Tuesday, March 10, 2026

                                                         အခန်း (၆)

                      ရှင်ဘုရင်ရောဗောင်မင်း၏ မာန်မာနထောင်လွှားခြင်းအကျိုးဆက်

               ]ရှောလမုန်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍ သားတော်ရောဗောင်သည် ခမည်း တော်အရာ၌ နန်းထိုင်၏။}(၃ရာ ၁၁း၄၃)။

               ရောဗောင်သည် ထီးနန်းဆက်ခံပြီးသည်နောက် မကြာပါ။ဣသရေလလူမျိုး နွယ်စုအပေါင်းတို့ထံမှ အသိအမှတ်ပြုခြင်းကိုခံယူရန် ရှေခင်မြို့သို့ ခရီးဆန့်ခဲ့လေ သည်။မှတ်တမ်းက ဤသို့ဆိုပါသည်။]ဣသရေလအမျိုးသားအပေါင်းတို့သည် ရော ဗောင်ကို ရှင်ဘုရင်အရာ၌ချီးမြှောက်ခြင်းငှါ ရှေခင်မြို့သို့သွားကြ၍ သူသည်လည်း သွား၏။}(၆ရာ ၁ဝး၁)။ထိုလူအပေါင်းတို့တွင် ယေရောဗောင်လည်းပါ၏။ထိုသူကား ရှောလမုန်မင်းကြီးလက်ထက်ကတည်းကပင် စွမ်းပကားနှင့်ပြည်စုံသောသူရဲကြီးတစ်ဦး ဟု လူသိများကြပါ၏။ပုရောဖက်အဟိယသည်လည်း သူအားစိတ်လှုပ်ရှားဖွယ် သတင်းတစ်ရပ်ပါးခဲ့သည်မှာ]ဣသရေလအမျိုး၏ ထာ၀ရဘုရားသခင်မိန့်တော်မူသည် ကား နိုင်ငံတော်ကို ရှောလမုန်လက်မှငါနုတ်၍ ခရိုင်ဆယ်ခရိုင်ကို သင့်အားငါပေးမည်။} (၃ရာ ၁၁း၂၈၊ ၃၁)။

               ထာ၀ရဘုရားသခင်သည် မိမိ၏တမန်တော်အားဖြင့် မိမိ၏သတင်းကို ယေ ရောဗောင်အား ရှင်းလင်းပြတ်သားစွာပေးခဲ့ပြီးလေပြီ။ဤကဲ့သို့ဖြစ်ရခြင်း၏ အကြောင်း ရင်းမှာ ရှောလမုန်မင်းကြီးသည်]အဘဒါဝိဒ်ကဲ့သို့ ငါ့ရှေ့မှာမှန်သောတရား၊ ငါစီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ ငါ့လမ်းတို့သို့မလိုက်} (ငယ် ၃၃) သောကြောင့် ဖြစ်ရသည်ဟု ထာ၀ရဘုရားသခင်မိန့်မြွက်တော်မူခဲ့ပါသည်။ယေရောဖောင်အားလည်း ရှောလမုန်မင်းကြီးနန်းစံနေသမျှမှာ နိုင်ငံတော်သည် မပြိုကွဲစေရဟူ၌ ညွှန်းကြား ခဲ့ပါသည်။]သို့ရာတွင် နိုင်ငံတော်ကို သူ၏လက်မှငါမနုတ်သေး။ငါရွေးကောက်၍ ငါ့ ပညတ်တရားတို့ကိုစောင့်ရှောက်သော ငါ့ကျွန်ဒါဝိဒ်အတွက် သားရှောလမုန်သည် တစ် သက်လုံးစိုးစံစေခြင်းငှါ ငါအခွင့်ပေး၏။ရှောလမုန်၏ သားလက်မှ နိုင်ငံတော်ကိုနုတ်၍ ဆယ်ခရိုင်ကိုသင့်အား ငါပေးမည်။} (ငယ် ၃၄၊ ၃၅)။

               ရှောလမုန်မင်းကြီးသည် ထာ၀ရဘုရားသခင်၏ ပုရောဖက်ဟောထားခဲ့သော စကားကို ပျက်ပြယ်စေရန်အလို့ငှါ ဉာဏ်နှင့်ယှဉ်လျက် အိမ်ရှေ့မင်းသားရောဗောင်အား ပြင်ဆင်ဆုံးမရန် စိတ်အားကြီးခဲ့ပါသော်လည်း ငယ်စဉ်တောင်ကျေးကလေးဘ၀မှ စတင်၍ ဆုံးမပဲ့ပြင်မှုကို အပြင်းအထန်းလျစ်လျူရှုခံခဲ့ရသော သားငယ်အပေါ် ဘယ် သောအခါမျှ ကောင်းသောဩဇာ သက်ရောက်မှုမလွှမ်းမိုးနိုင်ခဲ့ပါချေ။သားတော် ရောဗောင်သည်လည်း အမ္မုန်ပြည်သူမိခင်ကြီး၏ ဘုရားမိလုံ၏ မရေရာမသေချာသော ဇာတ်ကိုခင်းကာ အကျင့်အရာမှာ ပျက်ယွင်းသွားခဲ့ရရှာ၏။တစ်ခါတစ်ရံ မင်းသားသည် ထာ၀ရဘုရားသခင်ကို ကိုးကွယ်ရန်နှိုးဆော်မှုကိုခံရသဖြင့် ကြိုးစားချဉ်းကပ်ပါ သော် လည်း ငယ်စဉ်ကတည်းကလွှမ်းမိုးခဲ့သောအပြစ်လမ်းသို့ အပေါင်းအသင်းများတို့နှင့် အတူ လိုက်သွားပြန်ပါသည်။ရောဗောင်မင်းသား၏ အသက်တာမှားယွင်းမှုနှင့်နောက် ဆုံးဖောက်ပြန်မှုတို့ဖြစ်ရခြင်းမှာ ရှောလမုန်မင်းကြီးသည် ယဇ်နတ်ဘုရားကိုးကွယ်ပသ သူ လှပအမျိုးသမီးများနှင့် ပေါင်းသင်းထိမ်မြားခြင်း၏ ကြောက်စရာရလဒ်ပင်ဖြစ် ကြောင်း မှတ်သားရပေသည်။

               ဣသရေလလူမျိုးနွယ်စုတို့သည် မိမိတို့၏ရှေးဦးဘုရင်၏ ဖိနှိပ်ကွပ်ကဲမှု မျိုးစုံကို ကြာမြင့်စွာ ခံစားခဲ့ရချေပြီ။မလိုလားအပ်သော အပိုစည်းစိမ်ခံစားမှုများအတွက် ရှောလမုန်မင်းကြီးသည် တိုင်းသူပြည်သားတို့ထံမှ အခွန်အတုတ်ကို ကြီးလေးစွာ ကောက်ခံခဲ့၏။သို့မှသာ စရိတ်ကာမိမည်မဟုတ်ပါလား။ယခုဘုရင်သစ်တစ်ပါး၏ မင်း မြှောက်သဘင်တွင် တိုင်းပြည်ခေါင်းဆောင်များတို့သည် ဝန်လေးပင်ပန်းမှုများ နည်း ပါးရချေအံ့ဟု ရှောလမုန်မင်းကြီး၏သားတော်၌ မျှော်လင့်နေကြပါသည်။ သို့ဖြစ်၍ ဣသရေလလူအပေါင်းတို့သည် ယေရောဗောင်နှင့်အတူ သားတော်ရောဗောင်ထံသို့ ဝင်လျက် ]ခမည်းတော်သည် ကျွန်တော်တို့၌ လေးသောထမ်းပိုးကို တင်ပါပြီ။ ခမည်းတော်ထံမှပင်ပန်းစွာ ဆောင်ရွက်ရသော အမှု၊ တင်တော်မူသော ထမ်းပိုးလေးကို ပေါ့စေတော်မူပါ။ထိုသို့ ပြုသောမူလျှင် ကျွန်တော်တို့သည် အမှုတော်ကို ထမ်းပါမည်းဟု လျှောက်ဆိုကြ၏။}

               ရောဗောင်မင်းကြီးသည် အုပ်ချုပ်ရေးပေါ်လစီမူ စည်းမျဉ်းမဆွဲမီ မိမိ၏အကြံ ပေးအရာရှိ အသက်ကြီးသူများနှင့်တိုင်ပင်လိုသည်ဖြစ်သောကြောင့် ဤသို့အဖြေပေး လိုက်ပါ၏။]သုံးရက်လွန်မှ တစ်ဖန်လာကြဦးလော့} ဟု မိန့်တော်မူလျှင် သူတို့သည် သွားကြ၏။ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန် အသက်ရှင်စဉ်အခါ အထံတော်၌ ခစားသော အသက်ကြီးသူတို့နှင့်တိုင်ပင်၍ ဤသူတို့အား ငါပြန်ပြောရမည် အကြောင်း အဘယ်သို့အကြံပေးကြမည်နည်း ဟုမေးသော် သူတို့က ကိုယ်တော်သည် ထိုသူတို့၌ ကျေးဇူးပြုလျက် သူတို့စိတ်ကိုဖြေ၍ ကောင်းသောစကားကို ပြောတော်မူလျှင် သူတို့သည် အစဉ်ကိုယ်တော်၏ ကျွန်ခံကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။ (၆ရာ ၁ဝး၃-၇)။

                              မည်သည့်အခါမျှပြင်၍ မရနိုင်တော့သောအမှား

               ထိုအဆိုကို ရောဗောင်မင်းကြီးသိပ်မကြိုက်ပါ။မကျေနပ်သေးသောကြောင့် မိမိထံအမြဲခစားလျက်နေသော မိမိ၏ငယ်သူငယ်ချင်း အပေါင်းအသင်း လူပျိုစုများတို့ နှင့်တိုင်ပင်လျက် ]ပြည်သားတို့က ခမည်းတော်တင်သောထမ်းပိုးကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည်ဖြစ်၍ သူတို့အားငါပြန်ပြောရမည်အကြောင်း အဘယ်သို့အကြံ ပေးကြမည်နည်း} (၃ရာ ၁၂း၉) ဟု မေးလိုက်ပါသည်။ထိုအခါ ထိုလူပျိုစုတို့က ကိုယ့် ပြည်သူပြည်သားတွေကို ကိုယ့်ဆန္ဒသဘောအတိုင်း လုံး၀အလျှော့မပေးဘဲပြင်းပြင်း ထန်ထန် အုပ်ချုပ်ဖို့ရန် မင်းကြီးအားအကြံပြုကြပါသည်။

               ဤသို့လျှင် ချိန်းချက်ထားသည့်သုံးရက်မြောက်သောနေ့မှာ ရောဗောင်မင်းကြီး သည် ယေရောဗောင်နှင့်မျိုးနွယ်စုကိုယ်စားလှယ်တော်ကြီးများအား မိမိ၏အုပ်ချုပ် ရေးမူစည်းမျဉ်းများနှင့်ပတ်သက်၍ ဤသို့လျှင် ကြမ်းတမ်းစွာဖြေကြားလိုက်ပါသည်။ ]ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာလေးသော ထမ်းပိုးကိုတင်လေပြီ။ငါသည်လည်း ထပ်၍တင်ဦးမည်။ငါ့ခမည်းတော်သည် သင်တို့ကိုကြိမ်လုံးနှင့်ရိုက်လေပြီ။ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်} (ငယ် ၁၂၊၁၄)။ရောဗောင်မင်းကြီး၏ဖခင်ရှောလမုန် မင်းကြီးထက် ပိုမိုဖိနှိပ်အုပ်ချုပ်မင်းလုပ်မည်ဟူသောဆုံးဖြတ်ချက်သည် ဣသရေလ လူမျိုးအတွက် ထားရှိသောထာ၀ရဘုရားသခင်၏ စီမံချက်နှင့် တိုက်ရိုက်ဆန့်ကျင် လျက်နေပါသည်။တစ်ပါးသူတို့၏ အကျိုးကိုမကြည့်ဘဲ လုပ်ပိုင်ခွင့်ဩဇာတန်ခိုးကိုသာ ဦးထိပ်ထားသော ရှင်ဘုရင်နှင်အကြံပေးလုလင်ပျိုတို့သည် မိမိတို့၏ရာထူးဂုဏ်နှင့် ဩဇာတန်ခိုးကို ဖော်ကျူးနေခြင်းသာဖြစ်ပေ၏။

               ရှောလမုန်မင်းကြီးလက်ထက်မှာကတည်းက တိုင်းပြည်၏ဖိနှိပ်အုပ်ချုပ်မှုကို မကြိုက်နှစ်သက်ကြကုန်သော ပြည်သားတို့က ယခုလိုချစ်ခြင်းတရားမပြသနိုင်သော အခြေအနေမျိုးတွင် ဒါဝိဒ်မင်းကြီး၏မင်းဆက်ကိုဆန့်ကျင်ဖို့သာ ရှိတော့သည်မဟုတ် ပါလား။]ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်နားမထောင်ကြောင်းကိုသိ မြင်လျှင် ငါတို့သည် ဒါဝိဒ်နှင့်အဘယ်သို့ဆက်ဆံသနည်း။အိုဣသရေလအမျိုး၊သင်တို့ နေရာသို့သွားကြ။အိုဒါဝိဒ်၊သင်၏အိမ်ကို ကြည်ရှုလော့ဟု ရှင်ဘုရင်အား ပြန်ပြောလျက် ဣသရေလလူတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။(ငယ် ၁၆)။

               ရောဗောင်မင်းကြီး၏ မဆင်မခြင် ကြမ်းတမ်း ရိုင်းပျလှသောစကားကြောင့် ဣသရေလနိုင်ငံတော်ကြီး နှစ်ခြမ်းကွဲရလေပြီကော။ဣသရေလမျိုးနွယ်စု တစ်ဆယ် နှစ်စုရှိသည်တွင် ယုဒနှင်ဗင်္ယာမိန်တို့သည် တောင်ပိုင်းယုဒနိုင်ငံတော်အဖြစ် ရောဗောင် မင်းကြီး၏အုပ်ချုပ်မှုအောက်တွင် ရှိလာသည်။ကျန်ဆယ်မျိုးနွယ်စုတို့မျာကား သီးခြား အစိုးရကိုဖွဲလျက် မြောက်ပိုင်းဣသရေလနိုင်ငံတော်ကြီးဟူ၍ ယေရောဗောင်မင်းကြီး၏ အုပ်ချုပ်မှုအောက်မှာရှိပါသည်။ဤသို့လျှင် ထာ၀ရဘုရားသခင်သည် ရှိလောမြို့ သား ပုရောဖက်အဟိယအားဖြင့် နေဗတ်၏သားယေရောဗောင်အား မိန့်တော်မူခဲ့သော စကားပြည့်စုံ၍ လာပါတော့သည်။ (ငယ် ၁၅)။

 

 

               ဣသရေလမျိုးနွယ်စုဆယ်စုသည် မိမိထံမှဆုတ်ခွါသွားပြီဟု ရောဗောင်မင်း ကြီးသိမြင်သည်နှင့် အပတ်တကုတ်ကြိုးစားကာ မင်းပညာကိုပြပါတော့သည်။မိမိ၏ နိုင်ငံတော်တွင် ဩဇာကြီးသောဝန်ကြီးတစ်ဦးဖြစ်သူ အခွန်တော်ဝန် အဒေါနိရံကိုစေ လွှတ်ကာ ပြန်လည်သင့်မြတ်ရေးကိုလုပ်ဆောင်ခဲ့၏။သို့သော်လည်း ]ဣသရေလလူ အပေါင်းတို့သည် သူ့ကိုသေအောင် ကျောက်ခဲနှင့်ပစ်ကြ၏။}ဤသည်ကိုကြောက် လန့်သော ]ရောဗောင်မင်းကြီးသည် ရထားတော်ကိုအလျင်အမြန်တက်၍ ယေရုရှလင် မြို့သို့ပြေးလေ၏။} (ငယ် ၁၈)။

               ယေရုရှလင်မြို့သို့ရောက်သောအခါ ]မင်းကြီးသည် ဣသရေလအမျိုးကို စစ် တိုက်၍ နိုင်ငံတော်ကို ရှောလမုန်သားရောဗောင်လက်သို့ရောက်ပြန်စေခြင်းငှါ ဗင်္ယာ မိန်အမျိုးနှင့်တကွ ယုဒအမျိုးသားအပေါင်းတို့နှင့်ရွေးချယ်သော စစ်သူရဲတစ်သိန်း ရှစ်သောင်တို့ကိုစုဝေးစေ၏။သို့ရာတွင် ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် ဘုရားသခင်၏ လူရှေမာယသို့ရောက်၍ ထာ၀ရဘုရားသခင်၏အမိန့်တော်ကို ဆင့် ဆိုရမည်မှာ သင်တို့ညီအစ်ကိုဖြစ်သော ဣသရေလအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ ချီ၍မသွားကြနှင့်။ လူအပေါင်းတို့၊  ကိုယ်နေရာသို့ ပြန်သွားကြလော့။ဤအမှုသည် ငါအခွင့်ပေးသောကြောင့်ဖြစ်၏ဟု မိန့်တော်မူသော ထာ၀ရဘုရားသခင်၏စကားတော် ကို နားထောင်၍ စကားတော်အတိုင်းပြန်သွားကြ၏။ (ငယ် ၂၁ -၂၄)။

               ရောဗောင်မင်းကြီးသည် မိမိ၏ဝမ်းနည်းဖွယ်ရာအတွေ့အကြုံကို သင်ခန်းစာ ယူလျက် ဆုံးရှုံးသွားသည်များ ပြန်လည်အကျိုးထူးလာရေးအတွက် သုံးနှစ်လုံးလုံး အပတ်တကုတ်ကြိုးစားရှာပါသည်။ကြိုးစားမှု၏အကျိုးကျေးဇူး ကိုလည်းခံစားရပါ၏။ သူသည်ခံတပ်မြို့များစွာကိုတည်ဆောက်လျက်]မြို့သီးသီးတို့၌ ဒိုင်းလွှားလှံလက်နက် များကိုထား၍  အလွန်ခိုင်ခံ့စေ၏။}(၆ရာ ၁၁း၅၊ ၁၁း၁၂)။  ရောဗောင်မင်းကြီး၏ ပထမ နှစ်ဦးပိုင်းများတွင် တိုင်းပြည်သည် ကြွယ်၀ချမ်းသာနေ သေးသည့် လျှို့ဝှက်ချက်မှာ ထာ၀ရဘုရားသခင်ကို တန်ခိုးကြီးရှင်ဘုရင်အဖြစ် အသိအမှတ်ပြုသောကြောင့်ဖြစ် ပါ သည်။ ဤကားယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးတို့၏ အကျိုးအလို့ငှါ ပြုစုသောထာ၀ရ ဘုရားသခင်၏ ကျေးဇူးတော်ပေတည်း။ ကျမ်းမှတ်တမ်းက ဤသို့ဆိုပါသည်။ ]ထာ၀ရ ဘုရားသခင်ကို ရှာလိုသောငှါ သဘောကျသော သူတို့သည်လည်း ဣသရေလ ခရိုင်ထဲကထွက်၍ ဘိုးဘေးတို့၏  ထာ၀ရဘုရားသခင်အား  ယဇ်ပူဇော်အံ့သောငှါ၊ - - -  ယေရုရှလင်မြို့  သို့ရောက်လာကြ၏။ ထိုသို့သူတို့သည် ယုဒနိုင်ငံကိုအားပေ၍ ရှောလ မုန်သားရောဗောင်ကို သုံးနှစ်ပတ်လုံး ခိုင်ခံ့စေကြ၏။ သုံးနှစ်ပတ်လုံး ဒါဝိဒ်လမ်း၊ ရှောလမုန်လမ်း သို့လိုက်ကြ၏။} (၆ရာ ၁၁း၁၆ - ၁၇)။

 

                                             ရောဗောင်မင်းကြီးဆုံးရှုံးရခြင်း

 

               ရှောလမုန်မင်းကြီး၏ ထီးနန်အရိုက်အရာကိုဆက်ခံသော သားတော်ရော ဗောင်မင်းကြီးသည် ယေဟော်ဝါဘုရားသခင်အပေါ် သစ္စာစောင့်သိရိုသေမှုနည်းပါး၍ လာလေပြီ။မင်းကြီးသည် သဘာ၀အားဖြင့်ခေါင်းမာသည်။လုပ်ချင်သည်ကိုမလုပ်ရလျှင် မကျေနပ်နိုင်။မိမိကိုယ်ကို မိမိယုံကြည်စိတ်ချသည်။မိမိဆန္ဒသဘောအတိုင်း အသက် ရှင်သည်။ရုပ်တုတော်များကို ကိုးကွယ်ပသခြင်းအမှု၌ မွေ့လျော်၏။သို့တိုင်အောင် လည်း မင်းကြီးသည် ထာ၀ရဘုရားသခင် ဆက်လက်မှီခိုအားကိုးခဲ့ပါသော် တည်တံ့ ခိုင်မြဲသော ယုံကြည်ခြင်းကို ကြီးထွားစေနိုင်ရုံမျှမက ဘုရားသခင်လုပ်စေလိုသော အမှုတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။သို့သော်လည်း အချိန်လွန်လာသည်နှင့်အမျှ မင်းကြီးသည် မိမိလုပ်ဆောင်၍ဖြစ်သော ခံတပ်မြို့များနှင့်မင်းပညာတို့အပေါ်လုံး၀ မှီခိုအားကိုးလာသည်ဖြစ်၍ တဖြည်းဖြည်းနှင့်ယုံကြည်ခြင်းအားနည်းလာကာ နောက်ဆုံး တွင် ယဇ်နတ်ပူဇော်ပသခြင်းအမှုသို့ လုံးလုံးဝင်ရောက်သွားပါတော့သည်။ကျမ်းမှတ် တမ်းအရ ရောဗောင်မင်းသည် မိမိနိုင်ငံကိုတည်စေ၍ အားကြီးသောအခါ ဣသရေ လအမျိုးရှိသမျှနှင့်တကွ ထာ၀ရဘုရားသခင်၏တရားတော်ကိုစွန့်၍ ထာ၀ရဘုရား သခင်ကိုပြစ်မှားသောကြောင့်”    (၆ရာ ၁၂း၁) ဟုဆိုပါသည်။

 

                                                           

               ပတ်ဝန်းကျင်နိုင်ငံကြီးသားတို့ရှေ့မှာ အလင်းအိမ်ကြီးပမာ သက်သေခံရန် ဘုရားသခင်ရွေးချယ်လိုက်သော  လူမျိုးစုကြီးက မိမိတို့၏ အလင်းဆောင်ရန်တာဝန် များကို ပျက်ကွက်ရုံမျှမက ပတ်ဝန်းကျင်နိုင်ငံသားများကဲ့သို့ ကျင့်သုံးနေထိုင်သက်ရှင် လာကြသည့်အရာမှာ လူများစွာကို လမ်းမှားသို့တိမ်းချော်စေသည့် မှားယွင်းသော ဩဇာလွှမ်မိုးမှု တစ်ခုပင်ဖြစ်ချေသည်။ရောဗောင်မင်းကြီးသည်လည်း ခမည်းတော် ရှောလမုန်ကဲ့သို့ပင် အဖေတူသားဖြစ်နေပါပြီတကား။

               ထာ၀ရဘုရားသခင်သည် ယုံကြည်ခြင်းမှာဖေါက်ပြန်သော ယုဒရှင်ဘုရင်အား အပြစ်ပေးမဆုံးမဘဲမနေခဲ့ပါ။ရောဗောင်မင်းကြီး၏ နန်းစံငါးနှစ်တွင် ထိုသူတို့သည် ထာ၀ရဘုရားသခင်ကို ပြစ်မှားသောအပြစ်ကြောင့် အီဂျစ်ရှင်ဘုရင်ရှိရှက်သည် ရထား တစ်ထောင့်နှစ်ရာ၊မြင်းစီးသူရဲခြောက်သောင်း၊မရေတွက်နိုင်သော အီဂျစ်ပြည်၏သူရဲ များတို့နှင့်တကွ ယေရုရှလင်မြို့သို့စစ်ချီ၍ ယုဒပြည်၌ခိုင်ခံ့သောမြို့တို့ကို တိုက်ယူပြီးမှ ယေရုရှလင်မြို့ သို့ရောက်လေ၏။}

               ]ထိုအခါ ရှိရှက်မင်းကြောင့် ယေရုရှလင်မြို့၌ စုဝေးသောယုဒမင်းများနှင့် ရောဗောင်မင်းထံတော်သို့ ပုရောဖက်ရှေမာယသည်လာ၍ ထာ၀ရဘုရားသခင်မိန့် တော်မူသည်ကား သင်တို့သည် ငါ့ကိုစွန့်သောကြောင့် ငါသည် သင်တို့ကိုရှိရှက်မင်း လက်သို့အပ်လေပြီဟု အမိန့်တော်ကိုဆင့်ဆိုလျှင်}(ငယ် ၂ - ၅)။လူတို့သည် စစ်ရှုံး၍ အားနည်းကြသည်နည်းတူ ထာ၀ရဘုရားသခင်၏ လက်တော်ကိုလည်း သိမှတ်နား လည်သဖြင့် ဤတစ်ကြိမ်တစ်ခါတော့ မိမိကိုယ်ကိုနှမ့်ချကြပါသည်။]အီဂျစ်ရှင်ဘုရင် ရှိရှက်သည် ယေရုရှလင်မြို့သို့ရောက်၍ ဗိမာန်တော်ဘဏ္ဌာနှင့် နန်းတော်ဘဏ္ဌာရှိ သမျှကိုသိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းလွှာရှိသမျှကိုလည်း ယူသွား၏။ ရောဗောင်မင်းကြီးသည်  ရွှေဒိုင်းလွှားအစား၊ကြေးဝါဒိုင်းလွှားတို့ကို လုပ်၍ -  ထိုသို့ရှင် ဘုရင်သည် ကိုယ်ကိုနှိမ့်ချသောအခါ ထာ၀ရဘုရားသခင်သည် သူ့ကိုရှင်းရှင်းမဖျက် ဆီးမည် အကြောင်းအမျက်တော်ကိုလွှဲတော်မူ၏။ထိုမျှမကသေးဘဲ ယုဒပြည်၌လည်း၊ ပြည်မှုပြည်ရေးသာယာပါပေသည်။} (ငယ် ၆ - ၁၂)။

 

              

 

ရောဗောင်မင်းကြီး၏ဖေါက်ပြန်မှုနောက်ပိုင်းဖြစ်ရပ်များ

ဤသို့တစ်ဖန်ပြန်လည်၍ တိုင်းပြည်သည် ကြွယ်၀ချမ်းသာ ငြိမ်းချမ်းလာသော အခါ များစွာသောပြည်သူပြည်သားတို့သည် ယဇ်နတ်ပူဇော် ကိုးကွယ်ပသခြင်းသို့ တစ်ဖန်ပြန်သွား၏။ ရှင်ဘုရင်ရောဗောင်ကိုယ်တော်တိုင်လည်းပါ၏။ ထိုသို့မဖြစ်ရန် ထာ၀ရဘုရားသခင်သည် မင်းကြီးအားကြိုးစား၍ သွန်သင်ပါသော်လည်း သူသည် ငြင်းဆန်မြဲငြင်းဆန်ခဲ့သဖြင့် တိုင်းပြည်မှာ အပြစ်စီရင်ခြင်းသို့ ဆိုက်ရောက်ရလေသည်။ ဘုန်းမဝင့်နိုင်တော့သော နှစ်များအတွင်းမှာပင် ]ရောဗောင်သည်လည်း ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။သားတော်အဘိယသည် ခမည်းတော် အရာ၌ နန်းထိုင်၏။}(ငယ် ၁၄း၁၆)။

               ထိုမင်းနောက်ပိုင်း မင်းဆက်များမှာမင်းကျင့်မင်းကြံနှင့်ညီညွှတ်သည် ဖြစ်သော ကြောင့် ရာစုနှစ်များစွာပင် ဒါဝိဒ်မင်း၏ရာဇပလ္လင်သည် တည်တံ့ခိုင်မြဲ၍နေ၏။ပတ်ဝန်း ကျင်ရှိတိုင်းပြည်များ ဆီသို့တိုင် မိမိတို့ခံစားခဲ့ရသမျှသော ဘက်စုံမင်္ဂလာအဖြာဖြာသည် ပျံ့နှံ့သွားရ၏။သို့သော်လည်း ရောဗောင်မင်းကြီးလက်ထက်က စတင်ပေါက်ပွားခဲ့သော အပြစ်မျိုးစေ့ကိုမူကား ရာနှုန်းပြည့်အမြစ်မှ ဖယ်ရှားမနုတ်ပစ်နိုင်သည်မှာ အမှန်ပင် ဖြစ်ခဲ့ပါသည်။သို့ဖြစ်၍လည်း တစ်ချိန်က ဘုရားသခင်ရှေ့တော်မှောက်မှာ မျက်နှာသာ ရခဲ့သောလူမျိုးသည် တိုင်းတစ်ပါး၏ အပြောအဆိုငြိုငြင်မှုကို ခံရသည်မဟုတ်ပါလား။

               မည်သို့ပင်ဖြစ်စေ ဤယဇ်နတ်ပူဇော်ပသ ကိုးကွယ်ခြင်းအလေ့အထကို ကျင့် သုံးနေပါသော်လည်း ထာ၀ရဘုရားသခင်သည် ကရုဏာတော်ရှေ့ထား၍ ပြိုကွဲနေသော နိုင်ငံတော်ကို လုံး၀ပျက်စီးခြင်းမှကယ်နုတ်ခဲ့ပါသည်။ နှစ်ပေါင်းများစွာ ကြာလာ၍ ထာ၀ရဘုရားသခင် ထားရှိသောရည်ရွယ်ချက်အတိုင်း လိုက်နာကျင့်သုံးရန် ဣသရေလ လူမျိုးတို့သည် စာတန်၏ပယောဂကြောင့် ပျက်ကွက်ခဲ့သောအခါ ထိုလူမျိုးစုကို တိုင်းတစ်ပါး၌စစ်သုံ့ပန်းများ အဖြစ်သို့ကျရောက်စေခဲ့သလို ပြန်လည်ထူထောင်ရေး တာဝန်ရရွေးချယ်ခံ ပြည်သားများအဖြစ်သို့လည်း ထာ၀ရဘုရားသခင်ထံတော်မှအကျိုး ကို ခံစားခွင့်ရရှိကြပေသေးသည်။

 

              

              

               သို့ဖြစ်၍ နိုင်ငံတော်ပြိုကွဲပြန့်ကျဲသွားရခြင်းသည် အံ့ဖွယ်သမိုင်းစဉ်၏ အစပင် ဖြစ်ပါသေးသည်။ထိုသမိုင်းစဉ်က ထာ၀ရဘုရားသခင်သည် စိတ်ရှည်သည်းခံ၍ နူးညံ့ သိမ်မွေ့ကာ ကရုဏာစိတ်ရှိသော ဘုရားသခင်ဖြစ်တော်မူကြောင်း ထင်ရှားသိမြင်စေ ပါသည်။ယဇ်နတ်ပူဇော်ကာ ရုပ်တုတော်ကိုးကွယ်ကြ သူများမှာလည်းနောက်ဆုံးတွင် ထိုဘုရားတို့မှာမှားယွင်း၍ လူကိုမကယ်တင်နိုင်ရုံမျှမက မချီးမြှင့်နိုင်ကြောင်း သိနား လည်လာကြပါသည်။အသက်ရှင်သောထာ၀ရဘုရားသခင်နှင့် အကျွမ်းဝင်မိတ်သဟာ ယ ဖွဲ့ခြင်းသည်သာလျှင် လူကိုငြိမ်သက်ခြင်းနှင့်စည်းစိမ်ချမ်းသာကိုပေးနိုင်သည် မ ဟုတ်ပါလော။ (ငယ် ၁၂း၁၆)။

                                             

No comments:

Post a Comment