သမ္မာကျမ်းစာ၏ သွန်သင်ချက်အတိုင်း
အလင်းတရားထွန်းလင်းပြသခြင်း
အခန်းကြီး - ၂။ ပထမရာစုနှစ်အတွင်းခရစ်ယာန်အသင်းတော်၌ အသင်းထောက်၏အခန်းကဏ္ဍ
အခန်းကြီး - ၃။ ပထမရာစုနှစ်အတွင်းအမျိုးသမီးအသင်းထောက် များတို့၏အခန်းကဏ္ဍ
အခန်းကြီး - ၄။ ရှေးဦးမြော်လင့်ခြင်းအသင်းတော်၏အသင်းထောက် များနှင့်အသင်းထောက်မယ်တို့၏လုပ်ဆောင်ချက်
* သန့်ရှင်းသောပွဲတော်အုပ်နှင့်ခြေဆေးခြင်းမင်္ဂလာအတွက် အသုံးအဆောင်ပစ္စည်းများကိုစီမံထားရှိခြင်း
ပွဲတော်တင်စားပွဲအဝတ်တော်ဖွင့်ခြင်းနှင့်ဖုံးအုပ်ခြင်း
* လတ်ဆတ်သောမုန့်နှင့်ကစော်မပေါက်သောစပျစ်ရည်သစ်
ကစော်မပေါက်သောစပျစ်ရည်ပြင်ဆင်နည်း
* သခင်၏ညစာစားပွဲ (ပွဲတော်မင်္ဂလာ) အတွက်နေရာ ချထားခြင်းပုံစံ
အ သင်းသားမနည်းမများနှင့်အသင်းတော်ကြီးများ
အတွက်နေရာပြင်ဆင်ပေးပုံ အသင်းထောက်များပရိသတ်ကို မုန့်နှင့်စပျစ်ရည်ဝေရန်ဇယား
အသင်းသားမနည်းမများနှင့်အသင်းတော်ကြီးများ
* သခင့်ညစာစားပွဲ
(ပွဲတော်မင်္ဂလာ) အတွက်အစီအစဉ်
အဆုံးသတ်ပုံ၊ ပုံစံဇယား အသင်းသားနည်းသောအသင်းတော်
အသင်းသားမနည်းမများနှင့်အသင်းတော်ကြီးများ အတွက်ပုံစံ
အပိုင်း (၅) ၂၁ ရာစုနှစ်၌အသင်းထောက်နှင့်အသင်းထောက်မယ်များ
တို့သည်သမ္မာကျမ်းစာ၏သွန်သင်ချက်အတိုင်း
* အသင်းသားများထံလည်ပတ်ခြင်းမှတ်တမ်းပုံစံ
* လည်ပတ်ခြင်းနှင့်ပြင်ပသာသနာလုပ်ဆောင်ခြင်းပုံစံ
* တစ်ဦးချင်းသတင်းအချက်အလက်မှတ်တမ်းစာရွက်
ကော်မီဝင်များတို့၏ အာရုံစူးစိုက်ခြင်း
အချင်းချင်းအတွင်း၌ဆက်သွယ်ခြင်းအပြင်သို့ဆက်သွယ်ခြင်း
ကော်မတီတွင်မည်သူများပါဝင်သင့်သနည်း။
တယ်လီဖုန်းဖြင့်သာသနာပြုခြင်းပုံစံ
တယ်လီဖုန်းသာသနာပြုနည်းကိုလေ့လာခြင်း
တန်ခိုးတော်ကိုခံစား ရရှိရန် အသင်းတော်ကိုပြင်ဆင်ခြင်း
အသင်းထောက်မယ်များကို သင်တန်းပေးခြင်း
စကားချီး
အရာရာတိုင်းသည် “စည်းချက်ဝါးချက် ကိုက်ရန်လိုသည်” ဟု အဆိုရှိခဲ့ သည်။ ယင်းအဆိုသည် အသင်းသားများသာမက လူထုတစ်ရပ်လုံးကို အသင်း တော်ခေါင်းဆောင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး ကူညီရိုင်းပင်မှု ရှိကြ သောအခါ အမှန်တကယ် ပျော်ရွှင်စရာကောင်းသောလုပ်ဆောင်ခြင်းနှင့် ဆိုရိုး စကားကိုလည်း မှန်ကန်ကြောင်းထောက်ခံနိုင်ပါသည်။
အသင်းအုပ်ဆရာနှင့် သူ၏ ပရိသတ်များတို့သည် အသင်းတော်၏ ခေါင်း ဆောင်ပိုင်းပုဂ္ဂိုလ်များတို့နှင့် သမ္မာကျမ်းစာအတိုင်း လိုက်လျှောက်ခြင်း၊ နောက် ကြောင်းရာဇဝင်ကို လေ့လာခြင်း၊ အမှန်လျှောက်လှမ်းပြီး အမှားပြင်ဆင်ခြင်း၊ အပြောသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ခြင်း၊ စည်းစနစ်ကျကျ လှုပ်ရှားခြင်းနှင့် အသင်းထောက်၊ အသင်းထောက်မယ်များကလည်း အလှူခံ စုသိမ်းခြင်း၊ အဆောက်အဦများကို ထိန်းသိမ်းပြုပြင်ခြင်း၊ ရေနှစ်ခြင်း မင်္ဂလာ အတွက်ပြင်ဆင်ပေးခြင်း၊ ပွဲတော်မင်္ဂလာအတွက် ပြင်ဆင်ခြင်းနှင့်အခြား အစီ အစဉ်တိုင်းကို စိတ်တက်ကြွစွာ ပါဝင်လုပ်ဆောင်ကြလျှင် အလွန်တိုးတက် အောင်မြင်သောအသင်းတော်တစ်ပါးဖြစ်လာလိမ့်မည်။
ဒေါက်တာ Vincent E. White Sr. ရေးသားသောယခုစာအုပ် “ ၂၁ ရာစု နှစ်အသင်းထောက်နှင့်အသင်းထောက်မယ်များ” စာအုပ်သည် တည်ဆောက် ပေးခြင်းများအတည်ပြုပေးခြင်းများ၊ အကြံဉာဏ်ပေးခြင်းများ၊ အားပေးတိုက် တွန်း ပေးခြင်းများဖြင့် ပြည့်စုံသော လမ်းညွှန်စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ၎င်းသည် သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်မှ အသင်းထောက်နှင့်အသင်း ထောက်မယ်များတို့၏ အရည်အချင်းနှင့်လုပ်ဆောင်ချက်များ စည်းစနစ်ကျ ကြောင်းကို စိန်ခေါ်ချက်ပေးထားပါသည်။ ၎င်းအပြင် ယခုစာအုပ်သည် အသင်း တော် ခေါင်းဆောင်ပိုင်းတို့၏ လုပ်ဆောင်ချက်များသည် ကျမ်းစာ၏ သွန်သင် ချက်အတိုင်းဖြစ်ကြောင်းကိုလည်း အမှန်အကန် ထောက်ခံထားပါသည်။ ဟန် ချက်ညီစွာ ယခုစာအုပ်၏ ညွှန်ကြားချက်အတိုင်း လိုက်လျှောက် လုပ်ဆောင် လျှင် ကမ္ဘာမြေပြင်တစ်ခွင်၌ တန်ခိုးပါသောအမှုတော်ကို ပုံစံချနိုင်ပြီး လူသား
အားလုံး၏ဝိညာဉ်စိတ်ထားနှင့်ကိုယ်ကာယကြီးထွားခြင်းကိုပြုစုပေးစေပါမည်။
ဒေသအတွင်းလူထု၏အကျိုးအမြတ်များစွာဖြစ်စေမည့် ယခုစာအုပ်သည် အချိန်မှန်မှန်ဟန်ချက်ညီညီနှင့် ဖြောင့်ဖြောင့်တန်းတန်း ရှေ့သို့လှမ်းချီနိုင်ရန် အသင်းထောက်နှင့် အသင်းထောက်မယ်များကို ကူညီမစပေးနိုင်ပါလိမ့်မည်။ သတ္တမနေ့မြော်လင့်ခြင်း အသင်းတော်ကြီးသည်လည်း အရည်အချင်းရှိသော ခေါင်းဆောင်ကြီးများကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး ဘုရားရှင်စေခိုင်းသော အမှု တော်ကြီးကိုလည်း ကမ္ဘာတဝှမ်းသို့ အောင်မြင်စွာကြွေးကြော် ဟောပြောပါလိမ့် မည်။ ရလဒ်မှာ ပထမရာစုနှစ်အချိန်ကကဲ့သို့ ခရစ်ယာန်တို့၏ အောင်မြင်မှု ဖြစ်သည့် အသင်းထောက်ခုနစ်ဦးကို ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြင့် အမှုတော် ထိရောက်အောင်မြင်ခဲ့ကြောင်း တွေ့ခဲ့ရသည်။
“ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွားများ၍၊ ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏” (တမန်တော်ဝတ္ထု ၆း၇)။ သံသယ စိတ်ကင်းစွာဖြင့် ကျွန်တော်အပြည့်အဝထောက်ခံလျက် ဤစာအုပ်ကိုအသင်း ထောက်တိုင်းအသင်းထောက်မယ်တိုင်း လက်ဝယ်ထားရှိရန်၊ အသင်းအုပ် ဆရာ တိုင်းနှင့် အသင်းတော်အုပ်ချုပ်သူများ လက်စွဲစာအုပ်အဖြစ် ထားရှိရန်ဖြစ် ကြောင်း အတိအကျသိစေအပ်ပါသည်။
ဂျေအဲဖရက်ဂျောင်းစန် (၂)
အကြီးတန်းသာသနာရေးရာဌာနမှူး
သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်
မြောက်အမေရိကန်
အသိပေးချက်
မြောက်အမေရိကသာသနာနယ်ဆိုင်ရာ သတ္တမနေ့မြော်လင့်ခြင်း အသင်း တော်အကြီးတန်းသာသနာရေးညွှန်ကြားရေးမှူး ဆရာကြီး ဂျေ၊ အဲဖရက် ဂျောင်းဆန် (၂)၊ (J. Alfred Johnson, II) ကိုအထူးကျေးဇူးတင်ပါသည်။ အထူးသဖြင့် စကားချီးပိုင်းကို ရေးသားပေးပို့ကူညီအားပေးသောကြောင့်လည်း ကောင်း၊ ကျွန်တော်တို့ကို အဖက်ဖက်မှ ကူညီပေးခြင်းကြောင့်လည်း အထူး ကျေးဇူးတင်လျက်ရှိပါသည်။
ကင်လီဒီဟော (Kenley D. Hall) ကိုလည်း ကျေးဇူးတင်မဆုံးဖြစ်ပါ သည်။ သူသည် ကျွန်တော်၏ ဘွဲ့လွန်တန်းပညာသင်နှစ်အတွင်း ညွှန်ကြား လမ်းပြပေးသူလည်းဖြစ်သည်။ ကျွန်တော်၏ စာတန်းပြုစုမှုအပေါ် ချေပဖြေဆို နိုင်ရန် အဖက်ဖက်မှကူညီပေးခဲ့သော အင်ဒျူးတက္ကသိုလ်မှဆရာ၊ ဆရာမများ အားလုံးနှင့် အသင်းထောက်နှင့်အသင်းထောက်မယ်များ စာအုပ်ကိုပြုစုနိုင်ရန် တွန်းအားပေးခဲ့သော ထရက်ဗိုအိုရက်ဂီယို (Trevor O Reggio)၊ ဆရာကြီး စကစ်ဘဲလ် (Skip Bell)၊ မာတင်ဟန်နာ (Martin Hannah) တို့ကိုလည်း ကျေးဇူးတင်ရှိပါသည်။
ခရစ်တော်၌ အိပ်ပျော်သွားပြီဖြစ်သော ဆရာကြီး အဲရစ်စီဝါ့ (Eric C. Ward) ၏ လက်ထောက်အဖြစ် ကျွန်တော်အမှုတော်မှာပါဝင်ပြီး မွန်မြတ်သော အသင်းထောက်နှင့် အသင်းထောက်မယ်၏ ကဏ္ဍတာဝန်ကို သိရှိစေရန် သွန် သင်ညွှန်ကြားပေးခဲ့သောကြောင့် သူ့ကိုဤနေရာမှ အထူးကျေးဇူးတင်ကြောင်း ပြောလိုပါသည်။
တောင်ပိုင်းယူနီယံကွန်ဖရင့်၏ ဆက်သွယ်ရေးတာဝန်ခံ အတွင်းရေးမှူး ဆရာကြီး စတီဗင်နိုမန် (Steven Norman) သည်လည်း ကျွန်တော့်အား အသင်းထောက်အသင်းထောက်မယ်သင်တန်းကို ဦးဆောင်ခွင့်ပေး၍သင်ကြား ပို့ချခွင့်ပေးခဲ့သောကြောင့် အထူးကျေးဇူးတင်ပါသည်။ ထိုသို့ အတွေ့အကြုံ များကြောင့် ယခုကျွန်တော်သည် အမှုဆောင်အရာရှိ၏ လုပ်ဆောင်ချက်ကို
လေ့လာခွင့်ရရှိခဲ့သည်။
လုပ်ဖော်ဆောင်ဘက် အသင်းအုပ်ဆရာအားလုံး၊ အသင်းထောက်များ အားလုံး၊ အသင်းထောက်မယ်များအားလုံး ကျွန်တော်၏ ပထမဦးဆုံးထွက် စာအုပ်ဖြစ်သည့် “ပြဿနာဖြေရှင်းပေးသူများနှင့် ဝိညာဉ်အောင်မြင်သူများ” စာအုပ်၊ “အသင်းထောက်နှင့်အသင်းထောက်မယ်များလက်စွဲစာအုပ်” များကို ဝယ်ယူအားပေးခြင်းနှင့် မိမိတို့အသင်းတော်သို့ ကျွန်တော့်အားခေါ်ဖိတ်ကာ သင်တန်းပို့ချခွင့်ပေးခြင်းတို့အတွက် အထူးကျေးဇူးတင်ပါသည်။
ကျွန်တော်၏မိတ်ဆွေရင်း ဆရာကြီး ဝိန်းမာတင် (Wayne Martin) နှင့် လီဝဲလင်းဝေလျံ (Llewellyn Williams) တို့၏ ကူညီထောက်ပံ့ခြင်းနှင့် အားပေးမှုအတွက် အထူးကျေးဇူးတင်ပါသည်။ သူတို့နှစ်ဦးသည် ကနဦး (၄၇) ဦးအသင်းသားအဖွဲ့ဝင်ဟောင်းများဖြစ်ကြသည်။
နောက်ဆုံးအနေဖြင့် အထူးကျေးဇူးတင်လိုသူမှာ ကျွန်တော်၏ ဇနီးသည် ကိုယ်တိုင်ကိုပင်ဖြစ်ပါသည်။ ကျွန်တော့်ကို အထူးအားပေးကူညီပေးခဲ့သူဖြစ် သည်။ အံ့ဩရလောက်အောင် ခရစ်ယာန်ပီသသော မိခင်တစ်ဦးဖြစ်သည်။ မိတ်ဆွေကောင်းတစ်ဦးလည်းဖြစ်ပါသည်။ ကျွန်တော်၏ သား ဗင်းစန့် Dr. Vincent E. White Jr. နှင့် သမီးအဲဂျလာဗီဝှိုက် (Angella V. White) တို့ကို လည်း အထူးကျေးဇူးတင်ကြောင်းနှင့် သူတို့နှစ်ဦးအတွက် အလွန်ဂုဏ်ယူ ကြောင်း အသိပေးလိုပါသည်။ သမီးအဲဂျလာသည် ယခုစာအုပ်ကို ကောင်းမွန် စွာပြန်လည် စိစစ်ပေးသလို ကျွန်တော်၏ ချွေးမတော် ရှာလန်ဒါအက်ဒဝက် (Shalanda Edwards White) လည်း စာစီနှင့်ဒီဇိုင်းကို ကောင်းမွန်စွာ ပါဝင်ပြီး အမှုတော်မှာ ဆက်ကပ်သောကြောင့် သူတို့အားလုံးကို အထူးကျေးဇူး တင်ပါကြောင်း အသိပေးပြောလိုပါသည်။
အပိုင်း (၁)
အသင်းထောက်နှင့်အသင်းထောက်မယ်များအတွက် ဘုရားရှင်၏အမှုတော်၌စိတ်ထား
နိဒါန်း
သခင်ယေရှု၏အမှုတော်ဆောင်ခြင်းပုံစံသည် သူတစ်ပါး၏အစေကိုခံရန် အသင်းထောက်နှင့်အသင်းထောက်မယ်များကို အုတ်မြစ်ချပေးခဲ့သည်။ သခင် ယေရှုက မိမိ၏ အမှုတော်အကြောင်းကို သေချာစွာ မိန့်မှာထားသည်မှာ “သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင်အကဲ အမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင် အထွတ်အမြတ် လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏” (ရှင်မဿဲ ၂၀း၂၈)။ ဟေလသ၏ ဝေါဟာရအရမှာ “သူတစ်ပါးကိုစေခိုင်းခြင်း” နှင့် “သူ တစ်ပါးမှခိုင်းစေခြင်းကိုခံခြင်း” သည် “ဒီကိုနို့” “အသင်းထောက်” စာလုံးမှ ဆင်းသက်လာသည်။ အဓိပ္ပါယ်ဆိုလိုရင်းမှာ အသင်းထောက်နှင့်အသင်း ထောက်မယ်များသည် သူတစ်ပါးတို့၏ စေခိုင်းခြင်းကိုခံယူရန်ဖြစ်သည်။ သူတို့ အားလုံးသည် သခင်ယေရှု၏လမ်းစဉ်ကိုလိုက်လျှောက်ရန် နမူနာကို ခံယူကြရ မည်။ ယေရှုသည် လောကသို့ ကြွဆင်းလာပြီး အလွန်ပြောင်မြောက်သော အသင်းထောက်အလုပ်ကို လုပ်ဆောင်ခဲ့ပါသည်။
ထိုထက်မက အသင်းထောက်နှင့်အသင်းထောက်မယ်တို့၏ လုပ်ဆောင် ချက်ကို ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်ပါသည်။ အသင်းထောက်နှင့်အသင်း ထောက်မယ်များသည် အသင်းတော်၏ လုပ်ငန်းကို ပုံဆောင်မှုပြုထားပါသည်။ ထိုကြောင့် အသင်းသူ အသင်းသားတိုင်းသည် အသင်းထောက်၊ အသင်း ထောက်မယ်ဟူ၍ ရာထူးပေးမထားသော်လည်း သူတို့အားလုံးသည် အသင်း ထောက်၊ အသင်းထောက်မယ်များဖြစ်ကြသည်။ သခင်ယေရှုကိုယ်တိုင်မှ မိမိ အသင်းတော်သို့ဝင်ရောက်လာသောသူတိုင်းကို အမှုတော်ဆောင်ရန်ခေါ်တော်
မူ၏။
|
အသင်းထောက်နှင့်------အမှုတော်၌စိတ်ထား |
ပထမရာစုနှစ်အတွင်းတွင် အသင်းတော်မှ ရွေးချယ်တင်မြှောက်သော အသင်းထောက်များကို ဝိညာဉ်ရေးအရည်အချင်းကိုကြည့်ပြီး ရွေးချယ်တင် မြှောက်ခဲ့သည်။ “ထိုကြောင့် ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်လည်းကောင်း၊ ပညာနှင့် လည်းကောင်းပြည့်စုံလျက် အသရေရှိသောသူ ခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့။ ဤအမှုကိုဆောင်ရွက်စေခြင်းငှာ ထိုသူတို့ကို ငါတို့ သည်ခန့်ထားကြမည်” (တမန်တော် ၆း၃)။ ထိုသို့သော အရည်အချင်းသည် သူတို့၏ တာဝန်ကို အထောက်အကူဖြစ်စေပြီး အသင်းသားများ၏ ပြဿနာ အရပ်ရပ်ကို ဖြေရှင်းပေးခြင်း၊ ဆင်းရဲသားနှင့်လိုအပ်နေသူများကိုဂရုပြုခြင်း၊ ဘုရားရှင်၏ နှုတ်ကပတ်တော်ကိုသွန်သင်ခြင်း၊ ကျမ်းစာအထောက်အထားနှင့် အခြားရာဇဝင်များအရ၊ အမျိုးသမီးအသင်းထောက်များ သို့မဟုတ် အသင်း ထောက်မယ်များသည် ပထမရာစုနှစ်ခရစ်ယာန်အသင်းတော်တည်ထောင်စ၌ အရေးကြီးသောကဏ္ဍ၌ပါဝင်ကြောင်း တွေ့ရှိခဲ့ရသည်။ ကျန်ရစ်ပြီးခိုကိုးရာ မရှိ သောမိန်းမများကိုကူညီမစခြင်း၊ အထူးသဖြင့် ဖျားနာသူများနှင့်ဆင်းရဲသော သူများကို ကူညီမစခဲ့သည်။ အသင်းထောက်မယ်များတို့သည် ရာစုပေါင်းများ စွာဆက်လက်ပြီး ကွဲပြားနေသောအသင်းတော်များသို့ သွားရောက်အစေခံ ကူညီခဲ့ကြောင်း မှတ်တမ်းရှိနေပါသည်။
မြော်လင့်ခြင်းသတ္တမနေ့အသင်းတော်၏ ရှေးဦးအသင်းတော်လုပ်ရှားမှု မှတ်တမ်း၌ အသင်းထောက်မယ်တို့၏ စွမ်းဆောင်မှုနှင့် လုပ်ဆောင်ချက်ကို အနည်းငယ်သာ ရေးသားမှတ်တမ်းပြုစုခဲ့သော်လည်း သူတို့၏ လုပ်ဆောင်ချက် အမှန်တကယ်ရှိခဲ့ကြောင်းနှင့် ယနေ့တိုင်ရှိနေဆဲဖြစ်ကြောင်း ထင်ရှားလျက် ရှိသည်။ အသင်းတော်မှလည်း သူတို့၏ လုပ်ဆောင်ချက်ကို ယနေ့ထိတိုင် အသိ အမှတ်ပြုလက်ခံနေဆဲရှိနေပါသည်။ သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်မှ အခြားအခြားသောအရေးကြီးသည် ဌာနများဖွင့်လှစ်ပြီး အမှုတော်ကို ဆောင် ရွက်စေကာမူ အသင်းထောက်နှင့်အသင်းထောက်မယ်ကဏ္ဍသည် ဌာနတိုင်း၊ အမှုတော်နေရာတိုင်း၌ အရေးပါနေဆဲဖြစ်နေပါသည်။ ထိုကြောင့် ယနေ့တိုင် သူတို့သည် ဦးဆောင်သူကဏ္ဍ၌ပါဝင်နေဆဲဖြစ်သည်ကို ငြင်းဆို၍ မရနိုင်ပါ။ အပိုင်း (၁) တွင် အောက်ပါအခန်းကဏ္ဍများပါဝင်နေပါသည်။
၁။ ယေရှုရှင်၏အစေခံအမှုတော်ပုံစံ
၂။ ၂၁ ရာစုနှစ်အတွင်းခရစ်ယာန်အသင်းတော်၌အသင်းထောက်၏ အခန်းကဏ္ဍ
၃။ ၂၁ ရာစုနှစ်အတွင်း အမျိုးသမီးအသင်းထောက်များတို့၏အခန်းကဏ္ဍ
၄။ ရှေးဦးမြော်လင့်ခြင်းအသင်းတော်၏ အသင်းထောက်များနှင့်အသင်းထောက်
မယ်တို့၏လုပ်ဆောင်ချက်
၅။ သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်၏ အသင်းထောက်များနှင့် အသင်း
ထောက်မယ်တို့၏လုပ်ဆောင်ချက်စည်းစနစ်များ
၆။ ဗိုလ်နေမြဲကျားနေမြဲရှိနေခြင်းကိုပြောင်းလဲပစ်ရန်ထောက်ခံခြင်း
နိဂုံးပိုင်း
အပိုင်း (၂)
ပလမရာစုနှစ်မှ ၂၁ ရာစုနှစ်တိုင်အောင် အသင်းထောက်များနှင့်အသင်းထောက်မယ်များတို့၏
အမှုတော်ဆောင်ရွက်ပုံ
နိဒါန်း
ဤအပိုင်း (၂) ဒုတိယပိုင်းတွင် စာအုပ်စာပေများက အသင်းထောက်နှင့် အသင်းထောက်မယ်များတို့၏ အမှုတော်တွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ပုံများ ကိုထောက်ခံခြင်း၊ ပထမရာစုနှစ်မှသည် ၂၁ ရာစုနှစ်အထိ မည်သို့မည်ပုံ ကဏ္ဍ၌ ထိရောက်စွာ ပါဝင်ခဲ့ကြောင်းကို ရှင်းလင်းစွာ နားလည်သွားစေပါမည်။ ၎င်း အပြင် ပထမရာစုနှစ်၌ ခရစ်ယာန်တို့၏ သမိုင်းစဉ်အရ အမျိုးသမီးများ အသင်း ထောက် သို့မဟုတ် အသင်းထောက်မယ်အဖြစ် ပါဝင်ခြင်းရှိမရှိ တင်ပြ ဆွေးနွေး သွားပါမည်။ ဒုတိယပိုင်း၌ဖော်ပြပါရှိသော အကြောင်းအရာတို့သည် အသင်း ထောက်၊ အသင်းထောက်မယ်များ၏ လုပ်ဆောင်ခဲ့သမျှကို ပစ်စလက်ခတ် အလဟသသဘောမျိုးမဟုတ်ကြောင်းနှင့် အရေးကြီးသော လုပ်ငန်းကဏ္ဍ၌ လုပ်ဆောင်နေကြောင်း ဖော်ပြပါရှိပါသည်။
၇။ အမျိုးသမီးများအသင်းထောက်အဖြစ် သို့မဟုတ် အသင်းထောက် မယ်အဖြစ်ဆက်ကပ်ခြင်း
၈။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်ကြားပေးသူများအဖြစ် ပါဝင်
လုပ်ဆောင်သောအသင်းထောက်များနှင့်အသင်းထောက်မယ်များ
၉။ လိုအပ်သူများနှင့်ဖျားနာသူများကို ကြည့်ရှုပြုစုသူများအဖြစ် ပါဝင် ဆက်ကပ်ကြသောအသင်းထောက်များနှင့်အသင်းထောက်မယ်များ
၁ဝ။ အုပ်ချုပ်စီမံသူအဖြစ်ပါဝင်လုပ်ဆောင်သော အသင်းထောက်များနှင့်
အသင်းထောက်မယ်များ
၁၁။ စီးပွားရေးစီမံသူအဖြစ် လုပ်ဆောင်သော အသင်းထောက်များနှင့် အသင်းထောက်မယ်များ
အပိုင်း (၃)
ပထမရာစုနှစ်နှင့်ဓမ္မဟောင်းအချိန်ကိုအခြေပြုပြီး အသင်းထောက်နှင့်အသင်းထောက်မယ်များကိုစိစစ်ရွေးချယ်ခြင်း
ယခုနှစ်ဆယ့်တစ်ရာစုနှစ်၌အမှုတော်ဆောင်လျက်ရှိသောအသင်းထောက် အသင်းထောက်မယ်များတို့သည် ပထမရာစုနှစ်မှ ခရစ်ယာန်အသင်းတော်၏ အသင်းထောက်နှင့် အသင်းထောက်မယ်များ လုပ်ဆောင်ခဲ့သောအရာများစွာ ကို အတုယူလုပ်ဆောင်ရန်ရှိနေသည်။ ဥပမာ၊ ပထမရာစုနှစ်၌ အသင်းထောက်၊ အသင်းထောက်မယ်များသည် ကနဦးရွေးချယ်ခဲ့သောအသင်းထောက် ခုနစ်ဦး ၏ ပုံစံအတိုင်း လိုက်လျှောက်ကျင့်သုံးခဲ့သည်။ ထိုလုပ်ဆောင်ချက်မျိုးသည် ဘုရားသခင်မှ မောရှေကို စေခိုင်းခဲ့သောပုံစံအတိုင်းပင်ဖြစ်သည်။ ရွေးချယ်တင် မြှောက်ခြင်းအစီအစဉ်တွင် ရှိနေကြသော တပည့်တော်အဖြစ် ခံယူထားသော လူထုကြီးသည် သန့်ရှင်းသောဝိညာဉ်တော်လမ်းပြမှုနှင့် ဘုရားသခင်ကိုအဆက် အသွယ်ပြုလုပ်နေသူများဖြစ်ကြသည်။ ထို့အတွက် အရွေးချယ်ခံရမည့်သူများ ၏ ရှိရမည့်အရည်အချင်းကို စိတ်ထဲ၌သိထားကြသည်။ ထိုကြောင့် အရည် အချင်းပြည့်မီသူများကိုသာ ရွေးချယ်ကြသည်။ ယခုနှစ်ဆယ့်တစ်ရာစုနှစ်တွင် လည်း အသင်းထောက်၊ အသင်းထောက်မယ်များကို ရွေးချယ်တင်မြှောက်ရာ တွင် ရှေးဦးအသင်းတော်များ၏လုပ်ဆောင်ခဲ့သည့်အတိုင်း လုပ်ဆောင်ရမည်။ သေသေချာချာစဉ်းစားပြီးမှ ဆုတောင်းပြီးနောက် ရာထူးပေးတင်မြှောက်ရန် လို အပ်သည်။ ကျမ်းစာမှဖော်ပြထားသော အရည်အချင်းနှင့်ကိုက်ညီသူကို သေသေ ချာချာစိစစ်ရွေးချယ်ရမည်။ မိမိကိုယ်ကိုအဆင်သင့်မရှိ၊ မထိုက်တန် သေးဟု အသိရှိနေသူကို အချိန်ယူပြီးသင်တန်းများပေးပြီးမှ ဘုရားသခင်၏ ညွှန်ကြား ချက်အတိုင်း လုပ်ဆောင်နိုင်ကြောင်း မိမိကိုယ်ကိုယုံကြည်စိတ်ချမှသာ ရာထူး ကိုပေးရမည်။
ပထမရာစုနှစ် ခရစ်ယာန်အသင်းထောက်များ၏ လုပ်ဆောင်ချက် တာဝန် မှာ ကဏ္ဍပေါင်းများစွာစုံလင်လှပေသည်။ အထူးသဖြင့် အသင်းတော်မှ ပေးအပ် ထားသောတာဝန်မှာ ဂရိအမျိုးသမီးများ၊ ဟေဗြဲအမျိုးများဖြစ်ကြသော မုဆိုးမ များကို ကြည့်ရှုကူညီပေးပြီး အစားအစာဝေငှပေးရန် တာဝန်ချထားခြင်းခံရ သည်။ အသင်းထောက်များတို့သည် ဘုရားသခင်၏ နှုတ်ထွက်တရားတော်ကို လည်း သင်ကြားပို့ချပေးကြသည်။ အသင်းသားများကိုဝိညာဉ် ရေးစိတ်ပြင်းပြ ရန် တိုက်တွန်းအားပေးကြသည်။ ယခုနှစ်ဆယ့်တစ်ရာစုနှစ်၌ရှိသော အသင်း ထောက်၊ အသင်းထောက်မယ်များသည်လည်း နဂိုရှေး အသင်းထောက်၊ အသင်း ထောက်မယ်များတို့၏ လုပ်ဆောင်ချက်တာဝန်များကို ဆက်လက်လုပ်ဆောင် သွားရမည်။ လိုအပ်နေသူများ၏ ကိုယ်ကာယပိုင်းသော်လည်းကောင်း၊ စိတ် ခံစားချက်များသော်လည်းကောင်း၊ ဝိညာဉ်ရေးဘက်၌ သော်လည်းကောင်း အသင်းသားများတို့၏ လိုအပ်ချက်များကို လုပ်ဆောင်ကူညီပေးရမည်။ မည်သူ မည်ဝါသည် အကူအညီလိုအပ်နေကြောင်းကို သတိထားကြည့်ရှုရမည်။ နောက် ထပ်လုပ်ဆောင်ရမည့်အရာများလည်း ရှိသေးသည်။ သို့သော် အကန့်အသတ် မထားရပါ။ (၁) အသင်းသားများထံ လည်ပတ်ခြင်း၊ (၂) အသင်းတော်မှကူညီ နိုင်သော မည်သူမည်ဝါကိုစီစဉ် ကူညီပေးခြင်း၊ (၃) ကျမ်းစာသင်တန်းအစီအစဉ် ဦးဆောင်ကျင်းပခြင်း၊ (၄) ဆုတောင်းခြင်းအဖွဲ့၌ ပါဝင်ဦးဆောင်ဆုတောင်းပေး ခြင်း၊ (၅) တရားပွဲများကို ကျင်းပရာ၌ကူညီဦးဆောင်ပေးခြင်း၊ (၆) အသင်းတော် ဒေသအတွင်း ဓမ္မဆရာမှလုပ်ကိုင်နိုင်သော နေရာဒေသများကို ရှာဖွေလုပ်ပေး ခြင်း၊ (၇) အသင်းသားအသစ်များဦးဆောင်တတ်လာအောင် တပည့်တော်အဖြစ် သင်ကြားပို့ချဝပေးခြင်းတို့ဖြစ်သည်။
ကောရ၏ သားများတို့သည် ဓမ္မဟောင်းအချိန်၌ ရှိခဲ့သောသူများဖြစ်ကြ သော်လည်း ဓမ္မသစ်အချိန်၌ရှိသော အသင်းထောက်များအတွက် အတုယူစရာ လူများဖြစ်ကြသည်။ သူတို့သည် တံခါးစောင့်များ၊ ခြံဝင်းလုံခြုံရေး၊ ပစ္စည်းထမ်း ပိုးပေးသူနှင့် လေဝိများဖြစ်ကြသည်။ (ဆာ ၈၄။ ၅ရာ ၉း၁၉- တော ၃း၂၇၃၉။) နှစ်ဆယ့်တစ်ရာစုနှစ်အတွက် အသင်းထောက်များအနေဖြင့် အတုယူလုပ် ဆောင်ကြရမည့်လုပ်ငန်းများဖြစ်သည်။ အသင်းထောက်၊ အသင်းထောက်မယ် များသည် အသင်းထောက်များနည်းတူ လူအများအသင်းတော်သို့ ဝင်လာနိုင်ရန် တံခါးဝကို စောင့်ရှောက်ပေးသူများဖြစ်ရမည်။ အသင်းတော်ငွေထိန်း၊ အသင်း တော်ပစ္စည်းထိန်းသိမ်းခြင်း၊ လက်နက်တန်ဆာပလာများကို စနစ်တကျထား ရှိခြင်း၊ သန့်ရှင်းသော ပွဲတော်ခွက်များကို သန့်သန့်ရှင်းရှင်းထားရှိခြင်း၊ အသင်း တော်၌ သန့်ရှင်းစွာထားရမည့် ပစ္စည်းများကို သေသေချာချာသိုထားခြင်း၊ အသင်းတော်မှ အသုံးပြုပြီးသော ပစ္စည်းများ၊ အစီအစဉ်ကျင်းပပြီးစီးသည်နှင့် သေသေသပ်သပ်ပြန်လည်ထားရှိခြင်း စသည်များကို အသင်းထောက်၊ အသင်း ထောက်မယ်များက တာဝန်ယူ လုပ်ဆောင်ကြရမည်။ အပိုင်း (၃) တွင် အောက် ပါအခန်းများပါရှိသည်။
၁၂။ ရွေးချယ်တင်မြှောက်ခြင်းအဆင့်ဆင့်
၁၃။ သမ္မာကျမ်းလာအရည်အချင်းများ
၁၄။ ပြဿနာများဖြေရှင်းခြင်းနှင့် အသင်းသားများကို ပြုစုပျိုးထောင်
ပေးခြင်း
၁၅။ ဧဝံဂေလိသတင်းစကား ကြွေးကြော်ခြင်းနှင့် ဝိညာဉ်များရိတ်သိမ်း
ခြင်း
၁၆။ ကောရ၏သားများကဲ့သို့ တံခါးမှူးအဖြစ်ပါဝင်ဆက်ကပ်ခြင်း
အပိုင်း (၄)
အသင်းထောက်နှင့်အသင်းထောက်မယ်များတို့၏အလုပ်တာဝန်
အသင်းထောက်၊ အသင်းထောက်မယ်များတို့၏ နေရာဌာနသည် အသင်း တော်အတွင်း ကူညီဆောင်ရွက်ရန် သီးသန့်စီစဉ်ထားသည်။ သစ္စာရှိသော ဆက်ကပ်ထားသည့်ယင်းခေါင်းဆောင်တို့သည် အသင်းတော်မှပြုလုပ်ခဲ့သော အစီအစဉ်အားလုံးကို ပါဝင်လုပ်ဆောင်နိုင်သည်။ အသင်းသူ၊ အသင်းသားများ ကို ပြုစုပျိုးထောင်ပေးခြင်း၊ နှစ်သိမ့်အားပေးခြင်း၊ ဝိညာဉ်ရေးရာအတွက် လုပ်ဆောင်ပေးခြင်း၊ အသင်းတော်ပိုင်ပစ္စည်းများကို ကာကွယ်ထိန်းသိမ်းပေး ခြင်းများ တာဝန်ရှိပါသည်။
အသင်းထောက်များကို လက်တင်ဘိသိက်ပေးခြင်းအစီအစဉ်သည် တမန် တော်ဝတ္ထု ၆း၅-၆ အတိုင်းဖြစ်ပြီး အသင်းတော်လက်စွဲစာအုပ်အရ-
အသစ်စက်စက် ရွေးချယ်ခြင်းခံရသော အသင်းထောက်သည် နယ်စီးတာ ဝန်ခံသိက္ခာ တော်ရဓမ္မဆရာတို့၏ လက်တင်မင်္ဂလာပေးခြင်းမခံရမီ၊ မိမိ၏ တာဝန်ကို စတင်လုပ်ဆောင်ခွင့်မရှိပါ။ လက်တင်ဆုတောင်းခြင်းအစီအစဉ်ကို အသင်းတော်၏ ရှေ့မှောက်၌ပြုလုပ်ပေးနေသော အမှုတော်ဆောင်သည်လည်း အသင်းထောက်၏လုပ်ဆောင်ရမည့်တာဝန်ပိုင်းကိုအတိုချုံးဖော်ပြပေးရပါမည်။ အသင်းတော်အတွက် ပါဝင်ဆက်ကပ်ရန် လိုအပ်သော အရည်အချင်းနှင့် လုပ် ဆောင်ရမည့် စည်းမျဉ်းစည်းကမ်းများကို အသင်းတော်၏ရှေ့၌ ဖော်ပြဖတ် ကြားသင့်သည်။ တာဝန်ဝတ္တရားနှင့် ပတ်သက်သောအကြောင်းအရာများကို ရှင်းလင်းပြောပြပြီး လက်တင်ရဓမ္မဆရာက အသင်းလူကြီး၏ အကူအညီဖြင့် အသင်းထောက်ကို လက်တင် ဆုတောင်းပေးရမည်။ တစ်ကြိမ်လက်တင် ဆုတောင်း ခံခဲ့ရဖူးလျှင် အကယ်၍အသင်းသားများက ထိုသူကို ထပ်မံရွေးချယ် တင်မြှောက်လာပြန်လျှင် ထပ်မံ၍ လက်တင်ဆုတောင်းပေးရန် မလိုတော့ပါ။ အခြားအသင်းတော်သို့ပြောင်းရွှေ့သွားသည့်တိုင် အကယ်၍ အသင်းထောက် အဖြစ် ထပ်မံရွေးချယ်ခံရလျှင် သူ့အတွက်ထပ်မံ၍ လက်တင်ဆုတောင်းပေးရန် မလိုတော့ပါ။
အသင်းထောက်အဖြစ်ခေါ်ဆောင်တော်မူခြင်းခံရသောသူသည် ဓမ္မဆရာ နှင့်အသင်းလူကြီးများကဲ့သို့ ဝိညာဉ်ရေးတာဝန်မှာ ပါဝင်ဆောင်ရွက်ရသော ကြောင့် အသင်းထောက်သည် မိမိရရှိသောတာဝန်အတွက် စိတ်ထား မှန်ကန် ရန် လိုပါသည်။ အလုပ်တာဝန်နှင့်ပတ်သက်၍ အခြားသူများ၏ တာဝန်နှင့်ရော ယှက်ရှုပ်ထွေးခြင်းမရှိစေရန် အမြဲသတိပြုရမည်။ အသင်းတော်ခေါင်းဆောင် များလက်စွဲစာအုပ်မှ အသင်းထောက်၏ ဝိညာဉ်ရေးအရည်အချင်းကို အောက်ပါ အတိုင်းရေးသားထားပါသည်။
အသင်းထောက်၏ တာဝန်သည် အလှူငွေကောက်ခံခြင်း၊ အဆောက် အဦနှင့်ခြံမြေများကိုထိန်းသိမ်းခြင်း၊ ဆင်းရဲသားများကို အစားအစာဝေငှခြင်း ထက် ကျော်လွန်ပါသည်။ ဝိညာဉ်မပြည့်ဝသေးသော အသင်းထောက်တစ်ဦး သည် နှုတ်ကပတ်တော်မှ သွန်သင်လမ်းပြပေးမှုအတိုင်း မလုပ်ဆောင်နိုင်သေး သောကြောင့် သူ၏ အကျင့်စရိုက်သည် အထက်သို့ မတက်လှမ်းနိုင်သေးပါ။ ပျက်စီးယိုယွင်းခြင်းနှင့်သာ ဒွန်တွဲနေလေသည်။ ထိုကြောင့် မိမိ လုပ်ကိုင်နေ သော အသင်းထောက်အလုပ်ကို ကောင်းစွာနားလည်ထားရန် လိုပါသည်။ အသင်းတော်ပိုင် ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရသောအလုပ်၊ ငွေကြေး များကိုင်တွယ်ရသော တာဝန်၊ အခြားအခြားသောတာဝန်များရှိနေသည့်တိုင် ထိုတာဝန်များသည် ဝိညာဉ်ရေးစိတ်ထားအပြည့်အဝဖြင့် လုပ်ဆောင်ရမည် ဖြစ် သည်။ အသင်းထောက်၏ အလုပ်သည် ဝိညာဉ်ရေးရာအတွက် ခေါ်တော်မူ ခြင်းဖြစ်သည်။ ယင်းတို့၏ လုပ်ငန်းများမှာ လူနာကိုပြုစုကုသအားပေးခြင်း၊ နာကျင်မှုဝေဒနာခံနေရသူများကိုနှစ်သိမ့်ပေးခြင်း စသည်တို့ဖြစ်သည်။ ဖျားနာ သူများအတွက် အမှန်တကယ်ပြုစုပေးသော ကောင်းကင်တမန်များဖြစ်ရကြ မည်။
အသင်းထောက်မယ်မည်သည် “တည်ကြည်သော သူဖြစ်ရမည်။ ချောစား တတ်သောသူမဟုတ်။ သမ္မာသတိရှိသောသူ၊ အရာရာ၌ သစ္စာရှိသော သူဖြစ်ကြ ရမည်” (၁တိ ၃း၁၁)။ အသင်းတော်ခေါင်းဆောင်များ၏ လက်စွဲစာအုပ်၌ အကြံ
ပေးထားသည်မှာ-
သူတို့၏ပင်ကိုယ်နေထိုင်မှု၊ ဝတ်စားဆင်ယင်မှုသည် ပုံပမာယူလောက် အောင် သပ်ရပ်သန့်ရှင်းခြင်း ရှိရမည်။ ဘုရားရှင်၏ နှုတ်တော်ထွက်စကားနှင့် ကိုက်ညီအောင် နေထိုင်ရမည်။ “ဣန္ဒြေစောင့်ခြင်းနှင့်လျောက်ပတ်သောအဝတ် နှင့်လည်းကောင်း” (၁တိ ၂း၉)။ ဤကျမ်းချက်ကို အယ်လင်ဝှိုက်က “တားမြစ် စရာကောင်းသော ဝတ်စားဆင်ယင်မှုမှာ အရောင်တောက်ပစူးရှလွန်းသော အဝတ်၊ ဈေးကြီးလွန်းသောအဝတ်၊ တန်ဖိုးကြီးသောပစ္စည်းများနှင့် ဆင်ယင် ထားသော အပတ်များဖြစ်သည်။ အဝတ်အစား၏ပုံစံမှာ ဝတ်ဆင်သူကို အံ့ဩ ဖွယ်စိတ် လှုပ်ရှားသွားစေသော အဝတ်ပုံစံမျိုးမဖြစ်စေရပါ။ ဘုရားရှင်၏ နှုတ် တော်ထွက် စကားနှင့်ကိုက်ညီပြီး ယဉ်ကျေးသောဝတ်စားဆင်ယင်ပုံမျိုး ဖြစ်ရ မည်။ (ပျော်ရွှင် ကျန်းမာခရစ်ယာန်သာသနာ၊ ၂၈၇)။
ဘုရားတရားကိုင်းရှိုင်းသောအသင်းထောက်မယ်များ၏ သြဇာလွှမ်းမိုးခြင်း သည် အသင်းတော်အတွင်း လူထုပရိသတ်များ၏ စိတ်နှလုံးကို မှန်ကန်သော စိတ်ထား၊မေတ္တာသဘောနှင့်အစေခံလိုသော ပုံပမာနေထိုင်မှုကိုဖြစ်စေပါသည်။
အသင်းထောက်မယ်တို့၏အလုပ်သည် အလွန်အရေးကြီးပါသည်။ (၅၉) ကြိမ်မြောက် ကမ္ဘာ့ဌာနချုပ်ညီလာခံ၊ ၂၀၁၀ ခုနှစ်၊ ဇွန်လ (၂၄) မှ ဇူလိုင် (၄) ရက် နေ့အထိ အန်တလန်တာမှာကျင်းပစဉ် အသင်းထောက်မယ်များကို အသင်း ထောက်များနှင့်တစ်ပါတည်း လက်တင်ဆုတောင်းပေးပြီး အမှုတော်ကို စတင် ဆောင်ရွက်စေရန်အတည်ပြုထားပါသည်။ အပိုင်း (၄) တွင် ပါဝင်သောခေါင်းစဉ် များမှာ-
၁၇။ ဝတ်ပြုခြင်းအစီအစဉ်များ၌ပါဝင်ကူညီဆက်ကပ်ပေးခြင်း
၁၈။ သန့်ရှင်းသောပွဲတော်မင်္ဂလာ
၁၉။ သွားရောက်လည်ပတ်ရင်းအမှုတော်ဆောင်ခြင်း
၂၀။ ကိုယ်ကာယကြံ့ခိုင်ရေးအတွက်တည်ဆောက်ပေးသော စီမံပေးသူ အသင်း ထောက်နှင့်အသင်းထောက်မယ်များ
၂၁။ တယ်လီဖုန်းဆက်သွယ်ရေးကော်မတီဖွဲ့စည်းခြင်း
အပိုင်း (၅)
၂၁ ရာစုနှစ်၌ အသင်းထောက်နှင့်အသင်းထောက်မယ်များတို့သည်
သမ္မာကျမ်းစာ၏သွန်သင်ချက်အတိုင်း
အလင်းတရားထွန်းလင်းပြသခြင်း
အသင်းသားများကို ပညာပေးသင်တန်းပေးရန် လိုအပ်သောအချက်မှာ အသင်းထောက်နှင့်အသင်းထောက်မယ်များတို့၏ တာဝန်နှင့်အလုပ်ဖြစ်သည်။ ဤခေါင်းဆောင်များ၏ အမှုတော်၌ ပါဝင်ဖြည့်စွက်ခြင်းမှာ အသင်းသားများကို ကူညီထောက်မခြင်း၊ အသင်းတော်ဦးဆောင်သူများ အချင်းချင်းရိုင်းပင်း ကူညီ ပေးခြင်း၊ အသင်းအုပ်ဆရာကိုလည်းကောင်း၊ အသင်းအုပ်ဆရာ၏ အဖွဲ့ကို လည်းကောင်း ကူညီမှုပေးကြရမည်။ ထိုကြောင့် ယခုအပိုင်း (၅) တွင် အသင်း သားများကို မည်သို့ပညာပေးသင်တန်းပို့ချရမည်အကြောင်း များမြောင်လှ သော အသင်းထောက်နှင့်အသင်းထောက်မယ်တို့၏တာဝန်ကို ဖော်ပြသွားမည် ဖြစ်သည်။ ၎င်းအပြင် သူတို့သည် အသင်းတော်ဦးဆောင်သူများကို အပြည့်အဝ ကူညီထောက်ပံ့ပေးနိုင်ရန် အထူးခေါ်တော်မူခြင်းခံကြရသည်။ ယခု အခန်းတွင် သင်တန်းပို့ချသောနည်းဗျူဟာများကိုလည်း ထည့်သွင်းပြုစုထားပေးပါသည်။ အလုပ်အကြောင်း ဆွေးနွေးအဖြေရှာခြင်းနှင့် အပန်းဖြေခရီးထွက်ခြင်း အကြောင်းပါ ထည့်သွင်းပြုစုထားပါသည်။ အသင်းထောက်၊ အသင်းထောက် မယ်များ သမ္မာကျမ်းစာသင်ကြားသူအဖြစ် အသင်းတော်တွင်တာဝန်ပေးထား သည်။ ယခုသင်တန်းမျိုးသည် သူတို့၏ စိတ်ဓာတ်ကို ပိုမိုတက်ကြွခိုင်မာစေ ပါလိမ့်မည်။ မိမိတို့၏တာဝန်ကို အောင်မြင်စွာဆက်လက်ထမ်းဆောင်နိုင်မည်။ အပိုင်း (၅) တွင် အောက်ပါခေါင်းစဉ်များပါဝင်ပါသည်။
|
၂၁ ရာစုနှစ်၌ --------- အလင်းတရားထွန်းလင်းပြသခြင်း |
၂၂။ အသင်းထောက်နှင့်အသင်းထောက်မယ်များ တန်ခိုးတော်ကိုခံစား ရရှိရန် အသင်းတော်ကိုပြင်ဆင်ခြင်း
၂၃။ အသင်းထောက်နှင့်အသင်းထောက်မယ်များအတွက် အနားယူအပန်းဖြေ ခရီးဦးဆောင်သင်တန်း
၂၄။ သမ္မာတရားအတွက်လုပ်ဆောင်နေသူအဖြစ် အသင်းထောက်နှင့် အသင်း ထောက်မယ်များကို သင်တန်းပေးခြင်း

No comments:
Post a Comment