အခန်း (၃၈)
အားလုံးတော့မဆုံးရှုံးသေးပါတကား
ထာ၀ရဘုရားသခင်သည် ကရုဏာတော်ရှိသည်အတိုင်း မိမိ၏ထာ၀ရအကြံ
အစည်တော်ကို ယေရုရှလင်မှာ ရှိသောယေရမိ၊ ဗာဗုလုန်မှာ ရှိသောဒံယေလနှင့်
ခေဗာမြစ်နားမျာရှိနေသာ ယေဇကျေလတို့အားဖြင့် ရှင်းလင်းစွာဖော်ပြခဲ့လေသည်။
ကိုယ်တော်ဖွင့် ပြတော်မူသည်အတိုင်း ကိုယ်တော်အပေါ်သစ္စာစောင့်သိရိုသေသူများကို
အချိန်စေ့သောအခါ ဧကန်မုချပြည့်စုံစေပါလိမ့်မည်။(၁ပေ ၁း၂၃)။
အီဂျစ်ပြည်ကျွန်ဘ၀မှလွတ်မြောက်ကာ ထွက်ခွါလာသော ဣသရေလလူမျိုး
အတွက် ထာ၀ရဘုရားသခင်သည် မိမိ၏ပညတ်တရားကို သတိရစောင့်ရှောက်အံ့ သောငှါ စုံလင်စွာသော
စီမံကွပ်ကဲမှုကို ပြုပေးခဲ့လေသည်။ ခါနာန်ပြည်သို့ဝင်စား ပြီးသောအခါမှာလည်း
ဣသရေလအိမ်ထောင်မိသားစုတိုင်းမှာ နေ့စဉ်နှင့်အမျှ ထာ၀ရ ဘုရားသခင်၏
သွန်သင်ချက်ကျမ်းစာများကို ဖတ်ရွတ်လေ့ကျက်ခဲ့ရပါ၏။ အထူးဖြင့်
ထိုသွန်သင်ချက်များကို တေးဂီတသံစဉ်ဖြင့် သီချင်းပြု၍ ကျူးအေးကြပါသည်။ ထို
ပညတ္တိကျမ်း သွန်သင်ချက်ရှိသမျှကို ယဇ်ပုရောဟိတ်တို့က သွန်သင်ပေးရသလို အုပ်
ချုပ်သူမင်းတို့သည်လည်း နေ့တိုင်းအစဉ်လေ့လာ ကျက်မှတ်လိုက်နာစောင့် ရှောက်ရ ပေသည်။
ဤပညတ္တိကျမ်း ဥပဒေသတို့နှင့် ပတ်သက်၍ထာ၀ရဘုရားသခင်သည် ယောရှုအား
မိန့်တော်မူခဲ့သည်မှာ၊ ]ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်းကျင့် မည်ဟု
စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ည မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။
သို့ပြုလျှင် သင်သည်အကြံထမြောက်၍ အောင်မြင်လိမ့် မည်။} (ယောရှု ၁း၈)။
အကယ်၍သာ ဤအကြံပြုချက်အတိုင်း ခေတ်အဆက်ဆက်၊ ရာစုနှစ်များစွာ
မှာ ဂရုတစိုက်ကျင့်သုံးလိုက်နာချေက ဣသရေလရာဇဝင်မှာ တစ်မျိုးတစ်မည် ကွာခြား
ပြောင်းလဲသွားမည်မဟုတ်ပါလား။ ဒါဝိဒ်မင်းကြီးနှင့် သားတော်ရှောလမုန်မင်းကြီး၏
နန်းစံနှစ်ဦးပိုင်းများမှာ တိုင်းပြည်သည် သာယော၀ပြော၊ ငြိမ်သက်အေးချမ်းမှု ရှိခဲ့
ရသည်မှာ ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်းလိုက်နာစောင့်ရှောက်ခဲ့၍ မဟုတ်
လော။(ယောရူ ၈း၃၅)။ ပုရောဖက်ဧလိယနှင့်
ယုဒရှင်ဘုရင် ယောရှိတို့လက်ထက်မှာ လည်း အသက်ရှင်တော်မူသော ဘုရားသခင်၏
နှုတ်တော်ထွက်စကား၌ ယုံကြည်နား ထောင်ခြင်း အားဖြင့် သာသနာတော် သန့်စင်ရေးဘာသာတရား
ပြုပြင်ပြောင်းလဲနိုး ထမှုသည် ဖြစ်ခဲ့ရ၏။ ထိုကျမ်းစာရှိသမျှမှာ ဣသရေလတို့၏
ကြွယ်၀ဆုံးသော အ မွေတော်သည်ရှိ၍ ထိုအမွေတော်၏ အနှစ်သာရကို ပြည်သာတို့
ခံစားရစေဖို့အလို့ငှါ ပုရောဖက်ယေရမိသည် ကြိုးစားအားထုတ်လျက် အပူတပြင်း
အသနားခံတောင်းပန် ခဲ့သည်မဟုတ်ပါလား။ သူ၏တောင်းပန်ချက်ကို သတိရပါ။ ]ဤပဋိညာဉ်စကားကို
နား ထောင်ကြလော့။} (ယေရမိ ၁၁း၂)။
ခါလဒဲလူစစ်သူရဲတို့
နောက်ဆုံးအကြိမ်ယေရုရှင်မြို့တော်ကြီးကို လာရောက်
ဝန်းရံခြိမ်းခြောက်သောအခါမှာမူကား မြို့တွင်းသားလူအပေါင်းတို့၏ မျှော်လင့်ချက်မှာ
လုံး၀မဲ့သွားခဲ့ရသည် မဟုတ်လော။ သို့သော်လည်း ထာ၀ရဘုရားသခင်သည် မြို့
တော်တွင်းမှာရှိသော သစ္စာရှိအကျန်အကြွင်းတို့အတွက် မျှော်လင့်ချက်မဲ့သော စိတ်
ပျက်စရာ အခြေအနေမျိုးနှင့် စွန့်ပစ်၍မထားခဲ့ပါချေ။ ယေရမိပုရောဖက်ကြီးထောင်ဝင်း
အတွင်းရွှံ့နွံတွင်းမှာ ရှိနေခဲ့စဉ်အခါမှာပင် ပြည်သူပြည်သားတို့၏ အပြစ်ကို
ဖြေလွှတ်၍ ပြည်တော်ကို ကယ်တင်လိုသော ကောင်းကင်ဘုံ၏ ဆန္ဒသဘောထားနှင့် ပတ်သက် သော ဘုရားသခင်ပေးလတ်လတ်ဆတ်ဆတ်
မြင်ကွင်းကို ပုရောဖက်သည် မြင်တွေ့ ခဲ့ရပါသေးသည်တကား။
ယေရမိသည် လက်တွေ့ပြဥပမာနှင့်တကွ
ကံဆိုးမိုးမှောင်ကျရောက်နေသော မြို့တော်နေလူတို့ ရှေ့မှောက်မှာ ထာ၀ရဘုရားသခင်သည်
မိမိကိုယုံကြည်အားကိုး သော၊ မိမိလူတို့အဖို့ကြံစည်ထားသာ ဖြစ်ရပ်မှန်သတင်းကောင်းသည်
အချိန်စေ့သော အခါ ပြည့်စုံလာမည်ဖြစ်ကြောင်းကို သူသည် အမှန်တကယ်ယုံကြည်ကြောင်း၊
လူအားလုံးမှာလည်း ယုံကြည်နိုင်ကြောင်း သာဓကပြခဲ့ပါသည်။ ပုရောဖက်သည် လူ
သက်သေများရှေ့မှောက်၌ အာနုသုတ်မြို့အနားမှာ ရှိသောဘိုးဘေးပိုင်လယ်မြေကို ငွေပေး၍
ဝယ်ယူခဲ့လေသည်။ လူတိုင်း၏အမြင်အားဖြင့် ဗာဗုလုန်နိုင်ငံတော်၏ အုပ်
ချုပ်ရေးအောက်မှာ ရှိနေပြီဖြစ်သောထိုမြေကွက်ကို ငွေပေး၍ဝယ်ယူသည်မှာ ရူးမိုက်
ခြင်းအမှုတစ်ခုသာဖြစ်ပေ၏။ ပုရောဖက်ကိုယ်တိုင်ကလည်း ယေရုရှလင်မြို့တော်ကြီး သည်
ပျက်စီးလိမ့်မည်၊ ပြည်သူပြည်သားတို့သည် ဗာဗုလုန်နိုင်ငံတော်သို့ သုံ့ပန်း
အဖြစ်ခေါ်ဆောင်ခြင်းကို ခံရကြမည်ဟူသည့် ထာ၀ရဘုရားသခင်၏ အမိန့်တော်ကို ကြိုတင်ဟောထားခဲ့ပြီမဟုတ်လော။
ဤမြေကွက်အတွက် ရှေကလာမည့်နှစ်ပေါင်းများ စွာမှာ အဘယ်အကျိုးကျေးဇူးတစ်ခုမျှ
ခံစားရနိုင်ဖွယ်မရှိသည်မှာ ထင်ရှားလှပေသည်။ ဘယ်သောအခါမျှ မျှော်လင့်၍မရနိုင်ပါ။
မည်သို့ပင်ဖြစ်စေ ထာ၀ရဘုရားသခင်သည် မိမိ၏သုံ့ပန်းဘ၀ရှိ
သားသမီးတို့ အား ကတိတော်ထားရာပြည်တော်သို့ ပြန်လည်၍ ပို့ဆောင်တည်ဆောက်ပေးမည့်
အကြံအစည်တော်သည် ရှိနေပါကြောင်းကို ပုရောဖက်သည် အကြွင်းမဲ့အခိုင်အမာ
ယုံကြည်စိတ်ချစွဲလမ်းထားပြီ ဖြစ်ပါသည်။ ဤကား ယုံကြည်ခြင်းမျက်စိနှင့်
ရှုမြင်ခြင်း၏ လုပ်ဆောင်မှုတစ်ရပ်ပါတည်း။ အာနသုတ်လယ်မြေကို ဝယ်ယူခဲ့ခြင်းအားဖြင့်
တစ်နေ့ မှာ ပြည်တော်ပြန်ယုဒလူမျိုးတို့ရှိလိမ့်မည်အကြောင်း တစ်ပါးသူအား
မျှော်လင့်ချက် ပေးသလို မိမိ၏ စိတ်နှလုံးသားအိမ်ကိုလည်း နှစ်သိမ့်မှုရစေသည်
မဟုတ်ပါလား။
ဤသို့လျှင် ယေရမိသည် ထိုလယ်မြေကိုဝယ်၍
လယ်ဖို့ငွေတစ်ဆယ့်ခုနစ် ကျပ်ကို ချိန်၍ပေး၏။ စာအုပ်ကိုလည်းစီရင်၍ တံဆိပ်ဆတ်ပြီးမှ
သက်သေတို့ကို ခေါ်၍ ငွေကိုချိန်ခွင်နှင့်ချိန်ပေး၏။ ]တံဆိပ်ခတ်သော
ဤစာချုပ်တစ်စောင်နှင့် ဖွင့်ထားသော ဤလက်ခံတစ်စောင်ကိုယူ၍ ကာလကြာမြင့်စွာတည်နေစေခြင်းငှါ
မြေအိုး၌ထားလော့။ ကောင်းကင်ဗိုလ်ခြေ ထာ၀ရဘုရားသခင်မိန့်တော်မူသည်ကား၊ ဤပြည်၌အိမ်၊
လယ် ယာ၊ စပျစ်ဥယျာဉ်တို့ကို ပိုင်ရလေဦးမည်ဟု မိန့်တော်မူကြောင်းကို ပြန်ပြေသဖြင့်
ထိုသူတို့ရှေ့မှာ ဗာရုတ်ကိုမှာထားလေ၏။} (ယေရမိ ၃၂း၁၄၊
၁၅)။
ယေရမိသည်သံသယဖြစ်ရန်
စုံစမ်းခြင်းကိုခံရပုံ
ရေးပြီးစာချုပ်မှတ်တမ်းစာရွက်များကို ကာလကြာမြင့်စွာ
တည်နေစေခြင်းငှါ စီရင်ပြီးသည်နေက် ယေရမိ၏ ယုံကြည်ခြင်းကို အထူးသဖြင့် စမ်းသပ်လာသော
အချိန်သည်ရောက်ရှိလာ၏။ လုပ်ဆောင်အပ်သည်များရှိသမျှကို လုပ်ဆောင်ပြီးစီး သည်နောက်
ယေရမိသည် မိမိပြုခဲ့သောအလုပ်မှာ သံသယဝင်လာ၍ မိမိကိုယ်ကို လှည့်ဖြားနေခြင်းလောဟု
မေးမိသည်။ အခြေအပြစ်မရှိသော မျှော်လင့်ချက်ကို ပြုနေ သည်များလား။
ရွေးချယ်ခံလူမျိုးတို့သည် အမှန်တကယ်ပင် ကတိတော်ထားရှိသည် အတိုင်း
လုံး၀ပြည့်စုံနိုင်ပါမည်လားဟူသော သံသယမေးခွန်းများ တသီတတန်းကြီး ထွက်ပေါ်လာပေသည်။(
ငယ် ၁၇၊၂၃)။
သူသည် စိတ်ရှုပ်ထွေးနေသည်။ သို့ဖြစ်၍ ဘုရားသခင်၏
အကြံအစည်တော် နှင့် ပတ်သက်၍ ဆက်လက်ကာ အလင်းတရားရရှိနိုင်ဖို့အတွက် ပုရောဖက်သည်
ဘုရားသခင်ကိုတောင်းပန်၏။ အချိန်ကား နေဗုခဒ်နေဇာမင်းကြီး၏ စစ်သူရဲများတို့ သည်
အရှိန်အဟုန်ပြင်းထန်စွာဖြင့် ဇိအုန်မြို့ရိုးတို့ကို ဖြိုလှဲတော့မည်ဆဲဆဲ။ ထောင်
ပေါင်းများစွာတို့သည် နောက်ဆုံးအကြိမ်မြို့တော်ကြီးကို ကာကွယ်တိုက်ခိုက်ခဲ့ရင်း
ကျဆုံးကြရပြီဖြစ်သည်။ ပို၍များပြားသည် ထောင်သောင်းနှင့်ချီသော မြို့သူမြို့သားတို့
သည်လည် အစာငတ်မွတ်ခြင်းနှင့် ရောဂါဘ၀ဘေးတို့ကြောင့် သေလုမြောပါးဖြစ်နေ လေပြီ။ မြို့ရိုးဖြိုမည့်မျှော်စင်တပ်စိတ်တို့သည်လည်း
ဇိအုန်မြို့ရိုးများကို ကျော်၍ မြင်တွေ့နေရပြီဖြစ်၏။ ထိုစဉ်အခါမှာ ပုရောဖက်သည်
ထာ၀ရဘုရားသခင် ထံတော်၌ ဤသို့ဆုတောင်းနှင့်ပြီ။ ]ပြာအိုး၊ မြေအိုးတို့ကို
ကြည့်ရှုတော်မူပါ။ မြို့တော်ကိုတိုက် ယူခြင်းငှါ ရောက်ကြပါပြီ။ ဓါးဘေး၊
မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် တိုက်သော ခါလဒဲလူတို့လက်သို့
မြို့တော်ကိုအပ်တော်မူပြီ။ မိန့်တော်မူသော် စကားပြည့်စုံကြောင်း ကိုလည်း
ကိုယ်တော်တိုင် မြင်တော်မူ၏။ ထိုသို့မြို့တော်သည် ခါလဒဲလူတို့လက်သို့
ရောက်သော်လည်း အိုထာ၀ရဘုရားသခင်၊ ထိုလယ်ကို ငွေနှင့်ဝယ်၍ ၈။ဒံယေလသည်
နေဗုခဒ်နေဇာမင်းကြီး၏ရှေ့မှောက်တွင် မတ်တတ်ရပ်ပြီး ဘုရင့်အိမ်မက်ရုပ်တုကြီး
အကြောင်းအဓိပ္ပါယ်ရှင်းလင်းခဲ့သည်။သက်သေတို့ကို ခေါ်ထားရမည်အကြောင်း မိန့်
တော်မူပါပြီတကားဟု လျှောက်လေ၏။} (ငယ် ၂၄၊ ၂၅)။
ထိုဆုတောင်းချက်ကို ဘုရားသခင်သည် နားညောင်းကာ
ကျေးဇူးပြုခဲ့ပေ၏။ ]ထိုအခါ ထာ၀ရဘုရားသခင်၏ နှုတ်ထွက်စကားတော်သည် ယေရမိသို့ရောက်လာ
သည်ကား၊ ငါထာ၀ရဘုရားသခင်သည် ခပ်သိမ်းသောသတ္တဝါတို့ကို အစိုးရသောဘုရား သခင်ဖြစ်၏။
ငါမတတ်နိုင်သောအရာ တစ်စုံတစ်ခုရှိလိမ့်မည်လော။}
(ငယ် ၂၆၊ ၂၇)။
ထိုသို့အဖြေပေးပြီး၍များ မကြာမီမှာပင် မြို့တော်ဂိတ်တံခါးများနှင့် နန်းတော်ရာ အ
ဆောက်အဦးတို့သည် မီးလောင်ပြာကျ၏။ ပျက်စီးခြင်းကား အတောမသတ်နိုင် ဖြစ် သလို
မြို့သူမြို့သားများစွာသည်လည်း သုံ့ပန်းအဖြစ်ချီဆောင်ခြင်းကို ခံရလေ၏။
မည်သို့ပင်ဖြစ်စေ ထာ၀ရဘုရားသခင်၏ အကြံအစည်တော်သည် တစ်နေ့သောအခါမှာ
ပြည့်စုံလာရပေမည်။ ထာ၀ရဘုရားသခင်သည် မိမိချစ်၍ အပြစ်ပေးဆုံးမသော သူ တို့အား
မျှော်လင့်ချက်ရောက်ခြည်သန်းသော စကားကို မြွက်ဆိုခဲ့သည်မှာ- ]ငါသည်
အမျက်ဟုန်းဟုန်းထွက်၍ အမျက်အရှိန်အားကြီးသည်နှင့် သူတို့ကိုနှင်ထုတ်ရာ တိုင်း
ပြည်ရှိသမျှတို့မှ တစ်ဖန်စုသိမ်၍ ဤအရပ်သို့ဆောင်ခဲ့ပြီးလျှင် ငြိမ်ဝပ်စွာနေစေမည်။
သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။ ကိုယ်
အကျိုးအလို့ငှါလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သောသားသမီးတို့၏ အကျိုးအလို့ငှါ
လည်းကောင်း၊ ငါ့ကို အစဉ်ကြောက်ရွံ့စေခြင်းငှါ တညီတညွတ်တည်းကျင့်ကြံနိုင်သော
သဘောကို ငါပေးမည်။}
]ဤလူမျိုးအပေါ်မှာ ကြီးစွာသော ဤဘေးဥပဒ်အပေါင်းကို ရောက်စေသည်
နည်းတူ ငါကတိထားသောကောင်းကျိုးအပေါင်းကိုလည်း ငါရောက်စေမည်။ လူမရှိ၊
တိရစ္ဆာန်မရှိ၊ ဆိတ်ညံပြီး ခါလဒဲလူတို့ လက်သို့ရောက်လေပြီဟု သင်တို့ဆိုတတ်သော
ဤပြည်၌ နောက်တစ်ဖန် လယ်ယာတို့ ရောင်းဝယ်ကြလိမ့်မည်။ လူတို့သည် လယ်ယာ တို့ကို
ငွေနှင့်ဝယ်ခြင်း၊ စာချုပ်ကိုစီရင်ခြင်း၊ တံဆိပ်ခတ်ခြင်း၊ သက်သေတို့ကိုခေါ်ထား
ခြင်းအမှုများကို ပြုမြဲပြုကြလိမ့်မည်} (ငယ် ၃၇-၃၉၊
၄၂-၄၄) ဟူ၍ ဖြစ်သတည်း။
အားလုံးကဆုံးရှုံးပုံရချိန်မှာ
စိတ်အားတက်ဖွယ်စကားများ
]ပြအိုးမြေရိုးဖြင့်လည်းကောင်း၊ ဓါးဖြင့်လည်းကောင်း
ပြိုပျက်သော ဤမြို့၏ အိမ်များ၊ ယုဒရှင်ဘုရင်ဘုံဗိမာန်များကို ရည်မှတ်၍
ဣသရေလအမျိုး၏ ထာ၀ရဘုရား သခင် မိန့်တော်မူသည်ကား၊ ငါသည် ဤမြို့၏အနာကိုဆေးအုံ၍
ပျောက်စေမည်။ မြို့ သားတို့သည် ကျန်းမာမည်အကြောင်း၊ မြဲသော စည်းစိမ်ချမ်းသာနှင့်
ပြည့်စုံမည်အ ကြောင်းကိုငါပြမည်။ သိမ်းသွားခြင်းကို ခံရသောယုဒအမျိုးနှင့်
ဣသရေလအမျိုးသား တို့ကို တစ်ဖန်ငါဆောင်ခဲ့၍ အရင်ကဲ့သို့တည်ဆောက်မည်။ သူတို့သည်
ငါ့ကိုပြစ်မှား သမျှသော အပြစ်တို့ကို ငါဖြေရှင်းမည်။ ငါကိုပြစ်မှား၍ ငါ၏တရားကို
လွန်ကျူးသမျှ သောအပြစ်တို့ကို ငါလွှတ်မည်။}
]တစ်ဖန် ထာ၀ရဘုရားသခင်မိန့်တော်မူသည်ကား၊ လူမရှိ၊
တိရစ္ဆာန်မရှိ၊ ဆိတ် ညံပြီဟု သင်တို့ဆိုတတ်သော ဤအရပ်၌လည်းကောင်း၊ လူမရှိ၊
တိရစ္ဆာန်မရှိ၊ နေသော သူမရှိ၊ ဆိတ်ညံသောယုဒမြို့များ၊
ယေရုရှလင်လမ်းများတို့၌လည်းကောင်း၊ နောက် တစ်ဖန် ဝမ်းမြောက်သောအသံ၊
ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင်သတို့သားအသံ၊ မင်္ဂလာဆောင်သတို့သမီးအသံ၊
ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူ၍ ကရု ဏာတော်သည် အစဉ်အမြဲတည်သောကြောင့်
ကောင်းကင်ဗိုယ်ခြေထာ၀ရဘုရား သခင်ကို ချီးမွမ်းကြလော့ဟု ဆိုသောသူတို့၏
အသံကိုကြားရကြလိမ့်မည်။ အ ကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံရသောပြည်သားတို့ကို
ငါဆောင်ခဲ့၍ အရင်ကဲ့သို့ နေစေမည်ဟု မိန့်တော်မူ၏။} (ယေရမိ ၃၃း၄၊ ၆-၈၊
၁၀၊ ၁၁)။
ဘုရားသခင်၏ အသင်းတော်သည်
နှစ်သိမ့်မှုကိုခံရခြင်း
ဤသို့လျှင် ဘုရားသခင်၏ အသင်းတော်သည် မကောင်းဆိုးဝါးအင်အား
စုများ၏ တာရှည်သော နှိပ်စက်မှုဒဏ်ကို ခံနေရစဉ် အမှောင်ဆုံး အချိန်နာရီများမှာ
နှစ်သိမ့်မှုကိုတော့ ခံစားခဲ့ရပါသည်။ စာတန်သည်အောင်မြင်ဝင့်ကြွားပုံရခဲ့ပါသော်လည်း
ထာ၀ရဘုရားသခင်သည် အရာရာသော ဖြစ်ရပ်မှန်များမှာ ခြုံငုံကာ အုပ်စိုးလျက်ပင်
ရှိနေပါသေး၏။ အသင်းတော်အတွက်ဘုရားသခင်၏ သတင်းစကားမှာ ]သင့်ကိုကယ် တင်ခြင်းငှါ
သင်နှင့်အတူ ငါရှိ၏။} ]သင်၏
အနာရောဂါများကို ငါပျောက်စေ၍ကျန်းမာ ပကတိ ဖြစ်စေမည်။} (ယေရမိ ၃ဝး ၁၀၊ ၁၁၊ ၁၇)။
ပြန်လည်ပြုပြင်တည်ဆောက်ရာ တစ်နေ့သောအခါမှာ
ကွဲပြားလွင့်စင်ခဲ့သော ဣသရေလမျိုးနွယ်စုတို့သည် လူမျိုးတစ်ပါးတည်းအဖြစ်သို့
ပြန်လည်စုပေါင်းလာရကြ ပေမည်။ ယင်းနှင့်ပတ်သက်၍ ထာ၀ရဘုရားသခင် မိန့်တော်မူသည်မှာ
]သူတို့ကို မြောက်ပြည်မှ ငါဆောင်ခဲ့၍ မြေကြီးစွန်းတိုင်းမှစုသိမ်းမည်။
မျက်စိကန်းသောသူ၊ ခြေ ဆွံ့သောသူ၊ ကြီးစွာသော အစည်းအဝေးတို့သည် ပြန်လာကြလိမ့်မည်။
ငိုကြွေးလျက် လာကြလိမ့်မည်။ ဆုတောင်းပတ္ထနာပြုလျက် ရှိသောထိုသူတို့ကို
ငါပို့ဆောင်မည်။ အကြောင်းမူကား ငါသည် ဣသရေလအမျိုး၏ အဘဖြစ်၏။} (ယေရမိ ၃၁း၈၊ ၇၊ ၉)။
ပဋိညာဉ်သစ်သည်
မှောက်မှားမှုပြဿနာကို
ဖြေရှင်းပေးမည်ဖြစ်ခြင်း
တစ်ချိန်တစ်ခါတုန်းက ဤဣသရေလလူမျိုးသည် ကမ္ဘာ့လူမျိုး
အသီးသီးတို့၏ အထက်မှာရှိ၍ ကောင်းကင်ဘုံ၏ မျက်နှာသာ အလေးပေးခြင်းကို
ခံခဲ့ရပါသော်လည်း ယခုတွင်လူမျိုးခြားတိုင်းနိုင်ငံများ ရှေ့မှောက်မှာ
နှိမ့်ချစွာသော ပြည်နှင်ဒဏ်ဘ၀ဖြင့် နားထောင်ခြင်းသင်ခန်းစာကို ဆည်းပူးလျက်ရှိနေရပါသည်။
ထာ၀ရဘုရားသခင်မြွက် ဆိုသည်ကား ]ငါသည် သင့်ကိုငါကွဲပြားစေသော
တိုင်းနိုင်ငံရှိသမျှတို့ကို ဆုံးစေသော် လည်း သင့်ကိုမဆုံးစေ။ သို့ရာတွင် အပြစ်ကို
ရှင်းရှင်းမလွှတ်ဘဲ အတော်အတန် ဆုံးမမည်။} (ယေရမိ ၃ဝး၁၁)။
သို့တိုင်အောင်လည်း ကမ္ဘာ့တိုင်းနိုင်ငံများရှေ့မှောက်မှာ ထာ၀ရဘုရားသခင်သည်
အရှုံးခံဘ၀မှ အောင်မြင်မှုကို ဆောင်ကျဉ်းမည့် မိမိ၏စီမံ ချက်သည် ရှိပါသောကြောင့်
အချိန်အခါစေ့သော်ဖော်ပြမည်သာတည်း။ ကောင်းကင် ဘုံထာ၀ရဘုရားသခင်ကား ပျက်စီးဖို့ထက်
ကယ်တင်ဖို့ကို့ ရှေးရှုသည်မဟုတ်ပါလား။ ပုရောဖက်အား ပေးထားသော သတင်းစကားကိုကြည့်ပါ။
]ဣသရေလအမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြားစေသောသူသည် တစ်ဖန်စုသိမ်းပြီးလျှင်
သိုးထိန်းသည် မိမိသိုးစုကို စောင့်တတ်သကဲ့သို့ စောင့်တော်မူမည်ဟု ကြားပြောကြလော့။
ထိုကြောင့် အမျိုးသား တို့သည်လာ၍ ဇိအုန်တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။
သူတို့စိတ်ဝိညာဉ်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့ ဖြစ်၍နောက်တစ်ဖန်
ညိုးငယ်ခြင်းမရှိရ။ သူတို့သည် ဝမ်းနည်းခြင်းကို ခံရသောနောက် စိတ်သက်သာ၍
ရွှင်လန်းမည်အကြောင်းကို ငါပြု မည်။} (ယေရမိ ၃၁း
၁၀-၁၃)။
]ထာ၀ရဘုရားသခင်မိန့်တော်မူသည်ကား၊ သူတို့၌ ငါပေးသောပဋိညာဉ်
တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုး သားတို့၌
ငါပေးသောအချိန်ကာလရောက်လိမ့်မည်။ အရင်ငါပေးဖူးသော ပဋိညာဉ် တရားကို သူတို့သည်ဖျက်၍
ငါသည်လည်းသူတို့ကိုရွံရှာ၏။ နောင်ကာလအခါ ဣသ ရေလအမျိုးသားတို့၌ ငါပေးအံ့သော
ပဋိညာဉ်တရားဟူမူကား၊ ငါထာ၀ရဘုရားသခင် သည် ငါ၏ပညတ်တရားကို
သူတို့အတွင်းထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာရေးထား မည်။ ငါသည်
သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။ ထိုသူတို့က
ထာ၀ရဘုရားသခင်ကို သိလော့ဟုအမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း
တစ်ယောက်ကိုတစ်ယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံး သောသူမှစ၍
အကြီးဆုံးသောသူတိုင်အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့် မည်။ ထိုအခါငါသည်
သူတို့အပြစ်များကိုသည်းခံမည်။ သူတို့ပြုသောအပြစ်များကို မအောက်မေ့ဘဲနေမည်ဟု
ထာ၀ရဘုရားသခင်မိန့်တော်မူ၏။} (ငယ် ၃၁-၃၄)။
No comments:
Post a Comment