်ရွှင်ခြင်း၏ သော့ချက်

 

၁၉၄၃ ခုနှစ်တွင် ဂျပန်တပ်မတော်သည် အမေရိကန်နှင့်ဥရောပ “ရန်သူတိုင်းရင်းသားများ” ကိုသုံ့ပန်းအကျဉ်းထောင်ရှိသော ရှန်တောင်နယ်၊ တရုတ်တိုင်းပြည်တွင်ထားရှိပါသည်။ သူတို့သည် လပေါင်းများစွာပျင်းရိခြင်း၊ စိတ်ပူပန်သောကရောက်ခြင်း၊ အကျဉ်းသားများအား ကျဉ်းကျပ်စွာထားရှိ ခြင်းနှင့် ကြောက်ရွံ့ခြင်းစိတ်များအမျိုးမျိုးခံစားရပါသည်။ သဘောထားခြင်း မတိုက်ဆိုင်မှုကြောင့် အမျက်ဒေါသထွက်ပေါ်ရခြင်းများရှိလာပါသည်။ တစ်ဦးနှင့်တစ်ဦးမသင့်မြတ်မှုများများပြားလာသည်။ သို့ရာတွင် အကျဉ်းသားများ၏ထွက်ဆိုချက်အရ၊ မရှိမဖြစ်သော၊ အများရိုသေခြင်း၊ ချစ်ခြင်းခံရသော လူတစ်ဦးအီရက်လစ်ဒဲဆိုသူ စကော့တလန်မှခရစ်ယာန်သာသနာပြုဆရာကြီးဖြစ်ပါသည်။

ရုရှားပြည့်တန်ဆာအမျိုးသမီးတစ်ဦး၏သတိရသောထွက်ဆိုချက်အရ၊ အပြန်အလှန်ပြုစုခြင်း မခံသောသူတစ်ဦးသည် ဆရာကြီးလစ်ဒဲသာဖြစ်ပါသည်။ သူမသည် သုံ့ပန်းအကျဉ်းထောင်သို့ တစ်ဦး တည်းရောက်လာသောအခါ အများသော အကျဉ်းသားတို့သည် သူမအားနှောင့်ယှက်ပြောင်လှောင် သရော်ကြသည်။ ဤကဲ့သို့မဖြစ်ရန် ဆရာကြီးလစ်ဒဲသည် သူမအတွက် အိပ်ရာစင်ကလေးတစ်ခုလုပ် ပေးပါသည်။ နောက်အကျဉ်းသားတစ်ဦး၏ သတိရချက်တစ်ခုမှာ ဆရာကြီးလစ်ဒဲတွင် အပြောအဆို သိမ်မွေ့၍ စိတ်ဆိုးမာန်တက်နေသောသူတစ်ယောက်၏ စိတ်ကိုပင်လျှင် ထိန်းချုပ်နိုင်သည်။ တစ်ခါ သောအချိန်တွင် အကျဉ်းသားများ အစည်းအဝေးတစ်ခုပြုလုပ်၍ လူငယ်များကြည့်ရှုထိန်းသိမ်းရန် အကြံပေးချက်တောင်းခံလာပါသည်။ ထိုအခါ၌ ဆရာကြီး လစ်ဒဲ၏ အကြံပေးချက်မှာ လူငယ်များ အတွက် ကစားဝိုင်းလက်ဖြင့်ပြုလုပ်သောအရာများ၊ ကလေးငယ်များအတွက်သင်တန်းများ၊ ညနေ တိုင်း ဤလူငယ်များနှင့်အချိန်ယူကာထိန်းသိမ်းခဲ့ပါသည်။ ဆရာကြီးလစ်ဒဲမှာ ၁၉၂၄ ခုအိုလံပစ် အားကစားပွဲတွင် မီတာ ၄၀၀ ပြေးပွဲ၌ ရွှေတံဆိပ်ဆုရှင်ဖြစ်ကာ နာမည်ကျော်ကြားခဲ့သူတစ်ဦးဖြစ်ပါ သည်။ သို့ရာတွင် ဤကျဉ်းကျပ်သော အကျဉ်းထောင်တွင် ခရစ်ယာန်ပြိုင်ပွဲအဖြစ် လောကသားများ ဖြစ်သော အကျဉ်းသားများတို့အတွက် ရိုသေလေးစားခြင်းခံရသောသူတစ်ဦးဖြစ်ပါသည်။ သူသည် အဘယ်ကြောင့် ဤကဲ့သို့ အထွေအထူးဂုဏ်ကျက်သရေနှင့်အပူဇော်ခံပုဂ္ဂိုလ် ဖြစ်လာရပါသနည်း။ သူ၏ထင်ရှားသောအောင်မြင်ခြင်းသော့ချက်မှာ နံနက် (၆) နာရီတွင် သိလိုက်ရပါသည်။ သူသည် အိပ်လျက်နေသောမိတ်ဆွေများ တို့၏အနားမှအသံမမြည်အောင် ခြေဖျားထောက်ကာ အနီးရှိစားပွဲခုံ တစ်လုံးပေါ်တွင် မီးတိုင်ငယ်ထွန်းကာ သူ၏မှတ်စုစာအုပ်နှင့် ကျမ်းစာကို ဖတ်ရွတ်လေ့လာပါသည်။ ဆရာကြီးလစ်ဒဲသည် တစ်နေ့အတွက် ဘုရားသခင်ထံမှ ကျေးဇူးတော်ခွန်အားရရှိရန်နှင့် နှုတ်ထွက်

 စကားတော်ခွန်အားကိုရယူပါသည်။

၁။       ခရစ်ယာန်အသက်တာအတွက်လမ်းညွှန်စာအုပ်

သမ္မာကျမ်းစာသည် ခရစ်ယာန်များအတွက် ရေးသားသော လမ်းညွှန်စာအုပ် ဖြစ်သည်။

တကယ်လူတို့၏ဗဟုသုတနှင့် အဖြစ်အပျက်များကို မှတ်တမ်းတင်ထားသော ရာဇဝင်စာအုပ်ဖြစ်၍ ထိုကဲ့သို့သောပုဂ္ဂိုလ်များကိုသိရှိနားလည်ပြီး သူတို့၏ဗဟုသုတများကိုလေ့လာရန် အားပေးထားသော ဗဟုသုတများဖြစ်သည်။ ဤကျမ်းစာတွင်းရှိပုဂ္ဂိုလ်များကို သိရှိနိုင်ရန် သူတို့၏ဝမ်းမြောက်ခြင်း၊ ဝမ်း နည်းခြင်း၊ သူတို့၏အမှုအရာများ၊ သူတို့၏အခွင့်အရေးများကိုသိရှိခြင်းဖြင့် ခရစ်ယာန်ဗဟုသုတများ နှင့်အတွေးအခေါ်များ ရင့်ကျက်လာသည်။ ဆာလံဆရာဒါဝိဒ်မင်းကြီးသည် နှုတ်ထွက်ကျမ်းစာတော် မြတ်ကို မီးမောင်းကြီးပမာထိုးပြရန် မှတ်တမ်းတင်ခဲ့ပါသည်။ “နှုတ်ထွက်စကားတော်သည် ကျွန်ုပ်ခြေ ရှေ့မှာမီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏” (ဆာလံ. ၁၁၉း၁ဝ၅)။

ကျမ်းစာတော်မြတ်မှရရှိသောတရားအလင်းအားဖြင့် ကျွန်ုပ်တို့၏ အသက်တာနှင့်အသိတရား အတွင်းလိုအပ်လျက်ရှိသော တောက်ပြောင်သည့် ဝိညာဉ်ရေးတရားများကိုထင်ရှားစွာပြသည်။ အရေး အကြီးဆုံးသောအချက်မှာ သမ္မာကျမ်းစာသည် ခရစ်တော်ဘုရားသခင်ကိုပြသည်။ ထိုဘုရားသခင် သည် လောက၏အလင်းဖြစ်သည်။ ခရစ်တော်၏တရားအလင်းပြတော်မူလျက် လူ၏အသက်တာကို တောက်ပြောင်စေနိုင်သည်။

၂။       ပြောင်းလဲပေးနေသောမိတ်ဆွေ

ကျမ်းစာသည် ရင်းနှီးသော မိတ်ဆွေတစ်ဦးနှင့်တစ်ဦးသို့ရေးသားသော စာကဲ့သို့ ခရစ်တော် ဖြစ်စေလိုသည်။ “ယခုမှစ၍ ငါသည် သင်တို့ကိုကျွန်ဟူ၍မခေါ်၊ ကျွန်မူကား ကိုယ့်သခင်ပြုသော အမှု ကိုမသိ၊ သင်တို့ကိုအဆွေဟုခေါ်၏။ အကြောင်းမူကား ငါသည် ခမည်းတော်ထံ၌ ကြားသမျှသော အရာတို့ကို သင်တို့အား ငါပြသ၏” (ယောဟန် ၁၅း၁၅)။ ခရစ်တော်သည် ကျွန်ုပ်တို့၌မရှိသော အကောင်းဆုံးအကျင့်ကိုလိုလားပါ၏။သူ၏နှုတ်ထွက်စကားတော်သည် ဘုရားသခင်၏အသိုက်အဝန်း ထဲသို့သိမ်းသွင်းကာ သွန်သင်ပေးပါသည်။ “သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏” (ယောဟန် ၁၆း၃၃)။ ဤကဲ့သို့သော ငြိမ်သက်ခြင်းကိုခံစားနိုင်ရန် ခရစ်တော်နှင့်မြဲမြံသော ဆက်သွယ်မှုနှင့် သူ၏ကျမ်းစာတော်မြတ်ကို ဖတ်ရှုလေ့လာရမည်။ ကျမ်းစာသည် အမှန်တကယ် ကောင်းကင်မှပေးပို့ရေးသားသောစာဖြစ်၏။ ထိုကျမ်းစာကိုမဖွင့်မဖတ်ဘဲမနေပါနှင့်။ ပြောင်းလဲစေနိုင်သောသတင်းနှင့် အခြေအနေကို ထိုကျမ်းစာ ကသာလျှင် ပေးနိုင်၏။ ကျမ်းစာ၏ ထိရောက်မှုအကြောင်းနှင့်သက်သေခံချက်များကို အောက်ပါ မှတ်ချက်တွင်တွေ့သိနိုင်ပါသည်။ “ကျွန်ုပ်တစ်ခုခုလိုသောအခါ ခရစ်တော်၌သာ တွေ့ရှိခဲ့ပါသည်။ လိုသောအရာတစ်ခုမကျန်ဖြည့်စွက်ပေးနိုင်သည်။ ဝိညာဉ်ငတ်မွတ်ခြင်းကိုလည်း ထိုသမ္မာကျမ်းစာက သာလုံလောက်သောကျေနပ်မှုပေးနိုင်သည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်အတွက်ခရစ်တော်၏ ဖေါ်ပြ ချက်ဖြစ် ကြောင်းယုံကြည်လက်ခံသည်။ ကျွန်ုပ်သည် ခရစ်တော်ကိုယုံကြည်ရခြင်းမှာ သူသည် ကျွန်ုပ် အတွက် ကယ်တင်ရှင်ဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်သည်သမ္မာကျမ်းစာကို ယုံကြည်ရသော အကြောင်းမှာ ထိုကျမ်းစာတွင်ရေးထားသောစာသားတို့သည် ဘုရားသခင်၏အသံပမာ ကျွန်ုပ်ဝိညာဉ် အတွက်ဖြစ်သောကြောင့်ဖြစ်သည်။” (ကျန်းမာခြင်းလုပ်ငန်းစာမျက်နှာ ၄၆၁)။

၃။       ကျမ်းစာတွင်းရှိအသက်တာလမ်းညွှန်နှင့်ပညတ်တော် (၁၀) ပါး

ပညတ်တော် (၁၀) ပါးကိုအကျဉ်းဖြင့်ကြည့်ရှုလေ့လာခဲ့သော် ကျမ်းစာသည် လူတို့အားမရှိ မဖြစ် မှန်ကန်သော နည်းလမ်းဖြင့် အသက်ရှင်နိုင်ရန် ပညတ်တော်သည် လူကိုသွန်သင်လမ်းပြ ကြောင်းဖေါ်ပြပါသည်။ ပညတ်တော် (၁၀) ပါး သည် အမှန်အားဖြင့် (၂) ပိုင်းရှိပါသည်။ ၊ ပထမ (၄) ခုမှာ ဘုရားသခင်နှင့်လူစပ်ကြားတွင်ရှိသောကျင့်ဝတ်များဖြစ်ပါသည်။ ဒုတိယပိုင်း (၆) ခုမှာလူလူချင်း ကျင့်အပ်သောကျင့်ဝတ်များဖြစ်ပါသည်။ ထွက်မြောက်ရာကျမ်းအခန်းကြီး ၂ဝ၊ အခန်းငယ် (၃) မှ (၇) တွင်ပညတ်တော်အကြောင်းနှင့်ပတ်သက်၍ အသေးစိတ်ရေးသားတင်ပြထားပါသည်။ ပထမပညတ် နှစ်ခုမှာ လူနှင့်ဘုရားသခင်မည်ကဲ့သို့သက်ဆိုင်၍ ဘုရားသခင်ကိုမည်သည့်နည်းဖြင့် ကိုးကွယ်ရမည် အကြောင်း တိကျပြတ်သားစွာရေးသားထားပါသည်။

(၁)      “ငါမှတစ်ပါး အခြားသောဘုရားသခင်ကိုမကိုးကွယ်နှင့်၊”

(၂)      “ရုပ်တုကို ကိုယ့်အဖို့မလုပ်နှင့်၊ ဦးမချဝတ်မပြုနှင့်၊”

ပညတ်တော်သုံးခုတစ်ခုနှင့်လေးခုတစ်ခုတို့မှာ ဘုရားသခင်၏ နာမတော်ကိုသော်လည်း ကောင်း၊ သူ၏သန့်ရှင်းသော ဥပုသ်နေ့ကိုသော်လည်းကောင်း ဖေါ်ပြထားသည်။

(၃)      “သင်၏ထာဝရဘုရားသခင်၏နာမတော်ကို. မုသားနှင့်ဆိုင်၍မမြွက်မဆိုပါနှင့်၊”

(၄)      “ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကိုအောက်မေ့လော့။ ခြောက်ရက်ပတ်လုံးအလုပ် မျိုးကိုကြိုးစား၍လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ထာဝရဘုရားသခင်၏ ဥပုသ် နေ့ဖြစ်၏၊”

ပညတ်တော်ငါးခုတစ်ခုနှင့် ခုနစ်ခုတစ်ခုမှာ အိမ်ထောင်ရေးအဖွဲ့အစည်းကို ထိန်းသိမ်းကာ ကွယ်သည်။

(၅)      “သင်၏မိဘကိုရိုသေလော့၊”

(၆)      “သူ့မယားကိုမပြစ်မှားနှင့်၊”

ပညတ်တော်ခြောက်ခုတစ်ခု၊ ရှစ်ခုတစ်ခု၊ ကိုးခုတစ်ခုနှင့်. တစ်ဆယ်ခုတစ်ခုတို့သည် လူမှုရေး အသိုက်အဝန်း အဖွဲ့အစည်းကိုကာကွယ်ထိန်းသိမ်းပေးသည်။

(၇)      “လူ့အသက်ကိုမသတ်နှင့်၊”

(၈)      “သူ့ဥစ္စာကိုမခိုးနှင့်၊”

(၉)      “မမှန်သောသက်သေကိုမခံနှင့်၊”

(၁၀)    “သူများအိုးအိမ်၊ သားမယား၊ ပစ္စည်းဥစ္စာများကို တပ်မက်လိုချင်သောစိတ်မရှိနှင့်။”

ပညတ်တော် (၁၀) ပါးသည် လူလူချင်း၊ လူနှင့်ဘုရားသခင်တို့စပ်ကြားတွင် စောင့်ရှောက်အပ် သောတရားများ ဖြစ်ပါသည်။ ဤတရားများတို့သည် အသက်တာလမ်းတွင်ပြညွှန်ထားသောသွန်သင် ချက်များဖြစ်သည်။

၄။       ပညတ်တော် (၁၀) ပါးနှင့်ပတ်သက်၍ ခရစ်တော်သည်မည်ကဲ့သို့မိန့်မှာထားပါသနည်း

တစ်နေ့သောအခါ ခရစ်တော်သည် လူထုတို့အား သွန်သင်ဟောကြားနေသောအခါ လူငယ်

တစ်ဦးသည် ခရစ်တော်ဆီသို့ ချဉ်းကပ်၍ ဆရာ၊ ထာဝရအသက်ရရန် မည်သို့ကြောင်းကျိုးကောင်းမှု ကိုပြုရမည်နည်း (မဿဲ ၁၉း၁၆)။ ခရစ်တော်သည် ထိုလူငယ်၏စိတ်တွင် ငွေရေးကြေးရေးကြောင့် ဖြစ်ပေါ်လာသော အမှုအရာများကြောင့် ထိုအရာများတို့ကိုစွန့်လွှတ်ရန် “ပညတ်တော်ကို စောင့် ရှောက်လော့” (မဿဲ ၁၉း၁၇)။

ခရစ်တော်ပေးသောအဖြေကို ရှောင်ရှားရန်နှင့် ခရစ်တော်ဆိုလိုသော ပညတ်တော်များမှာ မည်သည့်ပညတ်ဖြစ်ကြောင်း မေးခဲ့လေသည်။ ခရစ်တော်သည်လည်း ပညတ်တော် (၁၀) ပါးမှ နောက်ဆုံးပညတ်နှစ်ခုကိုရှင်းပြလေသည်။ (မဿဲ ၁၉း၁၈၊ ၁၉)။

နောက်ဆုံးတွင် သူဌေးကလေးသည် စိတ်ဓါတ်ကျစွာဖြင့် ပြန်လှည့်ထွက်သွားလေသည် (မဿဲ ၁၉း၂၀-၂၂)။ သူဌေးကလေးသည် ပညတ်တော်ကိုခြုံငုံ၍ စိတ်တွင်လက်ခံထားသော်လည်း တိကျ ပြတ်သားသောစောင့်ရှောက်ရမည့် ကျင့်ဝတ္တရားများကို မိမိတစ်ကိုယ်ကောင်းစိတ်ကြောင့် ဘေးချိတ် ထားပါသည်။

ပညတ်တော် (၁၀) ပါးသည် ခြံစည်းရိုးပမာ ပြေလည်ပြတ်သားစွာ ပေါင်းသင်းနေထိုင် လုပ်ကိုင်ရန် လူနှင့်ဘုရားသခင်သော်လည်းကောင်း၊ လူနှင့်လူချင်းသော်လည်းကောင်း ကျင့်ဝတ် စောင့်ရှောက်မှသာတိုးတက်ကြီးပွားနိုင်ကြောင်း ဖေါ်ပြထားပါသည်။ ခရစ်တော်ကိုယ်တိုင်နားထောင် ခြင်းဖြင့် ဝမ်းမြောက်ခြင်းအမှန်တကယ်ရရှိနိုင်ကြောင်းဖေါ်ပြထားပါသည်။ “ငါသည် ငါ့ခမည်းတော်၏ ပညတ်တို့ကိုစောင့်ရှောက်၍ ခမည်းတော်၏ ပညတ်၌တည်သကဲ့သို့ သင်တို့သည် ငါ့ပညတ်ကို စောင့် ရှောက်လျှင် ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။ သင်တို့၌ဝမ်းမြောက်စရာအကြောင်းတည်စေခြင်းငှါ လည်းကောင်း၊ သင်တို့ဝမ်းမြောက်စရာ အကြောင်းစုံလင်စေခြင်းငှါလည်းကောင်း ဤစကားကို သင်တို့အားငါဟောပြော၏” (ယောဟန် ၁၅း၁ဝ၊ ၁၁)။

၅။       ပျော်ရွှင်သောအသက်တာအတွက် လမ်းညွှန်

ရှောလမုန်မင်းကြီးသည် ပျော်ရွှင်ခြင်းရရှိနိုင်ရန်နှင့် ပျော်ရွှင်ခြင်းတရားများတို့ဖြစ်သော ဒေသနာကျမ်းစာချွန်လွှာကို ရေးသားပြုစုခဲ့ပါသည်။ သူ၏မှတ်တမ်းများသည် ပျော်ရွှင်ဝမ်းမြောက် ခြင်းနှင့်ပတ်သက်၍ ကြွယ်ဝချမ်းသာသော ကမ္ဘာကြီးထဲတွင် မည်သည့်အရာများကို ရှာဖွေရမည့် အကြောင်း မှတ်တမ်းတင်ထားသည်။ လှပခမ်းနားသောအိမ်၊ သီးနှံနှင့်ပြည့်ဝ သောစပျစ်ဥယျာဉ်၊ လှပ ၍ပန်းရနံ့နှင့်ပြည့်ဝသောပန်းခြံ၊ အသီးမျိုးစုံနှင့်ပြည့်ဝသော စားပင်ဥယျာဉ်များဖြစ်ပါသည်။ ကျေးကျွန် များကိုစုဆောင်းခဲ့သည်။ သူ၏ရှေ့တွင် သူ၏ဆန္ဒအရ၊ လိုလေသေးမရှိပြည့်ဝချမ်းသာခဲ့သည်။ သို့ရာ တွင် ပျော်မွေ့ခြင်းကို လိုက်ရှာ၍မတွေ့ပါ။ “ထိုအခါ ငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ်သမျှ တို့ကိုငါကြည့်ရှု၍ အလုံးစုံတို့သည် အချည်းနှီးအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။ နေအောက် မှာကောင်းသော အကျိုးတစ်စုံတစ်ခုမျှမရှိ။

ရှောလမုန်မင်းကြီးသည် ပျော်ရွှင်မှုရရှိနိုင်ရန် ပျော်ပါးမှုပေါင်းစုံကို ရှာဖွေခဲ့ပါသည်။ ထိုသို့ ရှာဖွေရာတွင် “သေရည် သေရက်၊ မိန်းမနှင့်သီချင်းများဖြင့်ပျော်မွေ့ မှုရှာသော်လည်း သူ၏နိဂုံးချုပ် စကားမှာ အချည်းနှီးသက်သက်၊ အလုံးစုံတို့သည် အချည်းနှီးဖြစ်ကြသည်ဟု ဓမ္မဒေသနာဆရာဟော

၏” (ဒေသနာ ၁၂း၈)။

တစ်ခါကရှောလမုန်မင်းကြီးသည် ထာဝရဘုရားသခင်၏အကြောင်းကို သက်သေခံခဲ့သည်မှာ “ထာဝရဘုရားသခင်သည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့” ဟုသက်သေခံခဲ့ပါသည်။ သူ၏အသက်တာ စောစောပိုင်းက ဘုရားသခင်၏ပညတ်တော်ကိုနားထောင် ခြင်းနှင့် နောက်ပိုင်းတွင် ပျော်မွေ့ခြင်းနှင့်ငြိမ်သက်ခြင်းကိုရှာခဲ့ရာ၌ ပေါ့ပေါ့တန်တန် အပြစ်အသက် တာဖြင့်နေခဲ့မိကြောင်းကိုနှိုင်းယှဉ်ထားပါသည်။ သူ၏ဆုံးဖြတ်ချက်မှာ- “အချုပ်အခြာ စကားဟူမူ ကား ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကိုစောင့်ရှောက်လော့၊ ဤရွေ့ကား လူနှင့်ဆိုင် သောအမှုအရာ အလုံးစုံတို့ကို ချုပ်ခြာသတည်း” (ဒေသနာ ၁၂း၁၃)။ ရှောလမုန်မင်းကြီးသည် ပျော်ရွှင်ခြင်းနှင့်သာယာမှုကိုဖြတ်လမ်း နည်းဖြင့်ရှာဖွေတွေ့ရှိနိုင်သည်ဟုထင်ခဲ့သော်လည်း တရားမဲ့ သက်သက်ဖြင့်သာ အဆုံးသတ်ခဲ့ရပါသည်။ မိမိအသက်တာ နောက်ဆုံးပိုင်းတွင် မှားခဲ့ကြောင်းနှင့် ရဲဝံ့စွာအပြစ်ဖေါ်ပြခဲ့ကြောင်းသိရှိပါသည်။ ထိုကဲ့သို့သောအမှားမျိုးမှလွတ်ကင်းစေရန် သူ၏အကြံပေး ချက်မှာ “တရားတော်ကိုစောင့်သောသူမူကား မင်္ဂလာရှိ၏” (သု၊ ၂၉း၁၈)။

၆။       ပညတ်တော် (၁၀) ပါးသည်ဓမ္မသစ်ကျမ်းအတွက်မရှိမဖြစ်သောလမ်းညွှန်ဖြစ်၏

ဓမ္မသစ်ကျမ်းတွင် ယာကုပ်၏သက်သေခံချက်မှာ- “အဘယ်သို့နည်းဟူမူကား ပညတ်တရား အလုံးစုံကိုစောင့်ရှောက်သည်တွင် တစ်စုံတစ်ခု၌မှားမိလျှင် ပညတ်တရားအလုံးစုံကို လွန်ကျူးသော အပြစ်ရှိ၏။ သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက လူ့အသက်ကိုမသတ်နှင့်ဟု ပညတ်တော်မူသေး၏။ သို့ဖြစ်၍ သင်သည် သူ့မယားကိုမပြစ်မှားဘဲနေသော်လည်း လူ့အသက်ကို သတ်လျှင် ပညတ်တရားကို လွန်ကျူးသောသူဖြစ်၏။ လွှတ်ခြင်းတရားအတိုင်းစီရင်ခြင်းကိုခံရလတ္တံ့ သောသူ ကဲ့သို့စကားပြောခြင်း၊ အမှုပြုခြင်းကိုစီရင်ကြလော့” (ယာကုပ် ၂း၁ဝ-၁၂)။

ချာ(လ်)စပါဂျီရန်၊ နာမည်ကြီးသော နှစ်ခြင်းဓမ္မဆရာကြီး၏ ဆုံးဖြတ်ချက်မှာ ပညတ်တော် သည် ထာဝရဘုရားသခင်၏ ပညတ်ဖြစ်၏။ သန့်ရှင်း၏၊ ကောင်းကင်နှင့်သက်ဆိုင်၏။ ပြည့်စုံခြင်း ရှိ၏။ ထိုပညတ်တွင် တားမြစ်မှုများများမရှိပါ။ လိုသည်ထက်ပိုသောတားမြစ်မှုမရှိပါ။ အခြားပညတ် များနှင့်နှိုင်းယှဉ်စာနာကြည့်ပါသော် ထိုပညတ်၏ပြည့်စုံမှုသည် ဘုရားသခင်၏ထံမှလာသောပညတ် ဖြစ်ပါသည်။

ဂျွန်ဝက်စလေ၊ မက်သဒစ်အသင်းတော်ကြီးကိုတည်ထောင်ခဲ့သောပုဂ္ဂိုလ်ကြီးက ပညတ်တော် သည် ထာဝရကာလအတွက် ရှိကြောင်းနှင့် ခိုင်မာသောသဘောသဘာဝကိုပြကြောင်းဖေါ်ပြသည်။ “ပညတ်တော် (၁၀) ပါးရှိကြောင်း၊ ခရစ်တော်သည် မည်သည့်ပညတ်တစ်ပါးပါးကိုမျှမပယ်ဖျက် ကြောင်း၊ ပညတ်တော် (၁၀) ပါးစလုံးသည် လူသားအားလုံးအတွက် ထာဝရ ကာလရှိနေကြောင်းနှင့် စောင့်ရှောက်ရမည့်အကြောင်းဖေါ်ပြခဲ့သည်။”

ဘီလီဂရာဟင်၊ ကမ္ဘာကြီးတွင်နာမည်အကြီးဆုံးတရားဟောဆရာကြီး၏မှတ်ချက်မှာ- ပညတ် တော်သည် အလွန်အရေးကြီးကြောင်းကို သိရှိနားလည်ခဲ့သောကြောင့် ပညတ်တော်အကြောင်းနှင့် ပတ်သက်၍ စာအုပ်ကြီးတစ်အုပ်ကိုပြုစုရေးသားခဲ့ပါသည်။

၇။       ပညတ်တော်ကိုနားထောင်နိုင်သောတန်ခိုးခွန်အား

ပညတ်တော်နှင့်သမ္မာကျမ်းစာသည် ဘယ်သောအခါမျှ ပြောင်းလဲခြင်းမရှိနိုင်ပါ။ လူသားများ အတွက်မရှိမဖြစ်သော အရာနှစ်ခုဖြစ်သည်။ ဝမ်းမြောက်ခြင်း၊ သာယာခြင်းအတွက်စုံလင်ပြည့်စုံသော လမ်းညွှန်ဖြစ်သည်။ သို့ရာတွင် လူ၏နှလုံးသားထဲတွင် အမြဲတမ်းဆိုသလို ဆန့်ကျင်လိုသောသဘော ရှိသည်။ အမျိုးသမီးတစ်ဦး၏သဘောထားမှာ “ကျွန်မသည် ပညတ်တော် (၁၀) ပါးကိုမစောင့်မဖြစ်ဟု ယုံကြည်သည်။ စောင့်ရှောက်ခြင်းဖြင့် ပျော်ရွှင်မှုနှင့်သာယာမှုကိုပေးကြောင်း တိကျစွာသိသည်။ ကျွန်မသည် အစွမ်းကုန်စောင့်နိုင်ရန် ကြိုးစားခဲ့သော်လည်းမရခဲ့ပါ။ ထို့ကြောင့် ကျွန်မသည် မည်သူမျှ မစောင့်နိုင်ကြောင်းကိုကျွန်မယုံကြည်မိသည်။

သဘာဝလူနှင့် သဘာဝစိတ်ထားတို့သည် ဘုရားသခင်၏ပညတ်တော်ကို နားထောင်လိုသော အသက်တာနှင့် စိတ်ထားရှိပါသည်။ သို့ရာတွင် ထပ်ခါတလဲလဲမှားခဲ့သောသူအတွက် စိတ်ဓါတ်ကျ ဆင်းခဲ့ကြောင်းသိလာ၍ “ငါမစောင့်နိုင်ကြောင်း” ဟု အဖြေပေးတတ်ပါသည်။ ဘာကြောင့်ပေးရပါ သနည်း။ အဖြေမှာ- “ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရား သခင်၏တရားတော်အလိုသို့မလိုက်တတ်။ ထိုမျှမကမလိုက်နိုင်” (ရောမ ၈း၇)။ ပညတ်တော် (၁၀) ပါးကိုမည်သည့်အကြောင်းကြောင့် စောင့်ရှောက်ရပါသနည်း။ “ထိုသို့ပညတ်တရားသည် အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့် ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ် သူမျှဖြောင့်မတ်ရာသို့မရောက်ရာ။” (ရောမ ၃း၂၀)။

ပညတ်တော်၏ တာဝန်လုပ်ငန်းများမှာ အပြစ်သားတစ်ဦးသည် ကယ်တင်ခြင်းရရှိနိုင်ရန် မျှော်လင့်ချက်လုံးဝမရှိကြောင်းကိုပြရုံသာမကဘဲ သခင်ခရစ်တော်ကယ်တင်ရှင်ဖြစ်ကြောင်းကို သတိ ပေး၊ အသိပေးခြင်းလည်းဖြစ်သည်။ “ထို့ကြောင့် ငါတို့သည်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ် သတည်း။” (ဂလာတိ ၃း၂၄)။

ခရစ်တော်သည် ပညတ်တော်စောင့်ရှောက်ရာ၌ ခက်ခဲခြင်းများတို့ကို ဖြေရှင်းပေးသည်။ လူ သည် မိမိခွန်အားဖြင့် ပညတ်တော်ကိုမစောင့်ရှောက်နိုင်၍ ခရစ်တော်ခြေရင်းတော်သို့ရောက်ရှိလာ သောအခါ ယုံကြည်ခြင်းအားဖြင့် အပြစ်ဖြေလွှတ်ခြင်းကိုခံရ၍ ကိုယ်တော်၏ထံမှ ခွန်အားတန်ခိုးရရှိ ကာ ပညတ်တော်ကိုစောင့်နိုင်သောစွမ်းရည်သတ္တိရရှိပါသည်။

၈။       မေတ္တာရှိသောနားထောင်ခြင်းသည် ပညတ်တော်ကိုစောင့်ရှောက်နိုင်သည်

မေတ္တာတော်ထားရှိခြင်းကြောင့် နားထောင်ခြင်းဖြစ်ပေါ်လာကြောင်း ခရစ်တော်ပြောကြားခဲ့ ပါသည်။ “ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကိုစောင့်ရှောက်ကြလော့” (ယော ၁၄း၁၅)။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုချစ်လျှင် သူ၏ပထမပညတ်တော် (၄) ပါးကို စောင့်ရှောက်မည်ဖြစ်သည်။ ထိုပညတ် တရား (၄) ပါးသည် လူစောင့်ရှောက်သင့်သောတရားများဖြစ်သည်။ ကျွန်ုပ်တို့သည်လူများကိုချစ်လျှင် ကျန်သောပညတ်တော် (၆) ပါးကို လူလူချင်းစောင့်ထိန်းအပ်သောတရားဖြစ်သောကြောင့် ထိန်းသိမ်း စောင့်ရှောက်ပါမည်။ ပညတ်တော် (၁၀) ပါးကိုကျူးလွန်လျှင် ထိုသူ၌အပြစ်ရှိ၏။ “အပြစ်ကိုပြုသော သူမည်သည်ကား ပညတ်တော်ကိုလွန်ကျူး၏။ အပြစ်သည်ကား ပညတ်တော်ကိုလွန်ကျူးခြင်းဖြစ် သတည်း” (၁ယော ၃း၄)။ သို့ရာတွင် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ခရစ်တော်ဘုရားသခင်သည် ဤလောကသို့ကြွ၍ အသေခံတော်မူသောကြောင့် ကယ်တင်ခြင်းတရားကိုပေးပြီး အပြစ်တရားကို အောင်နိုင်ကြောင်းပြသည်။ “ကိုယ်တော်သည် ငါတို့၏အပြစ်များကို ဆောင်သွားခြင်းငှါ ထင်ရှားပေါ် ထွန်း တော်မူသည်ကို သင်တို့သိကြ၏” (၁ယော ၃း၅)။ ကျွန်ုပ်တို့၏ခရစ်တော်ဘုရားသခင်သည် အပြစ်ကိုဖြေလွှတ်ပေး၍ အပြစ်မှသန့်စင်ပေးပါ၏ (၁ယော ၁း၉)။ ထို့နောက် ကိုယ်တော်သည်သူ၏ မေတ္တာကိုပေး၍ သူ၏မေတ္တာဖြင့် အပြစ်ကို အောင်နိုင်ခြင်းအခွင့်ပေး၏။ ဘုရားသခင်သည် သူ၏ မေတ္တာတော်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲသို့ သွန်းလောင်းပေး၏။ “အဘယ်ကြောင့်နည်းဟူမူကား ငါတို့အားပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့သွန်းလောင်းတော်မူ၏” (ရောမ ၅း၅)။ ကျွန်ုပ်တို့၏ကိုယ်စိတ်အတွင်းတွင် ကိုယ်၏ စွမ်းအားဖြင့် ပညတ်တော်ကိုစောင့်နိုင်သော အစွမ်းတန်ခိုးမရှိပါ။ ကျွန်ုပ်တို့၏စိတ်နှလုံးထဲသို့ သွန်း လောင်းပေးသော ဘုရားသခင်၏မေတ္တာတော်သည်ကား ပညတ်တော်ကိုစောင့်ထိန်းနိုင်သော အစွမ်း ခွန်အားကိုပေးတော်မူ၏။

၉။       ဘုရားသခင်၏ကျေးဇူးတရားနှင့်ပညတ်တော်ကိုနားထောင်ခြင်း

ကယ်တင်ခြင်းသည် ဘုရားသခင်ပေးသော ဆုလက်ဆောင်ဖြစ်သည်။ ဖြောင့်မတ်ခြင်းသည် ဘုရားသခင်ပေးသောဆုလာဘ် ဖြစ်သည်။ ကျေးဇူးတရားအားဖြင့် ယုံကြည်ခြင်းဖြင့်သာ ရရှိသည်။ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်၊ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း“ (ဧဖက် ၂း၈)။

ကျွန်ုပ်တို့သည် ကိုယ်ကျင့်တရားအားဖြင့် ပညတ်တော်ကို မစောင့်ထိန်းနိုင်ပါ။ ကြိုးစား၍ လည်းစောင့်ထိန်း၍မရပါ။ ပညတ်တော်စောင့်ခြင်းဖြင့်လည်း ကယ်တင်ခြင်းမရနိုင်ပါ။ သို့ရာတွင် ခရစ်တော်ထံသို့ ယုံကြည်ခြင်းဖြင့်လည်းကောင်း၊ မိမိကိုယ်ကိုအပ်နှံဆက်ကပ်ခြင်းဖြင့်လည်းကောင်း လာခဲ့လျှင်ကယ်တင်ခြင်းကိုရနိုင်ပါသည်။ ထိုကဲ့သို့သောယုံကြည်ခြင်းနှင့် ဆက်ကပ်ခြင်းသည် ကျွန်ုပ် တို့၏စိတ်တွင် ဘုရားသခင်၏မေတ္တာတော်နှင့်ပြည့်ဝမှသာလျှင် ကယ်တင်ခြင်းရနိုင်မည်။ ထို့ကြောင့် ဘုရားသခင်၏ကျေးဇူးတရားကိုယုံကြည်လက်ခံခြင်းနှင့် ဘုရားသခင်၏ အစီအစဉ်များကို နားထောင် ကျင့်သုံးခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် နားထောင်ခြင်းဖြင့် တန်ခိုးခွန်အားရရှိကာ ခရစ်တော်၏ မေတ္တာတော်ကိုလက်တွေ့ကျင့်သုံးမှသာ ကယ်တင်ခြင်းရမည်ဖြစ်ပါသည်။ (ရောမ ၅း၅)။

ပေါလု၏သွန်သင်ချက်အရ လူ၏ ကြိုးစားမှုသည် ထိရောက်မှုမရှိသောကြောင့် (ပညတ် တော်ကိုစောင့်ရန်ခဲယဉ်းသောကြောင့်) ပညတ်တော်အောက်တွင်မရှိကြောင်း၊ ကျေးဇူးတရားအောက် တွင်သာရှိကြောင်းဟုဆိုရာ၌ “ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် ပညတ်တရားလက် အောက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်ကို ပြုရမည်လော၊ ထိုသို့ မပြုရ” (ရောမ ၆း၁၅)။

ဘာကြောင့်နည်းဟုမေးလျှင် မေတ္တာဖြင့်ပြည့်သော နှလုံးသားသည် နားထောင်ခြင်းရှိသော အသက်တာကို ပြုပြင်ပြောင်းလဲပေးသည် (ရောမ ၁၃း၁၀)။ ခရစ်တော်ကိုချစ်ခြင်းသည် သူ၏ သွန်သင်ချက်နှင့်ပညတ်ကို နားထောင်ခြင်းဖြင့် လိုက်လျှောက်ခြင်းဖြစ်၏။ “ငါ့ပညတ်တို့ကို ရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ် တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော်မူ၏” (ယော ဟန် ၁၄း၂၁)။ ဆရာကြီးအီးရစ်လစ်ဒဲ၏ လက်တွေ့ပြသချက်တစ်ခုမှာ ဘုရားသခင်နှင့်ထိရောက်စွာ အကျွမ်းဝင်ခြင်းအားဖြင့် တင်းတိမ်ခြင်းနှင့်နားထောင်ခြင်းအသက်တာကို ပေးကြောင်းပြသည်။ ၎င်း ဆရာကြီး၏လက်တွေ့ပြသသော ဘုရားသခင်၏ ကျေးဇူးတရားသည် စိတ်သောက၊ ကိုယ်သောက ရောက်သောအချိန်အခါဖြစ်စေ၊ ကြောက်ရွံ့ဖွယ်ရာရောက်သောအချိန်အခါဖြစ်စေ ဘုရားသခင်၏ ကျေးဇူးတရားကြောင့် သာယာခြင်းနှင့်နှစ်သိမ့်ခြင်းရရှိနိုင်မည်။ ဘုရားသခင်၏ မေတ္တာတော်သည် ခရစ်တော်နှင့် ပူးပေါင်းကာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် နားထောင်ခြင်းမရှိသော သူများတို့ အတွက် ဖြောင့်မတ်ခြင်းတရားရနိုင်ရန် ပညတ်တော်ကိုစောင့်ရှောက်လိုသော နားထောင်ခြင်းကို ပေးသည်။ (ရောမ ၁း၁-၄)။ ကယ်တင်ရှင်သခင်ခရစ်တော်နှင့် စည်းရုံးပေါင်းဖက်သောမေတ္တာနှင့်သာ အကောင်းဆုံးခရစ်ယာန်၏အသက်တာကိုဖြစ်စေနိုင်သည်။

ဤပညတ်တော်နားထောင်ခြင်းတရားကို သင်တွေ့ရှိပါပြီလား။ ခရစ်တော်၏ မေတ္တာတွင် သင်၏နားထောင်ခြင်းမရှိသောကြောင့် သူ၏အသက်တာကိုအပြစ်ကြောင့် အသေခံရသည်ကို သင်သိ ပါသလား။ ခရစ်တော်နှင့်အတူပူးပေါင်းယှဉ်တွဲရန် သူ၏မေတ္တာတန်ခိုးကိုပေးခြင်းဖြင့် ခပ်သိမ်းသော ပညတ်တော်များကိုနားထောင်နိုင်ရန်ပေးပါသည်။ (ဟေဗြဲ ၁၃း၂၁)။

သင်၏တုံ့ပြန်မှုကိုမည်ကဲ့သို့အဖြေပေးပါမည်နည်း။

 

ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၁၅) အဖြေလွှာ

ပျော်ရွှင်ခြင်း၏သော့ချက်

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။ အချို့မေးခွန်းများသည် အားလုံးမှန်သည်။

၁၊၂။     ကျမ်းစာသည်

--------- ကျမ်းစာတွင်တကယ့်အဖြစ်အပျက်များနှင့်ပြည့်စုံသောပုံပြင်များရှိသည်။

--------- ကျမ်းစာသည် မိတ်ဆွေရင်းချာမှလာသောစာကဲ့သို့ဖြစ်သည်။

၃။       ပညတ်တော်ဆယ်ပါး

--------- ပညတ်တော်သည် ကျမ်းစာသွန်သင်သောအချက်များကို အချုပ်ပြုလုပ်ထားသည်။         --------- ပညတ်တော်သည် ဖြောင့်မှန်သောနည်းလမ်းကိုပြသည်။

ပညတ်တော်လေးပါးသည်

--------- ကျွန်ုပ်တို့ပြုအပ်သောကျင့်ဝတ် (ဘုရားသခင်နှင့်ဆိုင်ရာကျင့်ဝတ်)။

--------- လူများနှင့်သက်ဆိုင်သောကျင့်ဝတ်။

၄။       ခရစ်တော်သည် သူဌေးကလေးအားအကြံပေးသည်မှာ-

--------- ပညတ်တော်ဆယ်ပါးသည် ဓမ္မဟောင်းအချိန်နှင့်သာသက်ဆိုင်သည်။

--------- ပညတ်တော်စောင့်ရှောက်ရန်ဖြစ်သည်။

၅။       ခရစ်တော်၏သွန်သင်ချက်အရ၊ ပညတ်တော်ပေးခြင်းသည်-     

--------- ကျွန်ုပ်တို့ကိုချုပ်ချယ်ရန်။

--------- ပျော်ရွှင်သောအသက်တာအတွက်ကူညီရန်။

၆။       ဓမ္မသစ်ကျမ်းအရပညတ်တော်များသည်-

--------- အရေးကြီးသည်။

--------- ခေတ်မမီတော့ပါ။

၇၊၈။    ပညတ်တော်ကိုပေးရသောအကြောင်းရင်းမှာ-

--------- အပြစ်ပြရန်နှင့် ပန်းတိုင်မီရန် ကျွန်ုပ်တို့ခွန်အားဖြင့်ကြိုးစားရန်။

--------- အပြစ်ကိုပြရန်နှင့်. ကျွန်ုပ်တို့ကိုအပြစ်မှကယ်တင်သောခရစ်တော်ထံသို့ပို့ရန်။

၉၊၁၀။ လူသည် မည်သည့်အရာဖြင့်ကယ်တင်ခြင်းရပါသနည်း။

--------- ခရစ်တော်၏သေခြင်း၊ ထမြောက်ရှင်ပြန်ခြင်းနှင့် ယုံကြည်ခြင်းဖြင့် ကျေးဇူးတရား ကြောင့် ကယ်တင်ခြင်းရ၏။

--------- ပညတ်တော်စောင့်ရန်မလိုပါ။

--------- ခရစ်တော်ကိုချစ်ခြင်းဖြင့် အလိုအလျောက်ပညတ်တော်စောင့်သည်။

နှလုံးသားမေးခွန်း

ခရစ်တော်သင်၏နှလုံးသားပေါ်မှာပညတ်တော်ရေးပေးရန်လိုလားပါသလား။

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 


အခန်းကြီး - ၁၇

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၁၇)

ဝေငှခြင်းဖြင့်ကြီးထွားနိုင်သောသော့ချက်

 

လာရီသည် ညနေခင်းအချိန်အခါလက်ဖက်ရည်နှင့်မရွေးကို မစ္စတာကိုမိုရီအိမ်၌စားသောက် နေစဉ် လာကြသောဧည့်သည်တို့သည် မျှော်လင့်ခြင်းဖြင့် ကျမ်းစာကိုထုတ်ကာ ကျွန်တော်တို့ကို ကျမ်းစာသင်ပေးပါဟု လာရီအား တောင်းဆိုသည်။ သောက်ခဲ့သောလက်ဖက်ရည်သည် လည်ချောင်း တွင်ဆို့သွားသကဲ့သို့ဖြစ်သွားပါသည်။ လာရီ အထင်ကတော့စားမည်သောက်မည်၊ ပျော်မည်ပါးမည်ဟု ထင်ခဲ့သော်လည်း ဘာပြောရမှန်းမသိသလောက်ဖြစ်သွားရပါသည်။ လာရီသည် ခရစ်ယာန်စကား ပြောသင်တန်းကျောင်းတွင် အင်္ဂလိပ်စာအထူးဘာသာရပ်များနှင့် ကျမ်းစာကို သင်ခဲ့သော်လည်း ကြိုတင်စီစဉ်မှုနှင့်လေ့လာမှုမရှိသောကြောင့် သူ့အတွက်အခက်အခဲ ဖြစ်ခဲ့ပါသည်။ လာရီသည် ကလေးဘဝကပင် ကျမ်းစာပုံပြင်များကြားခဲ့ရဖူးသည်။ သို့ရာတွင် ပုံပြင်များတို့သည် သူ့အတွက်ခံစား မှုနှင့် စိတ်ထိခိုက်မှုမရှိပါ။ သူ၏လုပ်ရပ်များသည် ဘုရားသခင်၏ ရှေ့တွင် မမှန်ကြောင်းကိုလည်း သိပါသည်။ ထို့ကြောင့် သူသည် ဘုရားသခင်အကြောင်းမသိဘဲ သူများတို့အား ဘုရားသခင်အကြောင်း ပြောရန်မလွယ်ပါ။ သူသည် ဖျာပေါ်၌ ထိုင်၍ သူ၏ပတ်လည်တွင် တရားနားထောင်လိုသူများ ဝန်းရံ လျက်ရှိပါသည်။ သူသည် သူများရှေ့တွင် သူ၏အစွမ်းနှင့် ပညာတို့သည် ပြိုကျလုဆဲဖြစ်နေသည်။ ယခုလိုအချိန်မျိုးတွင် ကြောက်စိတ်မွှန်၍ တုန်လှုပ်ချောက်ချားဖြစ်နေသည့်အခါ ကျမ်းစာမှကျမ်း တစ်ပိုဒ်အကြောင်း “သန့်ရှင်းသောဝိညာဉ်တော်သည်” ပြောဆိုရမည့်စကားနှင့် ပြောဆိုနိုင်သော စွမ်းရည်သတ္တိကိုပေးနိုင်မည်ဟုသတိရပါသည် (လုကာ ၁၂း၁၂)။ သူသည်အားထုတ်ကာ သူသိရှိနား လည် သောပုံပြင်ဖြစ်သည့် ပျောက်သောသားအကြောင်းကို တုန်တုန်ယင်ယင်ဖြင့်ပြောပြလေသည်။ သူသည် ထိုပုံပြင်ရှိ အရေးကြီးသည့်တရားဖြစ်သော ဘုရားသခင်ထံပါးမှ လမ်းချော်သွားသော အကြောင်းအရာများကို စိတ်ပါစွာဖြင့် ပြောကြားလေတော့သည်။ သူ၏တရားစကားများသည် နား ထောင်သူတို့၏စိတ်ကိုထိခိုက်စေသည်။ သူ၏အသက်တာတွင် ပထမဦးဆုံးအကြိမ် ဘုရားသခင်သည် သူ့အားမည်မျှချစ်ကြောင်းနားလည်လာတော့သည်။ ထိုညတွင် သူ၏ အိပ်ရာဘေးတွင် ဒူးထောက်ကာ ဘုရားသခင်သည် သူနှင့်မည်မျှနီးကပ်ကြောင်းနှင့်ရင်းနှီးကြောင်းကိုသိလာခဲ့လေသည်။

၁။ ခရစ်တော်သည် ဝေငှခြင်းဖြင့် ကြီးပွားလာနိုင်ကြောင်း အကြံဉာဏ်ပေး၍ တိုက်တွန်းနှိုးဆော်၏

တမန်တော်တို့သည် သုံးနှစ်ခွဲအတွင်းတွင် နှုတ်အားဖြင့်သော်လည်းကောင်း၊ လက်တွေ့အား ဖြင့်သော်လည်းကောင်း ခရစ်တော်နှင့်အတူ ကူညီလုပ်ဆောင်ခဲ့သည်။ နောက်ဆုံးသေခြင်းနှင့် ထမြောက်ရှင်ပြန်သည့်အထိ ခရစ်တော်နှင့်အတူ အမှုတော်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ခရစ်တော်သည် ကောင်းကင်သို့ပြန်လည်ကြွခါနီးတွင် တမန်တော်တစ်ဦးစီတို့အား သူ၏ ကိုယ်စား လှယ်အဖြစ် တာဝန်ဝတ္တရားများကိုပေးအပ်ခဲ့ပါသည်။ “သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည် မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏ “(တမန်တော် ၁း၈)။ ခရစ် တော်၏တမန်တော်တို့သည် ချွင်းချက်မရှိဘဲ ကိုယ်စိတ်နှစ်ဖြာကို ပင်တေကုတ္တေပွဲနေ့တွင် အပ်နှံပြီး သောအခါ ခရစ်တော်သည် မိမိတပည့်တော်များ၏ အသက်တာကို ဝိညာဉ်တော်တန်ခိုးနှင့်ပြည့်စေ၍ ပြောင်းလဲပေး၏။ ထိုနည်းတူ ခရစ်ယာန်တိုင်းသည် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့် မိမိအသက်တာပြောင်းလဲရှင်သန်ကြောင်းကို သက်သေခံပေးရမည်ဖြစ်သည်။ “သို့သော်လည်း ကရု ဏာတော်နှင့်ကြွယ်ဝတော်မူသောဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသောမေတ္တာတော်ကြီးအား ဖြင့် အပြစ်၌သေလျက်ရှိသောငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ၊ ကျေးဇူးတော် ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏။ ယေရှုခရစ်အားဖြင့် ငါတို့ကိုထမြောက်စေ၍ ကောင်းကင် အရပ်၌နေရာပေးတော်မူပြီ။ အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ကျေးဇူးပြု၍ ကျေးဇူးတော်၏ အလွန်ကြွယ်ဝခြင်းကိုနောင်ကပ်ကာလတို့၌ထင်ရှားစေမည့်အကြောင်းဖြစ်သတည်း။”(ဧဖက် ၂း၄-၇)။

ကျွန်ုပ်တို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ရသောအခွင့်ရှိသောကြောင့် နှိုင်းယှဉ်၍မရ သောကျေးဇူးတော်နှင့်ကရုဏာတော်ကိုပြသရမည်။ ထို့ကြောင့် ကျွန်ုပ်တို့အား တစ်ကမ္ဘာလုံးရှိလူသား များတို့အတွက် ကောင်းသောသတင်းကို ပေးဝေရန် တာဝန်အပ်ခဲ့ပြီးနောက် ကျွန်ုပ်တို့နှင့်အတူ သွား လာမည်ဖြစ်ကြောင်းကိုကတိပေးခဲ့ပါသည် (မဿဲ ၂၈း၁၉၊ ၂၀)။ ဗျာဒိတ်တော်သင်ခန်းစာကို ဦးစွာ တည်ထောင်ခဲ့သောဆရာကြီးရစ်ချတ်သည် အောက်ပါသက်သေခံချက်ကို ထားခဲ့ပါသည်။ “ကျွန်ုပ် သည် ခရစ်တော်၏ဧဝံဂေလိတရားများကြောင့် လူအများတို့၏စိတ်သည် ပြောင်းလဲလာကြောင်းသိရ ပါသည်။ ကျွန်ုပ်သည် ကမ္ဘာ့နေရာအနှံ့သို့အမှုတော်ပြုလုပ်ငန်းဖြင့် သွားလာခဲ့သောအခါ ကျွန်ုပ်တို့၏ အသင်းတော်သာလျှင် ယူဆောင်ပေးပို့ခဲ့သော ဧဝံဂေလိသတင်းစကားကြောင့် ဘုရားသခင်နှင့် ခရစ် တော်တို့၏ အကြောင်းကိုကြားသိရကြောင်းသိရပါသည်။ ကျွန်ုပ်တို့သည် ဤလူများတို့၏အသက်တာ တွင် ထူးခြားစွာပြောင်းလဲလာကြောင်း (ညစ်ပတ်မှုမှသန့်ရှင်းမှုသို့၊ ဖျားနာခြင်းမှကျန်းမာခြင်းသို့၊ အယူဝါဒများမှ ခရစ်ယာန်အသက်တာဘဝသို့ ပြောင်းလဲလာကြောင်း) တွေ့ရသည်။ ခရစ်တော်၏ ဧဝံဂေလိတရားသည် အမှောင်မှအလင်းသို့ လူမှုအဆင့်အတန်းတွင်လည်း ယောက်ျားနှင့် မိန်းမအဆင့် အတန်းတူညီစွာနေထိုင်မှုအသက်တာပြောင်းလဲမှုများ၊ ခရစ်တော်၏ ဧဝံဂေလိ တရားသာလျှင်---“ကယ်တင်ခြင်းပေးသော ဘုရားသခင်၏တန်ခိုး” (ရောမ ၁း၁၆)။ ကျွန်ုပ်သိရသည့်အတိုင်း အသင်း တော်သည် ဧဝံဂေလိတရားကိုဟောကြားသည့်အခါ လူ့စိတ်နှလုံးတွင်ပြောင်းလဲမှုရှိသည်။ လူ၏အနေ အထိုင်နှင့်အိမ်တွင်ပြောင်းလဲမှုရှိသည်။ လူ၏အသက်တာအားလုံးကို ပြောင်းလဲခြင်းရှိကြောင်း မြင် တွေ့ရသည်။ “ဘုရားသခင်သည် အားနည်းသောလူသားတို့အား စိတ်ပါဝင်စားလောက်သော မိမိ၏ အလုပ်ကိုတာဝန်ပေးခဲ့သည်။ အကြောင်းမှာ ဝေငှခြင်းသည် အရေးအကြီးဆုံးသော ကြီးထွားခြင်းဖြစ် သည်။ ကျွန်ုပ်တို့၏ယုံကြည်ချက်အတွက် အားရှိရှင်သန်နိုင်ရန် လက်တွေ့တာဝန်ဖြစ်သော သက်သေ ခံလုပ်ငန်းများကို အကောင်အထည်ဖေါ်ရပါမည်။ လာရီသည် အလားတူ လုပ်ခဲ့သောအခါ ဝေငှခြင်း သည် သူ၏ယုံကြည်ခြင်းနှင့် အတွေ့အကြုံကိုပြည့်စုံစွာကြီးထွားစေသည်။

၂။       ကျွန်ုပ်တို့နေသောအသက်တာဖြင့် ခရစ်တော်အတွက်ဝေငှနိုင်သည်

တစ်ခါက လူငယ်တစ်ဦးသည် မိမိအသက်တာအကြောင်းနှင့်ပတ်သက်၍ပြောခဲ့သည်မှာ- “ကျွန်ုပ်သည် အဖေနှင့်အမေ၏ အတွေ့အကြုံများကို ကြည့်ရှုလေ့လာသောအခါ ဘုရားသခင်နှင့် တရားအကြောင်းတို့သည် မစပ်ဟပ်သလိုတွေ့ရပါသည်။ ကျွန်ုပ်ကိုချစ်၍ ကောင်းသောပုံနမူနာကို ပြသောပုဂ္ဂိုလ်များနှင့်မဆုံစည်းရပါ။” ကျွန်ုပ်တို့သည် အထူးသဖြင့် ဘုရားသခင်၏ တရားတော်များ အကြောင်းနှင့်ပတ်သက်၍ ဟောပြောပြလျှင် မှန်ကန်သောနည်းလမ်းဖြင့် သက်သေခံရမည်။ ထိုသက် သေခံသောသူသည် ကောင်းသောအရည်အချင်းနှင့်အရည်အသွေးကိုဖေါ်ပြနိုင်ရမည်။ ထို့ကြောင့် အလွန်ခွန်အား တန်ခိုးနှင့်ပြည့်ဝသောတရားဟောချက်သည် အမြဲတမ်းလိုလိုပင် ကျွန်ုပ်တို့၏အသက် တာကိုပြသခြင်းဖြစ်သည်။ လူတစ်ဦးသည် မိမိသက်သေခံနိုင်ရန် ကောင်းသောသက်သေခံပေးခြင်း ဖြစ်ရမည်။ “မယုံကြည်သူလူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင်ကြသည့်အမှုမှာ ဘုရားသခင်ကြည့်ရှု စီရင်တော်မူသောနေ့ရက်၌ သင်တို့၏ကောင်းသောအကျင့်ကို သူတို့သည်ထောက်ရှု၍ ဘုရားသခင်ကို ချီးမွမ်းမည့်အကြောင်း သူတို့ရှေ့၌တင့်အပ်လျောက်ပတ်စွာ ကျင့်နေကြလော့။ ကိုယ့်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်းခံလျှင်အဘယ်မျှလောက်ချီးမွမ်းစရာရှိသနည်း။ ကောင်းမွန်စွာပြု၍ ဆင်းရဲခံ ရသောအခါ သည်းခံလျှင် ဘုရားသခင်ရှေ့တော်၌ ကျေးဇူးရှိ၏။ အကြောင်းမူကား ထိုသို့အလို့ငှါ သင်တို့ကိုခေါ်တော်မူပြီ။ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကို လျှောက် လိုက်စေခြင်းငှါ ပုံသက်သေကို ထားတော်မူပြီ” (၁ပေ ၂း၁၂၊ ၂၀၊ ၂၁)။ ခရစ်တော်သည် လက်ဝါး ကပ်တိုင်ပေါ်၌ နာကျင်ခြင်းဒဏ်ကို ကျွန်ုပ်တို့အတွက်ခံခဲ့ပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ သက်စွန့်ပေးကမ်းခဲ့သောပုံနမူနာကိုတွေ့သိရပါသည်။ ထိုမေတ္တာတော်ဆုကျေးဇူး၏ ရလဒ်မှာ မေတ္တာ နှင့် ပြည့်ဝသောလက်တွေ့လုပ်ရပ်များသည် သူတစ်ပါးအတွက်ဖြစ်ရမည်။ ထိုကဲ့သို့သောဥပမာများ သည် တန်ခိုးခွန်အားပြည့်သောဆွဲဆောင်မှုဖြစ်၍ ခရစ်တော်ထံသို့လူများကိုပို့ဆောင်နိုင်သည်။

၃။       ကျွန်ုပ်တို့တွေးဆသိမြင်သည့်အတိုင်း သူများတို့ကိုခရစ်တော်အကြောင်းဟောပြောသည်

စာတန်နတ်ဆိုးသည် ခရစ်တော်တောတွင်း အစာရှောင်တရားကျင့်သောအခါ ချုံခိုစစ်ပွဲတစ်ခု ကိုရှုံးနိမ့်စွာဖြင့်ဆုတ်ခွါခဲ့ရပါသည်။ ၎င်းတိုက်ပွဲများမှာအစားအစာနှင့်ပတ်သက်သောတိုက်ပွဲ၊ လောက စည်းစိမ်တိုက်ပွဲ၊ ဘုရားသခင်အပေါ်တွင် သံသယရှိစေသောတိုက်ပွဲများဖြစ်သည်။ ခရစ်တော်သည် ထိုတိုက်ပွဲများကို အောင်မြင်စွာတွန်းလှန် တိုက်ခိုက်ခဲ့ပါသည်။ (မဿဲ ၄း၄၊ ၇၊ ၁ဝ)။ ခရစ်တော်သည် စာတန်နတ်ဆိုးကိုအောင်နိုင်ခြင်းမှာ သူ၏စိတ်နှလုံးတွင် ကျမ်းစာ၏ ဖြောင့်မတ်ခြင်းတရားများတို့နှင့် ပြည့်ဝသောကြောင့်ဖြစ်သည်။ ထိုစိတ်စစ်ပွဲသည် ကျမ်းစာ၏ ဖြောင့်မတ်ခြင်းနှင့်တိုက်ခိုက်မှသာ အောင်မြင်နိုင်သည်။ “သူသည် စိတ်ထင်သည့်အတိုင်းဖြစ်၏။ စားသောက်တော့ဟုဆိုသော်လည်း စေတနာစိတ်မရှိ” (သု၊ ၂၃း၇)။ တက်လမ်းရှိသော ခရစ်ယာန်များတို့သည် ကောင်းကင်ခရီးကိုသာ စဉ်းစား၍ မျက်မှောက်ပြုရပါမည်။ ထိုသူတို့သည် ရှင်သန်ထကြွသော အရည်အချင်းနှင့်စူးစိုက်ကာ အားထုတ်လျက်ရှိသည်။ “ဘုရားသခင်၌ အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့၊ တစ်ဖန်ငါဆိုသည် ကား ဝမ်းမြောက်ကြလော့၊ လူအပေါင်းတို့ရှေ့၌ သင်တို့၏ ဖြည်းညင်းခြင်းသဘောကို ထင်ရှားစေ ကြလော့၊ ဘုရားသခင်သည် အနီးအပါး၌ရှိတော်မူ၏။ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းသောအားဖြင့် သင်တို့တောင်းပန်လိုသော အရာများ တို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှ ကြံ၍မမီနိုင်သောဘုရား သခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့စိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်။ ကြွင်းသေး သောစကားဟူမူကား၊ ညီအစ်ကိုတို့၊ အမှန်တရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ် သောအကျင့်ရှိသမျှတို့ကိုလည်းကောင်း၊ ကောင်းမှုတစ်ပါးပါး၊ ကောင်းသောသတင်းတစ်ပါးပါးနှင့်ဆိုင် သောအကျင့်တို့ကိုလည်းကောင်း နှလုံးသွင်းကြလော့။ သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြာမြင့် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့် အတူရှိတော်မူလိမ့်မည်” (ဖိလိပ္ပိ ၄း၄-၉)။ ကျွန်ုပ်တို့၏စိတ်ကို နူးညံ့သိမ်မွေ့မှုပညာပေးဆုံးမသော အခါ ထူးခြားမှုများကို မြင်တွေ့ရပါမည်။ ဘုရားသခင်၏ နှုတ်ထွက်စကားတော်တို့နှင့်ပြည့်ဝလျှင် ဘုရားသခင်၏အသက်တာနှင့် ပြည့်ဝသောအသက်တာကိုသက်သေခံနိုင်လိမ့်မည်။

၄။       ကျွန်ုပ်တို့ထင်မြင်သလို ကျွန်ုပ်တို့ခရစ်တော်ကိုဝေငှပါသည်

ခရစ်တော်၏ကိုယ်စားလှယ်ဖြစ်သကဲ့သို့ ခရစ်ယာန်တို့သည် ကိုယ်ကျင့်တရားကောင်းရှိရ မည်။ အစွန်းထွက် တရားများတို့ကို ရှောင်ရှား၍ အမြင်နှင့်အထင်အတိုင်း မျှတစွာကျင့်သုံးရမည်။ “အထက်ဆိုခဲ့ပြီးသည့်နည်းတူ မိန်းမတို့၊ ကိုယ့်ခင်ပွန်း၏အုပ်ချုပ်ခြင်းကို ဝန်ခံကြလော့။ သို့ပြု၍ နှုတ်ထွက်တရားတော်ကို နားမထောင်သောယောက်ျားအချို့ရှိလျှင် ထိုသူတို့သည် တရားနားမထောင် သော်လည်း သင်တို့၏ ကြောက်ရွံ့ခြင်းနှင့်. စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု၍ မိမိမယား၏ အကျင့်အားဖြင့် သွေးဆောင်လျက်အတူပါမည့်အကြောင်းရှိ၏။ သင်တို့၌ တန်ဆာဆင်ခြင်အမှုကား ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ ဘုရားသခင်၏ ရှေ့မှာအဖိုးများစွာ ထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖေါက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့။ ဘုရားသခင် ကိုကိုးစား၍ သန့်ရှင်းသောမိန်းမတို့သည် ရှေးကထိုသို့ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြ ဟံကိုသခင်ဟုခေါ်ဝေါ်၍ သူ၏စကားကိုနားထောင်သကဲ့သို့၊ ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကိုဝန်ခံကြ ၏” (၁ပေ ၃း၁-၅)။ ရိုးသားယဉ်ကျေးသော အဝတ်နှင့်ဆင်ယင်မှုတို့သည် သဘာဝခရစ်ယာန်အမှတ် အသားဖြစ်၍ ခရစ်တော်၏ ရုပ်လုံးနှင့်အမြဲတစေတူညီသည်။ ထိုကဲ့သို့သောသဏ္ဌာန်ဖြင့် အများလူသူ ရှေ့တွင် ကျွန်ုပ်တို့သည်ခရစ်တော်၏ ရုပ်ပြဖြစ်မည်။

၅။       ကျွန်ုပ်တို့အကျင့်ကောင်းများအားဖြင့်. ခရစ်တော်၏တရားတော်ကိုဝေငှနိုင်သည်

သမိုင်းဆရာကြီးအက်ဒဝက်ဂစ်ဗန်၏ ပြောပြချက်အရ၊ ဗိုလ်ချုပ်ကြီးဂလားရီးယပ်(စ်)ပါရှား တပ်မကြီးကို ဝင်စီးသောအခါ တောက်ပပြောင်လက်သော အိတ်တစ်လုံးသည် ပုလဲများအပြည့်နှင့် လုယူခိုးဝှက်သောရဲဘော်၏ လက်ထဲသို့ရောက်သွားသောအခါ ထိုရဲဘော်သည် အသုံးဝင်သောအိတ် ကိုသွန်၍ အလွန်တန်ဖိုးကြီးသော ပုလဲများတို့ကို လောင်းချလိုက်လေသည်။ လူအများတို့သည် အတု အယောင်စိတ်ဖြင့် ယာယီပျော်မွေ့သာယာစေသောအရာများဖြင့်သာ နှစ်သိမ့်ကြည်နူးစေတတ်သော ကြောင့် တန်ဖိုးကြီး၍ အဖိုးမဖြတ်နိုင်သောပုလဲရတနာတည်းဟူသော ခရစ်တော်ကို စွန့်လွှတ်တတ် ပါ၏။ ထို့ကြောင့် တန်ဖိုးမဖြတ်နိုင်သောပုလဲရတနာသည် လုယူခိုးဝှက်သောရဲဘော်ထက် အခြေအနေ ဆိုးဝါးယိမ်းယိုင်သွားပါသည်။ အနက်မှာ တစ်သက်မက တန်ဖိုးကြီးမားသော ရတနာများတို့သည် လက်ကြားမှစီးဆင်းသွားသော ရေကဲ့သို့ဖြစ်သည်။ မွန်မြတ်သောကယ်တင်ခြင်းရတနာသည်လည်း အလားတူဖြစ်သွားနိုင်သည်။ ကျမ်းစာသတိပေးချက်အရ၊ “လောကကိုလည်းကောင်း၊ လောက၌ရှိ သောအရာများတို့ကိုလည်းကောင်း၊ မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား ခရစ်တော် ကိုချစ်ခြင်းမေတ္တာမရှိ၊ လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိ တပ်မက်ခြင်း၊ လောကစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာ စပ်ဆိုင်ကြ၏။ လောကနှင့်လောကတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင် အလိုတော်နှင့်အညီ ကျင့်သောသူမူကား ထာဝရတည်၏” (၁ကော ၂း၁၅-၁၇)။ စာတန်သည် လုံ့လ ဝီရိယဖြင့်ကြိုးစားကာအပြစ်နှင့်အဆိုးဆုံးအကျင့်စရိုက်များဖြစ်၏။ သေရည်သေရက်များကိုကြော်ငြာ သောအခါ အသက်နုပျို၍ လှပသောသူများ၊ အလုပ်ကြိုးစားသောသူများ၊ အထူးသဖြင့် ပျော်မွေ့ခြင်း နှင့်သာယာခြင်းရှိသောသူများတို့ကို အသုံးပြုတတ်ပါသည်။ ကြော်ငြာများတွင် ကျန်းမာရေးချို့တဲ့ သောသူ၊ အရုပ်ဆိုးအကျည်းတန်သူများဖြင့် သေရည်သေရက် ရောင်းရန်ကြောငြာခြင်းကို ဘယ်သော အခါမျှမပြုခဲ့ပါ။ ကျွန်ုပ်တို့သည် ပေါင်းသင်းဆက်ဆံမိတ်ဆွေဖွဲ့ရာ၌ ကျွန်ုပ်တို့၏ ခရစ်ယာန်ကျင့်စဉ် များ၊ အကျင့်ကောင်းများကိုဘယ်သောအခါမျှမစွန့်လွှတ်ရ။ (၂ကော ၆း၁၄)။ ခရစ်တော်သည် ကျွန်ုပ် တို့အား ခရစ်ယာန်မဟုတ်သောသူများတို့နှင့်မိတ်ဆွေဖွဲ့ ဆက်သွယ်ရန်လိုလားပါသည်။ ရင်းနှီးမှုနှင့် ပေါင်းဖေါ်မှုများတို့သည် ခရစ်တော်အား မိမိယုံကြည်ခြင်းကိုလက်တွေ့ဝေငှသော အခြေခံနည်းလမ်း များဖြစ်ပါသည်။ အစဉ်သတိပြုရမည့် အချက်မှာ သင်၏အပေါင်းအသင်းများတို့သည် အပြစ်လောက သို့ သင့်အားသွေးဆောင်ခေါ်ယူခြင်းမဖြစ်စေရန် ကျွန်ုပ်တို့၏အသက်တာတွင် ပျော်မွေ့မှုကိုရှာရာ၌ ပင် သတိအမြဲရှိရမည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ရေးအသက်တာကို ထိပါးနှောင့်ယှက်နိုင်သော ကြောင့်ဖြစ်သည်။ ထို့ကြောင့် စိတ်၏ပျော်မွေ့မှုကိုဖျော်ဖြေရန်အတွက် အသုံးပြုသောအရာများတို့ကို အထူးသတိဝီရိယဖြင့် ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရမည်။ “အတင်းအကျပ်အမှုအရာကို မျက် မှောက်မပြုပါ။ လမ်းလွဲသောသူ၏အမှုကို ရွံရှာသည်ဖြစ်၍ ငါ၌မမှီမကပ်ရ” (ဆာလံ ၁၀၁း၃)။ ကျွန်ုပ် တို့သည် အကောင်းဆုံးသော ကိုယ်ကျင့်တရားများကို ကျင့်သုံးပါလျှင် အဆိုးဆုံးသောအပြစ်များတို့ကို အောင်နိုင်ပါမည်။ မြင့်မြတ်စင်ကြယ်သောအကျင့် တရားများတို့ကို မိမိတို့၏အိမ်ထောင်စုတိုင်း၌ ကျင့်သုံးလျှင် ကျွန်ုပ်တို့၏အသက်တာသည် ကျဉ်းမြောင်း၍မသွားနိုင်ပါ။ ခရစ်ယာန်ဘာသာဝင်များတို့ သည် မိမိတို့၏အသက်တာကို သူများထက်ပျော်ရွှင်နိုင်ရန်ကျင့်သုံးနိုင်ရမည်။ “အသက်ရှင်ခြင်းလမ်း ကိုပြညွှန်တော်မူလိမ့်မည်။ အထံတော်၌စုံလင်သော ဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်ရွှင်ခြင်းအခွင့်ရှိပါ၏” (ဆာလံ ၁၆း၁၁)။

၆။ ပေးကမ်းစွန့်ကြဲခြင်းဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်၏အဆုံးအမတရားကိုလိုက်နာဝေငှပေးသည်

လူတစ်ဦးကိုနှစ်ခြင်းပေးခါနီးတွင် သူ၏အိတ်၌ မှတ်တမ်းစာအုပ်၊ ငွေအများနှင့်ပြည့်သော

အင်္ကျီအိတ်ကိုတွေ့သောအခါ ဆရာကြီးက သင်၏ငွေများကို အဝတ်အစားလဲသောအခန်း၌ထားရန် သတိပေးလိုက်သောအခါ ထိုပုဂ္ဂိုလ်က “ကျွန်တော်သည် မှတ်တမ်းစာအုပ်နှင့်ငွေများပါ အတူတကွ နှစ်ခြင်းခံယူမည်ဖြစ်ပါသည်။” ထိုသူ၏ရှင်းပြချက်အရ၊ ခရစ်ယာန်တို့၏ ကိုယ်ကျင့်တရားများကို အထူးသဖြင့်ဝေငှပေးကမ်းခြင်းများကိုသိလာသောကြောင့် သူ၌ပါသောဥစ္စာ ပစ္စည်းများကိုပါပေးကမ်း လိုကြောင်းပြောပြပါသည်။ အကြောင်းမှာ “အစွန့်အကြဲခံရခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိသည်” (တမန်တော် ၂၀း၃၅) ဟု သူ၏ ယုံကြည်ချက်ကို ကျွန်ုပ်အား ဝေပေးလိုက်ပါ သည်။

ဘုရားသခင်၏ နိုင်ငံတော်ကိုတည်ဆောက်ရန် တရားသဖြင့် ရှာဖွေစုဆောင်းရရှိသောဥစ္စာ ပစ္စည်းများကို ကိုယ်ရော စိတ်ပါကြည်ဖြူစွာပေးကမ်းခြင်းသည် ထာဝရဘဏ္ဍာကိုဆည်းပူးခြင်းဖြစ်ပါ သည်။ “သံချေးပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖေါက် ခိုးယူရာမြေကြီးပေါ်မှာ ဘဏ္ဍာကိုမဆည်းပူးကြနှင့်။ သံချေးပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖေါက်မခိုးမယူရာကောင်းကင်၌ ဘဏ္ဍာကိုဆည်းပူးကြလော့။ အကြောင်းမူကား အကြင်အရပ်၌ သင်တို့ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက်တတ် ၏” (မဿဲ ၆း၁၉-၂၁)။

သင်ပေးကမ်းသောအခါ သတိပြုရမည့်အချက်မှာ “ထာဝရဘုရားသခင်သည် မြေကြီးနှင့် မြေကြီးတန်ဆာကိုလည်းကောင်း၊ လောကဓါတ်နှင့်လောကသားတို့ကိုလည်းကောင်း ပိုင်တော်မူ၏” (ဆာလံ ၂၄း၁)။ ၎င်းပြင် ငွေနှင့်ရွှေပါသည် (ဟဂဲ ၂း၈)။ ကျွန်ုပ်တို့ကိုဘုရားသခင်က ပိုင်ဆိုင်ကြောင်း၊ ကျွန်ုပ်တို့ကို ဘုရားသခင်ကဖန်ဆင်းကြောင်း၊ ကျွန်ုပ်တို့ကို အပြစ်မှ မိမိ၏အသက်ကိုပေးခြင်းဖြင့် အသွေးတော်အားဖြင့်ဝယ်ယူကာကယ်တင်ကြောင်း (၁ကော ၆း၁၉၊ ၂၀) ကို သိရှိနားလည်ရမည်။ ကျွန်ုပ်တို့မှာရှိသောပစ္စည်းဥစ္စာ၊ ရွှေငွေဘဏ္ဍာအားလုံးကို ပေးသောကြောင့်ဖြစ်သည်။ “စည်းစိမ် ရတတ်သောအစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏” (တရား ၈း၁၈)။ ထို့ကြောင့် ကယ်တင်ရှင် သခင်ခရစ်တော်သည် မိမိကိုယ်ကိုပေးဆပ်အပ်နှံခြင်းအားဖြင့် ဤကယ်တင်ခြင်းတရားတော်ကို လူများတို့အား ပေးဝေရန်ဖိတ်ခေါ်နေပါသည်။ “လူသည် ဘုရားသခင်၏ ဥစ္စာကို လုယူရမည်လော။ သို့သော်လည်း သင်တို့သည် ငါ့ဥစ္စာကိုလုယူကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့လုယူပါသနည်းဟု သင်တို့မေးလျှင် ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ ပူဇော်သကာတို့ကိုလည်းကောင်း လုယူကြပြီ။ သင်တို့သည်ကျိန်ခြင်းဆိုးကျိုးကိုခံရကြ၏။ အကြောင်းမူကား ပြည်သူပြည်သားအပေါင်းတို့သည် ငါ့ဥစ္စာကိုလုယူကြပြီ။ ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍ ငါ့အိမ်တော်၌ စားစရာရှိစေ ခြင်းငှါပြုကြလော့။ ငါသည် မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းချီးမင်္ဂလာကိုအကုန် အစင်သွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်မိန့်တော်မူ၏” (မာလခိ ၃း၈-၁၀)။ ဆယ်ဖို့တစ်ဖို့သည်ကျွန်ုပ်တို့ရရှိသောစီးပွား ဥစ္စာများမှ ဆယ်ပုံတစ်ပုံဖြစ်သည်။ (တရား ၁၄း၂၂။ ကမ္ဘာ ၂၈း၂၂)။ လယ်သမားနှင့် ကုန်သည်များ တို့အတွက် ဝင်ငွေမှကုန်ကျစရိတ်နုတ်ပြီးသောလက်ကျန်ငွေဖြစ်သည်။ လခစားများမှာ လခ၏ဆယ်ပုံ တစ်ပုံဖြစ်သည်။ ဆယ်ဖို့တစ်ဖို့၏ လှူရခြင်းအကြောင်းအရာသည် ဘာသာရေးအကျင့်တရားနှင့် ဝိနည်းပညတ်ချက်များဖြစ်သည်။ အကြောင်းမှာ ဆယ်ဖို့တစ်ဖို့မပေးသောသူသည် ထာဝရဘုရား သခင်၏ဥစ္စာပစ္စည်းကို လုယူသောသူဖြစ်သည်။ ဆယ်ဖို့တစ်ဖို့သည် ဘုရားသခင်နှင့်ဘုရားသခင်၏ လုပ်ငန်းများလုပ်ဆောင်ရန်အတွက်သာ အသုံးပြုရမည် (၁ကော ၉း၁၄)။ ၎င်းပြင် ဤကမ္ဘာပေါ်တွင် သူ၏လုပ်ငန်းနှင့်သူ၏ကြွလာခြင်းအတွက် လုပ်ငန်းပြင်ဆင်မှုဖြစ်သည် (မဿဲ ၂၄း၁၄)။ ခရစ်တော် သည် ဤလောကတွင် လာရောက်နေထိုင်၍ သက်တော်ထင်ရှားစဉ်က ဆယ်ဖို့တစ်ဖို့ပေးခြင်းနှင့် ပတ်သက်သောလုပ်ငန်းကိုမှာ ကြားထောက်ခံခဲ့ပါသည် (မဿဲ ၂၃း၂၃)။ အလှူငွေကို ကျွန်ုပ်တို့သည် မည်မျှပေးလှူရမည်နည်း။ အလှူငွေများသည် အလှူရှင်နှင့်သာသက်ဆိုင်သည်။ သူ၏စိတ်စေတနာ အရ ပေးလှူနိုင်သည် (၂ကော ၁၉း၅-၇)။ ဝေငှပေးကမ်းရာ၌ လူသည် ဘုရားသခင်နှင့်တုပြိုင်၍ မရနိုင်ပါ။ “သူတစ်ပါးအားပေးကမ်းကြလော့၊ ပေးလျှင် သူတစ်ပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ပေးကြလိမ့်မည်။ အကြောင်းမူကား အကြင်ချိန်တင်းပမာဏနှင့် သင်တို့သူတစ်ပါးအားပေး၏။ ထိုပမာဏအတိုင်းကိုယ် ခံရကြမည်” (မဿဲ ၆း၃၈)။ ဆရာကြီးရစ်ချတ်ပြောပြချက်အရ၊ လော့အင်းဂျလစ်မြို့ တစ်နေရာတွင် လောင်းကစားသမားတစ်ဦးသည် ကျွန်ုပ်တို့အစည်းအဝေးသို့တက်ရောက်ရာ သူပြောသောအချက်ကို ကျွန်ုပ်ယနေ့အထိမမေ့နိုင်တော့ပါ။ သူ၏ အိတ်မှငွေထုတ်ကိုဆွဲယူကာ (ဒေါ်လာ ၅ဝဝ) ဒါဟာ ကျွန်တော့်ရဲ့ပထမဆုံးဆယ်ဖို့တစ်ဖို့ပါဟု ပြောပြခဲ့ပါသည်။ ဤလူသည် ကျန်းမာရေးမကောင်းပါ။ ထို့ကြောင့် အလုပ်မလုပ်ဘဲနှင့် နှစ်ပေါင်းသုံးလေးဆယ်ခန့် လောင်းကစားဖြင့်သာ အသက်မွေးဝမ်း ကျောင်းခဲ့ပါသည်။ ယခုလက်ရှိ ငါးဒေါ်လာ၊ ခြောက်ဒေါ်လာခန့်သာကျန်ခဲ့၏။ သူ့အား ခင်ဗျားမည်ကဲ့ သို့စားသောက်မည့်အကြောင်းမေးခဲ့ရာ ကျွန်တော်တော့မသိပါ။ ကျွန်တော်သိတာက ဆယ်ဖို့တစ်ဖို့ ဟာ ဘုရားသခင်ရဲ့ငွေပဲ၊ ဘုရားသခင်ကိုပဲပြန်အပ်ရမယ်။ ဘုရားသခင်သည်ကျွန်ုပ်ကို စောင့်ရှောက် ပါလိမ့်မည်။

ဤလူ၏နောင်တတရားသည် စစ်မှန်သည်ဖြစ်၍ ဘုရားသခင်သူ့ကို ကြည့်ရှုစောင့်ရှောက်ပါ သည်။ သူသည် နှစ်ခြင်းခံ၍ ဝမ်းမြောက်ဝမ်းသာခရစ်ယာန်တစ်ယောက်၏အသက်တာရရှိခဲ့ပါသည်။ ဘုရားသခင်သည်လည်း သူ၏ အသက်တာကိုသူသေသည့်အထိ စောင့်ရှောက်ခဲ့ပါသည်။ ဘုရားသခင် သည် သစ္စာရှိသောယုံကြည်သူများတို့ကို သူဌေးဖြစ်ရန်ကတိမပေးခဲ့ပါ။ သို့ရာတွင် ယုံကြည်သူ တစ်ဦး၏အတွက် လုံလောက်သောမစကူညီခြင်းကတိကို ပေးပါသည်။ ခရစ်တော်သည် ကျွန်ုပ်တို့ အတွက်လိုလေသေးမရှိပေးပါသည်။ သူ့အား ကျွန်ုပ်တို့၏အသက်တာကို လုံးလုံးပေးလှူအပ်နှံပါစို့။ ကျွန်ုပ်တို့နေသောအသက်တာကိုပြခြင်းဖြင့် ခရစ်တော်အကြောင်း၊ တရားကိုမသိသူများနှင့်ပေးဝေနိုင် သောသူ ဖြစ်ပါစေ။ ဘုရားသခင်ကိုကြည်ညိုလေးစားစွာဖြင့် အာရုံပြုပါ။ တရားတော်ကိုစောင့်ပါ။ မိမိ ပိုင်ပစ္စည်းငွေကြေးဥစ္စာကို သူတစ်ပါးအားစွန့်ကြဲပေးကမ်းပါ။ ခရစ်တော်၏တရားတော်မြတ်ကို ရှာဖွေ တွေ့ရှိ၍ အခြားသောသူတို့အား မိမိဝမ်းမြောက်ခြင်းဖြင့်ဝေဖြန့်၍ သူ၏ကျေးဇူးတရား၌တန်ခိုးတော် ကိုချီးမွမ်းနိုင်သောသူဖြစ်ပါစေ။

 

ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၁၇) အဖြေလွှာ

ဝေငှခြင်းဖြင့်ကြီးပွားနိုင်သောသော့ချက်

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။

၁။       ခရစ်တော်၏ယုံကြည်ခြင်းကိုဝေငှခြင်း၊

--------  အားလုံးသောခရစ်ယာန်ကိုဝေငှခြင်းဖြင့်ကြီးပွားစေသည်။

--------  ရွေးချယ်ခြင်းခံရသောကန့်သတ်ထားသည့်ခရစ်ယာန်အတွက်သာဖြစ်သည်။

၂။       ခရစ်တော်၏ အကြောင်းနှင့်ဝေငှရာ အားအပါဆုံးနည်းလမ်းဖြစ်သည်။

--------  သင်နှင့်ဆန့်ကျင်သောသူအား စကားရည်ဖြင့်ငြင်းခုံခြင်းဖြစ်သည်။

--------  ကျွန်ုပ်တို့နေသောအသက်တာဖြင့် ဝေငှခြင်းဖြစ်သည်။

၃။       စုံစမ်းခြင်းအောင်နိုင်ရန် နည်းလမ်းအကောင်းဆုံးဖြစ်သည်။

--------  ကျမ်းစာကိုတတ်ကျွမ်းနားလည်ခြင်းဖြင့်။

--------  လူ၏စိတ်ပိုင်းဆိုင်ရာအတတ်ပညာပုံသေနည်းကိုနားလည်ခြင်းဖြင့်။

၄။       ခရစ်ယာန်တစ်ဦးသည် ခရစ်တော်၏တရားကိုဝေငှနိုင်သည်။

-------- ထူးဆန်းသောအဝတ်ကိုဝတ်ခြင်းဖြင့်ပြည့်စုံသောခရစ်ယာန်အသက်တာကိုဝေငှခြင်း။ --------  ရိုးသားယဉ်ကျေး၍ ကျက်သရေရှိသောဝတ်စားဆင်ယင်မှုဖြင့်။

၅။       ခရစ်ယာန်အနေဖြင့် မိမိအမြင်၊ အလုပ်ကိုလုပ်လျှင်၊

--------  ဝိညာဉ်ရေးအသက်တာကိုထိခိုက်နိုင်သည်။

--------  ခရစ်တော်နှင့်မိတ်သဟာယဖွဲ့ခြင်းကိုလည်းထိပါးနိုင်သည်။

၆။       မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။

--------  ကမ္ဘာကြီးနှင့်ခပ်သိမ်းသောအရာသည် ဘုရားသခင်ပိုင်ဆိုင်သည်။

--------  ကျွန်ုပ်တို့ကိုဖန်ဆင်းသောဘုရားသခင်သည် စီးပွားဥစ္စာကို ရှာဖွေနိုင်သောစွမ်းရည် သတ္တိပေးသည်။

--------  ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေပေးရန် ဘုရားသခင်မှာကြားခဲ့သည်။

--------  ခရစ်တော်သည် ဆယ်ဖို့တစ်ဖို့ကိုပေးအပ်ရန်ထောက်ခံသည်။

--------  ဆယ်ဖို့တစ်ဖို့ပေးခြင်းဖြင့် တရားဟောလုပ်ငန်းကိုလုပ်ဆောင်နိုင်ရန် ဤနည်းလမ်းကို ဘုရားသခင် အသုံးပြုသည်။

--------  အလှူငွေပေးခြင်းသည်လည်း ဧဝံဂေလိတရားကိုကျယ်ပြန့်စေသည်။

 

နှလုံးသားမေးခွန်း

သင်သည် သင်၏အတွေးအခေါ်၊ သင်၏အကျင့်တရား၊ သင်၏အမြင်၊ သင်၏ငွေကြေးကူညီ မစခြင်းဖြင့် ဧဝံဂေလိတရားကို ခရစ်တော်နှင့်တွဲဖက်၍ဝေငှလိုပါသလား။

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------


 


အခန်းကြီး - ၁၈

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၁၈)

ကျန်းမာချမ်းသာခြင်း၏ သော့ချက်ဖြစ်သောအသက်တာ

 

ခေတ်ပြိုင်သုတေသနပြုဆရာကြီးတို့၏ ရှာဖွေတွေ့ရှိသောအမှန်တရားမှာ ကျမ်းစာတွင်းရှိ ပထမဆုံးဖေါ်ပြထားသောအမှန်တရားဖြစ်သည်။ လူ၏စိတ်၊ ကိုယ်ဖွဲ့စည်းပုံအနေအထားအားလုံးတို့ သည် ရောယှက်ညှိတွယ်နေကြောင်း ခရစ်ယာန်ကျမ်းစာအားဖြင့်သိရသည်။ ကျွန်ုပ်တို့ခွဲခြားသတ်မှတ် ထားသောကိုယ်ကာယ၊ စိတ်၏ဝိဥာဏတို့သည် လူတစ်ကိုယ်တည်းအပေါ်တွင် တည်ရှိ၍ တစ်ခုနှင့် တစ်ခုပေါင်းစပ်ဆက်သွယ်ညှိတွယ်ကာ ခွဲခြားစိတ်ဖြာ၍မရပါ။ အကြောင်းမှာ စိတ်ထိခိုက်လျှင် ကိုယ် ကိုထိခိုက်သည်။ ဝိညာဉ်ရေးအခြေအနေသည် ကိုယ်ကာယအခြေအနေကို တုံ့ပြန်ယိမ်းယိုင်စေသည်။ ကိုယ်ကာယသည် တစ်ခုနှင့်တစ်ခုဆက်စပ်မှီတွယ်လိုက်လျှောက်လုပ်ကိုင်မှသာလျှင် ပြည့်စုံသောလူ တစ်ဦးဟုခေါ်တွင်နိုင်သည်။

ပုံပမာအားဖြင့်ပြရသော် သိပ္ပံနည်းဖြင့်သုတေသနပြုသောဆရာကြီးများတို့၏ ကျမ်းတွင် ဝမ်း မြောက်ခြင်း၊ ပျော်ရွှင်ရယ်မောခြင်းများတို့သည် လူ၏ ကိုယ်ကာယအတွင်း ခံနိုင်ရည်အစွမ်းသတ္တိကို ဖေါ်ထုတ်ပေးပါသည်။ ထို့ကြောင့် ဝမ်းမြောက်ခြင်းရှိသောသူသည် မိမိကိုယ်တွင်းရှိရောဂါများကို အလိုအလျောက် တိုက်ထုတ်သတ်ဖြတ်နိုင်၍ ရောဂါကင်းဝေးစွာနေနိုင်ရေးကို ပြုပြင်ဖန်တီးပေးပါ သည်။ ဤလက်တွေ့သုတေသနပြုစမ်းသပ်မှုအရ ကိုယ်နှင့်စိတ်နှစ်မျိုး၏ တွဲဖက်ဆက်စပ်ကူညီပုံကို သိရှိနားလည်နိုင်သည်။ နှစ်ပေါင်းထောင်ပေါင်းများစွာက နှုတ်ထွက်စကားတော်၏သွန်သင် ဆုံးမချက် အရ ထိုညွှန်ပြချက်များကိုလည်း ယနေ့ခေတ်ယနေ့အချိန်အခါ၌ ဆေးသိပ္ပံပညာရှင်တို့သည် သူ၏ ကျန်းမာခြင်းတွင် လက်တွေ့စမ်းသပ်မှုကြီးသည် လက်တွေ့ဟုတ်မှန်သေချာသော နည်းစနစ်အဖြစ် လက်ခံလာပါသည်။ “စိတ်ကိုရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား အရိုး တို့ကိုသွေ့ခြောက်စေတတ်၏” (သု၊ ၁၇း၂၂)။ တမန်တော်ယောဟန်၏ မှတ်ချက်အရ၊ ကျွန်ုပ်တို့၏ ကိုယ်စိတ်နှစ်ပါးတို့သည် ဝိညာဉ်ရေးနှင့်ဆက်စပ်နေကြောင်းကို တင်ပြထားပါသည်။ “အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့ သင်သည် အရာရာ၌ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိ မည်အကြောင်း ငါဆုတောင်း၏” (၃ယော ၂)။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကျန်းမာခြင်း အပြည့်အဝ ခံစားဖို့ရန်အလိုရှိသည်။ ဘုရားသခင်၏နှုတ်ထွက်စကားတော်သည် ကျွန်ုပ်တို့၏ကျန်းမာခြင်းအတွက် ပန်းကလေးပမာ လှပတင့်တယ်စေလိုသည်။ ထိုမှတစ်ဆင့်ထာဝရအသက်ကို ရစေလိုသည်။ ကျွန်ုပ်တို့ ၏ ကျန်းမာခြင်းတွင် စိတ်၊ ကိုယ်၊ ဝိညာဉ်ရေးအားလုံးတို့သည် လက်ယှက်ဒွန်တွဲကာရှိနေကြောင်း ကိုလည်း ပေါလုကသတိပေးခဲ့ပါသည်။ “သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်း ကောင်း မည်သည့်အမှုကိုပြုသော်လည်းကောင်း ဘုရားသခင်၏ ဘုန်းတော်ကိုထောက်၍ ခပ်သိမ်း သောအမှုကိစ္စကိုပြုကြလော့” (၁ကော ၁၀း၃၁)။

ဧဝံဂေလိတရားတော်မြတ်တွင် ကျန်းမာခြင်းနှင့်ဝိညာဉ်ရေးခွန်အားပြန်လည်ပြုပြင်ရှင်သန်နိုး ကြားရန် အလွန်အရေးကြီးပေသည်။ ကျန်းမာချမ်းသာသော အသက်တာဖြင့် အဘက်ဘက်မှခွန်အား နှင့်ပြည့်စုံသော ခရစ်ယာန်တစ်ဦး ဖြစ်လာသည်။ သင်သည် သာ၍ကျန်းမာလိုသော အကျိုးသက် ရောက်မည့် အသက်တာကိုအလိုရှိပါလျှင် အောက်ပါ စည်းကမ်းချက် (၈) ခုကိုအစဉ်သတိပြုရမည်။

၁။       လေသန့်

လေသန့်သည် အလွန်အရေးကြီးသောကျန်းမာခြင်းကဏ္ဍတွင်ပါဝင်ပတ်သက်သည်။ နေ့သော် လည်းကောင်း၊ ညသော်လည်းကောင်း၊ လေကောင်းလေသန့်သည် အိမ်၌သော်လည်းကောင်း၊ အလုပ် နေရာ၌သော်လည်းကောင်း ကိုယ်ကာယတွင်လိုသောလေ၌ရှိသည့်အောက်ဆီဂျင်ဓါတ်ကို ကိုယ်တွင်း ရှိသွေးကြောများတွင် နေရာအနှံ့ ရောက်ရှိရမည်။ အသက်ပြင်းပြင်းရှုရှိုက်ခြင်းအားဖြင့် ကိုယ်ခန္ဓာ အတွင်းရှိအောက်စီဂျင်ဓါတ်ကို သွေးကြောများမှတစ်ဆင့် ရရှိနိုင်သည်။ ထို့ကြောင့် အသက်ရှုသော လေသည် မည်ကဲ့သို့သော လေဖြစ်ကြောင်းအရေးကြီးလှသည်။ အခိုးအငွေ့ရှိသောနေရာကို အထူး သတိပြုပါ။ ဓါတ်ငွေ့ရှိရာနေရာ၊ ပိုးမွှားရှိရာနေရာတို့ကို ရှောင်ရှားပါ။ ဆေးလိပ်သောက်ခြင်းသည် ယခုခေတ်အချိန်အခါတွင် လူကိုသေစေသော လက်နက်ကြီးတစ်ခု ဖြစ်ပါသည်။ သိပ္ပံပညာရှင်များ သုတေသနပြုလုပ်ရာတွင် အဆုတ်ကင်ဆာနှင့် ဆေးလိပ်သောက်ခြင်းတို့သည် ဆက်စပ်နေကြောင်း သိရှိရသည်။ အဆုတ်ပွရောဂါ (အဆုတ်ရေနှင့်ပြည့်ခြင်း) နှင့်နှလုံးရောဂါတို့သည် ဆေးလိပ်သောက် ခြင်းကြောင့်ရရှိသောရောဂါဆိုးများဖြစ်သည်။ ကိုယ်ကာယအတွင်းဆေးလိပ်ကြောင့် နီကိုတင်းအဆိပ် ဓါတ်ရောက်ရှိခြင်းဖြင့် စွဲတတ်သောသဘောသဘာဝရှိသဖြင့် ဆေးလိပ်ဖြတ်ရန်ခက်ခဲလှပေသည်။ ၂၀၂၀ ခုနှစ်တွင်အနည်းဆုံးလူ ၁၂ သန်းသည် ဆေးလိပ်သောက်ခြင်းကြောင့် သေမည်ဟု သိပ္ပံပညာရှင် တို့ တွက်ချက်လေ့လာပါသည်။

၂။       နေအလင်း

နေ၏အလင်းသည် အကျိုးသက်ရောက်မှုအလွန်များလှသည်။

(က)    မိနစ် ၃၀ ခန့်နေ့စဉ်နှင့်အမျှနေနှင့်ထိတွေ့လျှင် “နံနက် (သို့မဟုတ်) ညနေခင်း” ဗိုက်တာမင်ဒီ သည် ကျွန်ုပ်တို့၏ ကိုယ်ကာယကိုပြုပြင်ထုတ်လုပ်နိုင်စွမ်းရှိသည်။ ဗိုက်တာမင်ဒီသည် အရေး ကြီးသောအာဟာရဓါတ် တစ်ခုဖြစ်၍ အရေခွံရှိ ဟိုမုန်းဓါတ်ကိုပြုလုပ်ပေးသည်။ ဗိုက်တာမင်ဒီ သည် ဓါတ်ဆားကိုလည်းကောင်း၊ မီးစုန်းဓါတ်ကိုလည်းကောင်း၊ အရိုး၏မာကြောမှု (တည် ဆောက်မှု) အနေအထားကိုလည်းကောင်းထိန်းသိမ်းပေးသည်။

(ခ)      နေအလင်းသည် ရောဂါပိုးများကို သတ်ပေးသည်။ ဘက်တီးရီးယားပိုးများကိုလည်း ဆေး ကြောသုတ်သင်ပေးသည်။

(ဂ)      နေရောင်သည် သစ်ပင်ဝါးပင်များကို ခွန်အားပေးသည်။ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ကို လည်း ရေနှင့်ကော်စာ များအဖြစ်သို့ပြောင်းလဲပေးသည်။ ဤဓါတ်ပြောင်းဓါတ်လွှဲများတို့သည် မရှိပါက လူသတ္တဝါများနှင့်တိရစ္ဆာန်များတို့သည်ငတ်ပြတ်၍ သေဆုံးနိုင်သည်။

(ဃ)    နေရောင်သည် လူတစ်ယောက်၏ ညတာလုပ်ငန်းအတွက်ညှိပေးနိုင်သည်။ စိတ်ဓါတ်ကျဆင်း ခြင်းအထူးသဖြင့် ရာသီပြောင်းလဲပေးချိန်တွင် လုပ်ဆောင်နိုင်ရန် ညှိပေးသည်။ သတိပေး စကားတစ်ချက်မှာ- နေရောင်သည် လူကိုအန္တရာယ်ပေးနိုင်သည်။ နေရောင်သည် မိမိအရေခွံ ကိုလောင်နိုင်၍ အရေခွံကင်ဆာကိုဖြစ်စေသည်။ အသက်အရွယ်ကိုလည်းအိုစေနိုင်သည်။ မျက်စိကိုလည်း ရောဂါဖြစ်ပွားစေနိုင်သည်။ မျက်စိတိမ်ကိုလည်း နေကြောင့်ဖြစ်ပေါ်စေနိုင် သည်။

၃။       နားနေခြင်း

ကိုယ်ကာယကြီးသည် အနားယူရန်လိုအပ်ပါသည်။ ထိုအနားယူနေသောအချိန်တွင် ကိုယ် တွင်းရှိ ချို့ယွင်းနေသောအင်္ဂါများကိုပြုပြင်ပေးသည်။ ကျွန်ုပ်တို့သည် ပျော်ရွှင်မှုနှင့်နားနေမှုကိုရယူရ မည်။ ကျွန်ုပ်တို့သည် အနားယူရာတွင် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာငြိမ်သက်စွာအနားယူနိုင်မှသာ ပျော်ရွှင် မှုကိုရနိုင်မည်။ ပျော်ရွှင်မှုနှင့်အနားယူမှုသည် အလုပ်နှင့် အိမ်ထောင်ရေးအခက်အခဲများကြောင့် စိတ် သောကကိုယ်သောကဖြစ်ခြင်းကိုပပျောက်စေသည်။ လိုအပ်လျက်ရှိသော နားနေမှုမရှိလျှင် စိတ်သော က ကိုယ်သောကဖြစ်ပေါ်လာစေနိုင်သည်။ ၎င်း၏လက္ခဏာများမှာ စိတ်ဓါတ်ကျဆင်းခြင်း၊ စိတ်တို ခြင်းများဖြစ်သည်။ ထိုကဲ့သို့စိတ်ခံစားရမှုကြောင့် ကိုယ်ကာယကြီးဖျားနာတတ်သည်။ နားနေခြင်း၏ အကောင်းဆုံးအရာတစ်ခုမှာ တစ်ညလုံးငြိမ်သက်စွာ အိပ်စက်အနားယူခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ နားနေခြင်းသည် ဝိညာဉ်ရေးဘက်ထရီဖြည့်သကဲ့သို့ ကျန်းမာခြင်းဘက်ထရီပါပြည့်လာနိုင်ပါသည်။ ခရစ်ယာန်များသည် နေ့စဉ်အချိန်ယူကာ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းကိုပြုလုပ်ခြင်းဖြင့် ကိုယ် ကာယ၏ ချို့ယွင်းချက်တို့ကိုရွှင်လန်းရှင်သန်စေနိုင်သည်။ ကျွန်ုပ်တို့သည်လည်း အလုပ်မှအနားယူရ သောအချိန်ကိုသတိပြုရမည်။ တစ်ပတ်တစ်ခါ နားနေသောနေ့ရက်၊ တစ်နှစ်တစ်ခါအပန်းဖြေ သွား လာခြင်းများပြုရမည်။

၄။       ကိုယ်လက်လေ့ကျင့်ခန်း

ကိုယ်လက်လေ့ကျင့်ခန်းသည် ကျန်းမာခြင်းအတွက်များစွာအရေးကြီးပါသည်။

(က)    ကိုယ်လက်လှုပ်ရှားမှုသည် သွေးသွားလာမှုကိုညီမျှစေသည်။

(ခ)      ကိုယ်လက်လှုပ်ရှားမှုသည် တစ်ကိုယ်လုံးရှိအင်္ဂါများသို့ သွေးရောက်စေ၍ ခြေဖျားလက်ဖျား၊

နားရွက်ဖျားများ ကိုနွေးနွေးထွေးထွေးဖြစ်စေသည်။

(ဂ)      ခြေလက်လှုပ်ရှားမှုများသည် ကိုယ်ကာယအတွင်းတွင် စိတ်ပြေလက်ပျောက်ဖြစ်စေ၍ အသက်တာအကြောင်း နှင့်ပတ်သက်သောခံစားမှုကိုလျော့ပါးစေသည်။ ကိုယ်လက်လှုပ်ရှားမှု သည် စိတ်သောကခံစားမှုကိုသက်သာ ပျောက်ကင်းစေနိုင်သောဆေးတစ်ခုဖြစ်သည်။

(ဃ)    ကိုယ်လက်လှုပ်ရှားမှုသည် ကိုယ်တွင်းရှိလျှပ်စစ်ဓါတ်အားကို မြှင့်တင်ပေး၍ အစွမ်းတန်ခိုးကို ဦးနှောက်နှင့် အာရုံကြောတို့၏ကလာပ်စည်းများထဲသို့ ပို့ပေးသည်။ ကျန်းမာခြင်းနှင့်ခံနိုင်ရည် အားရှိသောအင်္ဂါရပ်များထဲသို့ ခွန်အားတန်ခိုးပေးသည်။ ကိုယ်ကာယသည် သင့်လျော်သော လှုပ်ရှားမှုရရှိလျှင် အတွေးအခေါ်တို့သည်အစွမ်း ထက်လာသည်။

(င)      ကိုယ်ကာယလှုပ်ရှားမှုသည် သင်၏အရည်အသွေးနှင့်ခန္ဓာအချိုးအစားကို လှပတောက်ပြောင် စေသည်။

(စ)      ကိုယ်ကာယလှုပ်ရှားမှုသည် သွားလာလုပ်ကိုင်သောအခါ ခွန်အားတန်ခိုးကိုပေး၍ ကိုယ်ကာ ယနှင့်စိတ်ဓါတ် မောပန်းခြင်းကိုနှောင့်နှေးစေသည်။

(ဆ)    ကိုယ်ကာယလှုပ်ရှားခြင်းသည် ဦးနှောက်အတွင်းရှိ ဓါတ်သတ္တုများကိုပြုလုပ်ပေး၍ သင်၏ ကိုယ်ကာယကျန်းမာခြင်းနှင့်နာကျင်ခြင်းခံနိုင်ရည်ကိုပေးသည်။

သင်သည် ကိုယ်လက်လှုပ်ရှားမှုကိုအမြဲလုပ်ပေးလျှင် ယခုမှစ၍ တဖြည်းဖြည်းပြုလုပ်ကာ သင်၏ခံနိုင်ရည်သည်လည်း ဖြည်းဖြည်းတိုးလာမည်။ အကောင်းဆုံးမှာ ကိုယ်လက်လှုပ်ရှားမှုကိုမစမီ သင်၏ဆရာဝန်နှင့်တိုင်ပင်ပါ။ သင်၏ပန်းတုံးတိုင်အတွက် မည်ကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုမျိုး မဆို အောက်ပါအတိုင်းအတာနှင့်လျော်ညီသော လမ်းလျှောက်လျှင် တစ်မိုင်ကို (၁၅) မိနစ်အတွင်း တစ်ပတ်လျှင် (၄) ကြိမ်၊ (၅) ကြိမ်လေ့ကျင့်ပါ။

၅။       ရေ

ကိုယ်တွင်ရှိသောကလာပ်စည်းများတို့သည် ရေမရှိမဖြစ်သောကြောင့် ရေကိုများများသောက် ရမည်။

(က)    ကိုယ်အလေးချိန်အားဖြင့် ရာခိုင်နှုန်း ၇၀% သည်ရေဖြစ်သည်။

(ခ)      ကိုယ်ကာယသည် ကိုယ်တွင်းရှိအင်္ဂါရပ်များမှန်တမ်းအလုပ်လုပ်နိုင်ရန် ရေ ၂ ကွတ်လိုသည်။ အရေးကြီးသော လုပ်ငန်းကြီးများမှာ သွေးသွားလာမှု၊ မစင်ထုတ်မှု၊ အစားအစာသယ်ဆောင်မှု နှင့် အစာခြေမှုများဖြစ်သည်။

(ဂ)      ပျမ်းမျှခြင်းအားဖြင့် ဦးနှောက်ထဲတွင် ကလာပ်စည်းပေါင်း ၁၅ မှ ၄၀ ဘီလီယံအထိဦးနှောက် ကလာပ်စည်းများရှိသည်။ ၎င်းကလာပ်စည်းတစ်ခုထဲတွင် ရာခိုင်နှုန်း ၇ဝ% မှ ၈၅% အထိရေ ဖြစ်သည်။ ထိုကလာပ်စည်းတွင် လိုလျက်ရှိသောရေအချိန်မှန်ရှိလျှင် သင်၏ အတွေးအခေါ်

သည် နိုးနိုးကြားကြားရှိသည်။ စိတ်ဓါတ်ကျမှုနှင့် စိတ်တိုမှုများကိုကာကွယ်ပေးသည်။

(ဃ)    သင်သောက်သောရေသည် အရေးကြီးရုံမျှမကဘဲ ရေချိုးသောအခါ အေးသော်လည်းကောင်း၊ ပူနွေးသော်လည်းကောင်း သွေးသွားလာမှုကိုပြုပြင်ပေးသည်။ ထို့ကြောင့် ကိုယ်စိတ်နှစ်ဖြာကို ခွန်အားပြည့်တည်းစေသည်။ ရေချိုးပေးခြင်းသည် လျော့တင်းနေသော အာရုံကြောများကို ပြန်လည်ချိန်ဆညှိနှိုင်းပေးသည်။ သို့မဟုတ်လျှင် ၎င်းချို့ယွင်းချက်ကြောင့် ရောဂါစွဲကပ်လာ ကာ ခံနိုင်ရည်အားကို ပျော့ညံ့စေသည်။ ရေချိုးပေးခြင်းသည် ကိုယ်အရေပြားပေါ်ရှိအညစ် အကြေး များကိုပယ်ရှား၍ ကိုယ်ပူခြင်းကိုလည်းလျော့နည်းစေသည်။

၆။       သင့်လျော်သောအစာအာဟာရ

ဖန်ဆင်းစအချိန်က ဘုရားသခင်သည် အာဒံနှင့်ဧဝအတွက်စားသောက်ရန် အဆီအနှစ်ရှိသော သစ်သီး၊ ဆန်စပါးနှင့်အသီးအနှံကိုပေးခဲ့သည် (ကမ္ဘာ ၁း၂၉)။ အာဒံနှင့်ဧဝအပြစ်ပြုလုပ်ပြီးသောအခါ အာဒံနှင့်ဧဝအတွက် ဟင်းသီးဟင်းရွက်ကို အစာအဖြစ်ထပ်မံပေးခဲ့သည် (ကမ္ဘာ ၃း၁၈)။ ရေလွှမ်းမိုး ခြင်းပြီးဆုံးသောအခါ ဖန်ဆင်းရှင်သည် ထပ်မံ၍သန့်ရှင်းသောသားငါးတို့ကို အစာအဖြစ်ပေးခဲ့သည်။ (ကမ္ဘာ ၇း၂၊ ၃။ ၉း၁-၆)။ တိရစ္ဆာန်၏ အသားတွင် အဆီခဲနှင့်ခဲတတ်သောအဆီများပါဝင်သည်။ ထိုအဆီများသည် သွေးတိုးရောဂါ၊ လေငန်းရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်ရောဂါ၊ ဆီးချိုရောဂါနှင့် အခြားရောဂါများပါဝင်တတ်သည်။ ယနေ့ခေတ်အချိန်၌ ဆရာဝန်ကြီးများတို့သည် အသားသုံးဆောင်သောသူများတို့အား အဆီမပါသောအသား၊ ကောင်းမွန်စွာချက်ပြုတ် သောအသား နှင့်ငါးတို့ကိုခြိုးခြံ၍ စားသုံးရန်အကြံပြုခဲ့သည်။ အကြောင်းမှာ သက်သတ်လွတ်အစာစားသောသူတို့ သည် ပိုမိုကျန်းမာ၍ ပိုမိုအသက်ရှည်သည်။ အစာနှင့်ကျန်းမာခြင်းဆိုင်ရာပါရဂူဆရာကြီးများတို့သည် လူ၏မူရင်း အစာဖြစ်သောအဆီရှိသောသစ်သီးများ၊ ဆန်စပါးများ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက် များစားသုံးရန် တိုက်တွန်းပါသည်။ သင်သည် သက်သတ်လွတ်အစာသို့ စားသုံးရန်ကြံစည်ပါလျှင် သင့်တော်ညီမျှသော စားသုံးမှုကို မည်ကဲ့သို့ ပြင်ဆင်ရန်နားလည်သဘောပေါက်ရန် လိုပေမည်။ ဟင်းခွက်ငယ်ဖြင့် သစ်သီးဝလံများတစ်ခွက်၊ အဆီရှိသောသစ်သီး သစ်ဥများတစ်ခွက်၊ ဆန်စပါး တစ်ခွက်၊ ပဲများတစ်ခွက်၊ ဟင်းသီးဟင်းရွက်များတစ်ခွက်လိုပေမည်။ ဟင်းသီးဟင်းရွက်များ အဝါနှင့် အစိမ်းရော၍ ချဉ်ချိုသောသစ်သီးများအထူးအရေးကြီးပေသည်။ ဆန်၊ ဂျုံလုံးတီးအမှုန့်များကို အသုံး ပြုပါ။ ၎င်းကော်စာများပါသောဆန်၊ ဂျုံနှင့်အခြားအနှံများဖြစ်သောအရာများကို ဟင်းလွတ်တစ်ခွက် ထက်မကလိုပေမည်။ တိရစ္ဆာန်အဆီများနေရာတွင် သစ်သီးများမှလာသော ထောပတ်နှင့်ဆီများကို အစားထိုးပါ။ သင်သည် နို့ကိုအသုံးပြုလျှင် အသားသုံးရန်မလိုပါ။ အသားကြိုက်နှစ်သက်တတ်သော သူအတွက် ကျမ်းစာသတ်မှတ်ထားသောသန့်ရှင်း၍ လူနှင့် သင့်တော်သည့်အသားကိုသာ စားပါ။ ဘုရားသခင်သည် ရေလွှမ်းမိုးခြင်းပြီးသည့်နောက်ပိုင်း အသားစားခွင့်ပြုသည်။ (ကမ္ဘာ ၇း၂၊ ၃။ ဝတ်ပြု ၁၁း၄၇)။ ဘုရားသခင်သည် သန့်ရှင်းသောအသားငါး၊ မသန့်ရှင်းသောအသားငါးဟု သတ်မှတ်ခွဲခြား ထားသည်။ ဝတ်ပြုရာကျမ်းအခန်းကြီး ၁၁ နှင့်တရားဟောရာကျမ်းအခန်းကြီး ၁၄ တွင်သတ်မှတ်ထား သော ငှက်၊ တိရစ္ဆာန်၊ ငါးတို့သည် လူစားရန် မသင့်တော်ကြောင်းပြထားသည်။ ထိုကျမ်းချက်အရ၊ သန့်ရှင်းသောသတ္တဝါသည် ခွါကွဲ၍စားမြုံ့ပြန်ရမည်၊ သန့်ရှင်းသောငါးသည် အကြေးနှင့်အယပ်ရှိရ မည်။ အသေကောင်အသားများကို စားသောငှက်များကို တားမြစ်ထားသည်။ မသန့်ရှင်းသောတိရစ္ဆာန် တွင် ဝက်သားမစားရန်တားမြစ်ထားသည် (တရား ၁၄း၈)။ ၎င်းအသားစားသောသူများတို့၏ ကိုယ်ကို စစ်ဆေးသောအခါ ထရေးချနိုး (ခေါ်) ဆိုးရွားသော ပိုးများစွဲကပ်နေကြောင်း သိရသည်။ ၎င်းပိုးများ သည်သေးငယ်၍ ဝက်သားစားသူများသို့ တစ်ဆင့်ကူးစက်သည်။ ဘုရားသခင်သည် မသန့်ရှင်းသော အသားဟုသတ်မှတ်ရာတွင် ၎င်းအသားများတွင် ရောဂါပိုးနှင့်ပြည့်ဝသောကြောင့် ဖြစ်မည်။ နောက် တစ်ချက်မှာ မပျော်ဆီ (အဆီခဲ) များသည် အစာခြေရန်ခက်ခဲသောကြောင့်ဖြစ်မည်။

၇။       အန္တရာယ်ဖြစ်စေသောအာဟာရများကိုရှောင်ပါ

ကျမ်းစာ၏သတိပေးချက်တွင် သေရည်သေရက်အကြောင်းနှင့် မည်ကဲ့သို့ဖေါ်ပြထားသနည်း။ “စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည်သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကိုဖြစ်စေတတ် ၏။ ထိုသို့သောအားဖြင့်. မှားယွင်းသော သူသည်ပညာမရှိ (သု၊ ၂၀း၁)။ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘ လွန်ကျူးသောသူ၊ သေရည်သေရက်နှင့်လွန်ကျူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူ သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကိုအမွေမခံရကြ” (၁ကော ၆း၁၄)။ သေရည်သေရက်သည် အောက်ပါကိုယ်အင်္ဂါအစိတ်အပိုင်းများကိုထိခိုက်ဖျက်ဆီးသည်။

(က)    ခံနိုင်ရည်အားကိုဖျက်ဆီးသည်။ အရက်သည် သွေးဖြူကလာပ်စည်းများကို နည်းသွားစေ၍ ရောဂါကိုဖျက်နိုင်သော စွမ်းရည်သတ္တိနည်းသွားစေသည်။ ထို့ကြောင့် အဆုတ်ရောဂါ၊ အအေး မိရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာပေါင်းစုံဖြစ်ပေါ်လာစေသည်။

(ခ)      အကျိတ်များတို့၏ လုပ်ကိုင်မှုခွန်အားကိုထိခိုက်သည်။ တစ်ရက်လျှင်တစ်ခါနှစ်ခါသောက်ခြင်း ဖြင့် ကလေးပျက်ကျတတ်သည်။ ကလေးအသေမွေးတတ်သည်။ ရက်မစေ့သောကလေးမွေး သည်။

(ဂ)      သွေးကြောများကို ထိခိုက်သည်။ နှလုံးသွေးကြောရောဂါ၊ သွေးတွင်းရှိအချို့သော ဓါတ်ကို လျော့နည်းစေသည်။ သွေးတွင်းရှိ အဆီကိုများစေသည်။ သွေးတိုးဖြစ်စေသည်။ ထို့ကြောင့် သွေးတိုးရောဂါနှင့်ပတ်သက်၍ ရောဂါများ ရရှိတတ်သည်။

(ဃ)    အစာအိမ်ရောဂါဖြစ်စေသည်။ အရက်သည် အစာအိမ်အတွင်းရှိနံရံများကိုနာစေခြင်း၊ အစာ အိမ်ရောဂါနှင့် အစာချဉ်ရောဂါဖြစ်စေ၍ အစာအိမ်အတွင်းသွေးထွက်စေသည်။ အမြဲတမ်း သောက်စားတတ်သူသည် အသည်းအဆီဖုံးခြင်း၊ ကျောက်ကပ်ရောဂါနှင့် အသည်းခြောက် ရောဂါများဖြစ်လာနိုင်သည်။ အရက်သည် သေကြောင်းကြံမှုကိုသော်လည်းကောင်း၊ ကား တိုက်မှုကိုသော်လည်းကောင်း၊ ကလေးသူငယ်များကို ကြမ်းတမ်းရက်စက်စွာဆုံးမခြင်းသော် လည်းကောင်း၊ မိသားစုအိမ်ထောင်သားများတွင် အကြမ်းဖက်မှုသော်လည်းကောင်း ဖြစ်စေ သည်။

၈။       ဘုရားသခင်၏တန်ခိုးတော်ကိုကိုးစားပါ

လူတစ်ယောက်သည် မိမိ၏အပြစ်နှင့် အပြစ်၏ရလဒ်ဖြစ်သော ကြောက်ရွံ့ခြင်းများကြောင့် သူပြောပြခဲ့သော ကျန်းမာခြင်းကျင့်စဉ်များကို လိုက်လျှောက်နိုင်မည်မဟုတ်ပါ။ သို့ရာတွင် ဘုရား သခင်ကိုယုံကြည်ခြင်းဖြင့် ကိုးစားသော သူသည် စိတ်သက်သာချမ်းသာမှုကို နောက်ဆုံးတွင်ရရှိမည်။ “အိုငါ့ဝိညာဉ်၊ ထာဝရဘုရားသခင်ကိုကောင်းချီးပေးလော့၊ ကျေးဇူးတော်အပေါင်းကိုမမေ့လျော့နှင့်။ သင်၏အပြစ်အလုံးစုံတို့ကိုဖြေလွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်ကင်းစေတော်မူ ၏။ သင်၏ အသက်ကိုဖျက်ဆီးခြင်းထဲကရွေး၍ ကျေးဇူးတော်ကရုဏာတော်များဖြင့် သင်၏ခေါင်း ကိုပတ်ရစ်တော်မူ၏” (ဆာလံ ၁၀၃း၂-၄)။ ဒေးဗစ်လာစင်သည်အမျိုးသားစိတ်ရောဂါဆေးရုံတွင် အကြံပေးအရာရှိကြီးဖြစ်၍ ကျန်းမာခြင်းနှင့်ဘာသာရေးပတ်သက်ဆက်နွှယ်မှုများကို အထူးလေ့လာ သူဖြစ်သည်။ သူ၏လေ့လာချက်အရ ခရစ်ယာန်၏ ယုံကြည်အပ်နှံမှုနှင့်ကျန်းမာခြင်းသည် ဆက်နွှယ် နေကြောင်းပြထားသည်။ မိမိလေ့လာချက်ကိုအံ့သြစွာသိရသည်မှာ- ဘုရားကျောင်းမှန်မှန်တက်သော သူနှင့်မတက်သောသူတို့မှာ နှလုံးရောဂါ၊ သွေးကြောရောဂါ၊ သွေးတိုးရောဂါနှင့် အခြားရောဂါများ ကွာခြားပုံကိုသိရသည်။ ဘုရားကျောင်းမှန်မှန်တက်သောသူသည် အသက်ရှည်ရှည်နေရ၏။ ဘုရား ကျောင်းမှန်မှန်မတက်သောသူသည် အသက်တိုကြောင်းကို ခွဲခြားသိရှိရသည်။ ဘုရားကျောင်းမတက် သောသူသည် စိတ်ဓါတ်ကျခြင်း၊ အရက်သောက်ခြင်း၊ ထောင်နှုတ်ခမ်းပေါ်လျှောက်ခြင်းနှင့် အိမ် ထောင်ရေးသာယာမှုမရှိကြောင်းသိခဲ့ရသည်။ ဘုရားသခင်၏တန်ခိုးတော်ကို ယုံကြည်ကိုးစားခြင်း သည် ကျန်းမာခြင်း၏အဓိကသော့ချက်ဖြစ်၍ ကျန်းမာခြင်းနှင့် ဝမ်းမြောက်ခြင်းအသက်တာကိုပေး၏။

လူပေါင်းငါးသောင်းခန့် သတ္တမနေ့အသင်းသားများတို့ကို လေ့လာသောအခါ နှစ်ပေါင်းသုံး ဆယ်အတွင်း အမေရိကန်ကာလီဖိုးနီးယားပြည်နယ်တွင် အောက်ပါအဖြေကိုရခဲ့ပါသည်။ အဖြေမှန် တွေ့ရှိရသည်မှာ- အမျိုးသမီးတို့၏သက်တမ်းသည် အမျိုးသားတို့ထက် ၈.၉ နှစ်အသက်ရှည်ခဲ့သည်။ အမျိုးသမီးတို့မှာ− ၇.၅ သာမန်ရှိလူဦးရေထက် အသက်ရှည်ခဲ့သည်။ အခြားတိုင်းပြည်တွင်ရှိသော သတ္တမနေ့ဥပုသ်အသင်းသားများကိုလေ့လာသောအခါ ဥပမာ- ဟော်လန်၊ နော်ဝေး၊ ပိုလန်၊ အမေရိ ကန်ရှိအလားတူအဖြေကိုရရှိခဲ့သည်။

ဤစာလမ်းညွှန်ပါ ကျန်းမာခြင်းစည်းကမ်းနည်းလမ်းများကိုလိုက် လျှောက်ကျင့်စောင့်သော သူတို့သည် ပို၍အသက်ရှည်ရုံမျှမက ကျန်းမာခြင်းအဆင့်အတန်းမြင့်မားပါသည်။ ကျမ်းစာ၏ အမြင် ကို ဖေါ်ပြရလျှင် ကျွန်ုပ်တို့၏ အသက်တာသည် သူများတို့နှင့်ထူးခြားကွာခြား၍ ဤသာဓကများသည် လက်တွေ့ကျင့်သုံးသော ခရစ်ယာန်ဘာသာတွင် အကောင်းဆုံးယုံကြည်လောက်သည့် အသက်တာ လမ်းသစ်ပြသည်။ စိတ်နှင့်ကိုယ် နီးကပ်စွာယှဉ်တွဲနေသောကြောင့် နှုတ်ထွက်စကားတော်အတိုင်း အသက်ရှင်သောသူများ ကျန်းမာခြင်းစည်းကမ်းနည်းလမ်းများကို လိုက်လျှောက်လိုမည်။ သူတို့သည် ဒုတိယကြွလာခြင်းကို ပြင်ဆင်စောင့်ဆိုင်းနေရုံမျှမကဘဲ (၁ယော ၃း၁-၃) ဘုရားသခင်စီမံထားသော အခြေခံကျန်းမာခြင်းစည်းကမ်းများကို လိုက်လျှောက်ကာ ဘုရားသခင်နှင့်တွဲဖက်ကာ ကျင့်သုံးနိုင် မည်။ ခရစ်တော်၏ကတိတော်မှာ မကောင်းသောအကျင့်ဓလေ့များအတွက် သူ၏တန်ခိုးခွန်အားကို ပေး၍ (ဧဖက် ၃း၂ဝ) အောင်နိုင်သောအခွင့်ကို ပေးတော်မူသည်။ သင်သည် ကိုယ်ကာယပျက်စီးစေ သောအကျင့်ဓလေ့များကို အောင်နိုင်ရန် ကြိုးစားလျှင် အကျိုးမရှိချေ။ သို့ရာတွင် ဘုရားသခင်၏ တန်ခိုးဖြင့် ပူးတွဲလုပ်ဆောင်ပါက အောင်နိုင်ခြင်းခွန်အားကိုရမည်။ နှုတ်ထွက်တရားတော်အရ ငါ သည်ခရစ်တော်အားဖြင့် ခပ်သိမ်းသောအရာကိုအောင်နိုင်သည်ဟုလာသည် (ဖိလိပ္ပိ ၄း၁၃)။

 

ရှာဖွေတွေ့ရှိခြင်းလမ်းညွှန် (၁၈) အဖြေလွှာ

ကျန်းမာချမ်းသာခြင်း၏သော့ချက်ဖြစ်သောအသက်တာ

အမှန် (သို့မဟုတ်) အမှားအဖြေမှန်တစ်ခုကိုစက်ဝိုင်းခတ်ပါ။

၁။       မှန်-မှား           ကိုယ်ကာယကျန်းမာခြင်းနှင့် ဝိညာဉ်ရေးကောင်းစားခြင်းသည် ယှဉ်တွဲနေ

သည်။

မှန်–မှား          ဧဝံဂေလိတရားတွင် ကိုယ်ကာယနှင့်ဝိညာဉ်ရေး ပြန်လည်ပြုပြင်ပြောင်းလဲ ခြင်းပါရှိသည်။

မှန် − မှား        ဘုရားသခင်သည် ကျွန်ုပ်တို့ကျန်းမာခြင်းအပြည့်အဝရရှိရန်လိုလားသည်။

၂။       မှန် – မှား        ဆေးလိပ်သောက်ခြင်းသည် လေကို ညစ်ညမ်းစေ၍ ယနေ့အချိန်အခါတွင်

လူသတ်သမားအကြီးဆုံးဖြစ်သည်။

၃။       မှန် − မှား        နေအလင်းသည်ကိုယ်ကာယတွင်ဗိုက်တာမင်စီပြုလုပ်ပေးသည်။

၄။       မှန် - မှား         ကိုယ်ကာယလေ့ကျင့်ခန်းသည် အသက် ၅၅ နှစ်အောက်အတွက်သာ အကျိုး

ရှိသည်။

၅။       မှန် − မှား        ကိုယ်ကာယထဲတွင် ရေ ၂ ကွတ်နေ့စဉ်လိုသည်။

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။

၆။       ဖန်ဆင်းခြင်းပြီးသောအခါတွင် အောက်ပါအစားအစာများကိုပေးသည်။

-------   အဆီရှိသောအသီး၊ အဥ၊ အနှံ၊ သစ်သီး။

-------   အသားနှင့်ဟင်းသီးဟင်းရွက်များ။

သန့်ရှင်းသောအသားကိုနောက်ထပ်၍ လူ၏အစာအတွက်ပေးသည်။

-------   အာဒံနှင့်ဧဝအပြစ်လုပ်ပြီးခဲ့သည့်အချိန်။

-------   ရေလွှမ်းမိုးပြီးသည့်အချိန်။

ဘုရားသခင်သည် မသန့်ရှင်းသောသတ္တဝါများကိုမစားရဟုတားမြစ်သည်။

-------   သူတို့၏အသားသည် အန္တရာယ်ရှိသည်။

-------   စတိအဖြစ် နောင်တတရားကိုလက်ခံခြင်း။

၇။       သေရည်သေရက်ကိုသောက်သုံးခြင်းဖြင့်၊

-------   ကိုယ်ခံအားကိုထိခိုက်သည်။ အရေးကြီးသောအကျိတ်များကိုထိခိုက်သည်။ သွေးသွား လာမှုနှင့် အစာအိမ်ကိုထိခိုက်သည်။

-------   ကျမ်းစာကပြုလုပ်ရန်အားပေးသည်။

၈။       ကျန်းမာခြင်း၏ စည်းကမ်းများကိုလိုက်လျှောက်သောသူသည်၊

-------   အသက်ရှစ်နှစ်၊ လူအများစုထက်အသက်ရှည်သည်။

-------   အသက်ပို၍မရှည်ပါ။ သို့ရာတွင် ပို၍ကျန်းမာပျော်ရွှင်သောအသက်တာရှိသည်။

ခရစ်တော်သည်စိတ်ပါဝင်စားသည်။

-------   သူ၏ကြွလာခြင်းသည် ကျွန်ုပ်တို့နှင့်တွေ့ ဆုံရန်အတွက်သာဖြစ်သည်။

-------   လက်ရှိအသက်တာကို ပြုပြင်ပြောင်းလဲပေးရန်နှင့် ကြွလာသောအခါအဆင်သင့်ရှိရန် ဖြစ်သည်။

 

ဆုတောင်းရန်တောင်းဆိုခြင်း

မကောင်းသောအကျင့်ဓလေ့များမှကယ်တင်ရန် ခရစ်တော်ကတိပေးသည်။ သင်၏သောက် စားခြင်းအတွက် ကူညီခြင်းလိုလျှင် (သို့မဟုတ်) ဆေးလိပ်သောက်ခြင်းအကျင့်ကို အောင်မြင်လိုလျှင် (သို့မဟုတ်) အသက်တာ၏ အခက်အခဲများအတွက် ဖြေရှင်းပေးရန်လိုလျှင် ကျွန်ုပ်တို့ဆီသို့စာရေး အကြောင်းကြားပါ။ ကျွန်ုပ်တို့သည် ခရစ်တော်ကူညီမစရန်နှင့် သင့်အားကူညီရန်ဆုတောင်းပေးပါ မည်။

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------



 

 

အခန်းကြီး - ၁၉

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၁၉)

ခရစ်ယာန်၏ ဘဝအသက်တာသို့ဝင်လာခြင်း

 

အလွန်စိတ်ပါဝင်စားဖွယ်ကောင်းသော စာတစ်စောင်ကို အာဖရိကရှိကျမ်းစာကျောင်းတစ် ကျောင်းမှာရရှိခဲ့ပါသည်။ လွန်ခဲ့သောငါးနှစ်အချိန်အခါက ဗျာဒိတ်တော်အသံဌာနမှ သင်တန်းသား အဖြစ် အကျဉ်းသားတစ်ဦးသည် လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ ထို့ကြောင့်ကျွန်ုပ်သည် ထောင်အာဏာပိုင်များထံသို့ အခွင့်အမိန့်တောင်းသောအခါ ကောင်းမွန်စွာရရှိခဲ့ပါသည်။ ဤထောင် သားသည် ကျမ်းစာကိုအထူးလေ့လာလိုသောကြောင့် သူ့ထံသို့ ကျွန်ုပ်မှန်မှန်သွားခဲ့ပါသည်။ ဤကဲ့သို့ ခြောက်လခန့်လည်ပတ်ခဲ့ပြီးနောက် ဤအကျဉ်းသားသည်နှစ်ခြင်းခံရန် တောင်းဆိုခဲ့ပါသည်။ ထောင် မှူးနှင့်အခြားအကျဉ်းသားများတို့သည် တက်ရောက်အားပေးကြပါသည်။ ဤနှစ်ခြင်းခံပွဲတွင် ကျွန်ုပ် အတွက်အထူးစိတ်လှုပ်ရှားစေသောဖြစ်ရပ်တစ်ခုကျွန်ုပ်အသက်တာတွင်တွေ့ခဲ့ရပါသည်။များမကြာမီ မှာပင် ထောင်မှလွှတ်ခဲ့ပါသည်။ သူသည်ထောင်တွင် အချိန်တော်တော်များများနေရမည်ဖြစ်သော် လည်း စောလျင်စွာလွှတ်ခဲ့ကြောင်းကိုမေးခဲ့သောအခါ သူ၏သက်သေခံချက်မှာ သူသည်နှစ်ခြင်းခံပြီး သည့်နောက်ပိုင်းတွင် ထောင်သားရှိသမျှတို့ကို တရားဟောပြောသက်သေခံရာတွင် ထူးချွန်သော ကြောင့်ဖြစ်သဖြင့် သူ့ကိုအချိန်တိုတိုအတွင်းတွင် ထောင်မှလွှတ်ခဲ့ပါသည်။ ဤထောင်သားကြီးသည် ထောင်မှလွှတ်၍ မိမိ၏မိသားစုများနှင့်အတူတကွနေပြီး ကျွန်တော်တို့၏ ခရစ်ယာန် သာသနာ ကျောင်းကြီးတစ်ခုတွင် အသင်းတော်လုပ်ငန်းနှင့်ပတ်သက်၍ တာဝန်ရှိပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်ခဲ့ပါ သည်။

၁။       နှစ်ခြင်းဆိုသည်မှာမည်သည့်အနက်ရှိပါသနည်း

ဤအကျဉ်းသားကြီးသည်နှစ်ခြင်းခံပြီးသည့်နောက်ပိုင်းတွင် အသက်တာလုံးလုံးပြောင်းလဲခဲ့ပါ သည်။ သူသည် နှစ်ခြင်းခံခြင်းကိုအရေးကြီးကြောင်း မည်ကဲ့သို့ယူဆပါသနည်း။ ခရစ်တော်ထံသို့ည အချိန်တွင် ရပ်ကွက်လူကြီးတစ်ဦးသည်လာ၍ မေးမြန်းပြီးသည်နောက်ပိုင်းတွင် ခရစ်တော်က နှစ်ခြင်း သည် အရေးကြီးကြောင်း၊ အနက်လေးနက်ကြောင်းကို ပြတ်သားစွာပြောပြခဲ့သည်။ “ယေရှုက ဒုတိယ မွေးခြင်းကိုမခံသောသူမည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်ရဟု ငါအမှန်အကန်ဆိုသည် ဟု ပြန်၍မိန့်တော်မူ၏။ ယေရှုကလည်း ရေနှင့်ဝိညာဉ်တော်မမွေးသောသူ မည်သည်ကား ဘုရားသခင် ၏ နိုင်ငံတော်သို့မဝင်ရဟု ငါအမှန်အကန်ဆို၏” (ယောဟန် ၃း၃၊ ၅)။ ထို့ကြောင့် ခရစ်တော်၏ ရှင်းပြချက်အရ၊ ကျွန်ုပ်တို့သည်ရေဖြင့်သော်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်သော်လည်းကောင်း မွေး ခြင်းကိုခံရမည်။ ဝိညာဉ်တော်မွေးဖွားခြင်းဆိုသည်မှာ အသစ်သောဘဝနှင့်အသက်တာသို့ရွှေ့ ပြောင်း နေထိုင်ခြင်းနှင့် စိတ်နှလုံးပြောင်းလဲခြင်းဖြစ်သည်။ ခရစ်တော်၏ နိုင်ငံတော်သို့ဝင်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့သည်အသစ်သောဘဝ အသက်တာ၌နေခြင်း (သို့တည်းမဟုတ်) ပြုပြင်ထားသောခရစ်ယာန် ၏ အသက်တာဟောင်း၊ ထိုအသက်တာကို အသစ်သောအသက်တာဟုခေါ်သည်။ ရေ၌နှစ်ခြင်း၏ အနက်မှာ အပြစ်ဘဝ၏အသက်တာကိုဖေါ်ထုတ်၍ ရေဖြင့်နှစ်ခြင်းခံခြင်းသည် အပြင်ကိုယ်ကာယ၏ ပြောင်းလဲမှုနှင့်ဘဝသစ်ထူထောင်ခြင်းဖြစ်၏။ ကျွန်ုပ်တို့၏ ကိုယ်စားလှယ်သည် ထောင်သားကြီးကို နှစ်ခြင်းခံရသည့်အကြောင်းအရင်းမှာ ခရစ်ယာန်တစ်ဦးတစ်ယောက်အနေဖြင့် အသိအမှတ်ပြုခြင်း နှင့်မိမိအသက်တာတွင်လည်း ခရစ်တော်အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ပြုပြင်ခြင်းကို ခံဆဲ ဖြစ်၍ ထိုသူ၏ အသက်တာတွင်အကျင့်များပြောင်းလဲလာကြောင်းတွေ့ရသည်။

၂။       ဘာ့ကြောင့်ကျွန်ုပ်နှစ်ခြင်းခံရပါမည်နည်း

ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ခရစ်တော်၏ ကြီးမြတ်သော အချက်သုံးချက်ပေါ်တွင် အတည်ပြုသည်။ “ငါသည်ကိုယ်တိုင်ခံယူသည်အတိုင်း သင်တို့အား ရှေးဦးစွာ အပ်ပေးသော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံ တော်မူ၏။ သင်္ဂြိုဟ်ပြီးမှကျမ်းစာလာသည့်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏” (၁ကော ၁၅း၃၊ ၄)။ ခရစ်တော်သည် မိမိသေခြင်းဖြင့် ခရစ်တော်သည် ငါတို့ကို ကယ်တင်ခြင်းပေးရန် ခရစ်တော်၏သေခြင်း၊ မြှုပ်နှံခြင်းနှင့် ထမြောက်ရှင်ပြန်ခြင်းဖြင့်ပြုလုပ်ပေးသည်။ နှစ်ခြင်းခံသော သူတိုင်းသည် ခရစ်တော်၏ သေခြင်းကိုအမှီပြု၍ နှစ်ခြင်းခံခြင်းအားဖြင့် မြှုပ်နှံခြင်းကိုခံခဲ့သည်။ သေခြင်း တရားခံမှကိုယ်တော်သည် သေသောသူအများထံမှ အောင်မြင်စွာဖြင့်ထမြောက်ရှင်ပြန်ခဲ့ပါ သည်။ အဘ၏ဘုန်းတန်ခိုးတော်အားဖြင့် ငါတို့သည်လည်း အသစ်သောဘဝအသက်တာဖြင့်. အသက် ရှင်သွားရပါမည်။ (ရောမ ၆း၃၊ ၄)။ ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်ကြောင့် အသေခံရသည်။ မြှုပ်နှံခြင်းခံရသည်။ ဖြောင့်မတ်ခြင်းအသက်တာကို ကျွန်ုပ်တို့အားပေးရန် သင်္ချိုင်းမှ ရှင်ပြန်ထမြောက် ခဲ့သည်။ နှစ်ခြင်းခံခြင်းသည်လည်း ကျွန်ုပ်တို့သည် ခရစ်တော်ကဲ့သို့ အပြစ်၌သေခြင်း၊ ရေသင်္ချိုင်း၌ မြှုပ်နှံခြင်းနှင့် ခရစ်တော်ကဲ့သို့အပြစ်ကို အောင်မြင်သောအသက်တာဖြင့် ထမြောက်ရှင်ပြန်ခြင်းဖြစ် သည်။ နှစ်ခြင်းသည် ခရစ်တော်သေသကဲ့သို့ အပြစ်သားတစ်ဦးသည်လည်း အပြစ်၏သေခြင်းမှ လွတ် ကင်းခြင်းဖြစ်သည်။ ဘဝဟောင်း၏ အပြစ်အသက်တာကို ခရစ်တော်နည်းတူ ရေသင်္ချိုင်း၌မြှုပ်နှံခြင်း၊ ထမြောက် ရှင်ပြန်ရာ၌လည်း အသစ်သောအသက်တာဖြင့် ခရစ်တော်၌ထမြောက်ရှင်ပြန်ခြင်းဖြစ်၏။ ထို့ကြောင့် ခရစ်တော်၏ သေခြင်းနှင့်ထမြောက်ခြင်းသည် ကျွန်ုပ်တို့အတွက်ရေသင်္ချိုင်းမှ သေခြင်းနှင့် ထမြောက်ခြင်းဖြစ်လာသည်။

လက်တွေ့နှစ်ခြင်းခံခြင်းသည် စိတ်ပြောင်းလဲခြင်းကိုပုံဆောင်သည်။ ပထမရေထဲသို့ဆင်း သည်၊ ရေထဲ၌ မြှုပ်ထားသည် (သေသောသူသည်မြေတွင်း၌ မြှုပ်နှံသကဲ့သို့ဖြစ်၏)။ ဤအချက်သည် ခရစ်တော်နှင့်အတူအသေခံခြင်း ဖြစ်၍ ဘဝအသက်တာဟောင်းများကို မြှုပ်နှံသည်ဟုဆိုလိုသည်။ နှစ်ခြင်းခံခြင်းသည် အပြစ်ကိုယ်ကြီးကိုသင်္ဂြိုဟ်ခြင်းထုံးတမ်းအရ၊ အပြစ်ပူးဝင်စွဲကပ်သောကိုယ်ကြီးမှ ခွဲထွက်လာခြင်းဖြစ်၏။ ထို့နောက် နှစ်ခြင်းပေးသူသည် ရေမှချီမ၍ ခရစ်တော်၏အသက်တာမျိုးဖြင့် အသစ်သောဘဝတွင် တည်နေခြင်းဖြစ်သည်။ ဤအသက်တာမျိုးကို “အသစ်သောဖန်ဆင်းခြင်း” ဖြစ်သည်။ ရေ၌နှစ်ခြင်းသာလျှင် ခရစ်တော်၏သေခြင်း၊ မြှုပ်နှံခြင်းနှင့်ထမြောက်ရှင်ပြန်ခြင်းကို နားလည်စေနိုင်သည်။ “ထိုမှတစ်ပါး ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ သူ့သခင်နှင့်အတူလက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံသည်ဟုငါတို့သိကြ၏။ အကြောင်းမူကား ငါတို့သည် နောက်မှ အပြစ်တရား၏အစေကိုမခံစေခြင်းငှါ အပြစ်တရား၏ ကိုယ်ကိုဖျက်ဆီးမည့် အကြောင်းတည်း” (ရောမ ၆း၆)။ နှစ်ခြင်းသည် ပြင်ပအားဖြင့် ထာဝရဘုရားသခင်ကို ရှိသမျှအရာ အားလုံးအပ်နှံရမည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကို လုံးလုံးလျားလျားပေးဆပ်အပ်နှံလျှင် ဘယ်သော အခါမျှမမြင်ရသောအပြစ်၏ သဘောသဘာဝသည်လျော့နည်းလာ၍ ပြောင်းလဲသော ကိုယ်ကာယ၏ အခြေသည် တိုးတက်လာကြောင်းတွေ့မြင်ရသည်။ “ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည်ကိုယ်တိုင်မရှင်၊ ခရစ်တော် သည်ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သောအသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ကိုယ့်ကိုယ်ကိုစွန့်ကြဲတော်မူ၏ (ဂလာတိ ၂း၂ဝ)။ ကျွန်ုပ်သည် ခရစ်တော်၏အသေခံခြင်းကို နှစ်ခြင်းအားဖြင့် ရေ၌အသေခံခြင်းကိုအလွန် တန်ခိုးကြီးသောခွန်အားဖြင့် ကျွန်ုပ်၏ အသက်တာကိုပြသည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ စိတ် နှလုံးအတွင်းတည်ရှိတော်မူသည်။ ခရစ်တော်၏လက်၌ မိမိ၏အသက်တာကို အပ်နှံနိုင်ရန် လက်ဝါး ကပ်တိုင်ပေါ်၌သေသောခရစ်တော်ကိုကြည့်ပါ။ ကိုယ့်ကိုယ်ကိုခြိမ်းခြောက်နေသော အပြစ်၏အသက် တာကို မကြည့်ပါနှင့်။ လွန်ခဲ့သောအချိန်က ပြုခဲ့သောအပြစ်များ၏ မှတ်တမ်းကိုကြည့်ခြင်းဖြင့် ဝမ်းနည်းမနေဘဲ ခရစ်တော်ကိုသာမျက်မှောက်ပြုပါ။ ခရစ်တော်၏မြင့်မြတ်သောအသက်တာနှင့် စွမ်းရည်နှင့်ပြည့်စုံသောအသက်တာကို လက်ဝါးကပ်တိုင်ပေါ်၌ပြုခဲ့သောကြောင့် သူနှင့်မိတ်သဟာယ ဖွဲ့ပါ။ လက်ဝါးကပ်တိုင်၏ တန်ခိုးဖြင့် မိမိပြုခဲ့သောအပြစ်ဟောင်းများကိုစွန့်လွှတ်ကာ ဘုရားသခင်၏ ခေါ်တော်မူသံကိုလက်ခံပါ။ ကျွန်ုပ်သည် ခရစ်တော်ဘက်၌ရပ်တည်နေမည်။ ယခုမှစ၍ ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏သားတော်ကိုလက်ခံပါမည်။ ထိုသခင်သည် ငါတို့အား ချစ်တော်မူ၍ ငါတို့ အတွက်အသက်တော်ကို စွန့်ခဲ့သောသခင်ဖြစ်၏။ ခရစ်တော်သေခြင်း၏ တန်ခိုးကိုယုံကြည်လျက် ထမြောက်ရှင်ပြန်ခြင်း၏ပုံနမူနာများကိုထောက်ထားကာ ကျွန်ုပ်တို့၏ဘဝဟောင်းနှင့် အကျင့်ဟောင်း များတို့နေရာတွင် ပေးခဲ့သောသူ၏ကောင်းမြတ်ခြင်းအကျင့်များကို ပို၍မြင်လာလိမ့်မည်။ “လူမည် သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်း လဲ၍ ခပ်သိမ်းသော အရာတို့သည်အသစ်ဖြစ်ကြ၏” (၂ကော ၅း၁၇)။ နှစ်ခြင်းခံခြင်းအားဖြင့် ခရစ် တော်နှင့်လက်တွဲကာ အသစ်သော အသက်တာတွင်နေမည်ဟု ကတိပြုခြင်းဖြစ်သည်။ ခရစ်တော်ပြု ပေးခဲ့သောကောင်းကျိုးများသည် ကျွန်ုပ်တို့၏အသက်တာတွင် မည်သည့်အချိန်အခါမှ မပြုနိုင်သော အရာဖြစ်သည်။ ရေသင်္ချိုင်းမှထလာသောအခါ အသစ်သောသတ္တဝါဖြစ်လာ၍ ခရစ်တော်ပေးသော တန်ခိုးအားဖြင့်. အသစ်သောအသက်တာတွင်နေနိုင်သည်။

၃။       ခရစ်တော်သည် ဘာကြောင့်နှစ်ခြင်းခံရသနည်း

ပင်တေကုတ္တေပွဲနေ့၌ ပေတရုသည်အပြစ်ဖြေလွှတ်ခြင်းကိစ္စနှင့်ပြောကြားခဲ့သည်မှာ နောင်တ ရ၍ နှစ်ခြင်းခံကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်အတွက် ခွင့်လွှတ်ပေးမည် (တမန်တော် ၂:၃၈)။ ခရစ်တော်သည် မည်သည့်အပြစ်ကိုမျှ မပြုလုပ်ခဲ့ပါ။ ထို့ကြောင့် ဘာကြောင့်နှစ်ခြင်းခံရ သနည်း။ “ထိုအခါယေရှုသည် ဗတ္တိဇံကိုခံအံ့ ငှါ ဂါလိလဲပြည်မှယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွ တော်မူ၏။ ယောဟန်ကလည်း အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည်အကြောင်းရှိပါသည် ဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ၏။ ယေရှုက လည်း အလုံးစုံသောတရားတို့ကိုအကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော် မူ၏” (မဿဲ ၃း၁၃-၁၅)။ ခရစ်တော်သည်အပြစ်မရှိပါ။ သူသည်နောင်တရရန်မလိုပါ။ သို့ရာတွင် နှစ်ခြင်းခံခြင်း၏ အကြောင်းတစ်ခုမှာ အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဟုဆို၏။ နှစ်ခြင်းခံခြင်းဖြင့် ခရစ်တော်သည် မှန်ကန်သော ပုံနမူနာကိုဆောင်ကာ အားနည်း၍အပြစ်ရှိသော လူသားတို့အား ပုံနမူနာပြထားခဲ့သည်။ ခရစ်တော်သည် သူ၏ နောက်လိုက်တို့အား သူမစောင့်ခဲ့သော တရားများကိုစောင့်ရန် ဘယ်သောအခါမျှအမိန့်မပေးခဲ့ပါ။ ထို့ကြောင့် ယုံကြည်သောအသင်းသားတို့ သည် ရေအားဖြင့်နှစ်ခြင်းခံသောအခါ ခရစ်တော်၏ ခြေရာအတိုင်းတစ်သဝေမတိမ်း လိုက်လျှောက် ခြင်းသာဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်အတွက် သေခြင်းခံခဲ့သောကြောင့် ဖြောင့်မတ် ခြင်းတရားကိုသူပေးပိုင်သည်။ “အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည်အပြစ်နှင့် ကင်းစင် သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်သောသူဖြစ်မည့်အကြောင်းတည်း” (၂ကော ၅း၂၁)။ ဘုရားသခင်၏ မျက်မှောက်တွင် အပြစ်သားမှ သူတော်စင်ဘဝသို့ရောက်သောအခါ ကျွန်ုပ်တို့သည် ထိုဖြောင့်မတ်ခြင်းအားဖြင့်ကြီးထွားလာမည်။ ထို့ကြောင့် ခရစ်တော်အားဖြင့် အသစ်သောအသက်တာ တွင် နေနိုင်လာသည်။

၄။       ဘာ့ကြောင့်ကျွန်ုပ်တို့သည်ရေထဲ၌နှစ်ရမည်နည်း

ခရစ်တော်သည် ရေထဲ၌နှစ်ခြင်းခံ၏။ သူသည် ရေအားဖြင့်မဖျန်းပါ။ ယောဟန်သည် သူ့အား ယော်ဒန်မြစ်ထဲ၌ ရေများစွာရှိသောကြောင့် (ယောဟန် ၃း၂၃) နှစ်ခြင်းပေး၏။ ခရစ်တော်သည် နှစ် ခြင်းခံသောအခါ သူသည်ရေထဲသို့ ဆင်းသွားသည်။ ရေထဲသို့ရောက်လျှင်ရောက်ချင်း ခရစ်တော်သည် ရေနှစ်ခြင်း (ဟေလသစကားမြှုပ်သည်။ သူသည် ရေထဲမှထွက်လာသည် “မဿဲ ၃း၁၆”) ခံယူတော် မူသည်။ ကျွန်ုပ်တို့သည် မှန်သောနည်းဖြင့် နှစ်ခြင်းကိုသိသောအခါ အမှန်တရားအရ၊ နှစ်ခြင်း အကြောင်းနှင့်ပတ်သက်သောသဘောတရားကို နားလည်ရန်မခဲယဉ်းပါ။ နှစ်ခြင်းဟူသော ဟေလသ စကားအရ၊ ရေအောက်တွင် နှစ်မြှုပ်ကြောင်းပြသည်။ ဆရာကြီးဂျွန်ဝက်စလေအမေရိကန်နိုင်ငံသို့ ၁၇၃၇ ခုနှစ် တွင်လည်ပတ်ခဲ့သောအခါ အသင်းတော်ရှိ အသင်းလူကြီးများတို့သည် ထူးဆန်းစွာစွဲချက် တစ်ခုတင်ခဲ့သည်မှာ မစ္စတာပတ်ကား၏ ကလေးကိုရေမနှစ်လျှင် နှစ်ခြင်းမပေးပါဆိုသောအကြောင်း တရားဖြစ်သည်။ ထို့ကြောင့် အသင်းတော်ကြီး၏ ဖခင်ကြီးအနေဖြင့် မက်သဒစ်တရားယုံကြည်သူများ တို့သည် နှစ်ခြင်းအားဖြင့်သာ နှစ်ခြင်းပေးရ၏။ ဆရာကြီးဂျွန်ခယ်ဗင်၊ ဘာသာရေးတရားပြုပြင် ပြောင်းလဲသောသူသည် ရှေးဟောင်းအသင်းတော်တို့၏ ကျင့်စဉ်တစ်ခုမှာ ရေထဲ၌သာလျှင်နှစ်ခြင်း ပေးသည်။ အသင်းတော်ကြီးတည်ထောင်စက အသင်းတော်၏သမိုင်းအရ၊ နှစ်ခြင်းဆိုသည့်အနက်မှာ ရေထဲ၌နှစ်ခြင်း ဟုဆိုလိုသတည်း။ အင်္ဂလီကန်အသင်းတော်၏ အသင်းအုပ်ကြီးစတင်လီသည် သူ၏ ရေးသားဖေါ်ပြချက်အရ၊ နှစ်ရာစု ၁၃ အထိတစ်ကမ္ဘာလုံးကျင့်စောင့်သောနှစ်ခြင်းဆိုရာ၌ ဓမ္မသစ် ကျမ်းအရ၊ နှစ်ခြင်းဟူသောအနက်အတိုင်း ရေထဲ၌နှစ်မြှုပ်၏။ ရေအတွင်း၌ မြှုပ်နှံခြင်းဟုအနက် ရှိသည်။ နှစ်ခြင်းခံသောကန်များတည်ဆောက်သောအခါ နှစ်ခြင်းဟုဆိုသော အနက်အရ၊ ၄ရာစုမှ ၁၄ ရာစုနှစ်အထိ ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများတို့တွင်တည်ဆောက်ခဲ့ကြသည်။ ဥပမာအရ၊ ပိုက်စာ မြို့ ရှိဘုရားကျောင်းကြီးအီတလီပြည်တွင်လည်းကောင်း၊ ရောမမြို့ ရှိအကြီးဆုံးသောစိန်ဂျွန်းဘုရား ကျောင်းကြီးတွင်လည်းကောင်း နှစ်ခြင်းရေကန်များကို တည်ဆောက်ခဲ့ကြသည်။ သို့ရာတွင် ၁၅ ရာစု နှစ်တွင် ရဗီးနာ (ခေါ်) ဘုရင်ဂျီ အသင်းအစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်တွင် ရေဖျန်းခြင်းသည် ရေနှစ်ခြင်းနှင့်တူညီသည်ဟူ၍ လက်ခံလာခဲ့သည်။ အသင်းတော်၏ လုပ်ဆောင်ချက်အရ၊ လူ၏ ဆုံးဖြတ်ချက်များကို ကျွန်ုပ်တို့သည်လိုက်လျှောက်ရန်မလိုပါ။ ခရစ်တော်နှင့် သူ၏တမန်တော်များက ပြုလုပ်ခဲ့သောဆုံးဖြတ်ချက်ကိုသာလျှင် လိုက်လျှောက်ရမည်။ စိတ်စေတနာမှန်သော အများသော ခရစ်ယာန်များတို့၏ထုံးတမ်းစဉ်လာမှာ ကလေးများတို့ကို နှစ်ခြင်းပေးခြင်းဖြစ်သည်။ ကလေးများတို့ ကို ငယ်စဉ်ကပင် ဘုရားသခင်ကိုအပ်နှံခြင်းသည် ကောင်းသောအစဉ်အလာမှန်သော်လည်း ကျမ်းစာ ၏ သွန်သင်ချက်အရ၊ ကယ်တင်ခြင်း ရသင့်သောသူများတို့အား နှစ်ခြင်းမခံမီသွန်သင်ရမည်ဟု ပါရှိသည် (မဿဲ ၂၈း၁၉၊ ၂၀)။ လူသည် ခရစ်တော်ကိုယုံကြည်ရမည်ဖြစ်သည်။ သို့မှသာလျှင် နှစ်ခြင်း ပေးရမည် (တမန်တော် ၈း၃၅-၃၈)။ လူတစ်ယောက်သည်နောင်တရ၍ အပြစ်ဝန်ချပြီးမှသာ နှစ်ခြင်း ပေးရမည် (တမန်တော် ၂း၃၈)။ ကလေးငယ်တစ်ဦးသည် ယုံကြည်နိုင်စွမ်းမရှိပါ။ နောင်တ တရားရရှိ ရန်မဖြစ်ပါ။ အပြစ်ဝန်ချတောင်းပန်ရန်မသိပါ။ ဤအချက်များတို့သည် နှစ်ခြင်းမခံမီ ပြုကျင့်ရမည့် ဝတ်များဖြစ်သည်။ ပြီးမှသာလျှင် နှစ်ခြင်းခံယူရမည်။

၅။       ဘာ့ကြောင့်နှစ်ခြင်းခံယူရန်အရေးကြီးသနည်း

ခရစ်တော်၏တရားတော်အရ၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ရန် နှစ်ခြင်းယူရမည် ဖြစ်သည် “ယေရှုကလည်း ရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံ တော်သို့မဝင်ရဟု ငါအမှန်အကန်ဆို၏” (ယောဟန် ၃း၅)။ ခရစ်တော်၏ ချွင်းချက်တစ်ခုမှာ လက်ဝါး ကပ်တိုင်ပေါ်၌ရှိသောသူခိုးတစ်ယောက်သည် ရေဖြင့်နှစ်ခြင်းမခံသော်လည်း (ဝိညာဉ်တော်အားဖြင့်) နှစ်ခြင်းခံယူသောကြောင့် ခရစ်တော်သည် သူ့အားကတိပေးခဲ့လေသည်။ (လုကာ ၂၃:၄၂၊ ၄၃)။ သူခိုး အတွက်ရေနှင့်ဝိညာဉ်တော်မွေးဖွားခြင်းဟုဆိုရာ၌ ခရစ်တော်၏အသွေးအားဖြင့် ဆေးကြောခြင်းခံခဲ့ သည်ဟုအနက်လာသည်။ ဆရာကြီးအောဂစ်စတင်း၏ တင်ပြချက်တစ်ခုမှာ သေခါနီးဆဲဆဲအိပ်ရာ ပေါ်၌ မှတ်တမ်းတင်ထားခြင်းတစ်ရပ်ရှိခဲ့ဖူးသည်။ “ထိုပုဂ္ဂိုလ်သည် နောင်တရသော သူခိုးဖြစ်သည်။ လူတိုင်းစိတ်ဓါတ်ကျစရာမလိုပါ။ ဤတစ်ဦးတည်းသောပုဂ္ဂိုလ်အတွက် မည်သူမျှစောဒကတက်စရာ မလိုပါ။” ခရစ်တော်ကိုယ်တိုင်အလွန်ကြီးသော သတိပေးချက်တစ်ခုထားခဲ့ပါသည်။ “ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ရောက်လတ္တံ့။ မယုံကြည်သောသူမူကား၊ အပြစ်စီ ရင်ခြင်းကိုခံရလတ္တံ့” (မာကု ၁၆း၁၆)။ ကျွန်ုပ်တို့၏အတွက် ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်၌ အသေသတ်ခြင်းကိုခံခဲ့သောအခါ အများလူသူရှေ့တွင် သူ၏မေတ္တာကိုကျွန်ုပ်တို့အား ပြခဲ့ပါသည်။ ထို့နည်းတူ ကျွန်ုပ်တို့သည်လည်း အများလူသူရှေ့တွင် ရှက်ကြောက်ခြင်းမရှိဘဲ အပြစ်ဝန်ချတောင်း ပန်ကာ ခရစ်တော်၏နည်းလမ်းအတိုင်း ရေနှစ်ခြင်းကိုခံရပါမည်။ သင်သည် ခရစ်တော်၌အသစ်သော အသက်တာကိုရယူပြီလား။ သင်သည် နှစ်ခြင်းခံပြီးပြီလား။ ပြီးခဲ့သော်နှစ်ခြင်းခံရန်မရှေးမနှောင်းတွင် ပြင်ဆင်မည်လား။

၆။       နှစ်ခြင်းခံခြင်းသည် ခရစ်ယာန်အသက်တာလမ်းတွင်အစသာဖြစ်၏

နှစ်ခြင်းခံခြင်းသည် ခရစ်ယာန်များတို့၏အတွက် ပထမလမ်းစသာဖြစ်သည်။ ကျွန်ုပ်တို့သည် နှစ်ခြင်းခံရန် စိတ်ဆုံးဖြတ်ခဲ့သောအခါ ထာဝရတည်မြဲခြင်းမရှိပါ။ အိမ်ထောင်၌ ကလေးမွေးဖွားလာ သောအခါ ဝမ်းမြောက်ခြင်းအစ သာဖြစ်သည်။ နောက်များမကြာမီ ထိုဝမ်းမြောက်ခြင်းသည် လျော့ နည်းလာပါသည်။ ကလေးငယ်အား ကျွေးမွေးရသော ဝတ္တရား၊ နေ့စဉ်ရေချိုးပေးရသော ဝတ္တရား၊ နေ့စဉ်နှင့်အမျှ ကြည့်ရှုပြုစုရမည့်ဝတ္တရားများ ဖြစ်ပေါ်လာလေသည်။ နှစ်ခြင်းခံပြီးသည့်နောက်ပိုင်း တွင်လည်း ပေါလု၏ခရစ်ယာန်အသက်တာဗဟုသုတတွင် “ငါသည် နေ့တိုင်းအသေခံရ၏” (၁ကော ၁၅း၃၁)။ နေ့စဉ်နှင့်အမျှ တစ်ကိုယ်ကောင်းစိတ်ထားများတို့ကို နှိပ်ကွပ်ခြင်းအားဖြင့် ခရစ်တော်၏ အလိုတော်သို့ ပိုမိုလိုက်လျှောက်လာနိုင်သည်။ နှစ်ခြင်းတရား၏ထုံးတမ်းမှာ လက်ထပ်ခြင်းတရား၏ ထုံးတမ်းကဲ့သို့ အများလူသူရှေ့တွင် ကတိခံဝန်ချက်များသာဖြစ်သည်။ ထိုကတိခံဝန်ချက်များတို့သည် တစ်နေ့တခြား တိုးတက်ကြီးထွားခိုင်မြဲရမည့်အကြောင်းကို သတိပြုမိပါသလား။ တိကျစေ့စပ်သော ကြီးထွားခြင်းသည် ကျွန်ုပ်တို့၏ အသက်တာကို ခရစ်တော်အားနေ့စဉ်ရက်ဆက် ပေးကမ်းခြင်းဖြစ်၏။ အသစ်သောအသက်တာကို နေ့စဉ်နှင့်အမျှရရှိခြင်းဖြစ်သည်။ ဆုတောင်းခြင်းနှင့်ကျမ်းစာဖတ်ခြင်းကို နေ့စဉ်ကျင့်စောင့်ရခြင်းဖြစ်သည်။

၇။       ဝမ်းမြောက်ရခြင်း၏အကြောင်းတရား

နှစ်ခြင်းခံခြင်းသည် အကြီးဆုံးဝမ်းမြောက်ရခြင်း၏အကြောင်းတရားဖြစ်ကြောင်းမှာ ယုံကြည် ခြင်းအားဖြင့် ခရစ်တော်၌ထာဝရအသက်ကိုရကြောင်းသိရှိရခြင်းဖြစ်သည်။ “ယုံကြည်၍ ဗတ္တိဇံကိုခံ သောသူသည်” (မာကု ၁၆း၁၆)။ ကျွန်ုပ်တို့သည်နှစ်ခြင်းခံသောအခါ အထက်လမ်းသို့ ပို့ဆောင်သော ထာဝရပို့ဆောင်သော ဝမ်းမြောက်ခြင်းလမ်းကြောင်းပေါ်သို့ ရောက်ရှိနေသည်။ နှစ်ခြင်းသည်လည်း လက်ရှိအချိန်ခရစ်တော်နှင့်အတူ ဝမ်းမြောက်ခြင်းရှိကြောင်းကိုပြသည်။ ခရစ်တော်၏ ကတိတော်မှာ တန်ဖိုးမဖြတ်နိုင်သော ဝိညာဉ်တော်၏ ဆုကျေးဇူးကိုအထူးရရှိကြောင်း (တမန်တော် ၂း၃၈)။ ထိုဝိညာဉ်တော်၏ ဆုကျေးဇူးများနှင့်အတူ ဝိညာဉ်တော်အသီးများဖြစ်သောမေတ္တာ၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ အပျော်အပါးချုပ်တည်းခြင်း၊ သည်းခံခြင်းနှင့် ပြည့်ဝမည်ဖြစ်ကြောင်း ကတိပေးခဲ့ပါသည် (ဂလာတိ ၅း၂၂၊ ၂၃)။ ခရစ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့နှင့်အတူနေသောကြောင့် တိကျသေချာသော ယုံကြည်ခံစားချက်ကို ပေးသည်။ ထိုဝိညာဉ်တော်ပင်လျှင်သက်သေခံခဲ့သည်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီး များဖြစ်ကြောင်း (ရောမ ၈း၁၅၊ ၁၆) ဖေါ်ပြထားသည်။ ဤခိုင်လုံသော ရင်းနှီးဆက်ဆံပေါင်းသင်းမှု သည် မြောက်မြားစွာသောအကျိုးသက်ရောက်မှုကိုပေးခဲ့သော်လည်း အခက်အခဲနှင့်လွတ်ကင်းမည် ဟူသော အသက်တာကို အာမခံချက်မပေးခဲ့ပါ။ ထို့ပြင် စာတန်နတ်ဆိုးသည် အခက်အခဲကြီးငယ် အပေါင်းတို့နှင့် ခရစ်တော်ကို ယုံကြည်ပေးအပ်သောသူတို့အား အစဉ်နှောင့်ယှက်လျက်နေပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏လက်တော်ထဲတွင်ရှိနေလျှင် အကောင်းအဆိုးဖြစ်သမျှတို့ သည် ကျွန်ုပ်တို့၏ခရစ်ယာန်အသက်တာယုံကြည်ခြင်းများကို ကြီးထွားစေသည် (ရောမ ၈း၂၈)။ အမျိုးသမီးတစ်ဦးသည် မိမိခင်ပွန်းသည်၏ ခြိမ်းခြောက်မှုကိုခံရသော်လည်း သူ၏ အသက်တာကို ခရစ်တော်အားအပ်နှံမည်ဟုဆုံးဖြတ်ခဲ့သည်။ သူ့ခင်ပွန်းသည် သူမ၏ယုံကြည်ခြင်းအသစ်ကို လုံးဝ လက်မခံကြောင်း သို့ရာတွင် သူ၏ဇနီးသည်ဘုရားသခင်၏ ဝတ္တရားနှင့်လင့်ဝတ္တရားများတို့ကို ရိုသေ လေးစားစွာပြုလုပ်ခဲ့သည်။ တစ်ခါတစ်ရံ ခင်ပွန်းသည်သည် ဇနီးအတွက်အခက်အခဲများပြုလုပ်ခဲ့ ပါသည်။ နောက်ဆုံးတွင် ခင်ပွန်းသည်သည် ငြင်းဆန်၍မရသော ပြောင်းလဲသည့်ဇနီးသည်၏ အသက် တာကိုတွေ့မြင်သောအခါ သူကိုယ်တိုင်လည်း ခရစ်တော်ကို မိမိအသက်တာကို ပေးအပ်၍ နှစ်ခြင်း ခံခဲ့ပါသည်။ ခရစ်တော်နောက်သို့ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လိုက်လျှောက်ခဲ့သော် ခရစ်တော်သည် ကျွန်ုပ်တို့၏ အသက်တာကို အောင်မြင်နိုင်ရန် နည်းလမ်းနှင့်အခွင့်အရေးကိုပေးမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိအသက်တာကိုချွင်းချက်မရှိဘဲ ခရစ်တော်အားပေးအပ်ပါလျှင် ခရစ် တော်သည် သူကိုယ်တိုင်လက်ဝါးကပ်တိုင်ပေါ်၌ ချွင်းချက်မရှိသော မေတ္တာဖြင့်ကူမနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လူသိရှင်ကြားအခွင့်အရေးယူကာ ကျွန်ုပ်တို့၏ မေတ္တာနှင့်သစ္စာရှိသော စိတ်ထားကို ပေးအပ်လိုပါသလား။ သင်သည်မဆုံးဖြတ်ခဲ့သေးလျှင် ဘာ့ကြောင့် ယခုခရစ်တော် အတွက်မဆုံးဖြတ်ပါသနည်း။ အသစ်သောအသက်တာရရှိရန် သင်၏ အသက်တာကို သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခရစ်တော်၌နှစ်ခြင်းခံပါ။

 

ရှာဖွေတွေ့ရှိခြင်းလမ်းညွှန် (၁၉) အဖြေလွှာ

ခရစ်ယာန်၏ဘဝအသက်တာသို့ဝင်လာခြင်း

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။

၁။       --------  နှစ်ခြင်းခံခြင်းသည် အတွင်းပြောင်းလဲခြင်းကိုအပြင်အပအားဖြင့်ပြသခြင်းဖြစ်သည်။

--------  ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းဆိုသည်မှာ အတွင်းစိတ်နှင့်နှလုံးပြောင်းလဲခြင်း ဖြစ်သည်။

--------  ခရစ်တော်၏ ပြောကြားချက်အရ ရေနှင့်ဝိညာဉ်တော်မွေးဖွားခြင်းသည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ရန်လမ်းစဖြစ်သည်။

၂။       --------  နှစ်ခြင်းခံခြင်းသည် ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏သေခြင်း၊ မြှုပ်နှံခြင်း၊ ထ

မြောက်ခြင်း၊ ကျွန်ုပ်တို့၏အပြစ်အတွက်လက်တွေ့ ပြသည်။

--------  နှစ်ခြင်းခံခြင်းသည် လက်တွေ့လုပ်ငန်းများပြောင်းလဲခြင်း၏ ကွင်းကွင်းကွက်ကွက် ပေါ်သော လမ်းစဖြစ်သည်။

--------  ရေအောက်၌မြှုပ်နှံခြင်းဆိုသော နှစ်ခြင်းသည် ခရစ်တော်က ကျွန်ုပ်တို့၏အပြစ် အတွက် သေခြင်းကိုပုံဆောင်၍ အသက်တာဟောင်း၏ အပြစ်ကိုမြှုပ်နှံခြင်းဖြစ် သည်။

--------  နှစ်ခြင်းခံပြီးနောက် ရေမှထွက်လာသောအခါ ခရစ်တော်၌အသစ်သောအသက်တာ ကိုပုံဆောင်သည်။

--------  ရေဖျန်းခြင်းအားဖြင့် နှစ်ခြင်းဟုဆိုရာ၌ သေခြင်း၊ မြှုပ်နှံခြင်း၊ ထမြောက်ခြင်းအတွက် လုံလောက် သောပုံစံကိုဆောင်သည်။

--------  နှစ်ခြင်းခံခြင်းသည် အပြင်အပပုံဆောင်ခြင်းဖြစ်သကဲ့သို့ လူ၏အတွင်းစိတ်ကိုလည်း ပြောင်းလဲပေးကြောင်းပုံဆောင်သည်။

--------  နှစ်ခြင်းခံသည့်အချိန်၌ ခရစ်တော်နှင့်လက်တွဲကာ အသစ်သောအသက်တာနှင့်သာ၍ ကောင်းသော အသက်တာကိုဖေါ်ပြသည်။

အကောင်းဆုံးမှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။

၃။       ခရစ်တော်သည်နှစ်ခြင်းခံသည်။

--------  ကျွန်ုပ်တို့အတွက်တိကျသောပုံနမူနာဖြစ်သည်။

--------  သူ၏အပြစ်ကြောင့်ဝန်ခံခြင်းဖြစ်သည်။

၄။       ခရစ်တော်သည်နှစ်ခြင်းခံသည်။

--------  ရေ၌နှစ်ခြင်း။

--------  ရေဖျန်းခြင်း။

ခရစ်တော်အချိန်အခါမှနှစ်ပေါင်း ၁ဝဝဝ တွင်ခရစ်ယာန်အသင်းတော်၌၊

--------  ရေနှစ်ခြင်းအားဖြင့် နှစ်ခြင်းပေးသည်။

--------  ရေဖျန်းခြင်းအားဖြင့်. နှစ်ခြင်းပေးသည်။

၅။       ခရစ်တော်အားဖြင့်ကောင်းကင်သို့ဝင်လိုသောသူ၊

--------  နှစ်ခြင်းခံရန်ပြုလျှင်သော်လည်းကောင်း၊ မပြုလျှင်သော်လည်းကောင်း ရသည်။

--------  နှစ်ခြင်းခံခြင်းသည်အရေးကြီးသည်။

သေအံ့ဆဲလူအတွက် နှစ်ခြင်းခံခြင်းအခွင့်မရှိခဲ့လျှင်၊

--------  သူသည်ကယ်တင်ခြင်းခံရမည်။

--------  ကယ်တင်ခြင်းမခံရပါ။

၆။       နှစ်ခြင်းခံခြင်း၏ပုံဆောင်ခြင်းသည်၊

--------  ခရစ်တော်နှင့်မိတ်သဟာယဖွဲ့ခြင်းအစဖြစ်သည်။

--------  ခရစ်တော်နှင့်မိတ်သဟာယဖွဲ့ခြင်းအဆုံးဖြစ်သည်။

၇။       လမ်းညွှန် (၇) ကိုဖတ်၍ ဤနှလုံးသားမေးခွန်းကိုစဉ်းစားပါ။

ကျွန်ုပ်တို့တစ်ဦးစီသည် မိန်းမထိန်းကိုပေးထားသော အခွင့်အရေးရှိသည်။ ခရစ်တော်ကို ယုံကြည်ရန်၊ နှစ်ခြင်းခံယူရန်၊ ဝိညာဉ်တော်၏ဆုကျေးဇူးများနှင့် ဝိညာဉ်တော်၏အသီးများရရှိနိုင်ရန်၊ ဘုရားသခင်၏သားသမီး များဖြစ်နိုင်ရန်၊ ပြည့်စုံသောခရစ်ယာန်အသက်တာနေနိုင်ရန်။

သင်သည် ကျမ်းစာသွန်သင်ချက်အရ ရေနှစ်ခြင်းဖြင့် နှစ်ခြင်းခံယူပါသလား။

(ဟုတ်ပါသည်) ------------------            (မဟုတ်ပါ) ------------------

သင်သည် ခရစ်တော်၏ပုံနမူနာအတိုင်း နှစ်ခြင်းခံယူရန်ဆန္ဒရှိပါသလား။

(ဟုတ်ပါသည်) ------------------  (မဟုတ်ပါ) ------------------

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 

 


အခန်းကြီး - ၂၀

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၂ဝ)

အတူတကွပေါင်းဖေါ်ခြင်းဖြင့် တိုးပွားခြင်း၏ သော့ချက်

 

၁၉၆ဝ ပြည့်နှစ်တွင် အင်ဒရူး (ခေါ်) ဟော်လန်မှအသင်းသားတစ်ဦးသည် မိမိ၏ကားဖြင့်.. ရိုမေးနီးယားတိုင်းပြည်နယ်စပ်ကိုကျော်ဝင်ကာ ကျမ်းစာအုပ်များသယ်ဆောင်လာပါသည်။ နယ်စောင့် တို့သည်လည်း သေချာစွာ မစစ်ဆေးသဖြင့် ကောင်းမွန်ချောမောစွာ ဟော်တယ်တစ်ခုသို့ရောက်လာပါ သည်။ ဟော်တယ်သို့ ရောက်သောအခါ ခရစ်ယာန်မိတ်ဆွေများနှင့်တွေ့ရန်၊ ခရစ်ယာန်အသင်းသူ အသင်းသားများနှင့်တွေ့ရန် ဆုတောင်းခဲ့ပါသည်။ ၎င်းအပတ်ဆုံးတွင် ဟော်တယ်စာရေးမအား ဘုရား ကျောင်းမည်သည့်နေရာတွင်တွေ့ရှိနိုင်ကြောင်းမေးမြန်းခဲ့ပါသည်။ စာရေးမသည် သူ့အားအံ့သြသော အသွင်အပြင်ဖြင့် ကြည့်ရှု၍ ရှင်တွေ့လိုသောသူများနှင့်သော်လည်းကောင်း၊ ဘာသာစကားကို နားလည်ခြင်းကတကြောင်းသော်လည်းကောင်း ပြောပြသောအခါ အင်ဒရူးက ထိုသူများကို ခင်ဗျား သိပါသလား။ သူတို့သည် ကမ္ဘာ့ဘာသာစကားကိုပြောနိုင်ကြောင်းပြောပြသောအခါ စာရေးမလေးက ဟုတ်ကဲ့၊ မည်သည့်ဘာသာစကားများ ဖြစ်နေပါမည်နည်းဟု မေးသော် အင်ဒရူးက ၎င်းစကားကို အဲဂပီး (မေတ္တာစကား) ဟုခေါ်သည်။ ၎င်းစာရေးမလေးက ကျွန်မတစ်ခါမျှ မကြားဖူးပါဟု ပြန်ဖြေပါ သည်။ သို့ရာတွင် သူမအား ဤစကားသည်အနက်နှင့်ပြည့်စုံ၍ လောကကြီးတွင် အလှပဆုံးသော စာသားစကားများဖြစ်ကြောင်း ပြောပြလေသည်။ အင်ဒရူးသည် ၎င်းဟော်တယ်အနီးအနားတွင် အသင်းတော်အများရှိကြောင်းတွေ့ရပါသည်။ ၎င်းနေရာတွင် အသင်းတော်ဥက္ကဌနှင့်အတွင်းရေးမှူး တို့အား တွေ့ဆုံဆွေးနွေးရန်ချိန်းဆိုခဲ့ပါသည်။ အင်ဒရူးနှင့် ၎င်းသာသနာပိုင်ပုဂ္ဂိုလ်များတို့သည် ဥရောပရှိ ဘာသာစကားတော်တော်များများကို နားလည်သော်လည်း အင်ဒရူးနှင့်သူတို့သည်အတွေး အခေါ်ခြင်းမတူညီကြောင်းသိရပါသည်။ အင်ဒရူးသည် ၎င်းဘာသာရေးပုဂ္ဂိုလ်ကြီးများနှင့် ပြောဆို တိုင်ပင်ဆွေးနွေးသောအခါ အမှန်တကယ် ခရစ်ယာန်ခေါင်းဆောင်များလော (သို့တည်းမဟုတ်) ထောက်လှမ်းရေးများလောဟု နှစ်ဦးနှစ်ဖက်တို့သည် စဉ်းစားနေကြသောအခါ အင်ဒရူးသည် သူ၏ တန်ဖိုးမဖြတ်နိုင်သော ကျမ်းစာအုပ်များကို ယူလာသောကြောင့် မည်ကဲ့သို့အသုံးချရမည်ကို စဉ်းစား နေချိန်တွင် အင်ဒရူးသည် သူတို့၏စားပွဲခုံပေါ်တွင် ရိုမေးရီးယားကျမ်းစာအုပ်ကို တွေ့လိုက်ရသော အခါ သူသည်ဟော်လန်ဘာသာစကားဖြင့် ရေးထားသောကျမ်းစာအုပ်ကို သူ၏အိတ်မှ ဆွဲထုတ်လိုက် လေသည်။ ထိုအခါအင်ဒရူးသည် (၁ကော ၁၆း၂ဝ) ကိုဖွင့်၍ သူတို့အား ကျမ်းစာ၏ အမည်ကိုလက်ညှိုး ဖြင့်ထောက်ကာပြလေသည်။ သူတို့သည် ထိုသို့ပြသည်ကို နားလည်၍ မျက်နှာသည်ရွှင်လန်း လာ၍ သူတို့၏ဘာသာစကားဖြင့် ရေးထားသော ကျမ်းစာအုပ်ကိုဖွင့်၍ ၎င်းစာသားကို ဖတ်လိုက်ပါသည်။ ထိုသူတို့သည် အင်ဒရူးကိုကြည့်၍ပြုံးပြကာ (သု၊ ၂၅း၂၅) ကိုထောက်ပြလေသည်။ အင်ဒရူးသည် ကျမ်းစာကိုဖွင့်၍ ဖတ်လိုက်သောအခါ “ဝေးသောပြည်မှရောက်လာသော ဝမ်းမြောက်စရာသတင်း စ ကားသည် ရေငတ်သောသူ၌ ချမ်းအေးသောရေကဲ့သို့ဖြစ်၏။”

ဤလူနှစ်စုသည် ကျမ်းစာရှိတရားစကားများတို့ကို တစ်နာရီခန့် တိုင်ပင်ဆွေးနွေးပြီးသည့် နောက်ပိုင်းတွင် ခရစ်ယာန်အချင်းချင်းပေါင်းဖေါ်ရသောကြောင့် မျက်စိမှမျက်ရည်များပင် ကျလာခဲ့ သည်။ အင်ဒရူးသည် ဤနေရာ၌ ခရစ်ယာန်ညီအစ်ကိုများကို တွေ့ဆုံခဲ့ကြောင်းသိရသည်။ အင်ဒရူး သည် မိမိယူလာသောကျမ်းစာအုပ်များကိုမြင်ရသောအခါ ဝမ်းသာလုံးဆို့၍ အင်ဒရူးအားပွေ့ဖက်လေ သည်။ ၎င်းညနေတွင် ဟော်တယ်သို့ရောက်သောအခါ စာရေးမလေးက အင်ဒရူးဆီလာ၍ အင်ဒရူး ရှင်းပြသောအဲဂပီးစာလုံးကို အဘိဓာန်၌ရှာသောအခါ ၎င်းစကားသံနှင့်စာလုံးပေါင်းအရ အဘိဓာန် တွင်မတွေ့ရကြောင်းပြောပြပါသည်။ အင်ဒရူးကလည်း ၎င်းစာလုံးသည် ဟေလသဘာသာ စကားအရ မေတ္တာဆိုသောစကားဖြစ်ကြောင်းပြောပြသည်။ ဤလမ်းညွှန်ထဲတွင် သင့်အားမေတ္တာစက်ဝိုင်းထဲသို့

ဘုရားသခင်သည်ခေါ်သွင်းနေကြောင်းသိရှိပါမည်။

၁။       အသင်းတော်သည် တစ်ဦးနှင့်တစ်ဦးပေါင်းဖေါ်ရန်ပြုလုပ်ဖန်တီးပေးသည်

ခရစ်တော်သည် အသင်းတော်ကိုတည်ထောင်ရခြင်းမှာ အခြေခံအသင်းသားများ၏ လိုလား ချက်ဖြစ်သော ကြီးထွားခြင်းနှင့် တစ်ဦးကိုတစ်ဦးမစခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်အကူအညီအမအစ လိုပါသည်။ ထို့ကြောင့် အသင်းတော်ကိုတည်ထောင်ရခြင်း၏အခြေခံတရားမှာ တစ်ဦးကိုတစ်ဦးကူညီ မစရခြင်းဖြစ်သည်။ အသင်းတော်တွင် တစ်ဦးကိုတစ်ဦးပေါင်းသင်းဆက်ဆံ၍ လိုအပ်လျက်ရှိသောသူ များကိုကူညီမစရမည်။ ကျမ်းစာ၏ဖေါ်ပြချက်အရ၊ တိုးတက်ကြီးပွားလျက်ရှိသော တမန်တော်အချိန် အခါရှိ အသင်းတော်ကြီးသည် ယောက်ျားများနှင့်မိန်းမများတို့ကို ခေါ်ဆောင် စည်းရုံးကာ ပျော်မွေ့ သော မိတ်သဟာယဖွဲ့ခြင်းများကို ဖိတ်ခေါ်ဆက်သွယ်၍ ခရီးအဆုံး၊ ဘုရားသခင်၏နိုင်ငံတော်အထိ ရှိနေကြောင်းကိုပြသည်။ “ငါတို့သည် ခမည်းတော်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်နှင့်လည်း ကောင်း မိတ်သဟာယ ဖွဲ့ရသည်ဖြစ်၍ သင်တို့သည် ငါတို့နှင့်မိတ်သဟာယဖွဲ့စေခြင်းငှါ ငါတို့ကြား မြင်ရသောအရာကို သင်တို့အားပြသကြ၏။ သင်တို့၏ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှါ လည်း ဤအရာများကို ငါတို့သည်ရေးလိုက်ကြ၏” (၁ယော ၁း၃၊ ၄)။ ခရစ်တော်နှင့်မိတ်သဟာယဖွဲ့ ရခြင်းကြောင့် အသင်းတော်မိသားစုများတို့သည် တစည်းတလုံးတည်းဖြစ်လာ၍ တစ်ယောက်စီတို့၏ လက်တွေ့ ဗဟုသုတတွင် ပြည့်စုံသောဝမ်းမြောက်ခြင်းရရှိခဲ့ပါသည်။ သူတို့သည် ဘာသာစကား တစ်မျိုးတည်းဖြင့် မေတ္တာစကားကိုပြောခဲ့ပါသည်။ ခရစ်ယာန်များတို့သည် တစ်နေ့တခြားမိသားစု များကဲ့သို့ဖြစ်လာကြသည်။ သူတို့သည် ညီရင်းအစ်ကိုမောင်ရင်းနှမခရစ်တော်အားဖြင့် ကူညီသော သဘောထားကြောင့် အသင်းတော်ကြီးဖြစ်လာပါသည်။ ယုံကြည်ခြင်း၏ညီညွတ်မှုသည် တစ်နေ့ တခြားကျယ်ပြန့်လာ၍ အထူးသဖြင့် ခရစ်ယာန်မိသားစုများတွင် ရှင်သန်လာပါသည်။ ခရစ်တော် အချိန်၌ရှိခဲ့သောတမန်တော်များနှင့် အသင်းတော်သည်အလားတူပြောပြခဲ့သလို ရင်းနှီးစွာ ပူးပေါင်း ဆက်သွယ်ခြင်းတွင် ပိုမိုနီးကပ်လာပါသည်။ အထူးသဖြင့် သူတို့၏ ယုံကြည်ခြင်း၊ ဘုရားသခင်ကို ချစ်ခြင်း၊ အသင်းသားအချင်းချင်း စည်းလုံးညီညွတ်ခြင်းကြောင့် လူအင်အားနည်းသော်လည်း တန်ခိုး ခွန်အားချို့တဲ့သော်လည်း ညှဉ်းဆဲခြင်း၊ နှိပ်စက်ခြင်းခံရသော်လည်း ကမ္ဘာကြီးကိုပင် မှောက်လှန် သောသူများဖြစ်လာကြသည်။

၂။       ခရစ်တော်တည်ထောင်ခဲ့သောအသင်းတော်

ခရစ်တော်တည်ထောင်ခဲ့သောအသင်းတော်ရှိပါသလား (သို့တည်းမဟုတ်) ဘာသာရေးအဖွဲ့ အစည်းတို့သည် လူကြံဆတီထွင်သော အဖွဲ့အစည်းများ ဖြစ်ပါသလား။ ခရစ်တော်၏အဖြေမှာ- “ငါဆိုသည်ကား၊ သင်သည် ပေတရု ဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကိုငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည်မနိုင်ရ” (မဿဲ ၁၆း၁၈)။ ခရစ်တော်သည် ကျောက်ဆူး ချိတ်ဆွဲထားသော ကျောက်ဆောင်ဖြစ်၏။ တိုက်ထောင့်ကျောက်လည်း ဖြစ်၏။ သူ့ အသင်းတော်၏ အုတ်မြစ်ကျောက်လည်းဖြစ်၏။ ဤအသင်းတော်၏အဖွဲ့အစည်းကို မည်ကဲ့သို့ ကျောက်ဖြင့် အုတ်မြစ် ချထားပါသနည်း။ “အဘယ်သို့နည်းဟူမူကား တမန်တော်တို့မှစ၍ ပုရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည်ထပ်ဆင့်၍တည်ဆောက်လျက်ရှိကြ၏။” (ဧဖက် ၂း၂ဝ)။ ဧဝံဂေလိ တရားဟောကြားသောအခါ ဘုရားသခင်သည် မည်သည့်လုပ်ငန်းကိုပြီးဆုံးစေသနည်း။ “လူအပေါင်း တို့၏ရှေ့မှာ မျက်နှာပွင့်လန်းခြင်းအခွင့်ကို ရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ်ဘုရားသခင်သည်သင်းဝင်စေတော်မူ၏” (တမန်တော် ၂း၄၇)။ ခရစ်တော်သည် အသင်း တော်ကိုတည်ထောင်ခဲ့သောအခါ သူ၏ကတိပေးထားချက်မှာ မရဏာနိုင်ငံ၏တံခါး သည်အောင်မြင် ခြင်းမရနိုင်ကြောင်း (မဿဲ ၁၆း၁၈)။ ခရစ်ယာန်အသင်းတော်သည် ဆက်လက်တည်မြဲမည်ဖြစ် ကြောင်း ကတိပေးခဲ့သည်။ အသင်းတော်အတွက် အလွန်မှပင် တန်ခိုးကြီးသောရန်သူရှိကြောင်း---ရောမဘုရင်များမှ အာဏာရှင်များအထိ သန့်ရှင်းသူများ၏ အသွေးသည် ဘုရားသခင်၏ လုပ်ငန်းကို တိုးတက်ကြီးပွားရှင်သန်စေခဲ့သည်။ ခရစ်ယာန်တစ်ဦးသည် ကားစင်ပေါ်၌ ညှဉ်းဆဲသတ်ဖြတ်ခြင်းကို ခံရသောအခါလည်းကောင်း၊ သားရဲနှင့်ခြင်္သေ့များတို့၏ရှေ့တွင် ပစ်ချခြင်းကိုခံရသောအခါတွင်လည်း ကောင်း သူတို့၏နေရာတွင်ချက်ချင်းဆိုသလို အစားဝင်ရောက်လာကြသော အမှုဆောင်အများရှိ သည်။ ကဲ့ရဲ့ပြစ်တင်ရှုတ်ချတတ်သောလူများပေါ်ပေါက်လာသောအခါ ခရစ်ယာန်တို့၏အသင်းတော် နှင့် ခရစ်ယာန်တို့၏တရားများကို ယှဉ်ပြိုင်လာသောအခါ ခရစ်ယာန်တို့၏တရားသည် ထက်မြက်စူးရှ သောအရည်အချင်းနှင့် လောကဓါတ် ပညာများ၏ အရည်အသွေးကြောင့် အသင်းတော်သည်တစ်နေ့ တခြားတိုးတက်ကြီးပွားလာသည်။ အသင်းတော်ရင်ဆိုင်ရသောအကြီးဆုံးသောအခက်အခဲတစ်ခုမှာ- ရောမဘုရင်၏ပြုလုပ်ချက်တစ်ခုမှာ နိုင်ငံတော်ဘာသာပြုလုပ်ခြင်း ဖြစ်သည်။ အသင်းတော်၏ ဝိညာဉ်ရေးသည် တစ်နေ့တခြား ညှိုးမှိန်ပျက်ပြားလာသည် (မှောင်မိုက်သောခေတ်အချိန်)။ သို့ရာတွင် ဘုရားသခင်သည် အဓိကအခြေခံတရားများတို့ကို ကျင့်စောင့်လိုက်လျှောက်သောသစ္စာရှိ ယုံကြည် သူများကို မွေးထုတ်ပေးခဲ့ပါသည်။ ထိုသူများတို့၏လုပ်ငန်းသည် မှောင်သောညတွင်တောက်ပလျက်ရှိ သောကြယ်များပမာ ထွန်းတောက်ကြည်လင်လျက်ရှိပါသည်။ ပေါလုသည် ခရစ်တော်နှင့်မိမိအသင်း တော်၏ ပေါင်းဖက်ဆက်သွယ်ပုံကို လင် (ခင်ပွန်း) ၏ ပုံနမူနာဖြင့်.. ကြင်နာပြတ်သားစွာ ဆက်သွယ် ပေါင်းသင်းပုံကိုပြထားသည် (ဧဖက် ၅း၂၃-၂၅)။ အသင်းတော်သည် အိမ်ထောင်၏ မိသားစုပမာ ဖြစ် သည်။ အိမ်တော်တွင် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံဆက်သွယ်ပုံကို ပြုလုပ်ရမည်။ တစ်ဦးကို တစ်ဦးကူညီမစရိုင်းပင်းရမည်။ မိသားစုများအတွက် အကျိုးတူသက်ရောက်နိုင်သော လုပ်ငန်းများကို သာ ရှေးရှုလုပ်ဆောင်ရမည် (ဧဖက် ၂း၁၉)။ ပေါလုကလည်း အသင်းတော်သည်အသက်ရှင်သော ကိုယ်ကာယဖြစ်ရမည့်အကြောင်း နှင့်ခရစ်တော်သည် ၎င်းအင်္ဂါ၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း ပြောပြထားသည်။ “ဥပမာကား၊ ကိုယ်တစ်ခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍ ထိုတစ်ခုတည်းသော ကိုယ်၏အင်္ဂါအပေါင်းတို့သည် များလျက်နှင့် ကိုယ်တစ်ခုတည်းဖြစ်သကဲ့သို့ ထိုနည်းတူခရစ်တော် သည် ဖြစ်၏” (၁ကော ၁၂း၁၃)။ Revelation သည်ထမြောက်ရှင်ပြန်သောခရစ်တော်က အသင်းတော် အတွင်းလမ်းလျှောက်နေမှုကိုဖေါ်ပြခဲ့ပါသည်။ အနက်မှာ မည်မျှချစ်ခင်မြတ်နိုးကြောင်းကိုပြသည် (ဗျာ၊ ၁း၂၀၊ ၁၂၊ ၁၃)။ ခရစ်တော်သည် သူ၏အသင်းသားများကို မည်သည့်အချိန်ကမျှမစွန့်ခဲ့ဖူးပါ။ မည်သည့်အချိန်တွင်လည်း စွန့်မည်မဟုတ်ပါ။

၃။       လုပ်ငန်းအစီအစဉ်ရှိသောအသင်းတော်

ဘုရားကျောင်းတွင် အများတက်ရောက်ဝတ်ပြုကိုးကွယ်ခြင်းသည် ခရစ်ယာန်တို့အတွက် အရေးကြီးသည်။ ကျွန်ုပ်တို့သည်အသင်းသူအသင်းများတို့၏ မစကူညီခြင်းကိုလိုသည်။ အသင်းတော် အသက်ရှင်ခြင်းကိုပြသည်၊ ကြီးထွားခြင်းပြသည်။ အသင်းတော်၏ အခြားအရေးကြီးသော အရာသုံးခု ရှိပါသည်။

(က)    အသင်းတော်သည် ဖြောင့်မတ်ခြင်းတရားကို ထိန်းသိမ်းရမည်။ ဖြောင့်မတ်ခြင်းတရား၏ အခြေခံနှင့် ခေါင်းတိုင်ကြီး ပမာဖြစ်သည် (၁တိ ၃း၁၅)။ အသင်းတော်သည် ယုံကြည်ချက် အဆင့်အတန်းကိုထိန်းသိမ်းကာ ကမ္ဘာကြီးပေါ်တွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ကာ ကွယ်စောင့်ရှောက်ပေးသည်။ ကျွန်ုပ်တို့သည် အများစု၏ ပညာနှင့်တွန်းအားကို ရယူကာ ကျမ်းစာ၏အရေးကြီးသောအမှန်တရားကိုလိုလျက်ရှိပါသည်။

(ခ)      အသင်းတော်သည် ဘုရားသခင်အတွက် မည်ကဲ့သို့သောပုံနမူနာဖြင့် အပြစ်သားများအတွက် သူ၏ကျေးဇူးတရား များအားဖြင့်ပြသပေးပါသနည်း။ ကျွန်ုပ်တို့၏အသက်တာကိုပြောင်းလဲ ပေး၍ ဘုရားသခင်၏သားသမီးများအဖြစ် အခေါ်ခံနိုင်သော ပုဂ္ဂိုလ်များဖြစ်ဖို့ရန်နှင့် သူ၏ ထူးဆန်းသောအလင်းထဲသို့ကူးပြောင်းစေခြင်းဖြစ်သည် (၁ပေ ၂း၉)။

(ဂ)      ဘုရားသခင်၏လူတို့သည် သူ့အတွက်လိုသည့်နေရာတွင်သက်သေခံရန်နှင့်. ကောင်းကင်နိုင်ငံ တော်သို့ တက်ကြွပြီးသည့်နောက် ခရစ်တော်သည် သူ၏တမန်တော်များတို့အား အောက်ပါ ကတိကိုပေးခဲ့ပါသည်။ “ထိုသို့မရှိသော်လည်း သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိ ပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်” (တမန်တော် ၁း၈)။ အသင်း တော်သည် ဘုရားသခင်၏သတင်းစကားကို ကမ္ဘာအနှံ့သို့ မေတ္တာရှေ့ထားကာ ပြောကြားရ မည်။

၄။       ခွန်အားရရန်ဖွဲ့စည်းထားခြင်း

ဘုရားသခင်၏ အသင်းတော်တည်ထောင်ရခြင်းသည် တိကျသေချာသော ဖွဲ့စည်းပုံရှိသည်။ တစ်ဦးသည် အသင်းသားအဖြစ်မှပယ်ထုတ်ပြီး တစ်ဦးကိုထည့်သွင်းကာ (မဿဲ ၁၈း၁၅-၁၈)။ ဘုရား သခင်ခန့်အပ်သောခေါင်းဆောင်သည် ကမ္ဘာ့ဌာနချုပ်ရှိသကဲ့သို့ အခြေခံအဖွဲ့အစည်း၌လည်း ခန့်ထား သောခေါင်းဆောင်ရှိရသည် (တမန်တော် ၈း၁၄။ ၁၄း၂၃။ ၁၅း၂။ ၁တိ ၃း၁-၁၃)။ သူတို့သည် နှစ်ခြင်း ခံပြီးသောအခါ ဖွဲ့စည်းပြီးသောအသင်းတော်၏ တည်ရှိမှုသည် နှစ်ဦး နှစ်ဖက်အားပေးမှုကို အမှီပြု သည်။ “ထိုမှတစ်ပါး မေတ္တာစိတ်ရှိစေခြင်းငှါလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါ လည်းကောင်း တိုက်တွန်းနှိုးဆော်ရသော အခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကို တစ်ယောက် ထောက်စာ ကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည် ကို ထောက်သဖြင့် သာ၍ကြိုးစားကြလော့” (ဟေဗြဲ ၁၀:၂၄၊ ၂၅)။

ဤသည်ကား တိုးတက်သောအသင်းတော်အဖွဲ့၏ လုပ်ငန်းအကျဉ်းချုပ်ဖြစ်၏။ အသင်းသား တစ်ဦးစီတို့သည် တစ်ဦးကိုတစ်ဦးယုံကြည်ခြင်းတွင် ဆောက်တည်စေရမည်။ အချင်းချင်းအားပေးနှိုး ဆော်ရမည်။ ဘုရားသခင်ဖွဲ့စည်းသော အသင်းတော်သည် ဘုရားသခင်၏လူတို့ကိုခွန်အားပြည့်စေ၍ ကမ္ဘာကြီးအတွက်လည်း အမှုတော်အကျိုးဆောင်ရမည်။ ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက်တည်း လုပ်သည်ထက် အဖွဲ့အစည်းနှင့်သော်လည်းကောင်း၊ အများနှင့်ပူးပေါင်း၍ သော်လည်းကောင်း လုပ် ဆောင်လျှင် ကြီးပွားတိုးတက်မည်။ ဥပမာအနေဖြင့်. သတ္တမနေ့ဥပုသ်အသင်းတော်သည် ကမ္ဘာ့နေရာ အနှံ့အပြားကျန်းမာခြင်းလုပ်ငန်းလုပ်ဆောင်လျက်ရှိသည်။ မြို့တွင်းရှိ ဆေးပေးခန်းများမှ ရပ်ဝေးရှိ ကျွန်းကလေးအပေါ် လုပ်ကိုင်သောဆေးပေးခန်းအထိ ကျန်းမာခြင်းလုပ်ငန်းများကို ကျယ်ပြန့်စွာ ပြုလုပ်လျက်ရှိသည်။ ကျွန်ုပ်တို့၏ စာသင်ကျောင်းများတွင်လည်း ထောင်ပေါင်းများစွာသောလူငယ် များကို သာ၍ကောင်းသောခရစ်ယာန်အသက်တာအနေဖြင့် မဟာသိပ္ပံကျောင်းကြီးဖြစ်သော လိုမာ လင်းဒါ (သိပ္ပံကျောင်း/ဆေးရုံကြီး) တွင်နှလုံးအစားသွင်းခြင်း၊ ဝေးလံသော အာဖရိကတိုက်ရှိ အမှု တော်ကျောင်းကလေးများအထိ ဆေးပညာအားဖြင့် အခက်အခဲတွေ့သည့်အခါ အမအစပေးသည့် အာဒရာအဖွဲ့အထိ သာမန်အသင်းတော်နှင့်အသင်းသားများတို့သည် အဝတ်အစားပေးကမ်းခြင်း၊ ငတ်မွတ်သူကိုကျွေးမွေးခြင်း၊ အိမ်မရှိသူများကိုဆောက်ပေးခြင်း၊ ရပ်ကွက်အဖွဲ့အစည်းများအထိ လုပ်ဆောင်ပေးခြင်းဖြစ်သည်။ အသင်းသားများတို့သည်လည်း ကယ်တင်ခြင်းသတင်းစကားများကို တိုင်းပြည်ပေါင်း ၂ဝဝ အထိကောင်းသောလုပ်ငန်းများကို ပေးဝေလုပ်ဆောင်လျက်ရှိသည်။ ဤ လုပ်ငန်းများကိုထောက်ရှုခဲ့သောအဖွဲ့အစည်းရှိ၍ ပေးအပ်ပြီးစွန့်စားနိုင်သော သူတို့သာလျှင် ကမ္ဘာ အနှံ့လုပ်ငန်းကိုထိရောက်စွာ လုပ်ဆောင်နိုင်သည်။ ခရစ်တော်နှင့်တမန်တော်တို့သည် အသင်းတော် ကြီးကို ကိုယ်ကာယနှင့်နှိုင်းယှဉ်ထားသည်။ ကိုယ်ကာယ၌ရှိသော အင်္ဂါအစုံတို့သည် သူ၏နေရာ တစ်ခုစီတို့၌တာဝန်ရှိသည် (၁ကော ၁၂း၂၁-၂၈)။ ကိုယ်ကာယရှိ အင်္ဂါအစိတ်အပိုင်းတစ်ခုစီတို့သည် မတူသော်လည်း သူ့နေရာနှင့်သူလုပ်ငန်းများ ရှိသည်။ အတူတကွနှင့်တညီတညွတ်တည်း လုပ်ဆောင် ရသည်။ ဥပမာ- မျက်စိကိုကိုယ်ကာယကြီးနှင့်သီးခြားစွာထားလျှင် မျက်စိသည်မမြင်နိုင်ပါ။ ပြတ်သော လက်သည်အသုံးချ၍မရပါ။ ကျွန်ုပ်တို့သည်မျက်စိဖြစ်စေ၊ လက်ဖြစ်စေ၊ လက်ချောင်း ကလေးတစ်ခု ချို့ယွင်းခဲ့သော် ထိရောက်သေချာစွာ လုပ်ဆောင်ရန်မလွယ်ပါ။ အသင်းတော်နှင့်သက်ဆိုင်ခြင်းသည် တစ်ဦးနှင့်တစ်ဦးပေါင်းသင်းခြင်းဖြစ်၍ ကိုယ်၏မိသားစုများဖြစ်လာ၍ အင်္ဂါတစ်ခုလုံးကို တောင့်တင်း သန်မာစေသည်။

၅။       ဝတ်ပြုကိုးကွယ်ရခြင်းသည်ဝမ်းမြောက်စရာဖြစ်၏

ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လိုသောဆန္ဒရှိသည်။ ထိုဆန္ဒကို အကောင်အထည် မဖေါ်လျှင် ပျက်စီးသွားနိုင်သည်။ ဆာလံဆရာ၏ ခံစားချက်တစ်ခုမှာ ဝတ်ပြု ကိုးကွယ်ရာသို့သွားမည်ဟူသောဆန္ဒဖြစ်သည်။ “ငါတို့သည် ထာဝရဘုရားသခင်၏ အိမ်တော်သို့ သွား ကြကုန်အံ့ဟု သူတစ်ပါးတို့သည်ပြောကြသောအခါ ငါသည် ဝမ်းမြောက်ခြင်းရှိ၏” (ဆာလံ ၂၂း၁)။ အများနှင့်ဝတ်ပြုကိုးကွယ်သောအခါ သီချင်းဆိုခြင်းသည်မည်မျှ အရေးကြီးသနည်း။ “ထာဝရဘုရား သခင်၏အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်ကြလော့။ ရွှင်လန်းစွာသီချင်းဆိုလျက် အထံတော်သို့ ဝင်ကြလော့” (ဆာလံ ၁၀၀း၂)။ ကျမ်းစာ၏ဖေါ်ပြချက်အရ အလှူငွေစွန့်ကြဲပေးကမ်းခြင်းသည် သင့်လျော်သော ဝတ်ပြုကိုးကွယ်ခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ “ထာဝရဘုရားသခင်၏ နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သကာကိုဆောင်ခဲ့လျက် တန်တိုင်း တော်သို့ဝင်ကြလော့။ သန့်ရှင်းသောတန်ဆာကိုဆင်၍ ထာဝရ ဘုရားသခင်ကို ကိုးကွယ်ကြလော့။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ခြင်းရှိကြလော့” (ဆာလံ ၉၆း၈၊ ၉)။ ဆုတောင်းခြင်း သည်လည်း လူများစုအတွင်း ကိုးကွယ်ရာ၌အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ “လာကြ၊ ပျပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကိုဖန်ဆင်းတော်မူသော ထာဝရဘုရားသခင်၏ရှေ့ တော်၌ဒူးထောက်ကြ ကုန်အံ့” (ဆာလံ ၉၆း၆)။ ဓမ္မသစ်ကျမ်းအရ၊ ကျမ်းစာအတူတကွလေ့လာခြင်း၊ တရားဟောခြင်းတို့ သည် ဝတ်ပြုကိုးကွယ်ခြင်း၏အဓိက အချက်အချာဖြစ်သည်။ ပင်တေကုတ္တေပွဲနေ့တွင် ပေတရု၏ တရားဟောခြင်းမှစ၍ (တမန်တော် ၂း-) ဘာသာရေးပြုပြင်ပြောင်းလဲသော ဆရာကြီးများအထိ ပြန်လည်ထကြွနိုးကြားခြင်းများ လုပ်ဆောင်ရာ၌ ထိရောက်သောလုပ်ငန်းမှ ကျမ်းစာရှိအကြောင်း တရားများကိုဟောကြားခြင်းဖြစ်သည်။ အကြောင်းမှာ နှုတ်ထွက်စကားတော်သည် အသက်ရှိ၍ လှုပ်ရှားတတ်သောအရာကဲ့သို့ဖြစ်သောကြောင့် ဟေဗြဲတွင်ဖေါ်ပြထားသည်။ အမှန်တရားသည် နှစ်ဖက်သွားရှိသော ဓါးထက်အသွားထက်ကြောင်းဖေါ်ပြထားသည် (ဟေဗြဲ ၄း၁၂၊ ၁၃)။

၆။       အသင်းတော်ကြီး၏ အခြေအနေ

အချို့သောသူတို့သည် အသင်းတော်ကြီးတွင်မပြည့်စုံသောသူအများရှိသည်ဟု အပုပ်ချကြ သည်။ ဆရာကြီးဟင်နရီဝပ်ဘိချား၏ဝေဖန်ချက်တွင် အသင်းတော်ကြီး၏နာမည်စာရင်းမှတ်တမ်း တွင် ကြော်ကြားသောခရစ်ယာန်ကောင်းများသာမကဘဲ အသင်းတော်သည် မပြည့်စုံသောသူအများ နှင့် ပြည့်စုံသောကြောင့် ပညာပေးသောကျောင်းပမာဖြစ်ရမည်။ ကျွန်ုပ်တို့သည် တစ်ဦးမျှပြည့်စုံခြင်း မရှိသောကြောင့် အသင်းတော်သည်လည်း ဘယ်သောအခါမျှ ပြည့်စုံခြင်းရှိမည်မဟုတ်ပါ။ ခရစ်တော် ၏ပုံပြင်တစ်ခုမှာ ပေါင်းပင်နှင့်ပြောင်းပင်တို့သည် အတူတကွပေါက်နေကြောင်းနှင့် ရှင်းလင်း ထုတ် ပြစ်ရန်မလိုကြောင်း၊ အချိန်တန်မှပြောင်းပင်ကို စပါးကျီအတွင်းသို့လည်းကောင်း၊ ပေါင်းပင်ကိုမီးပုံ တွင်းသို့လည်းကောင်း သူ့နေရာသူရှင်းလင်းခွဲထုတ်ပစ်မည်ဖြစ်ကြောင်း ပြောပြထားသည် (မဿဲ ၁၃း၂၄-၃ဝ)။ ဓမ္မသစ်ရှိပေါလု၏ ကျမ်းတွင် အသင်းတော်တစ်ခုစီတိုင်း၌ သီးခြားသောအခက်အခဲ တစ်ခုစီရှိသည်။ ထို့နည်းတူ ယနေ့အသင်းတော်များတွင် ဆိုးဝါးသော ချို့ယွင်းချက်များရှိသည်။ သို့ရာ တွင် သတိပြုရမည့်အချက်တစ်ခုမှာ အမှားပြုလုပ်တတ်သော အသင်းသားများတို့သည် အသင်းတော် ကြီး၏ တည်တံ့မှုကို ဘယ်သောအခါမျှပျက်စီးအောင်ပြုလုပ်၍မရပါ။ ထို့ကြောင့် မပြည့်စုံသော အသင်းတော်တိုင်းတို့သည် ခရစ်တော်၏ မျက်နှာတော်ကို အမြဲမျက်မှောက်ပြုလျက် စောင့်မျှော်နေရ မည်။ အသင်းတော်သည် အပြစ်အမှားရှိသော်လည်း ခရစ်တော်သာပိုင်ဆိုင်သည်။ ထို့ကြောင့် ခရစ်တော်၏မစခြင်းကိုအမြဲစောင့်မျှော်ပါ။ “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့ သင်တို့သည် ကိုယ့်ခင်ပွန်းကိုချစ်ကြလော့။ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည်ဖြစ်၍ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှစသည် တို့နှင့်လွတ်လပ် သဖြင့် အသရေတင့်တယ်လျက်ရှိသောအသင်းတော်ကို ခရစ်တော်သည် မိမိအားပေးဆက်အံ့သောငှါ နှုတ်ထွက်စကားတော်ရေ၌ဆေးကြောခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်း တော်အဖို့အလို့ငှါ ကိုယ်ကိုကိုယ်စွန့်တော်မူ၏” (ဧဖက် ၅:၂၅-၂၇)။ အသင်းတော်သည် ခရစ်တော် အတွက်အလွန်မှပင်အရေးကြီးသောကြောင့် အသင်းတော်အတွက် အသက်တော်ကို စွန့်ခဲ့ပါသည်။ ခရစ်တော်သည်တစ်ဦးစီအတွက်ကယ်တင်ခြင်းပေးခဲ့သလိုအသင်းတော်တစ်ခုစီအတွက်ကိုကယ်တင် ခြင်းပေးပါသည်။ ထို့ကြောင့် အသင်းတော်သည် သင့်အတွက်အရေးကြီးကြောင်းကို သင်သိရမည်။ သင်သည် ခရစ်တော်၏ ကိုယ်ကာယဖြစ်သော အသင်းတော်ကြီးတွင် တစ်စိတ်တစ်ဒေသပါဝင်ပါ သလား။

၇။       အသင်းတော်ကိုရှာဖွေခြင်း

ဤလောကကြီးတွင် မှန်သောယုံကြည်ခြင်းရှိသောသူများကို ခရစ်တော်က တွေ့ရှိပါသလား။ “သင်တို့ကိုခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းတစ်ပါးထဲသို့ ခေါ်သွင်းတော်မူသည်နှင့် အညီ ကိုယ်တစ်ကိုယ်၊ ဝိညာဉ်တစ်ဝိညာဉ်တည်းရှိ၏။ သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံ တစ်ပါး” (ဧဖက် ၄း၄၊ ၅)။ ခရစ်တော်သည် ယုံကြည်ခြင်း တစ်ပါးသာရှိသောကြောင့် မည်သည့် ယုံကြည်ခြင်းသည်မှန်ကြောင်းသိနိုင်မည်နည်း။ ခရစ်တော်သည် ကျွန်ုပ်တို့ကို ယုံကြည်ခြင်းသော့ချက် တစ်ခုပေးထားပါသည်။ “ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား ဤတရားတော် သည် ဘုရားသခင်၏ တရားတော်ဖြစ်သလော။ ငါသည် ကိုယ့်အလိုအလျောက်ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်” (ယောဟန် ၇း၁၇။ ၈:၃၁၊ ၃၂)။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်သို့ လိုက်ရန်ဆုံးဖြတ်သောအခါ ကျွန်ုပ်တို့ ယုံကြည်သည့်တရားသည် ဘုရားသခင်၏တရားသော်လည်း ကောင်း၊ လူ၏ထုံးတမ်းစဉ်လာတရားသော်လည်းကောင်း ခွဲခြားသိမြင်မည်။ အသင်းတော်မှန် မမှန် ကို သိနိုင်သောသော့ချက်တစ်ခုမှာ ထိုအသင်းတော်သည် ဘုရားသခင်၏ နှုတ်ထွက်တရားအတိုင်း လိုက်လျှောက်သည်၊ မလိုက်လျှောက်သည်ကို ကြည့်လျှင်သိနိုင်ပါသည်။ သမ္မာကျမ်းစာကို ယုံကြည် သော လိုက်လျှောက်သူတို့သည် ခေါင်းဆောင်အစွဲအလမ်းနှင့်အဖွဲ့အစည်းအစွဲအလမ်းကို လုံးဝ မယုံ ကြည်မစွဲလမ်းရပါ။ ဤမှတ်တမ်းထဲမှာ ဘုရားသခင်ဖေါ်ပြထားသော နှုတ်ထွက်တရားတော်အတိုင်း အမှန်တကယ်ပြထားသကဲ့သို့ မှန်ကန်သော ခရစ်ယာန်တစ်ယောက်သည် သူ၏နှလုံးသားနှင့် သူ၏ စိတ်ထားကိုမှန်သောဘုရားသခင်ထံသို့အပ်ထားခြင်းကို လက်ခံပါမည်။

 

ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၂ဝ) အဖြေလွှာ

အတူတကွပေါင်းဖေါ်ခြင်းဖြင့် တိုးပွားခြင်း၏သော့ချက်

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။

၁။       ကျမ်းစာအားဖြင့် စိတ်တက်ကြွသောတမန်တော်တို့၏ အသင်းတော်သည် လူများကိုပေါင်း ဖေါ်ရန်၊

--------- တစ်ဦးနှင့်တစ်ဦး။        --------- ဘုရားသခင်နှင့်။          --------- ဖာရိရှဲနှင့်။

၂။       ခရစ်ယာန်အသင်းတော်သည် သူ့အားဖြင့်တည်ထောင်ခဲ့ပါသည်။

--------- ကျောက်ဆောင်တည်းဟူသောခရစ်တော်။

--------- နှစ်ခြင်းဆရာယောဟန်။

--------- တမန်တော်ပေတရု။

သမ္မာကျမ်းစာသည် သူနှင့်သူကိုနှိုင်းယှဉ်ထားပါသည်။

--------- ခင်ပွန်းနှင့်ဇနီးတို့ပေါင်းဖေါ်ခြင်း။

--------- အသက်ရှင်သောကိုယ်အင်္ဂါအစိတ်အပိုင်း။

--------- မိသားစုအိမ်ထောင်သားများ ။

--------- ရွှေမီးခွက်တိုင်။

၃။       ခရစ်တော်သည်အသင်းတော်ကိုတည်ထောင်ခဲ့သောကြောင့်၊

--------- အသင်းသားတိုင်းတို့သည် ကူညီမစခြင်းရှိသောကြောင့် ယုံကြည်ခြင်းသည် အသက် ရှင်၍ ကြီးထွားလာသည်။

--------- ဘုရားသခင်၏အမှန်တရားကို လောကတွင်ကာကွယ်ထိန်းသိမ်းရန်ဖြစ်သည်။

--------- ဘုရားသခင်၏ ကျေးဇူးတရားတော်သည် အပြစ်သားများအတွက် ပုံနမူနာအဖြစ် အကျိုးဆောင်ပေးသည်။

---------          အသင်းသားတို့ကိုကမ္ဘာကြီးရှိလူများအားလုံးတို့အတွက်သက်သေခံပေးရန်ဖြစ်သည်။

၄-၆။    ဘုရားသခင်သည် အသင်းတော်ကိုတည်ထောင်သောအခါ တိကျသေချာသောအဖွဲ့အစည်း ရှိသည်။

--------- သို့မှသာလျှင် အသင်းသားအချင်းချင်းတစ်ဦးကိုတစ်ဦးအားပေးနိုင်မည်။

--------- သို့မှသာလျှင် အသင်းသားတို့သည် ဘုရားဝတ်ပြုခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်း ခြင်းနှင့် သီချင်းဆိုခြင်းအားဖြင့်. အတူတကွပေါင်းဖေါ်နိုင်သည်။

--------- သို့မှသာလျှင် အသင်းတော်ကြီးသည် ပြည့်စုံသည်ဟုမြင်နိုင်မည်။

--------- အကြောင်းမူကား သူ၏နက်ရှိုင်းသောမေတ္တာသည် အသင်းတော်အတွက်ဖြစ်သော ကြောင့်ဖြစ်သည်။

၇။       ခရစ်တော်တည်ထောင်ခဲ့သည်။

--------- မှန်သောယုံကြည်ခြင်းရှိသည့်အသင်းတော်များ။

--------- မှန်သောယုံကြည်ခြင်းရှိသည့်အသင်းတော်တစ်ခုသာ။

မှန်သောယုံကြည်ခြင်းရှာဖွေရန် ခရစ်တော်ပေးခဲ့သောသော့ချက်မှာ၊

--------- ဘုရားသခင်၏အလိုတော်သို့လိုက်ခြင်း။

--------- ကျွန်ုပ်တို့မိဘများကိုးကွယ်သည့်ဘာသာကိုလိုက်လျှောက်ခြင်း။

 

နှလုံးသားမေးခွန်း

သင်သည် အခြားသောခရစ်ယာန်များတို့နှင့်ပေါင်းဖေါ်ရခဲ့သောကြောင့် သင်သည်ပျော်ရွှင်မှုရှိ ပါသလား။

 

မှတ်ချက်။ လမ်းညွှန် (၂၅) သည်ဤမေးခွန်းအဖြေကိုပေးပါမည်။ ကျွန်ုပ်သည် ဘုရားသခင်၏မှန်သော အသင်းတော်ကိုမည်ကဲ့သို့တွေ့ နိုင်မည်နည်း။

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 



အခန်းကြီး - ၂၁

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၂၁)

လူအများသည်မှားနိုင်မည်လား

 

          လမ်းညွှန် (၁၆) တွင် ကျွန်ုပ်တို့သည် ဥပုသ်နေ့အကြောင်းနှင့်ပတ်သက်၍ အသက်တာအခက် အခဲများကို အောင်မြင်ကျော်လွှားနိုင်ရန် ငြိမ်ဝပ်ခြင်းချမ်းသာတည်းဟူသော ဥပုသ်နေ့အကြောင်းကို လေ့လာခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ငြိမ်ဝပ်ခြင်းချမ်းသာလိုကြောင်းသိသည်။ သူသည် (၇) ရက်တွင် (၁) ရက်ကိုငြိမ်ဝပ်ခြင်းချမ်းသာအတွက် ထားရခြင်းမှာ ဝိညာဉ်ရေးပြန်လည် ရှင်သန်ဖို့ဖြစ်သည်။ ဤကမ္ဘာကြီးကို (၆) ရက်တွင် ဖန်ဆင်းပြီးသည့်နောက်ပိုင်း သတ္တမနေ့ကိုငြိမ်ဝပ် ခြင်းချမ်းသာနေ့ အဖြစ်ကောင်းချီးပေးသည်။ သန့်ရှင်းစေသည်။ (ကမ္ဘာ ၂း၁-၃)။

          ဘုရားသခင်သည် ပညတ်တော် (၁၀) ပါးကို သူ၏လူဣသရေလလူတို့ကိုပေးခဲ့သည်။ ထိုပေးခဲ့ သောပညတ်တော်ထဲတွင် (၄) ပါးတစ်ပါးသည် ဥပုသ်နေ့တည်းဟူသော ငြိမ်ဝပ်ခြင်းချမ်းသာကိုစောင့် ရှောက်ရန် ဖြစ်သည် (ထွက်၊ ၂၀း၈-၁၁)။ ပညတ်တော်၏စကားအရ၊ ဥပုသ်နေ့သည် ဖန်ဆင်းရှင်ကို တန်ခိုးရှိသော ပုဂ္ဂိုလ်အဖြစ်သိရန်ဖြစ်သည်။ ထိုနေ့ရက်တွင် ငြိမ်ဝပ်ခြင်းချမ်းသာအချိန်တွင် လောက ၏ အလှများ၊ ထူးဆန်းနက်နဲသောအရာများ၊ ဖန်ဆင်းခဲ့သော လက်ရာများ၊ ထိုနေ့တွင်ငြိမ်ဝပ်ခြင်း ချမ်းသာရရှိနိုင်ရန် ဖန်ဆင်းရှင်ထံတော်သို့ လာ၍ ဆည်းကပ်ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကို ပိုမို နက်ရှိုင်းရင်းနှီးလာသောမိတ်သဟာယဖွဲ့မှုကိုပြုရမည်။ ခရစ်တော်သည် ဤလောက၌ သက်တော် ထင်ရှားစဉ်က ဥပုသ်နေ့ကိုစောင့်ခဲ့သည် (လုကာ ၁၄း၁၆)။ ၎င်းပြင် ထိုနေ့ကိုငြိမ်ဝပ်ခြင်းချမ်းသာ၏ အကျိုးအမြတ်များ ရရှိစေရန်မှာကြားခဲ့သည် (မာကု ၂:၂၇၊ ၂၈)။ တမန်တော်ရှိကျမ်းချက်အများတို့တွင် ခရစ်တော်၏ တမန်တော်များတို့သည် ဥပုသ်နေ့ကိုငြိမ်ဝပ်ခြင်းချမ်းသာနေ့အဖြစ် စောင့်ရှောက်ခဲ့ သည်။ ၎င်းအပြင် ထမြောက်ရှင်ပြန်ပြီးသည့်နောက်ပိုင်းတွင်လည်း ဆက်လက်စောင့်ရှောက်သည် (တမန်တော် ၁၃း၁၄။ ၁၆း၁၃။ ၁၇း၂။ –၁၈း၁-၄၊ ၁၁”)။

၁။       စိတ်အနှောင့်အယှက်ဖြစ်စေသောမေးခွန်း

          ဤသင်ခန်းစာသည် လူအများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ခရစ်ယာန်များတို့ သည် အချိန်တော်တော် ကြာကြာတွင် ဥပုသ်နေ့ကို (၂) ရက်ထားစောင့်သည်။ တစ်ချက်တွင် ခရစ် ယာန်အများတို့သည် စိတ်သဘောရိုးသားစွာဖြင့် တနင်္ဂနွေနေ့ကို ဥပုသ်နေ့အဖြစ်စောင့်သည်။ ထိုနေ့ သည် (၇) ရက်တွင် ပထမနေ့ရက်ဖြစ်သည်။ အများသော ခရစ်ယာန်တို့သည် ခရစ်တော်ထမြောက် ခြင်းကိုအောက်မေ့သတိရဖို့ရန်စောင့်သည်။ သို့ရာတွင် ခရစ်ယာန်အများတို့သည် ကျမ်းစာဖေါ်ပြသော သတ္တမနေ့ရက်ကိုစောင့်သည်။ ကျမ်းစာတွင် ပထမနေ့ရက်သည် ခရစ်တော်ကကောင်းချီးပေးသည်၊ သန့်ရှင်းစေသည်ဟူသော အချက်တစ်ချက်မျှမပါရှိပါ။ ကျွန်ုပ်တို့သည် ဥပုသ်နေ့အဖြစ်စောင့်လိုသည့် နေ့ကို စောင့်နိုင်ပါသလား။ စိတ်စေတနာမှန်သော ခရစ်ယာန်တို့သည် အမှန်တရားကိုသိသည့် အလျောက် ကိုယ့်ကိုယ်ကိုပြန်၍မေးရန် လိုသည်။ ထိုနေ့ရက်ကိုခရစ်တော်စောင့်ပါသလား။ ကျွန်ုပ်တို့ စောင့်ရန် ခရစ်တော်မှာကြားပါသလား။ ဤဥပုသ်နေ့အကြောင်းနှင့်ပတ်သက်သော အရေးကြီးသည့် ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား သိရှိနားလည်ရမည်။ မည်သူသည် ဥပုသ်နေ့ကို စနေနေ့မှ တနင်္ဂနွေနေ့သို့၊ (၇) ရက်တွင် ပထမနေ့ရက်သို့ ပြောင်းရွှေ့ပါသနည်း။ ပြောင်းရွှေ့ရန်ကျမ်းစာက သွန်သင်ထောက်ခံထားပါသလား (သို့တည်းမဟုတ်) ဘုရားသခင်၊ သားတော်ခရစ်တော်ယေရှု (သို့မ ဟုတ်) တမန်တော်များက ပြောင်းရွှေ့ထားပါသလား။ ထိုပြောင်းရွှေ့၊ မပြောင်းရွှေ့မှုများကို အသေး စိတ်တင်ပြပေးပါမည်။

၂။       ဘုရားသခင်သည် ဥပုသ်နေ့ကိုပြောင်းလဲပါသလား

          ဘုရားသခင်ထံမှအမိန့်ကြောင့် ဥပုသ်နေ့ကိုပထမနေ့ရက်သို့ပြောင်းရွှေ့ ကြောင်းရှိပါသလား။ ခရစ်ယာန်အများစုတို့သည် ပညတ်တော် (၁၀) ပါးကိုမှန်သောလမ်းပြသည့်တရားဟု လက်ခံထား သည်။ ပညတ်တော် (၁၀) ပါးသည် လူသားတို့အတွက် သူကိုယ်တိုင်ရေးထားသောစာသားများ ဖြစ် သည်။ ထိုပညတ်တော်သည် အလွန်အရေးကြီး၏။ ထိုပညတ် တော် (၁၀) ပါးကို ဘုရားသခင်၏ လက်ဖြင့် ကျောက်ပြားပေါ်မှာ ရေးထားသည် (ထွက် ၃၁း၁၈)။ ပညတ်တော် (၄) ပါးတစ်ပါးသည် ကျွန်ုပ်တို့ကို သွန်သင်ရန်ဖြစ်ကြောင်းနားလည်ရသည်။ “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံးအလုပ်မျိုးကို ကြိုးစား၍လုပ်ဆောင်လော့။ သတ္တမနေ့ရက် သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသောဧည့်သည်သည် အလုပ်မလုပ်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသခင်သည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာအရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ငြိမ်ဝပ်စွာနေတော်မူ၏။ ထို့ကြောင့် ထာဝရဘုရားသခင် သည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏” (ထွက် ၂၀း၈-၁၁)။ ဘုရားသခင် သည် ပညတ်တော် (၁၀) ပါးကို သူ၏ လူတို့အားပေးသောအခါ သူသည်လည်းတိကျပြတ်သားစွာ မည်သူမျှ စာအရေးအသားကိုမပြုရဟု ပညတ်ထားသည်။ “ငါမှာထားသောစကား၌ သင်တို့သည် အသစ်မသွင်းရ။ အလျှင်းမနုတ်မပယ်ရ။ ငါမှာထားသည့်အတိုင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည်” (တရား ၄း၂)။ ဘုရားသခင်သည်လည်း မိမိ၏အမိန့်ကို မပြောင်းလဲရန်မှာကြားထားသည်။ “ငါ၏ ပဋိညာဉ်တရားကိုလည်း မရှုတ်ချ။ ငါမိန့်မြွက်သော စကား လည်း ဖောက်ပြန်ခြင်းမရှိရ” (ဆာလံ ၈၉း၃၄)။ ထို့ကြောင့် ကျမ်းစာ၏ ရှင်းပြချက်အရ၊ ဘုရားသခင် သည် ဥပုသ်နေ့ကိုသတ္တမနေ့မှ ပထမနေ့သို့မပြောင်းလဲခဲ့ပါ။

 

၃။       ခရစ်တော်သည်ဥပုသ်နေ့ကိုပြောင်းလဲပါသလား

          ခရစ်တော်၏စကားအရ၊ ပညတ်တော် (၁၀) ပါးသည် ပြောင်းလဲ၍မရပါ။ “ပညတ္တိကျမ်း၊ အနာ ဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါငါလာသတည်း။ ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့်မြေကြီးမပျက်စီးမီတိုင်အောင် ပညတ္တိကျမ်း၌ အငယ်ဆုံးသောစာလုံး တစ်လုံးမျှပြည့်စုံခြင်းသို့မရောက်မီ မပျက်စီးရ” (မဿဲ ၅း၁၇)။ အညွှန်း (၁၆) တွင်ခရစ်တော်၏ထုံးတမ်းစဉ်လာအရ၊ ဥပုသ်နေ့တွင် ဘုရားကျောင်း၌ ဝတ်ပြုကိုးကွယ် ကြောင်းတွေ့ရှိရသည် (လုကာ ၁၄း၁၆)။ ခရစ်တော်သည်လည်း မိမိ၏ တမန်တော်တို့အား ငြိမ်ဝပ်ခြင်း ချမ်းသာရရှိနိုင်ရန်နှင့် ဥပုသ်စောင့်ရန် မှာကြားကြောင်းတွေ့ ရှိရသည် (မဿဲ ၂၄း၂၀)။ ထို့ကြောင့် ခရစ်တော်၏သွန်သင်ခြင်းနှင့် ပုံနမူနာထားရှိခဲ့သည့်အတိုင်း ဥပုသ်နေ့၌ ငြိမ်ဝပ်ခြင်းချမ်းသာဟုဆိုကာ ဘုရားသခင်နှင့်အတူအသုံးပြုခဲ့သည်။

၄။       တမန်တော်များသည် ဥပုသ်နေ့ကိုပြောင်းလဲခဲ့ပါသလား

          ယာကုပ်ပထမဆုံးသော ခရစ်ယာန်အသင်းတော်၏ ဥက္ကဌကြီးက ပညတ်တော် (၁၀) ပါး အကြောင်းနှင့် အောက်ပါအတိုင်းမှာကြားခဲ့ပါသည်။ “အဘယ်သို့နည်းဟူမူကား၊ ပညတ်တရားအလုံးစုံ ကိုစောင့်ရှောက်သည်တွင် တစ်စုံတစ်ခု၌ မှားမိလျှင် ပညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ် ရှိ၏။ သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက လူ့အသက်ကိုမသတ်နှင့်ဟု ပညတ်တော် မူသေး၏။ သို့ဖြစ်၍ သင်သည် သူ့မယားကို မပြစ်မှားဘဲနေသော်လည်း သူ့အသက်ကိုသတ်လျှင် ပညတ်တရားကိုလွန်ကျူးသောသူဖြစ်၏” (ယာကုပ် ၂း၁ဝ၊ ၁၁)။ ဆရာဝန်ကြီးနှင့်တရားဟောဆရာ ကြီး လုကာသည် အသင်းတော်တည်စက အောက်ပါအတိုင်း ပြန်တမ်းရေးခဲ့ပါသည်။ “ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင် ဆုတောင်းရာဇရပ်ရှိတတ်ရာမြစ်နားသို့ သွား၍ထိုင်ပြီးမှ ထိုအရပ်၌ စည်းဝေးသောမိန်းမတို့အားဟောကြားကြ၏” (တမန်တော် ၁၆း၁၃)။ ဓမ္မသစ်ကျမ်းနှင့် တမန်တော် ဝတ္ထုစာစောင်တွင် ဥပုသ်နေ့အကြောင်း (၈၄) ကြိမ် တိတိပါရှိ၍ ခရစ်တော် နောက်လိုက်များတို့သည် ထိုနေ့ရက်ကိုဥပုသ်နေ့အဖြစ် စောင့်ရှောက်ကြသည်။ ထိုအချိန်ကာလသည် ခရစ်တော်ကောင်းကင် သို့တက်ကြွပြီးသည့်နောက်ပိုင်း (၁၄) နှစ်ခန့်ကြာခဲ့လေသည်။ ကျမ်းစာ၏မှတ်တမ်းအရ၊ ဥပုသ် (၂) ပတ်အန္တိအုတ်မြို့တွင် ဥပုသ်စောင့်ရှောက်ခဲ့သည် (တမန်တော် ၁၃:၁၄၊ ၄၂၊ ၄၄)။ ဖိလိပ္ပိမြို့တွင် ဥပုသ်စောင့်ခဲ့သည် (တမန်တော် ၁၆း၁၃)။ သက်သာလောနိတ်မြို့တွင် ဥပုသ်စောင့်ခဲ့သည် (တမန် တော် ၁၇:၂၊ ၃)။ ကောရိန်သုမြို့တွင် ဥပုသ်နေ့ရက် (၇၈) ကြိမ်တိတိ “တစ်နှစ်ခွဲ၊ တစ်နှစ်လျှင် ၅၂ ပတ် + နှစ်ဝက်သည် ၂၆ ပတ်စုစုပေါင်း ၇၈ ပတ်” (တမန်တော် ၁၈း၄၊ ၁၁)။ ဗျာဒိတ်ဆရာကြီး ယောဟန် သည် တမန်တော် (၁၂) ပါးတွင် နောက်ဆုံးသေဆုံးသောသူသည် ဥပုသ်နေ့ကိုစောင့်ခဲ့သည်။ “သခင် ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍ တံပိုးခရာအသံကဲ့သို့ ငါ့နောက်၌မြည်သောအသံကြီးကိုကြား၏” (ဗျာ၊ ၁း၁ဝ)။ ခရစ်တော်၏စကားအရ၊ ဘုရားသခင်နေ့ဆိုသည်မှာ ဥပုသ်နေ့ဖြစ်၏။ “လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟုမိန့်တော်မူ၏” (မဿဲ ၁၂း၈)။ ကျမ်းစကားများတို့ကို လေ့လာဖတ်ရှုသော အခါ တမန်တော်တို့သည် ဥပုသ်နေ့ပြောင်းလဲခြင်းမရှိကြောင်းကို တွေ့သိနားလည်ရပါသည်။ ဓမ္မသစ် ကျမ်းတွင် ပထမနေ့တည်းဟူသောတနင်္ဂနွေ နေ့ကို (၈) ကြိမ်တိတိသာဖေါ်ပြထားသည်။ ထိုကျမ်းချက် များတွင် ပထမနေ့ရက်သည် သန့်ရှင်းကြောင်းနှင့် ဥပုသ်နေ့ဖြစ်သင့်ကြောင်းကိုပင် သွယ်ဝိုက်ကာ ပြောကြားမှာထားခဲ့ခြင်းမရှိပါ။ ထိုပထမနေ့ရက်အကြောင်းနှင့် အသေးစိတ်လေ့လာသောအခါ ပထမ နေ့ရက်သည် အခြားအကြောင်းများကိုသာမှာကြားထားကြောင်း အောက်ပါအဖြစ်အပျက်များအားဖြင့် သက်သေသာဓကများတင်ပြထားပါသည်။

(က)    အမျိုးသမီးတို့သည် သင်္ချိုင်းသို့ခုနစ်ရက်တွင် ပထမနေ့ရက်တွင်လာသည် (မဿဲ ၂၈း၁)။

(ခ)      ဥပုသ်နေ့ပြီးဆုံးသောအခါ အမျိုးသမီးများတို့သည် ခုနစ်ရက်တွင် ပထမနေ့ရက်၌မိမိလုပ်ငန်း       များတို့ကိုအစပြုသည် (မာကု ၁၆း၁၊ ၂)။

(ဂ)      ခရစ်တော်သည် ပထမဦးဆုံးမာဂဒလမာရ်အား ခုနစ်ရက်အတွင်း ပထမနေ့ရက်၌ မိမိကိုယ်ကို      ပြ၏ (မာကု ၁၆း၉)။

(ဃ)    ခရစ်တော်၏နောက်လိုက်တို့သည် ခုနစ်ရက်တွင် ပထမနေ့ရက်၌လုပ်နေကျလုပ်ငန်းများကို         အစပြုသည် (လုကာ ၂၄း၁)။

(င)      မာရိသည် သင်္ချိုင်းသို့ရောက်သောအခါ သင်္ချိုင်းတွင်ခရစ်တော်ကိုမတွေ့ပါ။ ထိုနေ့သည် ခုနစ်         ရက်တွင် နေ့ရက်ဖြစ်သည် (ယောဟန် ၂၀း၁)။

(စ)      တမန်တော်တို့သည် ယုဒလူတို့ကိုကြောက်၍ ခုနစ်ရက်တွင် ပထမနေ့ရက်၌စုရုံးကြသည်     (ဘုရားရှိခိုးရန်မဟုတ်ပါ) (ယောဟန် ၂၀း၁၉)။

(ဆ)    ပေါလုသည် အသင်းသူအသင်းသားများတို့အား အလှူငွေကောက်ခံရန် ခုနစ်ရက်တွင် ပထမ   နေ့ရက်၌ ယေရုရှလင်မြို့ရှိ ဆင်းရဲသားများအတွက်ပေးလှူရန်ဖိတ်ခေါ်သည်။ ဤစာသားအရ၊           ဘုရားရှိခိုးရန်ဖိတ်ခေါ်ခြင်းမဟုတ်ပါ (၁ကော ၁၆း၁၊ ၂)။

(ဇ)      တမန်တော် ၂၀:၇ တွင်လုကာသည် ပေါလု၏တရားဟောခြင်းအကြောင်း ဖေါ်ပြသောအခါ          ထိုနေ့သည် ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သည်။ ထိုနေရာတွင် တရားဟောသော်လည်း          နှုတ်ဆက်ခြင်းအစည်းအဝေးသာဖြစ်သည်။ ထိုကာလ၌ပေါလုသည် နေ့တိုင်းတရားဟော     သည်။ နေ့တိုင်းပွဲတော်ကျင်းပသည် (တမန်တော် ၂:၄၆)။

          ဤကျမ်းချက်တစ်ခုစီတွင် တမန်တော်များသည် ခုနစ်ရက်တွင် သတ္တမနေ့ရက်ကိုရပ်ဆိုင်းပစ် ရမည့်အကြောင်း မတွေ့ရပါ။ တမန်တော်တို့သည် ဥပုသ်နေ့မှပထမနေ့ ရက်သို့ဝတ်ပြုရန် ကူးပြောင်း ကြောင်းမပါရှိပါ။ ဓမ္မသစ်ကျမ်းတစ်ခုလုံးတွင် ဥပုသ်နေ့ပြောင်းလဲကြောင်း ကျမ်းအားဖြင့် အကိုး အကားတစ်ခုမျှမရေးသားခဲ့ပါ။ ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သောတနင်္ဂနွေနေ့သို့ ဥပုသ်နေ့အဖြစ် ပြောင်းလဲခြင်းသည် ခရစ်တော်နှင့်တမန်တော်တို့မရှိသည့် နောက်ပိုင်းတွင်သာ ပြောင်းလဲသော ကြောင့် ဘာသာရေးသမိုင်းများတွင် ရှာဖွေလေ့လာရမည်။

၅။       တနင်္ဂနွေနေ့ဘယ်ကလာသနည်း

          တမန်တော်များတို့သည် အချို့ခရစ်ယာန်များတို့ ယုံကြည်ခြင်းအကြောင်းနှင့် လွဲမှားသွားမည့် အကြောင်းတိကျ သေချာစွာသတိပေးနှိုးဆော်ခဲ့သည်။ ထို့ကြောင့်သတိပြုပါ (တမန်တော် ၂၀:၂၉-၃၁)။ ထိုသတိပေးချက်အတိုင်း လုံလောက်တိကျသော သမိုင်းဆရာကြီးတို့သည် တမန်တော်တို့၏စစ်မှန် ဖြူစင်သောခရစ်ယာန်ယုံကြည်ချက်တို့မှ ပြောင်းလဲသွားမည်အကြောင်း တွေ့ရပါသည်။ မိရိုးဖလာ ထုံးစံနှင့်မှန်ကန်သောတရားတို့သည် ပေါလု၊ ပေတရုနှင့် အခြားသော ခရစ်ယာန်အသင်းတော်ကြီးကို တည်ထောင်သောပုဂ္ဂိုလ်များတို့သည် ပထမနေ့ရက် (တနင်္ဂနွေနေ့) ကိုမပြောင်းခဲ့ပါ။ သို့ရာတွင် တဖြည်းဖြည်းတစ်စတစ်စနှင့်သတ္တမနေ့ရက်မှ ပထမနေ့ရက်သို့ဥပုသ်နေ့မှ တနင်္ဂနွေနေ့သို့ မှားယွင်း စွာ လွှဲပြောင်း၍ ဥပုသ်နေ့အဖြစ်သတ်မှတ်ကာ ငြိမ်ဝပ်ခြင်းချမ်းသာအဖြစ် ဥပုသ်စောင့်ခဲ့ပါသည်။ ထို့နောက်တွင် ပထမနေ့ရက်ကို ဥပုသ်နေ့ဟူ၍ သခင်ဘုရားနေ့ဟု သတ်မှတ်လေတော့သည်။ ပထမ ဆုံး တိကျသေချာသောမှတ်တမ်းတွင် ပထမနေ့ရက်ကို စောင့်ရှောက်သော ခရစ်ယာန်တို့သည် အီတလီပြည်၌အစပြုခဲ့သည်။ ဒုတိယရာစုနှင့်အလယ်လောက်တွင် ထိုကဲ့သို့ အီတလီပြည်၌ ပထမနေ့ ရက်ကို ဥပုသ်နေ့အဖြစ်စောင့်ရှောက်ကြောင်း မှတ်တမ်းတင်ထားပါသည်။ သို့ရာတွင် သတ္တမနေ့ရက် နှင့် ပထမနေ့ရက်ကိုများစွာသောခရစ်ယာန်တို့သည် နှစ်ရက်စလုံးစောင့်ခဲ့ရာတွင် ခရစ်ယာန်အတော် များများမှာ သတ္တမနေ့ရက်တည်းဟူသော ဥပုသ်နေ့ကိုသာ စောင့်ရှောက်ခဲ့သည်။

          မတ်လ (၇) ရက်၊ ၃၂၁ ခုအေဒီတွင် ကွန်စတင်တိုင်းဘုရင်မင်းမြတ်သည် တနင်္ဂနွေနေ့တွင် နားနေရန် ပညတ်ထားပါသည်။ ထိုကဲ့သို့ကွန်စတင်တိုင်းဘုရင်သည် တနင်္ဂနွေနေ့ကိုတရားဥပဒေဖြင့် ပညတ်သောကြောင့် ပထမဦးဆုံး တနင်္ဂနွေနေ့တွင်နားနေရန် အစဉ်အလာရှိခဲ့ကြောင်း၊ ထိုမှတစ်ဆင့် အဆင့်ဆင့်သောမင်းတို့သည် ဥပဒေပညတ်များကို လက်ကိုင်ထုတ်လုပ်ကာ ယနေ့အထိနားနေရာနေ့ ဟု တနင်္ဂနွေနေ့ (ခုနစ်ရက်တွင်ပထမနေ့) ကိုတရားဥပဒေအရ သတ်မှတ်ကာ ပညတ်ထုတ်ခဲ့ပါသည်။ (၄) ရာစုနှစ်တွင် လီယိုဒီရှာဘာသာရေးအစည်းအဝေးတွင် ခရစ်ယာန်များတို့ကို ဥပုသ်နေ့၌နားနေရန် တားမြစ်ခဲ့ပါသည်။ သို့ရာတွင် ခရစ်ယာန်တို့အား ခုနစ်ရက်တွင် ပထမနေ့ရက်၌ ထိုနေ့ကိုဂုဏ်ပြုရန် နှင့် ခပ်သိမ်းသောလုပ်ငန်းကို တရားဥပဒေအရအမိန့်ထုတ်ပြန်ခဲ့ပါသည်။ သမိုင်း၏ သက်သေခံချက် နှင့်မှတ်တမ်းအရ၊ ခုနစ်ရက်တွင် ပထမနေ့ရက်ကိုဝတ်ပြုကိုးကွယ်ရသောနေ့အဖြစ် သတ်မှတ်ခြင်း သည် လူပြုလုပ်သောထုံးတမ်းစဉ်လာဖြစ်သည်။ ကျမ်းစာ၏ဖေါ်ပြချက်နှင့်သွန်သင်ချက်အရ၊ သတ္တမ နေ့ (ခုနစ်ရက်တွင်သတ္တမနေ့) ကို စွန့်လွှတ်ရန် (ဥပုသ်နေ့ အဖြစ်ဖျက်သိမ်းရန်) မပါရှိခဲ့ပါ။ ပုရောဖက် ဒံယေလ၏ အနာဂတ်စကားအရ၊ လိမ်လည်တတ်သော နိုင်ငံရေးတန်ခိုးအာဏာရှိသူတို့သည် ဘုရား သခင်၏ပညတ်တော်ကိုပြောင်းလဲမည်ဖြစ်ကြောင်း ဖေါ်ပြထားသည် (ဒံယေလ ၇း၂၅)။

၆။       အဘယ်သူဥပုသ်နေ့ကိုပြောင်းလဲပါသနည်း

          ဥပုသ်နေ့ကို တရားဝင်သတ္တမနေ့ရက်မှ ပထမနေ့ရက်သို့ အဘယ်သူပြောင်းလဲပါသနည်း။ ကက်သလစ်အသင်းတော်သည် မိမိပြောင်းလဲကြောင်း ဝန်ခံခဲ့ပါသည်။ ပျက်စီးယိုယွင်းလျက်ရှိသော ရောမနိုင်ငံကြီးကို အဖတ်ဆယ်ရန် ဘာသာရေးခေါင်းဆောင်ကြီးများတို့သည် သတ္တမနေ့ရက်မှ ပထမ နေ့ရက်သို့ ဘုရားဝတ်ပြုကိုးကွယ်သောနေ့ရက်အဖြစ် လွှဲပြောင်း ကိုးကွယ်ခဲ့ပါသည်။

မေး။    မည်သည့်နေ့သည် ဥပုသ်နေ့ဖြစ်ပါသနည်း။

ဖြေ။    စနေနေ့သည်ဥပုသ်နေ့ဖြစ်ပါသည်။

မေး။    ကျွန်ုပ်တို့သည် စနေနေ့အစား တနင်္ဂနွေနေ့ကိုဘာကြောင့်စောင့်ရသနည်း။

ဖြေ။    တနင်္ဂနွေနေ့ကိုစောင့်ရသောအကြောင်းရင်းမှာ ကက်သလစ်အသင်းတော်သည် သန့်ရှင်း          သောစနေနေ့မှ တနင်္ဂနွေ နေ့သို့ပြောင်းလဲလိုက်ပါသည်။ (Peter Geiermann The Convert's           Catechism of Catholic Doctrine (1957 edition), p. 50) စာအုပ်ညွှန်းရန်။

          ကက်သလစ်အသင်းတော်သည် လူဖြစ်သောအသင်းတော်ခေါင်းဆောင်များက တနင်္ဂနွေနေ့ သို့ပြောင်းလဲလိုက်သည်။ သန့်ရှင်းသောနေ့၊ ဥပုသ်နေ့ကို စနေနေ့မှ တနင်္ဂနွေနေ့သို့ ပြောင်းလဲလိုက် သည်။ ဤကဲ့သို့ပြောင်းလဲရခြင်းမှာ ကျမ်းစာမှအညွှန်း၊ အမိန့်တစ်စုံတစ်ခုမျှမရှိပါ။ သို့ရာတွင် အသင်း တော်၏ အာဏာတန်ခိုးဖြင့် ပြောင်းလဲလိုက်သည်။ ကျမ်းစာအရ၊ ခုနစ်ရက်တွင် သတ္တမနေ့ရက်ကို ဥပုသ်နေ့ အဖြစ်စောင့်လိုလျှင်၊ သတ္တမနေ့အသင်းသားဖြစ်လျှင် ထိုနေ့ကို သန့်ရှင်းသောနေ့အဖြစ် ကျမ်းစာအရစောင့်နိုင်သည်။

၇။       အချို့သောခရစ်ယာန်တို့သည် တနင်္ဂနွေနေ့ကိုစောင့်ရခြင်းအကြောင်း မည်ကဲ့သို့ဆင်ခြင်ပေး   သနည်း

          အခြားခရစ်ယာန်များတို့သည် သတ္တမနေ့ရက်ကို ပထမနေ့ရက်သို့ ဥပုသ်နေ့အဖြစ် ပြောင်းလဲ ခြင်းသည် ကျမ်းစာတွင်ဖေါ်ပြခြင်းမရှိကြောင်း၊ အများသဘောတူကြသည်။ မာတင်လုသာ၊ လုသရင်း အသင်းတော်ကိုတည်ထောင်ခဲ့သော ပုဂ္ဂိုလ်ကြီးသည် ရောမကက်သလစ်အသင်းတော်သည် ဥပုသ် နေ့ကို တနင်္ဂနွေနေ့သို့ပြောင်းလဲကြောင်းတင်ပြထားသည်။ တနင်္ဂနွေနေ့ကို သခင်ဘုရားနေ့ဟု ခေါ်ဆို ခြင်းသည် ပညတ်တော်နှင့်ခြားနားနေကြောင်း၊ ၎င်းပြင်ဥပုသ်နေ့ကို ပြောင်းလဲနိုင်ကြောင်း ဝါကြွား ခြင်းသည် နှိုင်းယှဉ်ရန်ပုံနမူနာမရှိပါ။ ကျွန်ုပ်တို့၏အသင်းတော်သည် အလွန်ပင်ခွန်အားတန်ခိုးနှင့် အာဏာရှိကြောင်း၊ ၎င်းပြင်ပညတ်တော် (၁၀)ပါးတွင် ပညတ်တော်တစ်ပါးကို ထုတ်ပစ်နိုင်ကြောင်းဟု ရေးသားထားသည်။ မက်သဒစ်ကျမ်းတတ်ဆရာကြီးဖြစ်သော အာမုတ်ဘင်နီနှင့် ဒင်နရယ်စတီးတို့၏ လေ့လာချက်အရ ကလေးနှစ်ခြင်းပေးခြင်းသည် ကျမ်းစာတွင်အမိန့်မထုတ်ပြန်ပါ။ (Theological Compend (New York: Methodist Book Concern, 1902), pp. 180, 181)။ ၎င်းပြင် ခုနစ်ရက်တွင် ပထမနေ့ရက်ကို သခင်ဘုရားနေ့ဟု ဥပုသ်နေ့အဖြစ် စောင့်ရှောက်ခြင်းသည် ကျမ်းစာတွင်မရှိခဲ့ပါ။ ဒေါက်တာဆမ်မာဘဲ “ခရစ်တော်၏တပည့်တော်” သမိုင်းဆရာကြီးသည် အောက်ပါအတိုင်းရေးသား ခဲ့ပါသည်။ ရောမအသင်းတော်သည် လုံးလုံးကြီးဖေါက်ပြန်သော အသင်းတော်ဖြစ်သည်။ စတုတ္ထ ပညတ်ကိုဥပုသ်နေ့အဖြစ် သတ်မှတ်ထားသည်ကို ခုနစ်ရက်တွင် ပထမရက်သို့ သန့်ရှင်းသောနေ့ရက် အဖြစ် ဥပုသ်စောင့်ရန် ပြုလုပ်ခဲ့ပါသည်။ (A True History of the Christian and the Christian Church, pp. 417, 418. )။

၈။       အကြောင်းရင်းတစ်ရပ်အမှန်သည် မည်သည့်အရာဖြစ်သနည်း

          ဤမေးခွန်းကို ကျွန်ုပ်တို့တစ်ဦးစီ ရင်ဆိုင်ရမည်ဖြစ်သည်။ ဘာကြောင့် ခရစ်ယာန်အများတို့ သည် ကျမ်းစာ၏ ညွှန်ပြချက်မရှိဘဲ တနင်္ဂနွေနေ့ကို ဥပုသ်နေ့အဖြစ်စောင့်ရပါသနည်း။ သာ၍ အရေး ကြီးသောအချက်မှာ ဘယ်နေ့ရက်ကို ကျွန်ုပ်တို့ဥပုသ်နေ့အဖြစ်စောင့်ရမည်နည်း။ “ကျွန်ုပ်တို့သည် ခုနစ်ရက်တွင် ဤနှစ်ရက်ကိုဥပုသ်နေ့အဖြစ် တစ်ရက်ရက်စောင့်လျှင် ခုနစ်ရက်တွင် တစ်ရက်စောင့် သည်။ ထိုနှစ်ရက်တွင် တစ်ရက်ရက်စောင့်ခြင်းဖြင့် ခြားနားမှုမရှိပါ။”

          အရေးကြီးသောအကြောင်းရင်းတစ်ရပ်မှာ ခရစ်တော်၏ အမိန့်နားထောင်ခြင်းသာဖြစ်သည်။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ဥပုသ်နေ့ကို အခြားနေ့များမှသီးသန့်ခွဲခြားကာ သန့်ရှင်းသောနေ့အဖြစ် မိသားစုများနှင့်တကွ ဘုရားသခင်ကို လာရောက်၍ မိတ်သဟာယဖွဲ့ရမည်။ ဘယ်သူကိုနားထောင်ရ မည်နည်း။ ဘုရားသခင်၏သားတော်ယေရှုကို (သို့မဟုတ်) လူများတို့၏ ထုံးတမ်းစဉ်လာကိုနားထောင် ရမည်လော။ ဒံယေလ၏သတိပေးချက်မှာ အချိန်နှင့်ပညတ်ကိုပြောင်းလဲမည့် အကြောင်း (ဒံယေလ ၇း၂၅) ဖေါ်ပြထားသည်။ ဘုရားသခင်သည် သူရွေးကောက်သောသူတို့ကို နားထောင်ခြင်းရှိရန် တောင်းဆိုထားသည်။ ဥပုသ်နေ့ကိုစောင့်ခြင်းဖြင့် သစ္စာရှိကြောင်းနှင့်မေတ္တာရှိကြောင်း လက္ခဏာ သက်သေရှေ့တွင်ပြကြောင်းဖြစ်သည်။ ခရစ်တော်၏ မိန့်မှာချက်မှာ ငါ့ကိုချစ်လျှင် ငါအမိန့်ပေးသည် ကိုနားထောင်မည်ဟု (ယောဟန် ၁၄း၁၅) ဖေါ်ပြထားသည်။ လူသည် အချိန်တန်သောအခါ သူ့ကို ချစ်၍ သူ့ပညတ်ကိုစောင့်သောသူတို့အား ကတိတော်ပေးခဲ့သည် (ယောဟန် ၁၅:၉-၁၁)။ ကျွန်ုပ်တို့၌ ကယ်တင်ရှင်ရှိသည်။ သူသည် မိမိ၏မေတ္တာကိုပြည့်စုံစွာ သိရှိနားလည်ရန် ပေးထားသည်။ နှလုံးသား တွင်လည်း နားထောင်ခြင်းရှိရန်၊ နှလုံးသားတံခါးကိုဖွင့်ပေးရန်အလိုရှိသည်။ ဂေသရှေမန်ဥယျာဉ်တွင် ခရစ်တော်သည် ဘုရားသခင်၏အလိုတော်ကိုလက်ခံ၍ မိမိကိုယ်ကို ဘုရားသခင်အားအပ်နှံခဲ့သည်။ ခရစ်တော် သည်လက်ဝါးကပ်တိုင်နှင့် အပြစ်ကမ္ဘာကြီးကို ရင်ဆိုင်ရသော်လည်း စိတ်ဓါတ်ကျခြင်းမရှိ ဘဲ အလွန်ကြီးမားသောကိုးစားခြင်းကိုပြကာ (မာကု ၁၄း၃၆) “ကျွန်ုပ်၏အလိုမဟုတ်ပါ။ ကိုယ်တော်၏ အလိုသာဖြစ်ပါစေ” ခရစ်တော်သည် ထိုကဲ့သို့ သောဗဟုသုတရရန် ကြာမြင့်စွာ စောင့်မျှော်ခဲ့ပါသည်။ ပေးအပ်ခြင်းအသက်တာသည် မည်ကဲ့သို့ဖြစ်မည်ကိုမသိသော်လည်း ယုံကြည်ကိုးစားခြင်းဖြင့် ဘုရား သခင်ကိုအပ်နှံခဲ့ပါသည်။ ဘုရားသခင်သည် သူ့ကိုကိုးစားရန်၊ နားထောင်ခြင်းအထိ ကျင့်စောင့်ရန် လိုလားပါသည်။ သူသည်လည်း ဥပုသ်နေ့၏ဝမ်းမြောက်ခြင်းကိုလိုလားရန်ဆန္ဒရှိပါသည်။ သင်သည် ဘုရားသခင်၏ ခေါ်သံကိုကြားလျှင် တောင်းဆိုသောပညတ်တော်စောင့်ရှောက်မှုအားလုံးကို ကတိ ထားသောစကားမှာ ငါသည် သင်တို့အထဲတွင်ရှိမည်။ သင်၏ဝမ်းမြောက်ခြင်းသည် ခရစ်တော်၌စုံလင် ပြည့်စုံခြင်းရှိမည် (ယောဟန် ၁၅း၁၁)။

 

ရှာဖွေတွေ့ ရှိခြင်းလမ်းညွှန် (၂၁) အဖြေလွှာ

လူအများသည်မှားနိုင်မည်လား

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။

၂။     သိနာတောင်၌ ဘုရားသခင်သည် ပညတ်တော် (၁၀) ပါးကိုပေးသောအခါ ပညတ်တော်လေး        ပါးတစ်ပါးကို တစ်ပတ်တွင် ငြိမ်ဝပ်ခြင်းချမ်းသာအနေဖြင့် ဘုရားဝတ်ပြုကိုးကွယ်စောင့်    ရှောက်ရန်ရေးသားခဲ့သည်။

          --------- ခြောက်ရက်တစ်ရက် (သောကြာနေ့) ဥပုသ်နေ့အဖြစ်စောင့်ရန်။

          --------- ခုနစ်ရက်တစ်ရက် (စနေနေ့) ဥပုသ်နေ့အဖြစ်စောင့်ရန်။

          --------- ခုနစ်ရက်တွင်ပထမနေ့ (တနင်္ဂနွေနေ့) ဥပုသ်နေ့အဖြစ်စောင့်ရန်။

          ဘုရားသခင်သည် သူ၏ပညတ်တော်ကိုပြောင်းလဲမည်ဟုပြောပြသည်။

          ------တစ်ခါတစ်ရံ။ ------ ဘယ်တော့မှမပြောင်းလဲပါ။ ----- ကျွန်ုပ်တို့ပြောင်းခိုင်းသောအခါ။

၃။       ခရစ်တော်၏ ပြောပြချက်အရ၊ ပညတ်တော်သည်၊

          --------- မည်သည့်ပညတ်မျှမပြောင်းရ။ အငယ်ဆုံးသောစာလုံးဗိန္ဒုပါဝင်သည်။

          --------- အသင်းတော်၏ အာဏာအမိန့်ဖြင့်ပြောင်းနိုင်သည်။

          ခရစ်တော်၏ထုံးစံအရ၊ ဥပုသ်နေ့၌၊

          --------- ဘုရားကျောင်းတွင်ဝတ်ပြုကိုးကွယ်သည်။

          --------- သူ၏လက်သမားရုံ၌အလုပ်လုပ်သည်။

၄။       ဓမ္မသစ်ကျမ်းရှိတမန်တော်ဝတ္ထုတွင် တမန်တော်တို့သည် ဥပုသ်စောင့်သည်။

          --------- (၈၄) ကြိမ်ဥပုသ်စောင့်သည်။

          --------- (၈၄) ကြိမ်တနင်္ဂနွေနေ့၌ဥပုသ်စောင့်သည်။

          ခရစ်တော်၏ မှာကြားချက်အရ၊

          --------- ဥပုသ်နေ့ဖြစ်သည်။

          --------- ခုနစ်ရက်တွင်ပထမနေ့ရက်ဖြစ်သည်။

၅။       ခုနစ်ရက်တွင် ဥပုသ်နေ့အဖြစ် စနေနေ့စောင့်ခြင်းကို ခုနစ်ရက်တွင် ပထမနေ့ဖြစ်သော တနင်္ဂ         နွေနေ့သို့ ဘုရားဝတ်ပြုကိုးကွယ်ရန်ပြောင်းလဲလိုက်သည်။

          --------- တမန်တော်အချိန်ပြီးသွားသည့်နောက်ပိုင်း။

          --------- တမန်တော်တစ်ပါးကပြောင်းလဲလိုက်သည်။

          မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။

          --------- ပထမနေ့ရက်ဖြစ်သောတနင်္ဂနွေနေ့ကို ခရစ်တော်၏ထမြောက်ခြင်းအတွက် ဂုဏ်ပြု                     ရန် ငြိမ်ဝပ်ခြင်း ချမ်းသာနေ့အဖြစ် ကျမ်းစာတွင်မှာကြားခြင်းမရှိပါ။

          --------- ကျမ်းစာနှင့်သမိုင်းအထောက်အထားများဖြင့် ပြသသောတနင်္ဂနွေနေ့သည် ခုနစ်ရက်                   တွင် ပထမနေ့နှင့်ဥပုသ်နေ့နှင့် ဥပုသ်နေ့ခုနစ်ရက်တွင် သတ္တမနေ့ စနေနေ့တို့သည်                    အမြဲတည်ရှိနေမည်။

၆၊ ၇။   -------- ရောမဘုရင်ဂျီအသင်းတော်၏အထောက်အထားများနှင့်အခြားခရစ်ယာန်အဖွဲ့အစည်း              ခေါင်းဆောင် များတို့သဘောထားတူညီသည်။

          ပြဿနာတစ်ခုမှာ-

          --------- ဘယ်သူကိုကျွန်ုပ်နားထောင်ရမည်နည်း။ ခရစ်တော် (သို့မဟုတ်) လူ၏သွန်သင်ချက်                 ကို နားထောင်ရမည်လား။

          --------- ခရစ်တော်ကိုချစ်သောသူတို့၏ ဆန္ဒသည် ခရစ်တော်စောင့်သော ဥပုသ်နေ့ကို စောင့်             မည်ဖြစ်သည်။           သင်၏ဆန္ဒနှင့်အသင့်လျော်ဆုံးသောစာကြောင်းကွက်လပ်ရှေ့တွင်ကြက်ခြေခတ် (x) ပေးပါ။

          --------- ကျွန်ုပ်သည် ကယ်တင်ရှင်သခင်ကိုချစ်သောကြောင့် သူ၏ နောက်တော်သို့လိုက်ရန်                    နှင့် ခိုင်းစေသောအရာများကိုပြုလုပ်ပါမည်။

          --------- ခရစ်တော်ကိုချစ်သောလက္ခဏာအဖြစ် ကျွန်ုပ်၏အသက်တာကို သူ့အားလုံးလုံးအပ်                 ရန် ဆန္ဒရှိသည့်အပြင် ယခုမှစ၍ သတ္တမနေ့ကိုဥပုသ်နေ့အဖြစ်စ၍ စောင့်ရှောက်ပါ                    မည်။

          ကျွန်ုပ်တို့သည် ဥပုသ်နေ့ကိုစောင့်၍ အခက်အခဲများနှင့်ရင်ဆိုင်ရသောအခါ ကျေးဇူးပြု၍ ကျွန်ုပ်အတွက် ဆုတောင်းပေးပါ။ ဆုတောင်းပေးရန်လိုသောအချက်များမှာ-

---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------


 



အခန်းကြီး - ၂၂

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၂၂)

ဘုရားသခင်သည်မျှမျှတတရှိပါသလား

 

          လူငယ်တစ်ဦးသည် မိသားစုစားပွဲပေါ်တွင် မိမိအိမ်စာကိုရေးသားနေစဉ် လူဆိုးဂိုဏ်းအဖွဲ့၏ ကျည်ဆန်ထိမှန်သောကြောင့် သေဆုံးသွားသည်။ နယ်၌ရှိသောမိခင်တစ်ဦး၏ ကလေးသည်လည်း ခုခံအားကျဆင်းသောရောဂါပိုးပါရှိသည့် သွေးကိုထည့်သွင်းမိသည့်အတွက် ဒုက္ခတွေ့လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ကမ္ဘာကြီးတွင် အခက်အခဲဒုက္ခများဆက်တိုက် ဖြစ်နေသည်ကို တွေ့ရသည်။ ထိုဒုက္ခ အားလုံးတို့၏ အတွက်ကိုဖြေရှင်းရန်လိုလျက်ရှိပါသည်။ အကျိုးမရှိသောခံစားမှုနှင့် သေခြင်းရှိကမ္ဘာ တွင် ဘုရားသခင်ကိုတမ်းတလျက်ရှိပါသည်။ ဆာလံဆရာကြီး၏ အားပေးချက်အရ၊ ကမ္ဘာကြီးသည် ဘုရား သခင်၏ကျေးဇူးတော်နှင့်ပြည့်ဝကြောင်းကတိပေးခဲ့ပါသည်။ (ဆာလံ ၃၃:၅)။ သို့ရာတွင် ဤကျမ်းချက်သည် မှန်လျှင် ဘာကြောင့်ဝမ်းနည်းဖွယ်ရာဒုက္ခနှင့်ဖြစ်ပေါ်စေသနည်း။ Revelation ၂၀ တွင်ဘုရားသခင်သည် အပြစ်နှင့်ဒုက္ခ ခံစားမှုဟူသရွေ့ကိုအဆုံးသတ်မည်ဟုပြောပြထားပါသည်။

၁။       အနှစ်တစ်ထောင်အဖြစ်အပျက်ကိုရှင်းလင်းပြခြင်း

          Revelation ၂၀ တွင် အနှစ်တစ်ထောင်အချိန်ကာလ ခရစ်တော်ဒုတိယအကြိမ်ကြွလာအပြီး တွင် ဖြစ်ပျက်မည့် အကြောင်းအရာကို ရည်ညွှန်းထားကြောင်းသိရသည်။ အနှစ်တစ်ထောင်အချိန် ကာလပတ်ဝန်းကျင်တွင် ခရစ်တော်နှင့် စာတန်တို့၏ နောက်ဆုံးတိုက်ခိုက်မှုများတို့သည် ကမ္ဘာပေါ် တွင် အပြစ်ဝင်လာသည့်အချိန်အခါမှစ၍ ပြီးဆုံးခါနီးဖြစ်ကြောင်း သိရသည်။ ဤတိုက်ခိုက်မှုသည် ထိုစဉ်ကကောင်းကင်ရှိစာတန်သည် ခရစ်တော်ကိုမနာလိုသောကြောင့် အပြစ်မရှိသော ကောင်းကင် တမန်များကိုစည်းရုံးကာ ကောင်းကင်တိုက်ပွဲတွင်အရေးနိမ့်ခဲ့သောကြောင့် မြေကြီးပေါ်သို့ နှင်ချခြင်းခံ ရလေသည်။ မြေကြီးပေါ်တွင်လည်း ဧဒင်ဥယျာဉ်၌တိုက်ခိုက်မှုကို ပြန်လည်ဆင်နွှဲ၍ လူများတို့ကိုသွေး ထိုးကာ ခရစ်တော်ကို လက်ဝါးကပ်တိုင်၌ရိုက်စေခဲ့သည်။ (ဤအကြောင်းအသေးစိတ်ကို လမ်းညွှန် “၃” တွင်ပြန်လည်ဖတ်ရှုပါ)။ ဤတိုက်ခိုက်မှု ကြီးကို နောက်ဆုံးအနှစ်တစ်ထောင်ပြီးသည့်ကာလတွင် အပြစ်ကိုအဆုံးစီရင်ကာ ကမ္ဘာကြီးကိုခရစ်တော်ကိုယ်တိုင်အုပ်စိုး မည်ဖြစ်သည်။ Revelation ၂၀ တွင် ကျွန်ုပ်တို့သိရှိနားလည်နိုင်ရန် အနှစ်တစ်ထောင်၏ ကြားကာလကို ပထမအပိုင်း ထမြောက်ရှင်ပြန် ခြင်းနှင့် နောက်ဆုံးထမြောက်ရှင်ပြန်ခြင်းရှိမည့်အကြောင်းဖေါ်ပြထားသည်။ ပထမထမြောက်ရှင်ပြန် ခြင်းအကြောင်းနှင့် အနှစ်တစ်ထောင်အစတွင် ဘုရားသခင်သည် မည်ကဲ့သို့သောသူကို ထမြောက် ရှင်ပြန်စေမည်နည်း။ “ပထမထမြောက်ခြင်းကို ဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသော သူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏လက်နှင့်ကင်းလွတ်လျက် ဘုရားသခင်၏ယဇ်ပုရော ဟိတ်၊ ခရစ်တော်၏ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူစိုးစံရကြ လိမ့်မည်” (ဗျာ၊ ၂၀း၆)။

          ထိုမင်္ဂလာရှိသန့်ရှင်းသောသူတို့သည် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံသောသူများ ဖြစ်၏။ ထိုသူတို့သည် ပထမထမြောက်ခြင်းတွင် ပါဝင်သောသူဖြစ်သည်။ ထိုသန့်ရှင်းသောသူတို့သည် ခရစ်တော်နှင့်အတူ အုပ်စိုးရသောအခွင့်၊ အနှစ်တစ်ထောင်အခွင့်အရေးရှိလျှင် သူတို့သည်အနှစ်တစ် ထောင်၏အစတွင် ထမြောက်ရှင်ပြန်သောသူ ဧကန်အမှန်ဖြစ်ရမည်။ ဒုတိယထမြောက်ခြင်းအနှစ် တစ်ထောင်ပြီးဆုံးသည့်ကာလထမြောက်ခြင်းသည် မည်သူမည်ဝါဖြစ်မည်နည်း။ “ကြွင်းသောလူသေ တို့သည် ထိုအနှစ်တစ်ထောင်မကုန်မီအသက်မရှင်ရကြ” (ဗျာ၊ ၂၀း၅)။ ထိုကြွင်းသောလူသေဟု ဆိုရာတွင် အနက်မှာ- အပြစ်ရှိသောလူသေများဖြစ်၏။ အကြောင်းမှာ မင်္ဂလာနှင့်ပြည့်ဝ၍ သန့်ရှင်း သောသူတို့သည် အနှစ်တစ်ထောင်အစတွင် ထမြောက်ကြသည်။ ထို့ကြောင့် အနှစ်တစ်ထောင်ကာလ အတွင်းထမြောက်ခြင်းနှစ်ခုဖြင့် ပိုင်းခြားထားသည်။ အနှစ်တစ်ထောင်အစတွင် သန့်ရှင်းသောသူတို့၏ ထမြောက်ခြင်းနှင့် အနှစ်တစ်ထောင်အဆုံးတွင် အပြစ်ရှိသောသူတို့၏ ထမြောက်ခြင်းဖြင့် နိဂုံးချုပ် မည်။

၂။       ခရစ်တော်ကြွလာသောအခါထမြောက်ခြင်း

          သန့်ရှင်းသူတို့၏ပထမထမြောက်ခြင်းသည် ခရစ်တော်ဒုတိယအကြိမ်ကြွလာသောအခါ၌ ဖြစ် သည်။ “သခင်ဘုရားသည်ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုး တော်ကိုမှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်မှကိုယ်တိုင်ဆင်းသက်တော်မူ၍ ခရစ်တော်၌သေလွန်သော သူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါအသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသ ကောင်းကင်၌ ဘုရားသခင်ထံတော်သို့ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ချီဆောင်ခြင်း ကိုခံရသောအားဖြင့် ဘုရားသခင်နှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်” (၁သက် ၄း၁၆၊ ၁၇)။ ခရစ်တော်သည် တစ်ဖန်မြေကြီးသို့ပြန်လာသောအခါ သေသောသူကိုထမြောက်ရှင်ပြန်စေ၍ သူတို့နှင့် အတူအသက်ရှင်သောသန့်ရှင်းသူတို့နှင့်တကွကောင်းကင်သို့ယူဆောင်သွားမည်ဖြစ်သည်။အကြောင်း မှာ အပြစ်သားများတို့သည် အပြစ်များကို စွဲကိုင်လျက်ရှိသောကြောင့် ဘုရားသခင်နှင့်အတူနေရန် မဖြစ်ပါ။ ခရစ်တော်ကြွလာသောအခါ သူတို့ကို ဖျက်ဆီးပစ်မည် (လုကာ ၁၇း၂၆-၃၀)။ သင်သည် အချိန်ရှိလျှင် လမ်းညွှန်း (၈) ကို ပြန်လည်လေ့လာပါ။ ထိုအခန်းတွင် ခရစ်တော်ကြွလာခြင်းအကြောင်း နှင့်ရေးသားထားသည်။

၃။ စာတန်သည် ဤကမ္ဘာကြီးပေါ်တွင်နှစ်ပေါင်းတစ်ထောင်ပတ်လုံးသံကြိုးဖြင့်ချည်နှောင်ထားသည်

          အနှစ်တစ်ထောင်အစ၌ သန့်ရှင်းသောသူတို့သည် ခရစ်တော်နှင့်အတူ ကောင်းကင်သို့ တက် ကြွသွားသည်။ အပြစ်ရှိသောသူအားလုံးတို့သည် သေကုန်ကြသည်။ ဤကမ္ဘာကြီးပေါ်တွင် အနှစ်တစ် ထောင်ကာလအတွင်း မည်ကဲ့သို့ ဖြစ်မည်နည်း။ “တစ်ဖန်ကောင်းကင်တမန်သည် အနက်ဆုံးသော တွင်း၏သော့နှင့်သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေ ဟောင်းစာတန်နတ်ဆိုးတည်းဟူသော နဂါးကိုကိုင်ဖမ်း၍ အနှစ်တစ်ထောင်သို့ ချည်နှောင်လေ၏။ အနှစ်တစ်ထောင်မကုန်မီတိုင်အောင် လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည့်အကြောင်း အနက်ဆုံးသော တွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှ တစ်ဖန်ခဏလွှတ် ရဦးမည်” (ဗျာ၊ ၂ဝး၁-၃)။ ခရစ်တော်ကြွလာသောအခါ အနှစ်တစ်ထောင်အတွင်း၌ စာတန်နတ်ဆိုးကို သံကြိုးဖြင့်ချည်နှောင်မည်ဖြစ်သည်။ စာတန်နတ်ဆိုးကို မည်သည့်နေရာတွင် အကျဉ်းချထားမည် နည်း။ နက်သောတွင်း (ကမ္ဘာ ၁:၂။ ဟေလသဘာသာဖြင့် ရေးသားသောကျမ်းစကားအရ၊ ကမ္ဘာကြီး သည် ဖန်ဆင်းစကရှိရင်းစွဲအခြေအနေမျိုးကိုဆိုလိုသည်)။ ထိုနေရာတွင် ဘုရားသခင်သည် စာတန်ကို အကျဉ်းချထားမည်။

          ကျမ်းစာအရ၊ စာတန်ကိုသံကြိုးကြီးဖြင့် ချည်နှောင်မည်ဟုလာသည်။ ဤသံကြိုးကြီးသည် အမှန်ပင်သံကြိုးဖြစ်မည်လော၊ မဟုတ်ပါ။ ဤသံကြိုးသည် အရိပ်ဖြစ်၍ ပတ်ဝန်းကျင်တွင် လူသူမရှိ သောနေရာ၌ချည်နှောင်ခြင်းခံရသကဲ့သို့ဖြစ်မည်။ စာတန်နတ်ဆိုးသည် လူတို့ကိုဤအနှစ်တစ်ထောင် အတွင်း အလွန်သွေးဆောင်လိုသော်လည်း လူတစ်ဦးမျှမရှိသောကြောင့် အခြေအနေအရချုပ်နှောင် ထားသောသံကြိုးဖြစ်သည်။ သို့ရာတွင် သန့်ရှင်းသူတို့ကို သွေးဆောင်ရန်လည်း သူရှိသောကမ္ဘာတွင် သန့်ရှင်းသူတစ်ဦးမျှမရှိပါ။ သန့်ရှင်းသူအပေါင်းတို့သည် ကောင်းကင်သို့ရောက်ရှိပြီး ဖြစ်သည်။ သူ ဦးဆောင်ရန်လည်း အပြစ်သားအားလုံးတို့သည် သေဆုံးပြီးဖြစ်သည်။ ဤလောကမြေကြီးပေါ်တွင် မြေမှုန့်ဖြစ်ကြလေသည်။ လူသားများကိုလိမ်လည်ရန်နှင့် သွေးဆောင်ရန် မတတ်နိုင်တော့ပါ။ ဤ ကမ္ဘာကြီးကိုပတ်၍ရှာသော်လည်း လူမရှိသောကြောင့် သူဖြစ်စေခဲ့သော ဝမ်းနည်းဖွယ်အဖြစ်အပျက် များကို တွေးဆစဉ်းစားကာသာနေရသည်။

၄။       သန့်ရှင်းသူတို့သည်အပြစ်သားများတို့ကိုစီရင်ခြင်း

          ဤအနှစ်တစ်ထောင်ကာလသည် တရားစီရင်ရာကာလဖြစ်သည်။ ဤတရားစီရင်ခြင်းသည် လည်း အဆင့်လေးဆင့်ရှိပါသည်။

(၁)      ခရစ်တော်ဒုတိယအကြိမ်မကြွလာမီ သန့်ရှင်းသူများတို့ကိုကြိုတင်၍တရားစီရင်ခြင်း။

(၂)      ဒုတိယအကြိမ်ကြွလာသောအခါ သန့်ရှင်းသူတို့ကိုဆုလာဘ်ပေးခြင်း။

(၃)      အနှစ်တစ်ထောင်ကာလတွင် အပြစ်ရှိသူများကိုတရားစီရင်ခြင်း။

(၄)      စာတန်နတ်ဆိုးနှင့်အပြစ်သားများကို အနှစ်တစ်ထောင်အပြီးတွင်စီရင်ခြင်း၊ ပိုမိုသိရှိနားလည်         နိုင်ရန် (လမ်းညွှန် ၁၃ ကိုဖတ်ရှုလေ့လာပါ)။

          ကျွန်ုပ်တို့သည် ယခုအဆင့် (၃) နှင့် (၄) ကိုအပြစ်ရှာဖွေခြင်းနှင့်အပြစ်စီရင်ခြင်းကို လေ့လာ မည်။ ယခုမြင်ရသည့်အတိုင်း သေလျက်ရှိသောသန့်ရှင်းသူတို့သည် ခရစ်တော်ဒုတိယအကြိမ်ကြွလာ သောအခါ ကောင်းကင်သို့ခေါ်ဆောင်သွားပြီးဖြစ်သည်။ သူတို့သည် ကောင်းကင်၌အနှစ်တစ်ထောင် အတွင်းနေသားတကျဖြစ်နေပြီး သူတို့မည်သည့်အရာများ လုပ်ဆောင်မည်နည်း။ “သန့်ရှင်းသူတို့သည် လောကနိုင်ငံကိုတရားစီရင်မည်ဟုမသိကြသလော၊ သင်တို့သည် လောကနိုင်ငံကို တရားစီရင်မည်ဟု မသိကြသလော၊ သင်တို့သည် လောကနိုင်ငံကို စီရင်ရသည်မှန်လျှင် အငယ်ဆုံးသောအမှုများကို မစီရင်ထိုက်သလော၊ ငါတို့သည်ကောင်းကင်တမန်တို့ကိုတရားစီရင်မည်ဟုမသိကြသလော၊ သို့ဖြစ်၍ လောကအမှုကို စီရင်ထိုက်သည်မဟုတ်လော” (၁ကော ၆း၂၊ ၃)။ “ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာ ထိုင်သောသူတို့သည် တရားစီရင်ရသောအခွင့်ကိုရကြ၏။ သားရဲနှင့်သူ၏ရုပ်တုကို မကိုး ကွယ်၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌ မခံဘဲနေ၍ ယေရှု၏သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကြောင့် လည်ပင်းဖြတ်ခြင်းခံရ သောသူတို့၏ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံးခရစ်တော်နှင့်အတူစိုးစံကြရ၏” (ဗျာ၊ ၂၀း၄)။ အနှစ်တစ်ထောင်ကာလအတွင်းတွင် သန့်ရှင်းသူတို့သည် အပြစ်ရှိသောသူများတို့နှင့် အပြစ်ရှိ သော ကောင်းကင်တမန်များတို့၏ မှတ်တမ်းများကို လေ့လာစစ်ဆေးမည်။ သူတို့၏ခေါင်းဆောင် စာတန်နတ်ဆိုးလည်းပါဝင်မည်။ ဧဝံဂေလိတရားကြောင့် ဒုက္ခဆင်းရဲခြင်းနှင့်ယုံကြည်ခြင်းကြောင့် အသတ်ခံရသောသူတို့သည် အပြစ်များကို စစ်ဆေး၍ ဘုရားသခင်၏တရားစီရင်ခြင်းသည် ဖြောင့်မတ် ကြောင်းနှင့်သင့်လျော်ကြောင်းများကို တွေ့မြင်လိမ့်မည်။ ဘုရားသခင်သည် မိမိမေတ္တာတော်ဖြင့် အပြစ်သားများတို့၏ စီရင်ခြင်းကိုလေ့လာသုံးသပ်ရန် သန့်ရှင်းသူတို့အား အခွင့်ပေးမည်။ ကျွန်ုပ်တို့၌ လည်းမေးခွန်းများစွာရှိပေမည်။ ဥပမာ- ကျွန်ုပ်၏အဒေါ်သည်ဘာကြောင့်ကယ်တင်ခြင်းမရသနည်း။ သူသည် ကောင်းသောသူဖြစ်သည်ဟု ထင်မြင်ရသော်လည်း သူ၏အသက်တာမှတ်တမ်းကိုစစ်ဆေး သောအခါ (ဗျာ၊ ၂း၁၂) ကျွန်ုပ်တို့ကိုယ်တိုင်မသိလိုက်မမြင်လိုက်သောမှတ်တမ်းများကို သိမြင်လိုက် သောအခါ ဘုရားသခင်၏စီရင်ခြင်းသည်မှန်ကန်ကြောင်း၊ တရားကြောင်းကိုသိမြင်လိမ့်မည်။ ကျွန်ုပ် တို့သည်သန့်ရှင်းသောဝိညာဉ်တော်က နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာရန် တိုက်တွန်း သွေးဆောင်သောအခါ ဘုရားသခင်၏ တာဝန်ကျေပွန်ကြောင်း၊ မျှတသော တရားစီရင်ခြင်းဖြစ် ကြောင်း၊ မျက်ဝါးထင်ထင်မြင်ရသောအခါ ကျေနပ်နှစ်သိမ့်ခြင်းရမည်။

၅။       အနှစ်တစ်ထောင်ပြီးဆုံးသောကာလတွင် စာတန်နတ်ဆိုးသည်ချည်နှောင်ခြင်းမှလွှတ်မည်

          နှစ်တစ်ထောင်ပြီးဆုံးသည့်ကာလ၌ “သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ် သည်။ မိမိခင်ပွန်းဖို့ တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင်ထံ တော်ကောင်းကင်မှ ဆင်းသက်သည်ကို ငါမြင်၏” (ဗျာ၊ ၂၁း၂)။ ဤလှပသောမြို့သည် ကျွန်ုပ်တို့ အတွက်ဖြစ်ခဲ့လေပြီ။ ယခုတွင် ဤလှပသောမြို့သည် ခရစ်တော်နှင့် ကယ်တင်ခြင်းခံရသောသူ အပေါင်းနှင့်တကွ ကောင်းကင်မှ မြေကြီးသို့ ဆင်းသက်ကြွလာမည်။ ထိုအခါ အနှစ်တစ်ထောင်ပြီးဆုံး သောကာလ၌ စာတန်နတ်ဆိုးသည် မည်ကဲ့သို့ ပြုလုပ်မည်နည်း။ “ထိုအနှစ်တစ်ထောင်ကုန်ပြီးမှ စာတန်နတ်ဆိုးသည် ထောင်ထဲကလွှတ်သော အခွင့်ကိုရ၍ အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့် အမျှများသော ဂေါဂ၊ မာဂေါဂ တည်းဟူသော မြေကြီးလေးမျက်နှာပေါ်မှာ နေသောလူအမျိုးမျိုးတို့ကို လှည့်ဖြားအံ့သောငှါလည်းကောင်း၊ တိုက်ခိုက်ဖို့စည်းဝေးခြင်းငှါလည်းကောင်း တက်လိမ့်မည်။ ထိုသူ များတို့သည် မြေကြီးမျက်နှာပေါ်သို့တက်၍ သန့်ရှင်းသူတို့၏တပ်ကိုလည်းကောင်း၊ ချစ်ဖွယ်သောမြို့ တော်ကိုလည်းကောင်း ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင်အထံတော် ကောင်းကင်မှမီးကျ၍ သူတို့ကို မျိုလေ၏” (ဗျာ၊ ၂၀း၇-၉)။ အပြစ်သားတို့သည် ဒုတိယအကြိမ်ထမြောက်ရှင်ပြန်၍ အနှစ်တစ်ထော င်အပြီးတွင် သန့်ရှင်းသူနှင့် သန့်ရှင်းသောမြို့ကို တိုက်ရန်စစ်ချီလေသည်။ စာတန်နတ်ဆိုးသည် ခဏ လွတ်မြောက်ခြင်းရရှိ၍ သန့်ရှင်းသူများကိုတိုက်ရန်အချိန်မဖြုန်းဘဲ စစ်ချီလေသည်။ စာတန်နတ်ဆိုး သည် စစ်သူရဲတပ်ကို အလျင်အမြန်ဖွဲ့စည်း၍ သန့်ရှင်းသောမြို့ကို တိုက်ရန်စစ်ချီစေသည်။ အပြစ်သား

တို့သည် စစ်ရေးပြင်ဆင်နေစဉ် ကောင်းကင်မှမီးကျကာ ထာဝရဖျက်ဆီးခြင်းခံရလေသည်။

၆။       နောက်ဆုံးတရားစီရင်ခြင်း၏မြင်ကွင်း

          ဤအချိန်အခါ၌ရှိသမျှသော လူအပေါင်းတို့သည် မျက်နှာချင်းဆိုင်စုရုံးကာ ခရစ်တော်သည် သန့်ရှင်းသောသူတို့ကိုလည်းကောင်း၊ သန့်ရှင်းသောမြို့တွင်းမှာ စည်းရုံးကာ စာတန်နတ်ဆိုးသည် လည်း သူ၏အပြစ်သားများကိုလည်းကောင်း မြို့ရိုးအပြင်၌စည်းရုံးကာ တရားစီရင်ခြင်းကို ရင်ဆိုင်ရန် အသီးသီးတရားဆိုင်ရန်လာကြသည်။ “တစ်ဖန်တုံဖြူသော ပလ္လင်ကြီးကိုလည်းကောင်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူကိုလည်းကောင်း ငါမြင်၏။ ကောင်းကင်နှင့်မြေကြီးသည် မျက်နှာတော်ရှေ့မှာ ပြေးလွင့်၍ သူတို့နေစရာအရပ်မရှိ။ သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာရပ်နေ ကြသည်ကိုငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါး သောစာစောင်ကိုလည်းဖွင့်လေ၏။ သေလွန်သော သူတို့သည် မိမိတို့အကျင့်အတိုင်း စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏” (လျာ၊ ၂၀း၁၁၊ ၁၂)။ အပြစ်သားတို့သည် ပလ္လင်တော်ရှေ့ မှာတရားရင်ဆိုင်ရန်လာကြသောအခါ ကောင်းကင်မှတ်တမ်းစာရင်းကိုဖွင့်၍ လုပ်ခဲ့ သော အပြစ်အကြောင်းများတို့ကိုဖွင့်ပြလေ၏။ ထိုစာစောင်ထဲတွင် ယောက်ျား၊ မိန်းမ၊ ကောင်းကင် တမန်တစ်ဦးစီတို့ကို ခရစ်တော်တည်းဟူသော ဖြောင့်မတ်သောတရားသူကြီးသည် နောက်ဆုံး လေ့လာရန်အတွက်လုပ်ခဲ့သော အပြစ်အသေးစိတ်တို့ကို ဖွင့်ပြလေသည်။ စကြဝဠာကြီးတစ်ခုလုံး သည် စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာပြီးသည့်နောက်ပိုင်းတွင် ခရစ်တော်သည် ကယ်တင်ခြင်းခံရ သော လုပ်ငန်းနှင့်ပတ်သက်၍ သူ၏ကယ်တင်ခြင်းလုပ်ငန်းကိုရှင်းပြလေသည်။ ခရစ်တော်သည် နောင်တရသောအပြစ်သားများကိုရှာဖွေ၍ ကယ်တင်ခြင်းငှါလာကြောင်း၊ ထိုကယ်တင်ခြင်းသည် ခရစ်တော်ကိုယ်တိုင် မိမိအသက်ကို လက်ဝါးကပ်တိုင်ပေါ်မှာပေးအပ် ကယ်တင်ခဲ့ရကြောင်း၊ ယခု အချိန်တွင်မူ ကောင်းကင်ဗိမာန်တော်ထဲတွင် လူများအတွက်ယဇ်ပုရောဟိတ်အဖြစ် ဘုရားသခင်၏ ရှေ့တော်တွင်ရှိနေကြောင်း၊ နောက်ဆုံးတွင် ခရစ်တော်၏ ကယ်တင်ခြင်းကို ငြင်းဆန်သောသူတို့ အတွက် အပြစ်၏အဖိုးအခကို သတ်မှတ်ရလေသည်။ “သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့် စစ်ကြောစီရင်သနည်း။ ညီအစ်ကိုချင်းကို အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။ ငါတို့ရှိသမျှသည် ခရစ်တော်၏တရားပလ္လင်ရှေ့သို့ရောက်ရကြမည်။ ကျမ်းစာလာသည်ကား၊ ငါအသက် ရှင်တော်မူသည် ဖြစ်၍ ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင်အား လူတိုင်း မိမိနှုတ်ဖြင့် သစ္စာခံရမည်ဟု ထာဝရဘုရားသခင်မိန့်တော်မူ၏” (ရောမ ၁၄း၁ဝ၊ ၁၁)။ “ယေရှုခရစ်၌ရှိသောထိုစိတ်သဘောကို သင်တို့၌လည်းရှိစေကြလော့။ ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့်ပြည့်စုံတော်မူသည် ဖြစ်၍ ဘုရားသခင်နှင့်ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မှတ်လျက်ပင် မိမိအသရေကိုစွန့်၍ အစေခံကျွန်၏ သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။ ထိုသို့ လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက် အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်း တိုင်အောင်အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ဘွဲ့နာမတကာတို့ထက်ကြီးမြတ်သောဘွဲ့နာမကိုပေးသနားတော်မူ၏။ အကြောင်း မူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ ရှိသောသတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ဘွဲ့ နာမတော်ကိုဒူးထောက်၍ ယေရှုခရစ်သည်သခင်ဖြစ် တော်မူ၏ဟုနှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြ မည့်အကြောင်းတည်း” (ဖိလိပ္ပိ ၂:၅-၁၁)။ ကမ္ဘာကြီးပေါ်၌အပြစ်ရောက်လျှင်ရောက်ချင်း စာတန်နတ် ဆိုးသည် ဘုရားသခင်အားမတရားကြောင်းဖြင့် အပြစ်ရှာအပုပ်ချသည်။ ယခုမူကား၊ ကောင်းမွန်စွာ ပြေလည်ဖြေရှင်းသွားတော့သည်။ စကြဝဠာရှိလူအပေါင်းတို့က ခရစ်တော် သည်တရားမျှတကြောင်း၊ မေတ္တာနှင့်ပြည့်ဝကြောင်း သိရှိလာတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့်အလုပ်အကိုင်တို့သည် ဆင်ပြောင်ကြီးကွင်းထဲ ရောက်နေသလို ရှင်းရှင်းမြင်ရတော့သည်။

၇။       အပြစ်၏နောက်ဆုံးနိဂုံး

          ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့်ပညတ်တရားတို့သည် ပြစ်တင်ခြင်းမှလွတ်ကင်းကြောင်းတွေ့ မြင်ရလေသည်။ ကယ်တင်ခြင်းခံရသောသူနှင့်အပြစ်ပြုလုပ်သော ကောင်းကင်တမန်အပြစ်သား စာတန်ကိုယ်တိုင်ပင်လျှင် သူ၏လုပ်ငန်းနှင့် သူ၏အကျင့်ကောင်းတို့သည်မှားကြောင်း၊ ဘုရားသခင် ၏ လမ်းသည်ဖြောင့်မတ်၍ တရားကြောင်း အားလုံးဝန်ခံကြလိမ့်မည်။ လူတိုင်းတို့သည် ဆိုးညစ် သော စိတ်သဘောနှင့် တစ်ကိုယ်ကောင်းရှိသော စိတ်သဘောတို့သည် ကျေနပ်မှုမရှိခြင်းနှင့် ပျော်မွေ့မှု မရှိ ကြောင်း သိမြင်ကြလေသည်။ အပြစ်သည် နောက်ဆုံးတွင်စီရင်မှုနှင့်ရင်ဆိုင်ရမည်။ စာတန်နှင့်သူ၏ အပေါင်းပါတို့သည် ဘုရားသခင်၏လမ်းမှန်ကန်ကြောင်းထောက်ခံသော်လည်း မိမိတို့၏စိတ်သည် ပြောင်းလဲခြင်းမရှိပါ။ သူတို့၏အကျင့်များသည် အပြစ်နှင့်ပြည့်ဝလျက်ရှိပါသည်။ နောက်ပိုင်းတရား စီရင်ခြင်းအဆုံးတွင် အပြစ်သားတို့နှင့်ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့တက်၍ သန့်ရှင်းသူ တို့ကိုလည်းကောင်း၊ ချစ်ဖွယ်သောမြို့တော်ကိုလည်းကောင်း ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင်အထံ တော် ကောင်းကင်မှမီးကျ၍ သူတို့ကိုမျိုလေ၏။ သူတို့ကိုလှည့်ဖြားသောစာတန်နတ်ဆိုးကိုလည်း သားရဲနှင့်ပုရောဖက်တုရှိရာ ကန့်နှင့်ရောနှောသောမီးအိုင်ထဲသို့ချပစ်လျှင် သူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက်ပြင်းစွာသော နာကျင်မှုကိုခံရကြလတ္တံ့။ တစ်ဖန်တုံဖြူသော ပလ္လင်ကြီးကို လည်းကောင်း၊ ပလ္လင်ပေါ်မှာထိုင်သောသူကိုလည်းကောင်း ငါမြင်၏။ ကောင်းကင်နှင့်မြေကြီးသည် မျက်နှာတော်ရှေ့မှာပြေးလွင့်၍ သူတို့နေစရာအရပ်မရှိ။ သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာရပ်နေသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါးသောစာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း စာစောင်တို့၌ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။ သမုဒ္ဒရာတို့သည် မိမိ၌ရှိသော လူသေတို့ကိုအပ်ပေး၏။ မရဏာနှင့်မရဏာနိုင်ငံသည်လည်း မိမိတို့၌ရှိသောလူသေတို့ကို အပ်ပေးကြ ၏။ လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကိုခံရကြ၏။ ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း။ အသက်စာ စောင်၌စာရင်းမဝင်သောသူရှိသမျှတို့ကို လည်း မီးအိုင်ထဲသို့ချပစ်လေ၏” (ဗျာ၊ ၂၀း၉-၁၅)။

          ထာဝရဘုရားသခင်၏မီးသည် နောက်ဆုံးတရားစီရင်သောအခါ အပြစ်နှင့်အပြစ်၌ငြိတွယ် သောသူအပေါင်းတို့ကို ဖျက်ဆီးမည်ဖြစ်သည်။ စာတန်နတ်ဆိုးနှင့်ပျောက်ဆုံးသောသူအပေါင်းတို့ သည် ဒုတိယသေခြင်းကိုတွေ့ရသည်။ သူတို့၏ ဆန့်ကျင်သောစိတ်ထားအမြင်တို့သည် အမှန်တကယ် ပျော်မွေ့ခြင်းဖြစ်သောနိုင်ငံနှင့်မသင့်တော်ပါ။ ထိုအပြစ်သားအပေါင်းတို့သည် စာတန်နတ်ဆိုးနှင့် တကွ အပြစ်ပြုလုပ်သောကောင်းကင်တမန်တို့သည် ဖျက်ဆီးခြင်းခံရ၏။ ကောင်းကင်မှမီးကျလာ သောမီးသည် အပြစ်ကြောင့်ပျက်စီးလျက်ရှိသောကမ္ဘာကြီးကိုဆေးကြောသန့်စင်ပေးကာ နောက်ဆုံး တွင် ဤကမ္ဘာကြီးသည် ဘုရားသခင်အတွက် ကမ္ဘာသစ်ဖြစ်လေသည်။ နောက်တစ်ဖန် အပြစ် မရောက်နိုင်ရာ (နာဟုံ ၁း၉)။ ခရစ်တော်နှင့် စာတန်နတ်ဆိုးတို့၏ တိုက်လှန် ပွဲသည် နောက်ဆုံးတွင် ပြီးလေပြီ။ အပြစ်၏ ဇာတ်လမ်းသည်လည်း နိဂုံးချုပ်ခဲ့လေသည်။ ဖြောင့်မတ်သန့်ရှင်း၍ ကယ်တင် ခြင်း ခံရသောလူသားများတို့အတွက်မူကား ဘုန်းတန်ခိုးနှင့်အကန့်အသတ်မရှိသော တိုးတက်ကြီးပွား မှုများရရှိပေတော့သည်။

၈။       ကမ္ဘာကြီးကိုဆေးကြော၍ ကမ္ဘာသစ်ဖြစ်စေသည်

          ဤကမ္ဘာကြီးကိုမီးဖြင့် ဆေးကြောစီရင်ပြီးသည့်နောက်ပိုင်းတွင် ဘုရားသခင်သည် ကမ္ဘာသစ် ကို ထပ်မံဖန်ဆင်းပြုပြင်လိုက်သည်။ “ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုလည်းငါမြင်၏။ အဘယ်သို့ နည်းဟူမူကား ရှေးကောင်းကင်နှင့်ရှေးမြေကြီး သည်ရွေ့သွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ၊ သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည် မိမိခင်ပွန်းဖို့ တန်ဆာဆင်သော မင်္ဂလာ ဆောင်သတို့သမီးကဲ့သို့ပြင်ဆင်လျက် ဘုရားသခင့်အထံတော်ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှကြီးသောအသံကား ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့် အတူ တည်ရှိတော်မူမည်။ သူတို့သည် ကိုယ်တော်၏ လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ် တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွား ခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူကလည်း ငါသည်ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်ဟု မိန့်တော်မူ၏။ တစ်ဖန်တုံရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏ဟူလည်းကောင်း အမှုပြီးပြီ” (ဗျာ၊ ၂၁း၁-၅)။ မူရင်းလှပခဲ့သကဲ့သို့ ဤ ကမ္ဘာကြီးကိုဖန်ဆင်းပြီးအဆုံးတွင် ကယ်တင်ခြင်းခံရသောသူတို့သည်မိမိနေအိမ်အဖြစ်ခေတ်အဆက် ဆက်နေထိုင်သွားရမည်။ တစ်ကိုယ်ကောင်းစိတ်မှလည်းကောင်း၊ဖျားနာခြင်းမှလည်းကောင်း၊နာကျင် ခြင်းမှလည်းကောင်း လွတ်ကင်း၍ စကြဝဠာကြီးကို လေ့လာစူးစမ်းရန်အချိန် ဖြစ်တော့မည်။ ဘုရား သခင်နှင့်မိတ်သဟာယဖွဲ့ခြင်း၊ ပေါင်းသင်းဆက်ဆံခြင်း အစပြုရတော့မည်။ ကပ်ကာလအဆက်ဆက် ခရစ်တော်၏ခြေတော်ရင်း၌ထိုင်ကာ တရား တော်မြတ်ကိုနာခြင်း၊ တရားသင်ခြင်း၊ ဘုရားသခင်၏ မေတ္တာတော်ကိုလေ့လာခြင်းများပြုလုပ်မည်။ ထိုအကြောင်းနှင့်ပတ်သက် သောကမ္ဘာသစ်အကြောင်း ကို လမ်းညွှန် (၉) တွင် ပြန်လည်လေ့လာနိုင်ပါသည်။

          ထိုနေ့တွင် သင်သည် မည်သည့်နေရာတွင်ရှိမည်နည်း။ သင်သည် ခရစ်တော်နှင့်အတူ ကယ် တင်ခြင်းခံရ၍ မြို့၏ အတွင်းမှာထာဝရနေရမည်လော (သို့တည်းမဟုတ်) မြို့ ၏အပြင်ခရစ်တော်နှင့် အနီးဘဲ ထာဝရပျောက်ဆုံးခြင်းနှင့်မီးအိုင်တွင်း ကျရောက်မည်လား။ သင်၏အသက်တာကို ခရစ် တော်အားပေးလှူအပ်နှံပါလျှင် ပြော၍မထွက်သောကြောက်မက်ဖွယ်ကောင်းသည့် မြို့ပြင်၌ရှိသော မီးအိုင်ထဲတွင်နေမည်လား။ ကျွန်တော်တို့နေရသောမည်သည့်ဘဝမှာမဆို ခရစ်တော်နှင့်အတူ တွဲဖက် လမ်းလျှောက်မည်လော။ သင်မပြုလုပ်ခဲ့သေးလျှင် သင်၏ ကိုယ်စိတ်နှစ်ဖြာကို ခရစ်တော်အားပေး အပ်၍ ခရစ်တော်သည် သူ၏မေတ္တာဖြင့် ကယ်တင်ခြင်းတရားကို ပေးမည်။ ဤအချက်သည် အခွင့် အရေးဖြစ်သည်။ ယနေ့သင်၏ ကယ်တင်ခြင်း ရောက်လာပြီ။

 

ရှာဖွေတွေ့ရှိခြင်း (၂၂) အဖြေလွှာ

ဘုရားသခင်သည်မျှမျှတတရှိပါသလား

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။ အဖြေနှစ်ခုတွင်တစ်ခုမှားသည်။

၁။       ဖြောင့်မတ်သောသူ “ကောင်းချီးခံရ၍ သန့်ရှင်းသောသူ”

          --------- အနှစ်တစ်ထောင်အစ၌။

          --------- အနှစ်တစ်ထောင်အဆုံး၌။

*        အပြစ်သားတို့သည်ထမြောက်ရှင်ပြန်လိမ့်မည်။

--------- အနှစ်တစ်ထောင်အစတွင်။

--------- အနှစ်တစ်ထောင်အဆုံးတွင်။

၂။       အနှစ်တစ်ထောင်အစသည်၊

          --------- ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းအချိန်။

          --------- အေဒီနှစ် ၂၀၁၀ ခုနှစ်တွင်။

*        ခရစ်တော်ဒုတိယအကြိမ်ကြွလာသောအခါ အသက်ရှင်၍ သန့်ရှင်းသောသူတို့သည်၊

--------- မိုးတိမ်ကိုစီးလျက် ခရစ်တော်နှင့်သွား၍တွေ့ ဆုံမည်။

--------- သူတို့သည် ခရစ်တော်ကြွလာခြင်း၏ အလင်းဖြင့် ဖျက်ဆီးခြင်းခံရမည်။

*        ခရစ်တော်ဒုတိယအကြိမ်ကြွလာသောအခါ ခရစ်တော်၌သေလွန်သောသူတို့သည်၊

          --------- ထမြောက်ရှင်ပြန်မည်။ အသက်ရှင်၍ ကျန်ကြွင်းသောသန့်ရှင်းသောသူတို့နှင့်အတူ               မိုးတိမ်ကိုစီး၍ ကောင်းကင်သို့သွားမည်။

          --------- သင်္ချိုင်းတွင်ရှိနေမည်။

          --------- ပြောင်းလဲ၍အပြစ်မရှိဘဲ ထာဝရအသက်ရမည်။

*        ခရစ်တော်ဒုတိယအကြိမ်ကြွလာသောအခါ အသက်ရှင်သောအပြစ်သားတို့သည်၊

          --------- ခရစ်တော်၏ ကြွလာခြင်းအလင်းဖြင့်ဖျက်ဆီးခံရမည်။

          --------- ခရစ်တော်ကိုလက်ခံ၍ ကောင်းကင်သို့ခေါ်ဆောင်ခြင်းခံရမည်။

၃။       အနှစ်တစ်ထောင်အချိန်အတွင်း စာတန်နတ်ဆိုးစုံစမ်းရန် လူဘာကြောင့်မရှိသနည်း။

          --------- စာတန်နတ်ဆိုးသည် ဤလောကတွင်ချည်နှောင်ခံရသောကြောင့်။

          --------- ဖြောင့်မတ်သောသူများကောင်းကင်တွင်ရှိသောကြောင့်။

          --------- အပြစ်သားများသေဆုံးသောကြောင့်။

          --------- အပြစ်သားများငရဲမီးတွင်ရှိသောကြောင့်။

၄။       အနှစ်တစ်ထောင်အချိန်အတွင်း ဖြောင့်မတ်သောသူသည် ကောင်းကင်တွင်ဘာကို လုပ်ကိုင်         ရမည်နည်း။

          ---------အပြစ်သားများတို့ကိုစီရင်ခြင်း။

          --------- ဗိမာန်တော်ကိုတည်ဆောက်ခြင်း။

၅။       အနှစ်တစ်ထောင်အဆုံးဒုတိယထမြောက်ခြင်းသည် အဘယ်သူများဖြစ်သနည်း။

          --------- အပြစ်ရှိ၍သေနေသောသူများ။

          --------- သန့်ရှင်း၍သေနေသောသူများ။

*        အနှစ်တစ်ထောင်ပြီးဆုံးသောအခါ အောက်ပါအရာတို့သည် မြေကြီးပေါ်သို့ဆင်းသက်ကြွ လာမည်။

          --------- ယေရုရှလင်မြို့သစ်။                         --------- စာတန်နတ်ဆိုး။

          --------- ကယ်တင်ခြင်းခံရသူများ။                   --------- ခရစ်တော်ဘုရား။

၆။       ယေရုရှလင်မြို့သစ်သည် မြေကြီးပေါ်သို့ဆင်းသက်လာသောအခါ အသက်ရှင်သောသူများတို့       သည် စာတန်နတ်ဆိုးမှားကြောင်းကိုပြောပြသက်သေခံ၍ ဘုရားသခင်သည် တရားစီရင်ခြင်း        အမှု၌ အမှန်တကယ်ဖြောင့်မတ်ကြောင်း၊ တရားမျှတကြောင်းသက်သေခံလိမ့်မည်။

          --------- ကယ်တင်ခြင်းခံရသူ။                        --------- ပျောက်ဆုံးသောလူ။

          --------- ကောင်းကင်တမန်များ။                     --------- စာတန်နတ်ဆိုး။

          --------- အထက်ဖေါ်ပြပါပုဂ္ဂိုလ်များတစ်ဦးမျှမဟုတ်ပါ။

၇၊ ၈။   အနှစ်တစ်ထောင်ပြီးဆုံးသောကာလတွင် သင်သည်မည်သည့်ဘက်တွင် ပါဝင်လိုပါသနည်း။      ခရစ်တော်သည် ဤလောကမြေကြီးကိုမီးအားဖြင့် သန့်ရှင်းစွာဆေးကြော၍ နဂိုမူရင်းအတိုင်း        ကမ္ဘာသစ်ကို ပြန်လည်ပြုပြင်၍ ကယ်တင်ခြင်းခံရသောသူများနေရန် ကာလအစဉ်အဆက်        အတွက်ဖြစ်သည်။

          --------- မြို့အတွင်း၌ ခရစ်တော်နှင့်အတူနေ၍ ထာဝရလုံခြုံခြင်းရရှိမည်။

          --------- မြို့ပြင်၌ခရစ်တော်မရှိဘဲနေ၍ ထာဝရပျောက်ဆုံးခြင်းခံစားရမည်။

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 



အခန်းကြီး - ၂၃

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၂၃)

ငရဲဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း၊ အဘယ်မှာရှိသနည်း

 

          ကျောင်းသားများစာသင်ခန်းထဲသို့ ဝင်လာသောအခါ အကျိုးမရှိသော ပစ်ခတ်မှုကြောင့် အတန်းသားတော်တော်များများ သေဆုံးသွားပါသည်။ ညည်းညည်းညူညူဖြင့် နေတတ်သော ဝန်ထမ်းတစ်ဦးသည် အလုပ်မှထုတ်ပစ်ခြင်းခံရသော အခါ မိမိလုပ်ငန်းခွင်သို့ သေနတ်ကိုင်ဆောင်ကာ သူ၏ဆရာနှင့်လုပ်ဖေါ်ဆောင်ဘက်များကို ပစ်သတ်လိုက်သည်။ မိခင်တစ်ဦးသည် ကားထဲ၌ရှိသော ကလေးငယ်နှစ်ဦးနှင့် ကားကိုရေကန်ထဲသို့ တွန်းချလိုက်သောကြောင့် ကလေးငယ်နှစ်ဦး ရေနစ်သေ ဆုံးသွားသည်။

          အာဖရိကတိုက်နှင့်ဥရောပတိုက်နှစ်ခုတွင် လူမျိုးရေးနှင့်ပတ်သက်၍ ထောင်ပေါင်းများစွာ သောယောက်ျားများ၊ မိန်းမများရက်စက်စွာ အသတ်ခံရပါသည်။ အချို့သောနှစ်ရာပေါင်းများစွာ အတွင်းတွင် လူမျိုးရေးအဓိကရုဏ်းများကြောင့် ဒေါသရန်ငြိုးပေါက်ကွဲလာသောကြောင့် ဖြစ်သည်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ မွေးကင်းစများပင်မချန်ဘဲ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဓါးဖြင့်ထိုးခုတ် သတ်ခြင်း၊ တူနှင့်အရိုက်ခံရခြင်း၊ မုဒိမ်းအကျင့်ခံရခြင်းများဖြစ်ပေါ်လာသည်။ ဤကဲ့သို့ လူသတ်သမား များကို သေဒဏ်များပေးရန် အများက စီရင်ဆုံးဖြတ်သော်လည်း မြောက်မြားစွာသော အခြားလူတို့ သည် သေဒဏ်မပေးသင့်ကြောင်း၊ ထိုကဲ့သို့သော အပြုအမူများကို လူမဆန်သော တရားမဲ့အယူဝါဒ များဟုပြစ်တင်ကြသည်။ အချို့သောသူတို့၏ မေးခွန်းထုတ်ခြင်းမှာ ဤလူသတ်သမားကို ခွင့်လွှတ်နိုင် ရန် အလားအလာရှိပါသလားဟုမေးခဲ့ကြသည်။ အချို့သောလူသတ်သမားများကို မည်ကဲ့သို့လူလူချင်း စာနာသောစိတ်ဖြင့် အပြစ်စီရင်မည်နည်း။ လျှပ်စစ်ကုလားထိုင်ပေါ်တွင်တင်၍သတ်လျှင် သင့်လျော် ပါမည်လား (သို့တည်းမဟုတ်) မနာမကျင်ဘဲ အဆိပ်ဖြင့် ဆေးထိုးသတ်လျှင် သင့်လျော်ပါမည်လား။ အချို့သောသူတို့သည် ကြိုးမိန့်ပေးသတ်လျှင် အကောင်းဆုံးနှင့်အမြန်ဆုံးသေခြင်းဖြစ်ကြောင်း အကြံ ပေးကြသည်။ ဤကဲ့သို့ သေခြင်းအမိန့်များကို အပြန်အလှန်ဝေဖန်သုံးသပ်သောအခါ ဘယ်သူမျှ ရက်စက်သောနည်းဖြင့် သတ်ရန်အကြံမပြုပါ။ သို့ရာတွင် အထူးသတိပြုရန်တစ်ခုမှာ ကြိုးမိန့်ခံရမည့် လူများတို့သည် အခြားသူများကိုသတ်ခဲ့ သောအခါ ရက်စက်ကြမ်းကြုတ်စွာဖြင့်လည်းကောင်း၊ ကိုယ်ချင်းမစာနာတတ်ဘဲ အညှိုးဖြင့် လူလူချင်းမစာနာတတ်သော စိတ်ဖြင့် နာကျင်စွာသတ်ဖြတ်ခဲ့ သောသူများဖြစ်သည်။ အဘယ်သူမျှ ဤကဲ့သို့ ဆိုးသွမ်းရက်စက်သော လူသတ်သမားများတို့ကို စိတ် အေးအေးဖြင့် မီးရှို့သတ်ဖြတ်ရန် အကြံမပေးခဲ့ပါ။ မြောက်မြားစွာသော စိတ်စေတနာမှန်သည့်ခရစ် ယာန်များတို့သည် အဖဘုရားသခင်က အပြစ်သားများတို့ကို စီရင်သောအခါ အထက်ဖေါ်ပြထားသော လူသတ်သမားများထက် ပို၍ဆိုးမည်ဟုသဘောပေါက်ထားကြသည်။ သူတို့၏အမြင်မှာ အပြစ်သား များတို့သည် ရက်စက်စွာ၊ နာကျင်စွာ ညှဉ်းဆဲပြီးမှ သူတို့၏အပြစ်အတွက်နှင့်သင့်လျော်မည်ဟု ယူဆ သည်။ ထို့အပြင် ခရစ်ယာန်များတို့၏ စိတ်ကူးအမြင် တစ်ခုမှာ ဘုရားသခင်သည် နေရာတစ်ခုကို သတ်မှတ်ကာ အဆုံးအစမရှိသောညှဉ်းပန်းနှိပ်စက်မှုကိုပြုလုပ်မည်ဟုယူဆသည်။ ဤအပြစ်သားများ တို့သည် အမှန်တကယ်မည်ကဲ့သို့ စီရင်မည်နည်း။ သူတို့၏ ကံကြမ္မာကြီးသည် ဘုရားသခင်၏ မေတ္တာ နှင့်တရားစီရင်မှုကို မည်ကဲ့သို့အကွက်ဆင်ကာညှိနှိုင်းမည်နည်း။

၁။       ခရစ်တော်၏နောက်ဆုံးအသည်းကွဲရခြင်း

          လွန်ခဲ့သောနှစ်ပေါင်းခြောက်ထောင်ကတည်းက ဘုရားသခင်သည် လူယောက်ျား၊ မိန်းမတို့ အား အပြစ်မပြုလုပ်ရန် သွန်သင်ဆုံးမထိန်းကျောင်းခဲ့ပါသည်။ “ထာဝရဘုရားသခင်မိန့်တော်မူသည် ကား၊ ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်၊ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာငါနှစ်သက်၏။ အိုဣသရေလ အမျိုးသားတို့၊ သင်တို့လိုက်သောလမ်းဆိုးမှ လွှဲကြလော့။ အဘယ်ကြောင့် အသေခံလိုကြသနည်း။” (ယေဇကျေလ ၃၃း၁၁)။

          လက်ဝါးကပ်တိုင်သည် ဘုရားသခင်ကယ်တင်ခြင်းပေးသော လူတို့အဖို့ မည်မျှအကျိုးဖေါ် ထုတ်သည်ကိုပြသည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်၌ အိုးအဘ၊ သူတို့၏အပြစ်ကိုခွင့်လွှတ် ပေးပါ။ သူတို့ပြုလုပ်သောအရာကို သူတို့မသိပါဟု ကြွေးကြော်ခဲ့ပါသည်။ မိမိ၏နှလုံးသားအတွင်း၌ ရှိသောမေတ္တာကို အကုန်အစင်ဖေါ်ထုတ်ပြသခြင်းဖြစ်သည်။ (လုကာ ၂၃:၃၄)။ နောက်မရှေးမနှောင်း တွင် အသက်တော်ကိုချုပ်ခဲ့ပါသည်။ အများသောသူတို့၏ ယုံကြည်ချက်တစ်ခု မှာခရစ်တော်သည် အသည်းကွဲ၍ သေဆုံးသည်ဟုယူဆသည် (ယောဟန် ၁၉:၃ဝ၊ ၃၄)။

          ဤကဲ့သို့ တန်ခိုးကြီးသော သွန်သင်ပြသမှုအပြည့်အဝနှင့်ကြီးမားသော မေတ္တာတော်ကို ပြသခဲ့သည်။ သို့ရာတွင် မြောက်မြားစွာသောလူတို့သည် ခရစ်တော်ထံသို့ လာမည်မဟုတ်ပါ။ ထို့ကြောင့် အပြစ်သည်ဤကမ္ဘာကြီးကိုစိုးမိုးကာ လူအများတို့၏ အခက်ကြုံမှုကို ဖန်တီးဦးမည်ဖြစ်ပါ သည်။ ထို့ကြောင့် အပြစ်ကိုအဆုံးသတ်စီရင်ရမည်။ ဘုရားသခင်သည် အပြစ်ကိုမည်ကဲ့သို့အဆုံးသတ် မည်နည်း။ “သူခိုးသည် ညအခါလာသကဲ့သို့ ထာဝရဘုရားသခင်၏ နေ့ရက်သည်လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည်ကြီးစွာသောအသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓါတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍ မြေကြီးပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်” (၂ပေ ၃း၁၀)။

          ဘုရားသခင်သည် နောက်ဆုံးတွင် ဤစကြဝဠာကြီးကို သန့်စင်ပစ်မည်ဟု သတ်မှတ်ကာ စာတန်နတ်ဆိုးကိုပါ ဖျက်ဆီးပစ်မည်ဟု ရေးသားဖေါ်ပြကာ မှတ်တမ်းတင်ထားခဲ့ပါသည်။ ဤ အကြောင်းအရာနှင့်ပတ်သက်၍ ခရစ်တော်သည် မီးဖြင့်သေဆုံးသောသူများကိုမြင်သောအခါ ထိုသူတို့ ပင်လျှင် မိမိအသက်တာကို လက်ဝါးကပ်တိုင်ပေါ်၌ပေးခဲ့ကြောင်း မြင်ခဲ့သောအခါ စိတ်မချမ်းသာ ခြင်းခံစားရခဲ့ပါသည်။

၂။       ငရဲသည်မည်သည့်အချိန်နှင့်မည်သည့်နေရာတွင်မီးလောင်ကျွမ်းမည်နည်း

          အများယုံကြည်သော ဆန့်ကျင်ဘက်တစ်ခုမှာ ဘုရားသခင်သည် ငရဲဟုခေါ်သောနေရာ၌ မီး မလောင်ကျွမ်းစေခဲ့ပါ။ ငရဲဟုအမည်နာမမှည့်ခေါ်ရခြင်းမှာ ဤကမ္ဘာကြီးသည် တစ်နေ့မီးဖြင့် ဆေး ကြောသောအခါ၌သာဖြစ်မည်။ ဘုရားသခင်သည် အပြစ်သားများကို အနှစ်တစ်ထောင်အဆုံးမီးဖြင့် စီရင်သောအခါသာ ဤကမ္ဘာကြီးကို ငရဲဟုခေါ်နိုင်မည် (ဗျာ၊ ၂၀း၉- ၁၅)။ “ဘုရားဝတ်၌မွေ့လျော် သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှါလည်းကောင်း၊ မတရားသော သူတို့ကို ဒဏ်ခံစေမည်အကြောင်း ညစ်ညူးသော တပ်မက်ခြင်းကိလေသာနှင့်တကွ---အထူးသဖြင့် ဒဏ်ခံစေ မည့်အကြောင်း တရားဆုံးဖြတ်သောနေ့အဖို့ ချုပ်ထားခြင်းငှါလည်းကောင်း၊ ထာဝရဘုရားသခင်သည် တတ်နိုင်တော်မူ၏။---” (၂ပေ ၂:၉၊ ၁ဝ)။ ထာဝရဘုရားသခင်သည် ဤကမ္ဘာကြီးကို မီးအားဖြင့် ဆေးကြောသန့်စင်တော်မူမည်။ “ယခုရှိသော မိုးကောင်းကင်နှင့်မြေကြီးမူကား တရားဆုံးဖြတ်၍ အပြစ်သားလူတို့ကိုဖျက်ဆီးသောနေ့ရက်တိုင်အောင် ထိုနှုတ်ထွက်စကားအားဖြင့် သိုထားလျက်ရှိ၍ မီးရှို့ခြင်းအဖို့အလို့ငှါ နေရစ်သတည်း။” (၂ပေ ၃း၇)။

          ဘုရားသခင်သည် လူများတို့၏ အသက်တာကို မီးငရဲ၌မည်သည့်အခါမျှ အဆုံးစီရင်ရန်အကြံ အစည်မရှိပါ။ သို့ရာတွင် လူများသည် စာတန်နှင့်အဆက်မဖြတ်ဘဲ အပြစ်ကိုစွဲကိုင်ပွေ့ဖက်သော ကြောင့် နောက်ဆုံးတွင် လူတို့ရွေးချယ်သည့်အတိုင်း ဆိုးကျိုးကိုခံရမည်ဖြစ်သည်။ “ထိုအခါ လက်ဝဲ တော်ဘက်၌ရှိသောသူတို့အား မင်းကြီးက ကျိန်ခြင်းကိုခံရသောသူတို့၊ စာတန်နတ်ဆိုးနှင့် သူ၏တမန် တို့အဖို့ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှခွဲသွားကြလော့” (မဿဲ ၂၅း၄၁)။ ခရစ်တော် ၏စကားအရ၊ ငရဲမီးမည်သည့်အခါတွင်လောင်ကျွမ်းမည်နည်း။ “တောပင်တို့ကိုရွေးနုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာ အဆုံး၌ဖြစ်လတ္တံ့။ လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင် မှားယွင်းစေသော သူတို့နှင့် မတရားသော အမှုကိုပြုသောသူတို့ရှိသမျှတို့ကို နိုင်ငံတော်ထဲကရွေးနုတ်၍ ငိုးကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာမီးဖို၌ချကြလတ္တံ့။” (မဿဲ ၁၃:၄၀-၄၂)။

          ပေါင်းပင်၊ အဆိုးလုပ်သူများတို့သည် ကမ္ဘာကုန်ဆုံးသောအချိန်အခါ၌သာ မီးလောင်ကျွမ်းမည် ဖြစ်သည်။ ဤစီရင်ခြင်းကိုမပြုလုပ်မီ ဘုရားသခင်၏ တရားစီရင်ခြင်းသည် မျှတမှန်ကန်ကြောင်း စကြဝဠာရှိလူအပေါင်းတို့သည် သိရကြမည်။ လမ်းညွှန် (၂၂) တွင်ဘုရားသခင်နှင့်စာတန်နတ်ဆိုးတို့၏ အသေးစိတ်တိုက်လှန်ပွဲကို တွေ့ရခဲ့ပြီ။ စာတန်နတ်ဆိုးသည် စကြဝဠာရှိလူသားများတို့ကို အပြစ်၏ လမ်းသည်သာ၍ကောင်းသောလမ်းအဖြစ် ပြသသွန်သင်တိုက်တွန်းခဲ့သည်။ သို့ရာတွင် ခရစ်တော်က နားထောင်ခြင်းသည် အသက်တာ၏ ကျေနပ်ပြည့်စုံမှုကိုပေးသော သော့တစ်ခုဖြစ်ကြောင်း ပြခဲ့သည်။ အနှစ်တစ်ထောင်အဆုံးတွင် ထိုပြခဲ့သော မှန်ကန်ခြင်းတရားများတို့သည် စာတန်နတ်ဆိုးကိုခုံရုံးတင် ကာစီရင်မည်။ အသက်စာစောင်မှတ်တမ်းများကို ဖွင့်သောအခါ လူသားတို့၏ အကောင်းအဆိုးဖြစ်ရာ ဘဝအဆိုးအကောင်းများတို့အတိုင်းစီရင်၍ ဆိုးသောသူများဖြစ်သော စာတန်နတ်ဆိုးနှင့် အပေါင်းပါ များကို သေခြင်းနှင့်တကွ သင်္ချိုင်းသို့ အဆုံးသတ်စီရင်မည်။ ဘုရားသခင်သည် သိုးသငယ်၏စာစောင် တွင် အမည်မရှိသောသူများတို့ကို မီးအိုင်ထဲသို့ပစ်ချမည် (ဗျာ၊ ၂၀:၁၄၊ ၁၅)။ ၎င်းကျမ်းတစ်ဆက်တည်း မှာပင် (ဗျာ၊ ၂၁:၁) ဘုရားသခင်သည် ဤလောကမြေကြီးကို မီးနှင့်သန့်ရှင်းစေပြီးမှ ကောင်းကင်သစ် နှင့်မြေကြီးသစ်ကိုဖန်ဆင်းတော်မူမည်။

 

၃။       ငရဲသည်မည်မျှလောက်ကြာမြင့်စွာလောင်ကျွမ်းမည်နည်း

          ယုံကြည်သူများတို့သည် ငရဲမီးသည် ထာဝရလောင်ကျွမ်းမည်ဟု ယုံကြည်သောကြောင့် ထာဝရညှဉ်းဆဲနှိပ်စက်ခြင်းဟု အဓိပ္ပါယ်သက်ရောက်သလိုဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် အပြစ်နှင့်အပြစ်သားများတို့ကို မည်ကဲ့သို့စီရင်ကြောင်းကို အကိုးအကားဖြင့် ပြန်လည်လေ့လာကြပါ စို့။ “ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သော သူတို့ကို မီးလျှံအားဖြင့်ဒဏ်ပေးတော်မူသောအခါ သူတို့ကို ဆင်းရဲစေဖူးသောသူတို့၌ ဆင်းရဲခြင်းကို လည်းကောင်း၊ ဆင်းရဲခံရသောသင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကိုလည်းကောင်း၊ ဘုရားသခင် ဆပ်ပေး၍ တရားသဖြင့်စီရင်တော်မူလိမ့်မည်” (၂သက် ၁း၈၊ ၉)။

          သတိပြုရန်အချက်တစ်ခုမှာ- “ထာဝရဖျက်ဆီးခြင်း” ဟု ဆိုရာ၌ ထာဝရညှဉ်းဆဲနှိပ်စက်ခြင်း ဟု အနက်မဖေါ်ပါ။ ၎င်းအနက်မှာ ဖျက်ဆီးခြင်းသည် အရာတစ်ခုခုပျက်စီးသွားအောင်ဖျက်မည်ဟု အနက်သက်သောက်သည်။ ထာဝရသေခြင်းခံစားရခြင်းအကြောင်းမှာ ပေတရုက ဘုရားတရားမရှိ သောသူတို့အားဖျက်ဆီးပစ်မည့်အကြောင်းဖြစ်သည် (၂ပေ ၃:၇)။ ခရစ်တော်၏ သွန်သင်ချက်တရား ကား၊ လူသည် ကိုယ်နှင့်ဝိညာဉ်သည် ငရဲတွင် ဖျက်ဆီးမည်ဟုလာသည် (မဿဲ ၁၀း၂၈)။ ခရစ်တော် ၏တောင်ပေါ်တရားတော်တွင် လမ်းကျဉ်း (ကျဉ်းသောလမ်း) အသက်ရှင်ရမည်အကြောင်းနှင့် ကျယ် သော လမ်းထာဝရပျက်စီးခြင်းထဲသို့ ပို့ဆောင်မည်အကြောင်း (မဿဲ ၇:၁၃၊ ၁၄) ယောဟန် ၃း၁၆ တွင် ခရစ်တော်ရှင်းပြချက်အရ၊ ထာဝရဘုရားသခင်သည် တစ်ပါးတည်းသော သားတော်ကိုပေးကြောင်း၊ သူ့အား ယုံကြည်သူများထာဝရအသက်ရမည့် အကြောင်းဟောကြားထားသည်။ ခရစ်တော်သည် ကံကြမ္မာနှစ်ခုအကြောင်းကို နှိုင်းယှဉ်ပြထားသည်။ ၎င်းတို့နှစ်ခုမှာ ထာဝရဟူသောစကားသည် အချိန် အခါနှင့်ပတ်ဝန်းကျင်အပေါ် အမှီပြုသောကြောင့် အဆုံးသည်ရောက်ရစမြဲဖြစ်သည်။ ကျမ်းစာ၏ ရှင်းလင်းပြတ်သားသောစကားအရ၊ ဆိုးညစ်သောသူတို့သည် ဖျက်ဆီးခြင်းခံရမည်။ “မတရားသော သူ၏ သားမြေးတို့မူကား ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်” (ဆာလံ ၃၇း၂၈)။ သူတို့သည် ပျက်စီးခြင်း သို့ရောက်မည် (၂ပေ ၂း၁၂)။ “သူတို့သည် မီးခိုးကဲ့သို့ပျောက်သွားမည်” (ဆာလံ ၃၇:၂၀)။ မီးသည် လောင်ကျွမ်း၍ပြာဖြစ်မည် (မာလခိ ၄း၁-၃)။ အပြစ်အခသည် သေခြင်းပေတည်း။ ထာဝရဘုရားသခင် ၏ကျေးဇူးတော်ကား ထာဝရအသက်ဖြစ်၏ (ရောမ ၆း၂၃)။ ငရဲမီး၏နောက်ဆုံးစီရင်ခန်းမှာ စကြဝဠာ ရှိအပြစ်များကိုဖယ်ရှားရန်နှင့် ထာဝရအပြစ်များကို ဖယ်ထုတ်ရန်ဖြစ်သည်။ ခရစ်တော်သည် တစ်ယူ သန် မိုက်မဲဆိုးညစ်နေသော ယေရုရှလင်မြို့နှင့် သူ့ကိုသတ်ဖြတ်ခဲ့သောသူများတို့ကို ထာဝရစောင့် မျှော်ကြည့်ရှုနေရန် သူ့အတွက်စဉ်းစားရခက်ပေမည်။ ထို့ကြောင့် အပြစ်သားများတို့သည် ထာဝရငရဲ တွင် လောင်ကျွမ်းနေမည်ဟူသောစကားသည် ယုတ္တိရှိနိုင်မည်မဟုတ်ပါ။

          ငရဲဆိုသည့်စီရင်ခြင်းမှာ ဧကန်အမှန်အဆုံးရှိပါသည်။ အနှစ်တစ်ထောင်အဆုံးတွင် ဘုရား သခင်သည် ကောင်းကင်မှမီးမိုးရွာချ၍ နတ်ဆိုး၊ သူ၏အပေါင်းပါများနှင့် အပြစ်သားများတို့ကို “အဆုံး” စီရင်မည်။ မီးသည် ကောင်းကင်မှကျလာ၍ သူတို့ကိုလောင်ကျွမ်းမည် (ဗျာ၊ ၂၀း၉)။ ခရစ်တော်၏ စကားအရ၊ မသတ်နိုင်သောမီး (မဿဲ ၃း၁၂) အနက်မှာ ဤအပြစ်သားများတို့ကို မီးလောင်ကျွမ်းသည့်

အခါ ဘယ်မီးသတ်အဖွဲ့အစည်းမှမီးလောင်၍မကုန်မချင်း မီးသတ်၍ မရပါဟုဆိုလိုခြင်းဖြစ်သည်။

          ဘုရားသခင်၏ကတိတော်အရ၊ မီးဖြင့်ဆေးကြောသန့်စင်ပြီးလျှင် ကမ္ဘာကြီးကိုအသစ်ဖန်ဆင်း ၍ အတိတ်သည် အတိတ်တွင်ပင်ရှိနေမည်။ အနက်သဘောတရားမှာ မည်သည့်အရာကိုမျှသတိရ တော့မည်မဟုတ်ပါ။ ငိုကြွေးမြည်တမ်း ခြင်း၊ စိတ်ဆင်းရဲအော်ဟစ်ခြင်းအသံများလုံးဝမကြားရတော့ပါ (ဟေရှာယ ၆၅း၁၆-၁၉)။

          ၎င်းနေ့ရက်သည် မည်မျှ ပျော်ရွှင်သာယာဝမ်းမြောက်မည်ကို စဉ်းစားဖို့ရန်သာလို၏။ အကြောင်းမှာ- နှလုံးကြေကွဲ ဝမ်းနည်းခြင်းတို့သည် ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။ ဘုရား သခင်သည် အပြစ်၏ နာကျင်ခြင်းများတို့ကို ကျွန်ုပ်တို့၏ ခံစားမှုများမှထုတ်ပယ်၍ ပြည့်စုံသော ဝမ်း မြောက်ခြင်းနှင့် နှစ်သိမ့်မည်ဖြစ်သည်။

၄။       (ထာဝရ) ဟူသောကျမ်းစာတော်မြတ်မှစကား

          မဿဲ ၂၅:၄၁ တွင်ခရစ်တော်၏စကားအရ၊ စာတန်နတ်ဆိုးနှင့်သူ၏အပေါင်းပါတို့ကို ထာဝရ မီးဖြင့်စီရင်မည် ဟူသောအချက်က ငရဲသည်ထာဝရရှိနေမည်ဟူသော (ယုဒ ၇) တွင်ပါရှိသည့်အဖြစ် အပျက်မှာ သောဒုံနှင့်ဂေါမောရအကြောင်းနှင့်ပတ်သက်၍ ထာဝရမီးဖြင့်စီရင်ကြောင်းကို ကြည့်ခြင်း ဖြင့် ထာဝရဆိုသောစကား၏အနက်ကို သိရှိနိုင်သည်။ ယခုထိုမြို့များတို့သည် မီးလောင်လျက်မနေ တော့ပါ။ ထာဝရမီးဟူသောအနက်မှာ ဖျက်ဆီးမည့်အရာများတို့သည် မကုန်မချင်းလောင်ကျွမ်းမည် ဟူသောအနက်သက်ရောက်သည်။

          ၂ပေ ၂း၆ တွင်တစ်ဖန်ထပ်ဆင့်၍ ထာဝရမီးဟုဖေါ်ပြထားပါသည်။ ကျမ်းစာ၏ ပြတ်သားတိကျ သော ဘုရားသခင်၏စီရင်ခြင်းမှာ သောဒုံနှင့်ဂေါမောရလောင်ကျွမ်းခြင်းသည် ပြာအထိလောင်ကျွမ်း၍ နောင်လာနောက်သားများတို့အတွက် ပုံနမူနာအဖြစ် အပြစ်သားများတို့ကို အဆုံးစီရင်မည်ဖြစ် ကြောင်း ပြသသည်။ သောဒုံနှင့်ဂေါမောရမြို့သားတို့သည် ယနေ့အချိန်အထိ မီးလောင်ကျွမ်းနေသော အဖြစ်အပျက်ကို ကျွန်ုပ်တို့မမြင်ရပါ။ ထိုမြို့သားတို့သည် ရှေးမဆွကပင် ပြာဖြစ်ခဲ့ကြောင်းကိုသာသိခဲ့ ရပါသည်။ ထို့ကြောင့် ထာဝရမီးဟူသောဝေါဟာရသည် ထာဝရပျက်ဆီးခြင်းနှင့်အဆုံးသတ်ခြင်းကို အဓိပ္ပါယ်ဖေါ်ထုတ်သည်။ Revelation ကျမ်းတွင်လည်း စာလုံးစာသားများအားဖြင့် ကွင်းကွင်းကွက် ကွက်ရေးသားကာ မှတ်တမ်းတင်ခဲ့သောကြောင့် အများသောလူသူစိတ်တွင် နားလည်မှုကွဲလွဲနေပါ သည်။ ဥပမာအနေဖြင့် ဗျာ၊ ၁၄:၁၁ တွင် ဖျက်ဆီးခြင်းခံရသောသူတို့၏ လောင်ကျွမ်းသည့်မီးခိုးသည် ထာဝရတက်လျက်နေကြောင်းသိရသည်။ ထိုစကား၏အနက်သည် အပြစ်သားများတို့သည် မသေဘဲ နာကျင်စွာ ခံစားနေခြင်းသဘောမျိုး သက်ရောက်သည်။ ထို့ကြောင့် ကျမ်းစာအားဖြင့် ကျမ်းစကား အနက်အချို့ကိုဖေါ်ပြရလျှင် ထွက်မြောက် ၂၁:၆ တွင်ရှေးသခင်နှင့်ကျွန်တို့ လုပ်ရိုးလုပ်စဉ် ထုံးတမ်း ဓလေ့များမှာ ကျွန်တစ်ယောက်သည် သခင်နှင့်အတူထာဝရနေမည်ဟု ဆုံးဖြတ်လျှင် သူ၏ကျွန်ကို အထိမ်းအမှတ် အနေဖြင့်နားဖေါက်ပေးရပါသည်။ ထိုအခါ ထိုကျွန်သည် သခင်၏ကျွန်ထာဝရကာလ ပတ်လုံးဖြစ်လာတော့သည်။ လူ၏သက်တမ်းအရ၊ ထိုကျွန်သည် သူ၏ အသက်ရှင်သမျှ ကာလပတ် လုံးနှင့် ထာဝရဟူသောစကားသည် တူညီကြောင်း သိရသည်။ ယောနသည် သုံးရက်နှင့်သုံးညတိတိ ဝေလငါး၏ဝမ်းတွင်းတွင် (မဿဲ ၁၂း၄၀)။ ယောနအသုံးပြုထားသော စကားမှာ ကျွန်ုပ်သည် ငါးကြီး ဝမ်းတွင်းတွင်ထာဝရနေခဲ့ရကြောင်း (ယောန ၂း၆)။ အမှန်တကယ်ဆိုရလျှင် ထိုငါးကြီး၏ ဝမ်းတွင်း တွင်သုံးရက်ခန့်နေရခြင်းကို ထာဝရနေရခြင်းနှင့်တူညီကြောင်း နှိုင်းယှဉ်ဖေါ်ပြထားသည်။ ထို့ကြောင့် ကျမ်းစာ၏ ကိုးကားဖေါ်ပြထားသောစကားနှင့် ကဗျာဆန်သောစာသားများတို့ဖြင့် ဖေါ်ပြထားသော အချက်များတို့ကို အဖြစ်အပျက် အမှန်ဖြင့်နားလည်ပေးရလိမ့်မည်။ မီးအိုင်ထဲမှ ထွက်ပေါ်လာသော ထာဝရမီးခိုးဟုဆိုရာတွင် အဆုံးအစမရှိသောထာဝရ စီရင်ခြင်းထက် ထာဝရပျက်စီးခြင်းကိုသာ နားလည်ပေးရမည်။ ဗျာ၊ ၂၁း၈ တွင် “ကန့်နှင့်လောင်သောမီးအိုင်ထဲ၌” ဒုတိယသေခြင်းသည် ငရဲ၏ အဆုံးဟုအနက်သက်ရောက်သည်။ အပြစ်သားများတို့သည် မီးလောင်ကျွမ်းသည်။ သူတို့သည် ပျက်စီး ကုန်သည်။

၅။       ငရဲသည်ဘာ့ကြောင့်ရှိရန်လိုသနည်း

          ကမ္ဘာဦး၌ ဘုရားသခင်သည် ပြည့်စုံစွာဖန်ဆင်းခဲ့သည်။ သို့ရာတွင် အပြစ်ရောက်လာ၍ ဒုက္ခ အခက်အခဲပျက်စီးခြင်းနှင့် သေခြင်းနှင့်ရင်ဆိုင်ရသည်။ အကယ်၍သင်သည် အိမ်သို့ပြန်လာသောအခါ ဖေါက်ထွင်းမှုနှင့်ပျက်စီးမှုများကို တွေ့မြင်ရသောအခါ ၎င်းအတိုင်းထာဝရထားမည်လော။ ထိုပျက်စီး သောအရာများကိုပြုပြင်မည်။ အကယ်၍ အိမ်ထောင် ပရိဘောဂများပျက်စီးလျှင် လွှင့်ပစ်မည်။ ဘုရား သခင်သည်လည်း ထိုနည်းတူပြုလုပ်မည်။ ဘုရားသခင်သည် ညစ်ပေပျက်စီးယိုယွင်းနေသော ကမ္ဘာ ကြီးကို ထပ်မံကာ အသစ်တစ်ဖန်ပြုလုပ်မည်။ ဘုရားသခင်၏အစီအစဉ်အရ မီးဖြင့်ဆေးကြော သုတ် သင်ပြီးသည့်နောက် ပြည့်စုံသော ကမ္ဘာကြီးဖြစ်လာသောအခါ ကယ်တင်ခြင်းခံရသောသူများအတွက် နေစရာအစီအစဉ်ရှိသည်။

          ဤကမ္ဘာကြီးသည် အပြစ်ကြောင့်အဆင်းအင်္ဂါ ပျက်စီးသောကြောင့် လူ၏အဆင်းအင်္ဂါသည် လည်း ဆက်နွှယ်နေသောကြောင့်ပျက်စီးပါသည်။ အပြစ်သည် လူနှင့်ဘုရားသခင်သော်လည်းကောင်း၊ လူအချင်းချင်းသော်လည်းကောင်း ဖျက်ဆီးခဲ့ပါသည်။ လူ၏အကျင့်များမှာ ကလေးငယ်များကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များကျင့်သုံးခြင်း၊ တဏှာရာဂစိတ်ပေါ်ပေါက်ရန် နှိုးဆော်မှု ဓလေ့မိုက်များကို ကျင့်သုံးခြင်းနှင့် ဝိညာဉ်ရေးပျက်ပြားစေသောစရိုက် များကိုကျင့်သုံးစေခြင်းများ ဖြစ်သည်။ ထို့ကြောင့် တစ်နေ့ဘုရားသခင်သည် ဤစရိုက်ကြမ်းများတို့ကို ဖျက်ဆီးသုတ်သင်ပစ်ရ မည်။ လူများတို့၏ ဤမကောင်းသောမိုက်မှားမှုတို့ကြောင့် ခရစ်တော်ကိုလက်ဝါးကပ်တိုင်ပေါ်သို့ တင်ခဲ့ပါသည်။ သို့ရာတွင် နောင်တရသူများအတွက် “ကိုယ့်အပြစ်တို့ကို ဖေါ်ပြတောင်းပန်လျှင် ငါတို့ အပြစ်များကိုလွှတ်၍ အပြစ်ရှိသမျှနှင့်ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့် လည်း ကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။” (၁ယော ၁း၉)။ ဘုရားသခင်သည် အပြစ်၏ပြဿနာအခက်အခဲများအတွက် လူသားများအားလုံးကို ဖြေရှင်းရန်အဖြေပေးထားပါသည်။ ဤကဲ့သို့ပေးသော်လည်း လူအများတို့သည် ထိုအပြစ်ပူးဝင်စွဲကပ်မှုကို ဖြောင့်မတ်ခြင်း တရားထက် နှစ်သက်၏။ ဘုရားသခင်သည်လည်း လူများတို့ကို အကြမ်းနည်းဖြင့် ထာဝရအသက်ရရန် မတိုက် တွန်းပါ။ ဘုရားသခင်၏မစကူညီခြင်းကိုငြင်းပယ်သော သူတို့သည် အပြစ်ရောဂါမီးဖြင့် လောင်ကျွမ်း ခြင်းကိုခံရမည်။ ထို့ကြောင့် ငရဲရှိရခြင်းအကြောင်းရင်းမှာ “သင်တို့ကိုငါရေတွက်၍ ခါး၌အပ်မည်။ ရှိသမျှတို့သည် အသေသတ်ခြင်းကိုခံရအောင် ဦးချရကြလိမ့်မည်။ အကြောင်းမူကား သင်တို့သည် ငါခေါ်သောအခါမထူးကြ၊ ငါပြောသောအခါနားမထောင်ကြ၊ ငါ့မျက်မှောက်၌ မကောင်းသောအကျင့် ကိုကျင့်ကြ၏။ ငါမနှစ်သက်သောအရာကိုရွေးယူကြ၏” (ဟေရှာယ ၆၅း၁၂)။ လူသည် မိမိသဘောအရ ခရစ်တော်နှင့်အဆက်ဖြတ်ခဲ့သောကြောင့် ဆိုးညစ်သောသူတို့သည် ရွေးချယ်ခွင့်မရှိတော့ဘဲ ထာဝရ သေခြင်းသာရတော့၏။

၆။       ပျောက်ဆုံးရခြင်း၏ဆုလာဘ်

          ကျမ်းစာအရ၊ ငရဲမီးသည် ထာဝရလောင်ကျွမ်းခြင်းမရှိ။ လူသည်လည်း ထာဝရခံစားရခြင်းမရှိ။ သို့ရာတွင် အတွေ့၏ မြင်ကွင်းတွင် ဝမ်းနည်းဖွယ်ရာခံစားရခြင်းသာဖြစ်၏။ အပြစ်သားများတို့သည် ထာဝရအသက်ပျောက်ဆုံးခြင်းကို မြင်လိုက်ရမည်။ ပြင်းထန်သောခံစားမှုကြောင့် ဘုရားသခင်နှင့် အတူနေရခြင်းနှင့် ထာဝရပျောက်ကွယ်သွားကြောင်း နားလည်သဘောပေါက်သွားသည်။ ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်တွင် လောက၏ အပြစ်ကြောင့် မိမိအဘနှင့်ခွဲခွါရခြင်းကို ထာဝရပျောက်ဆုံး သကဲ့သို့ခံစားရပေမည်။ ထို့နည်းတူ အပြစ်သားများတို့သည် သံသရာအခြေအနေကို တွေးဆကာ မျက်မှောက်ပျက်စီးခြင်းနှင့်သာ ရင်ဆိုင်ရတော့မည်။ သူတို့အတွက် ဒုတိယထမြောက်ရှင်ပြန်ခြင်း မရှိတော့ပါ။ ခရစ်တော်၏ ထပ်ခါတလဲလဲပေး သောမေတ္တာနှင့် တောင်းပန်ဖိတ်ခေါ်မှုများတို့ကို ငြင်း ဆန်ခဲ့ကြောင်းကိုသာ တွေးဆသတိရနေမည်ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်၏ စီရင်ခြင်း သည် တရားဖြောင့်မတ်ကြောင်းနှင့် သူ၏မေတ္တာသည် မှန်ကန်ကြောင်းသက်သေခံသည် (ဖိလိပ္ပိ ၂း၁ဝ၊ ၁၁)။ ထို့ကြောင့်ကျမ်းစာသည် ကျွန်ုပ်တို့အားခရစ်တော်၏တောင်းပန်သံနှင့် ရွေးချယ်မှုကို ရယူရန် တိုက်တွန်းထားသည်။ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည်အမှုတော်ကို ဆောင်ရွက်သောသူချင်းဖြစ်၍ သင်တို့ကို နှိုးဆော်သွေးဆောင်ကြ၏။ ဗျာဒိတ် တော်အချက်ဟူမူကား၊ နှစ်သက်ဖွယ်သော အချိန်၌ သင်၏ စကားကိုငါ နားထောင်ပြီ။ ကယ်တင်ရန် နေ့ရက်ကာလ၌ သင့်ကိုငါမစမည်ဟုလာသည်နှင့်အညီ ယခုပင် နှစ်သက်ဖွယ်သောအချိန်ရှိ၏။ ယခု ပင်ကယ်တင်ရာနေ့ ရက်ကာလရှိ၏” (၂ကော ၆း၁၊ ၂)။

          တန်ဖိုးမဖြတ်နိုင်သောခရစ်တော်ပေးသည့်အချိန်အခါနှင့် အခွင့်အရေးကို သင်သည် လက် လွတ်မိခဲ့လျှင် ဆုံးရှုံးခြင်းဖြင့်သာ သင်၏အသက်တာကိုနိဂုံးချုပ်ရပေမည်။ ကျွန်ုပ်တို့၏ရှေ့တွင်ရှိသော လမ်းနှစ်သွယ်မှာ ပြတ်သားထင်ရှားသော သေခြင်းလမ်း (သို့တည်းမဟုတ်) ထာဝရအသက်နှင့် ဘုရား သခင်၏ရှေ့တော်တွင် ထာဝရနေရမည့်အသက်ရှင်ခြင်းလမ်းဖြစ်သောကြောင့် သင်သည် သင်၏ အတွက် ယနေ့တွင်မည်သည့်လမ်းကိုရွေးချယ်မည်နည်း။

 

ရှာဖွေတွေ့ရှိခြင်း (၂၃) အဖြေလွှာ

ငရဲဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း၊ အဘယ်မှာရှိသနည်း

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x)ပေးပါ။ အဖြေနှစ်ခုတွင်တစ်ခုမှားသည်။

၁။       အနှစ်ခြောက်ထောင်ပတ်လုံးခရစ်တော်သည် အပြစ်သားများတို့အား သူ့အားလက်ခံရန်နှင့်    ကယ်တင်ခြင်းရရန်ဖိတ်ခေါ်လျက်နေသည်။

          --------- ကျမ်းစာရှိပုရောဖက်တို့အားဖြင့်။

          --------- လက်ဝါးကပ်တိုင်ပေါ်မှာခရစ်တော်၏နာကျင်သောအသံအားဖြင့်။

          ခရစ်တော်ကယ်တင်ခြင်းပေးရန်ကြိုးစားခဲ့သော်လည်း ငရဲ၌သာဖျက်ဆီးခဲ့ရခြင်း။

          --------- အဖဘုရားသခင်နှင့်ခရစ်တော်အတွက်ဝမ်းသာခြင်းသာဖြစ်မည်။

          --------- ခရစ်တော်အတွက်ဝမ်းနည်းဖွယ်ရာအချိန်သာဖြစ်မည်။

၂။       မီးသည် ငရဲဖြစ်မည့် မည်သည့်နေရာတွင်လောင်ကျွမ်းမည်နည်း။

          --------- အချိန်ကာလဆုံးသောအခါ၌ ဤမြေကြီးပေါ်တွင် ဘုရားသခင်သည်မီးအားဖြင့် ဆေး                  ကြောတော်မူမည်။

          --------- မြေအောက်ရှိစာတန်နတ်ဆိုးအားညှဉ်းဆဲသောနေရာဖြစ်မည်။

          ယနေ့ငရဲတွင်ရှိမည့်လူဦးရေ။

          --------- လူတစ်ယောက်မျှမရှိပါ။

          --------- လူသန်းပေါင်းများစွာရှိမည်။

          ငရဲမီးမည်သည့်အချိန်တွင်လောင်ကျွမ်းမည်နည်း။

          --------- အနှစ်တစ်ထောင်ကာလပြီးဆုံး၍ တရားစီရင်ခြင်းပြီးဆုံးသောအခါ။

          --------- ယခုမီးလောင်လေသည်။

၃၊၄။    အပြစ်သားများတို့၏စီရင်ခြင်းမှာ မည်သည့်အရာဖြစ်သနည်း။

          --------- ထာဝရပျက်စီးခြင်း။

          --------- ထာဝရမဆုံးနိုင်သောငရဲတွင်အပြစ်ပေးခြင်း။

          မီးသည်ငရဲတွင်မည်မျှကြာစွာလောင်ကျွမ်းမည်နည်း။

          --------- ထာဝရကာလပတ်လုံး။

          --------- စာတန်နတ်ဆိုး၊ သူ၏အပေါင်းပါ တမန်များနှင့် အပြစ်သားများတို့သည် ပြာဖြစ်သည်              အထိ လောင်ကျွမ်းမည်။

          --------- ဤမြေကြီးကို အပြစ်မှသန့်ရှင်းစေ၍ ကယ်တင်ခြင်းခံရသူများ၏ အိမ်ဖြစ်လာသော                  အခါအထိ။

၅။       ဘုရားသခင်သည် ငရဲကိုသူ၏အကြံအစည်တွင်ထားရခြင်းအကြောင်းရင်းမှာ-

          --------- ပြည့်စုံခြင်း၊ ထာဝရအိမ်ကို ကယ်တင်ခြင်းခံရသော သူတို့အတွက် ပေးရန်စီစဉ်ခြင်း                    ဖြစ်သည်။

          --------- လူများတို့ကိုခြိမ်းခြောက်ခြင်းအားဖြင့် သူတော်စင်သူတော်ကောင်းများဖြစ်လာရန်။

          --------- အပြစ်သည် လူကိုဖျက်ဆီးသောကြောင့် အပြစ်ကိုဖျက်ဆီးရန်။

 

နှလုံးသားမေးခွန်း

          အပြစ်သည် ပြည့်စုံခြင်းရှိသောဘုရားသခင်၏ကမ္ဘာကြီးကို ဖျက်ဆီးသည်။ လက်ဝါးကပ်တိုင် ပေါ်၌ ခရစ်တော်၏သေရခြင်းမှာ ကမ္ဘာကြီးကို စာတန်နတ်ဆိုး၏ လက်မှပြန်လည်ရရှိရန်၊ အပြစ်နှင့် မကောင်းဆိုးဝါးများကို ဖျက်ဆီးသန့်စင်ပစ်ရန်၊ အပြစ်နှင့်သေခြင်းကိုမှတ်တမ်းမှ ပယ်ဖျက်ပစ်ရန် ကျွန်ုပ်တို့၌ရွေးချယ်ခြင်းရှိပါသည်။

          ထာဝရပျက်စီးခြင်း (သို့တည်းမဟုတ်) ခရစ်တော်နှင့်အတူ ထာဝရအသက်ရခြင်း။ ခရစ်တော် သည် ကယ်တင်ခြင်းပေးသော်လည်း သေခြင်းကိုသာ ရွေးသောအပြစ်သားများတို့အတွက် စိတ်မည်မျှ ထိခိုက်မည်နည်း။ သင်သည် ကယ်တင်ခြင်းခံရသော အသိုက်အဝန်း၌ပါဝင်ခြင်းဖြင့် ခရစ်တော်ကို ဝမ်းမြောက်စေမည်လော။

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 

 


အခန်းကြီး - ၂၄

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၂၄)

လူသည်သေသောအခါဘာဖြစ်သွားသနည်း

 

          ကလေးငယ်တို့သည် ကျွန်ုပ်တို့အားသေရခြင်းဆိုသည်မှာ အဘယ်နည်းဟုမေးလျှင် တုန်လှုပ် ချောက်ချားသွားသည်။ ကျွန်ုပ်တို့ချစ်ခင်ရင်းနှီးသောသူသေခါနီးဖြစ်နေလျှင်ပြောလို့မရ၊ စဉ်းစားလို့မရ လောက်အောင်ဖြစ်နေပါသည်။ သေခြင်းသည် နေရာတကာတွင် လူအားလုံးတို့၏ ရန်သူဖြစ်သည်။ ဤခက်ခဲသော သေခြင်းအကြောင်းနှင့်ပတ်သက်၍ မေးလျှင် အဖြေကို မည်ကဲ့သို့ပေးမည်နည်း။ သေခြင်း၏တစ်ဖက်တွင် အသက်ရှင်ခြင်းရှိပါသေးသလား။ သေဆုံးခဲ့သော ချစ်ခင်ရင်းနှီးသူများကို တစ်ဖန်ပြန်လည်တွေ့ဆုံပါမည်လား။

၁။       သေခြင်းနှင့်ရင်ဆိုင်ရန်မကြောက်ရွံ့ ခြင်း

          ကျွန်ုပ်တို့၏အသက်တာတစ်ချိန်တစ်ခါတွင် ချစ်ခင်ရင်းနှီးသော မိတ်ဆွေသားချင်းဆုံးသွား သောအခါ ကျွန်ုပ်တို့၏ ရင်ခေါင်းတွင်ဟာနေသကဲ့သို့လည်းကောင်း၊ အထီးတည်းနေရသကဲ့သို့လည်း ကောင်း တွေ့ရှိခံစားရပါသည်။ ထိုအချိန်အခါ၌ အရေးကြီးကြောင်းနှင့်လည်းကောင်း၊ စိတ်ဆန္ဒဇော ပြင်းပြခြင်းဖြင့်လည်းကောင်း သေခြင်းတရားအကြောင်းအမှန်ကို ရရှိလေ့လာလိုသော ဆန္ဒဖြစ်ပေါ် လာသည်။ လောကတွင်ခရစ်တော်၏ လုပ်ငန်းအချို့တစ်ဝက်မှာ သေခြင်းအကြောင်း နှင့်ပတ်သက် သောကြောက်ရွံ့တုန်လှုပ်ခြင်းများကို ဖြေရှင်းပေးရန်ဖြစ်သည် (ဟေဗြဲ ၂း၁၅)။ ကျမ်းစာတွင်နှစ်သိမ့် သော သတင်းစကားနှင့်မျှော်လင့်ခြင်းပေးသော စိတ်သဘောကို သေခြင်းအကြောင်းနှင့်ပတ်သက်၍ ပြောပြရာ၌ သေခြင်း၏ တစ်ဖက်တွင် အသက်ရှင်ကြောင်း၊ အသက်ရှင်နိုင်ကြောင်း ကတိပေးခဲ့ပါ သည်။

၂။       ဘုရားသခင်သည်ကျွန်ုပ်တို့ကိုမည်ကဲ့သို့ဖန်ဆင်းခဲ့ကြောင်း

          ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်ကဲ့သို့ ဖန်ဆင်းခဲ့ကြောင်း ကျမ်းစာမှသေခြင်းတရား အကြောင်းနှင့်ပတ်သက်သောတရားအကြောင်းကို နားလည်နိုင်သည်။ ထို့ကြောင့် ကမ္ဘာဦးက ဘုရား သခင်သည် ကျွန်ုပ်တို့ကို မည်ကဲ့သို့ ဖန်ဆင်းခဲ့ပါသနည်း။ “ထို့နောက် ထာဝရဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင် လူသည်အသက်ရှင် သောသတ္တဝါဖြစ်လေ၏” (ကမ္ဘာ ၇း၂)။

          အစအဦး၌ ဘုရားသခင်သည် အာဒံကိုမြေမှုန့်မှ ဖန်ဆင်းတော်မူသည်။ လူသည် ဦးနှောက်ရှိ၍ စဉ်းစားရန်အဆင်သင့်ရှိသည်။ သွေးသည် လူတစ်ကိုယ်လုံး၌ လည်ပတ်ရန် အဆင်သင့်ရှိသည်။ ထို့နောက် ဘုရားသခင်သည် နှာခေါင်းမှ ဇီဝအသက်ကို မှုတ်သွင်းခဲ့သောကြောင့် အာဒံသည်အသက် ရှင်သောလူဖြစ်လာသည်။ (ဟေဗြဲဘာသာ “အသက်ရှင်သော ဝိညာဉ်”)။ အထူးသတိပြုရန်တစ်ခုမှာ ကျမ်းစာကအာဒံသည် ဝိညာဉ်ရရှိသွားသည်ဟု မဖေါ်ပြပါ။ ဖေါ်ပြသည့်စကားမှာ အသက်ရှင်သော သတ္တဝါဖြစ်လာသည်။ ဘုရားသခင်သည် အာဒံ၏ နှာခေါင်းထဲသို့ ဇီဝအသက်မှုတ်သွင်းသောအခါ ဘုရားသခင်၌ရှိသော အသက်သည် အာဒံထဲသို့ ပူးဝင်စွဲကပ်သွားသည်။ ထိုပေါင်းဖေါ်ခြင်းတည်းဟူ သော ဘုရားသခင်၏ အသက်နှင့်လူ၏ ကိုယ်ခန္ဓာကြီးသည် စည်းလုံးစေ့စပ်သွားသောအခါ အာဒံသည် အသက်ရှင်သောလူ (သို့တည်းမဟုတ်) အသက်ရှင်သောဝိညာဉ်ရရှိလေသည်။ လူကိုဖန်ဆင်းသော ပုံသေနည်းမှာ “မြေကြီးမှမြေမှုန့် + ဇီဝအသက် = အသက်ရှင် သောဝိညာဉ်။ အသက်မရှိသော ကိုယ် ကာယ + ဘုရားသခင်၏ဇီဝအသက် = အသက်ရှိသောလူသား”။

          ကျွန်ုပ်တို့တစ်ဦးစီတို့သည် ကိုယ်ကာယရှိသည်။ ဆင်ခြင်သုံးသပ်တတ်သော စိတ်ရှိသည်။ သို့ရာတွင် အသက်ရှိသောသူသာဖြစ်သည်။ ထိုကဲ့သို့သောအခြေအနေကို အသက်ရှင်၍ လှုပ်ရှားတတ် သောသူဟုလည်းတွင်၏။

၃။       လူသည်သေသောအခါဘာဖြစ်သွားသနည်း

          သေခြင်းတရားဆိုသည်မှာ (ကမ္ဘာ ၂း၇) တွင် ဖေါ်ပြထားသည့်အတိုင်း ဆန့်ကျင်ဘက်ဖြစ် သည်။ “ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့လည်းကောင်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင်ထံသို့လည်းကောင်း ပြန်သွားရလိမ့်မည်” (ဒေ၊ ၁၂း၇)။ ကျမ်းစာဖေါ်ပြထားသော ဟေဗြဲ ဘာသာ၏စကားမှာ အသက်နှင့်ဝိညာဉ်သည် ဆင်တူယိုးမှားဖြစ်၍ ကျမ်းစာတွင် အပြန်အလှန်အသုံး ပြုထားသည်။ လူသည်သေသောအခါ သူ၏ကိုယ်သည် မြေမှုန့်ဖြစ်သွားသည်။ ဝိညာဉ် (အသက်) မူကား ဘုရားသခင်ထံသို့ ပြန်သွားသည်။ ထိုအသက်သည် ဘုရားသခင်ထံမှလာသောကြောင့် ဘုရား သခင်ထံသို့ ပြန်သွားသည်။ သို့ရာတွင် ကိုယ်ကာယကြီးသည် ဘာဖြစ်သွားသနည်း။ “ထာဝရဘုရား သခင်မိန့်တော်မူသည်ကား ငါအသက်ရှင်သည်အတိုင်း နောက်တစ်ဖန် ဣသရေလပြည်၌ ထိုစကားပုံ ကိုသုံးရသောအကြောင်းမရှိရ။ ဝိညာဉ်အပေါင်းတို့ကို ငါပိုင်၏။ အဖ၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့ သား တော်၏ဝိညာဉ်လည်းငါပိုင်၏။ ပစ်မှားသော ဝိညာဉ်သည် အသက်သေရမည်” (ယေဇကျေလ ၁၈း၃၊ ၄)။

          ဝိညာဉ်သေသည်။ ထိုဝိညာဉ်သည် ထာဝရအသက်မရသေးပါ။ ထိုဝိညာဉ်သည်ပျက်စီးနိုင် သည်။ (ကမ္ဘာ ၂း၇) တွင် ဖေါ်ပြသောသင်္ချာညီမျှခြင်းမှာ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဖန်ဆင်းရာ၌ အသက်ရှင်သည့် အနေအထားကို ပြောင်းပြန်ပြုလုပ်ခဲ့သော် သေခြင်းတရားဝင်လာသည်။ သင်္ချာ၏ ညီမျှခြင်းမှာ-

          (မြေကြီး၏မြေမှုန့်) – (ဇီဝအသက်) = (အသက်သေခြင်း)

          အသက်မရှိသောကိုယ်ကာယ - ဘုရားသခင်ထံမှအသက် = လူသေ

          သေခြင်းသည် အသက်ရှင်ခြင်းမှရပ်ဆိုင်းခြင်းဖြစ်သည်။ ကိုယ်ကာယကြီးသည်ယိုယွင်းပျက် စီး၍ မြေမှုန့်ဖြစ်သွားသည်။ အသက် (သို့မဟုတ်) ဝိညာဉ်သည် ဘုရားသခင်ထံသို့ ပြန်သွားသည်။ အသက်ရှိနေစဉ်အသက်ရှင်သော သတ္တဝါဖြစ်သည်။ သေသောအချိန်၌အလောင်းသာဖြစ်တော့သည်။ သေသောသူသည် သတိတရားမရှိပါ။ ဘုရားသခင်သည် လူထံမှဇီဝအသက်ကိုပြန်၍ယူလျှင် လူသည် သေသည်။ ဤသင်ခန်းစာ၏ နောက်ပိုင်းတွင် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် မျှော်လင့်ခြင်း ရှိကြောင်းပြောပြထားသည်။

၄။       သေသောသူသည်မည်မျှအသိတရားရှိသနည်း

          သေလျှင်လူ၏ဦးနှောက်သည်ပျက်စီးသွား၍ အသိတရားနှင့်အသိတရားတို့သည် လုံးဝမရှိ တော့ပါ။ ခံစားခြင်း၊ ကြောင့်ကြခြင်း လုံးဝမရှိတော့ပါ။ “သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။ နေအောက်မှာပြုသမျှသောအမှု၌ သူတစ်ပါးနှင့်ရောနှော၍မဆိုင်ရ” (ဒေ၊ ၉း၆)။

          အသေကောင်သည် အသိတရားမရှိပါ။ သူတို့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သမျှသော အမှု အားလုံးတို့ကိုမသိပါ။ သူတို့သည်အသက်ရှင်သောလူသားများနှင့် လုံးဝအဆက်အသွယ် မရှိတော့ပါ။ “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ အကျိုး အပြစ်ကိုလည်းမခံရ။ သူ့ကိုလည်းမေ့လျော့တတ်ကြ၏” (ဒေ၊ ၉:၅)။ သေခြင်းသည် အိပ်မက်ခန်းပမာ အိပ်ခြင်းသာဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာတော်မြတ်က သေခြင်းကိုအိပ်ခြင်းဟု ၅၄ ကြိမ် တိတိဖေါ်ပြထားသည်။ ခရစ်တော်၏သွန်သင်ခြင်းတွင် သေခြင်းသည် အိပ်ခြင်းဖြစ် ကြောင်းပြောပြခဲ့ သည်။ သူ၏ တမန်တော်တို့အား ပြောပြထားခဲ့သည်မှာ- “ငါတို့အဆွေလာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလို့ငှါ ငါသွားမည်ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း သခင်၊ သူသည်အိပ်ပျော် လျှင်သက်သာ ရလိမ့်မည်ဟုလျှောက်ကြ၏။ ယေရှုက လာဇရုသေကြောင်းကို ရည်မှတ်၍ မိန့်တော်မူ သော်လည်း ပကတိအိပ်ပျော်ကြောင်းကိုမိန့်တော်မူသည်ဟု တပည့်တော်တို့သည်ထင်မှတ်ကြ၏။ ထို့ကြောင့် ယေရှုက လာဇရုသေပြီ။ သင်တို့သည် ယုံကြည်မည်အကြောင်း ထိုအရပ်၌ငါမရှိသည်ကို ထောက်၍ သင်တို့အတွက်ငါဝမ်းမြောက်ခြင်းရှိ၏။ သူ့ဆီသို့ ယခုသွားကြကုန်အံ့ဟု အတိအလင်းမိန့် တော်မူ၏” (ယောဟန် ၁၁း၁၁-၁၅)။

          လာဇရုသေသည်မှာလေးရက်ကြာခဲ့ပြီ။ ထိုနေ့၌ပင် ခရစ်တော်ရောက်လာသည်။ ခရစ်တော် သည် သင်္ချိုင်းသို့ သွား၍ လာဇရုကိုနှိုးရန်လွယ်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း အိပ်ပျော်သောသူကို နှိုးရန်လွယ်လေသည်။ ကျွန်ုပ်တို့၏ ချစ်ခင်ရင်းနှီးသောသူတို့သည် ခရစ်တော်၌ ငြိမ်သက်စွာအိပ်စက် နားနေကြောင်းကိုသိရသောအခါ နှစ်သိမ့်ခြင်းကြီးစွာရရှိသည်။ ခရစ်တော်၌အိပ်ပျော်ခြင်းဆိုသည်မှာ ငြိမ်သက်စွာ ခရစ်တော်၌ နားနေကြောင်းကိုပြသည်။ သေခြင်း၏ အကြောင်းတရားကို တစ်နေ့ ကျွန်ုပ် တို့သည်ရင်ဆိုင်ရသောအခါ ငြိမ်သက်သာယာသောအိပ်ခြင်းကဲ့သို့ဖြစ်မည်ဟု ယုံမှားသံသယ ရှိစရာ မလိုပါ။

၅။       သေခြင်း၌အိပ်ပျော်သောသူများကို ဘုရားသခင်မေ့ပျောက်လိုက်ပြီလား

          သေခြင်းတရား၏ အိပ်ခြင်းသည် နိဂုံးမဟုတ်ပါ။ သင်္ချိုင်းနားတွင် မာသအား ခရစ်တော်က “ယေရှုကလည်း ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည် သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်” (ယောဟန် ၁၁:၂၅)။ သေသောသူတို့သည် သင်္ချိုင်း တွင်း၌ ခရစ်တော်နှင့်အိပ်ပျော်နေသည်။ ထိုသူများ အတွက်မြောက်မြားစွာသော အလားအလာရှိ သည်။ ကျွန်ုပ်တို့၏ဦးခေါင်း၌ရှိသော ဆံပင်အချောင်းရေတွက်နိုင်သော အရှင်သည် ကျွန်ုပ်တို့တစ်ဦးစီ တို့အား မိမိလက်ဝါးပေါ်၌ ထိန်းသိမ်းထားနိုင်သောအရှင်သည် ကျွန်ုပ်တို့အားမမေ့ပါ။ ကျွန်ုပ်တို့သည် သေ၍ မြေမှုန့်ကိုပြန်သွားသော်လည်း ဘုရားသခင်၌ရှိသော မှတ်တမ်းတွင် တစ်ဦးစီတို့၏ အသက်တာ သည် ပြတ်သားထင်ရှားစွာ ပေါ်ပေါက်လျက်ရှိသည်။ ခရစ်တော်ဒုတိယအကြိမ်ကြွလာသောအခါ လာဇရုအား ခရစ်တော်သည် ထမြောက်ရှင်ပြန်စေသကဲ့သို့ သေသောသန့်ရှင်းသူတို့ကိုလည်း ထမြောက်ရှင်ပြန်စေမည်။ “ညီအစ်ကိုတို့၊ မျှော်လင့်ခြင်း မရှိသောအခြားသူတို့သည်ဝမ်းနည်းသကဲ့သို့ သင်တို့သည်ဝမ်းမနည်းမည့်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။ ဘုရားသခင်သည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရား သခင်၏ တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍ ခရစ်တော် ၌သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါအသက်ရှင်၍ ကျန်ကြွင်းသောငါတို့ သည် အာကာသကောင်းကင်၌ ဘုရားသခင်ထံတော်သို့ ရောက်စေခြင်းငှါ ထိုသူတို့နှင့်အတူ မိုးတိမ် ပေါ်သို့ချီဆောင်ခြင်းကိုခံရသောအားဖြင့် ဘုရားသခင်နှင့်အတူအစဉ်မပြတ်နေရကြလိမ့်မည်။ သို့ဖြစ် ၍ ဤစကားများအားဖြင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သက်သာစေကြလော့” (၁သက် ၄:၁၃၊ ၁၆-၁၈)။

          ထမြောက်သောနေ့၌ သေခြင်းတရားသည်တစ်ခဏသာအိပ်ခြင်းဟုသိမြင်ရမည်။ သေသော သူသည် အချိန်ကို မသိလိုက်ပါ။ ခရစ်တော်ကိုလက်ခံ၍ အိပ်ပျော်နှင့်သောသူတို့သည် ထူးဆန်းသော ခရစ်တော်နှင့်ကောင်းကင်တမန်မင်း အသံပေးခြင်းကို ကြားရသောအခါ ထမြောက်ရှင်ပြန်လာမည်။ ထမြောက်ခြင်း၏ နောက်ဆက်တွဲများနှင့် ကောင်းကင်ရှိ ဘုရားသခင်ပေးမည့်အိမ်တော်၊ ဝမ်းနည်း ကြေကွဲခြင်းပပျောက်သည်။ သေခြင်းသော်လည်းကောင်း၊ နာခြင်းသော်လည်းကောင်း၊ မျက်ရည်ကျ ခြင်းသော်လည်းကောင်း မခံစားရတော့ပါ (ဗျာ၊ ၂၁း၄)။ ဘုရားသခင်ကိုချစ်သောသူသည် သေခြင်းကို မကြောက်ရတော့ပါ။ ထိုသေခြင်းတစ်ဖက်၌လည်း ထာဝရအသက်နှင့်ပြည့်စုံခြင်းအသက်တာရရှိမည် ဖြစ်သည်။ ခရစ်တော်သည် သေခြင်း၏သော့ကို ကိုင်ထားသည် (ဗျာ၊ ၁း၁၈)။ ခရစ်တော်မရှိလျှင် သေခြင်းတရားသည် တစ်ဖက်သွားလမ်းသာဖြစ်မည်။ အဆုံးတွင် ထာဝရပျောက်ဆုံးခြင်းနှင့် (သို့တည်းမဟုတ်) ခရစ်တော်ရှိလျှင် ထာဝရအသက်နှင့် တောက်ပသောမျှော်လင့်ခြင်းရရှိမည်။

၆။       ကျွန်ုပ်တို့ယခုထာဝရအသက်ရပြီလား

          ဘုရားသခင်သည် အာဒံနှင့်ဧ၀ကိုဖန်ဆင်းသောအခါ သေခြင်းတရားအောက်၌ထားရှိသည်။ သူတို့သည် ဘုရားသခင်၏တရားတော်ကိုလည်းကောင်း၊ ပညတ်တော်ကိုလည်းကောင်း စောင့်ရှောက် လျှင် ဘယ်သောအခါမျှသေမည် မဟုတ်ပါ။ သို့ရာတွင် အပြစ်လုပ်သောအခါ သူတို့၏အခွင့်အရေးဖြစ် သောအသက်ကို သေခြင်းဖြင့်လဲလှယ်ခဲ့ပါသည်။ နားထောင်ခြင်းမရှိသောကြောင့် သေခြင်းတရားဝင် လာသည်။ သူတို့၏အပြစ်သည် ရောဂါဆိုးကဲ့သို့လူမျိုးအားလုံးတို့အား ပူးဝင်စွဲကပ်လာသည်။ လူသည် အပြစ်ကိုလုပ်သောကြောင့် သေခြင်းတရားအောက်၌ရှိခြင်းဖြစ်သည် (ရောမ ၅း၁၂)။ ကျမ်းစာတွင် လူသည်သေသောအခါ သူ၏ ကိုယ်ကာယတစ်စိတ်တစ်ပိုင်းတို့သည် အသက်ရှင်လျက်နေကြောင်း မည်သည့် အခါမကမျှကိုးကား၍ မဖေါ်ပြခဲ့ပါ။ လူ၏ဇီဝအသက်သည် ကျမ်းစာကဘယ်သောအခါကမျှ ထာဝရအသက်ရှင်ကြောင်း၊ သေခြင်းလက်အောက်တွင်မရှိကြောင်းကိုမဖေါ်ပြခဲ့ပါ။ ဟေဗြဲဘာသာနှင့် ဟေလသဘာသာတို့မှ (အသက်)၊ (ဝိညာဉ်) နှင့် (ဇီဝအသက်) ကျမ်းစာတွင်အကြိမ်ပေါင်း ၁၇၀၀ ခန့်ဖေါ်ပြထားပါသည်။ ထိုစကားအသုံးအနှုန်းတစ်ခုခုကိုမျှ ထာဝရအသက်ရှိကြောင်းမဖေါ်ပြထားပါ။ ဘုရားသခင်တစ်ဦးတည်းသာလျှင် ကျမ်းစာ၌ထာဝရအသက်ရှိကြောင်း ဖေါ်ပြထားသည် (၁တိ ၆း၁၅၊ ၁၆)။

          ကျမ်းစာတွင်ရှင်းလင်းပြတ်သားစွာ လူ၏မျက်မှောက်အသက်တာတွင် ထာဝရအသက်မရှိ ကြောင်း၊ သေနိုင်ကြောင်းကို ဖေါ်ပြထားသည်။ သို့ရာတွင် ခရစ်တော်ဒုတိယအကြိမ်ကြွလာသောအခါ  ကျွန်ုပ်တို့၏ကိုယ်ကာယသည် အောက်ခြေသိမ်းပြောင်းလဲ၍ ထာဝရအသက်နှင့်ကိုယ်ရရှိမည်။ “နက်နဲ သောအရာတစ်ခုကိုငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း နောက် ဆုံးသောတံပိုးမှုတ်သောအခါ တစ်ခဏချင်းတွင်မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည်ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သောသူတို့သည် မပုပ် နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ ယခုမျက်မှောက်ပုပ် တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သောအရာ သည် မသေနိုင်သော အဖြစ်သို့ဝင်စားရမည်” (၁ကော ၁၅း၅၁-၅၃)။ ကျွန်ုပ်တို့သည် လူသားများအနေ ဖြင့် ယခုထာဝရအသက်မရှိပါ။ သို့ရာတွင် ခရစ်တော်၏ကတိမှာ သူကြွလာသောအခါ သေခြင်းမှ ထာဝရအသက်ဖြင့်ထမြောက်ရှင်ပြန်ရမည့်အကြောင်း ဖေါ်ပြခဲ့သည့်အကြောင်းကို နက်နဲသောအရာ တစ်ခုဟုသတ်မှတ်ထားသည်။ သို့ရာတွင် ကတိတော်အရ၊ ထာဝရအသက် ကိုခရစ်တော်သည် သန့်ရှင်းသောလူတိုင်းအားပေးသနားတော်မူမည်။ “ထိုသခင်သည် သေခြင်းအကြောင်းကို ဖယ်ရှား၍ အသက်ရှင်ခြင်းအကြောင်းနှင့် မဖေါက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေ တော်မူပြီ” (၂တိ ၁:၁၀)။ လူ၏ကံကြမ္မာသည် ဘုရားသခင်၏ အမြင်တွင် ရှင်းလင်းပြတ်သားလျက် ရှိသည်။ ခရစ်တော်ကိုငြင်းဆန်သော သူတို့သည် ထာဝရသေခြင်းသို့လည်းကောင်း၊ ထာဝရအသက် တည်းဟူသောဆုကျေးဇူးသည် ခရစ်တော်ကိုလက်ခံသော သူတို့အားလည်းကောင်း အကျိုးအပြစ် ဆပ်ပေးမည်ဖြစ်သည်။

၇။       ချစ်ခင်သောသူ၏သေခြင်းကိုရင်ဆိုင်ရခြင်း

          ချစ်ခင်သောသူသည် သေဆုံးခဲ့သောအခါ သေခြင်းနှင့်ရင်ဆိုင်ရခြင်းသည် ကြောက်ရွံ့ခြင်းနှင့် ပြည့်လျက်ရှိပါသည်။ အထီးတည်းစိတ်ထားနှင့်ဆုံးရှုံးခဲ့သောတမ်းတမှုများသည် ချိုးနှိမ်ရန်မလွယ်လှ ပါ။ ထိုကဲ့သို့ပြဿနာများကို ဖြေရှင်းနှစ်သိမ့်ရန် ခရစ်တော်ကသာလျှင် ပေးနိုင်သည်။ အထူးသတိရရန် လိုသည်မှာ ချစ်ခင်သောသူသည် အိပ်ပျော်နေကြောင်း၊ ခရစ်တော်ကို ကိုးစားသောသူတို့သည် တစ်နေ့ ထာဝရအသက်နှင့် ထမြောက်ရှင်ပြန်မည်ဖြစ်ကြောင်းသိရခြင်း ဖြစ်သည်။ ထာဝရဘုရားသခင်သည် တစ်နေ့ပြန်လည်တွေ့ကြုံဆုံစည်းနိုင်ရန် အချိန်ကို ပြင်ဆင်ထားကြောင်းနှင့် ချစ်ခင် သူများနှင့်တွေ့ဆုံ ရမည်ဖြစ်ကြောင်း၊ လင်မယားတို့သည်လည်း တစ်ဦးလက်အတွင်း တစ်ဦးဖက်ယမ်းမည်ဖြစ်ကြောင်း၊ ဤရက်စက်ကြမ်းကြုတ်သော ခွဲခွါခြင်းသည် အဆုံးသတ်မည်ဖြစ်ကြောင်း “သေခြင်းသည် အောင် ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက်ပြည့်စုံလိမ့်မည်” (၁ကော ၁၅:၅၄)။

          အချို့သောသူတို့သည် မိမိချစ်ခင်သော သူတို့နှင့်ခွဲခွါရသောကြောင့် နာကြည်းသောစိတ်ပေါ် ပေါက်ကာ စိုးရိမ်ခြင်းကြီးစွာဖြင့် သေဆုံးခဲ့သူ၏ အဖြစ်အပျက်အခြေအနေကို သိလိုသောကြောင့် နတ်ကတော်တို့အားမေးမြန်းစုံစမ်းကြပါသည်။ သို့ရာတွင် ကျမ်းစာကခံစားရသော နာကြည်းလှသည့် ခွဲခွါမှုကိုမပြုလုပ်ရန် သတိပေးနှိုးဆော်ထားသည်။ “တိုးတိုးပြော၍ မန်းမှုတ်တတ်သောနတ်ဝင်သည် နှင့်စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အားဆိုလျှင်မူကား လူတို့သည် မိမိတို့ ဘုရားသခင်၌ မဆည်းကပ်အပ်သလော။ အသက်ရှင်သောသူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ် သလော (ဟေရှာယ ၈း၁၉)။

          ကျမ်းစာ၏ဖေါ်ပြချက်အရ၊ လူသေတို့သည် သတိတရားနှင့်အသိတရားမရှိကြောင်း တိကျသေ ချာစွာဖေါ်ပြထားသည်။ ဤပြဿနာကို ပြေလည်စွာဖြေရှင်းနိုင်ရန် ခရစ်တော်၏ နှစ်သိမ့်ခြင်းနှင့် ကတိတော်ကိုသိရှိနားလည်ရန်လိုအပ်ပါသည်။ ခရစ်တော်ကို ကိုးစားခြင်းသည် ဝမ်းနည်းခြင်းကိုအော င်နိုင်ကြောင်းနှင့် အောင်မြင်မည်ဖြစ်ကြောင်း ကျမ်းချက်များတွင် မှတ်တမ်းအများတင်ထားပါသည်။ ယုံကြည်သူများ အမြဲသတိပြုရမည့်အချက်မှာ တစ်နေ့ခရစ်တော်နှင့် ကောင်းကင် တမန်များတို့၏ အသံကိုကြားရသောအခါ ဒုတိယကြွလာခြင်းဟုခေါ်သော သေသောသန့်ရှင်းသူများတို့၏ ထမြောက် ခြင်းသာဖြစ်မည်။

၈။       သေခြင်းကိုမကြောက်ဘဲရင်ဆိုင်ရန်

          သေခြင်းသည် ကျွန်ုပ်တို့အားနည်းမျိုးစုံဖြင့် လှည့်စားခဲ့ပါသည်။ သို့သော်လည်း သေခြင်း မလှည့်စားနိုင်သော အရာတစ်ခုမှာ ခရစ်တော်ကိုယုံကြည်ကိုးစားခြင်းသာဖြစ်သည်။ ခရစ်တော်သာ လျှင် ဝမ်းနည်းကြေကွဲနေသော စိတ်ကို နေသားတကျနှင့်နေရာတကျပြန်လည်ထားပေးနိုင်သည်။ ခရစ်တော်၏ အထူးကတိပေးထားချက်တစ်ခုမှာ- သေခြင်းသည် ဤလောကမြေကြီးပေါ်တွင် အမြဲ စိုးမိုးခြင်းမရှိနိုင်ပါ။ စာတန်၊ လူဆိုးများ၊ သေခြင်းတရားနှင့်သင်္ချိုင်းများတို့သည် တစ်နေ့အားလုံးမီးအိုင် ထဲသို့ပစ်ချခြင်းခံရမည်။ ထိုသေခြင်းသည် ဒုတိယသေခြင်းဖြစ်၏ (ဗျာ၊ ၂၀း၁၄)။ မကြောက်ရွံ့ဘဲ သေခြင်းကိုရင်ဆိုင်နိုင်ရန် အသိတရားလေးပါးကိုမှတ်ထားစေလိုသည်။

(၁)      ခရစ်တော်၌ယုံကြည်ကိုးစားမှုနှင့် မျှော်လင့်ခြင်းကို စိတ်ထဲ၌ တိကျသေချာစွာ ထားရှိပါ။        ထိုကဲ့သို့မျှော်လင့်ခြင်း စိတ်ထားများတို့သည် သေခြင်းကို ကြောက်ရွံ့ခြင်းမရှိဘဲ ရင်ဆိုင်နိုင်         သည်။

(၂)      သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးခွန်အားဖြင့် ခရစ်တော်၏ပညတ်တော်ကိုကျင့်စောင့်ခြင်း     သည် ဒုတိယအကြိမ် ထမြောက်ခြင်းကိုယုံကြည်သိရှိ၍ သေခြင်းကိုရင်ဆိုင်နိုင်သည်။

(၃)      သေခြင်းသည် ခဏတာအိပ်ပျော်ခြင်းဖြစ်ကြောင်းကိုယုံကြည်၍ ခရစ်တော်၏အသံကိုကြားရ     သောအခါ အသက်ရှင်ပြန်မည်ကိုသိ၍ သေခြင်းကိုရင်ဆိုင်နိုင်သည်။

(၄)      ဘုရားသခင်ပေးသောကတိတော်ဖြစ်သည့် ကောင်းကင်ရွှေပြည်ကိုအမွေခံရမည်ဖြစ်ကြောင်း         ကိုသိ၍ သေခြင်းကို မကြောက်ဘဲရင်ဆိုင်နိုင်သည်။

          ကျမ်းစာမှဖြောင့်မတ်ခြင်းတရားတို့သည် သေခြင်း၏ ကြောက်ရွံ့ခြင်းသဘောကိုပျောက်ကင်း စေသည်။ ခရစ်တော်သည်သေခြင်းကို အောင်မြင်ခဲ့သောကြောင့် သင်သည်လည်း ခရစ်တော်ကို ယုံကြည်လျှင် ငြိမ်သက်ခြင်းချမ်းသာကို ရရှိပါမည်။ “ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ လောကသားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်” (ယောဟန် ၁၄း၂၇)။ ခရစ်တော်သည်လည်း ချစ်သူ တို့နှင့်ခွဲခွါရသောခံစားမှုကိုခံနိုင်ရန် တန်ခိုးပေးသည်။ ခရစ်တော်သည် အရိပ်လွှမ်းမိုး သောချိုင့်ထဲသို့ လျှောက်လှမ်းခဲ့ပါသည်။ ကျွန်ုပ်တို့သည် ချစ်သူတို့နှင့်ခွဲခွါရသောနာကြည်းမှုကို ခရစ်တော်ကသာလျှင် နှစ်သိမ့်ချမ်းသာမှုကို ပေးနိုင်ပါသည်။ “ထိုသူငယ်တို့သည် အသွေးအသားနှင့်ဆက်ဆံကြသောကြောင့် ခရစ်တော်သည် အသေခံတော်မူသောအားဖြင့် သေခြင်းတရားကို အစိုးရသောသူတည်းဟူသော စာတန်နတ်ဆိုး၏တန်ခိုးကိုချိုးဖဲ့ဖျက်ဆီးခြင်းငှါလည်းကောင်း၊ သေဘေးကိုကြောက်၍ တစ်သက်လုံး ကျွန်ခံရသောသူတို့ကို ကယ်လွှတ်ခြင်းငှါ လည်းကောင်း ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်တော်မူ၏” (ဟေဗြဲ ၂:၁၄၊ ၁၅)။

          ဆရာဝန်ကြီးဆင်မဆင်သည် ထုံဆေးကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ သို့ရာတွင် သူ၏ ကလေး အကြီးဆုံးသည် သေဆုံးသောအခါ အင်မတန်မှပင် ဝမ်းနည်းကြေကွဲခဲ့ပါသည်။ သို့ရာတွင် သူသည် မျှော်လင့်ခြင်းကြီးစွာထားရှိခဲ့သောကြောင့် သေခြင်းကိုရင်ဆိုင်နိုင်ခဲ့၍ သူ၏ကလေးမှတ်တိုင်ပေါ်တွင် အောက်ပါကျမ်းစကားကိုရေးခဲ့ပါသည်။ “သို့ရာတွင် ငါသည်အသက်ရှင်၏။”

          ထိုစကားသည် ဝမ်းနည်းသူအတွက် လုံလောက်ပေ၏။ သေခြင်းကိုကိုယ်တိုင်ရင်ဆိုင်ရသော အခါ ကောင်းကင်မျက်နှာကြက်ကိုပင် ပိတ်ထားသကဲ့သို့ဖြစ်သည်။ သို့ရာတွင် ခရစ်တော်သည် အသက်ရှင်သကဲ့သို့ ကျွန်ုပ်တို့၏ စိတ်နှလုံးသည် ကြေကွဲခဲ့သော်လည်း ခရစ်တော်အသက်ရှင်သော ကြောင့် သေခြင်းကို ရင်ဆိုင်နိုင်သည်။ ခရစ်တော်အားဖြင့် မျှော်လင့်ခြင်းကိုထားရှိကာ သေခြင်း တစ်ဖက်တွင်ဖြစ်ပျက်မည့်အရာများကို ယုံကြည်ခြင်းဖြင့်သိမြင်နိုင်သည်။ ခရစ်တော်သည် ထမြောက် ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်သည်။ (ယောဟန် ၁၁:၂၅)။ ထိုသခင်သည် ကျွန်ုပ်တို့ အား ကတိပေးထားခဲ့သည်မှာ “ငါသည်အသက်ရှင်ခဲ့သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရ လိမ့်မည်” (ယောဟန် ၁၄း၁၉)။ ခရစ်တော်သာလျှင် ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းဖြစ်၍ သေခြင်း တစ်ဖက်ကမ်းရှိအရာများတို့ကို ယုံကြည်ခြင်းအားဖြင့် သိမြင်နားလည်နိုင်သည်။ ခရစ်တော်ကြွလာ သောအခါ ကျွန်ုပ်တို့အား ထာဝရအသက်ကိုပေးမည်။ ကျွန်ုပ်တို့သည် မည်သည့်အခါမျှသေမင်း၏ အရိပ်လွှမ်းမိုးသောချိုင့်အတွင်း လျှောက်သွားရမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ သည် ထာဝရအသက်ရရှိမည်။ သေခြင်းနှင့်ရင်ဆိုင်ရသောအခါ ထိုကြီးကျယ်သော မျှော်လင့်ခြင်းကို နှစ်သက်မြတ်နိုးခြင်းဖြင့် ရင်ဆိုင်နိုင်ကြောင်းတွေ့ရှိပါသလား။ သင်သည် ခရစ်တော်ကို ကယ်တင်ရှင် သခင်အဖြစ်လက်မခံသေးလျှင် ယခုလက်ခံပါ။

 

ရှာဖွေတွေ့ရှိခြင်း (၂၄) အဖြေလွှာ

လူသည်သေသောအခါဘာဖြစ်သွားသနည်း

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။

၁၊၂။     အသက်ဆိုသည်မှာအဘယ်နည်း။ (နှစ်ခုမှတ်သားထားပါ)

          --------- မြေကြီး၏မြေမှုန့် + ဇီဝအသက်။

          --------- အသက်ရှင်သောသတ္တဝါ။

          --------- မသေတတ်သောလူ၏ကိုယ်ကာယ။

၃။       ဘုရားသခင်ထံသို့ပြန်သောဝိညာဉ်သည် မည်သည့်အရာဖြစ်သနည်း။ (တစ်ခုမှတ်ပါ)

          --------- ဇီဝအသက်။                         --------- ဝိညာဉ်။

          သေသည့်အချိန်တွင် လူသည်မည်ကဲ့သို့ဖြစ်သနည်း။ (သုံးခုမှတ်ပါ)

          --------- သူ/သူမ၏ဇီဝအသက်သည် ဘုရားသခင်ထံသို့ပြန်သွားသည်။

          --------- သူ/သူမ၏ကိုယ်သည်ကောင်းကင်သို့သွား၏။

          --------- သူ/သူမ၏ကိုယ်သည်ဖုန်မှုန့်သို့ပြန်ရ၏။

          --------- သူ/သူမ၏သေခြင်းသည် မည်သည့်အရာကိုမျှမသိနားမလည်ပါ။

၄။       လူသည်သေသောအခါ မည်ကဲ့သို့ဖြစ်သနည်း။ (အသေကောင်)

          --------- ဘာမျှမသိပါ။

          --------- စိတ်ပျက်၍အထီးတည်းဖြစ်နေသတည်း။ (အကယ်၍အပြစ်သားဖြစ်နေလျှင်)

          --------- သန့်ရှင်းသောအသက်တာနေလျှင် ပျော်ရွှင်ဝမ်းမြောက်မည်။

          --------- ငြိမ်သက်သာယာစွာအိပ်စက်နားနေသည်။

၅။       မှန်သောစာကြောင်းရှေ့ တွင်ကြက်ခြေခတ် (X) ပေးပါ။

          --------- ယုံကြည်သူအပေါင်းတို့အတွက် ခရစ်တော်သည် ထမြောက်ခြင်းနှင့်အသက်ရှင်ခြင်း                  အကြောင်းဖြစ်သည်။

          --------- ခရစ်တော်အသက်ပေးပိုင်ရှင်၏ ခေါ်သံကို သေဆုံးသူတို့သည် သင်္ချိုင်းတွင်း၌ နား                ထောင်လျက်ရှိသည်။

          --------- ခရစ်တော်ကြွလာသောအခါ အိပ်ပျော်လျက်ရှိသော လူသေတို့သည် ခရစ်တော်ထ              မြောက်စေမည်။

၆။       မှန်သောစာကြောင်းရှေ့တွင်ကြက်ခြေခတ် (X) ပေးပါ။

          --------- ယခုလူ၏အသက်တာတွင် ထာဝရအသက်ရှိသည်။ သေခြင်းသည်အစိုးမရပါ။

          --------- ဤမျက်မှောက်လူ၏အသက်တာတွင် သေခြင်းတရားရှိသည်။ လူသည်သေနိုင်သည်။

          --------- ခရစ်တော်ကြွလာသောအခါ ကယ်တင်ခြင်းခံရ၍ ထာဝရအသက်ရမည်။

၇။       --------- ကျမ်းစာ၏သတိပေးထားချက်အရ မန်းမှုတ်ခြင်းကို (သေသောသူနှင့်ဆက်သွယ်ခြင်း)                   တားမြစ်ထားသည်။

၈။       --------- ခရစ်တော်ကြွလာသောအခါ ထမြောက်ရှင်ပြန်မည်ဟု ယုံကြည်သောမျှော်လင့်ခြင်း               ကြောင့် သေခြင်းကို မကြောက်ရွံ့ ဘဲရင်ဆိုင်နိုင်သည်။

          --------- ခရစ်တော်သာလျှင် သေခြင်း၏တစ်ဖက်၌ရှိသောအသက်ကိုရရန် မျှော်လင့်ခြင်းဖြစ်                  သည်။

 

နှလုံးသားမေးခွန်း

          သင်သည် ခရစ်တော်ကယ်တင်ရှင်ကို သင်၏ကယ်တင်ရှင်အဖြစ် ရယူပြီလား။

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 

 


အခန်းကြီး - ၂၅

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၂၅)

ယနေ့ကျွန်ုပ်ဘုရားသခင်၏ အသင်းတော်ကိုရှာ၍တွေ့မည်လား

 

          ဘုရားသခင်သည် အမြဲတမ်းလိုလိုပင် သူ၏ထူးခြားသောသတင်းစကားများကို လိုအပ်လျက် ရှိသောမျိုးဆက်သစ်များ အတွက်ပေးပါသည်။ အာဒံနှင့်ဧဝကို အပြစ်သည်ကမ္ဘာကြီးကို ချို့ယွင်းပျက် စီးစေခဲ့ပြီးနောက် လိုလျက်ရှိသောသတင်းစကားကို ပေးခဲ့ပါသည်။ မကြုံစဖူးသော ရေလွှမ်းမိုးခြင်းပြီး သည့်နောက်ပိုင်း ထပ်ဆင့်၍လိုလျက်ရှိသောသတင်းများကို ပေးခဲ့ပါသည်။ ထို့နည်းတူ ဣသရေလ လူမျိုးတို့ကိုတိုက်ခိုက်ဖျက်ဆီးမည့် အာရှုရိနှင့်ဗာဗုလုန်တိုင်းပြည်များအကြောင်းကို ကြိုတင်သတင်း ပေးခဲ့ပါသည်။ သခင်ယေရှုခရစ်ကိုယ်တိုင် သူ၏အချိန်အခါအတွက် သူ၏အထူးသတင်းကို ဣသရေလ လူမျိုးတို့အား ပြောကြားခဲ့ပါသည်။  Revelation ၁၂ နှင့် ၁၄ တွင် ဘုရားသခင်၏အထူးသတင်းစကား ကို အကျဉ်းအားဖြင့် ကျွန်ုပ်တို့အား ယနေ့အတွက်ပေးခဲ့ပါသည်။ ထို့ကြောင့် ဤသင်ခန်းစာနှင့် လာမည့် သင်ခန်းစာ၏ သတင်းစကားများတို့ကို လေ့လာသုံးသပ်မည်ဖြစ်ပါသည်။

၁။       ခရစ်တော်တည်ထောင်ခဲ့သောအသင်းတော်

          ခရစ်တော်၏သက်တော်စဉ်နှင့်သွန်သင်ချက်တို့သည် ယုံကြည်ခြင်းတွင်လည်းကောင်း၊နီးကပ် သောမိတ်သဟာယ ဖွဲ့ခြင်း၌လည်းကောင်း ညီညွတ်ပေါင်းစည်းမှုရှိ၍ တမန်တော်များ၏ အမည်ခံ အသင်းတော်ဟုအမည်တွင် ကြော်ကြားခဲ့ပါသည်။ တမန်တော်တို့သည် ရင်းနှီးသောပေါင်းဖေါ်မှုဖြင့် အသင်းတော်တွင်လည်းကောင်း၊ ခရစ်တော်၌လည်းကောင်း အသင်းတော်ကြီးကို တည်ထောင်ခဲ့ပါ သည်။ ထိုကဲ့သို့သော ရင်းနှီးခြင်းနှင့်ပေါင်းသင်းဆက်ဆံမှုကို ပေါလုက လင်နှင့်မယားသဖွယ်ပေါင်း စည်းခွင့်ရှိသကဲ့သို့ နှိုင်းယှဉ်ဖေါ်ပြထားပါသည်။ “အကြောင်းမူကား၊ ငါသည်သင်တို့ကိုအကျင့်ကောင်း နှင့်ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အားဆက်ဆံအံ့သောငှါ သင်တို့ကိုလင်တစ်ဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ ကိုစောင့်ရှောက်လျက်နေ၏” (၂ကော ၁၁း၂)။

          ပေါလု၏ဖေါ်ပြချက်အရ၊ ခရစ်ယာန်အသင်းတော်သည် ဖြူစင်သန့်ရှင်းသောသတို့သမီးကညာ ကဲ့သို့ ခရစ်တော်နှင့် ပေါင်းဖက်ရန်ဖြစ်ကြောင်း၊ ထိုပုံနမူနာသည် ခရစ်တော်ချစ်သော၊ မြတ်နိုးသော အသင်းတော်ဟူ၍ဖေါ်ပြခဲ့ပါသည်။ ဓမ္မဟောင်းကျမ်းတွင် အလားတူပုံပမာကိုဆောင်ကာ ဘုရားသခင် ရွေးချယ်ခဲ့သော ဣသရေလလူသည် “ထာဝရဘုရားသခင်က လယ်မလုပ်သော တောအရပ်၌ သင်သည် ငါ့နောက်သို့ လိုက်သောအခါ အသက်အရွယ်နုနယ်၍ ခံရသော ကျေးဇူးကိုလည်းကောင်း၊ ထိမ်းမြားပေးစားခြင်းနှင့်ယှဉ်သောချစ်ခြင်းမေတ္တာကိုလည်းကောင်း ငါအောက်မေ့၏” (ယေရမိ ၂း၂)။ “အို ဖေါက်ပြန်သောလူငယ်တို့၊ ပြန်လာကြလော့။ ထာဝရဘုရားသခင်မိန့်တော်မူ၏” (ယေရမိ ၃း၁၄)။ Revelation ကျမ်းသည်လည်း အသင်းတော်သည် အမျိုးသမီးကဲ့သို့ နှိုင်းယှဉ်ဖေါ်ပြထားပါသည်။ “ကောင်းကင်၌ကြီးစွာသောနိမိတ်လက္ခဏာဟူမူကား၊ မိန်းမတစ်ဦးသည် နေကိုဝတ်လျက်၊ လကို ခြေဖြင့်နင်းလျက်၊ မိမိခေါင်းပေါ်၌ကြယ်ဆယ့်နှစ်လုံးဖြင့်ပြီးသော သရဖူကိုဆောင်းလျက်ပေါ်လာ၏” (ဗျာ၊ ၁၂:၁)။

(၁)      အမျိုးသမီးသည် "နေကိုဝတ်လျက်” အနက်မှာ အသင်းတော်သည် နေကဲ့သို့တောက်ပလျက် ရှိကြောင်း၊ အကြောင်းမှာ ခရစ်တော်၏ ဖြောင့်မတ်ခြင်းကိုဝတ်ဆင်ထားသောကြောင့်ဖြစ်သည်။ ခရစ်တော်သည်လည်း “ဤလောက၏ အလင်း” (ယောဟန် ၈း၁၂)။ အသင်းသားတစ်ဦးစီတို့၏ အသက်တာတွင်လင်းစေသောကြောင့် အသင်းတော်သည်လည်း ခရစ်တော်၏ အရောင်အဝါကြောင့် ထိန်တောက်လျက်ရှိရမည်။ အသင်းသူအသင်းသားတိုင်းသည် “ဤလောက၏အလင်း” (မဿဲ ၅:၁၄) ဖြစ်ရမည်။

(၂)      မိန်းမသည် “လကိုခြေဖြင့်နင်းလျက်” အနက်မှာ- လသည်ဧဝံဂေလိတရား၏ရောင်ပြန်ဟပ် ခြင်းဖြစ်သော ဓမ္မဟောင်းကျမ်းရှိ ဘုရားသခင်၏ဝိနည်းအထုံးအဖွဲ့များဖြစ်သည်။ ထိုလသည် “ခြေဖြင့် နင်းလျက်” အနက်မှာ- ရောင်ပြန်ဟပ်သောဧဝံဂေလိတရားသည်ခရစ်တော်၏ လုပ်ငန်းအောက်တွင်ရှိ မည်ဖြစ်ကြောင်းဖေါ်ပြထားသည်။

(၃)      မိန်းမသည် – မိမိခေါင်းပေါ်၌ ကယ်ဆယ့်နှစ်လုံးဖြင့်ပြည့်သော သရဖူကိုဆောင်းလျက်” ဟု ဆိုရာ၌ ကြယ်သည် တမန်တော်ဆယ့်နှစ်ပါးကို ပုံဆောင်သည်။ သူတို့၏ သက်သေခံချက်များသည် ခရစ်တော်အတွက်နေ့၌လင်းသကဲ့သို့ ဧဝံဂေလိတရားအလင်းကို လင်းစေသည်။ တောက်ပလင်းထိန် လျက်ရှိသောအမျိုးသမီး (အသင်းတော်) ဆိုလိုခြင်းမှာ ယောဟန်၏ ရူပါရုံမြင်ကွင်းတွင် ဓမ္မဟောင်း ကျမ်းရှိဣသရေလလူတို့သည် ဓမ္မသစ်ကျမ်းရှိခရစ်ယာန် (လူမျိုးစုံ) သို့ကူးပြောင်း၍ ခရစ်တော် ကိုယ် တိုင်တည်ထောင်သောအသင်းတော်ဖြစ်လာသည်။ နေ၊ လ၊ ကြယ်တို့သည် ခရစ်တော်၏အမှုတော် လုပ်ငန်း ကိုပုံဆောင်၍ ဧဝံဂေလိတရားအလင်းပေးနေကြောင်းနှင့်ဝေငှနေကြောင်းကိုပုံဆောင်သည်။

၂။       စာတန်နတ်ဆိုးဆုံးရှုံးရခြင်း၏ ဇာတ်လမ်း

          ဤဇာတ်လမ်းတွင်အမျိုးသမီးတစ်ဦးပါဝင်ပတ်သက်လာသောကြောင့် ဇာတ်ခုံပေါ်သို့တင်ပြရ လျှင် “ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ ဖွားအံ့သောနာကျင်မှုပြင်းသောကြောင့် အော်ဟစ်လေ၏။ ကောင်းကင်၌အခြားသော နိမိတ်လက္ခဏာပေါ်လာသည်ကား အဆင်းနီသောနဂါးသည် ခေါင်းခုနစ် လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူခုနစ်လုံးကို ဆောင်းလျက်ရှိ၏။ သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစ်စုကိုဆွဲငင်၍ မြေကြီးသို့ ချလိုက်လေ၏။ သားကိုဖွားသောမိန်းမသည် ဖွားသောအခါ နဂါးသည် ထိုသားကိုကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။ ထိုမိန်းမသည် လူမျိုး တကာတို့ကိုသံလှံတံနှင့်အုပ်စိုးလတ္တံ့သောသားယောက်ျားကိုဖွားမြင်၏။ ထိုသားကိုဘုရားသခင်ထံသို့ လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီယူတော်မူ၏” (ဗျာ၊ ၁၂:၂-၅)။

          ဤပြဇာတ်တွင်ပါဝင်သောသရုပ်ဆောင်သုံးဦးတို့မှာ-

(၁)      မိန်းမသည် ဘုရားသခင်၏အသင်းတော်ဟုသတ်မှတ်နှိုင်းစာထားသည်။

(၂)      သားယောက်ျား၊ မိန်းမမှဖွားသော သားယောက်ျားကို “ဘုရားသခင်ထံသို့လည်းကောင်း၊        ပလ္လင်တော်သို့လည်းကောင်း ချီယူတော်မူ၏။” တစ်နေ့တွင် “လူမျိုးတကာကို” ခရစ်တော်        သည်တစ်ဦးတည်းသောသားဖြစ်၍ ဘုရားသခင်၏ ပလ္လင်တော်ပေါ်သို့ ချီဆောင်ခြင်းကိုခံရ သောပုဂ္ဂိုလ်ဖြစ်၍ ကမ္ဘာကြီးတစ်ခုလုံးရှိလူသားများကိုအုပ်စိုးမည်ဖြစ်သည်။

(၃)      နဂါးကြီး၊ စာတန်နတ်ဆိုးကို ပုံဆောင်သည်။ “ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့်သူ၏         ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါး၏တမန်တို့သည် စစ်တိုက်၍မနိုင်   ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍          စာတန်နတ်ဆိုးအမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊         သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း မြေကြီးသို့ချလိုက်ကြ၏။” (ဗျာ၊ ၁၂း၇-၉)။

          ကျွန်ုပ်တို့သည် ပုံပြင်လက္ခဏာဖြင့်ပြသထားသောအရာကိုနားလည်လျှင် ဇာတ်လမ်း၏ သရုပ် ဆောင်များကိုတိကျ သေချာစွာ သိလာတော့မည်။ နတ်ဆိုးနှင့်သူ၏တမန်တို့သည် ကောင်းကင်၌ နေရာပျောက်သောကြောင့် ဤလောကသို့ပစ်ချခြင်းခံရသည်။ ခရစ်တော်သည် ဤလောက၌ဖွားမြင် သောအခါ နတ်ဆိုးသည်သူ့အား သတ်ဖြတ်ရန်ကြံစည်သည်။ ထိုအခါ ခရစ်တော်ကို ဘုရားသခင်၏ ပလ္လင်တော်ရှေ့သို့ ဆောင်သွားခြင်းခံရသည်။ စာတန်သည် ခရစ်တော်ကို မသတ်ရသောကြောင့် သူ၏အသင်းတော်ကို ဖျက်ဆီးရန်ကြံစည်သည်။ တမန်တော်ယောဟန်သည် Revelation ကိုရေးခဲ့ပါ သည်။ သူ၏မြင်ခြင်း တွင်အကောင်းနှင့်အဆိုးတိုက်လှန်နေကြောင်း နောက်ဆုံးတွင်ခရစ်တော်သည် အပြစ်သားများအတွက် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခဲ့ရသည်။ “ကောင်းကင်ဘုံ၌ ကြီးသောအသံ ကား ယခုမှကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့်သူ၏ ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား ငါတို့ညီအစ်ကိုများကို ငါတို့ဘုရား သခင်ရှေ့တော်၌နေ့ညမပြတ်အပြစ်တင်သောရန်သူကိုအောက်သို့ချလေပြီ” (ဗျာ၊ ၁၂:၁ဝ)။ (နှိုင်းယှဉ် ရန် ကျမ်းချက်များ ယောဟန် ၁၂:၃၁။ လုကာ ၁၀း၁၈)။

          ခရစ်တော်သည် ပြတ်သားသောအောင်မြင်မှုကို လက်ဝါးကပ်တိုင်ပေါ်၌ စာတန်နတ်ဆိုးကိုနိုင် ခဲ့ပါသည်။ ထို့နောက် သူသည်ကယ်တင်ခြင်းအစီအစဉ်ကို တိကျသေချာစွာ ခိုင်မြဲစေခဲ့ပါသည်။ တစ် ချိန်တည်းမှာပင် တန်ခိုးတော်ကိုပေးကာ စာတန်နတ်ဆိုး၏ ပါးနပ်သောလိမ်လည်ခြင်းကို ခံနိုင်ရန် ခွန်အားပေးပါသည်။ ဘုရားသခင်၏နိုင်ငံတော်သည် လုံခြုံစိတ်ချရပါသည်။ ခရစ်တော်၏အာဏာအား ဖြင့် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းကြီးနှင့် ရှင်ဘုရင်တို့ရှိလာနိုင်ကြောင်း သေချာသွားပါသည်။ ယခုကယ်တင်ခြင်း ရောက်ရှိပြီ။ သမိုင်း၏မှတ်တမ်းတင်လောက်သော အဖြစ်အပျက်ရောက်ရှိလာပြီ။ ခရစ်တော်မွေးဖွားခြင်း၊ ကမ္ဘာကြီး၏ ကယ်တင်ရှင်လူ့ဘဝရောက်ရှိခြင်း (ဗျာ၊ ၁၂:၅)။ စာတန်နတ်ဆိုး ၏ ပြင်းထန်သော သွေးဆောင်ခြင်းကြောင့် ခရစ်တော်သည်လည်း အပြစ်မဲ့ဘဝဖြင့် နေထိုင်ကာ အသေခံခြင်း၊ ထမြောက်ရှင်ပြန်ခြင်းနှင့် အပြစ်နှင့်သေခြင်းကို အောင်မြင်ခဲ့ခြင်း (ဗျာ၊ ၁၂:၁ဝ)။ စာတန် နတ်ဆိုး၏နောက်ဆုံးတိုက်လှန်ပွဲသည်လည်း ရာသက်ပန်ဆုံးရှုံးမှုဖြင့် ဆုတ်ခွါရလေတော့သည်။ (ဗျာ၊ ၁၂း၇-၉)။ ကြေညာစရာတစ်ခုမှာ- ယခုကယ်တင်ခြင်းသည် ရောက်လာပြီ။ ဤအကြောင်းနှင့် ပတ်သက်၍ ယောဟန်သာစိတ်ပါဝင်စားသည်မကဘဲ စကြဝဠာတစ်ခုလုံးဤတိုက်လှန်ပွဲ၏ အောင် မြင်ခြင်းကို သိလိုကြပါသည်။ “ထို့ကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ်သည်ဘေးဒဏ်ရှိ၏။ အကြောင်းမူကား စာတန်နတ်ဆိုးသည် မိမိကာလတစ်ခဏ သာရှိသည်ကိုသိ၍ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟုဆိုကြသည်ကို ငါကြား၏။” (ဗျာ၊ ၁၂:၁၂)။

          ကောင်းကင်သားအပေါင်းတို့သည် ခရစ်တော်၏ အောင်မြင်ခြင်းကို ပွဲခံမှတ်တမ်းတင်ကြ၏။ ခရစ်တော်သည် စာတန် နတ်ဆိုးပိုင်ဆိုင်ခဲ့သောကောင်းကင်နေရာတစ်ချိန်ကရှိခဲ့သော်လည်း စစ်ရှုံးခဲ့ သောစာတန်နတ်ဆိုးသည် ကျွန်ုပ်တို့ကမ္ဘာကြီးကိုပင် လက်လွတ်ရတော့မည်ဖြစ်ကြောင်း သိလာရ သည်။

၃။       ခရစ်ယာန်အသင်းတော်သည်စာတန်နတ်ဆိုးနှင့်အတိုက်အခံဖြစ်သည်

          ခရစ်တော်ကောင်းကင်နိုင်ငံတော်သို့ မတက်ကြွမီ သူသည် အသင်းတော်ကို တည်ထောင်ခဲ့ သည် (မိန်းမကိုပုံဆောင်သည်)။ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းဖြင့် စာတန်နတ်ဆိုးကို ချိုးနှိမ်နိုင်သောတန်ခိုးရရှိလေသည်။

          “သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံချက်နှုတ်ထွက် တရားအားဖြင့်လည်းကောင်း အောင်မြင်၍ အသေခံသည်တိုင်အောင် ကိုယ့်အသက်ကိုမနှမြောကြ” (ဗျာ၊ ၁၂း၁၁)။

          ယခုခရစ်တော်သည် သူ၏တန်ခိုးကိုပေးနိုင်သည်။ သူသည် စာတန်နတ်ဆိုးကိုအောင်ခဲ့သော ကြောင့် သူ၏အသင်းတော်ကိုလည်း စာတန်နတ်ဆိုးကို အောင်နိုင်ရန် တန်ခိုးခွန်အားပေးနိုင်သည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင်အားဖြင့် စစ်ပွဲကြီးကို ပြတ်သားစွာနိုင်သကဲ့သို့ သူ၏အသင်းတော် ကိုလည်း ပြတ်သားသောအောင်မြင်ခြင်းရရှိနိုင်ရန် အသင်းတော်ကို အသုံးပြုမည်။ လွန်ခဲ့သော ခရစ်ယာန်သက္ကရာဇ်ရာစုများတွင် အောင်မြင်ခဲ့သောအသင်းတော်များ၏စွမ်းအင်ခွန်အားများမှာ-

(၁)      အသင်းတော်သည်စာတန်နတ်ဆိုးကိုမိမိအသွေးတော်အားဖြင့်အောင်ခဲ့သည်

          ခရစ်တော်ကို ဘုရားသခင်ထံသို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီယူတော်မူ သောကြောင့် ခရစ်တော် သည်မိမိအသွေးတော်အားဖြင့် ထိရောက်သောကယ်တင်ခြင်းလုပ်ငန်းများ ကို မိမိနောက်လိုက်တို့အား ပြုလုပ်ပေးနိုင်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်မှတ်တမ်းများကို ဘုရားသခင်ရှေ့တော်၌ဖြောင့်ချက်ပေးမည်။ ကျွန်ုပ်တို့အတွက် သူ၏သွန်းသောအသွေးတော် (၁ယော ၁း၇) ဖြင့် ကယ်တင်ခြင်းတန်ခိုးပေး၍ ကျွန်ုပ်တို့သည် ရှင်သန်သောခရစ်ယာန် အသက်တာဖြင့် တစ်နေ့မှတစ်နေ့သို့ ဆက်လက်နေနိုင်မည်။

(၂)      သူတို့သည် (အသင်းတော်) အသေခံသည်တိုင်အောင်ကိုယ့်အသက်ကိုမနှမြောကြ

          သိုးသငယ်၏အသွေးသည် အသင်းတော်ကို ရဲစွမ်းသတ္တိနှင့်မကဘဲ သေရသည်အထိ ခရစ်တော်အတွက်စွန့်စွန့် စားစားပြုလုပ်နိုင်ခဲ့သည်။ ကလေးများပင်လျှင် အလားတူစွန့်စားမှုများ လုပ်ခဲ့ပါသည်။ ပုံပြင်တစ်ခုအရ၊ ခရစ်ယာန် မိခင်တစ်ဦးသည် ရောမအားကစားကွင်းထဲသို့ချကာ ခြင်္သေ့သတ်ဖြတ်ခြင်းကိုခံခဲ့သည်။ သူ၏စွန့်စားခန်းမှာ ခရစ်တော် အတွက်သာ၊ နိုင်ငံတော်အတွက် မဟုတ်ပါ။ သူ၏သမီးငယ်သည်လည်း ဤကြောက်မက်ဖွယ်မြင်ကွင်းကိုမြင်ရသော်လည်း စွန့်စားမှု စိတ်ဓါတ်များပြင်းထန်လာ၍ ကျွန်မသည် ခရစ်ယာန်ပါဟု ကြွေးကြော်သောအခါ ရောမအာဏာ ရှိတို့သည် ထိုသမီးငယ်ကိုခြင်္သေ့ရှိရာသို့ ပစ်ချလိုက်လေသည်။

(၃)      သူတို့သည်သိုးသငယ်၏ အသွေးအားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံချက်နှုတ်ထွက်          တရားအားဖြင့်လည်းကောင်းအောင်မြင်၏

          နှုတ်ထွက်စကားတော်အားဖြင့်သော်လည်းကောင်း၊ သက်သေခံချက်နှုတ်ထွက်တရားအားဖြင့် သော်လည်းကောင်း အသက်တာ၏သက်သေများ၊ အသက်ရှင်သောသက်သေခံချက်များ၊ ခရစ်တော် ၏ တန်ခိုးတော်နှင့် သူ၏ဧဝံဂေလိတရား အတွက်သက်သေခံသည်။ ခရစ်ယာန်များတို့သည် ရာစုနှစ် ပေါင်းများစွာ ညှဉ်းဆဲနှိပ်စက်ခြင်းခံရသော်လည်း အသင်းတော်တည်ထောင်စအချိန်မှစ၍ အသင်း တော် ပြန်လည်ပြုပြင်ပြောင်းလဲခြင်းဆရာကြီးများအချိန်အထိ စာတန်နတ်ဆိုး၏ အဆိုးဆုံးသော မကောင်းမှုဟူသမျှကို သူတို့၏ ဖြောင့်မတ်သည့်မှန်ကန်သောဧဝံဂေလိတရားတော်ဖြင့် အောင်မြင်ခဲ့ သည်။ ဗျာ၊ ၁၂:၁၁ တွင်အောင်မြင်သော အသင်းတော်ကြီး၏ အောင်မြင်သူများမှာ တမန်တော်ကြီးများ ညှဉ်းဆဲနှိပ်စက်သတ်ဖြတ် ခြင်းခံရသူများ၊ ဘာသာရေးယုံကြည်ချက် တိမ်းစောင်းနေသူများကို ပြုပြင် ပြောင်းလဲသောသူများနှင့် သစ္စာရှိသော ခရစ်ယာန်များဖြစ်သည်။ သူတို့၏ကြင်နာသနားခြင်း၊ သစ္စာ တရားရှိခြင်း၊ ရဲရင့်သောစိတ်ထားနှင့် အောင်မြင်ခြင်းများသည် ရာစုနှစ်ပေါင်း အဆက်ဆက်တွင် ကြားနာခဲ့ရ၍ ကမ္ဘာကြီးကိုပင်လျှင် ကိုင်လှုပ်သူများဖြစ်လာသည်။ စာတန်နတ်ဆိုးသည် ခရစ်တော် သက်တော်ထင်ရှားစဉ်က မဖျက်ဆီးနိုင်ခဲ့သောကြောင့် ယခုအသင်းတော်၌ရှိသောခရစ်ယာန်များကို ဖျက်ဆီးရန် အစွမ်းကုန်ကြိုးစားနေပါသည်။

          “ထိုနဂါးသည် မြေကြီးသို့ကျသည်ကိုသိမြင်လေသော်၊ သားယောက်ျားကိုဖွားမြင်သော မိန်းမ ကို ညှဉ်းဆဲ၏။ မိန်းမသည် ထိုမြွေနှင့်လွတ်၍ တစ်ကာလ၊ နှစ်ကာလ၊ ကာလပတ်လုံး ကျွေးမွေးခြင်း ကိုခံရာအရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည်အကြောင်း၊ ရွှေလင်းတကြီး၏အတောင်နှစ်ဖက် ကိုရလေ၏။ ထိုအခါ မိန်းမကိုရေအဟုန်ဖြင့် မျောသွားစေခြင်းငှါ၊ နဂါးသည် မိမိခံတွင်းထဲကမြစ်ရေ စီးသကဲ့သို့ ရေကိုမိန်းမနောက်၌ထုတ်ပစ်လေ၏။ မြေကြီးသည် မိန်းမကိုမစ၍ မိမိခံတွင်းကိုဖွင့်ပြီး လျှင် နဂါး၏ခံတွင်းထဲကထုတ်ပစ်သောမြစ်ရေကို မျိုလေ၏” (ဗျာ၊ ၁၂း၁၃-၁၆)။

          အနာဂတ်စကားရေးထားသကဲ့သို့ ခရစ်ယာန်တို့ကိုညှဉ်းဆဲသတ်ဖြတ်သောအချိန်တွင် စာတန် နတ်ဆိုးသည် ရေကဲ့သို့သော ညှဉ်းပန်းနှိပ်စက်မှုကြီးကို ပြင်းသောရေအရှိန်ကဲ့သို့ အသင်းတော်ပေါ်သို့ ကျရောက်စေသည်။ အသင်းတော် ပျက်စီးရန် နည်းလမ်းပေါင်းမျိုးစုံကိုအသုံးပြုကာ ဖျက်ဆီးတိုက် ခိုက်ခဲ့ပါသည်။ စာတန်နတ်ဆိုးသည် ရောမဘုရင်ဟေရုဒ် မင်းကိုအသုံးပြုကာ သူငယ်ခရစ်တော်ကို မွေးလျှင် မွေးချင်းသတ်စေသည်။ ခရစ်တော်သည် ဘုရားသခင်၏ဧဝံဂေလိ တရားကိုထမ်းဆောင် နေစဉ် မနာလိုမုန်းတီးသော ဘာသာရေးအသိုက်အဝန်းအဖွဲ့အစည်းတို့သည် ချောင်းမြောင်း၍ ခရစ် တော်ဒုက္ခရောက်စေရန်နည်းလမ်းမျိုးစုံဖြင့် ဘာသာရေးခေါင်းဆောင်တို့သည် နှောင့်ယှက်တားဆီးကြ သည်။ နောက်ဆုံးတွင်လက်ဝါးကပ်တိုင်ပေါ်အထိ ကဲ့ရဲ့ပစ်တင်ရှုတ်ချခြင်းကိုခံခဲ့ရသည်။ စာတန်နတ် ဆိုးသည် အောင်ပြီဟုထင်မြင်မိခဲ့သော်လည်း ခရစ်တော်၏အကြီးဆုံးအောင်မြင်ခြင်းကိုသာ လက်ခံ လိုက်ရသည်။ ထိုအဖြစ်အပျက်ကို ဒေါသအမျက်ထွက်ကာ ခရစ်တော်တည်ထောင်ခဲ့သော အသင်း တော်ပေါ်သို့ သူ၏ ဒေါသမီးကို မွေးခဲ့ပါသည်။ ခရစ်တော်လက်ဝါးကပ်တိုင်ပေါ်တွင် အသက်စွန့် ပြီးနောက် နှစ်ပေါင်းသုံးလေးဆယ်အတွင်း ထောင်ပေါင်းများစွာသော ခရစ်ယာန်တို့သည် ရောမအား ကစားကွင်း၊ မြို့လယ်ပန်းခြံများ၊ မြေအောက်အကျဉ်းခန်းများ၊ လူမသိသောသဲကန္တာရများတွင် နည်းမျိုးစုံဖြင့် ညှဉ်းဆဲနှိပ်စက်သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ ပထမညှဉ်းဆဲနှိပ်စက်ခြင်းကို နိုင်ငံရေး သမားများက ပြုလုပ်ခဲ့သည်။ နောက်ပိုင်း တဖြည်းဖြည်းတစ်စတစ်စနှင့် ခရစ်ရာစုဒုတိယ၊ တတိယ၊ စတုတ္ထနှစ်များအချိန်တွင် ခရစ်တော်နှင့်သူ၏တမန်တော် များသွန်သင်ပြသခဲ့သော တရားတော်များ ကို အမှားမှားအယွင်းယွင်းဖြင့် ပြုပြင်ပြောင်းလဲခဲ့သည်။ အချို့ဘာသာရေးအယောင်ဆောင် ပုဂ္ဂိုလ် များတို့သည် ဓမ္မသစ်ကျမ်း၏ ယုံကြည်ချက်ကိုလိုက်လျှောက်သော သစ္စာရှိခရစ်ယာန်များကို ညှဉ်းဆဲ နှိပ်စက်သတ်ဖြတ်ခဲ့ကြသည်။ ပညာရှင်ဘာသာရေးပုဂ္ဂိုလ်များတို့သည် အကြမ်းဖျင်းလူပေါင်းသန်းငါး ဆယ်ခန့် ဆုံးရှုံးသည်ဟုသတ်မှတ်သည်။ အသင်းတော်ကိုတိုက်ခိုက်ဖျက်ဆီးရန် စာတန်နတ်ဆိုးသည် မြစ်ရေတည်းဟူသော ညှဉ်းဆဲနှိပ်စက်သတ်ဖြတ်ခြင်းကို ခံတွင်းမှထုတ်ခဲ့ပါသည်။ သို့ရာတွင် မြေကြီး သည် မိန်းမကိုကယ်တင်ရန် ရေများကို သောက်မျိုခဲ့ပါသည် (မှားယွင်းသောသွန်သင်ခြင်းသြဝါဒများ ကိုသောက်မျိုသည်)။ ဤခေတ်ဟောင်းညှဉ်းဆဲနှိပ်စက်ခြင်းအချိန်တွင် သစ္စာရှိ၍ ဖြောင့်မတ်သော အသင်းတော်သည် ဖေါက်ပြန်သောခေါင်းဆောင်များတို့မှ လွတ်မြောက်စေရန် ဘုရားသခင်ပြင်ဆင် သော သဲကန္တာရအတွင်းရွှေ့ပြောင်းနေထိုင်ခဲ့ပါသည်။ ထိုအသင်းတော်ခံစားရသောအချိန်မှာ နှစ်ပေါင်း (ရက်ပေါင်း) တစ်ထောင်နှစ်ရာခြောက်ဆယ် (ဗျာ၊ ၁၂း၆)။ ထိုပုရောဖက်ပြုစကားမှာ အေဒီ ၅၃၈ မှ ၁၇၉၈ နှစ်ပေါင်း ၁၂၆၀ တိတိ (တစ်ရက်သည်တစ်နှစ်နှင့်ညီမျှသည်။ ယေဇကျေလ ၄း၆)။ ထိုဆိုးရွား သောအချိန်ကာလတွင် သစ္စာရှိ၍ ခရစ်ယာန်ကျမ်းစာကို ယုံကြည်သောခရစ်ယာန်များတို့သည် လုံခြုံ မှုရှိရာနေရာသို့ရွှေ့ ပြောင်းနေထိုင်ရပါသည်။ အဖြစ်မှာ အီတလီပြည်၏ နောက်ပိုင်း တောကြိုတောင် ကြားတွင်လည်းကောင်း၊ ပြင်သစ်ပြည်အရှေ့ပိုင်းတွင်လည်းကောင်း၊ ဗြိတိသျှအနောက်မြောက်ပိုင်း တွင်လည်းကောင်း သွားရောက်နေထိုင်ပုန်းအောင်းကြရသည်။

၄။       ကျွန်ုပ်တို့ခေတ်ရှိဘုရားသခင်၏အသင်းတော်

          ဤစကားသည် ကျွန်ုပ်တို့၏အချိန်တွင် ပြခြင်းဖြစ်သည်။ ၁၇၉၈ ခုမှစ၍ မှန်သောခရစ်တော်၏ အသင်းတော်ဟုဆိုသည်။ မှန်သည်ဟုမျှော်လင့်ရသည်။ နဂါးသည် ဘုရားသခင်၏လူတို့ကို ရန်ငြိုးဖွဲ့ လျက်ရှိသည်။ မျက်စိဖြင့်မမြင်ရသော စစ်ပွဲသည် ဆင်နွှဲလျက်ရှိသည်။ အမှန်တကယ်ဆိုရလျှင် စာတန်သည် ဘုရားသခင်၏အသင်းတော်ကိုထိပ်တိုက်ရင်ဆိုင်လျက်ရှိသည်။

          “နဂါးသည် မိန်းမကိုအငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါသွား၏” (ဗျာ၊ ၁၂:၁၇)။

          ထိုကျမ်းချက်သည် ကျွန်ုပ်တို့၏အချိန်၌ ဖြစ်ပျက်မည့်စာတန်နတ်ဆိုး၏ လုပ်ငန်းရပ်များကို မီးမောင်းထိုးပြထားသည်။ စာတန်နတ်ဆိုးသည် အမျက်ထွက်လျက် ကြွင်းသေးသောမိန်းမ၏ ကလေး များ (ယနေ့ရှိဘုရားသခင်၏လူများ) နှင့်စစ်တိုက် ခြင်းငှါပြု၏။ သူ၏လုပ်ရပ်အမှတ်အသားများကို သတိပြုပါ။

(၁)      ဤနောက်ဆုံးသောယုံကြည်သူတို့သည် ခရစ်တော်၏သက်သေခံချက်ကိုစောင့်ရှောက်သည်။      မှန်ကန်ဖြောင့်မတ်သော ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကိုသစ္စာရှိစွာဖြင့် ကျင့်စောင့်        သည်။

(၂)      ဤနောက်ဆုံးသောခရစ်ယာန်များတို့သည် ပုရောဖက်သက်သေခံချက်များကို လိုက်လျှောက် သည်။ ယောဟန်သည် ခရစ်တော်၏သက်သေခံတော်မူချက်ကို Revelation တွင် (ဗျာ၊ ၁း၁- ၃) တွင်ဖေါ်ပြထားသည်။ နောက်ဆုံးသော ယုံကြည်သူများတို့သည် ထူးချွန်သောဆုကျေးဇူး           များကိုရ၍ ဘုရားသခင်ထံတော်မှတိုက်ရိုက်ရရှိမည်။ ပုရောဖက်၏ ဆုကျေးဇူးများတို့ကို        ဘုရားသခင်ထံတော်မှရရှိ၍ သူတို့၏လုပ်ငန်း၊ သူတို့၏နောက်ဆုံးအခြေအနေကို ကြည့်ရှုသုံး    သပ်ကြလိမ့်မည်။

(၃)      နောက်ဆုံးအချိန်တွင်ဖြစ်မည့်ခရစ်ယာန်များတို့သည် သူတို့၏ ထူးချွန်သောအမှတ်အသားမှာ   ဘုရားသခင်၏ ပညတ်တော်ကို ကျင့်စောင့်နားထောင်သောသူများဖြစ်သည်။ သူတို့သည်           ပညတ်တော် (၁၀) ပါး၏ မှန်ကန်ကြောင်းနှင့် ဖြောင့်မတ်ကြောင်းကို ကာကွယ်ရုံမျှမကဘဲ           စောင့်ရှောက်သူများဖြစ်သည် (ရောမ ၅း၅။ ၁၃း၈-၁၀)။

          ဤနောက်ဆုံးသောခရစ်ယာန်များတို့သည် ခရစ်တော်၏ လမ်းစဉ်နှင့်ပုံစံကို ကနဦးအသင်း တော်လိုက်လျှောက် နားထောင်၍ ပညတ်တော်ကို စောင့်သောသူများဖြစ်သကဲ့သို့ ဖြစ်မည်။ ဤ အချက်သည် နဂါးကိုအမျက်ထွက်စေ၍ မိန်းမ၏သားသမီးများနှင့်စစ်ပွဲဆင်၍ တိုက်ခိုက်လိမ့်မည်။

          “ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍ ခမည်းတော်သည် အမှန်တရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တစ်ပါးသောဝိညာဉ်တော် ဆရာကို သင်တို့နှင့်အတူအစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်” (ယောဟန် ၁၄း၁၅၊ ၁၆)။

          ဤနောက်ဆုံးသောခေတ်ရှိခရစ်ယာန်တို့သည် ဘုရားသခင်ကိုချစ်နိုင်ကြောင်း ကိုယ့်ကိုယ်ကို ချစ်သကဲ့သို့ ကိုယ်နှင့်ဆိုင်သောသူများကိုချစ်ရမည်။ ခရစ်တော်၏ ရှင်းပြချက်အရ၊ ဘုရားသခင်ကို ချစ်ခြင်းနှင့် တစ်ပါးလူသူများကိုချစ်ခြင်း သည်ဘုရားသခင်၏ပညတ်တော် (၁၀) ပါးကိုစောင့်ရှောက် ခြင်းဖြစ်သတည်း။ (မဿဲ ၂၂:၃၄-၄ဝ)။

          ဘုရားသခင်၏ပညတ်တော် (၁၀) ပါးတွင် လေးပါးတစ်ပါးသည် စနေနေ့ (သတ္တမနေ့ကိုဥပုသ် နေ့အဖြစ်စောင့်ရှောက် ရန်မှာကြားသည်)။ ခရစ်တော်ကိုချစ်ခြင်းဖြင့် ပညတ်တော်များကိုစောင့်ရ သောကြောင့် ပညတ်လေးပါးတစ်ပါးသည်လည်း ပညတ်တော်ဆယ်ပါးတွင် ပါဝင်ခဲ့သောကြောင့် နောက်ဆုံးခေတ်ရှိ ခရစ်ယာန်များသည် ဥပုသ်နေ့စောင့်သူများဖြစ်ရမည်။

          ဥပုသ်နေ့သည် ဘုရားသခင် ၏ နိဂုံးချုပ်ဖေါ်ပြခြင်းဖြစ်သည်။ (ဗျာ၊ ၁၂ နှင့် ၁၄း၆-၁၅)။ ဘုရားသခင်၏ ကောင်းကင်ရှိ ခွန်အားအစွမ်းတန်ခိုးအပေါင်းတို့သည် နောက်ဆုံးခေတ်ရှိ ခရစ်ယာန် များအတွက် ဤကျမ်းချက်များတွင် ဖေါ်ပြထားသည်။ အသက်ရှင်သောခရစ်တော်သည် သူတို့နှင့် ထာဝရမိတ်ဆွေဖြစ်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သူတို့နှင့်အတူ အစွမ်းသတ္တိနှင့် ခွန်အားတန်ခိုးပေးမည်။ ကတိတော်များသည်လည်း ဧကန်အမှန်ဖြစ်မည်။ သူတို့သည် စာတန်နတ် ဆိုးကို ခရစ်တော်၏ အသွေးများဖြင့် နှုတ်ထွက်စကားတော်၏သက်သေခံတော်မူချက်နှင့် အောင်မြင် လိမ့်မည်။ (ဗျာ၊ ၁၂း၁၁)။

          သင်သည် ဤနောက်ဆုံးသောခရစ်ယာန်များနှင့်အတူ ဘုရားသခင်၏ပညတ်တော်ကို နား ထောင်စောင့်ရှောက်လိုပါသလား။ ခရစ်တော်၏သက်သေခံချက်ကိုလည်း ကိုင်ဆောင်လိုပါသလား။ ဆုံးဖြတ်ချက်ကိုယခုပင်ပြုလုပ်ပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ရှာဖွေတွေ့ရှိခြင်း (၂၅) အဖြေလွှာ

ယနေ့ကျွန်ုပ်ဘုရားသခင်၏အသင်းတော်ကိုရှာ၍တွေ့ မည်လား

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။ (အဖြေမှန်တစ်ခုထက်မကရှိမည်)။

၁။       Revelation ၁၂ တွင်မိန်းမသည် နေကိုဝတ်ဆင်ထားခြင်းသည် ဘာကိုပုံဆောင်သနည်း။

          --------  ခရစ်ယာန်အသင်းတော်။

          --------  ယုဒတို့၏နိုင်ငံဣသရေလ။

၂။       မိန်းမမွေးသောကလေးမှာ၊

          --------  ခရစ်တော်ဖြစ်သည်။

          --------  နတ်ဆိုးဖြစ်သည်။

          နဂါးသည်ထိုမိန်းမ၏ကလေးကိုဖျက်ဆီးရန်ကြိုးစားသည်။ ၎င်းကြိုးစားသူသည်၊

          --------  နတ်ဆိုးဖြစ်သည်။

          --------  ဘာသာရေးခေါင်းဆောင်များ။

          ခရစ်တော်သည် တစ်နေ့တွင်စာတန်နတ်ဆိုးကိုဖျက်ဆီးရန် အောက်ပါအတိုင်းကြံစည်သည်။

          --------  ခရစ်တော်မွေးဖွားသောအခါ။

          --------  လက်ဝါးကပ်တိုင်ပေါ်တွင်အသက်စွန့်ခဲ့သောအခါ။

၃။       ခရစ်ယာန်အသင်းတော်သည် စာတန်နတ်ဆိုးကိုအောက်ပါ အချက်များဖြင့်အောင်မြင်နိုင်    သည်။

          --------  ခရစ်တော်၏အသွေးတော်ကြောင့်။

          --------  မိမိ၏အသက်တာဖြင့်သက်သေခံသောကြောင့်။

၄။       မှန်သောဘုရားသခင်၏အသင်းတော်၊ နောက်ဆုံးသောခေတ်၏ကမ္ဘာ့သမိုင်းတွင်၊

          --------  ကြည်လင်ပြတ်သားသောခရစ်ယာန်အသက်တာနေထိုင်ခြင်းဖြင့် ခရစ်တော်အတွက်                 သက်သေခံခြင်း။

          --------  ပုရောဖက်၏ဆုကျေးဇူးများကိုရရှိသောသူများဖြစ်သည်။

          --------  ဘုရားသခင်၏ပညတ်တော်ကိုပြောင်းလဲ၍ တနင်္ဂနွေနေ့ကိုစောင့်သောသူများ ဖြစ်             သည်။

          --------  ခရစ်တော်ကိုချစ်၍ ဘုရားသခင်၏ ပညတ်တော်အားလုံးကို စောင့်ရှောက်ရုံမျှမက             အထူးသဖြင့် ဥပုသ်နေ့ကို သတ္တမနေ့ရက်တွင်စောင့်ရှောက်သောသူများဖြစ်သည်။

 

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 


အခန်းကြီး - ၂၆

ရှာဖွေတွေ့ရှိခြင်း

လမ်းညွှန် (၂၆)

ယနေ့ကျွန်ုပ်တို့အတွက်ဘုရားသခင်၏ အထူးသတင်းစကားများရှိပါသလား

 

          ရာမွန်သည် ဘာရာမင်ဘာသာအသိုက်အဝန်းတွင် မွေးဖွားခဲ့သောသူဖြစ်သည်။ (သူ၏လူကြီး များတို့သည် သူအသက်ငယ်စဉ်ကပင် သူသည်ဘုရားသခင်ဖြစ်ကြောင်းပြောပြထားသည်။ ရာမွန် သည် သူ၏ဘဝကိုသိ၍ ဘုရားသခင်ဖြစ်သည့်အလျောက် ယောဂီတရားနှင့် ဆုတောင်းခြင်းများကို စောင့်ရှောက်ခိုင်းသည်။ သို့ရာတွင် လူပျိုဘဝ၌ ဘုရားသခင်ကိုရှာရန် ဟိန္ဒူဘုရားကျောင်းတွင် သွားရောက်ကာ လေ့လာစူးစမ်းပါသည်)။ ရာမွန်သည် ခရစ်ယာန်ကျမ်းစာကို လေ့လာ၍ ခရစ်တော် အကြောင်းကိုလည်း လေ့လာသည်။ သူသည် ခရစ်တော်အကြောင်းနှင့်ပတ်သက်၍ စိတ်နှိမ့်ချခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်း တရားရှိကြောင်းကို အထူးလေးစားခဲ့သည်။ သို့ရာတွင် ရာမွန်သိလာရသည်မှာ ခရစ်တော်သည် ထူးခြားသောဘုရားသခင်၏ သားတစ်ပါးဖြစ်ကြောင်းသိလာရသည်။ ခရစ်ယာန်များ သည် ငြိမ်သက်ခြင်းရှိကြောင်း၊ သူသည်သူ၏ဘုရားသခင်ကို ကိုးကွယ်သော်လည်း ငြိမ်သက်ခြင်းမရှိခဲ့ ကြောင်း၊ ထို့ကြောင့် ရာမွန်သည် သူ၏ဟိန္ဒူဘာသာတရားအတွင်း အမှန်တရားကို ရှာရန်စိတ်ဆုံး ဖြတ်ခဲ့ပါသည်။ တစ်နေ့သူသည် ခရစ်တော်အသက်တာအကြောင်းနှင့်ပတ်သက်၍ ရုပ်ရှင်ကား တစ်ကားတွင်မြင်ခဲ့ရပါသည်။ ထိုကားတွင် ခရစ်တော်သည် လူကဲ့သို့ကြောက်ရွံ့ခြင်း၊ နာကျင်ခြင်းကို ခံစားရကြောင်းတွေ့ခဲ့ပါသည်။ ဤကားကိုမကြည့်မီမှာ ခရစ်တော်သည် သူ၏ ဘုရားသခင်တန်ခိုးကို အသုံးပြု၍ ကပ်တိုင်ပေါ်မှာခံစားရမည်ဖြစ်သော နာကျင်ခြင်းများကို ရှောင်ကြဉ်နိုင်မည်ဟု ယုံကြည်ပါ သည်။ ယခုသူသည် လက်ဝါးကပ်တိုင်အကြောင်းနှင့်ပတ်သက်၍ သဘောမပေါက်ခဲ့ပါ။ သူစဉ်းစားမိ သည်မှာ ခရစ်တော်သည် မည်ကဲ့သို့အပြစ်သားများအတွက် နာကျင်ခြင်းဒဏ်ခံလျက် ကယ်တင်ခြင်း ပေးခဲ့ကြောင်းဖြစ်သည်။

          ရာမွန်သည် ခရစ်တော်၏ သေခြင်းအကြောင်းနှင့်ပတ်သက်၍ ဆက်လက်စဉ်းစားသောအခါ ဤမျှလောက်ကြီးသော လက်တွေ့မေတ္တာကိုစဉ်းစားရခက်နေပါသည်။ သူသည် ဘာရာမင်ဘဝမှ သူ၏အသက်တာကို ပြောင်းလဲလာမည်ဟူသော စိတ်ဆုံးဖြတ်ချက်ချခဲ့ပါသည်။ ခရစ်တော်၏ ကယ် တင်ခြင်းမေတ္တာကို အခြားအခြားသောဘာသာများနှင့်နှိုင်းယှဉ်ပါက နှိုင်းယှဉ်၍မရသလောက်အောင် ဖြစ်ခဲ့ပါသည်။ ဤဘာရာမင်လူငယ်သည် ခရစ်ယာန်တို့၏ အဓိကယုံကြည်ခြင်းကို ရှာဖွေတွေ့ရှိခဲ့ပါ သည်။ ခရစ်တော်သည် ကမ္ဘာကြီး၏ကယ်တင်ရှင်ဖြစ်ကြောင်းကိုလည်း သိခဲ့ပါသည်။

၁။       မည်သည့်ဘာသာသည်ကယ်တင်ခြင်းပေးနိုင်သနည်း

          ခရစ်တော်သည် တရားလမ်းဖြစ်သည်။ လမ်းတစ်သွယ်တည်းသာဖြစ်သည်။ ကယ်တင်ခြင်း လမ်းဖြစ်သည်။ “ထိုသခင်၏ နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင်မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏” (တမန်တော် ၄း၁၂)။ ခရစ်ယာန်ကျမ်းစကားအရ၊ လူသားတို့သည် အပြစ်ကြောင့်ပျောက်ဆုံးနေသည်။ ထို့ကြောင့် အပြစ်၏အခသည် သေခြင်းဖြစ်သည်။ (ရောမ ၆း၂၃)။ လူတိုင်းအပြစ်ရှိသည် (ရောမ ၃း၂၃)။ ထို့ကြောင့်

သေခြင်းနှင့်ရင်ဆိုင်ရမည်။ ထို့ကြောင့် ခရစ်တော်သည် တစ်ပါးတည်းသောကယ်တင်ရှင်၊ ခရစ်တော် တစ်ပါးတည်းသာလျှင် အပြစ်၏စီရင်ခြင်းမှ ကယ်တင်ခြင်းပေးနိုင်သည်။ သားတော်ကိုကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကို ရစေခြင်းငှါလည်းကောင်း အလိုတော်ရှိ၏။ ငါ သည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက် စေမည်ဟုမိန့် တော်မူ၏ (ယောဟန် ၆း၄၀)။ မှန်ကန်သော ဘာသာတစ်ပါးတည်းသာရှိသည်။ ခရစ်တော်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ နှစ်ခြင်း တစ်ပါး (ဖက် ၄း၅)။

၂။ ခေတ်နောက်ဆုံးရှိခရစ်ယာန်တို့အတွက် ဘုရားသခင်၏ထူးခြားသောသတင်းစကားရှိပါသလား

          မှန်ပါသည်။ ဤကောင်းကင်တမန်သုံးပါးသတင်းသည် ဗျာ၊ ၁၄း၆-၁၆ အထိဖတ်ရှုလေ့လာပါ လျှင် ဤသတင်းစကားများတို့ကို ကောင်းကင်တမန် (၃) ပါးကပေးခဲ့၍ နောက်ဆုံးသတင်းစကားမှာ ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းနှင့် နိဂုံးချုပ်ခဲ့သည်။ (ဗျာ၊ ၁၄း၁-၁၆)။

(၁)      ပထမကောင်းကင်တမန်၏သတင်းစကား

          မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီးအသီးဘာသာစကားကို ပြောသော လူအမျိုး အနွယ်ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသောကောင်းကင်တမန်တစ်ပါးက ဘုရား သခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရား စီရင်တော်မူသောအချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီး သောအသံနှင့်ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကိုငါမြင်၏ (ဗျာ၊ ၁၄:၆၊ ၇)။ ခရစ်ယာန်ကျမ်းစာအားဖြင့်လုံးစေ့ပတ်စေ့ဖေါ်ပြထားသောအမှန်တရားစကား (၃) ခုမှာ ကောင်းကင် တမန် (၃) ပါး အားဖြင့်ဖေါ်ပြကြေညာထားသော်လည်း ဘုရားသခင်၏လူများတို့သည် ကမ္ဘာကြီးအနှံ့ သို့ ဤသတင်း (၃) ပါးစကားကို ဖြန့်ခဲ့ပါသည်။ ထိုအမှန်တရားစကားများတို့သည် ကမ္ဘာတစ်ခုလုံး အတွက်၊ တိုင်းနိုင်ငံတိုင်းအတွက်၊ လူမျိုးတိုင်းအတွက်၊ ဘာသာစကားတိုင်းအတွက်နှင့် လူတိုင်း အတွက်ဖြစ်သည်။ ခရစ်တော်၏ ထာဝရဧဝံဂေလိတရားသည် ကယ်တင်ခြင်း တရားဖြစ်သည်။ ခရစ်ယာန်ကျမ်းသစ်အချိန်၌ ယုံကြည်ခြင်းအားဖြင့်လက်ခံသူများအတွက်ဖြစ်သည် (ဟေဗြဲ ၃း၁၆-၁၉။ ၄:၂။ ၁၁း၁-၄ဝ)။ ထိုအမှန်တရားအတိုင်း ခရစ်တော်ကိုယ်တိုင်ဟောပြောကြေညာခဲ့သည်။ ထိုအမှန်တရားအတိုင်းတမန်တော်တို့သည် ဟောကြားသွန်သင်ခဲ့သည်။ ထိုတရားအားဖြင့် ခရစ်တော် အဖို့ကမ္ဘာကြီးကိုအောင်နိုင်ရန် ဟောကြားခဲ့သည်။ ထိုဧဝံဂေလိတရားကိုပင် ခရစ်ယာန်အဆက်ဆက် နှစ်ရာစုပေါင်းများစွာသက်သေခံခဲ့ပါသည်။ ရှင်းလင်းပြတ်သားသောကယ်တင်ခြင်း ဧဝံဂေလိတရားကို ခရစ်တော်ကိုယ်တိုင်ဟောကြားခဲ့သော်လည်း ညှဉ်းဆဲနှိပ်စက်ခြင်းကာလနှစ်ပေါင်းတစ်ထောင်ကျော် အချိန်တွင် ဤကယ်တင်ခြင်းဧဝံဂေလိတရားသည် ပျောက်လုနီးဆဲဖြစ်ခဲ့ပါသည်။ သို့ရာတွင် ညှဉ်းဆဲ နှိပ်စက်ခြင်းခေတ်နှောင်းပိုင်းတွင် ခရစ်ယာန်ဘာသာပြုပြင်ပြောင်းလဲခြင်းပြုလုပ်သော ဆရာကြီးများ တို့သည် ဤသတင်းစကားကိုပေးခဲ့သောအခါ နည်းသစ်များဖြင့် ကမ္ဘာအနှံ့သို့ ကြေညာဖြန့်ဝေခဲ့ပါ သည်။ ထိုတရားစကားကိုယုံကြည်လက်ခံသူတို့အတွက် “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြ လော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။” သူတို့သည် ကမ္ဘာကြီးရှိလူသားတို့အား မေတ္တာ ဖြစ်သော အကျင့်တရားအကြောင်းကို ဟောကြားခဲ့ပါသည်။ သူတို့စကားအားဖြင့်လည်းကောင်း၊ အသက်တာအားဖြင့်လည်းကောင်း၊ သက်သေခံခြင်းအားဖြင့်လည်းကောင်း ကြေညာဟောကြားခဲ့ပါ သည်။ ခရစ်တော်၏ ဝိညာဉ်တော်နှင့်ပြည့်ဝသောသူတို့အတွက် ဘုရားသခင်၏ လုပ်ငန်းကို ဆောင်ရွက်ရန် ဘုရားသခင်သည် စွမ်းအင်သတ္တိ၊ ခွန်အားတန်ခိုးကို ပေးတော်မူသည်။ ဤကောင်းကင် တမန် (၃) ပါးတို့၏သတင်းစကားကို မည်သည့်နေရာများတွင် ဟောကြားကြေညာရမည်နည်း။ ဘုရား သခင်၏တရားစီရင်ရာ နေ့ရက်ရောက်လာပြီ။ လမ်းညွှန် (၁၃) တွင် ခရစ်တော်သည် ကောင်းကင်ရှိ ဗိမာန်တော်ကြီးထဲ၌ ၁၈၄၄ ခုနှစ်တွင် အပြစ်သားများတို့ကိုစီရင်ရန် ပြင်ဆင်ထားပါသည်။ ထိုအချိန်၌ ပင် ခရစ်တော်ကိုယ်တိုင်ခရစ်ယာန်သာသနာအနှံ့ကမ္ဘာပြန့်ရန် အစီအစဉ် များကိုဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ သတင်းစကားသည်ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန်ဖိတ်ခေါ်ရုံမျှမကဘဲ ကောင်းကင်ရှိ ပုဂ္ဂိုလ်များ၊ မြေကြီးပေါ်ရှိလူများ (ဗျာ၊ ၁၄:၇)၊ ဘုရားသခင်သည် ဥပုသ်နေ့၌ဘုရားသခင်ကိုဝတ်ပြုရန်

ကျွန်ုပ်တို့ကိုအသိတရားနှင့်သတိတရားပေးထားပါသည်။ ဘုရားသခင်သည် ဥပုသ်နေ့စောင့်ရန် မှာ ကြားခဲ့ပါသည်။ (ထွက် ၂၀း၈-၁၁)။ အကြောင်းမူကား ဘုရားသခင်သည် ခြောက်ရက်တွင် မိုးကောင်း ကင်မြေကြီးအားလုံးတို့ကိုဖန်ဆင်းတော်မူခဲ့သည်။ ဘုရားသခင်သည် လူတို့အား ဥပုသ်နေ့၌ဝတ်ပြုကိုး ကွယ်ခြင်းဖြင့် ဖန်ဆင်းရှင်ကိုသိရန်လိုလားသည်။ ထို့ကြောင့် ကောင်းကင်တမန် (၃) ပါးသတင်းကို ဟောကြားသောအချိန်မှစ၍ ဥပုသ်နေ့သည် ကွင်းကွင်းကွက်ကွက်ကြီးပေါ်လာ၍ သန့်ရှင်းသောနေ့ အဖြစ် စောင့်ရှောက်ရန်ပေးသောသတင်းစကားဖြစ်သည်။

(၂)      ဒုတိယကောင်းကင်တမန်၏သတင်းစကား

          “ကောင်းကင်တမန်တစ်ပါးကလည်း ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ မိမိမတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသောစပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ ကြီးပြိုလဲပြီဟုလိုက်၍ပြောဆို၏” (ဗျာ၊ ၁၄:၈)။ ဒုတိယကောင်းကင်တမန်၏သတိပေးနှိုးဆော်ချက်မှာ ကြီးသောဗာဗုလုန်သည်ပြိုလဲပြီ။ ဗျာ၊ ၁၇ တွင် ဗာဗုလုန် ဟုဆိုရာ၌ ဝိညာဉ်ရေးဗာဗုလုန်ရှုပ်ထွေးခြင်း၊ ဖေါက်ပြန်သောခရစ်ယာန်အသင်းတော်၊ အကျင့်ပျက်သောမိန်းမဟုနှိုင်းထားသည် (ဗျာ၊ ၁၇:၅)။ ဤမိန်းမသည် ကွဲပြားခြားနားစွာသန့်ရှင်းသောမိန်းမ (ဖြောင့်မတ်သောအသင်းတော်) ဗျာ၊ ၁၂ တွင် သန့်ရှင်းဖြူစင်ဖြောင့်မတ်သောအသင်းတော်ကိုပုံဆောင်သည်။ ဗာဗုလုန်ကိုပုံဆောင်သောမိန်းမမှာ အကျင့် ပျက်ပြိုကျသောမိန်းမ (ဖေါက်ပြန်သောအသင်းတော်) ၎င်းမိန်းမသည် တိုင်းနိုင်ငံတကာကို မကောင်းသောအယူဝါဒဓလေ့ထုံးစံကို မှန်သော တရားဖြင့်ရောစပ်ထားခြင်းကို ခရစ်ယာန်ကျမ်းစာ၌ မတရားသောမေထုန်ဟုဖေါ်ပြထားသည်။ ဒုတိယကောင်းကင်တမန်၏ သတင်းစကားမှာ ဤမမှန် သောရောစပ်ထားသည့် ဖေါက်ပြန်သော ခရစ်ယာန်တို့၏ သွန်သင်ချက်ကို ဆီးတားဆန့်ကျင်ရန် ဖြစ်သည်။ ဗာဗုလုန်ဆိုရာ၌ ဖေါက်ပြန်သောခရစ်ယာန်၏ မှားယွင်းယူဆချက်ထုံးတမ်းစဉ်လာများကို အမှန်တရားဟုယုံကြည် လက်ခံကျင့်သုံးခြင်းဖြစ်သည်။

           ဗာဗုလုန်ဟုဆိုသော ရှုပ်ထွေးပွေလီမှားယွင်းသော သြဝါဒများသည် ဘုရားသခင်၏ရုပ်နာမ် သဏ္ဌာန်နှင့်မှန်သောတရားများကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေပါသည်။ ဥပမာမှာ- ဘုရားသခင်သည် ကလဲ့စားချေတတ်ခြင်း၊ မတော်မတရားတောင်းဆိုခြင်း၊ စိတ်နုသောသက်ကြီးရွယ်အိုပမာ - အပြစ်ကို ဂရုမစိုက်ခွင့်လွှတ်သည်းခံတတ်သော သဘောများဖြစ်သည်။ ကျန်းမာသန်စွမ်းသော အသင်းတော် သည် ဘုရားသခင်၏တရားနှင့်ကျင့်ဝတ်တရားများကို မှန်ကန်ဖြောင့်မတ်စွာဖြင့်လည်းကောင်း၊ တိကျ သေချာစွာဖြင့်လည်းကောင်း ကျင့်သုံးလိုက်လျှောက်ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ဗာဗုလုန်မှထွက်ရန် ဖိတ်ခေါ်လျက်ရှိသည် (ဗျာ၊ ၁၈း၄)။ ခရစ်ယာန်ကျမ်းမဟုတ်သောတရားနှင့် သွန်သင်ချက်များကိုငြင်းပယ်စွန့်လွှတ်၍ ခရစ်တော်၏ တရားမှန်ကိုလိုက်လျှောက်ကျင့်သုံးရမည်။

(၃)      တတိယကောင်းကင်တမန်၏သတင်းစကား

          တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ ထိုသူသည် ဘုရားသခင်၏ဒေါသ ဖလား၌လောင်းသောအမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသောကောင်းကင် တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင်၊ ကန့်နှင့်ရောသောမီးထဲမှာပြင်းစွာသော ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာဆက်ဆက်တည်လျက်ရှိ၏။ သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍ သူ၏ နာမတံဆိပ်လက်မှတ်ကိုခံသောသူတို့သည် နေ့ညမပြတ်သက်သာမရကြဟု လိုက်၍ကြီးသော အသံနှင့်ပြောဆို၏။ ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ယုံကြည်ခြင်းကိုလည်း ကောင်း စောင့်ရှောက်သောသန့်ရှင်းသူတို့သည် ဤအရာ၌သည်းခံစရာအကြောင်းရှိ၏ (လျာ၊ ၁၄း၉-၁၂)။

          တတိယကောင်းကင်တမန်၏သတင်းစကားသည် ကမ္ဘာကြီးတစ်ခုလုံးကိုနှစ်ပိုင်းခွဲထားသည်။ တစ်ပိုင်းမှာ ဖေါက်ပြန်သောခရစ်ယာန်သားရဲနှင့် သူ၏ရုပ်တုကိုနဖူး၌လည်းကောင်း၊ လက်၌လည်း ကောင်း ခံယူသောသူတစ်စုဖြစ်သည်။ နောက်တစ်ခုမှာ သားရဲ၏ အာဏာကိုငြင်းဆန်တွန်းလှန်သော သူတော်စင်သန့်ရှင်းသူများ၊ ဘုရားသခင်၏ပညတ်တော်နှင့် ခရစ်တော်၏ယုံကြည်ချက်၌သစ္စာရှိသော သူများဖြစ်သည်။ ဤလူနှစ်စု၏ခြားနားမှုကိုသတိပြုပါ။ တစ်စုသည် သားရဲ၏ အမှတ်အသားတည်းဟူ သော ဝတ်ပြုခြင်းကို ပေါ့ပေါ့တန်တန်ထားကာ လူလုပ်သောတရားနှင့်ပညတ်များကိုအဆင်ပြေလျှင် ပြေသလို၊ သင့်လျော်လျှင်သင့်လျော်သလို လိုက်လျှောက်ခြင်းဖြစ်သည်။ သူတော်စင်များ၏ထူးခြား သော အမှတ်အသားမှာ သည်းခံ၍အခွံအနာဖြင့် ဘုရားသခင်၏ပညတ်တော်တို့ကိုလည်းကောင်း၊ ခရစ်တော်အပေါ်သစ္စာဖြင့် လိုက်လျှောက်ခြင်း သော်လည်းကောင်း ဖြစ်သည်။ ဤကောင်းကင်တမန် (၃) ပါးသတင်းစကားကို ကမ္ဘာအနှံ့ဖြန့်ချိဟောကြားပြီးနောက် ပိုင်းတွင် ခရစ်တော်သည်ကြွလာ၍ ကယ်တင်ခြင်းခံရမည့်သူများကိုခေါ်ဆောင်သိမ်းသွင်းမည်။ “တစ်ဖန်ငါကြည့်လျှင်၊ ဖြူသောမိုးတိမ်ရှိ ၏။ လူ့သားတော်နှင့်တူသောသူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကိုဆောင်းလျက် ထက်သောတံစဉ် ကို ကိုင်လျက်၊ မိုးတိမ်ပေါ်မှာထိုင်တော်မူ၏။ ကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲက ထွက်၍ ကိုယ်တော်၏ တံစဉ်ကိုလွှတ်၍ စပါးကိုရိတ်တော်မူပါ။ ရိတ်ရသောအချိန်ရောက်ပါပြီ။ မြေကြီး၌ရိတ်စရာစပါးမှည့်ပါပြီဟု မိုးတိမ်ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့်ဟစ်လေ၏။ မိုးတိမ်ပေါ်မှာထိုင်သောသူသည် မိမိတံစဉ်ကိုမြေကြီး၌သွင်း၍ မြေကြီး၏ စပါးကိုရိတ်တော်မူ၏” (ဗျာ၊ ၁၄း၁၄-၁၆)။

၃။       ခရစ်တော်၏နောက်ဆုံးတည်ရှိခဲ့သောအသင်းတော်

          သင်သည်တည်ကြည်၍ သစ္စာရှိသောခရစ်ယာန်တစ်ဦးကိုချီးကျူးမိပါသလား။ သူ၏အပ်နှံ ခြင်း၊ သည်းခံခြင်း၊ ယုံကြည်ခြင်းများတို့ကို သင်လိုလားပါသလား။ ဘုရားသခင်သည် သူ၏အထူးသော တရားစကားကို ကျွန်ုပ်တို့၏ ခေတ်အချိန်တွက် ဗျာ၊ ၁၄ တွင်ပေးထားပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် ဤကဲ့သို့သောအတွေ့ အကြုံများနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ လမ်းညွှန် (၂၅) တွင် လေ့လာသုံးသပ်ထားသည့်အတိုင်း ဗျာ၊ ၁၂:၁၇ သည် နောက်ဆုံးခေတ်ခရစ်ယာန်များတို့၏ ထူးခြား မှတ်သားချက်များကိုဖေါ်ပြထားပါသည်။ ထိုသူတို့သည် ဘုရားသခင်၏ပညတ်တော်ကိုစောင့်၍ ယေရှု ၏သက်သေခံချက်တွင် ယုံကြည်လက်ခံကျင့်စောင့်သောသူများဖြစ်သည်။ (ဗျာ၊ ၁၄:၁၂) တွင် အလား တူသူတော်စင်များတို့သည် ဘုရားသခင်၏ ပညတ်တော်ကိုစောင့်ကြောင်းနှင့် ခရစ်တော်၏အပေါ် သစ္စာရှိကြောင်းဖေါ်ပြထားသည်။ နောက်ဆုံးခေတ်ခရစ်ယာန်များတို့၏ အကျင့်တရားများကို အကျဉ်း မျှဖေါ်ပြရလျှင်-

(၁)      သူတို့သည် ခရစ်တော်၏သက်သေခံချက်ရှိသည်။ စာတန်နတ်ဆိုးသည် သူတို့အပေါ်ဒေါသ       ကြီးစွာဖြင့်ရန်မူသော်လည်း သူတို့သည် ခရစ်တော်အပေါ်သစ္စာကြီးစွာဖြင့်တည်ကြည်သူများ     ဖြစ်သည်။ သူတို့၏သစ္စာတရားများ သည်ဘုရားသခင်ပေးသော ဆုကျေးဇူးများဖြစ်သည်။    (ဧဖက် ၂း၈)။ ဘုရားသခင်၏နောက်ဆုံးနေ့ရက်၌ရှိသော အသင်းတော်သည် ခရစ်တော်၏           အကျင့်တရားများကို သူတို့၏အပြုအမူအကျင့်အကြံများတို့၌ ပေါ်ထွက်နေသည်။ ခရစ်တော်       ၏ ကောင်းမြတ်သောအကျင့်တရားနှင့် ကျေးဇူးတရားတို့သည် ယုံကြည်ခြင်းအားဖြင့်လည်း     ကောင်း၊ ခရစ်တော်သည်သူတို့၏အထဲ၌တည်ရှိခြင်းအားဖြင့်လည်းကောင်း အသက်ဝင်သော           ကိုယ်ကျင့် တရားများကိုတွေ့ မြင်ခံစားနိုင်သည်။

(၂)      သူတို့သည် ခရစ်တော်၏ယုံကြည်ခြင်းကိုစောင့်ရှောက်သောသူများဖြစ်သည် (ဗျာ၊ ၁၄း၁၂)။         ထိုယုံကြည်ခြင်းသည် ခရစ်တော်ကိုယ်တိုင်ကျင့်စောင့်ခဲ့သည်။ ထိုယုံကြည်ခြင်းကိုပင် ခရစ်      တော်သွန်သင်ခဲ့သည်။ ထိုယုံကြည်ခြင်းအတိုင်းကျင့်စောင့်နေထိုင်ခဲ့သည်။ ထိုယုံကြည်ခြင်း      များသည် နောက်ဆုံးခေတ်အသင်းတော်ရှိ အသင်းသူအသင်းသားများ၏ စိတ်တွင်ပြည့်ဝ           လျက်ရှိသည်။ သူတို့သည် အမှန်တရားရှိရုံသာမကဘဲ အမှန်တရားကို စောင့်သူဖြစ်သည်။       ထိုတရားအတိုင်းလိုက်လျှောက်သည်။ ခရစ်ယာန်ဘာသာရေးသည် သူတို့အတွက်အသက်   ပမာဖြစ်သည်။ သူတို့၏ ယုံကြည်ခြင်းသည်လည်း လက်တွေ့ကျင့်သုံးခြင်းဖြစ်သည်။ သူတို့၏        ယုံကြည်ခြင်းသည်လည်း နားထောင်ခြင်း အပြည့်အဝရှိသည်။ သူတို့၏ အသက်တာသည် လည်း ခရစ်တော်၏ယုံကြည်ခြင်းအတိုင်းကျင့်စောင့်သူများဖြစ်သည်။ ခရစ်ယာန်ကျမ်းစာ           တွင် ဖေါ်ပြထားသည့်အကျင့်တရားများတို့ကိုတွေ့ရှိရုံမျှမကဘဲ နေ့စဉ်နှင့်အမျှကျင့်သုံး လိုက်    လျှောက်သောသူများဖြစ်သည်။ ထိုကဲ့သို့ကျင့်သုံးခြင်းကြောင့် တန်ခိုးခွန်အားနှင့်ပြည့်စုံသော   ခရစ်ယာန်အသက်တာကိုရရှိသည်။ ခရစ်ယာန်ကျမ်းစာတွင် မွန်မြတ်သောအမှန်တရားများ   ကိုကြည့်၍ ခရစ်တော်၏ မေတ္တာနှင့်တရားများတို့သည် သူတို့၏လိုအင်ဆန္ဒများနှင့် နှစ်သိမ့်       မှုများအားလုံးရရှိသည်။

(၃)      သူတို့သည် ဘုရားသခင်၏ပညတ်တော်များကိုစောင့်သောသူများဖြစ်သည်။ ဘုရားသခင်၏ ပညတ်တော် (၁၀) ပါးသည် မွန်မြတ်သောတရားတော်ဖြစ်သည်။ ထိုတရားအတိုင်းကျင့်စောင့်     လိုသောဆန္ဒအပြည့်အဝရှိသည်။ သူတို့သည် ဘုရားသခင်ကိုချစ်ခြင်းနှင့်ကိုယ်နှင့်ဆိုင်သော    သူကိုချစ်ခြင်းများပြသခြင်းဖြင့် ဘုရားသခင်၏ ပညတ်တော်ကိုနားထောင်သည်။ ထိုတရားထဲ    တွင် ဘုရားသခင်၏ပညတ်တော် (၄) ပါးတစ်ပါးတည်းဟူသောငြိမ်သက်နားနေခြင်းအတွက်           စနေနေ့ (သို့မဟုတ်) ခုနစ်ရက်တွင်သတ္တမနေ့ကိုဥပုသ်နေ့အဖြစ်စောင့်ရှောက်ခြင်းဖြစ်သည်။

(၄)      သူတို့သည် ခရစ်တော်၏သတင်းစကားတည်းဟူသော ထာဝရဧဝံဂေလိတရားကို ကမ္ဘာအနှံ့        ဖြန့်ချိသူများဖြစ်သည် (ဗျာ၊ ၁၄:၆)။ ဧဝံဂေလိတရား၏ ကြေညာချက်အရ၊ ခရစ်တော်သည်          အပြစ်သားများအတွက် အသက်တော်ကို စွန့်သည်။ ခရစ်တော်သည်ထမြောက်ရှင်ပြန်သည်။          ထိုအခြင်းအရာနှင့် အတွေ့အကြုံသည် ကျွန်ုပ်တို့အား တရားလမ်းနှင့်ကယ်တင်ခြင်းကို ပြသည်။ (နောက်ဆုံးသောခေတ်၌နေထိုင်သော အသင်းသားများတို့အား ရှုပ်ထွေးသော          အယူဝါဒနှင့်ခရစ်ယာန်ဘာသာရေးခံယူချက်များမှထွက်လာရန်ဖိတ်ခေါ်လျက်ရှိသည်။ ခရစ်    တော်သည် ခရစ်ယာန်ကျမ်း၏အမှန်တရားကိုသာကျင့်စောင့်လိုက်လျှောက်သည်။)

(၅)      နောက်ဆုံးသောခေတ်၌ရှိသော အသင်းတော်သည် အရေးကြီးကြောင်းကိုသိ၍ ခရစ်တော်       ကြွလာခြင်းနီးကြောင်းကို သွန်သင်ပြောပြရန်လုပ်ဆောင်သောသူများဖြစ်သည်။

(၆)      နောက်ဆုံးသောခေတ်၌ရှိသော အသင်းတော်သည် ဘုရားသခင်ပေးတာဝန်ကို သိလျက်         ဧဝံဂေလိလုပ်ငန်းများ ကိုတစ်တပ်တစ်အားလုပ်ဆောင်သောသူများဖြစ်သည်။ အကြောင်းမှာ           ဗာဗုလုန်ကြီးသည်ပြိုလဲသောကြောင့်ဖြစ်သည်။ နောက်ဆုံးခေတ်ရှိအသင်းတော်များမှာ ခရစ်     ယာန်ဘာသာရေးရှုပ်ထွေးမှု၊ ဘုရားသခင်၌ရှုပ်ထွေးမှု၊ အယူဝါဒအတွေးအခေါ် ရှုပ်ထွေးမှု၊           အကျင့်တရားနှင့်ထုံးတမ်းစဉ်လာတို့၏ရှုပ်ထွေးမှုကြောင့် ဗျာ၊ ၁၈:၄ ၏ဖိတ်ခေါ်သံကို နား      ထောင်၍ ထိုရှုပ်ထွေးသောခရစ်ယာန်ဘာသာရေးဂိုဏ်းများမှထွက်လာပြီး ဘုရားသခင်၏လူ        များနှင့်ပူးတွဲ၍ ဧဝံဂေလိတရားများကို လုပ်ဆောင်ရမည်။ ကောင်းကင်တမန်သုံးပါး၏      သတင်းစကားအရ၊ နောက်ဆုံးခေတ်ရှိအသင်းသားအသင်းသူတို့သည် ယောဟန်နှင့်လက်တွဲ           ၍ သူ၏အားပေးချက်စကားကိုလက်ခံဝေငှရန်ဖြစ်သည်။ “ငါတို့သည် အဖဘုရားသခင်နှင့်           လည်းကောင်း၊ သားတော်ယေရှုခရစ်နှင့်လည်းကောင်း မိတ်သဟာယဖွဲ့ ရသည်ဖြစ်၍ သင်တို့ သည် ငါတို့နှင့်မိတ်သဟာယဖွဲ့စေခြင်းငှါ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသ          ကြ၏။ သင်တို့၏ဝမ်းမြောက်စရာအကြောင်းစုံလင် ခြင်းငှါလည်း ဤအရာများကိုငါတို့သည်        ရေးလိုက်ကြ၏” (၁ယော ၁း၃၊ ၄)။ ခရစ်တော်၏ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ သူ၏       အလင်းတော်ဖြင့်လည်းကောင်း သင့်အားယနေ့သူ၏တရားလုပ်ငန်းတွင်လုပ်ဆောင်ရန် ဖိတ်      ခေါ်ပါသည်။ “ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးကလာခဲ့ပါဟုဆိုကြ၏။ ကြားသော    သူကလည်း လာခဲ့ပါဟုဆိုပါစေ။ ရေငတ်သောသူသည်လာပါစေ၊ အလိုရှိသောသူသည်           အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ” (ဗျာ၊ ၂၂း၁၇)။

၄။       ရိတ်သိမ်းသောအချိန်နှစ်ချိန်

          ကောင်းကင်တမန်သုံးပါးတို့၏ သတင်းစကားအဆုံးတွင် ခရစ်တော်သည် လောကမြေကြီးသို့ ကြွလာ၍ ကယ်တင်ခြင်း ခံရမည့်သူကိုရိတ်သိမ်းမည် (ဗျာ၊ ၁၄း၁၄-၁၆)။ ရိတ်သိမ်းအပြီးတွင် ခရစ် တော်သည် ကယ်တင်ခြင်းခံရသောသူများကို ကောင်းကင်ရွှေပြည်သို့ပို့ဆောင်မည် (ယောဟန် ၁၄း၁-၃)။ ခရစ်တော်သည် အပြစ်နှင့်ဖျားနာခြင်း၊ စိတ်မသာညည်းတွားခြင်း၊ သေခြင်းတို့ကို အဆုံးစီရင် တော့မည်။ သန့်ရှင်းသူတို့သည် ထာဝရဘုရားသခင်နှင့်ကောင်းကင်နိုင်ငံတွင်ရာသက်ပန်နေသွားမည် ဖြစ်သည် (ဗျာ၊ ၂၁း၁-၄)။

          ခရစ်တော်သည်လည်း အပြစ်သားများတို့ကိုသူကြွလာသောအခါ၌ ရိတ်သိမ်းမည်ဖြစ်သည်။ “ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်၌ရှိသောဗိမာန်တော်ထဲကထွက်၍ သူ၌လည်းထက် သောတံစဉ်ပါ၏။ မီးကိုအစိုးရသောကောင်းကင် တမန်တစ်ပါးသည် ယဇ်ပလ္လင်ထဲကထွက်၍ ထက် သောတံစဉ်ပါသောသူကို ကြီးစွာသောကြွေးကြော်ခြင်းနှင့်ခေါ်လျက် သင်၏ထက်သောတံစဉ်ကို လွှတ်၍ မြေကြီး၏ စပျစ်သီးပြွတ်တို့ကိုရိတ်လော့၊ အသီးမှည့်ပြီဟုပြောဆို၏။ ကောင်းကင်တမန် သည်လည်း မိမိတံစဉ်ကိုမြေကြီး၌သွင်း၍ မြေကြီး၏စပျစ်သီးကိုရိတ်ပြီးမှ ဘုရားသခင်၏ အမျက် တော်တည်းဟူသော နယ်ရာတန်ဆာကြီးထဲသို့ချလေ၏။ မြို့ပြင်၌နယ်ရာတန်ဆာကိုဖိနင်း၍ အသွေး သည် တစ်ဆယ့်ခြောက်ယူဇနာခရီးတစ်လျှောက်လုံး၌ မြင်းဇက်ကြီးကိုမီသည်တိုင်အောင် နယ်ရာ တန်ဆာထဲကထွက်လေ၏” (ဗျာ၊ ၁၄:၁၇-၂၀)။ ဤအချိန်သည် ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းသော ဖျက်ဆီးခြင်းအချိန်အခါဖြစ်သည်။ ခရစ်တော်အတွက်အထူးဝမ်းနည်းဖွယ်ရာဖြစ်ရခြင်းမှာ အပြစ်သား များတို့သည် ခရစ်တော်၏ကယ်တင်ခြင်းကို ငြင်းပယ်သောကြောင့်ဖြစ်သည်။ ခရစ်တော်သည်သည်းခံ ခြင်းရှိ၍ အဘယ်သူမျှပျက်စီးခြင်းသို့ရောက်ရန်မလိုလားပါ။ လူအားလုံးတို့သည် နောင်တတရားဖြင့် ပြန်လာဖို့ကိုသာ ၂ပေ၊ ၃း၉ တွင်ဖေါ်ပြထားသည်။

          ခရစ်တော်သည် လောကမြေကြီးသို့ဆင်းသက်ကြွလာ၍ ရိတ်သိမ်းသောအခါ မည်သည့် ရိတ်သိမ်းခြင်းမျိုးတွင် သင်ပါဝင်မည်နည်း။ သင်သည်မှည့်သောစပါးကိုရိတ်သိမ်းသောလူအစုအဝေး တွင် ထာဝရကယ်တင်ခြင်းနှင့်ပါဝင်မည်လော (ဗျာ၊ ၁၄:၁၃-၁၆)။ သို့တည်းမဟုတ် စပျစ်သီးနယ်ရာ ပျောက်ဆုံးသောလူစုတွင်ပါဝင်မည်လော (ဗျာ၊ ၁၄:၁၇-၂၀)။ အဖြေဖေါ်ပြရာမှာ ရှင်းလင်းပြတ်သားပါ သည်။ တစ်ဖက်၌ခရစ်တော်သည် သင့်အားဖိတ်ခေါ်လျက်ရှိပါသည်။ ဖြောင့်မတ်သောသူတို့သည် ဘုရားသခင်ကိုလည်းကောင်း၊ သူ၏ပညတ်ကိုလည်းကောင်း ယေရှု၏ယုံကြည်ခြင်းကိုလည်း ကောင်း နားထောင်သောသူများဖြစ်သည် (ဗျာ၊ ၁၄း၁၂)။ တစ်ဖက်၌ကား လူ၏ခေါ်သံများဖြစ်၍ ခရစ်ယာန် ကျမ်းစာတစ်ခုလုံးကို နားထောင်ရန်မလိုကြောင်းနှင့် ဘုရားသခင်၏ ပညတ်တော်တို့သည် စောင့် ရှောက်ရန်မလိုကြောင်းနှင့် အရေးမကြီးကြောင်းကို ကြားရလိမ့်မည်။ ပိလတ်မင်း၏ တရားစီရင်ရာ ရုံးခန်းတွင် အလားတူစီရင်သတ်မှတ်ချက်များကို ကြားဖူးပါလိမ့်မည်။ တစ်ဖက်၌ ခရစ်တော်ရှိ၏။ တစ်ဖက်၌ကား ဗာရဗ္ဗရှိ၏။ ဤလူနှစ်ဦးတို့သည် လူထု၏ ဆုံးဖြတ်ချက်ကို ဝမ်းနည်းစွာဖြင့်ခံယူရမည် ဖြစ်သည်။ ပိလပ်မင်း၏ထွက်ပေါ်လာသောအသံကား၊ ဤလူနှစ်ဦးတွင် မည်သူကိုလွှတ်ရမည်နည်း။ လူထု၏ ထွက်ပေါ် လာသောအသံကြီးကား ဗာရဗ္ဗကိုလွှတ်ပါ။ ပိလပ်မင်း၏နောက်ဆုံးမေးခွန်းမှာ ငါသည် ခရစ်တော်ဟုခေါ်သောယေရှုကို မည်ကဲ့သို့ပြုရမည်နည်း။ အသံတညီတညွတ်တည်းဖြင့် အော်သံကြီးမှာ ခရစ်တော်ကိုကားစင်တင်ပါ။ ခရစ်တော်အပြစ်မရှိသောပုဂ္ဂိုလ်သည် ကားစင်တင်ခြင်း ခံရ၍ ဗာရဗ္ဗအပြစ်ရှိသူငရဲသားသည်လွတ်မြောက်သွားသည်။ (မဿဲ ၂၇း၂၀-၂၆ ကို ဖတ်ပါ)။ သင်သည် ယနေ့အဘယ်သူကိုရွေးမည်နည်း။ ဗာရဗ္ဗ (သို့မဟုတ်) ခရစ်တော်၊ မည်သူ့ကိုရွေးမည်နည်း။ သင်သည် ယနေ့လူပြုလုပ်သောအတွေးအခေါ်သဘောတရားနှင့်သွန်သင်ခြင်းများသည်           ဘုရားသခင်၏ပညတ်တော်နှင့်ယေရှု၏ထာဝရ ဧဝံဂေလိတရားများကို ဆန့်ကျင်လျက်နှင့် မည်သည့်အရာကိုရွေးမည်နည်း၊ (သို့တည်းမဟုတ်) ဘုရားသခင်၏ ပညတ်တော်ကို နားထောင်၍ ခရစ်တော်၏ယုံကြည်ခြင်း၌ တည်ရှိမည်လား။ ခရစ်တော်သည် သူ၏ကတိတော်အတိုင်း သန့်ရှင်း သောဝိညာဉ်တော်ကိုပေးမည်ဟုရှိလျက်နှင့် အခက်အခဲပြဿနာများကို ဖြေရှင်းပေးရုံမကဘဲ သင်၏ လိုအင်ဆန္ဒများအားလုံးကိုဖြည့်စွက်ပေးနိုင်သောသန့်ရှင်းသောဝိညာဉ်တော်ကိုလက်ခံမည်လား။

 

ရှာဖွေတွေ့ရှိခြင်း (၂၆) အဖြေလွှာ

ယနေ့ကျွန်ုပ်တို့အတွက် ဘုရားသခင်၏အထူးသတင်းစကားများရှိပါသလား

 

မှန်သောစာကြောင်းရှေ့တွင် ကြက်ခြေခတ် (x) ပေးပါ။

၁။       ကမ္ဘာကြီးပေါ်တွင် မှန်သောယုံကြည်ချက်ဘယ်နှစ်ပါးရှိပါသနည်း။

          --------- တစ်ပါး။

          --------- သုံးပါး။

၃။    ဘုရားသခင်သည် ကျွန်ုပ်တို့နေ့ရက်အချိန်အခါအတွက် အထူးသတင်းရှိသည်။ ခရစ်ယာန်       ကျမ်းချက်တွင် တွေ့ရသည်။

          --------- ဗျာ၊ ၁၄:၆-၁၆။

          --------- ခရစ်ယာန်ကျမ်းစာတွင်ပျောက်နေသောစာအုပ်တွင်။

          သတင်းစကားအရ၊ နောက်ဆုံးသောနေ့ရက်၌ရှိသောဘုရားသခင်၏အသင်းတော်သည်။

          --------- ဗျာ၊ ၁၄ ရှိဧဝံဂေလိသတင်းစကားကိုတစ်ကမ္ဘာလုံးကြေညာမည်။

          --------- ဘုရားသခင်သည် ဖေါက်ပြန်သောအသင်းတော်၏မှားယွင်းသောသွန်သင်ခြင်းများကို                  တားဆီးရန် မှာကြားသည်။ 

          ---------          ခရစ်တော်ကိုယ်တိုင်ဟောကြားခဲ့သောဧဝံဂေလိတရားကိုဟောရန်မှာကြားသည်။

          --------- ဘုရားသခင်၏ပညတ်တော်ကိုယုံကြည်ခြင်းဖြင့် ဧဝံဂေလိတရားကိုဟောသောသူတို့                အား ကမ္ဘာအနှံ့ဟောကြားရန်တာဝန်ပေးသည်။

၄။       --------- ခရစ်တော်လောကရိတ်သိမ်းခြင်းကိုပြုလုပ်ရန် အထူးစောင့်မျှော်လျက်ရှိပါသလား။

 

ဆုံးဖြတ်ချက်ချရန်မေးခွန်း

          သင်သည် နောက်ဆုံးသောနေ့ရက်တွင် ဘုရားသခင်၏လူဖြစ်လိုသောဆန္ဒရှိပါသလား။

-------------------------------------------------------------------------------------------------------------------------

          သင်သည် ခပ်သိမ်းသောသွန်သင်ချက်အတိုင်း ခရစ်တော်သတ်မှတ်ထားသည့်တရားကို နား ထောင်၍ သူ၏ ပညတ်များတို့ကိုလည်း ပညတ်လေးပါးတစ်ပါးအပါအဝင် ဥပုသ်နေ့ကို သန့်ရှင်းစေ ခြင်းငှါ ထိုနေ့ရက်ကိုစောင့်လော့ ဟူသောတရားကိုလိုက်လျှောက်ရန် ဆန္ဒရှိပါသလား။

-------------------------------------------------------------------------------------------------------------------------

ထင်ရှားသေသပ်စွာရေးပါ

အမည်-----------------------------------------------------------

လမ်းနှင့်အိမ်အမှတ်--------------------------------------------

မြို့----------------------------------------------------------------

နယ်---------------------------------------------------------------

ကိုးကွယ်သည့်ဘာသာ-----------------------------------------

 





No comments:

Post a Comment