Tuesday, March 10, 2026

အခန်း (၈)

နိုင်ငံတော်သားများ၏ မှောက်မှားမှုကြောင့်ပျက်စီဆုံးပါးရခြင်း

               ယေရောဗောင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အိပ်ပျော်ချိန်မှစ၍ အာဟပ်မင်း ရှေ့တော်မှောက်မှာ ပုရောဖက်ဧလိယက မိမိကိုယ်ကိုပြသည့်အထိ ဣသရေလ လူမျိုးတို့သည် တဖြည်းဖြည်းနှင့်ဝိညာဉ်ရေးရာမှာကျဆင်းလာသည်။တိုင်းသူပြည်သား အများစုမှာလည်း အသက်ရှင်သောထာ၀ရဘုရားသခင်ကို မကိုးကွယ်ကြတော့ဘဲ မျက်ခြည်ပြတ်ကာ ယဇ်နတ်ပူဇော်ပသကိုးကွယ်ခြင်း အလေ့အထကို ပြောင်းလဲပြုလုပ် ကြသည်။

               ယေရောဗောင်မင်းကြီး၏ သားတော်နာဒပ်သည် ခမည်းတော်အရာ၌ ရာဇ ပလ္လင်တော်ကို ဆက်ခံသည်မှာ မကြာသေးပါ။လပိုင်းအနည်းငယ်အတွင်းမှာပင် သူ၏ မင်းဆက်ဆွေစဉ်မျိုးဆက်အားလုံးမှာ ရုတ်တရက်လုပ်ကြံခံလိုက်ရသည်။ ]ထာ၀ရ ဘုရားသခင်သည် မိမိကျွန်ရှိလောမြို့သားအဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း ယေရောဗောင်အမျိုးကို မဖျက်မီတိုင်အောင် အသက်ရÈသောသူတစ်ယောက်ကို မျှမခန့် မထား။အကြောင်းမူကား ယေရောဗောင်သည် ကိုယ်တိုင်ပြစ်မှားသောအပြစ်နှင့် ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသောအပြစ်အားဖြင့် ဣသရေလအမျိုး၏ ထာ၀ရ ဘုရားသခင်၏ အမျက်တော်ကို နှိုးဆော်သော အကြောင်းတည်း။}  (၃ရာ ၁၅း၂၉၊ ၃၀)။

               ယေရောဗောင်စတင်ခဲ့သော ယဇ်နတ်ဘုရားပူဇော်ပသကိုးကွယ်ခြင်းအမှုကို ကောင်းကင်နိုင်ငံတော်မှ တရားစီရင်ခြင်းဖြင့် အကျိုးပြစ်ကိုဆပ်ပေးခဲ့လေပြီ။သို့တိုင် အောင်လည်း နောင်လာလတ္တံသော မင်းဆက်များဖြစ်သည့် ဗာရှာ၊ ဧလာ၊ ဇိမရိ နှင့် ဩမရိတို့သည် အထက်ကဘုရင်များနည်းတူ ဘုရားသခင်မကြိုက်မနှစ်သက်သော မှားယွင်းသည့်အမှုမျိုးစုံ ကို ဆက်လက်ကာလုပ်ဆောင်ကြပေသည်။

 

 

                              အာသမင်းကြီး၏ သာယာသော နိုင်ငံ

               ထိုသို့သောအချိန်အခါမျိုးမှာ အာသသည် ယုဒပြည်ကိုစိုးစံသည်။ထိုမင်းသည် ]မိမိထာ၀ရဘုရားသခင်ရှေ့တော်၌ ကောင်းသောအမှု၊ဖြောင့်မတ်သောအမှု တို့ကို ပြုလေ၏။တစ်ပါးအမျိုးသားဘုရား၏ ယဇ်ပလ္လင်တို့ကိုပယ်ရှား၏။ ယုဒလူတို့သည် ဘိုး ဘေးတို့၏ ထာ၀ရဘုရားသခင်ကိုရှာ၍ ပညတ်တရားကိုစောင့်ရှောက်မည် အကြောင်း မိန့်တော်မူ၏။နိုင်ငံတော်ရေးမှာသာယာလျက် ရှိပါသည်။} (၆ရာ ၁၄း၂-၅)

               ဤတွင် အာသမင်းကြီး၏ယုံကြည်ခြင်းကို စမ်းသပ်သည့်အမှုကြီးတစ်ခု ပေါ် ပေါက်လာသည်။အဲသီရောပိလူ ]ကုရှရှင်ဘုရင်ဇေရသည် စစ်သူရဲတစ်သန်း၊ရထား သုံးရာ}နှင့်တကွ နိုင်ငံတော်သို့စစ်ချီလာသည်(ငယ် ၉)တွင် အာသမင်းသည် နိုင်ငံ တော်ငြိမ်ဝပ်နေစဉ် တစ်ပြည်လုံး၌တည်ဆောက်ထားသော ခိုင်ခံ့သည့်မြို့တို့ကိုသော် လည်းကောင်း ]မြို့ရိုး၊ ပြအိုး၊ တံခါး၊ ကန့်လန့်ကျင်} တို့ကိုသော်လည်းကောင်း၊ ]ကိဒုန် နှင့်လှံကို ကိုင်သောခွန်အားကြီးသော စစ်သူရဲများ} ကိုသော်လည်းကောင်း မအားကိုးပါ။ (ငယ် ၆-၈)။ ရှင်ဘုရင်သည် ယေဟောဝါဘုရားကိုသာ အားကိုးခဲ့ပါ၏။မင်းကြီးသည် မိမိ၏တပ်မဟာတို့ကို တိုက်ပွဲအတွက် ခင်းကျင်းပြီးသော် ထာ၀ရဘုရားသခင်ထံ တော်မှာ အကူအညီကို တောင်းလျှောက်ခဲ့ပါသည်။ (ငယ် ၆-၈)။

 

                              ထာ၀ရဘုရားသခင်ကို အားကိုးခြင်းဖြင့် အောင်ပွဲဆင်နိုင်ခဲ့ခြင်း

               ယခုမှာတော့ ဆန့်ကျင်စစ်တပ်နှစ်ဖက်သည် တစ်ဖက်နှင့်တစ်ဖက် မျက်နှာ ချင်းဆိုင်နေကြလေပြီ။ တပ်သားတို့သည် မိမိတို့အပြစ် ရှိသမျှတွေကို ဖော်ပြဝန်ချ တောင်းပန်ခဲ့ကြပြီလော။ ယုဒသည် ထာ၀ရဘုရားသခင်၏ လုံး၀ဥဿုံ ကယ်တင်နိုင် မည်ဟူသောတန်ခိုးတော်ကို စိတ်ချယုံကြည်နိုင်ပြီလော။လူ့အမြင်နှင့်မူကား အီဂျစ်တပ် မဟာသည် မိမိရှေ့မှောက်မှာရှိသော ဘယ်အရာကို မဆိုမြေလှန်ပစ်လိုက်မည့်ပုံပေါ်နေ

ပါသည်။သို့သော်လည်း အာသမင်းကြီးမှာ အေးအေးဆေးဆေးပင်ဖြစ်၏။ဤကဲ့သို့ သောအချိန်မျိုးတွင် မင်းကြီးသည် ပျော်ပါးမှုနှင့်စည်းစိမ်ကြီးငယ် ခံစားမှုကို ရှောင်သည်။ အကြောင်းရင်းကား မင်းကြီးသည် ဤသို့သော အရေးကြီးချိန်မှာပြင်ဆင်ထားရှိမှုကို တော့လုပ်သည်။မိမိ၏ စစ်သူရဲတို့ကို အရေးကြုံရှုပ်ထွေးနေစဉ်ကာလအတွက် လေ့ ကျင့်ပေးထားခဲ့ပြီးဖြစ်၏။မိမိ၏လူတို့ကို ထာ၀ရဘုရားသခင်နှင့်အကျွမ်းဝင် မိတ်သဟာ ယဖွဲ့ရန်ကြိုးစား၍ ရှေ့ဆောင်ပေးခဲ့ပြီမဟုတ်လော။ယခုမှာမင်းကြီး၏ ယုံကြည်ခြင်း သည် လားလားမျှ လျော့ပါးမသွားပါချေ။

               မင်းကြီးသည် နိုင်ငံတော်အေးချမ်းသာယာ၀ပြောနေချိန်မှာ ထာ၀ရဘုရား သခင်ကို စေ့စေ့ရှာဖွေခဲ့သည်ဖြစ်သောကြောင့် ယခုလို နိုင်ငံတော်အကျပ်ကိုင်ခံနေရ စဉ် ခက်ခဲရာအချိန်မှာလည်း ထာ၀ရဘုရား၌ မှီခိုလျက်နေပါသည်။ ]အိုထာ၀ရဘုရား သခင်၊ကိုယ်တော်သည် အားနည်းသောသူကိုကယ်တင်ခြင်းငှါ တတ်နိုင်တော်မူသည် ဖြစ်၍ ကယ်တင်တော်မူပါ။အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမတော်ကိုအမှီ ပြုလျက် ဤအလုံးအရင်းကြီးကို တိုက်ခြင်းငှာသွားပါ၏။ လူသည် ကိုယ်တော်ကိုနိုင် သောအခွင့်ရှိစေတော်မမူပါနှင့်ဟု အာသမင်းကြီးဆုတောင်းသည်ဖြစ်၍ ထာ၀ရဘုရား သခင်သည် အဲသီရောပိလူတို့ကို အာသနှင့်ယုဒလူတို့ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့် သူတို့သည်ပြေးကြ၏။ ထာ၀ရဘုရားသခင်နှင့်ဗိုလ်ခြေတော်ရှေ့မှာ ဖျက်ဆီးခြင်းကိုခံရ ကြ၏။} (ငယ် ၁၁-၁၃)

               အောင်ပွဲခံတပ်မဟာကြီးသည် နေပြည်တော်ယေရုရှလင်မြို့သို့ ပြန်လာသော အခါတွင်ကား ]ဘုရားသခင်၏ဝိညာဉ်တော်သည် ဩဒက်သား အာဇရိအပေါ်သို့ သက်ရောက်၍ အာဇရိသည် အာသမင်းကိုကြိုဆိုခြင်းငှါသွားလျက် သင်တို့သည် ထာ၀ရဘုရားသခင်ဘက်၌နေလျှင် နေစဉ်ကာလ ထာ၀ရဘုရားသခင်ကိုရှာလျှင် အ တွေ့ခံတော်မူမည်။ စွန့်လျှင် သင်တို့ကိုစွန့်တော်မူမည်။}]သင်တို့မူကား အားယူကြ လော့။လက်အားမလျော့စေနှင့်။ သင်တို့ကျင့်သည်အတိုင်း အကျိုးကိုခံရကြမည်ဟု မြွက်ဆို၏။} (၆ရာ ၁၅း၁၊ ၂၊ ၇)။

 

 

               ဤစကားကြောင့်အာသမင်းသည် စိတ်အားကြီး၍ ရဲရင့်လာကာ ဒုတိယခြေ လှမ်းဖြစ်သည့် နိုင်ငံတော်အတွင်းသာသနာသန့်စင်ရေးကို လုပ်ဆောင်ပါတော့သည်။ မင်းကြီးသည် ]စက်ဆုပ်ဖွယ်သောအရာရှိသမျှတို့ကို ယုဒပြည်နှင့်ဗင်္ယာမိန်ပြည်အ ရပ်ရပ်တို့မှပယ်ရှား၍ ဗိမာန်တော်ဦးရှေ့တွင်ရှိသော ထာ၀ရဘုရားသခင်၏ယဇ်ပလ္လင် ကို ပြုပြင်လေ၏။}]ဘိုးဘေးတို့၏ ထာ၀ရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ မည်ဟူ၍လည်း ကျိန်ဆို၍ဝန်ခံခြင်း ပဋိညာဉ်ကိုဖွဲ့ကြ၏။}ထိုသို့ ]ထာ၀ရဘုရားသခင် ကို ရှာသောကြောင့် အတွေ့ခံတော်မူ၏။} (ငယ် ၈၊၊  ၁၂၊ ၁၅)။

               ဤသို့အာသမင်းသည် ကာလကြာမြင့်စွာ ထာ၀ရဘုရားသခင်၍ သစ္စာတည်၍ အမှုတော်ကို ဆောင်ရွက်ခဲ့သည်တွင် တစ်ခုသောဖြစ်ရပ်၌ အမှားတချို့ကို ကျူးလွန် မိခဲ့ပါသည်ဖြစ်ပုံမှာ ဤသို့တည်း။မြောက်ပိုင်း နိုင်ငံတော်ဣသရေလရှင်ဘုရင်ဗာရှာ သည် ယုဒပြည်သို့စစ်ချီ၍ ယေရုရှလင်မြို့တော်နှင့်ငါးမိုင်သာကွာဝေးသော ရောမမြို့ ကိုဝိုင်းထားလေ၏။ထိုအခါ အာသမင်းသည် ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာ တည်းဟူသော ရွေ၊ ငွေ ရှိသမျှကိုထုတ်ယူ၍ ဒမာသက်မြို့၌ နေသာ ရှုရိရှင်ဘုရင် ဗဟာဒဒ်ထံပေးလိုက်၍ စစ်ကူတောင်းလေ၏။ဤသို့အာသမင်းသည် ထာ၀ရဘုရား သခင်ကို ဆက်လက်၍အားကိုးရမည့်အစား လူမင်းကိုအားကိုးသောကြောင့် ပုရော ဖက်ဟာနန်သည် ယုဒရှင်ဘုရင်အာသထံသို့လာ၍ ဤသို့သတင်းပေးပို့၏။ ]ကုရှလူနှင့် လိဗုလူတို့သည် ရထားများ၊မြင်းစီးသူရဲများနှင့်တကွ အားကြီးသောအလုံးအရင်း ဖြစ်သညမဟုတ်လော။သို့သော်လည်း မင်းကြီးသည် ထာ၀ရဘုရားသခင်ကို ခိုလှုံ သောကြောင့် ထိုအလုံးအရင်းကို မင်းကြီးလက်သို့အပ်နှံတော်မူပြီ။ ထာ၀ရဘုရား သခင်သည် စုံလင်သော စေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှါ မြေကြီးတစ်ပြင်လုံးကို အနှံအပြားကြည့်ရှုလျက်ရှိတော်မူ၏။ ဤအမှု၌ မင်းကြီးသည် မိုက်စွာပြုပြီ။ ယခုစ၍ စစ်မှုသည် ရှိလိမ့်မည်။} (၆ရာ ၁၆း၈၊၉)။

 

 

               ထိုသို့ဆိုသောကြောင့် အာသမင်းသည် ထာ၀ရဘုရားသခင်ရှေ့တော် မှောက် မှာ ကိုယ်ကိုနှိမ့်ချရမည့်အစား ]ပုရောဖက်ကိုအမျက်ထွက်၍ ထောင်ထဲမှာလှောင် ထား၏။ထိုကာလ၌ ပြည်သူပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ၏။} (ငယ် ၁၀)။

               အာသမင်း ]နန်းစံသုံးဆယ့်ကိုးနှစ်တွင် ခြေတော်၌ အနာရောဂါစွဲ၍ ပြင်းထန်စွာ ခံရသော်လည်း ထာ၀ရဘုရားသခင်ကို မဆည်းကပ်၊ ဆေးသမားတို့ကိုသာ ဆည်း ကပ်လေ၏။}(ငယ် ၁၂)။ အာသသည် နန်းစံလေးဆယ့်တစ်နှစ်တွင် ဘိုးဘေးတို့နှင့် အိပ် ပျော်အနိစ္စရောက်၍ သားတော်ယောရှဖတ်သည် ခမည်းတော်အရာ၌ နန်းထိုင်ခဲ့ပါ သည်။

 

                              အာဟပ်မင်းဆိုး၏ အုပ်စိုးမှု အောက်ဝယ်

               ယုဒရှင်ဘုရင် အာသမင်းအနိစ္စမရောက်မီ နှစ်နှစ်အလိုတွင် ဣသရေလ ရှင်ဘုရင်အာဟပ်မင်းတက်သည် ထိုမင်း၏အုပ်စိုးမှုစတင်သည်နှင့် ထူးဆန်း၍ကြောက် လန့်ဖွယ်ကောင်းသော ဖောက်ပြန်မှုကြီးဖြစ်ပွားရသည်။ သူသည် ]မိမိ ရှေ့မှာ ဖြစ် ဖူသော ဣသရေလရှင်ဘုရင်အပေါင်းတို့ထက် ဣသရေလအမျိုး၏ ထာ၀ရဘုရား သခင်၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါသာ၍ပြု၏။} ]နေဗတ်၏သားယေရောဗောင် ပြုသော အပြစ်လမ်းသို့သာလိုက်လျှင် သာမည (ရိုးရိုး) အပြစ်ရောက်မည်းဟု ထင်မှတ် လျက် ဇိဒုန်မင်းကြီးလည်းဖြစ်၊ ဗာလဘုရား၏ ယဇ်ပုရောဟိတ်ကြိးလည်းဖြစ်သော ဧသဗာလ၏သမီး ယေဇဗေလနှင့် စုံဖက်၍ ဗာလဘုရားကိုဝတ်ပြုကိုးကွယ်၏။} (၃ရာ ၁၆း၃၃၊ ၃၁)။ ဣသရေလလူမျိုးတို့အားလည်း ရဲတင်းစွာဖြင့် ထိုနတ်ဘုရားကိုးကွယ် ခြင်းသို့ ပို့ဆောင်ခဲ့လေသည်။

               သို့ဖြစ်၍ အာဟပ်မင်းသည် ]ရှမာရိမြို့တွင် ဗာလဘုရား၏ဗိမာန်၌ ဗာလဘုရား အဖို့ ယဇ်ပလ္လင်ကိုတည်၏။} (ငယ် ၃၁ ၊ ၃၂)

               မိဖုရားယေဇဗေလဦးဆောင်တိုက်တွန်းသလို အာဟပ်မင်းသည် ]မြင့်သော အရပ်များ} မှာ ယဇ်နတ်ပူဇော်ဖို့ရာ ယဇ်ပလ္လင်များစွာကိုတည်ဆောက်ပါသည်။ ဤသို့ လျှင် ဣသရေလတစ်ပြည်လုံးသည် ဗာလဘုရားနောက်သို့ လိုက်ကြလေတော့၏။ သို့ဖြစ်၍ ]အာဟပ်နှင့်တူသောသူတစ်ယောက်မျှမရှိ၊ ခင်ပွန်းယေဇဗေလသည် တိုက် တွန်းသဖြင့် ထာ၀ရဘုရားသခင်ရှေ့တော်၌ အပြစ်ကိုပြုလို၍ ကိုယ်ကိုရောင်းသော သူဖြစ်၏} (၃ရာ ၂၁း၂၅) ဟု ကျမ်းမှတ်တမ်းရှိခဲ့လေသည်။ အာဟပ်သည် ဘာသာနှင့် ယဉ်ကျေးမှုမတူသော တစ်ပါးအမျိုးသမီးနှင့် ထိမ်းမြားအိမ်ထောင်ပြုသောကြောင့် မိမိ သာမက တစ်နိုင်ငံလုံးသည် အခက်အခံ ဒုက္ခဆင်းရဲခြင်းများစွာနှင့် ရင်ဆိုင်ရလေသည်။ စိတ်တန်ခိုးစွမ်းအားရှင်ပရိယာယ်ကြွယ်၀သော မိဖုရားယေဇဗေလ၏ ညုတိုင်းနုနေ ရသည့်အာဟပ်သည် တိုင်းရေးပြည်ရေးနှင့်ပတ်သက်၍ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက် ဟူသည် ဘာမျှမရှိတော့ပြီ။ ရုပ်သေးသဖွယ်သာဖြစ်ရ၏။ မိမိ၌ ငါစွဲသဘောသဘာ၀မှာ လည်း ကြီးစိုးနေသဖြင့် ထာ၀ရဘုရားသခင်၏ သနားခြင်းကရုဏာတော်ကို မြတ်နိုး တွယ်တာရမှန်း မသိလေတော့။။ ရွေးချယ်ခံလူမျိုးစုနွယ်ကို ရှေ့ဆောင်ရသောခေါင်း ဆောင်အုပ်ထိန်းသူ၏ တာဝန်ဝတ္တရားများကိုလည်းတန်ဖိုးမထား ပျက်ကွက်ခဲ့လေ သည်။

               ထိုမင်းလက်ထက်မှာ ဣသရေလလူတို့သည် ထာ၀ရအသက်ရှင်တော်မူသော ဘုရားသခင်နှင်ဝေးကွာခဲ့ရ၏။ ဖောက်ပြန်မှောက်မှားခြင်း အရိပ်မည်းကြီးသည် တစ် နိုင်ငံလုံးကို လွှမ်းမိုးခဲ့လေပြီ။ တိုင်းပြည်အတွင်း နေရာအနှံမှာလည်း ဗာလနတ် ဘုရားနှင့် နတ်ဘုရားမ အက်ရှ်တိုရက်သ်တို့၏ ရုပ်တုတော်များနှင့်ပြည့်နေသည်။ ယဇ်ပူဇော်သော နတ်ဘုရားဘုံဗိမာန်တော်များလည်း အရေအတွက်အားဖြင့် အဆ ပေါင်းများစွာတိုးပွားလာ၏။ ယဇ်ပူဇော်ပသမှုများလှသဖြင့် လေထုပင်လျှင် ညစ်ညမ်း လာပါပြီ။ တောင်စောင်း၊ ကုန်းမြေမြင့်၊ လွင်ပြင်အစရှိသော သစ်ပင်များအုံ့ဆိုင်းရာ နေရာတွေမှာ သေရည်သောက်သဖြင့် ပျော်မြူးနေသော သာသနာပပုရောဟိတ် တို့သည်လည်း အာပြဲကြီးဖြင့် နေဘုရား၊ လဘုရားနှင့် ကြယ်နက္ခတ်တာရာ ဘုရားတို့ကို တမ်းတကာ ဝတ်ပြုကိုးကွယ်နေကြလေသည်။

 

(၈၈)

 

               ဤနတ်ဘုရားရုပ်တုတို့သည် ဘုရားများဖြစ်၍ ပထဝီမြေကြီးကိုစောင့်သော ဘုရား၊ မီးဘုရား၊ ရေဘုရားဟူ၍ရှိကာ လောကကြီးတစ်ခုလုံးကို ထူးဆန်းသော တန်ခိုးဖြင့် အုပ်စိုးလျက်နေကြောင်း တိုင်းသူပြည်သားတို့ကို သွန်သင်ပေကြပါသည်။ သို့ဖြစ်၍ တောစောင့်နတ်၊ တောင်စောင့်နတ်၊ မြေသီးနှံကို လှိုင်လှိုင်သီးပွင့်စေသော နတ်ဘုရား၊ ရာသီဥတုကို စောင့်ထိန်းသော နတ်ဘုရားဟူ၍ လည်းရှိကြလေရာ အားလုံသည် ဗာလဘုရားကြီးနှင့် အက်ရှိတိရက်သ်နတ်ဘုရားမကြီးတို့၏ လက် အောက်မှာရှိကြောင်း၊ ကြွယ်၀ချမ်းသာမှု၊ သီးနှံဖွံ့ဖြိုးမှုဟူသမျှသည်လည်း ထိုနတ်ဘုရား တို့ကြောင့် ဖြစ်ကြောင်း ယုံကြည်ခံယူလာကြသောအခါ နေ၊ ရေ၊ လေနှင့်သဘာ၀ လောကကြီးမှာ ရှိသောအင်အားစုအားလုံးကို အမှန်တကယ် ထိန်းချုပ်ထားသော ဖန်ဆင်းရှင်ဘုရားသခင်ကို လူတို့သည် မေ့ပျောက်လာကြပါတော့သည်။ မိုးရွာမှသီးနှံ စပါးမျိုးစေ့များအပင်ပေါက်ကာ သီးနှံစပါးပေါကြွယ်၀မည်ဟူသော ဘာသာသွန်သင်မှု အယူအဆရှိသောကြောင့်လည်း မျိုးစပါးအောင်၍ တိုင်းပြည်မှာ အေးချမ်းသာယာမှု ရှိရန်အလို့ငှါ နတ်ဘုရားများကိုကိုးကွယ်ကြသူ ဇရပ်စောင့်လူယောက်ျား၊ လူမိန်းမ တို့သည် မိမိတို့၏ဇာတိသဘောအတိုင်း ဘုရားပွဲများတွင် ကခုန်မြူးထူး၊ ကူးလူးဆက်ဆံ ကာနေကြ၏။ ထိုသို့ လူမှုရေးစည်းကမ်းမဲ့သောဝန်းကျင်မျိုးမှာ ယဉ်ပါးနေကြသူများ သည် အဘယ်မှာလျှင် သန့်ရှင်းဖြောင့်မတ်သောဖန်ဆင်းရှင် ဘုရားသခင်ကို မြင်တွေ့ ကိုးကွယ်နိုင်တော်အံ့နည်း။ ထိုသူအပေါင်းတို့သည် လမ်းလွဲကြပြီ။

               သို့တိုင်အောင်လည်း ထာ၀ရဘုရားသခင်သည် သစ္စာခံတမန်တော်တို့သည် ဖေါက်ပြန်လမ်းလွဲနေသော ရှင်ဘုရင်နှင် တိုင်းသူပြည်သားတို့ကို အမိန့်တော်မြတ် အတိုင်း ကြိမ်ဖန်များစွသတိပေးရင်း တရားကိုလည်းပေးခဲ့သည်။ သို့သော်ဤတရား ပေးချက်များသည် သဲထဲရေသွန်ဖြစ်ခဲ့ရသည် လူသည် ဇာတိသဘောအားဖြင့် အမှန် တရားတော်မြတ် အတိုင်းကျင့်ကြံနေထိုင်ရန်စိတ်မရှိ။ ငြင်းဆန်တတ်၏။ နတ်ဘုရား တို့ကို ကိုးကွယ်၍လည်း နတ်စည်းစိမ်တည်းဟူသော လောကပျော်ပါးခြင်းအမှု သောက်စားမူးယစ်ကာ သွေးသားအာရုံခံစားခြင်းဖြင့် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်း ရှုတ်ချကြ၏။ ဤသို့လျှင် ထိုသူတို့သည် မောဟတက်ကာ ထိုသို့ကျင့် သောသူတို့၌ပင် အားရဝမ်းမြောက်ကြ၏။ ထိုနေရာမျိုး၌ ကျေးဇူးပြုထားသော တရား အလင်းကို ထိုသူတို့သည် လက်မခံကြရကား အမှောင်ထုကြီးသည် စိုးမိုးကာနေ တော့၏တည်း။

               ဘုရားသခင်ရွေးချယ်ထားသော အပေါင်းအသင်းဝင် ဤမျိုးနွယ်စုကြီးသည် ဘယ်သောအချိန်ကမှ ဤမျှလောက်ဖေါက်ပြန် လမ်းလွဲနိမ့်ကျပျက်စီးဆုံးရှုံးဖူးသည် မရှိခဲ့ပါ။ ထိုသူတို့အထဲတွင် ]ဗာလပုရောဖက် လေးရာ့ငါးဆယ်} နှင့် ]ယေဇဗေလ စားပွဲ၌ စားသောအာရှရပုရောဖက် လေးရာ} တို့သည်ရှိကြ၏။ (၃ရာ ၁၈း၁၉)။ ဤ အချိန်မျိုးမှာ တိုင်းပြည်ကို လုံး၀ဥဿုံညစ်ညမ်းပျက်စီးခြင်းမှ ကယ်နုတ်ဖို့ရန် ဖန်ဆင်းရှင်ထာ၀ရဘုရားသခင်သည်  မိမိ၏မဟာတန်ခိုးတော်ဖြင့် နိမိတ်လက္ခဏာကို ပြရပေတော့မည်။ ဣသရေလလူတို့သည် ယေဟောဝါဘုရားထံတော်မှ မိမိတို့အလို အတိုင်းကျောခိုင်းကာ စွန့်ခွါခဲ့လေပြီ။ သို့တစေလည်း ထာ၀ရဘုရားသခင်သည် ထိုသူ တို့အား ချစ်မြတ်နိုး၍ သနားဖြင် ကရုဏာရှိနေဆဲ။ ထိုကြောင့်လည်း ထိုသူတို့ထံသို့ မိမိ၏အားကြီးသော ပုရောဖက်များတွင့် တစ်ပါးအပါအဝင်ဖြစ်သူတစ်ဦးအား စေလွှတ် ရန်တာဝန်ချပေးခဲ့ပါသည်။

No comments:

Post a Comment