မြော်လင့်ခြင်းအသင်းတော်တိုင်းက
အပတ်စဉ်မဖြစ်မနေသင်ကြရသော ဥပုသ်စာဖြေ သင်ခန်းစာများကို အသေအချာလေ့လာလျှင် အသင်းသားများ၏
ဝိညာဉ်ရေးရာ အသက်သွေးကြောပမာရှိသည်ဟု ယုံကြည်သဖြင့် Suan Lian Kham သည် ဥပုသ်စာဖြေများကို
နည်းလမ်းမျိုးစုံဖြင့် ဝေငှရန် ဘုရားဖွင့်ပြခဲ့၏။ ခေတ်နှင့်လျှော်ညီစွာဖြင့်
Social Media ကိုအသုံးပြုပြီး အသင်းသားများအား ယုံကြည်ခြင်း၌ ပိုမိုအမြစ်တွယ်စေရန်
YouTube စာမျက်နှာကိုအသုံးပြုပြီး ၂၀၁၄ တတိယကွာတာ ဥပုသ်စာဖြေ သင်ခန်းစာဖြင့် စတင်ခဲ့ပါသည်။
အဦးဆုံးဖွင့်ခဲ့သည့်အခေါင့်သည် Myanmar Three Angels Messages ဖြစ်ရာ- ပထမဆုံးသီချင်းဗီဒီယိုအနေဖြင့်
ဇူလှိုင် ၇၊ ၂၀၁၄ တွင် စတင်နိုင်ခဲ့ပါသည်။ (ရှုရန်။ https://www.youtube.com/@myanmarthreeangelsmessages5004/videos)
ထိုမှတဆင့် အသင်းသားတစ်ဦး၏အကြံပေးချက်အရ Facebook စာမျက်နှာသို့ ၂၀၁၆ စတုတ္ထကွာတာတွင် ထပ်မံတိုးချဲ့ရာ အသင်းသားတို့၏လက်တစ်ကမ်းတွင်
ပိုမိုရောက်ရှိလာနိုင်ခဲ့ပါသည်။
ထို့ကြောင့် ရပ်ဝေးရောက်အသင်းသားများ၊ ဆရာမရှိသည့်နေရာများ၊ အသင်းသားနည်းသည့်နေရာများတွင်
ဝတ်ပြုကိုးကွယ်ခြင်းတွင် အထောက်အကူပြုစေရန် ရည်ရွယ်လျက်၊ ၂၀၁၆ တွင် ရပ်ဝေးသာသနာ သတင်း
ကိုထပ်မံဖြည့်စွပ်နိုင်ခဲ့ပါသည်။ ထို့နောက် တီးတိန်ချင်းဘာသာစကား၊ တရားဟောချက်၊ ထို့နောက်တွင်
ကိုဗစ်ရောဂါကြောင့် Zoom များတွင်ကျယ်စွာအသုံးပြုလာကြရာ၊ ပတ်စဉ်သောကြာနေ့တိုင်း OMEGA
နယ်စည်းမခြားဝတ်ပြုကိုးကွယ်ခြင်း၊ ဥပုသ်စာဖြေကိုလည်း တစ်ယောက်တည်း ထက်ဆရာများသင်းဖွဲ့ပြီး၊
NAD မြန်မာ၊ NAD Zomi ချင်းဘာသာများဖြင့် သနင်္လာနေ့တိုင်း အသီးသီးသင်ကြားခြင်းဖြင့်
သာသနာပျံ့နှံ့စေပါသည်။ ကျမ်းစာအမေးအဖြေ၊ လူငယ်လူရွယ်များ အားဖြင့် RYM Cornerstone
Connection၊ နံနက်ယံဝတ်၊ နှင့် ယခုတွင် ကရင်ဘာသာစကားအားဖြင့်
ဆက်လက်သင်ကြားနေဆဲဖြစ်ပါသည်။ လွန်ခဲ့သောနှစ်တော်ကြာတွင် www.myanmar3am.org ဖြင့်စာပေများကို ဖြန့်ချိရန်
စိတ်အားထက်သန်သော်လည်း အချိန် နှင့် နည်းပညာမကျွမ်းကျင်မှုများကြောင့် ရပ်တန့်ခဲ့ရသည်။
သို့သော်ယခုတွင် ဤ www.myanmar3am.com ဖြင့်
ဆောင်ပါးများ၊ စာအုပ်များ၊ တရားဟောချက်များကို လွယ်လင့်တကူ ရှာဖွေ အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤဝက်ဆိုက်ကို
ပြုလုပ်ရခြင်းဖြစ်ပါသည်။
အကြံပြုခြင်း၊ ရက်ရောသောအလှူငွေများဖြင့် ဤအမှုတော်မြတ်ကို သာ၍ကောင်းအောင် ပံ့ပိုးစေချင်ပါသည်။
- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Tuesday, February 11, 2025
ကျွန်ုပ်တို့အကြောင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment