အခန်း(၁၇)
ပုရောဖက်ဧလိယကို
ဆက်ခံသည့်ဧလိရှဲ
ထာ၀ရဘုရားသခင်သည်
ဧလိယအား ]ရှာဖတ်၏သားဧလိရှဲကို သင့်ကိုယ်စား ပုရော ဖက်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့} (၃ရာ ၁၉း၁၆) ဟုမြွက် ဆိုခဲ့ပြီးလေပြီ။ ထိုအမိန့်တော်ကို
နာခံသောအားဖြင့် ဧလိယသည် ဧလိရှဲကို တွေ့အောင် ရှာပါတော့ သည်။
ထိုသို့ရှာပုံတော်ကျူးခဲ့သည့် မြောက်အရပ်ဒေသရှိခရီး လမ်းတွင် ပတ်ဝန်း
ကျင်မြင်ကွင်းမှာ ယခင်ကနှင့် မတူတော့။ မြစိမ်းရောင်စိုက်ပျိုးခင်းများနှင့် ပြည့်နေ
သည်။ အစာငတ်မွတ်၍ ခြောက်သွေ့သောဘေးမှ လွတ်မြောက် ခဲ့ကြပြီမဟုတ်ပါလား။
ဧလိရှဲ၏ဖခင်မှာ ကြွယ်၀သော လယ်သမားကြီးတစ်ယောက်ဖြစ်၏။
သုံးနှစ်ခွဲ မိုးခေါင်ခဲ့စဉ်ကာလ ဗာလဘုရားကို ဦးမချဝတ်မပြုသော
အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်ပါသည်။ ထိုသူတို့၏အိမ်မှာ ထာ၀ရဘုရားသခင်သည်
ဘုန်းထင်ရှားခြင်းရှိ၏။ ထိုသူတို့၏ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်အေးချမ်းသည်။ ထာ၀ရဘုရားသခင်နှင့်
သဘာ၀သွန်သင်သည်များကို အသုံးဝင်သော လုပ်ငန်း၏ စည်းစနစ်ကျနမှုများနှင့်
ပေါင်းဖက်လိုက်သောအခါ ဧလိရှဲသည် ရိုးရိုးကျင့်ကြံနေထိုင်တတ်ပြီး ထာ၀ရဘုရား
သခင်နှင့် မိဘတို့၏စကားတိုကို နားထောင်ခြင်း အလေ့ကိုရရှိလာသည်။ ထိုဓလေ့က
ရှေ့မှာလုပ်ဆောင်ရမည့်အဆင့်မြင့်တာဝန်ကြီးကို ထမ်းရွက်နိုင်စေသည် မဟုတ် ပါလား။
သူသည် လယ်ပြင်မှာ နွားငါးယှဉ်းနှင့် လယ်ထွန်လျက်
နောက်ဆုံးနွားယှဉ်းနှင့် ထွန်ယက်နေစဉ် ပုရောဖက်ရာထူးကို ခံယူရန်
ဖိတ်ခေါ်ခြင်းခံခဲ့ရပါသည်။ ထို အချိန်မတိုင်မီမှာ ဧလိရှဲသည် မိမိလက်နှင့်
အနီးကပ်ဆုံး အလုပ်အကိုင်လုပ်၏။ နူးညံ့သိမ်မွေ့အေးဆေးသော သဘောလည်းသူ၌ရှိသည်။ သို့တိုင်အောင်လည်း
ခွန် အားကြီး၍ မှန်ရာကိုဖြောင့်တန်းရိုးစင်းစွာ ပြုတတ်လေသည်။ ဤသို့စိတ်နှလုံး
နှိမ့်ချစွာ ချွေးထွက်မှပြီးစီးနိုင်သည့်အလုပ်ကို လုပ်ကိုင်ရင်းနှင့်
အကျင့်အားကောင်းလာ၏။ အသိတရားနှင့် ဘုရားသခင်၏
ကျေးဇူးတော်ခံစားရပုံများမပြတ်တိုးပွားလာခဲ့သည်။ မိမိ၏ဖခင်ကို
အိမ်တွင်းရေးတာဝန်များ ကူညီပေါင်းဖက်လုပ်ကိုင်ခြင်းအားဖြင့် ထာ၀ရ ဘုရားသခင်နှင့်
ပေါင်းဖက်လုပ်ဆောင်မှုသဘောကိုလည်း သူဆည်းပူးမိလာသည်။ ငယ်သောအရာမှာ
သစ္စာစောင့်သိတတ်ခြင်းဖြင့် ပို၍ကြီးမားလေလံသော တာဝန် ကိုထမ်းရွက်ဖို့ရန်
မိမိကိုယ်ကိုပြင်ထားခြင်းလည်းဖြစ်ပေသည်။ ဤသို့ သစ္စာရှိစွာ နေ့စဉ်လုပ်ငန်းကို
လုပ်ကိုင်ခဲ့သောကြောင့် ပို၍အဆင့်မြင့်သော အလုပ်ကိုလုပ်ဖို့ရန်
ညီညွှတ်လျော်ကန်မှုရှိလာသည်။ အလုပ်ကောင်းသောကြောင့်လည်း တစ်ပါးသူကို
မည်သို့သွန်သင်ရမည်၊ ဦးဆောင်သွားရမည်ကို သိရှိနားလည်လာသည်။
ထာ၀ရဘုရားသခင်၏ စည်းကမ်းပေးမှုတွင် ထာ၀ရဘုရားသခင်၏ အကြံ
အစည်တော်ကို အဘယ်လူသားမျှ မသိနိုင်သည်ဖြစ်သော်လည်း သေးငယ်သော
အမှုမှာတာဝန်ကျေလုပ်ဆောင်သော သစ္စာရှိသူသည် ဧကန်မုချသာ၍ ကြီးကျယ်သော တာဝန်များကို
လျော်ကန်စွာ ဆက်လက်ထမ်းရွက်နိုင်ဖို့ရန် ပြင်ဆင်ပေးနေသော သာဓကဖြစ်ကြောင်း
အားလုံးကသိမှတ်ရပါမည်။ သေးငယ်ပေါ့ပါးသော တာဝန်ကို သစ္စာရှိစွာထမ်းရွက်သော သူသည်
]ရှက်ကြောက်စရာ အကြောင်းမရှိသော လုပ်သား တစ်ယောက်ဖြစ်၍} (၂တိ ၂း၁၅) သူ့အားပိုမို၍ အဆင့်မြင့်မားသောအလုပ်ကို
လုပ်ကိုင် စေခြင်းဖြင့် ထာ၀ရဘုရားသခင်၏ ဂုဏ်ပြုခြင်းကိုခံရနိုင်ပါသည်။
စွမ်းရည်ကို အထူးထက်မြက်မှ သခင့်အတွက်
အံ့ဖွယ်ကောင်းလောက်အောင် အလုပ်ကို လုပ်ပေးနိုင်မှာ ဟုဆိုပြီး မျက်စိရှေ့မှာ ရှိသော
အလုပ်ကို မျက်ခြည်ပြတ် နေကြသူများစွာ ရှိပါသည်။ ထိုသူတို့သည် မိမိ၏ လက်ထဲမှာရှိသော
အလုပ်ကို သစ္စာရှိစွာ လုပ်ကိုင်နေပါစေ။ ထူးခြားပြောင်မြောက်သော
စွမ်းရည်လုပ်ဆောင်မှု မျိုးရှိမှ အလုပ်ကောင်းမည်မဟုတ်ပါ။ နေ့စဉ်တာဝန်များကို
ကောင်းသော စေတနာအသိ စိတ်ဖြင့် လုပ်ဆောင်ခြင်း၊ ရောင့်ရဲတတ်သော စိတ်သဘော၊
တစ်ပါးသူတို့၏ အကျိုးကို သယ်ပိုးလိုသောသူသည် ကောင်းစွာပြုလေပြီ။
သာမန်လူသားလုပ်တတ်သော သာမန် အလုပ်များပင်ဖြစ်လင့်ကစား၊ စေတနာ မေတ္တာထား၍
သစ္စာရှိစွာ လုပ်ဆောင်ခြင်းသည် ထာ၀ရဘုရားသခင်၏ မျက်မှောက်တော်မှာ
အလွန်လှပသောအရာဖြစ်ချေ၏။
ဧလိယသည် ဧလိရှဲထွန်ယက်နေသောလယ်မြေအနား၌ ဖြတ်သွားနေစဉ်မှာ
သူသည် ထိုလူငယ်၏ ပုခုံးပေါ်သို့ မိမိ၏ ဆက်ကပ်အပ်နှံမှုကို ပုံဆောင်သော ဝတ်ရုံကို
တင်ခြုံပေးလိုက်ပါသည်။ ဒါက ဘာသဘောလဲဟူသည်ကို ဧလိရှဲသည် သိရှိပါ၏။ အကြောင်းမှာ
အစာငတ်မွတ်နေစဉ်နှစ်များကာလအတွင်း ]ရှာဖတ်}
၏ မိသားစု
ဝင်များအားလုံးက ပုရောဖက်ဧလိယ၏ အလုပ်တာဝန်နှင့် ဝတ္တရားများကို နားလည်
သဘောပေါက်ထားကြပါသည်။ ယခုတွင် ထာ၀ရဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ် တော်သည်
မိမိအားပုရောဖက်ဧလိယ၏ အလုပ်တာဝန်ကို ဆက်ခံရန်ဖြစ်ကြောင်း ဖိတ်ခေါ်နေပြီ
မဟုတ်ပါလား။
]ဧလိရှဲသည် နွားတိုကိုပစ်ထား၍ ဧလိယနောက်သို့လိုက်လျက်
အကျွန်ုပ်သည် မိဘကို နမ်းပါရစေ။ သို့ပြီးမှ ကိုယ်တော်နောက်သို့ လိုက်ပါမည်ဟု
အခွင့်တောင်းလျှင် ဧလိယကပြန်သွားလော့။ ငါသည် သင်၌အဘယ်သို့ပြုဘိသနည်းဟု
ပြောဆိုလိုက် ပါသည်။} (၃ရာ ၁၉း၂၀၊)။
ဤစကားသည် ဧလိရှဲအားမောင်းထုတ်နေသည်မဟုတ်ပါ။ ဧလိရှဲ၏ ကူညီပေးကမ်းမှုကို
ငြင်းပယ်ခြင်းလည်းမဟုတ်ပါ။ သူ၏ယုံကြည်ခြင်းကို စမ်းသပ်နေခြင်းဖြစ်ပါသည်။
ထိုကြားချိန်ကာလငယ်အတွင်း ဧလိရှဲသည် အရာရာကို ချင့်ချိန်ဆုံးဖြတ်ရပေမည်။
ထိုဖိတ်ခေါ်မှုကို လက်ခံမည်လား၊ ငြင်းပယ်မည်လား။ အကယ်၍ သူ၏ဆန္ဒသဘောထားသည် မိမိ၏
နေအိမ်ရှိမိသားစုများအပေါ် သံယော ဇဉ်များ၍ ကိုယ်အကျိုးကိုသာကြည့်မြင်
တောင့်တပါသော် ထိုနေရာမှာ လွတ် လပ်စွာ ကျန်ရစ်နေနိုင်ပါသည်။
သို့သော်လည်း သူသည် ထိုဖိတ်ခေါ်မှု၏ အနက်အဓိပ္ပါယ်ကို
သိနည်းလည်၏။ ထို့ကြောင့် နားထောင်လိုက်လျှောက်ရန် ဖင့်နွှဲကြန့်ကြာ၍မနေတော့ပါ။
ထာ၀ရဘုရား သခင်၏ အစေခံဖြစ်ရခြင်းသည် လောကရေးရာ အကျိုးစီးပွားကို
ရှာဖွေခြင်းထက်မွန်မြတ်ကြောင်း၊ လောကအလုပ်ကို လက်လွတ်၍ အခွင့်အရေး တစ်ခုဟူသော
စိတ်ကို မွေးမြူကာ သခင့်အတွက် အစေခံခြင်းအမှုကို သူရွေးချယ်ခဲ့ပြီမဟုတ်ပါလား။
]ဧလိရှိသည် ပြန်သွား၍ နွားတစ်ယှဉ်းကို သတ်ပြီးမှ နွားသားကို လယ်ထွန်သော တန်ဆာနှင့်
ပြုတ်၍ လူများတို့အားကျွေးလေ၏။ သို့ပြီးမှ ဧလိယနောက်သို့
လိုက်လျက်လက်ထောက်ဖြစ်လေ၏။} (၃ရာ ၁၉း၂၁)။
သူသည် မိမိချစ်မြတ်နိုးရပါသော ငယ်စဉ်တောင်ကျေးကလေးဘ၀မှ ပျော်ရွှင်စရာအိမ်ဂေဟာ ကြီးကို မဆိုင်းမတွကျောခိုင်းကာ မသေချာမရေရာသော
အသက်တာမျိုးကို လျှောက် လှမ်းဖို့ရန် ပုရောဖက်ကြီးဧလိယနောက်သို့ တပည့်ခံရန်
လိုက်ခဲ့လေပြီတကား။
ခရစ်တော်၏ အမှုတော်ကို ဆောင်ရန်ဖိတ်ခေါ်ချက်ကို
ငြင်းပယ်သောလူငယ်
ဧလိရှဲအားဖိတ်ခေါ်သံမျိုးကို သခင်ခရစ်တော်သည်
အရာရှိငယ်လေးအား ဖိတ်ခေါ်ခဲ့ဖူးလေသည်။ အမှန်အားဖြင့် ထိုလူငယ်က အဦးဆုံးမေးသည်မှာ-
]ကောင်း မြတ်သောဆရာ၊ ထာ၀ရအသက်ကို ရအံ့သောငှါအကျွန်ုပ်သည် အဘယ်ကောင်းမှုကို
ပြုရပါမည်နည်း။} ထိုမေးခွန်းကို
သခင်ခရစ်တော်ကဤသို့ဖြေ၏။ ](ယေရှုကလည်း) သင်သည်စုံလင်ခြင်း
သို့ရောက်လိုလျှင်သွားလော့။ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်း ရဲသော
သူတို့အားပေးလော့။ ထိုသို့ပြုလျှင် ကေင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ
ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။} (မဿဲ ၁၉း၁၆၊၂၁)။
ဧလိရှဲသည် ထာ၀ရဘုရားသခင်၏ ဖိတ်ခေါ်မှုကို ဧလိယအားဖြင့်
လက်ခံရယူ ခဲ့သောအခါမှာ သူသည်နောက်မှာ
ကျန်ရစ်သောစည်းစိမ်ချမ်းသာမွေ့လျော်မှုများကို လှည့်မကြည့်တော့ပါ။
လုံးလုံးလျားလျားပင် ကျောခိုင်းစွန့်ခွါခဲ့လေ၏။ သို့သော် အရာ ရှိငယ်လေးမှာကား
](ထိုလုလင်သည်) များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍ ထိုစကားကို ကြားလျှင်
စိတ်မသာသည်နှင့် သွားလေ၏။} (ငယ်၂၂)။
မိမိ၏ပစ္စည်း ဥစ္စာကိုစွဲလမ်းခြင်းသည် ထာ၀ရဘုရားသခင်ကို ချစ်မြတ်နိုးခြင်းထက်
ပိုမို၍ကြီးမား နေလေပြီကော။ သို့ဖြစ်၍ သူသည် သခင့်အမှုတော်မြတ်မျာ အစေခံရန် မထိုက်
တန်ကြောင်း မိမိကိုယ်ကိုသက်သေပြခဲ့ပါသည်။
ကျွန်ုပ်တို့အားလုံးကို ဧလိရှဲအစေခံခဲ့သလို အစေခံရန်
မိမိမှာရှိသောပိုင်ဆိုင်မှု အားလုံးကို ရောင်းပစ်ရန် သခင်ကပြောနေသည်မဟုတ်ပါ။
ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာမှာ ဘုရားသခင်ကို ဦးဆုံးနေရာမှာ ထားဖို့ ထာ၀ရဘုရားသခင်က
တောင်းဆိုနေခြင်းဖြစ်ပါသည်။ သခင်အဖို့ သက်သေခံကောင်းမှု တစ်ခုနေ့စဉ်ပြုဖို့
တောင်းဆိုနေခြင်းသာဖြစ်ပါသည်။ တစ်ယောက်က နိုင်ငံခြားသို့ သာသနာပြုရန် ဖိတ်
ခေါ်ခြင်းခံရကောင်းခံရပေမည်။ အခြားတစ်ယောက်မှာတော့ ငွေရေးကြေးရေးဖြင့် ဧဝံ
ဂေလိသာသနာလုပ်ငန်းကို ပေးလÈကူညီရန်ဖြစ်ပါသည်။
ထာ၀ရဘုရားသခင်သည် လူတစ်ဦးစီ၏ဆက်ကပ်ပေးအပ်မှုကို လက်ခံနေပါပြီ။ အသက်တာကို
သခင့်အတွက် ဆက်ကပ်ပေးအပ်ဖို့နှင့် သခင်စိတ်ပါဝင်စားသည်များ ကို
ကျွန်ုပ်တို့စိတ်ပါဝင်စားပါလျှင် လုံလောက်ပေပြီ။
ထာ၀ရဘုရားသခင်၏ ကျေးဇူးတော်ခံစားရရှိသူတိုင်း
တစ်ပါးသူများအတွက် အလုပ်လုပ်ပေးပါရန် ဘုရားသခင်က ခန့်အပ်ထားပါသည်။ သခင်ကမေးသည်ကို ကျွန်ုပ်တို့က
]အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော် မူပါ} (ဟေရှာယ ၆း၈) ဟု
ဖြေသင့်သည်မဟုတ်လော။ အကြင်သူသည် ဓမ္မဝန်ဆောင် သာသနာပြုသူတစ် ယောက်ပင်ဖြစ်နေပါစေ၊
သမားတော်ကြီး၊ ကုန်သည်ကြီး၊ လယ်သမားဦးရီး၊ အတတ် ပညာရှင် (သို့မဟုတ်) စက်ဆရာပင်
ဖြစ်နေပါစေ၊ အားလုံးအားလုံးက မိမိခံစားရသော ဝိညာဉ်ဆုကျေးဇူနှင့်
ကောင်ချီးမင်္ဂလာတို့သည်သခင့်အတွက် တစ်ပါးသူတို့အား ဧဝံဂေလိသတင်းကောင်းကို
ယုံကြည်နားထောင်စေရန် ပေးကမ်းဖော်ကျူးဖို့ ပင်ဖြစ် သည် မဟုတ်လော။
ဧလိရှဲ၏ ပထမဦးဆုံးလုပ်ရမည့်အလုပ်မှာ မခဲယဉ်းလှပါ။
ပုရောဖက်ကြီး ဧလိယထမင်းမစားမီနှင့် စားပြီးနောက်ပိုင်း လက်ဆေးရန်ရေးလောင်းပေးရသော
အလုပ်ပင်ဖြစ်ချေ၏။ ထိုမှလွန်သော် ထာ၀ရဘုရားသခင် ညွှန်ကြားလေသမျှကို သူလုပ်
ကိုင်လိုသော ဆန္ဒရှိလာသည်။ ဤသို့လျှင်အမှုငယ်မှသည် အမှုကြီးသို့တိုင် တစ်ဆင့်
ပြီးလျှင်တစ်ဆင့် သစ္စာရှိစွာ လုပ်ဆောင်လာခဲ့သည်မှာ နေ့စဉ်အမှုတော်မြတ်ကြီးမှာ
ငြီးငွေ့သည် ဟူ၍ မရှိတော့သည့်အဆုံး စွဲလမ်းကာ နေလေတော့သည်။
ဧလိရှဲသည် ဧလိယနှင့် အတူနေ၊ အတူစား၊ ပေါင်းစည်းညီညွတ်စွာ
နေထိုင် စဉ်မှာပင် နောက်ကြောင်းကနေအိမ်ကို သတိရစဉ်းစားမိခဲ့ပါသေးသည်။ သို့သော်လည်း
ထိုစုံစမ်းသွေးဆောင်မှုကို သူခံနိုင်ခဲ့၏။ နောက်ကြောင်းကို မစဉ်းစားတော့ဟူ၍လည်း
စိတ်ကိုတင်းထားသည်။ ဤအဆင့်များကို ကျော်လွန်ပြီးမှသူသည် စိတ်ထားမှန်၍
ယုံကြည်စိတ်ချ၊ အားကိုးလောက်သူဖြစ်ကြောင်း အသိအမှတ်ပြုခံရပေသည်။
သာသနာအမှုဆောင်သည်ဆိုရာ၌ တရားဟောပြောသည်ထက်ပို၏။ ဧလိရှဲကို
ဧလိယက သင်တန်းပေးသကဲ့သို့ လူငယ်များကို ထာ၀ရဘုရားသခင်၏ အလုပ်အမှု တော်မြတ်နှင့်
ပတ်သက်သောတာဝန်ဝတ္တရားများကို ပေးလုပ်ရန်လိုအပ်လေသည်။ ပထမမှာတော့ ပေါ့ပါးသေးငယ်မှာ
ဖြစ်သော်လည်း အတွေ့အကြုံနှင့် အောင်မြင်မှု စွမ်းအားကြီးလာသည် နှင့်အမျှ
တာဝန်ကြီးကိုလုပ်ဆောင်ရန် စေခိုင်နိုင်ပေသည်။ ယုံကြည်ခြင်းနှင့် ဆုတောင်းခြင်းအားဖြင့် အားကြီးသောဓမ္မဝန်ဆောင်
အမှုတော် ထမ်းတို့သည် ယောဟန်ကဲ့သို့ပြောနိုင်ပါ၏။ ]ရှေ့ဦးစွာကပင်ဖြစ်၍ ငါတို့သည်
ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့် မြင်လျက် စေ့စေ့ကြည့်ရှု၍ လက်နှင့်စမ်းသပ်
ခဲ့ပြီးသော အရာတည်းဟူသော အသက်ရှင်သော နှုတ်ထွက်စကားတော်နှင့် ဆိုင်သော အရာ
(ထာ၀ရအသက်) ကိုငါတို့သည် သင်တို့အားသက်သေခံ၍ ပြသကြ၏။} (၁ယော ၁း၁-၃)။ နုငယ်၍ အတွေ့အကြုံနည်းသော
အမှုတော်ဆောင်များကို အတွေ့အ ကြုံများသော ဘုရင်သခင်၏ အစေခံများနှင့် တွဲဖက်ကာ
လက်တွေ့ကွင်းဆင်းသင် တန်းပေး ကြရမည်ဖြစ်ပါသည်။
လူငယ်တို့အားဘုရားသခင်၏ အမှုတော်မြတ်မှာပါဝင်ဖို့ရန်
ရွေးချယ်ခန်းအပ် ထားခြင်းဖြင့် ထာ၀ရဘုရားသခင်သည် ထိုသူတို့ကို ဂုဏ်ပြုနေပါသည်။
သို့ဖြစ်၍ ထိုသူတို့သည် သစ္စာရှိကာ ယုံကြည်နားထောင်၍ အသက်တာကို ဆက်ကပ်အပ်နှံဖို့
စိတ်ပြင်းပြရပါမည်။ အကယ်၍သာ ထိုလူငယ်တို့သည် မိမိတို့ကိုယ်ကို ထာ၀ရဘုရား
သခင်၏စည်းကမ်းချက်များမှာ သက်ရှင်လျှောက်လှမ်းရန် ဆက်ကပ် အပ်နှံပြီးဖြစ်
သော်လည်းကောင်း၊ ထာ၀ရဘုရားသခင်၏ အစေခံတပည့်တော်ကြီးများကို မိမိတို့၏
အကြံပြုသူများ အဖြစ် ရေးGချယ်ပါလျှင်သော်လည်းကောင်း
ထိုသူတို့သည် မြင့်မြတ် နှလုံးသာကို အခြေခံသော သူများအဖြစ်သို့ ကြီးပွားလာသဖြင့်
ထာ၀ရဘုရားသခင်သည် အဆင့်မြင့် တာဝန်ဝတ္တရားများကို ယုံကြည်စိတ်ချစွာဖြင့်
အပ်နှံလုပ်ဆောင်စေ ခွင့်ပြုနိုင်သော
ကြီးရင့်သော လူများအဖြစ်သို့ရောက်ရပါလိမ့်မည်။
ဧလိယ၏ အမှုတော်မြတ်မှ မဟာရလဒ်များ
ဧဝံဂေလိသတင်းကောင်းသည် စင်ကြယ်သန့်ရှင်းစွာ
ကြွေးကြော်နေသည်နှင့် အမျှ ကိုယ်ကျိုးစွန့် သခင့်အစေခံကြမည့်သူများသည် မိမိတို့၏
အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများမှထွက်လာကြကာ တရားပေးတတ်သော အတွေ့အကြုံရှိဝါရင့်
အမှုတော်ဆောင်များနှင့် ပူးပေါင်းပြီး သခင့်အတွက်အစေခံကြပေလိမ့်မည်။ ၎င်းတို့ကို
ကိုယ်ထူကိုယ်ထစနစ်ကျင့်သုံးသော သာမန်အမှုတော်ဆောင်များဟု ခေါ်ရလိမ့်မည်။
လယ်ယာစိုက်ပျိုးသူများမှစ၍ ကုန်သည်ကြီးများတိုင်အောင် ပါဝင်ကြပေလိမ့်မည်။
တရားတော်ကို ထိရောက်အောင် ဘယ်လိုလုပ်ကြမှာလဲ ဟူသည်ကို လေ့လာကြ သည်နှင့်အမျှ
ထိုသူတို့သည် အမှန်သတင်းစဉ်ကို ဩဇာတန်ခိုးနှင့် ကြွေးကြော် ကြပေမည်။ ဘုရားသခင်၏
အံ့ဖွယ်စီမံမှုလုပ်ရပ်များကြောင့် အခက်အခဲကြီးများ တို့သည်လည်း
လူထုပင်လယ်ဗွေထဲမှာပင် နစ်မြုပ်ပျောက်ကွယ်သွားပေလိမ့်မည်။ ယနေ့ကမ္ဘာလူသားတို့ကြား
သိအပ်သည်များရှိသမျှကို လူတို့ကြားသိ၍ နားလည် ကြပေလိမ့်မည်။
ကမ္ဘာတစ်ဝန်းလုံးသတိပေးစကားကို ကြားသိရသည်တိုင်အောင် အမှု တော်မြတ်သည် ရှေ့သို့သာ
အမြဲတိုးတက်နေမည်ဖြစ်၏} သို့ ပြီးမှ
အဆုံးသည် ရောက် လာမည်မဟုတ်ပါလား။
နှစ်ပေါင်းအတန်ကြာအောင် ပုရောဖက်ဧလိယနှင့် ဧလိရှဲတို့သည်
အတူတကွ သာသနာပြုခဲ့ကြသည်။ ဧလိယသည် အလွန်ကြီးမားသော မကောင်းမှုအပြစ်များကို
ဖြူခင်းပပျောက်စေသော ဘုရင်မင်း၏အသုံးတော်ခံ တန်ဆာတစ်ခုဖြစ်ခဲ့၏။ အာဟပ် မင်းနှင့်
နတ်ဘုရားကိုးကွယ်သူကြင်ရာ တော်ယေဇဗေလတို့၏ နိုင်ငံတော်ကို နတ် ဘုရား၏
အုပ်စိုးမြူဆွယ်ရာ ဌါနေဖြစ်စေခြင်းကိုလည်း လေ့လာကာ ၎င်းကိုပပျောက် စေဖို့
အခွင့်ရ၏။ သို့ဖြစ်၍ ဗာလပုရောဖက်များစွာ ကွပ်မျက်ခံခဲ့ရသည်။ ဣသရေလ
တစ်ပြည်လုံးမျာလည်း လှုပ်လှုပ်ရွရွဖြစ်လာကာ ဖန်ဆင်းရှင်ဘုရားသခင်ကို ပြန်လည်
ဝတ်ပြုကိုးကွယ်လာသည်။ ဧလိရှဲမူကား ဣသရေလလူမျိုးနွယ်စုတို့အား လုံခြုံရာ လမ်းသို့
ပို့ဆောင်ထိန်းကျောင်းရန် သေချာဂနစွာဖြင့် စိတ်ရှည်သည်းခံလျက် သွန် သင်ရ၏။
မောရှေပြီးသော အကြီးမြတ်ဆုံးပုရောဖက်ကားဧလိယတည်း။ ထိုဧလိယ၌ နည်းခံခဲ့ရခြင်းသည်
မိမိလုပ်ဆောင်ရမည့် အမှုတော်မြတ်ကို တစ်ကိုယ်တည်း လုပ်ဆောင်နိုင်ရန် မိမိကိုယ်ကို
ပြင်ဆင်ခြင်းပင်ဖြစ်ပါသည်။
ဤနှစ်များအတွင်း အခါအားလျော်စွာဧလိယသည်
ယုတ်မာဆိုးသွမ်းမှုများ ရှိလျှင် ပြင်းထန်သော ဆုံးမပြစ်တင်ခြင်းကို ပြုခဲ့ရသည်။
နာဗုတ်၏ စပျစ်ဥယျာဉ်ကို အာဟပ်မင်းက အဓမ္မပြုကာ သိမ်းယူသောအခါ ဧလိယသည်
အာဟပ်မင်းနှင့် သူ့ အိမ်သားစုဆွေမျိုးနွယ်အားလုံးအတွက် မရဏာချိုင့်ဝှမ်းမှ ခေါ်နေသံကို
ပုရောဖက် ပြုဟောခဲ့ရသည်။ အာခဇိမင်းက အသက်ရှင်သောထာ၀ရဘုရားသခင်ကို ကျော်ခိုင်း၍
ဗာလဇေဗုနတ်ဘုရား (လေချွန်နတ်ကဲ့သို့ဖြစ်) ဆီသို့ အမေးအမြန်းသွားသည်ကို လမ်းမှာဆီး၍
ပြင်းထန်စွာဆန့်ကျင်ပြောဆိုခဲ့ရပြန်သည်။
ပုရောဖက်များအတွက် ကျောင်းများကို ပုရောဖက်ကြီးရှမွေလ
တည်ထောင် ခဲ့သည်အရာမှာ ဣသရေလတို့၏
မှောက်မှားဖောက်ပြန်မှု ကာလအတွင်းပျက် သုန်းခဲ့ရသည်။ ၎င်းတို့ကို
ဧလိယကပြန်လည်တည်ထောင်ခဲ့၏။ သို့မှသာလျှင် လူငယ် များသည် ထာ၀ရဘုရားသခင်၏
တရားတော်ကို မြတ်နိုးတတ်လာမည် မဟုတ်ပါလား။ ကျမ်းမှတ်တမ်းအရ ထိုကျောင်းကြီးများကို
ဂိလမြို့၊ ဗေသလမြို့နှင့် ယေရိခေါ် မြို့တို့မှာ တွေ့ရ၏။ ဧလိယသည် ကောင်းကင်ဘုံကို
အသက်ရှင်လျက် မတက်သွားမီ ဧလိရှဲနှင့် မိမိ၏ အာစရိသည် ထိုကျောင်းတော်ကြီးများဆီသို့
အလည်အပတ် သွားရောက်ခဲ့ ပါသည်။ ယခင်က ပုရောဖက်ဆရာများသင်ကြားပို့ချသည်အတိုင်း
ဧလိယပို့ချခဲ့၏။ အထူးသဖြင့် ကောင်းကင်ဘုံရှင်ထာ၀ရဘုရားသခင်နှင့်
မဟာမိတ်ဖွဲ့ခြင်းကို အမြဲတမ်း ပြုလုပ်ထိန်းသိမ်းသွားကြပါရန်
နှိုးဆော်ဩဝါဒပေးခဲ့သည်။ ပညာရေးတွင် ရိ k;ရိုး ယဉ်ယဉ်နှင့်
နေထိုင်သက်ရှင် ကျင့်သုံးသွားကြရန် အရေးကြီးကြောင်းသွန်သင်၏။ ဤနည်းလမ်းအားဖြင့်
သာလျှင် သူတို့သည် ကောင်းကင်ဘုံ၏ စံနှုန်းပုံစံအတိုင် အလိုတော်နှင့် အညီ
သက်ရှင်အမှုတော်ထမ်းရွက် သွားနိုင်ကြမည်မဟုတ်လော။
ဤကျောင်းတော်ကြီးများ၏ အောင်မြင်မှုများအတွက် ဧလိယသည် ဝမ်း
မြောက်မိပါ၏။ ဘာသာရေးပြန်လည်ပြုပြင်နိုးကြားရေး လုပ်ငန်းကြီး ကားမပြီးပြတ် သေးပေ။
သို့သော်လည်း ဘုရားသခင်၏အမှန်တရား ထိန်းသိမ်းမှု လုပ်ရပ်ကိုတော့
သူမြင်တွေ့နိုင်ခဲ့ပါ၏။ ]သို့ရာတွင် ဗာလရှေ့၌ဒူးထောက်ခြင်း၊ နမ်းခြင်းကို မပြုသော
သူဣသရေလအမျိုးသား ခုနစ်ထောင်တို့ကို ငါ့အဖို့ငါကျန်ကြွင်းစေပြီ} (၃ရာ ၁၉း၁၈) ဟု ဘုရားသခင် မိန့်မြွက်ခဲ့သည် မဟုတ်လော။
ဤသို့ဧလိရှဲသည် ပုရောဖက်ကြီးနောက်သို့
တစ်ကျောင်းပြီးတစ်ကျောင်း ဝင်ထွက်သွားလာစဉ်မှာပင် မိမိ၏ယုံကြည်မှုနှင့်
ဆုံးဖြတ်ချက်ပျက်၊ မပျက်သိရှိရန် ထပ်မံ၍ စမ်းသပ်ခံခဲ့ရပြန်သည်။ သူ့ဆရာသည်
သူ့အားနောက်ကြောင်းပြန်လှည့်ရန် ဤသို့လျှင်စကားခေါ်ခဲ့၏။ ]ဧလိယကလည်း ဤအရပ်၌ နေရစ်ပါလော့။
ထာ၀ရ ဘုရားသခင်သည် ငါ့ကိုဗေသလမြို့သို့ စေလွှတ်တော်မူသည်} (၄ရား၂း၂)။ သို့သော် လည်း ဧလိရှဲသည်
စိတ်ဓါတ်ကျဆင်းမှုမရှိရန် ယခင်က ထမ်းဆောင်ခဲ့သော လုပ်ငန်း များမှ သင်ခန်းစာကို
ရယူခဲ့လေပြီ။ ယခုတွင် သူ့ဆရာသခင်ကို သူအလွတ်မခံပေ။ သူ့ဆရာသခင်နှင့်
အတူရှိနေသမျှမှာ ရှေ့တွင် ဆက်လက်ထမ်းဆောင်သွားရမည့် တာဝန်များအတွက်
ပညာယူနိုင်သေးသည် မဟုတ်ပါလား။
ဧလိယသည် ကောင်းကင်ဘုံသို့ အသက်ရှင်လျက် တက်သွားမည်အကြောင်း
ကို မည်သူတစ်ယောက်ကိုမျှ မပြောဆိုခဲ့ပါ။ သို့သော်လည်း မိမိသည် ဝိဉာဏခန္ဓာကိုယ်
အဖြစ်ပြောင်းလဲပြီး ကောင်းကင်ဘုံသို့ ဘုန်းဝင်စားမည်အကြောင်းကို ပုရောဖက်
ကျောင်းများက ကျောင်းသားတို့နှင့် ဧလိရှဲကသိနှင့် ထားကြပြီဖြစ်ပါသည်။ သို့ဖြစ်၍
ဧလိရှဲသည် ပူးကပ်၍သာ နေတော့၏။ သင်ပြန်လှည့်သွားလော့ဟု အဖန်ဖန်ဧလိယ
ပြောနေပါသော်လည်း ဧလိရှဲ၏ အဖြေမှာ - ]ထာ၀ရဘုရားသခင်အသက်၊ ကိုယ်တော် အသက်ရှင်တော်
မူသည်အတိုင်း ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါ}
ဟု ပြန်ပြော
လေ့ရှိပါသည်။ (ငယ်၂)။
]ထိုသူနှစ်ယောက်တို့သည် အတူသွားကြ၏။ ဧလိယသည် မိမိဝတ်လုံကို
ယူ၍လိပ်ပြီးမှ (ယော်ဒန်မြစ်) ရေကို ရိုက်သံဖြင့် ရသည် တစ်ဖက်တစ်ချက်ကွဲ၍
ထိုသူနှစ်ယောက်တို့သည် မြေပေါ်မှာ လျှောက်သွားကြ၏။ မြစ်တစ်ဖက်သို့ ရောက်သော အခါ
ဧလိယက သင်နှင့် ငါမကွာမီငါ၌ တစ်စုံတစ်ခုသော ဆုကိုတောင်းလော့ဟု ဧလိရှဲအားဆိုလျှင်
ဧလိရှဲက ကိုယ်တော်ဝိညာဉ်နှစ်ဆသော အဖို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသော်} ဟု တောင်းလိုက်ပါသည်။ (ငယ် ၆-၉)။
အမှန်အားဖြင့် ဧလိရှိသည် ထာ၀ရဘုရားသခင်ချီးမြှင့်တော်မူသော
ကောင်း ကင်ဘုံသို့ အသက်ရှင်လျက် ထက်သွားမည့်သူတစ်ဦးထံမှ များပြားလှစွာသော
ဝိညာဉ်တော်ဆုကျေးဇူးကို အလိုချင်ဆုံး၊ ပြင်းပြစွာ လိုလားတောင့်တရခြင်းမှာ
ဣသရေလပြည်လို စိတ်နှလုံးခိုင်မာသော လူတွေအထဲမှာ ဘုရားသခင်၏အလို တော်နှင့်အညီ
သင့်မြတ်လျော်ကန်စွာ သက်ရှင်အသုံးတော်ခံနိုင်ဖို့သည် ဧလိယ အပေါ်သက်ရောက်သော
စိတ်ဝိညာဉ်မျိုး ရှိမှသာလျှင် ဖြစ်မည်ကို သူသိမြင်ထား သောကြောင့်ဖြစ်ပေသည်။ ဒါကို
ဧလိယက ဤသို့ တုံ့ပြန်ဖြေဆိုလိုက်သည်။ ]သင်သည် ရခဲသော ဆုကို တောင်း၏။ သင်နှင့်
ငါကွာသည်ကို မြင်လျှင်ရမည် (သို့မဟုတ်) မရဟုပြောဆို၏။ ထိုသို့ နှုတ်ဆက်လျက်
သွားကြစဉ်တွင် မီးရထားနှင့် မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကိ
ခွဲခွါသဖြင့် ဧလိယသည် လေပွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။} (၄ရာ ၂း၁၀၊ ၁၁)။
သေခြင်းကို မမြည်းမစမ်းရဘဲကောင်းကင်ဘုံသို့
အသက်ရှင်လျက် တက်သွားမည့်သူများရှိလိမ့်မည်ဖြစ်ခြင်း
ဧလိယသည် ယေရှုခရစ်တော် ဒုတိယအကြိမ်ကြွဆင်းလာမည့် အချိန်တွင်
အသက်ရှင်လျက် ကိုယ်တော်ကို ဖူးမြော်ခွင့်ရမည့်သန့်ရှင်းသူများနှင့် ပုံဆောင်ထား
ပါသည်။ ထိုသူတို့သည် ]နောက်ဆုံးသော တံပိုးမှုတ်သောအခါ တစ်ခဏချင်းတွင်
မျက်စိတစ်မှိတ်၌ ပြောင်းလဲခြင်း သို့ရောက်ကြမည့်} သူများဖြစ်ပါသည်။
(၁ကော ၁၅း၅၁၊ ၅၂)။ သေခြင်းကို မမြည်းစမ်းလိုက်ရသူများပေတည်း။ သို့ဖြစ်၍ ဘုန်းဝင့်
တောင်ပေါ်မှာ သခင်ယေရှု၏ ဘေးတစ်ဖက်တစ်ချက်တွင် မောရှေနှင့် အတူရပ် နေသော
ဧလိယသည်လျှပ်တစ်ပြက်ပြောင်းလဲချက်မှာ ဘုန်းဝင်စားသော သန့်ရှင်းသူ
မျာကို
ကိုယ်စားပြုသူတစ်ပါးဖြစ်ချေ၏။ မောရှေမှာကားသေခြင်းမှ ရှင်ပြန်ထမြောက် သော
သန့်ရှင်းသူများကို ကိုယ်စားပြုပါသည်။ (လုကာ ၉း၃၃-၃၅)။
ဧလိယသည် သဲတောကျောက်တောင်ပေါများသည့်နေရာတွင် တစ်ဦးတည်း
၀ရမ်းပြေးဘ၀မှာ ရှောင်တိမ်းပြေးလွှားနေရစဉ် သေလိုစိတ်ပြင်းပြသောကြောင့် သေဖို့
ကိုဆုတောင်းခဲ့ပါသည်။ သို့သော်လည်း သူမှာလုပ်စရာ အလုပ်ကရှိနေပေသေး သည်။
ထိုလုပ်စရာအလုပ်ပြီးဆုံးသွားသောအခါမှာ စိတ်ပျက်ခြင်းနှင့် တစ်ကိုယ်တော် အထီး
ကျန်ဘ၀မျိုး၌ ပျက်စီးပျောက်ကွယ်သွားဖို့ရန် ကိုလည်း ဘုရားသခင် အလိုတော်မရှိပါ။
မရဏာနိုင်ငံသို့ ဆင်းသက်ရန် ဘုရားသခင်အလိုတော်မရှိဘဲ ထာ၀ရဘုရားသခင်၏
ကောင်းကင်တမန်များတို့နှင့် အတူ ထာ၀ရဘုရားသခင်၏ ဘုန်းတန်ခိုးတော်တည်မြဲရာ
အထက်အရပ်သို့ ခေါ်ဆောင်ခြင်းကို ခံခဲ့ရလေသည်။
]ဧလိရှဲသည် ကြည့်မြင်လျှင် နောက်တစ်ဖန်ဧလိယကို မမြင်ရ။
မိမိအဝတ်ကို ကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။ အောက်သို့ကျသော ဧလိယ၏ ဝတ်ရုံကို ကောက်၍
ပြန်လေ၏။ ယော်ဒန်မြစ်နားမှာ ရပ်၍ ရေကို ဝတ်ရုံနှင့်ရိုက်လျက် ဧလိယကိုးကွယ်သော
ထာ၀ရဘုရားသခင်သည် အဘယ်မှာရှိတော်မူသနည်း ဟူ၍ တစ်ဖန်ရိုက်သောအခါ
ရေသည်တစ်ဖက်တစ်ချက်ကွဲသဖြင့် ဧလိရှဲသည် ကူးသွား၏။}
]ယေရိခေါမြို့မှာ ကြည့်ရှုသော ပုရောဖက်အမျိုးသားတို့သည်
ဧလိရှဲကို မြင် လျှင် ဧလိယ၏ဝိညာဉ်သည် ဧလိရှဲအပေါ်မှာ ကိန်းဝပ်သည်ဟု ဆိုပါသည်။} (၄ရာ ၂း၁၂-၁၅)။
ထာ၀ရဘုရားသခင်သည် မိမိပေးသနားတော်မူသော ဉာဏ်ပညာနှင့်
ပြည့်စုံ သောသူတို့ကို တာဝန်ဝတ္တရားမှဖယ်ရှားပေးရန် (ပင်စင်ယူရန်) လျော်ကန်မှု
ရှိပြီဟု မြင်လေသော် သူတို့၏နေရာမှာ တာဝန်ယူဆက်ခံသွားမည့်သူများကို ခွန်အားနှင့်
ဖြည့်ဆည်းပေးလေသည်။ ထိုသူတို့သည်သာ သခင့်အလိုတော်နှင့် အညီ သခင် hလမ်းခရီးကို လျှောက်လှမ်း၍ သခင်အထံတော်မှ အကူအညီအမအစကို
မျှော်လင့်ရန် ဖြစ်ပါသည်။ ထိုသူတို့သည်မိမိတို့၏ လက်ဦးဆရားများထက်ပိုမို၍
ပညာရှိနိုင်ပါသည်။ အကြောင်းမူကား ထိုသူတို့၏ အတွေ့အကြုံမှာ
နှစ်ထပ်ကွမ်းဖြစ်သောကြောင့်တည်း။
ထိုမှ လွန်သော် ဧလိရှဲသည် ဧလိယ၏ နေရာတွင် လုံးလုံးရပ်တည်
နေရလေပြီ။ သေးသောအမှုငယ်မှာ သစ္စာရှိသောသူသည် ကြီးသောအမှုမှာလည်း သစ္စာရှိကြောင်း
သက်သေပြရပေတော့မည်တကား။
No comments:
Post a Comment