အခန်း (၄)
ရှောလမုန်မင်းကြီးအခွင့်ကောင်းကိုလွဲသွားရပုံ
ရှောလမုန်မင်းကြီးသည် သဘောကောင်း၍ တရားသဖြင့်
စီရင်သူအဖြစ်မှ နှိပ်စက်ကလူပြု၍ အနိုင်အထက်ရယူသော ဘုရင်အဖြစ်သို့
ပြောင်းလဲသွားရခြင်းမှာ မိမိကိုယ်ကို ထာ၀ရဘုရားသခင်ထံ ဆက်ကပ်အပ်နှံသော
စိတ်ယိုယွင်းသွားသော ကြောင့်ဖြစ်ပါသည်။ပုရောဖက်မောရှေသည် သိနာတောင်ပေါ်မှာ ထာ၀ရဘုရားသခင်၏
အမိန့်တော်ဖြစ်သည့် ]ငါသည် သင်တို့တွင်ကိန်းဝပ်ရာဖို့ သန့်ရှင်းရာဌာနကို လုပ်ကြ စေ} ကိုဆင့်ဆိုရာ၌ အစ္စရေးလူမျိုးတို့တွင်
]မိမိစိတ်နှလုံးနှိုးဆော်သောသူ၊ ကြည်ညို သော
စေတနာစိတ်သဘောရှိသောသူအပေါင်းတို့သည်
ထာ၀ရဘုရားသခင်အား လÈ သော အလÈကိုဆောင်လျက်လာကြ၏။}အမှန်အားဖြင့်
ပရိသတ်စည်းဝေးရာ အဆောက် အအုံကို ဆောက်လုပ်ဖို့ရန်
အကုန်အကျများစွာရှိမည်မှန်သော်လည်း ထာ၀ရဘုရား သခင်သည် မိမိအလိုအလျောက် လÈသောဒါနကိုသာလက်ခံပါသည်။သို့ဖြစ်၍လည်း
အစ္စရေးလူမျိုးပရိသတ်တို့အား ဤသို့မိန့်တော်မူခဲ့သည်မဟုတ်လော။ ]ငါ့အားလက်
ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်းဆင့်ဆိုလော။ကြည်ညိုသောစေတနာစိတ် နှင့် ငါ့အားလÈသမျှသောသူတို့၌ သင်သည်အလÈကိုခံရမည်။} (ထွက် ၂၅း၈။ ၃၅း၂၁၊ ၂၅း၂)။
ဤလုပ်ဆောင်မှုမျိုးတွင်
ဆက်ကပ်မှုသည်လို၏။သို့ဖြစ်၍ဒါဝိဒ်မင်းကြီးသည် လည်း ]ယနေ့ထာ၀ရဘုရားသခင်အား
ကိုယ်ဥစ္စာကို အဘယ်သူပူဇော်ချင်သနည်း} (၅ရာ ၂၉း၅) ဟု
တရားလာနာသောပရိသတ်တို့ အားမေးတော်မူခဲ့ပါသည်။မှန်ပါသည်။ သန့်ရှင်းရာ
ဘုရားဝတ်ပြုကျောင်းဘုံ ဗိမာန်တော်ကို တည်ဆောက်သောသူတို့သည် ကိုယ်နှုတ်၊
နှလုံးသုံးပါးမက ရှိသမျှကိုဆက်ကပ်အပ်နှံရန် လိုအပ်ပါပေသည်။
ဣသရေလလူမျိုးတို့သည် အီဂျစ်ပြည်မှထွက်ခွါလာပြီးသည်နောက်
သိမ်တော ထဲမှာ လှည့်လည်နေစဉ် ဘုရားသခင်ကိန်းဝပ်ရာဖို့ သန့်ရှင်းရာတဲတော်ကို တည်
ဆောက်ရပါသည်။ထိုတဲတော်ကိုတည်ဆောက်သော သူတို့သည် ထာ၀ရဘုရားခန့် ထားသောသူ၊အထူးသော
ကျွမ်းကျင်လိမ္မာမှာ အတတ်ပညာများကို အပ်နှံထားခြင်း ခံရသော
သူများဖြစ်ကြပါ၏။]ထာ၀ရဘုရားသခင်သည် ယုဒအမျိုးသားဟုရ၏ သားဖြစ် သော ဥရိ၏သားဗေဇလေလကို
အမည်ဖြင့်ခန့်အပ်တော်မူပြီ။သူသည် အမျိုးမျိုးသော အလုပ်ကို
ထူးဆန်းစွာလုပ်တတ်မည်အကြောင်း၊ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အ မျိုးမျိုးကိုပေး၍
ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ပြည့်စုံစေတော်မူပြီ။ သူနှင့်အဟော လျဘသည်
သူတစ်ပါးအားအတတ်သင် ပေးနိုင်မည်အကြောင်း ဉာဏ်ကိုပေးတော်မူပြီ။ ထိုသူတို့သည်
ထုလုပ်တတ်သောသူ၏အလုပ်၊ဆန်းပြားသော လက်သမား၏အလုပ်၊ ပိတ်ချောကို
ခြယ်လှယ်တတ်သောသူ၏အလုပ်၊ရက်တတ်သောသူ၏အလုပ်၊ ထူးဆန်း စွာ ကြံစည်တတ်သောသူ၏
အလုပ်အမျိုးမျိုးရှိသမျှတို့ကို လုပ်တတ်မည် အကြောင်း၊ ဉာဏ်ပညာနှင့်
ပြည့်စုံစေတော်မူပြီ။ထိုသို့ ထာ၀ရဘုရားသခင်မှာထားတော်မူသည် အတိုင်းသန့်ရှင်းရာဌာန၌
အမှုတော်ဆောင်စရာဖို့ အမျိုးမျိုးသော အလုပ်ကို လုပ်တတ်သော
ပညာရှိအပေါင်းတို့နှင့်တကွ ဗေဇလေလ၊ အဟောလျဘတို့သည် အလုပ်လုပ်ကြလိမ့်မည်} ဟူသော မှတ်တမ်းလည်းရှိခဲ့ပါသည်။ထာ၀ရဘုရားသခင်ရွေး
ချယ်သောသူများတို့နှင့်အတူ ကောင်းကင်တမန်များတို့လည်း ကူညီလုပ်ဆောင်ကြ ပါသည်။
(ထွက်မြောက်ရာ ၃၅း၃၀၊ ၃၆း၁)။
ဤလက်မှုပညာကျွမ်းကျင်သူများ၏ သားစဉ်မြေးဆက်အလုပ်သမားတို့
သည် လည်း အဘတို့၏ပညာအမွေကို ဆက်လက်ခံယူရရှိခဲ့ပါ၏။သို့သော်လည်း ကာလကြာ
မြင့်လာသောအခါ ထိုပညာအမွေကိုပေးသော ထာ၀ရဘုရားသခင်ကိုမေ့ပျောက်၍
အမှုတော်ကိုမဆောင်ရွက်လိုကြတော့ဘဲ မိမိတို့၏ဇာတိသဘောအတိုင်း ကျင့်သုံးသက်
ရှင်ခဲ့ပါသည်။သူတို့၏ပညာလက်ရာမှာလည်း ပြောင်မြောက်လှသောကြောင့် သူတို့ကို ငှါးသော်
ဈေးကြီးပေးမှအလုပ်ကိုလက်ခံလာပါတော့သည်။ သူတို့၏အနုပညာစွမ်းရည် ကို
အိမ်နီးချင်းနိုင်ငံများက ကြားသိရသဖြင့် သူတို့ကိုဈေးကောင်းပေးသောကြောင့်
နိုင်ငံခြားသို့ ထွက်ခွါအလုပ်လုပ်ကိုင်ကြသူများတိုးပွားခဲ့ပါသည်။သူတို့၏စိတ်ထားသည်
ဘိုးဘေးတို့နှင့်မတူတော့။မြင့်မြတ်နှလုံးသားထားရှိနေဆဲရှိရမည်အစား လိုချင်တပ်မက်
မှုစိတ်သဘောများတိုး၍သာလာ၏။ဤသို့လျှင် ကိုယ်ကျိုးစီးပွားတပ်မက်မောလာသဖြင့်
မိမိတို့ရရှိထားသော ဘုရားသခင်ပေးအနုပညာစွမ်းရည်ကို သာသနာပယဇ်နတ်ကိုး ကွယ်သူရှင်ဘုရင်တို့၌
အငှါးခံခြင်းဖြင့် ပီပြင်သော နတ်ဘုရားရုပ်လုံးများကိုဆစ်၍ တစ်မျိုးထုထွင်းကာ
တစ်ဖုံဝတ်ပြုကိုးကွယ်စေကြခြင်းဖြင့် သူတို့၏ဖန်ဆင်းရှင်ဘုရား သခင်ကို
ရှုတ်ချခဲ့ကြလေသည်။
ဤကဲ့သို့သောအနုပညာ၊ပန်းတမောပညာ၊ ပန်းပုပညာ၊ ဆောက်လုပ်ရေးပညာ
စသည်တို့၌ ကျွမ်းကျင်ကြကုန်သောသူတို့ထဲတွင် ဦးစီးမÈ;တစ်ဦးကို
ရှာဖွေခန့်အပ်ကာ ဗိမာန်တော်တည်ဆောက်ခြင်းအမှုကို
ရှောလမုန်မင်းကြီးကပြုစေခဲ့ပါသည်။ရှင်ဘုရင် အားဘုရားသခင်သည်
ဗိမာန်တော်တည်ဆောက်ခွင့်ကို အပ်နှင်းထားပြီဖြစ်သော ကြောင့် ထိုအလုပ်တာဝန်များကို
ပြီးစီးစေမည့်ထာ၀ရဘုရားသခင်ကို ချစ်၍အမှုတော် မြတ်အတွက်ဆက်ကပ်မည့်
ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာရန် ယုံကြည်ခြင်းဖြင့် မင်းကြီးသည်
ထာ၀ရဘုရားသခင်ကို စေ့စေ့မျှော်ကြည်နိုင်ပါသည်။သို့သော်မင်းကြီး သည်
ယုံကြည်ခြင်းကို လေ့ကျင့်ဖို့ရန် အခွင့်အခါမယူခဲ့ပါချေ။တုရုရှင်ဘုရင်ထံ လူကို
စေလွှတ်၍ ]ယခုမှာ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ မောင်းသောအထည်၊ နီသောအထည်၊ ပြာသောအထည်
ကို လုပ်တတ်သောအတတ်၊ ငါ့အဘဒါဝိဒ်ပြင်ဆင်၍ ယေရုရှလင်မြို့၊ ယုဒပြည်၌ ငါ့ထံမှာရှိသော
ဆရာသမားတို့နှင့် ဝိုင်း၍ ထုလုပ်တတ်သော အတတ်နှင့် ပြည့်စုံသော သူတစ်ယောက်ကို
ငါ့ထံသို့စေလွှတ်ပါ} (၆ရာ ၂း၇) ဟု
ဆင့်ခေါ်ခဲ့ပါ၏။
နတ်ဘုရားများကို ကိုးကွယ်သော
ဖိုနီးရှန်းဘုရင်တုရုမင်းကြီးသည်လည်း ထို အလုပ်ကိုလက်ခံ၍ အကောင်အထည်ဖော်ဖို့ရန်
ဉာဏ်ကောင်း၍ လိမ္မာသောသူဟိရံ အဘိကို စေလွှတ်ခဲ့ပါသည်။]သူအမိကား
ဒန်အမျိုးသမီး၊အဘကားတုရုအမျိုးသား ဖြစ်၏။}
(ငယ် ၁၄)။ အမိ၏
ဆွေမျိုးဘက်ကိုကြည့်သော် မိခင်သည်နှစ်ပေါင်းများစွာ အထက်က ထာ၀ရဘုရားသခင်အဖို့
သန့်ရှင်းရာတဲတော်ကို တည်ဆောက်ရန် ဘုရား သခင်နာမည်အားဖြင့် ခန့်အပ်တော်မူခြင်းကို
ခံခဲ့ရသောအဟောလျဘမှဆင်းသက် ပါသည်။ဤသို့လျှင် ရှောလမုန်မင်းကြီး၏
ပညာရှင်ဆရာသမားတို့အား ဦးစီးရသော သူမှာ ထာ၀ရဘုရားသခင်ကို မကိုးကွယ်လိုသောသူဖြစ်၍
စီးပွားရေးဆန်လှသော တစ်ကိုယ်ကောင်းစိတ်ပြင်းထန်သည့် ခေါင်းဆောင်တစ်ဦးဖြစ်နေပါသည်။
ဟိရံအဘိ၏တစ်မူထူးခြားသော အတတ်ပညာကြောင့် သူသည် ကြီးကျယ်
သောလုပ်ခကိုတောင်း၏။သူနှင့် အတူတွဲလုပ်နေရသောဒေသခံ လုပ်ဖော်ဆောင်ဘက်
ဆရာသမားတို့ကား အရနည်းသဖြင့် ရက်များကြာလာသောအခါ ထိုသူတို့သည်လည်း
မိမိတို့၏အလုပ်မှာ သန့်ရှင်းမြင့်မြတ်သော သဘောသဘာ၀ရှိကြောင်းကို မေ့ပျောက်
လာကြပါသည် ကိုယ်ကျိုးစွန်းထမ်းရွက်လိုသော သဘောမှာ ၎င်းတို့၌ လုံး၀မရှိတော့ပါ။
အဆုံးမှာတော့ လုပ်အားခများများ တောင်းခံလာသည်ကို မင်းကြီးလည်း သဘောတူ လိုက်ရပါသည်။
မှောက်များခြင်းသို့ ပို့သောခြေလှမ်းများ
နိုင်ငံတော်အတွင်း ဘေးရောက်စေတတ်သော ဩဇာလွှမ်းမိုးမှုကား
နေရာယူ ချဲ့ထွင်နေလေပြီ။လုပ်အားခံတိုးမြှင့်ပေးခြင်းသည် စည်းစိမ်ကြီးငယ်တို့မှာ
ဇိမ်ခံယစ်မူး လိုသည်သာမက အပိုသုံးငွေစရိတ်များကိုလည်း
တိုးမြှင့်လာစေ၏။ဆင်းရဲသားများကို သူကြွယ်များက အနိုင်ကျင့်အမြတ်ထုတ်သည်။ကိုယ်ကျိုးစွန့်
ဆက်ကပ်လိုစိတ်သည် လည်း လုံး၀ပပျောက်သွားသည်။ဤဆိုးမွေတို့ကြောင့်
ရှောလမုန်မင်းကြီးက ထာ၀ရ ဘုရားသခင်ကိုကျောခိုင်း၍ ဖောက်ပြန်ခဲ့ရသည်မှာ
အခြေခံအကြောင်းရင်းတစ်ခုဖြစ် ပေသည်။
သိမ်တော်ထဲမှာ ဣသရေလလူတို့က ထာ၀ရဘုရားသခင်အဖို့ သန့်ရှင်းရာ
ဌာနတော်ကို တည်ဆောက်ခဲ့ပုံနှင့် ယခုရှောလမုန်မင်းကြီး၏ ဘုံဗိမာန်တည်ဆောက် ပုံတို့၏
စိတ်နေစိတ်ထား၊ဦိးတည်ရည်ရွယ်ချက်သဘော ထားတို့ကား ကွာခြားလှပါပေ။
သင်ခန်းစာယူကြရပေမည်။ယနေ့ကမ္ဘာကြီးကို တစ်ကိုယ်ကောင်စိတ်က လွှမ်းမိုး၍နေ
ပါသည်။ရာထူးကြီး၍ လုပ်ခမြင့်မှ အောင်မြင်သည်ဟူသောသဘောကို နေရာအနှံ့
တွေ့ရ၏။သန့်ရှင်းရာတဲတော်ကို တည်ဆောက်သောလုပ်သားများ၏ ကိုယ်ကျိုးစွန့်
ဝမ်းမြောက်ခြင်းကာ ရှားမှရှားနေလေပြီ။သို့သော်လည်း ဤလိုစိတ်ဓါတ်သဘောထားမျိုး
ဘုရားသခင်၏နောက်တော်လိုက်တွေမှာ အမှန်တကယ်ရှိဖို့လိုအပ်ပါ၏။ထိုသို့သော
သူတို့အားသခင်သည် ]ငါနောက်သို့လိုက်လော။သင့်ကို လူမျှားသောတံငါသည်ဖြစ် စေမည်၊} (မဿဲ ၄း၁၉) ဟုမိန့်တော်မူခဲ့သည်မဟုတ်လော။ထိုသူတို့၏
လုပ်ခအတွက် ဘုရားသခင်သည် ဤမျှပေးမည်ဟူ၍မပြောပါ။ထိုသူတို့သည်
ကိုယ်ကျိုးစွန့်ဝန်ထမ်း များအဖြစ် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးနှင့်တကွ
ရှိသမျှကို ဆက်ကပ်အပ်နှံကြရပါမည်။
ကျွန်ုပ်တို့သည် အခကြေးငွေရရှိဖို့ရန် ရည်ရွယ်ချက်ဖြင့်
အမှုတော်ကိုမဆောင် ရွက်ရပါ။ကိုယ်ကျိုးမရှာသော ဆက်ကပ်ကြည်ညိုမှုနှင့်
သာသနာအကျိုးသယ်ပိုးလို သော စိတ်ထားသည် အမှုတော်မြတ်ကို လက်မခံမီ မရှိမပြီးသည့်
အရာပင်ဖြစ်ကြောင်း အမြဲမှတ်ရပါမည်။မိမိ၏အမှုတော်မြတ်မှာ ကိုယ်ကျိုးကြည့်သော
စိတ်ချည်မျှင်တစ် မျှင်မျှပင် မရှိအပ်ကြောင်း ပုံစံချပေးသောဘုရားသခင်က
ပညတ်တော်မူခဲ့ပါသည်။ အမှုတော်မြတ်မှာ ပါဝင်ပြီဆိုသောအခါမှာလည်း
ဘုရားသခင်ပေးဝိညာဉ်ဆုကျေးဇူး များကို
ကျွမ်းကျင်လိမ္မာမှု အလုံးစုံတို့ဖြင့်
ပေါင်းစပ်ခွန်အားစိုက်ကာလုပ်ဆောင်အပ် ပေ၏။မြေကြီးပေါ်မှာ
သန့်ရှင်းရာဌာနတော်ကိုတည်ဆောက်ဖို့ ခန့်အပ်ထားခြင်းခံရ သော သူများ၏
မှန်ကန်တိကျမှုနှင့်ယှဉ်သောဉာဏ်ပညာ ကွန့်မြူးချက်ရလဒ်များကဲ့သို့
ပေတည်း။ကျွန်ုပ်တို့၏ အကြီးကျယ်ဆုံးသော စွမ်းပကားများနှင့်ခမ်းနားထည်ဝါသော
ဆောင်ရွက်ချက်များတို့သည် ကိုယ်ကျိုးမရှာသောစိတ်ထားနှင့် သက်ရှင်နေထိုင်ဆက်
ကပ်မှုများ ဒွန်တွဲနေမှသာလျှင် ဘုရားသခင်သည် လက်ခံအတည်ပြုကြောင်းကို
ကျွန်ုပ်တို့သတိရအပ်ပေသည်။
ရှောလမုန်မင်းကြီးကျဆုံးရခြင်းအကြောင်းရင်များ၏
အခြားတစ်ခုမှာ ထာ၀ရ ဘုရားသခင်နှင့် သာစပ်ဆိုင်သော ဘုန်းကျက်သရေကို သူသည်
မိမိအပေါ်သို့ ယူတင် ဝတ်ဆောင်ခြင်းဖြစ်ပါသည်။ဘုန်းကျက်သရေနှင့်ပြည့်၀သော
ထိုဗိမာန်တော်ကြီးစတင် တည်ဆောက်၍ ပြီးစီးသွားသည်အချိန်အထိ မိမိ၏မတိမ်းမယိမ်းသော
ကတိပြုသစ္စာ ဆိုသည့်ရည်ရွယ်ချက်မှာ ]ဣသရေလအမျိုး၏ ဘုရားသခင်ထာ၀ရဘုရား၏နာမတော်
အဖို့ အိမ်တော်ကို တည်ဆောက်} (၆ရာ
၆း၇)ရန်ဖြစ်ပါသည်။ဤရည်ရွယ်ချက်ကို ဣသရေလ ပရိသတ်တို့စုဝေးရာဗိမာန်တော်ကို
အနုမောဒနာပြု ဆက်ကပ်သောအချိန် မှာ အသိအမှတ်ပြုခဲ့ပါပြီ။စိတ်နှလုံးကို အထူးထိတွေ့စေသော
ရှောလမုန်မင်းကြီး၏ ဆုတောင်းချက်တစ်ခုမှာ နိုင်ငံခြားဧည့်သည်များက
ဖန်ဆင်းရှင်ဘုရားသခင်ကို သိမြင် စွဲလမ်းရန်အတွက်ဖြစ်သည်။မင်းကြီး၏
တောင်းပန်ပေးသည့်အချက်က လေ့လာကြည့် ပါ။]မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက်၊
နာမတော်ကိုသိစေခြင်းငှါလည်း ကောင်း၊အကျွန်ုပ်တည်ဆောက်သောဤအိမ်တော်ကို နာမတော်ဖြင့်
သမုတ်ကြောင်းကို သိစေခြင်းငှါလည်းကောင်း ထိုတစ်ပါးအမျိုးသားတို့သည်
ဆုတောင်းသမျှအတိုင်း ကျေး ဇူးပြုတော်မူပါ။}
(၃ရာ ၈း၂၉)။
ရှောလမုန်မင်းကြီးထက်သာ၍ ကြီးမြတ်သောဘုရားသခင်သည် ထိုဗိမာန်
တော်၏ပုံစံသခင် ဗိသုကာပညာရှင်တစ်ဦးဖြစ်ပါသည်။ဤသည်ကို မသိနားမလည် သော သူတို့သည်
ရှောလမုန်မင်းကြီးအား ပုံစံသခင် ဗိသုကာပညာသည် ကြီးသည်ဟု မှတ်ယူကာ နှစ်သက်သဖြင့်
ချီးမွမ်းခန်းထုတ်မည်မှာ သဘာ၀ပင်ဖြစ်ချေသည် မဟုတ် လော။ သို့သော်လည်းမင်းကြီးသည်
ထိုဗိမာန်တော် တည်ဆောက်ပြီးစီးမှုအတွက် အမှန်အကန်ပင် ထာ၀ရဘုရားသခင်ကိုသော်မှ
အားမနာဘဲဂုဏ်ယူဝင့်ကြွားခဲ့ပြီတ ကား။ (ငယ် ၄၂၊၄၃)။
ရှေဘမိဖုရားကြီး၏
အလည်အပတ်ပြုခန်း
ရှေဘပြည်ကို အစိုးရသောမိဖုရားသည် ရှောလမုန်မင်းကြီး၏
ပညာကြီးမာမှုနှင့် မိမိတည်ဆောက်ထားသော ကြီးကျယ်ခမ်းနားသည့် ဗိမာန်တော်သတင်း
ကိုကြားလျှင် ]နက်နဲခက်ခဲသောမေခွန်းများအားဖြင့်} သူကိုစုံစမ်းခြင်းငှါလည်း
ကောင်း အခြွေအရံ၊ နောက်လိုက်ငယ်သား၊ ကျေးကျွန်များနှင့်တကွ ယေရုရှလင်မြို့သို့
လာ၏။ ]ရှောလမုန် မင်းကြီးထံတော်သို့ဝင်သောအခါ မိမိ အလိုဆန္ဒရှိသမျှကို ဆွေးနွေး
မေးမြန်းလေ၏။} ရှောလမုန်မင်းကြီးသည်လည်း
သူမအားသဘာ၀၏ အရှင်သခင် ထာ၀ရဘုရားသည် ကောင်းကင်၊ မြေကြီးအရပ်ရပ်ရှိသမျှကို
ဖန်ဆင်းပိုင်သအုပ်စိုးတော်မူသော ကြီးမြတ် သည့် ဖန်ဆင်းရှင်ဖြစ်ကြောင်း
သွန်သင်ခဲ့ပါ၏။ ၎င်းနောက် ]သူမေးမြန်းသော နက်နဲခက်ခဲသော မေးခွန်းရှိသမျှတို့ကို
ရှောလမုန်သည်ဖြေလေ၏။ နားမလည်၍ မဖြေနိုင်သော အရာတစ်စုံတစ်ခုမျှမရှိ။} (၃ရာ ၁ဝး၁-၃။ ၆ရာ ၉း၁၊၂)
]ရှေဘမိဖုရားသည် ရှောလမုန်၏ ပညာအလုံးစုံကိုလည်းကောင်း၊ တည်
ဆောက်သောအိမ်တော်ကို လည်းကောင်း၊မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍ ကိုယ်တော်၏
အခြားအရာနှင့် ကိုယ်တော်၏ပညာကို အကျွန်ုပ်သည်ကိုယ်ပြည်၌
ကြားရသောသတင်းစကားမှန်ပါ၏။သို့သော်လည်း ကိုယ်တိုင်ရောက်၍ မမြင်မီ ထိုစကား
ကိုမယုံ။ယခုမူကား ယခင်ကြားရသောစကားသည် တစ်ဝက်ကိုမျှမီ။ ကိုယ်တော်၏ ပညာနှင့်
ကိုယ်တော်၏စည်းစိမ်သည် အကျွန်ုပ်ကြားရသောသတင်းကို လွန်ကဲပါ၏။} (၃ရာ ၁ဝး၄-၈။ ၆ရာ ၉း၃-၇)။
ရှေဘမိဘုရားကြီးသည် ရှောလမုန်မင်းကြီး၏ခံစားရရှိသောမဟာ
ဉာဏ်ပညာ နှင့် လူသားစစ်စစ်မင်းကြီးကို ချီးမွမ်းထောမနာမပြုမိနိုင်ဘဲ
ဤသို့ကြွေးကြော်ခဲ့လေ သည်။]ကိုယ်တော်ကိုနှစ်သက်၍ ဣသရေလနိုင်ငံ၏
ရာဇပလ္လင်ပေါ်မှာတင်တော်မူ သော ကိုယ်တော်၏ထာ၀ရဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ထာ၀ရ
ဘုရားသခင်သည် ဣသရေလအမျိုးကိုအစဉ်ချစ်သောကြောင့် ဖြောင့်မတ်စွာတရား စီရင်စေခြင်းငှါ
ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။}
(၃ရာ ၁ဝး ၉)။
၁။နတ်ဘုရားရုပ်များအားရှိခိုးခြင်း၊
ယုတ်ညံ့သောတစ်ပါးအမျိုးသားတို့၏ ဓလေ့ထုံးများ လိုက်စားခြင်းဖြင့်
ရှောလမုန်ဖေါက်ပြန်ခြင်းတွင်းထဲသို့ နက်သည်ထက်နက်ရှိုင်းစွာ ကျ ဆင်းခဲ့ရသည်။ (၆ရာ
၉း၂၃)။ဤကဲ့သို့သော ချီးမွမ်းထောမနာပြုခြင်းကို ထာ၀ရဘုရား သခင်သည် ဘုန်းတော်ကိုတွေ့မြင်သမျှသော
လူပရိသတ်အပေါင်းတို့၏ နှုတ်ဖျားမှ ထွက်ပေါ်လာရန် အလိုတော်ရှိ၍
စီမံမျှော်လင့်ခဲ့ပါသည်။
အကယ်၍သာ ရှောလမုန်မင်းကြီးသည် ထာ၀ရဘုရားသခင်
စီမံပြုပြင်မျှော် လင့်ထားသည်အတိုင်း မိမိကိုယ်ကို ရှေ့တန်းမတင်ဘဲ သူ့အားဉာဏ်ပညာ၊
ဂုဏ်စည်း စိမ်ကြွယ်၀ချမ်းသာမှုကို ပေးသနားတော်မူသောဘုရားသခင်ကို ဆက်လက်ပြီးအာရုံ
စိုက်သတိပြုနေပါသော်မင်းကြီး၏လူ့သမိုင်းကား အတိုင်းထက်အလွန်ထွန်းပြောင်လှ
မည်ဖြစ်ခြင်း။သို့သော်လည်း မင်းကြီးသည် ကြီးမြတ်ခြင်း၏ အထွတ်အထိပ်သို့ရောက်၍
ချမ်းသာမှုဒဏ်ကိုမခံနိုင်ခဲ့သောအခါ ဆင်ခြင်တုံတရားကင်း၍ နမော်နမဲ့နိုင်ကာမိမိ
၏အခြေအနေကို မဟန်နိုင်ဘဲ ကျဆုံးလေတော့သည်။မင်းကြီးသည် ချီးမြှောက်ခြင်းကို
မပြတ်ခံစားရသဖြင့် နောက်ဆုံးတွင်သူသာလျှင် အနှိုင်းမဲ့၍ ယှဉ်ပြိုင်မှုကင်းသည့်
ဤလှပသောအိမ်တော်ကြီးကို တည်ဆောက်သောဗိသုကာ ပညာရှင်ကြီးဟု ချီးမွမ်း
ခံထိုက်သူတစ်ပါးအဖြစ် သူ့ကိုချီးမွမ်းကြပါရန် လူတို့အားခွင့်ပြုလေသည်။ဤသို့လျှင်
ဣသရေလတို့၏ ထာ၀ရဘုရားသခင်ဂုဏ်တော် နာမတော်မြတ်သည် ရှောလမုန်ဆီသို့ ရောက်သွာချေပြီ။
ထိုကြောင့် ထိုအိမ်တော်ကို ယေဟောဝါဘုရား၏ဗိမာန်တော်ကြီးဟု
မခေါ် တော့ဘဲ ]ရှောလမုန်ုမင်းကြီး၏ဗိမာန်တော်}ဟု
နိုင်ငံအဝန်းရှိလူတို့က မှတ်ယူခေါ် တွင်လာကြပါသည်။]ကြီးမြင့်သူထက် ကြီးမြင့်ဆုံး}သော ထာ၀ရဘုရားသခင်နှင့်စပ် ဆိုင်သည့်ဘုန်းတန်ခိုးတော်ကို
လူသည်လုယူခဲ့ပြီတကား။ (ဒေ ၅း၈)။]အကျွန်ုပ်တည် ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့်
သမုတ်ကြောင်းကိုသိစေခြင်းငှါ} (၆ရာ ၆း၃၃) ဟု
ရှောလမုန်မင်းကြီး ကြေညာခဲ့ပါသော်လည်း ယခုထက်တိုင် ထိုဗိမာန် တော်ကို ]ရှောလမုန်၏
ဗိမာန်တော်}ဟုတွင်ကျန်ရစ်လေသည်မဟုတ်ပါလား။
လူသည် မိမိအားဘုရားသခင်ပေးအပ်ထားတော်မူသော ဆုကျေးဇူးများအ
တွက် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေကာ ဘုရားသခင်၌သာ ဝါကြွားဝမ်း မြောက်ရမည့်အစား
မိမိဂုဏ်သတင်းပေါ်လွင်ထင်ရှားစေရန်အတွက် တစ်ပါးသူတို့အား
ချီးမွမ်းထောမနာပြုစေခွင့် ပေးခြင်းထက် ပိုမို၍ ဝိညာဉ်ရေးတွင် ခွန်အားနည်းသော
သူသည်မရှိတော့ပြီ။ထာ၀ရဘုရားသခင်၏ နာမတော်ကို (သစ္စာရှိစွာ) မပြတ်ဆက်လက်
ချီးမြှောက်နေသူတို့၌ကား မိမိတို့၏ဥပဓိရုပ်သွင်တစ်ခုလုံးသည် ဘုရားသခင်၏စီမံ
ကွပ်ကဲမှုအောက်တွင်ရှိ၍ ဝိညာဉ်ရေးနှင့် ဉာဏ်ပညာထက်မြက်ရေးတို့တွင် တိုးတက်
မှုရှိစေပါသည်။
ယေရှုဟူသောဘုရားသခင်သည် မိမိ၏တပည့်တော်တို့အားဆုတောင်းတတ်
ရန် ဤသို့သွန်သင်ပေးခဲ့၏။]ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊
ကိုယ်တော်၏နာမတော်အားရိုသေလေးမြတ်ခြင်း ရှိပါစေသော်}(မဿဲ ၆း၉) ။ဤသည်
ကို တပည့်တော်တို့သည်]အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာ
အဆက်ဆက်ကိုယ်တော်၌ရှိပါ၏} ဟု
အသိအမှတ်ပြုရပါသည်။(ငယ် ၁၃) သမားတော် ကြီးသခင် ယေရှုသည် လူပရိသတ်တို့အား
မိမိထံတော်ပါးသို့ ဆွဲယူပြီးသည်နောက် မိမိဘုန်းအာ နုဘော်၏မူလဇစ်မြစ်
ထာ၀ရဘုရားသခင်ထံတော်သို့ တစ်ဖန်ဆက်လက် အာရုံပြုရန် ညွှန်ကြားခဲ့ပါ၏။
ထို့ကြောင့်လည်း ]ယေရှုသည် အနာရောဂါများကို ငြိမ်း စေတော်မူ သဖြင့် အသောသူသည်
စကားပြောသည်ကိုလည်းကောင်း၊ ချို့တဲ့သော သူသည် ပကတိဖြစ်သည်ကိုလည်းကောင်း၊
ခြေမစွမ်းသောသူသည် လှမ်းသွားသည် ကိုလည်းကောင်း၊ မျက်စိကန်းသောသူသည်
မြင်ရသည်ကိုလည်းကောင်း လူအစုအဝေး တို့သည်မြင်လျှင် အံ့ဩခြင်းသို့ရောက်၍
ယေရှုကိုမချီးမွမ်းပါ။ သို့သော် ဣသရေလ အမျိုး၏ ဘုရားသခင် ဂုဏ်တော်ကိုချီးမွမ်းကြ၏} ဟု ကျမ်းမှတ်တမ်းရှိခဲ့လေသည်။ (မဿဲ ၁၅း၃၁)
]ထာ၀ရဘုရားသခင် မိန့်တော်မူသည်ကား ပညာရှိသောသူသည် မိမိပညာ၌
မဝါကြွားစေနှင့်။ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ဥစ္စာရတတ်
သောသူသည် မိမိဥစ္စာ၌မဝါကြွားစေနှင့်။ဝါကြွားသောသူမည်သည်ကား ငါသည်
မြေကြီးပေါ်မှာချစ်သနားခြင်း၊တရားသဖြင့်စီရင်ခြင်း၊ဖြောင့်မတ်ခြင်းကိုပြုသော ထာ၀ရ
ဘုရားသခင်ဖြစ်ကြောင့်းတည်းဟူသော ငါ့သဘောကို သိနားလည်ခြင်း၌သာဝါကြွား စေ။ငါသည်
ထိုအရာတို့၌ မွေ့လျော်သည်ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏။} (ယေရမိ ၉း၂၃၊ ၂၄)။
ထာ၀ရဘုရားသခင်၏စီမံချက်ကို ထပ်မံ၍
လုံး၀ဆန့်ကျင်ပြန်ခြင်း
ရှောလမုန်မင်းကြီးသည် မိမိ၏ ဘုန်းတန်ခိုးဩဇာကြီးမားရေးအတွက်
မိမိ စိတ်ထင်သည်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထာ၀ရဘုရားသခင် ၏စီမံချက်ကို
နောက်တစ်မျိုးဆန့်ကျင် မှောက်မှားပြန်ပါသည်။ ထာ၀ရဘုရားသခင်၏ အစီအစဉ်မှာ
မိမိ၏ရွေးချယ်ခံလူမျိုးအားဖြင့် မိမိ၏နှုတ်တော်ထွက်စကားဖြင့် ပညတ်
တရားတော်၏ကောင်းမြတ်ခြင်း ဘုန်းအသရေတော်ကို ထင်ရှားထွန်းလင်းစေရန်ဖြစ်၏။
သို့ဖြစ်၍ထိုလူမျိုးကို ထာ၀ရဘုရားသခင်သည် မြေကြီးသားအပေါင်းတို့မှ ခေါ်ယူရွေး
ချယ်ခန့်အပ်ကာ သာသနာတော်သတင်းကောင်းကို ကမ္ဘာအနှံ့ဟောပြောသက်သေ
ခံရန်ကြီးကြပ်ခဲ့ပါပြီ။ ရှောလမုန်မင်းကြီးလက်ထက်မှာ နိုင်ငံတော်သည် မြောက်ဘက် တွင်
ဟာမတ်သိနယ်မြေ၊တောင်ဘက်တွင် အီဂျစ်ပြည်မှစ၍၊မြေထဲပင်လယ်ဒေသမှ သည်
ယူဖရိတ်မြစ်ကြီးတိုင်အောင် နယ်မြေမှာကျယ်ဝန်းနေပါပြီ။ ထိုနယ်မြေဒေသများ အားဖြင့်
ကမ္ဘာ့ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကြီး စီးပွားရေးဆောင်ရွက် ချက်များကို
စုရုံးဖွဲ့စည်းတည်ထောင်ကာ ဖလှယ်မှုများအမျိုးစုံလင်စွာ ပြုလုပ်ကြသဖြင့်
ဤသည်မှာလည်း သာသနာဖြန့်ရန်အခွင့်အရေးတစ်ခုပင်ဖြစ်ပါသည်။ မင်းကြီးနှင့် သူ၏
လူမျိုးတို့သည် ဘုရင်တကာ့ဘုရင်၏ ဂုဏ်တော်အပေါင်းနှင့်ထိုဘုရားသခင်ကို ယုံကြည်
နားထောင်၍ ရိုသေလေးမြတ်ခြင်းရှိစေရန်
ဖေါ်ထုတ်ဂုဏ်ပြုနိုင်ခွင့်ကိုရရှိခဲ့ပါပြီ။ထို ဘုရားသခင်ထံ
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်မျိုးစုံကို ပူဇော်ဆက်ကပ်ခြင်းဖြင့် ခရစ် တော်သခင်ကို
ချီးမြှောက်ရာကျသောကြောင့် ကမ္ဘာ့လူသားအပေါင်းတို့သည် ငြိမ်သက်
ခြင်းစုံလင်စွာဖြင့် သက်ရှင်ရုန်းကန်နိုင်ကြမည်ဖြစ်ပါသည်။
ရှောလမုန်မင်းကြီးသည် ထာ၀ရဘုရားသခင်နှင့် တရားတော်ကို
လုံး၀မသိ ကျွမ်းသေးသောသူတို့အား တရားတော် ပညာအလင်းပေးရန်အတွက် မိမိအား ဘုရား
သခင်ပေးသနားတော်မူသော ဉာဏ်ပညာနှင့်ဩဇာ လွှမ်းမိုးမှုစွမ်းအင်ကို သုံးစွဲသင့်ပါ၏။
ထိုသို့ပြုသော် ကမ္ဘာ့လူမျိုးအစုအဝေးများစွာကို ထာ၀ရဘုရားသခင်ထံတော်ပါးသို့ ပို့
ဆောင်နိုင်မည်။ဣသရေလ လူမျိုးသည်လည်းနတ်ဘုရားတို့ကို ပူဇော်ကိုးကွယ်သည့်
အပြစ်နှင့်တွဲသော သာသနာပလူတို့၏ကျင့်ထုံး လုပ်ရပ်များမှအကွယ်အကာရမည်။
ထာ၀ရဘုရားသခင်ကိုလည်း လူအပေါင်းတို့ရှေ့မှာ ဂုဏ်ယူဝင့်ကြွားနိုင်မည် ဖြစ်ပါ
သည်။သို့သော်လည်းမင်းကြီးသည် ဤမြင့်မြတ်သော ရည်ရွယ်ချက်ကို မမြင်တွေ့ခဲ့ပါ။
မိမိ၏နယ်မြဒေသကို မပြတ်ဖြတ်သန်းသွားလာနေကြသော ကမ္ဘာလူသားတို့အား သာ
သနာတော်အလင်းမျှဝေပေးရန် မင်းကြီးပျက်ကွက်ခဲ့ပါသည်။
ဣသရေလလူပရိသတ်အပေါင်းတို့၏ စိတ်နှလုံးထဲတွင်
ဘုရားသခင်စိုက်ပျိုး ခဲ့သော သာသနာပြုစိတ်ဓါတ်နေရာမှာ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ
စီးပွားရေး စိတ်ဓါတ်တို့က စဉ်းလဲသောနည်းဖြင့် ရှိရင်းကိုထုတ်ပစ်၍
အစားထိုးဝင်ရောက်လာ ချေပြီ။ အိမ်နီးချင်းနိုင်ငံများစွာတို့နှင့် ဆက်ဆံ ပေါင်းသင်းလာသဖြင့်
ရရှိသော အခွင့်အရေး စုံလင်စွာတို့သည်လည်း မင်းကြီး၏ ကိုယ်ရေးကိုယ်တာများတွင်
ခမ်းနား ကြီးကျယ်လာအောင် တိုးချဲ့ခြင်းအမှုတို့၌ သုံးစွဲလာပါသည်။ ကုန်စည်ကူးသန်း
ရောင်း ဝယ်ရာ ဈေးမြို့တော်အဝင်၀မုခ်ဦးရှိရာ လမ်းမကြီးတိုင်းမှာလည်း
ခံတပ်မြို့များကို တည် ဆောက်ထား၏။(၆ရာ ၈း၄)။ ဤနည်းဖြင့် နိုင်ငံအတွင်း
လုံခြုံရေးကိုလည်း အား ဖြည့်ထားပါသည်။ ရေလမ်းဖြင့်သာ ဆက်သွယ်၍ရသော
စီးပွားရေးအချက်အချာနေရာ တို့အတွက်ကိုလည်း မင်းကြီးသည်]ဧဒုံပြည်တွင်
ဧဒုံပင်လယ်(ပင်လယ်နီ) ကမ်းနားရှိ သင်္ဘော ဆိပ်ကမ်းမြို့တို့မှာ သင်္ဘောတို့ကိုတည်လုပ်စေ၏။} ]ပင်လယ်ကူးသောအမှုကို နား လည်သောနိုင်ငံခြားမှ
သင်္ဘောသားတို့ကို မိမိ၏လူတို့နှင့်အတူစီးစေ၍ ထိုသူတို့ သည် ဩဖိရမြို့မှ
ရွှေကိုလည်းကောင်း၊ အာလံဂုံသစ်သားများ၊ ကျောက်မြတ်များတို့ကို
လည်းကောင်းယူဆောင်ခဲ့ကြပါသည်။} (ငယ် ၁၈)၊(၃ရာ
၉း၂၆-၂၈။ ၁ဝး၁၁)၊
အခွန်အတုတ်ကောက်ခံမှုကား အတိုင်းထက်အလွန်မြင့်မားလာသည်။ထာ၀ရ
ဘုရားသခင်၏ မိန့်တော်မူချက်တို့ကို နားထောင်လိုက်လျှောက်ရန် အပ်နှင်းခြင်း
ခံရသူတို့သည် လောဘရမ္မက်ကြီးမားလာကြခြင်းဖြင့် နိုင်ငံအတွင်း ဖြတ်သန်းသွားလာ
ကြကုန်သော မရေတွက်နိုင်အောင်ပေါများလှသည့် ခရီးသွားကုန်သည်ကြီးငယ် အ ပေါင်းတို့သည်
ယေဟောဝါဘုရားသခင်အကြောင်းကို မသိလိုက်ရဘဲ ရှိနေကြချေ ပြီတကား။
သခင်ခရစ်တော်နှင့်
ရှောလမုန်မင်းကြီးတို့၏ကွာခြားချက်
ထိုမင်းကြီးနှစ်ဦးတို့သည် တစ်ဦးနှင့်တစ်ဦးများစွာ
ကွာခြားနေ၏။သခင်ခရစ် တော်သည် ]အလုံးစုံသောတန်ခိုးတော်}ကို ပိုင်ဆိုင်ထားပါသော်လည်း ကိုယ်တော် သည်
မိမိ၏တစ်ကိုယ်တော်ကောင်းစားရေးအတွက် ဘယ်သောအခါမျှ ထိုတန်ခိုးကို
အသုံးမချပါချေ။လူသားတစ်နွယ်လုံးအတွက် လုပ်ဆောင်ပေးခဲ့သော လုပ်ဆောင်ချက်
ကြီးများတွင်လည်း လောကမင်းတို့လိုလားကြကုန်သော ကြီးမြတ်ခြင်းကို ထိုသခင်သည်
လားလားမျှ စိတ်ကူးမယဉ်ခဲ့ပါ။ထိုအမှုတော်ဆောင်သခင်ကြီး၏ လုပ်ငန်းစုတွင်ပါဝင်
ထမ်းရွက်ကြကုန်သောသခင့်အစေခံတို့သည်လည်း သခင်၏နည်းစနစ်များကို ကောင်း
မွန်စွာလေ့လာရာ၏။(မသဲ ၈း၂၀)။ထိုသခင်သည် လမ်းမှာတွေ့သမျှသောလူတို့ကို သက်သေခံရန်
အမြဲထာ၀စဉ် အခွင့်အရေးရယူသူဖြစ်ပါသည်။
ကိုယ်တော်သည် သာသနာခရီးကို ဆန့်ခဲ့လေသမျှ
ကပေရနောင်မြို့များသာ နေထိုင်ခဲ့၏။ (မသဲ ၉း၁)။ထိုမြို့ကလေးသည် ဒမာသက်မြို့မှ
ယေရုရှလင်မြို့တိုင် အောင်လည်းကောင်း၊ အီဂျစ်ပြည်မှ မြေထဲပင်လယ် ဆိပ်ကမ်းမြို့များ
တိုင်အောင် လည်းကောင်း ဖြတ်သန်းသွားလာ၍ ကူးသန်းရောင်ဝယ်သူ ကုန်သည်ကြီးငယ် အပေါင်း
တို့၏ ဆုံဆည်းရာနေရာဖြစ်၏။ထိုနေရာမှာ သခင်ယေရှုသည် နိုင်ငံအသီးသီး၊ လူမှု အလွှာ
အဆင့်ဆင့် တို့မှ လူအပေါင်းနှင့် တေ့Gဆုံ၏။ ဤသို့လျှင်
ဘုရားသခင်၏ သွန်သင်ချက်များသည် ထို
နိုင်ငံအနှံ့သို့ ပျံ့လွင့်သွားခဲ့ပါသည်။ မေရှိယသခင်ကို
ညွှန်းသောပုရောဖက်စကားတို့ကို စိတ်ဝင်စားသူများ တိုးပွားလာသဖြင့်လည်း ထိုသခင် ၏
လုပ်ငန်းမှာ ကမ္ဘာသိဖြစ်လာ ခဲ့သည် မဟုတ်လော။
ယခုခေတ်တွင် ထိုသို့သော အခွင့်အရေးများသည် ရှေးဣသရေလလူတို့
ရရှိခဲ့သော အခွင့်ထူးထက်သာ၍ကြီးမား၏။ကမ္ဘာလှည့်ခရီးသည်များသည် အဆထောင်
ပေါင်းများစွာ တိုးပွားလာပြီမဟုတ်လော။ခွင့်ပြုရာဒေသတိုင်းမှာ သူတို့ရောက်တတ်
သဖြင့် ခြေရာများလည်းထပ်၍နေကုန်၏။ အမြင့်ဆုံသောဘုရားသခင်၏အစေကိုခံနေ ကြကုန်သော
အမှုတော်ဆောင်တို့သည်လည်း သခင်ခရစ်တော်ကဲ့သို့ နိုင်ငံအနှံ့မှ ရောက်ရှိလာကြကုန်သော
ထိုကမ္ဘာလှည့်ခရီးသည်တို့အား သာသနာပြု၍ သက်သေ ခံကြရပါမည်။မိမိ၏ဇာတိသဘောကို
ဘေးဖယ်ထား၍ ဘုရားသခင်ကို ဦးစားပေးကာ မြင့်မြတ်သန့်ရှင်းဖြောင့်မတ်သော
ခရစ်ယာန်ကျမ်းဆိုချက်များကို တင်ပြသက်သေခံ၊ မျိုးစေ့ကြဲက တစ်နေ့နေ့တွင်
အမြစ်တွယ်ပေါင်းလာသဖြင့် ထာ၀ရအသက်ကိုလည်း ထိုသူတို့ရရှိနိုင်ပေသည်။
ဣသရေလရှင်ဘုရင်နှင့် တိုင်းသူပြည်သားတို့သည် မိမိတို့၏
ဘုရားသခင် ပေးမြင့်မြတ်ရည်ရွယ်ချက်နှင့်တာဝန်ဝတ္တရားတို့ကို ထမ်းရွက်ရန်
ပျက်ကွက်ခဲ့ကြသော အခါ ကြုံတေ့Gရသည့်သင်ခန်းစာကား
ရင်မောဖွယ်ကောင်းလှပါသည်။သူတို့တွေအား နည်းခဲ့ကြပါသော်လည်း
ယနေ့အသက်ရှင်လျက်ရှိနေကြသော ဘုရားသခင်၏ ကိုယ် စားပြုသူများကား
ခွန်အားယူကြရပါမည်။အကြောင်းမူကား ထိုသူတို့အပေါ်သို့ သာသနာ
တော်လုပ်ငန်းပြီးမြောက်ရေးအတွက် တာဝန်ကို လွှဲပြောင်းအပ်နှံကာ အမွေဆက်ခံရန်
ထာ၀ရဘုရားသခင်ပြုတော်မူသောကြောင့်တည်း။ ထိုသူတို့ အတွက် စောင့်ကြိုနေသော
အောင်မြင်ခြင်း ဆုလာဘ်တို့သည်လည်း အရံသင့် ဖြစ်နေပါ၏။ သို့တိုင်အောင်လည်း
ရှောလမုန်မင်းကြီးအချိန်မှာ ဣသရေလတို့ကြုံတေ့Gရင်ဆိုင်ခဲ့ရသလို
အလားတူစွာသော ဩဇာလွှမ်းမိုးခြင်းသည် တည်ရှိနေဆဲပါတည်း။ ထာ၀ရဘုရားသခင်
ပေးသနားတော်မူ
သောတန်ခိုးတော်အားဖြင့်သာလျှင်
ကျွန်ုပ်တို့သည် အောင်နိုင်သူများဖြစ်ရပါလိမ့်မည်။ ဤဆိုင်ပြိုင်တိုက်လှန်မှုတွင်
ပါဝင်ကြသူတိုင်း ကိုယ့်အကျိုးကိုမဖက်၊ကိုယ့်ကိုယ်ကို အားမကိုးဘဲ
ထာ၀ရဘုရားသခင်တစ်ပါးတည်းကိုသာလျှင် ယုံကြည်အားကိုးချေက အ သက်ဝိညာဉ်များစွာကို
ကယ်တင်နိုင်ရန်အတွက် အခွင့်အရေးတိုင်းမှာ အသိဉာဏ်ပ ညာကိုရရှိပါလိမ့်မည်။
ထာ၀ရဘုရားသခင်၏ ကောင်းချီးမင်္ဂလာသည်လည်း
စည်းလုံးညီညွတ်စွာဖြင့် သာသနာခရီးဆက်နေသော မိမိ၏အသင်းတော်အပေါ်သို့
ကြွယ်၀စွာသက်ရောက်ပါ လိမ်မည်။သို့ဖြစ်၍ အမှောင်ကမ္ဘာမှာ
မှောက်မှားမှုများနှင့်ပြီးနေသာ လောကသားတို့ အား ခရစ်တူဆက်ကပ်မှုစံနှုန်းဖြင့်
မိမိကိုယ်ကိုမချီးမြှောက်ဘဲ ဘုရားသခင်ကို ချီး မြှောက်လျက်
ဧဝံဂေလိသတင်းကောင်းကြောင်း သိရန်လိုအပ်နေသောသူများအတွက် ချစ်ခြင်းအပြည့်နှင့်
သန့်ရှင်းစင်ကြယ်သောအလှကို စီခြယ်ပီတိဖြာကြပါစို့လား။
No comments:
Post a Comment