အခန်း(၂)
မင်းကြီး၏ခန့်ညားထည်ဝါသော
ဗိမာန်တော်
ခုနစ်နှစ်အတွင်း ယေရုရှလင်မြို့တော်ကြီးသည်
ဘုရားဝတ်ပြုကိုးကွယ်ရန် ဗိမာန်တော်ကြီးအတွက်မြေ နေရာရွေးချယ်ခြင်း၊
ကျောက်တုံးကြီးများကို လှီးဖြတ်ခြင်း၊ ကျယ်ပြောနက်ရှိုင်းသော
အုတ်မြစ်များကိုချခြင်း၊ လေဗနန်သစ်တောများမှ ယူဆောင် လာသော
ပုံဖော်ပြီးသားအာရဇ်သစ်နှစ် ထင်းရှုးပင်တို့ကို ဆက်စပ်တည်ဆောက်ခြင်းနှင့်
ခန်းညားထည်ဝါသော သန့်ရှင်းရာ ဗိမာန်တော်ကြီးတည်ဆောက်ခြင်း အလုပ်များဖြင့်
ပြည့်နေပေသည်။၃ရာ ၅း၁၇ ကိုဖတ်ရှုပါ။ ဤကြီးကျယ်ခန်းညားသော ဆောက်လုပ် ရေးလုပ်ငန်းကို
တုရုမင်းကြီး ဟိရံ၏ လက်သမားတို့နှင့် ရှောလမုန်မင်း၏ လက်သမားတို့ လုပ်ဆောင်ခဲ့ကြပါသည်။ဟိရံအဘိကားဉာဏ်ကောင်း၍
လိမ္မာသောသူဖြစ်၏။ ]သူသည် ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကျောက်၊ သစ်သား၊ မောင်းသောအထည်၊
ပြာသောအထည်၊ နီသောအထည်၊ ပိတ်ချောကို လုပ်ဆောင်သောအတတ်၊ အမျိုးမျိုးထုလုပ်တတ်သော
အတတ်နှင့် ပြည့်စုံ၍ လိုသမျှကို ဉာဏ်ရှာ၍ လုပ်တတ်သောသူဖြစ်၏။} (၆ရာ ၂း၁၃၊၁၄)
မောရိတောင်ပေါ်မှာ တည်ဆောက်သော ထာ၀ရဘုရားသခင်၏ အိမ်တော် မှာ
ဆောက်လုပ်စဉ်အသံမမြည်ပါ။]ထိုအိမ်တော်ကို တည်လုပ်သောအခါ ထိုအရပ်သို့ မဆောင်ခဲ့မီ
ဆစ်ပြီးသော ကျောက်တို့ဖြင့်သာ တည်လုပ်သောကြောင့် သံ၊ တူ၊ ပုဆိန်၊
သံတန်ဆာနှင့်လုပ်သောအသံမမြည်ရ}(၃ရာ ၆း၇ ၊၆ရာ
၄း၁၉)။ဟုကျမ်းစာက မှတ် တမ်းတင်ခဲ့ပါသည်။ ဤကဲ့သို့ အသံမမြည်ဘဲ
ဆက်စပ်ဖော်ထုတ်နိုင်သော ပစ္စည်းတန် ဆာများတွင် နံ့သာပေါင်း မီးရှို့ရာယဇ်ပလ္လင်၊
ပွဲတော်မုန့်တင်ထားရန်စားပွဲ၊ ဆီမီးခုံနှင့် မီးခွက်များ၊ သန့်ရှင်းရာ
ဌာနတော်နှင့် ပတ်သက်သော ပစ္စည်းတန်ဆာပလာများ အားလုံးပါဝင်၍ ၎င်းတို့မှာ
ရွှေစင်ဖြင့်ပြီးသော အသုံးအဆောင်များဖြစ်ချေ၏။(၆ရာ ၄း၂၁)။မီးရှို့ရာ ယဇ်အတွက်
ကြေးဝါပလ္လင်၊ ရေကန်တစ်ကန်နှင့် ၎င်းကိုထောက်သော နွားရုပ် တစ်ဆယ်နှစ်ခုမှစ၍
မြောက်မြားစွာသောအလှအပ၊အသုံးခံ ပစ္စည်းကို ]ယော်ဒန်ချိုင့် ဝှမ်းသရွတ်
လုပ်စရာကောင်းသောမြေ၌ ရှင်ဘုရင်သွန်းလေ၏။}
(၆ရာ ၄း၁၇)။ထို
ပစ္စည်း များအတွက်သုံးစွဲသော ကြေးဝါအချိန်ကိုကား အဘယ်သူမျှမသိ။
ပြိုင်ဘက်ကင်းအောင်လှပသည့် ဗိမာန်တော်ကြီး
နေရောင်ခြည်အောက်တွင် ဖိတ်ဖိတ်တောက်နေသော
အနှိုင်းမဲ့ခမ်းနား သိုက်မြိုက်သည့်အိမ်တော်ကြီးကို ရှောလမုန်မင်းကြီးသည်
ထိုဖန်ဆင်းရှင် ထာ၀ရ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန်အတွက်
တည်ဆောက်ပြီးစီးခဲ့လေပြီ။အိမ်တော် ကြီးသည် တန်ဖိုးကြီးကျောက်သံပတ္တာမြားနှင့်
မွမ်းမံဆင်ယင်ထားသလို၊ ရွေရောင် တောက်စေ၍ အကွက်ဖော်ထားသော ထင်းရÈ;သစ်များဖြင့်ပြီး ပြည့်စုံစေရကာ ဤ
ပထဝီမြေကြီးပေါ်တွင်ရှိသော ဘုရားသခင်၏ အသင်းတော်မှာ ကြွယ်၀မှုအလုံးစုံနှင့်
ပြုထားသကဲ့သို့ ဖြစ်ချေ၏။ခေတ်အဆက်ဆက် ထိုအသင်းတော်၏ တိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊
ကျောက်ကောင်းများနှင့်ထုသော တိုက်ထောင့်ကျောက်တိုင် (သို့မဟုတ်)
တိုက်ထောင့်အမြစ်ကျောက်တည်းဟူသော ယေရှုခရစ်နှင့်(ပတ်သက်ရာ) တစ်တိုက် လုံးသည်
စေ့စပ်၍ ကြီးပွားသဖြင့် ဘုရားသခင်အဖို့အလို့ငှါ သန့်ရှင်းသော ဗိမာန်တော် ဖြစ်၏။} (၁ကော ၃း၁၂။ ဆာလံ ၁၄၄း၁၂။ ဧဖက် ၂း၂၀၊ ၂၁)။ တစ်နည်းမှာ
ထိုသခင်နှင့် ဆက်ဆံသူတိုင်းသန့်ရှင်းသည်ဟူလို။
ဗိမာန်တော်ကြီးတည်ဆောက်၍ ပြီးစီးခဲ့လေပြီ။ ]ရှောလမုန်သည်
ဗိမာန်တော် နှင့် နန်းတော်ကို လက်စသတ်၍ ဗိမာန်တော်နှင့် နန်းတော်၌ လုပ်ဆောင်မည် ဟု
ကြံစည်လေသမျှသော အကြံသည် အထမြောက်သောအခါ၊}-
(၆ရာ ၇း၁၁)။
မောရိယ တောင်ထွတ်အပေါ်မှာ တည်ရှိသောအိမ်တော်သည် ]လူအဖို့မဟုတ်။ထာ၀ရဘုရား သခင်အဖို့
ဖြစ်၏}(၅ရာ ၂၉း၁)ဟု သိမှတ်စေလျက်
ထိုအိမ်တော်ကို အနုမောဒနာတင် အခမ်းအနားပြု ကျင်းပခဲ့ပါသည်။
ဤနေရာသည် ဗိမာန်တော်မတည်ဆောက်မီ ရှေးကာလ မောရိများစွာကပင်
သန့်ရှင်းသောနေရာဟု သတ်မှတ်စွဲလမ်းခဲ့ပါသည်။ ဤတောင်ပေါ်မှာ ယေဟောဝါ ဘုရားသခင်၏
စကားတော်ကို နားထောင်သဖြင့် မိမိမှာရှိသည့် တစ်ဦီးတည်းသောသာ ဣဇာက်ကို
မီးရှို့ပူဇော်ရန် ဆန္ဒရှိသောအာဗြဟံသည် မိမိ၏ယုံကြည်ခြင်းကို သက်သေ
ပြခဲ့၏။ထိုယုံကြည်ခြင်းကြောင့် အမြင့်ဆုံးသော ဘုရားသခင့်သားတော်၏ သက်စွန့်
မေတ္တာဆက်ကပ်အပ်နှံမှုကြီး ပြီးပြည့်စုံလာ၍ လူမျိုးအပေါင်းတို့သည် မေရှိယသခင်
ကယ်တင်မည့်ကတိတော် မြတ်ကို ခံစားရကြလေပြီမဟုတ်လော။ (က ၂၂း၉၊ ၁၆၊ ၁၈ ကိုကြည့်ပါ)။
ဤနေရာမှာ ဒါဝိဒ်မင်းကြီးသည် ဖျက်ဆီးသောကောင်းကင်တမန်၏
ကလဲ့စား ဓါးသွားမှလွတ်မြောက်ရန်အတွက် အပြစ်ဖြေရာယဇ်ကိုပူဇော်ခဲ့ပါသည်။ ထာ၀ရဘုရား
သခင်သည်လည်း ယဇ်ကောင်ကိုကောင်းကင်မှ မီးကျ၍ လောင်စေခြင်းဖြင့် မင်းကြီး၏
ဆုတောင်းသံကိုအဖြေပေးခဲ့သည်။(၅ရာ ၂၁း၂၆ ကိုကြည့်ပါ။)ယခုတစ်ကြိမ်မှာလည်း
ထာ၀ရဘုရားသခင်၏ လူတို့သည် မိမိတို့၏ သခင်ကိုတွေ့ဆုံ၍ ထာ၀ရဘုရားသခင်နှင့်
တစ်ဖန်ပြန်လည် မိတ်သဟာယဖွဲ့ အကျွမ်းဝင်ရန် သစ္စာပြုကြပြန်လေပြီမဟုတ်ပါလား။
ဗိမာန်တော်ဆက်ကပ်အပ်နှံချိန်မှာ
ဘုရားသခင်၏ဘုန်းတော်ပြည့်လျှံနေခြင်း
ဗိမာန်တော်ဆက်ကပ်အပ်နှံမည့်
နေ့ရက်အချိန်ကို ရွေးချယ်ရာ၌ ကောက်ပဲ သီးနှံရိတ်သိမ်းပြီး၍
အခြားတာဝန်လုပ်ငန်းများအေးငြိမ်းကာ ပျော်ရွှင်ဝမ်းမြောက်နိုင် သော
အချိန်ကာလပင်ဖြစ်၏။တစ်နည်းပြောရသော် သစ်ကိုင်းသစ်ခက်၊သစ်ရွက်ကြီး ငယ်တို့ဖြင့်
ဗိမာန်တော်များပွဲတော်နေ့ဟု ဆိုရလိမ့်မည်။ခရီးသွားဧည့်သည်များ ဖြစ်ခဲ့ စဉ်က
ဣသရေလတို့၏ဘ၀ ကို ပြန်လည်သတိရစေခြင်းတည်း။
တိုင်းတစ်ပါးနိုင်ငံများမှ ကိုယ်စားပြုရောက်ရှိလာကြသော ဣသရေလလူမျိုး တို့နှင့်
ဒေသခံလူမျိုးနွယ်တို့စုပေါင်းကာ ဗိမာန်တော်ဝင်းခြံတွင် စုရုံးကာနေကြ၏။
ကြက်သီးမွေးညင်းထရလောက်အောင် မြင်ကွင်းမှာ ခန့်ညားထည်ဝါလှပေသည်။ ရှောလမုန်မင်းကြီးနှင့်ဂုဏ်သရေရှိလူကြီးမင်းတို့
အခြားမြို့တော်ဂိဗောင်မှ သယ်ဆောင် လာခဲ့သော ထာ၀ရဘုရားသခင်နှင့် ပဋိညာဉ်
သေတ္တာတော်မှာလည်း ဗိမာန်တော်ထဲမှာ ရောက်ရှိလာပါပြီ။(၆ရာ
၅း၅)။ထိုသေတ္တာကြီးနှင့်အတူ ဣသရေလတို့သည် သိမ်တော မှာမလှည့် လည်ကြရတော့ဘဲ ယခုမှာ
နေသားတကျရှိပြီဖြစ်သော ဖိတ်ဖိတ်တောက် ထည်ပါ လှသည့် အိမ်တော်ကြီးထဲမှာ
တွေ့မြင့်နေရလေပြီ။
အစီအစဉ်အရ တူရိယာမျိုးစုံလင်စွာဖြင့် သီချင်းများစွာကို
မြိုင်မြိုင်ဆိုင်ဆိုင် ကျူးဧကြလျက် ]ယဇ်ပုရောဟိတ်တို့သည်လည်း ထာ၀ရဘုရားသခင်၏
ပဋိညာဉ် သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍
အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဘုရားသခင်ကိန်းအောင်းရာဌာနတော်ထဲမှာ
ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ၏။}(ငယ်
၇)။သီချင်းသည် လေဝိသားအပေါင်းတို့သည်f အမျိုးသားချင်းများ
နှင့်တကွ ပိတ်ဖြူကိုဝတ်ဆင်၍ ခွက်ကွင်း၊စောင်းတယောကိုကိုင်လျက် ယဇ်ပလ္လင် အရှေ့လက်၌
ရပ်နေကြ၏။ (ငယ် ၁၂)။တံပိုးမှုတ်သော ယဇ်ပုရောဟိတ်f တစ်ရာ့နှစ်
ဆယ်တို့သည်လည်း သီချင်းဆိုသောသူတို့နှင့် ဝိုင်းလျှင် ထာ၀ရဘုရားသခင်၏ ကျေးဇူး
တော်ကို ချီးမွမ်း၍ ထောပနာပြုခြင်းငှါ တညီတညွတ်တည်း အသံပြိုင်လျက် တံပိုး ခွက်တွင်
အစရှိသော တူရိယာမျိုးနှင့်တကွ အသံကိုလွှင့်၍ ထာ၀ရဘုရားသခင်၏ တန်ခိုးတော်ကို
ချီးမွမ်းကြသောအခါ ထာ၀ရဘုရားသခင်၏ သည်မိုးတိမ်အလင်း နှင့်ပြည့်၏။ထိုသို့
ဘုရားသခင်၏အိမ်တော်သည် ထာ၀ရဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်လျက်
မိုးတိမ်တော်အလင်းကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆက် လက်ဆောင်ရွက်ရန်
ရပ်၍ မနေနိုင်ကြ။} (ငယ် ၁၃၊၁၄)။
ရှောလမုန်မင်းကြီး၏ဆုတောင်းချက်
ဗိမာန်တော်ဝင်းခြံ၏ အလယ်ဗဟိုတွင် ကြေးဝါနှင့်ပြီးသော
စင်မြင့်ကြီးတစ်ခု ရှိပါသည်။ ထိုနေရာမှာရှောလမုန်မင်းကြီးသည် မတ်တတ်ရပ်၍
လက်နှစ်ဖက်ကို မြှောက်ကာ မိမိရှေ့မှောက်၌ရှိသော မဟာလူထုကြီးအား
ကောင်းချီးပေးမြွက်ဆို သည်မှာ၊ ]ထာ၀ရဘုရားသခင်၏ ဖော်ပြတော်မူသော စကားဟူမူကား၊
ငါ့နာမတည်ရာ ယေရုရှလင်fမြို့ကို
လည်းကောင်း၊ ငါ၏ လူဣသရေ အမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ ဒါဝိဒ်ကို လည်းကောင်း
ငါရွေးပြီ ဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဖော်ပြခြင်းရှိသည့်အတိုင်း ပြုတော်မူသော
ဣသရေလအမျိုး၏ ဘုရားသခင်ထာ၀ရဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။} (၆ရာ ၆း၄-၆)
ထိုနောက်မင်းကြီးသည် စင်မြင့်ပေါ်မှာဒူးထောက်လျက်
ကောင်းကင်သို့ လက် နှစ်ဖက်ကိုမြှောက်ပင့်ကာ ဤသို့ဆုတောင်းခဲ့ပါသည်။
]ကောင်းကင်နှင့်ကောင်းကင် တကာတို့၏အထွတ်၊အမြင့်ဆုံးသောကောင်းကင်သည် ကိုယ်တော်ကို
မဆံ့မခံနိုင်သည် ဖြစ်၌ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဖွယ်ရာရှိပါသနည်း။ကိုယ်
တော်ကျွန်မှစ၍ ကိုယ်တော်၏ လူဣသရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်းကြသောအခါ
တည်ရှိတော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ အပြစ်မှ လွှတ်တော်မူပါ။}
]ကိုယ်တော်၏လူဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို
ပြစ်မှားသော အပြစ်ကြောင့်၊ကိုယ်တောထံသို့ပြန်လာ၍ နာမတော်ကိုဝန်ခံလျက်၊
ဤအိမ်တော်ကို မှီခိုလျက်ဆုတောင်းလျှင် ကောင်းကင်ဘုံကနားထောင်၍ ကိုယ်တော်၏ လူဣသရေလ
အမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ။}
]ကိုယ်တော်ကိုပြစ်မှားသောအပြစ်ကြောင့် မိုးမရွာ၊
မိုးခေါင်သဖြင့် ကိုယ်တော် သည် ဆုံးမတော်မူသောအခါ သူတို့သည် ဤအရပ်ဌာနတော်ကို
မှီခိုလျက်ဆုတောင်း၍၊ နာမတော်ကို ဝန်ခံလျက် မိမိ၏ အပြစ်ကို စွန့်ပယ်လျှင်
ကောင်းကင်ဘုံကနားထောင်၍ ကိုယ်တော်၏ကျွန်၊ ကိုယ်တော်၏လူ ဣသရေလအမျိုးတို့ကို
အပြစ်မှလွှတ်တော်မူပါ။}
]ရန်သူတို့တိုက်လု၍ မြို့ကိုဝိုင်းထားသော်လည်းကောင်း၊
ဘေးဥပဒ်အနာ ရောဂါတစ်စုံ တစ်ခုရောက်သောအခါ ကိုယ်တော်၏လူဣသရေလအမျိုးသား အချို့
တို့သည် အသီးသီးခံရသော ဘေးဒဏ်ကို သိလျက် ဤအိမ်တော်သို့ မိမိတို့လက်ဝါးကို ဖြန့်၍
တစ်စုံတစ်ခုသောဆုစကားအားဖြင့် ဆုတောင်းလျှင် တည်ရှိတော်မူရာ ကောင်း ကင်ဘုံ၌
နားထောင်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်၌ သူ တို့သည်
အသက်ရှင်သောကာလပတ်လုံး ကိုယ်တော်ကို ကြောက်ရွံ့၍ တရားတော် လမ်းသို့
လိုက်ပါမည်အကြောင်း၊ သူတို့ အပြစ်ကို လွှတ်တော်မူပါ။ အသီးသီးပြုကြသည်
အတိုင်းစီရင်တော်မူပါ။}
]ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တစ်ပါးအမျိုးသားတို့သည်
ကြီး မြတ်သောနာမတော်နှင့်တန်ခိုးကြီး၍ ဆန့်တော်မူသောလက်ရုံးတော်ကို ထောက် သဖြင့်
ဝေးသောပြည်မှရောက်လာ၍ ဤအိမ်တော်ကိုမှီခိုလျက်ဆုတောင်းလျှင် တည်ရှိတော်
မူရာကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ကိုယ်တော်၏လူ ဣသရေလအမျိုးသား တို့သည်
ကိုယ်တော်ကိုကြောက်ရွံ့သကဲ့သို့ မြေကြီးသားအပေါင်းတို့သည် ကြောက် ရွံ့လျက်
နာမတော်ကိုသိစေခြင်းငှါ တစ်ပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း
ကျေးဇူးပြုတော်မူပါ။}
]မပြစ်မှားတတ်သောသူ တစ်ယောက်မျှမရှိသည်ဖြစ်၍
ကိုယ်တော်၏လူတို့ သည် ကိုယ်တော်ကိုပြစ်မှားသောကြောင့် အမျက်ထွက်၍ ရန်သူလက်သို့
အပ်တော် မူသဖြင့် ရန်သူတို့သည် ဝေးသောပြည်၊ အခြားတစ်ပါးသောပြည်သို့ သိမ်းသွားလျှင်
လည်းကောင်း၊ထိုပြည်၌ အချုပ်ခံစဉ် သူတို့သည် သတိရ၍ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။
မဖြောင့်သောအမှု၊ ဆိုးညစ်သောအမှုကိုပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်
သိမ်းသွားသောရန်သူတို့၏ ပြည်၌နေစဉ် စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ပြန်လာ၍
နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက်ဆုတောင်းလျှင် သူတို့ဆုတောင်းသော
စကားသံကို တည်ရှိတော်မူရာ ကောင်းကင်ဘုံ၌
နားထောင်၍ သူတို့အမှုကို စောင့်တော်မူပါ။ ကိုယ်တော်ကို
ပြစ်မှားသော
ကိုယ်တော့်လူတို့၏ အပြစ်ကို ဖြေရှင်းတော်မူပါ။အို အကျွန်ုပ် ဘုရားသခင်၊
ကြည်ရှုတော်မူပါ။ ဤအရပ်ဌာန၌ ဆုတောင်းသောစကားသံကို နားထောင်တော်မူပါ။}
]အိုထာ၀ရဘုရားသခင်၊ တည်ရှိတော်မူရာသို့ တန်ခိုးတော်နှင့်
ယှဉ်သော တရားတော် သေတ္တာနှင့်တကွ ကြွမြန်းတော်မူပါ။အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏
ယဇ်ပုရောဟိတ်တို့သည် ကယ်တင်ခြင်းတန်ဆာကို ဆင်၍ ကိုယ်တော်၏သန့်ရှင်း သူတို့သည်
ကျေးဇူးတော်၌ ဝမ်းမြောက်ကြပါစေသော်။} (ငယ် ၁၈-၄၁)
]ထိုသို့ ရှောလမုန်သည် ဆုတောင်းပြီးသောအခါ ကောင်းကင်ကမီးကျ၍
မိးရှို့ ရာယဇ်အစရှိသော ယဇ်မျိုးကိုလောင်သဖြင့် အိမ်တော်သည် ထာ၀ရဘုရားသခင်၏
ဘုန်းတော်နှင့်ပြည့်၏။}သို့ဖြစ်၍
ယဇ်ပုရောဟိတ်တို့သည် ထာ၀ရဘုရားသခင်၏ အိမ် တော်ထဲသို့ မဝင်နိုင်ကြ။ထိုနောက်မှ
ရှင်ဘုရင်နှင့်တကွ လူအပေါင်းတို့သည် ထာ၀ရ ဘုရားသခင်ရှေ့တော်၌
ယဇ်ပူဇော်ကြပါသည်။ဤသို့လျှင် ]ဘုရားသခင်၏ အိမ်တော် ကိုအနုမောဒနာပြုကြ၏}(ငယ် ၅)။လူအပေါင်းတို့သည် ခုနစ်ရက်ပတ်လုံး ပွဲခံကာ
ပျော်ရွှင်ဝမ်းမြောက်လျက် ရှိကြပါသည်။ ခုနစ်ရက်ပတ်လုံးယဇ်ပလ္လင်ကို အနုမောဒနာ
ပြုပြီးမှ နောက်တစ်ဖန်ခုနစ်ရက်ပတ်လုံး ဗိမာန်တော်များပွဲနေ့ကို ခံယူကြ၏။ (Fနasအ သ် Tဘေနမညခေူနျ) (၆ရာ ၇း၁၊၂)။
ထိုမှလွန်သော် ပွဲခံချိန်ကုန်ဆုံးသဖြင့် ]ထာ၀ရဘုရားသခင်သည်
ဒါဝိဒ်နှင့် ရှောလမုန်မှစသော မိမိလူဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှသာ
ကျေးဇူးတော် ကြောင့် ဝမ်းမြောက်ရွှင်လန်းလျက် လူများတို့သည် မိမိတို့
အိမ်နေရာအသီးသီးဆီသို့ ပြန်သွားကြလေသည်။} (ငယ် ၈း၁၀)။
မင်းကြီး၏ဖောက်ပြန်မှုကို ဘုရားသခင်
သတိပေးခြင်း
ခုချိန်မှာလည်း တစ်ဖန်ရှောလမုန်မင်းကြီးသည် ဂိဗောင်မြို့မှာ
ဘုရင်ပျိုဖြစ်ခဲ့ စဉ်က ဘုရားသခင်ထံတော်မှရရှိသော
ညဉ့်အိပ်မက်မျိုးပြန်လည်ရရှိပြန်သည်။ဘုရား သခင်စိတ်တော်နှင့်တွေ့၍
လက်သင့်ခံသောသက်သေပင်ဖြစ်၏။မြင်မက်သောအရာ ကား
ဘုရားသခင်သည်ထင်ရှား၍ မိန့်မြွက်တော်မူသည်မှာ ]သင်ပြုသောဆုစကားသံ ကို ငါကြားပြီ။ ဤအရပ်ဌာနကို
ယဇ်ပူဇော်ရာအိမ်ဖြစ်စေခြင်းငှါ ကိုယ်အဖို့ ငါရွေးယူပြီ။ မိုးမရွာစေခြင်းငှါ ငါသည်
မိုးခေါင်စေသော်လည်းကောင်း၊ကျိုင်းတို့သည် မြေအသီး အနှံကို ကိုက်စားစေခြင်းငှါ
ငါမှာထားသော်လည်းကောင်း၊ ငါလူတို့၌ ကာလနာကို စေလွှတ်သော်လည်းကောင်း၊ ငါ့နာမဖြင့်
သမုတ်သော ငါ့လူတို့သည် ကိုယ်ကိုနှိမ့်ချ သဖြင့် ငါ့မျက်နှာကိုရှာလျက် ဆုတောင်း၍
လမ်းမှားကိုလွှဲရှောင်လျှင် ငါသည်ကောင်း ကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကိုဖြေ၍
သူတို့ပြည်ကိုချမ်းသာပေးမည်။ငါ့နာမ သည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံးအစဉ်စွဲလမ်းစရာဖို့
ဤအိမ်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။} (ငယ် ၁၂-၁၆)။
အကယ်၍သာ ဣသရေလလူမျိုးတို့သည် ထာ၀ရဘုရားကို ဝတ်ပြုကိုးကွယ်
ခဲ့ခြင်းအမှု၌ မယိုင်မလဲတည်ကြည်နေဆဲ ဖြစ်မှုက ဤဘုန်းပွင့်လျက်နေသော ဘုရား သခင့်
အိမ်တော်ကြီးသည် ခေတ်အဆက်ဆက် အစဉ်အမြဲတည်တဲ့ခိုင်မြဲနေသည် ဖြစ်ပြီး လူပျိုသည်လည်း
ဘုရားသခင်ထံမှ အထူးမျက်နှာရသူများဟု ပြောင်းလဲခြင်း မရှိသော သက်သေလက္ခဏာ
တစ်ပါးပင်ဖြစ်ပေလိမ့်မည်။]ထာ၀ရဘုရားသခင်ထံ၌
အမှုစောင့်ခြင်း၊နာမတော်ကိုချစ်ခြင်း၊ကျွန်တော်ရင်းဖြစ်ခြင်း အလိုငှါ
ဥပုသ်နေ့ကိုမရှုတ် ချ၊ စောင့်ရှောက်၍
ငါ၏ပဋိညာဉ်ကို စွဲလမ်းသောသူအပေါင်းတို့ကို ငါ၏သန့်ရှင်းသော တောင်သို့ ငါဆောင်ခဲ့၍
ငါ၏ဆုတောင်းရာအိမ်၌ ဝမ်းမြောက်စေမည်။ငါ့အိမ်ကို လူ အမျိုးမျိုးဆုတောင်းရာအိမ်ဟူ၍
ခေါ်ဝေါ်ကြ လတ္တံ။} (ဟေရှာယ ၅၆း၆၊၇)။
ထာ၀ရဘုရားသခင်သည် ရှောလမုန်မင်းကြီးအား မိမိလုပ်ရမည့် တာဝန်
ဝတ္တရားအပိုင်းကို ရှင်းလင်းပီပြင်စွာ မိန့်ကြားခဲ့လေပြီ။]သင်သည်
ငါမှာထားသမျှကိုပြု၍ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါသင့်အား
ဒါဝိဒ်ကဲ့သို့ ငါ့ရှေ့မှာကျင့်နေလျှင် ဣသရေလနိုင်ငံကို အုပ်စိုးရသော သင်၏
အမျိုးမင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်နှင့် ငါပဋိညာဉ်ဖွဲ့သည်အတိုင်း
သင်ထိုင်ရသောရာဇပလ္လင်ကို အစဉ်ငါတည်စေမည်။ (၆ရာ ၇း၁၇၊ ၁၈)။
ထာ၀ရဘုရားသည် ရှောလမုန်ုမင်းကြီးအား ဤသို့
မိန့်တော်မူရခြင်းမှာ ကြိုတင် ၍ မြင်ထားသောကြောင့်တည်း။တိုင်းပြည်သည်သာယာ၀ပြော၍
စည်းစိမ်ချမ်းသာများ စွာနှင့်လောကဂုဏ်မောက်လာသဖြင့် ပြင်းထန်သော
စုံစမ်းသွေးဆောင်မှုနောက်သို့ ပါသွား၊ ဖောက်ပြန်မည်ကို သိမြင်သောကြောင့် ကြိုတင်၍သတိပေးထားခြင်းဖြစ်ပါ
သည်။မင်းကြီးသည် အမြဲထာ၀စဉ် ထာ၀ရဘုရားသခင်ကိုသာကိုးကွယ်ပါစေသော်။ သို့ပြုလျှင်
အိမ်နိးချင်းနိုင်ငံတို့အပေါ်သို့ ဩဇာတန်ခိုးအစဉ်လွှမ်းမိုးမည်မှာ ဧကန်မုချ
တည်း။လှပခန့်ညားသော ဘုရားသခင်၏အိမ်တော်ကြီးကို ဆက်ကပ်အပ်နှံ၊အနုမော
ဒနာပြုပြီးသည်မှာ မကြာသေပါ။ ဘုရားသခင်သည် ဤသို့ ကြေညာလိုက်လေပြီကော။
]ငါပေးသောပြည်မှာ သူတို့ကိုအပြစ်နှင့်တကွ ငါနုတ်ပစ်မည်။ငါ့နာမအဖို့ ငါသန့်ရှင်း
စေသော ဤအိမ်တော်ကို ငါ့မျက်မှောက်ပယ်ရှားမည်။တစ်ပါးအမျိုးသားတို့တွင်းပုံ
ခိုင်းရာ၊ကဲ့ရဲ့ရာဖြစ်စေမည်။}ဤသို့
ဖြစ်ရခြင်း၏ဇစ်မြစ်ကား ဣသရေလလူတို့သည် မိမိတို့၏ဘိုးဘေးများကိုးကွယ်သော
ထာ၀ရဘုရားသခင်ကို စွန့်၍ အခြားတစ်ပါးသော ဘုရားကိုမှီဝဲလျက်
ဝတ်ပြုကိုးကွယ်ကြသောကြောင့် ပေတည်း။ (ငယ် ၂၀၊၂၂)။
အစ္စရေးတို့၏အကြီးကျယ်ဆုံးသောဂုဏ်ကျက်သရေ
မင်းကြီးသည် ကောင်းကင်ဘုံမှသတင်းစကားကြောင့် အားတက်၍
ဝမ်းမြောက် ပီတိဖြစ်ရသည်။ဘုန်းအကြီးဆုံးရှင်ဘုရင်တစ်ပါးအဖြစ်သို့
ရောက်ရလေပြီ။ကျမ်းမှတ် တမ်းအရ၊]ရှောလမုန်၏နှလုံး၌
ဘုရားသခင်သွင်းပေးတော်မူသောပညာကို အတိုင်း တိုင်းအပြည်ပြည်က ရှင်ဘုရင်သည်
ကြားရအံ့သောငှါ မျက်နှာတော်ကို မြင်တွေ့ရန် လာကြ၏။}(၆ရာ ၉း၂၃)။
ထိုသူတို့အား မင်းကြီးက ထာ၀ရဘုရားသခင်သည် ဖန်ဆင်း ရှင်ဘုရားသခင်ဖြစ်ကြောင်း
သွန်သင်ခဲ့သောကြောင့်လည်း သူတို့ပြန်သွားသောအခါ အစ္စရေးတို့၏ဘုရားသခင်နှင့်
လူသားတစ်နွယ်လုံးကိုချစ်သော ထိုသခင်၏ ဂုဏ်တော် များကို ထင်ထင်ရှားရှား သဘောပေါက်လာခဲ့ကြပါသည်။သဘာ၀တရားတွင်လည်း
ထိုဘုရားသခင်၏ ဂုဏ်တော်များကို သူတို့မြင်တွေ့တတ်လာပြီဖြစ်ရာ ယေဟောဝါ ဘုရားသခင်ကို
ကိုးကွယ်သူတို့များပြားလာကြ၏။
ရှောလမုန်မင်းကြီး၏နှိမ့်ချမှုကို ဆင်ခြင်ပါ။သူသည်
ထာ၀ရဘုရားသခင် ရှေ့ တော်မှာ ]သို့ရာတွင် အကျွန်ုပ်သည်သူငယ်ဖြစ်ပါ ၏။}(၃ရာ ၃း၇) ဟု မိမိကိုယ်ကိုမိမိ မြင်ပါသည်။ဘုရားသခင်နှင့်
ပတ်သက်လာသမျှတွေမှာ သူသည် ရိုသေလေးစားမှုကို
ပြ၏။မိမိကိုယ်ကိုမိမိစိတ်မချပါ။အနှိုင်းမဲ့ ဖန်ဆင်းရှင်ကို ချီးမြှောက်သည်။ဤသဘော
ထားမျိုးကို မင်းကြီးသည် အိမ်တော်ဆက်ကပ် အနုမောဒနာပြုဆုတောင်းချက်၌ တွေ့ မြင်နိုင်၏။ယနေ့ခရစ်ယာန်တို့သည်လည်း
ဘုရားမှုနှင့် ပတ်သက်လာလျှင် ရိုသေလေး စားစိတ်နှင့်
ချစ်ခင်ကြောက်ရွံ့မှုရှိရပေမည်။မိမိတို့၏ ဖန်ဆင်းရှင်သခင်ကြီးအား ချစ်
ကြောက်ရိုသေစွာ ချဉ်းကပ်အပ်ပေး၏။ခရစ်တော်တည်းဟူသော ကြားနေအကျိုးတော် ဆောင်ကို
အားကိုးရပေမည်။ဆာလံဆရာက ဤသို့ မြွက်ဆို၏။
]လာကြ၊ ပျပ်ဝပ်၍
ကိုးကွယ်ကြကုန်အံ့။ငါတို့ကိုဖန်ဆင်းတော်မူသော ထာ၀ရ ဘုရားသခင်၏ ရှေ့တော်၌
ဒူးထောက်ကြကုန်အံ့}( ဆာလံ ၉၅း၃၊၆။)
ကျွန်ုပ်တို့သည် လူအစုအဝေးမှာဖြစ်စေ၊တစ်ဦးချင်းဖြစ်စေ
ထာ၀ရဘုရားသခင် ထံတော်မှာ အသနားခံတောင်းလျှောက်ရာ၌ ဒူးထောက်ဆုတောင်းခြင်းသည် အခွင့်
အရေးတစ်ခုပင်ဖြစ်၏။ကျွန်ုပ်တို့၏ ပုံပမာကြီးဖြစ်သော သခင်ယေရှုသည်ပင် ]ဒူး
ထောက်လျက် ဆုတောင်းတော်မူ၏။}(လုကာ
၂၂း၄၁)။ကိုယ်တော်၏ တပည့်တော် များသည်လည်း ဒူးထောက်လျက် ဆုတောင်းကြပါသည်။(တမန်
၉း၄၀)။ပေါလုသည် ]ခမည်းတော်ဘုရားသခင်ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။}(ဧဖက် ၃း၁၄) ဟုဆိုပါသည်။ဒံယေလသည် ]တစ်နေ့သုံးကြိမ်
ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏} (ဒံယေလ ၆း၁၀)။
ထာ၀ရဘုရားသခင်ကို အမှန်တကယ်ရိုသေလေးမြတ်ခြင်းရှိကြောင်းကို
ကိုယ် တော်၏ အနှိုင်းမဲ့ကြီးမြတ်ခြင်းအဖြစ်ကို သိသောစိတ်နှင့် သခင်အနားမှာ
ရှိနေသည် ဟူသော အသိတရားကပြပါသည်။ဆုတောင်းသောနေရာနှင့် အချိန်သည် သန့်ရှင်းရ၏။
အကြောင်းမူကား ထာ၀ရဘုရားသခင် ရှိနေသောကြောင့်တည်း။ ]နာမတော်သည် သန့်ရှင်း၏
ကြောက်ရွံ့ရိုသေဖွယ်ဖြစ်၏} ဟု
ဆာလံဆရာဆိုခဲ့ပြီမဟုတ်လော။(ဆာလံ ၁၁၁း၉)။ကောင်းကင်တမန်များသော် မှ ထိုနာမတော်ကို
မြွက်ဆိုသောအခါ မျက်နှာကို ဖုံးထားလေ့ရှိပါ၏။ထိုသို့ဆိုလျှင်
ကျွန်ုပ်တို့လိုလူသားသည် အဘယ်မျှလောက် မိမိတို့၏ နှုတ်ကိုစောင့်စည်းသင့်ပါသနည်း။နာမတော်ကို
ရိုသေကြကုန်အံ့။(ထွက် ၃း၅)။
ယာကုပ်သည် ညဉ့်အိပ်မက်တွင်ကောင်းကင်တမန်ကို မြင်တွေ့သောအခါ
]အကယ်စင်စစ် ထာ၀ရဘုရားသခင်သည် ဤအရပ်၌ရှိတော်မူ၏။ရှိတော်မူကြောင်းကို
ငါမသိ။ဤအရပ်ကား အဘယ်မျှလောက် ကြောက်မက်ဖွယ်ဖြစ်သည်တကား။ဤအရပ်
ကားအခြားမဟုတ်၊ဘုရားသခင်၏ဘုံဗိမာန်၊ ကောင်းကင်တံခါး၀ ဖြစ်သည်တကားဟု ကြောက်ရွံ့ခြင်းသို့
ရောက်၍ဆို၏။}(ကမ္ဘာ ၂၈း၁၆၊၁၇)
မင်းကြီးသည် တိုင်းတစ်ပါးသားတို့၏
ဖန်ဆင်းရှင်ဘုရားသခင်အပေါ် အမြင် မကြည်၊အယူသီးမှုကိုဖယ်ရှားလိုကြောင်း
မိမိ၏ဗိမာန်တော်အနုမောဒနာပြုဆုတောင်း ချက်မှာ
တွေ့ရှိရပါသည်။ကောင်းကင်ဘဝဂ်ဝယ်၊ဘုရားသခင်သည် လူ့လက်ဖြင့် လုပ် သော အိမ်တော်ကြီးမှာနေရန်မဆံ့ပါ။သို့တိုင်အောင်လည်း
မိမိကိုယုံကြည်ကိုးကွယ် သူတို့အား ဝိညာဉ်တော်ဖြင့် တွေ့ဆုံရန် ဤသို့သောဆုတောင်းရာ
အိမ်တော်ကို ဆက်
ကပ်အပ်နှံပါသည်။ထာ၀ရဘုရားသခင်သည် အကြင်အမျိုး၏ ဘုရားဖြစ်၍ အကြင်လူစု ကို မိမိအမွေဥစ္စာဖို့
ရွေးကောက်တော်မူ၏။ထိုအမျိုးနှင့် ထိုထူစုသည် မင်္ဂလာရှိ၏။ (ဆာလံ ၃၃း၁၂)။
အိုဘုရားသခင်၊ကိုယ်တော်၏လမ်းသည်
သန့်ရှင်းခြင်းနှင့်ယှဉ်ပါ၏။ကိုယ်တော် သည် အံ့ဖွယ်သောအမှုတို့ကိုပြုတတ်သော
ဘုရားဖြစ်တော်မူ၏။လူမျိုးတို့တွင် တန်ခိုး တော်ကို ပြတော်မူပြီ။ (ဆာလံ
၇၇း၁၃၊၁၄)။(ဆာလံ ၃၃း၁၂၊၁၄ ၊၁၀၃း၁၉)။
ထာ၀ရဘုရားသခင်သည် မိမိ၏ (လူ) အပေါင်းအသင်းစုဝေးရာ နေရာမှာ
ကြွမြန်းတည်နေခြင်းဖြင့် သူတို့အားဂုဏ်ပြုပါသည်။ထိုသူတို့သည် အတူတကွ စုရုံးလျက်
တစ်ဦးကိုတစ်ဦ်းချည်နှောင်ထားသောအပြစ်များကို ဖြေလွှတ်၍ အချင်းချင်းအဖို့ ဆု
တောင်းကြသောအခါ ထာ၀ရဘုရားသခင်သည် မိမိ၏ဝိညာဉ်တော်အားဖြင့် သူတို့နှင့်
ဆုံတွေ့မည်ဟူသော ကတိတော်မြတ်ကို ပေးထာပါသည်။သို့သော်လည်း ထိုသို့စု ဝေးကာ
ဝတ်ပြုကိုးကွယ်ကြပါသော်လည်း အပြစ်ကိုမစွန့်ဘဲ နေချေက ထိုသူတို့၏ စုရုံးခြင်းသည်
အချည်းနှီးတည်း။ (မသဲ ၁၅း၈၊၉)။ထာ၀ရဘုရားသခင်ကို ကိုးကွယ် သောသူမှန်သမျှတို့သည်
ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း ကိုး ကွယ်သင့်ပါ၏။ အကြောင်းမူကား
ထိုသို့ကိုးကွယ်သောသူတို့ကိုသာ ခမည်းတော်သည် အလိုရှိတော် မူ၏။ (ယောဟန် ၄း၂၃)။
No comments:
Post a Comment