အခန်း(၁၅)
ထာ၀ရဘုရားသခင်ကို
ယုံကြည်အားကိုးသောရှင်ဘုရင်ယောရှဖတ်
အာသသားယောရှဖတ်သည် အသက်သုံးဆယ့်ငါးနှစ်ပြည့်သော်နန်းတက်၏
ခမည်းတော်အာသမင်းသည် အဘိုးတော်ဒါဝိဒ်ပြုသကဲ့သို့ ထာ၀ရဘုရားသခင် ရှေ့တော်၌
တရားသဖြင့်ပြုသူဖြစ်၏။ အဖေတူသား ယောရှဖတ်မင်းသည်လည်း
ထီးနန်းသက်နှစ်ဆယ့်ငါးနှစ်လုံးလုံး ]ခမည်းတော်အာသလိုက်သော လမ်းကိုမလွှဲ၊ အကုန်အစင်လိုက်၍
ထာ၀ရဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောအကျင့်ကို ကျင့်၏။} (၃ရာ ၂၂း၄၃)။ ]ထိုမင်းသည် တိုင်းသူပြည်သားတို့အား
နတ်ဘုရားပုံရုပ် ကိုးကွယ်ခြင်းမှရပ်ဆိုင်းရန် ကြိုးစားသွေးဆောင်ခဲ့သော်လည်း
ပိုမို၍နယ်ပယ်များစွာတို့ မြင့်သော အရပ်တို့ကိုမပယ်ရှားသောကြောင့် လူတို့သည်
ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။} (၃ရာ ၂၂း၄၃)။ ရှင်ဘုရင်သည် ရှေးဦးစွာမြောက်ပိုင်း
နိုင်ငံတော်၏ မင်းဆိုးအာဟပ်လက်ထက်ကကဲ့သို့ မိမိ၏ ယုဒပြည်သည် မဖြစ်ရလေ အောင်
အပြစ်ဖြစ်စေသောအရာများကို တားဆီးကာကွယ်၏။ ထိုမင်းသည် ]ဗာလ ဘုရားတို့ကိုမဆည်းကပ်၊
ခမည်းတော်၏ ဘုရားသခင်ကိုသာ ဆည်းကပ်သဖြင့် ဣသရေလအမျိုး၏ ထုံးစံကိုရှောင်၍
ပညတ်တရားတော်ကိုကျင့်သောကြောင့် ထာ၀ရ ဘုရားသခင်သည် စောင့်မ၍ နိုင်ငံတော်ကို မိမိ၏
လက်၌တည်စေတော်မူ၏။} (၆ရာ ၁၇း၃-၅)။
ယောရှဖတ်မှာ ]ဂုဏ်အသေရေနှင့် စည်းစိမ်ဥစ္စာများ၏။} ထာ၀ရဘုရားသခင် ၏တရားလမ်းတို့၌ စွဲလမ်းသောကြောင့်လည်း
တဖြည်းဖြည်းနှင့် ]မြင့်သော အရပ်နှင့် အာရှရပင်တို့ကို ယုဒပြည်မှ ပယ်ရှားတော်မူ၏။} (ငယ် ၅၊၆)။ ခမည်းတော်အာသ လက်ထက်၌ ကျန်ကြွင်းသော
ယောက်ျားအလိုသို့ လိုက်တတ်သောမိန်မလျာတို့ကို ပြည်တော်မှ သုတ်သင်ပယ်ရှင်းလေ၏။} (၃ရာ ၂၂း၄၆)။ ဤသို့လျှင် ယုဒပြည်သား တို့သည် တဖြည်းဖြည်းနှင့် ဝိညာဉ်ရေးဆုတ်ယုတ်မှု ဘေးမှ
ကင်းဝေးလာကြပါသည်။
နိုင်ငံတစ်ဝန်းပြည်သူလူထုတစ်ရပ်လုံးသည် ထာ၀ရဘုရားသခင်၏ တရား
တော်ကို သွန်သင်ပေးရန်လိုအပ်ကြောင်းကို
မင်းကြီးတွေ့မြင်လေသည်။ ထိုပညတ် တရားနှင့်အညီ နေထိုင်သက်ရှင်ပါမှ လူတို့သည်
ထာ၀ရဘုရားသခင်နှင့်သော်လည်း ကောင်း၊ လူလူချင်းပေါင်းသင်းဆက်ဆံရာမှာသော်လည်းကောင်း
သစ္စာတည်ကြမည် မဟုတ်ပါလား။ ဒါကိုသိသောယောရှဖတ်မင်းကြီးသည် မိမိ၏လူတို့
သန့်ရှင်းသော ကျမ်းစာတော်မြတ်ကို လေ့လာသွန်သင်ဖို့ သေချာအောင်လုပ်သည်။ ထိုကြောင့်
နန်းတော်မှ ခန့်အပ်လိုက်သောဆရာတို့သည် ]ယုဒပြည်၌ ဩဝါဒပေး၍ ထာ၀ရဘုရား သခင်၏ ပညတ္တိကျမ်းပါလျက်
ယုဒမြို့အရပ်ရပ်တို့တွင် လှည့်လည်သဖြင့် ပြည်သား တို့ကို သွန်သင်ကြ၏။} (၆ရာ ၁၇း၇၊ ၉)။ ဤသို့လျှင် လူများစွာတို့သည် အပြစ်ကို
စွန့်လွှတ်၍ ဘာသာတရားမှာ နိုးထမှုရှိလာကြပါသည်။
ထာ၀ရဘုရားသခင်၏ ပညတ်တရားကိုနားထောင်ခြင်းသည် ကြီးစွာသော
အကျိုးမည်၏။ ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက်စကားတို့ကို သွန်သင်ပေး ခြင်းသည်
လူတို့၏အသက်တာကို ထိန်ချုပ်ပေးသည်ဖြစ်သောကြောင့် ပြည်တွင်း ရေးရာနှင့်
လူမှုရေးရာတို့မှာ ပြဿနာဝင်ရန်အကြောင်းမရှိ။ အိမ်ထောင်မိသားစုတိုင်း၌ ဝိညာဉ်ရေးရာ
အမြင်နှင့် အကျင့်တရားအရာမှာ ဩဇာတန်ခိုးကြီးမားလာမည် ဖြစ် ပါသည်။
နှစ်ပေါင်းများစွာပင် ယောရှဖတ်သည် အိမ်နီးချင်းနိုင်ငံတို့၏
အနိုင်ကျင့်မှုကို မခံခဲ့ရပါ။ ]ယုဒပြည်ပတ်ဝန်းကျင် တိုင်းနိုင်ငံရှိသမျှတို့သည်
ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့၍ ယောရှဖတ်ကို စစ်မတိုက်ဝံ့ဘဲနေကြ၏။} ]ယောရှဖတ်သည် အလွန် ခွန်အားတိုးပွား၍ ယုဒပြည်၌ရဲတိုက်နှင့်
ဘဏ္ဍာတော်မြို့တို့ကို တည်တော်မူ၏။ ခွန်အားကြီးသော စစ်သူရဲတို့သည် အမှုတော်ကို
ထမ်းလျက်နေကြ၏။} (၆ရာ ၁၇း၁၀၊ ၁၂-၁၉)။
]ယောရှဖတ်မင်းသည် ဂုဏ်အသရေနှင့်စည်းစိမ်ဥစ္စာများ} သောကြောင့် အမှန် တရားနှင့် ဖြောင့်မတ်ခြင်းတရားလွှမ်းရန်
အတွက် အသုံးပြုနိုင်သော လက်နက်များပင် မဟုတ်ပါလော။ ထိုသို့ ယောရှဖတ်မင်းသည်
ကြွယ်၀ချမ်းသာမှုအထွတ်အထိပ်သို့ ရောက်သောအခါ အာဟပ်မင်းနှင့် အမျိုးဆက်လေ၏။
မိမိ၏သားတော်ကို အာဟပ်နှင့် ယေဇဗေလတို့၏ သမီးတော် အာသာလိယနှင့်
ထိမ်းမြားမင်္ဂလာဆောင်နှင်းပေး၏။ ဤပေါင်းစည်းမှုကြောင့် ယုဒပြည်နှင့်
ဣသရလနိုင်ငံတော်သည် မဟာမိတ်ဖြစ်၍ ဘေးကြုံလာတိုင်း ယောရှဖတ်မင်းနှင့် များစွာသော
ယုဒပြည်သူပြည်သားတို့သည် စိတ်ညစ်ကြရသည်။
တစ်ခါတွင် ယောရှဖတ်မင်းသည် ရှမာရိမြို့တော်မှာ နန်းထိုင်သော
ဣသရလ ရှင်ဘုရင်ထံအလည်အပတ်သွားခဲ့ပါသည်။ ယေရုရှလင်မြို့တော်မှ ဧည့်သည်မင်းကြီး
ဖြစ်သောကြောင့် အထူးဂုဏ်ပြုခြင်းအခမ်းအနားဖြင့် ဧည့်ဝတ်ပြုခဲ့သည်။ ပြီးသော
ဣသရေပြည်ကို ရန်ငြိုးဖွဲ့သောရှုရိပြည်အား တိုက်ခိုက်မှုတွင် ပါဝင်ပူးပေါင်းကူညီရန်
သွေးဆောင်ခြင်းကို ခံရပါသည်။ အာဟပ်မင်းအနေဖြင့် ယုဒပြည်နှင့် ပေါင်း၍ရှုရိကို
တိုက်သော တစ်ချိန်က ဣသရလပိုင်ဆိုင်ခဲ့သော ခိုလှုံရာမြို့တစ်မြို့ဖြစ်သည့် ရာမုတ်
မြို့ ကို ပြန်ရလိမ် မည်ဟု ထင်မှတ်မျှော်လင့်မိပါသည်။
ယောရှဖတ်မင်းသည်လည်း မဆိုင်းမတွဘဲ ရှုရိတပ်မဟာတစ်ဖက်မှာ ဣသရ
လကို ကူညီတိုက်ခိုက်ပေးမည်ဟု လွယ်လွယ်နှင့်ကတိပြုလိုက်ပါသည်။ သို့သော်လည်း
ထိုအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ရာ ဘုရားသခင်အလိုတော်ရှိ၊မရှိကို ရှာဖွေရန်
မင်းကြီးက အဆုံးအဖြတ်ယူစေပါသည်။ သို့ဖြစ်၍ အာဟပ်မင်းအားအကြံပြုသည်မှာ
]ထာ၀ရဘုရားသခင်၏ နှုတ်ထွက်စကားတော် ကို ယနေ့မေးမြန်းပါလော့ဟု ဣသရလ
ရှင်ဘုရင်အားဆိုသော် ဣသရေလရှင်ဘုရင်သည် ပုရောဖက်လေးရာတို့ကို စုဝေးစေ ပြီးလျှင်
ငါသည် ဂိလဒ်ပြည်၊ ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲနေ ကောင်းသလောဟု
မေးသော် သူ့တို့က ချီတော်မူပါ။ ထာ၀ရဘုရားသခင်သည် အရှင်မင်းကြီး၏ လက်တော်သို့
အပ်တော်မူမည်ဟု လျှောက်ကြ၏။} (ငယ် ၄၊၅)။
ထိုအရာနှင့် ယောရှဖတ်သည် မကျေနပ်သေဖြစ်လေရာ ]ငါတို့
မေးမြန်းစရာ ထာ၀ရဘုရားသခင်၏ ပုရောဖက်တစ်စုံတစ်ပါးမျှမရှိသလောဟု(ငယ် ၆) }အာဟပ်ကို မေးသော် အာဟပ်က ]ထာ၀ရဘုရားကို မြေးမြန်းရသော
သူတစ်ယောက်၊ ဣမလသားမိက္ခာ ရှိသေး၏။ သို့ရာတွင် ထိုသူကိုငါမုန်း၏။ ငါ၌
မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကား ကိုသာ အစဉ်ဟောတတ်သည်} ဟု အဖြေပေးလိုက်ပါသည်။ (၆ရာ ၁၈း၆၊ ၇)။ ယောရှဖတ်၏
တောင်းခံမှုမှာ ခိုင်မာသည်ဖြစ်သောကြောင့် ထာ၀ရဘုရားသခင်၏ လူကို နောက်ဆုံးမှာ
ဖိတ်ခေါ်လိုက်ပါသည်။ ထိုအခါ ]မိက္ခာက ဣသရေလအမျိုးသား အပေါင်းတို့သည်
သိုးထိန်းမရှိသောသိုးကဲ့သို့ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြား လျက်
ရှိကြသည်ကိုငါမြင်ပြီ။ ထာ၀ရဘုရားသခင်ကလည်း ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့်
အသီးသီးကိုယ်နေရာသို့ပြန် ကြပါလေစေဟု မိန့်တော်မူ ကြောင်းကို လျှောက်ဆို၏။} (ငယ် ၁၇)။
ယောရှဖတ်မင်းအမှားတစ်ခုကိုပြုလုပ်မိခြင်း
ထိုမင်းနှစ်ပါးစလုံးသည် မိက္ခာ၏အတိပေးချက်ကို
လက်မခံလိုကြပါ။ အထူး သဖြင့် အာဟပ်သည်ဆုံးဖြတ်ပြီးဖြစ်သည်မို့ နောက်မဆုတ်လိုပါ။
ယောရှဖတ် မင်းသည်လည်း ]ငါသည် မင်းကြီးကဲ့သို့လည်းကောင်း၊ ငါ့လူတို့သည် မင်းကြီး၏
လူကဲ့သို့လည်းကောင်းဖြစ်လျက် မင်းကြီးနှင့်ဝိုင်း၍စစ်တိုက်မည်} ဟု ပြန်ပြောခဲ့ သောကြောင့် ကတိပေးထားပြီးသောအရာကို
မင်းကြီးသည် တွန့်ဆုတ်လိုစိတ်မရှိ တော့ပါ။ ]ထိုသို့ ဣသရေလရှင်ဘုရင်နှင့်
ယုဒရှင်ဘုရင်ယောရှဖတ် တို့သည် ဂိလဒ်ပြည်၊ ရာမုတ်မြို့သို့ စစ်ချီကြ၏။} (၃ရာ ၂၂း၂၉)။ ထိုတိုက်ပွဲမှာ အာဟပ် မင်းကိုမြားမှန်၍
ကံတော်ကုန်လေသည်။
ယောရှဖတ်သည် စိတ်ပျက်ပျက်နှင့် အနိုင်မရှိသောတိုက်ပွဲမှ
ယေရုရှင် မြို့တော်သို့ပြန်လာခဲ့သည်။ အပြန်လမ်းမှာ ပုရောဖက်ယေဟုက
မင်းကြီးကိုဆီးကြို၍ ဤသို့လျှင် ဆုံးမပြစ်တင်စကားပြောကြားခဲ့ပါသည်။ ]မင်းကြီးသည်
မတရားသော သူတို့ကို မစသင့်သလော။ ထာ၀ရဘုရားသခင်ကို မုန်းသောသူတို့ကိုချစ်သခင့်
သလော။ ယခုပြုသောအမှုကြောင့် ထာ၀ရဘုရားသခင်၏ အမျက်တော်သည် မင်းကြီးအပေါ်သို့
သက်ရောက်လေပြီ။ သို့သော်လည်း မင်းကြီးသည်တစ်ပြည်လုံးတွင် အာရှရုပင်တို့ကိုပယ်ရှား၍
ဘုရားသခင်ကိုရှာခြင်းငှါ သဘောကျသောကြောင့် ကျင့် သော အကျင့်ကောင်း ပါပြီဟုဆို၏။} (၆ရာ ၁၉း၂၊၃)။ ယောရှဖတ်၏ နောက်ဆုံး နန်းသက်များမှာ
ပြည်တော်ကိုအား သစ်လောင်းပေးခြင်းနှင့် ယုဒလူမျိုးဝိညာဉ်ရေး ဘက်မှာ အားကောင်းလာရန်
များစွာလုပ်ဆောင်ပေးခဲ့ပါသည်။ ယောရှဖတ်သည် ]တစ်ဖန် ဗေရရှေဘမြို့မှစ၍
ဧဖရိမ်တောင်တိုင်အောင် လှည့်လည်သဖြင့် ပြည်သားတို့ကို ဘိုးဘေးတို့၏ ထာ၀ရဘုရားသခင်ထံတော်သို့
ပြန်စေတော်မူ၏။} (ငယ် ၄)။
ယောရှဖတ်မင်း၏ အခြားအရေးကြီးလုပ်ဆောင်ချက်တစ်ခုမှာ
လိုလားချက် ပြည့်၀သော သမာဓိတရားရုံးများကို တည်ထောင်ပေးခဲ့ခြင်းဖြစ်ပါသည်။
မင်းကြီးသည် ]ယုဒနိုင်ငံတွင် ခိုင်ခံ့သော မြို့ရှိသမျှအသီးသီးတို့၌
တရားသူကြီးတို့ကိုခန့်ထား၍၊ သင်တို့ပြုသော အမှုကိုသတိပြုကြလော့။ လူ၏အမှုကိုစောင့်၍
တရားစီရင်သည် မဟုတ်။ သင်တို့စီရင်ရာတွင် ရှိတော်မူသောထာ၀ရဘုရားသခင်၏ အမှုတော်ကို
စောင့်၍ စီရင်ကြ၏။ ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာကို
ထောက်ခြင်း၊ တံစိုးစားခြင်း အခွင့်ရှိတော်မမူ ဟုမှာထားတော်မူ၏။} (ငယ် ၅-၇)။
ရှင်ဘုရင်သည် နေပြည်တော်ယေရုရှလင်မှာရှိသော တရားရုံးများမှ
တရား သူကြီးတို့အားလည်း သစ္စာစောင့်သိရိုသေကြပါရန် နှိုးဆော်တိုက်တွန်းခဲ့ပါသည်။
]ထာ၀ရဘုရားသခင်၏ အမှုအရာများတွင် ယဇ်ပုရောဟိတ်မင်းအာမရိသည် သင်တို့ကို
အုပ်ချုပ်ရ၏။ လေဝိသားတို့သည်လည်း အမှုထမ်းလုလင်လုပ်ရကြ၏။ ရဲရင့်စွာစီရင် ကြလော့။
ထာ၀ရဘုရားသခင်သည် ကောင်းသောသူတို့ဘက်မှာ နေတော်မူမည်ဟု မှာထားတော်မူ၏။} (ငယ် ၁၁)။ တိုင်းသူပြည်သားလူအများတို့၏ လူ့အခွင့်အရေးနှင့်
လွတ်လပ်မှုတို့ကို ကာကွယ် စောင့်ကြပ်သည့်အနေဖြင့် ယောရှဖတ်မင်းက အိမ်ထောင်
မိသားစုဝင်တိုင်းသည် အရာခပ်သိမ်းအလုံးစုံကို အုပ်စိုးသော ဘုရားသခင်ထံတော်မှ အမွေအနှစ်များဖြစ်သောကြောင့်
သတိတရားနှင့်ဆင်ခြင်လျက် ဆက်ဆံပြုမူကြပါရန် အထူးဖော်ပြခဲ့ပါသည်။ ကြီးသူကို ရိုသေ၊
ရွယ်သူကိုလေးစာ ;၊ ငယ်သူကိုသနားဟူသော
လူမှုဆက်ဆံရေးစည်းကမ်းကို လိုက်လျှောက်ဖို့ရန် ပညတ်ထားလေသည်။ မိမိလက် အောက်မှာ
စီရင်ခြင်းအမှုကိုပြုကြကုန်သော တရားသူကြီးတို့အားလည်း ]ဆင်းရဲသော သူနှင့်
မိဘမရှိသောသူတို့ကို စောင့်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သော သူတို့ဘက်၌
တရားစီရင်ကြလော့} (ဆာလံ ၈၂း၃)
ဟုမှာထားလေသည်။
ယုဒပြည်ကို ဖျက်ဆီးမည်ဟူသော စစ်တပ်ကြီး
ယောရှဖတ်၏ နှောင်းပိုင်းထီးနန်းသက်မှာ ယုဒပြည်သည် ကျူးကျော်
ဝင်ရောက်သိမ်ပိုက်မှုကိုခံရပါသည်။ ]ထိုနောက်မှ မောဘအမျိုးသားနှင့် အမ္မုန်အမျိုး
သားတို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ ယောရှဖတ်ကို စစ်တိုက်မည်ဟု ချီလာ ကြ၏။} (၆ရာ ၂ဝး၁၊ ၂)။ ဤဝင်စီးခြင်းသတင်းကို
စိတ်ချောက်ချားဖွယ်စကားဖြင့် ]အိုင်ကြီးတစ်ဖက်၊ ဧဒုံပြည်ဘက်က များစွာသော
အလုံးအရင်းစစ်ချီ၍ လာနေပြီ} ဟုသံတော်ဦးတင်လိုက်သောအခါ
အစစအရာရာမှာ ထာ၀ရဘုရားသခင်ကိုသာ ဦးထိပ်ထားလိုသော ]ယောရှဖတ်မင်းကြီးသည် ကြောက်၍
ထာ၀ရဘုရားသခင်ကို ရှာခြင်းငှါ သဘောချလျက် အစာရှောင်ရာအချိန်ကို ယုဒပြည်တစ်လျှောက်လုံး၌
ကြော်ငြာစေတော်မူ၏။ ယုဒလူတို့သည် ထာ၀ရဘုရားသခင်ကို ဆုတောင်းမည်ဟု စုဝေး၍
ထာ၀ရဘုရားသခင်ကို ရှာအံ့သောငှါ ယုဒမြို့ရှိသမျှမှ ထွက်လာကြ၏။} ထိုအခါ ယောရှဖတ်သည် ဗိမာန်တော်တံတိုင်းသစ်ရှေ့၊
ယုဒပြည်သူယေရုရှလင်မြို့သား စည်းဝေးရာ ပရိသတ်အလယ်၌ရပ်လျက် ဆုတောင်းသည်မှာ-
]ဘိုးဘေးတို့၏ ထာ၀ရဘုရားသခင်၊ ကိုယ်တော်သည်
တစ်ပါးအမျိုးသားနေရာတိုင်းနိုင်ငံရှိသမျှတို့ကို အစိုးရတော်မူသည်မဟုတ်လော။
အဘယ်သူမျှ မဆီးတားနိုင်အောင် ခွန်အားတန်ခိုး ကြီးတော်မူသည် မဟုတ်လော။ ဤပြည်၌
နေဖူးသောသူတို့ကို ကိုယ်တော်၏ လူဣသရေလအမျိုးရှေ့မှနှင်ထုတ်၍ ဤပြည်ကို
အစဉ်ပေးတော်မူသော အကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်တော်မူသည် မဟုတ်လော။
]ယခုတွင် ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည်မှထွက်လာသော အခါ
တိုက်ရသောအခွင့်ကို ပေးတော်မမူ။ လွှဲရှောင်၍ မဖျက်ဆီးဘဲထားခဲ့သော အမ္မုန်
အမျိုးသား၊ မောဘအမျိုးသား၊ စိရတောင်သားတို့သည် အကျွန်ုပ်တို့အားအပိုင်
ပေးတော်မူသော အမွေခံရာ မြေထဲက အကျွန်ုပ်တို့ကို နှင်ထုတ်ခြင်းငှါလာ၍ အဘယ်
သို့ကျေးဇူးဆပ်ကြသည်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့ကို တိုက်အံ့သောငှါ လာသော
ဤအလုံးအရင်းကြီးကို အကျွန်ုပ်တို့သည် ဆီးတားခြင်းငှါ မတတ်နိုင်ပါ။
အဘယ်သို့ပြုရမည်ကို မသိပါ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက်နေပါသည်။} (ငယ် ၃၊ ၄၊ ၆၊ ၇၊ ၁၀-၁၂)။
ယောရှဖတ်မင်းသည် တိုင်းသူပြည်သားတို့အား အရာရာမှာ ထာ၀ရဘုရား
သခင်ကိုသာ ဦးထိပ်ထားအားကိုးဖို့ သွန်သင်ပေးပါသည်။ ယခုလို ဒုက္ခဆင်းရဲ ကြုံတေ့Gရချိန်မှာလည်း မင်းကြီးသည်တစ်ဦးတည်းမရင်ဆိုင်ပါ။
မင်းကြီးနှင့်အတူ ]ယုဒ လူအပေါင်းတို့သည် သားမယား၊ သူငယ်တို့နှင်တကွ ထာ၀ရဘုရားသခင်
ရှေ့တော် ၌ ရပ်နေကြ၏။} (ငယ် ၁၃)။
ထိုသူတို့သည် ပေါင်းစည်းသော အင်အားစုနှင့် သူတို့၏ ရန်သူများရုန်းရင်းဆန်ခတ်၊
တကွဲတပြားဖြစ်အောင် ထာ၀ရဘုရားပြုတော်မူမည် အကြောင်း ဤသို့ဆုတောင်းကြပါသည်။
]အိုဘုရားသခင်၊
တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ အိုဘုရားသခင်၊ အမိန့်တော်မရှိဘဲ
ငြိမ်ဝပ်စွာနေတော်မမူပါနှင့်။ ကိုယ်တော်၏ ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြပါ၏။
ဣသရေလ၏နာမကို နောက်တစ်ဖန် အောက်မေ့စရာမရှိ စေခြင်းငှါလာကြ၊ သူတို့
အမျိုးကိုပယ်ဖြတ်ကြကုန်အံ့ဟုဆိုကြပါ၏။ သဘောတညီတညွတ်တည်း တိုင်ပင်၍
ကိုယ်တော်တစ်ဖက်၌ အချင်းချင်းသင်းဖွဲ့ကြပါ၏။
အိုထာ၀ရဘုရားသခင်၊ သူတို့မျက်နှာကို ရှက်စေတော်မူ၍ သူတို့သည် နာမတော်ကို
ရှာကြပါစေသော်၊ စိတ်ပျက်၍ အစဉ်ပင်ပန်းခြင်းရှိကြပါစေသော်၊ အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့
ရောက်ကြ ပါစေသော် ထာ၀ရဘုရားသခင် ဟူ၍ နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်း သာလျှင်
မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင် ဖြစ်တော်မူကြောင်း ကို
သိကြပါစေသော်။} (ဆာလံ ၈၃)။
လူထုပရိသတ်ကြီးသည် မိမိတို့၏ရှင်ဘုရင်နှင့်အတူ
ထာ၀ရဘုရားသခင် ရှေ့တော်မှောက်မှ စိတ်နှလုံးကိုနှိမ့်ချသောအခါ ထာ၀ရဘုရားသခင်၏
ဝိညာဉ် တော်သည် လေဝိအမျိုးယဟာဇေလအပေါ်သို့ သက်ရောက်၍ ထိုသူက ]အိုယောရှ
ဖတ်မင်းကြီးနှင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့၊ နားထောင် ကြလော့။
ထာ၀ရဘုရားသခင်မိန့်တော်မူသည်ကား ထိုအလုံးအရင်းကြီးကြောင့် မကြောက်ကြနှင့်။
စိတ်မပျက်ကြနှင့်၊ စစ်မှုသည် သင်တို့တာမဟုတ်။ ဘုရားသခင့်တာဖြစ်၏။ သင်တို့သည်
စစ်တိုက်စရာ အကြောင်းမရှိသည်ဖြစ်၍ တည်ကြည်စွာ မတ်တတ်နေလျက် ထာ၀ရ
ဘုရားသခင်ကယ်တင်တော်မူခြင်း ကျေးဇူးကို ကြည့်ရှုကြလော့။ မကြောက်ကြနှင့်။
စိတ်မပျက်ကြနှင့်။ နက်ဖြန်နေ့ချီ သွားကြလော့။ ထာ၀ရဘုရားသခင်သည် သင်တို့နှင့်
အတူရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။} (၆ရာ ၂ဝး၁၅-၁၇)။
ကွာယာသီချင်းတစ်ပုဒ်အားဖြင့်
စစ်မှုကိုအောင်ခြင်း
နက်ဖြန်နံနက်စောစောထ၍ ကေကောတောသို့ ထွက်သွားကြစဉ် ယောရှဖတ်
သည် ရပ်၍ ]သင်တို့၏ဘုရားသခင်ကို ယုံကြည်ကြလော့။ သို့ပြုလျှင် တည်ကြည် ကြလိမ့်မည်။
ပုရောဖက်တော်တို့ကို ယုံကြည်ကြလော့။ သို့ပြုလျှင် အောင်မြင်ကြ လိမ့်မည်
ဟုမိန့်တော်မူ၏။ လူများနှင့်တိုင်ပင်ပြီးမှ သန့်ရှင်းခြင်းအသရေကို ချီးမွမ်း ရသော
သီချင်းသည် တို့ကိုထာ၀ရဘုရားသခင်အဖို့ ခန့်ထားတော်မူ၏။} (၆ရာ၂ဝး၁၄၊၂၁)။
ဤသီချင်းသည်တို့သည်
တပ်ရှေ့မှာချီသွားလျက် အောင်မြင်ခြင်းကတိတော်မြတ် အတွက် ထာ၀ရဘုရားသခင်၏
ဂုဏ်ကျေးဇူးတော်ကို ကြီးသောအသံနှင့် ချီးမွမ်း ကြွေးကြော်ကြလေသည်။
ဤပုံဤနည်းဖြင့်
တိုက်ပွဲဝင်ခြင်းသည်ရှားပါ၏။ ဣသရေလအမျိုး၏ ထာ၀ရ ဘုရားသခင်၏ နာမတော်ကို
ချီးမြှောက်၍ သီချင်းဆိုကြပါသည်တကား။ ဤသည်ကား သူတို့၏ စစ်သီချင်းသာဖြစ်ပေ၏။
သန့်ရှင်းခြင်း၏ အလှကို သူတို့ပိုင်ဆိုင်ထားကြလေပြီ။ ယနေ့ အမှန်တရားအတွက်
ဦးလည်မသုန်ကာကွယ်ကာ မားမားမတ်မတ်ရပ်တည် နေသော သခင့်အစေခံ ဧဝံဂေလိတပ်သားများ၏
လက်ရုံးသည်လည်း ထာ၀ရ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းခြင်းဖြင့်
အောင်ပွဲဆင်နိုင်ပါသည် ဟုတ် လော။
ထိုသူတို့သည်
ချီးမွမ်းရာသီချင်းကို ဆိုစပြုကြသောအခါ ယုဒပြည်ကို တိုက်အံ့သောငှါ
လာသောစိရတောင်သားတို့ကို အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့ တစ်ဖက်၌
ထာ၀ရဘုရားသခင် ချောင်းမြောင်းစေတော်မူသဖြင့် အမ္မုန်အမျိုးသား၊
မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့် တစ်ဖန်စိရတောင်သားတို့ကို
သုတ်သင်ပယ်ရှင်းခြင်းငှါလှန်၍ တိုက်သဖြင့် အကုန်အစင်သတ်ပြီးမှ တစ်ယောက်ကို
တစ်ယောက်တိုက်ခိုက်၍ ပျက်စီးခြင်းသို့ ရောက်ကြ၏။ (ငယ် ၂၂၊ ၂၄)။
ဤဆင်းရဲဒုက္ခကပ်ကာလမှာ
ထာ၀ရဘုရားသခင်သည် ယုဒအမျိုး၏ခွန်အား ဖြစ်တော် မူခဲ့သလို ယနေ့ဘုရားသခင်၏
သားစစ်သမီးမှန်များတို့၏ ခွန်အားလည်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည်
ထာ၀ရဘုရားသခင်၏နေရာမှာ လူကိုအားမကိုးရပါ။ ဘုရားသခင်၏ အလိုတော်ကို ဦးစားပေးရပါမည်။
အခက်အခဲကြုံတွေ့ရာ အရေးပေါ်အချိန် နာရီ တိုင်းမှာ ဘ၀တိုက်ပွဲသည် ထာ၀ရဘုရားသခင်၏
သားဖြစ်ကြောင်းကို ခံယူထားပါ။ ထိုသခင်၏အကူအညီများသည် ကန့်သတ်မှုမရှိ၊ ကြွယ်၀ပါ၏။
မဖြစ်နိုင်ဟု ထင်မှတ် ရသော အခြေအနေမျိုးကို ထာ၀ရဘုရားသခင်သည်
အခွင့်အရေးယူလိုတော်မူ၏။
ယုဒတပ်မဟာကြီးသည် ရန်သူအသေကောင်တို့ထံမှ အဖိုးထိုက်သော လက်ရ
ဥစ္စာများနှင့် ]ရန်သူတို့အပေါ်မှာ ဝမ်းမြောက်သောအခွင့်ကို ထာ၀ရဘုရားသခင်
ပေးတော်မူသောကြောင့် ယောရှဖတ်သည် ရှေးဦးစွာကြွ၍ ယုဒပြည်သူ ယေရုရှလင်
မြို့သားအပေါင်းတို့သည် ဝမ်းမြောက်သော စိတ်နှင့်ယေရုရှလင်မြို့သို့ ပြန်သွားကြ၍
စောင်း၊ တယော၊ တံပိုးကို တီးမှုတ်လျက် ယေရုရှလင်မြို့၊ ဗိမာန်တော်သို့ ရောက်လာကြ၏။} (ငယ် ၂၇၊၂၈)။ အမှန်အားဖြင့် ထိုသူတို့သည် ထာ၀ရဘုရားသခင်ကို
လုံးလုံးလျားလျားအားကိုးခိုလှုံခဲ့ပါသောကြောင့် ထာ၀ရဘုရားသခင်သည်လည်း သူတို့
ခိုလှုံရာရဲတိုက်၊ သူတို့၏ကယ်တင်ရွေးနုတ်ရှင်ဖြစ်ကြောင်း သက်သေပြခဲ့ပါသည်။ ယခုမှာ
ထိုသူတို့သည် ဒါဝိဒ်မင်း၏ဓမ္မသီချင်းကို ကျူးဧသီဆို၍ နားလည်းခံစားနိုင်ပါပြီ
မဟုတ်ပါလား။
လေဝိလူမဟုတ်သူကို ]သာမညလူ} ဟုကျမ်းစာဆို၏။
(၃ရာ၊ ၁၃း၃။
၁၂း၃၁)။
]ဘုရားသခင်သည်
ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက် သည်ကာလ အထူးသဖြင့်
ကူမတော်မူကြောင်းထင်ရှားလျက်ရှိ၏။ လေးကိုချိုးလျက်၊ လှံကို အပိုင်းပိုင်းဖြတ်လျက်၊
ရထားကို မီးရှို့လျက်၊ မြေကြီးစွန်း တိုင်အောင်စစ်မှုကို ငြိမ်းစေတော်မူ၏။
ငြိမ်ဝပ်လျက်နေကြလော။ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ် ကြလော့။ လူမျိုးတို့တွင်
ငါသည်ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာဘုန်းပွင့်မည်။ ကောင်းကင်
ဗိုလ်ခြေအရှင်ထာ၀ရဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရား သခင်သည်
ငါတို့ခိုလှုံရာဖြစ်တော်မူ ၏။} (ဆာလံ ၄၆း၁၊
၉-၁၁)။ ယုဒမင်း ယောရှဖတ် နှင့် သူ၏ စစ်သူရဲဗိုလ်ခြေအလုံးအရင်းတို့၏
ယုံကြည်ခြင်းအားဖြင့် ]ထာ၀ရဘုရား သခင်သည် ဣသရေလအမျိုး၏ ရန်သူတို့ကို
တိုက်တော်မူကြောင်းကို အခြားတိုင်းနိုင်ငံ သားရှိသမျှတို့သည်ကြား၍ ဘုရားသခင်ကို
ကြောက်ရွံ့ကြ၏။ ထိုသို့ ဘုရားသခင်သည် အရပ်ရပ်၌ ငြိမ်ဝပ်သောအခွင့်ကို ပေးတောမူသောကြောင့်
ယောရှဖတ်၏ နိုင်ငံတော် သည် သာယာ၏} (၆ရာ ၂ဝး၂၉၊၃၀)
ဟုကျမ်းမှတ်တမ်းတင် ထားခဲ့သည်မှာ ကျွန်ုပ်တို့ အတွက်လည်းဖြစ်သည် မဟုတ်ပါလား။
No comments:
Post a Comment