Tuesday, March 10, 2026

 

အခန်း (၃၉)

ဗာဗုလုန်ပါသွားသုံ့ပန်းဒံယေလ

ဤအခန်းကြီးသည် (ဒံယေလ ၁) ကို အခြေခံထားသည်။

 

               ဗာဗုလုန်နိုင်ငံသို့ သုံ့ပန်းအဖြစ်ခေါ်ဆောင်သွားခြင်းခံရသော ဣသရေလ သား သမီး သက်ကြီးရွယ်ကောင်း၊ လူငယ်လူရွယ်၊ ပျိုရွယ်မောင်မယ်နှင့် ကလေးငယ်များ တို့တွင် အကျင့်စည်းကမ်းမှန်ကန်စွာ စောင့်ထိန်းသည့်အရာမှာ သံမဏိကဲ့သို့ မာ သောသူ၊ ထာ၀ရဘုရားသခင်ကို ဦးစားပေးဂုဏ်ပြုချီးမြှင့်ရာ၌ မိမိအသက်နှင့်တကွ အရာရာကို အဆုံးအရှုံးခံရန်ဝန်မလေးသည့် အာဇာနည်စိတ်ဓါတ်ဝင့်သူများလည်း ရှိ ကြပါသည်။

               သုံ့ပန်းဘ၀နှင့် ပျော်ရွှင်စွာ နေထိုင်မည့်တိုင်းပြည်မှာ ထိုသူတို့သည် ထာ၀ရ ဘုရားသခင်၏ အကြံအစည်တော်ကို ဖော်ဆောင်မည့် ဘုရားသခင်၏ ကိုယ်စားလှယ် တော်များသာ ဖြစ်ကြသည် မဟုတ်ပါလား။

               ဗာဗုလုန်မှာအယူအဆတစ်ခုရှိပါသည်။ ယခုလိုဟေဗြဲလူမျိုးတို့ စစ်ရှုံးရသဖြင့် သုံ့ပန်းဘ၀နှင့် ရောက်ရှိလာရပြီ။ ထိုမျှနှင့်မကသေးဘဲ သူတို့၏ တန်ဖိုးထားသော ဗိမာန် တော်သုံးရွှေဖလား၊ ငွေဖလား၊ အသုံးအဆောင်တန်ဆာပလာတို့သည်လည်း ယခုတွင် ဗာဗုလုန်မှာရှိသော နတ်ဘုရားတို့ စံမြူးရာဘုံကျောင်းတော်ကြီးမျာ ထားရှိအသုံးပြုနေ ပါသောကြောင့် သူတို့၏နတ်ဘုရားသည် ဟေဗြဲလူတို့ကိုးကွယ်သော ထာ၀ရဘုရား သခင်ထက် တန်ခိုးကြီးသည့် သက်သေပင်ဖြစ်ကြောင်း မှတ်ယူစွဲလမ်းနေကြပါသည်။ သို့တိုင်အောင်လည်း ထာ၀ရဘုရားသခင်သည် မိမိ၏အနှိုင်းမဲ့ ကြီးမြတ်လှပါသော တန်ခိုးတော်၊ သန့်ရှင်းဖြောင့်မတ်မှုကို လိုလားခြင်းသဘောနှင့် စကားတော်ကို နား ထောင်ခြင်း၏ သေချာပေါက်ရလဒ် အကျိုးဆက်များကို ဗာဗုလုန်ပြည်အား သက်သေ ထင်ရှားသာဓကပြခဲ့ပါ လေပြီ။

               ဒံယေလနှင့် အဖော်သုံးယောက်တို့သည် သာဓကပြကောင်းသော လူငယ် များပင်ဖြစ်ကြ၏။ မည်သူမဆို ထာ၀ရဘုရားသခင်နှင့် ပူးပေါင်းဆက်သွယ်ကာ အကျွမ်းဝင်ပါက သူတို့လိုဖြစ်နိုင်ကြေင်း သင်ခန်းစာယူနိုင်ပါ၏။ ထိုလူငယ် လူရွယ် တို့သည် ရိုးစင်းသောအိမ်ထောင်မိသားစုမှ ပေါက်ပွားကြီးပြင်းလာခဲ့သည်။ မင်းမျိုးမင်း နွယ်များဖြစ်သောကြောင့်လည်း သာမန်လူထက်ထူးသလို၊ ကမ္ဘာ့အထင်ရှားဆုံးသက် ဦးဆံပိုင် ဧက္ကရာဇ်မင်းကြီး၏ ဝင့်ကြွားဖွယ်လှပခန့်ညားဆုံး မြို့တော်ကြီးများနှင့် နန်း တွင်း စံအိမ်တော်ကြီးများမှာနေကာ ပညာယူ၍ ရှင်ဘုရင်ကို အလုပ်အကြွေးပြုရမည် ဖြစ်ပါသည်။ ထိုသူတို့သည် ]မကောင်းသော လက္ခဏာနှင့် ကင်းကွာလှသော အဆင်း သဏ္ဌာန်နှင့် ပြည့်စုံ၍ကောင်းသော ဉာဏ်နှင့်တကွ အထူးထူးအပြားပြားသော အတတ် ပညာများကို လေ့ကျက်ခြင်းငှါ တတ်စွမ်းနိုင်သော လူငယ်များဖြစ်ကြပါသည်။

               ဤလိုလူငယ်တို့တွင် ထူးခြားအရည်အသွေးများကို ရှင်ဘုရင်သည် တွေ့မြင် သဖြင့် အရေးကြီးရာထူးများမှာ ဖြည့်စွက်ခန့်အပ်နိုင်ဖို့ သူတို့ကို နန်းတွင်းပညာတော် သင်ရန် ရွေးချယ်ဆုံးဖြတ်အမိန်ချခဲ့ပါသည်။ ထိုသူတို့သည် ခါလဒဲ ဘာသာစကားကို သင်ယူရမည်။ မင်းသားတို့တတ်အပ်သော ထူးခြားပညာအဖြာဖြာတို့ကို သုံးနှစ်တာ သင်စေဟု ရှင်ဘုရင်သည် အမိန့်တော်ချ၏။

               ရှင်ဘုရင်သည် ဟေဗြဲလူငယ်တို့အား နတ်ဘုရားကိုးကွယ်ဖို့ရန် မိမိတို့၏ ယုံကြည်ချက်ကိုစွန့်လွှတ်ရမည်ဟု အတင်းအကျပ်မပြုခဲ့ပါ။ သို့သော်လည်း တဖြည်း ဖြည်းနှင့် နတ်ဘုရားကိုးကွယ်လောအောင်တော့ ပြုမည်ဟုစိတ်ထဲမှာ ရှိခဲ့ပါသည်။ ဤလူငယ်တို့အား ကြည့်ရှုပျိုးထောင်ရသော တာဝန်ရှိမိန့်မစိုးအုပ်က ]ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိကို ရှာဒရက်၊ မိရှေလကို မေရှက်၊  အာဇရိက် အဗေဒနေဂေါဟု အသီးသီးအမည်နာမသစ်ကိုပေး၏။} ဤသို့မိမိ၏ ထူးခြားနတ်ဘုရားနာမည်တို့ကို ပေး ခြင်းသည် တဖြည်းဖြည်းလျှင် သူတို့နှင့် နေ့စဉ်အနီးကပ်မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ယဇ်နတ်ပူဇော်ပသမှုထုံးစံဓလေ့နှင့် ရင်းနှီးယဉ်ပါးလာကာ လောကပျော်ပါးမှုနှင့် ဒွန် တွဲနေသော ဝတ်ပြုကိုးကွယ်မှု ဝတ်ကြီးဝတ်ငယ်အသွယ်သွယ်တို့၏ ဩဇာလွှမ်းမိုး မှုအောက်မှာမွေ့လျော်လာကြ လိမ့်မည်ဟု မျှော်လင့်ခဲ့လေသည်။ ဤသို့လျှင် ထို လူ ငယ်တို့သည် မိမိတို့၏ဘာသာတရားကို စွန့်ပစ်ပြီးလျှင် ဗာဗုလုန်နတ်ဘုရား ယုံကြည် ကိုးကွယ်မှုနှင့် ပေါင်းစည်းလာကြမည် မဟုတ်ပါလား။

               ပထမတွင် အစားအသောက်နှင့် ပတ်သက်သော အကျင့်စမ်းသပ်မှု ဆိုင်ရာ သွေးဆောင်မှုကြီးကို လူငယ်တို့ ရင်ဆိုင်ခဲ့ရပေသည်။ ရှင်ဘုရင်၏ စားပွဲတော်မှာ စီမံ ထားသော စားကောင်းသောက်ဖွယ်၊ အနံ့အရသာ စုံလင်စွာနှင့် ပြည့်၀သော တေဘာပွဲကြီးဖြစ်လေသည်။ ဘုရင်ကြီးအနေဖြင့် ဤကဲ့သို့စီမံပေးခြင်းသည် ထို သူတို့၏ ဘက်စုံသာယာ၀ပြောရေးကို အလိုရှိကြောင်းတွေ့မြင်စေလိုပါ၏။ သို့သော် လည်း ဘုရင့်စားပွဲမှ အစားအသောက်ဟူသမျှသည် မိမိတို့၏နတ်ဘုရားကို ပူဇော် ပြီးသားဖြစ်၍နေသည်။ ထိုအစားအသောက်တို့ကို သုံးဆောင်ခြင်းသည် ဗာဗုလုန်နတ် ဘုရားတို့ကိုအရိုအသေပေးရှိခိုးသည်ဟု မှတ်ယူကြပေသည်။ ဤသို့သွယ်ဝှိုက်သော နည်းဖြင့် နတ်ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းမပြုလိုသော ဒံယေလနှင့်အဖေါ်တို့သည် မိမိတို့၏ ယုံကြည်ခြင်းကို ငြင်းပယ်လိုကြသကဲ့သို့ ထာ၀ရဘုရားသခင်၏ ပညတ်တရား စည်းမျဉ်းကိုလည်း မရှုတ်ချလိုကြပါချေ။ မိမိတို့၏ဘက်စုံကြီးပွားတိုးတက် လျက်နေ သော ကာယ၊ ဉာဏ၊ ဝိညာဉ်ရေးရာ အင်အားစုတို့ကို ဤခံတွင်းရသာစုံ စည်းစိမ်ကြီးနှင့် မလဲလှယ်လိုကြပါ။ သူတို့သည် ငယ်ငယ်တုန်းက နာဒတ်နှင့် အဘိဟု တို့ အကြောင်း ကိုလည်း ကြားခဲ့၊ ဖတ်ခဲ့ရသောကြောင့် စပျစ်ရည်အားဖြင့် မိမိတို့၏ ကာယခွန်အား၊ ဉာဏခွန်အားကို အလျှင်မဆုတ်ထုတ်စေလိုကြပါပြီ။

               ဒံယေလနှင့်အဖော်တို့သည် ငယ်စဉ်ကလေးဘ၀မှစ၍ သွန်သင်မှုခံခဲ့ရပုံကား ထာ၀ရဘုရားသခင်သည် မိမိတို့၏ စွမ်းဆောင်နိုင်မှုများ အတွက်စာရင်းပြုစုထား၍ တောင်းခံမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အားအင်ဆုတ်ယုတ်စေသော (သို့) ကြီးထွားမှုကို အဆီးအတားဖြစ်စေသော သေရည်နှင့် စားသောက်ဖွယ်ရာတို့ကို ရှောင်ရှားအပ် ကြောင်းဖြစ်ပါသည်။ ရှင်ဘုရင်နန်းတော်မှာ လူကိုညစ်ညမ်းစေသော သေရည်သောက် စားခြင်းနှင့် လောကစည်းစိမ်တို့သည် အလျှံပယ်ရရှိနိုင်ရကား လူငယ်တို့အဖို့ ထိုသွေး ဆောင်ခြင်းသည် ကြီးမားလှပေသသည်။ သို့သော်လည်း ဒံယေလ နှင့်အဖော် သုံး ယောက်တို့သည် ပတ်ဝန်းကျင်၏ ညစ်ညမ်းမှုနှင့် ကင်းရှင်းအောင် နေထိုင်သက်ရှင် ခဲ့ပါသည်။ ငယ်စဉ်အသက်တာမှ စတင်၍သန္ဓေတည်ခဲ့သော ဘုရားသခင်၏ နှုတ် တော်ထွက်စကားနှင့် အမှုတော်တို့ကို လေ့လာဆည်းပူးခဲ့ခြင်းသည်လည်း သူတို့ကို စည်းကမ်းစနစ်နှင့် လူများဖြစ်စေသောကြောင့် အဘယ်မည်သော စုံစမ်းသွေးဆောင် မှုကြီးငယ်တို့သည် သူတို့ကို မအောင်နိုင်ခဲ့ပါချေ။

               အမှန်အားဖြင့် ဒံယေလသည် ကျပ်တည်းသော သေရည်သေရက် စားသောက် ခြင်းအမှု အလေ့အထတို့ကို မရှောင်ရှားလိုက ကောင်းမြတ်မှန်ကန်သေ သဘောဖြင့် ဆင်ခြေပေးနိုင်ပါ၏။ ဘုရားသခင်၏ သွန်သင်ချက်များအပေါ် သစ္စာမဲ့လိုကလည်း သူ့ သဘောပင်ဖြစ်ပါသည်။ သူသည် ရှင်ဘုရင်၏ အစီအစဉ်အတိုင်းမလိုက်လျှောက်က ဒံယေလသည် မိမိ၏ရာထူးနှင့် အသက်ပင်ဆုံးရှုံးနိုင်လေသည်။ ကောင်းကင်ဘုံရှိ ဘုရား သခင်၏ ပညတ်တော်ကို ဂရုမစိုက်လျစ်လျူရှုခြင်းဖြင့် မိမိ၏ပညာရည်အဆင့်နှင့် ညီ မျှသောကောင်းကျိုးချမ်းသာများနှင့် လောကစည်းစိမ်ဂုဏ်ရှိန်မြင့်မာခြင်း အခွင့်ထူးကို ထိန်းသိမ့်ကာကွယ်နိုင်ပါလိမ့်မည်။

               သို့သော်လည်း ဒံယေလသည် ချီတုံချတုံဖြစ်မနေပါ။ မိမိယုံကြည်ချက်မှာ မားမားမတ်မတ်ရပ်တည်ဖို့ကိုသာ စိတ်ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူသည် ]ပွဲတော်မှ ကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက်မစာဘဲ ညစ်ညူး ခြင်းကို ရှောင်မည်ဟု အကြံရှိ} ပါသည်။ ဤသဘောကိုလည်း မိမိ၏မိတ်ဆွေ ကောင်း သုံးယောက်တို့က ထောက်ခံအားပေးခဲ့ပါ၏။

               ဤဆုံးဖြတ်ချက်အပေါ်  ထိုဟေဗြဲလူငယ်တို့သည် ဒွိဟမဖြစ်ပါ သံသယလည်း မဝင်ပါ။ မှန်ကန်သည်ဟု ထင်မှတ်ရပုံမျိုးနှင့်လည်း မကျင့်သုံးမလိုက်လျှောက်ပါ။ သူတစ်ပါးထက်ထူး၍ ရေပန်းစားလိုစိတ်နှင့်လည်း ရွေးချယ်စိတ်ထားသည် မဟုတ်ပါ။ ထာ၀ရဘုရားသခင်ကို ရှုတ်ချခြင်း သက်သက်မဖြစ်စေလိုသောကြောင့်သာ ဖြစ်ပါ သည်။ ပထမခြေလှမ်းသည် မှားယွင်းနေခဲ့ပါသော် နောင်ခြေလှမ်းများမှာ လွဲချော် သွားနိုင်သည်မို့ကောင်းကင်ဘုံနှင့်ထားရှိသော သူတို့၏အဆက်အသွယ်ကို လားလားမျှ မပြတ်တောက်စေလိုကြပါ။ သို့ဖြစ်၍ စုံစမ်းသွေးဆောင်မှုကို ဝေးဝေးမှ ရှောင်ရှားကြခြင်း ဖြစ်ပါသည်။

               ]ဘုရားသခင်ပြုပြင်တော်မူသောအားဖြင့် မိန်းမစိုးအုပ်သည် ဒံယေလကို အလွန်ချစ်သနား} ၍ဒံယေလသည် မိမိကိုယ်ကို မညစ်ညူးစေလိုပါဟူသော တောင်းခံ ချက်ကို လေးစားစွာဖြင့် လက်ခံအတည်ပြုလိုက်ပါသည်။ သို့တိုင်အောင်လည်း မိန်းမစိုး အုပ်မှာ ချီတုံချတုံတော့ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ဒံယေလအား ဤသို့လျှင်ပြော၏။ ]ငါသခင်ကြည့်ရှုစေခြင်းငှါ ခန့်ထားသော စားတော်ကဲကို ငါကြောက်၏။ သင်တို့မျက် နှာသည် အရွယ်တူလူပျိုတို့၏ မျက်နှာလောက်အဆင်းမလှသည်ကို မြင်တော်မူလျှင် သင်တို့အတွက်နှင့် ငါသည် ရာဇဝတ်သင့်၍ အသက်မလွှတ်ရ။}

 

                              ဒံယေလသည် အခြားသော အာဏာပိုင်ထံအသနားခံခြင်း

               သို့ဖြစ်၍ ဒံယေလသည် ဟေဗြဲလူငယ်တို့ကို အထူးကြည့်ရှုကျွေးမွေး ပညာပေး ရသောအရာရှိကြီး၊ အထိန်းတော် စားတော်ကဲမဲလ်ဇာ (နြူဖမေ) အား အသနားခံ ပြောကြားခဲ့ပေသည်။ ထိုစားတော်ကဲကို ဒံယေလက ]အကျွန်ုပ်တို့ စားသောက်စရာဖို့ ဟင်းသီးဟင်းရွက်နှင့်ရေကိုသာ ဆယ်ရက်ပတ်လုံးပေးစမ်းပါ} ဟုတောင်းခံသည်အ တိုင်း သူတို့ရရှိခဲ့ပါသည်။ အခြားဟေဗြဲလူငယ်တို့မှာကား ရှင်ဘုရင်၏ပွဲတော်မှ ကြွင်း သော အစာကိုစားသောက်ကြပါသည်။

               မဲလ်ဇာသည် ကြောက်ကြောက်နှင့်သဘောတူခဲ့ပါသော်လည်း ဆယ်ရက်လွန် သောနေ့၌ စစ်ဆေးကြည့်သောအခါ အခြားလုလင်ပျိုတို့ထက် ကွာခြားလှသည်ကို အံ့ ဩဖွယ်တွေ့မြင်ခဲ့ရလေသည်။ ]ဆယ်ရက်စေ့လျှင် သူတို့မျက်နှာသည် ပွဲတော်မှာကြွင်း သော အစာကိုစားသော လူပျိုအပေါင်းတို့၏ မျက်နှာထက် အဆင်းလှ၍ ဖွံ့၀လျက်ရှိ၏။} ဤသို့လျှင် ဒံယေလနှင့် အဖော်တို့သည် မိမိတို့၏ သင်တန်းကာလတစ်လျှောက် ရိုးရိုး အစာကိုသာ သုံးဆောင်ခွင့် ရရှိကြလေသည်။

 

 

               ထိုဟေဗြဲလူငယ်တို့သည် သုံးနှစ်တိုင်တိုင်ဗာဗုလုန်၏ ဘက်စုံပညာရေးကို ဆည်းပူးသင်ကြားခဲ့လေသည်။ ထိုလူငယ်တို့သည်လည်း ထာ၀ရဘုရားသခင်၏ အနှိုင်း မဲ့တန်ခိုးတော်ကိုသာ အစဉ်မပြတ်ခိုလှုံအားကိုးလျက်နေကြ၏။ သူတို့သည် ရှင်ဘုရင့် နန်းတော်မှာ ဤကဲ့သို့ပညာတော်သင်ပြုရမည်ဟု ဘယ်တုန်းကမျှမကြံရွယ်ခဲ့ပေ။ မာန ထောင်စရာလည်းမရှိခဲ့ပေ။ တခြားတိုင်းပြည်မှ သုံ့ပန်းများသာ ဖြစ်ချေ၏။ နေအိမ်မှ ခွဲခွါလာပြီးသည်နောက် သူတို့ရှာဖွေမျှော်လင့်ခဲ့သည်က အပြစ်မှတရားသေလွှတ်ရန် မိမိတို့ကိုယ်ကိုယုံကြည် နိုင်လောက်ခြင်းပင် ဖြစ်တော့သည်။ သို့မှသာလျှင် မိမိတို့၏ နင်းပြားဖိနှိပ်ခံဘ၀မှာ ဂုဏ်မြင့်နိုင်မည်မဟုတ်ပါလား။ ဘုရားသခင်၏ အစေခံကောင်း များအဖြစ် ဘုန်းထင်ရှားစေနိုင်မည် မဟုတ်ပါလား။

               ဘုရားသခင်သည် ထိုလူငယ်တို့၏ ဖြူစင်သောဦးတည်ရွယ်ရွယ်ချက်ကို အသိ အမှတ်ပြုထောက်ခံပေသည်။ ကိုယ်တော်သည် သူတို့အားအထူးထူးသော သိပ္ပံအ တတ်ပညာတို့ကို သံစေခြင်းငှာ ထိုးထွင်း၍ နားလည်နိုင်သောဉာဏ်သတ္တိကို ပေး သနားတော်မူ၏။ ဒံယေလသည်လည်း ဘုရားသခင်ဖော်ပြသော မြင်ကွင်းကျယ်ရုပ်ရှင် နှင့်အိပ်မက်ကို နားလည်နိုင်သောဉာဏ်ပညာနှင့် ပြည့်စုံအံ့သောငှါ ဘက်စုံသဘာ၀ လွန်ဉာဏ်ပညာအင်အားစုံကို ချပေးတော်မူခဲ့လေသည်။ သို့ဖြစ်၍ ]ငါ့ကို ချီးမြှောက် သော သူတို့ကိုငါချီးမြှောက်မည်} (၁ရာ ၂း၃၀) ဟူသော ဘုရားသခင်၏ကတိတော် သည် ပြည့်စုံရချေ၏။ ဒံယေလသည် နန်းတွင်းအသက်တာမှာ ကမ္ဘာကျော်ပညာရှင် ကြီးများတို့၏ ဘက်စုံပညားရေးသွန်းသင်ချက်များကို ခံယူဆည်းပူးလျက်ရှိနေစဉ် ဘုရားသခင်သည် သူ့အားရှေ့ဖြစ်၏ ထူးဆန်းနက်နဲရာများကို ကြိုတင်ဖော်ပြပါ။ လာ မည့်လူ့အဆက်အနွယ်များ ဘယ်ကဲ့သို့လျှင်ဖြစ်မည်ကို မှတ်တမ်းတင်စေ၏။ သူသည် ကမ္ဘာအဆုံးကာလသမိုင်းမှာ ဖြစ်ပေါ်လာမည့် ဖြစ်ရပ်မှန်ကြီးငယ်များကို ပုံသဏ္ဌာန် အဆင်းမျိုးစုံနှင့် ပုံဆောင်ကာ မြင်မက်မှတ်သား နားလည်ခွင့်ရရှိခဲ့လေသည်။

 

              

 

စစ်မှန်သော ကျန်းမာရေးပညာပေးပြန်လည်ပြုပြင်

ပြောင်းလဲမှုကြီး၏ ရလဒ်များ

               အချိန်စေ့၍ နိုင်ငံတော်အတွင်းအမှုတော်ထမ်းရွက်ရန် ဟေဗြဲလူငယ်တို့ အား စာမေးပွဲခေါ်ယူ စစ်ဆေးချိန်ရောက်ရှိလောသောအခါ စုရုံးကြသူတို့တွင် ]ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇိတို့နှင့်တူသော သူတစ်ယောက်မျှမရှိကြောင်းကို သိမြင်ရ၏။} သူတို့၏ အကင်းပါးနပ်စွာ ထိုးထွင်း၍ နားလည်နိုင်သောအသိဉာဏ်၊ ကျယ်ပြန့်သော အတတ်ပညာနှင့် မယှဉ်သာသော ဘာသာစကားတတ်မြောက်ခြင်းတို့သည် ပင်ကို သဘာ၀အင်အားစုမှ ကြီးထွားလာသော အသိဉာဏ်စွမ်းရည်များဖြစ်ကြောင်း သက် သေထင်ရှားပြသနေပါ၏။ သို့ဖြစ်၍လည်း ]ထိုသူတို့သည် ရှင်ဘုရင်အထံတော်၌ ခစားရ သော အခွင့်အရာကို ရကြ၏။}

               ဗာဗုလုန်နေပြည်တော်၏ နန်းပရဝဏ်မှာ နိုင်ငံတကာမှ အမြင့်ဆုံးပညာရည် စွမ်းအားရှင်ကြီးများကို တွေ့မြင်နိုင်သည်။ ထိုသူတို့၏ပင်ကိုသဘာ၀ ဆုကျေးဇူးများ ကြောင့် နေပြည်တော်သည် ကမ္ဘာယဉ်ကျေးမှု ကြွယ်၀ချမ်းသာမှု၏ အနှစ်သာရကို ရရှိခံစားရပေသည်။ ကမ္ဘာ့ခေါင်းဆောင်နိုင်ငံကြီးအဖြစ်၌လည်း ရပ်တည်ခဲ့ရပေသည်။ သူတို့အားလုံးထဲမှာ ဟေဗြဲလူငယ်တို့သည် ပြိုင်ဘက်ကင်းသော ခန္ဓာကိုယ်စွမ်းအား၊ ဉာဏ်ပညာစွမ်းအားနှင့် စာပေပညာကို တစ်ဖက်ကမ်းခတ်အောင်မြင်စွာ တတ်မြောက် ကြောင်းကိုသိရ၏။ မတ်တတ်ရပ်နေပုံ၊ လမ်းလျှောက်ပုံ၊ မျက်နှာအသွင်အပြင်၊ စူးရှ သော မျက်လုံးအစုံနှင့် အာပုပ်နံ့မရှိသော လေယူလေသိမ်း အစရှိသည်တို့သည် မြင့် မြတ်သော ဘွဲ့ရာထူးတံဆိပ်နှင့် ချီးမြှောက်ခြင်းကို ခံထိုက်ပေသည်။ ဤကားသဘာ၀ တရားနိယာမပညတ်တို့ကို နားထောင်လိုက်လျှောက်ခြင်း၏ အကျိုးပင်ဖြစ်သည် မ ဟုတ်ပါလား။

               ဗာဗုလုန်နိုင်ငံသားတို့၏ပညာကို သင်ကြားဆည်းပူးရာ၌ ဒံယေလနှင့်အဖော် သုံးယောက်တို့သည် အခြားမိမိတို့၏ ဘ၀တူသင်တန်းသားများထက် ပညာရည်မှာ သာလွန်ကြပါ၏။ သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုအောက်မှာ သူတို့ တွေ သည် ဝန်ခံသက်ရှင်ကာ ထာ၀ရဘုရားသခင်ကိုသိကျွမ်းခြင်းအမှု၌ မိမိတို့၏ ပညာရေးဇစ် မြစ်အဖြစ် ထားရှိပါသောကြောင့် ဤသို့ပညာအရာမှာ ဆယ်ဆသာလွန်ရခြင်းဖြစ်ပါ သည်။ သူတို့သည် အထက်မှဉာဏ်ပညာကို တောင်းခံ၏။ မိမိတို့ဆည်းပူးလေသမျှသော ပညာလိုင်းပေါင်းစုံတွင် အထွတ်အထိပ်သို့ရောက်ရန် အခွင့်အရေးတိုင်းမှာ တိုးတက် သာလွန်ရန် ကြိုးစားကြ၏။ ဉာဏ်ပညာအင်အားစုကို ပေးစွမ်းနိုင်သော အသက်တာ နိယာမစည်းကမ်းတို့အတိုင်း လိုက်နာကျင့်သုံးသက်ရှင်သွားကြ၏။ မခြားမလပ်ဆု တောင်းခြင်း၊ စိတ်အာရုံစူးရှစွာပညာကို လေ့လာသင်ယူခြင်း၊ မမြင်နိုင်သော ဘုရား သခင်နှင့် အမြဲထာ၀ရစဉ် ဆက်သွယ်လျက်ရှိခြင်းတို့ကြောင့် ဧနောက်သည် ဘုရား သခင်နှင့်အတူ လမ်းလျှောက်သကဲ့သို့ သူတို့လည်းပြုကြပါသည်။

               မည်သည့်လုပ်ငန်းမှာမဆို အောင်မြင်သည်ဆိုရာ၌ ကံကောင်းထောက်မ၍ မဟုတ်။ မမျှော်မှန်းမရည်ရွယ်ဘဲနှင့် အလိုအလျောက်ဖြစ်၍မလာပါ။ အောင်မြင်ခြင်း သည် ဘုရားသခင့်စီမံချက်များ၏ လုပ်ဆောင်ချက်ရလဒ်များပင် ဖြစ်ချေသည်။ ယုံ ကြည်ခြင်းနှင့် ဖြောင့်မတ်ရာလမ်းသို့ လိုက်လျှောက်ကျင့်သုံးကာ ပါရမီရင့်ကျက် မှုရှိရုံမျှမက လုံ့လဝီရိယထက်သန်မှု၏ အကျိုးပင်ဖြစ်သည်မဟုတ်လော။ ဦးနှောက် အာရုံကောင်းစုံခြင်းနှင့် အကျင့်မြင့်မားခြင်းတို့သည်လည်း ခုရေတွင်းတူး၍ ခုရေကြည် သောက်နိုင်သော အဖြစ်မျိုးမဟုတ်။ ရှောင်တခင်လျှပ်တစ်ပြက်ဖြစ်၍မလာ။ ဘုရား သခင်က အခွင့်အရေးများကိုပေး၍ ထိုအခွင့်အရေးတို့ကို ကျွန်ုပ်တို့က မည်သို့မည် ပုံအသုံးပြုသည်၊ အသုံးချသည့်အပေါ်မူတည်နေပါသည်။

               ဤတွင်ကောင်းကင်ဘုံက ညွှန်ပြသော စုပေါင်းလုပ်ဆောင်မှု အခြေခံစည်း မျဉ်ကို ဖော်ညွှန်းနေပါသည်။ ဘုရားသခင်၏ကျေးဇူတော်ကို ကျွန်ုပ်တို့ ရယူပိုင်ဆိုင် ဖို့ရန် မိမိလုပ်ဆောင်ရမည့်အပိုင်းကို ဝီရိယစိုက်ထုတ်လျက် လုပ်ဆောင်ပေမည်။ သခင့်၏ ကျေးဇူတော်သည် ကျွန်ုပ်တို့အား ဆန္ဒအလိုကိုရှိစေ၍ ကြိုးစားအားထုတ်ကာ လုပ်ဆောင်စေပါသည်။ ကျွန်ုပ်တို့၏ ကြိုးစားအားထုတ်မှု သက်သက်အတွက် အစား ထိုးရရှိသည်မျိုးဘယ်သောအခါ မျှမဟုတ်ပါလေ။

                             

 

               ဘုရားသခင်သည် ဒံယေလနှင့် အတူပူးပေါင်းလုပ်ဆောင်သွားသဖြင့် အောင် မြင်ခဲ့ရသလို သခင်အလိုတော်ကို ကြိုးစားဆောင်ရွက်သော မည်သူနှင့်မဆို ကိုယ် တော်သည် ပူးပေါင်းဆောင်ရွက်တော်မူပါလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်အား ဖြင့် မှန်သောဦးတည်ရည်ရွယ်ချက်ကြောင့် လုပ်ဆောင်လေသမျှတို့ကို ကိုယ်တော် သည် ခွန်အားဖြည့်ဆည်းပေးပါလိမ့်မည်။ မြင့်မြတ်ဂုဏ်ယူဖွယ်သော သံန္နိဌါန်နှင့် လူ ကိုလည်း ကူညီမစတော်မူပါလိမ့်မည်။ စကားတော်ကို နားထောင်လိုက်လျှောက် သောသူတို့သွားရာလမ်းသည် ဟန့်တားနှောင့်ယှက်မှုများရှိနေလင့်ကစား ဘုရားသခင် သည် ထိုသူတို့၏ ရန်သူတို့ကို ရှုံးနိမ့်စေတော်မူမည်။ ထိုအတွက် သခင်၌ တတ်နိုင်သော ခွန်အားရှိသည် မဟုတ်လော။ ထိုသခင်၏အင်အားစုများဖြစ် ထိုသူတို့သည် စုံစမ်း နှောင့်ယှက်ခြင်းတိုင်းကို အောင်မြင်မှာဖြစ်သလို အခက်အခဲတိုင်းကို ကျော်လွှားနိုင် မည်ဖြစ်ပါသည်။

 

ဒံယေလ၏ အောင်မြင်မှုလျှို့ဝှက်ချက်

               ထာ၀ရဘုရားသခင်သည် ဒံယေလနှင့်အဖော်သုံးယောက်တို့အား ဗာဗုလုန် နိုင်ငံ၏ ပညာရှိအမတ်ကြီးများနှင့် ဆုံတွေ့ဆက်ဆံစေရာတွင် ကိုယ်တော်၏ ဂုဏ်တော် အပေါင်းကို ကိုယ်စားပြုဖော်ပြရန်ဖြစ်ပေသည်။ ငယ်သောအမှုများတွင် သစ္စာရှိရှိလုပ် ဆောင်ခဲ့ခြင်းဖြင့် သူတို့၏အသက်တာတစ်လျှောက်လုံးမှာ အရည်အသွေးကောင်းမွန် ခဲ့ရလေသည်။ ဤသို့လျှင် ငယ်သောအမှုကို တာဝန်ကျေထမ်းရွက်ခဲ့သလို ကြီးမား လေးလံသော တာဝန်ဝတ္တရားများကို သစ္စာရှိစွာထမ်းရွက်ခဲ့ခြင်းဖြင့် မိမိတို့၏ ထာ၀ရ ဘုရားသခင်ကို ဂုဏ်ပြုခြင်းဖြစ်ပေသည်။

               ဘုရားသခင်သည် ဒံယေလကို ဖိတ်ခေါ်ခဲ့သလို ယနေ့ကမ္ဘာလောကကြီးကို ဧဝံဂေလိတရားဟောပြောသက်သေခံဖို့ရန် ဘုရားသခင်သည် ကျွန်ုပ်တို့အား ဖိတ်ခေါ် လျက်နေပါပြီ။ ကိုယ်တော်သခင့်နိုင်ငံတော်၏ အခြေခံမူစည်းမျဉ်းများကို ဖော်ပြတင် ပြရန် သခင်အလိုတော်ရှိပါသည်။ လူများစွာသည် နေ့စဉ်နှင့်အမျှ ကြီးမားသော လုပ်ငန်းဆောင်တာများအတွက် မျှော်မှန်းတမ်းတကာ နေရင်းနှင့်မိမိရှေ့မှာ ရှိနေသော အသက်တာမှာ မလုပ်မဖြစ်လုပ်ဆောင်ကြပါ။ ဤသို့ရည်ရွယ်ချက်ကြီးကြီးထားပြီး ဉာဏ် ရည်ပြည့်ပြည့်နှင့် အလုပ်လုပ်မည်ဟု စောင့်ဆိုင်းနေရင်း နေ့ရက်တွေကုန်လွန်ခဲ့ ရ ပေသည်။ ကျွန်ုပ်တို့ လုပ်သင့်လုပ်အပ်သောရှေ့မှာ၊ လက်ထဲမှာရှိသည့်အလုပ်ကို မ လုပ်ဆောင်မှုအတွင် စီရင်ခြင်းကိုခံရပေလိမ့်မည်။ ဘုရားသခင်၏ ဘုန်းတော်ထင် ရှားစေရန် မိမိမှာရှိသောစွမ်းအင်တန်းခိုးကို အသုံးမချသောအကြောင့်လည်း ပြီး မြောက်ရမည့်အလုပ်မှာ ပြီးပြည့်စုံခြင်းမရှိဘဲ ဖြစ်ရလေသည်။

               ကြီးမြင့်သော လူ့ဂုဏ်အင်္ဂါရပ်မည်သည် အလိုအလျောက်ပေါ်ထွန်း၍မလာပါ။ ကိုကိုယ်တိုင်က စည်းကမ်းရှိသူဖြစ်ရပါမည်။ နိမ့်ကျသော လူ့ဇာတိသဘောကို မြင့်မြတ် သော ဝိညာဉ်ပကတိစိတ်သဘောဖြင့် အနိုင်ယူသူဖြစ်ရမည်။ မိမိအလိုဆန္ဒကိုဘေး ဖယ်၍ ဘုရားသခင်နှင့်လူသားအချင်းချင်းတို့၏ အကျိုးအလို့ငှါ အမှုတော်ကို ဆောင် ရွက်သောသူဖြစ်ရပါမည်။

               ယနေ့တွင် အမှန်တရားဘက်မှာ မားမားမတ်မတ်ရပ်တည်ဝံ့သူ ဒံယေလလို လူမျိုးကိုလိုအပ်နေပါသည်။ စိတ်နှလုံးဖြူစင်လှပသူ၊ လက်ရုံးရည်ကြီးမားသူ၊ ကောင်း သည်ကိုလုပ်ရာမှာ ကြောက်ရွံ့မှုကင်းသော ရဲရင့်သူတို့ကိုလို၏။ အကြောင်းမူကား၊ စာတန်သည် အာရုံငါးပါးသွေးဆောင်မှုများတွင် ခံတွင်းအရသာဖြင့်လူတို့ကို ဖြားယောင် မြူဆယ်နေသည်မှာ ပြောဖွယ်မရှိတော့ပါ။

               လူ၏ခန္ဓာကိုယ်သည် မြင့်မားသော အကျင့်ကိုတည်ဆောက်ရာ၌ အရေး ကြီးသော ကြားခံပစ္စည်းတစ်မျိုးဖြစ်ပေသည်။ စိတ်နှင့် ခန္ဓာစွမ်းအားပြည့်ပါမှ အရာရာကို ခံနိုင်ရည်ရှိမည်မဟုတ်ပါလား။ သို့ဖြစ်သောကြောင့် ရန်သူစာတန်သည် ခန္ဓာကိုယ် စွမ်းအားကျဆင်းဆုံးပါးသွားစေရန် သွေးဆောင်ဖြားယောင်းမှုများ စုံလင်စွာကို ညွှန် ကြားနေပါ၏။ လူသည်သဘာ၀အားဖြင့် သွေးဆောင်ဖြားယောင်းမှုနောက်သို့ ယိမ်းပါး တတ်သည်ဖြစ်သောကြောင့် အကယ်၍သာ မြင့်မားသော အင်အားတန်ခိုး၏ လွှမ်းမိုး မှုကိုမခံရချေ ပျက်ဆီးဆုံးပါး၊ နောက်ဆုံးရှိမည်မှာ သေချာလှပါသည်။ သို့ဖြစ်၍ ဇာတိ သဘောတပ်မက်မှုမှန်သမျှကို ဘုရားသခင်၏ထိန်းချုပ်မှုအောက်မှာ ရှိသော စိတ်စွမ်း အင်ဖြင့် ထိန့်သိမ်းရာ၏။ အကျိုးအကြောင်းဆက်သွယ် စဉ်းစားဆုံးဖြတ်တတ်ခြင်း၊ ကျေးဇူးတော်ကြောင့် သန့်ရှင်းရခြင်းတို့သည် လူ့အသက်တာမှာ ယိမ်းယိုင်၍ သွား တတ်ပါသည်။ သို့သော်လည်း ဉာဏ်စွမ်းရည်တန်ခိုး ကိုယ်ခန္ဓာသက်လုံကောင်းခြင်းနှင့် အသက်ရှည်ခြင်းတို့သည် ပြောင်းလဲခြင်း မရှိသော ပညတ်တရားတို့ အပေါ်အခြေ ခံပါသည်။ ဤပညတ်တရားတို့ကို နာခံလိုက်လျှောက်ခြင်းအားဖြင့် လူသည်မိမိကိုယ်ကို အောင်နိုင်သူဖြစ်နိုင်ပါသည်။ မိမိ၏အားနည်းချက်များကိုလည်း အောင်မြင်နိုင်၏။ ထိုမျှမကသေးပါ။ ဤအမှောင်ကမ္ဘာလောကကြီး တစ်ခွင်ကို အုပ်စိုးသော တန်ခိုးရှိ သည့်မင်းများ၊ နတ်ဆိုးများတို့ကို အောင်နိုင်သူလည်း ဖြစ်နိုင်ပါသည်။ (ဧဖက် ၆း၁၂)။

               ထိုဟေဗြဲလူရည်ချွန်၊ လူရည်မွန်တို့သည် ကျွန်ုပ်တို့ကဲ့သို့သော လောကဓံ တရား၌ ကျင်လည်သောသူများဖြစ်ကြ၏။ သို့ရာတွင်သူတို့သည် မားမားမတ်မတ် ရပ်တည်ခဲ့သည်။ ထာ၀ရဘုရားသခင်၏ အနှိုင်းမဲ့ခွန်အားကို သူတို့အားကိုးကြသည်။ သူတို့အားဖြင့် လူမျိုးခြားတို့သည်လည်း ဘုရားသခင်အထံတော်မှ အကျိုးကျေးဇူးကို များစွာခံစားရ၏။ သခင်ခရစ်တော်ကိုလည်း ချစ်မြတ်နိုးတတ်လာပါသည်။ သူတို့၏ ကျေးဇူးပြုခြင်း အတွေ့အကြုံများကြောင့် ဖြာယောင်းသွေးဆောင် လှည့်ဖြားခြင်းနှင့် ညစ်ညမ်းမှုတို့မှ ကင်းဝေးစေသောစင်ကြယ်မှု၊ ဘုရားမဲ့နေခြင်း၊ ယဇ်နတ်ဘုရား ရုပ်တု ကို ကိုးကွယ်ခြင်းကိုစွန့်၍ ဖန်ဆင်းသူကို သစ္စာစောင့်သိရိုသေမှုတို့ ရှိလာကြ သည်။ရောမ ၁၂း၁) )။( ဧဖက် ၅:၂၇)

               ယနေ့လူငယ်လူရွယ်တို့သည်လည်း မနှစ်မြို့ဖွယ် အခြေအနေများနှင့် ရင်ဆိုင် ကြုံတွေ့နေရပါသော်လည်း မိမိတို့၏အသက်တာကို ဒံယေလကိုးကွယ်သော ဘုရား သခင်၏ လက်တွင်းသို့ အပ်နှင်းနိုင်ကြလေသည်။ မြို့ကြီးပြကြီးများတွင် နေထိုင်ကြ ကုန်သော သူတို့၌အထူးသော ပုံစံအမျိုးမျိုးနှင့်သွေးဆောင်ဖြားယောင်းမှုသည် ပတ် လည်၌ရှိ၏။ အာရုံငါးပါးအလိုသို့လိုက်စေရန် မြို့ကြီးပြကြီးတို့သည် နည်းလမ်းစုံကို ခင်းကျင်းထားလေသည်။ ဤလောကသွေးဆောင်မှု မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုင် ရန်မှာ ဘုရားသခင်၏ကျေးဇူးတော်သာဖြစ်လေသည်။ သို့သော်လည်း အောင်မြင်လိုသူ အမှန်လုပ်ဝံ့သည့်ဆုံးဖြတ်ပြီးလူသာလျှင် စိတ်ဝိညာဉ်အလိုဆန္ဒပြည့်စုံနိုင်မည် ဖြစ်ပါ သည်။

               ဤမြင့်မြတ်နှလုံးသားနှင့် ဟေဗြဲလူငယ်တို့သည် မိမိတို့၏ မွေးမိခင်အိမ်ရာကို စွန့်လွှတ်ခဲ့ရလေပြီ။ ရှေ့ရေးဘယ်လိုဖြစ်လိမ့်မည်ကို သူတို့တတွေမသိ နားမလည်ကြ ပါချေ။ လုပ်နိုင်သည်တစ်ခုမှာ ကောင်းကင်ဘုံဘုရားသခင်၏ ရှေ့ဆောင်လမ်းပြမှုကို ဝန်ခံလျက် သူတို့အားဖြင့် ဘုရားသခင်၏အလိုတော်ပြီးပြည့်စုံရန် မိမိတို့ကိုယ်ကို ပေး ဆပ်အပ်နှံရမည်ဖြစ်သည် မဟုတ်ပါလား။

               ဒံယေလနှင့် အဖော်သုံးယောက်တို့၏ သက်တော်စဉ်သည် ယခုခေတ် လူငယ် လူရွယ်၊ ကလေးသူငယ်တို့အတွက် သာဓကကောင်းပြ နမူနာယူဖွယ် ဖြစ်ရပ်မှန်ပင် ဖြစ်ပါ၏။ ဘုရားသခင်၏အလိုတော်ကို ပြီးပြည့်စုံစေလိုသူသည် နှလုံးသားအကြွင်းမဲ့နှင့် သခင့်ကိုရှာလျက် မိမိကိုယ်ကိုသခင့်လက်ထဲအပ်နှင်းလိုက်ချေက ထိုသို့သောမင်္ဂလာ အပေါင်းနှင့် ပြည့်စုံမည်မှာ ဧကန်မုချဖြစ်ပါသည်။ ယခုဘ၀၊ နောင်ဘ၀မှာလည်း ကောင်းစားနိုင်ပါသည်တကား။

 

 

 

No comments:

Post a Comment