အခန်း(၇)
ယေရောဗောင်မင်းကြီးဣသရေလတို့အားလမ်းမှားသို့ပို့ခြင်း
ရှောလမုန်မင်းကြီး၏ တိုင်းပြည်အုပ်ချုပ်ရေးယန္တရားတွင်
ယေရောဗောင်သည် ကြိုးစားအားထုတ်ကာ လုံ့လဝီရိယရှိသူ၊မှန်ကန်ဖြောင့်မတ်စွာစီရင်
ဆုံးဖြတ်လုပ်ဆောင် တတ်သူဟူ၍ နာမည်ကောင်းရရှိခဲ့ပါသည်။ထိုကဲ့သို့
သစ္စာရှိစွာအမှုတော်ကို ဆက်လက် ထမ်းဆောင်ပါသော်တိုင်းပြည်ကို မင်းကျင့်တရားနှင့်အညီ
ငြိမ်ဝမ်အေးချမ်းသာယာစွာ ဦးဆောင်သွားနိုင်မည်ဖြစ်ပါသည်။သို့သော် ယေရောဗောင်သည်
အဆုံးတိုင်အောင် ထာ၀ရဘုရားသခင်အပေါ်
သစ္စာမစောင့်သိခဲ့ပါ။မိမိသဘောအလိုသို့လိုက်ခဲ့ပါသည်။
ထိုမင်း၏အဓိကစိုးရိမ်ကြောင့် ကြမိသောအရာမှာ
မိမိ၏တိုင်းသူပြည်သားများ အား ဒါဝိဒ်မင်းကြီး၏ပလ္လင်ကို
ဆက်ခံသောရှင်ဘုရင်တစ်ပါးပါးက ဩဇာလွှမ်းကာ အနိုင်ယူမည်ဟူသော
အချက်ပင်ဖြစ်၏။သူသည်ဤသို့ဆင်ခြင်မိ၏။အကယ်၍သာ ငါ၏ ဆယ်မျိုးနွယ်စုတို့သည်
ရှောလမုန်မင်းကြီး၏ ထီးနန်းစိုက်ထူစိုးမိုးရာ ယေရုရှလင်မြို့ တော်သို့
ဘုရားဖူးရန်နှစ်တိုင်းအစဉ်သွားချေက၊ကြာသော် ထိုယေရုရှလင်အစိုးရ၏
မိတ်သဟာပြန်လည်ဆန်းသစ်ဖွဲ့စည်းခြင်းတွင် နားယောင်ကာပါသွားနိုင်သည်။ထိုသို့
မဖြစ်စေရ။ကြိုတင်ကာကွယ်ရမည် ဟု ဆုံးဖြတ်ကာမိမိ၏ ထီးနန်းသစ်ထူထောင်ရာ
နိုင်ငံတော်ကြီးမှာ ဝတ်ပြုကိုးကွယ်ရန် ဗဟိုချက်နှစ်နေရာကို ရွေးချယ်ဆောက်တည်
ထားပါသည်။တစ်ခုမှာ ဗေသလမြို့မှာဖြစ်၍ အခြားတစ်ခုမှာ ဒန်မြို့တွင်ဖြစ်ပါသည်။
ဤနှစ်မြို့တွင် ဣသရေလဆယ်မျိုးနွယ်စုတို့သည် ဝတ်ပြုကိုးကွယ်ရပါမည်။ယေရုရှ
လင်မြို့သို့သွားရန် မလိုတော့ပြီ။
ဤသို့ ဝတ်ပြုကိုးကွယ်ရန် နေရာအပြောင်းအလဲလုပ်ခြင်း
အစီအစဉ်တွင် မင်းကြီးသည် ဣသရေလလူတို့အား ဤသို့စဉ်းစား တွေးခေါ်စေ၏။ မမြင်တွေ့နိုင်သော
ထာ၀ရဘုရားသခင်၏ ရှေ့တော်မှောက်မှာ မြင်တွေ့နိုင် သော
ကိုယ်စားပြုပုံဆောင်ထားသောအရာတစ်ခုခုကို တည်ထားကိုးကွယ်ပါသော်
မကောင်းပေးဘူးလား။ထိုသို့နှင့်အညီ နွားသငယ်ရုပ်ပုံနှစ်ခုကို
သွန်းလုပ်စေ၍ဝတ်ပြုကိုး ကွယ်ရာဗဟိုချက်ဖြစ်သော ဘုံဗိမာန်ထဲတွင် ခင်းကျင်းထားပါသည်။
ဤသို့ပြုသော ကြောင့် မင်းကြီးသည်]ရုပ်တု (နတ်ဘုရား)
ကိုကိုယ့်အဖို့မလုပ်နှင့်၊ဦးမချဝတ်မပြုနှင့်}
(ထွက် ၂ဝး ၄၊ ၅)
ဟူသောပညတ်တော်ကို ချိုးဖေါက်ခဲ့ပါသည်။ မင်းကြီးသည် လည်း ရှေးဘိုးဘေးတို့
အီဂျစ်ပြည်မှ ကျွန်ဘ၀က လွတ်မြောက်ထွက်ခွါခဲ့ရာ၌ သိနာ တောင်ခြေတွင် နွားသငယ်
ရုပ်တုကိုရှေ့ဆောင်လမ်းပြသော ဘုရားအဖြစ်ထားရှိကာ ဘုရားပွဲလုပ်သဖြင့်
ထာ၀ရဘုရားသခင်အမျက်တော်ထွက်၍ ကြီးစွာသောဘေးဆိုက် ရောက်စေခဲ့သည်ကို မဆင်ခြင်မိဘဲရှိခဲ့ပါသည်။ထိုမင်း၏
ဦးတည်ရည်ရွယ်ချက်မှာ မြောက်ပိုင်းဣသရေလနိုင်ငံတော်နေ ဆယ်မျိုးနွယ်စုတို့သည်
သန့်ရှင်းသောမြို့တော် ယေရုရှလင်သို့ နှစ်စဉ်
မသွားဖို့သာဖြစ်ပါသည်။ကျမ်းမှတ်တမ်းအရ ]သင်တို့သည့်
ယေရုရှလင်မြို့သို့သွားရသောအမှုခက်လှ၏။အိုဣသရေလအမျိုး၊ သင်တို့ကို အီဂျစ်
ပြည်မှ နုတ်ဆောင်သောဘုရားတို့ကို
ကြည်ရှုကြလော့}(၃ရာ ၁၂း ၂၈) ဟုဆိုပါသည်။
မင်းကြီးသည်လေဝိသားတို့ကို
မိမိ၏စီမံချက်တွင် ယဇ်ပုရောဟိတ်များအဖြစ် အမှုဆောင်ရန်
ကြိုးစားသွေးဆောင်ခဲ့ပါသော်လည်း လေဝိသားတို့သည် ငြင်းဆန်ခဲ့၏။ သို့ဖြစ်၍
မင်းကြီးသည် ဗေသလမြို့နှင့်ဒန်မြို့တို့မှာ ရှိသော နွားသငယ်ရုပ်တုထားရှိ
ရာဇရပ်သစ်ဘုံ ဗိမာန်များထဲမှာ အမှုထမ်းရသော ]အဆင့်နိမ့်လူတန်းစား} သာမညလူ တို့ကို ယဇ်ပုရောဟိတ်အရာ၌ခန့်ထားလေ၏။ (ငယ် ၃၁)။ ဤအမှုကိုသတိပြုမိ၍ တုန်လှုပ်
ချောက်ချားကြသူတို့မှာ တိုးတိုးတိတ်တိတ်နှင့်ဣသရေလနိုင်ငံကို စွန့်ခွါ၍
ယေရုရှလင်မြို့တော်ရှိရာသို့ ပြောင်းရွှေ့နေထိုင်ကြပါသည်။ဤသို့လျှင် ထာ၀ရဘုရား သခင်၌
သစ္စာစောင့်သိရိုသေကြသူတို့သည် ထာ၀ရဘုရားသခင်၏ တောင်းဆိုချက် များနှင့်
ညီညွတ်သောဝတ်ပြုကိုးကွယ်မှုမျိုးကို ပြုရန် အစဉ်အသင့်ရှိကြလေသည် မဟုတ်လော။ (ငယ်
၃၂)။
ဆုံးမပဲ့ပြင်ခြင်းကို နာမထောင်သောရှင်ဘုရင်
ထာ၀ရဘုရားသခင်ကို ရဲတင်းစွာ ဆန့်ကျင်ငြင်းဆန့်ဝံ့သူကို
ထာ၀ရဘုရား သခင်သည် မဆုံးမဘဲမနေပါ။အထူးသဖြင့် ဘုရားသခင်ကိုယ်တော်တိုင် ချမှတ်ထား
သော ဝတ်ပြုကိုးကွယ်မှုဆိုင်ရာများကို ဖျက်ပယ်လိုသူကို ဘုရားသခင်စီရင်ပါသည်။
ယေရောဗောင်မင်းကြီးသည် ဗေသလမြို့မှာ အခြားသောဘုရားအတွက် ယဇ်ပလ္လင်ကို
တည်ဆောက်ပြီးစီး၍ အနုမောဒနာတင်နေသောအခမ်းအနားတွင် ယုဒပြည်မှထာ၀ရ ဘုရားသခင်၏
လူတစ်ယောက်သည် ပေါ်လာ၍ မင်းကြီး၏ ဝတ်ပြုကိုးကွယ်မှုပုံစံသစ်ကို မထောက်ခံဘဲ
မင်းကြီးကိုပင် ရာဇပလ္လင်မှာလွန်သွားပြီဖြစ်သောကြောင့် ဘုရားသခင်
ပြောခိုင်းသည်အတိုင်း ကြွေးကြော်လိုက်လေသည်။ထိုသူသည် ]ယဇ်ပလ္လင်တစ်ဖက်၌
ကြွေးကြော်လျက် မိန့်တော်မူသည်ကား ဒါဝိဒ်မင်းမျိုး၌ ယောရှိအမည်ရှိသောသူကို
ဖွားမြင်လိမ့်မည်။သင့်အပေါ်မှာ နံ့သာပေါင်းကို မီးရှို့၍မြင့်သောအရပ်၌ ယဇ်ပုရော
ဟိတ်လုပ်သောသူတို့ကို ထိုသူသည် သင့်အပေါ်မှာပူဇော်၍ လူသေအရိုးတို့ကို မီးရှို့
လိမ့်မည်ဟု မိန့်တော်မူကြောင်းကိုဆင့်ဆို၏။}
]ထိုနေ့ချင်းတွင် အဲ့ဖွယ်အမှုကိုလည်းပေး၍
ထာ၀ရဘုရားသခင်မိန့်တော် မူသော အံ့ဖွယ်အမှုဟူမူကား ယဇ်ပလ္လင်သည်ကွဲ၍
ပလ္လင်ပေါ်မှာရှိသောပြာလည်း ယိုကျလိမ့်မည်ဟု ဟောလေ၏။}ထိုခဏချင်းတွင်]ဘုရားသခင်၏လူသည် ထာ၀ရ
ဘုရားသခင်၏နှုတ်တော်ထွက်စကားအတိုင်း ပေးသောအံ့ဖွယ်အမှုနှင့်အညီ ယဇ်ပလ္လင် ကွဲ၍
ပြာသည်လည်းပလ္လင်ပေါ်ကယိုကျလေ၏။} (၃ရာ ၁၃း၂၊ ၃၊ ၅)။
ဤအခြင်းအရာကို တွေ့မြင်သောယေရောဗောင်မင်းကြီးသည် ထိုသတင်း
စကားကို ဆင့်ဆိုသောသူအား ဟန့်တားရန် ဆန္ဒဖြင့် ဒေါသတကြီးလက်ကိုဆန့်၍
]ထိုသူကိုဖမ်းဆီးကြ}ဟုဆိုပါသည်။ထိုအခါ
လျင်မြန်လှသောဆုံးမခြင်းသည် ထိုမင်းကြီး ၏ မမှန်သောလုပ်ရပ်ကို သက်သေပြသည့်အနေဖြင့်
ယေဟောဝါဘုရား၏ လူတစ် ဖက်၌ ဆန့်သောလက်သည်သွေ့ခြောက်၍
နောက်တစ်ဖန်မရုပ်နိုင်ဘဲဖြစ်နေတော့ သည်။ရှင်ဘုရင်သည်လည်း ကြောက်စိတ်မွန်ကာ
ပုရောဖက်အား]ငါ့လက်၌ရောက် သောရောဂါကို ပျောက်စေမည်အကြောင်း ငါ့အတွက်ဆုတောင်း၍
သင်၏ဘုရားသခင် ထာ၀ရဘုရားသခင်ရှေ့တော်၌ တောင်းပန်ပါလော့ဟု ဘုရားသခင်၏လူကိုပြောဆို၏။
ဘုရားသခင်လူသည် ထာ၀ရဘုရားသခင်ကို တောင်းပန်သဖြင့် ရှင်ဘုရင်လက်သည် ရောဂါပျောက်၍
ပကတိအတိုင်းဖြစ်လေ၏။} (ငယ် ၄ ၊ ၆)။
ဤမျှလောက်ဆိုလျှင် ဣသရေလရှင်ဘုရင်သည် မိမိ၏ဆိုးညစ်သော ရည်ရွယ်ချက်များကိုစွန့်ပယ်၍
နောက် ကြောင်း ပြန်လှည့်ဖို့သင့်လှပေပြီ။လူတို့အား မှန်သောဘုရားသခင်ကို
ဝတ်ပြုကိုးကွယ် ခြင်းမ Sမလွဲစေသင့်တော့ပြီ။သို့သော်လည်း
ထိုရှင်ဘုရင်သည် မိမိ၏စိတ်သဘောကို ခိုင်မာစေ၍ မိမိ၏ကိုယ်ပိုင်ရွေးချယ်သောလမ်းသို့
အစဉ်အတိုင်းလျှောက်သွားရန် ဆုံးဖြတ်ခဲ့ပေပြီ။
ထာ၀ရဘုရားသခင်သည် လူကိုဖျက်ဆီးရန်မဟုတ်။ကယ်တင်ရန် အမြဲနည်း
လမ်းကို ရှာနေပါသည်။ ကိုယ်တော်သည် ရွေးချယ်ထားသောစေတမန်များကို ရဲစွမ်း
သတ္တိနှင့်ပြည့်စုံစေ၍ မိမိ၏သတိပေးချက်များကို လူတို့အားကြားနားစေကာ နောင် တရ၍
မိမိထံပြန်လှည့်လာဖို့ အလိုတော်ရှိပါသည်။ (ဧဇ ၃၃း၁၁)။ ရှင်ဘုရင်ကို ထင်
ရှားစွာဆုံးမ ပဲ့ပြင်သော ဘုရားသခင်၏ လူကိုကြည့်ပါ။ ဤကဲ့သို့သောအပြစ်ကို
ဆုံးမပြစ်တင်ရန်မှာ ဤနည်းလမ်းပင် ရှိတော့သည်။ သို့ဖြစ်၍ ဘုရားသခင်၏ သေ
တမန်တို့မည်သည် အမှန်တရားဘက်မှာ လားလားမျှမကြောက်မရွံ့၊ မဆုတ်မနစ် သော
ရဲစွမ်းသတ္တိမျိုးနှင့် ရပ်တည်ကြရပါမည်။ ထာ၀ရဘုရားသခင်ကို အားကိုးသမျှမှာ ထို
သူတို့သည် ကြောက်ရွံ့စရာ အကြောင်းမရှိပါချေ။ ထိုသူတို့အား ထို့သို့ပြုလုပ်ရန်
စေခိုင် ;သောသခင်ကြီးသည်
ထိုသူတို့ကို အကာအကွယ်ပေးမည်ဟူသော အာမခံချက် ကို လည်းပေးထားပြီဖြစ်ပါသည်။
ပုရောဖက်တစ်ပါးအလိမ်ခံရ၍ပျက်စီးသွားခြင်း
ထိုပုရောဖက်သည် မိမိ၏ လုပ်ဆောင်မှုကြီးပြီးစီး၍
ယုဒပြည်သို့ပြန်သွားရန် ဟန်ပြင်လိုက်သည်။ ထိုအခါယေရောဗောင်မင်းကြီးက
ငါနှင့်အတူလိုက်၍ အားဖြည့် လော့။ လက်ဆောင်ပေးမည်ဟု ဘုရားသခင်၏လူအားဆိုလျှင်
ဘုရားသခင်၏ လူက နန်းတော်တစ်ဝက်ကို ပေးသော်လည်း သင်နှင့်အတူငါမလိုက်၊ဤအရပ်၌မုန့်ကိုမစား၊
ရေကိုလည်းမသောက်ရ။ထာ၀ရဘုရားသခင်၏နှုတ်ထွက်စကားတော်က မုန့်ကိုအစား
နှင့်။ရေကိုမသောက်နှင့်။လာသောလမ်းဖြင့်မပြန်နှင့်ဟု ငါ့အားပညတ်တော်မူပြီဟု ရှင်
ဘုရင်အားပြောဆို၏။} (၃ရာ ၁၃း၇ - ၉)။
ဤသို့လာသောလမ်းကို ရှောင်၍
အခြားသောလမ်းဖြင့်ပြန်သွားသည်တွင် မိမိ ကိုယ်ကို မိမိပုရောဖက်ပါဟု
လိမ်လည်ပြောဆိုသောသက်ကြီးအို တစ်ယောက်သည် ထိုပုရောဖက်ငယ်အားလမ်းမှာ တွေ့ဆုံလျက်
]ငါသည် သင်ကဲ့သိုပုရောဖက်ဖြစ်၏။ သင်သည် မုန့်ကိုစား၍ရေကိုသောက်စေခြင်းငှါ
သင့်ကိုငါ့အိမ်သို့ခေါ်ရမည်အကြောင်း ကောင်းကင်တမန်သည် ထာ၀ရဘုရားသခင်၏
နှုတ်ထွက်စကားတော်အားဖြင့်မှားထား ပြီဟု မုသားသုံး၍ပြောဆို၏။ }ဤသို့ ထပ်ခါတလဲလဲ၊ထပ်ခါထပ်ခါ ပြောဆိုနေသဖြင့် ဘုရားသခင်၏
လူသည်လည်း စိတ်ညွတ်ကာ ထိုသက်ကြီးအိုနှင့်အတူ ပြန်လိုက်သွား ခဲ့ပါသည်။
ထာ၀ရဘုရားသခင်သည် ထိုပုရောဖက်ငယ်အား မိမိ၏စကားကို နားမထောင်
မှုဖြင့် အပြစ်စီရင်လိုက်ပါသည်။သူနှင့် သက်ကြီးအိုတို့ စားပွဲမှာထိုင်၍နေစဉ်
ဖိတ်ခေါ်သူ ပုရောဖက်အတုက ]ယုဒပြည်မှလာသော ဘုရားသခင်၏လူအား သင်သည်ထာ၀ရ ဘုရားသခင်၏
နှုတ်ထွက်စကားကိနားမထောင်၊သင်၏ထာ၀ရဘုရားသခင်မှာ ထား
တော်မူသောပညတ်တော်ကိုမစောင့်၊ဤမည်သောအရပ်၌ မုန့်ကိုမစားနှင့်၊ ရေကိုမ
သောက်နှင့်ဟုပညတ်တော်မူသောအရပ်သို့ပြန်လာ၍ မုန့်နှင့်ရေကိုစားသောက်သော ကြောင့်
သင်၏အလောင်းသည် ဘိုးဘေးတို့၏သင်္ချိုင်းသို့မရောက်ရဟု ထာ၀ရ
ဘုရားသခင်မိန့်တော်မူကြောင်းကိုအော်ဟစ်၍ဆင့်ဆို၏။} (ငယ် ၁၈၊ ၂၁၊ ၂၂)။
ဤပုရောဖက်တုတ်စကားသည် မကြာမီမှာပင် ပြည့်စုံခဲ့ပါသည်။
]မုန့်နှင့်ရေကို စားသောက်ပြီးမှ ထိုပုရောဖက်သည် ပြန်လာသောပုရောဖက် အဖို့ မိမိမြည်းကိ kကုန်းနှီး တင်၍ လွှတ်လိုက်လေ၏။လမ်းမှာ ခြင်္သေ့တွေ့၍သတ်၏။
အသေကောင်သည် လမ်း၌ လဲ၍ မြည်းနှင့်ခြင်္သေ့သည် အနားမှာရပ်နေ၏။ အသေကောင်သည် လမ်း၌လဲ၍
မြည်းနှင့် ခြင်္သေ့သည်အနားမှာ ရပ်နေသည်ကို ခရီးသွားသော သူတို့သည်မြင်လျှင်
အသက်ကြီးသော ပုရောဖက်နေသောမြို့သို့လာ၍ သတင်းပြောကြ၏။ခေါ်ခဲ့သော ပုရောဖက်သည်
ထိုသတင်းကိုကြားလျှင် ထာ၀ရဘုရားသခင်၏ အမိန့်တော်ကို နားမထောင်သော
ဘုရားသခင်၏လူဖြစ်လိမ့်မည်} ဟုဆိုပါသည်။
(ငယ်၂၃ - ၂၆)။
အကယ်၍သာ ထိုပုရောဖက်ငယ်သည် ဘုရားသခင်၏စကားကို နားမထောင်
ခဲ့သော်လည်း အပြစ်ဒဏ်ကိုမခံရဘဲ
လုံခြုံစွာပြန်သွားနိုင်ခွင့်ကိုပြုခဲ့ပါသော်ရှင်ဘုရင် သည် မိမိ၏နားမထောင်မှုအတွက်
သက်သေထူဖို့ရန် အသုံးပြုပါလိမ့်မည် မဟုတ်လော။ ပြိုကွဲသွားသော
ယဇ်ပလ္လင်၊သွေ့ခြောက်၍ ပြန်မရုပ်နိုင်သောလက်၊ထာ၀ရဘုရားသခင် ၏အမိန့်တော်ကို
နားမထောင်ဝံ့သူ၏ကြောက်စရာဖြစ်ရပ်တို့သည် ယေရောဗောင် မင်းကြီးအား
မှားသောလုပ်ရပ်များမှပြန်လှည့်ကာ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန်
သတိပေးချက်များပင်ဖြစ်သည်မဟုတ်လော။သိုသော်လည်း ရှင်ဘုရင်ယေရောဗောင် သည်
နောင်တရဖို့ဝေးစွ။မိမိကိုယ်ကို အမှားကြီးမှားရန် စာတန်လက်သို့ အပ်နှံသည်
သာမကသေး။]ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသည်။}]ထိုသို့ပြုသောကြောင့်
ယေရောဗောင်အမျိုးကို မြေကြီးမှ သုတ်သင်ပယ်ရှင်းစေသော အပြစ်ရောက်သတည်း။} (ငယ် ၃၃၊ ၃၄၊ ၁၄း၁၆)။
ယေရောဗောင်မင်းကြီးအားဘုရားသခင်တရားစီရင်ခန်း
ယေရောဗောင်မင်းကြီး၏ ထီးနန်းသက်နှစ်ဆယ့်နှစ်နှစ်တာအတွင်း
နောက်ဆုံး နှစ်တွင် ရောဗောင်မင်းကြီး၏သားတော်အဘိယနှင့်စစ်ဖြစ်ရာ
နာလန်မထူနိုင်လောက် အောင် အရှုံးကြီးရှုံးခဲ့ရပါသည်။]အဘိယလက်ထက်ကာလ
ပတ်လုံး၊ယေရောဗောင် သည် နောက်တစ်ဖန်ခွန်အားကိုမရပြန်။ထာ၀ရဘုရားသခင် ဒဏ်ခတ်တော်မူသဖြင့်
သေလေ၏။} (၆ရာ ၁၃း၂၀)။
ယေရောဗောင်မင်းလက်ထက် ထာ၀ရဘုရားသခင်အထံတော်မှ လွှဲရှောက်၍
ဖေါက်ပြန်ပျက်စီးတတ်သောအယူဝါဒ၌ တည်နေခဲ့စေသောလုပ်ဆောင်ချက်၏ နောက် ဆုံးရလဒ်ကား
ဣသရေလနိုင်ငံတော်ကြီးလုံး၀ပြိုကွဲ ပျက်စီးသွားရခြင်းပင်ဖြစ်ပါသည်။
ယေရောဗောင်မင်းကြီးမသေဆုံးမီးကပင် သက်ကြီးအိုပုရောဖက်အဟိယသည် ထီးနန်း
ဆုံးမည်အကြောင်းနှင့်ပတ်သက်၍ ကြိုတင်ဟောကြားခဲ့လေပြီ။ ]ထာ၀ရဘုရားသခင် သည်
ဣသရေလအမျိုးကိုဒဏ်ခတ်၍ } ဤပြည်ကောင်းမှ
နုတ်ပယ်ပြီးလျှင် အရပ်ရပ် သို့ ကွဲပြားစေတော်မူမည်။ကိုယ်တိုင်ပြစ်မှား၍
ဣသရေလအမျိုးကိုလည်း ပြစ်မှားစေ သော ယေရောဗောင်၏အပြစ်တို့ကြောင့် ဣသရေလအမျိုးကို
စွန့်ပစ်တော်မူမည်ဟု ဆင့်ဆိုလေ၏။} (၃ရာ ၁၄း၁၅၊ ၁၆)။
သို့တိုင်အောင်လည်း ထာ၀ရဘုရားသခင်သည် မိမိထံတော်ပါးသို့
ဣသရေလ လူမျိုးတို့ပြန်လှည့်လာရန် နည်းမျိုးစုံလင်စွာဖြင့်
ဖိတ်ခေါ်လုပ်ဆောင်ခဲ့ပါ၏။မင်းအ ဆက်ဆက် အုပ်စိုးသော အမှောင်ခေတ်အဆက်ဆက်မှာပင်
ထာ၀ရဘုရားသခင်သည် မိမိအားရဲတင်းစွာ အာခံတော်လှန်သောဖေါက်ပြန်သူတို့ထံသို့
သတင်းစကားတစ်ခု ပြီးတစ်ခုပေးပို့ခဲ့ပါသည်။မိမိ၏ပုရောဖက်များအားဖြင့်လည်း
အထံတော်သို့ ပြန်လှည့် လာရန် အခွင့်အခါများစွာကို
အလီလီပေးခဲ့ပါ၏။ပုရောဖက်ဧလိယနှင့်ဧလိရှဲတို့သည် သခင့်အတွက် အသက်ရှင်လျက်
အမှုတော်ကိုထမ်းရွက်ခဲ့၏။ပုရောဖက်ငယ်များဖြစ် ကြသော ယောရှေ၊ အာမုတ်၊ ဩဗဒိတို့သည်လည်း
နူးညံ့သိမ်မွေ့စွာ အနစ်နာခံလျက် ထိုသူတို့ကို
တောင်းပန်စကားပြောကြားခဲ့၏။ဣသရေလနိုင်ငံတော်ကြီးကို အပြစ်တရား မှကယ်နုတ်ရန်
ကြီးမားသောထာ၀ရဘုရားသခင်၏ တန်ခိုးတော်ကို သက်သေခံသော
မြင့်မြတ်နှလုံးသားပိုင်ရှင်တို့သည် မည်သည့်အခါမျှမချန်လှပ် ထားခဲ့ပါ။ဤသို့သော
သစ္စာရှိအစေခံများအာဖြင့် ယေဟောဝါဘုရားသခင်၏ ဦးတည်ရည်ရွယ်ချက်သည်
အမှန်တကယ်ပင်အဆုံး၌ ပြည့်စုံလာသည်မဟုတ်ပါလား။
No comments:
Post a Comment