အိမ်ထောင်ဦးစီးဆိုတာ…
အိမ်ထောင်ဦးစီးဆိုတာ
နိုင်ငံတော်က အိမ်ထောင်စုစာရင်းထဲ ထည့်ပေးလို့ရတဲ့ အခွင့်အရေးမဟုတ်ပါဘူး။ မိသားစုဝင်ငွေကို ပိုရှာနိုင်လို့ ရလာတာလည်း မဟုတ်ပါဘူး။ ဘွဲ့ရလို့၊ သတ္တိရှိလို့၊ ဦးဆောင်နိုင်စွမ်းကောင်းလို့ ပေးထားတာလည်း မဟုတ်ပါဘူး။ ကျန်းမာအားကောင်းလို့ ရလာတာလည်း မဟုတ်ပါဘူး။ ရိုးရာ ယဉ်ကျေးမှူကြောင့်လည်း ရတာလည်း မဟုတ်ရပါဘူးနော်။
တကယ်တော့ အိမ်ထောင်ဦးစီးဆိုတာ ဘုရားသခင်က ခန့်ထားပေးတဲ့ နေရာပါ။
ဘုရားရဲ့ ဖန်ဆင်းမှုအစီအစဉ်ထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပြီး
သူ့ရဲ့ အကြံအစည်၊ သူ့ရဲ့ စနစ်၊ သူ့ရဲ့ အလိုတော်အရ ဖြစ်လာတာပါ
(ဧဖက် ၅း၂၃၊ ၁ကော ၁၁း၃၊ ကမ္ဘာဦး ၂း၁၅–၁၈၊ ယောရှု ၂၄း၁၅၊ ၁တိမောသေ ၃း၄–၅)။
ဒါကြောင့်
ခင်ပွန်းသည်က ဒီတာဝန်ကို အလေးအနက်ထားပြီး ခရစ်တော်လို ချစ်ခြင်း၊ ယဇ်ပူဇော်ခြင်းနဲ့ ဦးဆောင်ရပါမယ်။
ဇနီးသည်က မပြိုင်ဆိုင်ဘဲ ချစ်ခြင်းနှင့် ပူးပေါင်းအကြံပေးကာ အထောက်အမ ပြုလုပ်ရပါမယ်။
သားသမီးများကလည်း ဘုရားသခင်ကို လေးစားသောစိတ်ဖြင့် နာခံရပါမယ်။
အိမ်ထောင်ဦးစီးမှုကို အာဏာအဖြစ် အသုံးချရင်၊
ပူးပေါင်းမှုအစား ပြိုင်ဆိုင်လာရင်၊
ချစ်ကြောက်ရိုသေမယ့်အစား အာခံခြင်းဖြစ်လာရင်
ဒါဟာ ဘုရားရဲ့ စီမံမှုကို မနာခံခြင်းဖြစ်လာနိုင်ပါတယ်။
သမ္မာကျမ်းစာအရ
အိမ်ထောင်ဦးစီးဆိုတာ အမိန့်ပေးဖို့ မဟုတ်ဘူး—တာဝန်ယူဖို့ပါ။
အာဏာပြဖို့ မဟုတ်ဘူး—ကိုယ့်ကိုယ်ကိုပေးဖို့ပါ။
လက်ညိုးထိုးဖို့ မဟုတ်ဘူး—ခရစ်တော်လို ဝန်ထမ်းဖြစ်ဖို့ပါ
(ဧဖက် ၅း၂၅)။

No comments:
Post a Comment