အခန်း (၁၂)
ယုံကြည်ခြင်းပျောက်၍
ပျာပျာသလဲ ဖြစ်နေသော ပုရောဖက်
ဤအခန်းကြီးသည်(ဓမ္မရာဇဝင်တတိယ
၁၈း၄၁၊၄၆၊ ၁၉း၁၊၈) အခြေခံထား သည်။
ဗာလဘုရား ပုရောဖက်များကို ကွပ်မျက်နိုင်ခဲ့သည်နှင့်အမျှ
ကြီးစွာသော ဝိညာဉ်ရေးပြုပြင်ပြောင်းလဲရေးဆီသို့ ဦးတည်းလာပါသည်။ ကောင်းကင်ဘုံ၏ တရား
စီရင်ခြင်အမှုသည် လုပ်ဆောင်၍ပြီးစီးပြီးဖြစ်၏။ လူတို့သည်လည်း မိမိတို့၏အပြစ်
များကိုဝန်ခံ၍ ဘိုးဘေးတို့ကိုးကွယ်သောဘုရားကို အသိအမှတ်ပြုလာကြပါသည်။ ယခုတွင်
အကျိန်မှလွတ်မြောက်၍ ပြည်တော်သည်လည်း မိုးရေနှင့် တစ်ဖန်ပြန်
လည်လန်းဆန်းလာပါတော့မည်။ ဤသည်ကို ယုံကြည်သောဧလိယက ]မင်းကြီးသည် စားသောက်ခြင်းငှါ
တက်သွားပါလော့။ များစွာသော မိုးရွာမည့်အသံရှိသည်ဟု အာဟပ် အားပြောဆို၏။} ထို့နောက် ပုရောဖက်သည်ဆုတောင်းရန် တောင်ထွတ်ပေါ်သို့ တက်
ရောက်ခဲ့ပါသည်။
ကောင်းကင်မှာ မိုးတိမ်မတွေ့ပါ။ မိုးချုန်းသံလည်းမကြားရပါ။
တစ်နေ့လုံးမှာ ပုရောဖက်သည် ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ယုံကြည်စိတ်ချ
ထားရန် ကြုံတွေ့ခဲ့ရလေပြီမဟုတ်လော။ ယခုလည်း ကြိုတင်ပြောထားသော ကောင်းချီး
မင်္ဂလာများသည် ကောင်းကင်ဘုံမှပေးလိမ့်မည်ကို သူသိ၏။ ပြည်တော်ကို မိုးခေါင်စေ သော
ဘုရားသခင်သည် နောင်တရ၍ အမှန်အတိုင်းလုပ်ဆောင်လာသော ပြည်သား တို့၏ အကျိုးအလို့ငှါ
မိုးရွာစေမည်ဟူသော ကတိတော်ကိုပေးထားခဲ့လေပြီ။ ဧလိယ သည်
စိတ်နှလုံးနှိမ့်ချသောသဘောကို ဆောင်ကာ နောင်တရ၍ နှလုံးသားကြေကွဲသော ဣသရေလလူတို့၏
ကိုယ်စားထာ၀ရဘုရားသခင်ထံကြားဝင် ဆုတောင်းပေးခဲ့ပါသည်။
သူသည် ထပ်ခါတလဲလဲ မိမိ၏ကျွန်အား မြေထဲပင်လယ်ရှိရာဘက်ကို
လှမ်းကြည့်စေခဲ့ပါသည်။ မိမိ၏ဆုတောင်းသံကို ထာ၀ရဘုရားသခင်သည် နားညောင်း သဖြင့်
မျက်မြင်သက်သေရပြီလောဟု သိလို၍ဖြစ်၏။ မိမိ၏ကျွန်သည်လည်း ]ဘာမျှမတွေ့ရပါ} ဟူသော အဖြေကိုသာပြန်ပေးနေပါသည်။ ပုရောဖက်ကြီးသည်
ယုံကြည်ခြင်းမပျက်သွားပါ။ ဆက်၍သာ ထာ၀ရဘုရားသခင်ထံ တောင်းဆုပြု၏။ ကျွန်သည်လည်း
ခြောက်ကြိမ်မြောက်အောင် ကြေးဝါကဲ့သို့ တင်းမာသော ကောင်း ကင်ပြင်မှာ
မိုးရွာမည့်လက္ခဏာ တစ်ိုးတစိမျှမတွေ့ရကြောင်းသတင်းပါးခဲ့ပါသည်။ ဧလိယသည်သံသယမရှိ၊
နောက်တစ်ကြိမ် ကျွန်အား လွှတ်ကာကြည့်စေ၏။ ဤ တစ်ကြိမ်မှာတော့ ကျွန်ဂေဟာဇိသည်
]လူလက်နှင့်တူသော မိုးတိမ်ငယ်တစ်ခုသည် ပင်လယ်ထဲက တက်ပါ၏} ဟုပြောဆိုလိုက်ပါသည်။
ဤမျှဆိုလျှင် လုံလောက်ပေပြီ။ ထိုမိုးတိမ်ငယ်အားဖြင့်
မိုးသည်းထန်စွာ ရွာပေတော့မည်ဟူသည်ကို ဧလိယသည် ယုံကြည်ခြင်းမျက်စိနှင့်မြင်ပါပြီ။
သူသည် ယုံကြည်သည်နှင့်အညီ မိမိ၏ကျန်ဂေဟာဇိကို အာဟပ်မင်းထံသို့အလျင်အမြန် စေ လွှတ်၍
ပြောစေသည်မှာ ]မိုးရွာ၍ ဆီးတားမည်ကို စိုးရိမ်စရာရှိသောကြောင့် မင်းကြီး သည်
မြင်းရထားကိုပြင်ဆင်၍ ပြန်သွားပါလော့။}ဤအခန်းသည် (၃ရာ
၁၈း၄၁-၄၆။ ၁၉း၁-၈) ကို အခြေခံသည်။
ဧလိယသည် ယုံကြည်ခြင်းကြီးမားသူဖြစ်သောကြောင့် ဘုရားသခင်သည်
သူ့အားအသုံးပြုနိုင်ခဲ့ပါသည်။ ယုံကြည်ခြင်းကြောင့် ကောင်းကင်မှကတိတော်များကို
စွဲကိုင်ကာ လုံ့လထုတ်၍ ဆုတောင်းခဲ့သည်မဟုတ်လော။ ထာ၀ရဘုရားသခင်အထံ တော်မှ လုံး၀ဥဿုံ
အထောက်အထားရဖို့ကို သူမစောင့်ဆိုင်း။ ဘုရားသခင်အထံတော်မှ အနည်းငယ်မျှ
မျက်နှာရလျှင် သူ့အဖို့လုံလောက်ပြီ။ သခင့်အားကိုးနှင့် သခင့် အလိုတော်ကိုဝန်ခံကာ
သခင့်အတွက် အမှုတော်ထမ်းရွက်မည်ဟူသော ဆန္ဒသည် သူ၌ရှိပါ၏။
ဘုရားသခင်၏ညွှန်ကြားမှုအောက်မှာ အမှုတော်မြတ်ကို လုပ်ဆောင် ခဲ့နိုင်သဖြင့်လည်း
လုပ်ဆောင်လေသမျှ ဘုရားသခင်၏အလိုတော်အတိုင်း အတာပဲ ဟူ၍ သူမှတ်ယူ၏။ ]ဧလိယသည်
ငါတို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူ ဖြစ်သော်လည်း မိုးမရွာမည်အကြောင်း
အထူးသဖြင့် ဆုတောင်းသောအခါ သုံးနှစ်နှင့် ခြောက်လပတ်လုံးမြေပေါ်သို့မိုးမရွာဘဲ
နေ၏။} (ယာကုပ် ၅း၁၇)။
ထိုကဲ့သို့သော
ယုံကြည်ခြင်းမျိုး ယနေ့မှာ လိုအပ်နေ၏။ ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက်စကား
ကတိတော်မြတ်တွေကို အခြေခံထားမြတ်နိုးသော ယုံကြည် ခြင်းမျိုး၊ မှောင်မိုက်တန်ခိုး
လက်နက်စုံအပေါင်းကို ဘုရားသခင်အထံတော်မှ တစ်ထောင်သော သဘာ၀လွန်အင်အားစုဖြင့်
ရင်ဆိုင်မည်ဟူသော ယုံကြည်ခြင်း မျိုးဖြစ်ပါသည်။ ယုံကြည်ခြင်းအားဖြင့်သာလျှင်
ဘုရားသခင်၏ သားသမီးတို့သည် ]အခြားသော တိုင်းနိုင်ငံကိုအောင်ခြင်း၊
တရားသဖြင့်စီရင်ခြင်း၊ ကတိတော်ကို ဝင်စားခြင်း၊ အနာမှထမြောက်၍ကျန်းမာခြင်း၊
စစ်တိုက်သောအခါ ခွန်အားနှင့် ပြည့် စုံခြင်း၊ တစ်ပါးအမျိုးသားတို့၏ တပ်များကို
ဖျက်ဆီးခြင်းအမှုများကို ပြုကြပြီ} မဟုတ် လော။
(ဟေဗြဲ ၁၁း၃၃၊၃၄)။
ယုံကြည်ခြင်းသည် မရှိမဖြစ်လိုအပ်သည့်
အောင်မြင်သောဆုတောင်းမှု ပြု သူ၏ အင်အားစုတစ်ခုဖြစ်ပါသည်။ ]ဘုရားသခင်အထံတော်သို့
ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကို ရှာသောသူအား
အကျိုး ပေးတော်မူသည်ကိုလည်းကောင်း၊ ယုံကြည်ရမည်။} (ဟေဗြဲ ၁၁း၆)။
(၁ယော ၅း ၁၄၊ ၁၅)။သို့ဖြစ်၍ ဧလိယ၏ ဇွဲလုံ့လမျိုး ကျွန်ုပ်တို့မှာရှိ၍
ကျွန်ုပ်တို့၏ တောင်းလျှောက်လို သည်များကို ကောင်းကင်ဘုံအဘ
ဘုရားသခင်ထံဆုတောင်းရာ၏။ သို့ပြုလျှင် ထိုဘုရား သခင်၏ပလ္လင်တော်မှ
ဂုဏ်ကျေးဇူးတော်အပေါင်းတို့သည် ထိုဘုရားသခင် ၏နှုတ် တော်ထွက်စကား တော်ကတိပေးချက်များကို
ပန္နက်ရိုက် မြဲမြံစေပါလိမ့်မည်။
အချိန်အားဖြင့် ညဉ့်ဦးပိုင်းဖြစ်ပြီမ်ို့
ကရမေလတောင်ပတ်လည်ကို မှောင်ရိပ် လွှမ်းမိုးပေတော့မည်။ အာဟပ်မင်းသည် နေပြည်တော်သို့
အပြန်ခရီးကို ပြင်ဆင်နေ ပါသည်။ ]မကြာမမြင့်မီ မိုးကောင်းကင်သည်
မိုးသက်မုန်တိုင်းနှင့်မည်း၍ ပြင်းစွာ မိုးရွာ၏။ အာဟပ်သည် ရထားစီး၍ ယေဇဗေလမြို့သို့သွား၏။} အာဟပ်သည် နေပြည် တော်သို့ဦးတည်၍ ခရီးပြင်းနှင်ရာတွင်
မိုးမှောင်ကျသောကြောင့် မိမိရှေ့မှာ ဘာရှိ သည်ကို မမြင်ရပါချေ။
ထိုနေ့ရက်မျာဧလိယသည် ရှင်ဘုရင်အား တိုင်းသူပြည် သားရှေ့မှာ
အရှက်ခွဲခဲ့သည်မဟုတ်လော။ သူ၏နတ်ဘုရားစိတ်ပြင်းထန်သော ပုရော ဖက်များကိုလည်း ကွပ်မျက်ခဲ့ပါသည်။
သို့သော်လည်း ဧလိယသည် အာဟပ်အား ဣသရေလရှင်ဘုရင်ဟု အသိအမှတ်ပြုနေဆဲဖြစ်ပါသည်။
ယခုမှာလို မိုးမှောင်ကြီး ကျ၍ ခရီးလမ်းကို မရှင်းမလင်းဝိုးတဝါးသာ
တွေ့မြင်နေရချိန်မှာ ဧလိယသည် ရှင်ဘုရင်၏မြင်းရထားရှေ့မှာပြေး၍ ဘုရင်အား
မြို့တော်ဆီသို့ လမ်းပြပို့ဆောင် ခဲ့ခြင်းဖြင့် အရိုအသေပေးမှုတစ်ခုကိုပြုခဲ့ပါ၏။
ဆိုးသွမ်းယုတ်မာလှသော ရှင်ဘုရင်တစ်ပါးကို
ချစ်ခင်မြတ်နိုးဖွယ် လုပ်ရပ်မျိုး ပြနိုင်သော ဧလိယကို ဘုရားသခင်၏
အစေခံအမှုတော်ဆောင်များ ဟု မိမိတို့ကိုယ်ကို ကြွေးကြော်နေသောသူတို့သည်
အတုယူဖို့ဖြစ်ပါသည်။ သင်ခန်းစာယူရပေမည်။ အစေခံအလုပ်တွေပဲဟူ၍သဘောထားကာ အလုပ်ကို
လုပ်ဆောင်ရန်ဖင့်နွှဲ နေကြ သူများ တချို့ရှိပါသည်။ အဲ့ဒီလို အလုပ်တွေကို အဲဒီလို
လူမျိုးတွေကပဲလုပ်ပလေ့စေ။ ငါတို့နှင့်မဆိုင်ဟု သဘောထားရှိသူများသတိပြု
အပ်သည်မဟုတ်လော။ ဧလိယသည် မိမိ၏ ယဇ်ပလ္လင်ပေါ်သို့ ကောင်းကင်မှ မီးကျ၍
ယဇ်ကောင်အစရှိသည်တို့ကို အကုန်အစင် လောင်ကျွမ်းစေခြင်းအားဖြင့်သော်လည်းကောင်း၊
သုံးနှစ်ခွဲမိုးခေါင်ခဲ့ရာမှ သူဆုတောင်းသဖြင့် မိုးရွာစေခြင်းဖြင့်သော်လည်းကောင်း
ထာ၀ရဘုရားသခင်သည် သူ့အားအထူးသဖြင့် ဂုဏ်ပြုခဲ့လေပြီ။ သို့သော်လည်း သူသည်
လူ့ပရိသတ်များစွာတို့ ရှေ့မှောက်မှာ ထာ၀ရဘုရားသခင်၏ဂုဏ်ပြုခြင်းကို
ခံယူခဲ့ပြီးသည်နောက် ယခုလို အချိန်မှာ အစေခံကျွန် အလုပ်ကိုလုပ်ဆောင်ရန်
ဆန္ဒရှိနေပါသည်တကား။
ယေဇဗေလသည်
ဧလိယကိုသတ်မည်ဟု ခြိမ်းခြောက်ခြင်း
ယေဇရေလမြို့ဂိတ်တံခါး၀မှာ အာဟပ်နှင့် ဧလိယတို့
ခွဲခွါခဲ့ကြသည်။ ပုရောဖက်ကား မြို့ရိုးအပြင်မှာသာနေရန် ရွေးချယ်လိုက်၏။ ထိုညမှာ
မိမိ၏စိုရွဲသော ဝတ်ရုံကိုရေညှစ်၍ မြေပေါ်မှာ အိပ်ရန်ဟန်ပြင်လိုက်သည်။
ရှင်ဘုရင်မှာကား နန်းတော် ရောက်၍ ဖြစ်ပျက်ခဲ့လေသမျှအလုံးစုံကို မိမိ၏ကြင်ရာတော်
မိဖုရားအားလျှောက် လိုက်၏။ အာဟပ်သည် ဗလနတ်ဘုရား၏ ပုရောဖက်အားလုံကို ဧလိယကွပ်မျက်
လိုက်ပြီဟူသော သတင်းဆိုးကို ယေဇဗေလအားပြန်လည်ကြားလျှောက်သောအခါ ယေဇဗေလသည်
စိတ်သဘောခိုင်မာလာကာ နောင်တရ၍ ကြေကွဲဝမ်းနည်းနေရ မည့်အစား
အမျက်ဒေါသခြောင်းခြောင်းထွက်၏။ ထာ၀ရဘုရားသခင်၏ အလုံးစုံကို
အစိုးပိုင်သောအခွင့်ကိုလည်း သူမသည် အသိအမှတ်ပြုရန်ငြင်းပယ်၏။ ထာ၀ရဘုရား သခင်ကို
လုံး၀ ဖီဆန်လိုသောသဘောနှင့် ဧလိယသေရမည်ဟု ရဲတင်းစွာ ကြေညာ လိုက်လေသည်။
ထိုညမှာ နန်းတော်မှစေလွှတ်သော စေတမန်တစ်ဦးက ပင်ပန်းနွမ်းနယ်
နေသော ပုရောဖက်ဧလိယထံ လာရောက်ခေါ်နှိုး၍ ယေဇဗေလ၏စကားကို ပြန် ပြောပြသည်မှာ
]ယေဇဗေလက နက်ဖြန်နေ့ယခုအချိန်ရောက်မှ သင့်အသက်သည် ထိုပုရောဖက်တို့၏
အသက်ကဲ့သို့ငါမဖြစ်စေလျှင် ဘုရားသခင်တို့သည် ငါ၌ ထိုမျှမက ပြုပါစေသော်။}
ဧလိယသည် ထိုနေ့မှာပင် မဆုတ်မနစ်၊ ကြောက်ရွံ့ခြင်းကင်းသော
အာဇာနည် သူရဲကောင်းစိတ်ဓါတ်ကို အောင်နိုင်သူအဖြစ် ရှင်ဘုရင်နှင့် တိုင်းသူ
ပြည်သားမက ဗာလပုရောဖက်များတို့ အပေါ်စီးမှနေခဲ့သည်မို့ သူသည် နောင်တွင်
ဘယ်သောအခါမျှ စိတ်ဓါတ်ကျခြင်း၊ ကြောက်ရွံ့ခြင်း ရှိလိမ့်မည်မဟုတ်တော့ဟု
ထင်မှတ်နိုင်စရာ အကြောင်းရှိသော်လည်း ယခုလိုအရိပ်မည်း ကြီးလွှမ်းမိုးသည့်
အချိန်နာရီမှာ သူ၏ ယုံကြည်ခြင်းနှင့် ရဲ့ဝံ့ခြင်းတို့သည် သူ့ကိုပစ်ထားခဲ့လေပြီ။
ထိုသတင်းကို ကြားရသည် နှင့် ဧလိယသည်မအိပ်နိုင်တော့ပြီ။ မိုးကလည်း
သည်းထန်စွာရွာချနေသေ၏။ ပတ် ပတ်လည်မှာ မှောင်မည်းလျက်ရှိသည်။
လွန်ခဲ့သည့်သုံးနှစ်ခွဲကာလကို သူမေ့သွား ခဲ့လေပြီ။ ထာ၀ရဘုရားသခင်၏
လုံခြုံမှုပေးနိုင်သော ညွှန်ကြားချက်များ ကိုလည်း သတိမရတော့ပါ။ ယခုတော့်
ပုရောဖက်ကြီးသည် ကြောက်လန့်စွာဖြင့် မိမိ၏အသက် လွတ်ရန်အတွက်
ရှောင်ပြေးလေတော့သတည်း။
ဧလိယ၏
ယုံကြည်ခြင်းကင်းမဲ့မှု
တကယ်တော့ ယခုလိုအချိန်အခါမျိုးမှာ ဧလိယမရှောင်ပြေးအပ်ပါချေ။
သူ သည် သူ့ကိုခိုင်းစေသော ဘုရားသခင်ထံကာကွယ်မှုကို တောင်းခံ၍ယေဇဗေလ၏
ခြိမ်းခြောက်မှုကို ရင်ဆိုင်အပ်ပါသည်။ သူ့ထံသို့ စေလွှတ်လိုက်သော တမန်ကို
သူပြောသင့်သည်မှာ ငါကိုးကွယ်သောဘုရားသခင်သည် ငါ့အား ထိုမိဖုရား၏
မုန်းတီးလုပ်ကြံမှုမှ ကာကွယ်တော်မူမည်။ အကယ်၍သာ ဧလိယသည် ထာ၀ရဘုရား သခင်ကို
မိမိ၏ခိုလှုံရာ စွမ်းအားတန်ခိုးရှင်အဖြစ်ထားရှိပါမူ သူသည် ဘေးဥပဒ်အ ပေါင်းမှ
အကာအကွယ်ကိုရရှိကာ ထာ၀ရဘုရားသခင်သည် ယေဇဗေလကိုတရားစီရင် ဆုံးဖြတ်တော်မူ၍
ရှင်ဘုရင်နှင့် တိုင်းသူပြည်သားလူ့အပေါင်းတို့သည်လည်း ကြီး
မားသောနိုးကြားခြင်းဖြင့် ဘာသာကိုးကွယ်မှုတွင် ပြန်လည်ပြုပြင် ပြောင်းလဲလာနိုင်စရာ
အကြောင်းရှိပေသည်။
ဧလိယသည် ကရမေလတောင်ပေါ်မှာ ဖြစ်ပျက်ခဲ့သော နိမိတ်လက္ခဏာကြီး
၏ နောက်ပိုင်းမှာ ယေဇဗေလမိဖုရားသည် အာဟပ်အပေါ် ဩဇာမလွှမ်းမိုးနိုင်တော့ရကား
ဣသရေလပြည်တစ်လျှောက်လုံးမှာ လျင်မြန်သော အရှိန်အဟုန်ဖြင့် ဘာသာ
ရေးပြောင်းလဲမှုကြီး ဖြစ်ပေါ်လာမည်ဟု မျှော်လင့်မိခဲ့ပါသည်။ ထိုတစ်နေ့လုံးမှာ
ဧလိယသည် ဘာကိုမျှ မစားသောက်ခဲ့ရသည့်အပြင် ပင်ပန်းစွာ အမှုထမ်းခဲ့ရသည်။ ထို့အပြင်
အာဟပ်ကိုလည်း မြို့တော်ယေဇရေလ ဂိတ်၀တိုင်အောင် လမ်းပြရှေ့ ဆောင်ခဲ့သည်။
သူ၏ရဲဝံ့စွန့်စားခြင်းမှာ အံ့ဩဖွယ်ဖြစ်သည်မဟုတ်လော။ ခန္ဓာကိုယ် နာကျင်ပါသော်လည်း
ဂရုမစိုက်ခဲ့ချေ။ သူသည် ယုံကြည်ခြင်းမြင့်မား၍ ဘုန်းကြီးသော အောင်မြင်မှုကို
ရရှိခဲ့ပါသော်လည်း သူစိုးရိမ်စရာတစ်ခုရှိသည်။ မိမိစတင်ခဲ့သော
ဘာသာရေးပြုပြင်ပြောင်းလဲမှုကြီးမှာ အဒွန့်ရှည်နိုင်ပါမည်လော။ ဤကဲ့သို့စိတ်ဓါတ်
ကျဆင်းနေချိန် မှာ ယေဇဗေလမိဖုရား၏ ခြိမ်းခြောက်မှုကို ကြားယောင်နေသဖြင့်
လည်းကောင်း စာတန်သည်လွယ်လွယ်ကူကူနှင့် အောင်မြင်နေဆဲဖြစ်သောကြောင့် လည်းကောင်း
ထိုပုရောဖက်ကြီးသည် ထာ၀ရဘုရားသခင်ကို အားကိုးဖို့ရန် လမ်းစ ပျောက်သွားခဲ့ရလေသည်။
ဧလိယသည် ထာ၀ရဘုရားသခင်ကိုမေ့ထားခဲ့၍ ပြေးရှောင်နေသည်မှာ
နောက်ဆုံး လူသူမရှိခြောက်ကပ်ကပ်နိုင်လှသော လွင်တီးခေါင်ပြင်အရပ်မှာ တစ် ယောက်တည်း
မိမိကိုယ်ကိုတွေ့ရလေ၏။ နောက်ဆုံးတွင် လုံး၀ ဥဿုံမောပမ်းနွမ်းနယ် နေသော
ပုရောဖက်ကြီးသည် ဂျူနစ်ဖာဆေးပင်တစ်ပင်အောက်မှာ အနားယူရန် ထိုင်လိုက်သည်။
ပြီးတော့မိမိသေလိုကြောင်း ပန်ကြား တောင်းလျှောက်ခဲ့ပါသည်။ ]အိုထာ၀ရဘုရားသခင်၊
ယခုတန်ပါ၏။ အကျွန်ုပ်အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည်
ဘိုးဘေးတို့ထက်သာ၍မကောင်းပါ။} ထိုပုရောဖက်ကြီး၏
စိတ်ဓါတ် သည် ခါးသီးပြင်းထန်သောဆင်းရဲမှု အစုံဖြင့်ကြေမွလျက်ရှိနေပါသည်။
လူ့မျက်နှာ ကိုလည်း နောက်တစ်ဖန် ဘယ်သော အခါမျှမြင်တွေ့လိုစိတ်မရှိတော့ပြီ။
ဤသို့လျှင် စိတ်ချရင်းနှင့် နောက်ဆုံးမှာ မောပန်းလွန်းသဖြင့် အိပ်မောကျ
သွားလေတော့သည်။
ဤသို့ အကြီးအကျယ်စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း
တို့သည် ကျွန်ုပ်တို့အပေါင်း၌ ဖြစ်ပေါ်ပေသည်။ ထာ၀ရဘုရားသခင်သည် အကြင်နာသနားခြင်း
ကရုဏာစိတ်သော်မျှ ရှိပါစေဟုအောက်မေ့မိသော အချိန်များလည်းရှိနိုင်ပါသည်။
ထိုကဲ့သို့ဆင်းရဲဒုက္ခများစွာကို ထပ်တလဲလဲတွေ့ကြုံနေရသောအခါ သေသော်မှ ကောင်းသေး၏ဟု
သေခြင်းကို တောင့်တမိသော အချိန်မျိုးလည်းရှိတတ်ပေသည်။ ထိုကဲ့သို့
ထာ၀ရဘုရားသခင်ကိုမယုံကြည်၊ သံသရာ၏ ကျေးကျွန်ဖြစ်လာရခြင်းမှာ ဘုရားသခင်ကို
မျက်ခြည်ပြတ်သွားသောကြောင့်ဖြစ်ပါသည်။ အကယ်၍သာ ကျွန်ုပ်တို့ သည်
ထိုအချိန်အခါမျိုးမှာ ထာ၀ရဘုရားသခင်၏စီမံရာများကို ဆင်ခြင်မိပါက ကျွန်ုပ်တို့ကို
ကောင်းကင်တမန်တို့သည် ကူမရန်ရှာကြံနေကြောင်း၊ အခြေခံခိုင်မာသော အုတ်မြစ်ပေါ်မှာ
ကျွန်ုပ်တို့၏ခြေများကို ရပ်တည်ပေးရန်ကြိုးစားနေကြောင်း၊ လူသစ်၊ ဘ၀သစ်၊
ယုံကြည်ခြင်း အသစ်နှင့် ပြန်လည် လန်းဆန်းစေမည်ဖြစ်ကြောင်း သိမြင် ရပေမည်။
သစ္စာရှိသော ဘုရားကျွန်ယောဘသည် မိမိ၏ဆင်းရဲဒုက္ခဝေဒနာ ခံရစဉ်
အမှောင်မိုက်ဆုံးအချိန်၌ ဤသို့လျှင်ပြောကြားခဲ့ပါသည်။
ငါဖွားသော နေ့ရက် သည် ပျက်စီးပါစေ။ ငါတောင်းသော
အရာကိုရပါစေ။ - - ငါသည် - - - - သေရသောအခွင့်ကိုသာ၍ တောင့်တပါ၏။(ယောဘ ၃း၃။ ၆း၈။
၇း၁၅၊ ၁၆)။
သို့သော်လည်း အသက်ကို ငြီးငွေ့လှသည့် တိုင်အောင် ယောဘသည်
သေဖို့ ရန်အခွင့်ကို မရရှိခဲ့ပါချေ။ သူ့အားမျှော်လင့်ခြင်းသတင်းစကားကို
ပေးခဲ့ပါ၏။သင်သည် ခံပြီးသော ဒုက္ခဆင်းရဲကို မေ့လျော့လိမ့်မည်။ လွန်သွားပြီးသော
ရေများကဲ့သို့ အောက် မေ့လိမ့်မည်။ သင်၏အသက်သည်
မွန်းတည့်အရောင်ထက်ထွန်းလင်းလိမ့်မည်။ ယခု မှောင်မိုက်သော်လည်း
နံနက်ကဲ့သို့ လင်းလိမ့်မည်။ (ယောဘ ၁၁း၁၆၊ ၁၇)။
ယောဘသည်
စိတ်ဓါတ်ကျဆင်းစရာ ဝမ်းနည်းခြင်းတွင်းနက်ထဲမှသည်
ထာ၀ရဘုရား သခင်၌ အမြင့်ဆုံးအဆင့်သို့တိုင် ယုံကြည်ကိုးစားဖို့ရန်
ထမြောက်ခဲ့ပါသည်။ သူသည် အောင်မြင်သော လေသံဖြင့် ကြွေးကြော်ခဲ့သည်မှာ-]ငါကို
ရွေးနုတ်သောသခင်သည် အသက်ရှင်၍ နောင်ကာလ မြေမှုန့်အပေါ်မှာပေါ်လာတော်မူမည်။
ငါ့အရေကုန်ပြီးမှ ဤကိုယ်ပင်ဖျက်ဆီးသော်လည်း ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကို
မြင်မည်ကို ငါသိ၏။} (ယောဘ ၁၃း၁၅၊ ၁၆၊ ၁၉း၂၅၊
၂၆)။
ယောဘသည်
မိမိ၏ဖန်ဆင်းရှင်ကိုတွေ့မြင်မိသောအခါ သူသည် မိမိကိုယ်ကိုရွံရှာ လာ၏။ (ယောဘ ၃၈း၁)။
မြေမှုန့်နှင့် ပြာပုံပေါ်၌ လူးလှိမ့်ကာ နောင်တရကြောင်း ဖော်ပြခဲ့ပါသည်။ ထိုနောက်
ထာ၀ရဘုရားသခင်သည် သူ့အားကောင်းချီးပေး၍ သူ၏ နောက်ပိုင်းနှစ်များကို အကောင်းဆုံးသော
ဘက်စုံကျန်မာရေးနှင့် ဖြည့်စည်းပေးခဲ့ ပါသည်။ စိတ်ဓါတ် ကျဆင်းခြင်းသည် အပြစ်ဖြစ်၍
ကျိုးကြောင်းမညီညွတ်ပါ။ ထာ၀ရ ဘုရားသခင်သည် မိမိ၏အစေခံတို့အား
လိုအပ်သမျှသောစွမ်းအင်ကို ပေးသနား တော်မူရန် အလွန်မှပင် အလိုတော်ရှိပါသည်။
သခင်၏အမှုတော်မြတ်ကို ဆန့်ကျင် တိုက်ဖျက်သော ရန်သူတို့၏ စီမံချက်များသည်
အခိုင်အမာတည်ဆောက်ထားပုံ ပေါ် သော်လည်း ထာ၀ရဘုရားသခင်သည်
ထိုအခိုင်အမာဆုံးသောအရာကို ဖယ်ရှား ချေ မှုန်နိုင်သည်ကို ယုံကြည်စိတ်ချထားပါ။
အကြောင်းမူကား စိတ်ဓာတ်ကျဆင်း နေသူ အတွက် သေချာပေါက် ကု သရန် ဆေးသည်အသင့်ရှိနေပါ၏။
ယုံကြည်ခြင်း၊ ဆုတောင်းခြင်းနှင့် အလိုတော် အတိုင်းလုပ်ဆောင်ခြင်းတို့သည်
သက်သာပျောက်ကင်း စေသော ဆေညွှန်းပင်ဖြစ်ပါသည်။ သင်သည် စိတ်ဓါတ်ကျဆင်း၊
ဝမ်းနည်းပူဆွေး သော ကရောက်စေခြင်းကို ခွင့်ပြုနေပါသလား။ သင်၌
အမှောင်ဆုံးနေ့ရက်များစု ခေါ်ဆိုရ လောက်အောင်ဖြစ်နေပါ သော်လည်း
မစိုးရိမ်မကြောက်ရွံ့ပါနှင့်။ သင်ဘာလို အပ်နေ သည်ကို ထာ၀ရဘုရားသခင်သိမြင်တော်မူ၏။
ကိုယ်တော်၏ အနှိုင်းမဲ့ချစ်ခြင်း မေတ္တာ နှင့်သနားခြင်း ကရုဏာတော်သည် ဘယ်သောအခါမျှ
မကုန်ခန်းသွားပါလေ။ သခင် ကိုချစ်သောသူတို့နှင့် ချုပ်ဆိုထားသော ကတိစာချုပ်ကို
ကိုယ်တော်သည် ဘယ်သော အခါမျှပြောင်းလဲပစ်မည် မဟုတ်ပါ။ သို့ဖြစ်၍ မိမိ၏
သစ္စာရှိအစေခံများသည် အကူ အညီလိုအပ်နေပြီ ဆိုလျှင် သခင်သည် လုံလောက်သောစွမ်းအားကို
ပေးပါလိမ့်မည်။ ဤကတိတော်နှင့် ပတ်သက်၍ ပေါလုက ဤသို့ သက်သေခံခဲ့ပါသည်။ ]ဘုရားသခင်
သည် ငါ့အားဤသို့ပြော၏။ ‘ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် လည်း အားနည်းခြင်းအဖြစ်၌
စုံလင်တတ်သည်။္လ သို့ဖြစ်၍
ခရစ်တော်ကြောင့် ခံရသော အားနည်းခြင်းတို့ကို ငါနှစ် သက်၏။ အကြောင်းမူကား
ငါသည်အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။} (၂ကော ၁၂း၉၊၁၀)။
ထာ၀ရဘုရားသခင်သည် ဧလိယစုံစမ်းသွေးဆောင်မှု၊
ဆင်းရဲဒုက္ခကိုခံနေရ စဉ် ပစ်ထားခဲ့ပါသလား။ အလျှင်းပစ်၍မထားပါ။ ဧလိယပုရောဖက်သည် ]
ဘုရားသခင် နှင့် လူငါ့ကိုပစ်ထားပါပြီလော} ဟူ၍
ခံစားနေရစဉ်မှာပင် ကိုယ်တော်သည် မိမိ၏ အစေခံကို အချစ်ပေါ့၍မသွားပါ။ ယခုမှာ
ညင်သာသော အတို့နှင့်ရွှင်လန်းသော အသံတော်သည် သူ့အားအိပ်ရာမှနိုးထစေပါပြီ။
အကြင်နာမျက်လုံးနှင့် သူ့အားငုံ့ကြည့်
နေသောသူသည်
ဧလိယ၏ရန်သူမဟုတ်ပါ။ မိတ်ဆွေတစ်ဦးဖြစ်ပါသည်။ ထာ၀ရ ဘုရားသခင်သည် ဧလိယထံသို့
ကောင်းကင်တမန်တစ်ပါးကို အစာနှင့်တကွ စေလွှတ် လိုက်လေပြီ။ ]ထိုအခါ ကောင်းကင်တမန်က
ထ၍စားလော့ဟု သူ့ကိုတို့လျက်ဆို၏။ ဧလိယသည် မျှော်ကြည့်သောအခါ မီးနှင့်ဖုတ်သော
မုန့်ပြားနှင့်ခေါင်းရင်း၌ ရေဘူး ရှိသည်ကိုမြင်၍
စားသောက်ပြီးမှတစ်ဖန်အိပ်ပျော်၏။}
ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်သည် ဒုတိယအကြိမ်လာ၍ မော
ဟိုက်နေသော ဧလိယကိုတို့လျက် ကြင်နာသနား၍ နူးညံ့သော အသံဖြင့် ]သွားရ မည့်ခရီးသည်
အလွန်ဝေးသောကြောင့် ထ၍ စားဦးလော့ဟုဆိုသည်အတိုင်း ဧလိယ သည်ထ၍ စားသောက်ပြန်၍။} ထိုအခါ အာဟာရကိုအမှီပြုလျက် ဧလိယသည် ]အရက်လေးဆယ်ခရီးသွား၍
ဘုရားသခင်နှင့်ဆိုင်သော ဟောရပ်တောင်သို့ ရောက် သဖြင့် ဥမင်ထဲသို့ဝင်၍} ခိုလှုံပုန်းအောင်းကာ နေလေတော့သည်။
No comments:
Post a Comment