အခန်း (၁၃)
]ဒီမှာ ဘာလာလုပ်နေတာလဲ
ဧလိယ}
ဤအခန်းကြီးသည်
(ဓမ္မရာဇဝင်တတိယ ၁၉း၉၊၁၈) အခြေခံထား သည်။
ဧလိယသည် ဟောရပ်တောင်ပေါ်မှာ ဆုတ်ခွါအနားယူနေပြီဆိုသည်ကို
ဘုရား သခင်သိပါသည်။ စိတ်ဓါတ်ကျနေသော ပုရောဖက်သည် မှောက်မိုက်တန်ခိုးနှင့်
တိုက်လှန်နေရသည်ကို သိမြင်သောကြောင်းလည်း အထီးကျန်ဘ၀တွင် စွန့်ပစ်မထား ခဲ့ပါ။ သူပုန်းအောင်းခိုလှုံနေသာ် လှိုင်ဂူမှာ ထာ၀ရဘုရားသခင်သည် အားကြီးသော
ကောင်းကင်တမန်တစ်ပါးအားဖြင့် တွေ့ဆုံကာ သူလိုအပ်သည်များကိုမေး၍ ဣသရေ လလူတို့အတွက်
ဘုရားသခင်၌ မည်ကဲ့သို့ဦးတည်စီမံချက်ရှိသည်ကို ရှင်းလင်းစွာ အသိပေးပါသည်။
ဧလိယသည် ထာ၀ရဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်အားကိုး တတ်ပါမှ
သူ့အားပေးအပ်ထားသော လုပ်ငန်းကို သူသည် ပြီးမြောက်စေနိုင်လိမ့်မည် မဟုတ် လော။
ကရမေလတောင်ထိပ်ပေါ်မှာ ရရှိခဲ့သောအောင်မြင်ခြင်းသည် ပို၍ ကြီးမား
သောအောင်မြင်မှုများအတွက် လမ်းစပင်ဖြစ်မဟုတ်လော။ ထိုသို့ အံ့ဖွယ်အခွင့်အခါ
ကောင်းများသည် သူ့ရှေ့မှောက်မှာ အစီအရီရှိနေပါသော်လည်း ဧလိယသည် ယေဇဗေလ၏
ခြိမ်းခြောက်မှုကြောင့် ကျောလှည့်ကာ ပြေးနေပါသည် တကား။ ဘုရား သခင်၏လူသည်
ထာ၀ရဘုရားသခင်လုပ်စေလိုသော အလုပ်အတွက် အကျိုးပေးသော အခွင့်အရေးလမ်းစများကို
သိနားလည်စေဖို့ရန် လိုအပ်နေလေပြီ။
]ဒီမှာ ဘာလာလုပ်နေတာဧလိယ}
ဟု
ထာ၀ရဘုရားသခင်က မေးနေပါပြီ။ ငါသည် သင့်အားခေရိတ်ချောင်းနှင့် ဇရတ္တမြို့နေ
မုဆိုးမထံသို့ စေလွှတ်ခဲ့ပြီး မဟုတ် လော။ သင့်အားယဇ်ပူဇော်သောပုရောဖက်တို့၏
ရှေ့ကရမေလတောင် ထွက်ပေါ် မှာဝင့်ကြွားစွာရပ်တည်စေ၍ ရှင်ဘုရင်အားလည်း
ယေဇရေလမြို့တံခါး၀ဆီသို့ လမ်းပြ ပို့ဆောင်ရန် စေခိုင်ခဲ့သည်မဟုတ်လော။ သို့သော်လည်း
ဤလူသူကင်းမဲ့သောတော ထဲတွင် လာရန်
သင့်အား မည်သူပို့ဆောင်ခဲ့သနည်း။ ဒီမှာ ဘာအလုပ်များရှိနေလို့လဲ။
ထိုအခါ ဧလိယသည် ခါးသီးသောခံစားချက်ဖြင့် ညည်းညူလိုက်ပါသည်။
]ဧလိယကလည်း။ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားသခင် ဘက်၌
အလွန်စိတ်အားကြီးပါပြီ။ အကြောင်းမူကားဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏
ပဋိညာဉ်တရားကို စွန့်ပြီးလျှင် ကိုယ်တော်၏ယဇ်ပလ္လင်များကိုဖြိုဖျက်၍
ကိုယ်တော်၏ပုရောဖက်များကို ဓါးနှင့် သတ်ကြပါပြီ။ အကျွန်ုပ်တစ်ယောက်တည်း ကျန်ရစ်၍
အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေ၏။} ဤအခန်းသည် (၃ရာ ၁၉း၉-၁၈)ကို အခြေခံပါသည်။
ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်ကလည်း ထာ၀ရဘုရားသခင်၏
နှုတ်တော်ထွက်စကားကို ဥမှင်မှထွက်၍ နားထောင်ရန် မိန့်တော်မူလိုက်ပါသည်။
]ထာ၀ရဘုရားသခင်ရှေ့ တောင်ပေါ်မှာရပ်၍နေလော့။ ထာ၀ရဘုရားသခင် လျှောက် သွားမည်ဟု
မိန့်တော်မူ၏။ ထိုအခါ အားကြီးသောလေပြင်းသည် တောင်ထိပ်တို့ကို ခွဲ၍
ထာ၀ရဘုရားသခင်ရှေ့တော်၌ ကျောက်တို့ကိုချိုးဖဲ့၏။ သို့ရာတွင် ထာ၀ရဘုရား သခင်သည်
လေ၌ရှိတော်မမူ။ လေနောက်မှာ မြေလှုပ်ခြင်းရှိ၏။ သို့ရာတွင် ထာ၀ရ ဘုရားသခင်သည်
မြေလှုပ်ခြင်း၌လည်းရှိတော်မမူ။ မြေလှုပ်ခြင်းနောက်မှာ မီးရှိ၏။ သို့ရာတွင်
ထာ၀ရဘုရားသခင်သည် မီး၌လည်းရှိတော်မမူ။ မီးနောက်မှာ ဖြည်းညင်း သော အသံရှိ၏။}
ထို ]ဖြည်းညင်းသော အသံ}
အားဖြင့်
ထာ၀ရဘုရားသခင်သည် ဧလိယအား အကြီးမားဆုံးနည်းပြ၊ ဖော်ထုတ်၊ လုပ်ဆောင်ခြင်းသည်
အောင်မြင်ဆုံးသော လုပ်ရပ် အမြဲမဟုတ်သေးကြောင်းကို သိနားလည်စေဖို့ရွေးချယ်
သွန်သင်လိုက်ပါသည်။ ထိုအခါ ဧလိယသည်စိတ်ကောက်၍ ပြုသောအပြုအမူမှ ရပ်ကာ မိမိ၏
စိတ်ဓါတ်သည်လည်း နှိပ်ကွပ်ခြင်းကို ခံရသကဲ့သို့ဖြစ်လာသည်။ ယခုတော့သူသည်
အကူအညီလိုအပ်ဆုံး အချိန်မှာ ထာ၀ရဘုရားသခင်ကို ခိုင်မြဲတည်ကြည်စွာ ဆက်လက်၍
အားကိုးအား ထားပြုရန် သိနားလည်လာပြီဖြစ်၏။
လူသားတို့၏ နှလုံးသားအိမ်ကို
ပြုပြင်ပြောင်းလဲနှလုံးသွင်းစေနိုင်သည်က အပြောအဆိုကောင်း၍ (သို့) ဒသနိကဆန်ဆန်၊
ကျိုးကြောင်း ညီညွတ်မှုရှ၍ မဟုတ်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သာဖြစ်ပါသည်
ထိုဖြည်းညင်းသော အသံသည် ထာ၀ရဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်၍ လူ့စိတ်နှလုံးသားကို
ပြောင်းလဲစေနိုင်သော တန်ခိုးရှိပါသည်။
]ဒီမှာ ဘာလာလုပ်နေတာလဲ ဧလိယ} ဟု မေးမြန်းသံကို
ကြားရပြန်သောအခါ ဧလိယသည် ဤသို့တစ်ဖန် အဖြေပေးလိုက်ပြန်ပါသည်။ ]ဣသရေလအမျိုးသား
တို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင် ကိုယ်တော်၏ ယဇ်ပလ္လင်များကို
ဖြိုဖျက်၍ ကိုယ်တော်၏ ပုရောဖက်များကို ဓါးနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်
ယောက်တည်းကျန်းရစ်၍ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေ၏။}
ထာ၀ရဘုရားသခင်ကလည်း ဧလိယသိနားလည်မှတ်သား စေဖို့ရန် ဤသို့
အဖြေပေးလိုက်၏။ အပြစ်ကျူးလွန်မှားယွင်းသော သူတို့သည် အပြစ်ဒဏ်ပေးခြင်းကို
မခံလဲမရှိစေရ။ နတ်ဘုရားရုပ်ပုံများကို တည်းထားကိုးကွယ်ပူဇော်ပသသော ဣသရေ
လနိုင်ငံတော်ကို ပြစ်ဒဏ်ချမှတ်ခံစေရန် ဘုရားသခင်သည် လူတို့ကို ရွေးချယ်
စေလွှတ်မြဲရှိပါ၏။ ရှင်းလင်းပီသစွာ ဆုံးမပြစ်တင်သော လုပ်ဆောင်ချက်ဟူ သည် ရှိရမည်။
သို့ဖြစ်၍ဧလိယသည် ဣသရေလပြည်သို့ပြန်သွား၍ အခြားသော ယုံကြည် သူများနှင့် အတူမျှဝေခံစား၍
ဘာသာကိုးကွယ်မှုအရေးမှာ ပြန်လည်ပြုပြင် နိုးကြား စေရမည် မဟုတ်ပါလား။
ထိုအခါ ထာ၀ရဘုရားသခင်အား ဧလိယကို အမိန့်ပေးသည်မှာ ]ဒမာသက်
တောသို့ ပြန်၍ခရီးသွားလော့။ ရောက်သောအခါ ဟာဇေလကို ရှုရိဘုရင်အရာ၌ ခန့်ထား၍
ဘိသိက်ပေးလော့။ ယေဟုကို ဣသရေလရှင်ဘုရင် အရာ၌ခန့်ထား၍ ဘိသိက်ပေးလော့။ ဧလိရှဲကို သင့်ကိုယ်စားပုရောဖက်အရာ၌ ခန့်ထား၌
ဘိသိက်ပေး လော့။ သို့ဖြစ်၍ ဟာဇေလဓါးနှင့် လွတ်သောသူကို ယေဟုသတ်လိမ့်မည်။ ယေဟု
ဓါးနှင့်လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည်။ သို့ရာတွင် ဗာလရှေ့၌ ဒူးထောက်
ခြင်းမပြုသော သူအပေါင်းတည်းဟူသော ဣသရေလအမျိုးသား ခုနစ်ထောင်တို့ကို
ငါ့အဖို့
ငါကျန်ကြွင်းစေပြီဟုမိန့်တော်မူ၏။} ဤသို့လျှင်
လူတို့၏အ တွင်းနှလုံးသားကို ဖတ်ရှုလေ့လာမြင်တွေ့နိုင်သော ဖန်ဆင်းသူ ဘုရားသခင်သည်
နှစ်ရှည်လများ ဘာသာအယူဝါဒမှာ လွဲမှားတိမ်းယိမ်းဖောက်ပြန်သော ကာလအတွင်း မိမိအပေါ်
သစ္စာစောင့်သိရိုသေသူများရှိနေသေးသည် အကြောင်းကို ထိုပုရောဖက်ကြီးအား ဖော်
ပြခဲ့လေသည်။
ယနေ့ ဘာသာတရားတွင်လည်း
လွဲမှားတိမ်းယိမ်းဖေါက်ပြန်မှုကြီးများ ရှိနေ လေရာ
ရှေးခေတ်ဣသရေလလူတို့ကဲ့သို့ပေတည်း။ လူတို့သည် ဘုရားသခင်ထက် လူလူချင်းကို
ချီးမြှောက်ကြပေ၏။ ရေပန်းစားလူကြိုက်များသော ခေါင်းဆောင်များ နောက်သို့
လိုက်ကြသည်။ စာတန်ကို ကိုးကွယ်သော သူတို့ပင်ရှိကြလေပြီ။ သိပ္ပံပညာ အတတ်ကိုလည်း
အမှန်တရားပြကျမ်းစာတော်မြတ်ထက် တန်ဖိုးထားကြသည်။ ဤသို့လျှင် လူထုပရိသတ်ကြီးသည်
ဗာလဘုရားနောက်သို့ လိုက်နေကြပါသည်။ ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက်ပညတ်စကားနေရာမှာ
လူတို့၏ တွေးခေါ်ချက် သီအိုရီများကို အစားထိုးကျင့်သုံးကြလေသည်။ ကျမ်းစာတော်မြတ်ထက်
လူတို့၏ သွန်သင်ချက်များသည် ပိုမို၍ ဒသနိကကျသည်ဟုဆိုကာ ပညတ်တော်တို့ကို ပယ်
ရှားကြလေပြီကော။ ဤသို့လျှင် လူသားအပေါင်းတို့၏ ရန်သူကြီးစာတန်သည် လူသား
တစ်နွယ်လုံး၏ ပျော်ရွှင်မှုနှင့် ကယ်တင်ခြင်းအတွက်ဘိသိက်ပေးထားပြီးဖြစ်သော
ပညတ်တရားကို မေ့ပျောက်စေရန် လုပ်ဆာင်နေပါသည်တကား။
ဗာလဘုရားကို ဦးမချသူတို့ ယနေ့များစွာ
ရှိနေခြင်း
သို့တိုင်အောင်လည်း ဖောက်ပြန်သင်းခွဲခြင်းသည်
ကမ္ဘာလုံးဆိုင်ရာ အနှံ့ပြန့် လွင့်နေပြီဟု မဆိုနိုင်ပါ။ လူအားလုံးက ပညတ်ဥပဒေမဲ့နေ၍
အပြစ်နွံတွင်းနစ်မွန်း နေသည်မဟုတ်ပါ။ ခရစ်တော်နှင့်ပညတ်တရား ဘယ်ကဲ့သို့
နှီးနွယ်နေကြောင်းကို သိနားလည်လိုသူများသည် ဘုရားသခင်၌ရှိပါသည်။ ထိုသူတို့သည်
သခင်ယေရှု တစ်ဖန်ကြွဆင်းလာမည်းကို မျှော်လင့်နေကြသူများ၊ ထိုသခင်သည် အပြစ်တရား
စိုးမိုးခြင်းနှင့် မရဏာသေမင်းကို အပြီးပိုင် ဖျက်ဆီးပစ်မည့်
ဘုရားသခင်ဖြစ်ကြောင်း ယုံကြည်သော သူများဖြစ်ကြပါသည်။ ထာ၀ရဘုရားသခင်၏
ဝိညာဉ်တော်သည်လည်း လူများစွာတို့ကို သွေးဆောင်နေဆဲ ဖြစ်ပါသည်။
ဤလိုလူမျိုးများသည် ထာ၀ရဘုရားသခင်နှင့် ထာ၀ရဘုရားသခင်၏
နှုတ်တော်ထွက်စကားကို သိနားလည်သော ယုံကြည်သူများ၏ အကူအညီ၊ အမအစကို လိုအပ်နေပါသည်။
ကျမ်းစာတော်မြတ်၏အမှန်တရားကို သိနားလည်သူ အမျိုးသား၊ အမျိုးသမီးတို့သည်
တရားအလင်းကို မျှော်လင့်စောင့်စားနေသူတို့ကို ရှာဖွေ ကြရပါမည်။ ထိုသူတို့နှင့်အတူ
ကောင်းကင်တမန်တို့သည်လည်း လိုက်ပါကြပေမည်။ ထိုသို့ပြုလျှင် လူသားအချင်းချင်း
ဦးဆောင်တည်ဆောက်သော လုပ်ငန်းအဖွဲ့အစည်း ဆောင်ရွက်မှုအမျိုးမျိုးကို
အရိုအသေပေးခြင်းထက် ထာ၀ရဘုရားသခင်နှင့် ကိုယ်တော် ၏ ပညတ်တရားလက်မှာ
ကြောက်ရွံ့ခြင်းကင်းစွာဖြင့် ရပ်တည်လာကြပေလိမ့်မည်။
စာတန်သည် ဘုရားသခင်၏စကားကို နားထောင်၍ အမှုတော်မြတ်မှာ
ပါဝင် အသုံးခံနေသော သခင့်အစေခံတို့အားဖြစ်နိုင်သမျှ နည်းလမ်းစုံလင်စွာနှင့်
အမှုတော် မြတ်မှာ မျက်ခြည်ပြတ်သွားရန် လုပ်ဆောင်၍ ယခု ဤလူ့ဘ၀ပျော်ပါးမှုနှင့်သာ
ကျေနပ်၍ သက်ရှင်စေရန် ကြိုးစားနေပါသည်။ စည်းစိမ်ကြီးငယ်များတွင် အဆင် ပြေလည်စွာ
နေထိုင်သက်ရှင်လိုသူအား လောကအကျိုးစီးပွား ရှာဖွေတွေ့ရှိခံစား နိုင်
မည့်နေရာသို့အမှုတော်ကို ချန်လှပ်ကာ ကိုယ်ကျိုးရှာထွက်စေပါသည်။ ဆင်းရဲဒုက္ခ
အခက်အခဲကြုံတွေ့နေရသူတို့ကိုမူ စာတန်သည်နည်းလမ်းစုံနှင့် စိတ်ဓါတ်ကျဆင်း စေကာ
တာဝန်ဝတ္တရားမှ ရပ်ဆိုင်းစေပါသည်။ သို့ဖြစ်၍ ဝိညာဉ်ရေးရန်သူစာတန်၏
နှုတ်ပိတ်ကျီဆယ်မှုကို ခံနေရသူ ဘုရားသခင့်သားသမီးအပေါင်းတို့အတွက် ပေးအပ်
သောမေးခွန်မှာ ]ဒီမှာ သင်ဘာလာလုပ်တာလဲ} ဟူ၍ ဖြစ်သတည်း။
ငါသည် သင့်အား လောကနိုင်ငံအရပ်ရပ်ရှိသမျှသို့သွား၍
ဧဝံဂေလိတရားဟောပြောရန်စေခိုင်းခဲ့လေပြီ။ ထိုသူတို့အား
ထာ၀ရဘုရားသခင်၏နေ့အတွက်ပြင်ဆင်ပေးရပါမည်။ သင့်ကို ဤနေရာ သို့ လာရန်
အဘယ်သူစေလွှတ်ပါသနည်း။
သခင်ယေရှု၏ ဆက်ကပ်အပ်နှံ၊ ဝေဒနာခံစားခဲ့ရခြင်းဖြင့်
ကိုယ်တော်သည် ဝမ်းမြောက်ရွှင်လန်းခဲ့ရသကဲ့သို့ အပြစ်သားများကယ်တင်ခြင်းရသည်ကို
မြင်တွေ့ ရခြင်သည် သခင်၏ဝမ်းမြောက်ခြင်းမည်ပါ၏။ အလားတူစွာ သခင်ခြေတော်ရာကို
လိုက်လျှောက်သူတို့ ဝမ်းမြောက်ရပေမည်။ ကယ်တင်ရွေးနုတ်ခြင်း၏ အနက်ကို ပြန်လည်
သတိရမှတ်မိသူတို့သည် သန်းနှင့်ချီရှိသော လူသားတို့၏ အကျင့်အရာ၊ ဝိညာဉ်ရေးရာတို့မှာ
ဆင်းရဲမွဲတေဖွတ်ဘိုးအေတမျှရှိနေပုံကို မြင်တွေ့ရသည်ရှိသော် ထိုသူတို့ကို
သနားခြင်းစိတ်ရှိ၍ ထိုင်ရာမှထကာ ဝိညာဉ်ကယ်တင်ခြင်းလုပ်ငန်း ရပ် တွေမှာ
အနေအထိုင်ဆင်းရဲ၍ ခန္ဓာကိုယ်မှာဝေဒနာကို ခံစားရပေမယ့်လည်း အမှုတော် မြတ်မှာ
နောက်ဆုတ်သွားမည်မဟုတ်ပါ။
အသင်းတော်များစွာ၌ ထိုကဲ့သို့ဆက်ကပ်ပါဝင်
အမှုတော်ထမ်းရွက်ရန် လိုအပ် နေသည့်နေရာများသို့
သွားမည့်အိမ်ထောင်မိသားစုများရှိနိုင်ပါသည်။ ထာ၀ရဘုရား သခင်သည်
ဝိညာဉ်ရေးမှာအားနည်း၍ မှောင်ရိပ်ဖုံးလွှမ်းသော နေရာဒေသရှိ လူတို့ အတွက်
ပညာသတိကြီးစွာ သွားရောက် အမှုတော်ထမ်းရွက်မည့် သူ မိသားစုတို့ကို
ဖိတ်ခေါ်လျက်ရှိနေပါသည်။ ဤအမှုတော်မြတ်အတွက် ဆက်ကပ်ဖို့လိုအပ်ပါသည်။
လူများစွာတို့က ဒေသခံ အခက်အခဲများလျော့ပါး ပျောက်ကွယ်သွားဖို့ကို စောင့်ဆိုင်း
နေစဉ်မှာပင် အသက်ဝိညာဉ်များစွာတို့သည် ဘုရားသခင်ကိုမသိ၊ မျှော်လင့်ချက်
ကင်းမဲ့စွာနှင့် အသက်ဆုံးပါးနေကြရလေပြီတကား။ လူသည် လောကလူ့ဘုံမှာ အကျိုး
ခံစားရအံ့သောငှါ သိပ္ပံအတတ်ပညာတို့ကို လေ့လာဆည်းပူးကြသည်တွင် ဆင်းရဲဒုက္ခ
အခက်အခဲများစွာကို ခံကြရသည်မဟုတ်လော။ သို့ဖြစ်လျှင် ကယ်တင်ပိုင်သူ ဘုရား သခင်
အကြောင်းကြားသိလိုသောသူတို့အတွက် အမှုတော်ဆောင်မည့် ကိုယ်ကျိုးစွန့် ဝန်ထမ်းများ
အဘယ်မှာရှိနေကြပါသနည်း။ သခင်သင့်ကိုအလိုရှိနေပါသည်။
ဝိညာဉ်ရေးအားနည်းချိန်များမှ
ထာ၀ရဘုရားသခင်ကို အားကိုးပါ
ဝိညာဉ်ရေးအင်အားကြီးသူများပင်လျှင် စမ်းသပ်မှုကို
ကြီးမားစွာ ခံရသောအခါ စိတ်ဓါတ်ပျက်ပြားလာတတ်သည်မှာ အဆန်းမဟုတ်ပါ။ဧလိယသည်
ခွန်အားအကြီး ဆုံးပုရောဖက်တစ်ပါးအဝင်ဖြစ်သော်လည်း အမျက်ဒေါသ
ခြောင်းခြောင်းထွက်နေသူ အမျိုးသမီး၏ဩဇာမှ အသက်ဘေးလွတ်ရန် ထွက်ပြေးတိမ်းရှောင်ခဲ့ရလေသည်။
နန်းတော်က သူ့ကိုအလိုရှိသည်မို့ သူသည် ၀ရမ်းပြေးဘ၀သို့ရောက်ခဲ့ရသည်။ ပင်ပန်း
နွမ်းနယ်၍ ခါးသီးလှစွာသော စိတ်ဆင်းရဲခြင်းတို့က သူ့စိတ်ဓါတ်ကို ကြေမွစေသဖြင့်
သူအသက်မရှင်လိုတော့ပြီ။ သေဖို့ရန်တောင်းဆိုလိုက်သည်။ သို့သော်လည်း မျှော်လင့်
ချက်ကင်းမဲ့ပုံရချိန်မျိုးနှင့် မိမိ၏ ဘုရားသခင်ပေးအမှုတော်မြတ်ကြီးသည်လည်း
ရှုံးနိမ့်ပုံပေါ်နေသော ခဲရာခဲဆစ် အချိန်မျိုးမှာ ဧလိယသည် ထာ၀ရဘုရားသခင်ကို
ယုံကြည်အားကိုးနိုင်ကြောင်း သတိပြုဆည်းပူးမိပါသည်။
သို့ဖြစ်၍
မိမိတို့၏ အသက်တာခွန်အားများစွာတို့ကို ကိုယ်ကျိုးစွန့်၍ ဆက်ကပ် ရသော
အမှုတော်မြတ်မှာ အသုံးတော်ခံနေစဉ် စိတ်ဓါတ်ကျဆင်းစရာ ဆင်းရဲမှုစုံလင်စွာ နှင့်
စုံစမ်းသွေးဆောင်မှုကို ရင်ဆိုင်ရသောအခါ ဧလိယ၏အတွေ့အကြုံကို သတိရ၍ ရဲဝံ့မှုကို
ရယူပါ။ ထာ၀ရဘုရားသခင်၏ စောင့်ထိန်း ကွယ်ကာ ပြုစုမှု၊ ချစ်ခြင်းမေတ္တာ၊
တန်ခိုးတော်အပေါင်းတို့သည် မိမိ၏ အစေခံ (တရားဟောဆရာ) များ၌ သက်ရောက်မှု ရှိပါသည်။
အထူသဖြင့် မိမိတို့၏ အကြံပြုဆုံးမပဲ့ပြင်မှုသည်လည်းကောင်း၊ မိမိတို့၏
ဘာသာပြုပြင်ပြောင်းလဲရေး၌ ကြိုးစားအားထုတ်မှုကို မုန်းတီးရွံရှာ၍ ဆန့်ကျင်ဘက်
သဘောနှင့် တုံ့ပြန်လာသောအခါ၌သော်လည်းကောင်း ထိုရန်သူတို့ကိုမကြောက်ရပါ။ ဘုရားသခင်၏
ဂုဏ်တော်အပေါင်းတို့ကို သတိရပါလေ။
လူသည်
ခွန်အားအနည်းဆုံးအချိန်မှာ စာတန်သည် အပြင်းထန်ဆုံးသော စုံစမ်း
သွေးဆောင်မှုများဖြင့် အသက်ဝိညာဉ်ကိုပြင်းထန်စွာ တိုက်ခိုက်နှောင့်ယှက် လေ့ရှိ
ပါသည်။ ဤနည်းဗျူဟာဖြင့် ဘုရားသခင့်သားတော် ယေရှုခရစ်တော်ကို အောင်မြင် မည်ဟု
သူမျှော်လင့်ခဲ့မိပါသည် မဟုတ်လော။ ဤမူပေါ်လစီအားဖြင့် စာတန်သည် လူများစွာကိုလည်း
အောင်နိုင်ခဲ့ပြီမဟုတ်လော။ လူသည် စိတ်ဆန္ဒတန်ခိုးအင်အား နည်းပါးသွား၍
ယုံကြည်ချက်ဆုံးရှုံးသောအခါမှာ ယခင်က သတ္တိရှိရဲဝံ့စွာ အမှန်တရား အတွက်
ကြာရှည်စွာရပ်တည်ခဲ့ပါသော်လည်း ယခုမှာ သွေးဆောင်ခြင်းသို့ လိုက်ပါ သွားနိုင်ပါသည်။
မောရှေသည် ပင်ပန်းမှုကြီးစွာနှင့် အနှစ်လေးဆယ်ပတ်လုံးတော၌ လှည့်လည်ခဲ့ရာ
ကတိတော်ထားရာပြည်တော်နယ်နိမိတ်မှာပင် လွဲခဲ့ရပါသည်။ ဧလိယ သည်လည်း
ယေဟောဝါထာ၀ရဘုရားသခင်ကို ယုံကြည်အားကိုးသဖြင့် သုံးနှစ် ကာလ ပတ်လုံး
အစာငတ်မွတ်နေချိန်မှာ သူနှင့်ဘုရားသခင်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့ပါ သော်လည်း
စိုးရိမ်ကြောက်ကြချိန်အတွင်းမှာ သူသည်သေမင်းကို ဖိတ်ခေါ်ခဲ့မိ ပါသည်။
ယနေ့အချိန်မှာလည်း ဤသို့ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သံသယ
ပတ်လည်ဝန်းရံနေချိန်မှာ (သို့မဟုတ်) ဆင်းရဲချို့တဲ့စိတ်ပျက်နေချိန်မှာ စာတန်သည်
ကျွန်ုပ်တို့၏ ယေဟောဝါဘုရားသခင်အပေါ် ယုံကြည်စိတ်ချထားရှိမှုကို လှုပ်ခါနေပါ၏။
ထာ၀ရဘုရားသခင်ကို မကိုးစားရန်နှင့် ကိုယ်တော်သခင်၏ ချစ်ခြင်းမေတ္တာတော်ကို
မေးခွန်းထုတ်လာရန်ကိုလည်းဆွပေးနေပါသည်။ ကျွန်ုပ်တို့သည် စိတ်ဓါတ်ကျဆင်း၍
ထာ၀ရဘုရားသခင်နှင့် အဆက်အသွယ်ပြတ်နေထိုင်သက်ရှင်ရန် စာတန်မျှော်လင့် သည်
မဟုတ်ပါလား။
အမှုတော်မြတ်တွင် ရှေ့တန်းသာသနာမှာဖြစ်စေ၊
နောက်တန်းမှာဖြစ်စေ တိုက် လှန်မှုကို ရင်ဆိုင်ရသောအခါမှာ ယခင်ကကြာမြင့်စွာ
အလွန့်အလွန် စိတ်ဓါတ် ကြိုးကြိုးကြွကြွရှိပြီးနော်က
စိတ်ညိုးငယ်ခွေယိုင်ခြင်းကိုလည်း ခံစားရလေ့ရှိပါသည်။
စိတ်ဓါတ်ကျဆင်းဝမ်းနည်းခြင်းသည် ယုံကြည်ခြင်းကိုတုန်ခါစေ၍ လုပ်ချင်ကိုင်ချင်
စိတ်ဆန္ဒကို လျော့ပါးစေကောင်း လျော့ပါးစေနိုင်မည်ဖြစ်သော်လည်း ဘုရားသခင်သည်
အရာအားလုံးကို နားလည်တော်မူပါ၏။ ကိုယ်တော်သည် ချစ်သနားဆဲဖြစ်ပါသည်။ ကျွန်ုပ်တို့၏
စိတ်နှလုံးဦးတည်ချက်ကို သခင်ဖတ်နေသည်။ ပတ်ဝန်းကျင်မှာ မှောင်မိုက် နေပုံရသော
စိတ်ရှည်သည်းခံစွာဖြင့် ဘုရားသခင်ကို ယုံကြည်အားကိုးပါရန် ဘုရား သခင့်အမှုတော်မှာ
ဦးဆောင်ဦးရွက်ပြုသူများသည် ဤသင်ခန်းစာကို ယူအပ်ပါသည်။ အခက်အခဲကြုံရာကာလအတွင်း
မှာကောင်းကင်ဘုံသည် ကျွန်ုပ်တို့အား စွန့်ပစ်လိမ့် မည် မဟုတ်ပါ။ မိမိကိုယ်ကို
လုံး၀ဦးစားမပေး၊ မေ့ပျောက်၍ဘုရားသခင်ကိုသာလုံးလုံး အားကိုးခိုလှုံသောသူတို့သည်
အကူအညီလိုအပ်၍ တောင်းလျှောက်သောအခါ အကူအညီကို ရရှိပါလိမ့်မည်။ ပို၍ပင်
မဆုံးရှုံးနိုင်သောအဖြစ်တွင် အမှန်တကယ် ရှိရပါလိမ့်မည်။
ဧလိယကို ခွန်အားပေးသောဘုရားသခင်သည် အခက်အခဲကြုံတွေ့ရသဖြင့်
မိမိကိုအားကိုးခိုလှုံသော သားသမီးတိုင်းကို တည်ဆောက်ခွင့်ပေးပါလိမ့်မည်။
သူသည် မည်မျှပင်ခွန်အားနည်းနေစေကာမူ
ခွန်အားသစ်ကိုပေးပါလိမ့်မည်။ တစ်ဦးချင်းစီအား လိုအပ်သမျှကို
တန်ခိုးနှင့်ဖြည့်တင်းပေးပါလိမ့်မည်။ ထိုသခင်အား ဖြင့် သူသည်
မကောင်းမှုအပြစ်ကိုအောင်နိုင်သကဲ့သို့ တစ်ပါးလူများကိုလည်း အောင် မြင်စေရန်
ကူညီပေးပါလိမ့်မည်။ စာတန်သည် ထာ၀ရဘုရားသခင်ကို ခိုလှုံရာကျောက် အဖြစ်
ယုံကြည်စွဲလမ်းထားရှိသူအား ဘယ်သောအခါမျှ အခွင့်အရေးယူကာ အနိုင် ကျင့်၍
မရပါချေ။(ဟေရှာ ၄၅း၂၅)။
စာတန်သည် ကျွန်ုပ်တို့၏အားနည်းချက်ကိုသိ၏။ ထိုကြောင့်
ကျွန်ုပ်တို့သည် သခင်ယေရှုကို မှီတွယ်နေရပါမည်။ သခင်ခရစ်တော်၏
သန့်ရှင်းဖြောင့်မတ်ခြင်းသည် လောကကြီးကို
မကောင်းမှုအပြစ်နှင့်လွှမ်းမိုးစေနိုင်သော လှိုင်းတံပိုးဒီရေလုံးကြီးကို တားဆီးရန်
သင့်အားတန်ခိုးကိုပေးနိုင်ပါသည်။ သင့်အတွေ့အကြုံများဆီသို့ သင်၏ ယုံကြည်ခြင်းကို
ယူဆောင်ပေါင်းစည်းလိုက်ပါ။ ယုံကြည်ခြင်းသည် ဝန်ထုပ်အလေး တိုင်းကို ပေါ့ပါးစေ၍
စိုးရိမ်ခြင်းကို ပပျောက်စေပါသည်။ ယခုလို ဖြေရှင်းဖို့ရန် ဆန်းကြယ်နက်နဲသော
စီမံထားချက်များရှိမူက ထာ၀ရဘုရားသခင်ကိုသာ ဆက်လက် ၍ ယုံကြည်အားကိုးပါ။
ကျမ်းစာခေတ်သမိုင်းဦးဆီက ရေးမှတ်ထားသော ယုံကြည်ခြင်း ကြီးသော ဘုရားသခင့်လူတို့၏
အောင်မြင်မှုမျိုးကို ကျွန်ုပ်တို့မှာလည်း ရရှိနိုင်ပါသည်။ ယုံကြည်ခြင်းစိတ်ဖြင့်
ဘုရားသခင်၏ တန်ခိုးတော်လမ်းကြောင်းကို မျှော်လင့်တောင်း တသော သူတို့ဆီသို့
ထာ၀ရဘုရားသခင်၏ ကွက်ကျားမိုးနှင့်တူသော ကောင်းချီး ခွန်အားတန်ခိုးသည်
သက်ရောက်လာမည် အမှန်ပင်ဖြစ်ပါသည်။
သခင်ခရစ်တော်သည် မိမိ၏အသက်နှင့်လဲလှယ်၍ ဝယ်ယူခဲ့ရသော
သူတို့ကို ဘယ်သောအခါမျှ စွန့်ပစ်၍မထားပါ။(လု ၂၂း၃၁၊၃၂)။ ထိုသခင်အား မေ့ပျောက် ကာ
စုံစမ်းနှောင့်ယှက်ခြင်း၌ စုံးစုံးမြုပ်သွားလျှင် မြုပ်သွားပေမည်။ သို့သော်လည်း
သခက်ခရစ်တော်သည် မိမိ၏အသက်နှင့် ရွေးယူခဲ့ရသော အဘယ်သူကိုမဆို ဘယ်သောအခါမျှ
ကျောခိုင်းမသွားရက်နိုင်ပါ။ အကယ်၍သာ ကျွန်ုပ်တို့၏ဝိညာဉ်
ရေးဆိုင်ရာမျက်လုံးများသည် အရူပအရာများကို မြင်တွေ့နိုင်သည်ဆိုအံ့။ အပြစ်၏
ဖိစီးညှဉ်းပမ်းမှုအောက်ဝယ် ပြားပြားဝပ်နေရသော အသက်ဝိညာဉ်များ၊ ပူဆွေးဝမ်း
နည်းမှုနှင့် လေးလံနေသောသူများ၊ စိတ်အားကျဆင်းသဖြင့် သေဖို့ကို လိုလားနေ
ကြသူများအား ကျွန်ုပ်တို့မြင်တွေ့နိုင်ပါ၏။
ထိုစုံစမ်းနှောင့်ယှက်ခြင်းခံရသူတို့အား ကူညီ မစရန် ကောင်းကင်တမန် တို့သည်
အလျင်အမြန် ပျံသန်းလာသည်ကိုလည်းကောင်း၊ ရန်သူအင်အားကြီးကို
တွန်းလှန်တိုက်ခိုက်ပေးနေသည်ကိုလည်းကောင်း တွေ့မြင်ရ ပေမည်။ ဤအရူပ
တပ်မဟာနှစ်ဖက်သည် တစ်ခုနှင့်တစ်ခုစပ်ကြား တိုက်ခိုက်နေ သည်မှာ အမှန်တကယ်ပင်ဖြစ်၏။
ထိုဝိညာဉ်ရေးဆိုင်ရာ တိုက်လှန်ပွဲကြီး၏ ထုတ် ပြန်ချက် မှတ်တမ်းအပေါ်အခြေပြု၍
ကျွန်ုပ်တို့၏ ထာ၀ရခရီးလမ်းဆုံးကို သိမှတ်ရသည် မဟုတ်ပါလား။
ထာ၀ရဘုရားသခင်၏ စေတမန်တို့သည် ဘုရားသခင်၏အမှုတော်မှာ
မိမိတို့ အပေါ်၌သာ လုံး၀မှီခိုနေသည်ဟု မထင်မှတ်စေနှင့်။ ငိုက်မျဉ်းအိပ်ပျော်ခြင်း
မရှိသော ထိုသခင်သည် မိမိ၏အမှုတော်ကို ဦးဆောင်သွားပါလိမ့်မည်။ ထိုသခင်သည် လူ
ဆိုးသွမ်းတို့၏ ရည်မှန်းချက်များကို ဖျက်ဆီးလိမ့်မည်။ မိမိ၏ အပေါင်းအသင်းဝင်
လူတို့အား ဆန့်ကျင်ပြစ်မှားရန် လုပ်ဆောင်တွေးခေါ်မှုအားလုံးကိုလည်း ရှုပ်ထွေးစေ
တော်မူမည်။ ခေရုဗိမ် ကောင်းကင်တမန်နှစ်ပါးကြားမှာ စိုးစံတော်မူသော ရှင်ဘုရားနှင့်
ဗိုလ်ခြေတို့၏ဘုရားသခင်သည် တိုင်းနိုင်ငံတို့၏ ဗရုတ်သုတ်ခကားဖြစ်ခြင်းနှင့် ခိုက်ရန်
ဖြစ်ခြင်းတို့အလယ်မှာရှိနေသော မိမိ၏ သားစစ်သမီးမှန်တို့အား ကာကွယ် ပေးနေဆဲ
ဖြစ်ပါသည်။ ထာ၀ရဘုရားသခင်၏ အမျက်တော်လေးမြားသည် ကိုယ်တော်၏ ရန်သူများတို့၏
နှလုံးသားအိမ်များကို ခွင်းသောအခါများဝယ်၊ ထာ၀ရဘုရားသခင်၏ လူတို့သည်
သခင်ကြီး၏လက်ရုံးတော်၌ လုံခြုံစွာ နေရသော အခွင့်ရှိပါလိမ့်မည် ဖြစ်သတည်း။
No comments:
Post a Comment