အခန်း (၁၁)
ကရလေတောင်ပေါ်မှာ
ထာ၀ရဘုရားသခင်မှန်ကန်ကြောင်းသက်သေပြ
ဤအခန်းကြီးသည်(ဓမ္မရာဇဝင်တတိယ
၁၈း၁၉၊၄၀) အခြေခံထားသည်။
အာဟပ်မင်းရှေးမှာ ရပ်နေသောဧလိယက ]လူကို ယခုစေလွှတ်၍ ဣသရေလ
အမျိုးသားအပေါင်းတို့ကိုလည်းကောင်း၊ ဗာလပုရောဖက် လေးရာ့ငါးဆယ်ကိုလည်း ကောင်း၊
ယေဇဗေလစားပွဲ၌ စားသော အာရှရ ပုရောဖက်လေးရာကိုလည်းကောင်း၊ ကရမေလတောင်၊ ငါ့ထံသို့
စုဝေးစေလော့} ဟုအမိန့်ပေးလိုက်ပါသည်။
ထိုအခါ အာဟက်မင်းသည် ရှင်ဘုရင်ဖြစ်သော်လည်း ပုရောဖက်ကြီးကို
သက်ဦးဆံပိုင်ဘုရင်အလားမှတ်ကာ ချက်ချင်းပင် အမိန့်တော်ကို ဝန်ခံလိုက်ပါသည်။
ခြေမြန်လုလင်တို့သည်လည်း ထိုအမိန့်တော်ကို ယူဆောင်လျက် မြို့ရွာအသီးသီးဆီသို့
သတင်းပို့ရပါသည်။ လူထုကြီးသည်လည်း အုတ်အုတ်သဲသဲ ဖြစ်ကာချိန်းချက်ရာ
နေရာမှာစုဝေးဖို့ ပြင်ဆင်နေကြ၏။ ခရီးစဉ်တစ်လျှောက်စိတ်တဒိတ်ဒိတ်နှင့်။ ဘာ ကြောင့်
ကရမေလတောင်ပေါ်မှာ စုဝေးစေတာလဲ၊ နောက်ထပ်ဘာကပ်ဘေးများ ဆိုက် ရောက်လာဦးမှာလဲ။
မေးကြကုန်၏။
တစ်ချိန်တုန်းက ထိုတောင်တော်သည် လှပတင့်တယ်လှ၏။ စမ်းချောင်း
ရှိသဖြင့် တောင်ကမ်းပါးနေရာမှာ လှပပန်းကလေးတွေ ဝေဝေဆာဆာရှိခဲ့သည်။ ယခုမှာတော့
တောင်ကတုံးဖြစ်နေလေပြီ။ တောင်ပေါ်မှာ ဗာလဘုရားနှင့်အာရှရဘုရား မတို့၏
ယဇ်ပလ္လင်များလည်းရှိသည်။ သစ်ရွက်မရှိတော့သော တောအုပ်ကလေးမှာ ဖြစ်၏။
တောင်ထိပ်မှာတော့ ယေဟောဝါဘုရား၏ ပြိုပျက်နေသော ယဇ်ပလ္လင်ရှိ ပါသည်။
တောင်ရိုးသည် မြင့်သောကြောင့်
နိုင်ငံတော်အတွင်းဒေသအရပ်ရပ်ဆီမှ မျှော်ကြည့်လျှင်မြင်တွေ့နိုင်၏။
တောင်ခြေရင်းပတ်လည်မှာလည်း မြင့်သောတောင်ပူ စာကလေးများ ရှိပါသည်။ ဧလိယသည်
အဝေးမှကြည့်လျှင် အလွယ်တကူမြင်နိုင်သော ဤတောင်ကို ရွေးချယ်ရခြင်းမှာ
ထာ၀ရဘုရားသခင်၏ တန်ခိုးတော်နှင့်နာမတော်ကြီး မြတ်ကြောင်းကို သက်သေပြရန် ဖြစ်သည်။
ချိန်းချက်သော နေ့နံနက်စောစောတွင် ဣသရေလလူအလုံးအရင်းကြီးသည်
တောင်ထိပ်နှင့် အနီးဆုံးနေရာမှာ စုဝေး၍နေကြ၏။ ယေဇဗေလမိဖုရား၏ ပုရောဖက်များကား
အခမ်းအနားဖြင့် စနစ်တကျ ချီတက်လာကြသည်။ ရှင်ဘုရင်သည် မင်းမြောက်တန်ဆာငါးပါးနှင့်
ယဇ်ပုရောဟိတ်များကို ဦးဆောင်၍လာ၏။ ယဇ်နတ်ပူ ဇော်ပသကိုးကွယ်သူတို့ကား
ဘုရင်ကြီးသက်တော်ရှည်ပါစေဟု ချီးမြှောက်လျက်ကြိုဆိုကြလေသည်။ သို့သော်လည်း
ဗာလဘုရား၏ ယဇ်ပုရောဟိတ် တို့က ပြည်တော်သည် သုံးနှစ်လုံးလုံးမိုးရေနှင့်
နှင်းရည်မရသည်မှာ ထိုပုရောဖက်၏ စကားကြောင့် ဖြစ်သည်ကိုသတိရကြပါသည်။
လောလောလတ်လတ်မှာပင် ကြောက် စရာဖြစ်ရပ်တွေဟာ အနားမှာရှိနေပြီဆိုကြောင်းကိုလည်း
သတိပြုမိကြ၏။ သူတို့တွေ ယုံကြည်အားကိုးကြကုန်သော ဘုရားတို့သည် ပုရောဖက်ဧလိယအား
အတုအယောင် ဟု မခေါ်ဆိုဝံ့ပြီ။ သူတို့တတွေသံသယစိတ်နှင့်
တုန်လှုပ်လျက်ကြွေးကြော်နေကြသည်။ ဆုတောင်းကြ၏။ ရွံ့ရှာမုန်းဖွယ်ကောင်းသော
စရိတ်များနှင့် နတ်ဝတ်ကိုပြုနေကြသည်။ ဆက်ကပ်ပူဇော်သော ယဇ်ပစ္စည်းများမှာလည်း
တန်ဖိုးကြီးလှပေ၏။ သို့တိုင်အောင် လည်း သူတို့တတွေ ကိုးကွယ်ပသသောအရာတို့သည်
ဘာတစ်ခုမျှထူးခြားမှုကို မပြကြပါလေ။ ဤအခန်းသည် (၃ရာ ၁၈း၁၉-၄၀) ကို အခြေခံသည်။
ဤတွင် ဧလိယက ယေဟောဝါဘုရားသည်မှန်ကန်၍ ဂုဏ်ပြုထိုက်ကြောင်း
သက်သေပြရန် အာဟပ်မင်းနှင့် ဗာလဘုရားပုရောဖက်များရှေ့မှာ ဣသရေလလူတို့ ဝန်းရံလျက်
တစ်ဦးတည်းရပ်နေပါသည်။ တကယ်တော့ဧလိယသည် သက်ဦးဆံပိုင် ဘုရင်ရှေ့၊
ဗာလပုရောဖက်များရှေ့၊ စစ်ရည်၀သောသူရဲကောင်းများနှင့် ထောင် သောင်းမကသော
ဣသရေလလူတို့ရှေ့မှာ အကာအကွယ်မဲ့ရှိနေပုံမဟုတ်ပါလား။ သို့သော်လည်း
မမြင်တွေ့နိုင်သော သဘာ၀လွန်အင်အားစုနှင့် ကောင်းကင် တမန်များတို့သည်
သူ့အားဝန်းရံထားလျက်ရှိနေပါသည်။
ဧလိယသည် ဘုရားသခင်၏ အမိန့်တော်ကိုနာခံလျက် အမှုတော်ကို
ဆောင် ရွက်နေသည်ကို လုံး၀သတိပြုမိနေသဖြင့် ရှက်လည်းမရှက်၊ ကြောက်လည်းမကြောက် ပါ။
သူဘာပြောမည် ဆိုသည်ကိုသာ ပရိသတ်အပေါင်းတို့သည် နားစွင့်နေကြ၏။ ရှေးဦးစွာ
ပြိုပျက်နေသောယေဟောဝါဘုရား၏ ယဇ်ပလ္လင်ကိုကြည့်၍ ပရိသတ်တို့ ဘက်ကိုလှည့်ကာ
ကြီးသောအသံနှင့် ဤသို့ကြွေးကြော်လိုက်ပါ၏။ ]သင်တို့သည် ဘာသာနှစ်ပါးစပ်ကြားမှာ
အဘယ်မျှကာလပတ်လုံးယုံမှားသောစိတ်နှင့် နေကြလိမ့် မည်နည်း။ ထာ၀ရဘုရားသခင်သည်
ဘုရားသခင်မှန်လျှင် ထိုဘုရားသခင်ကို ဆည်း ကပ်ကြလော့။ ဗာလသည် ဘုရားမှန်လျှင်
ထိုဘုရားကိုဆည်းကပ်ကြလော့။}
မည်သူတစ်ဦးတစ်ယောက်မျှ
ဧလိယဘက်နေရန် သတ္တိမရှိခြင်း
လူများတို့သည် တိတ်ဆိတ်စွာနေကြ၏။ ထိုမျှလောက်ကြီးမားလှသော
ပရိ သတ်ထုထဲမှာ ယေဟောဝါဘုရားသခင်ဘက် ရပ်တည်မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပါ။
ဣသရေလတစ်မျိုးလုံးကို လှည့်ဖြားမှုကြီးက မှောင်မိုက်ချထားနေလေပြီ။
တစ်ကြိမ်တည်းနှင့်တော့ အာလုံးကို လွှမ်းခြုံခဲ့သည်မဟုတ်ပါ။ တဖြည်းဖြည်းနှင့် လည်
မျိုထက်မက မြင့်သောဦးခေါင်းကိုပါ နစ်စေသည်မှာ စာတန်၏ပရိယာယ် လုပ်ထုံး လုပ်နည်း
တစ်ရပ်ပင်ဖြစ်ပါသည်။ ကောင်းသောအရာကို မပြုလုပ်ခြင်း၊ နောင်တရ ဖို့ရန်ငြင်းပယ်ခြင်း
တစ်ခုစီကလူကိုကြာလျှင် အပြစ်တွင်းနက်စေသောကြောင့် ကောင်း ကင်ဘုံနှင့်
တဖြည်းဖြည်းချင်းဝေးလာရခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ ယခုလိုအခက်ကြုံနေ ရစဉ်မှာ
ထာ၀ရဘုရားသခင်ဘက်မှာ ရပ်တည်ဖို့ရန် ဖင့်နွှဲနေခြင်း၊ ငြင်းဆန်နေခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ အခက်ကြုံရာကာလမှာ ထူးခြားမှုမရှိဘဲနေခြင်းကို
ထာ၀ရဘုရား သခင်သည် စက်ဆုပ်ရွံရှာတော်မူ၏။ ယခုကို အကောင်းနှင့်အဆိုးစပ်ကြား
ကြီးမားသော ဆိုင်ပြိုင်တိုက်လှန်ပွဲကို မဖော်ပြနိုင်သော စိတ်ဝင်စားမှုကြီးဖြင့်
စင်္ကြ၀ဠာတစ်ခုလုံး ကစောင့်ကြည့်၍ နေကြပါသည်။ ထာ၀ရဘုရားသခင်၏
အပေါင်းအသင်းဝင်တို့အဖို့ ကောင်းကင်ဘုံဘုရားသခင်ကို သစ္စာစောင့်သိနေခြင်းထက်
ပိုမို၍ အရေးကြီးသည် များရှိပါမည်လော။ ခေတ်အဆက်ဆက်မှာ ဘုရားသခင်၏
အကျင့်မောင်မယ်သူရဲ ကောင်းများရှိခဲ့ပါသည်။ ယခုလည်းရှိနေပါ၏။ ယောသပ်၊ ဧလိယနှင့်
ဒံယေလတို့ကို လူမျိုးသည် သခင့်အတွက်မရှက်မကြောက်ဘဲ မိမိတို့ကိုယ်ကို ထိုသခင်၏
ထူးခြားသော လူမျိုးဟု အသိအမှတ်ခံယူခဲ့ကြပါသည်။ ထိုသို့သောလူမျိုး၌ ထာ၀ရဘုရားသခင်၏
အထူးကောင်းချီးမင်္ဂလာသည် သက်ရောက်တော်မူမည်။ ထိုသူတို့သည် မိမိတာဝန် ဝတ္တရား၌
တိမ်းယိမ်းခြင်းမရှိ၊ ]ထာ၀ရဘုရားသခင်ဘက်မှာ မည်သူနေမည်နည်း} (ထွက် ၃၂း၂၆) ဟူ၍ မေးလေ့ရှိသောသူ၊ ဘုရင်တကာ့ဘုရင်နှင့်
မိတ်သဟာယဖွဲ့ လိုသောသူတို့၊ ရှေ့ကိုကြွလှည့်ပါဟု ဖိတ်ခေါ်တောင်းဆိုနေသော
သူများဖြစ်ကြ ပါသည်။ ထာ၀ရဘုရားသခင်၏ ပညတ်တော်ကို ချစ်မြတ်နိုး၍ အလိုတော်သို့ မိမိ၏
ခန္ဓာဝိညာဉ်ကို အပ်နှံသောသူ၊ မိမိတို့အသက်ကို ပဓါနမထားဘဲ သခင်ကိုအစွမ်းသတ္တိ
ရှိသမျှနှင့် ချစ်သောသူတို့၏ဆောင်ပုဒ်မှာ ထာ၀ရဘုရားသခင်ကို သစ္စာသိခြင်းပင်ဖြစ်
ပါသည်။
ဤသို့တောင်ပေါ်မှာ ဣသရေလလူမျိုးတို့
ချီတုံချတုံဖြစ်နေချိန်မှာ ဧလိယ၏ အသံသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပါသည်။
]ထာ၀ရဘုရား၏ ပုရောဖက်ကား ငါတစ်ယောက်တည်းကျန်ရစ်၏။ ဗာလ၏ပုရောဖက်ကား
လေးရာ့ငါးဆယ်ရှိကြ၏။ နွားနှစ်ကောင်ကိုပေးကြလော့။ သူတို့သည် တစ်ကောင်ကိုရွေး၍
အပိုင်းပိုင်းဖြတ် ပြီးလျှင် ထင်းပေါ်မှာတင်ပါလေစေ။ မီးမထည့်စေနှင့်။ ငါလည်း
နွားတစ်ကောင်ကိုလုပ်၍ ထင်းပေါ်မှာတင်မည်။ မီးကိုမထည့်။ သင်တို့သည်
သင်တို့ဘုရားများ၏ နာမကို ဟစ် ခေါ်ကြလော့။ ငါလည်း ထာ၀ရဘုရားသခင်၏နာမတော်ကို
ဟစ်ခေါ်မည်။ မီးဖြင့် ထူတော်မူသော ဘုရားသခင်သည် ဘုရားသခင်မှန်ပါစေ။}
ဧလိယ၏တင်ပြချက်သည် ကျိုးကြောင်းညီညွတ်မှုရှိပါသောကြောင့်
လူထုကြီး က]ဧလိယ၏စကားသည် လျောက်ပတ်ပေသည်}ဟုဆိုကြပါ၏။
ဒါကို ဗာလပုရောဖက် များက သဘောထားမကွဲလွဲဝံ့ကြပါ။ တိတ်ဆိတ်နေကြသည်။ ထိုကြောင့်
ဧလိယကပင် ဤသို့ညွှန်ကြားလိုက်ပါသည်။ ]သင်တို့သည် များသောကြောင့် နွားတစ်ကောင်ကို
အရင်ရွေး၍ လုပ်ကြလော့။}
ထိုမှားယွင်းသော ယဇ်ပုရောဟိတ်တို့သည်
အပြစ်မကင်းသောစိတ်မျိုးနှင့် ကြောက်လန့်ကာ ထင်းနှင့်ယဇ်ကောင်ကို ပြင်ဆင်ကြလေသည်။
ထိုနောက် မိမိတို့၏ ဂါထာရွတ်ဖတ်ခြင်းကို စတင်လေတော့သည်။ နှုတ်မှလည်းစူးရှသော
အသံနှင့် တော၊ တောင်၊ ဂနိုင်၊ ချိုင့်ဝှမ်း၊ လွင်ပြင်မှ ပဲ့တင်သံ ပြန်လာသည်အထိ
အော်ဟစ်ကြွေး ကြော်လေကြပါတော့သည်။ ]အိုဗာလဘုရား၊ အကျွန်ုပ်တို့အား ထူးတော်မူပါဟု
နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ဗာလ၏နာမကို ဟစ်ခေါ်ကြ၏။
ကျယ်သောအသံနှင့်ဟစ်၍ ထုံးစံရှိသည်အတိုင်း ကိုယ်အသွေးနှင့် ကိုယ်ကိုလူးခြင်းငှါ
ဓါး၊ သံစူးနှင့် ကိုယ်ကို ရှစေကြ၏။} ဤသို့
မိမိတို့၏ဘုရားသခင်ကို အကူ အညီတောင်းခံနေကြပါသော်လည်း တုန်ယင်နေသော
ဆုတောင်းချက်အတွက် အဖြေ ကိုမရရှာကြပါ။ ယဇ်ကောင်သည်လည်း မီးမလောင်ဘဲ ရှိနေပါသည်။
သူတို့၏ သွေးရူးသွေးတန်းဖြစ်နေသည့် ဘုရားဝတ်ပြုကိုးကွယ်
ပူဇော်ပသ ခြင်းအမှုကို ဆက်လက်ကျင်းပနေစဉ် ကလိမ်ကကျစ်ပုရောဟိတ်များက ယဇ်ပလ္လင်
ပေါ်မီးထွန်းရန်ပရိယာယ်မျိုးစုံလင်စွာနှင့် မပြတ်ကြိုးစားနေကြပါသည်။ သို့သော်ဧလိယ
က သူတို့၏လှုပ်ရှားမှုတိုင်းကို စောင့်၍ကြည့်နေသည်။ ထိုသို့လှည့်စားနိုင်ခွင့်ကို
ဖန်တီးရယူရန် မျှော်လင့်နေကြသောသူတို့သည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ဆက်
လက်ကာအာရုံမဲ့နတ်ဘုရားဝတ်ကို ကျင်းပနေကြပါသည်။
]မွန်းတည့်အချိန်၌ ဧလိယက ကျယ်သောအသံနှင့် ဟစ်ကြလော့။ ဗာလသည်
ဘုရားဖြစ်တော်မူ၏။ ဆင်ခြင်လျက်နေတော်မူ၏၊ (သို့မဟုတ်) တစ်စုံတစ်ခုကိုလိုက်၍
ရှာတော်မူ၏။ (သို့မဟုတ်) ခရီးသွားတော်မူ၏။ (သို့မဟုတ်) ကျိန်းစက်တော်မူသော
ကြောင့် တစ်စုံတစ်ယောက်သောသူသည်
နှိုးရမည်ဟုပြက်ရယ်ပြု၍ဆို၏။ သူတို့လည်း ကျယ်သော အသံနှင့်ဟစ်၍ ထုံစံရှိသည်အတိုင်း
ကိုယ်အသွေးနှင့် ကိုယ်ကိုလူးခြင်းငှါ ဓါး၊ သံစူး နှင့် ကိုယ်ကိုရှစေကြ၏။
မွန်းလွဲ၍ညဉ့်ဦးယံယဇ်ပူဇော်ချိန်တိုင်အောင် ပုရောဖက်ပြုကြသော်လည်း အသံမရှိ။ ထူးသော
သူ၊ အမှုထားသောသူလည်း မရှိ} ဖြစ်နေ၏။
အမှန်အားဖြင့် စာတန်သည်လည်း မိမိကိုဤမျှလောက်ယုံကြည်အားကိုး
နေကြသူများအား ဝမ်းမြောက်စွာကူညီလိုပါသည်။ ထိုသူတို့၏ယဇ်ကောင်အပေါ်သို့ မီးကို
ဝမ်းမြောက်စွာကူညီလိုပါသည်။ သို့သော်လည်း ယေဟာဝါဘုရားသခင်သည်
စာတန်ကိုချုပ်နှောင်ထားသောကြောင့် ဗာလဘုရား၏ယဇ်ပလ္လင်ပေါ်ကို မီးတစ်ပွင့်
သော်မျှမပို့ချပေးနိုင်ဘဲ ဖြစ်ခဲ့ရပါသည်တကား။
နောက်ဆုံးမှာတော့ သူတို့အော်ဟစ်သံတွေ ကွဲသွားလေပြီ။
ယဇ်ပုရောဟိတ် တို့ကား စိတ်ပျက်နေကြသည်။ သွေးရူးသွေးတန်းလှုပ်ရှားမှုတွေ
လျော့ပါးနိဂုံးချုပ် သောအခါ သူတို့၏နေဘုရားကို သူတို့တောင်းပန်၍ မရတော့သည်အဆုံး၌
ကျိန်ဆဲ ကြလေသည်။ ဧလိယကတော့ လှုပ်ရှားမှုအားလုံးကို စေ့စေ့ကြည့်နေဆဲဖြစ်၏။ အကယ်၍သာ
ပုရောဟိတ်တွေက စဉ်းလဲမှုဖြင့် သူတို့၏ယဇ်ပလ္လင်ကို မီးညှိနိုင်က သူသည်
ခန္ဓာနှင့်ဝိညာဉ်ကွဲသွားမည်မက အပိုင်းပိုင်းအစင်းခံရမည်ကို သိထားနှင့်ပြီ
မဟုတ်ပါလား။
ဗာလပုရောဖက်များလက်မြှောက်အရှုံးပေးလိုက်ခြင်း
ညနေစောင်းလာပြီ။
ဗာလပုရောဖက်တို့ကား စိုးရိမ်ကြောက်လန့်ကာ မောပန်း၍ စိတ်ရှုပ်ထွေးလာကြသည်။
တစ်ယောက်ကတစ်မျိုး၊ အခြားတစ်ယောက်ကတစ်ဖုံ အ ကြံပြကြကုန်၏။
နောက်ဆုံး၌ပြိုင်ပွဲကြီးကို စိတ်ပျက်စွာဖြင့် လက်မြှောက်အရှုံးပေး လိုက်လေတော့သည်။
တစ်နေကုန်အောင်လူထုကြီးသည်
ဗာလပုရောဖက်တို့၏ ယဇ်ပလ္လင်ကို ပတ် ဝိုင်းကာ ကခုန်တွားသွား၊ ဟစ်ကြွေး၊
တောင်းပန်သံတို့ကို ကြားနာရပြီ။ ကောင်းကင်မှ တောက်ပသော နေရောင်ခြည်အလင်းတန်းသည်
၎င်းတို့၏ယဇ်ကောင်ကို ထိုးကျ လောင်ကျွမ်းပြာကျ နိုးနိုး
စောင့်မျှော်ကြည့်ရှုခဲ့ကြသည်။ ထိုပုရောဖက်တို့၏ ကိုယ့် အသားနာအောင် သံချွန်၊ သံစ၊
ဓါးပါးတို့ဖြင့် လှီးခြစ်ခဲ့ကြသည့် ကြောက်စရာ့ပုံရိပ် တို့ကိုလည်း
တွေ့မြင့်ခဲ့ရသည်တွင် ယဇ်နတ်ဘုရားရုပ်တုကို ကိုးကွယ်ခြင်းအဖြစ်၏ မိုက်မဲမှုများကို
သူတို့တတွေ ဆင်ခြင်မိလာသည်။ လူများစွာတို့သည် နတ်ဆိုကိုး ကွယ်မှု၏ ပြကွက်များ၌
စိတ်ကုန်ခန်းလာကြသဖြင့် ယခုတွင် ဧလိယ၏ လှုပ်ရှားမှုတို့ကို လွန်စွာမှပင်
စိတ်ဝင်စားစွာ စောင့်ကြည့်နေကြကုန်၏။
ညနေယဇ်ပူဇော်ချိန်မှာ ဧလိယသည် လူထုကြီးအားအနားသို့
ချဉ်းကပ်လာ ရန် ဖိတ်ခေါ်လိုက်သည့်အတွက်ကြောင့် လူအပေါင်းတို့သည် အနီးသို့လာကြ၏။
ထိုအခါ ဧလိယသည် တစ်ကြိမ်က လူတို့သုံးခဲ့ဖူးသော်လည်း ယခုမျာပြိုပျက်နေသော ထာ၀ရ
ဘုရားသခင်၏ ယဇ်ပလ္လင်ကို ရှင်းလင်းပြီးမှ ]ယာကုပ်အမျိုးအနွယ် အရေအတွက် အတိုင်း
ကျောက်တစ်ဆယ့်နှစ်လုံးကို ယူ၍ထာ၀ရဘုရားသခင်၏ နာမတော်အဖို့ ယဇ်ပလ္လင်ကိုတည်၏။} ဧလိယအဖို့ ပျက်စီးပြီဖြစ်သောယဇ်ပလ္လင်ကို ပြန်လည်စုပုံ၍
တည်ဆောက်ခြင်းသည် တစ်ပါးအမျိုးသားတို့၏ ကြီးကျယ်ခမ်းနားလှသော ယဇ်ပူ
ဇော်ရာပလ္လင်များထက်ပို၍ အဖိုးထိုက်သည်ဟု မှတ်ယူမိလေသည်။
ဗာလဘုရားယဇ်ပုရောဟိတ်တို့သည် စိတ်လည်းပျက်နေပြီ။
ပင်ပန်းနွမ်းနယ် စွာဖြင့် ဧလိယပြုလေသမျှတို့ကို စောင့်ကြည့်နေကြသည်။
သူတို့၏ဘုရားကို ထို ပုရောဖက်သည် အရှက်ရစေသည့်အတွက် သူ့ကိုမုန်းတီးကြသည်။ သို့သော်
သူ၌ တန်ခိုးရှိကြောင်း မြင်၍ကြေက်လန့်ကြပေသည်။ လူတို့သည်လည်း အသက်မရÈတော့ သည့်အလား ငြိမ်သက်စွာစောင့်ကြည့်နေသည်။ ဧလိယ၏
ပြုမူလှုပ်ရှားပုံသည် တည် ငြိမ်မှုရှိသည်ကို လူတို့တွေ့မြင်ရသောအခါ
သွေးရူးသွေးတန်းနှင့် အသိစိတ်မဲ့သော ဗာလဘုရား နောက်တော်လိုက်များနှင့်
ကွာခြားလှကြောင်းကို ခွဲခြားသိမြင်လာပါသည်။
ယဇ်ပလ္လင်ကြီးပြီးသွားပြီ။ ၎င်း၏ပတ်လည်မှာ ကျုံးကို
နက်နက်တူးကြသည်။ ထင်းကိုစီ၍ နွားကိုလည်းအပိုင်းပိုင်းဖြတ်ပြီးလျှင်
ထင်းပေါ်မှာတင်လေ၏။ ထိုနောက်မှ ]အိုးလေးလုံးကို ရေနှင့်အပြည့်ထည့်၍
မီးရှို့စရာယဇ်နှင့် ထင်းပေါ်မှာ လောင်းကြလော့ ဟု ဆိုသည်အတိုင်း သူတို့သည်လောင်းပြီးမှ
တစ်ဖန်လောင်းကြဦးလော့ဟု ဆိုသည် အတိုင်း သူတို့သည်လောင်းပြီးမှ
သုံးကြိမ်တိုင်အောင်လောင်းကြလော့ဟု ဆိုသည် အတိုင်း သူတို့သည်
သုံးကြိမ်တိုင်အောင်လောင်းကြ၏။ ရေသည် ယဇ်ပလ္လင်ပတ်လည်၌ စီး၍ ကျုံးသည်လည်း
ရေနှင့်ပြည့်လေ၏။}
ထိုအခါ ဧလိယသည် လူထုကြီးအားနှစ်ရှည်လများ
ဖန်ဆင်းရှင်ဘုရားသခင် အထံတော်မှ လမ်းလွဲဖေါက်ပြန်ခဲ့သည်ကိုသတိရစေပြီ။
ယခုတွင်စိတ်နှလုံးနှိမ့်ချစွာ ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင်ထံပြန်လာရန်
ဖိတ်ခေါ်လိုက်လေသည်။ သို့ပြုမှ သာလျှင် ကပ်ဘေးကြီးသည် ပြည်တော်မှ ရှင်းရှင်းပပျောက်သွားမည်မဟုတ်ပါလား။
ထို့နောက်သူသည် မမြင်ရသော ထာ၀ရဘုရားသခင်ရှေ့တော်မှောက်မှာ ရိုသေလေး မြတ်စွာ
ဦးချလိုက်ပြီးမှ လက်နှစ်ဖက်ကို ကောင်းကင်သို့မြှောက်ကာ ဆုတောင်း
ချက်ရိုးရိုးလေးကို ပြုလိုက်ပါသည်။ ဗာလဘုရားယဇ်ပုရောဟိတ်တို့ကား နံနက်ချိန်
မှသည်မွန်းလွဲ၍ နေအတော်လေးစောင်းသွားသည်အထိ ငယ်သံပါအောင်အော်ဟစ်၍ တစ်မျိုး၊
မြေပေါ်မှာလူးလွန့်တစ်ဖုံ မိမိတို့၏ဘုရားထံဆုတောင်းခဲ့ကြပေသည်။ ဧလိယ၏
ဆုတောင်းသံမှာ ကရမေလတောင်ပေါ်မှာ ပဲ့တင်သံမကြားရပါချေ။ စိတ်အားကြီးစွာဖြင့်
ရိုးရိုးအေးအေးဆုတောင်း၏။ ဣသရေလလူမျိုးတွေ ဖန်ဆင်းရှင်ဘုရားသခင်ထံ ပြန်
လှည့်လာဖို့အလို့ငှါ ထာ၀ရဘုရားသခင်သည် ဗာလဘုရားထက်ပို၍ ကြီးမြတ်ကြောင်း
သက်သေပြတော်မူပါရန် ဧလိယဆုတောင်းခဲ့ပါသည်။
]အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ထာ၀ရဘုရားသခင်ကိုယ်တော်သည်
ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်တော်မူကြောင်းကို လည်းကောင်း၊ အကျွန်ုပ်သည်
ကိုယ်တော်၏ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကို
လည်းကောင်း ယနေ့သိကြပါစေသော်။
အိုထာ၀ရဘုရားသခင်၊
ကိုယ်တော်သည် ထာ၀ရဘုရားသခင်ဖြစ်တော်မူကြောင်းကို လည်းကောင်း၊ ဤလူတို့စိတ်သဘောကို
ပြောင်းလဲစေတော်မူကြောင်းကိုလည်းကောင်း သူတို့ သိစေခြင်းငှါ အကျွန်ုပ်စကားကို
နားထောင်တော်မူပါ။}ဆုတောင်းသံသည် ဆိတ်ငြိမ်၍
လေးနက်သိပ်သည်းမှုရှိသဖြင့် ကြားရသူတိုင်း စွဲမှတ်သွားရပေသည်။ ဗာလပုရောဖက်များကား
မိမိတို့၏အပြစ်မကင်းသော အသိစိတ်ကြောင့် တုန်လှုပ် ချောက်ချား၍
ကြောက်လန့်နေကြလေသည်။
ကောင်းကင်က
မီးကျ၍ ယဇ်ကို လောင်ကျွမ်းခြင်း
ဧလိယုဆုတောင်းပြီးသည်မှာ မကြာသေးပါ။ လျှပ်စီးပြက်သကဲ့သို့
ကောင်းကင် က မီးလျှံကျ၍ ယဇ်ပလ္လင်ပေါ်ရှိယဇ်ကောင်ကို လောင်ကျွမ်းလိုက်လေသည်။
ယဇ်ပလ္လင်ပတ်လည်ရှိ ကျုံးထဲကရေများတို့သည်ပင်လျှင် မီးလောင်တုံးကြီးများအဖြစ်
မည်းနက်သွားသည်။ ထိုမီးတောက်မီးလျှံကြီးသည် တောင်တစ်ခုလုံးကို ထွန်းတောက်
စေသောကြောင့် ကြည့်ရှုသူတိုင်း မျက်စိကျိန်းစွာမြင်ကြရ၏။ တောင်ခြေချိုင့်ဝှမ်းလွင်
ပြင်ရှိ
ကြည့်ရှုသူလူအပေါင်းတို့သည်လည်း
အံ့ဩ၍နေကြလေသည်။
တောင်ပေါ်မှာရှိသောလူတို့သည် မြေပေါ်မှာဝမ်းလျားမှောက်ကာ
နေကြ၏။ ထိုသူတို့သည် ကောင်းကင်ဘုံကလွှတ်သော မီးလျှံကြီးကို မကြည့်ရှုဝံ့ကြပါ။
ဒီတစ်ခါ မှာတော့ ဧလိယ၏ဘုရားသခင်သည် မိမိတို့၏ဘိုးဘေးတို့ ကိုးကွယ်သော ထာ၀ရ
ဘုရားသခင်ဖြစ်ကြောင်းကို သိမြင်၍ စိတ်ပြောင်းလဲကာ အသိအမှတ်ပြုသောအနေဖြင့်
တစ်သံတည်းကြွေးကြော်ကြပါသည်။ ]ထာ၀ရဘုရားသခင်သည် ဘုရားသခင်ဖြစ်တော် မူ၏။
ထာ၀ရဘုရားသခင်သည် ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြပါသည်။} ဤတွင် တောင်ပေါ်မှ ကြွေးကြော်သံသည် တောင်ခြေရှိလွင်ပြင်မှ
ပဲ့တင်သံ ဖြစ်သွား၏။ နောက်ဆုံးတွင် ဣသရေလလူတို့သည် စိတ်ဓါတ်တက်ကြွလာ၏။
အလှည့်ဖြားမခံ တော့ပြီ။ အပြစ်မှကျောခိုင်း၍ နောင်တရလာကြပါသည်။ မိမိတို့သည်လည်း
ထာ၀ရ ဘုရားသခင်ကို မည်မျှလောက်ကဲ့ရဲ့စော်ကားခဲ့ပုံများကို ပြန်လည်တွေ့မြင်ကြ၏။ ဗာလ
ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်း၏ ကြံအင်လက္ခဏာနှင့် စစ်မှန်သောဖန်ဆင်းရှင်
ဘုရားသခင်ကို ကိုးကွယ်ရခြင်း၏ အကြောင်းရင်းဇစ်မြစ်တို့ကိုပိုင်းခြား၍ သိမြင်လာ
ကြပါသည်။ နာမတော်ကိုလည်း ဝန်းခံလာပါပြီ။ မိုးရေ၊ နှင်းရည်မြေပေါ်သို့ မကျစေ
ရခြင်း၏ အကြောင်းရင်ကိုလည်း ဣသရေလလူတို့သိပါပြီ။ ထိုအခါမှသာလျှင် ထာ၀ရ
ဘုရားသခင်သည် တရားမျှတ၍ သနားခြင်းကရုဏာတော် ကြီးမြတ်ကြောင်းကို သူတို့ သည်
အသိအမှတ်ပြုလာကြပါ တော့သည်တကား။
ဗာလပုရောဖက်များတို့သည်
နောင်တမရကြပါ
သို့သော်လည်း ဗာလပုရောဖက်တို့သည် မိမိတို့ရှုံးနိမ့်သဖြင့်
အနှောက်အ ယှက်ဝင်ကာ ထာ၀ရဘုရားသခင်၏ ဘုန်းတော်ရှေ့မှောက်မှာ ရှိနေကြပါသော်လည်း
နောင်တရရန် ငြင်းပယ်ခဲ့ကြပါသည်။ ဗာလပုရောဖက်များ ဆက်လက်၍သာဖြစ်နေမည် ဟူ၍လည်း
ဆုံးဖြတ်ကြလေသည်။ ဤသို့လျှင် ထိုသူတို့သည် ဖျက်ဆီးပစ်ရန် အချိန် တန်ပြီဟု
မှန်ယူရပါတော့မည် မဟုတ်ပါလား။
ထိုသို့ နောင်တရသောဣသရေလလူတို့သည် ၎င်းတို့ကို
ဗာလဘုရားဝတ်ပြု ကိုးကွယ်ရန် သွန်သင်ပေးသောဆရာများ၏ နှောင့်ယှက်မှုများမှ
ကာကွယ်ပေးရန် လိုအပ်လာသည်။ သို့ဖြစ်၍ ထာ၀ရဘုရားသခင်သည် ထိုပုရောဖက်များတို့ကို
သုတ်သင် ပယ်ရှင်းရန် ဧလိယအား ညွှန်ကြားလိုက်ပါတော့သည်။ ဤအချိန်တွင် လူထုကြီးသည်
အလွန်စိတ်ဆိုးကာ လှုပ်လှုပ်ရွရွဖြစ်နေချေပြီ။ ဧလိယက ထိုသူတို့အား ]ဗာလ၏
ပုရောဖက်တို့ကို ဖမ်းဆီးကြလော့။ တစ်ယောက်ကိုမျှ မလွှတ်စေနှင့်} ဟု အမိန့်ပေး သောအခါ သူတို့သည်နားထောင်ကြ၏။
ဣသရေလလူတို့သည်လည်း ထိုသူတို့ကို ဖမ်းဆီး၍ ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင်
နေမဝင်မီမှာပင် ကွပ်မျက်လိုက်လေသည်။ ဗာလဘုရား၏ စေတမန်ပုရောဖက်များ
ကွပ်မျက်ခံရခြင်းသည် ဣသရေလလူတို့၏ (ဘာသာရေး) ပြန်လည်နိုးကြားခြင်း၏ အစဟု
မှတ်ယူရမည်သာဖြစ်ပါသည်။
No comments:
Post a Comment