အခန်း (၁၄)
ခေတ်ပေါ်လောကနတ်ဘုရားဝါဒီတို့ကိုထာ၀ရဘုရားသခင်
ဖိတ်ခေါ်နေခြင်း
ဧလိယ၏ အသက်တာလုပ်ငန်းသမိုင်းဝင်မှတ်တမ်းသည်
ရာစုနှစ်များစွာပင် တိမ်းယိမ်းဖော်ပြန်သောဣသရေလလူတို့အား ဝိညာဉ်ရေးခွန်အားသစ်ကို
သွန်းလောင်း ပေးပါသည်။ (၁ကော ၁ဝး၁၁)။ အမှန်တရားဘက်မှာ မားမားမတ်မတ်ရပ်တည်နိုင်ဖို့
ကိုလည်း ခွန်အား သတ္တိကိုပေး၏။ ကျွန်ုပ်တို့အတွက်မူကား ထိုအရာသည် အထူးသော
အဓိပ္ပါယ်ရှိ၍ အရေးကြီးလှပါပေသည်။ သမိုင်းကြောင်းသည် တကျော့ပြန်လာတတ် ပါသည်။
ယခုခေတ်ကာလသည် ဧလိယပုရောဖက်ခေတ်ကလို နတ်ဘုရားများကို ရှိခိုး ပသထားကြပါသည်။
ပြင်ပသဏ္ဌာန်၊ ဂူ၊ ပုထိုးဟူသော ပုံစံမျိုးမရှိသော်လည်း သန်းနှင့် ချီသော
လူထုကြီးသည် ချမ်းသာခြင်း၊ ကျော်ကြားခြင်း၊ အပျော်အပါးနှင့် ဒဏ္ဍာရီ ပုံပြင်ဆန်သော
အနုပညာတည်းဟူသော ဤလောက၏
နတ်ဘုရားများနောက်သို့ ထက်ကြပ်မကွာ လိုက်နေကြပါသည်။ အကောင်းဘက်သို့
ပြောင်းလဲသက်ရှင်လိုသော စိတ်သဘောမရှိ၊ သူတို့သည် ဇာတ်မျှောနေရလေပြီတကား။ လူပရိသတ်ကြီးသည်
ဖန်ဆင်းရှင်ထာ၀ရ ဘုရားသခင်ကို အမြင်တိမ်းစောင်း၍ မှားယွင်းသော နတ်ဘုရား များကို
ဝတ်ပြုကိုးကွယ်ကြသည်မှာ ဗာလဘုရားကို ကိုးကွယ် ဝတ်ပြုကြသကဲ့သို့တည်း။ မိမိကိုယ်ကို
ခရစ်ယာန်ပါဟု ခေါ်ဆိုနေကြသူများစွာတို့သည် ပင်လျှင် ထာ၀ရဘုရား သခင်နှင့်
ကိုယ်တော်၏အမှန်တရားကို ဆန့်ကျင်လျက် ထိုသူတို့နှင့် ပေါင်းစည်းမိတ် သဟာယဖွဲ့
နေကြလေပြီ။
ကျွန်ုပ်တို့၏ယခုခေတ်စားနေသော သဘောထားမှာ ဘုရားသခင်ကို
မကြည် ညိုခြင်းနှင့် ဘာသာတရားတွင်
ဖေါက်ပြန်သင်းခွဲခြင်းတို့ဖြစ်ကြပါသည်။ လူတို့၏ တွေး ခေါ်မှုသီအိုရီတို့သည်လည်း
ဘုရားသခင်၏ ပညတ်တရားအထက် နေရာတွင်ချီး မြှောက်ခြင်းကို ခံယူနေပါပြီ။ စာတန်သည်လည်း
လူသားတို့ကို ကတိပေးသွေးဆောင် လျက် ရှိသည်မှာ ဘုရားသခင်၏စကားကို
နားမထောင်ခြင်းဖြင့် လွတ်လပ်မှုကို ပိုမိုရရှိကာ
နတ်ဘုရားများကဲ့သို့ဖြစ်လာလိမ့်မည်ဟူလို။ နတ်ဘုရားရုပ်ပုံများကို ချီး
မြှောက်ခြင်းသဘော လွန်ကဲ့သော သူ့အသိပညာသည်လည်း ဘုရားသခင်ဖေါ်ပြသော အရာများ၏
အထက်မှာ နေရာယူလျက်ရှိနေသည်။ လူတို့သည် အလင်းနှင့်မှောက်မိုက်၊ အမှန်တရားနှင့်
မှားယွင်းမှုတိုကို ဝေခွဲဆုံးဖြစ်နိုင်းစွမ်းမရှိပုံရလာသည်။ လူ့အတွေး အခေါ်
ဒသနိကဗေဒကို ကျမ်းစာဖော်ပြပါ အမှန်တရားထက်ပိုမ်ို၍ ယုံကြည် စိတ်ချထားကြပါသည်။
ပေါလု၊ ပေတရု၊ ယောဟန်တို့၏ ယုံကြည်ခြင်းတို့သည် ခေတ်နောက်ကျ၍
ခေတ်မီတွေးခေါ်ရှင်များ၏ ဉာဏ်ရည်ကိုမီကြတော့ ဟုမှတ်ယူ ကြသည်။
အစအဦး၌ဘုရားသခင်သည် လူသားတို့ပျော်ဖို့၊ ရွှင်ဖို့၊
ထာ၀ရဘုရား အသက်၏ အရသာကိုမြည်စမ်းကြည်ဖို့ မိမိ၏ပညတ်တရားကို လူသားတို့အား
ပေးခဲ့လေသည်။ စာတန်ကမူ လူသားတို့သည် ဤပညတ်တရားကို နားမထောင်ဖို့ရန် မျှော်လင့်သည်။
သို့ဖြစ်၍ ထိုပညတ်တရားကိုသိမ်ဖျင်းသွားစေရန်နှင့် စံနမူနာကောင်း မဖြစ်ရန်
သူသည်မပြတ်ကြိုးစားလုပ်ဆောင်၏။ သူ၏မဟာရိုက်ချက်မှာ ပညတ်တော် ကိုပြောင်းလဲဖို့
ရန်ကြိုးစားသည် သို့ဖြစ်၍အဆိုအားဖြင့် ပညတ်တရားကို နားထောင်
လိုက်လျှောက်သည်ဖြစ်သော်လည်း တရားပါအချက်တို့ကို လွန်ကျူးစေ၏။ စာရေး သူတစ်ဦးကမူ
ဘုရားသခင်၏ပညတ်တရားကို ပြောင်းလဲရန်ကြိုးစားမှုနှင့် ပတ်သက်၍ လမ်းနှစ်သွယ်ဆုံရာ
အရပ်မှာမှားသော လမ်းညွှန်ပြဆိုင်းဘုတ်တစ်ခုကို စိုက်ထူထား ရှိပုံကို ဖော်ပြထားသည်။
ဤလိုလမ်းဆုံမျိုးမှာ ရှုပ်ထွေးမှုနှင့် ခဲရာခဲဆစ်တို့သည် ကြီးမားပါပေသည်။
ထာ၀ရဘုရားသခင် စိုက်ထူထားသော ကမ္ဘာ့ခရီးလမ်းကြောင်းပြ
ဆိုင်းဘုတ်ကို ရှုစားကြပါစို့။
ထိုဆိုင်းဘုတ်တိုင်၏တစ်ခုသော လမ်းညွှန်သည် ဖန်ဆင်းရှင်ဘုရား သခင်ကို
အလိုအလျောက်နားထောင်ခြင်း တည်းဟူသော အသက်လမ်းကိုညွန်ပြ၍ အခြားတစ်ခုမှာ
နားမထောင်ခြင်းတည်းဟူသော သေခြင်းလမ်းကို ညွန်ပြသည်။ သို့ သော်လည်း
ကျွန်ုပ်တို့၏ခေတ်အခါမှာ ဆိုးသွမ်းမှုပေါများသောကြောင့် ခေတ်အတွေး အခေါ်ကကောင်းပေ့
၃။ ယနေ့ အသင်းတော်တချို့မှာ
စတုတ္ထပညတ်ဥပုသ်ကို ရိုသေ စွာ စောင့်ရှောက်နေကြဆဲဖြစ်သည်။ ဤနေ့ကို စာတန်က
သူ၏အထူးပစ်မှတ် တစ်ရပ် အဖြစ် ပြုလုပ်ခဲ့ပါသည်။ မှန်သမျှကို
ထိန်းချုပ်ထားသော ရန်သူကြီးစာတန်သည် ဆိုင်းဘုတ်ကို
ပြောင်းပြန်လုပ်ပေးလိုက်သောကြောင့် လူထုပရိသတ်အများစုသည် လမ်းမှားပေါ်မှာ
လျှောက်လှမ်းနေကြပါသည်။
မောရှေအားဖြင့် ထာ၀ရဘုရားသခင်သည် ဣသရလလူမျိုးတို့အား
သွန်သင် ခဲ့သည်မှာ ]ငါသည် သင်တို့ကိုသန့်ရှင်းစေသော ထာ၀ရဘုရားသခင်ဖြစ်ကြောင်းကို
သင်တို့သိစေခြင်းငှါ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက်စပ်ကြား၌ လက္ခဏာသက်သေ
ဖြစ်ဖို့ရာ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။} ]ထိုသို့
စောင့်လျှင် ငါနှင့်ဣသရေ လအမျိုးသားစပ်ကြား၌ ထာ၀ရလက္ခဏာ သက်သေဖြစ်လိမ့်မည်။
အကြောင်းမူကား ထာ၀ရဘုရားသခင်သည် မိုးကောင်းကင်နှင့် မြေကြီးကို
ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက် အားဖြည့်တော်မူသည်။} (ထွက် ၃၁း၁၃၊၁၇)။
ထာ၀ရဘုရားသခင်သည် ကောင်းကင်ရွှေမြို့တော်သို့
သွားသည့်လမ်းကို နားထောင်ခြင်းဟု ပီပြင်စွာ ရှင်းပြထားခဲ့သည်။ သို့သော်လည်း
အပြစ်ဖခင်ကြီး ]စာတန်} သည်
ထိုဆိုင်းဘုတ်ကို ပြောင်းလဲလိုက်ပါသည်။ သူသည် မှားသောဥပုသ်ကို အစားထိုးထည့်သွင်း၍
လူသားတို့အား ထိုနေ့ရက်မှာ အနားယူခြင်းဖြင့် ဖန်ဆင်းရှင် ဘုရားသခင်၏အမိန့်တော်ကို
နားထောင်ရာကျသည်ဟု ထင်မှတ်စေပါသည်။ သို့သော် လည်း ကျမ်းစာကဤသို့ပြောပါသည်။
]ထိုသို့ကောင်းကင်၊ မြေကြီးနှင့်တကွ၊ ခပ်သိမ်း သော တန်ဆာတို့သည်
ပြီးစီးလျက်ရှိကြ၏။ ထိုအခါ ဘုရားသခင်သည် မိမိ၏ဖန်ဆင်း ခြင်းအလုပ်ကို အောက်မေ့ဖို့ရာ
သတ္တမနေ့(ခုနစ်ရက်မြောက်) ရက်ကို ဥပုသ်နေ့အဖြစ်
ချီးမြှောက်ထားပါသည်။]ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းချီးပေး၍ သန့်ရှင်း
စေတော်မူ၏။} (ကမ္ဘာ ၂း၁-၃)။
ဣသရေလူမျိုးတို့သည် ကျွန်အဖြစ်မှလွတ်မြောက် (အီဂျစ်ပြည်)
ချိန်မှာ ဥပုသ် နေ့ကို ပြန်လည်သတိရရန် ထာ၀ရဘုရားသခင်သည် မိမိလူတို့အား
ထင်ထင်ရှားရှား ပေးခဲ့သည်။ သူတို့သည် အီဂျစ်ပြည်မှာ ရှိစဉ်အလုပ်ကြပ်များက
သူတို့ကိုဥပုသ်နေ့မှာ အလုပ်လုပ်စေခဲ့သည်။ သို့သော်လည်း ကျွန်အဖြစ်မှ
ကယ်နုတ်ခြင်းကိုခံရပြီးသောအခါ ဘုရားသခင်သည် ထိုသူတို့အား
ပညတ်တော်ချက်များအားလုံးကို အနှောင့်အယှက် မရှိစောင့်ထိန်းနိုင်သော နေရာသို့
ပို့ဆောင်လာခဲ့ပါသည်။ သိနာတောင်သို့ ရောက် သောအခါ ဘုရားသခင်သည်
ပညတ်တော်ကိုမိန့်မြွက်၍ မိမိ (ဘုရားသခင်) ကိုယ်တိုင် ]လက်ညိုးတော်နှင့်
အက္ခရာတင်သော} သက်သေခံချက်
ကျောက်ပြားနှစ်ပြားကို မောရှေအားပေးတော်မူခဲ့ပါသည်။ (ထွက် ၃၁း၁၈)။ ထိုမှလွန်၍
နှစ်ပေါင်း (၄၀) တိုင်တိုင် ဥပုသ်တော်နေ့ကို မြတ်နိုးထိန်းသိမ်းရန်အတွက်
တောမှာသူတို့ကို မန္နမုန့် နှင့် ကျွေးမွေးခဲ့သည်တွင် သတ္တမနေ့ရက်ရောက်တိုင်း
မန္နမုန့်ကမကျစေဘဲ အဖိတ်နေ့မှာ ကျသော မန္နမုန့်ကို နှစ်ဆကောက်ယူကြရပါသည်။
မုန့်မှာလည်း နောက်တစ်နေ့ အတွက် မသိုးဘဲ၊ မပျက်မစီးဘဲရှိနေခဲ့ပါသည်။(ဝတ် ၅း၁၂)။
ထာ၀ရဘုရားသခင်၏ အကြံတော်အရ ဥပုသ်တော်နေ့ကို
စောင့်ရှောက်ခြင်း အားဖြင့် မိမိကို ဖန်ဆင်းရှင်ဘုရားသခင်အဖြစ်နှင့် ကျွန်ဘ၀မှ
ကယ်တင်ရွေးနုတ်သူ အဖြစ် အမြဲတမ်း သတိရအောက်မေ့ဖို့ရန် ဖြစ်ပါသည်။ သူတို့သည်
ဥပုသ်တော် နေ့မြတ်မှာ ကောင်းသောစိတ်သဘောနှင့် ဥပုသ်စောင့်ခြင်းအားဖြင့် ဘုရားသခင်
မကြိုက်မနှစ်သက်သော နတ်ဘုရားကိုးကွယ်မူသည် သူတို့အထဲမှာ ရှိမည်မဟုတ်ပါ။ သို့ရာတွင်
ဤပညတ်ချက်ကို ဘေးဖယ်ထားသည်နှင့် သူတို့သည် ဖန်ဆင်းရှင်ဘုရား သခင်ကို
မေ့ပျောက်မည်မှာ အမှန်ပင်ဖြစ်ချေသည်။ ]အကြောင်းမူကား သူတို့သည် (နတ်ဘုရား )
ရုပ်တုများကိုငှဲ့ကွက်သောကြောင့် ငါစီရင် ထုံးဖွဲ့ချက်တို့ကို မစောင့် ရှောက်
မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့ကိုရှုတ်ချကြ၏။} (ယေဇကျေလ ၂ဝး၁၂၊ ၁၆၊၁၉၊၂၀)။
ယုဒလူတို့သည် ဗာဗုလုန်နေပြည်တော်သို့ စစ်သုံ့ပန်းအဖြစ်
ခေါ်ဆောင်သွား ခြင်းခံရပုံအကြောင်းရင်းဇစ်မြစ်ကိုလည်း ထာ၀ရဘုရားသခင်သည်
ဤသို့မိန့်မြွက် ခဲ့ပါသည်။ ]သင်သည် ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချပြီ။} ]ထိုကြောင့် ငါအမျက်ကို ငါသွန်းလောင်းလျက် ငါ့ဒေါသမီးဖြင့်
သူတို့ကိုရှို့၍ သူတို့အပြစ်ကို သူတို့ခေါင်းပေါ်သို့ ရောက်စေမည်} ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏။ (ယေဇကျေလ ၂၂း၈၊ ၃၁)။
ယေရုရှလင်မြို့တော်ကို
ပြန်လည်ပြုပြင်တည်ဆောက်သောအခါမှာလည်း မြို့တော်ဝန် နေဟမိက ဤသို့လျှင်
ဥပုသ်ချိုးဖောက်ခြင်းကြောင့် ကြုံတွေ့ခဲ့ရသောအဖြစ်မျိုး ထပ်မံမဆိုက်ရောက်ရလေအောင်
သတိပေးပြစ်တင်စကားပြောခဲ့၏။ ]ဘိုးဘေးတို့သည် ထိုသို့ပြုသောကြောင့်
ဤမျှလောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့၌လည်းကောင်း၊ ဤမြို့၌လည်းကောင်း
ဘုရားသခင်ရောက်စေတော်မူသည် မဟုတ်လော။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောအားဖြင့်
သာ၍ပြင်းစွာသောအမျက်တော်ကို ဣသရေလအမျိုး၌ သက်ရောက်စေဦးမည်လော ဟု ယုဒမÈ;မတ် တို့ကို အပြစ်တင်လျက်} ဟု မှတ်တမ်းရှိ
ခဲ့ပါသည်။ ( နေဟမိ ၁၃း၁၈)။
သခင်ယေရှု
ဥပုသ်နေ့ကို အတည်ပြုခဲ့ခြင်း
ယေရှုခရစ်တော်
ဤလောကတွင် အမှုတော် ထမ်းရွက်ခဲ့စဉ်က ဥပုသ်တော်နေ့ ၏ ဖော်ပြချက်များကို
အထူးရှင်းပြခဲ့ပါသည်။ မိမိကိုယ်တိုင်က အုတ်မြစ်ချအတည် ပြုပေးအပ်ခဲ့သော
အရာဖြစ်သောကြောင့် ရိုသေသမှုပြခဲ့ပါသည်။ သခင့်အချိန် နေ့ရက် ကာလများတွင်
ဥပုသ်နေ့ကို တလွဲအဓိပ္ပါယ်ကောက်ယူခဲ့သောကြောင့် ထာ၀ရဘုရား သခင်၏ဂုဏ်တော်ကို
ဖော်ကျူးကြရမည့်အစား လူတို့၏တစ်ကိုယ်ကောင်းစိတ် လုံးလုံး ပြအကျင့်ကိုသာ
ဥပုသ်စောင့်သူတို့သည် မကောင်းမှုကို ရောင်ပြန်ဟပ်ခဲ့ကြပါသည်။ ခရစ်တော်ကမူ
သခင်နှင့်ပုံစံမညီညွတ်သော မှားယွင်းသည့်ကိုယ်စားပြုချက် ဖြစ်သည့် သွန်သင်မှုအမှားများကို
ဘေးဖယ်ထားလိုက်ပါသည်။ ဤသည်ကို ထိုခေတ်အခါက ကျမ်းတတ်ပညာရှိများက
သခင်ကိုကရုဏာမဲ့ဆက်ဆံခဲ့ကြသည်။ သခင်သည်လည်း မည်သူ့ကိုမျှမှားရန် အားမပေးဘဲ
ခပ်တန်းတန်းသွားလာကာ ထာ၀ရဘုရားသခင်၏ ပညတ်တရားအတိုင်း
ဥပုသ်နေ့ကိုစောင့်ရှောက်ခဲ့ပါသည်။
ကိုယ်တော်သည်
ပညတ်တရားနှင့်ပတ်သက်၍ မမှားနိုင်သောစကားဖြင့် သက်သေခံ ခဲ့ပါသည်။ ]ပညတ္တိကျမ်း၊
အနာဂတ္တိကျမ်းများကို ဖျယ်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျယ်ပယ်ခြင်းငှါ
ငါလာသည်မဟုတ်။ ပြည့်စုံခြင်းငှါ ငါလာသတည်း။ ငါအမှန်ဆိုသည်ကားကောင်းကင်နှင့်
မြေကြီးမပျက်စီးမီတိုင်အောင် ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတစ်လုံးမျှ
ပြည့်စုံခြင်းသို့မရောက်မီ မပျက်စီးရ။ ထိုကြောင့် အကြင်သူသည် အငယ်ဆုံးသော
ပညတ်တစ်ခုကို ကိုယ်တိုင်လွန်ကျူး၍ သူတစ်ပါး တို့အားလည်း ထို့အတူသွန်သင်၏။ ထိုသူသည်
ကောင်းကင်နိုင်ငံတော်၌ အငယ် ဆုံးသောသူ
ဖြစ်လိမ့်မည်။ အကြင်သူသည် ကိုယ်တိုင်ကျင့်၍ သူတစ်ပါးတို့အားလည်း သွန်သင်၏။
ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။} (မဿဲ ၅း၁၇-၁၉)။
အထူးသဖြင့်
တိုက်ခိုက်မှုအခံရဆုံးအရာတစ်ခုမှာ ပညတ်တော်ဆယ်ပါးထဲမှ စတုတ္ထ မြောက်ပညတ်ဖြစ်သည့်
ဥပုသ်နေ့ဖြစ်ပါသည်။ ဥပုသ်နေ့သည် လူတို့ပျော်ရွှင်ကျန်းမာ ဖို့ရန်
ပေးထားသောဘုရားသခင်၏ ဆုလက်ဆောင်ဖြစ်ပါသည်။ ထိုအရာကို စာတန် ရန်သူကြီးက
တိုက်ခိုက်သည်။ စာတန်ပြောဆိုပုံကို မှတ်သားပါ။ ]ငါသည် ထာ၀ရဘုရား သခင်နှင့်
ဆန့်ကျင်ဘက်လုပ်ကိုင်မည်။ ထာ၀ရဘုရားသခင်၏ အောက်မေ့ဖွယ်သတ္တမ နေ့ဥပုသ်ကို
ဘေးဖယ်ထားမည်။ ထာ၀ရဘုရားသခင်ပြောင်းလဲ လိုက်ပြီဖြစ်သော သန့်ရှင်းရာနေ့သည်
သတ္တမနေ့မဟုတ်တော့ကြောင်းကို ဤလောကတစ်ခွင်လုံးအား ငါပြသမည်။ ထိုနေ့ရက်ကို လုံး၀မမှတ်မိစေရ၊
ပျောက်ပျက်သွားအောင် ငါလုပ်ပြမည်။ ထိုနေ့ရက်အစားမှာ ထာ၀ရဘုရားသခင်၏
တံဆိပ်တော်လုပ်ပိုင်ခွင့် မဖော်ပြသော အရာကို အစားထိုးမည်။ ထိုနေ့ရက်သစ်သည်လည်း
ထာ၀ရဘုရားသခင်နှင့် မိမိ၏ လူတို့စပ်ကြား လက္ခဏာသက်သေမဖြစ်နိုင်တော့ပါ။ ငါ၏
ကိုယ်စားအုပ်ချုပ်သူအားဖြင့် ငါ့ကိုယ်ငါချီးမြှောက်မည်။ ပထမနေ့သည်
ချီးမြှောက်ခြင်းကို ခံရလိမ့်မည်။ ပရိုတက် စတင့် ခရစ်ယာန်ဂိုဏ်းဝင်
အားလုံးနီးပါးသည် ဤတရားမဝင်သော ဥပုသ်အတုကို ရှင်ဘုရင်အစစ်ကဲ့သို့
လက်ခံလာကြလိမ့်မည်။ ဤလောကကမ္ဘာမှာ ငါသည်
ရှင်ဘုရင် ဖြစ်မည်။ ထာ၀ရဘုရားသခင်၏ ဥပုသ်တော်နေ့သည် အထူးသဖြင့် အရှက်ရစေ၍ လူတို့၏
စိတ်နှလုံးကို ငါသည်ထိန်းချုပ်အံ့။ ဆိုင်းဘုတ်နှင့် ပတ်သက်၍ မေးမြန်းချေက
ခုနစ်ရက်နေ့ဥပုသ်ကို စောင့်ရှောက်ခြင်းသည် ဤမြေကြီးကမ္ဘာ၏ အာဏာစက်
တန်ခိုးရှိသမျှကို သစ္စာမစောင့်၊ ပုန်ကန်သည့် လက္ခဏာသက်သေတစ်ခုကဲ့သို့ ဖြစ် စေမည်။
လူတို့ စီရင်သော ပညတ်တရားများကို တိတိကျကျ လိုက်နာရန်ငါပြုမည်။ သို့မှသာလျှင်
ထိုသူတို့သည် ခုနစ်ရက်နေ့ဥပုသ်ကို စောင့်ထိန်းဝံ့ကြမည်မဟုတ်ပါ။ သူတို့သည်
(ဘုရားသခင်၏လူ) စားဝတ်နေရေး အခြေမဲ့မှုကို စိုးရိမ်ကြောက်ရွံ့ချေက ထာ၀ရဘုရားသခင်၏
ပညတ်တရားကို ဖောက်ပြန်ကျူးလွန်သော ကမ္ဘာကြီးနှင့် ပေါင်းစည်းကာနေရမည်။
ဤကမ္ဘာမြေကြီးသည် ငါ၏အုပ်စိုးခြင်းအောက်မှာ လုံး၀ ဝန်ခံရပေအံ့။} ဤသို့လျှင် မှားသောဥပုသ်ကို တီထွင်ကျင့်သုံးစေခြင်းဖြင့်
ရန်သူကြီး သည် ]ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲလိမ့်မည်} ဟုထင်မှတ်ကာ နေပါသည်။
သို့သော်လည်း
သူသည် ထာ၀ရဘုရားသခင်၏ ပညတ်တရားကို ပြောင်းလဲ ခြင်း၌ အမှန်တကယ်အောင်မြင်နေပြီလော။
မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းမလဲ တည်ရှိတော်မူသော ဘုရားသခင်သည်
ခုနစ်ရက်ဥပုသ်နှင့်ပတ်သက်၍ ဤသို့ ကြေ ညာလိုက်လေပြီ။ ]ငါနှင့်သင်တို့၏
သားစဉ်မြေးဆက်စပ်ကြား၌ လက္ခဏာသက်သေ ဖြစ်ဖို့ရာ
- -။} ]ထိုသို့စောင့်လျှင် - -
ထာ၀ရလက္ခဏာသက်သေဖြစ်လိမ့်မည်} ဟု ဆို ပါသည်။
ပြောင်းလဲလိုက်ပြီဖြစ်သောဆိုင်းသည် လမ်းမှားသို့ ညွှန်းနေပါသည်။ သို့သော် လည်း
ထာ၀ရဘုရားသခင်သည် မပြောင်းမလဲတည်ရှိတော်မူပါ၏။ ထိုသခင်သည် အာဟပ်နှင့် ဧလိယအချိန်
ကာလများကကဲ့သို့လိုပင် မိမိ၏ပညတ်တရားအတွက် စိတ်အားကြီးနေဆဲဖြစ်ပါသည်။
ယနေ့အချိန်အခါမှာ
ဧလိယလိုလူလိုအပ်နေခြင်း
သို့သော်လည်းပညတ်တရားသည်
ပစ်ပယ်မှုကိုခံရပါသည်တကား။ ယနေ့ လောကသားတို့သည် ထာ၀ရဘုရားသခင်ကို ဗြောင်ကျကျ
ပုန်ကန်ဆန့်ကျင်နေကြ လေပြီ။ ကျမ်းစာကိုလျစ်လျူရှု၍ အမှန်တရားကို မုန်းတီးကြပါ၏။ သခင်ယေရှသည် မိမိ၏
ပညတ်တရားအပယ်ခံရသည်ကို မြင်၏။မိမိ၏
ချစ်ခြင်းမေတ္တာကိုလည်း လူတို့အလိုမရှိ။ မိမိ၏ သံတမန်တရားဟောဆရာများကို ဖိတ်ခေါ်၍
ပျူငှါစွာမဆက် ဆံပါ။ ဘုရားသခင်၏ ကရုဏာတော်ကိုလည်း အသိအမှတ်မပြု၊ သတိပေးချက်
များကိုလည်း ဂရုမစိုက်။ လူတို့၏နှလုံးသားအိမ်ဗိမာန်တော်ဝင်းကြီးကာ မသန့်ရှင်းသော
ညစ်ညမ်းကုန်သွယ်ရာ နေရာများဖြစ်နေလေပြီကော။ တစ်ကိုယ်ကောင်းဆန်မှု၊ မနာလို
ဝန်တိုမှု၊ မာန်မာနတရား၊ မုန်တီးမှုမျိုးစုံလင်စွာတို့သည် နှစ်သက်ဖွယ်လူ့အကြိုက်
ဖြစ်၍နေလေပြီ။
လူများစွာတို့သည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို
မခန့်မညားပြု ပြောင်းလှောင်ရာ၌ နှုတ်ရဲ၊ လက်ရဲရှိလှပေသည်။ နှုတ်ထွက်တရားတော်ကို
ဖတ် လျှင်လည်း သရော်လို၍ဖတ်ကြသည်။ ဥပဒေပညတ်စည်းကမ်းဟူသည် စာအုပ် ထဲမှာပဲရှိသည်၊
လက်တွေ့မရှိဟူ၍ မလေးမခန့်ပြုခြင်းသည် တိုးပွား၍သာလာတော့၏။ ယေဟောဝါဘုရားသခင်၏
ရှင်းလင်းပီးပြင်လှစွာသော အမိန့်တော်မြတ်တို့ကိုလည်း တိုက်ရိုက်မထီမဲ့မြင်
ပြုဝံ့ကြသည်။ သို့ဖြစ်၍ ကြမ်းတမ်းမှုနှင့်ပြစ်မှုများတို့သည် စကား တော်ကို
နားထောင်ခြင်းမှ သွေဖည်ကျောခိုင်းသဖြင့် ထွက်ပေါ်လာသော ရလဒ်ပင် ဖြစ်ပါတော့သည်။
ဥပုသ်တော်နေ့ပညတ်ကို ကမ္ဘာအဝန်းဂရုမစိုက်ပုံကို ကြည့်ကြပါ။
ဘုရား သခင်ဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်းခိုးကို ငြင်းပယ်ကြကုန်သော
သူတို့သည်လည်း ပထမနေ့ရက်ကို သန့်ရှင်းသောနေ့ရက်အဖြစ် ဥပဒေပြုရေးဆွဲ
လာကြသည်ကိုရှုပါ။ တစ်ချိန်တည်းမှာပင် သေရည်သေရက် ကူးသန်းရောင်းဝယ်ရေးကို
တရားဝင်ဥပဒေပြဌာန်းလာခြင်း ကိုပြုလုပ်နေကြပါပြီ။ သူတို့တတွေသည် လူတို့၏ အသိစိတ်ကို
အနိုင်အထက်ပြုရန် ကြိုးစားလျက် ဘုရားသခင် ရုပ်လုံးသဏ္ဌာန်တော်နှင့် အညီ
ဖန်းဆင်းထားသောလူသားများကို ဖျက်ဆီးရန် အပြစ်သားပညာတတ်တို့ကို
ငှားရမ်းထားကြလေပြီကော။ စာတန်သည် ထိုကဲ့သို့သော ဥပဒေများပြဌါန်းချက်ကို နှိုးဆွကာ
အကောင်အထည်ဖော်ပေးသည် မဟုတ်လော။
သို့ဖြစ်၍ ကမ္ဘာလူသားတစ်ရပ်လုံးနီးပါးသည်
လောကနတ်ဘုရားပုံရုပ်များ နောက်သို့လိုက်နေကြပါသည်။ သို့သော်လည်း ထာ၀ရဘုရားသခင်သည်
မိမိ၏ ပညတ်တရားညစ်ညမ်းစွာ စော်ကားခံ၍ ဖျက်ဆီးမှုကို အမြဲတမ်းခွင့်ပြုကြည့် နေမည်
မဟုတ်ပါ။ ဘုရားသခင်ကို မသိဘဲ နေထိုင်သက်ရှင်ခြင်း စနစ်သည်လည်း ထာ၀ရ ဘုရားသခင်၏
ပညတ်တရားကို ပျက်ရယ်ပြု၊ ငြင်းပယ်ကောင်း ငြင်းပယ်ပေမည်။ ထာ၀ရဘုရားသခင်၏
အမှုတော်မြတ်၌ အားထုတ်ကာ ကြိုးစားလုပ်ဆောင်၍ မပြတ်
ဆက်ကပ်အပ်နှံမှုပြုသူများအကျိုးမရှိ၊ ခွန်အားသက်သက် ရပြီဟူသောသဘောမျိုး
သက်ရောက်နေပါသော်လည်း အဆုံးတွင် အမှန်တရားသည် ဘုန်းတန်ခိုးတော် နှင့်တကွ
အောင်မြင်မှုကိုရရှိပါလိမ့်မည်။
ဘုရားသခင်၏ အမှုတော်မြတ်ကြီး ဤကမ္ဘာမြေကြီးပေါ်မှာ
အဆုံးသို့ ရောက်သောအခါ ဘုရားသခင်၏ ပညတ်တရားစံနှုန်းသည် တစ်ဖန်ပြန်လည်၍ ချီးမြှင့်
ခြင်းကိုခံရပေလိမ့်မည်။ မှားယွင်းသော ဘာသာအယူအဆများအောင်မြင်ပုံရကောင်း ရမည်။
လက်ဝါးကပ်တိုင်တော်ရှိရာ ကရာနိကုန်းကို လူတွေမျက်ခြည်ပြတ်ကောင်း ပြတ်မည်။
ကမ္ဘာတစ်ဝန်းလုံးကို အပြစ်အမှောင်ထု ကြီးလွှမ်းမိုးကောင်းလွှမ်းမိုးပေမည်။
ခေတ်ရေစီးချောင်းတွင် ရေပန်းစားနေသော အရာများသည် အမှန်တရားကို
ဆန့်ကျင်နိုင်ကောင်းဆန့်ကျင်နိုင်မည်။ သို့သော်လည်း ကြီးစွာသော ဆင်းရဲဒုက္ခ
ကပ်ဆိုးကျရောက်ချိန်မှာ ဧလိယ၏ဘုရားသခင်သည် တိတ်ဆိတ်ခြင်းမရှိသော သတင်း
စကားတော်မြတ်ကို ကြွေးကြော်ရန် လူသားများဖြစ်သော သခင့်အစေခံတို့ကို ပေါ်
ထွန်းစေပါလိမ့်မည်။ အမြင့်ဆုံးသောဘုရားသခင်၏ နာမတော်ကို ဆန့်ကျင်ပြောဆို နေသော
ဝန်းကျင်ဒေသမျိုးမှာ ပြင်းထန်တင်းမာသော ဆုံးမပြစ်တင်သံကိုလည်း ကြားရပေလိမ့်မည။
ချိန်းချက်ရာ ကာလအဖို့ ဘုရားသခင်ရွေးကောက်တော်မူသော သခင့် အစေခံတို့သည်လည်း
ညွန့်ပေါင်းအသင်းတော်က လောကရှင်ဘုရင်၊ ဥပဒေ ပြဠန်း သူတို့နှင့်ပူပေါင်းကြံစည်ကာ
အကောင်အထည်ဖော်ခြင်းအမှုကို ရဲဝံ့စွာရှုတ်ချ ကန့်ကွက်ကြပါလိမ့်မည်။ ထိုသူတို့သည်
လူတစ်ဦး၏ စီရင်ထုံးဖွဲ့သောပညတ်ဥပဒေ တို့မှ ပြန်လှည့်လာ၍ စစ်မှန်သောဥပုသ်ကို
စောင့်ရှောက်ကြပါရန် လူတို့ကို စိတ်အား ထက်သန်စွာဖြင့်
ဖိတ်ခေါ်ကြွေးကြော်ကြပါလိမ့်မည်။ ]ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။
တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်
စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့။ အကြင်သူသည်
သားရဲနှင့်သူ၏ ပုံရုပ်ကိုကိုးကွယ်၍ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ခံသည် ဖြစ်စေ၊
လက်၌ခံသည် ဖြစ်စေ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော
အမျက်တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။}
(ဗျာ ၁၄း၇-၁၀)။
ထိုအခါ ဤကမ္ဘာလောကကြီးသည် အတုမရှိသော ထာ၀ရဘုရားသခင်၏ တရားမျှတ မှုနှင့်ပြီးသော
တရားခွင်ရှေ့တော်မှောက်မှာ လူသိ၊ ကောင်းကင်တမန်များသိ စစ်ဆေး
ပြစ်တင်အမိန့်ချမည်ဖြစ်ပါသည်။
ယနေ့တွင် ဧလိယခေတ်ကလို ထာ၀ရဘုရားသခင်၏ ပညတ်တော်တို့ကို
စောင့်ထိန်းသော ဘုရားသခင်၏လူများနှင့် ဘုရားသခင်အမှန်မဟုတ်သော လောက
နတ်ဘုရားတို့ကို ကိုးကွယ်ပသသည့် တရားမဲ့တို့စပ်ကြားပီပြင်ရှင်းလင်း သော
ကြိုးလိုင်းကြောင်းကို တန်းထားလျက်ရှိနေပါပြီ။ ဧလိယက ]သင်တို့သည် ဘာသာ
နှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလပတ်လုံးယုံမှားသော စိတ်နှင့်နေကြလိမ့်မည်နည်း။
ထာ၀ရဘုရားသခင်သည် ဘုရားသခင်မှန်လျှင် ထိုဘုရားသခင်ကို ဆည်းကပ်ကြလော့ ဗာလသည်
ဘုရားမှန်လျှင် ထိုဘုရားသခင်ကို ဆည်းကပ်ကြလော့}
ဟုကြွေးကြော်
ခဲ့ပါသည်။ (၃ရာ ၁၈း၂၁)။ ယနေ့အတွက် သတင်းစကားမူကား ]ဗာဗုလုန်မြို့ ကြီးပြိုလဲပြီ၊
ပြိုလဲပြီ။} ]ငါ၏ လူမျိုးတို့၊ သူ၏
အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ ဘေးဒဏ်များကို
ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှါ သူ၏ အထဲကထွက်ကြလော့။ သူ၏အပြစ်တို့သည်
ကောင်းကင်ဘုံတိုင်အောင်မီကြသည် ဖြစ်၍ သူ၏ မတရားသော အမှုတို့ကို
ဘုရားသခင်သတိရတော်မူပြီ။} (ဗျာ ၁၈း၂၊ ၄၊ ၅)။
ထိုစမ်းသပ်မှုသည် လူအားလုံးထံသို့
ရောက်လာမည်ဖြစ်ခြင်း
စမ်းသပ်မှုသည် လူတိုင်းထံသို့ ရောက်ရှိလာပါလိမ့်မည်။
ဥပုသ်အမှားစောင့် ရှောက်သူတို့သည် နှိုးဆော်ကြလိမ့်မည်။ ထိုပြိုင်ဆိုင်မှုကား
ဘုရားသခင်၏ပညတ် တော်များကို စောင့်ရှောက်သောသူတို့နှင့် လူပညတ်စီရင်ချက်တို့ကို
စောင့်ရှောက် သောလူများစပ်ကြားဖြစ်သတည်း။ လောကရေးရာထုံးစံဓလေ့
တောင်းဆိုချက်တို့မှာ တစ်ဆင့်ပြီးလျှင်တစ်ဆင့် တိမ်းညွတ်သွားသော သူတို့မူကား
ထိုဩဇာတန်ခိုးနောက်သို့ ပါသွားကြပါသည်။ ထိုသူတို့သည် ပြောင်လှောင်ကဲ့ရဲ့ခြင်း၊
မတရားစော်ကားခြင်း၊ ထောင်ချအကျဉ်းခံရမည်ဟု ခြိမ်းခြောက်ခံရခြင်းနှင့်
သေပြစ်ကိုမခံလို၍ ဖြစ်ပါသည်။ ထိုအချိန်ကာ ရွှေကို အညစ်အကြေး ချွတ်ခွါချိန်
ဖြစ်သတည်း။ စစ်မှန်သောဘုရား သခင်ဝတ်မှာ မွေ့ပျော်ခြင်းသည်
အယောင်အဆောင်မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ် ခြင်းနိုင်မည် ဖြစ်၏။
ထိုနေ့ရက်တွေမှာသာသနာကြယ်များစွာတို့သည် အမှောင်ထုမှာ
ကြွေကျပျောက်ကွယ်သွားပေလိမ့်မည်။ သခင်ခရစ်တော်၏ သန့်ရှင်ဖြောင့်မတ်ခြင်း
ဝတ်ရုံတော်ကိုမခြုံသောသူတို့ကား ထိုနေ့ရက်မှာ ဗလာအချည်းစည်းအဝတ်မရှိ၊ ရှက်
ကြောက်ဖွယ်ဖြစ်ပါလိမ့်မည်။
အခက်အခြေအကြောင်းရင်းအမျိုးမျိုးကြောင့် ကမ္ဘာနေရာ
အသီးသီးဆီသို့ ပြန်ကျဲနေကြသူတို့တွင် ဗာလလောကနတ်ဘုရားရှေ့မှာ ဒူးမထောက်သော သူတို့
လည်းရှိကြပါသည်။ မိုးကောင်းကင်မှ ကြယ်ကလေးများကဲ့သို့ ညဉ့်အချိန်ရောက်မှသော
အလင်းကိုမြင်တေ့G ရနိုင်သည့်ဘုရားသခင်၏
သစ္စာရှိသားစစ်နှင့် သမီးမှန်တို့သည် ဤလောကကမ္ဘာကြီးကို
အပြစ်အမှောင်ထုကြီးလွှမ်းသောအခါ အလင်းကိုထွန်းလင်း ပါလိမ့်မည်။ အာဖရိကတိုက်၊
ဥရောပတိုက်၊ တောင်အမေရိကတိုက်၊ တရုတ်ပြည်၊ အိန္ဒိယပြည်၊ ပင်လယ်သမုဒ္ဒရာ အတွင်းရှိ
ကျွန်းစုကလေးများနှင့် ကမ္ဘာမြေကြီး၏ နေရာ အသီးသီးတို့တွင် အမှောင်ကိုခွင်း၍
အလင်းဆောင်မည့်လက်ရွေးစင်ရွေးချယ်ပြီး ဘုရား သခင်၏သားသမီးများရှိကြပါသည်။
ထိုသူတို့သည်အယူဝါဒလွဲမှား၊ တိမ်းစောင်းဖောက် ပြန်နေသော လောကကြီးအား
ထာ၀ရဘုရားသခင်၏ပညတ်တရားကို နားထောင် လိုက်လျှောက်ခြင်း၏
ပြောင်းလဲစေနိုင်သောတန်ခိုးတော်ကို ထင်ရှားပီပြင်စွာ ဖော်ပြ ပေးပါလိမ့်မည်။
ဖောက်ပြန်မှုအပြင်းထန်ဆုံးအချိန်မှာ စာတန်သည် ထိုပြောင်းလဲ
အစားထိုးလိုက်သောနေ့ရက်အမှားကြီးကို ခရစ်ယာန်လူအပေါင်းတို့အား ဥပုသ်နေ့ အဖြစ်
လက်ခံရန် အမြင့်ဆုံးကြိုးစားအားထုတ်၍ လက်မခံသူကို သေဒဏ်အထိချမှတ်
အပြစ်ပေးပါလိမ့်မည်။ (မြန်မာပြည် မပါဝင်ပါ)။ ထိုအခါ သစ္စာရှိယုံကြည်သူသားသမီး
တို့သည် ]အပြစ်တင်ခွင့် မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍ အဘယ်အပြစ်မျှ မပါသော
ဘုရားသခင်၏သားသမီးများအဖြစ် နေ၊ လ၊ ကြယ်နက္ခတ်ကဲ့သို့ ထို မှောင်
ရိပ်ခိုလူမျိုးအထဲ၌ ထွန်းလင်းကြပါလိမ့်မည်။ (ဗျာ ၁၃း၁၆။ ဖိလိပ္ပိ ၂း၁၅)။ အမှောင်
ထုကြီးမားလေ ထိုသူတို့၏အလင်းသည် ထွန်းတောက်လေဖြစ်ပါလိမ့်မည်။
ဧလိယသည် တစ်ယောက်တည်းသာ ထာ၀ရဘုရားသခင်ဘက်မှာ ကျန်ရှိ
တော့သည် ဟု ခံစားမိ၍ ]အကျွန်ုပ်တစ်ယောက်တည်း ကျန်ရစ်၍ အကျွန်ုပ် အ
သက်ကိုပင်သတ်ခြင်းငှါ ရှာကြပါသည်} ဟူ၍
ပြောဆိုခြင်းဖြစ်ပါသည်။ သို့သော်လည်း ထိုစကားကို ပြော၍ ထာ၀ရဘုရားသခင်က ဧလိယကို
အံ့အားသင့်စေသည်မှာ ]သို့ရာတွင် ဗာလရှေ့၌ ဒူထောက်ခြင်း၊ နမ်းခြင်းကို မပြုသေ သူ
ဣသရေလအမျိုးသား ခုနစ်ထောင်တို့ကို ငါ့အဖို့ငါကျန်ကြွင်းစေပြီ ဟု မိန့်တော်မူ၏။} (၃ရာ ၁၉း၁၄၊ ၁၈)။
ယနေ့တွင် ဣသရေလလူမည်မျှလောက်ရှိသနည်း ဟူ၍ မရေတွက်စေနှင့်။
သို့သော်လည်း သခင်ခရစ်တော်၏ စိတ်နှလုံးကဲ့သို့ ယုံကြည်သူသားသမီးတိုင်းမှာ
ရှိစေလျက် ပျောက်ဆုံးကမ္ဘာပေါ်ရှိ ပျက်စီးနေသူများကို ကယ်တင်ရန်အလို့ငှါ
အရောက်လှမ်းလိုစိတ်ကို ထားရှိကြပါစို့လား။
No comments:
Post a Comment