Friday, February 28, 2025
အခန်း - ၁၄ - ခရစ်တော်၏ကိုယ်ခန္ဓာ၌စည်းလုံးခြင်း
အသင်းတော်သည် လူအမျိုးအနွယ်အသီးသီး၊ ဘာသာစကား အသီးသီးတို့မှ
ခေါ်တော်မူ ခြင်းကိုခံရသော အသင်းဝင်များစွာရှိသည့် အစုအဖွဲ့တစ်ခုဖြစ်သည်။ ကျွန်ုပ် တို့သည် ခရစ်တော်၌ အသစ်သောသတ္တဝါ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အမျိုးအနွယ်၊ ယဉ်ကျေးမှု၊ အတန်းပညာနှင့်
နိုင်ငံသား တို့ အရကွဲပြား၍၊ အနိမ့်အမြင့်၊ ဆင်းရဲချမ်းသာ၊ ယောက်ျား
မိန်းမစသည်ဖြင့် ခြားနားကြသော်လည်း၊ ကျွန်ုပ်တို့အကြား၌ စိတ်ဝမ်းကွဲ မှုမရှိချေ။ ကျွန်ုပ်တို့အားလုံးသည် ခရစ်တော်၌တူညီကြသည်။
ကိုယ်တော်နှင့်လည်း ကောင်း၊ အချင်းချင်းနှင့်
လည်းကောင်း မိတ်သဟာယတစ်ခု၌ ခရစ်တော်သည် ဝိညာဉ် တော်တစ်ပါးအားဖြင့် ကျွန်ုပ်တို့ကို ချည်နှောင်ခဲ့ပြီ။
ကျွန်ုပ်တို့သည် အလုပ်အကျွေးပြု ရာတွင်လည်းကောင်း၊
အပြုအစုခံရာတွင် လည်းကောင်း မျက်နှာလိုက်ခြင်းနှင့် ခြွင်းချန် ခြင်းမရှိရချေ။
သမ္မာကျမ်းစာတွင် ယေရှုခရစ် တော်၏ ထုတ်ဖော်ပြသခြင်းအားဖြင့်၊ ကျွန်ုပ်တို့သည်
တူညီသော ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းရှိ၍၊ သက်သေခံချက် တစ်ခု ဖြင့် လူအားလုံး
ထံသို့အရောက်သွားကြသည်။ ဤ စည်းလုံး ခြင်းသည် ကျွန်ုပ်တို့ကို သူ၏ သားသမီးများအဖြစ် မွေးစားသောသုံးပါးတစ်ဆူဘုရား၏ တစ်လုံး
တစ်၀တည်း ဖြစ်ခြင်းမှလာသည်။ (ဆာ
၁၃၃း၁။ မ ၂၈း၁၉၊၂၀။ ယော ၁၇း၂၀-၂၃။ တ ၁၇း၂၆၊၂၇။ ရော၁၂း၄၊၅။ ၁ကော ၁၂း၁၂-၁၄။ ၂ကော
၅း၁၆၊၁၇။ ဂလ ၃း၂၇-၂၉။ ဧ ၂း၁၃-၁၆။ ၄း၃-၆၊၁၁-၁၆။ ကော ၃း၁၀-၁၅)။
ယေရှုသည် မြေကြီးပေါ်သူ၏ အလုပ်ကို ပြီးဆုံးသွားသောအခါ (ယော
၁၇း၄)၊ သူအသေမခံမီညနေ၌ပင် သူ၏တပည့်တော်များ၏အခြေအနေအပေါ် ဆက်လက် ၍ သောကပွားခဲ့ရသည်။ မနာလိုမှုကြောင့်
မည်သူသည်အကြီးဆုံးဖြစ်သည်၊ မည်သူသည် ခရစ်တော်၏ နိုင်ငံတော်တွင်
အမြင့်ဆုံးသောရာထူးကိုရမည်ဟူ၍ငြင်းခုံခဲ့ကြသည် (မ ၂ဝး၂၅၊၂၆)။ ယေရှု က
နှိမ့်ချခြင်းသည် သူ့ နိုင်ငံ၏အခြေအမြစ်ဖြစ်ကြောင်း၊ စစ်မှန်သော သူ၏ နောက်လိုက်များသည် အစေခံဖြစ်ရမည်ဖြစ် ကြောင်း၊
ကျေးဇူးတင်ခြင်းကိုပင် မမျှော်လင့်ဘဲ မိမိတို့ကိုယ်ကို လိုလိုလားလား
ပေးဆပ်လိုခြင်း ဖြစ်ကြောင်း ရှင်းပြသည်။ မည်သူမျှ မပြုလုပ်လိုသောအချိန် တွင် သူသည်
ကိုယ်ကိုကိုင်း၍ သူတို့၏ ခြေထောက် ကိုဆေး၍
ပြခဲ့သည့်ပုံပမာသည်လည်း အချည်းနှီးဖြစ်ဟန်ရှိသည်။
ယေရှုသည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။
သူ၏ထောက်ထားမှုကြောင့် လူအုပ် သည် သူ့နောက် သို့ဆက်လိုက်ကြခြင်းဖြစ်သည်။
ဤကိုယ်ကျိုးမဖက်သောမေတ္တာကို နားမလည်သော တပည့်တော် တို့သည် ယုဒလူမျိုးမဟုတ်သူများ၊
အမျိုးသမီးများ၊ “အပြစ်သားများ၊” ဆင်းရဲသားများအပေါ် ပြင်းထန်သော မလိုမုန်းထားမှုဖြင့်
ပြည့်ခဲ့ကြ သည်။ ထိုစိတ်ဓာတ် ကြောင့်
ဤ မုန်းစရာကောင်းသော သူတို့ အပေါ် ခရစ်တော်၏ လူသားအားလုံးကို လွှမ်းခြုံသော
မေတ္တာကို သူတို့မမြင်နိုင် ဖြစ်ခဲ့ရသည်။ ကိုယ်တော် သည် နာမည်ဆိုးရှိသော ရှမာရိအမျိုးသမီးနှင့်စကားပြောသည်ကို
တပည့်တော်တို့ မြင် တွေ့သောအခါ၊ လယ်၌ရှိသော
စပါးအမျိုးမျိုးတို့သည် ရိတ်သိမ်းရန်ဝင်းမှည့်နေပြီဖြစ် ကြောင်းကိုသူတို့မသိခဲ့ချေ။ ခရစ်တော် ၏နိုင်ငံတော်တွင်
ယုဒလူမျိုးနှင့် သာသနာပလူ တို့အကြား၊ ရောမနှင့်
ဟေလသတို့အကြား၊ ယောက်ျားနှင့်မိန်းမအကြား ခွဲခြားမှုမရှိ ကြောင်းကို သူတို့လက်မခံ နိုင်ခဲ့သေးချေ။ လူသား အားလုံး သည်
အပြစ်သားများဖြစ် ကြပြီး၊ ဘုရားသခင်၏
နိုင်ငံတော်တွင်ပါဝင်ရန် အားလုံး ဖိတ်ခေါ် ခြင်းခံရသည်။
ခရစ်တော်ကို ထုံးတမ်းစဉ်လာ၊ လူထုအမြင် သို့မဟုတ်
မိသားစုထိန်းချုပ်မှု ကပင် ယိမ်းယိုင် အောင်မလုပ်နိုင်ချေ။
သူ၏ထိန်းချုပ်၍မရနိုင်သောမေတ္တာသည် ပျက်စီးနေ သောလူသားတို့ထံသို့ရောက်၍၊ သူတို့ကိုပြန်လည်ထူထောင်သည်။
ထိုသို့သောမေတ္တာ သည် သူတို့ကို သတိမမူသော
အများပြည်သူများနှင့်ခွဲခြားပြီး၊ စစ်မှန်သောတပည့်တော် များ ဖြစ်ခြင်း၏ အထောက်အထားဖြစ် လိမ့်မည်။ “ငါသည် သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်း
ချစ်ကြလော့” (ယော ၁၅း၁၂) မှ
ကိုယ်တော်၏ပညတ်ဖြစ် သည်။ လောကီသားများသည်
ခရစ်ယာန်များကို သူတို့၏ ယုံကြည်ခြင်း ကြောင့်မဟုတ် ဘဲ၊ သူတို့၌ ခရစ်တော်၏ မေတ္တာကိုဖော်ပြခြင်းအားဖြင့်
အမြဲတမ်းခွဲခြား သိမြင်နိုင် လိမ့်မည် (ယော ၁၃း၃၄၊၃၅)။
ထိုကြောင့် ဂေသရှေမန်ဥယျာဉ်၌ပင်လျှင်၊
ခရစ်တော်၏စိတ်ထဲ၌အဓိကရှိသော အရာမှာသူ၏
အသင်းတော်တည်းဟူသော၊ “လောကထဲမှယူ” (ယော ၁၇း၆) ခြင်းကို ခံရသော သူတို့၏
စည်းလုံးခြင်းပင်ဖြစ်သည်။ သုံးပါးတစ်ဆူဘုရားအထဲ၌ရှိသော အ လားတူစည်းလုံးခြင်းမျိုး အသင်းတော်တွင် ရှိစေရန်သူသည်
ခမည်းတော်ကို ဆု တောင်းခဲ့သည်။ “ကိုယ်တော်သည်
အကျွန်ုပ်ကို စေလွှတ်တော် မူသည်ကို လောကီသား တို့သည် ယုံကြည်မည်အကြောင်း၊ ထိုသူအပေါင်းတို့သည် တစ်လုံး
တစ်၀ တည်းဖြစ် လျက်၊ အဘ၊ ကိုယ်တော်သည်
အကျွန်ုပ်၌ရှိ တော်မူ၍၊ အကျွန်ုပ်သည်လည်း ကိုယ်တော် ၌ ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌ တစ်လုံး
တစ်၀တည်းဖြစ်စေခြင်းငှာ” ယေရှုဆုတောင်းခဲ့သည်
(ယောဟန်၊ ၁၇း၂၁)။
ထိုသို့သောစည်းလုံးခြင်းသည်
အထိရောက်ဆုံးသောသက်သေခံခြင်း၏လက်နက် ဖြစ်သည်။ အကြောင်းမှာ လူသားများအတွက်
ခရစ်တော်၏ကိုယ်ကျိုးမဖက်သော မေတ္တာ၏ သက်သေဖြစ်သည်။ “ကိုယ်တော်သည်လည်း
အကျွန်ုပ်၌ရှိတော်မူသော အား ဖြင့်သူတို့သည်
တစ်လုံးတစ်၀ တည်းဖြစ်၍၊ တစ်လုံးတစ်၀တည်း၌စုံလင်စေခြင်းငှာ လည်းကောင်း၊
ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို
ချစ်တော်မူသကဲ့သို့ သူတို့ကိုလည်းချစ်တော်မူကြောင်းကို လောကီသားတို့ကိုသိစေ” ပါကို ယေရှုဆိုခဲ့သည် (ယော ၁၇း၂၃)။
ကျမ်းစာထဲကစည်းလုံးခြင်းနှင့်အသင်းတော်
ယနေ့ရူပအဖြစ်မြင်ရသော အသင်းတော်အတွက် ခရစ်တော်၏ စိတ်ထဲ၌မည် သည့်စည်းလုံးမှုမျိုးရှိသနည်း။
ထိုသို့သောမေတ္တာနှင့်စည်းလုံးခြင်းသည် မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ၎င်း၏ အခြေ အမြစ်ကားအဘယ်နည်း။
၎င်း၏အစိတ်အပိုင်းများကား အဘယ်နည်း။ ၎င်းသည် တညီတညာတည်း
ဖြစ်ခြင်းကိုတောင်းဆိုသလော၊ သို့မဟုတ် မတူကွဲပြားမှုကို ခွင့်ပြု သလော။
ဤစည်းလုံးခြင်းသည် မည် ကဲ့သို့ လုပ်ဆောင်သနည်း။
ဝိညာဉ်တော်၌စည်းလုံးခြင်း။ သန့်ရှင်းသောဝိညာဉ်တော်သည် အသင်းတော် စည်းလုံးခြင်း၏
နောက်ကွယ်တွင် လှုပ်ရှားသောစွမ်းအားဖြစ်သည်။ သူသည် ယုံကြည် သူများကို အသင်းတော်ထဲသို့ ပို့ဆောင်သည်။
ဝိညာဉ်တော်အားဖြင့် သူတို့ သည် “တစ်ကိုယ်တည်းထဲ သို့ဗတ္တိဇံကိုခံကြ၏” (၁ကော ၁၂း၁၃)။ ဤနှစ်ခြင်းခံပြီးသောအသင်း ဝင်များသည် ပေါလု ဖော်ပြသကဲ့သို့ “စိတ်သဘော မခြား မနားတစ်လုံးတစ်၀တည်း” ဖြင့်စည်းလုံးမှု ရှိရမည် (ဧ ၄း၃)။
တမန်တော်သည် ဝိညာဉ်တော်၌ စည်းလုံးခြင်း၏
အစိတ်အပိုင်းများကို ဖော်ပြ သည်။ “ကိုယ်တစ်ကိုယ်၊ ဝိညာဉ်တစ်ဝိညာဉ်တည်းရှိ၏။ သခင်တစ်ပါး၊
ယုံကြည်ခြင်း တစ်ပါး၊ ဗတ္တိဇံ တစ်ပါး၊ ခပ်သိမ်း သောငါတို့၏အဘဖြစ်သော
ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏” (ဧ ၄း၄-၆)။
ခုနစ်ကြိမ်မှာ “တစ်” ဟူသောစကားလုံးကို ဤကျမ်းချက်တွင် ထပ်တလဲလဲအသုံးပြုခြင်းမှာ
ပေါလုမျှော်မှန်းသော ပြည့်စုံသည့်စည်းလုံးခြင်းကိုအလေး ပေးသည်။
နိုင်ငံသားတိုင်းနှင့် လူမျိုးတိုင်းအထဲက သူတို့ကိုခေါ်
ထုတ်၍၊ သန့်ရှင်းသော ဝိညာဉ် တော်သည် ကိုယ်တစ်ကိုယ်ဖြစ်သည့်
ခရစ်တော်၏ကိုယ်ခန္ဓာတည်းဟူသော အသင်းတော်ထဲသို့ သူတို့ကို ဗတ္တိဇံ ပေးသည်။
သူတို့သည် ယေရှု၌ကြီးထွားလာသော အခါ၊
ယဉ်ကျေးမှုခြား နားခြင်းများသည် စိတ်ဝမ်း ကွဲစေသောအရာများ မဟုတ်တော့ ပြီ။ သန့်ရှင်းသော ဝိညာဉ်တော်သည် အနိမ့်အမြင့်၊ ဆင်းရဲ
ချမ်းသာ၊ ယောက်ျားမိန်းမ အကြားရှိ အတားအဆီးများ ကို ရိုက်ချိုးပစ်သည်။
ဘုရားသခင်ရှေ့၌ သူတို့ အားလုံး သည်
အတူတူဖြစ်သည်ကို သဘောပေါက် လျက်၊ အချင်းချင်းလေးစားကြသည်။
ဤစည်းလုံးမှုသည် အသင်းအဖွဲ့အဆင့်၌လည်းအလုပ်လုပ်သည်။ ၎င်းသည်
အသင်းတော် တချို့မှာ အခြားနိုင်ငံများမှ ငွေကြေးနှင့်သာသနာပြုများကိုလက်ခံရရှိ
သော်လည်း၊ နေရာတိုင်းရှိ အသင်းတော်အားလုံးသည် အတူတူဖြစ်သည်ဟုဆိုလိုသည်။ ထိုသို့သော
ဝိညာဉ်ရေး ပေါင်းစည်းမှု တွင် ကြီးစဉ်ငယ်လိုက်ဟူ၍ အဆင့်ဆင့်မရှိချေ။
ဒေသခံလူများနှင့် သာသနာပြုများသည် ဘုရား သခင် ရှေ့တွင်အတူတူဖြစ်သည်။
စည်းလုံးသောအသင်းတော်သည် မျှော်လင့်ချက်တစ်ခုရှိသည်။
၎င်းမှာ ကြီးမြတ် သောဘုရားသခင်နှင့် “ငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်၏ ဘုန်းအ သရေတော်ထင်ရှားပေါ် ထွန်းခြင်း” တည်းဟူသော “မင်္ဂလာရှိသောမျှော်လင့်ရာ”
ပင်ဖြစ် သည်။ (တိ ၂း၁၃)။
ဤ မျှော်လင့်ချက်သည်၊ ပျော်ရွှင်ငြိမ်သက်ခြင်း၏ဇာစ်မြစ်ဖြစ်၍၊ ပူးပေါင်းသက်သေ
ခံခြင်းအတွက် အားကြီးသော နှိုးဆော်မှုကိုပေးသည် (မ ၂၄း၁၄)။ ၎င်း သည် ပြောင်းလဲခြင်း ကိုပေးသည်။ အကြောင်းမှာ၊ “ထိုသို့ မျှော်လင့်သော သူမည်သည် ကား၊ ကိုယ်တော် သန့်ရှင်း တော်မူ သည်နည်းတူ၊ ကိုယ်ကိုကိုယ်
သန့်ရှင်း စေ တတ်၏” (၁ယော ၃း၃)။
ယေရှုခရစ်တော်၏အပြစ်ဖြေရာယဇ်ကို
အတူတကွကိုယ်တိုင်ယုံကြည်ခြင်းအား ဖြင့်အားလုံးသည်
ခန္ဓာကိုယ်တစ်ခု၏ ကိုယ်အင်္ဂါများ ဖြစ်လာကြသည်။ ခရစ်တော်နှင့် အတူသင်္ဂြိုဟ်၍၊ သူ၏ထမြောက်ခြင်း၌
သူနှင့်အတူထမြောက်ခြင်းကို ပုံဆောင်သည့် နှစ်ခြင်းတစ်ပါးသည်
(ရော ၆း၃-၆) ယုံကြည်သူ၏ ယုံကြည်ခြင်းနှင့် ခရစ်တော်၏ ကိုယ်ခန္ဓာနှင့် ပေါင်း
စည်းကြောင်း သက်သေခံခြင်း တို့ ကိုပြည့်ပြည့်စုံစုံဖော်ပြသည်။
နောက်ဆုံးတွင်၊ သမ္မာကျမ်းစာသည် ဝိညာဉ်တော်တစ်ပါး၊
သခင်တစ်ပါး၊ ခမည်း တော်
ဘုရားတစ်ပါးတည်းရှိကြောင်းကိုသင်ပေးသည်။ အသင်းတော်၏ စည်းလုံးခြင်း၏ ကဏ္ဍအားလုံးသည်
သုံးပါးတစ်ဆူဘုရား၏ တစ်လုံးတစ်၀တည်းရှိခြင်းမှလာသည်။
“ဆုကျေးဇူးတော်အထူးထူးအထွေထွေ ရှိငြားသော်လည်း
ဝိညာဉ်တော်တစ်ပါးတည်းရှိ ၏။ ဓမ္မဆရာအမှု
အထူးထူးအထွေထွေရှိငြား သော်လည်း သခင်တစ်ပါးတည်းရှိ၏။ ပြုပြင်ခြင်းအမှုအထူးထူး
အထွေထွေရှိငြား သော်လည်း၊ ခပ်သိမ်း သောသူတို့၌ပြုပြင် သမျှကို ပြုပြင်တော်မူသော ဘုရား သခင်တစ်ပါးတည်းရှိ၏”
(၁ကော ၁၂း၄-၆)။
စည်းလုံးခြင်း၏ပမာဏ။ ယုံကြည်သူများသည် စိတ်နှလုံးနှင့်ဆင်ခြင်တုံ တရား တို့တွင်စည်းလုံးကြသည်။
အောက်ပါတိုက်တွန်းချက်များကိုဂရုပြုပါ။ “သင်တို့ သည် ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော
ဘုရားသခင်ကိုတညီ တညွတ် တည်း နှုတ်မြွက်၍
ချီးမွမ်းစေခြင်းငှာ၊ ယေရှုခရစ်၏အလိုတော်အတိုင်း အချင်းချင်း စိတ်တညီတညွတ်တည်း
ရှိကြမည်အကြောင်း၊ သည်းခံခြင်း၊ သက်သာခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနား
တော်မူပါစေသော” (ရော ၁၅း၅၊၆)။
]ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ် တည်းဖြစ်၍၊ အချင်းချင်းမကွဲပြားဘဲ၊
စိတ်သ ဘော
တစ်သံတစ်သမတ်တည်းရှိသည်နှင့်၊ စေ့စပ်စုံလင်ကြမည် အကြောင်း၊ ငါတို့သခင် ယေရှုခရစ်၏
နာမတော်ကိုအမှီပြု၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏” (၁ကော ၁း၁၀)။ “စုံလင်ခြင်း၊
သက်သာ ဝမ်းမြောက်ခြင်းရှိကြလော့။ စိတ်တညီတညွတ်တည်း ဖြစ်၍၊ အချင်းချင်း အသင့်အတင့် နေကြလော့” (၂ကော ၁၃း၁၁)။
ထို့ကြောင့်၊ ဘုရားသခင်၏အသင်းတော်သည်
စိတ်သဘောထားနှင့်အပြုအမူ တို့တွင် စည်းလုံးမှုကိုပြသသင့်ပေသည်။ ဤအရာသည်
အသင်းသူအသင်းသားများ၏ စိတ်သဘောထားနှင့် အပြုအမူတို့သည်
ချွတ်စွပ်တူရမည်ဟုဆိုလိုပါသလား။ ကျမ်းစာ ထဲက
စည်းလုံးခြင်း သည် အားလုံး တထေရာ တည်းဖြစ်ခြင်းကိုဆိုလိုပါသလား။
မတူကွဲပြားမှုထဲကစည်းလုံးခြင်း။ ကျမ်းစာထဲကစည်းလုံးခြင်းသည် ထပ်တူကျ ခြင်းကို မဆိုလိုချေ။
ကျမ်းစာကလူ့ကိုယ်ခန္ဓာနှင့်တင်စားခြင်းသည် မတူကွဲပြားခြင်းထဲ၌ အသင်းတော်၏
စည်းလုံးမှုရှိ ကြောင်းကိုဖော်ပြသည်။ ကိုယ်ခန္ဓာ၌ အင်္ဂါများစွာရှိသည်။
၎င်းတို့အားလုံးကကိုယ်ခန္ဓာသည် အကောင်းဆုံးစွမ်းဆောင်မှုရှိနိုင်ရန်ပံ့ပိုးကြသည်။ အင်္ဂါ တစ်ခုစီ၏
အလုပ်သည် ကွဲပြားသော်လည်း၊ အရေးပါသောတာဝန်ကိုထမ်းဆောင်သည်။ အသုံးမဝင်
သောအရာတစ်ခုမျှမရှိပါ။
ဤအလားတူနိယာမသည် အသင်းတော်ကိုလည်ပတ်ပေးသည်။ ဘုရားသခင် သည် သူ၏ ဆုကျေးဇူးများကို “အလိုတော်ရှိသည်
အတိုင်းဝေငှ၍ပေးတော်မူ” (၁ကော ၁၂း၁၁) ၍၊
အသင်းသူ အသင်းသားမျာကို အကျိုးပြုသည့်ကောင်းမွန်သော မတူကွဲပြား မှုကိုဖန်တီးပေးသည်။ အသင်းသား များအားလုံး တစ်မျိုးတည်း
မစဉ်းစားကြပါ။ အလုပ် တစ်ခုကို
လုပ်ဆောင်ရန်လည်း သူတို့အားလုံး၌ အရည်အချင်းမရှိကြပါ။ သို့သော်လည်း၊ အားလုံးသည်
ဝိညာဉ်တော် တစ်ပါးတည်း၏ လမ်းညွှန်မှု အောက်၌ လုပ်ဆောင်ကြကာ၊ သူတို့အား ဘုရား
ပေးစွမ်းရည်များကို အကောင်းဆုံးအသုံးပြု၍ အသင်းတော်ကို တည်ဆောက်နေကြ သည်။
၎င်း၏လုပ်ငန်းတာဝန်ကိုပြီးစီးအောင်၊ အသင်းတော်သည်
အားလုံး၏ဝိညာဉ် ဆုကျေးဇူးများဖြင့် ထောက်ပံ့မှုကိုလိုအပ်သည်။ သူတို့သည်
ဧဝံဂေလိတရား၏တွန်းအား ကို အတူတကွ စုပေါင်း
ပံ့ပိုး ကြသည်။ အသင်းတော်၏အောင်မြင်မှုသည် အသင်းသား တစ်ဦးချင်းသည်
အတူတူဖြစ်နေခြင်းနှင့် အခြားအသင်းသားများအယောက်စီတိုင်းကဲ့သို့ လုပ်ဆောင်ခြင်း၌
မတည်ချေ။ အမှန်မှာ၊ အသင်းသား အားလုံးသည် ဘုရားပေးတာဝန် များကို ထမ်းဆောင်ခြင်း အပေါ် တွင် အသင်းတော်၏ အောင် မြင်
ခြင်းတည်သည်။
သဘာ၀တရား၌ စပျစ်နွယ်ပင်နှင့် ၎င်း၏အကိုင်းအခက်များသည်
မတူကွဲပြား ခြင်း၌ စည်းလုံးခြင်းကိုပုံပြသည်။
ယေရှုသည် သူနှင့်ယုံကြည်သူများပေါင်းစည်းခြင်း ကိုပုံဖော်ရာ စပျစ်နွယ်ပင် ဥပမာကိုအသုံးပြုသည် (ယော
၁၅း၁-၆)။ အကိုင်းများ တည်း ဟူသော ယုံကြည် သူများသည် စစ်မှန်သော စပျစ်နွယ်ပင်၊
ခရစ်တော်မှဖြာထွက်သော သူများဖြစ်ကြသည်။ အကိုင်းနှင့်အရွက်များ ကဲ့သို့၊ ခရစ်ယာန်
တစ်ဦးချင်းစီသည် အခြား သူများနှင့်
ခြားနားကြသည်။ သို့သော်လည်း၊ သူတို့ အားလုံးသည် စပျစ်နွယ်ပင်တစ် ခုတည်းမှ အာဟာရများကို ရရှိ သောကြောင့်၊ တစ်လုံးတ၀တည်း
ရှိနေကြသည်။ စပျစ် နွယ်ပင်
အကိုင်းအခက်များသည် အချင်းချင်းသီးခြားရှိနေပြီး၊ တစ်ခုနှင့်တစ်ခု ရောစပ် ခြင်းမရှိချေ။ သို့သော်လည်း အကိုင်းအခက် တစ်ခုစီသည်
ပင်စည်တစ်ခုတည်း၌ ဆက်နေကြလျှင်၊
အချင်းချင်း မိတ်သဟာယဖွဲ့ ခြင်းရှိလိမ့်မည်။ ၎င်းတို့အားလုံးသည် အရင်းအမြစ်
တစ်ခုတည်းမှ အာဟာရကိုရရှိ၍၊ အသက် ပေးသောဂုဏ်သတ္တိကို လက်ခံ ရရှိကြသည်။
ထို့ကြောင့်ခရစ်ယာန်စည်းလုံးခြင်းသည်
ခရစ်တော်အထဲသို့အသင်းဝင်များ ကိုင်း ဆက်ကူးခြင်း
အပေါ် မူတည်သည်။ သူ့ထံမှခရစ်ယာန်အသက်တာကို အသက် ပေးသော တန်ခိုးထွက်လာသည်။ သူသည်
အသင်းတော်၏အလုပ်ပြီးစီးရန်လိုအပ်သော စွမ်းရည် နှင့်တန်ခိုးတို့၏ အရင်းအမြစ်ဖြစ်၏။
သူနှင့်ချိတ်ဆက်ခြင်းသည် ခရစ်ယာန် အားလုံး၏ အတွေ့အကြုံ၊
အကျင့်ဓလေ့နှင့် အသက်ရှင် နေထိုင်မှု ပုံစံကိုပုံသွင်းပေးသည်။ သူ့အား ဖြင့် အသင်းသူ အသင်းသားအားလုံးသည် အချင်းချင်း ချိတ်
ဆက်ကြပြီး၊ ဘုံ အမှုတော် ၌ပူးပေါင်းကြသည်။
အသင်းသူအသင်းသားများသည် သူ၌တည်ကြသော အခါ၊ တစ် ကိုယ်ကောင်းဆန်ခြင်းသည် ပျောက်လွင့်၍၊
ခရစ်ယာန်စည်းလုံးခြင်းအခြေခိုင်လာကာ၊ သူ၏အမှုတော်ကိုပြီး မြောက်စေ နိုင် သည်။
ထို့ကြောင့်အသင်းတော်တွင်
ခြားနားသောပင်ကိုစရိုက်များရှိနေသော်လည်း၊ အား လုံးသည် ဦးခေါင်းတစ်ခု၏အောက်၌လုပ်ဆောင်နေကြသည်။
ဆုကျေးဇူးအများရှိသော် လည်း၊ ဝိညာဉ်တော်
တစ်ပါးတည်းရှိသည်။ ဆုကျေးဇူးများသည် ခြားနားသော်လည်း၊ တွဲဖက်
ညီညီလုပ်ဆောင်မှုရှိသည်။
ယုံကြည်ခြင်း၌စည်းလုံးခြင်း။ ဆုကျေးဇူးများသည် ကွဲပြားသော်ငြားလည်း၊ ယုံကြည် ချက်တို့၌
ခြားနားသည်ဟုမဆိုလိုပါ။ နောက်ဆုံးသောနေ့ရက်တွင် ဘုရားသခင် ၏ အသင်းတော်သည် ထာ၀ရဧဝံဂေလိတရားတစ်ခုတည်းကို
မျှဝေသောသူတို့ဖြင့် ဖွဲ့စည်းသည်။ သူတို့၏
အသက်တာကို ဘုရားသခင်၏ ပညတ်တို့နှင့်ယေရှု၏ ယုံကြည် ခြင်းကို ကိုင်စွဲခြင်း အားဖြင့် သိနိုင်သည် (ဗျာ ၁၄း၁၂)။
သူတို့သည် ကယ်တင် ခြင်း အတွက် ဘုရားသခင်၏
ဖိတ်ခေါ် ခြင်းကို လောကီသားအား အတူတကွ ကြေညာကြ သည်။
အသင်းတော်၏စည်းလုံခြင်းသည်မည်မျှအရေးကြီးသနည်း။
စည်းလုံးခြင်းသည် အသင်းတော်အတွက် အခြေခံလိုအပ်ချက်ဖြစ်သည်။ “ကျွန်ုပ် တို့၏
သခင်ဘုရားသည် သူ၌ရှိသောပြည့်စုံလုံလောက်ခြင်းကို သူ၏အသင်းတော် သည် လောကီသားတို့အား ရောင်ပြန်ဟပ်ရန် ကြံရွယ်ခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကြွယ်၀ခြင်း ကို အမြဲရရှိနေကြ၏။
၎င်းကိုအလားတူပေးခြင်းအားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်၏ ချစ်ခြင်း မေတ္တာနှင့်
အကျိုးပြုခြင်းတို့ကို လောကီသားတို့ထံတင်ဆက် ရမည်ဖြစ်သည်။ ကောင်းကင် တစ်ခုလုံးသည် ရုတ်ရုတ်သဲသဲဖြစ်၍၊
ကမ္ဘာမြေကြီး၏ နေရာတိုင်းသို့ ရွေးနုတ်ခြင်းအမှုကို သယ်ဆောင်ရန်
ကောင်းကင်တမန်များကို စေ လွှတ် နေစဉ်၊
အသက်ရှင်သော ဘုရားသခင်၏ အသင်းတော်သည်လည်း ခရစ်တော်နှင့်အတူ
ပူးပေါင်းလုပ်ဆောင်ရမည်။ ကျွန်ုပ်တို့သည် သူ၏ထူးခြားနက်နဲသောကိုယ်ခန္ဓာ၏အင်္ဂါ
အစိတ်အပိုင်းများ ဖြစ်ကြသည်။ သူသည် ဦးခေါင်းဖြစ်၍၊ ခန္ဓာ၏အင်္ဂါအားလုံးကို ထိန်း ချုပ်သည်။ ယေရှုကိုယ်တိုင် သူ၏ အနန္တကရုဏာဖြင့်
လူသားတို့၏စိတ်နှလုံး ထဲတွင် အလုပ်လုပ်နေသည်။
ထို့သို့ဖြင့် ကောင်းကင် တမန်များက အံ့ဩဝမ်းမြောက်စွာ ကြည့် နေကြသည့် အလွန်အံ့အားသင့်ဖွယ် ဝိညာဉ်ရေး ပြေင်းလဲခြင်း
ဖြစ်လာသည်။”
စည်းလုံးခြင်းမရှိပါက၊ အသင်းတော်သည်
၎င်း၏မွန်မြတ်သောလုပ်ငန်းတာဝန်ကို ပြီးစီး အောင် မလုပ်နိုင်ချေ။
စည်းလုံးခြင်းသည်အသင်းတော်၏ကြိုးပမ်းမှုများကိုထိရောက်စေသည်။ သဘောထား ကွဲလွဲမှုနှင့် အငြင်းပွားမှုများအားဖြင့်
ပြိုကွဲနေသောလောကတွင်၊ ပင်ကို စရိုက်၊
ပင်ကိုစိတ်ခြား နားသော အသင်းသူအသင်းသားများအကြား၌ ရှိသောချစ် ခြင်း မေတ္တာနှင့် စည်းလုံးခြင်းသည် အခြားအရာအားလုံး
ထက်ပိုမိုအားကြီးစွာ အသင်းတော် ၏သတင်း
စကားကိုသက်သေခံ နိုင် သည်။ တစ်နည်းအားဖြင့်၊ ဤစည်းလုံးခြင်းသည် သူတို့နှင့်
ကောင်းကင်ဆက်သွယ်ခြင်းကိုပြသည့် မငြင်းနိုင်သော သက်သေ--- နှင့် ခရစ် တော်၏ နောက်လိုက်များအဖြစ် သူတို့၏ အထောက်အထားဖြစ်သည် (ယော
၁၃း၃၅)။ ၎င်းသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ တန်ခိုး ကိုသက်သေပြသည်။
အခြားတစ်ဖက်တွင်၊ ယုံကြည်သူခရစ်ယာန်များအကြား
ပဋိပက္ခနှင့်မစည်းလုံးမှု တို့ သည်
မယုံကြည်သူများကိုချောက်ချားစေပြီး၊ သူတို့သည် ခရစ်ယာန်ယုံကြည်ခြင်းကို
လက်ခံနိုင်ရန်အတွက် အကြီးမားဆုံးသောအတားအဆီးဖြစ်နေနိုင်သည်။ ယုံကြည်သူ များအကြား စစ်မှန်သော စည်းလုံးခြင်းသည်
ဤစိတ်သဘောကိုငြိမ်းသွားစေသည်။ခရစ် တော်သည်
သူတို့အတွက် ကယ်တင်ရှင်ဖြစ်ကြောင်း လောကီသားတို့အတွက်အဓိက အထောက် အထားမှာ စည်းလုံးခြင်းဖြစ်သည် (ယော ၁၇း၂၃)။
စည်းလုံးခြင်းသည် ဘုရားသခင်၏ နိုင်ငံတော် အမှန်တကယ်ရှိ
ကြောင်းကိုပြ သည်။ မြေကြီးပေါ်ရှိ
အမှန်အကန်စည်းလုံးသော အသင်းတော်က၊ ၎င်း၏အသင်းသူ အသင်းသား များသည်
ကောင်းကင်ဘုံတွင်အတူတကွနေထိုင်မည့်အရေးကို မျှော်လင့် ရာတွင်အလေးအနက်ရှိကြသည် ကိုဖော်ပြသည်။
မြေကြီးပေါ်စည်းလုံးခြင်းသည် ဘုရား သခင်၏
ထာ၀ရနိုင်ငံတော် အမှန်တကယ်ရှိကြောင်းကို ပြသသည်။ ဤနည်းအတိုင်း အသက်ရှင် သောသူတို့ တွင် သမ္မာကျမ်းစာသည်ပြည့်စုံလိမ့်မည်။ “ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော် ကြသည်အရာမှာ
အလွန်ကောင်းပေ၏။ အလွန်တင့်တယ် လျောက်ပတ်ပေ၏” (ဆာ ၁၃၃း၁)။
စည်းလုံးခြင်းသည် အသင်းတော်၏ခွန်အားကိုပြသည်။ စည်းလုံးခြင်း သည် ခွန်အားဖြစ်၍၊ မစည်းလုံးခြင်းသည်
အားနည်းခြင်းဖြစ်သည်။ အသင်းသူ အသင်းသား များသည်
ခရစ်တော်နှင့် လည်းကောင်း၊ အချင်းချင်းနှင့်လည်းကောင်း ပေါင်းစည်း၍၊ လောကီသားများ၏
ကယ်တင်ခြင်းအတွက် လက်တွဲညီစွာလုပ်ဆောင်သောအခါ၊ အသင်းတော်သည် အမှန်ပင်ကြီးပွား၍
ခွန်အားရှိသည်။ ထိုသို့ဖြစ်မှသာလျှင်၊ အမှန်ကန် ဆုံးသဘောအရ၊ သူတို့သည် “ဘုရားသခင့်ထံ၌
အလုပ်လုပ်သောသူချင်းဖြစ်ကြ၏” (၁ကော ၃း၉)။
ခရစ်ယာန်စည်းလုံးခြင်းသည်
ကျွန်ုပ်တို့၏တိုး၍တိုး၍မစည်းလုံးသောကမ္ဘာ၊ မေတ္တာကင်းမဲ့ခြင်းနှင့်
တစ်ကိုယ်ကောင်းဆန်ခြင်းတို့ကြောင့် ပြိုကွဲနေသော ကမ္ဘာကို စိန်ခေါ်လျက်ရှိသည်။
စည်းလုံးသောအသင်းတော်သည် ယဉ်ကျေးမှု၊ လူမျိုးနွယ်စု၊ လူမျိုးဇာတ်၊ ကျား၊ မ၊
နိုင်ငံသား စသည် အားဖြင့် ကွဲနေသောလူ့အဖွဲ့အစည်းအတွက် အဖြေကို ထုတ်ဖော်ပြသည်။
စည်းလုံးသောအသင်းတော်သည် စာတန်၏ တိုက်ခိုက်မှု ကိုခုခံလိမ့်မည်။ အမှန်မှာ၊ မှောင် မိုက်၏တန်ခိုးများက
ခရစ်တော်သည် သူတို့ ကိုချစ်သည်အတိုင်း အချင်းချင်းချစ်သော အသင်းတော်သည် ထိရောက်စွာ
မစွမ်းဆောင် နိုင်အောင် တိုက်ခိုက် သည်။
စည်းလုံးသောအသင်းတော်၏ အပြုသဘောဆောင်၍ တင့်တယ်သောအကျိုး
သက်ရောက်မှုများကို သံစုံတီးဝိုင်း၏ဖျော်ဖြေတင်ဆက်မှုနှင့်နှိုင်းယှဉ်၍ရနိုင်သည်။
သံစုံ တီးဝိုင်းကိုရှေ့၌လက်ဖြင့် ညွှန်ပြသူမရောက်မီ အခိုက်အတန့်အတီးအမှုတ်
သမားများ သည် မိမိတို့
တူရိယာများကို ညှိ၍ လေ့ကျင့်ချိန်တွင်၊ စီလောင်ဆူညံသံထွက်လာသည်။ သို့သော်
လက်ဖြင့်လှုပ်ရှားညွှန်ပြသူရောက် လာသောအခါ၊ ရှုပ်ထွေးဆူညံသံများရပ် သွားပြီး၊ အားလုံးက သူ့ကိုကြည့်ကြသည်။ သံစုံတီးဝိုင်း၏
အဖွဲ့ဝင်တိုင်းသည် နေသား တကျထိုင်၍၊ သူညွှန်ပြ
သည်အတိုင်းလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေ ကြသည်။ ဦးဆောင်သူ၏ ညွှန်ပြမှုကို
လိုက်လျှောက်ခြင်းဖြင့် သံစုံတီးဝိုင်းသည် သာယာနာပျော် ဖွယ် ကောင်းသောတေးသွားကို တီးမှုတ်ကြ တော့သည်။
“ခရစ်တော်၏
ကိုယ်ခန္ဓာ၌စည်းလုံးခြင်းသည် တီးဝိုင်းခေါင်းဆောင် ဘုရားရှင်၏ အချက်ပြ
တုတ်တံအောက်၌ ခေါ်ထုတ်ခြင်းခံရသူများ၏ မဟာသံစုံတီးဝိုင်းတွင် ကျွန်ုပ် အသက်တာ၏ တူရိယာ ပေါင်းထည့်လိုက်ခြင်းကိုဆိုလိုသည်။
သူ၏အချက်ပြမှု၌၊ ဖန် ဆင်းခြင်း၏ မူလတေးသွားကို
လိုက်၍ တီးခြင်းဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင့် မေတ္တာတေးသွားကို လူသားတို့
အတွက်တီးခတ် ပေးနိုင် သော အခွင့်အရေးရှိသည်။
စည်းလုံးမှုဖြစ်ထွန်းခြင်း
အသင်းတော်၌ စည်းလုံးခြင်းရှိနိုင်ရန်
သုံးပါးတစ်ဆူဘုရားနှင့် ယုံကြည်သူများ ပါဝင်ရ မည်။ စည်းလုံးခြင်း၏ဇာစ်မြစ်ကားအဘယ်နည်း။
မည်ကဲ့သို့ရရှိနိုင်သနည်း။ ယုံ ကြည်သူများ သည်
မည်သည့် ကဏ္ဍတွင်ပါဝင်သနည်း။
စည်းလုံးခြင်း၏ဇာစ်မြစ်။ စည်းလုံးခြင်း၏ဇာစ်မြစ်ကို သမ္မာကျမ်းစာက ဖော်ပြ သည်မှာ (၁) ဘုရားသခင်၏ထိန်းထားသောတန်ခိုး (ယော ၁၇း၁၁)၊ (၂)
ခရစ်တော်သည် သူ၏ နောက်လိုက်များ ကိုပေးသောဘုရားသခင်၏ဘုန်းတော် (ယော ၁၇း၂၂) နှင့်
(၃) ယုံကြည်သူ များ၌ ခရစ်တော်၏ ကိန်းဝပ်ခြင်း (ယော ၁၇း၂၃) တို့ဖြစ်သည်။ သန့်ရှင်း သောဝိညာဉ်တော် တည်းဟူသော ခရစ်တော်၏ ကိုယ်ခန္ဓာအထဲ၌ ရှိသော “ခရစ်တော် ၏ဝိညာဉ်” သည် အစိတ် အပိုင်းတစ်ခုစီ၌ရှိ၍၊ ၎င်းတို့ကို ပေါင်းစည်း
ပေးသောတန်ခိုး ဖြစ်သည်။
လှည်းဘီးတစ်ဘီးက စပုတ်တိုင်နှင့်အလယ်ကပုံတောင်းကဲ့သို့၊
အသင်းသူ အသင်း သားများ (စပုတ်တိုင်) သည်
ခရစ်တော် (ပုံတောင်း) ထံသို့သာ၍နီးကပ်လေ၊ သူတို့လည်း အချင်းချင်းနီးကပ်လေဖြစ်သည်။ “အသင်းတော်နှင့်မိသားစု၌ စစ်မှန်သော စည်းလုံးမှု၏
လျှို့ဝှက်ချက်သည် လူမှုဆက် ဆံရေးပညာ၊ စီမံခန့်ခွဲခြင်း၊ အာဂလူ၏ ကြိုးပမ်းမှုများ မဟုတ်ပါ။ ခရစ်တော်နှင့် ပေါင်းစည်းခြင်း ဖြစ်သည်။
စည်းလုံးပေးသောသန့်ရှင်းသောဝိညာဉ်တော်။ “ခရစ်တော်၏ဝိညာဉ်တော်”
နှင့် “သမ္မာတရားနှင့်ပြည့်၀သောဝိညာဉ်တော်”
အဖြစ်၊ သန့်ရှင်းသောဝိညာဉ်တော်သည် စည်း လုံးခြင်း ကို ယူဆောင်လာပေးသည်။
၁။ စည်းလုံးခြင်း၏အာရုံစိုက်ရာ။
ဝိညာဉ်တော်သည် ယုံကြည်သူအထဲ၌
ကိန်း ဝပ်သောအခါ၊ သူတို့အား
ယဉ်ကျေးမှု၊ လူမျိုးနွယ်၊ ကျား၊ မ၊ အသားအရောင်၊ နိုင်ငံ သားနှင့် အဆင့် အတန်းခွဲခြား သည့်လူသား၏အစွဲအလမ်းကို
ကျော်ဖြတ်စေသည် (ဂလ ၃း၂၆-၂၈)။ သူသည် ခရစ်တော်ကို
စိတ်နှလုံးထဲသို့ယူဆောင်လာခြင်းအားဖြင့်၊ ဤအရာ ကိုပြီးမြောက်စေသည်။ သူတို့၏ ခရစ်တော်နှင့်
ပေါင်းစည်းခြင်းသည် ဝိညာဉ်တော်၏ ကိန်းဝပ်ခြင်း၏ အသီးဖြစ်သော သူတို့အကြား၌
စည်းလုံးခြင်း ကိုဖြစ်စေသည်။ ထိုသို့ ဖြင့်သူတို့သည်
သူတို့၏ ခြားနားမှုများကိုလျှော့ချ၍၊ ခရစ်တော်၏ ဘုန်းတော်ကို ထင် ရှားစေရန် အမှုတော်တွင် ပူပေါင်း စေသည်။
၂။ ဤစည်းလုံးမှုကိုရယူရာတွင် ဝိညာဉ်တော်ဆုကျေးဇူးများ၏ကဏ္ဍ။ အသင်း တော်စည်းလုံးရန်
ပန်းတိုင်ကိုမည်ကဲ့သို့ရရှိနိုင်မည်နည်း။ ခရစ်တော်သည် ကောင်းကင် တွင်သူ၏ ခမည်းတော်နံဘေး၌
ကြားဖျန်ဖြေခြင်းအမှုကိုစတင်ခဲ့စဉ်က၊ သူ၏ လူတို့ကို ပေါင်းစည်းမည့် ပန်းတိုင်သည် စိတ်၏
လှည့်စားမှုမဟုတ်ကြောင်းကို သူသေချာ စေခဲ့ သည်။
သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ယုံကြည်သူများအကြား “စိတ်သဘော မခြားမနားတစ်လုံးတစ်၀တည်း” ကိုထူထောင်နိုင်ရန် ခရစ်တော်သည် ဝိညာဉ်တော်
ဆုကျေးဇူးများကို အထူးရည်ရွယ် သည်။
ဤဆုကျေးဇူးများကိုဆွေးနွေးရာတွင်၊ ပေါလုက၊ “ထိုသခင်သည် လူအချို့ တို့ကို တမန်တော်အရာ၌ လည်းကောင်း၊
အချို့တို့ကိုပုရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ ကို သာသနာပြု အရာ၌ လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာ၊
ဆရာ အရာ၌လည်း ကောင်းခန့်ထားတော်မူ၏” ဟုဆိုသည်။ အသင်းတော်သည် “ယုံကြည်ခြင်းသို့
လည်း ကောင်း၊ ဘုရားသခင်၏
သားတော်ကို သိကျွမ်း ခြင်းသို့လည်းကောင်း၊ တညီတညွတ် တည်းရောက်၍၊ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏ
အရပ်တည်းဟူသောကြီးရင့်သော လူ၏ အဖြစ်သို့ရောက် ကြ}
စေရန် ဤဆုကျေးဇူးများကိုပေးခြင်းဖြစ် သည် (ဧ
၄း၁၁-၁၃)။
ဤတစ်မူထူးသော ဆုကျေးဇူးများကို “စိတ်သဘော မခြားမနားတစ်လုံးတစ်၀ တည်း” နှင့် “ယုံကြည်ခြင်း၌တညီတညွတ်တည်း” (ဧ ၄း၃၊၁၃) ၌
ကြီးထွားစေရန် ပုံစံဆွဲထားခြင်းဖြစ်သည်။ ထိုသို့ဖြင့် ယုံကြည်သူတို့သည်
ကြီးရင့်သောသူဖြစ်လာ၍၊ “သူ တစ်ပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့သွေးဆောင်ခြင်းငှာ
လှည့်ဖြားပြောဆို သဖြင့်၊ ငါတို့သည်
နောက်တစ်ဖန် ခပ်သိမ်းသော ဩဝါဒ လေတိုက်၍ ဖရိုဖရဲလွင့်သွားသော သူငယ်မဖြစ်” မည် အကြောင်းတည်း
(ဧ ၄း၁၄)။
ဤဆုကျေးဇူးများအားဖြင့် ယုံကြည်သူများသည်
သမ္မာတရားကိုဟောပြော၍၊ အသင်း တော်၏ ဦးခေါင်းဖြစ်သောခရစ်တော်၌ကြီးထွား၍၊
မေတ္တာ၏စည်းလုံးခြင်း၌ ကြီးထွားလာသည်။ ခရစ်တော်၌ “အဆစ်အပိုင်းများတို့သည်
အားဖြည့်သဖြင့်၊ တစ်ကိုယ် လုံးသည်
စေ့စပ်ထုံးဖွဲ့သဖြင့်၊ အသီးအသီး အင်္ဂါများ ကိုယ်ငန်းကိုယ်တာ အတိုင်းပြုပြင် သည်နှင့်အညီ၊ မိမိကိုယ်ကို မေတ္တာ၌ တည်ဆောက်ခြင်းငှာ ကြီးပွားစေတတ်၏” (ဧ ၄း၁၆) ဟု ပေါလု ဆို၏။
၃။ စည်းလုံးခြင်းအတွက်အခြေခံ။ သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်၏ ကတိများ
ပြည့်စုံစေရန် လုပ်ဆောင်သည့်အရာမှာ၊ သူသည် “သမ္မာတရား
နှင့်ပြည့်စုံ သော ဝိညာဉ်တော်” (ယော ၁၅း၂၆)
ကဲ့သို့လုပ်ဆောင်သည်။ သူ၏
လုပ်ငန်းမှာ ယုံ ကြည်သူများအား
သမ္မာတရားကို အကြွင်းမဲ့သွန်သင်ခြင်းဖြစ်သည် (ယော ၁၆း၁၃)။ ထို့ကြောင့် ခရစ်တော်ကို
ဗဟိုပြုသောသမ္မာတရားသည် စည်းလုံးခြင်း၏အခြေ ခံဖြစ် သည်မှာရှင်းသည်။
သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ငန်းတာဝန်မှာ ယုံကြည်သူများကို
ခရစ်တော်၌ ရှိသော သမ္မာတရားထဲသို့လမ်းပြရန်ဖြစ်သည်။ ထိုသို့သောလေ့လာမှုသည်
စည်းလုံးမှုကို ဖြစ်စေသည်။ သို့သော် လေ့လာမှုတစ်ခုတည်းသည်
စစ်မှန်သောစည်းလုံးခြင်းအတွက် မလုံ လောက်ချေ။ မိတ်သဟာယ၊ ဝိညာဉ်တော်ဆုကျေးဇူးများနှင့်
ချစ်ခြင်းမေတ္တာတို့ အားလုံး သည် အရေးကြီးသည်။ သို့သော် ၎င်းတို့၏ပြည့်စုံမှုသည် “ငါသည်လမ်းခရီး ဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏}
(ယော ၁၄း၆) ဟုဆိုသော သူအားဖြင့်လာသည်။ ယေရှုက၊ “ကိုယ်တော်၏
သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်း စေတော်မူပါ။ ကိုယ်တော်၏
နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏” (ယော ၁၇း၁၇)
ဟုဆုတောင်းသည်။ ထို့ကြောင့် ယုံကြည်သူများသည် စည်းလုံးခြင်းကိုတွေ့ ကြုံရရှိစေရန် နှုတ်ကပတ်တော်မှ လာသည်အတိုင်း အလင်း
တရားကိုလက်ခံရရှိရမည်။
ဤယေရှု၌ရှိသောသမ္မာတရားသည် စိတ်နှလုံးထဲ၌ရှိသောအခါ၊ ၎င်းသည်
အသက်တာ ကို မွမ်းမံ၊ မြှင့်တင်၍စင်ကြယ်စေပြီး၊ မုန်းတီးမှုနှင့် ပဋိပက္ခအားလုံးကို ဖယ်ရှင်းလိမ့်မည်။
ယုံကြည်သူသည် “သူ၏အသက်ရှင်သည့်ဦးခေါင်းဖြစ်သော
ခရစ် တော်၌ ကြီးထွားနိုင်သည်။
၎င်းသည်အချိန်တို ကာလအတွင်း လုပ်ဆောင်မှုမဟုတ်ဘဲ၊ တစ်သက်ပတ်လုံး လုပ်ဆောင်ရ
မည့်အရာဖြစ်သည်။ ဘုရားရှင်၏ အသက်တာ၌ နေ့စဉ် ကြီးထွားခြင်းအားဖြင့်၊ သူ၏
ကရုဏာကာလမဆုံးမချင်း၊ သူသည် ခရစ်တော်၌ စုံလင် သောလူ၏ပြည့်စုံသောအဆင့်သို့ ရောက်ရှိလိမ့်မည်မဟုတ်ချေ။ ကြီးထွားခြင်း သည် စဉ်ဆက်မပြတ်သောအလုပ်ဖြစ်သည်။
စိတ်ပြင်းပြသောသူသည် မိမိကိုယ်နှင့် အစဉ် ပဋိပက္ခ ရှိ သည်။ သို့သော်
တိုက်ပွဲပြင်းထန်လေ၊ အောင်မြင်ခြင်းနှင့် ထာ၀ရတည်သော ဆုလာဘ်သည် သာ၍
ဘုန်းကျက်သရေရှိလိမ့်မည်။”
ခရစ်တော်၏ပညတ်အသစ်။ အသင်းတော်သည် လူသားကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌနှင့်
အညီဖန်ဆင်းခြင်းခံရသည်။ သုံးပါးတစ်ဆူဘုရားသည် အချင်းချင်းချစ်သည်။ ထိုနည်းတူ
အသင်းသူ အသင်းသားများသည် အချင်းချင်းချစ်ရမည်။ ယုံကြည်သူတို့သည် ဘုရားသခင်ကို
ချစ်သောသူတို့၏ ချစ်ခြင်းကို မိမိတို့ ကိုယ်ကိုချစ်သကဲ့သို့ သူတစ်ပါး ကိုချစ်ခြင်း အားဖြင့် ပြသရမည်ဟု ခရစ်တော် ပညတ်ခဲ့ပေသည် (မ
၂၂း၃၉)။
ယေရှုကိုယ်တိုင်မေတ္တာ၏အခြေခံသဘောတရားကို အဆုံးထိတိုင်
လက်ဝါးကပ် တိုင်သို့
သယ်ဆောင်သွားခဲ့သည်။ သူမသေမီအချိန်လေးတွင် သူ၏တပည့်တော်တို့ အား ပေးခဲ့သောပညတ်အသစ်၊ “ငါသည်သင်တို့ကိုချစ်သည်နည်းတူ၊
သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့” (ယော ၁၅း၁၂)
ကိုထပ်တိုးချဲ့ခဲ့သည်။ သူသည် တပည့် တော် တို့အား ဤသို့ပြောနေ သည့်အလားဖြစ်သည်။ “သင်တို့၏အခွင့်အရေး အတွက် ရပ် တည်ရန်၊
ရသင့်ရထိုက်သည်ကို ရအောင်လုပ်ရန်၊ မရရှိပါက တရားစွဲဆိုရန် သင်တို့ ကို ငါတောင်းဆိုသည်မဟုတ်။
ကျာပွတ်အတွက်ကျောကုန်းကိုခင်းပေးရန်၊ နောက်ပါး တစ်ဖက်ကိုလှည့်ပေးရန်၊ မှားယွင်းစွာစွပ်စွဲ၊ ကဲ့ရဲ့၊
လှောင်ပြောင်ခြင်းကိုခံရန်၊ လက်ဝါး ကပ်တိုင်တွင်ပွန်းပဲ့၊ ကျိုးပျက်၊
သံအရိုက်ခံရန်နှင့် မြေသင်္ဂြိုဟ်ခြင်းကိုခံရန်ပင် သင်တို့ကို ငါတောင်းဆို၏။
ဤသည်မှာ ငါသည် သင်တို့ကို ချစ်သည် နည်းတူ သူတစ်ပါးကိုချစ် ခြင်းဖြစ်၏။”
၁။ မဖြစ်နိုင်သောအရာဖြစ်နိုင်ခြေ။ ကျွန်ုပ်တို့သည် ခရစ်တော်ချစ်သကဲ့သို့ မည် ကဲ့သို့ ချစ်နိုင် မည်နည်း။ မချစ်နိုင်ပါ။ ခရစ်တော်သည်
မဖြစ်နိုင်သောအရာကို တောင်းဆိုသည်။ သို့သော် သူသည်
မဖြစ်နိုင်သောအရာကိုစွမ်းဆောင်နိုင်ခဲ့သည်။ သူက “ငါသည်လည်း
မြေကြီးနှင့်ခွာ၍ မြှောက်ထား ခြင်း ကိုခံရလျှင်၊ လူအပေါင်းတို့ကို
ငါ့ထံသို့ငါဆွဲမည်” (ယော ၁၂း၃၂) ဟု
ကတိပေးသည်။ ခရစ်တော်၏ ကိုယ်၌စည်းလုံး ခြင်းသည်
လူ့ဇာတိကို ခံယူသောနှုတ်ကပတ်တော်အားဖြင့် ယုံကြည်သူများနှင့် ဘုရား သခင်ကို ပေါင်းစည်းပေးသည်။ ယုံကြည်သူများသည်လည်း
စပျစ်နွယ်ပင် ဖြစ်တော်မူ သောသူနှင့် ဆက်သွယ်ခြင်း
အားဖြင့်စည်းလုံးကြသည်။ အဆုံးတွင် လက်ဝါးကပ်တိုင် ပေါ်မှ ချစ်ခြင်းမေတ္တာသည် ယုံကြည်သူများ အထဲတွင်
အရုဏ်လင်းလာသည်။ “ခရစ် တော်ချစ်သကဲ့သို့ ချစ်ခြင်းသည် အချိန်တိုင်း၊
နေရာတိုင်းတွင်ကြင်နာသော စကားများ နှင့်
နှစ်လိုဖွယ်အကြည့်များအားဖြင့် ကိုယ်ကျိုး မဖက်သော စိတ်ကိုဖော်ပြခြင်းဖြစ် သည်။ ဤအရာများကိုပေးသောသူအတွက် ဘာမျှမကုန် သော်လည်း၊
၎င်းတို့၏ နောက်တွင် စိတ်ဝိညာဉ်ကိုရစ်ပတ်သောမွှေးရနံ့ကျန်ရစ်သည်။ ၎င်းတို့၏အကျိုး
သက် ရောက်မှုကို
ဘယ်ခါမျှခန့်မှန်း၍မရနိုင်ချေ။ ၎င်းတို့သည် ရရှိသော သူတို့အတွက် ကောင်း ချီးဖြစ်သည် သာမက၊ ပေးသောသူအတွက်လည်း မင်္ဂလာဖြစ်သည်။
အကြောင်းမှာ ထိုလုပ်ဆောင်မှုများသည် သူတို့အပေါ်ပြန်ရောက်လာသည်။ စစ်မှန်သော
မေတ္တာသည် ကောင်းကင်၌ မြစ်ဖျားခံသည့် တန်ဖိုးကြီးသောအရည်အချင်းဖြစ်၍၊ သူတစ်ပါးကို
ဝေပေးသည့်အချိုးအစားအတိုင်း မွှေးရနံ့လည်း တိုး ပွားသည်။”
၂။ လက်ဝါးကပ်တိုင်၌စည်းလုံးခြင်း။ အသင်းတော်စည်းလုံးခြင်းသည် လက်ဝါး ကပ်တိုင်၌ ဖြစ်ပေါ်သည်။ ကျွန်ုပ်တို့သည်
ယေရှုကဲ့သို့မချစ်နိုင်၊ ချစ်လည်း မချစ်သည်ကို သဘော ပေါက်၍၊ သူ၏
အမြဲတမ်းရှိနေခြင်းကိုလိုအပ်ကြောင်းဝန်ခံကာ၊ “ငါနှင့်ကွာလျှင်
သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ” (ယော ၁၅း၅)
ဟုဆိုသောသူကို ယုံ ကြည်မှသာ ၎င်းသည် ဖြစ်လာသည်။ သူသည် လက်ဝါးကပ်တိုင်ပေါ် တွင်
ကျွန်ုပ်တို့ အတွက်သာမဟုတ်၊ လူတိုင်း အတွက်အသေခံကြောင်းကို ကျွန်ုပ်တို့
သဘောပေါက် သည်။ ဆိုလိုသည်မှာ သူသည်
အားလုံးသောနိုင်ငံသားများ၊ လူမျိုးနွယ်စုများ၊ အသား အရောင်များ၊ အဆင့်အတန်းများ တို့ကို ချစ်သည်။
သူတို့၏ခြားနားမှုများ မည်သို့ပင်ရှိ စေကာမူ၊ သူသည် တစ်ဦးချင်းစီကို
တန်းတူချစ်သည်။ ထိုအကြောင်းကြောင့် စည်းလုံး ခြင်းသည် ဘုရားသခင်၌အမြစ်တွယ်သည်။ လူသား၏
ကျဉ်းမြောင်းသောအမြင်သည် လူတို့ကို ခွဲခွားသောသဘောရှိသည်။ လက်ဝါးကပ်တိုင်သည်
လူသား၏ မျက်ကန်းခြင်း ကိုရိုက်ချိုး၍၊
လူတိုင်းအပေါ်တွင် ဘုရားသခင်၏ ဈေးနှုန်းကတ်ပြား ကို ချိတ်ထားသည်။ ၎င်းသည် မည်သူမျှ
တန်ဖိုးမမဲ့ကြောင်းကို ပြသသည်။ အကယ်၍ ယေရှု သည် သူတို့ကိုချစ်လျှင်၊
ကျွန်ုပ်တို့လည်းချစ်ရမည်။
သူ၏ကပ်တိုင်တင်သတ်ခံခြင်းသည် လူအားလုံးကိုသူ့ထံသို့
ဆွဲယူမည်ဖြစ် ကြောင်း ခရစ်တော်သည်
ကြိုတင်မိန့်ကြားချိန်တွင်၊ အကြီးမားဆုံးသောဒုက္ခခံသူ သူ့ ကိုယ်တိုင်၏ သံလိုက် ဆွဲအား တန်ခိုးဖြင့်၊
သူ၏ကိုယ်ခန္ဓာတည်းဟူသောအသင်းတော်၌ စည်းလုံးခြင်းကို ယူဆောင် လာမည်ဟု သူဆိုလိုသည်။
ကောင်းကင်နှင့်ကျွန်ုပ်တို့အကြား ကျယ်ပြန့်သော အက်ကွဲကြောင်းကို ခရစ်တော်သည် ဖြတ်
ကျော်ခဲ့ပြီး၊ အရေးမပါသော ညီအစ်ကို
မောင်နှမများထံသို့ အရောက်လှမ်းနိုင်ရန် ကျွန်ုပ်တို့ လျှောက်ရမည့်လှေကား ထစ်ငယ်များကို လမ်းများ၊ မြို့များ တွင်ပြုလုပ်သည်။
ကရာနိကုန်းသည် “ထမ်းရွက်
စရာဝန်ချင်းတို့ကို အချင်းချင်း ကူညီ၍ ထမ်းရွက်” (ဂလ ၆း၂) ခြင်းကိုဆိုလိုသည်။ သူသည် ကျွန်ုပ်တို့ကို အသက်ပေး၍
အချင်းချင်း ကူညီ နိုင်ရန် လွတ်မြောက်စေခြင်းငှာ၊ သူ့အသက်ကိုနင်းခြေခဲ့ သည့်
လူသားအားလုံး၏ ဝန်ထုပ် တစ်ခုလုံးကိုသူထမ်းခဲ့သည်။
စည်းလုံးရန်ခြေလှမ်းများ။ စည်းလုံးခြင်းသည် အလိုအလျောက်ဖြစ်မလာချေ။ ယုံ ကြည်သူများ သည် ၎င်းကိုစိတ်ချရစေရန်
ခြေလှမ်းတချို့ကိုလှမ်းရမည်။
၁။ အိမ်၌စည်းလုံးခြင်း။ အသင်းတော် စည်းလုံးခြင်းအတွက် အကောင်းဆုံးသော သင်တန်း
နေရာမှာနေအိမ်ဖြစ်သည်။ အကယ်၍အိမ်တွင် လက်ဝါးကပ်တိုင်ကို ဗဟို ထား၍
အမြော်အမြင်ရှိသော စီမံခန့်ခွဲမှု၊ ကြင်နာခြင်း၊ သိမ်မွေ့ခြင်း၊ သည်းခံခြင်းနှင့်
ချစ်ခြင်း တို့ကို သင်ယူလျှင်၊ ကျွန်ုပ်တို့ သည် ဤအရာများကိုအသင်းတော်တွင်ကျင့် သုံးနိုင်မည်။
၂။ စည်းလုံးခြင်းကိုရည်မှန်းပါ။ ကျွန်ုပ်တို့သည် စည်းလုံးခြင်းအတွက် တာဝန် သိသိလုပ်ဆောင်ခြင်းမရှိလျှင် ဘယ်ခါမျှရရှိနိုင်မည်မဟုတ်ချေ။
ထို့နောက် ရရှိပြီဟု ကျွန်ုပ်တို့သည် ဘယ်ခါမျှ မိမိဘာသာ
အားရကျေနပ်စွာထင်မှတ်၍လည်းမရနိုင်ပါ။ ကျွန်ုပ်တို့သည်
စည်းလုံး ခြင်း အတွက် နေ့စဉ် ဆုတောင်း ရမည်။ ၎င်းကိုဂရုတစိုက် ပျိုး ထောင်ရမည်။
ကျွန်ုပ်တို့သည် ခြားနားမှုများကိုလျှော့ချ၍၊
အရေးမပါသောငြင်းခုံမှုများကို ရှောင်ရမည်။ ကျွန်ုပ်တို့အား ခွဲခြားသောအရာကိုအာရုံစိုက်မည့်အစား၊
ကျွန်ုပ်တို့ကို ပေါင်းစည်းသော မွန်မြတ်သည့် သမ္မာတရားများကို များများပြောကြရမည်။
စည်းလုံး ခြင်း အကြောင်းကိုပြော၍၊
ခရစ်တော်၏ ဆုတောင်း ချက်သည် ပြည့်စုံလာစေရန် ဆုတောင်းပါ။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ဘုရားသခင်သည်
ကျွန်ုပ်တို့၌ရှိရန် အလိုရှိ သောစည်းလုံးညီညွတ်ခြင်းကို
သဘောပေါက် နိုင် သည်။
၃။ ပန်းတိုင်တစ်ခုအတွက်အတူတကွလုပ်ဆောင်ပါ။ အသင်းတော်သည် ယေရှု ခရစ်တော်၏
ဧဝံဂေလိတရားကိုဟောပြောရာတွင် တစ်လုံးတစ်၀တည်းမရှိမခြင်း စည်း လုံးမှုရှိ လိမ့်မည်မဟုတ်ချေ။ ထိုသို့သောအမှုတော်သည်
ညီညွတ်မှုကိုသင်ယူရာတွင် အကောင်းဆုံးသောသင်ကြားလေ့ကျင့်မှုကိုပေးသည်။
ယုံကြည်သူအားလုံးသည် ဘုရား သခင့်အားကြီး သောမိသားစုဝင်များ ဖြစ်ကြောင်းနှင့်
အားလုံး၏ပျော်ရွှင်မှုသည် တစ်ဦး ချင်းစီ၏
ကောင်းစား ခြင်း အပေါ်မူတည်ကြောင်းတို့ကို ၎င်းကသင်ပေးသည်။
သူ၏သာသနာလုပ်ငန်းတွင် ခရစ်တော်သည်
စိတ်ဝိညာဉ်ထူထောင်ခြင်းနှင့် ကိုယ် ခန္ဓာကောင်းစားခြင်းတို့ကို
အတူတကွပေါင်းစပ်ခဲ့သည်။ ပြီးနောက် သူသည် တပည့် တော်များကို သာသနာပြုရန် စေလွှတ်သောအခါ
အလားတူအလေးပေးမှုဖြစ်သည့် တရားဟောခြင်းနှင့် ကုသခြင်းတို့ကိုပြုရန် ထပ်
တလဲလဲတောင်းဆိုသည် (လု ၉း၂။ ၁ဝး၉)။
ထို့ကြောင့်ခရစ်တော်၏ အသင်းတော်သည် တရားဟောခြင်းဖြစ်သည့်
နှုတ်က ပတ်တော်ကို
ဟောပြောခြင်းနှင့် ဆေးဝါးသာသနာပြုခြင်းအမှုတို့ကိုလုပ်ဆောင်ရမည်။
ဘုရားသခင်အမှုတော်၏ ဤကဏ္ဍနှစ်ခုကို သီးခြားစီသော်လည်းကောင်း၊ တစ်ခုခုကို ဦးစားပေး၍
သော်လည်းကောင်း လုပ်ဆောင်ရန်မဟုတ်ချေ။ ခရစ်တော်အချိန်ကကဲ့သို့ ချိန်ခွင်လျှာညီညီ၊
သဟဇာတဖြစ်အောင်အတူတူ၊ ဝိညာဉ်များအတွက် လုပ်ဆောင်ရာ တွင် ဖော်ဆောင်ရမည်။
အသင်းတော်၏ လုပ်ငန်းကဏ္ဍအသီးသီးတွင် ပါဝင်သောသူတို့သည်
အကယ်၍ ထိရောက်သော နည်းလမ်းဖြင့် လောကီသားတို့ကို ဧဝံဂေလိတရား၏ခေါ်ဖိတ်ခြင်းကို
ပေးလို လျှင်၊ သူတို့သည် နီးနီးကပ်ကပ်ပူးပေါင်း၍လုပ်ဆောင်ရမည်။ စည်းလုံးခြင်းသည်
ထိရောက်မှု အတွက်တစ်ခုတည်း အဖြစ်စုစည်းခြင်းကိုဆိုလိုသည်ဟု တချို့က ခံစား ကြသည်။ သို့ရာတွင် ကိုယ်ခန္ဓာဖြင့် တင်စားခြင်းသည်
ကိုယ်အင်္ဂါတစ်ခုချင်းစီသည် ကြီး သည်ဖြစ်စေ၊
ငယ်သည် ဖြစ်စေ၊ အရေးကြီးသည်ကို ညွှန်ပြသည်။ ယှဉ်ပြိုင်ခြင်း မဟုတ် ဘဲ၊ ပူးပေါင်းဆောင်ရွက်ခြင်း သည် သူ၏တစ်ကမ္ဘာလုံးဆိုင်ရာ
အမှုတော် အတွက် ဘုရားသခင်၏အကြံအစည်ဖြစ်သည်။ ထို့ကြောင့်
ခရစ်တော်၏ကိုယ်ခန္ဓာ၌စည်းလုံးခြင်း သည် လက်ဝါးကပ်တိုင်၌ ထင်ထင်ရှားရှား ဖော်ပြသည့်
ခရစ်တော်၏ကိုယ်ကျိုးမဖက် သော မေတ္တာကို
သရုပ်ပြသည့်အရာ ဖြစ်လာ၏။
၄။ တစ်ကမ္ဘာလုံးဆိုင်ရာအမြင်ကိုတိုးတက်စေပါ။ အသင်းတော်သည် ဘုရား သခင်၏
အမှုတော်ကို ကမ္ဘာအနှံ့တက်တက်ကြွကြွမဟောပြောလျှင်၊ စစ်မှန်သောစည်း လုံးမှုကို မပြသနိုင်ချေ။ အသင်းတော်သည်နိုင်ငံရေး၊
ယဉ်ကျေးမှု သို့မဟုတ် ဒေသအ လိုက်သီးသန့် နေခြင်းကို
ရှောင်ရှားရန် လုပ်နိုင်သမျှကိုလုပ်ဆောင်ရမည်။ ဝေဖန်ပိုင်း ခြားခြင်း၊ ရည်ရွယ်ချက်နှင့် အပြုအမူတို့တွင်
စည်းလုံးခြင်းရရှိနိုင်ရန် လူမျိုး၊ နိုင်ငံ ခြား သောယုံကြည်သူများသည် ရော နှော၍ အတူတကွ အမှု ဆောင်ရမည်။
အသင်းတော်သည် ၎င်း၏စည်းလုံးမှု၊
ကမ္ဘာအနှံ့သာသနာကိုထိခိုက်နစ်နာစေသော ခွဲခြားသော လူမျိုးရေးစိတ်ဝင်စားမှုကို
အားပေးမြှင့်တင်ခြင်းမပြုရချေ။ အသင်းတော် ခေါင်းဆောင်မှုသည် တန်းတူဖြစ်ခြင်းနှင့်
စည်းလုံးခြင်းကို ထိန်းသိမ်းရန် ထိုသို့လုပ် ဆောင်ရမည်ဖြစ်ပြီး၊ ကမ္ဘာ့အခြား နေရာများတွင်
အမှုတော်ကိုထိခိုက်စေသည့် အခြား တစ်နေရာရာတွင်
အစီအစဉ်များ သို့မဟုတ် ပစ္စည်း ထောက်ပံ့မှုမျိုးပြုလုပ်ပေးခြင်း မျိုး ကိုမပြုချေ။
၅။ ကွဲပြားစေသော စိတ်ထားများကိုရှောင်ပါ။ ယုံကြည်သူများ အကြား တစ် ကိုယ်ကောင်းဆန်ခြင်း၊ မာန်မာန၊ ကိုယ့်ကိုကိုယ်ယုံကြည်စိတ်ရှိခြင်း၊
မိမိဘာသာ ဖူလုံ ခြင်း၊ စိတ်ကြီးဝင်ခြင်း၊
မလိုမုန်းထားခြင်း၊ ပြစ်တင်ဝေဖန်ခြင်း၊ ရှုတ်ချခြင်းနှင့် အပြစ် ရှာခြင်း စိတ်သဘောထားများသည် အသင်းတော်၏
မစည်းလုံးမှုကိုဖြစ်စေသည်။ မကြာ မကြာ ခရစ်ယာန်
အတွေ့အကြုံတွင် “ရှေးဦးစွာသော
ချစ်ခြင်းမေတ္တာ” ကို
ဆုံးရှုံးခြင်း သည် ဤစိတ်ထားများ
ကြောင့်ဖြစ်သည်။ လက်ဝါးကပ်တိုင်ပေါ် က ဘုရားသခင်၏ ဆုကျေးဇူး ခရစ်တော်ကို အသစ်
တစ်ဖန်ကြည့်ခြင်းသည် အချင်းချင်းချစ်ခြင်းကို အသစ် ပြုပြင်နိုင်သည် (၁ယော ၄း၉-၁၁)။
သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကြားဝင်ဖျန် ဖြေသော ဘုရားသခင်၏ ကျေးဇူးတော်သည်
ဇာတိစိတ်နှလုံးမှမစည်းလုံးခြင်း၏ ဤ အရင်း
အမြစ်များကို နှိမ်နင်းနိုင်သည်။
ဓမ္မသစ်ကျမ်းအချိန်အသင်းတော်တစ်ခု၌
မစည်းလုံးသည့်ပြဿနာပေါ်လာသော အခါ၊ ပေါလုက
အသင်းတော်ကို “ဝိညာဉ်ပကတိအတိုင်းကျင့်”
(ဂလ ၅း၁၆) ရန်အကြံ ပြုခဲ့သည်။
အမြဲဆုတောင်းခြင်းအားဖြင့်၊ ကျွန်ုပ်တို့ကိုစည်းလုံးစေသော သန့်ရှင်းသော
ဝိညာဉ်တော်၏ လမ်းပြမှုကို ကျွန်ုပ်တို့ ရှာ ရမည်။ ဝိညာဉ်ပကတိ၌လျှောက်လှမ်းခြင်း
အားဖြင့်၊ မစည်းလုံးမှုကို ထိရောက်စွာ ဖြေသောဆေးဖြစ်သော ဝိညာဉ်တော်အသီးကို
သီးလိမ့်မည်။ ၎င်းတို့မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊
စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်းတို့ဖြစ်သည် (ဂလာ ၅း၂၂၊ ၂၃)။
ယာကုပ်သည် မစည်းလုံးခြင်း၏ အခြားအရင်း အမြစ်ဖြစ်သည့်
ချမ်းသာ ကြွယ်၀မှု သို့မဟုတ်
အဆင့်အတန်းအပေါ်အခြေခံ၍ အခြားသူတို့အားဆက်ဆံခြင်းကို ရှုတ်ချသည်။ ပြင်းထန်သော စကားလုံးဖြင့်
မျက်နှာသာပေးခြင်းကိုရှုတ်ချသည်။ “လူ မျက်နှာကိုထောက်လျှင်၊ ဒုစရိုက်ကိုပြုသော သူဖြစ်ကြ၏။
တရားကိုလွန်ကျူးသော သူဟုပညတ်တော်အားဖြင့်
ထင်ရှားစွာဖြစ်ကြ၏” (ယာ ၂း၉)။
ဘုရားသခင်သည် မျက်နှာ မလိုက်သောကြောင့် (တ
၁ဝး၃၄)၊ ကျွန်ုပ်တို့သည် ရာထူးအဆင့်၊ ချမ်းသာကြွယ်၀မှု သို့မဟုတ်
အရည်အချင်းများကြောင့် အချို့အသင်းသားများကို အခြားသောသူများ ထက် သာ၍လိုက်လျောမှုမပေးရချေ။
ကျွန်ုပ်တို့သည် သူတို့ကိုလေးစားပေလိမ့်မည်။ သို့သော် ထိုသူတို့သည် ကောင်းကင်ဘုံ၌
ရှိတော်မူသော ကျွန်ုပ်တို့၏ အဘ၏ရှေ့တွင် အနိမ့်ကျ ဆုံးသော ဘုရားသခင်၏ သားထက်ပိုမို အဖိုးထိုက်သည်ဟု
မထင်မှတ်ရချေ။ ခရစ်တော် ၏ စကားသည် ကျွန်ုပ်တို့၏
အမြင်ကို လမ်းပြရမည်။ “သင်တို့သည် ဤသူတည်း ဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတစ်ယောက်
အားပြုကြသမျှတို့ကို ငါ့အားပြု ကြပြီ” (မ ၂၅း၄၀)။ အငယ်ဆုံးသော သူသည် လည်းကောင်း၊ အသင်းတော်ထဲမှ ကောင်းချီး အရများဆုံးသော သူသည်လည်းကောင်း သူ့ကို
ကိုယ်စားပြု သည်။ အားလုံး သည်
သူ၏သားသမီးများဖြစ်သောကြောင့်၊ သူ့အတွက် ညီတူညီမျှ အရေး ကြီး ကြ သည်။
ကျွန်ုပ်တို့၏အရှင်သခင်လူသားသည်
အာဒံ၏သားသမီးအားလုံး၏ညီအစ်ကို ဖြစ် လာခဲ့သည်။
ထို့ကြောင့်၊ သူ့နောက်လိုက်များဖြစ်သောကျွန်ုပ်တို့သည် စိတ်နှလုံးနှင့် အမှုတော်၌
စည်းလုံး၍၊ “အသီးအသီးဘာသာစကားကိုပြောသော
လူအမျိုးအနွယ်ခပ် သိမ်းတို့” (ဗျာ ၁၄း၆) မှ ကျွန်ုပ်တို့၏
ညီအစ်ကိုများထံသို့ပေးဆပ်သောနည်းလမ်းများဖြင့် အရောက် လှမ်း ကြရမည်။
- ၀ -