Wednesday, February 18, 2026

ဘုရား(Godhead)ကို ပုံမှားတွေးဆဖော်ထုတ်ခြင်း


ဘုရား(သခင်၏သဘာဝ
သို့မဟုတ် သုံးပါးတစ်ဆူ သဘော)ကို ပုံမှားတွေးဆဖော်ထုတ်ခြင်း

ကျွန်ုပ်တို့၏အဆင့်အတန်းကိုလူတို့အားသိစေပါ - ကျွန်ုပ်တို့၏မူဝါဒသည် သူတစ်ပါး၏ကျင့်သုံးသောအရာများနှင့် ဓလေ့ ထုံးစံများတို့ကိုဆန့်ကျင်ရန် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်သောသူများ၊ ခရစ်တော်၏ဘုရား ဇာတိကိုယုံကြည်ပြီး သူ၏ ကမ္ဘာဦးအချိန်၌ ရှိနေခြင်းကို လက်ခံသူများဖြစ်ကြောင်း လူတို့အား ကောင်းမွန်စွာသိရှိစေရန်ဖြစ်သောကြောင့် ကျွန်ုပ်တို့ယုံကြည်ခြင်း၏ အသွင်အပြင်ကို သူတစ်ပါးမနှစ်မြို့စေရန် ပွင့်လင်းစွာ မပြုလုပ်ရပါ။ Testimonies to Ministers, p. 253. (1895) [Ev 613.2]
မှားသောသွန်သင်မှုကိုကျွန်ုပ်တို့ရင်ဆိုင်ရလိမ့်မည် — တစ်ကြိမ်ပြီးတစ်ကြိမ် စာတန်မာရ်နတ်နှင့်ဆိုင်သော မူလအစ၏ သိပ္ပံ အတတ်ဖြစ်သည့် ဘုရားသခင်နှင့်ခရစ်တော်မရှိခြင်းအကြောင်းကို လေ့ လာသူများတို့၏သြဇာနှင့် သင်တို့ ရင်ဆိုင်ရလိမ့်မည်။ ခမည်းတော်နှင့် သားတော်သည် ကိုယ်စီခန္ဓာကိုယ်ရှိကြ သည်။ “ငါနှင့်အဖတစ်လုံးတစ်ဝ တည်းဖြစ်သည်” ဟု ခရစ်တော်ပြောခဲ့ပါ သည်။ ထိုကြောင့် လူ့ဇာတိဖြင့် ဤလောကသို့ကြွလာခဲ့သောသူသည် ဘုရားသခင်၏သားတော်ဖြစ်ပါ သည်။ မိမိ၏ဘုရင်ဝတ်လုံနှင့်သရဖူကိုချန်ထား ပြီး သူ၏ဘုရားဇာတိကို လူ့ဇာတိဖြင့်ဖုံးအုပ်ထားကာ လူ့ဇာတိ၌ပူဇော်ခံခြင်း အားဖြင့် လူသားတို့ သည် ဘုရားဇာတိကိုခံယူရရှိပြီး၊ လောကီတပ်မက်ခြင်း၏ ပျက်စီးခြင်း မှလွတ်မြောက်ရန်အတွက်ဖြစ်သည်။ Testimonies, vol. 9, p. 68. (1909) [Ev 613.3]
ကောင်းသောအမှန်တရား၏ပြိုင်ဘက်မှော်ဝိညာဉ်အယူဝါဒနှင့်ဆိုင်သောဖော်ပြခြင်း -
သိပ္ပံအတွေးအခေါ်များတိုးတက်မှုအတွက် ရှာဖွေသောသူတို့၏ စိတ်ခံ စားမှုများတို့ကို ယုံကြည်စိတ်ချခြင်းမရှိဖို့ပြောဆိုရန် ကျွန်ုပ်ညွှန်ကြား ခြင်း ခံရပါသည်။ ထိုဖော်ပြချက်များတို့ကို အောက်ပါအတိုင်း တွေ့ရပါ သည်။... “ခမည်းတော်သည် မတွေ့နိုင်သောအလင်းဖြစ်သည်။ သား တော်သည် ပါဝင်သောအလင်းကဲ့သို့ ဖြစ်သည်။ ဝိညာဉ်တော်သည် ဝေး ရာသို့ရောက်ရှိသွားသောအလင်းဖြစ်သည်။” “ခမည်းတော်သည် နှင်းနှင့် တူသည်။ မမြင်နိုင်သောအငွေ့ ဖြစ်သည်။ သားတော်သည် လှပသော ပုံသဏ္ဌာန်ဖြင့် သိမ်းဆည်းထားသောနှင်းနှင့်တူသည်။ ဝိညာဉ်တော်သည် အသက်တာ၏ထိုင်ခုံ၌ကျသောနှင်းနှင့်တူသည်။” အခြားဖော်ပြချက် တစ်ခု၌— “ခမည်းတော်သည် မမြင်နိုင်သောအငွေ့ နှင့်တူသည်။ သား တော်သည် ခဲရောင်ရှိသောမိုးတိမ်နှင့်တူသည်။ ဝိညာဉ်တော်သည် ရွာချ သောမိုးရေနှင့် လန်းဆန်းခြင်းတန်ခိုးဖြင့် အလုပ်လုပ်နေသည်။”[Ev 614] ဤမှော်ဝိညာဉ်အယူဝါဒဖော်ပြချက်အားလုံးတို့သည် အကျိုးမရှိသော အရာများဖြစ်သည်။ ၎င်းတို့သည် ပြည့်စုံခြင်းမရှိ၊ မှန်ကန်ခြင်းလည်း မရှိပါ။ လောက၌ရှိသမျှသော မည်သည့်အရာနှင့်မျှတူညီသည်ဟု နှိုင်းယှဉ်၍မရသော မင်း၏ဘုန်းတန်ခိုးကို သူတို့သည် ပျော့ညံ့၍ လျော့ နည်းစေပါသည်။ ဘုရားသခင်ကို သူကိုယ်တိုင်ဖန်ဆင်း ထားသောအရာ များဖြင့် နှိုင်းယှဉ်၍မရပါ။ ၎င်းတို့သည် လူ၏အပြစ်များကြောင့် ဘုရား သခင်၏ကျိန်ခြင်းအောက်၌ ဒုက္ခခံနေ ရသောလောကီအရာများ သာဖြစ် သည်။ ခမည်းတော်သည် လောကအရာများ အားဖြင့် သူ့ကိုပုံဖော်၍ မရပါ။ ခမည်းတော်သည် အရာခပ်သိမ်းပြည့်စုံရာ ကိုယ်ကာယနှင့် ဆိုင်သောဘုရားရှင်ဖြစ်ပြီး လူသားများတို့၏မျက်စိဖြင့် မြင်နိုင် စွမ်းမရှိ ပါ။ [Ev 614.2]
သားတော်သည် ဘုရားသခင်၏ပြည့်စုံခြင်းအားလုံးတို့ကို ဖော်ပြရာတွင် ဘုရားသခင် ၏နှုတ်ကပတ်တော်သည် သူ့အား “သူ၏ကိုယ်ကို ဖော်ပြ သည့် ပုံသဏ္ဌာန်” ဟုဖွင့်ဟပြောဆိုပါသည်။ “ဘုရားသခင်၏ သားတော် ကိုယုံကြည် သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်း သောသားတော်ကိုစွန့်တော်မူ သည့်တိုင်အောင် လောကီသားတို့ကို ချစ် တော်မူ၏။” ဤနေရာ၌ ခမည်းတော်၏ကိုယ်ခန္ဓာဥပဓိရုပ်ကို ဖော်ပြနေ ပါသည်။ [Ev 614.3]
ခရစ်တော်ကောင်းကင်သို့တက်ကြွသွားပြီးနောက် သူစေလွှတ်ရန်ကတိ ပြုခဲ့သည့် နှစ်သိမ့်အားပေးသူမှာ၊ ဘုရားလုံးလုံးဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဖြစ်ပြီး ခရစ်တော်အား မိမိတို့၏ကိုယ်ပိုင် ကယ်တင် ရှင်အဖြစ် ယုံကြည်လက်ခံသောသူအားလုံးတို့ကို ဘုရားကျေးဇူးတော် ၏တန်ခိုးကို သူဖော်ပြပေးလိမ့်မည်။ ကောင်းကင်၌အသက်ရှင်သော ဘုရားသုံးပါး ရှိသည်။ ဤဘုရားသုံးပါး ဖြစ်သည့် ခမည်းတော်၊ သား တော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ကြီးမားသောနာမတော်တန်ခိုးနှင့် အသက်ရှင်သောယုံကြည်ခြင်းအားဖြင့် ခရစ်တော်ကိုယုံကြည်ပြီး နှစ်ခြင်းခံယူကြပါက ဤတန်ခိုးသည် နာခံမှုရှိသော ကောင်းကင်သား များတို့နှင့်အတူပူးပေါင်းကာ သူတို့၏ကြိုးစားခြင်းအားဖြင့် ခရစ်တော်၌ အသစ်သော အသက်တာကို နေထိုင်နိုင်ကြပါလိမ့်မည်။ Special Testimonies, Series B, No. 7, pp. 62, 63. (1905) [Ev 615.1)
ရှေးရှိခဲ့သောမိမိအလိုအလျောက်ရှိလာခဲ့သည့်ဘုရားသခင်၏သားတော် ခရစ်တော်သည် ရှေးကရှိခဲ့သော မိမိအလိုအလျောက်ရှိလာခဲ့သည့် ဘုရားသခင်၏သားတော်ဖြစ်သည်။ သူရှိခဲ့ခြင်း၏ အကြောင်းကိုပြော ရာတွင် ခရစ်တော်သည် တွေးတောသောစိတ်ကို မည်သည့်အရာမျှ မရှိ သည့် ခေတ်၏အစသို့ ယူဆောင်သွားစေ ခဲ့ပါသည်။ မည်သည့်အချိန်မျှ သူသည် ထာဝရဘုရားနှင့်နီးကပ်စွာ ဆက်ဆံခြင်းမရှိသောအချိန်မရှိ ကြောင်း ကျွန်ုပ်တို့ကိုတိကျစွာပြောခဲ့ပါသည်။ သူပြောသောအသံကို နားထောင်သော ယုဒလူမျိုးများတို့သည် သူနှင့်အတူရှိ သကဲ့သို့ ဘုရား သခင်နှင့်အတူရှိခဲ့သည်။ Signs of the Times, Aug. 29, 1900. [Ev 615.2]
သူသည် ဘုရားသခင်နှင့်တူညီပြီး အကန့်အသတ်မရှိသောသူနှင့် အတိုင်း အဆမရှိ တန်ခိုးကြီးသောသူဖြစ်သည်။ သူသည် ထာဝရတည်မြဲ ပြီး မိမိအလိုအလျောက်ရှိလာသောသားတော်ဖြစ်သည်။ Manuscript 101, 1897. [Ev 615.3]
ထာဝရတည်မြဲခြင်း-
ဤလောက၌ရှိစဉ် ခရစ်တော်၏လူ့ဇာတိ အကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်ပြောသောအခါ၊ သူ၏ရှေးအချိန်ကရှိခဲ့ကြောင်း နှင့် ပတ်သက်ပြီး တိကျစွာပြောခဲ့ပါသည်။ နှုတ်ကပတ်တော်သည် ဘုရား ဇာတိကဲ့သို့သော်လည်းကောင်း၊ ဘုရားသခင်၏ထာဝရသား တော်ကဲ့သို့ ပင်သော်လည်းကောင်းသူ၏ခမည်းတော်နှင့်ပေါင်းစည်းပြီး တစ်လုံး တစ်ဝတည်းရှိခဲ့ပါသည်။ ထာဝရအမြဲတည်ရှိခြင်းမှသူသည် ကမ္ဘာပေါ် ရှိလူ အားလုံးအတွက် ပဋိညာဉ်၏ကြားဖျန်ဖြေသူတစ်ဦးဖြစ်ခဲ့ပါသည်။ အကယ်၍ သူ့ကိုလက်ခံကြပါက လူအားလုံးတို့သည် ကောင်းချီးမင်္ဂလာ ခံစားကြရမည် ဖြစ်ပါသည်။ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ် တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” လူသားများနှင့်ကောင်းကင်တမန်များတို့ကို မဖန်ဆင်းမီအချိန်က နှုတ်က ပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိပြီး ဘုရားဖြစ်ပါသည်။ Review and Herald, April 5, 1906. [Ev 615.4] သူ၏အသက်တာကို အနှစ် (၅ဝ) ထက်နည်းသည်ဟု လူတို့ရေတွက် ကြသော်လည်း သူ၏ဘုရားဇာတိ အသက်တာကို လူတို့၏ရေတွက်ခြင်းဖြင့် တွက်ချက်၍မရပါ။ လူ့ဇာတိမခံယူမီ ခရစ်တော်၏တည်ရှိခဲ့ခြင်းကို ကိန်းဂဏန်း ဖြင့်တိုင်းတာ၍မရပါ။ Signs of the Times, May 3, 1899. [Ev 616.1]
အသက်၊ ဦးဆုံးဖြစ်သော၊ မချေးငှားသော၊ မဆင်းသက်လာသော - ယေရှု ပြောကြားသည်မှာ၊ “ငါသည်ထမြောက်ခြင်း အကြောင်းနှင့် အသက်ဖြစ်၏။” ခရစ်တော်၌ ဦးဆုံးသော၊ မချေးငှားသော၊ မဆင်းသက် လာသောအသက်ရှိ၏။ “သားတော်ကိုရသောသူသည် အသက်ကိုရ ၏။” ခရစ်တော်၏ ဘုရားဇာတိသည် ထာဝရအသက်အတွက် ယုံကြည် သူတို့၏အာမခံချက်ဖြစ်သည်။ The Desire of Ages, p. 530. (1898) [Ev 616.2]
သိနာတောင်၌ခမည်းတော်နှင့်အတူ
ဣသရေလလူမျိုးများ သိနာတောင် သို့ရောက်လာကြသောအခါ၊ ခရစ် တော်သည်အချိန်ယူပြီး သူ၏လိုအပ်ချက် များနှင့်ပတ်သက်၍ ဣသရေလလူတို့၏စိတ်ကို အားသစ်တိုးစေခဲ့ပါသည်။ ခရစ်တော်နှင့် ခမည်းတော်တို့သည်တောင်ပေါ်၌အတူဘေးချင်းယှဉ်ပြီး လေးနက်သော ဘုန်းတန်ခိုးဖြင့် ပညတ်တော် (၁၀) ပါးကို ကြေညာ လိုက်ပါသည်။ Historical Sketches, p. 231. (1866) [Ev 616.3]
သုံးပါးပေါင်းတစ်ဆူ၏ထာဝရဂုဏ်ထူးများ - ကောင်းကင်ထာဝရဂုဏ်ထူးများ- ဘုရား၊ ခရစ်တော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့သည် တပည့်တော်များတို့ကို လူ့ခွန်အားထက်ပိုပြီး လက်နက်တပ်ဆင်ပေးကာ သူတို့နှင့်အတူချီတက်၍ အလုပ်လုပ်ပြီး ကမ္ဘာကြီးကိုအပြစ်မှနောင်တရစေပါသည်။ Manuscript 145, 1901. [Ev 616.4]
သန့်ရှင်းသောဝိညာဉ်တော်၏ဥပဓိရုပ် -
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဘုရားသခင်သည် ပုဂ္ဂိုလ် တစ်ဦးဖြစ်သကဲ့သို့ သူလည်းပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး၊ ဤမြေပြင်များကို ကျော်ဖြတ်ခဲ့ကြောင်း ကျွန်ုပ်တို့သိရှိရန်လိုသည်။ Manuscript 66, 1899. (From a talk to the students at the Avondale School) [Ev 616.5]
သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အကြောင်း မှာ ကျွန်ုပ်သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်း ကျွန်ုပ်တို့၏ ဝိညာဉ်နှင့်အတူသူသည် သက်သေခံသောကြောင့် ဖြစ်သည်။ ဤ သက်သေခံရှိသောအခါ၊ ၎င်း၏ကိုယ်တိုင်အထောက်အထားကို ၎င်းက ပင်ဖော်ပြ သွားပါသည်။ ထိုသို့သောအချိန်အခါမျိုး၌ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်ပြီး စိတ်ချ ရပါသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ဥပဓိရုပ်ပုဂ္ဂိုလ်တစ်ဦးအနေဖြင့်ရှိနေ ပါ သည်။ ထိုသို့မဟုတ်ပါက ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများ ဖြစ်ကြောင်း ကျွန်ုပ်တို့၏ဝိညာဉ်များသို့သော်လည်းကောင်း၊ ကျွန်ုပ်တို့ ၏ဝိညာဉ်များနှင့်အတူသော်လည်းကောင်း သက်သေခံနိုင်မည် မဟုတ် ပါ။ သူသည် ဘုရားဇာတိရှိသူတစ်ဦးဖြစ်ရမည်။ သို့မဟုတ်လျှင် ဘုရား သခင်၏စိတ်ထဲ၌ဖုံးကွယ် နေသောလျှို့ဝှက်ချက်များတို့ကို ရှာဖွေတွေ့ ရှိနိုင်မည်မဟုတ်ပါ။ “လူ၏နက်နဲ သောအရာကို လူ၌ရှိသော မိမိစိတ် ဝိညာဉ်မှတစ်ပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ဝိညာဉ်တော် မှတစ်ပါး အဘယ်သူမျှ မသိ။” Manuscript 20, 1906. [Ev 617.1]
တတိယပုဂ္ဂိုလ်ထဲ၌ဘုရား၏တန်ခိုး - ဆိုးသွမ်းသောတန်ခိုး၏မင်းသားလေး ကို ဘုရားသုံးပါးတစ်ပါးဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော်၌ရှိသော ဘုရား၏တန်ခိုးအားဖြင့်သာ စစ်ဆေး၍ သိရှိနိုင်ပါသည်။ Special Testimonies, Series A, No. 10, p. 37. (1897) [Ev 617.2]
အမြင့်ဆုံးသောတန်ခိုးသုံးခုနှင့်အတူပူးပေါင်းခြင်း - ကောင်းကင်၌ရှိသည့် အမြင့်ဆုံးသော တန်ခိုးသုံးခုဖြစ်သည့် ခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့နှင့်အတူ ကျွန်ုပ်တို့ပူး ပေါင်း ကြရပါမည်။ ၎င်းနောက် ဤတန်ခိုး တို့သည် ကျွန်ုပ်တို့မှ တစ်ဆင့် အလုပ်လုပ်ပြီး ဘုရားသခင်နှင့်အတူ အမှုဆောင်များဖြစ်စေရန် ကျွန်ုပ် တို့အားပြုလုပ်ပေးလိမ့်မည်။ Spedal Testimonies, Series B, No. 7, p. 51. (1905) [Ev 617.3]