အခန်း (၃၁)
လူမျိုးအသီးသီးတို့အတွက်
ပုရောဖက်ဟေရှာယ၏ ]သတင်းကောင်း}
လူသည် ဇာတိမျိုးရိုးအားဖြင့် အာဗြဟံ၏ ဆွေစဉ်မျိုးဆက်
မဟုတ်သော်လည်း ထာ၀ရဘုရားသခင်၏ ဣသရေလလူမျိုးတွင် ရေတွက်ဝင်ခွင့်ရှိကြောင်း သတင်း
ကောင်းကို ပုရောဖက်ဟေရှာယသည် ယုဒလူမျိုးတို့အား ရှင်းလင်းပီသစွာတင်ပြပြော ဆိုရန်
ဘုရားသခင်က တာဝန်ပေးထားပါသည်။ ထိုခေတ်ထိုအချိန်မှာ ထိုသွန်သင်ချက် သတင်းကောင်းသည်
ခေတ်အခါနှင့် မညီညွတ်ပေ။ ရေပန်းမစားပါ။ သို့တိုင်အောင် လည်း ဟေရှာယသည်
ရဲတင်းစွာဖြင့် ထိုသတင်းကောင်းကို ကြွေးကြော်သဖြင့် ဝိညာဉ် ရေးမှာ
အာဗြဟံ၏မျိုးစေ့နှင့်ဆိုင်သော ကောင်းချီးမင်္ဂလာကတိတော်မြတ်ကို လိုလား တောင့်တသူတို့၏ စိတ်နှလုံးသား အိမ်များ၌
မျှော်လင့်ချက်ရောင်ခြည်သန်းရပါသည် မဟုတ်ပါလော။
ဤအရာနှင့် ပတ်သက်၍ ပေါလုပြောခဲ့သည်မှာ ]ဟေရှာယသည် သာ၍
ရဲရင့်စွာ ဆိုသည်ကား ငါ့ကို မရှာသောသူတို့သည် ငါ့ကို တွေ့ရကြ၏။ ငါ၏ အကြောင်းကို
မမေးမြန်းသောသူတို့၌ ငါထင်ရှားသည် ဟုဆို၏။}
(ရောမ ၁ဝး ၂၀)။
ထာ၀ရဘုရား သခင်သည် တစ်ပါးအမျိုးသားတို့အတွက် အကြံအစည်ရှိကြောင်းကို ဣသရေလ လူမျိုး
တို့သည် နားမလည်ချင်ပုံရပါသည်။ တစ်ပါးသူတို့ ကောင်းချီးမင်္ဂလာရရှိဖို့ကိုလည်း
ဣသရေလတို့ အလိုမရှိကြပါချေ။ သို့တိုင်အောင်လည်း ထာ၀ရဘုရားသခင်သည်
လောကလူသားတစ်နွယ်လုံးအတွက် ဆောင်ရန်ရည်ရွယ်ချက်ဖြင့် သူတို့အားလွတ်လပ် သော
နိုင်ငံသားများအဖြစ် တည်ထောင်ပေးခဲ့ခြင်းဖြစ်ပါသည်။ သူတို့၏အဘအာဗြဟံ သည်
တစ်ပါးအမျိုးသားတို့အတွက် အလင်းပေးရန်ရည်ရွယ်ချက်ဖြင့် ရွေးနုတ်ခြင်းကို ခံခဲ့ရပြီ
မဟုတ်လော။ သူ့အားဖြင့်ရရှိသည့် ကောင်းချီးမင်္ဂလာများသည် သမုဒ္ဒရာ
သဲလုံးနှင့်အမျှ များပြားသော ကမ္ဘာ့လူမျိုးနွယ်တို့နှင့်လည်းဆိုင်ပေ၏။ ခါနာန်ပြည်မှာ
လူမျိုးကြီးတစ်စုကို
ဦးစီးသည့်ဖခင်အဖြစ်နှင့်သာ တစ်ကိုယ်ကောင်းဆန်ဆန် ကြံရွယ် ထားရှိဖို့
မဟုတ်သေးပါ။ထာ၀ရဘုရားသခင်သည် သူနှင့် ကတိပဋိညာဉ်ဖွဲ့ရာ၌ ကမ္ဘာ အနှံ့မှာရှိသော
တိုင်းပြည်အသီးသီးတို့ ပါဝင်ကြလေသည်။ ]ငါသည် သင့်ကိုလူမျိုး ကြီးဖြစ်စေမည်။
ငါကောင်းချီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းချီးခံရသောသူ
ဖြစ်လိမ့်မည်။} (ကမ္ဘာ ၁၂း၂)။
ကတိပေးထားခဲ့သည်အတိုင်း အာဗြဟံ၏ မယားစာရာသည် သားဣဇာက်ကို
မမွေးဖွားမီအချိန်တိုလေးအတွင်းမှာ လူသားတစ်နွယ်လုံးအတွက် ထာ၀ရဘုရားသခင် ၏
အကြံတော်ကို ထပ်မံ၍ ရှင်းလင်းစွာမြွက်ဆိုခဲ့ပါသေးသည်။ ]အာဗြဟံသည် ကြီး မြတ်၍
တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့်
ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။} (ကမ္ဘာ ၁၈း၁၈)။
ဤပဋိညာဉ်ဝေါဟာရ စကား သည် ကမ္ဘာ့နိုင်ငံအသီးသီးကို
ကောင်းချီးမင်္ဂလာဖြစ်စေရပါသည်။(ကမ္ဘာ ၁၈း၁၈)။ ထာ၀ရဘုရားသခင်၏ နာမတော်ကို
]မြေကြီးတစ်ပြင်လုံးတွင်} ကျော်စောစေခြင်းငှါ
ပြုရမည်မဟုတ်လော။ (ထွက် ၉း၁၆)။ ထိုရည်ရွယ်ချက်ဖြင့် ထာ၀ရဘုရားသခင်သည် ဣသရေလတို့ကို
ကျွန်ခံရာ အီဂျစ်ပြည်မှကယ်နုတ်၍ ချီးမြှောက်ခဲ့ပြီ။ သူတို့သည် ထာ၀ရဘုရားသခင်၏
စကားတော်ကို နားထောင်ပါက လူမျိုးတကာတို့ထက် ပညာ ထက်ပေမည်။ သို့သော်လည်း
ဤအခွင့်အရေးသည် ဘုရားသခင်၏ အကြံတော် အ တိုင်း ]ကမ္ဘာ့ လူမျိုးနွယ်အသီးသီး} ဆီသို့ ပြည့်စုံစေပါမှ ဟူသော အခြေအနေပေါ်၌
ထိန်းချုပ်ထားလေသည်။
ဣသရေလလူတို့အား ကျွန်ခံရာအီဂျစ်ပြည်မှ
ကယ်နုတ်ပို့ဆောင်ခဲ့ပြီး နို့နှင့် ပျားရည်စီးဆင်းရာ ခါနာန်ပြည်မှာ လွတ်လပ်သော
နိုင်ငံသားများအဖြစ် ထာ၀ရဘုရား သခင်က တည်ထောင်ပေးခဲ့ပုံကို ကြားသိမြင်တွေ့ရသော
တစ်ပါးအမျိုးသားနိုင်ငံ များစွာက ဣသရေလတို့၏ ဘုရားသခင်သည် အနှိုင်းမဲ့အုပ်စိုးသူရှင်ဘုရင်ကြီးတစ်ပါး
ဖြစ်ကြောင်း နားလည်သိမှတ်ထားကြလေပြီ။ စိတ်နှလုံးခိုင်မာလှပါသည်ဟု ဆိုသော
ဖာရောဘုရင်သည် ပင်လျှင် မောရှေအားဖြင့် ထာတရဘုရားသခင်၏ အနှိုင်းမဲ့တန်ခိုး တော်ကို
အသိအမှတ်ပြုခဲ့ရပါသည်။ (ထွက်မြောက် ၇း၅)။ ]သင်တို့တောင်းသည် အ တိုင်း ထာ၀ရဘုရားသခင်အားသွား၍
ဝတ်ပြုကြလော။ ငါ့ကိုလည်း ကောင်းချီးပေးကြ လော့ဟု မိန့်တော်မူ၏။} (ထွက်မြောက် ၁၂း၃၁၊ ၃၂)။
ဣသရေလလူမျိုးတို့ ချီလေရာတစ်လျှောက်မှာ တန်ခိုးကြီးသော
ထာ၀ရဘုရား သခင်၏ လက်တော်သည် အမြဲပင်ပို့ဆောင်လမ်းပြနေသည်ကို တွေ့ရ၏။ ထိုအခြင်း
အရာကို ဆိုးယုတ်သော ယေရိခေါမြို့နေ တစ်ပါးအမျိုးသမီး တစ်ယောက်သော်မှ ဤသို့လျှင်
သက်သေခံ၏။ ]သင်တို့၏ (ဣသရေလ) ထာ၀ရဘုရားသခင်သည် အထက် ကောင်းကင်ဘုံ၌လည်းကောင်း၊
အောက်အရပ်မြေကြီး၌လည်းကောင်း အစိုးရသော ဘုရားသခင်ဖြစ်တော်မူ၏။} (ယောရှု ၂း၁၁)။ ထိုသို့သက်သေခံခဲ့သောသူ ]ပြည်တန် ဆာရာခပ်သည်
မယုံကြည်သော သူတို့နှင့် အတူမပျက်စီးဘဲ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ၏။} (ဟေဗြဲ ၁၁း၃၁)။ မိမိ၏ ပြောင်းလဲခြင်းသည်လည်း မိမိတစ်ယောက်
တည်း အတွက်သာမက မိမိနှင့်ပတ်သက်သူများလည်း ပါဝင်ခွင့်ရှိကြပါ၏။ တစ်ပါး
အမျိုးသားဖြစ်ကြသော ဂိဗေါင်လူတို့သည်လည်း မိမိတို့၏ သာသနာပယဇ် နတ်ကိုး
ကွယ်ယုံကြည်မှုကို စွန့်လွှတ်ကာ ဣသရေလလူတို့နှင့် ပေါင်းစည်းသဖြင့် ဘုရားသခင်
နှင့် ကတိပြုထားသော ပဋိညာဉ်၏ ကောင်းချီးမင်္ဂလာများကိုလည်း ဝေမျှခံစား ကြရလေသည်။
ထာ၀ရဘုရားသခင်သည် လူမျိုး၊ ဘာသာစကား၊ ဇာတ်နိမ့် ဇာတ်မြင့်
ခွဲခြားမှု ရှိသမျှတို့ကို အသိအမှတ်မပြုပါချေ။ လူသားမှန်သမျှသည်
ဖန်ဆင်းခြင်းအားဖြင့် တစည်းတလုံးတည်းဖြစ်၏။ ကယ်တင်ရွေးနုတ်ရာ၌လည်း
အားလုံးအတွက်ဖြစ်လေ သည်။ သခင်ခရစ်တော်ကိုယ်တော်တိုင်က ကြားခံဖြစ်သော အုတ်နံရံမှန်သမျှနှင့်
ဗိမာန် တော်ပရဝဏ်အတွင်း နေရာခွဲခြားမှုကိုပြုသော ကန့်လန့်ကာအခန်းရှိသမျှကို ဖျက်
သိမ်းရန် ကြွဆင်းလာခဲ့သည်မဟုတ်လော။ သို့ဖြစ်၍ အသက်ဝိညာဉ်တိုင်းသည် ထာ၀ရ ဘုရားသခင်၌
လွတ်လပ်စွာ တစ်နေရာတည်းသို့ အတူတကွချဉ်းကပ်နိုင်ခွင့် ရှိနေပါပြီ။ ထာ၀ရဘုရားသခင်၏
ချစ်ခြင်းမေတ္တာတော်သည် ကျယ်ဝန်းလှ၏။ နက်ရှိုင်းလှပေစွ။ ပြည့်၀စုံလင်လှသဖြင့်
နေရာအနှံ့ကို ထွင်းဖောက်ဝင်ရောက် လွှမ်းမိုး နိုင်စွမ်းရှိလေ သည်။
စာတန်နတ်ဆိုးမင်း၏ သေမင်းအရိပ်လွှမ်းမိုးရာ ချိုင့်ဝှမ်းအရပ်လေး မျက်နှာ လုံးသည်
ရှေ့တော်မှောက်တွင် ကွယ်ပျောက်ရ၏။ ထာ၀ရဘုရားသခင်၏ ပလ္လင်တော်မှ ထွက်ပေါ်လာသော
မေတ္တာရောင်ခြည်တော်သည်လည်း ကမ္ဘာ့နေရာအနှံ့ကို ထိန်လင်း စေပါ၏။ သို့ဖြစ်ရကား
ဆာလံဆရာသည် ဤသို့လျှင် ကျူးအေးခဲ့လေပြီမဟုတ်လော။ ]မြေကြီးစွန်းရှိသမျှတို့သည်
သတိရ၍ ထာ၀ရဘုရားသခင်ထံတော်သို့ ပြောင်းလဲကြ လိမ့်မည်။ လူအမျိုးအနွယ် အပေါင်းတို့သည်
ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်။} ]အဲသီယိုးပီးယားပြည်သည်
မိမိလက်တို့ကို ဘုရားသခင်ထံတော်သို့ အလျင်အမြန် ဆန့်ရပါစေသော်၊} ]တစ်ပါးအမျိုးသားတို့သည် ထာ၀ရဘုရားသခင်၏ နာမတော်ကို
လည်းကောင်း၊ လောကရှင်ဘုရင်အပေါင်းတို့သည် ဘုန်းတော်ကိုလည်းကောင်း ကြောက်
ရွံ့ကြပါလိမ့်မည်။} ]ချုပ်ထားသောသူ၏
ညည်းတွားသံကိုနားထောင်ခြင်းငှါ လည်းကောင်း၊ သေရမည့်သူတို့ကို
လွှတ်ခြင်းငှါလည်းကောင်း အတိုင်းတိုင်းပြည်ပြည် သော လူမျိုးတို့သည်
ထာ၀ရဘုရားသခင်၏ဝတ်ကိုပြုလျက် စုဝေးကြသောအခါ ဇိအုန်တောင်ပေါ်၊ ယေရုရှလင်မြို့၌
ထာ၀ရဘုရားသခင်၏ နာမဝော်နှင့် ဂုဏ် ကျေးဇူးတော်ကို ထင်ရှားစေခြင်းငှါလည်းကောင်း၊
သန့်ရှင်းရာဌါနတော် အထွတ်က ငုံ့ကြည့်တော်မူ၍ ကောင်းကင်ပေါ်က ထာ၀ရဘုရားသခင်သည်
မြေကြီးကို ရှုမှတ် တော်မူ၏။} (ဆာလံ ၂၂း၂၇။
၆၈း၃၁။ ၁၀၂း ၁၅၊ ၁၉-၂၂)။
အကယ်၍သာ ဣသရေလလူမျိုးသည် မိမိတို့အား အပ်နှင်းထားခဲ့သော အ
ခွင့်ထူးကို သစ္စာရှိမှန်ကန်စွာ တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်သွားချေက ကမ္ဘာ
အဝန်းရှိ နိုင်ငံအသီးသီးတို့သည် မိမိအားဖြင့် ကောင်းချီးမင်္ဂလာအဖြာဖြာကို ခံစားရ
ရှိမည်ဖြစ်ပါသည်။ သို့သော် ထိုသူတို့သည် ထိုကဲ့သို့မဟုတ်။ ထာ၀ရဘုရားသခင်၏
အကြံအစည်တော်ကို မျက်ခြည်ပြတ်သဖြင့်၊ ကရုဏာတော်ကို ခံစားဖို့ရန် မထိုက်
တန်သောအဖြစ်ဖြင့်၊ တိုင်းတစ်ပါးသားတို့၏ နှာခေါင်းရှုံ့ရသော အဖြစ်သို့ ဆိုက်
ရောက်ရ၏။ တစ်ပြည်လုံးသည်လည်း ပညာအတတ်မရှိ၊ မသိနားလည်သူတို့ကို တိုး ပွားကာနေ၏။
ထာ၀ရဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို လူအနည်းငယ်ကသာ သိနားလည်ကြပါသည်။ သို့ဖြစ်၍
မှားယွင်းခြင်းအမှု၊ အယူသီးခြင်းအမှုတို့ ပေါများ ကြွယ်၀ရသည် မဟုတ်ပါလား။
ဤသို့လိုအချိန်မျိုးမှာ ပုရောဖက်ဟေရှာယသည်တာဝန်ကို
ထမ်းဆောင် နေ ရသည်။ သို့တိုင်အောင်လည်း သူသည် စိတ်ဓါတ်ကျဆင်းခြင်းမရှိ၊ ကောင်းကင်
တမန်သရပ်များ၏ ချီးမွမ်းခြင်း သီချင်းသံတို့ကိုပင် ကြားယောင်နေမိလေသည်။
]မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏။}
(ဟေရှာယ ၆း၃)။
]ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာ၀ရဘုရားသခင်ကို
သိကျွမ်းခြင်း ပညာနှင့် ပြည့်စုံလိမ့်မည်}
(ဟေရှာယ ၁၁း၉)
ဟူသော ထာ၀ရဘုရားသခင်၏ အသင်းတော်အားဖြင့် ဘုန်းဝင့်သော အောင်မြင်ခြင်း
မြင်ကွင်းကိုလည်း ဟေရှာယသည် မြင်တွေ့ရသဖြင့် ယုံကြည်ခြင်းမှာ စိတ်အားကြီးလာခဲ့ရပါသည်။(ဟေရှာယ
၂၅း၇)
သုံ့ပန်းဘ၀ကလူများစွာကို
]သတင်းကောင်း} ကြားသိစေခြင်း
စိတ်နှလုံးခိုင်မာကာ အပြစ်မှ နောင်တရလိုစိတ်မရှိသော
ဂျူးလူမျိုး တို့ကြောင့် ထာ၀ရဘုရားသခင်သည် ထိုသူတို့အား တိုင်းတစ်ပါးမှာ
နေရာအနှံ့လှည့်လည် နေထိုင် ကြစေရန် စီရင်ပေးခြင်း၌ အကျိုးကျေးဇူး
ဖြစ်ထွန်းကြောင်းကို ပုရောဖက်သည် ညဉ့်
မြင်ကွင်း၌ မြင်တွေ့ခဲ့ရသည်။ ]သို့ဖြစ်၍ ငါလူတို့သည် ငါ့ကိုသိကြလိမ့်မည်} ဟု ထာ၀ရဘုရားသခင်သည် မြွက်ဆိုခဲ့ပြီ မဟုတ်လော။ (ဟေရှာယ
၅၂း၆။) ပြည်နှင် ဒဏ်ခံရစဉ် ကာလတစ်လျှောက် ဂျူးလူမျိုးတို့သည် မိမိတို့ကိုးကွယ်သော
ထာ၀ရ အသက်ရှင်သောဘုရားသခင်ကို တစ်ပါးသူတို့အား မျှဝေခွင့်ရရှိခဲ့ကြပါသည်။ ဘုရား
သခင်အကြောင်း လုံး၀မကြားဖူး ခဲ့သူများပင်လျှင် ထိုသခင်ကို ချစ်မြတ်နိုးတတ်လာ၍
ထိုသခင်ကို မိမိတို့၏ဖန်ဆင်းသူ၊ ကယ်တင်ရွေးနုတ်ပိုင်သူအဖြစ် လက်ခံယုံကြည်
လာကြပေသည်။ ထိုသခင်၏ ဖန်ဆင်းခြင်းတန်ခိုးတော်ကို အသိအမှတ်ပြုရုံမျှမက
အထိမ်းအမှတ်အနေဖြင့် ထားရှိကာ ဘုရားသခင်၏သန့်ရှင်းသော ဥပုသ်တော် နေ့ ကိုပင် စတင်၍
လက်ခံကျင့်သုံးလာကြပါ၏။ ဤသို့လျှင် ]မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏
ကယ်တင်တော်မူခြင်း ကျေးဇူးကို သိမြင်ကြလတ္တံ့}
(ငယ် ၁၀) ဟူသော
ပုရောဖက်စကားသည် မှန်ကန်လာပေ၏။ ဤလူတို့တွင် ယခင်က ရိုးရာ ဓလေ့ထုံးစံ၊ နတ်ဘုရား၊
စုန်းကဝေစသည်တို့ကို ဝတ်ပြုကိုးကွယ်ခဲ့ကြသူများ ဖြစ်၏။ ယခုလို ပြောင်းလဲလာကြသောအခါ
တိုသူတို့သည် ဣသရေလလူမျိုးတို့နှင့် ပူးပေါင်း ကာ အချိန်ကာလစေ့၍ နေပြည်တော်ရှိရာ
ယုဒပြည်သို့ ဣသရေလတို့ ပြန်လာ ကြသောအခါ ထိုသူတို့လည်း လိုက်ပါလာကြလေသည်။ (ဟေရှာယ
၅၆း၃)။ ထိုသူ တို့သည် ဝိညာဉ်ရေး ဆိုင်ရာ
ဣသရေလလူတို့ဖြစ်ကုန်ကြ၏။ ဤကမ္ဘာမြေကြီးပေါ်မှာ ဘုရားသခင်ခန့်အပ်ထားသော ဘုရားသခင်၏
အသင်းတော်စာရင်းဝင်ကြသူများ ပေ တည်း။
]ထာ၀ရဘုရားသခင် ထံတော်၌ အမှုစောင့်ခြင်း၊ နာမတော်ကို
ချစ်ခြင်း၊ ကျွန်တော်ရင်းဖြစ်ခြင်းအလိုငှါ၊ ထာ၀ရဘုရားသခင်၌ မှီဝဲသော
တစ်ပါးအမျိုးသားတို့ကို လည်းကောင်း၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍ ငါ၏
ပဋိညာဉ်ကို စွဲလမ်းသော သူအပေါင်းတို့ကိုလည်းကောင်း၊ ငါ၏သန့်ရှင်းသောတောင်သို့ငါဆောင်ခဲ့၍
ငါ၏ပတ္ထနာ အိမ်၌ ဝမ်းမြောက်စေမည်။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာ
အိမ်ဟုခေါ်ဝေါ်ကြ လတ္တံ့။} (ဟေရှာယ ၅၆း၆၊ ၇)။
ပုရောဖက်ကြီးသည် ရာစုနှစ်များစွာကြာပြီးမှ ပေါ်ထွန်းလာမည့်
မေရှိယသခင် ကို ကြိုမြင်ခွင့် ရရှိခဲ့ပါသည်။ ထိုစဉ်အခါမှာ လူများစွာတို့သည်
ပုရောဖက်အတု၊ ဆရာ ဖြစ်ယောင်ဆောင်သူများ နောက်သို့လိုက်ကာ လမ်းမှားသို့ရောက်ကြရသည်။
တချို့ မျာလည်း မသန့်ရှင်းသော အသက်တာပုံစံခွက်ထဲသို့ ရိုက်သွင်းပြီးသားဖြစ်၍နေ၏။
အမြင်အားဖြင့် မျှော်လင့်ချက်မရှိ၊ ဆုံးရှုံးလုပြီဟု ဆိုရမည်ဖြစ်ပါသည်။ ဤတွင်
ပုရော ဖက်ကြီးသည် အံ့ဩဖွယ်ည မြင်ကွင်းတစ်ခုကို မြင်တွေ့ရပြန်ပါသည်။ သူသည် ဖြောင့်
မတ်ခြင်းတရားတော်နေမင်းကြီး ယေရှုခရစ်တော်ကို တွေ့မြင်ခဲ့ရကား၊ ထိုမြင်ကွင်းမှာ
သူမွေ့လျော်၍ ဝမ်းမြောက်ဖွယ်ရာဟစ်ကြွေးခဲ့သည်မှာ ]မှောင်မိုက်ထဲမှာ သွားလာသော
လူများတို့သည် ကြီးစွာသောအလင်းကိုမြင်ရ၍ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသော သူတို့၌
အလင်းပေါ်ထွန်းလျက်ရှိ၏။} (ဟေရှာယ ၉း၁၊ ၂)။
ဤကဲ့သို့ဘုန်းတော်နှင့် ပြည့်၀စုံလင်သော
ကမ္ဘာအလင်းရှင်ကြီးသည် လူသား တစ်နွယ်လုံးဆီသို့ ထာ၀ရအသက်တည်းဟူသော
ကယ်တင်ခြင်းတရားကို ယူဆောင် လာပါ၏။ ဤအရာကို ထာ၀ရဘုရားသခင်က မိန့်မြွက်သည်ကို
ပုရောဖက်သည် ကြားနာ ခဲ့ရပေသည်။ ]သင်သည် ယာကုပ်၏ အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊
ဘေးလွတ် သော ဣသရေလသားတို့ကို ယခင်ကဲ့သို့ဖြစ်စေခြင်းအလိုငှါသာ ငါ့အမှုကို ဆောင်
ရွက်သော အမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက သင်သည် မြေကြီးစွန်းတိုင် အောင်
ငါ၏ကယ်တင်ခြင်းကိုပြုစိမ့်သောငှါ သင့်ကိုတစ်ပါးအမျိုးသားတို့ လင်းစရာဖို့
ငါခန့်ထားသည်ဟု မိန့်တော်မူ၏။} (ဟေရှာယ ၄၉း၆)
(ငယ် ၈၊ ၉၊ ၁၂ ကိုလည်းဖတ် ရှုပါ)။
ကယ်တင်ခြင်းသတင်းစကားသည် ကမ္ဘာအနှံ့သာသနာပြန့်မည်ကို
သူမြင်ရ၏။ ဧဝံဂေလိသတင်းကောင်းဆောင်သူ သခင်အစေခံတို့သည် ကမ္ဘာအစွန်းသို့ တိုင်အောင်
ဆောင်ကြဉ်သွားမည်မဟုတ်ပါလား။ ထိုအမိန့်တော်ကို ပုရောဖက်ကြီးသည်လည်း ကြား
နာခဲ့ရပြန်သည်။ ]သင်၏ တဲရာကိုကျယ်စေလော့။ သင်၏နေရာမျက်နှာ ကြက်ကို ကြက်ဦးလော့။
နှမြောသောစိတ်မရှိနှင့်။ ကြိုးတို့ကိုရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာ
စိုက်လော့။ အကြောင်းမူကား သင်၏အမျိုးအနွယ်သည် တစ်ပါးအမျိုးသားတို့ကို အမွေ ခံ၍
သူတို့၏ဆိတ်ညံသောမြို့တို့၌ နေကြလိမ့်မည်။}
(ဟေရှာယ
၆၆း၁၂၊ ၅၄း၂၊ ၃)။
]ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာ သတင်းကိုကြားပြောသောသူ၊
ကယ်တင် ခြင်းကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၏ ခြေတို့
သည် တောင်ပေါ်မှာအလွန်တင့်တယ်လှစွတကား။} (ဟေရှာယ ၅၂း၇)။
ထာ၀ရဘုရားသခင်၏ ဖိတ်ခေါ်သံကို ပုရောဖက်ကြီးဟေရှာယသည်
ရှင်းလင်း ပီပြင်စွာကြားခဲ့ရပါသည်။ ထိုသခင်ကြီး၏ထာ၀ရနိုင်ငံတော်သည်
တည်လုနီးပြီဖြစ်၍ လမ်းခရီးတော်တို့ကိုပြင်ဆင်ရန် လိုအပ်နေလေပြီ ဟူသော
သတင်းကောင်းပင်ဖြစ် ချေသည်။သင်ထလော။ သင်၏အလင်းရောက်လာပြီ။ ထာ၀ရဘုရားသခင်၏ ဘုန်း
တော်သည် သင်၏အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။ ကြည့်ရှုလော့။
မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်းလိမ့်မည်။ ထူထပ်သော မှောင်မိုက်သည် လူများကို
ဖုံးလွမ်းလိမ့်မည်။ သို့သော်လည်း သင်၏အပေါ်မှာ ထာ၀ရဘုရားသခင်သည် ပေါ်ထွန်းတော်မူ၍
ဘုန်း တော်သည် သင်၏အပေါ်မှာ ထင်ရှားလျက်ရှိလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည်
သင်၏အလင်းသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည် သင်၏ပေါ်ထွန်းခြင်းအရောင်သို့
လည်းကောင်း လာကြလိမ့်မည်။မြေကြီးစွန်းသားအပေါင်းတို့၊ ငါ့ကိုမျှော်ကြည့်၍ ကယ်
တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည်ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင်မရှိ။
(ဟေရှာယ ၆ဝး ၁-၃။ ၁၀း၁၁)။
အသင်းတော်သည်
လောကနိုင်ငံအရပ်ရပ်သို့
]သတင်းကောင်း}ကို ပို့ဆောင်ပေးနေခြင်း
ဤပုရောဖက်စကားသည်း ယခုအခါတွင် ပြည့်စုံလျက်နေပါပြီ။
အမှန်တရား အလင်းမရောက်သေးသော နေရာများဆီသို့ သာသနာပြုဆရာတို့သည် ခြေဆန့်ကြ ကုန်၏။
ကယ်ဆယ်ရေးပစ္စည်း၊ ရိက္ခာ၊ ဆေးဝါးစသည်တိုကို ပေးပို့ခြင်းအားဖြင့်လည်း သခင့်အတွက်
တစ်ဖက်တစ်လမ်းကနေအစေခံကြပေသည်။ ]ထိုကာလ၌ ထာ၀ရ ဘုရားသခင်သည် လက်တော်ကိုဆန့်၍
ကျန်ကြွင်းသော ကိုယ်တော်၏ လူတို့ကို (ကမ္ဘာတိုင်းနိုင်ငံများတို့မှ) ကယ်ယူခြင်းငှါ
တစ်ဖန်ပြုတော်မူလိမ့်မည်။ တစ်ပါးအမျိုး သားတို့အဖို့ အလံကိုထူတော်မူသဖြင့်
နှင်ထုတ်သော ဣသရေလအမျိုးသားနှင့် အရပ်ရပ်ကွဲပြားသော ယုဒအမျိုးသားတို့ကို မြေကြီးလေးမျက်မှာတို့မှာ
ခေါ်၍စု ဝေးစေတော်မူလိမ့်မည်။} (ဟေရှာယ ၁၁း၁၁၊
၁၂)။
လူမျိုးဘာသာစကားအသီးသီးတို့တွင် ထာ၀ရဘုရားသခင်သည်
ကြည့်ရှုတော် မူသည်တွင် တရားအလင်းအတွက် ဆုတောင်းနေကြသူများ ကိုတွေ့ရ၏။ ထိုသူ
တို့သည် မျက်ကန်းကဲ့သို့ ဖြစ်သတည်း။ သို့ရာတွင် နှလုံးသားမှာ ရိုးသားမှုရှိ၏။(၆ရာ
၁၆း၉)။ သူတို့ သည် ဘုရားသခင်၏ သားတော်ယေရှုခရစ်တော်ကိုမသိ။ ဘုရားသခင်၏ ပညတ်တော်
မည်သို့ ရှိကြောင်းကိုလည်းမသိပါဘဲနှင့် ထိုသူတို့၏ စိတ်နှလုံးအတွင်း သဏ္ဌာန်နှင့်
အကျင့်တို့မှာ ဘုရားသခင်၏ တန်ခိုးတော်ကို ခံယူနေသကဲ့သို့ ဖော် ကျူးနေ၏။ (ဟေရှာယ
၄၄း၂၀)။ ထိုသို့သော ဘုရားသခင်၏ကျေးဇူးတော်
လုပ်ရပ် များစွာတို့ကို သူတို့သည်လက်ခံကြသဖြင့် ထာ၀ရဘုရားသခင်၏ စေတမန်အစေခံ
များကဲ့သို့ အသက်ချမ်းသာရာ ရရှိကြလေသည်။ လူသည် သခင်ခရစ်တော်ကို မသိ သော်လည်း
အမှန်တရားနောက်သို့ လိုက်ရှာနေသဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏
ပြုပြင်ပြောင်းလဲမှုကို ခံယူရရှိသူများစွာ ရှိလေ၏။ ထိုဝိညာဉ်တော်၏ ဦးစီးမှုကို
ခံယူ ရရှိသောသူသည် မိမိ တတ်မြောက်ခဲ့သော အတတ်ပညာနှင့် မဆိုင်ပါ။ ]ခပ်သိမ်းသော
လူအပေါင်းတို့အား အလင်းကိုပေးသော သူအလင်းရှင်ကြီးသည်} (ယောဟန် ၁း၉) ထိုသူ၏အသက်တာမှာ လင်းနေသည်ကို သူသည်
သတိမူဂရုစိုက်မိပါက ထာ၀ရဘုရား သခင်၏ နိုင်ငံတော်သို့ ရောက်ရပေလိမ့်မည်။
သို့ဖြစ်၍လူသည် ပိုမို၍ အဆင့်မြင့်မားစွာ ဝိညာဉ်ရေး
အသက်တာကို လျှောက် လှမ်းလိုက ထာ၀ရဘုရားသခင်သည် ထိုသူအား
စိတ်ပျက်စေလိမ့်မည်မဟုတ်ပါ။(မိက္ခာ ၇း၈၊ ၉)။ ထိုသူထံသို့
ကောင်းကင်သားစေတမန်တို့ကို မပြတ်စေလွှတ်ကာ စိတ် ဓါတ်ကျဖွယ်အခြေအနေမျိုးမှာ ဝန်းရံ
ကာကွယ်ပေးလိမ့်မည်။ ဆင်းရဲခြင်းမှ လွတ် မြောက်လိုသည် သာမက
စိတ်ငြိမ်သက်ခြင်းချမ်းသာကို ရရှိအံ့သောငှါ ပို၍ အဆင့် မြင့်သော တန်ခိုးတော်ကို
ယုံကြည်စွာတောင်းချေကလည်း ပေးတော်မူမည်။ ထိုသူတို့ အတွက် မိမိ
ကိုယ်ကိုစွန့်သောသခင်သည် ထိုသူတို့ရှာဖွေနေသော ဘုရားသခင်၌ ယုံကြည်စိတ် ချထားမှုတည်ရှိသွားဖို့ရန်
ဘုရားသခင်သည် နည်းလမ်းစုံလင်စွာဖြင့် စီ မံပေးပါလိမ့် မည်။
တိုင်းတစ်ပါးသားတို့ပင် ဖြစ်ပလေ့စေ။
]သဘောဖြောင့်သောသူတို့အဖို့ မှောင် မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။
ထိုသို့သောသူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ်သော သဘောရှိ၍ တရားသဖြင့်
ပြုတတ်၏။} (ဆာလံ ၁၁၂း၄)။ သို့ဖြစ်၍
ထာ၀ရဘုရားသခင်သည် ဤသို့မိန့်မြွက်ခဲ့ပါပြီမဟုတ်လော။ ]မျက်စိကန်းသောသူတို့ကို
မိမိတို့မသိသောလမ်းဖြင့် ငါဆောင်မည်။ မိမိတို့မကျွမ်း သော ခရီး၌သွားစေမည်။
သူတို့ရှေ့မျာ မှောင်မိုက်ကိုလင်းစေမည်။ ကောက်သော လမ်းကိုလည်းဖြောင့်စေမည်။
ထိုသို့သော ကျေးဇူးကိုပြုမည်။ သူတို့ကို မစွန့်ပစ်။} (ဟေရှာယ ၄၂း၁၆)။
No comments:
Post a Comment