Sunday, May 3, 2026

 

၄။ ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့

ဆုတောင်းခြင်းဖြင့် အစပြုရန်

မှတ်ကန်သော ဝတ်ပြုကိုးကွယ်မှု အခြေခံ အုတ်မြစ်

          ဗျာဒိတ်ကျမ်း ၁၄း၆-၇ မြေကြီးပေါ်မှာ နေသောသူတည်းဟူသော အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာ၀ရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန် တစ်ပါးက ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက်  ရှိသည်ကို ငါမြင်၏။

          ကောလောသဲ ဩဝါဒစာ ၁း၁၅-၁၇ ဖန်ဆင်းတော်မူသော အရှင်ကို ဝတ်ပြုကိုးကွယ်ကြလော့။ သုံးပါးတစ်ဆူတည်းသော ဘုရား၌ ကမ္ဘာမြေကြီးနှင့် ကောင်းကင်ကို ပြုလုပ်မှုတွင် မည်သူသည် ဖန်ဆင်းရှင်ဖြစ် သနည်း။

          ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော် ဖြစ်၏။ ဝေနေယျ သတ္တဝါ အပေါင်းတို့တွင်လည်း သားဦး ဖြစ်တော်မူ၏ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ် မြေကြီးပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်း တန်ခိုးဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့် လည်းကောင်း၊ ထိုသခင် အဖို့ အလိုငှါ လည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက် ဖြစ်ကြ၏။ သားတော်သည်လည်း ခပ်သိမ်းသော အရာမဖြစ်မီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။သခင်ခရစ်တော်သည် ဖန်ဆင်းရှင်းဖြစ်ပြီး အချုပ်အခြာအာဏာနှင့် လုပ်ပိုင်ခွင့်အားလုံးသည်လည်း သခင်ခရစ်တော် အဖို့ ဖြစ်ပါသည်။

 

သခင်ခရစ်တော်ကို အဘယ်ကြောင့် ကိုးကွယ်ကြသနည်း။

          ဆာလံကျမ်း ၉၅း၆ တွင် ကျွန်ုပ်တို့သည် ဖန်ဆင်းခံ သတ္တဝါဖြစ်သောကြောင့် ဖန်ဆင်းရှင်ကို ကိုးကွယ်ရန် ဆင့်ဆိုခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဒါဝိဒ်မင်းကြီးက လာကြ၊ ပျက်ဝပ်၍ ကိုးကွယ်ကြ ကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာ၀ရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။

ဝတ်ပြုကိုးကွယ်မှု သဘောထား အမှန်ကို ကြည့်ကြပါစို့။

          နေဟမိမှတ်စာ ၉း၆ သခင်ခရစ်တော်က ဖန်ဆင်းရှင်၊ ကျွန်ုပ်တို့သည် ဖန်ဆင်းခံရသော သတ္တဝါများ ဖြစ်ကြပါသည်။ ကိုယ်တော်သာလျှင်၊ ထာ၀ရဘုရားဖြစ်တော်မူ၏။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင်ဗိုလ်ခြေ အပေါင်းတို့ကို လည်းကောင်း၊ မြေကြီးနှင့် မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကိုလည်းကောင်း၊ ပင်လယ်နှင့် ပင်လယ်၌ပါသမျှတို့ကို လည်းကောင်း၊ ဖန်ဆင်းတော်မူ၏။ အလုံးစုံတို့ကို စောင့်မတော်မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ၏။

          ဝတ်ပြုကိုးကွယ်ခြင်း သဘောထားအမှန်ကို သိရှိနားလည်ရန် အစမူလကို ပြန်သွားကြစို့။ ပထမကောင်းကင်တမန်၏ တတိယ ဆင့်ဆိုချက်အရ ဖန်ဆင်းတော်မူသောအရှင်သည် မည်သူ ဖြစ်ကြောင်း လူသားများမှ ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ဝန်ခံဖော်ပြရမည်။ ကောင်းကင်ဗိုလ်ခြေတို့သည်လည်း သခင်ခရစ်တော်ကို ကိုးကွယ်ခြင်းဖြင့် သူတို့ကို ဖန်ဆင်းခဲ့သော အရှင်သခင်မည်သူ ဖြစ်ကြောင်း ဝန်ခံဖော်ပြ ကြပါသည်။

          ကမ္ဘာဦးကျမ်း ၁း၃၁။ ၂း၁ ဤကမ္ဘာမြေကြီးနှင့် ကောင်းကင်သည် ဆင့်ကဲပြောင်းလဲလာသော သီအိုရီအရ ပြောင်းလဲလာခြင်း မဟုတ်ဘဲ ဖန်ဆင်းတော်မူသော အရှင်သခင် ရှိကြောင်း ကျမ်းစာမှ ဖော်ပြထားပါသည်။ ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၍ ညဦးနှင့် နံနက်သည် ဆဌမနေ့ရက်ဖြစ်လေ၏။

ဖန်ဆင်းရှင် မည်သူနည်း။

          သုံးပါးပေါင်း တစ်ဆူတည်းသော ဘုရား၌ သားတော် ဘုရားသခင် ခရစ်တော် သည် ဖန်ဆင်းရှင်း ဖြစ်ပါသည်။

 

          ကမ္ဘာဦးကျမ်း ၂း၁ ကမ္ဘာမြေကြီးနှင့် ကောင်းကင်ကို ၆ ရက်အတွင် သခင်ခရစ်တော် ဖန်ဆင်း၍ ဆဌမနေ့တွင် ပြီးဆုံးသွားပါသည်။ ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက် ရှိကြ၏။

          ၆ရက်အတွင် မည်သူသည် ဖန်ဆင်းခြင်း အမှုကို ဆောင်ရွက်ခဲ့သနည်း။ သခင်ခရစ်တော်သာလျှင် ဖန်ဆင်းခြင်း အမှုကို ဆောင်ရွက်ခဲ့သည် မဟုတ်လား။ လူသား၏ လုပ်အားနှင့် ဆောင်ရွက်မှုများ ပါဝင်သလား။ လုံး၀ပါဝင်မှု မရှိပါ။ ဖန်ဆင်းခြင်း ၆ရက်ကို သေသေချာချာ နားလည် လောက်ပြီးပေါ့။ ကောင်းပါပြီး၊ ဖန်ဆင်းခြင်း အမှုပြီးသော ခြောက်ရက်အလွန် ခုနစ်ရက်နေ့ အကြောင်းကို ဆက်ဆွေးနွေးကြပါစို့။

          ကမ္ဘာဦးကျမ်း ၂း၂၊၃ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက် ရှိ၏။ ခုနစ်ရက်နေ့မှာ ဘုရားသခင်က ဘာတွေလုပ်ပြီး ဘာတွေဖြစ်လာသလဲဆိုတာကို လေ့လာကြပါစို့။ ကျမ်းစာက သတ္တမနေ့ရက်ရောက်လျှင် ဘုရားသခင်သည် ဖန်ဆင်းသော အမှုကို လက်စသတ်တော်မူခဲ့ပြီးသည် ဖြစ်၍ ဖန်ဆင်းသမျှသောအမှုအရာ တို့သည် ပြီးစီးပြီးမှ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏။ ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား။ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာ အလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာ နေတော်မူ၏။

          ခြောက်ရက်ပတ်လုံး အလုပ်အားလုံး မည်သူ ဆောင်ရွက်ခဲ့သနည်း။ သခင်ခရစ်တော် ဆောင်ရွက်ခဲ့ပါသည်။

သတ္တမနေ့ရက်ရောက်လာသောအခါ

၁။     သခင်ခရစ်တော်သည် ဖန်ဆင်းခြင်းအမှုကို လက်စသတ် တော်မူခဲ့ပါသည်။

၂။      သခင်ခရစ်တော်သည် သတ္တမနေ့ရက်တွင် ငြိမ်ဝပ်စွာ နေတော်မူသည်။

၃။     သခင်ခရစ်တော်သည် ထိုနေ့ရက်ကို ကောင်းချီးပေး တော်မူသည်။

၄။     သခင်ခရစ်တော်သည် ထိုနေ့ရက်ကို သန့်ရှင်း စေတော်မူသည်။

မေးခွန်းတစ်ခု မေးပါရစေ။

          အာဒံနှင့် ဧ၀ကို သခင် ခရစ်တော်သည် ဥပုသ်တော်နေ့ကို သန့်ရှင်းအောင် လုပ်ပါဆိုပြီး မှာထားတာ ရှိပါသလား။ သခင်ခရစ်တော်သည် ထိုသတ္တမနေ့ရက်တွင်

 

မည်သည့်အမှုကိစ္စကို ဆောင်ရွက်သနည်း။ ဒါဆိုရင် ထိုသတ္တမနေ့ရက်သည် မည်သူ၏ ဆောင်ရွက်မှုကြောင့် သန့်ရှင်းခြင်း ရှိစေသနည်း။ ပညတ်တော် ဆယ်ပါးထဲမှ နံပါတ် ၄ ပညတ်တော်ကို ဖတ်ပါ။ ပထမကောင်းကင်တမန်၏ တတိယဆင့် ဆိုသော သတင်းစကားသည် ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၀ကို ပြန်လည်သတိပေးခြင်း ဖြစ်ပါသည်။

          ထွက်မြောက်ရာကျမ်း ၂ဝး၈-၁၁ ဘုရားသခင်ကိုယ်တိုင် လက်ညှိုးတော်ဖြင့် ရေးသားတော်မူချက်ကို ကျောက်ပြားနှစ်ချပ် အပေါ်တွင် အက္ခရာတင်ထားသော ပညတ်တော် ဆယ်ပါးတစ်ခုတည်း ရှိပါသည်။ လက်ညှိုးတော်ဖြင့် ရေးသားခဲ့သော စကားမှာ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံးအလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင် ထာ၀ရဘုရား၏ ဥပုသ်နေ့ ဖြစ်၏။

          ကမ္ဘာမြေကြီးနှင့် ကောင်းကင်ကို ဖန်ဆင်းသော အချိန်တွင် ဂျူးလူမျိုးရှိပါသလား။ ဂျူးလူမျိုးများ၏ ဥပုသ်နေ့ဆိုပြီး သံသယ ဖြစ်စရာ အကြောင်းမရှိပါ။

          ထွက်မြောက်ရာကျမ်း ၂ဝး၁၀၊ ၁၁ ထိုနေ့ရက်သည် ထာ၀ရဘုရား၏ ဥပုသ်နေ့ ဖြစ်ပါသည်။ အာဒံနှင့် ဧ၀တို့၏ ဥပုသ်နေ့ ဖြစ်သည်ဆိုသော စကားကိုလည်း ကျမ်းစာတွင် မှတ်တမ်းမရှိပါ။ ကျမ်းစာကို သေသေချာချာ ဖတ်ကြည့်ပါ။ ထိုနေ့၌ သင်မှစ၍ သင်၏ သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တိရစ္ဆာန်၊သင်၏ တံခါး အတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ အကြောင်းမူကား၊ ထာ၀ရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေတော်မူ၏။ ထိုကြောင့် ထာ၀ရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။

          ခုနစ်ရက်ပါဝင်သော ပထမဦးဆုံး ရက်သတ္တပတ်သည် ဖန်ဆင်းရှင်ဘုရားသခင်၏ ရက်သတ္တပတ်ဖြစ်ပါသည်။ သားတော်ဘုရား၊ ခရစ်တော်ပိုင်ဆိုင်သော ရက်သတ္တပတ်လည်းဖြစ်ပါသည်။ အကြောင်းမူကား သခင်ခရစ်တော် ကိုယ်တိုင် ခြောက်ရက်ပတ်လုံး ဖန်ဆင်းခြင်းအမှုကို ဆောင်ရွက်ခဲ့ပါသည်။ သခင်ခရစ်တော်ကိုယ်တိုင် ခုနစ်ရက်သတ္တမနေ့တွင် ငြိမ်ဝပ်စွာ နေတော်မူပါသည်။ သခင်ခရစ်တော်ကောင်းချီးပေးတော် မူပါသည်။

          ထိုနေ့ရက်သည်လည်း သခင်ခရစ်တော်ကြောင့် သန့်ရှင်းခြင်း ပါသည်။ အာဒံနှင့် ဧ၀တို့၏ ဥပုသ်နေ့မဖြစ်မီ သခင်ခရစ်တော် ပိုင်ဆိုင်သော ရက်သတ္တပတ် ဖြစ်ပါသည်။

 

လူသားများ၏ ရက်သတ္တပတ် မဖြစ်မီ သခင်ခရစ်တော် ပိုင်ဆိုင်သော ရက်သတ္တပတ်ဖြစ်သည်။ ကမ္ဘာမြေကြီး၏ ပထမဦးဆုံး ရက်သတ္တပတ်သည် သခင်ခရစ်တော် ဖန်ဆင်းမှုကြောင့်သာ ဖြစ်ပြီး သခင်ခရစ်တော် အဖို့ ဖြစ်ပါသည်။ ခုနစ်ရက်လုံးလုံး တစ်ရက်ကို ၂၄ နာရီဖြင့် သခင်ခရစ်တော် ပြဌာန်ပြီး စီရင်ခဲ့ပါသည်။

          နေ့ရက်တစ်ရက် ပြီးဆုံးချိန်တိုင်းအလွန် ကောင်းကြောင်း သခင်ခရစ်တော် မိန့်တော်မူခဲ့ပါသည်။ သတ္တမနေ့တွင် ငြိမ်ဝပ်စွာ ခရစ်တော် တည်နေပြီး အချိန်ကုန်ဆုံးမှသာ သန့်ရှင်းကြောင်း သခင်ခရစ်တော် မိန့်တော်မူခဲ့သည်။ ဖန်ဆင်းခြင်း နေ့ရက်တစ်ရက်ပြီးဆုံးသော အချိန်တိုင်း အလွန်ကောင်းကြောင်း ၆ ရက် မိန့်ဆိုခဲ့သော သခင်ခရစ်တော်သည် သတ္တမနေ့အချိန် ကုန်ဆုံးသောအခါ သန့်ရှင်းသည်ဟု စီရင်ခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် ပထမဦးဆုံးသော ဥပုသ်နေ့ကို သန့်ရှင်းစေရန် ဘုရားသခင်က လူသားကို စေခိုင်းမှု မရှိခြင်း ဖြစ်ပါသည်။

          အာဒံနှင့်ဧ၀တို့သည် နေ့ရက်တစ်ရက်ကို သန့်ရှင်းစေရန် နှင့် ကောင်းချီး မင်္ဂလာသက်ရောက်စေရန် စီရင်ပြဌာန်းပိုင်ခွင့် မရှိပါ။ သခင်ခရစ်တော်တည် ရှိ၍ နားနေခြင်းကြောင့် သာလျှင် သန့်ရှင်းပါသည်။ အရေးကြီးသည့် သဘောထားအမြင် ဖြစ်သောကြောင့် အလေးထား သတိပြုကြရန် လိုအပ်သည်။

          ဥပုသ်နေ့ကို သတိရပါ။ စောင့်ထိန်းပါ၊ ဆိုသော အမိန့်ဆင့်ဆိုချက်သည် ပထမဦးဆုံးသော ရက်သတ္တပတ်ကို ဆိုလိုခြင်း မဟုတ်ဘဲ အာဒံနှင့် ဧ၀ (လူသား) အတွက် ဒုတိယရက်သတ္တပတ်မှ အစပြုဆောင်ရွက်ရန် စေခိုင်းခြင်း ဖြစ်သည်။ နေ့ရက် ဆိုသည်မှာ နေဝင်ချိန်မှစပြီး နေပြန်ဝင်သော အချိန် အထိ ဖြစ်သည်။ ၂၄ နာရီနေ့ရက်ဖြစ်သည်။ အာလုံးပေါင်း ခုနစ်ရက်ဖြစ်သည်။

          ပထမနေ့သခင်ခရစ်တော် ဖန်ဆင်းခြင်း အမှုကို စတင်ခဲ့သော အချိန်မှစ၍ သတ္တမနေ့တွင် သခင်ခရစ်တော်နား (တည်) နေသော အချိန်ကုန်ဆုံးသော အချိန်အထိ ဖန်ဆင်းခြင်း ရက်သတ္တပတ် ဖြစ်ပါသည်။ ပထမရက် သတ္တပတ်သည် ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်း သမိုင်း ဖြစ်ပါသည်။ ထို့ကြောင့် လူ့သမ်ိုင်းဆိုသည်မှာ ဒုတိယရက်သတ္တပတ်မှ စတင်ခဲ့ခြင်းဖြစ်ပါသည်။ ကျမ်းစာတွင် ဖော်ပြထားသော သမိုင်းသည် သင့်အတွက် အသစ်အဆန်း ဖြစ်နေပါသလား။

          ထိုကြောင့် ပထမဦးဆုံးသော ဥပုသ်နေ့ရက်ကို အာဒံနှင့် ဧ၀နှစ်ဦးပေါင်းပြီး သန့်ရှင်းအောင် လုပ်ပါဟု ဘုရားသခင် စေခ်ိုင်းမှု မရှိပါ။ ဘုရားသခင်၏ လက်ညှိုးတော်

 

ဖြင့် ရေးထားသော စတုတ္ထပညတ်အရ၊ သခင်ခရစ်တော်၏ ဖန်ဆင်းမှုနှင့် သန့်ရှင်းခြင်း အမှုကို သတိရပါပြီး ရေးထားခဲ့သည် မဟုတ်ပါလား။ ထိုနေ့ရက်ကို အောက်မေ့လော့ဆိုပြီး အမိန့်ပေးထားပါသည်။ သခင်ခရစ်တော်၏ ဖန်ဆင်းမှု ပထမဦးဆုံး ရက်သတ္တပတ်ကို သတိရဖို့ ဆင့်ဆိုထားခြင်း ဖြစ်ပါသည်။

          ကောင်းကင်တမန် သုံးပါးထဲမှ ပထမကောင်းကင်တမန်၏ တတိယသတင်းစကားဖြင့် ထပ်ပြီး ဆင့်ဆို သတိပေးခြင်း ဖြစ်ပါသည်။ သခင်ခရစ်တော်နှင့် အတူတူ ၆ ရက် အလုပ်လုပ်ပါ။ သခင်ခရစ်တော်နှင့် အတူတူ ခုနစ်ရက်သတ္တမနေ့တွင် နားခိုပါ။ လူသားအတွက် အကျိုးထူးသက်ရောက်စေသော ဆင့်ဆိုချက် ဖြစ်သည်။

          တစ်ခုထပ်မေးပါရစေ။ ပထမဦးဆုံးသော ဥပုသ်နေ့ကို သန့်ရှင်းစေရန် အာဒံနှင့် ဧ၀သည် ခြောက်ရက်ပတ်လုံး အလုပ်လုပ်ခဲ့ပါလား။ ဘယ်လိုလုပ်မှာလဲ။ ကမ္ဘာမြေကြီးနှင့် ကောင်းကင်ကို သခင်ခရစ်တော် ဖန်ဆင်းသော အချိန်တွင် အာဒံနှင့် ဧ၀မရှိသေးဘူး ဟုတ်လား။ သခင်ခရစ်တော်သာလျှင် အားလုံးကို ဖန်ဆင်းခဲ့သည် မဟုတ်လား။

          ဖန်ဆင်းရှင် သခင်ခရစ်တော် နည်းတူ ခြောက်ရက်အလုပ်လုပ်ပြီး ခုနစ်ရက်နေ့တွင် ဖန်ဆင်းရှင်နှင့် အတူတူ ခိုနားဖို့ ဖန်ဆင်းထားသော လူသတ္တဝါများကို ဆင့်ဆို ထားခြင်း ဖြစ်ပါသည်။ နေ့ရက်အားလုံးကို သခင်ခရစ်တော် ပိုင်ဆိုင်ပါသည်။ ဥပုသ်နေ့သည် မည်သူ၏ နေ့ရက်ဖြစ်သနည်း။ သခင်ခရစ်တော်၏ ဥပုသ်နေ့ရက် ဖြစ်သည်။ အရာခပ်သိမ်းကို စီရင်ဖန်ဆင်းပြီးမှာ ခုနစ်ရက် စလုံးလူသားကို (ဘဏ္ဍာစိုး အဖြစ်) ပေးခြင်း ဖြစ်သည်။

          သတ္တမနေ့ရက်သည် ဥပုသ်တော်နေ့ ဖြစ်ကြောင်း သတ္တမနေ့ဥပုသ်အသင်းသား မဟုတ်ဘူ (ဘိရှော့ ဟင်နရီမောရစ်) ကလည်း ယုံကြည်ထောက်ခံထားပါသသည်။ သူရေးခဲ့သောစာအရ၊ လူသားတို့ကို အကျိုးပြုနိုင်စေရန် ပုံသက်သေ အနေဖြင့် ဘုရားရှင် ကိုယ်တော်တိုင်သည် ခြောက်ရက်အတွင်း အလုပ်လုပ်တော်မူပြီး သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေတော်မူခဲ့ပါသည်။

         (Henry Morris p.62 Biblical Creationism) “The Lord Himself had worked six days, then rested on the seventh, setting there by a permanent pattern for the benefit of mankind”

 

          ထိုကြောင့် ဥပုသ်နေ့သည် ကမ္ဘာမြေကြီးနှင့် ကောင်းကင်ကို သခင်ခရစ်တော် ဖန်ဆင်းခဲ့ပါသည်ဟု ထွက်ဆိုသော သင်္ကေတဖြစ်ပြီး သခင်ခရစ်တော်နှင့် လူသားတို့၏ ဆက်စပ်မှု လက္ခဏာလည်း ဖြစ်ပါသည်။ သခင်ခရစ်တော်သည် ကမ္ဘာမြေကြီးနှင့် ကောင်းကင်ကို ဖန်ဆင်းခဲ့သည်။ ပိုင်ဆိုင်ပါသည်ဆိုသော စိတ်သဘောနှင့် ဝန်ခံလျက် ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်ကြောင့် သတ္တမနေ့တွင် ဥပုသ်စောင့်ခြင်းဖြင့် သက်သေထွက်ဆိုခြင်း ဖြစ်ပါသည်။ ကမ္ဘာမြေကြီးနှင့် ကောင်းကင်ကို ခရစ်တော်ဖန်ဆင်းသည်။ ကမ္ဘာမြေကြီးနှင့်ကောင်းကင်ကို ခရစ်တော်ပိုင်ဆိုင်သည်။

          ထွက်မြောက်ရာကျမ်း ၃၁း၁၀ လူသားကို သခင်ခရစ်တော်မှ ဘဏ္ဍာစိုးအဖြစ် ခန့်အပ်ထားခြင်း ဖြစ်ကြောင်း သတိရပါ။ ဥပုသ်တော်နေ့၏ ရည်ရွယ်ချက်မှာ သခင်ခရစ်တော်နှင့် လူသားနီးနီးကပ်ကပ် ဆက်နွှယ်မှု ရှိစေရန် ဖြစ်ပါသည်။ ထိုသို့စောင့်လျှင် ငါနှင့်ဣသရေလအမျိုးသား စပ်ကြား၌ ထာ၀ရလက္ခဏာ သက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာ၀ရဘုရားသခည် မိုးကောင်းကင်နှင့် မြေကြီးကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေလျက် အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။

          ခရစ်တော်၏ ခိုင်မြဲသော မေတ္တာဖြင့် ထာ၀ရ ဆက်ဆံမှုကို ဥပုသ်နေ့က သင်္ကေတဖြင့် သက်သေဖော်ပြသည်။ ဥပုသ်နေ့သည် ဖန်ဆင်းခြင်း သာမက ကယ်တင်ခြင်း၏ သင်္ကေတလည်း ဖြစ်ပါသည်။ ဘုရားသခင်နှင့်လူသားစပ်ကြား အာမခံချက် ရှိသော ဆက်နွှယ်မှု လက္ခဏာလည်း ဖြစ်ပါသည်။

          (ဘိရှော့ဟင်နရီမောရစ်) ကောက်နုတ်ချက်များမှာ-

          သတ္တမနေ့ဥပုသ်စောင့်ခြင်းသည် ထိုပညတ်တော်များကို မိန့်တော်မူသည့် အချိန်မှ စတင်ခဲ့ခြင်း မဟုတ်ပါ။ ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော အမှုတို့ကို လက်စသတ်ပြီး သတ္တမနေ့ကို ကောင်းချီးပေး၊ သန့်ရှင်းစေကာ ငြိမ်ဝပ်စွာ နေတော်မူခဲ့သည်။ ဖန်ဆင်းခြင်း  ရက်သတ္တပတ် အချိန်အခါမှ လူသားများ စတင်စောင့်ထိန်းခဲ့ကြပါသည။” (ကမ္ဘာဦး ၂း၃)။ “The observance of the Sabbath day (that is, rest day) was not instituted by this commandment, for it had been practiced by mankind ever since the actual week of creation, when ‘God blessed the seventh day and sanctified it; because he had rested from all his work which God created and made’ (Genesis 2;3),” (Henry Morris pp. 61,62, Biblical Creationism).

 

          မောရှေမတိုင်မီ ဣသရေလနှင့် အခြားလူမျိုးများတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ကြောင်း ထိုက်သင့်သော သက်သေအထောက်အထားများ ရှိရုံမကဘဲ၊ ထိုဥပုသ်နေ့ကို ဘုရားသခင် ကိုယ်တော် သတ်မှတ်တော်မူခဲ့ပြီ၊ ဖန်ဆင်းခြင်း အမှုကို လက်စသတ်သည့် အထိမ်းအမှတ်အဖြစ် ပြဌာန်းကာ လူသားမျိုးနွယ်အချို့ စောင့်ထိန်းခဲ့ကြောင်း သမ္မာကျမ်းစာ၌ ရှင်းလင်းစွာ ဖော်ပြထားပါသည်။

            “Not only is there considerable evidence that Sabbath observance existed in both Israel and in other nations long before Moses, but the word of God makes it plain that it was established by God himself, in commemoration of his completed creation, and that it has been observed as a special day at least by some, ever since.” (Henry Morris p. 251 Biblical Creationism)    

ခေတ်ကာလ ကြာညောင်းလာသည်နှင့်အမျှ ထိုဥပုသ်နေ့သည် ဣသရေလလူမျိုး တို့၏ ဘာသာရေး အထုံးအဖွဲ့များနှင့် တိုက်ရိုက် ပတ်သက်လာခဲ့သော်လည်း ဖန်ဆင်းရှင်သည် သခင်ယေရှု ခရစ်ဟူသော ဘွဲ့နာမတော်ကို ခံယူ၍ လူဇာတိကိုခံယူကာ ဤလောကသို့ ကြွလာတော်မူစဉ်တွင် ဖာရိရှဲများ ပြဌာန်းထားသကဲ့သို့ ဂျူးများနှင့်သာ သက်ဆိုင်သည်ဟူသော အချက်မှာ နဂိုဘုရားသခင်၏ အလိုတော်မဟုတ်ဘဲ လူသားအားလုံးနှင့် သက်ဆိုင်တော်မူကြောင်းကို အလေးပေးမိန့်တော်မူခဲ့ပါသည်။

             “With the passing of the centuries, the Sabbath eventually became almost exclusively associated with the religious ceremonies of the nation of Israel, even though the Creator had hallowed it originally for all men. When the Creator eventually became man, however, in the person of Jesus Christ, he stressed that it had never been intended as a mere Jewish religious ritual, as the Pharisees had distorted it, but  for the good of all men.” (Henry Morris p. 253 Biblical Creationism).

          သတ္တမနေ့ဥပုသ်အသင်းဝင် မဟုတ်သောသူ ဘိရှော့တစ်ဦး၏ အံ့ဩဖွယ်ကောင်းသော ရေးသားချက် ဖြစ်ပါသည်။

          ဣသရေလလူမျိုးများ အဲဂုတ္တပြည်ကျွန်ဘ၀မှ ထွက်မြောက်လာသော အကြောင်းကို ပြန်ကြည့်ပါ။ ထွက်မြောက်ခြင်း သင်္ကေတကို ပသခါပွဲဖြင့် ပုံဆောင်ထားသည်။ ဣသရေလလူမျိုးကို မည်သူသည် ကျွန်ဘ၀မှ ကယ်တင်ခဲ့သနည်း။

 

          ထွက်မြောက်ရာကျမ်း ၃း၁၃၊ ၁၄ ဣသရေသလူမျိုးများ အဲဂုတ္တုပြည်ကျွန်ဘ၀မှ လွတ်မြောက်စေရန် မောရှေ၏ဦးစီးခေါင်းဆောင်မှုအတွက် စေခိုင်းသောအခါ မောရှေက “မောရှေကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ ရှိရာသို့ ရောက်၍ သင်တို့ ဘိုးဘေးများ၏ ဘုရားသခင်သည် ငါ့ကို သင်တို့ ရှိရာသို့ စေလွှတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျှင် သူတို့က ထိုဘုရားသခင်၏ နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကို ပြန်၍ မေးသောအခါ အဘယ်သို့ ပြန်ပြောရပါမည်နည်းဟု ဘုရားသခင်အား မေးလျှောက်လေ၏။ ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်း ငါဖြစ်၏ဟု လည်းကောင်း၊ ငါဖြစ်သည်ဟု အမည်ရှိသောသူသည် ငါ့ကို သင်တို့ ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ပြန်ပြောလော့ဟူ၍ လည်းကောင်း မောရှေအား မိန့်တော်မူ၏။

          ရှင်ယောဟန် ခရစ်ဝင် ၈း၅၈-၅၉ သခင်ခရစ်တော်က ငါသည် ထာ၀ရဘုရားဖြစ်၏။ ပညတ်တော် ဆယ်ပါးကိုလည်း ရေးသောသူဖြစ်၏ ငါဆိုတာ ဘယ်သူလဲ။ ကျမ်းစာက “ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မီ ငါဖြစ်၏ဟု မိန့်တော်မူ၏။ ထိုအခါ ကိုယ်တော်ကို ခဲနှင့် ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့အလယ်၌ လျှောက်သွား ပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။

          ဖန်ဆင်းရှင် ခရစ်တော်သည် လူသားများကို ကျွန်ဘ၀မှ လွတ်မြောက်စေသော ကယ်တင်ပိုင်သူ သခင်ဖြစ်သည်။

        ဣသရေလလူမျိုးကို ကျွန်ဘ၀မှလွတ်မြောက်ရန် မည်သူကယ်တင်ခဲ့သနည်း။

ခရစ်တော်ကယ်တင်ခဲ့သည်။

        ပညတ်တော်ဆယ်ပါးကို ကျောက်ပြားပေါ်တွင် မည်သူရေးခဲ့သနည်း။

သခင်ခရစ်တော်ရေးခဲ့သည်။

        ဒီကမ္ဘာမြေကြီးကို မည်သူဖန်ဆင်းခဲ့သနည်း။

သခင်ခရစ်တော်ဖန်ဆင်းခဲ့သည်။

        ၆ရက်လုံးလုံးဖန်ဆင်းခြင်းအမှုကို ပြုခဲ့ပြီး သတ္တမနေ့ရကို ကောင်းချီးပေးသန့်ရှင်းစေသောသူ မည်သူနည်း။ ရက်သတ္တပတ်ကို ဖန်ဆင်းပြီးမှ လူကိုဘဏ္ဍာစိုးအဖြစ် ပေးထားခဲ့သော အရှင်သခင် မည်သူနည်း။

သခင်ခရစ်တော်ဖြစ်ပါသည်။ ဥပုသ်နေ့ကိုလည်း သခင်ခရစ်တော်ပိုင်သည်။

 

          သတ္တမနေ့ဥပုသ်သည် ခရစ်တော်၏ ပိုင်ဆိုင်မှုကို ဖော်ပြထားသော သင်္ကေတဖြစ်ပါသည်။ ထိုကြောင့် ဖန်ဆင်းသော အရှင်သခင်သည် ကယ်တင်ပိုင်သော အရှင်သခင်လည်းဖြစ်ပါသည်။ သတ္တမနေ့ဥပုသ်သည် ခရစ်တော်ပိုင်ဆိုင်သော လူသားနှင့် ကမ္ဘာမြေကြီးကို ကယ်တင်ပိုင်သော အရှင်သခင်ဖြစ်သည်ဟု ထွက်ဆိုထားသော သင်္ကေတလည်း ဖြစ်ပါသည်။

          ရှင်ယောဟန် ခရစ်ဝင် ၁း၁-၃ လူသားအားလုံးအပြစ်၏ ကျွန်ဘ၀မှ လွတ်မြောက်စေရန် ကယ်တင်သော သင်္ကေတနှင့်တူသလား။ ကျမ်းစာကို၊ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ ထိုနှုတ်ကပတ်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သော အရာ တစ်စုံတစ်ခုမျှ မရှိ။

          ရှင်ယောဟန် ခရစ်ဝင် ၁း၁၄ ခရစ်တော်သည် ဖန်ဆင်းရှင် မှန်သလား။ ကယ်တင်ပိုင်သော အရှင်မှန်သလား။ အခန်းငယ် ၁၄ ကိုဆက်ဖတ်ပါ။ ကမ္ဘာမြေကြီးနှင့် ကောင်းကင်ကို ဖန်ဆင်းခဲ့သော အရှင်သခင် ခရစ်တော်သည် လူ့ဇာတိကို ခံယူသောသူလည်း ဖြစ်ပါသည်။ “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း၊ ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည် ဖြစ်၍ ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။

          ဖန်ဆင်းရှင်သည် လူ့ဇာတိကို ခံယူသူ သခင်ခရစ်တော်ဖြစ်ကြောင့် ဆက်စပ်မြင်ပြီလား။

          သခင်ခရစ်တော်သည် ပသခါသိုးသငယ်နှင့် ယဇ်ပုရောဟိတ်မင်းဖြစ်နိုင်ရန် အရည်အချင်းနှင့် နှစ်ရပ်ဖြင့် ပြည့်စုံပါသည်။

         အပြစ်အနာအဆာကင်းစင်သည်။

         ပူဇော်စတေးခံရသည်။ သခင်ခရစ်တော်၏ စုံလင်သော အသက်တာဖြင့် အသက်စတေးခံမည့် ယဇ်ကောင်သဖွယ် ဆက်ကပ်ခဲ့ပါသည်။ လက်ဝါးကပ်တိုင်ပေါ်တွင် စေတနာ အလျောက် ဆက်ကပ်ပူဇော်ခြင်း အကြောင်းကို ပို၍ နားလည်နိုင်ရန် ပသကာပွဲတော်တွင် သိုးသငယ် အသက်စတေးခံခြင်းဖြင့် ပုံဆောင်သွန်သင်ထားပါ

 

သည်။ ဣသရေလလူမျိုးများကို ပို့ဆောင်သော သိုးထိန်းအရှင်သခင်သည် ပသကာ သိုးသငယ်အဖြစ်ကို ခံယူ၍ လူ့ဇာတိ၌ အချစ်သက်သေ ပြခဲ့ပါသည်။

A.D. 31 Nisan ပုရောဖက်၏ တင်ကူးဟောပြောခဲ့သော အနာဂတ္တိနက္ခအတိုင်း။ Nisan  ၈ရက်၊ စနေနေ့။ ရှင်ယောဟန် ခရစ်ဝင် ၁၂း၁-၉ “ပသခါပွဲခံချိန် ခြောက်ရက်လိုသေးသောအခါ မာရိသည် အဖိုးများစွာ ထိုက်သော နာဒုဆီမွှေးစစ် အကျပ်သုံးဆယ်ကို ယူ၍ယေရှု၏ ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့် ထိုဆီ၏ အမွှေးသည် တစ်အိမ်လုံးကို နှံ့ပြား၏။ ယေရှုသည်လည်း ထိုမိန်းမကိုရှိစေတော့။ ငါ၏ အလောင်းကို သင်္ဂြိုဟ်ခြင်းငှါ ပြင်ဆင်သောနေ့တိုင်အောင် သူသည် ဤဆီမွှေးကို သိုထားပြီ။ ဆင်းရဲသောသူတို့ကား၊ သင်တို့၌အစဉ် ရှိကြ၏။ ငါမူကား၊ အစဉ်ရှိသည် မဟုတ်ဟု မိန့်တော်မူ၏။

Nisan ၉ ရက်၊ တနင်္ဂနွေနေ့။ ရှင်လုကာခရစ်ဝင် ၁၉း၄၁-၄၄ “ယေရုရှလင်မြို့ အနီးသို့ ရောက်၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ၍ အချင်းမြို့၊ အကြောင်းမူကား၊ သင့်ကို ကြည့်ရှုပြုစု တော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့် သင်၏ ရန်သူတို့သည် သင်ပတ်လည်တွင် တပ်တည်၍ သင်၌ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ ထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။

Nisan ၁၀ရက်၊ တနင်္လာနေ့။ ထွက်မြောက်ရာကျမ်း ၁၂း၃ “သင်တို့သည် ဣသရေလအမျိုးပရိသတ်အပေါင်းတို့ကို မှာထားရသော စကားဟူမူကား၊ ဤလဆယ်ရက်နေ့၌ သင်တို့ ရှိသမျှသည် မိမိအိမ်ထောင်အသီးသီး အတိုင်း တစ်အိမ်ထောင်လျှင် သိုးသငယ်တစ်ကောင်စီယူရမည်။ထိုနေ့ည၌ ဆာဟီဒရင် ကော်မတီမှ သခင်ခရစ်တော်ကို သတ်ဖို့ ရွေးချယ်သည်။

ငျြညေ ၁၁ရက်၊ အင်္ဂါနေ့။

ငျြညေ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။

ငျြညေ ၁၃ ရက်၊ ကြာသပတေးနေ့။ ရှင်လုကာ ခရစ်ဝင် ၂၂း၇၊ ၁၅ “ပသခါ သိုးသငယ်ကို သတ်ရသော နေ့တည်းဟူသော အဇုမပွဲနေ့ရက်သောအခါ ငါသည် အသေမခံမီ  ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှါ အလွန်အလိုရှိလေပြီ။

ငျြညေ ၁၄ရက် ၊ သောကြာနေ့၊ ပသကာနေ့။ သိုးပေါင်း ၂၄၀၀၀၀ ကောင်နှင့်အတူ သခင်ခရစ်တော်အသက်စတေးခံယူသည်။ ၁ ကော  ၅း၇

 

သင်တို့သည် တဆေးမဲ့သည်ဖြစ်သည်နှင့်အညီ။ အသစ်သော မုန့်စိမ်းဖြစ်မည် အကြောင်း၊ ဟောင်းသောတဆေးကို သုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူကား၊ ခရစ်တော် တည်းဟူသော ငါတို့ ပသခါ သိုးသငယ်သည် ငါတို့ အဖို့ ယဇ်ပူဇော်ရာ ဖြစ်၏။

          ရှင်မဿဲခရစ်ဝင် ၁၇း၄၆၊ ၄၇ မည်သည့်အချိန်တွင် ပသခါ သိုးသငယ်သည် အသက်စတေးခံရသနည်း။ ကျမ်းစာက “ သုံးချက်တီးအချိန်၌ ယေရှုက ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား။ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။ ထိုအရပ်၌ ရပ်နေသော သူအချို့တို့သည် ကြားလျှင် သူသည် ဧလိယကို ခေါ်သည်ဟု ဆိုကြ၏။

          ရှင်ယောဟန် ခရစ်ဝင် ၁၉း၃၀ သုံးချက်တီးအချိန်၌ ယေရှုသည် အမှုပြီးပြီဟု ကြွေးကြော်သည့် အချိန်ဖြစ်သည်။ “ယေရှုသည် ပုံးရည်ကိုခံပြီးမှ အမှုပြီးပြီဟု မိန့်တော်မူလျက် ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။

          ရှင်လုကာ ခရစ်ဝင် ၂၃း၄၆ တွင် ရှင်လုကာ၏ မှတ်တမ်းက ပိုပြီးပြည့်စုံစွာ ရေးသားထားသည်။ “ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီး လျှင် အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။နောက်ဆုံးဇီ၀အသက်ကို ရÈရှိုက်ရင် အမှုပြီးပြီဟု ကြွေးကြော်ကာ သက်တော်ကို စွန့်ခဲ့သည်။ ထိုအချိန်ကား ၆ ရက်နေ့ဖြစ်သည်။

          ထွက်မြောက်ရာကျမ်း ၁၂း၆ ဂျူးလူမျိုများ အချိန်ရေတွက်နည်းအရ၊ ၉ နာရီတွင် ပသခါသိုးသငယ်သည် အသက်စတေးခံရသည်။ ပသခါပွဲတော်၏ စည်းမျဉ်းများကို ကျမ်းစာက၊ “ထိုသိုးသငယ်တို့ကို ထိုလဆယ်လေးရက် တိုင်အောင် စောင့်ထားပြီးမှ ညဦး အချိန်၌ ဣသရေလအမျိုးအစည်းအဝေး ပရိသတ်အပေါင်းတို့သည် သတ်ရကြမည်။

          ညနေခင်းနှစ်ခုကြားမှာ ပသခါသိုးသငယ်ကိုသတ်ရမည်။ ညဦးအချိန်ဖြစ်သည်။ ဂျူးလူမျိုး၏ အချိန်နာရီအရ၊ ၁၂နာရီကျော်သည်နှင့် ညနေခင်းဆိုပြီး စတင်ရေတွက်သည်။ နေဝင်ချိန်သည် နေ့ရက်တစ်ရက်ပြီးဆုံးသောအချိန်ဖြစ်သည်။ ညနေခင်းနှစ်ခုကြားအချိန်တွင် သိုးသငယ်ကို သတ်ရမည်။ ဂျူးလူမျိုး၏ ၉နာရီသည် ယနေ့ရောမ၏ အချိန်ရေတွက်နည်း အရ ညနေပ်ိုင်း ၁ နာရီ ဖြစ်ပါသည်။ ပသခါ သိုးသငယ်ကို သတ်သည့်အချိန်သည် သခင်ခရစ်တော် အသက်စွန့်ခဲ့သော အချိန်ဖြစ်သည်။ ယနေ့ခရစ်ယာန်များ ခေါ်ဝေါ်သုံးနှုန်းနေသော ကောင်းသည့် သောကြာနေ့ ဖြစ်ပါသည်။ (Good Friday)

          ရှင်လုကာ ခရစ်ဝင် ၂၃း၅၄-၅၆ “ထိုနေ့ကား အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့အချိန် နီးသတည်း။ ဂါလိလဲပြည်က ကိုယ်တော်နှင့် အတူလာသော မိန်းမများသည် သင်္ချိုင်းတော်ကိုလည်းကောင်း၊ အလောင်းတော်ကို အဘယ်သို့ ထားသည်ကို လည်းကောင်း၊ အကြည့်အရှုလိုက်လာကြ၏။ ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ နေကြ၏။

          ဂျူးလူမျိုး၏ ထုံးတမ်းစဉ်လာအရ၊ ဥပုသ်နေ့တွင် လူသေကို လက်ဝါးကပ်တိုင်ပေါ်မထားရဆိုသည့် အစဉ်အလာရှိ၏။ ပသခါသိုးသငယ်ကို သတ်ပြီး အသားကို ညအချိန်တွင် စားရမည့် ထုံးတမ်းစဉ်လာလည်း ရှိပါသည်။

          ဖန်ဆင်းခြင်း မဟာဗျူဟာနှင့် သခင်ခရစ်တော်၏ ကယ်တင်ခြင်း နည်းဗျူဟာသည် အတူတူ ဖြစ်ပါသည်။ ၆ ရက်အတွင်းတွင် ဖန်ဆင်းခြင်း အလုပ်ပြီးသည်။ ၆ ရက် အတွင်းတွင် ကယ်တင်ခြင်းလုပ်ငန်းကို အဆုံးသတ်သည်။ အပြစ်အတွက် အဖိုးအခကို ပေးဆပ်ပြီးမှသာ “အမှုပြီးပြီဟု ကြွေးကြော်ပြီး သခင်ခရစ်တော်သည် ဥပုသ်တော်နေ့တွင် ဂူသင်္ချိုင်းချမ်းသာထဲသို့ ဝင်ပြီး နားနေတော်မူသည်။ ကျွန်ုပ်တို့အတွက် စွန့်တော်မူသောအသားကို မောရှေက၊

          ထွက်မြောက်ရာကျမ်း ၁၆း၂၃၊ ၂၄ တွင် ကျွန်ုပ်တို့အတွက် စွန့်တော်မူသောအသားကို မောရှေက၊

          သူကလည်း၊ နက်ဖြန်နေ့သည် ထာ၀ရဘုရားရှေ့၌ သန့်ရှင်းသော ဥပုသ်နေ့၊ ငြိမ်ဝပ်စွာ နေရသော နေ့ဖြစ်၏။  မုန့်ကို ပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။ ပြုတ်ချင်သည် အတိုင်း ပြုတ်ကြလော့။ ကျန်သောအရာကို နံနက်တိုင်အောင်စောင့်၍ သိုထားကြလော့ဟု ထာ၀ရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ မောရှေမှာထားသည်အတိုင်း နံနက်တိုင်အောင် သိုထားကြ၏။ နံခြင်းနှင့်ကင်းလွတ်၏။ ပိုးလည်းမရှိ။

          မောရှေမှာထားသည့်အတိုင်း ဥပုသ်နေ့အတွက် သိုထားသော မန္နမုန့်သည် ပိုးထိုးခြင်း၊ နံခြင်း၊ ပုပ်သိုးခြင်း မရှိကြောင်း တွေ့ရသည်။ မန္နမုန့်သင်ခန်းစာမှ သခင်ခရစ်တော်မည်သည့် အကြောင်းအရာကို သွန်သင်သနည်း။ ကောင်းကင်မှ မန္နမုန့်သည် ကျွန်ုပ်တို့အတွက် ပသခါသိုးသငယ်ဖြစ်သော သခင်ခရစ်တော်၏ အသားကို ပုံဆောင်ပါသည်။ ကျမ်စာက၊

 

          ရှင်ယောဟန်ခရစ်ဝင် ၆း၅၁ ကောင်းကင်မှ မန္နမုန်ု့သည် ကျွန်ုပ်တို့အတွက် ပသခါသိုးသငယ်ဖြစ်သော သခင်ခရစ်တော်၏ အသားကို ပုံဆောင်ပါသည်။ ကျမ်းစာက၊ “ငါသည် ကောင်းကင်မှ ဆင်းသက်သောအသက်မုန့်ဖြစ်၏။ ဤ မုန့်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ်အသက်ရှင်လိမ့်မည်။ ငါပေးသော မုန့်ကား၊ လောကီသားတို့၏ အသက်အဖို့ အလိုငှါ စွန့်သော ငါ၏ အသားပေတည်းဟု မိန့်တော်မူ၏။

          ဆာလံကျမ်း ၁၆း၈-၁၀ သခင်ခရစ်တော်သည် ကောင်းကင်မှ ဆင်းသက်လာသော ကျွန်ုပ်တို့အတွက် အသက်မုန့်ဖြစ်ပါသည်။ “ငါသည် ထာ၀ရဘုရားကို အစဉ်မပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား ငါလက်ယာလက်၌ တည်ရှိတော်မူသည် ဖြစ်၍ ငါသည် လှုပ်ရှားခြင်း မရှိရ။ ထိုကြောင့် ငါစိတ်နှလုံးသည် သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်း ရှိ၏။ ထိုမှတစ်ပါး ငါ့အသားသည် မျှော်လင့်လျက် ကိန်းဝပ်လိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက် အသက်ရှင်ခြင်း လမ်းကို ပြညွှန်းတော်မူလိမ့်မည်။

          သတ္တမနေ့ရက် ဥပုသ်သင်္ကေတသည် သခင်ခရစ်တော်၏ ဖန်ဆင်းခြင်းနှင့် ကယ်တင်ခြင်းလုပ်ငန်း ဆောင်ရွက်မှု ပြီးမြောက်အောင်မြင် ကြောင်း ဖော်ပြသော လက္ခဏာသက်သေဖြစ်သည်။ ကျွေးမွေးစောင့်ရှောက် ပြုစုရေးအလုပ်ကို ဆောင်ရွက်သူ ဖြစ်ကြောင်း အမှတ်သင်္ကေတလည်း ဖြစ်သည်။ သတ္တမနေ့ရက် ဥပုသ်သန့်ရှင်းရသည့် အကြောင်းရင်းမှ သခင်ခရစ်တော်၏ နားနေခြင်း၊ တည်နေခြင်း၊ ထိန်းသိမ်းသော ကတိတော်များကြောင့် သန့်ရှင်းခြင်းဖြစ်သည်။ အရာခပ်သိမ်း တာဝန် ခံထားသော သခင်ခရစ်တော်ကြောင့် ဥပုသ်တော်နေ့သည် ကောင်းချီးမင်္ဂလာဖြင့် ပြည့်၀ခြင်း ဖြစ်သည်။ စာတန်၏ ဖျက်ဆီး နှောင့်ယှက်မှုများကြောင့် ယနေ့တွင် သတ္တမနေ့ရက် ဥပုသ်သင်္ကေတ အမှန်ကို လွဲမှားစွာ နာလည်ကြသည်။

          သခင်ခရစ်တော်သည် ဖန်ဆင်းခြင်း သင်္ကေတကို ဧဒင်ဥယျာဉ်မှစတင်လာသော သတ္တမနေ့ရက် ဥပုသ်တွင် နားနေသည့်နည်းတူ ကယ်တင်ခြင်း သင်္ကေတကိုလည်း ကျောက်ကိုထွင်းသော သင်္ချိုင်းတွင်းထဲတွင် နားနေခြင်း ဖြစ်ပါသည်။ ဖန်ဆင်းခြင်းသည် ကျေးဇူးကရုဏာကြောင့် ဖြစ်သလိုပဲ၊ ကယ်တင်ခြင်းလည်း ကျေးဇူးကရုဏာကြောင့် ဖြစ်သည်။

 

          သခင်ခရစ်တော် တည်ရှိသောကြောင့်သာ သတ္တမနေ့ရက် ဥပုသ်သန့်ရှင်းပါသည်။

          သခင်ခရစ်တော်နားသောကြောင့်သာ သတ္တမနေ့ရက်ဥပုသ် သန့်ရှင်းပါသည်။ ခရစ်တော် မရှိလျှင် အဓိပ္ပါယ်မရှိပါ။ သခင်ခရစ်တော်တည်ရှိနေခြင်း ကြောင့်သာ ကောင်းချီးမင်္ဂလာများ နှင့် ပြည့်၀နေခြင်း ဖြစ်သည်။ The rest of Jesus Christ Make The Sabbath Holy ဆိုပြီး ပြောပါရစေ။

          သခင်ခရစ်တော်ကို မေ့ပျောက်စေရန် စာတန်ကြိုးစား အားထုတ်နေပါသည်။ သန့်ရှင်းပြီး အဓိပ္ပါယ်ပြည့်၀သော သတ္တမနေ့ရက် ဥပုသ် သင်္ကေတကို ဖျက်ဆီးရန် စာတန် ကြိုးစား အားထုတ်နေပါသည်။ ယနေ့တွင် ဩဝါဒနည်းမျိုးစုံဖြင့် သတ္တမနေ့ရက် ဥပုသ်သင်္ကေတကို အမှောင်ချနေပါသည်။ အယူဝါဒများကို ရောနှောသော သတ္တမနေ့ဥပုသ် အသင်းတရားဟောဆရာများ၏ တရားကိုလည်း သတိထားပါ။

          ညဦးအချိန်မှ စတင်သော နေ့ရက်၏အစကို ရောမ၏ နည်းစနစ်တွင် ညသန်းခေါင် ၁၂ နာရိ အချိန်မှစတင်သည်။ ရောမ၏ နည်းစနစ်ဖြင့် သတ္တမနေ့ရက် ဥပုသ်သင်္ကေတကိုလည်း ပြောင်းလဲခဲ့ပါသည်။ သခင်ခရစ်တော်၏ ပိုင်ဆိုင်မှု သင်္ကေတကို နောက်ဆုံးစာတန် ဖျက်ဆီးသော နည်းလမ်းမှာ-

          ဘုရားသခင်ကိုယ်တော်တိုင်သည် ဤမြင်ရသည့် ကမ္ဘာကြီးကို အရောင်အသွေး စုံလင်ကြွယ်၀စွာဖြင့် စနစ်တကျ ဖန်ဆင်းတော်မူခဲ့ပြီး မိမိ၏ ဖန်ဆင်းခြင်း အမှုကို ခြောက်ရက်ဆက်တိုက် ကြာအောင် ပြုတော်မူကာ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေခြင်းဖြင့် အဆုံးသတ်တော်မူခဲ့ပါသည်။” “God himself created the visible world in all its richness, diversity, and order. Scripture presents the work of the creator symbolically as a succession of six days of divine ‘work’, concluded by the ‘rest’ of the seventh day.’ )Catechism of the Catholic Church, 1994, p.87 (paragraph 337).

          စာတန်၏စနစ်ကို အကောင်အထည်ဖော် ဆောင်ပေးနေသော ဘာသာရေးအသင်း အဖွဲ့ တစ်ခုတွင် ဆင့်ကဲ ပြောင်းလဲခြင်း (အီဗလူးရှင်းသီအိုရီ) အတွက် တံခါးဖွင့်ထားတာ ဖြစ်တယ်။ ပုပ်ရဟန်းမင်းဟာ တံခါးဖွင့်ထားရခြင်း အကြောင်းက၊

            Chicago Tribune, October 25, 1996. “Pope Bolsters church support for evolution.”

4_33     It is indeed remarkable that this theory has been progressively accepted by researchers, following a series of discoveries in various field of knowledge. The convergence, neither sought nor fabricated, of the results of work that was conducted independently is in itself a significant argument in favor of this theory.

4_34    In am major statement of the Roman Catholic Church’s position on the theory of evolution. Pope John Paul the second has proclaimed that the theory is ‘more than just a hypothesis’ and that evolution is compatible with Christian faith. In a written message to the pontifical academy of science.

4_35     The pope said the theory of evolution has been buttressed by scientific studies and discoveries since Charles Darwin. If taken literally, the biblical view of the beginning of life and Darwin’s scientific view would see irreconcilable, In genesis, the creation of the world and Adam, the first human, took six days.

4_36     Evolution process of genetic mutation and natural selection the survival and proliferation of the fittest new species has taken billions of years, according to scientists.

          အီဗလူးရှင်းသီအိုရီနှင့် ခရစ်ယာန် အယူဝါဒ ဆန့်ကျင့်မှု မရှိကြောင်း ပုပ်ရဟန်းမင်း ဝန်ခံခြင်း ဖြစ်သည်။ ပရီုတက်စတင့် အသင်းတော်များသည်လည်း ထောက်ခံသော အခြေအနေသည် အံ့ဩဖွယ် ဖြစ်သည်။ အီဗလူးရှင်း နည်းပညာဖြင့် ကမ္ဘာမြေကြီးကို ဘုရားသခင် ဖန်ဆင်းခဲ့ကြောင်း ရောနှောသော ဩဝါဒကို လက်ခံသွန်သင်ကြပါသည်။ သတ္တမနေ့ ဥပုသ်အသင်းတော်မှ တရားဟောဆရာတချို့လည်း နားယောင်ပြီး သွန်သင်ဟောပြောကြပါသည်။

                    ညဦးနှင့် နံနက်သည် ပထမ နှစ်ပေါင်းတစ်သန်းဟု ကျမ်းစာတွင် သွန်သင်ချက် မရှိပါ။ နံပါတ် ၄ ပညတ်တွင်လည်း ၆ရက် အလုပ်လုပ်ပါ။ နှစ်ပေါင်းခြောက်သန်း အလုပ်လုပ်ပြီးမှ နှစ်တစ်သန်းနားပါဟု ကျမ်းစာတွင် သွန်သန်ချက်မရှိပါ။ ၂၄ နာရီတစ်ရက်ကို သခင်ခရစ်တော် ဖန်ဆင်းခြင်း ဖြစ်သည်။ ဖန်ဆင်းရှင် သခင်ခရစ်တော်

 

ကဲ့သို့ ၆ ရက် အလုပ်လုပ်ပြီးမှ တစ်ရက်နားပါဆိုသည့် ပုံစံနမူနာကို လိုက်လျှောက်ဖို့ ဖြစ်ပါသည်။ ကျမ်းစာကို ယုံကြည်ပြီး ဘုရားသခင်ကို ကိုးစားပါ။

          ဟေရှာယအနာဂတ္တိကျမ်း ၆၆း၂၂၊ ၂၃ သတ္တမနေ့ရက် ဥပုသ် သင်္ကေတသည် ဖန်ဆင်းခြင်းနှင့် ကယ်တင်ခြင်း သင်္ကေတဖြစ်သည် သာမက သတ္တမနေ့ရက်ဥပုသ် သင်္ကေတသည် အနာဂတ်တွင် အသစ်ပြန်လည် ဖန်ဆင်းခြင်း သင်္ကေတလည်း ဖြစ်သည်။ “ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့၊ သင်တို့၏ အမျိုးအနွယ်နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာ၀ရဘုရားမိန့်တော်မူ၏။ လူတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှါ လဆန်းနေ့နှင့် ဥပုသ်နေ့အစဉ်အတိုင်း လာကြလိမ့်မည်ဟု ထာ၀ရဘုရား မိန့်တော်မူ၏.

          ကောင်းကင်သစ်နှင့် မြေကြီးသစ်တွင် သတ္တမနေ့ရက်ဥပုသ် သင်္ကေတဖြင့် သခင်ခရစ်တော်သည် ဖန်ဆင်းရှင်၊ ကယ်တင်ရှင်၊ ဘုရင်တကာတို့၏ ဘုရင်ဖြစ်ကြောင်း အသိအမှတ်ပြုသည့် ဝတ်ပြုကိုးကွယ်မှု ဆိုင်ရာ သင်္ကေတအဖြစ် ဆက်လက် တည်မြဲ နေမည်ဖြစ်ပါသည်။ သတ္တမနေ့ရက် ဥပုသ်သင်္ကေတ၏ အဓိပ္ပါယ်မှာ ဖန်ဆင်းရှင်ဘုရားကို ကျွန်ုပ်တို့ ဝတ်ပြုကိုးကွယ်ပါသည်ဟု သက်သေဝန်ခံချက် ဖြစ်ပါသည်။

          သခင်ခရစ်တော်ကို ကျွန်တော်တို့ ဝတ်ပြုကိုးကွယ်ရသော အကြောင်းရင်းမှာ  ဖန်ဆင်းသော အရှင်ဖြစ်သည်။  ကယ်တင်သော အရှင်ဖြစ်သည်။  ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ပြန်ဖန်ဆင်းရန် ကတိပေးထားသော အရှင်သခင်လည်းဖြစ်ပါသည်။

          ဗျာဒိတ်ကျမ်း ၂၂း၁-၂ သတ္တမနေ့ရက် ဥပုသ်သင်္ကေတသည် ဝတ်ပြုကိုးကွယ်မှု ဆိုင်ရာ သင်္ကေတအဖြစ် ကောင်းကင်သစ်နှင့် မြေကြီးသစ်တွင် ဆက်တည်ရှိမည် ဖြစ်သည်။ လစဉ်လတိုင်း လဆန်းနေ့နှင့် ဥပုသ်တော်နေ့တွင် အသက်ပင် အသီးအသစ်ကို ပြင်ဆင်ထားပါသည်။ “တစ်ဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲက ထွက်သော အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ မြို့လမ်းမ အလယ်၌လည်းကောင်း၊ ထိုမြစ်နှစ်ဖက်၌ လည်းကောင်း အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီး တစ်ဆယ့်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်း ပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့ဖြစ်၏။

 

          ဗျာဒိတ်ကျမ်း ၂၁း၂၃ ကောင်းကင်သစ်နှင့်မြေကြီးသစ်တွင် နေ့၊ ညမရှိသော်လည်း ဥပုသ်တော်နေ့စောင့်ထိန်းခြင်း ရှိလျှင် နေ့ရက်ရှိပါသည်။ “ထိုမြို့သည် နေ၏ အရောင်၊ လ၏ အရောင်ကို အလိုမရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ ဆီမီး ဖြစ်၏။

          ဘုရားသခင်၏ ဘုန်းတော်ထွန်းလင်းခြင်းသည် နေ့ရက်များကို ဖျက်ဆီးမှု မဟုတ်ပါ။ ယနေ့နောက်ဆုံး အချိန်ကာလတွင် ကျွန်ုပ်တို့၏ အဓိက ရွေးချယ်မှုဖြင့် ဆုံးဖြတ်ချက်ချရမည့် အကြောင်းမှာ ဝတ်ပြုကိုးကွယ်မှုနှင့် ဆိုင်သော ဆုံးဖြတ်ချက်ဖြစ်ပါသည်။ မိမိတို့၏ ရွေးချယ်သော ဝတ်ပြုကိုးကွယ်မှုကို သင်္ကေတဖြင့် ဖော်ပြကြရမည်။

          ဗျာဒိတ်ကျမ်း ၁၄း၉-၁၀ သခင်ခရစ်တော်သာလျှင် ဖန်ဆင်းရှင်ဖြစ်ကြောင်း သတ္တမနေ့ရက် ဥပုသ်သင်္ကေတ အမှတ်ဖြင့် ဖော်ပြရန် ပထမကောင်းကင်တမန်၏ တတိယတောင်းဆိုမှု (သို့မဟုတ်) ဆင့်ဆိချက် ဖြစ်ပါသည်။

          ထိုမှတစ်ပါး၊ တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်၍ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့်ရောသော မီးထဲမှာ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။

          သင်္ကေတနှစ်ခု၊ လက္ခဏာနှစ်ခု၊ နေ့ရက်ဥပုသ်သင်္ကေတနှစ်မျိုး၊ ခရစ်တော်နှစ်ဦး၊ အပြစ်မဝင်မီ ဘုရားသခင်ပေးထားသော သင်္ကေတအမှန်နှင့် လူသားများ စုဖွဲ့ပြီး တည်ဆောက်ထားသော သင်္ကေတ နှစ်မျိုး အပေါ်မူတည်ပြိး ကျွန်ုပ်တို့ ကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး ရွေးကြရမည်။ သခင်ခရစ်တော်၏ ဝိညာဉ်ရေးစနစ်နှင့် စာတန်၏ ဘာသာရေးစနစ် နှစ်မျိုးစပ်ကြားတွင် တစ်ခုခု နောက်သို့ လိုက်ရန် ဆုံးဖြတ်ရမည်။

          ဗျာဒိတ်ကျမ်း ၁၄း၇ မိတ်ဆွေ၊ အမှန်ကို ရွေးချယ်ပြီ ဆုံးဖြတ်ချက်ချနိုင်ရန် ပထမကောင်းကင်တမန်သည် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အခြေခံအုတ်မြစ်ကို ဖော်ပြပေးခဲ့ပြီးဖြစ်သည်။ “ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကို ငါမြင်၏။

 

          ကောင်းကင်တမန်ဆင့်ဆိုသော သတင်းအတိုင်း ဆောင်ရွက်ခြင်းသည် နာခံခြင်းဖြစ်ပါသည်။ နာခံခြင်းသည် ထာ၀ရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်ခြင်း ဖြစ်၏။

          မှန်ကန်သော သင်္ကေတဖြင့် မိတ်ဆွေများ၏ အသက်တာတစ်လျှောက်လုံး မိမိ၏ ဝတ်ပြုကိုးကွယ်သော ဖန်ဆင်းရှင်ကို ဘုရားသခင်ရှေ့၊ လူရှေ့တွင် ဝန်ခံရန် လိုအပ်နေပါပြီ မိတ်ဆွေ။

          ဘုရားသခင်ပေးသနားသည့် ကောင်းချီးမင်္ဂလာအားလုံး ခံယူနိုင် ကြပါစေ။