Tuesday, March 10, 2026

 

                                                            အခန်း (၅)

                              ရှောလမုန်မင်းကြီး၏ နက်ရှိုင်းလှသော မိုက်နောင်တ

 

               ရှောလမုန်မင်းကြီးကိုပေးသော သတိပေးဆုံးမစကားတို့သည် ရှင်းလင်းပါ၏။ ကတိတော်မူသောအရာတို့သည်လည်း  အံ့ဩဖွယ်ရာပင်ဖြစ်၏။ သို့တိုင်အောင်လည်း မင်းကြီးနှင့်ပတ်သက်၍ သမိုင်းက ဤသို့မှတ်တမ်းတင်ထားရစ်ခဲ့သည်မှာ ]အခြားတစ် ပါးသောဘုရားနောက်သို့ မလိုက်ရမည်အကြောင်း ပညတ်တော်မူသော ဘုရားသခင်၊ နှစ်ကြိမ်ထင်ရှားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထံတော်မှ ရှောလမုန် သည် စိတ်နှလုံးလွှဲသွား၍ မှာထားတော်မူသောစကားကို နားမထောင်သောကြောင့်} ဟူ၍ဖြစ်ပါသည်။ (၃ရာ ၁၁း၉၊၁၀)။မင်းကြီး၏စိတ်နှလုံးသည် အပြစ်မပြုလျှင် မနေနိုင် အောင် ဘုရားသခင်နှင့်ဝေးကွာနေ၏။မိမိ၏စိတ်နှလုံးသည်လည်း ခိုင်မာလျက်ရှိနေ သည်မှာ မျှော်လင့်ချက်မရှိတော့သလို ဖြစ်နေချေပြီ။

               သို့သော်လည်း မင်းကြီးသည် သတိတရားပြန်ဝင်ကာ ထာ၀ရဘုရားသခင်နှင့် အကျွမ်းဝင်မိတ်သဟာယဖွဲ့လာသောအခါတွင်ကား ဤသို့သောတရားတော်ကို နောင် လာနောက်သားတို့အားပေးဝေခဲ့ပါသည်။ငါသည်ကြီးကျယ်သောအလုပ်ကို စီရင်၍ အိမ် တို့ကိုဆောက်၏။စပျစ်ဥယျာဉ်တို့ကိုလည်း စိုက်၏။ဥယျာဉ်အမျိုးမျိုးကိုပြုစု၍ ခပ်သိမ်း သောအသီးမျိုးကို သီးသောအပင်တို့ကိုလည်းစိုက်၏။ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို သိမ်းယူ၌ ကျွန်သားပေါက်များလည်းရှိကြ၏။ရွှေ၊ငွေကိုလည်းကောင်း၊ လူသားတို့ ပျော် မွေ့တတ်သော ကြင်ရာမိန်းမ မောင်းမမိဿံတို့ကိုလည်းကောင်း ငါသိမ်းယူ၏။ထိုသို့ ငါ့အလျင်အဦး၊ယေရုရှလင်မြို့၌ ဖြစ်ဖူးသောသူအပေါင်းတို့ထက်၊ငါသည်တိုးပွား၍ ကြီး မြင့်ခြင်းသို့ရောက်၏။

               ]ငါ့မျက်စိတပ်မက်လိုချင်သော အရာတစ်စုံတစ်ခုကိုမျှငါမငြင်း၊ငါ့စိတ်ရွှင်လန်း စရာ တစ်စုံတစ်ခုကိုမျှမပယ် ထိုအခါ ငါစီရင်ပြုပြင်သမျှ၊ငါကြိုးစားအားထုတ်သမျှတို့ကို ငါကြည့်ရှု၍ အလုံးစုံတို့သည် အချည်းနှီးအမှု၊လေကို ကျက်စားသောအမှုဖြစ်ကြ၏။ နေအောက်မှာကောင်းသော အကျိုးတစ်စုံတစ်ခုမျှမရှိ။} ]ထိုကြောင့် အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ငါသည်နေအောက်မှာ ကြိုးစားအားထုတ်သော အမှုအလုံးစုံတို့ကိုငါငြီးငွေ့ ၏။} (ဒေ ၂း၄-၁၁၊ ၁၇၊ ၁၈)။

               ရှောလမုန်မင်းကြီးသည် မြေကြီးနှင့်ဆိုင်သောအရာများကို အကောင်းမြင်ဆုံး အဆင့်မှာရှာဖွေမြည်စမ်းခံစားခဲ့ရပါသော်လည်း မိမိ၏အသက်တာကို လွင်တီးခေါင်ပြင်၊   ဟင်းလင်းကြီးဖြစ်စေသည်ကို ခါးသီးစွာခံယူမှတ်သားမိခဲ့ပါပြီ။နေ့ရောညပါ ဂနာမငြိမ် သည့် သောကစိတ်က သူ့ကိုဆင်းရဲခြင်းပေးနေပါ၏။ငြိမ်သက်ခြင်း၊ဝမ်းမြောက်ခြင်း ဟူ သည် သူ၌မရှိတော့ပြီ။မိမိ၏ရှေ့ရေးကားဝမ်းနည်ဖွယ်ရာ အမှောင်သက်သက်ဖြစ် နေ ချပြီ။

               သို့သော်လည်း ထာ၀ရဘုရားသခင်သည် မင်းကြီးအားစွန့်ပစ်မသွားခဲ့ပါ။ပြင်း ထန်သောတရားစီရင်ခြင်းနှင့် ဆုံးမပြစ်တင်ခြင်းအားဖြင့် ကိုယ်တော်ဘုရားသခင်သည် မင်းကြီးအား မိမိ၏ ပြုမိကျူးလွန်ခဲ့သောဘ၀ဟောင်းလုပ်ရပ်များကို ပြန်လည်သတိ ရစေပါ၏။ကိုယ်တော်ဘုရားသခင်သည် နိုင်ငံတော်အား ထိခိုက်နစ်နာစေသော ရန်ငြိုး ရန်စွယ်တို့ကို ခွင့်ပြုထားခြင်းဖြင့် မင်းကြီးကိုပြန်လည်၍ တရားရစေပါသည်။]ထာ၀ရ ဘုရားသခင်သည် ရှောလမုန်၌ ရန်ဘက်ပြုသောသူ ဧဒံအမျိုးသားဟာဒဒ်ကို နှိုးဆော် တော်မူ၏။}၎င်းအပြင်]ရှောလမုန်၏ ကျွန်တစ်ယောက်ဖြစ်သော နေဗတ်၏သားယေ ရောဗောင်သည်လည်း ရှင်ဘုရင်ကိုပုန်ကန်၏။သူသည် ခွန်အားကြီးသောစစ်သူရဲတစ် ဦးဖြစ်ပါသည်။} (၃ရာ ၁၁း၁၄၊ ၂၆-၂၈)။

 

ပုရောဖက်သတိပေးချက်တစ်ခုက မင်းကြီးကို နှိုးဆော်လိုက်ခြင်း

               နောက်ဆုံးတွင fပုရောဖက်တစ်ပါးက မင်းကြီးအားတုန်လှုပ်စေသည့် သတင်း တစ်ရပ်ကို လက်ဆင့်ကမ်းပြောကြားလိုက်ပါသည်။]သင်သည် ငါမှာထားသောတရားကို မစောင့်ဘဲနေသောကြောင့် နိုင်ငံတော်ကိုသင့်လက်မှ ငါဆက်ဆက်နုတ်၍ သင့်ကျွန် အားပေးမည်။သို့ရာတွင် သင့်အဘဒါဝိဒ်၏မျက်နှာကိုထောက်၍ သင့်လက်ထက်၌ ငါ သည်းခံဦးမည်။သင်၏သားလက်မှ နိုင်ငံတော်ကိုနုတ်မည်။} (ငယ် ၁၁၊ ၁၂)။

               ဤသို့ဘုရားသခင်၏တရားစီရင်ခြင်းအမှုကို မင်းကြီးကြားသိရလျှင် ညဉ့်အိပ် မက်ဆိုးတစ်ခုမှ နိုးထလာသည့်အလား မိမိ၏မိုက်မှားမှုများကို ပြန်လည်၍ ဆင်ခြင် မိလာပါသည်။ထိုအခါမှာတော့ မင်းကြီး၏စိတ်အာရုံစွမ်းအားစုတို့မှာ ပြန့်ကျဲကာ စိတ် တန်ခိုးကျဆင်း၍နေလေပြီ။အသက်အရွယ်မှာလည်း ဇရာထောင်းလာပြီမို့ အားအင် နည်းပါး၍နေ၏။သို့သော်လည်း မင်းကြီးသည် ပထဝီမြေကြီး၏ ပျက်သုဉ်းတတ်သော ချောင်းရေ၊ကန်ရေတို့ကို ကျောခိုင်းပြီး အထက်အရပ်မှလာသော သက်စမ်းရေကို ပြန်လည်၍ တစ်ကြိမ်တစ်ခါမျှသောက်သုံးရန် သဘောကျ ဆုံးဖြတ်လိုက်ပါသည်။ မိမိအလိုအားဖြင့် မိမိ၏မိုက်မှားမှုမှ ဘယ်သောအခါမျှ စွန့်ထွက်လာရန်စွမ်းအားမရှိ ဖြစ်ခဲ့သော်လည်း ယခုတွင်သူ့အားပေးသော သတိပေးသတင်းစကား၏ နောက်ကွယ် တွင် မျှော်လင့်ချက်ရောင်ခြည်သန်းနေကြောင်း မင်းကြီးသည်ခွဲခြား၍ သိမြင်နိုင်ခဲ့ ပါသည်။ထာ၀ရဘုရားသခင်သည် မင်းကြီးအားမြေသင်္ချိုင်းထက်သာ၍ ရက်စက်ကြမ်း ကြုတ်သောအနှောင်အဖွဲ့မှ ကယ်နုတ်ရန် အသင့်စောင့်ဆိုင်းနေပြီမဟုတ်လော။ထို ကယ်နုတ်ခြင်းကား လူသားတို့၏ခွန်အားဖြင့်မဟုတ်။ မိမိကိုယ်ကိုလည်း မကယ်နုတ်နိုင်။ ထာ၀ရဘုရားသခင်၏ ကျေးဇူးတော်တန်ခိုးသက်သက်သာ ဖြစ်ပါသည်တကား။

 

                             

မင်းကြီးသည် မိမိ၏အပြစ်ကို အသိအမှတ်ပြုခြင်း

               မိမိ၏အပြစ်အတွက်ကြေကွဲဝမ်းနည်း၍ နောင်တရသူ ရှောလမုန်မင်းကြီးသည် လဲရာမှထပြီး သန့်ရှင်းဖြူစင်သည့်အမှန်တရားလမ်းကြောင်းပေါ်သို့ မိမိ၏ခြေလှမ်းများ ကို ပြန်လည်လျှောက်နင်းစေခဲ့ပါသည်။(ဒေ ၅း၈)။ သူသည်မိမိကိုယ်ကိုအပြစ်၏ ဆိုးမွေ ရလဒ် တည်း ဟူသော ကျိန်ဆဲခြင်းRs လွတ်မြောက်ရန် ဘယ်သောအခါမျှ မမျှော် လင့်နိုင်ခဲ့ပါသော်လည်း မိမိ၏ မှားယွင်းသောလမ်းဆိုးများ အတွက်စိတ်နှလုံး နှိမ့်ချစွာ ဝန်ချတောင်းပန်ခဲ့ပါသည် မိမိ၏ မမှန်မကန်လမ်းပြရှေ့ဆောင်မှုကြောင့် အပြစ်နွံတွင်း နစ်မွန်းနေသူ တို့ကို ဆယ်၍မရနိုင်အောင် ဆုံးရှုံးခြင်းအဖြစ်သို့ မရောက်ရှိစေရန် ကိုလည်း တစ်ပါးသူတို့အား သတိပေးနှိုးဆော်ခဲ့ပါသည်။ မိမိကြောင့် လမ်းမှားကို လျှောက်လှမ်းခဲ့သူတို့အား လမ်းမှန်ပေါ်သို့ ပြန်လည်လျှောက်နင်းရန် အမှန်တကယ် နောင်တရသူမင်းကြီးသည် စဉ်းစားဆင်ခြင်မိပါသည်။သို့ဖြစ်၍ မင်းကြီးသည် မိမိ၏ လမ်းဆိုးများကို အကျယ်ချဲ့၍ အနက်ဖွင့်မနေတော့ဘဲ ဘေးရောက်နိုင်သည့် လက္ခဏာ များကို မီးမောင်းထိုးပြကာ တစ်ပါးသူတို့ သတိမူရန် အသိပေး၍သာ နေတော့၏။ ]အကယ်စင်စစ် လူသားတို့၏ စိတ်နှလုံးသည် ဇာတိ(အပြစ်) သဘောနှင့် ပြည်၀ကြောင်း၊}အဓမ္မလူ (အနိုင်အထက် ပြုကျင့်သူ)သည် အကြိမ်တစ်ရာတိုင်အောင် အဓမ္မအမှုကိုပြု၍ အသက်တာရှည်သော်လည်း ဘုရားသခင်ကို ကြောက်ရွံ့သောသူ တို့သည် ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏။အဓမ္မလူမူကား ဘုရား သခင့်ရှေ့တော်၌ မကြောက်ရွံ့သောကြောင့် ကောင်းသောအကျိုးကိုမခံရ။ အရိပ်နှင့် တူသော မိမိအသက်သည်လည်း မရှည်ရ။}(ဒေသနာ ၉း၃။ ၈း၁၁၊၁၃)ကြောင်းကို မင်းကြီးအသိအမှတ်ပြုနားလည်ခဲ့ပါ သည်။

               သန့်ရှင်းသောဝိညာဉ်တော် နှိုးဆော်မှုကိုခံရသောအားဖြင့် မင်းကြီးသည် မိမိ၏ အသုံးမရ၊ဖြုန်းတီးခဲ့သော နှစ်များနှင့်တကွ သတိပေးသင်ခန်းစာများကို သမိုင်းတွင် ကျန်ရစ်စေရန် မှတ်တမ်းတင်ပြုစုခဲ့ပါသည်။ဤသို့ပြုစုခဲ့သောကြောင့်လည်း မိမိ၏ အသက်တာတစ်လျှောက် လုပ်ဆောင်မှုများမှာ လုံးလုံးလျားလျားကြီး ပျောက်ဆုံး မသွားပါချေ။ မင်းကြီး၏ နေဝင်ချိန်နှစ်များတွင် မင်းကြီးသည် စိတ်နှလုံးနှိမ့်ချစွာဖြင့် ]တရားဟောဆရာသည် ပညာရှိသည်အတိုင်း၊ ပရိသတ်တို့အား ပညာအတတ်ကို သွန်သင်လေ့ရှိ၏။လုံ့လဝီရိယပြုလျက် များစွာသောပညာရှိစကားတို့ကို ရှာဖွေ၍စီရင် ၏။နားထောင်ဖွယ်သော စကားကိုရှာ၍ ရေးသားချက်စကားသည် ဖြောင့်မတ်သော စကား၊ မှန်ကန်သောစကားဖြစ်၏} ဟူ၍ လည်းကောင်း၊]အချုပ်အခြာစကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူ နှင့်ဆိုင်သော အမူအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။ အကြောင်းမူကား ဘုရားသခင် သည် ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍ အလုံးစုံသောအမှု၊ ကောင်းမကောင်း ရှိသမျှ တို့ကို စစ်ကြော၍ တရားသဖြင့် စီရင်တော်မူလတ္တံသတည်း} ဟူ၍လည်းကောင်း နောင် လာနောက်သား ကမ္ဘာ့လူမျိုးနွယ်အပေါင်းတို့အား သွန်သင်ခဲ့ပါသည်။ (ဒေ ၁၂း၉၊ ၁၀၊ ၁၃၊၁၄)။

 

                              ပျိုရွယ်မောင်မယ်များအတွက် အကြံပြုချက်

               ရှောလမုန်မင်းကြီး၏ ပြုစုထားသော နှောင်ပိုင်းစာပေများကို သုံးသပ်ကြည့် သော် မိမိ၏ဆိုးသွမ်းယုတ်ညံ့မှုများကို ပိုမို၍ သတိပြုမိလာသည်နှင့်အမျှ လူငယ် လူရွယ်တို့အား တရားလမ်းမှ မလွဲချော်သွားအံ့သောငှါ အထူးသဖြင့် သတိပေးထားပါ သည်။မိမိအနေဖြင့်မူကား ဘုရားသခင်ပေးသနားတော်မူသည့် အထူးကောင်းမွန် သော ဆုကျေးဇူးများစွာကိုဖြုန်းတီးပစ်ခဲ့ပြီ မဟုတ်ပါလား။ မိမိကဲ့သို့ နောင်လာနောက်သားတို့ မကြုံတွေ့ရလေအောင် မင်းကြီးသည် ကြေကွဲဝမ်းနည်း၍ အရှက်ကြီးစွာဖြင့် မိမိ၏ အပြစ်များကို ဖော်ပြဝန်ချတောင်းပန်ခဲ့ပါပြီ။လူယောက်ျား လသားအရွယ်ကောင်းမှာ ထာ၀ရဘုရားသခင်ကို ရှာဖွေ၍ မိမိ၏နှစ်သိမ့်ရာအသက်တာ၏ ဘက်စုံအထောက် အပံ့ကို ကိုယ်တော်၌ ရယူပိုင်ဆိုင်ထားရမည့်အစား သူသည်ထာ၀ရဘုရားသခင်နေ ရာမှာ ကိလေသာတဏှာပျော်ပါးမှုနှင့်ရောပြွမ်းသော ယဇ်နတ်ဘုရားပူဇော်ပသကခုန် မြူးထူးမှုကို ရှေ့တန်းတင်ခဲ့ပါသည်။ယခုမှာတော့ မင်းကြီးသည် သူ့ခြေရာနင်းသူလူကြီး၊ လူငယ်၊လူရွယ် လူလတ်တို့သည် သူ့ကဲ့သို့ ခါးသီးသောအတွေ့အကြုံမျိုးကို မခံစား ရလေအောင် ကယ်နုတ်လိုသောစိတ်သည် တဖွားဖွားရှင်သန်လျက် ရှိနေပါတော့သည်။

               သို့ဖြစ်၍ မင်းကြီးသည်ဝမ်းနည်းဝမ်းသာဝေဒနာစကားလုံးများဖြင့် ပျိုရွယ်မောင် မယ်တို့အား လူ့ဘ၀အနှစ်သာရကိုစစ်ယူတတ်ရန် ဤသို့တရားပေးခဲ့ပါ၏။ ]အချင်း လူပျို၊အသက်ပျိုသောအခါ ပျော်မွေ့လော့။အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ကိုယ်အလိုရှိရာလမ်းနှင့် ကိုယ်ဉာဏ်ဖြင့်သာ လမ်းသို့လိုက်လော့။သို့ရာတွင် ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍ သင့်ကိုအပြစ်ပေးတော်မူမည်ဟု အောက် မေ့လော့။သို့ဖြစ်၍ စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့် ကိုယ်ဆင်းရဲခြင်းအ ကြောင်းကို ပယ်ရှားလော့။အသက်ငယ်ခြင်းအရာနှင့်အရွယ်ပျိုခြင်းအရာသည် အလကား(အချည်း နှီး)ဖြစ်၏။} (ဒေ ၁၁း၇၊ ၁၀)။

               ]ငါနေ၍ မပြောနိုင်ဟု ဆိုရသောကာလသည် မနီး၊ ဆိုးသောကာလမရောက်မီ၊ ယခုအသက်ပျိုစဉ်အခါပင်၊ သင့်ကိုဖန်ဆင်းတော်မူသော အရှင်ကို အောက်မေ့လော့။} (ဒေ ၁၂း၁၊၇)

ရှောလမုန်မင်းကြီး၏အသက်တာသည် သတိပေးချက်များနှင့်ပြည့်လျက်နေ၏။မင်းကြီး သည် မယိုင်မလဲမြဲမြံကြံ့ခိုင်သော ပျဉ်းမပင်ကဲ့သို့ အကျင့်အရာမှာ ရှိနေရမည့်အချိန်မှာ စုံစမ်းသွေးဆောင်ခြင်း၏ ဆွဲဆောင်နိုင်မှု တန်ခိုးအောက်မှာ စုံးစုံးမြုပ်လျက်နေခဲ့ပါ သည်။ခွန်အားပမာဏ အမြင့်ဆုံးရှိနေအပ်သည့်အချိန်မှာ မင်းကြီး၏ခန္ဓာ၊ဝိညာဉ်နှစ်ပါး စလုံးမှာ အားအင်အနည်းဆုံးဖြစ်နေပါ၏။ဤသည်ကို ထောက်ရှု၍ သက်ကြီး၊ သက်ငယ်၊ လူရွယ်လူလတ်အပေါင်းတို့သည် အသက်ကိဉာဏ်စောင့်၍ ဆုတောင်းမှုတစ်ခုကို အ စဉ်ပြုနေပါမှ လုံခြုံနိုင်မည်ဖြစ်ပါသည်။ကိုယ်တွင်းထဲက ဇာတိသဘောနှင့်ကိုယ်ပြင်ပမှ ဖြားယောင်းသွေးဆောင်မှု တိုက်ပွဲများတွင် ပညာရှိ၍ တန်ခိုးကြီးသောရှောလမုန် မင်းကြီးသော်မှ ကျဆုံးခဲ့ရရှာ၏။ကျွန်ုပ်တို့မူကား အဘယ်ဆိုဖွယ်ရှိတော့ အံ့နည်း။သို့ ဖြစ်၍ မင်းကြီး၏ကျဆုံးမှုကိုထောက်သော်လူသည် မည်မျှပင်ပညာကြီး၍ စွမ်းဆောင် နိုင်မှုများကာ ထာ၀ရဘုရားသခင်ကို သစ္စာကတိတည်လျက် ယုံကြည်ကိုးစားခဲ့သော လည်း လူသည် မိမိ၏ပညာဉာဏ်နှင့် သမာဓိဂုဏ်ကို အားကိုး၍မရနိုင်ကြောင်း ကျွန်ုပ်တို့ရှင်းလင်းစွာ သိနားလည်ရပါသည်။ ( လုကာ ၁၀း၂၇)။

 

 

               ရှေးဣသရေလလူမျိုးတို့ကိုပေးခဲ့သော ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက် ပညတ်စကားတို့သည် ယခုခေတ်အခါမှာလည်း အလေးစီးလျက်ရှိပါသောကြောင့် နားထောင်ရကြပါမည်။(ဟေရှာ ၃၃း၆)။]သို့ဖြစ်၍ ထိုပညတ်တရားတို့ကို ကျင့်စောင့် ကြလော့။သို့ပြုလျှင် ထိုပညတ်တရားရှိသမျှတို့ကို ကြားရသောလူမျိုးများရှေ့မှာ သင်တို့၏ဉာဏ်ပညာသည် ထင်ရှားလိမ့်မည်။}(တရားဟော ၄း၆)။လူတစ်ဦးချင်းစီ၏ တည်ကြည်ဖြောင့်မတ်ခြင်း၊ အိမ်ထောင်စုအတွင်း ဖြူစင်သန့်ရှင်းခြင်း(သို့)တိုင်းပြည်၏ တည်ငြိမ်၀ပြောခြင်းတို့ အတွက် ဤတစ်ခုတည်းသော ]ဘေးကင်းရန်ကွာနည်းလမ်းမှာ} ]ထာ၀ရဘုရားသခင် ၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍} ]ကျင့်သော သူ သည် လှုပ်ရှားခြင်းနှင့် အစဉ်အမြဲကင်းလွတ်လိမ့်သတည်း။} (ဆာလံ ၁၉း၊ ၁၅း၅)

 

နားထောင်ကျင့်သုံးမှသာလျှင် ဖောက်ပြန်မှုနှင့် ကင်းရှင်းမည်ဖြစ်ခြင်း

               ရှောလမုန်မင်းကြီး၏ဖောက်ပြန်မှုမျိုးမဖြစ်ပေါ်ရေးအတွက် သတိပေးချက်ကို ဂရုပြုအလေးထားသူတိုင်း မင်းကြီးအားကျဆုံးစေသည့်ပြစ်များတို့တွင် ပထမဦးဆုံး ချဉ်းကပ်လာသည်သွေးဆောင်ဖြားယောင်းမှုကို ဝေးဝေးမီရှောင်ရှားရပါလိမ့်မည်။ဘုရား သခင်၏တောင်းဆိုမှုများကို နားထောင်ကျင့်သုံးမှသာလျှင်လည်း လူသည် ဖောက်ပြန်မှု အပေါင်းမှ လွှတ်ကင်းနိုင်မည်ဖြစ်၏။လူသည် အသက်ရှင်နေသမျှ ကာလပတ်လုံး မိမိ၏ချစ်ခင်မြတ်နိုးမှုနှင့် သွေးသားအာရုံငါးဖြာတပ်မက်မှုတို့ကို ပညာသတိနှင့်ထိန်း ချုပ်ရာ၏။အကယ်၍သာကျွန်ုပ်တို့သည် သခင်ခရစ်တော်၌ အကာအကွယ်ယူထား သော အသက်တာမျိုးဖြစ်သည့် ထာ၀ရဘုရားသခင်ကို ခိုလှုံအားကိုးခြင်းမရှိမှုက တစ်မိနစ်၊တစ်စက္ကန့်မျှ လုံခြုံနိုင်မည်မဟုတ်ပါ။ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ဝေးကွာ သွားနိုင်၏။ဘုရားသခင်နှင့် ဝေးဝေးနေသောသူသည်လည်းပျက်စီးရ၏။သို့ဖြစ်၍ ကျွန်ုပ် တို့သည် ဘုရားသခင်ကိုတောင့်တမျှော်လင့်၊စောင့်ဆိုင်းလျက် ဘုရားသခင်ထံမပြတ် ဆုတောင်းနေပါမှ အသက်တာသန့်ရှင်းဖြူစင်မှုအတွက် လုံခြုံရေး အကာအကွယ်ကို ရရှိပါလိမ့်မည်။

 

               ဘုရားသခင်၏ရွှေမြို့တော်သို့ ဝင်ရောက်နိုင်ခွင့်ရှိသူတိုင်းသည် ဖြောင့်စင်း သော လမ်းမကြီးအတိုင်းဝင်သွားရပါလိမ့်မည်။ ]ညစ်ညူးသောအရာ၊စက်ဆုပ်ဖွယ်သော အရာ ကတိသစ္စာပျက်သောအရာ တစ်စုံတစ်ခုမျှမဝင်ရပါ။}(ဗျာဒိတ် ၂၁း၂၇)။သို့သော် လည်း မိမိအပြစ်အတွက် ဝမ်းနည်းကြေကွဲ၍ နောင်တတရားရရှိသူများကား စိတ်မ ပျက်ရပါ။ဘုရားတရားကြည်ညိုခဲ့သော်လည်း အသက်အရွယ်နုငယ်စဉ် မိမိ၏အာရုံ ငါးဖြာအား ကိလေသာတဏှာဘီလူးကြီး၏လက်တွင်းသို့ အပ်နှင်းမိသဖြင့် ပျက်စီး ခဲ့ရပါသော်လည်း နောင်တတရားရ၍ အပြစ်ကိုစွန့်လွှတ်ကာ ဘုရားသခင်ထံတော်ပါးသို့ ပြန်လည်ချဉ်းကပ်သူ သက်ကြီးရွယ်အိုများအတွက်သော်မှ မျှော်လင့်ခြင်းရှိပါသည်။ ]ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊မတရားသောသူသည် မိမိအကြံတို့ကို လည်းကောင်း စွန့်ပစ်၍ ထာ၀ရဘုရားသခင်ထံတော်သို့ပြောင်းလဲပါစေ။သို့ပြုလျှင် သနားတော်မူလိမ့်မည်။ငါတို့ဘုရားသခင်ထံတော်သို့ ပြောင်းလဲပါစေ။သို့ပြုလျှင် အထူး သဖြင့် အပြစ်ကိုလွှတ်တော်မူလိမ့်မည်။ ။}(ဗျာဒိတ် ၂း၁၀)။ }(ဟေရှာယ ၅၅း၇)။ ထာ၀ရဘုရားသခင်သည် အပြစ်ကို ရွံ့ရှာမုန်းတီးပါသော်လည်း အပြစ်သားများအား ချစ်မြတ်နိုးသည်ကို အကျွန်ုပ်တို့ စွဲလမ်းသင့်ပါ၏။ သို့ဖြစ်၍ အပြစ်ကို ငရဲမီးဖြင့် ဖျက်ဆီးပစ်သောအခါမှာ အပြစ်နှင့် အတူ ကျွန်ုပ်တို့ပါမသွားရန် ယေရှုခရစ်တော်ကို ယုံကြည်နားထောင်ပါ။(ဟောရှေ ၁၄း၄)။

 

                              ရှောလမုန်မင်းကြီး၏ ဖောက်ပြန်မှုနှင့် နှီးနွယ်သောဆိုးမွေများ

               ရှောလမုန်မင်းကြီး၏ မိုက်နောင်တကားစစ်မှန်ပါသည်။သို့သော်လည်း မင်းကြီး ပြုခဲ့ပြီးသော ပုံပမာဆိုးမွေများကြောင့် ထိခိုက်နစ်နာမှု ဘေးဥပဒ်တော်များစွာဖြစ်ခဲ့ သည်။မင်းကြီးသည် တရားလမ်းမှ သွေစည်ဖောက်ပြန်ခဲ့စဉ်ကာလအတွင်း နိုင်ငံတော် တွင် ဖြူစင်၍ သစ္စာကတိတည်ကြည်မြဲမြံသူများရှိပါသေး၏။သို့သော်လည်း နတ်ဘုရား ဝတ်ပြုကိုးကွယ်မှု စရိုက်ဆိုး၏စွမ်းအားစုများနှင့်လောကဆန်ဆန် အာရုံငါးပါးအရသာ ခံသော အလေ့အကျင့်များမှာ လွယ်လွယ်နှင့်မပပျောက်နိုင်သဖြင့် မိမိ၏အပြစ်အ တွက်ကြေကွဲဝမ်းနည်းကာ နောင်တရသောမင်းကြီးအဖို့ များစွာစိတ်မကောင်းဖြစ်ခဲ့ ရသည်။ယခုတော့ မင်းကြီးသည် ပြန်လည်ပြုပြင်ရေးအတွက် များစွာအင်အားနည်းပါး နေလေပြီ။မင်းကြီး၏ ဦးဆောင်မှုအောက်တွင် လူများစွာတို့သည် စိတ်ချလက်ချနေခဲ့ ကြ၏။မိမိ၏မှားယွင်းသောလုပ်ရပ်များကြောင့် ပေါ်ထွက်လာသော ဘေးဥပဒ်လွှမ်းမိုး မှုကို လုံးလုံးဖျက်ဆီးဖို့ရန် မျှော်လင့်၍မရနိုင်တော့ချေ။ဖေါက်ပြန်မှုအားဆေးရည်ကို သောက်သုံးမိသူတိုင်း အပြစ်မပြုလျှင် မနေနိုင်တော့ပြီ။ဤသို့လျှင် မင်းကြီး၏ခြေရာ တော်အတိုင်း လိုက်လျှောက်သူနောင်လာလတ္တံ့သော မင်းမျိုးမင်းနွယ်များတို့သည် လည်း ဘုရားသခင်ပေးဩဇာတန်ခိုးများကို အလွဲလွဲအမှားမှားသုံးမိကြသဖြင့် စိတ်ပျက် စရာခရီးစဉ်မှာ ဆုံးဦးတော့မည်မဟုတ်ပါလား။

               သို့ဖြစ်၍ ကြေကွဲဝမ်းနည်းလှသောရှောလမုန်မင်းကြီးသည် ဤသို့ဆိုပြန်သည်။ ]ပညာသည် စစ်လက်နက်ထက်သာ၍ကောင်းမြတ်၏။အပြစ်ကို ပြုသောသူသည်လည်း ကောင်းသောအမှုအများကို ဖျက်ဆီးတတ်၏။}]အထုံသမားလုပ်သောနံ့သာဆီကို သေ သော ယင်ကောင်သည် နံစေသကဲ့သို့ အနည်းငယ်သောအမိုက်သည် ပညာနှင့်ဂုဏ် အသရေထင်ရှားသောသူကို ထို့အတူဖြစ်စေတတ်၏။} (ဒေ ၉း၁၈၊ ၁ဝး၅၊ ၆၊၁)။

               ကျွန်ုပ်တို့၏အတွင်းစိတ်စေခိုင်းသည့်အတိုင်း ဆောင်ရွက်မှုဩဇာသက်ရောက် ခြင်းမှန်သမျှသည် တစ်ပါးသူတို့အဖို့ ကောင်းချီးမင်္ဂလာ(သို့မဟုတ်) ဆိုးကျိုးဖြစ်စေ သည်ကို ကျွန်ုပ်တို့သတိချပ်သင့်ပါ၏။မကျေနပ်သော စိတ်နှင့်တစ်ကိုယ်ကောင်းဆန် ခြင်းအမှု၊(သို့တည်းမဟုတ်) ကြိုက်နှစ်သက်နေဆဲ သေစေလောက်သော အပြစ်၏ အဆိပ်အတောက်တို့သည်လည်းကောင်း၊လူအသက်တာကို အားသစ်လောင်းစေသည့် ယုံကြည်ခြင်းတန်ခိုး၊ရဲစွမ်းသတ္တိနှင့် မျှော်လင့်ခြင်း၊ ချစ်ခြင်းရနံ့နှင့် သင်းထုံနေသော စကား သကာရည်တို့သည်လည်းကောင်း ဆိုးမွေအတွက်(သို့မဟုတ်) ကောင်းမွေ အတွက် ပေးစွမ်းနိုင်သော တန်ခိုးအာနိသင်ပင်ဖြစ်ပါသည်။

 

 

               အသက်ဝိညာဉ်တစ်လုံး လမ်းမှားသို့ရောက်သွားပြီဆိုလျှင် ထိုဆုံးရှုံးနစ်နာ မှုကြီးအတွက် မည်သူသည်တန်ဖိုးမြတ်နိုင်ပါသနည်း။ကြမ်းတမ်းသောစကား၊ ရက်စက် သောလုပ်ရပ်၊မဆင်မခြင်ပြောဆိုလိုက်သော ဝေဖန်ပြစ်တင်မှုအားဖြင့်လည်း တစ်ပါး သူ၏အသက်ဝိညာဉ်သည် ပျက်စီးခြင်းသို့ရောက်သွားနိုင်၏။လူတစ်ဦး၏ အကျင့်စွန်း ထင်းမှုတစ်ခုအားဖြင့် တစ်ပါးသူမြောက်မြားစွာသည် ခရစ်တော်ထံမှ ဝေးကွာသွားနိုင် ပါသည်တကား။

               ဆောင်ရွက်မှုတိုင်းနှင့်ဆိုစကားတိုင်းတို့တွင် အသီးအပွင့်ဟူသည်ရှိ၏။ကြင်နာ သနားမှု၊ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊နားထောင်ကျင့်သုံးမှုတို့သည် တစ်ပါးသူတို့၌ ပြန် လည်၍ မျိုးဆက်သစ်ကို ဆက်လက်ရှင်သန်စေသကဲ့သို့ မနာလိုဝန်တိုမှုနှင့်အမုန်း တရားပွားခြင်း၊သင်းခွဲခြင်းတို့သည်]ခါးစွာသောပင်မြစ်} ကို ပေါက်စေသဖြင့် လူအမျိုးကို အပြစ်နှင့်ညစ်ညူးစေပါသည်။ (ဟေဗြဲ ၁၂း၁၅)။ ထိုကြောင့် ]ကောင်းသော စရိုက်မျိုး စေ့ကို ဖြန့်ကြဲသည်ဖြစ်စေ၊ ဇာတိပကတိစိတ်သဘောဆောင်မျိုးစေ့ကိုကြဲသည်ဖြစ်စေ မျိုးစေ့ကြဲခြင်းသည် ယခုဘ၀အတွက်မက နောင်ဘ၀ထာ၀ရကာလပတ်လုံးအတွက် အဆုံးအဖြတ်ပေး ကြောင်းကို ကျွန်ုပ်တို့သိနားလည်စွဲလမ်းအပ်ပါသည်။}

 

No comments:

Post a Comment