Tuesday, March 10, 2026


အခန်း (၉)

ပုရောဖက်ဧလိယသည် ရှင်ဘုရင်အာဟပ်မင်းကို ရင်ဆိုင်ခန်း

ဤအခန်းကြီးသည် (၃ရာ ၁၇း၁၊၇) အခြေခံထားသည်။

 

               ယော်ဒန်မြစ်၏ အရှေ့ဘက်ဒေသမှာ သစ်တောတောင်တန်းကြီးများနှင့် အုံ့ ဆိုင်း၍နေပါသည်။ ထိုအရပ်မှာ ယုံကြည်ခြင်းအားကြီး၍ ဆုတောင်းခြင်းအမှု၌ မွေ့ လျော်သော လူတစ်ယောက်ရှိသည်။ ထိုသူအား တိုင်းပြည်အတွင်း လတ်တလော ဖြစ်ပေါ်ပျံ့နှံ့မြန်သော ဖောက်ပြန်မှုကြီးကို ကြောက်ရွံ့ခြင်းကင်းစွာဖြင့် စုံစမ်းစစ်ဆေးပြု ပြင်ရန် အလုပ်တာဝန်ကို ထာ၀ရဘုရားသခင်က ပေးအပ်ထားပါ၏။ သူသည် လူကုံ ထံမဟုတ်၊ သာမန်ရိုးရိုးရွာသား တစ်ဦးသာဖြစ်ပါသည်။ သူ၏နာမည်မှာ ဧလိယဖြစ်၏။ ဧလိယသည် ဘုရားသခင်က ခိုင်းလျှင်လုပ်ရဲမည့်သူ။ အပြစ်ကိုရှောင်ဖယ်ရန် အပြစ်ကို ဆုံးမမည့်တော၌ သတင်းလွှင့်သော တရားဟောဆရာတစ်ဦးပင်ဖြစ်ပါသည်။ သူက အပြစ်ကို ဆုံးမပဲ့ပြင်လိုက်သည်ဆိုလျှင်ပဲ အပြစ်ကြောင့် နာမကျန်းဖြစ်နေသော အသက်ဝိညာဉ်များက ဒဏ်ရာပေါ်မှာလိမ်းဆေးကို လူးရဘိသကဲ့သို့ ဖြစ်ပါသည်။

               ဧလိယသည် ဣသရေလလူမျိုးတို့၏ လွန်ကဲသော ယဇ်နတ်ဘုရားပူဇော် ပသကိုးကွယ်မှုကို မြင်ရလေ ထိုအမှုကိုစက်ဆုပ်ရွံရှာသဖြင့် ဒေါသထွက်လေဖြစ် နေပါသည်။ ထာ၀ရဘုရားသခင်သည် မိမိလူတို့ ]အထုံးအဖွဲ့တော် အတိုင်းကျင့်၍ ပညတ်တရားတော်ကို စောင့်ရှောင့်မည် အကြောင်း} (ဆာလံ ၁၀၅း၄၄) ကောင်းမြတ် သောအရာများစွာကို စီရင်ပြုလုပ်ပေးခဲ့ပြမဟုတ်လော။ အဘယ်ကြောင့် သူတို့၏ အင်အားဇစ်မြစ် ထာ၀ရဘုရားသခင်အား လျင်မြန်စွာကျောခိုင်းစွန့်ခွာကြလေသနည်း။ တောထဲမှာနေ၍ ကြားရမြင်ရသည့် လွဲမှားဖေါက်ပြန်နေကြသောလူမျိုးတို့ကြောင့် ဧလိယသည် နှလုံးဝေဒနာကိုခံစားနေရသည် စိတ်ထဲမှာလည်း သင်တို့ကို ထာ၀ရဘုရား သခင်ဆုံးမတော်မူလျှင် ကောင်းမည်။ အိုအဖဘုရားသခင်၊ သူတို့နောင်တရဖို့ အလို့ငှါ လိုအပ်လျှင် သူတို့ကို တရားစီရင်တော်မူပါဟု ဆုတောင်းခဲ့လေသည်။

 

 

               ဧလိယ၏ဆုတောင်းချက်ကို ဘုရားသခင်နားညောင်းတော်မူ၏။ ထိုသို့တရား စီရင်ရန် အချိန်တန်ပါပြီ။ ဗာလဘုရားကို ဝတ်ပြုကိုးကွယ်ကြသူတို့သည် ဤပထဝီ မြေကြီးကို စိုစေသောနှင်း၊ မိုးရေနှင့် နွေးထွေးစေသောနေမင်းကြီးတို့သည် ဗာလ ဘုရားကြောင့်ဖြစ်သည်ဟု ကြွေးကြော်နေကြပါသည်။ လမ်းလွဲဖောက်ပြန်နေကြသော ဣသရေလလူမျိုးတို့ကလည်း ထိုသို့သော ကောင်းချီးမင်္ဂလာအဖြာဖြာသည် ဗာလ ဘုရားကြောင့်ဖြစ်သည် မဟုတ်လောဟု ဆိုကြပေ၏။ သို့ဖြစ်၍ နှင်း၊ မိုးရေကို မြေကြီး ပေါ်သို့ရပ်တန့်စေကာမှ ထိုသူတို့သည် ထာ၀ရဘုရားသခင်ထံတော်မှာ နောင်တနှင့် ပြန်လာမည့် သဘောဆောင်နေပါတော့သည်။

               ကောင်းကင်နိုင်ငံတော်မှ မြေကြီးကို တရားစီရင်မည်ဟူသော သတင်းကို အာဟပ်မင်းထံသယ်ဆောင်သွားရန် ဧလိယသည် ဘုရားသခင်၏စေခိုင်းခြင်းကို ခံရလေပြီ။ သူထံသို့ ထာ၀ရဘုရားသခင်၏ အမိန့်တော်ကျရောက်ခြင်းဖြစ်သည်။ သူသည် အမိန့်တော်ကိုမငြင်းပယ်လိုပါ။ လက်ခံလုပ်မည်ဆိုကလည်း ထိုမင်းဆိုး၏ လက်ထဲမှာ ချက်ချင်းပျက်စီးသွားနိုင်ပေသည်။ ဒါကိုသူသိသော်လည်း နေ့၊ ညမပြတ် နန်းတော်ဆီအရောက် ခရီးကြမ်းကို ခြေကျင်နှင်ခဲ့လေသည်။ လက်ထဲမှာလည်း ပုရောဖက်များ ဝတ်နေကျ ဝတ်ရုံကြမ်းကြီးနှင့် သူသည် နန်းတော်စောင့်စစ်သူရဲတို့ကို ဂရုမစိုက်၊ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးပင် အံ့အားသင့်နေသာ ရှင်ဘုရင်ရှေ့တော် မှောက်မှာ ဝင်ရောက်ကာမတ်တတ်ရပ်လိုက်ပါသည်။

               ဧလိယသည် သူ၏လျှပ်တစ်ပြက် ဘုရင်ရှေ့မျောက်မှာ လာရောက်ရပ်နေခြင်း အတွက် တောင်းပန်စကားပြော၍ မနေတော့ပါ။ သူ့ကိုစေခိုင်းသောသူအား သာမည လူမဟုတ်။ ဣသရေလ လူမျိုးနွယ်တစ်ခုလုံးကို အုပ်စိုးသောဘုရားသခင်ဖြစ်သည် မဟုတ်လော။ တိုတိုတုတ်တုတ်ပင်ပြောလိုက်ပါ၏။ ]ငါကိုးကွယ်သော ဣသရေလ အမျိုး၏ ထာ၀ရဘုရားသခင် အသက်ရှင်တော်မူသည်အတိုင်း ငါ့အခွင့်မရှိဘဲ အင်တန် ကာလပတ်လုံးမိုးမရွာ၊ နှင်းမကျရဟု အာဟပ်မင်း အားမြွက်ဆို၏။

 

              

               ရှမာရိမြို့တော်သို့ သွားရာလမ်းတစ်လျှောက်မှာ ချောင်းငယ်၊ မြောင်းငယ်များမှ ရေတို့သည် တသွင်သွင်စီးဆင်းကာ ထိုနေရာဝန်းကျင်ရှိ သစ်တောများမှာလည်း အမြဲလိုလိုပင် စိမ်းလန်းစိုပြည်နေပုံကို ဧလိယသည်တွေ့ရသဖြင့် မိုးခေါင်မည့်အသွင် လုံး၀မပေါက်ပါ။ ဤသည်ကို ပုရာဖက်ဧလိယသည် အံ့ဩမည်ဆိုက အံ့ဩနိုင်ပါသည်။ သို့သော်လည်း သူသည် ဘုရားသခင်၏နှုတ်ထွက်စကားတော်ကို လုံး၀သံသယမရှိပါ။ သို့ဖြစ်၍ မိမိပြောကြားလိုက်သော တရားစီရင်နေပြီဟူသော သတင်းစကားမှာ ထိုမင်းဆိုး၏ နားထဲဝယ်မိုးကြိုးပစ်သလို ခံစားလိုက်ရ၏။ ပြီးသော် တွေဝေသွားသည်။ အံ့ဩမိရာမှ ပြန်လည်သတိရလာသောအခါ ဧလိယသည် သူ့ရှေ့မှောက်မှာ မရှိတော့ပြီ။ ထာ၀ရဘုရားသခင်သည်လည်း ဧလိယ၏ရှေ့တွင်သွားလျက် လမ်း ခရီးကိုပြင်ဆင်ပေးလေသည်။]သင်သည် ဤအရပ်မှ ထွက်သွားလော့။ အရှေ့သို့ ပြောင်း၍ ယော်ဒန်မြစ်တစ်ဖက် ခေရိတ်ချောင်းနားမှာပုန်းရှောင်၍ နေလော့။ ထိုချောင်း ရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကို ကျွေးမွေးမည်းအကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည် အတိုင်း၊} ဧလိယပြုလေ၏။

               ရှင်ဘုရင်သည် အပတ်တကုတ်ကြိုးစား၍ ဧလိယဘက်မှာရှိကြောင်းကို မေးမြန်းရှာဖေစေ၏။ သို့သော်လည်း မည်သူတစ်ယောက်မျှ ပုရောဖက်ကြီးကို မမြင် ခဲ့ပါချေ။ ဤကဲ့သို့ မိုးကောင်းကင်ဘဏ္ဍာတော်များကို သော့ခတ်ပိတ်ပင်လိုက်ပြီ ဆိုသောသတင်းကို မိဖုရားယေဇဗေလသည် ကြားသိလေသောအခါ အလွန်အမျက် ထွက်လျက် မိမိနှင့်တိုင်ပင်ဆွေးနွေးလေ့ရှိသော ဗာလပုရောဖက်ကြီးများနှင့်အတူ ပုရောဖက်ဧလိယကို ကျိန်ဆဲကြ၏။ ယေဟောဝါဘုရားကိုလည်းရှုတ်ချကြလေသည်။ ဣသရေလလူမျိုးတို့၏ အပြစ်ကို အတိအလင်းဖော်ထုတ် ကြေညာလိုက်သော ဧလိယပုရောဖက်၏ စွပ်စွဲချက်သတင်းတို့သည် နောက်ဆက်တွဲလျင်မြန်စွာ ရောက် ရှိလာမည့် ပြစ်ဒဏ်စီရင်မှုကြီးနှင့်အတူ တစ်ပြည်လုံးကို လွှမ်းမိုးသွားတော့်၏။ တချို့မှာ ဤသတင်းဆိုးကြောင့် ကြောက်လန့်၍ နေကြသည်။ သို့သော်လည်း ခြုံငုံ၍ပြော ရပါလျှင် လူအပေါင်းတို့သည် ထိုကောင်းကင်ဘုံမှသတင်းစကားကို ဂရုမပြု၊ သရော် ပြောင်လှောင်သည့်စကားဖြင့် ဖန်ဆင်းရှင် ဘုရားသခင်အားကဲ့ရဲ့ကြလေသည်။

               မကြာပါ။ ပုရောဖက်၏စကားသည် မနှေးအမြန်မှန်ကန်လာ၏။ မိုးနှင့် ရေကို မရရှိတော့သော ပထဝီမြေကြီးသည် တဖြည်းဖြည်းနှင့် ခြောက်သွေ့လာသည်။ သစ်ပင်၊ ပန်းပင်၊ ဟင်းရွက်စုံပင် တို့မှာလည်း နွမ်းရိလာကြသည်။တစ်ချိန်က ထာ၀ရချောင်းကျ ရေပါဟု တင်စားခဲ့သော ရေကြည်ကန်မှာလည်း ချောင်း၊ မြောင်းတို့နှင်အတူခြောက် ကပ်လာ၏။ သို့တိုင်အောင်လည်း လူတို့သည် ဗာလဘုရားကိုသာဆက်လက်၍ ယုံကြည်စိတ်ချထားရန် ထိုဘာသာရေးခေါင်းဆောင်ကြီးများတို့က ဆက်လက်သွန်သင် နေကြ၏။ ပုရောဖက်ဧလိယ၏ နိမိတ်မရှိ စကားများကိုလည်း ဘေးဖယ်ထားရန် နှိုးဆော်ကြလေသည်။ ဧလိယ၏ဘုရားသခင်ကို မကြောက်ရွံ့ကြလေနှင့်။ လူနှင့်တိ ရစ္ဆာန်တို့ကို ပျော်ရွှင်ကျန်းမာအောင် စီမံပေး၍ ဂျုံစပါး၊ ဟင်းသီးဟင်းရွက်တို့ကို လှိုင်လှိုင်ပေါများစေသောသခင်သည် ဗာလဘုရားသာဖြစ်ကြောင်း အသိအမှတ်ပြု ကြေညာကြလေသည်။

 

ဗာလဘုရား၏ ယဇ်ပုရောဟိတ်များဆက်လက်ကာလိမ်ညာနေခြင်း

               ပုရောဖက်ဧလိယ၏ ဘုရားသခင်ပြောစေသောစကားသည် ဗာလနတ်ဘုရား ယဇ်ပုရောဟိတ်ကြီးများတို့၏ အာမခံချက်စကားတို့ကိုကြော၍ အထီးတည်းရပ်တည် နေ၏။ ]အကယ်၍ဗာလသည် မိုးရေနှင့်နှင်းရည်ကို ပေးပိုင်သူဖြစ်က ဣသရေလ ရှင်ဘုရင်သည် ထိုဘုရားကိုကိုးကွယ်၍ လူအပေါင်းတို့သည်လည်း ဘုရားသခင်ဟု မှတ်ယူကြစေ။} ထိုကြေညာချက်တစ်ဖက်မှာ ဗာလဘုရားယဇ်ပုရောဟိတ် တို့သည် လည်း လူတို့ကို ဆက်လက်လှည့်စားလိုသည့်စိတ်ဖြင့် နေရောညပါ မိမိတို့၏ နတ်ဘုရားများကိုဟစ်ခေါ်ကြ၏။ ဤမြေကြီးကို ပြန်လည်စွတ်စို စိမ်းလန်းစေရန်ဖြစ် သတည်း။ အားကြီးသောစိတ်နှင့်မိမိတို့၏ ယဇ်ပလ္လင်များကို ဝန်းရံကခုန်လျက် နေ့လ မပြတ်မိုးရွာ၍ ရေရရှိရန်အတွက် မိုးဘုရားထံဆုတောင်းကြလေသည်။ သို့သော်လည်း ကောင်းကင်မှာ မိုးတိမ်ကိုမမြင်။ မြူနှင်း၊ မိုးရေသည်လည်း ခြောက်သွေ့နေသော မြေကြီးကို အစိုဓါတ်မပေးပါချေ။

               နှစ်တစ်နှစ်လွန်သွားလေပြီ။ နေမင်းကြီး၏ ပူပြင်းခြောက်သွေ့လှသော အပူရှိန် သည် ဟင်းသီးဟင်းရွက်ပင်ငယ်ကလေးများကို ညိုးနွမ်းစေ၏။ ချောင်းရေတို့သည် လည်း ခန်းခြောက်ကုန်ပြီ။ ရေကြည်ရာမြက်နုရာကို ရှာဖွေသွားလာ ကျက်စားလေ့ ရှိခဲ့သော တိရစ္ဆာန်စုတို့သည်လည်း လန်းဆန်းမှုမရှိ၊ မှိုင်တွေကာ မြည်တမ်းသံနှင့် ဘယ်ဆီသွားရမှန်းမသိဖြစ်ကုန်ကြ၏။ တစ်ချိန်က ကျောက်စိမ်းရောင်ဂျုံစပါးခင်းတို့ သည် ယခုတွင်မူသဲသောင်ပြင်တမျှပြောင်းလဲ၍ နေသည်။ အရိပ်အာဝါသကောင်းသော သစ်တောပင်ကြီးများကား ယခုတွင် အရိုးပြိုင်းပြိုင်းပေါ်လျက် အရိပ်အာဝါသကို မပေးစွမ်းနိုင်တော့ပြီ။ သဲမုန်တိုင်းတို့လည်း နေရာယူလာကြသဖြင့် မျက်လုံးများကို ကန်းစေ၏။ အသက်ရÈရကျပ်စေလေသည်။ လူနှင့်တိရစ္ဆာန်တို့သည်လည်း အစာ ရေစာဆာငတ်မွတ်လှသဖြင့် ကြောက်စရာကောင်းလှအောင် အလှည့်လှည့်သေပွဲကို နွှဲကြရလေသည်။ အစာငတ်မွတ်ခြင်းဘေးသည် အတောမသတ်နိုင်သော စိတ် ချောက်ချားဖွယ်ရာများတို့နှင့် ဝင်ရောက်လာသည်မှာ ပြင်းထန်သည်ထက်ပို၍ ပြင်း ထန်လာပါပြီ။

               သို့တိုင်အောင်လည်း ဣသရေလလူမျိုးသည် ထာ၀ရဘုရားသခင်သွန်သင် သည်အတိုင်း သင်ခန်းစာကို မယူတတ်သေး။ နောင်တတရားလည်း မရနိုင်သေးဘဲ ဖြစ်နေသည်။ သူတို့သည် ဘဝင်မြင့်တတ်သောစိတ်ကိုမဖျောက်။ မိမိတို့စွဲလမ်းနှစ် သက်သော ဝတ်ပြုကိုးကွယ်မှုအမှား၌သာ ယဉ်ပါး၍နေသည်။ မိမိတို့ခံစားနေရသော ဆင်းရဲဒုက္ခများကြောင့်လည်း နောင်တမရသည့်အပြင် အခြားအကြောင်းရင်တစ်ခုခု၌ အပြစ်တင်ဖို့သာ စိတ်ရှိကြလေသည်။

               ယေဇဗေလသည်ကား ဣသရေလတစ်မျိုးလုံးနီးပါးနှင့်အတူ ကောင်းကင်ဘုံ ဘုရားသခင်ကိုဆန့်ကျင်ဖို့ရန် စိတ်သဘောချထားလေပြီ။ နောက်မဆုတ်၊ စိတ်မပြောင်း လဲဘဲ မိမိတို့ရင်ဆိုင်ခံစားနေရသောဖြစ်ရပ်ဆိုး၏ အခြေခံအကြောင်းရင်းမှာ ဧလိယ ကြောင့် ဖြစ်သည်ဟုဆိုကာ ထိုပုရောဖက်ကို အပုပ်ချကြလေ၏။ သူ့ကို အသေရရ၊ အရှင်ရရ ဖမ်းဆီးနိုင်က မိမိတို့ခံရသော ဆင်းရဲဒုက္ခများပြီးဆုံးသွာမည်ဟုလည်း ယူဆကြလေသည်။ သို့ဖြစ်၍မိဖုရားသည် ထိုပုရောဖက်ကိုစေ့စေ့ရှာဖွေရန် အာဟပ် မင်းကို နားပူနားဆာပြုပါတော့သည်။ မင်းကြီးသည်လည်း မိဖုရား၏ဆန္ဒအတိုင်း လိုက်လျောကာ အထောက်တော်များကိုစေလွှတ်ကာ အိမ်နီးချင်းနိုင်ငံများတို့၌ မိမိ မုန်းတီး၍ ကြောက်ရွံ့သောပုရောဖက်ဧလိယအကြောင်းကို စုံစမ်းစေကြ၏။ ထိုပုရော ဖက်ကို မတွေ့မိပါဟူသော ကတိခံဝန်ချက်အကျိန်နှင့် ထိုနိုင်ငံတို့သည် အာဟပ် မင်းအား တုံ့ပြန်လိုက်သောအခါ စုံစမ်းစစ်ဆေးရှာဖွေခြင်းသည် အလဟဿဖြစ်သွား ရတော့သည် ပုရောဖက်ကြီးသည်လည်း ရှင်ဘုရင်၏ မုန်းတီးမှုရန်မှကင်းလွတ်ကာ လုံခြုံစွာရှိနေလေသည်။

               မိဖုရားယေဇဗေလသည် ပုရောဖက်ဧလိယကို မတွေ့လတ်သော် ယဟောဝါ ဘုရားသခင်၏ ပုရောဖက်အပေါင်းကို လုပ်ကြံရန် ဆုံးဖြတ်လိုက်ပါသည်။ အမျက်ဒေါသ ခြောင်းခြောင်းထွက်နေသော ထိုအမျိုးသမီးသည် များစွာသော ပုရောဖက်တို့ကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့သော်လည်း အားလုံးတော့မပျက်စီးသွားခဲ့ပါ။ အာဟပ်မင်း၏ နန်းတော်ကို အုပ်စိုးသောဩဗဒိသည် မိမိ၏အသက်ကိုမနှမြောဘဲ ယေဟောဝါဘုရား သခင်၏ ]ပုရောဖက်တစ်ရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင် မုန့်နှင့် ရေကိုပေး၍ကျွေးလေ၏။} (၃ရာ ၁၈း၄)

 

                              မိုးခေါင်း၍ အစာခေါင်းပါးရာ တစ်နှစ်ခွဲရှိသေးခြင်း

               အစာခေါင်းပါး၍ မိုးခေါင်သော ဒုတိယနှစ်လွန်လေပြီး။ သနားကြင်နာခြင်း ကင်းပုံရသောမိုးကောင်းကင်သည် မိုးရွာမည့်အရိပ်အယောင်ကို မပြသေးဘဲ ပုံမှန် ရှိနေဆဲဖြစ်၏။ မိဘတို့သည်လည်း မိမိတို့၏ရင်သွေးငယ်များ အသက်စွန့်ခွါလိုက် ရပုံများကို မမြင်ချင်ဘဲမြင်နေရသည်။ သို့တိုင်အောင်လည်း လမ်းလွဲနေသော ဣသရေ လလူမျိုးသည် မိမိတို့၏ ခံစားနေရသော ဆင်းရဲဒုက္ခ ဖြစ်ရပ်မှန်၏အကြောင်းရင်းကို မမြင်နိုင်သေးဘဲရှိနေ၏။ နောင်တရဖို့ကား ဝေးလှသေးသည်။ ထာ၀ရဘုရားသခင်၏ အဆင်ပြေအောင် ကြားဝင်ဆောင်ရွက်ဖေးမမှုကို သူတို့သည် နားမလည်နိုင်ဖြစ်နေ သေးသည်။ ကောင်းကင်ဘုံက အပြစ်လွှတ်ခြင်း အခွင့်ကို ပေးသနား၍ သူတို့ကို ကယ်တင်ရန် ဘုရားသခင်သည် လမ်းခင်းထားပါသော်လည်း သူတို့ နားမလည်နိုင်၊ မဝေခွဲနိုင်ဖြစ်နေပါသည် တကား။

               ဣသရေလလူမျိုး၏ လွဲမှားဖေါက်ပြန်မှုသည် အစာငတ်မွတ်ခြင်းဘေးအပေါင်း တို့ထက် ပိုမို၍ဆိုးဝါးနေလေပြီ။ ထာ၀ရဘုရားသခင်သည် ထိုသူတို့၏ ပျောက်ဆုံးနေ သောယုံကြည်ခြင်းကို ပြန်လည် ဖော်ထုတ်ရန် ကြိုးစားလျက်နေပါသည်။ သို့ဖြစ်၍ ဒုက္ခမိုက်နှင့် သူတို့ကို စစ်ဆေးနေခြင်းဖြစ်၏။ ]မတရားသောသူသည် မိမိအကျင့်တို့ကို ရှောင်၍အသက်မရှင်၊ အသေခံခြင်းအမှု၌ ငါသည်အနည်းငယ်သောပျော်မွေ့ခြင်း ရှိလော။} ]အသေခံရသောသူ၏ အသေခံခြင်းအမှု၌ ငါသည်ပျော်မွေ့ခြင်း မရှိ။ ထို ကြောင့် ပြောင်းလဲ၍အသက်ရှင်ကြလော့ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏။} (ယေဇကျလ ၁၈း၂၃၊ ၃၁၊၃၂၊ ၃၃း၁၁)။

               ထာ၀ရဘုရားသခင်သည် မိမိလူတို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေရန် အလို့ငှါ ဣသရေလပြည်သို့ စေသမန်များကို စေလွှတ်၍ ]ပြန်လာပါ} ဟု တောင်းပန်နေသည်မှာ အထပ်ထပ် အလီလီဖြစ်ပါသည်။ သို့သော်လည်း ဘုရားသခင်စေလွှတ်တော်မူသော စေတမန်များကို ထိုသူတို့သည် အမြဲဆန့်ကျင်ခဲ့သည်သာမက ယခုမှာလည်း ပုရော ဖက်ဧလိယကို မုန်းတီးနေပြန်ပြီ။ အကယ်၍သာဧလိယကို သူတို့ဖမ်းမိချေက အမှန် အကန် ယေဇကျေလမိဖုရားထံ ပို့ဆောင်အပ်နှံမည်မှာ မလွဲဧကန်တည်း။ ဧလိယ ကိုနှုတ်ပိတ်နိုင်က ကပ်ဘေးကြီးလည်းပပျောက်သွားမည်ဟု သူတို့ယူဆကြပါသည် တကား။

               ဣသရေလလူတို့အတွက် အနှိုင်းမဲ့တန်ခိုးရှိသူ၏ ဆုံးမတော်မူခြင်း ကိုဝန်ခံကာ စိတ်နှလုံးပြောင်းလဲ၍ ကျူးလွန်နေဆဲအပြစ်မှ ကျောခိုင်းပြန်လာရန် ဤတစ်ခုတည်း သော ဖြေဆေးသာရှိပါတော့သည်တကား။ ထိုသူတို့အားလည်း အာမခံချက်အပြည့် ရှိကတိတော်များပေးခဲ့ပြီမဟုတ်၂။ဘုရင်အာဟပ်နှင့် သူ၏တစ်ပါးအမျိုးသမီးယေဇဗေ လတို့သည် ဣသရေလအမျိုးသားတို့အား ဘုရားသခင်ထံမှဝေးကွာ သွားစေခဲ့ပြီး ရုပ်တုကိုးကွယ်ခြင်းအမှုသို့ ပို့ဆောင်ခဲ့ကြသည်။လော။ ]မိုးမရွာစေခြင်းငှါ ငါသည် မိုး ခေါင်စေသော်လည်းကောင်း၊ ကျိုင်းတို့သည် မြေအသီးအနှံကို ကိုက်စားခြင်းငှါ ငါ မှာထားသော်လည်းကောင်း၊ ငါ့လူတို့၌ ကာလနာကို စေလွှတ်သော်လည်းကောင်း ငါ့ နာမဖြင့်သမုတ်သော  ငါ့လူတို့သည် ကိုယ်ကိုနှိမ်ချသဖြင့် ငါ့မျက်နှာကိုရှာလျက် ဆု တောင်း၍ အဓမ္မလမ်းကို လွဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကိုဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။ (၆ရာ ၇း၁၃၊၁၄)။ ဤကတိပေး ချက်အတိုင်း မင်္ဂလာအဖြာဖြာကို ခံစားရရှိစေရန် ထာ၀ရဘုရားသခင်သည်  ဣသရေ လပြည်အပေါ်သို့ နှင်းကိုမကျစေ၊ မိုးကိုလည်း မရွာစေဘဲ တစ်တိုင်းပြည်လုံး ယုံကြည် ကိုးကွယ်မှုမှာ ပြန်လည် ပြောင်းလဲရှင်သန် နိုးကြားမှုရှိချိန်ကို စောင့်ဆိုင်းလျက်နေ ခဲ့ပါသည်။

No comments:

Post a Comment