Tuesday, March 10, 2026


                                                                 အခန်း(၁၆)

                                   အစ္စရေးရှင်ဘုရင်အာဟပ်မင်းဆက်ပြုတ်နှံသွားခြင်း

               ဤအခန်းကြီးသည် (ဓမ္မရာဇဝင်တတိယ ၂၁၊ ဓမ္မရာဇဝင်စတုတ္တစောင် ၁) အခြေခံထား သည်။

 

ယေဇဗေလမိဖုရားကြီသည် အာဟပ်မင်းအပေါ်မကောင်းမှုဩဇာ လွမ်းမိုးနေ ခြင်းမှာ ခက်ထန်ကြမ်းကြုတ်၍ ရှက်ဖွယ်လည်းကောင်းလှပါပေသည်။ ]အာဟပ်နှင့် တူသော သူတစ်ယောက်မျှမရှိ။ ဇနီးယေဇဗေလသည် တိုက်တွန်းသဖြင့် ထာ၀ရဘုရားသခင် ရှေ့တော်၌ အပြစ်ကိုပြုလို၍ ကိုယ်ကိုရောင်းသောသူဖြစ်၏။} အမှား အယွင်းကို ထပ်ခါ တလဲလဲပြုလုပ်ရန် တွန်းအားပေးနေသော ကြင်ရာတော်ယေဇဗေလကြောင့် အာဟပ် မင်းသည် အပြစ်ကိုဆက်လုပ်သည်မှာ၊ နောက်ဆုံးမိမိကိုယ်ကို ငါစွဲကြီးဘ၀သို့ လုံးလုံး ဆိုက်ရောက်စေသည် အထိဖြစ်ပါသည်။ မိမိဆန္ဒရှိသော အရာဖြစ်လျှင် မိမိသည် သက်ဦးဆံပိုင်ဘုရင်ဖြစ်သောကြောင့် ရပိုင်ခွင့်ရှိသည်ဟူ၍ မှတ်ယူခံစားမိသည် အထိ ဖြစ်လာပါသည်။

               ဤသို့စိုးမိုးဗိုလ်ကျချင်သောသဘောသည် ဣသရေလပြည်တွင် ဧလိယသည် ပုရောဖက်ဖြစ်နေဆဲကာလမှာ ထင်ရှားခဲ့သည်။ ရှင်ဘုရင်၏ နန်းတော်အနားမှာ နာဗုတ် ၏ ဘိုးဘွားပိုင်စပျစ်ဥယျဉ်ခြံတစ်ခြံရှိပါသည်။ ထိုခြံကြီးကို အာဟပ်မင်းလိုချင်စိတ် ကြီးလာသည်။ သို့ဖြစ်၍ နာဗုတ်အား ]အာဟပ်မင်းက သင့်စပျစ်ဥယျာဉ်သည် နန်းတော် နားမှာရှိသောကြောင့် ယာလုပ်စရာဖို့ပေးပါ။ သာ၍ကောင်းသော ဥယျာဉ်ကို ငါပေးမည်၊ (သို့မဟုတ်) သင်အလိုရှိလျှင် အဖိုးကိုပေးမည်ဟု နာဗုတ်အားဆိုလျှင် နာဗုတ်က ဘိုးဘေးလက်မှ အမွေခံသောမြေကို ကိုယ်တော်အားပေးရသောအမှုကို ထာ၀ရဘုရား သခင် ဆီးတားတော်မူပါစေသော် ဟု ငြင်းပယ်စကားပြန်လျှောက်၏။}

               ထိုငြင်းပယ်ချက်ကို ငါအစွဲကြီးသော သက်ဦးဆံပိုင်ရှင်ဘုရင်ကြီးသည် ကြား သောအခါ စိတ်တော်ညိုးငယ်ကာ ဖျားသွား၏။ နန်းတော်သို့ ပြန်ရောက်သော်လည်း ပွဲတော်မတည်၊ မျက်နှာကိုလွှဲ၍ သလွန်ပေါ်မှာအိပ်လျက်နေ၏။ ထိုအနေအထိုင်၊ အစားအသောက်ပျက်ပုံများကို မိဖုရားယေဇဗေလသည် သတိထားမိလာသောအခါ ဘုရင်ထံသို့လာ၍ အစာကိုမစားနိုင်အောင် စိတ်တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေးလျှင် အာဟပ်မင်းသည် အကြောင်းစုံကို ပြန်လည်ပြောပြ၏။ ထိုအခါယေဇဗေလသည် ]အို၊ ဒါကလေးများ}ဟူ၍ စိတ်ထဲမှာထား၏။ ရှင်ဘုရင် အားလည်း ဘုရင်ကတောင်းခံလျှင် အဘယ်သူမျှမငြင်းပယ်အပ်။ ဤကိစ္စကိုနှမတော် ရှင်းပေးမည်ဟု နှစ်သိမ့်ကာ ဤသို့ဆက်လက်၍ ပြောဆို၏။ ]ကိုယ်တော်သည် ဣသရေ လနိုင်ငံကို အစိုးရတော်မူသည်မဟုတ်လော။ ထ၍ရွှင်လန်းသော စိတ်နှင့် စားတော် ခေါ်ပါ။ ကျွန်မသည် ယေဇေရေလမြို့သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို ဆက်ပါမည်။} ဤအခန်းသည် (၃ရာ ၂၁ နှင့် ၄ရာ ၁ အခန်းကြီးများကို အခြေခံထားပါသည်။)

               ထိုအချိန်မှစတင်၍ ယေဇဗေလသည် ချက်ချင်းပင် မိမိ၏ဆိုးညှစ်သော အကြံအစည်ကို အကောင်အထည်ဖော်တော့၏။ သူမသည် ရှင်ဘုရင်၏နာမည်နှင့် စာချွန်တော်များကိုရေး၍ တံဆိပ်ခတ်ပြီးမှ မြို့တွင်းရှိအသက်ကြီးသူနှင့် မÈ;မတ်များထံ သို့ ပေးလိုက်သည်။ စာချက်ဟူမူကား- ]နာဗုတ်ကို လူများရှေ့မှာ မြှောက်ထားကြလော့။ သူ့ရှေ့မှာ အစမ္မလူနှစ်ယောက်ကို ထား၍ သင်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို စွန့်ပယ်ပြီဟု သက်သေခံပါလေစေ။ သို့ပြီးမှ သူ့ကိုထုတ်၍ သေစေခြင်းငှါ ကျောက်ခဲ နှင့်ပစ်ကြလော့ဟုပါသတည်း။}

               ထိုအမိန့်တော်ကို မြို့သူမြို့သားတို့က နားထောင်ခဲ့ကြသည်။ ထို့ကြောင့် နာဗုတ်ကို မြို့ပြင်ခေါ်ထုတ်၍ သေအောင်ကျောက်ခဲနှင့်ပစ်ကြ၏။ နာဗုတ်သေကြောင်း ကို ယေဇဗေလသည်ကြားလျှင် အာဟပ်မင်းထံသို့သွား၍ နာဗုတ်မရောင်းလိုသော စပျစ်ဥယျာဉ်ကို ထ၍သိမ်းတော်မူ၏။ နာဗုတ်အသက်မရှိ၊ သေပါပြီဟုဆို၏။ ထိုအခါ မိမိတပ်မက်မှုကြီးစွာဖြင့် လိုချင်လှသော နာဗုတ်၏စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ အာဟပ်သည်ထသွား၏။

               ရှင်ဘုရင်သည် ကောက်ကျစ်စဉ်းလဲ၍ သွေးမြေကျစေပြီးမှ ရယူသောအရာ ပစ္စည်းအတွက်ဆုံးမပြစ်တင်ခြင်းကို မခံရဘဲနှင့်တော့ ခံစားခွင့်မရရှိနိုင်ပါချေ။

                             

 

               ]ထိုအခါ တိရှဘိမြို့သားဧလိယသို့ရောက်လာသော ထာ၀ရဘုရားသခင်၏ နှုတ်ထွက်စကားတော်က သင်သည် ရှမာရိမြို့၌နေသော ဣသရေလရှင်ဘုရင် အာဟပ်ကို ကြိုဆိုအံ့သောငှါထသွားလော့။ သူသည် နာဗုတ်၏စပျစ်ဥယျာဉ်ကို သိမ်းယူ ခြင်းငှါသွား၍ ယခုဥယျာဉ်၌ရှိ၏။ ထာ၀ရဘုရားသခင်မိန့်တော်မူသည်ကား သင်သည် လူအသက်ကိုသတ်၍ သူ့ဥစ္စာကို သိမ်းယူပြီလော။} ထာ၀ရဘုရားသခင်သည် အာဟပ်မင်းနွယ်၌ ကြောက်စရာကောင်းသော တရားစီရင်ခြင်းအမှု သက်ရောက်စေ လိမ့်မည်ဟု ထပ်ဆင့်၍ ဧလိယအားကြေညာစေခဲ့ပါသည်။

               အပြစ်ရှိကြောင်း သိရှိခံစားနေဆဲရှင်ဘုရင်သည် စပျစ်ဥယျာဉ်ခြံကြီး အတွင်း မှာ တင်းမာသောပုရောဖက်၏မျက်နှာကို တွေ့လိုက်ရသောအခါ ကြောက်လန့်သံ ကြီးနှင့် ]အချင်းရန်သူ၊ ငါနှင့်တွေ့ပြီလော} ဟုဧလိယအား ဆိုလျှင် ထာ၀ရဘုရား သခင်၏ စေတမန်ဧလိယက ]သင်သည် ထာ၀ရဘုရားသခင်ရှေ့တော်၌ အပြစ်ကို ပြုလို၍ ကိုယ်ကိုရောင်းသောကြောင့် သင်နှင့်ငါတွေ့ပြီ။ ထာ၀ရဘုရားသခင် မိန့်တော် မူသည်ကား သင့်အပေါ်သို့ ဘေးဥပဒ်ရောက်စေမည်။ သင့်သားစဉ်မျိုးဆက်နောင်လာ နောက်သားတို့ကို ပယ်ဖြတ်မည်။} အာဟပ်မင်း၏ အိမ်ထောင်မိသားစု ဆွေမျိုးရင်းချာ များတို့ကို ထာ၀ရဘုရားသခင်သည် ရှင်းရှင်းဖျက်ဆီးတော်မူမည်။ ယေဇဗေလနှင့် ပတ်သက်၍လည်း ထာ၀ရဘုရားသခင်က ဤသို့ အမိန့်တော်ရှိပါသည်။ ]ယေဇဗေလ အမှုမှာ ထာ၀ရဘုရားသခင်မိန့်တော်မူသည်ကား ယေဇရေလမြို့ရိုးနားမှာ ခွေး တို့သည် ယေဇဗေလကို စားကြလိမ့်မည်။ အာဟပ်အမျိုးသည် မြို့ထဲမှာသေလျှင် ခွေးစား လိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုးကောင်းကင်ငှက်စားလိမ့်မည်။}

               ထိုကြောက်စရာကောင်းသော သတင်းစကားကို အာဟပ်မင်းသည် ကြား လတ်သော် မိမိအဝတ်များကို ဆုတ်ဖြဲ၏။ ကိုယ်ပေါ်ကိုဂုံနီးအဝတ်ဖြင့် ဖုံးခြုံ၏။ အစာကိုလည်း မစားတော့။ အဝတ်၌လှဲအိပ်ကာ မိမိကိုယ်ကိုနှိမ့်ချ ပျော့ပျောင်း ဖြည်းညင်းစွာ သွားလာစေခဲ့လေသည်။ ]ထာ၀ရဘုရားသခင်၏ နှုတ်ထွက်စကားတော် သည် တိရှဘိမြို့သားဧလိယသို့  ရောက်လာသည်ကား၊ အာဟပ်သည် ငါ့ရှေ့မှာ နှိမ့်ချသည်ကို မြင်ပြီလော။ ထိုသို့ငါ့ရှေ့မျာ နှိမ့်ချသောကြောင့် သူလက်ထက် ထိုဘေးဥပဒ်က dkငါမရောက်စေ။ သူ့သားလက်ထက်၌ သူ့အမျိုးအပေါ်သို့ရောက်စေ မည်ဟု မိန့်တော်မူ၏။}

 

                                             အာခဇိမင်းမိဘတို့၏ လမ်းစဉ်သို့လိုက်ခြင်း

               အာဟပ်မင်းသည် ရှုရိလူတို့နှင့်စစ်တိုက်သဖြင့် တိုက်ပွဲမှာ မြှားမှန်၍ သေဆုံး သွား၏။ သားတော်အာလဇိသည် နန်းတက်သဖြင့် ]ထာ၀ရဘုရားသခင် ရှေ့တော်၌ အပြစ်ကိုပြု၍ ဗာလဘုရားကိုကိုးကွယ်၏။ အဘကျင့်လေသမျှအတိုင်း ဣသရေလ အမျိုး၏ ထာ၀ရဘုရားသခင်၏အမျက်တော်ကို နှိုးဆော်သတည်း။} သို့ဖြစ်၍ တရား စီရင်ခြင်းနောက်မှ လိုက်လာသည်။ မောဘပြည်သည် ဣသရေလ ရှင်ဘုရင်ကို ပုန်ကန်၏။ ထိုစဉ်အခါ ဘုရားသခင်သည် ထိုမင်းအားအမျက်တော်ရှသဖြင့် မိမိ၏ အသက်ပါသွားနိုင်လောက်သော မတော်တဆဖြစ်ပွားမှုသည် သူ၌ဖြစ်ခဲ့သည်။ ]အာခဇိ မင်းသည် ရှမာရိမြို့၌ အထက်အခန်းပြတင်းပေါက်မှာကျ၍ နာနေသောကြောင့်} မိမိသံတမန်တို့ကို ဆင့်ခေါ်၍ ငါသည်ဤအနာမှ ထမြောက်မည်လောဟု ဧကြုန်မြို့၏ ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းကြဟုမှာထား၍ စေလွှတ်လေ၏။ ဧကြုန်မြို့မှာ ရှိသော ဘုရားဗာလဇေဗုပ်သည် မိမိ၏ပုရောဖက်များအားဖြင့် ရှေ့ရေးနှင့်ပတ်သတ်၍ သတင်းပေးဟောပြောသည်ဟု ထင်ရှား၏။ သို့သော်လည်း ထိုဟောကိန်းတို့သည် အမှောင်ထုကိုအစိုးရသော လောကနတ်တို့မှဖြစ်သတည်း။ (ကြို့ပင်ကောက် လေချွန် နတ်နှင့် အလားသဏ္ဌာန်တူသည်။)

               ဧလိယသည် ဘုရားသခင်၏အမိန့်တော်ကိုနာခံ၍ ရှမာရိရှင်ဘုရင်စေလွှတ် သောသံတမန်တို့ကို လမ်းမှာတွေ့ဆုံကာ ဤသို့ဆို၍ နေပြည်တော်သို့ လှည့်စေ ပါသည်။ ]ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့် ဧကြိုန်မြို့၏ ဘုရားဗာလ ဇေဗုတ်သို့သွား၍ မေးမြန်းရသလော။ ထိုကြောင့် ထာ၀ရဘုရားသခင်မိန့်တော်မူ သည်ကား၊ သင်သည် ယခုတက်သော သလွန်ပေါ်က နောက်တစ်ဖန်မဆင်းရ၊ စင်စစ် သေရမည်။}                                 

 

               အံ့အားသင့်နေကြသော ဘုရင်သံတမန်တို့သည်လည်း နေပြည်တော်သို့ ဒုန်းစိုင်းပြန်ကာ အာခဇိမင်းအားထာ၀ရဘုရားသခင်၏ လူပြောသောစကားအလုံးစုံကို ပြန်ကြားလျှောက်လေသည်။ ထိုအခါ ရှင်ဘုရင်ဟာလည်း သင်တို့ကိုကြိုဆိုခြင်းငှါ လာ၍ ဤသို့ ပြောသောသူကား အဘယ်သို့သောသူနည်းဟု မေးလျှင် သူတို့က ထိုသူသည် ကိုယ်၌ အမွေးများ၍ သားရေခါးပန်းကို စည်းသောသူဖြစ်ပါသည်ဟု လျှောက်ကြသော် ထိုသူသည် တိရှဘိမြို့သား ဧလိယပါတကားဟု ရှင်ဘုရင်မှာ ဟစ်ကြွေးမိပါသည်။ သူ၌ ဧကန်မုချဧလိယပြောသလို ပြည့်စုံလာမည်ကို သူသိလိုက်ပါပြီ။

               ရှင်ဘုရင်သည် ထိုတရားစီရင်ခြင်းကို လွှဲဖယ်လိုသောကြောင့် ထိုပုရောဖက်ကို အခေါ်လွှတ်ရန်ဆုံးဖြတ်လိုက်ပါသည်။ သို့ဖြစ်၍ ထိုပုရောဖက် ကိုလန့်ဖျပ်ဖို့ရန် ဦးတည် ချက်ဖြင့် လူငါးကျိပ်စီပါသောစစ်သူရဲတို့ကို ဘုရင်သည် နှစ်ကြိမ်စေလွှတ်ခဲ့ရာ ထို နှစ်ကြိမ်စလုံးပင် ထာ၀ရဘုရားသခင်၏ အမျက်တော်တရားစီရင်မှုကို ထိုစစ်သူရဲတို့ ခံခဲ့ရပါသည်။ တတိယအကြိမ်မြောက် စစ်သူရဲတပ်စိတ်တစ်ခုမှာ ထာ၀ရဘုရားသခင် ရှေ့တော်မှောက်၌ စိတ်နှလုံးကို နှိမ့်ချသဖြင့် ဧလိယရှေ့မှာ ဒူထောက်လျက်တပ်မÈ;က ဤသို့လျှင် တောင်းပန်စကားပြောကြားလိုပါသည်။ ]အိုဘုရားသခင်၏ လူ၊ ကျွန်တော် အသက် နှင့် ကိုယ်တော်ကျွန် ဤလူငါးကျိပ်တို့၏ အသက်ကို နှမြောတော်မူပါ။}

               ထိုအခါ ]ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်ကလည်း သူနှင့် အတူ ဆင်းသွားလော့။ သူ့ကိုမကြောက်နှင့် ဟု ဧလိယအားဆိုသည်အတိုင်း ဧလိယသည် ထ၍ ရှင်ဘုရင်ထံသို့ရောက်လျှင် ထာ၀ရဘုရားသခင်မိန့်တော်မူသည်ကား၊ သင်သည် ဧကြုန်မြို့၏ ဘုရားဗာလဇေဗုပ်ကို မေးမြန်းခြင်းငှါ အဘယ်ကြေင့်သံတမန်တို့ကို စေလွှတ်သနည်း။ မေးမြန်းစရာဖို့ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့် ထိုသို့ပြုသလော။ သို့ဖြစ်၍သင်သည် ယခုတက်သော သလွန်ပေါ်က နောက်တစ်ဖန် မဆင်းရ။ စင်စစ်သေရမည် ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။}

                                            

 

               ထိုမင်းသည် အဖခမည်းတော်လက်ထက်မှာ ဘုရားသခင်ပေးသော သာဓက များစွာကို တွေ့မြင့်ခဲ့ရပါသည်။ ထာ၀ရဘုရားသခင်၏ ပညတ်တရားကို ဘေးဖယ် ထားကြသူတွေ၊ ဘာသာတရားရေးမှာ လွဲမှားဖောက်ပြန်နေကြသူတွေကို ထာ၀ရ ဘုရားသခင်သည် မည်ကဲ့သို့ကြောက်မက်ဖွယ်စီရင်ခဲ့သည့် သာဓကများကို အာခဇိ သည် မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါသည်။ သို့သော်လည်းထိုမင်းသည် မိမိတွေ့ မြင်ခဲ့ရသောကြောက်စရာ ဖြစ်ရပ်မှန်များကို နတ်သမီးပုံပြင် ဒဏ္ဍာရီဝတ္ထုအလား မှန်ယူ၍ မထီလေးစား၊ ပေါ့ပျက်ပျက်သဘောထားခဲ့သည်။ သူသည် ဗာလနတ်ဘုရား နောက်သို့လိုက်သဖြင့် နောက်ဆုံးတွင် မိမိ၏ထာ၀ရဘုရားသခင်ကို မရိုသေ၊ မကြည် ညိုခြင်း၏ စွန့်စားပြုလုပ်မှု၏ ဆိုးမွေကိုခံခဲ့ရသည်မဟုတ်ပါလား။ အာခဇိမင်းသည် နောင်တတရားရရှိရန် ဆန္ဒမရှိ၊ ဆက်လက်ကာပုန်ကန်သဖြင့် ဧလိယဆင့်ဆိုသော ထာ၀ရဘုရားသခင်၏ စကားတော်အတိုင်း ရှင်ဘုရင်သေလေ၏။

 

                              ခေတ်ဆန်သော စာတန်၏ ဝတ်ပြုကိုးကွယ်ပုံများ

               ယနေ့လူများစွာတို့သည် နတ်ဘုရားများကိုးကွယ်ပသမှုကို အရိုအသေမပေးဘဲ ရှိနေသော်ငြားလည်း သန်းထောင်ပေါင်းများစွာသော လူတို့သည် ဣသရေလ ရှင်ဘုရင်များ လက်ထက်ကကဲ့သို့လို စာတန်၏ဘုံဗိမာန်ထဲမှာ ဝတ်ပြုကိုးကွယ်နေ ကြပါသည်။ လောကနတ်နှင့် ဆိုင်သော ပုံရုပ်များစွာကို အလျှံပယ်ဝတ်ပြုကိုးကွယ် နေကြသည်မှာ အာခဇိမင်းက ဧကြုန်မြို့မှာရှိသောနတ်ဘုရားကို ရှာဖွေခဲ့သည် များထက် ဆွဲဆောင်မှုအပြည့်ရှိသော် သန့်စင်ပြီးပုံစံရုပ်လုံးတော် အမျိုးမျိုးနှင့် သိမ်းပိုက်နေရာယူနေကြပါပြီ။ ပုရောဖက်တို့ဟောပြောသော သေချာပေါက်ကြိုတင် သတင်းပေးစကားအပေါ် လူတို့သည် ယုံကြည်အားကိုးမှုနည်းလာသည်နှင့် အမျှအယူ သည်းခြင်း၊ စာတန်၏မှော်ဝိဇ္ဇာအတတ်ပညာတို့တွင် များစွာသောလူတို့၏ စိတ် အာရုံသည် ရောက်လျက်ရှိသည်။ နတ်ဘုရားကိုးကွယ်ပူဇော်မှု၏ နက်နဲရာများ နေရာတွင် လူသေဝိညာဉ်နှင့် စကားပြောနိုင်သော အယောင်      ဆောင်ဝိညာဉ်များ၏ အံ့ဖွယ်ရာများနှင့် နားရန်ခက်ခဲသည့် မှောင်မိုက်တန်ခိုးတို့သည် အစားထိုးဝင် ရောက်လာလေပြီ။ ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက်စကားအလင်းတရားကို လက်သင့်မခံ၊ ငြင်းပယ်သောသူများသည်လည်း သန်းနှင့်ချီ၍ အယောင်ဆောင် ဝိညာဉ်များ၏ ဖွင့်လှစ်ဖော်ပြရာများကို လက်ခံနေကြပါသည်။ သေသူ၏ဝိညာဉ် နှင့်စကားပြောရန် တွန့်ဆုတ်နေသော လူများစွာတို့သည်လည်းပိုမို၍ စိတ်ဝင်စား ပျော်ပါးစရာကောင်းသည့် မှော်အတတ်ဝိညာဉ်လောက၏ ပုံစံကွက်အမျိုးမျိုးတို့တွင် မွေ့လျော်၍ လာချေပြီ။ အခြားသော မွေ့လျော်စရာ ခရစ်ယာန်သိပ္ပံအဖွဲ့အစည်း ဘုရားသခင်ကို ထိုးထွင်းသိမြင်သည့် ပညာ၏လျှို့ဝှက်ဆန်းကျယ်မှု စနစ်နှင့် အရှေ့တိုင်း ဘာသာရေးအဖွဲ့အစည်းများစွာတို့တွင် လွင့်မြောထိမ်းသိမ်းကာ နေကြ သူများလည်း မနည်းလှတော့ပြီ။

               မှော်အတတ်ဝိညာဉ်လောကရှိ နည်းပညာများစွာတို့မှာ အနာရောဂါဟူသမျှကို ပျောက်ကင်းစေနိုင်သော တန်ခိုးရှိသည်ဟု ခေါင်းဆောင်များကကြွေးကြော်နေကြ ပါသည်။ သို့ဖြစ်၍ အသက်ရှင်သော ထာ၀ရဘုရားသခင်ကို အားကိုးခိုလှုံ၍ ခေတ်မီ သိပ္ပံနည်းစနစ်စုံလင်စွာ နှင့် ရောဂါကို ကျွမ်းကျင်စွာ ရှာဖွေကုသပေးနေကြ သော သမားတော်ကြီးများကို အဆည်းကပ်ဘဲ ထိုသို့သော ]ပျောက်စေဆရာ၊ ဥုံဖွ} တို့ထံသို့ သွားရောက်နည်းခံကြသူများလည်း မနည်းတော့ပြီ။ ဖျားနာနေသောရင်သွေးငယ် တစ်ဦး၏ မိခင်သည် မိမိ၏ကလေးငယ်၏ ဝေဒနာကို မကြည်ရက်သဖြင့် ]ကျွန်မ ကလေးကို ဒီရောဂါဝေဒနာကနေ ကုသပျောက်ကင်းစေနိုင်တဲ့ သမားတော်ကြီးများ မရှိတော့ဘူးလားရှင်} ဟု ငို၍ ပြောဆိုသောအခါ ကြားရသူတစ်ဦးတစ်ယောက်က ]ဒါမျိုးကုသပျောက်ကင်းစေနိုင်တဲ့ မျက်စိရသူ တစ်ဦးရှိလေရဲ့၊ သူ့ဆီကသွားပြီး ကုသ မှုခံယူပါလား} သူသည်ကို ထိုမိခင်သည် တုံ့ပြန်လိုက်ပါသည်။ မိမိချစ်မြတ်နိုးလှပါသော ရင်သွေးငယ်ကို ထိုနတ်မျက်စိရသူ ထံအပ်နှံလိုက်သည်မှာ စာတန်သည် သူမ၏ နံဘေးတွင်ရပ်နေလျက်ရှိပုံမျိုးတည်း။ ဤလိုကလေးငယ်မျိုး၏ ရှေ့ရေးအသက်တာမှာ စာတန်၏ တန်ခိုးထိန်းချုပ်ခြင်းခံရသည့် အဖြစ်မျိုးမှာ များသောအားဖြင့် ရှိနေတတ် ပါသည်။

              

                             

               ထာ၀ရဘုရားသခင်သည် အာခဇိမင်း၏ ဘုရားသခင်မရိုသေမှုအတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်။ ထာ၀ရဘုရားသခင်သည် ဣသရေလလူမျိုတို့အား မိမိကို ယုံကြည်စိတ်ချထားရှိရန် မနှိုးဆော်နိုင်ခဲ့မိ၍လော။ ထိုသို့မဟုတ်ပါ။ ချစ်ခြင်း မေတ္တာအပြည့်နှင့် အမြဲဖိတ်ခေါ်လျက်ရှိနေပါသည်။(သု ၈း၃၁)။ သို့တိုင်အောင်လည်း ယခုတွင် ရှင်ဘုရင်သည် မိမိ၏လူမျိုး တိုင်းသူပြည်သားလူအများစု၏ အဆိုးဆုံးရန်သူကို သွားရောက် အကူအညီတောင်းခံလျက်ရှိပါသည်။ အဓိပ္ပါယ်မှာ- ကောင်းကင်ဘုံကို အစိုးရသောထာ၀ရဘုရားသခင်ကို ပစ်ပယ်၍ ၎င်းတို့၏ နတ်ဘုရားပုံရုပ်များကို ပိုမို၍အားကိုးစိတ်ချထားကြောင်း အိမ်နီးချင်းနိင်ငံသားတို့အား ကြေညာနေခြင်းဖြစ် ပါသည်။ ဤနည်းဖြင့် ထိုလူအပေါင်းတို့သည် ခွန်အားနှင့် ဥာဏ်ပညာတို့၏ဇစ်မြစ်သခင် ထာ၀ရဘုရားသခင်ကို ကျောခိုင်း၍ မှောင်မိုက်တန်ခိုးလက်နက်စုံကို အားကိုး အကူအညီတောင်းခံနေကြရာ ထိုသူတို့သည် ထာ၀ရဘုရားသခင်ကို ရှုတ်ချခြင်းသာ ဖြစ်ပါသည်။

               လူတို့သည် မိမိတို့ကိုယ်ကိုစာတန်၏ မှော်အတတ်ပညာလက်တွင်းသို့ အပ်နှံ ထားကြသဖြင့် ကြီးစွာသောအကျိုးကို ခံစားရရှိသည်ဟု ကြွားဝါနိုင်ကောင်း၏။သို့ရာတွင် ဤသို့ပြုခြင်းဖြင့် ဤအမှုသည်ပညာသတိရှိ၍ လုံခြုံမှုရှိသော မင်္ဂလာတစ်ပါးဟု သက်သေပြနေပါ၏လော။ ဤနည်းဖြင့် အသက်ရှည်မည်၊ စည်းစိမ်ချမ်းသာ တိုးပွား၍ လုံခြုံမည်။ နောက်ဆုံးတွင် ဘုရားသခင်၏အလိုတော်ကို ဂရုမစိုက်။ ထာ၀ရအသက် ဆုံးရှုံးခံရမည်ဟူ သင်သည် ဘာကို ရွေးချယ်ဆုံးဖြတ်ပါမည်နည်း။ ]အရောင် တောက်တိုင်း ရွှေ မဟုတ်} ဟူသကဲ့သို့ ထိုသို့သော အကျိုးစီးပွားရရှိပုံမျိုးကား နောက်ဆုံတွင် နာလန်မထူနိုင်သော ဆုံးရှုံးမှုသည် သာအဖတ်တင်ပါလိမ့်မည်။

               အာခဇိမင်းအနိစ္စရောက်ပြီးသည်နောက် သားတော်မရှိသောကြောင့် ညီတော် ယောရံ (ခေါ်) ယဟောရံသည် နန်းတက်၍ ဣသရေလပြည်တော်ကို တစ်ဆယ့် နှစ်နှစ်အုပ်စိုးခဲ့ပါသည်။ ဤနှစ်များအတွင်း ယေဇဗေလသည် အသက်ရှင်နေဆဲဖြစ်၍ တိုင်းပြည်ကို မိမိ၏ နတ်ဘုရားဩဇာလွှမ်းမိုးမှုအောက်ဝယ် တုတ်တုတ်မျှ မလှုပ် နိုင်အောင် ဆက်လက်၍ ပုရောဟိတ်မင်းပညာကို ကြိုးစားပြသနေဆဲဖြစ်၏။ ယောရံသည် ]ထာ၀ရဘုရားသခင် ရှေ့တော်၌ အပြစ်ကိုပြု၏။ သို့ရာတွင်မိဘကဲ့သို့ မပြု။ ခမည်းတော်လုပ်သော ဗာလရုပ်ပုံတို့ကို ဖယ်ရှား၏။ သို့သော်လည်း ဣသရေလ အမျိုးကို ပြစ်မှားစေသော နေဗတ်၏သားယေရောဗောင်ပြုသော အပြစ်ကိုမရှောင်၊ မှီဝဲ၏။} (၄ရာ ၃း၂၊ ၃)။

               ဣသရေလပြည်တောက် ယောရံ (ခေါ်) ယဟောရံ အုပ်စိုးနေစဉ် ယုဒပြည်ကို အုပ်စိုးစော ရှင်ဘုရင်ယောရှဖတ်သည် သက်တော်ကုန်၍ အနိစ္စရောက်၏။ ယုဒပြည်ကို သားတော်ယဟောရံ (ဣသရေလရှင်ဘုရင်နှင့် နာမည်တူ) သည် နန်းတက်သည်။ ထိုသားတော်သည် အာဟပ်မင်းနှင့် ယေဇဗေလတို့၏သမီးတော် အာသလိနှင့် စုံဖက် သဖြင့် ယုဒရှင်ဘုရင်ယဟောရံသည် ဣသရေလ ရှင်ဘုရင်ယောရံ (ခေါ်) ယဟောရံနှင့် နီးကပ်စွာ ဆက်စပ်မိကြလေသည်။ ကျမ်းမှတ်တမ်းအရ ယဟောရံသည် ]အာဟပ် သမီးနှင့်စုံဖက်သဖြင့် ဣသရေလရှင်ဘုရင်တို့ လိုက်ရာလမ်းသို့ အာဟပ်အမျိုး ကဲ့သို့လိုက်၍ ထာ၀ရဘုရားသခင်ရှေ့တော်၌ အပြစ်ကိုပြု၏။} ထိုမျှမက သူသည် ]ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် တစ်ပါးအမျိုးသားတို့၏ ဘုရားသခင်နှင့် မှားယွင်းရမည်အကြောင်း အနိုင်အထက်ပြုသတည်း။} (၆ရာ ၂၁း၆၊ ၁၁)။

               ဤသို့ ယုဒရှင်ဘုရင်သည် မိမိ၏ပြင်းထန်သော ဖောက်ပြန်မှုကြီး ဆက်လက် မတည်တံ့စေရန် ဆုံးမပြစ်တင်မည့်သူ ပုရောဖက်ဧလိယသည် ပေါ်လာပြန်၏။ ပြည်တော်ကြီးသည် မြောက်ပိုင်းနိုင်ငံတော်ပျက်စီးဆုံးရှုံး နစ်မွန်းသွားသကဲ့သို့ မဖြစ် စေရန် ဧလိယကဆီးတားရမည်မဟုတ်ပါလား။ သို့ဖြစ်၍ ယုဒရှင်ဘုရင်ထံသို့ ပုရော ဖက်ကြီးသည် သတင်းစာတစ်ခုကို ရေးပို့လိုက်ပါသည်။ ထိုပြင်းထန်သောစာသည် ထိုမင်းဆိုးထံသို့ရောက်သဖြင့် ]သင့်အဘဒါဝိဒ်၏ ထာ၀ရဘုရားသခင် မိန့်တော်မူ သည်ကား၊ သင်သည်ခမည်းတော် ယောရှဖတ်လမ်းနှင့် ယုဒရှင်ဘုရင f အာသလမ်း သို့မလိုက်၊ ဣသရလရှင်ဘုရင်တိုလမ်းသို့ လိုက်သောကြောင့်လည်းကောင်း အာဟက် အမျိုးမှားယွင်းသည်နည်းတူ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် တစ်ပါး အမျိုးသားတို့၏ဘုရားသခင်နှင့် မှားယွင်းရမည်အကြောင်း ပြုသောကြောင့်လည်း ကောင်း၊ ကိုယ်ထက်သာ၍ ကောင်းသောညီရင်းတို့ကို သတ်သောကြောင့်လည်းကောင်း၊ ထာ၀ရဘုရားသခင်သည် သင်၏လူများ၊ သင်၏ သားမယားများ၊ သင်၏ဥစ္စာရှိသမျှကို ကြီးစွာသော ဘေးဖြင့်ဒဏ်ခတ်တော်မူမည်။ သင့်အူသည် တစ်နေ့ထက်တစ်နေ့ ထွက်အောင် ဝမ်းထဲ၌ ပြင်းစွာသော အနာရောဂါစွဲလိမ့်မည်ဟုစာ၌ ပါသတည်း။}

               ဤပုရောဖက်စကားကို ပြည့်စုံစေသည့်အနေဖြင့် ]ထာ၀ရဘုရားသခင်သည် ဖိလိတ္တိလူ၊ ကုရှပြည်နှင့်နီးသော အာရပ်လူတို့ကို ယဟောရံမင်းတစ်ဖက်၌ နှိုးဆော် တော်မူသဖြင့် သူတို့သည် နန်းတော်၌ တွေ့သမျှသောဥစ္စာများနှင့် ရှင်ဘုရင်၏ သားမယားများတို့ကို သိမ်းသွားကြသဖြင့် အထွေးဆုံသောသားအာခဇိ မှတစ်ပါး တစ်ယောက်မျှမကျန်ကြွင်း။ နောက်တစ်ဖန် မပျောက်နိုင်သောဝမ်းနာဖြင့် ထာ၀ရ ဘုရားသခင်သည် ဒဏ်ခတ်တော်မူ၏။ ရှင်ဘုရင်သည် တာရှည်စွာနာ၍ နစ်နစ် စေ့သောအခါ အနာပြင်းထန်သောကြောင့် အူထွက်၍ အသက်ချုပ်လေ၏။} ]သားတော် အာခဇိ (Jန့သahဖေယ ဗ့ငြေahယ ဗဖမေူah) သည် ခမည်းတော်အရာ၌ နန်းထိုင်၏။} (၆ရာ ၂၁း၁၂-၁၉။ ၄ရာ ၈း၂၄)။

               အာခဇိသည် အသက်နှစ်ဆယ့်နှစ်နှစ်ရှိသော်နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်နှစ်စိုးစံလေ၏။ ဤအချိန်တွင် သူ၏မယ်တော်ဩမရိမြေး အာသလိသည် ဩဇာ ညောင်းသဖြင့် ]မကောင်းသော အကြံကိုပေးသောကြောင့် အာဟပ်အမျိုး ကဲ့သို့ ထာ၀ရဘုရားသခင်ရှေ့တော်၌ အပြစ်ကိုပြု၏} (၆ရာ ၂၂း၃၊၄ ။ ၄ရာ ၈း၂၇)။ ထိုစဉ်အခါ အဘွားတော်သူယေဇဗေလသည်လည်း အသက်ရှင်နေသေးရကား မိမိ၏ ဦးရီးတော် ဣသရေလရှင်ဘုရင် ယောရံ (ခေါ်) ယဟောရံ နှင့် မဟာမိတ်ဖွဲ့လေ၏။

               အာဟပ်မင်း၏ အသက်ရှင်လျက်ကျန်နေသေးသော အိမ်သူအိမ်သားများ သည် အမှန်တကယ်ပင် အာခဇိအား ]အကျိုးနည်းစေခြင်းငှါ မကောင်းသောအကြံကို ပေးကြပါသည်။} (၆ရာ ၂၂း၄)။ အာခဇိသည် ဣသရေလပြည်ယေဇရေလမြို့မှာ နေသော ဦးရီးတော်ထံသွားရောက်လည်ပတ်နေစဉ် ပုရောဖက်ဧလိယသည် ဘုရား သခင်၏ ညွှန်ကြားချက်အရ ပုရောဖက်ကျောင်းသား တစ်ယောက်အား ဂိလဒ်ပြည်ရာ မုတ်မြို့သို့စေလွှတ်၍ ယေဟုကို ဣသရေလရှင်ဘုရင်အရာမှာ ဆီလောင်း ၏ဘိသိက် ပေးရန် စေလွှတ်ခဲ့သည်။ ထိုစဉ်က ယုဒပြည်နှင့်ဣသရေလပြည်တို့သည် ပူးပေါင်း၍ ရှုရိလူတို့ကိုတိုက်ခိုက်ရန် စစ်ရေးအရဗျူဟာ ထိုးနေသည့်အချိန် ဖြစ်ပါသည်။ တိုက်ပွဲမှာ ပြင်းထန်မှ၏။ ယဟောရံသည်လည်း တိုက်ပွဲတွင်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သဖြင့် ယေဇရေလမြို့သို့ပြန်လာသည်။ ယေဟုကိုတော့ စစ်သူရဲတို့အား အုပ်ချုပ်ရန်မှာထားခဲ့သည်။ ဧလိယ၏စေတမန်သည် ယေဟုအား ထာ၀ရဘုရား သခင်၏ ထူးခြားသောအမိန့်တော်မြတ်ကို လေးနက်စွာ ဆင့်ဆိုမှာကြားခဲ့သည်မှာ ကျမ်းမှတ်တမ်းအရ ]ပုရောဖက်သည် သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက် ဣသရေလအမျိုး၏ ထာ၀ရဘုရားသခင်က ငါသည် သင့်ကို ထာ၀ရဘုရားသခင်၏ လူဣသရေလအမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေး၏။ ငါ့ကျွန် ပုရောဖက်တို့ကို သတ်သောအပြစ်၊ ထာ၀ရဘုရားသခင်၏ ပုရောဖက်အပေါင်းကို သတ်သောအပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည်းအကြောင်း သင်သည် သင့်သခင် အာဟပ်အမျိုးကိုလုပ်ကြံရမည်။} (၄ရာ ၉း၆-၈)။

                                             ယေဟုသည် ရှင်ဘုရင်အရာကိုရယူခြင်း

               ယေဟုသည် မိမိအုပ်ချုပ်ရသော မဟာကြီး၏ ဣသရေလရှင်ဘုရင်အဖြစ်ကို ကောင်းချီးပေး အသိအမှတ်ပြုကြွေးကြော်ခံပြီးသည်နောက် ယေဇရေလမြို့သို့ အပြင်း နှင်လျက် အပြစ်ပေးတရားစီရင်ခြင်းအမှုကိုစတင်ပါတော့သည်။ ထိုမြိုထဲမှာ ဣသရေ လရှင်ဘုရင်ယဟောရံ၊ ယုဒရှင်ဘုရင်အာခဇိနှင့် အဘွားတော်မိဖုရားကြီး ယေဇ ဗေလနှင့်တကွ ]ယေဇရေလမြို့၌ကျန်ကြွင်းသော အာဟပ်အမျိုးသားအပေါင်းတို့နှင့် သူ၏လူကြီးပေါက်ဘော် ယဇ်ပုရောဟိတ်အပေါင်းတို့ကို တစ်ယောက်မျှမကျန်စေဘဲ သတ်လေ၏။} (၄ရာ ၁ဝး၁၁၊ ၁၉၊၂၈)။

                                            

               ဤကဲ့သို့ အစုလိုက် အပြုံလိုက် အပြစ်ပေးကွပ်မျက်နေသည့်သတင်းကို ယေဇ ဗေလသမီးအာသလိထံသိုရောက်ရှိနေလေပြီ။ သူမသည် ယုဒပြည်ကို အမိန့်ပေး အုပ်ချုပ်နေရဆဲ အဆင့်မှာရှိနေပါသေး၏။ အာသလိသည် မိမိ၏သားတော်ယုဒ ရှင်ဘုရင်လုပ်ကြံခံရကြောင်းကြားသိရသောအခါ ]ထ၍ ယုဒပြည်၏ ဆွေတော်မျိုးတော် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။} (၆ရာ ၂၂း၁၀၊၁၂)။ ဤကဲ့သို့ ဒါဝိဒ်မင်းဆက် မျိုးနွယ်ပြတ်သွားအောင် အာသလိသည် အစုလိုက်အပြုံလိုက် ကွပ်မျက်နေပြီ ဖြစ်သောကြောင့် (၄ရာ ၂၃း၈)။ ယဇ်ပုရောဟိတ်မင်းယောယဒ၏ မယားဖြစ်သော ရှင်ဘုရင်သမီး ယောရှေဘသည် အာခဇိ၏သားယောရှကို အသေခံရသော ဆွေ တော်မျိုးတော်ထဲက ခိုးယူ၍သူနှင့် သူ၏နို့ထိန်းကို ဗိမာန်တော်အတွင်း၌ ဝှက်ထား လေသည်။ ]ခြောက်ရက် ပတ်လုံး ယောရှသည် သူတို့နှင့်အတူ ဗိမာန်တော်၌ ပုန်းရှောင်လျက်နေ၍ အာသလိ သည်စိုးစံလေ၏။} (ငယ် ၁၂)။

               အချိန်တန်သော် ]လေဝိသားများနှင့် ယုဒအမျိုးသားအပေါင်းတို့သည်} ယဇ် ပုရောဟိတ်မင်းယောယဒနှင့်အတူတကွပူးပေါင်း၍ ရှင်ဘုရင့်သားတော် သူငယ်ကလေး ယောရှကို မိမိတို့၏အစီအစဉ်အရ ဗိမာန်တော်အပြင်သို့ထုတ်၍ ရာဇသရဖူနှင့် ပညတ္တိကျမ်းကိုတင်လျက် ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြပါသည်။ လူအပေါင်းတို့ သည်လည်း ]ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု လက်ခုပ်တီး၍ ကြွေးကြော် ကြ၏။} (၄ရာ ၁၁း၁၂)။

               ]အာသလိသည် လူများပြေး၍ ရှင်ဘုရင်ထံ၌ ချီးမွမ်းသံကိုကြားလျှင် လူများရှိရာ ဗိမာန်တော်သို့သွား၍} (၆ရာ ၂၃း၂၁)။ ]ရှင်ဘုရင်သည် ယုဒမင်းထုံစံ အတိုင်း တိုင်နားမှာရပ်လျက် မÈ;တော်မတ်တော်များနှင့် တံပိုးမှုတ်သောသူများတို့သည် ရှင်ဘုရင်အနားတော်၌ရပ်လျက် ပြည်သူပြည်သား များတို့သည် ဝမ်းမြောက်၍ တံပိုးမှုတ်လျက်ရှိကြသည်ကိုမြင်လျှင် မိမိအဝတ်ကိုဆုတ်၍ ပုန်ကန်မှုကြီးပါတကား၊ ပုန်ကန်မှုကြီးပါတကားဟု အော်ဟစ်လေ၏။} (၄ရာ ၁၁း၁၄)။ ဤတွင် ယဇ်ပုရော ဟိတ်မင်းယောယဒသည်  လူတစ်ရာအုပ်၊  တပ်မÈ;အမှုတော်ထမ်းတို့ကို  အာသလိနှင့်

 

                                            

 

နောက်တော်လိုက်တို့အား ဗိမာန်တော်ပြင်သို့ထုတ်သွားပြီးမှ သတ်ကြရန်မှာထားနှင့် သည်အတိုင်း အာသလိကိုဖမ်းဆီးလျက် နန်းတော်သို့သွားသော မြင်းလမ်းဖြင့် ထုတ်၍သတ်ကြ၏။

               ဤသို့လျှင် အာဟပ်မင်း၏အိမ်တော်စုတွင် နောက်ဆုံးမင်းဆက်သည် ပျက်စီးရ၏။ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော မှားယွင်းမှုကြီး စတင်ရာ ဣသရေလရှင်ဘုရင်နှင့် ဗာလနတ်ဘုရားကိုးကွယ်သူ ယေဇဗေလနှင့် ထိမ်းမြား လက်ထက်ကာ မဟာမိတ်ဖွဲ့ခြင်းသည် မိမိ၏ (ရှင်ဘုရင်) နောက်ဆုံးမျိုးဆက်များ တိုင်အောင် ပျက်စီးရလေသည်။ နောင်တမရခေါင်းမာသော ရှင်ဘုရင်မအာသလိအား ကွပ်မျက်တရားစီရင်မှုကြီး ပြီးဆုံးသွားသည်နောက် မဆိုင်းမတွ၊ တစ်ခဏချင်းပင် ပြည်သူ ပြည်သားအပေါင်းတို့သည် ဗာလကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင် များနှင့် နတ်ဘုရားပုံရုပ်များကို အကုန်အစင်ချိုးဖဲ့၍ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ် ပုရောဟိတ်မဿန်ကို သတ်ကြ၏။ (၄ရာ ၁၁း၁၈)။

               နောက်ပိုင်းတွင် ဘာသာရေး ပြုပြင်ပြောင်းလဲနိုးထမှုကြီးဆက်လက်ရှင်သန် နေပါ၏။ ]ရှင်ဘုရင်နှင့် လူအပေါင်းတို့သည် ထာ၀ရဘုရားသခင်၏ လူဖြစ်ရမည် အကြောင်း ယောယဒသည် မိမိထံ၌ ပဋိညာဉ်ကိုဖွဲ့စေ၏။} ယေဇဗေလ၏အမေ တူသမီး၏ အကျင့်ဆိုးများဆုံစည်းရာ နတ်ကွန်းဂေဟာမျာသည် ယခုတွင် ယုဒပြည်မှာ မရှိတော့ပြီ။ ဗာလနတ်ဘုရား၏ ပုရောဖက်များစွာတို့သည်လည်း မိမိတို့၏ဘုံဗိမာန် များနှင့်တကွ ကွပ်မျက်ဖျက်ဆီးခြင်းကိုခံရလေပြီ။ ]ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်၍ တစ်မြို့လုံး၌လည်း ငြိမ်ဝပ်ခြင်းရှိလာပါတော့သည် တကား။ }(၆ရာ ၂၃း၁၆၊၂၁)။

No comments:

Post a Comment