Tuesday, March 10, 2026

 

အခန်း (၁၈)

ခါးသောရေကို ရေချိုဖြစ်စေခြင်း

 

               ယော်ဒန်ချိုင့်ဝှမ်းလွင်ပြင်ဒေသသည် မြစိမ်းရောက်ဂျုံစပါးခင်းနှင့် ပြီးပြည်စုံ နေသည်။ အသီးတစ်ရာ အညှာတစ်ခုနှင့် သစ်ပင်မျိုးစုံတောအုပ်ကြီးမှာလည်း သာယာ လှပါဘိ။ ဣသရေလတပ်မဟာကြီးသည် ယောဒန်မြစ်ကိုကူးပြီး တပ်ချနေကြပြီ။ သူတို့၏ရှေ့မှာ ကြီးမားခန့်ညားသော ယောရိခေါ်မြို့ကြီး ရှိပါသည်။ (က ၁၃း၁၀၊၁၂)။ ထိုမြို့တော်ကြီး ထဲမှာ  ခါနာန်လူမျိုးတို့၏ နတ်ဘုရားကိုးကွယ်မှုပုံစံ အမျိုးမျိုးထဲမှာ အကြမ်းတမ်းဆုံး ဘုရားမအာရှ၏ ဗဟိုပြုဝတ်ပြုကိုးကွယ်ရာ ဗိမာန်တော်ကြီးရှိ၏။ မကြာပါ။ ထိုရောမ မြို့ရိုးကြီးသည် ပြိုလဲကျဆင်းကာ ထိုပျက်သုန်းခြင်းနှင့် အတူလေးနက်သော ကြေညာ ချက်တစ်ခုကိုလည်း ထုတ်ပြန်လိုက်သည်။ ]ထိုအခါ ယေရှုက အကြင်သူသည် ထ၍ ယေရိခေါမြို့ကို တည်ပြန်၏။ ထိုသူသည် ထာ၀ရဘုရားသခင်ရှေ့တော်၌ ကျိန် အပ်သောသူ ဖြစ်ပါစေ။ သူသည်သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍ သားထွေး လက်ထက်၌ မြို့တံခါးတို့ကို ထောင်ပါစေဟု ကျိန်ဆို၏။} (ယောရှု ၆း၂၆)။

               ရာစုနှစ်ငါးခုကျော်လွန်သွားလေပြီ။ ထိုဒေသမှာပျက်စီး၍ လူသူမရှိ။ ဘုရား သခင် ကျိန်အပ်သော နေရားဖြစ်လျက်ရှိနေဆဲ။ ထိုဒေသရှိ စမ်းချောင်းများပင်လျှင် ထိုအကျိန်ကို ခံနေရပါသည်။ သို့သော်လည်း မိဖုရားယေဇဗေလ၏ ဩဇာလွှမ်းမိုး မှုကြီးစိုးလာသည်နှင့်အမျှ ဘုရားမအာရှရကို ဝတ်ပြုကိုးကွယ်ခြင်းသည်လည်း စည်ကား သိုက်မြိုက်လာရကား။ ဤကိုးကွယ်မှုကို အစဖော်ခဲ့သော ယေရိခေါရှေးဟောင်းမြို့ ကြီးကို ပြန်လည်၍တည်ဆောက်ကြပါသည်။ ပြန်လည်တည်ဆောက်သူတို့သည် ကြောက်စရာ ဆုံးရှုံးမှုကြီးကြားထဲမှာပင် ဇာတိစိတ်သဘောကို ဦးစားပေးလျက် ပြန်လည် ပြုပင်တည်ဆောက်ခဲ့ကြပါသည်။ ]အာဟပ်လက်ထက်၌ ဗေသလမြို့သား ဟိဧလသည် ယေရိခေါမြို့ကိုတည်၏။ ထာ၀ရဘုရားသခင်သည် နှုန်၏သား ယောရှုအားဖြင့် မိန့်တော်မူသော စကားနှင့်အညီ သားဦးအဘိရံလက်ထက်၌ ၄။သေလွန်သောသားအား ပြန်လည်ရှင်ပြန်စေခြင်းဖြင့် ရှုနိမိန် အမျိုးသမီးကြိးထံ ဧည့်ဝတ်ကျေပွန်မှုကို ဘုရားသခင်သည် ဧလိယအားဖြင့် ဂုဏ်ပြုခဲ့ပါသည်။ မြို့ရိုး အမြစ်ကိုတည်၍ သားထွေးစေဂုပ်လက်ထက်၌ မြို့တံခါးတို့ကိုထောင်၏။} (၃ရာ ၁၆း၃၄)။

ယေရိခေါမြို့နှင့် မလှမ်းမကမ်းတစ်နေရာမှာ ပုရောဖက်ကျောင်းတစ်ဆောင် ရှိပါသည်။ ဧလိရှဲသည် ဧလိယကောင်းကင်ထက်သို့ တက်ကြွသွားသည်ကို မြင်ပြီး သည်နောက် ထိုနေရာသို့သွာခဲ့ပါသည်။ လမ်းမှာသွာစဉ် မြို့သားတို့က ဧလိရှဲထံလာ၍ ဤသို့ပြောဆိုကြပါသည်။ ](ထိုမြို့သားတို့က ) ကိုယ်တော်မြင်သည် အတိုင်း ဤ မြို့တည်ရာ အရပ်သည်သာယာပါ၏။ သို့ရာတွင် ရေမကောင်း၊ မြေလည်း ကိုယ် ဝန်ပျက်စေတတ်ပါသည်ဟု ဧလိရှဲအားလျှောက်ကြပါသည်။} မှန်ပါသည် တစ်ချိန် က ကြည်လင်အေးမြ၍ အသက်ကိုဆက်လက်ရှင်သန်စေသော စမ်းရေတွင်းမှာ ယခုတော့ သုံးမရအောင်ဖြစ်နေပါပြီ။ ထိုကြောင့် ဧလိရှိက ဤသို့တုံ့ပြန်ပြောကြား လိုက်ပါ၏။ ](ဧလိရှဲက) ဘူးသစ်တစ်လုံးကို ဆားထည့်၍ ယူခဲ့ကြလော့ဟု ဆိုသည် အတိုင်း ယူခဲ့ကြ၏။ ဧလိရှဲသည် စမ်းရေတွင်းသို့သွား၍ ဆားကိုခတ်လျက် ထာ၀ရဘုရား သခင်မိန့်တော်မှုသည်ကား ဤရေကို ငါချိုစေ၏။ နောက်တစ်ဖန် သေစေမည် အ ကြောင်း ကိုယ်ဝန်ပျက်စေမည်အကြောင်းကို မပြုရ။} (၄ရာ ၂း၁၉-၂၁)။

               ]ဧလိရှဲဆင့်ဆိုသော အမိန့်တော်အတိုင်း ရသည်ယနေ့တိုင်ချိုလေ၏။} (ငယ် ၂၂)။ ]ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ နေကိုထွက်စေတော်မူ၍ ဖြောက်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့ အပေါ်၌ မိုးကို ရှာစေတော်မူသော ကောင်းကင်ဘုံ၌ ရှိတော်မူသည့်ဘုရားသခင်သည် သနားခြင်းကရုဏာတော်အားဖြင့် ဣသရေလလူမျိုးတို့၏ ဝိညာဉ်ရေးပျက်စီးဆုံးရှုံးမှုဝေဒနာကို ပျောက်ကင်းစေရန် ဆန္ဒမွန်ရှိပါ၏။ (မဿဲ ၅း၄၅)။

               ထိုပြန်  လည်ပြုပြင်တည်ဆောက်ခြင်းသည် အမြဲထာ၀စဉ်ဖြစ်ပါ၏။ ခေတ်အ ဆက်ဆက် ထိုစမ်းချောင်းရေကို လူအများသောက်သုံးနိုင်ကြလေပြီ။ (၄ရာ ၂း၂၂)။ ထိုစမ်းချောင်း ရေရရှိသော ချိုင့်ဝှမ်းလွင်ပြင် ဒေသတစ်ကြောသည်လည်း သဲကန္တရ ကြီးထဲမှာရှိသော အိုအေစစ်တစ်ခုအလား လှပစိမ်းလန်းစိုပြည်၍ နေပါတော့သည်။

 

                                            

 

ထာ၀ရဘုရားသခင်သည် စမ်းရေခါးကို ချိုအေးရေအဖြစ်သို့

ပြုပြင်ပေးနေဆဲဖြစ်ခြင်း

               ခါးသီးသောရေကိုထုတ်ပေးသည့် စမ်းရေတွင်းထဲသို့ ဆားခတ်လိုက်လျှင်ပဲ ညစ်ညမ်းနေသာ စမ်းရေတွင်းထဲက ရေသည် စင်ကြယ်သန့်ရှင်းသွားတော့သည်။ ဧလိယ သွန်သင်ခဲ့သော သင်ခန်းစာကို နောင်ရာစုနှစ် များစွာလွန်လာသောအခါ ကယ်တင်ပိုင်ရှင် ယေရှုခရစ်တော်က ဤကဲ့သို့ မြွက်ဆိုခဲ့သည်မှာ ]သင်တို့သည် ဤလောက ၏ဆားဖြစ်ကြ၏။} (မဿဲ ၅း၁၃)။ ထာ၀ရဘုရားသခင်သည် မိမိ၏ ချစ်သားသမီးတို့ကို ဆားနှင့်ပုံခိုင်းထားခြင်းမှာ ထိုသူတို့သည် အခြားသော အသက် ဝိညာဉ်များကို ရှာဖွေကယ်တင်ရန် သခင်လုပ်သားများ အဖြစ်ခံယူစေလိုသော ဦးတည်ချက်ရှိပါသည်။ ထိုသို့ပြုမှ ကမ္ဘာလောကကြီးသည် ကယ်တင်ခြင်းတရားကို ဆောင်ယူလာသောကျေးဇူးတော်ကို သိရိလက်ခံကာ လက်ဆင့်ကမ်းခံစား တင်ပြ နိုင်မည်မဟုတ်လော။

               ဤကမ္ဘာလောကကြီးသည် စစ်မှန်၍ ကြည်ညိုဖွယ်ကောင်းသော ခရစ်ယာန် သာသနာ၏ သက်သေသာဓကများကို တွေ့မြင်ဖို့ရန် လိုအပ်နေပါပြီ။ လူ့အသိုက် အဝန်း၏ နှလုံးသားအိမ်ထဲမှာ အပြစ်ဆိပ်သင့်နေသည်။ မြို့တော်ကြီးများမှ စ၍ ရွာငယ်ဇနပုဒ်များတိုင်အောင် အကျင့်ပိုင်းတွင် အလွန်ကျဆင်းနေရကား ဝေဒနာ ဆင်းရဲခြင်းနှင့် မကောင်းမှုလုပ်ရပ်တို့သည် မင်းမူနေ၏။ ဆင်းရဲချို့တဲ့ကာ စိတ်လေလွင့် နေသောသူတို့သည် ကယ်တင်မည့်သူကို မျှော်လင့်တောင့်တနေကြသည်။ သမ္မာတရား သတင်းကောင်းသည် သူတို့ရှေ့မှာရှိနေပြီ မဟုတ်လော။ အဘယ်ကြောင့် ထိုသူတို့ သည်ပျက်စီးရပါသနည်း။ အကြောင်းမူကားအသက်ရှင်သောအငန်ဓါတ်ကို ထုတ်ဖော် ပေးရမည့်သူတို့သည် သေမင်းတမန်အငန်ဓါတ်ကို ထုတ်ပေးသောကြောင့်တည်း။ ထိုအသက်ဝိညာဉ်တို့သည် အဆိပ်သင့်နေသော စမ်းရေတွင်းမှရေကို ခါးသီးစွာ သောက်နေကြရလေပြီ။

               ဆားမည်သည်ကား ရောနှောခြင်းရှိရမည်။ ထွင်းဖောက်မှု၊ ပျံ့နှံ့စေမှုရှိမှသာ လျှင် စပ်နယ်ထားရာကို ထိန်းသိမ်းနိုင်မည်ဖြစ်သည် မဟုတ်လော။ သို့ဖြစ်၍ ကျွန်ုပ် တို့တစ်ဦးချင်းစီက ပတ်ဝန်းကျင်လူတို့နှင့် ရောနှောဆက်ဆံသဖြင့် ကယ်တင်ခြင်း တန်ခိုးကို ပေးစွမ်းနိုင်သော ဧဝံဂေလိသတင်းကောင်းကို ဝေငှနိုင်မည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ တစ်ဦးချင်းဩဇာလွှမ်းမိုးမှုသည် ခရစ်တော်ယေရှု၏ ဩဇာတန်ခိုးနှင့် ပေါင်းဖက်လိုက်သော် ကြီးစွာသော တန်ခိုးဖြစ်လာပါသည်။ ထိုအခါ ခရစ်တော် လုပ်စေချင်သလိုလုပ်၍ မှန်ကန်သောအခြေခံမူ စည်းမျဉ်များကိုလည်း ဝေငှနိုင်သဖြင့် လောကအညစ်အကြေးနှင့် ကင်းဝေးကာ လူသားအချင်းချင်းကို အကျိုးပြုနိုင်ပါ လိမ့်မည်။ သို့ဖြစ်၍ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ပူးပေါင်းဖော်ပြသော စင်ကြယ် သည့်ပုံပမာအားဖြင့်သာလျှင် ပတ်ဝန်ကျင်လူတို့၏ အသက်တာကို မြှင့်တင်၊ ချိုအေး၊ ငြိမ်းချမ်းစေမည် မဟုတ်ပါလား။

               ယေရိခေါမြို့မှာရှိသော ညစ်ညမ်းစမ်းချောင်းရေသည် ထာ၀ရဘုရားသခင်နှင့် ဝေးဝေနေသော အသက်ဝိညာဉ်ကို ပုံဆောင်ထား၍ အပြစ်သည် လူသား၏ အသက် ဝိညာဉ်တွင် မိမိ၏ဖန်ဆင်းသူ ဘုရားသခင်ကို သိလိုစိတ်နှင့် သိနိုင်စွမ်းအားတို့ကို ဖျက်ဆီးလိုက်ပါသည်။ အတွင်းစိတ်အာရုံနှင့် တွေးခေါ်မှုတို့ကို ညစ်ညမ်းယုတ်မာစေ၍ ခန္ဓာတစ်ခုလုံး၏ ယန္တယားကို ဖရိုဖရဲက မောက်ကမဖြစ်စေပါသည်။ အကျင့်မြင့်မား လိုသောဆန္ဒသာရှိသည်။ အတွင်းအပြင်တစ်ကိုယ်လုံးမျာကား ယုတ်ညံ့သဖြင့် အထင် အမြင်သေးစရာ ဖြစ်၍ လာချေ၏။

               အတွင်းစိတ်နှလုံးဖြူစင်သော သူတို့၌ကား အရာရာမှာပြောင်းလဲခြင်းရှိ၏။ ထာ၀ရဘုရားသခင်၏ ဝိညာဉ်တော်သည် အသစ်သော အသက်တာ(ဝါ) ဘ၀သစ်ကို ဖန်ဆင်းပေးသည်။ သခင်ခရစ်တော်၏ အလိုတော်အတိုင်း သက်ရှင်နေထိုင်လို၍ အလိုတော်ကို မငြင်းဆန်ဘဲတွေးခေါ်တတ်လာသည်။ ကောင်းမြတ်သော ဆန္ဒများ ဖြစ်ပေါ်လာသည်။ နားထောင်ခြင်းရှိလာပါသည်။ အတွင်းလူမှာလည်း ထာ၀ရဘုရား သခင်၏ ပုံသဏ္ဌာန်တော်၌ အသစ်ပြုပြင်ခြင်းရှိလာသည်။ ခွန်အားနည်း၍ မှောက်မှား တိမ်းပါးသော သူတို့၏ ပြောင်းလဲမှုရှိသော အသက်တာအားဖြင့် ရွေးနုတ်ကယ်တင် နိုင်သော တန်ခိုး၏ကျေးဇူးတော်သည် မှားယွင်းသောအကျင့်ရှိသူကို ညီညွှတ်တင့် တယ်ရှုချင့်ဖွယ်ကောင်း၍ ကောင်းသော ဝိညာဉ်ပကတိအသီးများကို ဆောင်စေ ခြင်း၌ ကြီးပွားခြင်းရှိစေကြောင်း ဖော်ကျူးနေပါသည်။

               ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက်စကားတို့ကို စိတ်နှလုံးထဲမှာ သိုမှီး ထားသောသူသည် စမ်းရေတွင်းပျက်ကြီးနှင့်မတူပါ။ တောင်ပေါ်မှာ ချောင်းဖျားခံ၍ စီးထွက်လာသောစမ်းရေနှင့်တူ၏။ မခြောက်ခန်းနိုင်သော စမ်းရေပေါက်များဖြစ်သော ကြောင့် ထိုရေစီးချောင်းသည် ပတ်ဝန်းကျင်ရှိစိုးရိမ်ကြောက်ကြ၍ နေစဉ်ဝန်ထုပ် များစွာနှင့် လေးလံပင်ပန်းကာ တရားငတ်နေသော အသက်ဝိညာဉ်များစွာကို အေးချမ်းစေပါသည်။ ၎င်း၏ ဘက်စုံကြီးပွားမှုသည်လည်း ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွား ပါသည်။ ထိုစမ်းချောင်းရဖြင့် အသီးကိုဆောင်၍ အပွင့်ကိုဝေဆာစေပါသည်။ မြေကြီး သည် နွေရာသီ၏ ချစ်ချစ်တောက်အပူဒဏ်ကို ခံနေရသော်လည်း မြစ်ချောင်း တစ်လျှောက်ရှိနေရာမှန်သမျှတွေမှာ မြက်စိမ်းရွက်စိမ်းများကို ရှုမောဖွယ်ရာ တွေ့မြင် ရပေသည်။

               သမ္မာကျမ်းစာ၏ အမှန်တရားပြ အသိပညာအားဖြင့် မိမိ၏ အသက်တာကို သန့်ရှင်းစင်ကြယ်စေသောသူသည် မခန်းခြောက်နိုင်သော ကျေးဇူးတော်နှင့် အသိ ဉာဏ်ပညာ စီးထွက်ရာအသက်စမ်းရေကို နေ့စဉ်သောက်သုံးသောသူဖြစ်၏။ သခင့်၏ စိတ်သဘောမျိုးကို ဆောင်၍ကိုယ်ကျိုးမဖက်၊ အမှုတော်မြတ်မှာ စိတ်အားထက်သန်စွာ ပါဝင်ခြင်းဖြင့် ဝန်းကျင်ရှိလူများစွာတို့သည် ကာယ၊ ဉာဏ၊ ဝိဉာဏ အကျိုးကို ခံစား ကြရကုန်၏။ စိုးရိမ်ကြောင့်ကြ သူတို့လည်းပြန်လည် လန်းဆန်းလာ၏။ ဖျားနာ သူ တို့သည် ကျန်းမာလာရ၏။ အပြစ်ဝန်ထုပ်နှင့် လေးလံနေသော သူတို့သည်လည်း ပေါ့ ပါးရလေသည်။

               သင့်မှာရှိသော ဝိညာဉ်သဘောကို အခြေပြု၍ ]သူတစ်ပါးအားပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အားပေးကြလိမ့်မည်။} အကြောင်းမူကား ထာ၀ရ ဘုရားသခင်၏ နှုတ်တော်ထွက်စကားတို့သည် ]ဥယျာဉ်များကို ရေလောင်းစရာရေကန်၊ စမ်းရေတွင်း၊ လေဗနုန်တောင်ကစီးထွက်သော မြစ်ရေဖြစ်သတည်း။} (လုကာ ၆း၃၈။ သီ ၄း၁၅)။

                                                           

No comments:

Post a Comment