Tuesday, March 10, 2026

 

အခန်း (၄၆)

ဝေဖန်ပြစ်တင်ရှုတ်ချဆန့်ကျင်မှုကြီးကျဆုံးခြင်း

 

               ဗာဗုလုန်ပြည်တော်ပြန် ဣသရေလလူမျိုးစုတို့အနီးမှာ ရှမာရိလူမျိုးစုတို့နေကြ ပါသည်။ ဤလူမျိုးစုတို့ကား ယုဒပြည်ပျက်စဉ်အခါက ဗာဗုလုန်နိုင်ငံသို့ သုံ့ပန်းအဖြစ် မပါသွားရဘဲ လယ်မြေ၊ စပျစ်ခြံတို့ကို စောင့်ရှောက်ရန် ချန်ထားခဲ့ရသော ဣသရေလ သူဆင်းရဲ၊ အပယ်ခံရတနာ နွမ်းပါးသူများဖြစ်ကြပါသည်။ သူတို့သည် ရှမာရိပြည်နှင့် ဂါလိလဲပြည်တွင် နေထိုင်ကြ၍ တစ်ပါးအမျိုးသား အာရှုရိကိုလိုနီနယ်ချဲ့တို့နှင့် ရော ထွေးအိမ်ထောင်ကျသဖြင့် မျိုးမစစ်သောသူများဟု သတ်မှတ်ခြင်းကိုခံကြရပါ၏။ ထို သူတို့၏ နှလုံးသားအိမ်နှင့် ကျင့်စဉ်တို့မှာ ယဇ်နတ်ပူဇော်သူများ ကဲ့သို့ဖြစ်၏။ သူတို့၏ ယဇ်နတ်ကိုးကွယ်ရခြင်း၏အဖြစ်သည် အသက်ရှင်သောဘုရားသခင်ကို ပြန်လည်သ တိရစေသည်ဟု ဆင်ခြေပေးနေပါသော်လည်း သူတို့၏အကျင့်မှာ ရုပ်တုများကို အရို အသေပေးလွယ်သော သဘောရှိသူများပေတည်း။

               ဤရှမာရိလူမျိုးတို့သည် ]ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုး၏ ရန်သူများ} ဟု အ များက သိမှတ်ကြပေသည်။ ထိုသူတို့သည် ]သိမ်းသွားခြင်းကို ခံရသောအမျိုးသား တို့သည် ဣသရေလအမျိုး၏ ထာ၀ရဘုရားသခင်အဖို့ ဗိမာန်တော်ကိုတည်ကြသည်} ဟု ကြားရသောအခါ သူတို့သည်လည်း ပူပေါင်းပါဝင်ကာ တည်ဆောက်လိုသော ဆန္ဒ သဘောရှိကြသဖြင့် ဣသရေလ ]သူကြီးတို့ထံသို့လာ၍ ငါတို့သည် သင်တို့ထံ၌ တည်း ခိုပါရစေ။ သင်တို့၏ဘုရားသခင်ကို သင်တို့ရှာသကဲ့သို့ ငါတို့လည်းရှာကြ၏} ဟုကြား ပြောကာမိတ်ဖွဲ့ကြပါသည်။ သို့သော်လည်း ဣသရေလခေါင်းဆောင်များက ဤသို့တုံ့ ပြန်ပြောဆိုလိုက်ပါသည်။ ]ငါတို့၏ ဘုရားသခင်အဖို့ ဗိမာန်တော်တည်ခြင်းအမှုကို သင် တို့သည် ငါတို့နှင့်ဝိုင်းဝန်း၍မလုပ်ရ။ ပေရသိရှင်ဘုရင်ကုရု (စိုင်းရပ်စ်) မင်းကြီးအမိန့် တော်အတိုင်း၊ ဣသရေအမျိုး၏ ထာ၀ရဘုရားသခင်အဖို့ ငါတို့သည် ကိုယ်တိုင်တည် ရမည်။} (ဧဇရမှတ်စာ ၄း၁-၃)။

 

 

               ဤကဲ့သို့ ပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံသော လုပ်ငန်းကြီးကို ဗာဗုလုန် နိုင်ငံပြန်ရွေးချယ်ပြီး၊ ကျန်ကြွင်းသူလူတစ်စုကသာ လုပ်ကိုင်ရမည်မို့ ယခုမှာ မနိုင်မနင်း ဖြစ်ပုံရနေသဖြင့် သူတို့၏ အနီးစပ်ဆိုးအိမ်နီးချင်းများက အကူအညီလာပေးနေခြင်း ဖြစ်ပါသည်။ ရှမာရိလူများတို့၏ စကားကိုမှတ်သားပါ။ ]သင်တို့၏ ဘုရားသခင်ကို သင် တို့ရှာသကဲ့သို့ ငါတို့လည်းရှာကြ၏။ သင်တို့နှင့်အတူအတည်ဆောက်ခြင်းအမှုကို ပြု ပါရစေ။} အကယ်၍သာ ယုဒခေါင်ဆောင်များတို့သည် ထိုအကူအညီလာပေးမှုကို လက် ခံလိုက်မည်ဆိုပါက ယဇ်နတ်ပူဇော်နတ်ဘုရားကိုးကွယ်မှုကို တံခါးဖွင့်ပေး လိုက်သည် နှင့် တူသွားပါမည်မဟုတ်ပါလား။ ဤနေရာမှာ ခေါင်ဆောင်ကြီးတို့သည် ရှမာရိလူများ တို့၏ မရိုးသားမှုများကို ခွဲခြားသိမြင်ခဲ့ပါသည်။

               ဣသရေလလူမျိုးတို့သည် ပတ်ဝန်းကျင်လူမျိုးစုတို့နှင့် ဆက်ဆံပေါင်းသင်း ခြင်းနှင့်ပတ်သက်၍ ထာ၀ရဘုရားသခင်သည် သူတို့ကို မောရှေအားဖြင့် ပညာပေး ကြေ ညာခဲ့ပြီ မဟုတ်ပါလား။ ]သူတို့နှင့် မိတ်သဟာယမဖွဲ့ရ။ ကရုဏာကို မပြရ။ အကြောင်း မူကား သူတို့သည် သင်သားကိုငါ၌မဆည်းမကပ်စေဘဲ အခြားတစ်ပါးသော ဘုရား သခင်အား ဝတ်ပြုခြင်းငှါသွေးဆောင်ကြလိမ့်မည်။} ]သင်တို့သည် သင်တို့၏ထာ၀ရ ဘုရားသခင်အဖို့ သန့်ရှင်သောလူမျိုးဖြစ်ကြ၏။ ထာ၀ရဘုရားသခင်သည် မြေကြီးပေါ် မှာ ရှိသမျှသောလူမျိုးထက် ကိုယ်တော်ပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှါ သင်ကို ရွေးချယ်တော်မူပြီ။} (တရားဟော ၇း၂-၄။ ၁၄း၂)။

               ထိုဣသရေလလူမျိုးအတွက် ပတ်ဝန်းကျင်နိုင်ငံသားများနှင့် ပဋိညာဉ်ဖွဲ့ အ ပေါင်းအသင်းလုပ်ခြင်း၏ ရလဒ်မည်သို့ ရှိမည်အကြောင်းနှင့် ပတ်သက်၍ သမ္မကျမ်း စာတော်မြတ်က ရှင်းလင်းစွာ ကြိုတင်ဟောပြောထားခဲ့ပြီမဟုတ်လော။ ]ထာ၀ရဘုရား သခင်သည်လည်း မြေကြီးစွန်းတစ်ဖက်မှာ သည်တစ်ဖက်တိုင်းအောင် လူမျိုးအပေါင်း တို့တွင် သင့်ကိုအရပ်ရပ်ကွဲပြားစေတော်မူသဖြင့် သင်နှင့် သင့်ဘိုးဘေးတို့ မသိဖူးသော အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။ ထိုလူမျိုးတို့တွင် သင်သည်သက် သာခြင်းမရှိရာ။ နေရာမကျရာ။} (တရာဟော ၂၈း ၆၄၊ ၆၇)။

 

အဘယ်ကြောင့် ရှမာရိလူတို့ပေးသော

အကူအညီကို ငြင်းပယ်ရခြင်း

               ဇေရုဗဗေလနှင့် လုပ်ဖော်ဆောင်ဘက်တို့သည် ဤလိုအတွေ့အကြုံမျိုးများစွာ ရှိခဲ့ဖူးသလို ကျမ်းစာဖော်ပြချက်များစွာနှင့်လည်း ယဉ်ပါးပြီး သူများဖြစ်ကြပါသည်။ မ ကြာသေးမီးက ဖြစ်ပျက်ခဲ့သော သုံ့ပန်းဘ၀မှာ ပြည့်စုံမှုအထောက်အထားများစွာ ရှိ ခဲ့လေပြီ မဟုတ်လော။ ယခုမှာ သူတို့သည် ဘုရားသခင်ဆီသို့ပြန်လှည့်ရန် စိတ်နှလုံး အကြွင်းမဲ့နှင့် ပြန်လည်ဆန့်သစ်နေချိန်မျိုးမှာ သူတို့ပြန်လည်တည်ဆောက်သော အရာ ကို ဖျက်ဆီးပစ်ကြလိမ့်မည်လော။(တရာဟော ၄း၂၉)။ ယဇ်နတ်ဘုရားပူဇော် ကိုးကွယ် မှုပြုသူများနှင့် အပေါင်းအသင်းလုပ်ကာ မိတ်သဟာယဖွဲ့ ပဋိညာဉ်ပြုခြင်းသည် လမ်း ဟောင်းကိုလိုက်ရန် အစဖော်ပေးခြင်းပင် မဟုတ်ပါလော။ မိမိတို့ ကိုယ်ကို ထာ၀ရဘုရား သခင်ထံပြန်လည် ဆက်ကပ်အပ်နှံ၍ ဗိမာန်တော်၏ ပျက်စီးရာများ အလယ်မှာ ယဇ်ပလ္လင်ကို ပြန်လည်တည်ဆောက်မည်ဟု စိတ်နှလုံးချသောသူတို့သည် အဘယ် မှာလျှင် နှုတ်အားဖြင့် ထာ၀ရဘုရားသခင်၏ ပညတ်တော်နှင့်ရင်းနှီး၍ စိတ်ထဲတွင်ကား ဝေးကွာလှစွာသော သူတို့နှင့် မိတ်သဟာယဖွဲ့ အပေါင်းအသင်းလုပ်ရပါအံ့နည်း။ မိအေး နှစ်ခါနာမဖြစ်ချင်ကြပါပြီ။ ဘုရားသခင်၏ အပေါင်းအသင်းဝင်တို့သည် ဘုရား သခင်ကို မကြောက်ရွံ့သောသူတို့နှင့် ခရစ်ယာန်ကျင့်ဝတ်စည်းမျဉ်း စံနှုန်းကို လျှော့ချကာ မည်သည့်အခါ မျှကောင်းတူဆိုးဘက် မိတ်သဟာယဖွဲ့ခြင်းအမှုကို မပြုနိုင်ပါချေ။

 

 

ဘုရားသခင်၏လူတို့သည် ပရိယာယ်လွှမ်းမိုးမှုများကို

ဆန့်ကျင်သင့်ခြင်း

               ဘုရားသခင်၏လူတို့သည် စဉ်းလဲဉာဏ်ထူသော လွှမ်းမိုးမှုတိုင်းကို စေ့စပ် သေချာစွာ ဆန့်ကျင်တိုက်လှန်ကာ အမှန်တရားကို ထိန်းသိမ်းစောင့် ရှောက်သင့်ပေ သည်။ အကြောင်းမူကား အမှန်တရား၏ရန်သူတို့သည် မြှောက်တစ်ခါပင့်တစ်လှည့်နှင့် သွေးဆောင်တိုက်တွန်းကာ ဝင်ရောက် နေရာယူလိုသောကြောင့်ပေတည်း။ ဘုရား သခင်၏လူတို့သည် ဤလောကမှာ ဘုရားဖူးဧည့်သည်များပင် ဖြစ်ကြ၏။ ဘုရားသခင်၏ အမှုတော်မြတ်မှာ မိမိကိုယ်ကို ပွင့်ပွင့်လင်းလင်းခံဝန်ချကာ ရန်သူတွေပါဟု ဖြောင့်ချက် ပေးနေသူများသည် ကြောက်စရာ့အကောင်းဆုံး မဟုတ်သေးပါ။ မိမိထံသို့ ချောဆီ ကဲ့သို့သော စကားလုံးနှင့် လှပသောအပြောအဆိုများဖြင့် မိတ်ဆွေဖွဲ့ရန် ချဉ်းကပ်လာ သူတို့၌ ပိုမို၍လှည့်ဖြားနိုင်သော တန်ခိုးသတ္တိရှိပါသောကြောင့် ၎င်းတို့ကို သတိမထား မိခင်မှာပါမသွားရန် အထူးသဖြင့် အသက်ဝိညာဉ်နိုးကြားတက်ကြွစွာ ရှိနေရပါမည်။ ဘုရားသခင်သည် တင်းမာမှု နောင်တဟူသည် မသိကျမ်းပါသော ပညာသတိကို ထားရှိ ဖို့ရန် တောင်းဆိုနေပါသည်။

               ဤသို့ဆိုရာ၌ ကျွန်ုပ်တို့ကို တစ်ကိုယ်တည်းရုန်ကန်နေဖို့ရန် ချန်လှပ်မထားပါ။ ဘုရားသခင်ရှေ့တော်မှောက်မှာ စိတ်နှလုံးနှိမ့်ချစွာဖြင့် လျှောက်လှမ်းသွားသော သူတို့ အား ကောင်းကင်တမန်တို့သည် အကာအကွယ်ပေးလျက်ရှိ၏။ အပြစ်ကိုရှောင်၍ လုံခြုံမှုအတွက် မိမိအထံတော်သို့ တိုးဝင်ချဉ်းကပ်လာသော မိမိ၏သားစစ်၊ သမီးမှန် တို့ကို ဘုရားသခင်သည် မေတ္တာအားဖြင့် ရန်သူစာတန်ကို အောင်မြင်နိုင်သော စံနှုန်း တစ်ခုကို မြှင့်တင်ပေးထားပါ၏။ ထိုသူတို့အားမထိလေနှင့်၊ အကြောင်းမှာ ထိုသူတို့သည် ငါပိုင်ဆိုင်ရာ ငါ၏ လူများပေတည်းဟု သခင်ကပြောနေပါပြီ မဟုတ်လော။

               ရှမာရိလူမျိုးတို့သည် ယုဒလူတို့အားဆန့်ကျင်တိုက်ခိုက်ရာ၌ မမောမပန်းနိုင် ကြပေ။ မှတ်တမ်းကိုကြည့်ပါ။ ]ပြည်သားတို့သည် ယုဒအမျိုးတို့ကို လက်အား လျော့ စေ၍ တည်ဆောက်ခြင်းအမှုကို  နှောင့်ယှက်ကြ၏။ ယုဒအမျိုးသားတို့၏အကြံကို ဖျက် ဆီးခြင်းငှါ ပေရသိရှင်ဘုရင်ကုရု (စိုင်းရပ်စ်) လက်ထက်ကာလပတ်လုံးမှသည် ပေရသိ ရှင်ဘုရင်ဒါရိ လက်ထက်တိုင်အောင်} (ဧဇရ ၄း၄၊ ၅) ရှေ့နေတို့ကို ငှါးထား၍ အခက် အခဲပေးကြလေသည်။ သို့သော်လည်းအပြစ်တန်ခိုးများကို နှစ်ပေါင်းများစွာ စိစစ်ကြပ် မတ်ခဲ့သည်နှင့်အမျှ ယုဒပြည်မှာရှိသော လူတို့သည် မိမိတို့အလုပ်အကိုင်ကို လွတ်လပ် စွာ ဆက်လုပ်နိုင်ကြလေသည်။

 

မြင်ကွင်းများနောက်ကွယ်မှာ ရှိသောတိုက်ပွဲ

               စာတန်နတ်ဆိုးမင်းသည် ဘုရားသခင်၏ လူတို့ကို မျက်နှာသာမပေးလို သော ကြောင့် မေဒိ-ပေရသိမင်းတို့ကိုကြိုးစား၍ ဩဇာလွှမ်းမိုးနေချိန်မှာ ကောင်းကင်တမန် တို့သည် သုံ့ပန်းများကိုယ်စား အလုပ်လုပ်ပေးခဲ့ကြလေသည်။ အကောင်းနှင့်အဆိုးစပ် ကြား ဤရုန်းကန်မှုကြီးကို ကျွန်ုပ်တို့သည် ဒံယေလအားဖြင့် ရိုးရိုးရိပ်ရိပ် တစ်ခဏ မျှမြင်တွေခဲ့ရသည်။ ရက်သတ္တပတ်သုံးပတ်မျှ ကောင်းကင်တမန်ဂါဗြေလသည် မှောင် မိုက်တန်ခိုးများ နှင့် သတ်ပုတ်လုံးထွေးခဲ့ရလေသည်။ ရန်သူနတ်ဆိုးတို့သည် ပြန်လည် တည်ဆောက်ပြုပြင်မွမ်းမံရေးလုပ်ငန်းကြီးကို ဆက်လက်မလုပ်ဆောင်ဘဲ ပျက်ပြယ် စေဖို့ရန် ကုရုမင်းကြီး၏စိတ်အာရုံကို လွှဲဖယ်ချေဖျက်ကြ၏။ ထိုသို့ပြုနေစဉ် ခုခံ တိုက် လှန်၍ ငြင်းခုံပွဲကြီးမပြီးဆုံးခင်မှာ ခရစ်တော်သခင် ကိုယ်တော်တိုင်က ဂါဗြေလကို လာ ရောက်အကူအညီပေးခဲ့ပါသည်။ ဂါဗြေလ၏ဖော်ပြချက်ကိုလေ့လာပါ။ ]ပေရသိ နိုင်ငံကို အစိုးရသောမင်းမူကား အရက်နှစ်ဆယ့်တစ်ရက်ပတ်လုံး ငါ့ကိုဆီးတား၏။ နောက်တစ် ခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူလာ၍ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံမှာဆိုင်းလင့်၍နေရ၏။} (ဒံယေလ ၁ဝး၁၃)။ နောက် ဆုံးမှာတော့ အောင်ပွဲခံလိုက်ရပါသည်။ ရန်သူရှမာရိလူမျိုးတို့၏ အင်အားစုများကို ကုရု မင်းကြီးလက်ထက်မက မိမိ၏သားတော် (ကမ်ဘီစီ) နန်းစံတစ်လျှောက်အထိ စစ်ဆေး စောင့်ကြပ်ပေးခဲ့လေသည်။

 

               ကောင်းကင်ဘုံ၏ အမြင့်ဆုံးဘက်တော်သားတို့သည် ရှင်ဘုရင်တို့၏ နှလုံး သားမှာ နူးညံ့ပျော့ပျောင်းလာရန် သွေးဆောင်မှုလုပ်ငန်းကို လုပ်နေပါ၏။ ဘုရားသခင် ၏ အပေါင်းအသင်းဝင်လူတို့သည်လည်း ဗိမာန်တော်ပြန်လည် တည်ဆောက် ရေးလုပ် ငန်း၌ အပတ်တကုတ်ကြိုးစား တည်ဆောက်နေကြသည်။ ဗိမာန်တော်၏ ဝတ်ကြီး ဝတ်ငယ်အသွယ်သွယ်နှင့် မိမိတို့၏နေအိမ်များကို ပြန်လည်တည်ဆောက်ခြင်းကာ ပြောဖွယ်မရှိ၊ ညီညွတ်လှပေသည်။ သို့သော်လည်း ရန်သူရှမာရိတို့၏ ဆန့်ကျင်ကန့် ကွက်လုပ်ဆောင်မှုကား ဆုံးဖြတ်ထားလေပြီမို့ တဖြည်းဖြည်းနှင့် တည်ဆောက်သူ တို့သည် စိတ်အားလျော့ကာ ပျောက်ဆုံးလုနီးဖြစ်လာပါ၏။ တချို့လုပ်သားများမှာ တိုက် ထောင့်အမြစ်ကျောက်ချသည့်မြင်ကွင်းကို မမေ့လျော့နိုင်ကြသလို အများစုမှာ စီမံချက် အရ ရဲတင်းစွာ စွန့်စားပြုလုပ်ရမည့်အမှုကို သံသယဝင်၍ စိတ်ချလက်ချမပြုကြ တော့ ပေ။ ရှမာရိလူတို့ အဖျက်လုပ်ရပ်တွေမှာ ပို၍ရဲတင်းလာကြသည်နှင့်အမျှ ဤပြန်လည် တည်ဆောက်ရေးလုပ်ငန်းသည် အချိန်ကာလမှတန်ပါ၏လောဟု အများကမေးခွန်း ထုတ်လာကြပါသည်။ ထိုခံစားမှုသဘောထားသည် တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွား ၏။ အလုပ်သမားတို့ စိတ်ပျက်ကာ မိုင်တွေနေကြလေပြီ။ ရိုးရိုးအလုပ်ကို လုပ်ကိုင်ရင်း သာမန်အသက်ရှင် နေရုံသာပြုတော့မည်ဟုဆုံးဖြတ်ကာ ဘ၀ကို ဇာတ်မျောလိုက်သူ များလည်း ရှိကြပေသည်။

               ကုရုမင်းကြီး၏ သားတော့ (ကမ်ဘီစီ) နန်းစံတစ်လျှောက်တွင် ဗိမာန်တော်ပြု ပြင်ခြင်းလုပ်ငန်းသည် နှေးကွေးလှ၏။ (ဧဇရ ၄:၇)။ သစ္စာဖောက် (စမားဒစ်)၏ နန်းစံ နှစ်အတွင်းမှာလည်း ရှမာရိလူမျိုးတို့သည် ယေရုရှလင်မြို့တော်နှင့် ဗိမာန်တော် ကြီးကို ပြန်လည်တည်ဆောက်ခြင်းမှ ရပ်တန့်ဖို့ အမိန့်တော်စာကို ထုတ်ပြရန် မင်းကြီး အားဖြား ယောင်း သွေးဆောင်ကာ နားချခဲ့၏။

               ဤသို့လျှင် ဗိမာန်တော်ကြီးကို တစ်နှစ်ကျော်မျှ စွန့်ပစ်ထားခဲ့ကြလေသည်။ လူတို့သည် မိမိတို့နေအိမ်မှာပင်နေ၍ လတ်တလော စည်းစိမ်ချမ်းသာရရှိဖို့ အားမာန် တက်ဆောင်ရွက်ကြ၏။ သို့သော်လည်း လုပ်သာလုပ်၏။ မကြီးပွားကြပါ။ သဘာ၀တရား က သူတို့တစ်တွေကို လျှို့ဝှက်ပူးပေါင်းဆန့်ကျင်ပုံရပါသည်။ အကြောင်းမူကား ထို သူတို့သည် ဘုရားသခင်၏အိမ်တော်ကို အမှိုက်ပုံကဲ့သို့ပစ်ထားကြသဖြင့် ဘုရားသခင် သည် သူတို့၌ မိုးခေါင်ခြင်းဘေးကို ဆိုက်ရောက်စေခဲ့၏။ ဘုရားသခင်သည် သူတို့ တစ်တွေကိုမျက်နှာသာပေးထားကြောင်း လယ်မြေအသီးအနှံ၊ ပန်းခြံဥယျာဉ် ကြွယ်၀ စေမှုနှင့် ပြည့်စုံစေခဲ့သော်လည်း ထိုကောင်းချီးဆုကျေးဇူးများကို တစ်ကိုယ်တော် ကောင်းစားရေးအတွက်သာ အသုံးပြုသောကြောင့် ကောင်းချီးမင်္ဂလာများ အတောင် ပံတပ်ကာ ပျောက်ကွယ်လွင့်ပါး နေလေပြီး မဟုတ်ပါလား။

 

                              ဘုရားသခင်၏ အမှုတော်မြတ် ရပ်တန့်သွားရန် ဖိနှိပ်ခံရခြင်း

               ပေရသိရှင်ဘုရင်ဒါရိ (Hပျအasစနျ) မင်းလက်ထက် ပထမနန်းဦးပိုင်းမှာ ဤသို့လျှင် အခြေအနေများဖြစ်ပေါ်လာသည်။ ဣသရေလလူမျိုးတို့ကား သနားစဖွယ် အခြေအနေမှာရှိ၏။ လုပ်လိုသည်ကိုမလုပ်ရ၍ ညည်းညူကာ သံသယဝင်လာသည် နှင့် အမျှ မိမိတို့၏အရေးကိုပင် ဦးစားပေရွေးချယ် လုပ်ကိုင်လာပါတော့သည်။ ထာ၀ရဘုရား သခင်၏ ပျက်စီးနေသောဗိမာန်တော်ကိုမူ ဂရုမစိုက် လျစ်လျူရှုနေကြလေပြီ။ လူများစွာ ကလည်း ယုဒပြည်မှာ ဘုရားသခင် ပန်လည်နေရာချပေးမည် ဟူသော ဘုရားသခင်၏ အကြံတော်ရှိသည်ကို မျက်ခြည်ပြတ်လာကြသည်။ ထို့ကြောင့် ဤသို့ပြောဆိုကြ၏။ ]အချိန်မရောက်သေး၊ ထာ၀ရဘုရားသခင်၏ အိမ်တော်ကို တည်ဆောက်ရသောအ ချိန်မရောက်သေ။} (ဟဂ္ဂဲ ၁း၂)။

               ဤအခက်အခဲပြဿနာကို ဖြေရှင်းဖို့ရန် ထာ၀ရဘုရားသခင်သည် ပုရောဖက် ဟဂ္ဂဲနှင့် ဇာခရိတို့ကိုပေါ်ထွန်းစေသည်မဟုတ်လော။ ဤပုရောဖက်တို့သည် လူတို့ရင် ဆိုင်နေရသော ဒုက္ခဆင်းရဲခြင်းများ၏အကြောင်းရင်းကို ဖော်ပြခဲ့ပါသည်။ လတ်တလော ခံစားအပ်သည့် စည်းစိမ်ချမ်းသာတို့မတည်၊လုံးပါးသွားရခြင်း အကြောင်းရင်းမှာ ထာ၀ရ ဘုရားသခင်၏ အမှုတော်ကို ဦးစားမပေးသောကြောင့် ဖြစ်ကြောင်း၊ အကယ်၍သာ ဘုရားသခင်၏ အိမ်တော်ကို ဦးစားပေးပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံခြင်းဖြင့် ဘုရားသခင်ကို ဂုဏ်ပြုထောမနာပြုချေက ထိုဘုရားသခင်ကို ဖိတ်ခေါ်ရာကျသဖြင့် သူတို့နှင့်အတူတည်ရှိနေမည် ဖြစ်သောကြောင့် ကောင်းချီးမင်္ဂလာတိုးပွား များပြားလာ မည် ဖြစ်သည်။

               သို့ဖြစ်၍ ပုရောဖက်ဟဂ္ဂဲက ဤသို့လျှင် စစ်ဆေးကြည့်ကြပါဦး ဟူသော မေးခွန်းမျိုးကို မေးလေသည်။ ]အချင်းလူတို့၊ သင်တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံသောအိမ်၌ နေချိန်ရှိလျက်ပင် အိမ်တော်ပျက်လျက် နေရမည်လော။} (ငယ် ၄)။ ဘယ့်အတွက်ကြောင့် သင်သည် မိမိနေဖို့အိမ်ဆောက်များကို ဂရုတစိုက်ဆောက် လုပ်လျက် ထာ၀ရဘုရားသခင်၏ အိမ်တော်ကိုမူကား ဂရုမစိုက်ဘဲနေပါသနည်း။ သင် တို့သည် ဆင်းရဲဒဏ်ကိုမခံချင်လွန်း၍ ဗိမာန်တော်ကြီးကို လျစ်လျူရှုဥပက္ခာပြုခဲ့သည် လော။ သို့သော်လည်း ဤကဲ့သို့ ပြုသင့်သည်ကိုမပြု၊ လျစ်လျူရှု ဂရုမစိုက်သောကြောင့် သင်တို့ကြောက်ရွံ့သော အရာသည် သင်တို့၌ဖြစ်ရချေ၏တကားဟု ပုရောဖက်က ဆုံးမ သွန်သင်ခဲ့ပေသည်။

               ]သင်တို့သည် များစွာသောမျိုးစေ့ကို ကြဲသော်လည်း အသီးအနှံနည်းပါး ရ၏။ စားရသော်လည်း ၀စွာ မစားရကြ။ သောက်ရသော်လည်း ၀စွာမသောက် ရကြ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ။ အလုပ်လုပ်၍ အခကို ခံရသော်လည်း မလုံသော အိတ်ထဲမှာ သိုထားရကြ၏} (ငယ် ၆)။

               ထို့နောက် ထာ၀ရဘုရားသခင်သည် ထိုသူတို့အား ကိုယ်သဘောနှင့် လုပ်တိုင်း မဖြစ်၊ ဆင်းရဲရသည့်အကြောင်းရင်းခံကို ဖော်ပြခဲ့၏။ ]သင်တို့သည် များစွာရမည်ဟု မျှော်လင့်သော်လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ရောက်သောအခါ ငါမှုတ်လိုက် ၏။ အဘယ်ကြောင့်နည်းဟု ကောင်းကင်ဗိုလ်ခြေ ထာ၀ရဘုရားသခင် မေးတော်မူ၏။ ငါ့အိမ်သည် ပျက်လျက်ရှိသောကြောင့်လည်းကောင်း၊ သင်တို့သည် အသီးသီး မိမိတို့ အိမ်သို့ ပြေးသောကြောင့်ဖြစ်သတည်း။] ထိုကြောင့် သင်တို့အပေါ်မှာ မိုးခေါင်သဖြင့် နှင်းမကျရ။ မြေသည်လည်း အသီးအနှံကိုမပေးရ။ လုပ်ဆာင်သမျှအပေါ်၌လည်း ကောင်း၊ သွေ့ခြောက်ခြင်းဘေးကို ငါမှာလိုက်လေပြီဟု မိန့်တော်မူ၏။} (ငယ် ၉-၁၁)။

               ]ကောင်းကင်ဗိုလ်ခြေထာ၀ရဘုရားသခင် မိန့်တော်မူသည်ကား၊ ကိုယ်အကျင့် တို့ကို ဆင်ခြင်ကြလော့။ တောင်ပေါ်သို့တက်သွား၍ သစ်သားကိုဆောင်ခဲ့ပြီးလျှင် အိမ်တော်ကိုဆောက်ကြလော့။ ငါသည်လည်းအားရ၍ ငါ၏ဘုန်းသည် ထင်ရှားလိမ့် မည်ဟု ထာ၀ရဘုရားသခင် မိန့်တော်မူ၏။} (ငယ် ၇၊ ၈)။

               ပုရောဖက်ဟဂ္ဂဲအားဖြင့် ပေးသောဘုရားသခင်ထံတော်မှ သတင်းစကားကို လူ တို့သည် နှလုံးသွင်းကြ၏။ အခေါင်းဆောင်တို့သည်လည်း ထိုညွှန်ကြားချက်ကို ဂရုမ စိုက်ဝံ့ဘဲ မနေတော့။ လတ်တလောခံစားရသော ကောင်းချီးမင်္ဂလာများနှင့် ဝိညာဉ် ရေးဆိုင်ရာ နိုးကြားတက်ကြွမှုတို့သည် ကြွယ်၀ချမ်းသာမှုဖြစ်၍ ထာ၀ရဘုရားသခင်၏ ပညတ်တော်ချက်များကို သစ္စာရှိစွာ ယုံကြည်နားထောင်မှုအပေါ်တည်မှီနေကြောင်း သတိပြုမိကြလေ၏။ ]ထိုအခါ ဇေရုဗဗေလနှင့် ယောရှုမှစ၍ ကျန်ကြွင်းသောသူအ ပေါင်းတို့သည် မိမိတို့ထာ၀ရဘုရားသခင်၏ အမိန့်တော်ကိုလည်းကောင်း၊ မိမိတို့ထာ၀ရ ဘုရားသခင်စေခိုင်းတော်မူသော ပုရောဖက်ဟဂ္ဂဲစကားကိုလည်းကောင်း နားထောင်သ ဖြင့် ထာ၀ရဘုရားသခင်ရှေ့တော၌ ကြောက်ရွံ့ကြ၏။} (ငယ် ၁၂)။

 

ထာ၀ရဘုရားသခင်သည် နှစ်သိမ့်စကားကို ပေးပို့ခြင်း

               ဗိမာန်တော်ပြန်လည် တည်ဆောက်ပြုပြင်မွမ်းမံခြင်းကို လက်စသတ်ရန် အ လုပ်လုပ်နေသည်မှာ တစ်လမပြည့်သေးပါ။ တည်ဆောက်သူတို့သည် နှစ်သိမ့်စကား ပါသတင်းတစ်ရပ်ကိုရရှိခဲ့လေသည်။ ]အိုဇေရုဗဗေလ၊ အားယူလော့။ အိုယောရှု၊ အား ယူလော့၊ အိုပြည်သူ ပြည်သားအပေါင်းတို့၊ အားယူကြလော့ဟု ထာ၀ရဘုရားသခင် မိန့် တော်မူ၏။} (ဟဂ္ဂဲ ၂း၄)။

 

 

               ယနေ့ကာလရှိ ဘုရားသခင်အစေခံတို့ကိုလည်း ထာ၀ရဘုရားသခင်သည် ကြေညာမိန့်မြွက်သည်မှာ- ]အားယူ၍ ရဲရင့်ခြင်းရှိကာ အမှုတော်မြတ်ကို ထမ်းရွက်ကြ ကုန်လော့။ အကြောင်းမူကား၊ ငါသည် သင်တို့နှင့်အတူရှိ၏။} ပုရောဖက်ဟဂ္ဂဲ၏ အနူး အညွတ်တောင်းပန်မှုနှင့် အားပေးနှိုးတော်မှုကို ပုရောဖက်ဇာခနိက ထပ်ဆင့်၍ ပေးခဲ့ ပြန်ပါသည်။ နှစ်ဦးပေါင်း၍ ကူဖော်လောင်ဘက်ပြုရန် ဘုရားသခင်ပေါ်ထွန်းစေခြင်းဖြစ် သတည်း။ ဇာခရိ၏ ပထမသတင်းစကားအရ၊ ပုရောဖက်ဟောသော သေချာပေါက် သတင်းစကားကို နားထောင်သောသူတို့၌ ကောင်းချီးမင်္ဂလာကတိတောကို ဘယ်သော အခါမျှလွဲချော်သွားမည်မဟုတ်ကြောင်း၊ ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် လည်း ဘယ်သောအခါမျှအကျိုးမရှိဘဲ မနေကြောင်းကို အာမခံချက်ပြုသွားပါသည်။

               ထိုသူတို့၏ ထောက်ပံ့မှုပြုရာ ပစ္စည်းသိုလှောင်ရာ စတိုခန်းသည်လည်း လျင် မြန်စွာ ပစ္စည်းများနည်းပါးလာသဖြင့် ပေးကမ်းရာ၌ တွန့်တိုလာသလို ရန်သူကဲ့သို့ ဆက် ဆံသော ပတ်ဝန်းကျင်လူတို့သည်လည်း ဖိအားပေးနေသောကြောင့် ဣသရေလလူ တို့သည် စိတ်ဓါတ်ကျသော်လည်း ယုံကြည်ခြင်းဖြင့် ရှေ့ကိုတိုးကာ လုံ့လဝီရိယစိုက် လျက် ပျက်စီးနေသောဗိမာန်တော်ကို ပြန်လည်တည်ဆောက်ခဲ့ကြပါသည်။ (ထွက် ၂၉း၄၅)။ ယုံကြည် ခြင်းဖြင့် ဆက်လက်လုပ်ဆောင်ရန်ကိုလည်း ပုရောဖက်ဟဂ္ဂဲနှင့် ဇာခရိတို့က ထပ်ခါတလဲလဲ သတင်းပေးနှိုးဆော်သည်အရာမှာ ထိုဗိမာန်တော်ကြီး သည် (ဟေရှာယ ၆၃း ၁၀)။ နောင်တစ်ချိန်တွင် ဘုန်းရောင်တောက်ပြောင်မည်သာမက အချိန်စေ့သော အခါမှာ လူသားတစ်နွယ်လုံး၏ ကယ်တင်ပိုင်သူ ဘုရားသခင်သည် လူမျိုးအပေါင်းတို့၏ မျှော်လင့်တောင့်တမြတ်နိုးသူအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ တွေးမြင်ယုံကြည် နိုင်သည်အထိဖြစ်ပါ၏။ ဤ ကားယုံကြည်ခြင်း၏ အကျိုးပေတည်း။

 

လတ်တလောကြွယ်၀ချမ်းသာမှုပေးမည်ဟူသော ကတိတော်

               လူ့အသက်တာသည် ဆန့်သောလက်ကို မကွေးမီ၊ ကွေးသော လက်ကိုမ ဆန့်မီ လတ်တလောအချိန်အခါမှာ အသက်ကြွေသွားနိုင်သည် မို့ရေပွက်ပမာ ဆန်လှ သော အသက်တာရှည်နေစဉ်အတွင်း နောင်တရလျက် ယုံကြည်ခြင်းဖြင့် ဆန္ဒပျူငှါစွာ ရှေ့ဆက်ကာ အလုပ်ပွားလျှင် လတ်တလော ကြွယ်၀ချမ်းသာမည်ဟူသော ကတိ တော်ကို ပေးထားလေသည်မှာ ]ယနေ့မှစ၍ သင်တို့ကို ငါကောင်းချီးပေးမည်} ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏။ သူတို့၏ ခေါင်းဆောင်ကြီးဇေရုဗဗေလကိုလည်း တန် ခိုးကြီးသတင်းစကားတစ်ခုကို ပေးခဲ့၏။ ]ကောင်းကင်ဗိုလ်ခြေထာ၀ရဘုရားသခင် မိန့် တော်မူသည်ကား၊ ငါ့ကျွန်ဇေရုဗဗေလ၊ ထိုအခါ သင့်ကိုငါယူ၍ တံဆိပ်လက်စွပ်ကဲ့သို့ ခန့်ထားမည်။ သင့်ကိုငါရွေးချယ်ပြီဟု ကောင်းကင်ဗိုလ်ခြေထာ၀ရဘုရားသခင် မိန့် တော်မူ၏။} (ငယ် ၂၄)။

               ယခုမှာဣသရေလဝန်မင်းသည် စိတ်ဓါတ်ကျဆင်းခြင်းနှင့် ရှုပ်ထွေးခြင်းအ လယ်မှာ အဘယ်သို့သောအနက်အဓိပ္ပါယ်ရှိနေသည်ကို မြင်နိုင်ပါပြီ။ ထာ၀ရဘုရား သခင်သည် မိမိ၏ချစ်သားသမီးတို့ကို အကျိုးကိုမပေးဘဲနှင့် ဘယ်သောအခါမျှ ရှေ့ ဆောင်သွားသည်ဟူ၍မရှိပါ။ ဖြစ်ရပ်မှန်တို့တွင် အစမှသည်အဆုံးကို ဝိညာဉ်သဘော နှင့် ခွဲခြားစိတ်ဖြာမြင်တွေ့ဆင်ခြင်နိုင်ခြင်းကို ဘုရားသခင်လိုလားတော်မူပါသည်။ ကိုယ် တော်သခင်ကို ယုံကြည်နားထောင်ရန်သာ ဖြစ်သည်မဟုတ်လော။

               ဝိညာဉ်ရေးမှာဦးဆောင်သူဟဂ္ဂဲနှင့် ဇာခရိတို့သည် တတ်နိုင်သမျှ လုပ်အားဖြင့် ဗိမာန်တော်ကြီးကို ပြန်လည်တည်ဆောက်ရန် ဣသရေလတို့ကို ဖိအားပေးနှိုးဆော် နေသမျှမှာ ရှမာရိလူတို့နှင့် အခြားအဖျက်သမားတို့သည်ကား ထိုလုပ်ငန်းနှောင့်နှေး ခြင်းရှိရန်ကိုသာ ဖန်တီးကြံစည်နေကြပါ၏။ တစ်ခါမှာ မေဒိ-ပေရသိပြည်နယ်မÈ;တို့ တိုင်းခန်းလှည့်လည်ရာမှာ ယေရုရှလင်မြို့ကို အလည်အပတ်ရောက်ရှိလာကြပါသည်။ ထိုအခါ ထိုပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို မည်သူသည် ခွင့်ပြုခဲ့ကြောင်း၊ မည် သူ့အမိန့်တော်ဖြင့် လုပ်ဆောင်နေကြောင်း နာမည်နှင့်တကွဖော်ပြပါရန် တောင်းခံ လာပါသည်။ အကယ်၍သာ ဂျူးလူမျိုးတို့သည် ထာ၀ရဘုရားသခင်ကို လမ်းပြရှင် အ ဖြစ်အားကို မှီခိုခြင်းမရှိခဲ့ပါသော် ဤမေးခွန်းမျိုးက သူတို့အားအတိအလင်း ဒုက္ခပေး နိုင်ပေသည်။ သို့ရာတွင် ဂျူးခေါင်းဆောင်တို့က ပညာသတိကြီးမားစွာနှင့် ပြန်လည် ဖြေဆိုခဲ့ပါသည်။ ထိုအမိန့်တော်ကို ဧဣရာဇ်မင်းကြီးကုရု (စိုင်းရပ်စ်) ကချေမှတ် ခဲ့ကြောင်း၊ ဤသို့ယေရုရှလင်မြို့တော်မှာ ထာ၀ရဘုရားသခင်၏ အိမ်တော်ကို ပြန်လည် တည်ဆောက်ရာ၌ ကုန်ကျစရိတ်ကို ဘုရင့်ဘဏ္ဍာတိုက်မှ ပေးဆပ်မည် ဖြစ်ကြောင်း တင်ပြသလို၊ ဤမူရင်းအမိန့်တော်မှာ အမှန်တကယ်ရှိ၊ မရှိ ပေရသိရှင်ဘုရင်ဒါရိ (Hပျအasစနျ) ထံစာရေးအကြောင်းကြားတောင်းခံမည်ဖြစ်ကြောင်း ဆုံးဖြတ်တင် ပြကြပါသည်။

               ဒါရိမင်းကြီးသည်လည်း ဤအမိန့်တော်ကို ရှာဖွေ၍တွေ့ရှိသဖြင့် ထိုသို့မေး မြန်းလာသူတို့အား ဤသို့ ပြန်လည်အမိန့်တော်ချမှတ်ခဲ့ပါသည်။ ]ထိုဘုရားသခင်၏ အိမ်တော်တည်ခြင်းအမှုကို မဆိးမတားကြနှင့်။ ယုဒမြို့ဝန်နှင့် ယုဒအမျိုးအသက်ကြီး သူတို့သည် ထိုအိမ်တော်ကို မိမိနေရာ၌တည်ပါလေစေ။ ထိုမှတစ်ပါး၊ သင်တို့သည် ထိုဘုရားသခင်၏ အိမ်တော်တည်ခြင်းအမှုကို ယုဒအမျိုးအသက်ကြီးသူတို့နှင့် ကူညီရ မည်အကြောင်း သူတို့သည် အဆီးအတားမရှိစေခြင်းငှါ မြစ်အနောက်ဘက်၌ ခံသော အခွန်တော်တည်းဟူသော ဘဏ္ဍာတော်ထဲက အိမ်တော်တည်စရာစရိတ်ကို ချက်ချင်း ထုတ်ပေးရမည်အကြောင်း ငါအမိန့်တော်ရှိ၏။} (ဧဇရ ၆း ၇၊ ၈)။

               ရှင်ဘုရင်၏ နောက်ဆက်တွဲအမိန့်တော်မှာလည်း ဘုရင့်အမိန့်တော်ကို ပြောင်း လဲပြင်ဆင်အသွင်ပြောင်းကာ ပြုကျင့်သူအား ပြင်းထန်သောပြစ်ဒဏ်ကို တိုင်းထွာပေး ရမည် ဟုပါလေသည်။ နိဂုံးချုပ်မှတ်ချက်ကို ဖတ်ရှုပါ။ ]ယေရုရှလင်မြို့၏ ဘုရားသခင် အိမ်တော်ကို ကျိုးပဲ့ပျက်စီးစေခြင်းငှါပြုသော ရှင်ဘုရင်နှင့် ဆင်းရဲသားအပေါင်းတို့ကို ထိုအရပ်၌ နာမတော်တည်စေသော ဘုရားသခင်သည် ဖျက်ဆီးတော်မူပါစေသော်။ ငါ၊ ဒါရိသည် အမိန့်တော်ကိုပေး၏။ အမိန့်တော်အတိုင်းအလျင်အမြန် ပြုစေဟု ပေးလိုက် သတည်း။} (ငယ် ၁၂)။

               ဤကဲ့သို့သော အမိန့်တော်ကို မချမှတ်ခင်မှာ ဣသရေလလူမျိုးတို့သည် ယုံ ကြည်ခြင်းဖြင့် လပေါင်းများစွာ လုပ်ဆောင်ခဲ့ကြလေသည်။ ပုရောဖက်များတို့သည် လည်း အချိန်အခါနှင့် သင့်လျော်သော သတင်းစကားတို့ကို ပေးကြပါ၏။

 

 

အားပေးမှုပေးသော ပုရောဖက်ဇာခရိမြင်တွေ့ရသည့်

မြင်ကွင်းကျယ်ရုပ်ရှင်

               ပုရောဖက်ဟဂ္ဂဲ၏ နောက်ဆုံးသတင်းမှတ်တမ်းကို မော်ကွန်းတင်ထိန်းသိမ်း ထားပြီးသည်နောက် နှစ်လအလွန်မှာ ဤကမ္ဘာမြေကြီးပေါ်မှာရှိသော ဘုရားသခင်၏ အမှုတော်မြတ်နှင့် ပတ်သက်၍ ပုရောဖက်ဇာခရိသည် မြင်ကွင်းကျယ်ရုပ်ရှင် တွဲစဉ်များ ကို မြင်တွေ့ခဲ့ရပေသည်။ ဤသတင်းရုပ်ရှင်ကားများသည် သာဓကပြဥပမာနှင့်  ပုံ   ဆောင်မှု အသွင်မျိုးဖြစ်၏။ ဘုရားသခင်၏ နာမတော်၌ ခိုလှုံကိုးစားကြသော သူတို့သည် ကြီးစွာသော စိုးရိမ်ပူပန်မှုနှင့် ရင်ဆိုင်နေစဉ်အချိန်ဖြစ်ပါသည်။ ယေရုရှလင်မြို့ရှိ ဘုရား သခင်၏ အိမ်တော်ဗိမာန်ကြီးကို ဆက်လက်၍ ပြန်လည်တည်ဆောက်ခွင့် မရှိတော့ ပုံရနေ၏။ ရှေ့ရေးကာ မှောင်မိုက်အတိကျရောက်နေသယောင် ဖြစ်ပါသည်။

               ပုရောဖက်ဇာခရိကြားခဲ့သည်အရာကို သင်ကြားသိလိုပါသလား။ ထာ၀ရဘုရား သခင်၏ ကောင်းကင်တမန်က၊ ]အိုကောင်းကင်ဗိုလ်ခြေ ထာ၀ရဘုရားသခင်၊ ကိုယ် တော်သည် အနှစ်ခုနစ်ဆယ်ပတ်လုံး အမျက်ထွက်တော်မူသော ယေရုရှလင်မြို့နှင့် ယုဒမြို့များကို အဘယ်မျှကာလပတ်လုံး မသနားဘဲ နေတော်မူမည်နည်းဟု မေး လျှောက်သော်၊ ထာ၀ရဘုရားသခင်သည် ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ကောင်းသောစကား၊ နှစ်သိမ့်စေသော စကားပြန်ပြောတော်မူ၏။}

               ]ငါနှင့်ပြောဆိုသော ကောင်းကန်တမန်ကလည်း၊ ကောင်းကင်ဗိုလ်ခြေထာ၀ရ ဘုရားသခင်၏ အမိန့်တော်ကိုဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါသည် ငြိမ်ဝပ်စွာ (ဇိမ်နှင့်) နေသော တစ်ပါးအမျိုးသားတို့ကို အလွန်အမျက်ထွက်၏။ အကြောင်းမူကား၊ ငါသည် ယေရုရှလင်မြို့ကို အနည်းငယ်အမျက်ထွက်သောအခါ သူတို့သည် ဝိုင်း၍ ညှဉ်းဆဲကြပြီ။ ထို့ကြောင့် ထာ၀ရဘုရားသခင် မိန့်တော်မူသည်ကား၊ ကျေးဇူပြုချင်သော စိတ်နှင့် ယေရုရှလင်မြို့သို့ ငါပြန်လာပြီ။ ဤမြို့တွင် ငါ့အိမ်ကို တည်ဆောက်ရမည်။} (ဇာခရိ ၁း၁၂-၁၆)။

 

              

               ယခုမှာတော့ ပုရောဖက်ကြီးသည် ကြိုတင်ဟောကိန်ထုတ်ရန် ညွှန်ကြားခြင်း ကို ခံရလေပြီ။ ]ထာ၀ရဘုရားသခင်သည် ဇိအုန်တောင်သားတို့ကို နှစ်သိမ့်စေဦးမည်။ ယေရုရှလင်မြို့သားတို့ကို ရွေးကောက်၍ပြုစုဦးမည်။} (ငယ် ၁၇)။

               ထိုနောက် ဆက်လက်၍ဇာခရိသည် အင်အားစုများနှင့် ပုံဆောင်သော ဦးချို လေးချောင်းကိုမြင်၏။ ထိုဦးချိုတို့သည် ]ယုဒပြည်၊ ဣသရေလပြည်၊ ယေရုရှလင်မြို့ တို့ကို အရပ်ရပ်သို့ကွဲပြားစေသော ဦးချိုဖြစ်ပါသည်။} မရှေးမနှောင်းပင် ]ထာ၀ရဘုရား သခင်သည်လည်း လက်သမားလေးဦးတို့ကို ပြတော်မူ၏။ ထိုသူတို့သည် ယုဒပြည်သား တို့ကို ကွဲပြားစေခြင်းငှါ တိုက်လာသောဦးချိုတို့ကိုကြိမ်းမောင်း၍ တစ်ပါးအမျိုးသား၏ ဦးချိုတို့ကို ရှုတ်ချသောသူဖြစ်ကြလေသည်။ ထာ၀ရဘုရားသခင် ပေါ်ထွန်းစေတော် မူသော ပြန်လည်တည်ထောင်ရေးသမားများဟု ဆိုရလိမ့်မည်။} (ငယ် ၁၈-၂၁ ကိုကြည့်ပါ)။ ]ယေရုရှလင်မြို့သားလူသတ္တဝါ၊ တိရစ္ဆာန်တို့သည် အလွန်များသော ကြောင့် ရွာတို့၌နေရကြလိမ့်မည်။ ထာ၀ရဘုရားသခင် မိန့်တော်မူသည်ကား၊ ငါသည် မြို့ကို ကာသောမီးမြို့ရိုးဖြစ်မည်။ မြို့အလယ်၌လည်း ငါသည်မြို့၏ဘုန်းအသရေဖြစ် မည်။} (ဇာခရိ ၂း၄၊ ၅)။

               ထာ၀ရဘုရားသခင်သည် ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရန် အမိန့် တော်ချမှတ်ခဲ့လေပြီ။ မြင်တွေ့ခဲ့ရေသာမြင်ကွင်းကျယ်ရုပ်ရှင်ကား ထာ၀ရဘုရားသခင် သည် မိမိ၏ ဖိနှိပ်ညှဉ်းဆဲခံချစ်သားသမီးတို့အား နှစ်သိမ့်ခြင်းနှင့် အားအင်ဖြည့်ဆည်း ပေးခြင်း ပြအာမခံချက်တစ်ရပ်ပင်ဖြစ်ချေသည်။ မိမိ၏ ထာ၀ရပဋိညာဉ်ထားရှိရာ ကတိ တော်များကို ပြည့်စုံစေခြင်းလည်း ဖြစ်သတည်း။ ဤကဲ့သို့လျှင် ဘုရားသခင်သည် မိမိ၏ ချစ်သားသမီးများအဖို့ မိမိကိုယ်တော်တိုင်က ပြီးပြည့်စုံစေခြင်းအမှုတို့ကို ကမ္ဘာ့လူသား အပေါင်တို့အားကြားသိစေရမည်ဖြစ်ပါသည်။ ]အိုဇိအုန် သတို့သမီး၊ ကြွေးကြော်လော့။ အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသခင်သည် သင်၏အ လယ်၌ ဘုန်းကြီးတော်မူ၏ဟု မြွက်ဆိုရလိမ့်မည်} ဖြစ်သတည်း။ (ဟေရှာယ ၁၂း၆)။

 

 

No comments:

Post a Comment