Tuesday, March 10, 2026

                                                            အခန်း (၃)

                              ဆင်းရဲမှုအစကြွယ်၀မှုနှင့် တွဲသော မာန်မာနက

              

               ရှေလမုန်မင်းကြီးသည် လောကစည်းစိမ်နှင့်ဂုဏ်ပကာသန၊ ထင်ရှားကျော် ကြားမှုတို့တက်လာသည်တိုင်အောင် ပထမပိုင်းတွင် စိတ်နှလုံးနှိမ့်ချလျက်သာရှိနေ သေး၏။]ရှောလမုန်သည်လည်း (ဥဖရိတ်) မြစ်ကြီးမှစ၍ ဖိလိပ္ပိပြည်၊  အီဂျစ်ပြည်တိုင် အောင် တိုင်းနိုင်ငံလုံးကို အစိုးရသဖြင့် အရပ်သားတို့သည် လက်ဆောင်ပဏ္ဏာကို ဆက်၍ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။} ]ပတ် ဝန်းကျင် အရပ်တို့၌လည်း စစ်မှုစစ်ရေးမရှိ။} (၃ရာ ၄း၂၁၊၂၄၊၂၅) ဟုကျမ်းမှတ်တမ်း ရှိလေသည်။

               သို့သော်လည်း ကတိတော်ကြီးပေးပြီးသည်နောက် မင်းကြီး၏ အသက်တာမှာ တိမ်းယိမ်းဖောက်ပြန်ခြင်းဖြင့် ညှိုးနွမ်းခဲ့ရရှာ၏။(၂ရာ ၁၂း၂၅)။ ဘုရားသခင် ပေးစံတင် ထိုက်သည့် အသိဉာဏ် ပညာတော်များကြောင့် ကမ္ဘာအဝှမ်းက ကြည်ညိုသဖြင့် ထင်ရှားကျော်ကြားကာ ဘုရားသခင်ရှေ့၊လူတို့ရှေ့မှာ မျက်နှာရသော လူသားကြီး၊ ပတ်ဝန်းကျင် လူတို့အား အစ္စရေးလူမျိုးတို့၏ ထာ၀ရဘုရားသခင်ကို ယုံကြည်ကိုး ကွယ်၍ ဂုဏ်တော် ချီးမွမ်းရန် ရှေ့ဆောင် လမ်းပြပေးခဲ့သောလူသားကြီးသည် ဖန်ဆင်းရှင်ယေဟောဝါ ဘုရား ထံတော်ပါးမှ ကျောကိုလှည့်၍ တိုင်းတစ်ပါးသားတို့၏ ယဇ်နတ်ကိုးကွယ်ခြင်း အမှုတွင် ပါဝင်ဦးချလာပါတော့သည်တကား။

               ဤသည်ကို ထာ၀ရဘုရားသည် ကြိုတင်သိမြင်ထားပါ၏။ သို့ဖြစ်၍လည်း ထာ၀ရဘုရားသခင်၏ လူမောရှေအားဖြင့် လူ့အသက်တာလမ်းညွှန် သွန်သင်ချက် များကို ပေးထားခဲ့လေပြီမဟုတ်ပါလား။]ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက် အသက် တာရှည်စွာ စိုးစံခြင်းအလိုငှါ သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရား စကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင်သွန်သင်မည်အကြောင်း သူ၏ညီအစ်ကို တို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့် တရားလမ်းမှ လက်ျာဘက်၊လက်ဝဲ ဘက်သို့မလွှဲမည်   အကြောင်း ဤပညတ်တရားစာကို တစ်သက်လုံးစောင့်ရှောက်ကြည့်ရှု ဖတ်ရွတ်ရမည်။} (တရားဟော ၁၇း၁၈-၂၀)

 

မင်းကြီး၏ပထမဦးဆုံးခြေလှမ်းမှ

               ထာ၀ရဘုရားသခင်သည် ဘိသိက်ပေးခံရသောရှင်ဘုရင်ကို မလုပ်စေလိုသော အမှုအတွက် အထူးသတိပေးချက်တစ်ရပ်ရှိပါသည်။ ]သူ၏စိတ်နှလုံးသည်ဖောက်ပြန် ခြင်းနှင့်  ကင်းလွတ်မည်အကြောင်း များစွာသောမယားကိုမယူရ။ ရွှေ၊ ငွေကိုလည်းများ စွာ   မဆည်းပူးရ။} (တရားဟော ၁၇း၁၇)။

               ရှောလမုန်မင်းကြီးသည် ဤသတိပေးချက်ကို ပထမပိုင်းတွင် လိုက်နာကျင့် သုံးခဲ့ပါ၏။ သိနာတောင်မှာပေးသော ပညတ်တော်စံနှုန်းအတိုင်း အသက်ရှင်ကာ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်ရန် ကြီးမားသောဆန္ဒသည်လည်းရှိခဲ့ပါသည်။ မင်းကြီး၏ တိုင်းရေးပြည်ရေးနိုင်ငံတော်ကို အုပ်ချုပ်စိုးစံဦးဆောင်သည့် ပုံစံမှာလည်း အိမ်နီးချင်း ရှင်ဘုရင်များ ထာ၀ရဘုရားသခင်၏ သန့်ရှင်းသော ပညတ်တော်ဆောင် လူ့ကျင့်ဝတ် ကောင်းများကို နင်းခြေစော်ကားလျစ်လျူရှု သကဲ့သို့မဟုတ်။စည်းကမ်းသေဝပ်မှု ရှိလှ ပါပေသည်။

               မင်းကြီးသည် အားကြီးသောအစ္စရေး တောင်ဘက်ပိုင်းရှိနိုင်ငံတော်ကြီးနှင့် ဆက်ဆံရေး ပိုမိုခိုင်မာတောင့်တင်းလာစေရန် အလို့ငှါ ထာ၀ရဘုရားသခင် ပညတ် ထားတော်မူသော သတိပေးချက်ကို ကျောခိုင်းကာ စမ်းသပ်အရဲစွန့် လုပ်ဆောင်ခဲ့၏။ စာတန်သည်လည်း ဘုရားသခင်၏စကားတော်ကို နားမထောင်သော မင်းကြီး၌ မည်ကဲ့သို့ ဖြစ်မည်ကို သိထားနှင့်ပြီဖြစ်သောကြောင့် ထောင်ချောက်ဆင်ထားလေ၏။ ရှောလမုန်သည် စိတ်ထင်သည် အတိုင်းလုပ်ဆောင်သဖြင့် လူမှုရေးအခြေခံစည် မျဉ်းများကို ဖောက်ဖျက်ကာဘုရားသခင်နှင့် ဝေးကွာစပြုလာပါပြီ။ ]ရှောလမုန်သည် အီဂျစ်ပြည်ဖာရောဘုရင်နှင့် မိတ်ဆွေဖွဲ့လျက် သမီးတော်နှင့်စုံဖက်၍ နန်းတော်၊ ဗိမာန်တော်၊ ယေရုရှလင်မြို့ရိုးကို မပြီးမီတိုင်အောင် ဒါဝိဒ်မြို့၌ နေရာပေးတော်မူ၏။} (၃ရာ ၃း၁)             

               လူသားတို့၏ရှုထောင့်မှကြည့်မြင်သော် ဤကဲ့သို့သောထိမ်းမြား မင်္ဂလာပြုခြင်း သည် မင်္ဂလာတစ်ပါးဟု မြင်နိုင်ပါ၏။အကြောင်းမှာ ရှောလမုန်၏ တစ်ပါးအမျိုးသမီး ဇနီးမယားသည် မှန်သောဖန်ဆင်းရှင် ထာ၀ရဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လာသော ကြောင့်ပေတည်း။ဤနည်းဖြင့် မင်းကြီးသည် မြေထဲပင်လယ်ကမ်းခြေရှိ်မြို့တော်များ ဆီသို့နိုင်ငံတော်၏အင်အားကိုချဲ့ထွင်ခဲ့ပါသည်။သို့သော်လည်း ဤသို့တိုင်းတစ်ပါးနှင့် မဟာမိတ်ဖွဲ့ကာ နတ်ဘုရားတို့ကို ကိုးကွယ်သောဘုရင့်သမီးတော်နှင့် လက်ထပ် ထိမ်းမြား၍ နှစ်နိုင်ငံစပ်ကြား ရွှေလမ်း ငွေလမ်းဖောက်ခြင်းကို ထာ၀ရဘုရားသခင်သည် မကြိုက်မနှစ်သက်ပါ။ (၃ရာ ၉း၁၆)။မိမိလူတို့၏ ဖြူစင်သန့်ရှင်းခြင်းကို ဆက်လက် ထိန်းသိမ်းရန် စီမံပေးသော ဘုရားသခင်ကို ဂရုမစိုက်ရာရောက်ပါသည်။ အီဂျစ်ပြည် သူမိဖုရားကြီး၏ စိတ်နှလုံးတော် ပြောင်းလဲကောင်းပြောင်းလဲမည် ဟူသော မျှော်လင့် ချက်သည်လည်း အရာမရောက်၊ အားနည်းသော ဆင်ခြေဆင်လက်သာဖြစ်ပါသည်။ အပြစ်မကင်းနိုင်ပေ။

               ထာ၀ရဘုရားသခင်သည် သနားခြင်းကရုဏာတော်အရာမှာ ကြီးမားလှသည် ဖြစ်၍ ဤကြီးကျယ်သောအမှားမျိုးကို ခွင့်လွှတ်သည်းခံပြီး စီရင်စောင့်ကြပ်နေစဉ်မှာပင် ရှင်ဘုရင်သည်လည်း ရောင့်ရဲတတ်ကာ မိမိ၏သဘောနှင့်အညီ စိတ်ထင်သည် အတိုင်း အကောင်အထည်ဖော်နေပါတော့သည်။ဤသို့လျှင် ရှောလမုန်သည် ဘုန်းတန်ခိုးတို့၏ သခင်ဖန်ဆင်းရှင်ကို မျက်ခြည်ပြတ်လာလေပြီ။မိမိကိုယ်ကို အားကိုးယုံကြည်စိတ်ချ လာ၏။ နိုင်ငံအရေး၊ ကူးသန်းရောင်းဝယ်ဖောက်ကားရေးတို့တွင် အိမ်နီးချင်းနိုင်ငံတို့နှင့် မဟာမိတ်ဖွဲ့ကာ ဖန်ဆင်းရှင်ထာ၀ရဘုရားသခင် အမှန်ကိုသိမြင်နိုင်ကောင်းလေရဲ့ဟူ သော မျှော်လင့်ချက်ဖြင့် ထိုနိုင်ငံတို့၏ ဘုရင့်သမီးပျိုတို့နှင့် ထိမ်းမြားလက်ထပ်ကာ နိုင်ငံတော်ကို ချမ်းသာကြွယ်၀စေလေသည်။

               ရှောလမုန်သည် မိမိ၏ပညာ၌ ဝါကြွားကာ မိမိ၏မိဖုရားတို့သည်လည်း သူ့အား ဖြင့် ထာ၀ရဘုရားသခင်ကို ကိုးကွယ်လာသည fဖြစ်သောကြောင့် အစ္စရေးနိုင်ငံတကာက သိလာမည်။ အားကိုးလာမည်ဟု ဂုဏ်ယူမျှော်လင့်ခဲ့သည်အရာမှာ တက်တက်စက် လွဲချော်ခဲ့ပါသည်။ မိမိကိုယ်ကိုအထင်ကြီးခြင်း၏ အများများသည်လည်း မယုံကြည်သူ နိုင်ငံခြားသားများနှင့် ရောနှောအကျွမ်းဝင် ဩဇာလွှမ်းမှုများကို မတွန်းလှန်နိုင်ခဲ့ပါချေ။

               တိုင်းတစ်ပါးနိုင်ငံများနှင့် အစ္စရေးရှင်ဘုရင်၏ဆက်ဆံရေးမှာ ကောင်းလှပါ၏။ ဂုဏ်သတင်းထင်ရှား၍ စည်းစိမ်ချမ်းသာများတက်လာစေ၏။]ရှင်ဘုရင်သည် ယေရုရှ လင်မြို့၌ ရွှေ၊ငွေကို ကျောက်ခဲကဲ့သို့လည်းကောင်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါင်သော သဖန်းပင်ကဲ့သို့လည်းကောင်းများပြားစေ၏။} (၆ရာ ၁း၁၅)။ မှန်ပါပေသည်။ ရှောလမုန်မင်းကြီး၏နေ့ရက်ကာလများမှာ တိုင်းပြည်သည် ကြွယ်၀ချမ်းသာ၍ တိုင်းသူ ပြည်သားလူအများသည် ကြေးငွေ၊ပကာသန တိုးပွားခဲ့ပါသော်လည်း အကျင့်ရွှေစင်မှာ ကားညှိုးနွမ်းမည်းမှောင်ခဲ့ရလေသည်။

 

 ကြွယ်၀ချမ်းသာမှုနှင့် ဂုဏ်သတင်းကျော်ကြားမှုတို့၏ဆိုးကျိုး

               ရှောလမုန်မင်းကြီးသည် ကျော်ကြားမှုနှင့်တွဲသော ကြွယ်၀ချမ်းသာမှု၏ ဘေး ဥပဒ်ကို သတိမပြုမိမီမှာ ထာ၀ရဘုရားသခင်နှင့်ဝေးကွာစွာသွားလာခဲ့လေပြီ။ထာ၀ရ ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်မှုကို ထိုမင်းကြီးသည် မကိုးစားတော့ပါ။ဘုရား သခင်၏ စကားတော်မြတ်ကိုလည်း တဖြည်းဖြည်းချင်းငြင်းပယ်လာကာ အိမ်နီးချင်း နိုင်ငံသားတို့၏ထုံးစံဓလေ့များကို ပုံတူကူးချ၍ မိမိ၏နိုင်ငံသားတို့ကိုလည်း ကျင့်သုံး စေ၏။ မင်းကြီးသည် ချမ်းသာကြွယ်၀ခြင်း၏ မူလဇစ်မြစ်သခင်ကို မေ့လျော့ကာ မိမိ၏ဂုဏ်ယူဝင့်ကြွားစရာ အဆင့်အတန်းနေရာမှန်ကို သွေးဆောင်ရာသို့ လိုက်ပါသွား ခြင်းဖြင့် ဖလှယ်လိုက်လေပြီ။ သူဆင်းရဲများကို ထောက်ပံ့ရန်သော်လည်းကောင်း၊ကမ္ဘာ အဝှမ်းသန့်ရှင်းသော အသက်တာမူစည်းမျဉ်းများကို တိုးချဲ့ကျင့်သုံးသက်ရှင်စေရန် အတွက် သုံးစွဲမည့်ငွေကြေးတို့သည်လည်းကောင်း၊ မိမိ၏တစ်ကိုယ်ကောင်း (ငါစွဲ) စိတ်ကို  အခြေခံသော မိမိလုပ်စီမံချက်များအတွက်လည်းကောင်း သုံးစွဲလိုက်ချေပြီ။

 

 

               ကမ္ဘာ့အလယ်တွင် မိမိကိုယ်ကို မိမိချီးမြှောက်ခြင်းဖြင့် ရှောလမုန်မင်းကြီးသည် မိမိ၏ဂုဏ်သိက္ခာနှင့် သစ္စာတရားကို ရောင်းစားလိုက်ပါသည်။ဘုရင်၏ကြီးကျယ်ခမ်းနား လှသော အသုံးစရိပ်များအတွက် ကုန်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များတွင် အခွန်အတုတ်ကြီးစွာ ကောက်ခံ၏။မိမိ၏ရည်ရွယ်ချက်၊ ဆန္ဒအလိုပြည့်၀အောင် မာန ထောင်လွှားခြင်းသည် ကိုယ်ချင်းမစာ၊ရက်စက်မှုနှင့် အတင်းအကျပ်၊မရမက အနိုင် အထက် တောင်းဆိုမှုအသွင်သို့ ကူးပြောင်းပါသည်။ဘုရင်တကာတို့တွင် အကြင်နာ တရားနှင့် ပညာအရှိဆုံးထိုမင်းကြီးသည် ]ဘယ်သူသေသေ၊ ငတေမာလျှင်ပြီးရော} ဆိုသည့် နိုင်လိုမင်းထက်နှိပ်စက်က လူပြုသူအဖြစ်သို့ ပြောင်းလဲခဲ့ရချေပြီ။တစ်ချိန်က တိုင်းသူပြည်သားတို့ကို စောင့်ရှောက်သောဘုရားသခင်ကို ကြောက်ရွံ့သည့်မင်းက ယခု ဆိုလျှင် အကြင်နာတရားကင်းမဲ့သော သက်ဦးဆံပိုင်ဘုရင်အဖြစ်သို့ ပြောင်းလဲလာ ချေပြီ။မိမိ၏ နန်းတွင်းစည်းစိမ်ကြီးငယ်ခံစားဖို့ရန်အတွက် အခွန်အတုတ်ကို မလွတ် စတမ်းကောက်ခံ၏။ သို့ဖြစ်၍ တစ်ချိန်က ကြည်ညိုမြတ်နိုး ရိုသေလေစားကြကုန်သော တိုင်းသူပြည်သားတို့သည် ယခုတွင်မိမိတို့၏ ရှင်ဘုရင်ကို ရွံ့ကြောက်မုန်းတီးလာ ချေပြီတကား။(၆ရာ ၁း၁၆၊ ၉း၂၈၊ ၃ရာ ၁၀း၂၆)။

 

အဆင်းလှသောအမျိုးသမီများသည် ထောင်ချောက်တစ်ခုဖြစ်နိုင်ခြင်း

               ရှင်ဘုရင်သည် ပကာသနနှင့် စိတ်အလိုလိုက်မှုကို ပိုမို၍ ဦးစားပေးလာသည်။ လောကရေးရာတွင် မျက်နှာရှိခြင်းသည် ကြီးမြတ်ခြင်း၏ လက္ခဏာ သက်သေတစ်ပါးဟု မှတ်ယူလာ၏။ အဆင်းလှသော အမျိုးသမီးရာပေါင်းများ စွာကိုလည်း အီဂျစ်ပြည်၊ ဖိုနီးရှားပြည်၊ ဧဒုံပြည်၊ မောဘပြည်နှင့် အခြားဒေသ များစွာတို့မှ ယူဆောင်လာ၏။ ထိုသူတို့၏ ဘာသာရေးကား နတ်ဘုရားများကို ကိုးကွယ်၍ ရက်စက်ကြမ်းတမ်းမှုနှင့် ယှဉ်သော အကျင့်နိမ့်ကျသည့် ဝတ်ပြုကိုးကွယ် ပုံမျိုးဖြစ်လေသည်။ မင်းကြီးသည် ၎င်းတို့၏လောက ဆန်သော အလှတို့တွင် ယစ်မူး၍ နေကာရှင်ဘုရင်၏ တာဝန် ဝတ္တရာများကို လျစ်လျူရှုခဲ့လေတော့သည်။

               ကြာသော် မင်းကြီး၏ဇနီးမယားများတို့သည် သူ့အားအနိုင်ယူကာ ၎င်းတို့၏ နတ်ဘုရားများတို့ကို မိမိတို့နှင့်အတူတကွ ကိုးကွယ်ပါရန်ပြောဆိုလာ၏။ ]ရှောလမုန် သည် အသက်ကြီးသောအခါ မိန်းမများတို့သည် စိတ်နှလုံးတော် ကို အခြားတစ်ပါးသော ဘုရားနောက်သို့ လွဲစေသဖြင့် စိတ်နှလုံးတော်သည် ခမည်းတော်ဒါဝိဒ်၏ စိတ်နှလုံး ကဲ့သို့ မိမိ၏ထာ၀ရဘုရားသခင်ရှေ့တော်၏ စုံလင်ခြင်းမရှိ။ဇိဒုန်နတ်သမီး အာရှတရက်၊ ရွံ့ရှာဖွယ်သော အမ္မုန် ဘုရားမိလကုံနောက်သို့ လိုက်လေ၏။}  (၃ရာ ၁၁း၄-၅)

               ဘုရားသခင်၏တောင်တော်မောရိကို မျက်နှာပြုလျက် မင်းကြီးသည် နတ် ဘုရားလုံဗိမာန်ဇရပ်များကို တည်ဆောက်၏။ဘုံဗိမာန်များ၏ အလယ်ဗဟိုတွင် ကြီးမား သောနတ်ဘုရားရုပ်တုများကို တည်ထားကိုးကွယ် စေခြင်းဖြင့် မိမိမယားတို့၏စိတ်ကို ရွှင်လန်းစေသည်။ထိုနေရာမျိုးမှာ လူမှုစည်းကမ်းဖောက်ဖျက်၍ မသင့်လျော်သော ဝတ်ပြုကိုးကွယ်မှုပုံစံဖြင့် တစ်ပါး အမျိုးသားနတ်ဘုရားတို့၏ အကြိုက်၊ ရွံ့ရှာဖွယ်သော အမှုတို့ကို ပြုကျင့်ကြလေသည်။ (ငယ် ၇ ကိုကြည့်ပါ)။

               ဘုရားသခင်နှင့် ဝေးဝေးနေခြင်းသည် ရှောလမုန်အဖို့ပျက်စီးခြင်းမည်၏။မိမိ ကိုယ်ကိုမထိန်းသိမ်းနိုင်တော်ချေ။ အကျင့်အင်အားစုများလည်း တိမ်ကောပပျောက် ခဲ့ချေပြီ။တစ်ချိန်က စူးရှလှစွာသော အသိဉာဏ်ပညာသည် ယခုတော့ တုံးသွားလေပြီ။ အမြင်မကြည်လင်တော့ပြီ။တချိန်က သနားစရာကောင်း၍ အကူအညီကြီးစွာ လိုအပ် နေခဲ့သော ကံနှိမ့်နေသည့်မိခင်နှင့်ကလေးငယ်အား ပညာသတိကြီးစွာ အသက်ကို ကယ်၍ တရားစီရင်ခဲ့သူသုခမိန်ကြီးသည် (၃ရာ ၃း၁၆-၂၈ ကို ကြည့်ပါ) ယခုတော့ အရှင်လတ်လတ်ကလေးငယ်များကို သွေးဆာနေသော နတ်ဘုရားရုပ်တုရှေ့မှာ ယဇ်ကောင်များအဖြစ် သွေးသံရဲရဲဖြင့် ပူဇော်နေလေပြီ။ မောဘဘုရားခေမုရှနှင့်ဇိဒုန် နတ်သမီး အာရှတရက်တို့ကား ရက်စက်ပါပေသည်။ လူမှုရေးတွင်လည်း စည်းကမ်းမရှိ။ သူ့မယား၊ ကိုယ့်မယားဟူသည် မရှိတော့ပြီ။ ဘာသာကိုးကွယ်မှု ဟူသောနာမဖြင့် လူတို့ တွေးခေါ်သည်အတိုင်း ပြုကျင့်ကြကုန်၏။ (သု ၁၄း၁၂)။ရှောလမုန်မင်းကြီးကား မှန်း ချက်နှင့် နှမ်းထွက်မကိုက်တော်ပြီ။ ထင်မြင်သလိုမဖြစ်လာပါ။ ကြိုးစား၍ လမ်းမှန်ပေါ် သို့ရောက်အောင် ပြုပြင်ပါသော်လည်း အချည်းနှီးတည်း။ အလင်းနှင့်မှောင်မိုက်၊ အကောင်းနှင့်အဆိုး၊ စင်ကြယ်ခြင်းနှင့်ညစ်ညမ်းခြင်း၊ ခရစ်တော်နှင့်စာတန်တို့ကို ပေါင်းစည်းစေနိုင်ပါမည် လော။(၃ရာ ၈း၆၁)။

               ရှောလမုန်မင်းကြီးသည် ကာမဂုဏ်ပျော်ပါးခြင်း၍ လွန်ကျူးနေချေပြီ။တစ်ပါး သူတို့၏ ညွှတ်တိုင်းနုရသည့်တဏှာကျေးကျွန်ဖြစ်၍နေ၏။သူ၏အကျင့် မဏ္ဍိုင်မှာလည်း ကျဆင်းလာကာ ယောက်ျားမပီသတော့ပါ။ထာ၀ရဘုရားသခင်ကို ယုံကြည်ခြင်းသည် လည်း စဉ်းလဲသောနည်းဖြင့်ရှိရင်းကို ထုတ်ပစ်ခံရသဖြင့် ဘုရားမဲ့သောသံသယစိတ် များသည် အစားထိုးဝင်ရောက်လာ၏။ထိုသံသယစိတ်က မိမိ၏ ကောင်းမြတ်သော အသက်တာမူစည်းမျဉ်းများကို အားနည်းစေ၍ အသက်တာမှာလည်း ယုတ်ညံ့ကျ ဆင်းလာသည်။ထီးနန်းရယူချိန်အစပိုင်းမှာ သဘောထားကြီး၍ တရားမျှတစွာ အုပ်စိုး စီရင်ခဲ့သော်လည်း ယခုမှာတော့ တိုင်းပြည်ကို သနားကြင်နာခြင်းကင်းမဲ့သောသက်ဦး ဆံပိုင်မင်းကဲ့သို့ အုပ်ချုပ်လာ၏။မိမိကိုယ်ကိုအထင်ကြီး၍ ထာ၀ရဘုရားသခင်ကို အားကိုးသောစိတ်သဘော မရှိတော့သောလူမျိုးများအတွက် ဘုရားသခင်သည် ဘာမျှ မလုပ်ပေးနိုင်ပါချေ။

               ဤကဲ့သို့ ဖောက်ပြန်ပျက်စီးနေသော နှစ်ကာလများအတွင်း ရန်သူစာတန် သည် အစ္စရေးလူမျိုးတို့အား ဝတ်ပြုကိုးကွယ်မှုနှင့်ပတ်သက်၍ မှားသည်မှန်သည်ကို ခွဲခြားမရနိုင်အောင်ရှုပ်ထွေးစေ၏။သူတို့၏ထာ၀ရဘုရားသခင်ကို သိကျွမ်းသောစိတ်၊ သန့်ရှင်းသောဂုဏ်ကျေးဇူးတော်အသိစိတ် အကင်းပါးမှုသည်လည်း ပျောက်ကွယ်သွာ ရသည်။ဖြောင့်မတ်ခြင်း တရား၏ရန်သူတို့နှင့်ထိုသူတို့သည် မဟာ မိတ်ဖွဲ့၍နေချေပြီ။ နတ်ဘုရားကိုးကွယ်ကြသူများနှင့် အပြန်အလှန် ထိမ်းမြားစုံဖက်ခြင်းသည် အစ္စရေး လူမျိုးတို့တွင် သမားရိုးကျဖြစ်လာသည်။အများယူသည့်စနစ်သည်လည်း ရေပန်းစား၍ လာ၏။ဘုရားတရားကြည်ညို၍ ဖြူစင်သန့်ရှင်းသောကျင့်ဝတ်နှင့် ပြည့်၀သော သူတချို့ ၏ အသက်တာများပင်လျှင် နတ်ဘုရားတို့ကို ကိုးကွယ်ပူဇော်ပသသော အမှောင်ထု သည် လွှမ်းမိုး၍နေချေပြီတကား။

               ထာ၀ရဘုရားသခင်သည် အကျွန်ုပ်တို့ကို ဤကမ္ဘာလောကကြီးထဲမှာ အစွန်း အထင်း မရှိပြည့်စုံအောင် ထိန်းသိမ်းထားနိုင်ပါ၏။သို့ဖြစ်၍ အကျွန်ုပ်တို့သည် ဤ လောကသားတို့နှင့်မတူရပါချေ။ထာ၀ရဘုရားသခင်သည် အနှိုင်းမဲ့၊ အကန့်အသတ်မရှိ ချစ်တော်မူသော သဘောဖြင့် မိမိ၏သားသမီးတို့ အားစောင့်ကြည့် အားဖြည့်ကာနေ၏။ သို့ဖြစ်၍ စိတ်သဘောမခြားနား၊မကွဲပြားသော ချစ်ကျွမ်းဝင်ခြင်းဖြင့် ဘုရားသခင်ကို ချဉ်းကပ်ရာ၏။]အဘယ်သူမျှ သခင်နှစ်ဦးအစေကိုမခံနိုင်။သခင်တစ်ဦးကိုမုန်း၍ တစ်ဦး ကို ချစ်မည်။သင်တို့သည် ဘုရားသခင်၏ အစေကိုလည်းကောင်း၊ လောကစည်းစိမ်၏ အစေကိုလည်းကောင်းမခံနိုင်ကြ}(မဿဲ ၆း၂၄)ဟု သခင်ယေရှုမိန့်မြွက်တော်မူခဲ့သည် မဟုတ်ပါလား။

               ယနေ့ကမ္ဘာလူသားတို့သည် ရှောလမုန်မင်းကြီးထက်မသာလွန်ပါ။မင်းကြီးကျ ဆုံးခဲ့ရသလို ဤသူတို့သည်လည်း လွှမ်းမိုးမှုဒဏ်ကိုခံရသဖြင့် အပြစ်သွေးဆောင်ရာသို့ လိုက်ပါသွားနိုင်ပါသည်။သဘောပါလွယ်နိုင်သည် မဟုတ်လော။သို့ဖြစ်၍ လောကသား တို့နှင့် လောကဆန်ဆန် မဆက်ဆံရန် ဘုရားသခင်သတိပေးထားပါ၏။]ထိုကြောင့် ထာ၀ရဘုရားသခင်မိန့်တော်မူပြန်သည်ကား သင်တို့သည် ထိုသူတို့အထဲမှ ထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ထိုသို့ပြု လျှင်  သင်တို့ကိုငါသည်လက်ခံမည်။သင်တို့၏အဘဖြစ်မည်။သင်တို့သည်လည်း ငါ၏ သားသမီးဖြစ်ကြလိမ့်မည်ဟု တန်ခိုးနှင့် ပြည့်စုံသောထာ၀ရဘုရားသခင် မိန့်တော်မူ၏။} (၂ကော ၆း၁၇၊၁၈)။

 

 

ကျွန်ုပ်တို့သည် ရှောလမုန်မင်းကြီးလောက်မည်သူမျှ ပညာမရှိကြပါ

               ခေတ်အဆက်ဆက်တွင် ကြွယ်၀ချမ်းသာမှုနှင့်ဂုဏ်မောက်ခြင်းတို့သည် စိတ် နှလုံးနှိမ့်ချခြင်းနှင် hဝိညာဉ်ရေးဆိုင်ရာများကို  ဘေးတွေ့စေပါသည်။ဘာမျှထည့်မထား

သည့်ခွက်လွတ်ကို သယ်ဆောင်ရာ၌ အခက်အခဲမရှိနိုင်ပါသော်လည်း ပြည့်လျှံနေသော ခွက်ကို သယ်ဆောင်ရာ၌ အခက်တေ့Gနိုင်ပါ၏။ကပ်ဘေးဆင်းရဲမှုများကြောင့် ဝမ်းနည်း စရားအကြောင်းရှိရပါသော်လည်း ကြွယ်၀ပြည့်စုံခြင်းကြေင့် ဝိညာဉ်ရေးဆိုင်ရာအသက် တာကို အကြီးအကျယ်ဘေးဥပဒ်ဖြစ်စေနိုင်ပါသည်။စိတ်နှလုံးနှိမ့်ချခြင်း ချိုင့်ဝှမ်းမှာ လူသည်ထာ၀ရဘုရားသခင်ကို အားကိုးခိုလှုံသဖြင့် စိတ်ချရဆုံးလုံခြုံမှုကိုရပါသော် လည်း မိမိ၏ပညာမာနအပေါ်ကြွားဝါကာ ဘဝင်မြင့်နေပါက ရောက်အံ့ဆဲဆဲဘေးကို ကြုံတွေ့ဖို့ရန်သာရှိပါတော့သည်။

               မာန်မာနထောင်လွှာခြင်း၊မည်သည့် အကူအညီကိုမျှမလိုဟူသော စိတ်ထား ရှိခြင်းသည် ကောင်းကင်ဘုံမှ အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ဟန့်တားရာကျပါသည်။ကိုယ်ဂုဏ်ကိုယ်ဖော်ခြင်း၌ မွေ့လျော်သောသူသည် ထာ၀ရ ဘုရားသခင်၏ ကျေးဇူးတော်ကို ပိတ်ပင်ရာရောက်သဖြင့် အမှန်တကယ်ချမ်းသာမှု များနှင့်မက်မောစရာဝမ်းမြောက်မှုကို ဆုံးရှုံးပေသည်။သို့သော်လည်း သခင်ခရစ်တော် အတွက် မိမိ၌ရှိသောအရာအားလုံးကိုပေးအပ်ကာ အလိုတော်ကိုဆောင်ခြင်းဖြင့် ဘုရား သခင်ပေးကတိတော်ကို ခံစားနိုင်ခွင့်ရှိပါသည်။]ထာ၀ရဘုရားသခင်၏ ကောင်းချီး မင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်း ကို ရောနှောတော်မမူပါ။} (သု ၁ဝး ၂၂)။

ကယ်တင်ရှင်ဘုရားသခင်သည် လူတို့၏စိတ်ဝိညာဉ်ထဲမှာ ကိန်းအောင်းနေသော ဂနာ မငြိမ်ဖြစ်ခြင်းနှင့်ညစ်ညမ်းသော ရည်ရွယ်ကြံစည်ချက်တို့ကို ပယ်ရှားပေးရုံမျှမက ရန်ငြိုးထားသူကို ချစ်သူအဖြစ်သို့လည်းကောင်း၊သံသယစိတ်ရှိသူကို ယုံကြည်စိတ်ချ နိုင်သူအဖြစ်သို့လည်းကောင်း ပြောင်းလဲပေးနိုင်စွမ်းလည်းရှိပါသည်။ သို့ဖြစ်၍ ဘုရား သခင်သည် လူတိုင်းကို ]ငါ့နောက်သို့လိုက်လော့} ဟုမိန့်တော်မူသောအခါ တုံ့ပြန် သူသည် ဤကမ္ဘာမြေကြီး၌ စိတ်အာရုံ စွဲလမ်းတန်းမှန်းကပ်ငြိနေခြင်း သဘောပြိုကွဲ ရသည်မဟုတ်လော။ ထိုအသံတော်ကို ကြားရသောသူသည် လောဘရမ္မက်မဆန် တော့ဘဲ ရှိသည့်နေရာမှထ၍ လွတ်ရာကျွတ်ရာသို့ပို့ဆောင်သော ထိုသခင်၏ နောက် တော်သို့ လိုက်မည်မှာ ဧကန်မုချတည်း။

No comments:

Post a Comment