Tuesday, March 10, 2026


                                                            အခန်း (၁၀)

                                             တင်းမာသောဆုံးမပြစ်တင်သံ

ဤအခန်းကြီးသည်(ဓမ္မရာဇဝင်တတိယ ၁၇း၈၊၂၄၊ ၁၈း၁၊၁၉) အခြေခံထား သည်။

               ခေရိတ်ချောင်းနားရှိ တောင်တန်းကြီးများထဲမှာ လပေါင်းများစွာ ပုန်းရှောင်နေ သော ဧလိယကို ဘုရားသခင်သည် အံ့ဩဖွယ်ကောင်းသောစီမံမှုဖြင့် အစာကျွေး မွေးခဲ့ပါသည်။ သို့သော ချောင်းရေလည်းခန်းခြောက်လေတော့မည်။ သို့ဖြစ်၍ ဘုရား သခင်က မိမိ၏ကျွန်ပုရောဖက်အား ]သင်ထလော့၊ ဇိဒုန်ပြည်၊ ဇရတ္တ မြို့ သို့သွား၍ နေလော့။ ထိုမြို့၌ နေသော မုဆိုးမတစ်ယောက်သည် သင့်ဖို့ကျွေးမွေးမည်အကြောင်း ငါမှာထားပြီ} ဟုမိန့်တော်မူခဲ့ပါသည်။

               ထိုမိန်းမသည် ဣသရေလလူမျိုးမဟုတ်ပါ။ ထာ၀ရဘုရားသခင်၏ ရွေးချယ် ခံလူတို့ခံစားခဲ့ရသောအခွင့်ထူးများကို သူမသည် တစ်ခါမျှမခံစားခဲ့ဖူးပါ။ သို့သော်လည်း သူမသည် မှန်သောဘုရားသခင်ကိုယုံကြည်၍ မိမိရရှိသော အလင်းတရားအတိုင်း ကျင့်သုံးသက်ရှင်သွားသူ ဖြစ်ပါသည်။ ယခုတွင် ဧလိယအဖို့မလုံခြုံသောအခါ ထာ၀ရ ဘုရားသခင်သည် မိမိ၏ကျွန်အား ထိုမိန်းမ၏အိမ်မှာ ကွန်းထောက်ခိုနားနေရန်နေရာ ရှာပေးလိုက်ပါသည်။

               ထိုကြောင့် ]ဧလိယသည်ထ၍ ဇရတ္တမြို့သို့သွား၏။ မြို့တံခါးသို့ရောက်သော အခါ မုဆိုးမသည် ထင်းခွေလျက်ရှိ၏။ ဧလိယက ငါသောက်စရာရေအနည်းငယ် ကိုခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ်၍ဆို၏။ မုန့်တစ်ဖဲ့ကိုလည်း လက်၌ယူခဲ့ပါလော့} ဟုဆိုပြန်ပါသည်။

               ယခုလိုအစာငတ်မွတ်ခြင်းဘေးကြီး ဆိုက်ရောက်နေချိန်မှာ ထိုမုဆိုးမသည် ဆက်လက်သက်ရှင်လှုပ်ရှားရန် စိုးရိမ်မိသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ သို့သော်လည်း သူမ၏ အပြင်းထန်ဆုံးအခက်အခဲကြားထဲမှာပင် သူမ၏ယုံကြည်ခြင်းကိုတော့ ဖော်ပြ ခဲ့ပေသည် ဧလိယ၏တောင်းခံမှုကို သူမသည် ဤသို့တုံ့ပြန်ပြောဆိုလိုက်ပါသည်။ ]သင်၏ထာ၀ရဘုရားသခင် အသက်ရှင်တော်မူသည်အတိုင်း မုန့်ပြားတစ်ပြားမျှမရှိ၊ အိုးထဲမှာ မုန့်ညက်လက်တစ်ဆုပ်၊ ဘူး၌ဆီးအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ် အဖို့ဖုတ်၍ စားလိုသောငှါလည်းကောင်း၊ စားပြီးမှသေလိုသောငှါလည်းကောင်း ထင်းစ နှစ်ခုကို ယခုခွေပါ၏။ ဧလိယကလည်းမစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်းသွား၍ ပြုလော့။ သို့ရာတွင် ငါ့အဖို့မုန့်ပြားငယ်တစ်ပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏ သားငယ်အဖို့လုပ်လော။ ဣသရေလအမျိုး၏ ထာ၀ရဘုရားသခင်မိန့်တော် မူသည်ကား ထာ၀ရဘုရားသခင်သည် မြေပေါ်မှာ မိုးရွာစေတော်မမူမီတိုင်အောင် အိုး၌ ရှိသော မုန့်ညက်မကုန်။ ဘူး၌ရှိသော ဆီမလျော့ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။} ဤအခန်းသည် (၃ရာ ၁၇း၈-၂၄။ ၁၈း၁-၁၈) ပေါ်မှာ အခြေခံသည်။

               ဤနေရာမှာလောက်ကြီးကျယ်သော ယုံကြည်ခြင်းကိုစမ်းသပ်သည့် အရာ သည် မရှိနိုင်တော့ပြီ။ မိမိနှင့်သားငယ်လေးမည်ကဲ့သို့ ဝေဒနာခံစား နေရမည်ကို မကြည့်မှတ်တော့ဘဲ ဣသရေလအမျိုး၏ ဘုရားသခင်သည် လိုအပ်သည်များကို ထောက်ပံ့ပေးလိမ့်မည်ကို ယုံကြည်အားကိုး၍ ထိုမုဆိုးမသည် ဧလိယပြောသည် အတိုင်းပြုလုပ်ကာ ဧည့်ဝတ်ပြုခြင်း၏ စမ်းသပ်စစ်ဆေးခြင်းကို ခံယူခဲ့လေသည်။

 

ဧည့်ဝတ်ပြုခြင်း၏ မင်္ဂလာရလဒ်

ထိုမုဆိုးမ၏ ယုံကြည်ခြင်းသည် အံ့ဖွယ်ကောင်းသည်နှင့်အမျှ သူမ၏ရက်ရောမှု အတွက်လည်း အကျိုးထူးကို ခံစားခဲ့ရပါသည်။ ]ထိုမုဆိုးမသည် သွား၍ ဧလိယစကား အတိုင်းပြုသဖြင့် ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍ အိမ်သားတို့သည် အင်တန်ကာလ ပတ်လုံးစားရကြ၏။ ထာ၀ရဘုရားသခင်သည်  ဧလိယအားဖြင့် မိန့်တော်မူသောစကား အတိုင်း အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသော ဆီမလျော့။}

]ထိုနောက်မှ အိမ်ရှင်မ၏သားသည် ပြင်းပြစွာသောအနာရောဂါစွဲသောကြောင့် အသက် ချုပ်၏။ မိန်းမကလည်း ကိုယ်တော်သည် ကျွန်မအပြစ်တို့ကို အောက်မေ့စေ၍ ကျွန်မ သားကိုသတ်အံ့သောငှါ ကျွန်မဆီသို့ ကြွလာတော်မူသလော ဟုဆိုသော်] သင်၏ သားကို ငါ့အားပေးလော့} ဟုဆိုလျက်(သူငယ်ကို)မိမိနေရာ အထက်အခန်းသို့ ဆောင်သွားသဖြင့် မိမိအိပ်ရာပေါ်မှာ ထားပြီးလျှင် အကျွန်ုပ်၏ ထာ၀ရားသခင်၊ အကျွန်ုပ်တည်းခိုသော ဤမုဆိုးမ၌ ဘေးဥပဒ်ပြု၍ သူ၏သားကို သေစေတော်မူ မည်လောဟု ထာ၀ရဘုရားသခင်ကို ကြွေးကြော်လေ၏။ တစ်ဖန်သူငယ်အပေါ်မှာ မိမိကိုယ်ကိုသုံးကြိမ်လှန်လျက်  ထာ၀ရဘုရားသခင်ကို ကြွေးကြော်ပြန်၏။ ဧလိယ စကားကို ထာ၀ရဘုရားသခင်ကြားတော်မူ၍ သူငယ်၏ဝိညာဉ်သည် ဝင်သဖြင့် သူသည် အသက်ရှင်ပြန်၏။

               ]ဧလိယသည် သူငယ်ကို အထက်အခန်းမှအောက်သို့ယူသွား၍၊ ကြည့်လော့၊ သင်၏သားအသက်ရှင်ပြီဟုဆိုလျက် အမိ၌အပ်လေ၏။ မိန်းမကလည်း ဤအမှုကို ထောက်၍ ကိုယ်တော်သည် ဘုရားသခင်၏လူဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ် တော်ဆင့်ဆိုသော ထာ၀ရဘုရားသခင်၏ စကားတော် ဟုတ်မှန်ကြောင်းကိုလည်း ကောင်း ကျွန်မသိပါသည်ဟု ဧလိယအားဆို၏။}

               ဇရတ္တမြို့နေ ထိုမုဆိုးမသည် ပုရောဖက်ဧလိယအား မိမိ၏ အစာတစ်လုတ် စာကို ဝေငှလိုက်ခြင်းဖြင့် မိမိအသက်နှင့်သားငယ်လေးတို့၏ အသက်မှာ ချမ်းသာရာ ရရှိသွားပါသည်။ အလားတူ ချို့တဲ့သူလူတို့အား သနားသောစိတ်နှင့် ထောက်ပံ့ ကျွေးမွေးသူအပေါင်းကို ထာ၀ရဘုရားသခင်သည် များစွာသောမင်္ဂလာပေးမည် ဟု ကတိတော်မြတ်ထားရှိခဲ့ပါသည်။ ဧလိယခေတ်မှာ တန်ခိုးကြီးသောဘုရားသခင်သည် ယခုအချိန်မှာလည်း အနှိုင်းမဲ့ တန်းခိုးတော်အရှင်ဘုရားသခင် ဖြစ်ပါသည်။ ]ပုရော ဖက်၏ မျက်နှာကိုထောက်၍ ပုရောဖက်ကိုလက်ခံသောသူသည် ပုရောဖက်၏ အကျိုးကို ခံရလတ္တံ။} (မဿဲ ၁ဝး၄၁)။

               ]အချို့သောသူတို့သည် ဧည့်သည်ဝတ်ကိုပြုသည်တွင် ကောင်းကင်တမန် တို့ကို အမှတ်တမဲ့ဧည့်ခံကြပြီ။} (ဟေဗြဲ ၁၃း၂)

။ ကျွန်ုပ်တို့၏ ကောင်းကင်ဘုံ၌ ရှိတော် မူသော ခမည်းတော်ဘုရားသခင်သည် မိမိ၏ချစ်သားသမီးများတို့၏ ခရီးလမ်းမှာ ပုံသဏ္ဌာန် အဆင်းအမျိုးမျိုးနှင့် ကောင်းချီးမင်္ဂလာစုံလင်စွာကို အခွင့်အရေးများအဖြစ် ချထားပေးနေပါသည်။ ဤအခွင့်ထူးများကို ရှာဖွေ၍ တွေ့ရှိသူသည် ဖော်စားကာ တိုးပွားအောင်လုပ်သဖြင့် ကြီးစွာသောဝမ်းမြောက်ခြင်းရှိရပါလိမ့်မည်။ ]မွတ်သိပ်သော သူနှင့် ဆင်းရဲခံရသောသူကို သနားသောစိတ်နှင့် ချမ်းသာပေးလျှင် သင်သည်ရေ လောင်းသောဥယျာဉ်ကဲ့သို့လည်းကောင်း၊ ရေမပြတ်နိုင်သောစမ်းရေတွင်းကဲ့သို့လည်း ကောင်း ဖြစ်လိမ့်မည်။ } ( ဟေရှာယ ၅၈း၁၀၊ ၁၁)။

               ယနေ့တွင် သခင်ခရစ်တော်သည် ဤကဲ့သို့ပြောနေပါ၏။ ]သင်တို့ကိုလက်ခံ သောသူသည် ငါ့ကိုလက်ခံ၏။}သခင်ခရစ်၏နာမ၌ ပြသသော အကြင်နာတရားလုပ် ရပ်များအတွက် အကျိုးကို မရဘဲမရှိရပါ။ ဤတွင် အငယ်ဆုံးသောယုံကြည်သူအပယ် ခံရတနာသူ ဆင်းရဲလူတန်းစားကိုပင် ဘုရားသခင်၏အိမ်ထောင်စု၌ စားရင်သွင်း ထားပါသည်။]အကြင်သူသည် တပည့်တော်၏မျက်နှာကိုထောက်၍ ဤသူငယ်တစ်စုံ တစ်ယောက်အား ရေတစ်ခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကိုမရဘဲ မနေရာ၊ ငါအမှန်ဆိုသည်။} (မဿဲ ၁ဝး ၄၀၊ ၄၂)။

 

                                             သုံးနှစ်တိုင်တိုင်မိုးခေါင်းခြင်း

               နှစ်ရှည်လများ၊ အစာခေါင်းပါးရာ ကာလတစ်လျှောက်လုံးမှာ ဧလိယသည် စိတ်အားကြီးစွာ ဆုတောင်းခဲ့ပါသည်။ ဘုရားသခင်၏လက်တော်သည်လည်း ဒဏ်ခတ် ခံရသောပြည်တော်အပေါ်မှာ လေးလံလှပေ၏။ နေရာအနှံ့သတ္တဝါတို့သည် ဝေဒနာကို ခံစားနေရသည်။ လိုအပ်ချက်များကအတော်မသတ်နိုင်တော့ပြီ။ သူသည် တဖြည်းဖြည်း နှင့် သနားစိတ်ဝင်လာသည်။ ဘာသာတရားဘက်မှာ ပြန်လည်ပြုပြင်ဖို့ အမြန်လုပ် ဆောင်ရတော့မည်ဟုသူမြင်ပါ၏။ သို့သော် ဤအမှုကြီးကို ဘုရားသခင်ကဥ D;ဆောင်၍ လုပ်နေသည်။ ထိုသခင်၏ စီမံချက်အတိုင်း သခင့်အစေခံကျွန်သည် ဆုတောင်းရင်းနှင့် အမိန့်တော်ကို စောင့်နေရမည်မဟုတ်ပါလား။

 

 

               အာဟပ်မင်း၏ ခေတ်အချိန်က အယူလွဲမှားဖောက်ပြန်မှုကြီးသည် ရှေးနှစ် ပေါင်းများစွာက ပြုလုပ်ခံသောအပြစ်များ၏ ရလဒ်ပင်ဖြစ်ပါသည်။ ဣသရေလလူမျိုး တို့သည် တစ်ဆင့်ပြီးတစ်ဆင့် မှန်သောလမ်းမှ ဝေးကွာခဲ့ရကာ နောက်ဆုံးတွင် ထိုသူတို့အများစုသည် မှောင်မိုက်၏တန်ခိုး၌ မိမိတို့ ကိုယ်ကိုအပ်နှင်းလိုက်သည် အထိဖြစ်ခဲ့ရပါသည်။

               ထိုမင်းလက်ထက်မတိုင်မီ ရှေးရာစုနှစ်ကဆိုလျှင် ဣသရေလလူမျိုးတို့သည် ဘုရင်ဒါဝိဒ်မင်းကြီးလက်ထက်မှာ အမြင့်ဆုံးသောဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို လုံး၀အာကိုးခိုလှုံလျက် ဤသို့ နေ့တိုင်းအစဉ် သီဆိုကျူးဧခဲ့ကြပေသည်။

               ]အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရားသခင်၊ ကိုယ်တော်သည်  နေ ထွက်ရာအရပ် နေဝင်ရာအရပ်တို့ကို  ရွှင်လန်းစေတော်မူ၏။ မြေကြီးကို အကြည့်အရှု ကြွလာ၍ မိုးကိုများစွာရွာစေလျက် ရေနှင့်ပြည့်သော ဘုရားသခင်၏ မြစ်အားဖြင့် အလွန် ကြွယ်၀စေတော်မူ၏။ နှစ်တို့ကို ကျေးဇူးတော်နှင့် ပတ်ရစ်တော်မူ၍ ခြေတော်ရာတို့သည် ဆီဥယိုတတ် ကြပါ၏။ (ဆာလံ ၆၅း၅-၁၁)။

               ]တိရစ္ဆာန်ဖို့မြက်ပင်ကိုလည်းကောင်း၊ လူသုံးဖို့စပါးပင်ကိုလည်းကောင်း ပေါက် စေတော်မူသဖြင့် မြေကြီးထဲက မုန့်ကိုထုတ်ဖော်တော်မူ၏။ စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့၏မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း သူတို့နှလုံးကို ထောက်မ၏။}

               ]အိုထာ၀ရဘုရား၊ ကိုယ်တော်စီရင်ပြုပြင်တော်မူသော အရာတို့သည် အလွန် များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်၀ပါ၏။} (ဆာလံ ၁၀၄း၁၄၊ ၁၅၊၂၄)။

 

 

               ဣသရေလလူမျိုးတို့အား ထာ၀ရဘုရားသခင် ခေါ်ဆောင်လာသောပြည်သည် နို့နှင့် ပျားရည်စီးဆင်းသောပြည်ဖြစ်ပါသည်။ မိုးခေါင်သည်ဟူ၍ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့စဖူးပါ။ ]သင်တို့သွား၍ ဝင်စားလတ္တံသောပြည်သည်ကား ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ၍ ခြေဖြင့် ရေလောင်းရသောပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ်။ သင်တို့သွား၍ ဝင်စားလတ္တံသောပြည်သည် တောင် များ၊ ချိုင့်များနှင့်ပြည့်စုံ၍ မိုးရေကိုသောက်သောပြည်၊ သင်တို့၏ ထာ၀ရဘုရား  တစ်နှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည်ဖြစ်၏။}

               ထိုကဲ့သို့ လိုသလောက်မိုးရေကို ရရှိမည်ဟူသောကတိတော်မှာ ထာ၀ရဘုရား သခင်၏ အမိန့်တော်ကို နာခံသည့်အခြေအနေအပေါ်မှာ မူတည်ပါ၏။ ]သင်တို့ထာ၀ရ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်မည်အကြောင်း ယနေ့ငါမှာထားသမျှသောပညတ်တို့ကို စေ့စေ့နားထောင်လျှင် သင်တို့သည်စပါး၊ စပျစ်ရည်၊ ဆီတို့ကို စုသိမ်းစေခြင်းငှါ အရင်မိုး၊ နောက်မိုးတည်းဟူသော သင်တို့ပြည်နှင့် ဆိုင်သော မိုးရေကိုငါပေးမည်။} (တရားဟော ၁၁း၁၀-၁၄)။

               ]သင်တို့သည်မှား၍ မကောင်းသည့်အယူကိုစွဲ၍ လမ်းမလွဲ၊ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ကိုယ်ကိုကိုယ် သတိပြုကြလော့။ (သို့မဟုတ်) ထာ၀ရဘုရားသခင်သည် အမျက်တော်ထွက်၍ မိုးမရွာ၊ မြေ၏အသီးအနှံကိုမဖြစ်စေခြင်ငှါ မိုးကောင်းကင်ကို ပိတ်တော်မူမည်။ ထာ၀ရဘုရား သခင်ပေးတော်မူသော ကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန်ပျောက် ပျက်ကြလိမ်မည်။} (ငယ် ၁၆၊၁၇)။

               ]ယနေ့ ငါဆင့်ဆိုသော သင်၏ဘုရားသခင်ထာ၀ရဘုရား စီရင်ထုံးဖွဲ့တော် မူချက်အလုံးစုံတို့ကို ကျင့်စောင့်ခြင်းငှါ စကားတော်ကို နားမထောင်လျှင်၊}  ]သင့်ခေါင်း ပေါ်မှာ မိုးကောင်းကင်သည် ကြေးဝါကဲ့သို့လည်းကောင်း၊ သင့်အောက်၌မြေသည် သံကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ ထာ၀ရဘုရားသခင်သည် သင့်နေရာပြည်၌ ရွာသော မိုးရေကို မြေမှုန့်၊ ဖုန် ဖြစ်စေတော်မူသဖြင့် သင်သည် မပျက်စီးမီတိုင်အောင် သင့်အပေါ်မှကျရ လိမ့်မည်။} (တရားဟော ၂၈း၁၅၊၂၃၊၂၄)

               ဤအမိန့်တော်များကား ရှင်းလင်းလှပါ၏။ သို့တိုင်အောင်လည်း ရာစုနှစ်များစွာ ကြာညောင်းလာသည်နှင့်အမျှ မှားယွင်းဖောက်ပြန်ခြင်းသည် နေရာယူ၍ ကြီးစိုးလာ သဖြင့် ကောင်းကင်ဘုံ၏ ကျေးဇူးတော်မှန်သမျှကို သင်တို့သည် ဂရုမစိုက်ဘဲ ဘေးချိတ် ထားခဲ့ပါတော့သည်။ ယခုမှာတော့ ပုရောဖက်ဧလိယ၏ ကြိုတင်ဟောကိန်းသည် ကြောက်စရာပြည့်စုံခြင်းသို့ ဆိုက်ရောက်၍လာပါပြီ။ သုံးနှစ်လုံးလုံး ထိုစေတမန်ကို ဘုရင့်တပ်များကို  ရှာပုံတော်ကျူးခဲ့ကြ၏။ မဟာမိတ်အိမ်နီးချင်းနိုင်ငံ ဘုရင်မင်းမြတ် တို့က ထိုထူးဆန်းပုရောဖက်ကို ပိုက်စိပ်ချရှာသော်လည်း မတွေ့ကြဟူ၍ အကျိန် နှင့်တကွ သစ္စာဆိုကြ၏။(တရား ၁၁း၁၈၊ ၁၉) ယေဇဗေလ မိဖုရားကြီးနှင့် ဗာလပု ရောဖက်တို့လည်း ဧလိယကို ကြောက်ရွံ့မုန်းတီးကြသဖြင့် မိမိတို့၏ ရှိသမျှသော တန်ခိုးဩဇာအာဏာကို သုံးကာ နည်းလမ်းစုံဖြင့် ကြိုးစားရှာဖွေခဲ့ကြပါသည်။ သို့သော်လည်း မိုးကိုမတွေ့ကြရပါ။ ဘယ်မှာလဲ မိုးဟူ၍ မေးနေကြဆဲ။

 

                              နောက်ဆုံးမှာတော့ လူထုကြီးသည် ပြောင်းလဲမှုအတွက်

                                                            အဆင်သင့် ဖစ်ကြခြင်း

               နောက်ဆုံးတွင် ]ဧလိယထံသို့ရောက်လာသော ထာ၀ရဘုရားသခင်၏ နှုတ် တော်ထွက်စကားက သင်သည် အာဟပ်မင်းအားသွား၍ ကိုယ်ကိုပြလော့။ ငါသည် လည်း မြေပေါ်မှာမိုးရွာစေမည်ဟု မိန်တော်မူသည်အတိုင်း၊} ဧလိယသည် နားထောင်၍ ခရီးစဉ်ကို စတင်လေတော့၏။

               ဤအချိန်တွင် အာဟပ်မင်းနှင့်နန်းတော်အုပ်ဩဗဒိတို့က မိမိတို့၏ အစာရေစာ ငတ်မွတ်နေသော တိရစ္ဆာန်ကြီးငယ်အပေါင်းတို့နှင့်တကွ ရေကြည်ရာ မြက်နုရာ ချောင်းငယ်၊ မြောင်းငယ်တို့ကို ရှာထွက်နေကြပါသည်။ ဤတွင်ရှင်ဘုရင်သည် မိမိ၏ အိမ်ထောင် မိသားစုဝင်များအတွက် အထူးဂရုစိုက်ကြောင်းကို တော့သိနိုင်ပေသည်။ ]အာဟပ်နှင့် ဩဗဒိသည် လမ်းတခြားစီထွက်သွားကြ၏။ ဩဗဒိသည် သွားစဉ်အခါ ဧလိယသည် ဆီး၍ကြို၏။ ဩဗဒိသည် ဧလိယကိုသိ၍ ပျက်ဝပ်လျက် ကိုယ်တော်သည် အကျွန်ုပ်၏သခင် ဧလိယမှန်ပါသလောဟုမေးလျှင် ဧလိယက ငါမှန်၏။} ဟုဖြေလိုက် ပါသည်။

               ဩဗဒိသည် ဣသရေလလူမျိုးတို့ လမ်းလွဲဖောက်ပြန်စဉ်ကာလ တစ်လျှောက် ယေဟောဝါဘုရားအပေါ်မှာ သစ္စာရှိနေဆဲ တပည့်တော်တစ်ပါးဖြစ်ခဲ့ပါသည်။ ရှင်ဘုရင် သည် သူ့အားဖန်ဆင်းရှင်ထာ၀ရဘုရားသခင် အထံတော်ပါးမှ ကျောခိုင်းစွန့်ခွါရန် သွေးဆောင်နိုင်စွမ်းမရှိခဲ့ပါချ။ ယခုတွင်သူသည် ထာ၀ရဘုရားသခင်လူ ဧလိယ၏ စေခိုင်းချက်အားဖြင့် ဂုဏ်ပြုခြင်းကိုခံရလေပြီ။ ]ဧလိယသည် ဤမည်သောအရပ်၌ ရှိပါ၏ ဟုသင်သခင်ထံသို့သွား၍ လျှောက်လော့။}

               ဩဗဒိသည် ထိုစကားကို ကြားလတ်သော်ကြောက်ရွံ့တုန်လှုပ်လျက် ]ကိုယ်တော်ကျွန်၏ အသက်ကို သတ်စေခြင်းငှါ အာဟပ်၌ အပ်ရမည်အကြောင်း ကိုယ်တော်ကျွန်သည် အဘယ်သို့ ပြစ်မှားဘိသနည်း။ ကိုယ်တော်၏ ထာ၀ရဘုရား သခင် အသက်ရှင်တော်မူသည်အတိုင်း ကိုယ်တော်ကို ရှာစေခြင်းငှါ အကျွန်ုပ်သခင်က မစေလွှတ်သော တိုင်းနိုင်ငံတစ်ခုမျှ မရှိပါ။ တစ်ကျွန်းတစ်နိုင်ငံသားက ဧလိယ မရှိပါဟု လျှောက်သောအခါ ကိုယ်တော်ကို ရှာ၍ မတွေ့နိုင်ဟု ထိုတိုင်းနိုင်ငံသားတို့သည် အကျိန်ကိုခံရကြပါ၏။ ယခုမူကားဧလိယသည် ဤမည်သော အရပ်၌ ရှိပါ၏ ဟု သင့် သခင်ထံသို့ သွား၍ လျှောက်လော့ဟု မိန့်တော်မူပါသည်တကား။ အကျွန်ုပ်သည် ကိုယ်တော်ထံမှထွက်သွား၍ အာဟပ်မင်းထံမှာ လျှောက်နေစဉ်တွင် ထာ၀ရဘုရား သခင်၏ ဝိညာဉ်တော်သည် အကျွန်ုပ်မသိသော အရပ်သို့ ကိုယ်တော်ကိုဆောင် သွားတော်မူလျှင် အာဟပ်မင်းသည် ကိုယ်တော်ကို မတွေ့နိုင်သောအခါ အကျွန်ုပ် ကိုသတ်ပါလိမ့်မည်။}

               ရှင်ဘုရင်သည် သက်ဦးဆံပိုင်မင်းဖြစ်သည် မဟုတ်လော။ အမျက်တော်ရှလျှင် အသက်ပျောက်သွားမည်ကို ဩဗဒိသိပါ၏။သို့ဖြစ်၍ ဤသည်ကို သိသော ဧလိယသည် မိမိခိုင်းသောအမှုမှာ အလဟဿ မဖြစ်စေရဟူသော ကတိတစ်ခုကို ဩဗဒိအား ပေးလိုက်ပါ၏။ ]ဧလိယကလည်း ငါကိုးကွယ်သော ကောင်းကင်ဗိုလ်ခြေထာ၀ရဘုရား သခင်အသက်ရှင်တော်မူသည်အတိုင်း ငါသည် ယနေ့အာဟပ်မင်းအား ကိုယ်ကို အမှန်ပြမည်ဟု ဆိုပြန်သော ဩဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက် တင်ခဲ့ပါသည်။}

               ထိုသတင်းကိုကြားသော အာဟပ်မင်းသည် အံ့ဩခြင်းနှင့်  ရောထွေးသော ထိတ်လန့်မှုကို ခံစားခဲ့ရသည်။ ထိုသူကိုကြောက်လည်းကြောက်သည်၊ မုန်းလည်း မုန်းသည်။ ထိုနှစ်ပါးကို အခြေခံ၍ မရပ်မနားရှာဖွေခဲ့သည်မှာလည်း လပေါင်းများစွာ ကြာခဲ့ပြီ။ ယခုလို တွေ့ပြန်တော်လည်း နောက်ထပ် ဣသရေလလူမျိုးတို့အပေါ်သို့ သတင်းဆိုး ထပ်ဆင့်လေဦးမည်လား။ ရှင်ဘုရင်၏ စိတ်နှလုံးသည် တလှပ်လှပ် ခုန်နေသည်။ အာဟပ်သည် ဘုရင်ယေရောဗောင်၏ သွေ့ခြောက်သော လက်ကို သတိရမိ၏။ ဤတစ်ကြိမ်တွင် အာဟပ်မင်းသည် ဘုရားသခင်၏ အမိန့်တော်ကို မကြားချင်သော်လည်း ရှောင်၍မရတော့ပြီ။ ဘုရားသခင်၏ လူဧလိယကိုလည်း မသတ် ဝံ့ပြီ။ အခက်ကြုံရချေပြီ။ တပ်မတော်မှာအကောင်းဆုံး ကိုယ်ရံတော်မÈ;သည် ဘုရင့် အနားမှာရှိနေပါသော်လည်း စိုးရိမ်တုန်လှုပ်စွာဖြင့် သက်ဦးဆံပိုင်ဘုရင်ကြီးသည် ထိုပုရောဖက်ကြီးအားတွေ့ဆုံရန် ထွက်သွားလေတော့သည် တကား။                         

 

               အမှားကို တမင်တကာလုပ်သူသည် ဖြောင့်မတ်ခြင်းတရားလမ်းမှ လွဲရှောင် သဖြင့် ဖြစ်ပေါ်လာသောရလဒ်တည်းဟူသော ကပ်ဘေးများအတွက် ထာ၀ရဘုရား သခင်၏ စေတမန်များတို့၌ တာဝန်ရှိသည် ဟုစွပ်စွဲလေ့ရှိသည်မှာ သဘာ၀တရား ပင်ဖြစ်၏။ အမှန်တရား ကြေးမုံမှန်ရှေ့မှောက်မှာ စာတန်၏တန်ခိုး ဩဇာခံသူတို့ ဆုံးမပြစ်တင်ခံရပြီဆိုလျှင်လည်း အနာပေါ်တုတ်ကျသလို နာကြည်လှ၍ အမျက် ထွက်၏။ ထိုသူတို့သည် အပြစ်အားဖြင့် ဝိညာဉ်မျက်စိကွယ်ကာ ထာ၀ရဘုရားသခင်၏ အစေခံတို့သည် ငါတို့ကိုဆန့်ကျင်လေပြီ။ ထိုသူတို့ကို ပြင်းထန်စွာပြစ်တင်ပြောဆို ဆုံးမထိုက်သည် ဟုခံစားမိကြပါသည်။

               တစ်ဖက်မှာလည်း အပြစ်မဲ့ကလေးငယ်၏ အသိစိတ်မျိုးနှင် ဧလိယသည် ရှင်ဘုရင်ကို မြှောက်ပင့်ထိုးကော်မလုပ်ပါ။ မိမိအတွက်ကိုလည်း ဆင်ခြင်ပေးရန် မကြိုးစားပါ။ မိုးခေါင်သော ဘေးလွတ်မြောက်လုပြီဆိုသော သတင်းကောင်းနှင့်လည်း အာဟက်မင်း၏ အမျက်ဒေါသကို ရှောင်လွှဲပေးရန်မလုပ်ပါ။ နာကြည်းလှသောဒေါသ ဖြင့် ထာ၀ရဘုရားသခင်၏ ဂုဏ်တော် အစော်ကားခံရသည်အတွက် မကျေမချမ်းနှင့် ကြောက်ရွံ့ခြင်းကင်းစွာဖြင့် အာဟပ်မင်းအား ဤကြောက်မက်ဖွယ်ကပ်ဘေးမှာ သင်နှင့် တကွ သင့်ရှေ့မှာ အပေါ်ထွန်းခဲ့သော မင်းဖခင်အဆက်ဆက်တို့၏အပြစ်များကြောင့် ဖြစ်သည်ဟု ကြေညာလိုက်လေသည်။ ]ငါသည် ဣသရေလအမျိုးကို မနှောင့်ယှက်၊ သင်နှင့်သင့် အဆွေအမျိုးတို့သည် ထာ၀ရဘုရားသခင်၏ ပညတ်တရားကို စွန့်၍ ဗာလဘုရားတို့ကို ဆည်းကပ်သဖြင့် ဣသရေလအမျိုးကို နှောင့်ယှက်ကြပြီ။}

 

                                             ပြုပြင်ပြောင်းလဲမှုယနေ့တွင်လိုအပ်နေခြင်း

               ယနေ့မှာလည်း တင်းမာသော ဆုံးမပြစ်တင်ပဲ့တင်သံတို့သည် လိုအပ် နေပါသည်။ အကြောင်းမှာ လူတို့သည် ကြီးလေးသောအပြစ်များကြောင့် ထာ၀ရဘုရား သခင်နှင့် ဝေးကွာ အဆက်ပြတ်လျက်နေလေပြီ။ ဘုရားတရားမဲ့ နေထိုင်ခြင်းသည် လည်း ယနေ့ခေတ်ဆန်သူတို့၏ယဉ်ကျေးမှုပင်ဖြစ်လာချေပြီ။]ထိုသူ (ခရစ်တော်ယေရှု) ၏ အအုပ်အချုပ်ကို ငါတိုမခံလိုပါ} (လုကာ ၁၉း၁၄)ဟူသော ကြွေးကြော်သံ (ဘာသာစကား)သည် ထောင်ဂဏန်းနှင့် ချီရှိနေပြီဖြစ်သော လူသားတို့၏ နှုတ်မှထွက်၍ လာနေပြီ။ တရားဟောကောင်းရုံနှင့် လည်း လူတို့၏စိတ်နှလုံးသည် မပြောင်းလဲ မစွဲမြဲတော့ပါ။ တံပိုးသံကဲ့သို့လည်း တရားမှာ မကျယ်လှတော့။ ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက်ပြတ်သားထက်မြက်လှသော အမှန်တရားများသည်လည်း လူတို့၏ နှလုံးသားကို မထိတွေ့တော့ပါ။

               လူများစွာက ပြောနေကြလေပြီ။ လိုရင်းတိုရှင်းပြောနေသော်လည်း အပိုပဲ။ (လု ၃း၇)။ဘာကြောင့်နှစ်ခြင်းဆရာယောဟန်ဟာ ဟေရုဒ်မင်းကြီးကို သူ့ညီမိန်းမနှင့် အတူနေ၊ ဆက်ဆံသွားလာတာဟာ နည်းလမ်းမကျဘူးလို့ပြောလိုက်တာနဲ့ ဟေရောဒိရဲ့ ဒေါသ စိတ်ကို နှိုးဆွပေးသလိုဖြစ်လို့ အသက်ပျောက်ခဲ့ရတယ် မဟုတ်ပါလား။ ဒါဟာ ရှင်းရှင်း လေးပြောလိုက်တဲ့ အကျိုးဆက်ပဲပေါ့ဟု လူတို့သည် ဆင်ခြင်လာကြပါသည်။

               သို့ဖြစ်၍ ထာ၀ရဘုရားသခင်၏ ပညတ်တော်ကို စောင့်ထိန်းအပ်သော လေဝိသားတို့သည် အပြစ်ကို ဆုံမပဲ့ပြင်မှုမရှိတော့ဘဲ ပေါ်လစီကိုသာ သစ္စာရှိသူ အဖြစ်သတ်မှတ်လာကြ၏။ ပေါ်လစီဆိုသည်မှာလည်း မူဖြစ်၍ လူကို ခင်လျှင်မူပြင်၏။ လူကို မုန်းလျှင်မူသုံး၏။ ဘယ်သောအခါမှာ သစ္စာရှိရှိ ဆုံးမပြစ်တင်သံကို အသင်း တော်ထဲမှာ ပြန်လည်ကြားနာရပါအံ့နည်း။

               ]ထိုသူသည်ကားအခြားသူမဟုတ်။ ကိုယ်တော်ပင်ဖြစ်ပါ၏။} (၂ရာ ၁၂း၇) ဟူသော ပုရောဖက်နာသန်က ဒါဝိဒ်မင်းကြီးကို ဆုံးမပြစ်တင် ပြောလိုက်သောစကား မျိုးသည် ယနေ့တရားဟောပလ္လင်ပေါ်မှာ မကြားရတော့ပြီ။ စာပေမှာလည်း မဖတ် ရတော့ပြီ။ ရှားပါးကုန်ထဲမှာ သူလည်းပါ၏။ ထာ၀ရဘုရားသခင်၏ စေတမန်များသည် မိမိ၏ကြိုးစားမှုများအတွက် အကျိုးမရှိဘဲလုပ်ဆောင်ရပြီ။ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီဟု မပြောစေနှင့်။ အမှန်တရားကို ဖုံးကွယ်လိုသည့်ရည်ရွယ်ချက် ဖြင့်လည်း လူတို့၏သဘောကို လိုက်၍မနေရပါ။

 

 

               မိမိ၌အပ်နှင်းထားသော အမှန်တရားသတင်းစကားတို့ကို မပြော၊ ကွယ်ဝှက် ထားသော အမှုတော်ဆောင်များသည် မိမိတို့၏အိမ်နီးနားချင်းကို မချစ်၊ ကိုယ်အလို သို့လိုက်၍ တဒင်္ဂအဆင်ပြေမှုကိုသာ ချစ်မြတ်နိုးသောသူများ ဟုဆိုရလိမ့်မည်။ စစ်မှန်သော ချစ်ခြင်းမေတ္တာရှိသူများ၌ ရှေးဦးစွာ ထာ၀ရဘုရားသခင်၏ဂုဏ်တော်ကို ချီးမြှောက်၍ အသက်ဝိညာဉ်များကို ကယ်တင်လိုသောမြင့်မြတ်နှလုံးသား လုပ်ဆောင် မှုများရှိပါသည်။ ဤချစ်ခြင်းသဘောရှိသောသူသည် လိုရင်းတိုရှင်းပြောခြင်းမှ ဖြစ်ပေါ် လာမည့် မနှစ်သက်စရာ ရလဒ်အကျိုးဆက်များရှိနိုင်ပါသော်လည်း အမှန်တရားကို ဟောပြောရန် ခေါင်းရှောင်လိမ့်မည်မဟုတ်ပါ။ ပျက်စီးနေသူအသက် ဝိညာဉ်များကို ဘုရားသခင်၏နာမတော်ဖြင့် ကယ်တင်ရာ၌ ကိုယ့်အကျိုးကိုစွန့် ၊ အပြစ်ကို မငှဲ့ဘဲ ဘုရားသခင်ခိုင်းသည့်အတိုင်း ဟောပြောသွန်သင်ရပါလိမ့်မည်။

               ဘုရားသခင်၏ အမှုတော်ဆောင်တို့သည် ဧလိယလို သတ္တိမျိုးကို ပြရပါမည်။ အမှုတော်ဆောင်တို့မည်သည် ]အပြစ်ကို ဖော်ပြလော့၊ ဆုံမခြင်းကို ပြလော့၊ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကို ပေး၍ တိုက်တွန်းသွေးဆောင်လော့။} (၂တိ ၄း၂)။ သခင်ခရစ်တော်၏ကိုယ်စား ထိုသူတို့သည် ယုံကြည်နားထောင်သူတို့ကို တိုက် တွန်းနှိုးဆော်၍ နားမထောင်သောသူတို့အား သတိပေးကြရပါမည်။ ထိုသူတို့အတွက် လောကမူ စည်းကမ်းပေါ်လစီတို့သည် အလေးမစီးတော့ပါ။ ယုံကြည်ခြင်းဖြင့် ရှေ့ ခရီးကိုဆက်ရန်သာဖြစ်၏။ မိမိ၏စကားကို မပြောပိုင်တော့ဘဲ သူတို့မှထွက်သော သတင်းစကားသည် ]ထာ၀ရဘုရားသခင်မိန့်တော်မူသည်ကား} အတိုင်းသာဖြစ်အပ် ပေ၏။ ထာ၀ရဘုရားသခင်သည် ဧလိယလိုလူ၊ နာသန်လိုပုရောဖက်၊ နှစ်ခြင်းဆရာ ဟောဟန်တို့ကဲ့သို့ ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို ပဓါနမထားဘဲ ထာ၀ရဘုရား သခင်၏သတင်းစကားကိုသာလျှင် လက်ဆင့်ကမ်းကြွေးကြော်မည့်သူများကို ဖိတ်ခေါ် လျက်နေပါသည်။ ထိုပုရောဖက်တို့သည်ကား မိမိတို့မှာရှိသမျှသော အရာတို့ကို ဆက်ကပ် အပ်နှံလျက် အမှန်တရားအတွက် ကိုယ်ကျိုးစွန့်ခဲ့ကြသူများပေတည်း။

 

                                            

               ထာ၀ရဘုရားသခင်သည် အမှားတစ်ဖက်မှာ သစ္စာရှိစွာပြောဆိုဝံ့သူ၊ အဆင့် မြင့် ဆင်ဝင်လူတန်းစားတို့တရားနှင့် မညီသောဝိညာဉ်ရေး ဆိုင်ရာမိုက်မဲမှု တစ်ဖက်မှာ နေ၍ တရားပြနိုင်မည့်သူများကို လိုအပ်နေသောကြောင့် သခင်အစေခံရန် ဖိတ် ခေါ်လျက် ရှိနေပါသည်။ထိုသို့သော လူသားတို့ကို ဘုရားသခင်သည် ] သာဓုသစ္စာ ရှိသော ငယ်သားကောင်း၊ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့} ဟု မိန့်တော်မူပါလိမ့်မည်။ (မဿဲ ၂၅း၂၃)။

No comments:

Post a Comment