- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Thursday, January 22, 2026
"ငါမင်းကိုချစ်တယ်" နိဒါန်း
ငါမင်းကိုချစ်တယ်
Gordon O. Martinborough ရေးသားပြုစုသော I Love You စာအုပ်ကို ဦးစောဂေးလ်ဘတ်ဂျီးက “ငါမင်းကိုချစ်တယ်” အမည်ဖြင့်မြန်မာပြန်သည်။
(တတိယအကြိမ်)
ရှေ့သို့
ယနေ့ထိမ်းမြားခြင်းမင်္ဂလာသည် ကြောက်ခမန်းလိလိနှုန်းဖြင့် ပြို ကွဲလျက်ရှိ၏။ အမေရိကန်ပြည်ထောင်စုတွင် ထိမ်းမြားမင်္ဂလာနှစ်ပွဲ၌ တစ်ပွဲသည် ကွာရှင်းခြင်းဖြင့် အဆုံးသတ်ခဲ့၏။ အိမ်ထောင်ရေးမပြိုကွဲ အောင် ဘယ်ကဲ့သို့ အဖတ်ဆယ်မည်နည်း။ အလုပ်အကိုင်၊ ငွေရေးကြေး ရေး၊ စိတ်သဘောထား၊ ဆက်သွယ်ရေးလိင်မှုကိစ္စ စသည်တို့နှင့် ပတ် သက်ပြီး ပဋိပက္ခဖြစ်မှုတို့ကို ဘယ်ကဲ့သို့ဖြေရှင်းမည်နည်း။ ဤစာအုပ် တွင် ၎င်းကိစ္စရပ်များအကြောင်းကို ဖေါ်ပြထားခဲ့ပါသည်။
ဆယ်ကျော်သက်များ ပုန်ကန်ထကြွခြင်းကြောင့် မိဘ-ကလေး လွန်ဆွဲပွဲသည် အခြားသောမြင်သာသည့် ရုန်းကန်မှုတစ်ခုဖြစ်သည်။ မိဘ တို့၏ ဝတ္တရားများနှင့် ကလေးမိဘဆက်ဆံရေးရှင်သန်ခိုင်မြဲစေသည့် လျှို့ဝှက်ချက်များကား အဘယ်နည်း။ “ငါမင်းကိုချစ်တယ်” တွင် အဖြေရှိ သည်။
ကျွန်ုပ်တို့လူငယ်များသည် ခက်ခဲသည့်မေးခွန်းများကို မေးလျက် ရှိသည်။ အဓိပ္ပါယ်ရှိသောချစ်ကျွမ်းဝင်ခြင်းအမှုကား အဘယ်နည်း။ လက် ထပ်ထိမ်းမြားခြင်းသည် ယနေ့တရားဝင်တည်ရှိပါ၏လော့။ အိမ်ထောင် ရေးအသက်တာ၌အောင်မြင်မှုရရှိရန် အာမခံချက်များရှိပါ၏လော့။ ထိုသို့ သောမေးခွန်းများကို ဤစာမျက်နှာများ၌ အဖြေများဖေါ်ပြထားပါသည်။
လင်နှင့်မယား၊ မိဘနှင့်ကလေးစပ်ကြားရှိချစ်ခြင်းသည် စိန်ခေါ်မှု ဖြစ်သည်သာမက ကျွန်ုပ်တို့နှင့်ဘုရားသခင်စပ်ကြား၌ ရှိသည့်ချစ်ခြင်း သည်လည်း ပြဿနာဖြစ်လျက်ပင်၊ အကြီးဆုံးသော ချစ်မေတ္တာရှင်နှင့် ကျွန်ုပ်တို့ စပ်ကြားဆက်ဆံရေးပိုမိုနက်ရှိုင်းလာစေရန် ဘယ်ကဲ့သို့ပြုမည် နည်း။ “ငါမင်းကိုချစ်တယ်” သည် ဘုရားသခင်ကျွန်ုပ်တို့ကို ပြောသည့် စကားဖြစ်သကဲ့သို့ ကျွန်ုပ်သည် ဘုရားသခင်ကို ပြောသောစကားလည်း ဖြစ်သည်။
ဤစာအုပ်၏စာမျက်နှာတိုင်းသည်သမီးရည်းစား၊ လင်နှင့်မယား၊ မိဘနှင့်ကလေး၊ ယောက်ျားနှင့်မိန်းမစပ်ကြားချစ်ခြင်းမေတ္တာသည် ပိုမို နက်ရှိုင်းလာပြီး တစ်ဦးနှင့်တစ်ဦး ကြင်နာယုယစွာဖြင့် သစ္စာစကား “ငါ မင်းကို ချစ်တယ်” ဟု အသီးသီးပြောနိုင်ကြပါစေသော။
G.O. Martinbourough
Subscribe to:
Post Comments (Atom)
No comments:
Post a Comment