အခန်း - ၁၁
ခရစ်တော်၌ကြီးထွားခြင်း
လက်ဝါးကပ်တိုင်အပေါ် အသေခံခြင်းဖြင့် ယေရှုသည်နတ်ဆိုးနှင့်
အပေါင်းအပါ အပေါ် အောင်နိုင်ခဲ့သည်။ သူ၏မြေကြီးပေါ် သာသနာပြုစဉ်အတွင်း
နတ်ဆိုးဝိညာဉ်များ ကို နှိမ်နင်းခဲ့သောသူသည်
သူတို့၏တန်ခိုးကိုချိုးဖျက်၍၊ သူတို့၏နောက်ဆုံးသေခြင်းကို သေချာသွားစေ ခဲ့သည်။
ကျွန်ုပ်တို့သည် သူနှင့်အတူငြိမ်သက်ဝမ်းမြောက်ခြင်းနှင့် သူ၏ မေတ္တာ အာမခံချက်
တို့၌ လျှောက်လှမ်းကြစဉ်၊ ယေရှု၏အောင်မြင်ခြင်းသည် ကျွန်ုပ်တို့ ကိုထိန်းချုပ်ရန်
ကြိုးစား နေသေးသော နတ်ဆိုးအပေါင်းအပါအပေါ် အောင်နိုင်ခြင်းကို
ကျွန်ုပ်တို့အားပေးသည်။ ယခု တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ အထဲ၌
ကိန်းဝပ်ပြီး၊ တန်ခိုးကိုပေးသည်။ ကျွန်ုပ်တို့၏ကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ်
ယေရှုထံ သို့အစဉ်အဆက်ဆက်ကပ်သော အခါ၊ ကျွန်ုပ်တို့သည် အတိတ်ကလုပ်ဆောင် ချက်များ၏
ဝန်ထုပ်မှ လွတ်မြောက်ကြသည်။ ကျွန်ုပ်တို့သည် မှောင်မိုက်၌အသက်မရှင် ကြတော့ဘဲ၊
နတ်ဆိုး၏ တန်ခိုးများကို ကြောက်ရွံ့ ခြင်း၊ မသိနားမလည်ခြင်းနှင့် ယခင်
အသက်ရှင်နေထိုင်မှု၏အဓိပ္ပါယ်မဲ့ခြင်းတို့မှ လွန်မြောက် ကြပြီ။ ဤအသစ်သော
ခရစ်တော်၌လွတ်လပ်ခြင်း၌၊ ကျွန်ုပ်တို့သည် သူ၏ ပုံသဏ္ဌာန်နှင့် တူညီခြင်း၊ နေ့စဉ်
ဆုတောင်းခြင်း၌ သူနှင့်ရင်းရင်းနှီးနှီးရှိခြင်း၊ နှုတ်ကပတ်တော်ကိုမှီဝဲခြင်း၊
နှုတ်ကပတ် တော်နှင့်
ဘုရားရှင်၏စောင်မမှုအပေါ်အာရုံပြုခြင်း၊ သူ၏ချီးမွမ်းသီချင်းများကို သီဆို ခြင်း၊ ဝတ်ပြုရန် အတွက်စုရုံးခြင်းနှင့်
အသင်းတော်၏သာသနာလုပ်ငန်းတွင်ပါဝင်ခြင်း စသည် တို့၌ကြီးထွားရန်
ခေါ်တော်မူခြင်းခံရသည်။ လူသားတို့၏ကိုယ်ကာယ၊ ဉာဏ၊ မိတ္တဗလ၊ လူမှုရေး၊
စိတ်ခံစားမှုနှင့် ဝိညာဉ်ရေးစသည်တို့၏လိုအပ်ချက်များကို ကူညီ
ဖြည့်ဆည်းပေးခြင်းအားဖြင့် ခရစ်တော်၏ ပုံနမူနာကို လိုက်လျှောက်ရန် ကျွန်ုပ်တို့ကို ခေါ်သည်။ ကျွန်ုပ်တို့သည် မိမိတို့ပတ်ဝန်းကျင်ရှိသူတို့ကို
မေတ္တာဖြင့်အလုပ်အကျွေးပြု ခြင်းနှင့် သူ၏
ကယ်တင်ခြင်းအကြောင်းကို သက်သေခံခြင်းတို့၌ မိမိတို့ ကိုယ်ကို ပေး ဆပ် သောအခါ၊ ဝိညာဉ်တော်အားဖြင့် သူသည်
ကျွန်ုပ်တို့နှင့်အတူရှိနေခြင်းသည် ဝိညာဉ် ရေးအတွေ့အကြုံ၌ အချိန်တိုင်း၊
လုပ်ဆောင်မှုတိုင်းကိုပြောင်းလဲပေးသည်။ (၅ရာ ၂၉း ၁၁။ ဆာ ၁း၁၊၂။ ၂၃း၄။ ၇၇း၁၁၊၁၂။ မ ၂ဝး၂၅-၂၈။ ၂၅း၃၁-၄၆။ လု
၁ဝး၁၇-၂၀။ ယော ၂ဝး၂၁။ ရော ၈း၃၈၊၃၉။ ၂ကော ၃း၁၇၊၁၈။ ဂလ ၅း၂၂-၂၅။ ဧ ၅း၁၉၊၂၀။ ၆း၁၂-၁၈။
ဖိ ၃း၇-၁၄။ ကော ၁း၁၃၊၁၄။ ၂း၆၊၁၄၊၁၅။ ၁သက် ၅း၁၆-၁၈၊၂၃။ ဟေဗြဲ ၁ဝး၂၅။ ယာ ၁း၂၇။ ၂ပေ
၂း၉။ ၃း၁၈။ ၁ယော ၄း၄)။
မွေးဖွားခြင်းသည်ဝမ်းမြောက်ဖွယ်အခိုက်အတန့်ဖြစ်သည်။ မျိုးစေ့သည် အညှောက်ပေါက်လာ၍
ပထမအရွက်နှစ်ရွက်ထွက်လာခြင်းသည် ဥယျာဉ်မှူးကိုပျော်ရွှင် စေသည်။ ကလေးမွေးဖွားလာ၍
ပထမငိုခြင်းသည် ကမ္ဘာကြီးအတွက်ထည့်တွက်ရမည့် လူတစ်ဦး ရောက်ရှိလာကြောင်းကို
ကြေညာသည်။ မိခင်သည် သူမ၏နာကျင်မှုအား လုံးကို
မေ့ပျောက်၍၊ ကျန်မိသားစုဝင်များနှင့် အတူဝမ်းမြောက်သည်။ လူမျိုးတစ်မျိုး လွတ်လပ်ခြင်းကိုရလာ သောအခါ၊ လူအားလုံးသည် လမ်းမပေါ်တွင်
စုရုံးပြီး၊ မြို့ရင်ပြင် ၌ပြည့်နေကြကာ၊ အသစ်ရလာသော
ဝမ်းမြောက်ခြင်းကိုသရုပ်ဖော်မှုအဖြစ် လက်ဝှေ့ ယမ်းကြသည်။ သို့သော်ထိုသစ်ရွက် နှစ်ရွက်သည်လေးရွက်ဖြစ်မလာဘဲ
ထိုအတိုင်းရှိနေ ခဲ့သော်၊ သို့မဟုတ်
ပျောက်ကွယ်သွားခဲ့သော်၊ တစ်နှစ်ကြာလာပြီးနောက် ကလေးငယ် သည် ပြုံးလည်း မပြုံး၊ ပထမခြေလှမ်းလည်း မလှမ်းဘဲ
လောကထဲကိုရောက်လာသည့် အချိန်ကအတိုင်း မလှုပ်မရှားဖြစ် နေခဲ့သော်၊
အသစ်စက်စက်လွတ်လပ်လာသောလူမျိုး သည်
တစ်ခဏအတွင်းကြောက်ရွံ့ခြင်း၊ ညှဉ်းဆဲခြင်းနှင့် ဖမ်းချုပ်ခြင်းစသည့် အကျဉ်း ထောင်ထဲသို့ ကျရောက်ခဲ့သော်၊ သင်စဉ်းစားကြည့်ပါ။
ဥယျာဉ်မှူး၏ပျော်ရွှင်မှု၊ မိခင်၏ပီတိနှင့်
လွတ်လပ်ခြင်းပြည့်၀သောအနာဂတ် မျှော်မှန်း ချက်တို့သည် စိတ်ပျက်ခြင်း၊
ဝမ်းနည်းခြင်းနှင့် ငိုကြွေးခြင်းအဖြစ်သို့ ပြောင်း သွားလိမ့်မည်။ အဆက်မပြတ် အမြဲတမ်းကြီးထွားခြင်း၊
အရွယ်ရောက်လာခြင်း၊ အသီး ကိုသီးသော ကြီးထွား
ခြင်းတို့သည် အသက် အတွက် မုချလိုအပ်သည်။ ကြီးထွား ခြင်းမရှိပါက၊ မွေးဖွားခြင်းသည်
အဓိပ္ပါယ်မရှိ၊ ရည်ရွယ်ချက်မရှိ၊ အလားအလာလည်း မရှိချေ။
ကိုယ်ခန္ဓာနှင့်ဝိညာဉ်ရေးကြီးထွားခြင်းသည်
အသက်နှင့်အတူတူပင်ဖြစ်၍ ခွဲခြား မရနိုင်ချေ။ ကိုယ်ခန္ဓာကြီးထွားခြင်းအတွက်၊ အာဟာရ၊
ပတ်ဝန်းကျင်၊ ပြုစုပျိုးထောင် ခြင်း၊
ကာယလေ့ကျင့်ခန်း၊ ပညာရေး၊ လေ့ကျင့်မှုသင်တန်း၊ ရည်မှန်းချက်ရှိသော အသက်တာတို့လို
အပ်သည်။ သို့သော် စဉ်းစား ရမည့်အရေးမှာ ဝိညာဉ်ရေးကြီးထွားမှု ဖြစ်သည်။
ကျွန်ုပ်တို့သည် ခရစ်တော်၌ မည်ကဲ့သို့ ကြီးထွားမည်နည်း။ ခရစ်ယာန်များ အနေဖြင့်
မည်ကဲ့သို့ ရင့်ကျက် မည်နည်း။ ဝိညာဉ်ရေးကြီးထွားမှု၏ လက္ခဏာ များ ကား အဘယ်နည်း။
အသက်သည်သေခြင်းနှင့်စတင်သည်
ခရစ်ယာန်အသက်တာ၏ အခြေခံအကျဆုံးနှင့် တစ်မူထူးခြားသော
နိယာမမှာ၊ ၎င်းသည် သေခြင်း၊ အမှန်ပင်သေခြင်းနှစ်မျိုးနှင့်စတင်သည်။ ပထမသေခြင်းမှာ၊
ကျွန်ုပ် တို့၏ အသစ်သော အသက်တာ ကိုရရှိစေသောလက်ဝါးကပ်တိုင်ပေါ်
ခရစ်တော်၏ သေခြင်းဖြစ် သည်။
၎င်းသည်စာတန်၏ အုပ်စိုးမှုမှလည်းကောင်း (ကော ၁း၁၃၊၁၄)၊ အပြစ်၏ စီရင်ခြင်းမှ
လည်းကောင်း (ရော ၈း၁)၊ အပြစ်ကြောင့်သေခြင်းအပြစ် ဒဏ် မှလည်းကောင်း (ရော ၆း၂၃)
လွတ်မြောက်စေ၍၊ ဘုရားသခင်နှင့် လူသားတို့ကိုပြန်လည် သင့်မြတ်စေသည်။
ဒုတိယသေခြင်းမှာ မိမိကိုယ်၌သေခြင်းဖြစ်၍၊ ခရစ်တော် ပေးအပ် သောအသက်သည် ကျွန်ုပ်တို့ အတွက်ဖြစ်စေသည်။ ထို့သို့ဖြင့်
ကျွန်ုပ်တို့သည် အသစ် သော အသက်တာ၌ လျှောက်လှမ်း
ကြ သည်။
ခရစ်တော်၏သေခြင်း။ လက်ဝါးကပ်တိုင်သည် ဘုရားသခင်၏ ကယ်တင်ခြင်း စီမံကိန်းတွင်
အဓိကဖြစ်သည်။ ၎င်းမရှိဘဲ၊ စာတန်နှင့်သူ၏နတ်ဆိုး အပေါင်းအပါများကို
အနိုင်ယူခဲ့လိမ့်မည်မဟုတ်၊ အပြစ်၏ပြဿနာကိုလည်းဖြေရှင်း နိုင်မည်မဟုတ်ဘဲ၊ သေ ခြင်းကိုလည်း ချေမှုန်းပစ်နိုင်မည် မဟုတ်ချေ။ တမန်တော်က
ကျွန်ုပ်တို့ကိုဤသို့ပြောပြ သည်။ “ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊
ငါတို့အပြစ်ရှိ သမျှကို ဆေးကြောတော်မူ၏”
(၁ယော ၁း၇)။ ကျမ်းစာ၏အနှစ် သက်ဆုံးကျမ်းချက်က “ဘုရားသခင်သည် လောကီသားတို့ကိုချစ်တော်မူ၏” ဟုဆိုသည်။
ဘုရားသခင်၏မေတ္တာ သည် ကယ်တင်ခြင်းစီမံကိန်း
ကို အစပြုခဲ့သည်မှန်လျှင်၊ ၎င်းစီမံကိန်းကို ၎င်းကျမ်းပိုဒ်၏ ဒုတိယအပိုင်း “မိမိ၌တစ်ပါးတည်း သောသားတော်ကို စွန့်တော်မူသည်” ကရှင်းပြပေး သည်။ ဘုရားသခင့် ဆုလက်ဆောင်၏ ထူးခြားမှုမှာ
မိမိသားတော်ကိုပေးခြင်းမဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ အပြစ်များ အတွက်အသေခံရန် သူ့ကို
ပေးခြင်းပင်ဖြစ်သည်။ လက်ဝါးကပ် တိုင်မရှိလျှင်
အပြစ်လွှတ်ခြင်း၊ ထာ၀ရအသက်၊ စာတန်ကိုအောင်နိုင်ခြင်းတို့ရှိနိုင်မည် မဟုတ်။
လက်ဝါးကပ်တိုင်ပေါ်သေခြင်းဖြင့်၊ ခရစ်တော်သည်
စာတန်ကိုအောင်နိုင်ခဲ့သည်။ တော ထဲ၌ ပြင်းထန်သောစုံစမ်းခြင်းမှ ဂေသရှေမန်ဥယျာဉ်၌
မချိမဆံ့ဝေဒနာခံစားခြင်း တစ် လျှောက်၊ စာတန်သည် ဘုရားသားတော်ကိုသူ၏
စိတ်ဆန္ဒအားနည်းသွားစေရန်၊ သူ၏ လမ်းခရီးတုံ့ဆိုင်းသွားစေရန်၊ သူ၏ခမည်းတော်ကိုအယုံအကြည်မဲ့စေရန်
တစ်ဆင့် ခံယဇ်ကောင် အဖြစ်
လူသားတို့အပြစ်၏ ခါးသီး သောခွက်ဖလားကို သယ်ဆောင် သောလမ်းမှလွဲသွား
အောင်ဖိအားပေးရန် ကရုဏာကင်းမဲ့စွာ တိုက်ခိုက်ခဲ့သည်။ လက် ဝါးကပ်တိုင်သည် နောက်ဆုံးအပြင်းအထန်တိုက်ခိုက်ခြင်းဖြစ်သည်။
ထိုနေရာတွင် “စာတန်နှင့်သူ၏တမန်များသည်
လူ့အယောင်ဆောင်၍ရှိနေခဲ့ကြသည်။” ခရစ်တော်သည်
ယခုပင်လက်ဝါးကပ်တိုင်ပေါ်မှ ဆင်းလာ၍၊ အပြစ်အတွက်ယဇ်ပူဇော်ရာအဖြစ် မိမိသား တော်ကိုရွေးနုတ်ခြင်း စီမံကိန်းပေးသည့် ရည်ရွယ်ချက် (ယော
၃း၁၆) မပြည့်စုံစေရန် မျှော်လင့်ချက်ဖြင့်၊ သူတို့သည် ဘုရား
သခင်ကိုကြီးမားသောစစ်ပွဲခင်းကျင်းခဲ့ကြသည်။ သို့သော် ခရစ်တော်သည် လက်ဝါးကပ်တိုင်
အပေါ်တွင် မိမိအသက်ကိုပေးခြင်းအားဖြင့် စာတန်၏ တန်ခိုးကို ဖျက်ဆီးပစ်ပြီး၊ “အထွတ် အမြတ်၊ အာဏာစက်တို့ကိုလုယူ၍၊ လက်ဝါးကပ်တိုင်အားဖြင့်
အောင်ပွဲကိုခံတော်မူပြီ” (ကော ၂း၁၅)။
လက်ဝါးကပ်တိုင် ပေါ်တွင် “စစ်ပွဲကိုအောင်နိုင်ခဲ့ပြီ။... သူ «ခရစ်တော်» ၏ လက်ယာလက်နှင့်
သန့်ရှင်း သောလက်တော်သည်
သူ့ကိုအောင်မြင်ခြင်းရယူပေးခဲ့ပြီ။ အောင်နိုင်သူအဖြစ် သူ၏ အောင်လံကို ထာ၀ရတောင်တော်၌ လွင့်ထူခဲ့သည်။ ကောင်းကင်
တစ်ခုလုံးသည် ခရစ် တော်၏ အောင်ပွဲတွင်အောင်နိုင်ခဲ့သည်။
စာတန်သည် ရှုံးနိမ့်ခဲ့ပြီး၊ သူ၏နိုင်ငံသည်လည်း ပျောက်ဆုံးသွား
ကြောင်းကိုသိခဲ့သည်။”
တမန်တော်၏ ကောလောသဲမြို့သားတို့၌ ပီပြင်သော
သရုပ်ဖော်ရေးသားချက် သည် မှတ်သားလောက်သည်။
ရှေးဦးစွာ၊ ခရစ်တော်သည် အထွတ်အမြတ်၊ အာဏာ စက်တို့ကို လု
ယူသည်။ “လုယူ သည်” ၏ မူရင်း ဟေလသ စကားလုံးသည် “ခွာသည်၊ ချွတ်သည်}
ဟူ၍ အဓိပ္ပါယ်ရသည်။ လက်ဝါးကပ်တိုင်ကြောင့်၊
ဘုရားသခင်၏လူတို့သည် လက်ဝါးကပ်တိုင် အပေါ်အောင်မြင်ခြင်းကို ယူဆောင်တော်မူသော
သူကိုယုံကြည်အား ကိုးနေသရွေ့၊ စာတန် သည်
သူတို့ရှေ့တွင်သူ၏ နတ်ဆိုးတန်ခိုးများ အားလုံးချွတ်ချလျက် ရပ်နေသည်။ ဒုတိယအနေဖြင့်
လက်ဝါးကပ်တိုင်သည် စာတန်နှင့် သူ၏ အပေါင်းအပါ များကို စကြ၀ဠာရှေ့တွင် “လူအများလက်ညှိုးထိုးခံ}
ဖြစ်စေသည်။ တစ်ချိန်က အမြင့် ဆုံးသော
ဘုရားကဲ့သို့ငါနေမည်” (ဟေရှာ ၁၄း၁၄) ဟူ၍
ကြွားလုံးထုတ်ခဲ့သောသူသည် ယခုတွင် စကြ၀ဠာရှေ့၌ရှက်ရွံ့ခြင်းနှင့်
ရှုံးနိမ့်ခြင်းဖြင့်အများလက်ညှိုး အထိုးခံဖြစ်သွားရ သည်။
မှောင်မိုက်ထဲမှအလင်း နိုင်ငံတော်သို့
ရောက်ရှိသွားသောယုံကြည်သူများအပေါ် တွင် စာတန်သည်
မစိုးမိုးနိုင်တော့ချေ။ တတိယအနေဖြင့်၊ လက်ဝါးကပ်တိုင်သည် စာတန်၊ အပြစ်နှင့်
သေခြင်းအပေါ် နောက်ဆုံး အောင် နိုင် ခြင်းကိုသေချာစေသည်။
ထိုကြောင့် လက်ဝါးကပ်တိုင်သည် နတ်ဆိုးများကိုဘုရားသခင်အနိုင်ယူသော လက်နက်ဖြစ်၏။
• ထိုသို့ဖြင့် အပြစ်လွှတ်ခြင်းကိုဖြစ်လာစေသောနည်းလမ်း (ကော
၂း၁၃)။
• ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့ခြင်း (၂ကော
၅း၁၉)။
• သို့ဖြစ်၍ အပြစ်သည်ကျွန်ုပ်တို့၏
စိတ်နှင့်ခန္ဓာတွင်မစိုးမိုးဘဲ၊ အောင်မြင်သော အသက်နှင့်
ခရစ်တော်၌ကြီးထွားခြင်းတို့သည် လက်ရှိဖြစ်နိုင်ရန်အတွက် အာမခံချက် ဖြစ်၍၊ ကျွန်ုပ်တို့၏ ဘုရားသခင့်သားသမီးများဖြစ်ခြင်းကို
သေချာစေသည် (ရော ၆း၁၂။ ၈း၁၄)။
• တစ်ချိန်ကစာတန်သည် မတရားသိမ်းယူခဲ့သည့်
ဆိုးယုတ်သောကမ္ဘာမှအပြစ်၏ ရှိနေခြင်း နှင့် တန်ခိုးကို
နောက်ဆုံးတွင်သန့်ရှင်းစေမည် (ဗျာ ၂၁း၁)။
ဤရွေးနုတ်ခြင်းနှင့်
အောင်မြင်ခြင်း၏ လှေကားထစ်တိုင်းတွင်၊ ခရစ်တော်၏ “စာတန် သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကိုငါမြင်ပြီ” (လု ၁ဝး၁၈) ဟူသော အနာဂတ် ဟောကြား ချက် ၏ ပြည့်စုံခြင်းကို
ကျွန်ုပ်တို့မြင်ရသည်။
လက်ဝါးကပ်တိုင်ပေါ်က
ခရစ်တော်သည် အပြစ်ပြဿနာအတွက် ဘုရားသခင်၏ ရွေးနုတ်သော လုပ်ရပ်ဖြစ်သည်။ သူ၏အသွေးသည် “လူများတို့၏အပြစ်ကိုလွှတ်စေ ခြင်း ငှာသွန်း-“ (မ ၂၆း၂၈)
ကြောင်း၊ ခရစ်တော်အခိုင်အမာပြောဆိုချက်ကို ကျွန်ုပ်တို့ မေ့သွားမည်ကို
စိုးရိမ်စရာရှိသည်။ ထိုသွန်းသောအသွေးသည် ကယ်တင်ခြင်းကိုတွေ့ ကြုံခံစားခြင်းနှင့် တန်ဖိုးထားမှုအတွက်
မရှိမဖြစ်အရေးပါသည်။ တနည်းအားဖြင့် ၎င်း သည်
အပြစ်အကြောင်း ကိုပြောသည်။ အပြစ်သည် အမှန်အကန်ဖြစ်သည်။ အပြစ်သည် တန်ဖိုးကြီးသည်။
အပြစ်၏ချုပ်ကိုင်ခြင်းသည် အလွန်ပြင်းထန်၍ သေစေနိုင်သည်ဖြစ် ရာ၊ အပြစ်ခွင့်လွှတ်ခြင်း နှင့် အပြစ်၏တန်ခိုးနှင့် အပြစ်ရှိခြင်းမှ လွတ်မြောက်ခြင်းတို့ သည် “ခရစ်တော်၏ အသွေးတော်မြတ်” (၁ပေ ၁း၁၉) မပါဘဲမဖြစ်နိုင်ချေ။ ဤမှန်ကန်
သောအပြစ်အကြောင်းကို ထပ်ခါထပ်ခါပြောဆိုရန်လိုအပ်သည်။ အဘယ်ကြောင့်ဆို သော် ကျွန်ုပ်တို့သည် အပြစ်သည် အမှန်ဖြစ်သည်ကို
ငြင်းပယ်သောကမ္ဘာ သို့မဟုတ် ၎င်းကို ဂရုမစိုက်သော ကမ္ဘာတွင် နေထိုင်ကြသည်။
သို့သော်၊ လက်ဝါးကပ်တိုင်တွင်၊ ကျွန်ုပ်တို့သည် “လူများတို့၏
အပြစ်ကို လွှတ်စေခြင်းငှာသွန်း” (မ ၂၆း၂၈) သော
အသွေးအားဖြင့်သာလျှင် သန့်ရှင်းစေ နိုင်သည့် အပြစ်၏ ဆိုးယုတ် သော ဇာတိနှင့်
ထိပ်တိုက် တွေ့ကြရသည်။
ယေရှုသည်
ကျွန်ုပ်တို့၏အပြစ်များအတွက်အသေခံခဲ့သည်ဟူသောအချက်ကို ဘယ်ခါမျှ
မမေ့ကြရန်အသိရှိကြပါစို့။ သူ၏သေခြင်းမရှိလျှင်၊ အပြစ်ခွင့်လွှတ်ခြင်းမရှိ
နိုင်ချေ။ ယေရှု ကို လက်ဝါးကပ်တိုင် ပေါ်တင်သော အရာမှာ ကျွန်ုပ်တို့၏အပြစ်များပင်
ဖြစ်သည်။ ပေါလု ဖော်ပြသကဲ့သို့ “ငါတို့သည်
အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့်
အသေခံတော်မူ၏။ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့်
အသေခံတော် မူသည်” (ရော ၅း၆-၈)။
အယ်လင်ဂျီဝှိုက်ကလည်း၊ အပြစ်သည် “ခရစ်တော်အပေါ်တွင် အလွန်
လေးလံ ၍၊ အပြစ်အပေါ်ဘုရားသခင်၏
အမျက် ဒေါသကို ခံစားခြင်းသည် သူ့အသက်ကို နင်းခြေ သည်” ဟုဆိုသည်။ ယေရှု၏ “တစ်ကြိမ်သာ” (ရော ၆း၁၀။ ဟေဗြဲ ၇း၂၇။ ၁ဝး၁၀) ယဇ်ကောင်အဖြစ်အစားထိုး
သေခြင်းကို အခိုင်အမာကြွေးကြော်ဟောပြော ခြင်းမှ
အဘယ်သူမျှမလွတ်မြောက်နိုင်ချေ။
ကျွန်ုပ်တို့သည် ခရစ်တော်၏ကောင်းမြတ်ခြင်း၊
ဘုရား-လူသားဖြစ်ခြင်း၊ ကြီးမြတ် သောဆရာဖြစ်ခြင်း
သို့မဟုတ် အပြစ်ကင်းသောစံနမူနာအားဖြင့် ကယ်တင်ခြင်း ခံရ သည်မဟုတ်။ ကျွန်ုပ်တို့ သည်လက်ဝါးကပ်တိုင်ပေါ်
ခရစ်တော်၏အသေခံခြင်းအားဖြင့် ကယ်တင်ခြင်း ခံရသည်။ “ကျွန်ုပ်တို့သည်
ခရစ်တော်ခံစားထိုက်သောအရာကို ခံစား နိုင်ရန်သူသည်
ကျွန်ုပ်တို့ခံစားထိုက်သည့် အပြစ်ဒဏ်ကိုခံခဲ့သည်။ ကျွန်ုပ်တို့နှင့် မထိုက် တန်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်
ဖြောင့်မတ်ရာသို့ရောက် စေခြင်းငှာ သူသည်
ကျွန်ုပ်တို့၏ အပြစ် များကြောင့် မိမိနှင့်မပတ်သက်သော အပြစ်ဒဏ်
စီရင်ခြင်းကိုခံခဲ့သည်။ ကျွန်ုပ်တို့သည် သူ၏ အသက်ကိုရနိုင်မည်အကြောင်း၊ သူသည်
ကျွန်ုပ်တို့၏ ခံယူရမည့်အရာဖြစ်သော သေခြင်းကို ခံခဲ့သည်။ “သူခံရသောဒဏ်ချက်အား ဖြင့် ငါတို့သည်
အနာ ပျောက်လျက်ရှိကြ၏။”
ထိုကြောင့်၊ ယေရှု၏အသွေးသည် အပြစ်လွှတ်ခြင်းကိုသေချာစေ၍၊
အသစ်သော ကြီးထွားခြင်း အတွက်မျိုးစေ့ကိုစိုက်ပေးသည်။ ခရစ်ယာန်အသက်တာ၌ စိတ်သစ်
လူသစ်ဖြစ်ခြင်းနှင့် ကြီးထွားခြင်းတို့၏လက္ခဏာတစ်ခုမှာ ပြန်လည်သင့်မြတ်ခြင်းဖြစ် သည်။ လက်ဝါးကပ်တိုင်သည် လူသားများ
၏သူ-နှင့်ပြန်လည်သင့်မြတ်ခြင်းကို ထိ ရောက်စေရန်အတွက် ဘုရားသခင်၏ တန်ဆာပလာဖြစ်သည်။ တမန်တော်ပေါလု က “ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့ကို...
ကိုယ် တော်နှင့် မိတ်သဟာယဖွဲ့
စေတော်မူ၏” (၂ကော ၅း၁၉) ဟုဆိုသည်။
လက်ဝါးကပ်တိုင် ပေါ်တွင် လုပ်ဆောင်ခဲ့သောအရာကြောင့်
ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တွင်အပြစ်မရှိ၊ ကြောက် ရွံ့ခြင်း ကင်းလျက်ရပ်နေနိုင် ကြသည်။ ကျွန်ုပ်တို့အား
ဘုရားသခင်နှင့်ခပ်တန်းတန်း ဖြစ်သွားစေသော အရာကိုဖြေရှင်းခဲ့ ပြီးဖြစ်သည်။ “အရှေ့မျက်နှာစွန်းသည် အနောက် မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊ ငါတို့၏ အပြစ်များကို
ငါတို့နှင့်ဝေးစေတော်မူ၏” (ဆာ ၁၀၃း၁၂)။
လက်ဝါးကပ်တိုင်ပေါ်မှ လူသားသည် ဘုရားသခင်၏ ရှေ့တော်သို့ သွားသော လမ်း အသစ်ကို ဖွင့်ပေးတော်မူခဲ့သည်။ သူသည် လက်ဝါးကပ်တိုင်ပေါ်တွင် “အမှုပြီးပြီ” ဟုကြေညာပြီး၊
သူ၏နောက်လိုက်များကို ဘုရားသခင်နှင့် အစဉ် မိတ်သဟာယဖွဲ့ခြင်း ထဲသို့ဝင်စားကြရန် သူတိုက်တွန်းသည်။
ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ခြင်းသည်
ရွေးနုတ်ခြင်း၌ကြီးထွားမှု လုပ်ငန်း စဉ်၏
ဒုတိယအဆင့်ဖြစ်သော ကျွန်ုပ်တို့လူသားချင်းနှင့် ပြန်လည်သင့်မြတ်ခြင်း အတွက်
ချက်ချင်း လမ်းဖွင့်ပေးသည်။ လက်ဝါးကပ်တိုင်မြင်ကွင်း၏လှပမှုတစ်ခုမှာ ထိုနေရာတွင် လူအမျိုးမျိုး စုရုံးနေကြခြင်းဖြစ်သည်။ သူတို့အားလုံးသည်
ယေရှုကိုကြည်ညို သူများ မဟုတ်ကြချေ။
သူတို့အားလုံးသည် သန့်ရှင်း သူများလည်း မဟုတ်ကြပါ။ သို့သော် ထိုသူများကိုကြည့်ပါ။
မိမိတို့စီးပွားရေး အမြင်ထက်မြက်မှုကြောင့် ဂုဏ်ယူနေကြသော အီဂျစ်လူမျိုးများ၊
မိမိတို့ယဉ်ကျေးမှု၌ဝါကြွားသောရောမလူမျိုးများ၊ သူတို့၏လေ့လာ သင်ကြားမှုတွင် ထူးချွန်သော ဟေလသလူမျိုးများ၊
မိမိတို့ကိုယ်ကို ဘုရားသခင်ရွေး ချယ်သောလူမျိုးအဖြစ်
ယူဆသောယုဒလူမျိုးများ၊ သူတို့သည် ရွေးချယ် သောလူမျိုးမှ ရွေးချယ်ခံရ
သူများဟုထင်ကြသော ဖာရိရှဲများ၊ ယုံကြည်ချက်အရာ၌ စင်ကြယ် သည်ဟု မိမိတို့ကိုယ်တိုင်ထင်သော ဇဒ္ဒုကဲများ၊ လွတ်
မြောက်ရာကို ရှာသောကျွန်များ၊ ဇိမ်ခံနေ ကြသော
လူလွတ်များ၊ လူယောက်ျား မိန်းမနှင့် ကလေးများစသည် ဖြင့်ရှိနေကြသည်။
သို့သော်လက်ဝါးကပ်တိုင်သည်
ဤလူအားလုံးကိုမခွဲခြားချေ။ ၎င်းသည် သူတို့အားလုံး ကို
အပြစ်သားများအဖြစ်ဆုံးဖြတ်သည်။ ၎င်းသည် သူတို့အားလုံးကို ဘုရားရှင်နှင့်ပြန်လည်
သင့်မြတ် သည့်လမ်းစဉ်ကို ကမ်းပေးသည်။ လက်ဝါးကပ်တိုင် ခြေရင်းတွင် အားလုံးတပြေးညီ
သည်။ သူတို့ အားလုံးရောက်လာကြသည်။ လူသား တို့ကိုဘယ်အရာကမျှမခွဲခြားတော့ချေ။
အသစ်သော ညီအစ်ကို ဖြစ်ခြင်းအစပျိုးလာခဲ့သည်။ အသစ်သောမိတ်သဟာယဖွဲ့ခြင်း လည်း
စတင်လာသည်။ အရှေ့ အရပ်သည် အနောက် အရပ်နှင့်ပူးပေါင်းပြီးကာ၊ မြောက်အရပ်သည် လည်း
တောင်အရပ်သို့ ဆင်းလာသည်။ လူဖြူသည် လူမည်းကိုလက်ဆွဲနှုတ်ဆက်၍၊ ချမ်းသာသောသူသည်
သူဆင်းရဲသားတို့အပေါ် ဝမ်းမြောက်လျက် လက်ခုပ်တီးသည်။ လက်ဝါးကပ်တိုင်သည်
လူအားလုံးကိုအသက်တာ၏ ချိုမြိန်မှုကိုမြည်းစမ်းရန်၊ ကျေးဇူးတော်
တွေ့ကြုံခံစားမှုကိုဝေငှရန်၊ အသစ်သောအသက်တာ၊ အသစ်သော မိသားစုပေါ်ထွန်းလာခြင်း ကို
လောကသို့ကြေညာရန် အသွေးစမ်းရေသို့ ဖိတ်ကြားသည် (ဧ ၂း၁၄-၁၆)။ ထိုသို့ဖြင့်
လက်ဝါးကပ်တိုင်သည် စာတန်နှင့် အပြစ်အပေါ်အောင်နိုင်ခြင်းကို အစပျိုးပေး ၍၊
ခရစ်တော်၌ အသစ်သောအသက်တာကို ယူဆောင်လာခဲ့သည်။
မိမိကိုယ်၌သေခြင်း။ ခရစ်ယာန်၏စိတ်သစ်လူသစ်ဖြစ်ခြင်းနှင့် ကြီးထွားခြင်း၏
အရေးကြီးသော ဒုတိယလက္ခဏာမှာ ကျွန်ုပ်တို့၏လူဟောင်း၌သေခြင်းဖြစ်သည်။ ခရစ် ယာန်၏ အသစ်သောအသက်တာ၌ ဤအခြေခံလက္ခဏာကိုဆုပ်ကိုင်ခြင်းမရှိဘဲ
သင် သည် ဓမ္မသစ်
ကျမ်းကိုဖတ်၍မရနိုင်ချေ။ (ဂလ ၂း၂၀) ကိုဖတ်ပါ။ “ငါသည် ခရစ်တော် နှင့်အတူ လက်ဝါး ကပ်တိုင်မှာအသေခံပြီ။
သို့သော်လည်းအသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ် တိုင်မရှင်၊
ခရစ်တော်သည်ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သောအသက်သည် ဘုရားသခင်၏
သားတော်ကို ယုံကြည်ခြင်းအားဖြင့် တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဖို့ကိုယ်ကိုစွန့်တော်မူ၏”
သို့မဟုတ် (ရော ၆း၆-၁၁ကိုဖတ်ပါ)။ “ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ
အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိကြ၏။ အကြောင်း မူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏အစေကိုမခံစေခြင်းငှာ၊ အပြစ်တရား၏ ကိုယ်ကို
ဖျက်ဆီးမည်အ ကြောင်းတည်း။...
ထိုနည်းတူသင်တို့သည် အပြစ်တရားနှင့်ဆိုင်သော အရာ ၌ကား၊ အသေဖြစ်သည်ဟူ၍လည်းကောင်း၊
ဘုရားသခင်နှင့်ဆိုင်သောအရာ၌ကား၊ ငါတို့ သခင် ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍လည်းကောင်း၊
ကိုယ်ကိုကိုယ်ထင်မှတ်ကြ လော့။” သို့မဟုတ် ခရစ်တော်၏အသစ်သောအသက်တာဆိုင်ရာ အခြေခံသဘော တရားရှင်းလင်းစွာ ဖော်ပြချက်ကိုဖတ်ပါ။ “မြေ၌ကျသောစပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင်မူကား
များစွာ သော အသီးကိုသီးတတ်၏” (ယော ၁၂း၂၄)။
ထိုကြောင့်၊ ခရစ်ယာန်အသက်တာသည် မွေးဖွားခြင်းဖြင့်
မစတင်ချေ။ ၎င်းသည် သေခြင်းနှင့် စသည်။ မိမိကိုယ်၌မသေ၊ မိမိကိုယ်ကို
ကားစင်မတင်သတ်လျှင်၊ လုံး၀ အစပြု ခြင်းမရှိသေးချေ။ တမင်ရည်ရွယ်လျက်
မိမိကိုယ်ကိုလုံးလုံးပြောင်းလဲခြင်းရှိရ မည်။ “လူမည် သည်ကား၊ ခရစ်တော်၌ရှိလျှင်
အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသော အရာတို့ သည်ပြောင်းလဲ၍၊ ခပ်သိမ်းသော
အရာတို့သည် အသစ်ဖြစ် ကြပြီ” (၂ကော ၅း၁၇)။ “ခရစ်ယာန်တစ်ယောက်၏ အသက်တာသည် လူဟောင်းကို
ပြုပြင်မွမ်းမံခြင်း သို့မဟုတ် ပိုကောင်းအောင်ပြုလုပ်ခြင်းမဟုတ်ဘဲ၊ ဇာတိသဘောကို
ပြောင်းလဲခြင်းဖြစ်သည်။ အပြစ်နှင့် မိမိကိုယ်၌သေပြီး၊ အသစ်သောအသက်တာရှိရ မည်။ ဤပြောင်းလဲခြင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏
ထိရောက်သောလုပ်ဆောင် မှုအားဖြင့်သာလျှင်
ဖြစ်လာနိုင်သည်။” တမန်တော်သည်
ရေနှစ်ခြင်း အတွေ့အကြုံ အားဖြင့်အပြစ်၌
သေခြင်းနှင့် အသစ်သောအသက်တာ၌ ထမြောက်ခြင်းတို့ကို မီးမောင်း ထိုးပြသည်။
“ယေရှုခရစ်၌ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည်
အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံ ကြသည်ဟု
သင်တို့မသိကြသလော။ ထိုကြောင့်အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသော အားဖြင့်၊
ထိုသခင်နှင့်အတူ သဂြုØဟ်ခြင်းကိုခံကြ၏။
အကြောင်းမူကား၊ ခရစ်တော် သည် ခမည်းတော်၏ ဘုန်းတန်ခိုး အားဖြင့်
သေခြင်းမှထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သော အသက်တာ၌ ကျင်လည်ရကြသတည်း}
(ရော ၆း၃၊၄)။ ထိုကြောင့် နှစ်ခြင်းသည်
အသစ်သောအသက်တာ၏ တံခါးကို ဖွင့်ပေးသည်ကို ပုံဆောင်၍၊ ကျွန်ုပ်တို့ကို ခရစ်တော်၌
ကြီးထွားရန်ဖိတ်ကြားသည်။
ယေရှုကိုကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ်လက်ခံသောသူ၌
ပြောင်းလဲမှုဖြစ် ပေါ်လာသည်။
ကြောက်ရွံ့သောရှိမုန်သည် ရဲရင့်သောပေတရုဖြစ်လာသည်။ ညှဉ်းဆဲ သောရှောလုသည် သတင်းဟောပြောသော ပေါလုဖြစ်လာသည်။ သံသယကြီးသော
သောမတ်သည် ရှေ့တန်းသာသနာပြုဖြစ် လာသည်။ သူရဲဘောကြောင်ခြင်းနေရာ၌ ရဲစွမ်းသတ္တိဝင်လာသည်။ မယုံကြည်မှုကို ယုံကြည်ခြင်း
မီးရှူးကအစားထိုးလာသည်။ မနာလိုမှုကို ချစ်ခြင်းမေတ္တာက ဝါးမျိုလိုက်သည်။
တစ်ကိုယ်ကောင်း ဆန်ခြင်းသည် ညီအစ်ကိုချင်း ချစ်ခြင်းအထဲ၌ ပျောက် ကွယ်သွားရသည်။
စိတ်နှလုံးထဲတွင် အပြစ် အတွက်နေရာမရှိ တော့ပြီ။ မိမိကိုယ်ကို ကားစင် တင်သတ်ခဲ့ပြီ။
ထိုအကြောင်းကြောင့်၊ ပေါလုက “သင်တို့သည်
လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကိုချွတ်ပယ်၍၊ ဖန်ဆင်းတော်မူသော
သူ၏ပုံသဏ္ဌာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြု ပြင်သောလူသစ်ကို ယူတင်ဝတ်ဆောင် သောသူဖြစ်ကြ၏” (ကော ၃း၉၊၁၀) ဟုရေး ခဲ့သည်။
ယေရှုက “ငါ့ကိုဆည်းကပ်လိုသောသူဖြစ်လျှင်
ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်” (မ ၁၆း၂၄) ဟု အခိုင် အမာဆိုသည်။
ခရစ်ယာန် အသက်တာ၌ မိမိကိုယ်၌သေခြင်းသည် ရွေးစရာမဟုတ်ဘဲ မရှိမဖြစ်
လိုအပ်ချက်ဖြစ်သည်။ လက်ဝါးကပ်တိုင်နှင့် ၎င်း၏ချက်ချင်းနှင့်နောက်ဆုံး
တောင်းဆိုချက်တို့သည် ခရစ်ယာန် တပည့်တော်ဖြစ်ခြင်း ကိုရင်ဆိုင်ဖြေရှင်းရမည်ဖြစ် ၍၊ လုံးလုံးတုံ့ပြန်မှုကိုလည်း တောင်းဆိုသည်။ “အကယ်၍ ကျွန်ုပ်တို့၏ ခရစ်ယာန် ဘာသာသည် တပည့်တော်ဖြစ်စေခြင်း အကြောင်း၏ လေးနက်မှုကို
ရပ်တန့်စေ၍၊ ဧဝံဂေလိ တရားကိုတန်ဖိုးမရှိသော တောင်းဆိုမှု ကို
ဖန်တီးသောစိတ်ခံစားမှုကိုမြှင့်တင် သည့်အရာ မျှအဖြစ်
ပေါ့ပျက်သွားစေပြီး၊ သဘာ၀ဖြစ် လာသောအရာနှင့် ခရစ်ယာန် အတွေ့အကြုံ တို့ကိုမခွဲခြား နိုင်ခဲ့လျှင်၊ ကျွန်ုပ်တို့သည်
လက်ဝါး ကပ်တိုင်ထမ်းခြင်းကို သာမန်နေ့စဉ် ဘေးဒုက္ခ၊ အသက်တာ၏ စမ်းသပ်မှုနှင့်
ကြီးစွာသော ဒုက္ခတစ်ခုအဖြစ် မျှသာသဘောထားကြလိမ့်မည်။
ခရစ်တော်သည် လူတစ်ဦးကိုခေါ်သောအခါ၊ သူ့ထံသို့ လာရန်နှင့် သေရန်ဖိတ်ခေါ်သည်။... ၎င်းသည် အချိန်တိုင်း
ယေရှုခရစ်၌ သေခြင်း၊ ဖိတ်ခေါ် ခြင်း ခံရချိန်၌ လူဟောင်းသေခြင်းကိုဆိုလိုသည်။
ထိုကြောင့် ခရစ်ယာန်အသက်တာ၌ခေါ် ခြင်းသည်
လက်ဝါးကပ်တိုင်သို့ခေါ် ခြင်း ဖြစ်သည်။ မိမိ ကိုယ်ကိုနှင့် မိမိကိုယ်တိုင်
ကယ်တင်ရှင်ဖြစ် လိုသောဆန္ဒတို့ကို အစဉ် ငြင်းပယ်ခြင်းဖြစ်သည်။ ထိုနောက်၊
ကျွန်ုပ်တို့၏ “ယုံကြည်ခြင်းသည် လူပညာ
အားဖြင့်မတည်၊ ဘုရား သခင်၏ တန်ခိုးတော် အားဖြင့်တည်စေခြင်းငှာ” (၁ကော ၂း၅) လက်ဝါးကပ်တိုင်ပေါ် မှ လူသားအပေါ်
လုံးလုံးဆည်းကပ် ခြင်း ဖြစ်သည်။
အသစ်သောအသက်တာဖြင့်နေထိုင်ခြင်း။ ခရစ်တော်၌ ကြီးထွားခြင်း၏
တတိယ လက္ခဏာမှာ အသစ်သောအသက်တာဖြင့်နေထိုင်ခြင်းဖြစ်သည်။ ခရစ်ယာန် အသက်တာ ကို နားလည်မှုလွဲမှား စေသည့်အရာတစ်ခုမှာ ကယ်တင်ခြင်းသည်
ဘုရား သခင့်ကျေးဇူး တော်၏ ဆုလက်ဆောင်ဖြစ်သည်။
၎င်းပြီးနောက် အခြားဘာမျှမလိုအပ် တော့ပါဟူ သောအရာဖြစ်သည်။
ကျွန်ုပ်တို့သည် ခရစ်တော်၌ “အသွေးအားဖြင့်အပြစ်
လွှတ်တော် မူခြင်းတည်းဟူသော
ရွေးနုတ်တော်မူခြင်း ကျေးဇူးကို ငါ့တို့သည်ခံရကြသည်” (ဧ ၁း၇၊ ၈) မှာမှန်ကန်သည်။ “ယုံကြည်သောအားဖြင့်
ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။
ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ် ကြောင့် ကယ်တင်တော်မူခြင်းသို့
ရောက်သည် မဟုတ်။ သို့ဖြစ်၍အဘယ်သူမျှဝါ ကြွားစရာ အခွင့်မရှိ” (ဧ ၂း၈၊၉) ဆိုသည်မှာလည်းမှန်ကန်သည်။
ကျေးဇူးတော်သည် အခမဲ့ဖြစ်သည်မှာမှန်သည်။ သို့သော်
ကျေးဇူးတော်ကို ဘုရားသခင့်သားတော်၏ အသက်ဖြင့် အဖိုးပေးရသည်။ အခမဲ့ကျေးဇူးတော်သည်
ဈေးပေါပေါ ကျေးဇူးတော်ကိုမဆိုလိုပါ။ “ဈေးပေါပေါကျေးဇူးတော်သည်
နောင်တမ ရသော်လည်း အပြစ်ခွင့်
လွှတ်ခြင်း၊ အသင်းတော် စည်းမျဉ်းမလိုက်လျှောက်ဘဲ နှစ်ခြင်း ခံခြင်း၊ အပြစ်ဝန်ချ ခြင်းမရှိဘဲ ပွဲတော်ဝင်ခြင်း၊
ကိုယ်တိုင် အပြစ်မဝန်ခံဘဲ အပြစ်ဖြေ ပေးခြင်းတို့ဖြစ်သည်။
ဈေးပေါပေါ ကျေးဇူးတော်သည် တပည့်တော်ဖြစ်စေခြင်း မပြု သော ကျေးဇူးတော်၊ လက်ဝါးကပ်တိုင် မပါသောကျေးဇူးတော်၊
အသက်ရှင်၍ လူ့ဇာ တိခံယူသည့် ယေရှုခရစ်မပါသော ကျေးဇူးတော်ဖြစ် သည်။
ဈေးပေါပေါကျေးဇူးတော်သည်
ယေရှု၏ခေါ်တော်မူခြင်းနှင့်လုံး၀မသက်ဆိုင်ချေ။ ယေရှု သည် လူတစ်ဦးကိုခေါ်သောအခါ၊
သူထမ်းဖို့ရာလက်ဝါးကပ်တိုင်ကိုပေးသည်။ တပည့်တော် ဖြစ်ခြင်းသည်
နောက်လိုက်ဖြစ်ခြင်းဖြစ်၍၊ ယေရှု၏နောက်လိုက်ဖြစ်ခြင်း သည်၊ ဈေးပေါပေါ
လှည့်ကွက်မဟုတ်ချေ။
ကောရိန္တုမြို့သားများထံသို့
ပေါလုသည် ကျေးဇူးတော်၏ ဝတ္တရားများ ကိုအားမာန်ပါပါရေးခဲ့သည်။ ရှေးဦးစွာ သူ့ကိုယ်ပိုင် အတွေ့အကြုံကိုပြောသည်။ “ဘုရားသခင် ၏
ကျေးဇူးတော် အားဖြင့်သာ ငါဖြစ်သည် အတိုင်းငါ ဖြစ်၏။ ငါခံရသောကျေးဇူးတော်ကိုလည်း
အကျိုးမဲ့ခံရသည်မဟုတ်။ အခြား သော တမန်တော်အပေါင်းတို့ထက်၊
ငါသည်သာ၍ ကြိုးစားခြင်းကိုပြု၏။ ထိုသို့ဆို သော်လည်း၊
ငါကြိုးစား သည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရား သခင်၏ကျေးဇူး တော်သည် ကြိုးစားတော်မူ၏” (၁ကော ၁၅း၁၀)။ ထို့ကြောင့် ပေါလုသည် သူ့အသက် တာတွင် ဘုရားသခင့် ကျေးဇူးတော်၏ ကြီးစိုးမှုကို
အသိအမှတ်ပြုသည်။ ကျေးဇူး တော်ကို သူ့အားအကျိုးမဲ့ မပေးကြောင်းကို သူထပ်၍ပြောသည်။
ဟေလသစကားလုံး အဲစ်ကဲနုန် (eis kenon) သည် “အလွတ်၊ ဗလာ-“ ဟူ၍အဓိပ္ပါယ်ရသည်။
ဆိုလို သည်မှာ၊ ပေါလုသည် အချည်းနှီးဖြစ်သော ဗလာအသက်တာဖြင့်နေထိုင်ရန်
ကျေးဇူးတော်ကိုရရှိခဲ့ ခြင်းမဟုတ်ဘဲ၊ ဝိညာဉ်တော်အသီးနှင့်ပြည့်၀သော အသက်တာဖြင့်
အသက်ရှင်ရန် ရရှိခြင်းဖြစ်သည်။ ထိုအရာပင်လျှင် သူ၏ကိုယ်ပိုင်ခွန်အားဖြင့်မဟုတ်ဘဲ၊
သူ့အထဲ၌ကိန်း ဝပ်သော ကျေးဇူးတော်၏
တန်ခိုး အားဖြင့်ဖြစ်သည်။ အလားတူစွာ၊
သူသည်ယုံကြည် သူများအား “ဘုရားသခင်၏ ကျေးဇူးတော်ကို အကျိုးမဲ့မခံကြ” (၂ကော ၆း၁) ရန်တောင်း ဆိုသည်။ ဘုရား
သခင်၏ ကျေးဇူးတော်သည် ကျွန်ုပ်တို့ကို အလွတ်ဗလာဖြစ် ခြင်းမှ အခြားအချည်းနှီး
ဖြစ်ခြင်း သို့ ရွေးနုတ်ရန် ရောက်လာခြင်း မဟုတ်ချေ။ ဘုရားသခင်၏ ကျေးဇူးတော်သည်
ကျွန်ုပ်တို့ကို သူနှင့်ပြန်လည်သင့်မြတ်စေရန်၊ သူ၏ မိသားစုဝင်ဖြစ် စေရန်၊ စာတန်ကို ကြောက်ရွံ့ခြင်းနှင့် သူ၏ အချုပ်အနှောင်မှ
ကျွန်ုပ်တို့ကို လွတ်မြောက်စေရန် သူ၏ လုပ်ဆောင်မှု ဖြစ်သည်။ မိသားစုထဲသို့
ရောက်လာသောအခါ၊ ကျွန်ုပ်တို့သည် မိသားစုအထဲတွင်နေထိုင်၍၊ သူ၏ အံ့ဖွယ်
ကျေးဇူးတော်တန်ခိုးအားဖြင့် ဘုရားသခင်၏ မေတ္တာအသီး များ ကိုသီးသည်။
ထိုကြောင့် ခရစ်တော်၌ကြီးထွားခြင်းသည် ရင့်ကျက်ခြင်း၌
ကြီးထွားခြင်းဖြစ် သည်။
ထိုသို့ဖြင့်နေ့စဉ်ကျွန်ုပ်တို့သည် ခရစ်တော်၏အလိုကိုရောင်ပြန်ဟပ်၍၊ ခရစ်တော် ၏လမ်း၌ လျှောက်လှမ်းကြသည်။ ထိုသို့ဆိုသော်၊ ဤရင့်ကျက်သော
အသက်တာ၏ လက္ခဏာများနှင့် ၎င်း၏
အစဉ်ကြီးထွားခြင်း၏ အမှတ်အသားများကား အဘယ်နည်း။ ကျွန်ုပ်တို့သည်
အောက်ပါဝိသေသလက္ခဏာခုနစ်ခု (ဤမျှနှင့်သာမပြီးဆုံးသေးပါ) အပေါ် ရောင်ပြန်ဟပ်နိုင်ကြ၏။
ခရစ်တော်၌ကြီးထွားခြင်း၏ဝိသေသလက္ခဏာများ
၁။ ဝိညာဉ်ပကတိအသက်တာ။ ယေရှုသည် နိကောဒင်ကို “ရေနှင့်
ဝိညာဉ်တော် မမွေးသော သူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့မဝင်ရ” (ယော ၃း၅) ဟုပြော ပြခဲ့သည်။
သန့်ရှင်းသောဝိညာဉ်တော်၏ ပြန်လည်အားဖြည့်သောတန်ခိုးမပါဘဲ၊ ခရစ် ယာန်အသက်တာကို အစပြု၍ပင်မရနိုင်ချေ။ သူသည်
သမ္မာတရားနှင့်ပြည့်၀သော ဝိညာဉ်တော်ဖြစ်သည် (ယော
၁၄း၁၇)။ သူသည် သမ္မာတရားကိုအကြွင်းမဲ့သွန်သင်ပြ သပြီး (ယော ၁၆း၁၃)၊ သမ္မာကျမ်းစာ၌ ဖော်ပြထားသည်အတိုင်း
ဘုရားသခင်၏ အလိုတော်ကို
ကျွန်ုပ်တို့အားနားလည် စေသည်။ သူသည် ဒုစရိုက်အပြစ်၊ ဖြောင့်မတ် ခြင်းနှင့် အပြစ်စီရင်ခြင်းတို့ကိုဖော်ပြမည် (ယော ၁၆း၇၊၈)။
ထိုသို့မဟုတ်ပါက၊ ကျွန်ုပ်တို့ ၏
အပြုအမူများနှင့် အသက်တာက ပို့ဆောင် မည့် လက်ရှိအကျိုးဆက်နှင့်
ထာ၀ရအကျိုးဆက်တို့ကို ကျွန်ုပ်တို့မသိနိုင်ချေ၊ ၎င်းသည်
ပြောင်းလဲခြင်းတန်ခိုးဖြစ်၍၊ ကျွန်ုပ်တို့အသက်တာ၌ သန့်ရှင်းသော ဝိညာဉ်တော်
ရှိခြင်းသည် ကျွန်ုပ်တို့ကို ဘုရားသခင်၏သားများ၊ သမီးများဖြစ်စေသည် (ရော ၈း၁၄)။
ခရစ်တော်သည် “ငါ့တို့၌ တည်တော်မူသည်” (၁ယော ၃း၂၄)
အရာမှာ ဝိညာဉ်တော် အားဖြင့်ဖြစ် သည်။ ဝိညာဉ်တော်ကိန်းဝပ်ခြင်းနှင့်အတူ၊
ဘုရားသခင်၏အလိုတော်နှင့် ဆန့်ကျင်သည့်ဟောင်း သောအတွေး၊ အပြုအမူ၊ ဆက်ဆံရေးများကို ငြင်းပယ်သော
အသက်တာအသစ်၊ ကျွန်ုပ်တို့ကို အသစ်သောသတ္တဝါ၊ ပြန်လည်သင့်မြတ်သောသူ၊
ရွေးနုတ်ခံရသောသူ ဖြစ်စေသည့် အသစ်သော
အသက်တာ၊ ဖြောင့်မတ်ခြင်း၌ကြီးထွားရန် (ရော ၈း၁-၁၆) နှင့် “ဘုန်းအသရေ တိုးပွား၍ ပုံသဏ္ဌာန်
တော်နှင့်အညီပြောင်းလဲခြင်းရှိ” (၂ကော ၃း၁၇၊၁၈)
ရန်အလို့ငှာ အပြစ်မှ လွတ်မြောက်သော အသက်တာအသစ်သည် ရောက်ရှိ လာသည်။ “ဘုရားသခင်၏ ဝိညာဉ်တော်သည်
စိတ်နှလုံးကို သိမ်းပိုက်သောအခါ၊ အသက်တာကိုပြောင်းလဲသည်။ အပြစ်ရှိသော အတွေးများကို
ဖယ်ရှားသည်၊ မကောင်း သော
အကျင့်များကိုစွန့်လွှတ်သည်။ ချစ်ခြင်း၊ နှိမ့်ချခြင်းနှင့် ဝမ်းမြောက်ခြင်း
တို့သည် စိတ်ဆိုးခြင်း၊ ဝန်တိုခြင်းနှင့် ပဋိပက္ခတို့ နေရာ ကိုယူလာကြသည်။
ဝမ်းမြောက်ခြင်းသည် ဝမ်းနည်းခြင်းကို အစားထိုး၍၊ မျက်နှာသည်
ကောင်းကင်၏အလင်းကိုရောင် ပြန်ဟပ် သည်။ ဝန်ထုပ်ကို
ပင့်မပေးသောလက်၊ သို့မဟုတ် အထက်မှဆင်းသက်လာ သော
အလင်းကိုအဘယ်သူမျှမမြင်ရချေ။ အသက်ဝိညာဉ်သည် ယုံကြည်ခြင်းအားဖြင့်
ဘုရားသခင်ထံအပ်နှံသောအခါ၊ ကောင်းချီးမင်္ဂလာ ရောက်လာသည်။ ထိုအခါ လူ့မျက် စိဖြင့်မမြင်နိုင်သောတန်ခိုးသည်
ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ အသစ်သောသတ္တဝါ ကိုဖန်ဆင်း သည်။”
ဝိညာဉ်တော်အားဖြင့်၊ ကျွန်ုပ်တို့သည် “ဘုရားသခင်၏အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်
အတူဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်
ဆက်ဆံသော အမွေခံလည်းဖြစ်ကြ၏” (ရော ၈း၁၇)။
ဝိညာဉ်ပကတိရှိသော အသက်တာသည် ဝိညာဉ်ရေးလှုပ်ရှား မှုရှိရန်ခေါ်ခြင်းဖြစ်သည်။
ခရစ်တော်နှင့်အတူ အနာဂတ်ဘုန်းတော် ကိုကျွန်ုပ်တို့သည် ဝင်စားနိုင်ရန် အလို့ငှာ၊
ယခုဘ၀တွင်ခရစ် တော်၏
ဒုက္ခဆင်းရဲကိုမျှဝေ ခံစား၍၊ အပြစ်ဟောင်းကိုငြင်းပယ်ရန်ခေါ် ခြင်းဖြစ်သည်။
ထို့ကြောင့် ခရစ်ယာန်ဝိညာဉ်ရေး သည် စိတ်ကူးယဉ်ကမ္ဘာ၊ နတ်ဘုံသို့ ပျံသန်းသွား ခြင်း
မဟုတ်ချေ။
၎င်းသည် ဒုက္ခခံရန်၊ ဝေငှရန်၊ သက်သေခံရန်၊
ဝတ်ပြုကိုးကွယ်ရန်နှင့် ဤကမ္ဘာ ပေါ်၊
ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်နှင့် နေအိမ်တို့တွင် ခရစ်တော်၏အသက်တာနှင့် နေထိုင်
အသက်ရှင်ရန်ဖြစ်သည်။ ဤအရာသည် ဝိညာဉ်တော် ကိန်းအောင်းခြင်းအားဖြင့် သာလျှင်ဖြစ်နိုင်သည်။ ယေရှု၏ ဆုတောင်း ချက်မှာ
ကျွန်ုပ်တို့သည်ဤလောကတွင်ရှိနေ ကြသော်လည်း လောကနှင့်မဆိုင်ရန်ဖြစ်သည် (ယော
၁၇း၁၅)။ ကျွန်ုပ်တို့သည် ကမ္ဘာပေါ်တွင်နေထိုင်ရမည်။ ၎င်းသည်
ကျွန်ုပ်တို့နေထိုင်ရာ၊ သာသနာပြုရာ လယ်ပြင် ဖြစ်သည်။
သို့သော် ကျွန်ုပ်တို့ သည်ဤလောကနှင့်မသက်ဆိုင်ချေ။ အကြောင်းမှာ ကျွန်ုပ်တို့သည်
ကောင်းကင်နိုင်ငံသား များဖြစ်၍၊ လာမည့်ကမ္ဘာကိုမျှော်လင့်နေကြသည် (ဖိ ၃း၂၀)။
ပေါလုက ဤဝိညာဉ်ရေးနှင့်ပြည့်သောအသက်တာသည်
ဝိညာဉ်ရေး၌ကြီးထွား ရင့်သန်သောသူဖြစ်သည်ဟုဖော်ပြသည်။ ထိုရင့်ကျက်မှုသည်
ဇာတိပကတိအကျင့် တည်းဟူသော “သူ့မယားကို
ပြစ်မှားခြင်း၊ မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာ ကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊ ရုပ်တု
ကိုကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊
ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊
သင်းခွဲခြင်း၊ သူ့အကျိုးကို ငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ယစ်မျိုးကို
သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်း” (ဂလ ၅း၁၉-၂၁)
တို့ကိုငြင်းပယ်၍၊ ဝိညာဉ်တော်၏ အသီးတည်းဟူသော “ချစ်ခြင်း၊
ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊
ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း” (ဂလ ၅း၂၂၊၂၃) တို့ကို လက်ခံ ၍၊ သီးလိမ့်မည်။
၂။ ချစ်ခြင်းနှင့်စည်းလုံးခြင်းရှိသောအသက်တာ။ ခရစ်ယာန်အသက်တာသည် စည်းလုံးသောအသက်တာ၊
ဘုရားသခင်နှင့်လည်းကောင်း၊ လူသားအချင်းချင်းနှင့် လည်း ကောင်း
ပြန်လည်သင့် မြတ်သောအသက်တာဖြစ်သည်။ ပြန်လည်သင့်မြတ်ခြင်း သည် ဆက်ဆံရေးပြတ်တောက်ခြင်းကို ကုစားခြင်းဖြစ်၍၊ ဤဆက်ဆံရေး
ပြတ်တောက်သွား ရခြင်း၏
အဓိကအကြောင်းရင်းမှာအပြစ်ဖြစ်သည်။ အပြစ်သည် ကျွန်ုပ်တို့ကိုဘုရား သခင်ထံမှကွာစေ၍ (ဟေရှာ ၅၉း၂)၊ လူသားတို့ကို လူမျိုးရေး၊
လူမျိုးစု၊ ယောက်ျား
မိန်းမ၊ နိုင်ငံသား၊ အသား
အရောင်၊ အမျိုးဇာတ်၊ လူမျိုးနွယ်စု စသည်ဖြင့် အပိုင်း ပိုင်းခွဲခဲ့ပြီ။ ယေရှု၏ ဧဝံဂေလိသတင်း စကားသည်
အပြစ်နှင့်၎င်းနှင့်တွဲနေသော ဆက်ဆံ ရေးပြတ်တောက်ခြင်းပြဿနာ
ဖြေရှင်း ပြီး၊ အသစ်သောစည်းလုံးခြင်းနှင့် ပြန်လည်သင့် မြတ်ခြင်း စနစ်ကို ဖန်တီးပေးသည်။ ထို့ကြောင့် ပေါလုက၊ “ဘုရားသခင်သည် ယေရှု ခရစ်အားဖြင့်
ငါတို့၏ရန်ကို ငြိမ်းစေ၍ ကိုယ် တော်နှင့်မိတ်သဟာယဖွဲ့စေတော်မူ၏” (၂ကော ၅း၁၈) ဟူ၍ ပြောနိုင်သည်။ ဤပြန်လည် သင့်မြတ်ခြင်းမှ
အသစ် သောလူစုမွေး ဖွားလာသည်။
ဤရွေးနုတ်ခံလူစုကို ဘုရားသခင်နှင့် အထက်အောက် စည်းလုံးခြင်းနှင့်
မိမိတို့လူသားချင်းနှင့် တပြေးညီစည်းလုံးခြင်းတို့ဖြင့် မှတ်သားရသည်။ အမှန်မှာ ဤ ချစ်ခြင်း နှင့်စည်းလုံးခြင်းရှိသောအသက်တာသည်
ဧဝံဂေလိတရား၏ အနှစ်ချုပ် ဖြစ်သည်။
ယေရှုသည်ယဇ်ပုရောဟိတ်မင်းဆုတောင်းချက်ကို
ဤသို့ဆိုခဲ့ သည်။ “ကိုယ် တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသားတို့သည်
ယုံကြည်မည် အကြောင်း၊ ထိုသူ
အပေါင်းတို့သည် တစ်လုံးတစ်၀တည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော် သည် အကျွန်ုပ်၌ရှိတော်မူ၍၊ အကျွန်ုပ်သည်လည်း
ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူ အပေါင်းတို့သည် တစ်လုံးတစ်၀တည်း ဖြစ်စေခြင်းငှာ
ဆုတောင်းပါ၏” (ယော ၁၇း၂၁)။ ခရစ်တော်၏
ကယ်တင်သော သာသနာတစ်ခုလုံးနှင့် ဧဝံဂေလိတရား၏ တန်ခိုးတို့သည် ရွေးနုတ်ခံလူစုတို့ကို
မေတ္တာနှင့် စည်းလုံးခြင်း၌ သက်သေထူရန်အတွက် ကြွေးကြော် သည်။ ထိုသို့သောမေတ္တာနှင့်စည်းလုံးခြင်းမရှိဘဲ
ခရစ်ယာန်အသက်တာ ကြီးထွားခြင်း မရှိနိုင်ချေ။
ဤစည်းလုံးခြင်းနှင့်မေတ္တာ လွှမ်းမိုးသောနေရာတွင်၊ လူများအကြားခြား ထားသော တံတိုင်းအားလုံးသည်ပြိုလဲသွားလိမ့်မည်။ လူမျိုး၊
နိုင်ငံသား၊ ယောက်ျား မိန်းမ၊ အမျိုးဇာတ်၊ လူမျိုးစု၊
အသားအရောင်စသည့်အတားအဆီးများနှင့် အခြားခွဲခြား သောအကြောင်းရင်းများသည် အသစ်သောအသက်တာ၊ အသစ်သော
ကိုယ်ချင်းစာမှုတို့ ကို တွေ့ကြုံခံစားသော သူ၏
အသက်တာတွင် ဖျက်သိမ်းခြင်းခံရသည် (ဧ ၂း၁၁-၁၆)။ ထိုသူသည်ကြီးထွား၍၊
ရင့်ကျက်လာသောအခါ၊ ပြန်လည်သင့်မြတ်ခြင်း၊ ချစ်ခြင်း နှင့်စည်း လုံးခြင်းတို့၏
ခမ်းနားသောအမှန် တရားသည် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၌လည်း ကောင်း၊ ခရစ်ယာန်အသက်တာကို စုပေါင်းဖော် ထုတ်ရာ၌လည်း ကောင်း
သာ၍သာ၍ တောက်ပလာသည်။
ခရစ်ယာန်ကြီးထွားခြင်း၌ ချစ်ခြင်းမေတ္တာသည်
ဧဝံဂေလိတရားအတွက် ထူးခြား မှုဖြစ် သည်။ ယေရှုသည်
၎င်းကိုအသစ်သောပညတ်ချက်ဟုခေါ်သည် (ယော ၁၃း၃၄)။ သို့သော် ထိုအသစ်သည်
ချစ်ခြင်းမေတ္တာကိုရည်ညွှန်းသည်မဟုတ်၊ မေတ္တာဦးတည်ချက် ကိုဆိုလိုသည်။ လူတို့သည်ချစ်ကြသည်။ သို့သော် သူတို့သည် ချစ်စရာကောင်းသော အရာ၊ မိမိတို့နှင့်ဆိုင်သော အရာကိုသာ ချစ်ကြသည်။ သို့သော်
ယေရှုသည်ချစ်ရမည့် အကြောင်း ရင်းအသစ်ကို မိတ်ဆက်ပေးခဲ့သည်။ “ငါသည် သင်တို့ကို ချစ်သည်နည်းတူ၊ သင်တို့လည်း
အချင်းချင်းချစ်ကြလော့။” ဆိုလိုသည်မှာ
ယေရှု၏ လူတိုင်းကိုချစ်သော မေတ္တာ၊ ပေးဆပ်သောမေတ္တာ၊
ပြည့်စုံသောမေတ္တာကဲ့သို့၊ ကျွန်ုပ်တို့၏ ချစ်ခြင်း မေတ္တာ သည်လည်းဖြစ်ရမည်။ မေတ္တာအသစ်သည် အတားအဆီးများကို
မတည်ဆောက်ချေ။ ၎င်းတွင်လူသားအားလုံးပါဝင်သည်။ ၎င်းသည် ရန်သူကိုပင်ချစ်သည်။
ထိုသို့သော မေတ္တာသည် “ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိသမျှတို့၏အချုပ် အခြာပင်ဖြစ်သတည်း” (မ ၂၂း၃၇-၄၀)။
အိမ်နီးချင်းကိုချစ်ပါဟူသောပညတ်ချက်ကို
ပြုပြင်မွမ်းမံ၍မရပါ။ ကျွန်ုပ်တို့သည် ချစ်ရမည့်သူကိုမရွေးရပါ။ ကျွန်ုပ်တို့အား
လူတိုင်းကိုချစ်ရန်တောင်းဆိုသည်။ ကောင်း သောရှမာရိ
ဥပမာတွင်၊ “သင်၏အိမ်နီးချင်းသည် သင်နှင့်ဆိုင်သောအသင်းတော်၊
သို့မ ဟုတ် ယုံကြည်ခြင်းတူ
သူတို့ကို မဆိုလိုချေ။ ၎င်းသည် လူမျိုး၊ အသားရောင်၊ အဆင့် အတန်းခြားနားခြင်းကို လည်းမရည်ညွှန်းချေ။
ကျွန်ုပ်တို့၏အိမ်နီးချင်းသည် ကျွန်ုပ်တို့၏ အကူအညီကိုလိုအပ်သော သူတိုင်းဖြစ်သည်။ ကျွန်ုပ်တို့၏
အိမ်နီးချင်းသည် ရန်သူစာ တန်ကအနာတရဖြစ်စေသော
ဝိညာဉ်အားလုံးဖြစ်သည်။ ကျွန်ုပ်တို့၏ အိမ်နီးချင်းသည် ဘုရားသခင် ပိုင်ဆိုင်သော
လူတိုင်း ဖြစ်သည်။
စစ်မှန်သောအိမ်နီးချင်းကိုချစ်ခြင်းသည်
အသားအရောင်မခွဲခြားဘဲ၊ လူသား ဆန်မှုကိုရင်ဆိုင်ပေးသည်။ ၎င်းသည်
အမျိုးဇာတ်မြင့်ဇာတ်နိမ့်မခွဲဘဲ၊ ဝိညာဉ်၏ ကြွယ်၀ ချမ်းသာခြင်းကို ဖြည့်ဆည်းပေးသည်။
၎င်းသည် လူတစ်ဦး၏ဂုဏ်သိက္ခာကို သိက္ခာမဲ့ ခြင်းမှကယ်တင်
သည်။ ၎င်းသည် ဝါဒ၊ ဒဿနတို့၏မီးလောင်တိုက်သွင်းခြင်း ကပ်ဆိုးမှ
လူ့ကြမ္မာကိုကယ်တင်သည်။ အမှန်မှာ၊ စစ်မှန်သော မေတ္တာရှိသောသူသည် တစ်ဦးချင်းစီ ၏မျက်နှာတွင် ဘုရားသခင်၏ ပုံသဏ္ဌာန်၊ စွမ်းရည်၊
မီးခဲပြာဖုံး ဖြစ်ခြင်း သို့မဟုတ် အစစ်အမှန်ကိုမြင်သည်။
ကြီးထွား၍ရင့်ကျက်သောခရစ်ယာန်သည် ခရစ်ယာန် အားလုံး ၏စည်းလုံးခြင်းတွင် အမှန်ပင်အခြေခံဖြစ်သည့်
ထိုသို့သောမေတ္တာ မျိုးကိုပိုင်ဆိုင်လိမ့် မည်။
၃။ လေ့လာသင်ယူသောအသက်တာ။ အစားအစာသည် ကြီးထွားခြင်း အတွက် အခြေခံလိုအပ်ချက်ဖြစ်သည်။
မည်သည့်သက်ရှိမဆို လုပ်ငန်းလုပ်ဆောင်ရန် လုံလောက် သောအာဟာရကို အမြဲလိုအပ်သည်။ ဝိညာဉ်ရေးကြီးထွားမှုသည်လည်း
ထိုနည်းအတိုင်း ပင်ဖြစ် သည်။ သို့သော်
ကျွန်ုပ်တို့၏ ဝိညာဉ်ရေးအစာကိုအဘယ်မှာ တွေ့ရှိနိုင်မည်နည်း။ အဓိကအားဖြင့်
အရင်းအမြစ်နှစ်ခုမှ ရနိုင်သည်။ ၎င်းတို့မှာ နှုတ်ကပတ်တော်လေ့လာ ခြင်းနှင့် ဆုတောင်းသောအသက်တာကို
ပျိုးထောင်ခြင်းတို့အားဖြင့် ဘုရားသခင်နှင့် ရင်းရင်းနှီးနှီး ဆက်ဆံခြင်း ဖြစ်သည်။
ယေရှုကိုယ်တိုင်၏ စကားတွင် ရှင်းလင်းစွာသွန် သင်သကဲ့သို့ ဝိညာဉ်ရေး အသက်တာ အတွက် ဘုရားသခင်၏
နှုတ်ကပတ်တော်သည် အရေးကြီးသည်။ “လူသည်
မုန့်အားဖြင့်သာအသက်မွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှအားဖြင့် အသက်ကို
မွေးရမည် ကျမ်းစာလာသည်” (မ ၄း၄)။ ယေရှုသည်
စာတန်ကိုရင်ဆိုင်ရာတွင် နှုတ်ကပတ် တော်ကိုမည်သို့ အသုံးပြုကြောင်း ပြည့်စုံသော နမူနာကိုပေးသည်။ “ယေရှုသည်
စာတန်ကို ကျမ်းစာစကား ဖြင့်ရင်ဆိုင်ခဲ့သည်။ “ကျမ်း စာလာသည်” ဟုသူပြောခဲ့သည်။
စုံစမ်းခြင်းတိုင်းတွင် သူ၏လက်နက်မှာ ဘုရား သခင်၏နှုတ်ကပတ်တော်ဖြစ်သည်။
စာတန်သည် ခရစ်တော်ကိုသူ၏ ဘုရားဖြစ် ကြောင်း
နိမိတ်လက္ခဏာပြရန် တောင်းဆိုခဲ့သည်။ သို့သော်
နိမိတ်လက္ခဏာ အားလုံး ထက်သာ၍အားကြီးသော၊
“ထာ၀ရဘုရားမိန့်တော်မူသည်ကား” အပေါ် ခိုင်မြဲ
သော မှီခိုခြင်းသည် လက်သင့်မခံနိုင်သောနိမိတ်လက္ခဏာ မဟုတ်ချေ။ ခရစ်တော်သည် ဤ
ရပ်တည်ချက်၌ စွဲမြဲနေသရွေ့၊ စုံစမ်းသူသည်အမြတ် မထုတ်နိုင်ခဲ့ချေ။”
ကျွန်ုပ်တို့လည်း ထိုသို့ပင်ဖြစ်သည်။ ဆာလံဆရာက “ကိုယ်တော်ကိုမပြစ်မှား ဘဲနေနိုင်မည်အကြောင်း၊
ဗျာဒိတ်တော်ကိုနှလုံးထဲမှာသိုထားပါပြီ” (ဆာ ၁၁၉း၁၁)
ဟုဆိုသည်။ ဤအရာအပေါ်မှာ တမန်တော်သည် ကတိကိုထပ်ဆင့်ပေးသည်။ “ဘုရား သခင်၏ နှုတ်ကပတ်
တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန် လျက်တကာတို့ထက်ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊
အသက်နှင့်စိတ်ဝိညာဉ်ကို လည်းကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီကို လည်းကောင်း
ပိုင်းခြား၍ ထုတ်ချင်း ခွင်းတတ် ၏။
စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏” (ဟေဗြဲ ၄း၁၂)။ စာတန်၏ တိုက်ခိုက်မှုကိုရှောင်လွဲနိုင်ရန်ဤ
ထက်သော ဝိညာဉ်တော်၏ သန်လျက်ကို ခရစ်ယာန် တို့သည်
အသုံးပြုသောအခါ၊ သူတို့သည် စစ်ပွဲ၏ အောင်နိုင်သောဘက်တွင်ရှိနေကြ သည်။ ယုံကြည်သူသည်
ဝိညာဉ်ကြီးထွားခြင်းကို တာဆီးသောအရာဟူသမျှကို ထိုး ဖောက်၍ပိုင်းဖြတ်နိုင်ရန်၊ အမှန်တရား ဘက်မှာ
အမြဲရွေးချယ်နိုင် အောင် အမှန်နှင့် အမှားကိုခွဲခြားနိုင်ရန်၊ ဘုရားသခင်၏ အသံနှင့်
နတ်ဆိုး၏ တီးတိုးပြောသံကို ခွဲခြား သိမြင်တတ်ရန်
လုပ်နိုင်သောအစွမ်းကိုပေးခြင်းခံရသည်။ ဝိညာဉ်ရေးကြီးထွားမှုအတွက် နှုတ်ကပတ်တော်သည်
အစားထိုးမရသောတန်ဆာပလာဖြစ်သည်။
ပေါလုက “ထိုကျမ်းစာရှိသမျှသည်
ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၍၊
ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစု ခြင်းအလိုငှာ ပြင်ဆင်သော သူဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊
အပြစ်ကိုဖော်ပြ ခြင်း၊ ဖြောင့်မတ်စွာ
ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏” (၂တိ ၃း၁၆၊၁၇) ဟုရေးခဲ့သည်။ သင်သည် သမ္မာတရားနှင့်
ယုံကြည်ချက်၌ ကြီးထွား လိုပါသလား။ ဘုရားသခင်
အတွက် သင့်ဝိညာဉ်ကို လမ်းကြောင်းမှန်ပေါ် မည်သို့ထိန်း ကျောင်းရမည်ကို သင်သိလိုပါသလား။ ဘုရားသခင်သည်သင့်အတွက်
ယနေ့၊ မနက် ဖြန်နှင့် နောက်နေ့များအတွက် မည်သည့် အရာသိုထားသည်ကိုသင်သိလိုပါသလား။
စာတန်နှင့် သင့်ကိုတိုက်ခိုက်ရာတွင် အသုံးပြုသည့် မရေမတွက်နိုင်သော သူ၏နည်းလမ်း များကို သင်ခုခံလိုပါသလား။ သမ္မာကျမ်းစာကိုဖတ်ပါ။
နေ့စဉ်လေ့လာသင်ယူပါ။ ဆုတောင်းခြင်းနှင့်ဖတ်ပါ။ ဘုရားသခင် ၏အလိုတော်ကိုသိရန်၊
သူ၏လမ်းကြောင်းကို သိရန်နှင့်
သူ၏အောင်မြင်ခြင်းကို တွေ့ကြုံခံစား ရန် သာ၍ကောင်းသောနည်းလမ်းမရှိ တော့ပါ။
၄။ ဆုတောင်းသောအသက်တာ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုသူ၏ နှုတ်က ပတ်တော်အားဖြင့် စကားပြောသည်။ သူ၏အလိုတော်ကို
နားလည်ခြင်းသည် ဝိညာဉ် ရေးကြီးထွားမှုနှင့်
သူနှင့် ရင်းနှီးသောဆက်ဆံရေး၏အစိတ်အပိုင်းဖြစ်သည်။ ဤကိုယ် တော်နှင့် ရင်းနှီးသော ဆက်ဆံရေးနှင့် သူ၌ကြီးထွားခြင်း၏
အခြားလက္ခဏာ တစ်ခုမှာ ဆုတောင်းခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည်
ကျွန်ုပ်တို့၏ ဝိညာဉ် ကိုအားဖြစ်စေသော
အစာဖြစ်လျှင်၊ ဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏ဝိညာဉ်ကို အ သက်ရှင်စေသော ထွက်သက် ဝင်သက်ဖြစ်သည်။ ဆုတောင်းခြင်းသည်
ဘုရားသခင်နှင့် စကားပြောခြင်း၊ သူ၏ အသံကိုနားထောင်ခြင်း၊ ဒူးထောက်လျက်အပ်နှံခြင်း၊
ဘုရား သခင်၏
ခွန်အားဖြင့်အားပြည့်လျက် ထခြင်း ဖြစ်သည်။ ၎င်းသည် မိမိကိုယ်ကိုငြင်းပယ် ခြင်း၊ ကိုယ်တော်၏ခွန်အားကိုမှီခြင်းနှင့် သူ့ကို မျှော်
ကိုးခြင်းမှတစ်ပါး မည်သည့် အရာမျှမတောင်းဆိုချေ။ ထိုသို့စောင့်မျှော်ခြင်းမှ
စီးဆင်းလာသောတန်ခိုးအားဖြင့် ကျွန်ုပ် တို့သည် ခရစ်ယာန်လမ်းခရီးကို လျှောက်လှမ်းနိုင်ပြီး၊ ဝိညာဉ်
ရေး တိုက်ပွဲကိုတိုက် ခိုက်နိုင်သည်။
ဂေသရှေမန်ဥယျာဉ်မှ ဆုတောင်းခြင်းသည် လက်ဝါးကပ်တိုင်၏ အောင် မြင် ခြင်းကိုစိတ်ချစေသည်။
ပေါလုကဆုတောင်းခြင်းသည် ခရစ်ယာန်အသက်တာနှင့်
ကြီးထွားခြင်းတွင် အလွန် အရေးကြီးသည်
ဟုသဘောထားကာ၊
အခြေခံစည်းမျဉ်းခြောက်ခုကိုဖော်ပြ သည်။ ၎င်းတို့မှာ
“မခြားမလပ် ဆုတောင်းပတ္ထနာပြုကြလော့၊” ”ကာလအစဉ်စိတ် နှလုံးပါလျက်ဆုတောင်း
ပတ္ထနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။” “စိတ်နှ လုံးနှင့်ဆုတောင်းရမည်။” “ဆုတောင်းလျက်စောင့်နေကြ လော့” “အားမလျှော့ဘဲဆု တောင်းကြလော့”
နှင့် “သန့်ရှင်း သူ အပေါင်းတို့အဖို့ဆုတောင်း ...... ကြ လော့” (ဧ ၆း၁၈) တို့ဖြစ်သည်။ ဖါရိရှဲကဲ့သို့ (လု ၁၈း၁၁)
ကျွန်ုပ်တို့သည် ရုပ်ပြသက်သက်အတွက်၊ ကိုယ့် ကိုကိုယ်အတွက်၊
သို့မဟုတ် လုပ်ရိုးလုပ်စဉ်မျှအတွက်ဆုတောင်းရန် မကြာခဏ သွေးဆောင်ခြင်းခံရသည်။ သို့သော် ထိရောက်သောဆုတောင်းခြင်းမှာ
မိမိကိုယ်ကိုငြင်း ပယ်၍၊ ဝိညာဉ်တော်
ပြည့်၀လျက်၊ အခြား သောသူတို့၏လိုအပ်ချက်များအတွက် ကြားဝင်
ဆုတောင်းပေးခြင်းဖြစ်သည်။ ထို့ပြင်မက၊ ဘုရားသခင်၏သစ္စာရှိသောသက် သေခံများ ဖြစ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဤမြေကြီး
ပေါ်တွင်သူ၏အလိုပြည့်စုံစေရန် ဆုတောင်းရမည်။ ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် ရင်းရင်း နှီးနှီး
အမြဲဆက်ဆံခြင်း ဖြစ်သည်။
၎င်းသည် အသက်ဝိညာဉ်၏ အောက်စီဂျင်ဖြစ်၍၊ ၎င်းမပါလျှင်
ဝိညာဉ်သည်ချည့် နဲ့လာ၍ သေသွားလိမ့်မည်။ “ဆုတောင်းခြင်းသည် အခြေခံအကျဆုံးသော တာဝန်တစ်ခု ဖြစ်သည်။ ဆုမတောင်းပါက
ခရစ်ယာန်တစ်ယောက်ပုံမှန်လျှောက်လှမ်းနိုင်မည်မဟုတ် ချေ။ ၎င်းသည် လူကိုမြှင့်တင်သည်၊ အားဖြည့်ပေးသည်၊ ပြီးနောက်
ကျက်သရေတိုးစေ သည်။ ၎င်းသည်
ဘုရားသခင်နှင့် စကားပြောခြင်း ဖြစ်သည်။”
၅။ အသီးသီးသောအသက်တာ။ ယေရှုက၊ သူတို့၏ “အကျင့် (အသီး)
ကို ထောက်သော်
သူတို့၏သဘောကိုသိရကြလိမ့်မည်” (မဿဲ ၇း၂၀)
ဟုဆိုသည်။ အသီးသီး ခြင်းသည်
ခရစ်ယာန်ကြီးထွားခြင်း၏ အရေးကြီးသောလက္ခဏာတစ်ခုဖြစ်သည်။ ကျေးဇူးတော်အားဖြင့်
ကယ်တင်ခြင်းသည် နားထောင်ခြင်းနှင့် အသီးသီးခြင်းကို ငြင်း ပယ်ခြင်းအဖြစ် မကြာမကြာ အထင်လွဲခံရသည်။
ကျမ်းစာ၏သမ္မာတရားအပြင် နောက် ထပ်ဘာမျှထပ်ထည့်၍မရပါ။
ကျွန်ုပ်တို့သည် ခရစ်တော်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်က လုပ်ဆောင်ခဲ့ပြီး
သောအရာကို ယုံကြည်ခြင်းအားဖြင့် အခမဲ့ကယ် တင်ခြင်းရသည်မှာမှန်သည်။
ထိုသို့ဖြင့် ကျွန်ုပ်တို့သည် ကိုယ်ကိုကိုယ်၌ဝါကြွားစရာ ဘာမျှမရှိချေ (ဧ ၂း၇၊၈။
ယော ၃း၁၆)။ သို့သော် ကျွန်ုပ်တို့ကိုလုပ်ချင်ရာလုပ်ရန် ကယ်တင် ခြင်းခံရသည်
မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်နှင့် အညီအသက်ရှင်ရန် ကယ်တင်ခြင်းခံရသည်။ ပညတ်တော်စောင့်
ခြင်းဖြင့်ကယ်တင် ခြင်းသို့မရောက်၊
သို့သော် အကျင့်သည်အပြစ်မှ ဘုရားသခင်၏ ကျေးဇူး တော်ကြောင့် လွှတ်ခြင်း၏သဘာ၀
လိုက်လာသောအရာဖြစ်သည်။ ထိုကြောင့် “အကျင့်နှင့် ကင်းသော
ယုံကြည်ခြင်းသည် တစ်ပါးတည်းရှိသောကြောင့်အသေဖြစ်၏” (ယာ ၂း၁၇)။
(ယောဟန် ၁၄ နှင့် ၁၅) မှ ယေရှု၏အခိုင်အမာပြောဆိုချက်နှင့်
မျှော်လင့်ချက် တို့ကို စဉ်းစားကြည့်ပါ။
အခိုင်အမာပြောသည့်အရာမှာ သူနှင့်ခမည်းတော်၏ဆက်ဆံ ရေးဖြစ်၍၊ မျှော်လင့်ချက်မူကား
သူနှင့်သူ၏တပည့်တော်များ၏ဆက်ဆံရေးအတွက် ဖြစ်သည်။ ရှေးဦး
စွာ ယေရှုက “ငါသည် ခမည်းတော်၏
ပညတ်တို့ကိုစောင့်ရှောက်၍၊ ခမည်းတော်၏ မေတ္တာ၌ တည်နေသည်” (ယော ၁၅း၁၀) ဟု အခိုင်အမာဆိုသည်။ ယေရှု၏ ခမည်းတော်၏
စကားကိုနားထောင်ခြင်းသည် ပညတ်ချက်အရ လိုက်နာခြင်း မဟုတ်ဘဲ၊ ခမည်းတော်၏ မေတ္တာ၌ တည်နေခြင်း၏ရလဒ်ဖြစ်သည်။
ခမည်းတော်နှင့် သားတော်အကြားရင်းနှီးသော ဆက်ဆံရေး သည် မေတ္တာတစ်ခုတည်း၌သာအခြေခံ၍၊
ဤ မေတ္တာသည်သားတော်အား ဘုရားသခင်၏ အလိုတော်ကိုလက်ခံစေပြီး၊ ခါးသီး သောဂေသရှေမန် ဥယျာဉ်အတွေ့အကြုံနှင့်
ကရာနိကုန်းဖြစ်ရပ်များကိုမြည်း စမ်းစေ သည်။
ယေရှုသည် သူနှင့်ခမည်းတော်အကြား မေတ္တာအခြေခံသောဆက်ဆံရေးကို
သူနှင့် သူ့တပည့် တော်များအကြားရှိ ရမည့် ဆက်ဆံရေးမျိုး အဖြစ်အသုံးပြုသည်။
ယေရှုနှင့် ခမည်းတော်၏ ဆက်ဆံရေးသည် ခမည်းတော်၏စကားနားထောင်ခြင်းသို့ရှေ့ဆက်သကဲ့ သို့ပင်၊ တပည့်တော်များနှင့် ယေရှု၏ ဆက်ဆံရေးသည်
သူ့စကားကိုနားထောင်ခြင်းသို့ ရှေ့ဆက်ရ မည်။ “ငါ့ကိုချစ်လျှင်
ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့” (ယော ၁၄း၁၅)။ “ငါသည် ခမည်းတော်ကိုချစ်သည်ကိုလည်းကောင်း၊
ခမည်းတော်မှာတော်မူ သည်အ တိုင်း ငါ ပြုသည်
ကိုလည်းကောင်း၊ လောကီသားတို့ သိမည် အကြောင်းတည်း” (ယော ၁၄း၃၁)။
မိမိတပည့်တော်များအတွက်
ယေရှုထားရှိသောမျှော်လင့်ခြင်းကိုလေ့လာပါ။ သူ သည် ခမည်းတော်မိန့်မှာခဲ့သည်အတိုင်းပြုရာတွင်၊
သူနှင့်ခမည်းတော်၏ မေတ္တာကိုအခြ ခံသောဆက်ဆံရေးကို
လောကီသားများသိရှိရန်ဖြစ်သည်။ မေတ္တာအခြေခံသောဆက်ဆံ ရေးသည် ခမည်းတော်၏ အလိုကို
ဆောင်စေသည်။ သူသည် ခမည်းတော်ကိုချစ် သောကြောင့် ခမည်း
တော်၏ အလိုကို လိုလိုလားလားဆောင်ရွက်သည်။ ထိုနည်းတူ၊ ယေရှုသည် မိမိတပည့်
တော်များမှ မေတ္တာစမ်းရေကို ကြိုတင် မျှော်မှန်းသည်။ သူက “ငါ၌တည်နေကြလော့။ ငါသည် လည်းသင်တို့၌တည်မည်။ စပျစ်ခက်သည်
အပင်၌ မတည်လျှင်၊ ကိုယ်အလို
အလျောက် အသီး မသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည် လျှင်အသီးမသီးနိုင်ကြ” (ယော ၁၅း၄) ဟု ဆိုသည်။ အသီးသီးခြင်း၊ နားထောင်ခြင်းနှင့်
ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင် ခြင်းတို့သည် ဝိညာဉ်ရေးကြီးထွားခြင်း ၏ မရှိမဖြစ်လိုအပ်သော အမှတ်အသားများဖြစ်သည်။
အသီးမရှိခြင်းသည် ခရစ်တော်၌ မတည်ကြောင်းကို
ပြသ၏။
၆။ ဝိညာဉ်ရေးတိုက်ပွဲဝင်သောအသက်တာ။ ခရစ်ယာန်တပည့်တော် ဖြစ်ခြင်း သည် လွယ်ကူသောခရီးမဟုတ်ချေ။ ကျွန်ုပ်တို့သည်
အမှန်အကန်စစ်ပွဲ၊ အန္တရာယ်ရှိသော စစ်ဆင် ရေးကို ဆင်နွှဲနေကြသည်။ “ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်
တိုက်လှန်ရကြသည်မဟုတ်။ အထွတ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာ စက်တို့နှင့် လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုး
တရပြုလုပ်သောမင်းတို့နှင့် လည်းကောင်း၊ မိုးကောင်း ကင်၌နေသော နတ်ဆိုးတို့နှင့်
လည်းကောင်း၊ ဆိုင်ပြိုင်တိုက် လှန်ရကြ၏။
ထိုကြောင့်၊ ခဲယဉ်း ဆိုးယုတ်သောနေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကိုပြီးစီး၍
ခံရပ်နိုင်မည် အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့” (ဧ ၆း၁၂၊ ၁၃)။
ဤစစ်ပွဲတွင်၊ နတ်ဆိုးများသည်
ကျွန်ုပ်တို့ကိုအပြစ်ကျူးလွန်သည်ဟုစွပ်စွဲသည်။ ဘုရား သခင့်
နောက်လိုက်များ၏အမှုကိုဆောင်ရွက်နေကြသော ထာ၀ရဘုရား၏ ကောင်းကင် တမန်များသည်
သူတို့ကို မကောင်းမှုမှကယ်နုတ်၍၊ ဝိညာဉ်ရေးကြီးထွား ခြင်း၌ သူတို့ကို ကူညီသည် (ဆာ ၃၄း၇။ ၉၁း၁၁၊၁၂။ တ ၅း၁၉၊၂၀။
ဟေဗြဲ ၁း၁၄။ ၁၂း၂၂)။ ထိုကြောင့် စာတန်နှင့်အပေါင်းအပါသည် ကျွန်ုပ်တို့ကို
တပည့်တော်ဖြစ်ခြင်း၏ တောင်းဆိုချက်များမှ လှည့်သွားရန် အလေးအနက်လုပ်ကြံနေသည်။
စာတန်နှင့်သူ၏ တမန်များသည် ယေရှု၏
နောက်လိုက်များ အပေါ် အမျက်ထွက်၍ (ဗျာ ၁၂း၁၇)၊ စာတန်ကိုယ်တိုင်သည် “ဟောက် သော ခြင်္သေ့ကဲ့သို့ အဘယ် သူကိုမျိုရမည်နည်းဟူ၍
ရှာဖွေလျက်ရှိ၏” (၁ပေ ၅း၈)။ ဝိညာဉ်
ရေးကြီးထွားရာသို့ သွားသောလမ်းသည် စာတန်၏ ထောင်ချောက်များနှင့်ပြည့်ပြီး၊ ဤ နေရာ
တွင် ကျွန်ုပ်တို့၏ ဝိညာဉ်ရေး တိုက်ပွဲသည်
ရက်စက်ကြမ်းတမ်းလျက်ရှိသည်။ ထိုကြောင့် ပေါလုသည် အားရှိ စေသောစကားလုံးများကိုအသုံးပြုသည် (ဧ ၆း၁၂၊၁၃)။ “ခရစ်ယာန် အသက်တာ သည်
စစ်ပွဲသို့ချီတက်ခြင်းဖြစ်သည်။ ဤတိုက်ပွဲတွင်ဖယ်ရှောင်ခြင်းမရှိ၊ ဇွဲ
ကောင်းကောင်းဖြင့် ဆက်လက်ကြိုးပမ်းရမည်။ မရပ်မနားကြိုးစားခြင်းဖြင့်
ကျွန်ုပ်တို့သည် စာတန် ၏စုံ စမ်းခြင်း အပေါ်
အောင်မြင်ခြင်းကိုထိန်းသိမ်းသည်။ ခရစ်ယာန်ရိုးသား ဖြောင့်မှန် ခြင်းကို
အဆက်မပြတ်အားထုတ်ခြင်းဖြင့်ရှာ၍၊ ခိုင်မာသောဆုံးဖြတ်ချက်ဖြင့် ထိန်းသိမ်းရ မည်။
လူတိုင်းသည် ဤတိုက်ပွဲတွင်သူတို့အတွက်ပါဝင်ရမည်။ ကျွန်ုပ်တို့၏တိုက်ပွဲကို အခြား
သူမှ ဝင်တိုက်ပေး၍မရပါ။ ကျွန်ုပ်တို့သည် တစ်ဦးချင်းစီအနေဖြင့် တိုက်ပွဲဝင်ရန် တာ ဝန်ရှိ ကြသည်။”
သို့သော်လည်း၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို
ဤတိုက်ပွဲတွင်တစ်ယောက်တည်း မထားခဲ့ချေ။ ဘုရားသခင်ခရစ်တော်ယေရှု၌၊
သူ့အားဖြင့်အောင်မြင်ခြင်းကိုစီစဉ် ပေး ထားပြီးဖြစ်သည်
(၁ကော ၁၅း၅၇)။ သူသည် ကျွန်ုပ်တို့အားရန်သူကိုရင်ဆိုင်ရန် အသုံးပြု ရမည့်အသေအချာ စမ်းသပ်ထားသောလက်နက်စုံကို ပေးထားပြီးဖြစ်သည်။
ဤလက် နက်စုံတွင် သစ္စာခါးပန်း၊
ဖြောင့်မတ်ခြင်း ရင်အုပ်၊ ဧဝံဂေလိခြေစွပ်၊ ယုံကြည် ခြင်းဒိုင်းလွှား၊ ကယ်တင်
ခြင်းသံခမောက်၊ ဝိညာဉ်တော်ဓားနှင့် မကျရှုံးနိုင်သော ဆုတောင်းခြင်း တန်ခိုးတို့
ပါဝင် ကြောင်း ပေါလုဖော်ပြသည် (ဧ ၆း၁၃-၁၈)။ ထိုသို့ သောလက်နက်စုံဖြင့် ကာကွယ်လျက်၊
အားထား၍ယုံကြည်ကိုးစားရသော သန့်ရှင်းသော ဝိညာဉ် တော်၏တန်ခိုးကို
လုံးလုံးမှီခိုသောအခါမှသာ၊ ကျွန်ုပ်တို့သည် ဝိညာဉ်ရေး၌ ကြီးထွား၍၊ ကျွန်ုပ်တို့
ဆင်နွှဲနေသော တိုက်ပွဲ ကို အောင်နိုင်လိမ့်မည်။
၇။ ဝတ်ပြုကိုးကွယ်၊ သက်သေခံ၊ မျှော်လင့်သောအသက်တာ။ ခရစ်ယာန် ကြီး သည်
အလိုလိုဖြစ်မလာချေ။ တစ်နည်းအားဖြင့်၊ ၎င်းသည် ရွေးနုတ်ခံသူလူစုအထဲ၌ ဖြစ်ပေါ်သည်။
အခြားတစ်ဖက် တွင်လည်း၊ ရွေးနုတ်ခြင်းခံဖို့လိုသောလူစုထဲ၌ သက်သေ
ခံအဖြစ်ဖြစ်ပေါ်သည်။ တမန်တော်တို့ အစုကိုလေ့လာကြည့်ပါ။ ခရစ်တော်တက်ကြွပြီး မကြာမီ၊
သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးကို ရရှိသော ရှေးဦးအသင်းတော်သည် တစ်ဦး ချင်းဖြစ်စေ၊ အစုအဖွဲ့ဖြင့်ဖြစ်စေ၊ ဝတ်ပြုကိုးကွယ်ခြင်း၊
မိတ်သဟာယဖွဲ့ခြင်း၊ ကျမ်းစာ လေ့လာခြင်းနှင့်
သက်သေခံခြင်းတို့၌ ကြီးထွားရင့်ကျက်ကြောင်းကို ပြသခဲ့သည် (တ ၂း၄၂-၄၇။ ၅း၄၁၊၄၂။
၆း၇)။ စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းမရှိလျှင် ကျွန်ုပ်တို့၏ မိတ်သ ဟာယ၏ကိုယ်ပိုင်လက္ခဏာသည် လွဲချော်သွားသည်။ ကျွန်ုပ်တို့သည်
ကြီးထွား၍ရင့် ကျက် လာသည့်အရာမှာ
ဤမိတ်သဟာယ ဖွဲ့ခြင်းနှင့် အခြားသူများနှင့် ဆက်နွှယ်မှု တို့အားဖြင့်ဖြစ်သည်။ ထိုကြောင့် တမန်တော်က
ဤသို့အကြံပြုသည်။ “မေတ္တာစိတ်ရှိ စေခြင်းငှာလည်းကောင်း၊ ကောင်းသော အကျင့်ကို
ကျင့်စေခြင်းငှာလည်းကောင်း၊ တိုက် တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ထောက် စာ ကြည့်ရှုကြကုန်အံ့။
လူအချို့တို့၏ထုံးစံရှိသည်အတိုင်း၊ အချင်း ချင်းစည်းဝေး ခြင်းအမှု ကိုမရှောင်မလွှဲကြနှင့်။
အချင်းချင်းတို့ကိုတိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကိုထောက်သဖြင့်၊ သာ၍ကြိုးစားကြလော့” (ဟေဗြဲ ၁ဝး၂၄၊
၂၅)။
ကျွန်ုပ်တို့သည် ဝတ်ပြုကိုးကွယ်ခြင်း၊
ကျမ်းစာလေ့လာခြင်းနှင့် မိတ်သဟာယဖွဲ့ ခြင်းတို့၌
ကြီးထွားလေ၊ ကျွန်ုပ်တို့သည်အစေခံရန်နှင့် သက်သေခံရန်တိုက်တွန်းခြင်းခံ ရလေဖြစ်
သည်။ ခရစ်ယာန် ကြီးထွားခြင်းသည် အစေခံခြင်း၌ကြီထွားခြင်း (မ ၂ဝး၂၅-၂၈)နှင့်
သက်သေခံခြင်း၌ ကြီးထွားခြင်း တို့ကိုတောင်းဆိုသည်။ ယေရှုက “ခမည်း တော်သည် ငါ့ကို
စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကိုငါစေလွှတ်သည်” (ယော ၂ဝး၂၁)
ဟုဆိုသည်။ ခရစ်ယာန်အသက်တာသည် မိမိတို့အသိုက်အဝန်း ထဲကအသက် တာမျိုးကို ဘယ်ခါမျှ မဆိုလိုချေ။ ၎င်းသည်
သူတစ်ပါးကိုအလုပ်အကျွေး ပြုခြင်းနှင့် သက်သေခံခြင်းတို့၌ ပေးဆပ် သောအသက်တာဖြစ်သည်။
(ရှင်မဿဲခရစ်ဝင် ၂၈) တွင် မဟာစေစားချက်က လူအားလုံးသည် ဘုရားသခင်၏ကယ်တင်သော
ကျေးဇူးတော်ကို သိခြင်းငှာ
ကမ္ဘာတစ်ဝန်းသို့ အပြစ်ခွင့်လွှတ်ခြင်း ဧဝံဂေလိတရားကို ယူဆောင်ရန် အတွက် ကျေနပ်ဖွယ်ရင့်ကျက်ရန် ခရစ်ယာန် တို့ကို တာဝန်ပေးသည်။
ဝိညာဉ်ပကတိ အသက်တာနှင့်
ခရစ်ယာန်ကြီးထွားခြင်း၏ အမှတ် အသားမှာ ယေရုရှလင်မြို့ မှစ၍၊ ယုဒပြည်၊
ရှမာရိပြည်နှင့် မြေကြီးစွန်းတိုင်အောင် (တ ၁း၈) အမြဲတမ်း တိုးချဲ့၍သက် သေခံသောအသက်တာဖြစ်သည်။
ကျွန်ုပ်တို့သည်ယခုတိုင်ဝတ်ပြုကိုးကွယ်၍၊ မိတ်သဟာယဖွဲ့လျက်သက်သေခံ နေ ကြသေးသော်လည်း၊ ခရစ်ယာန်များအတွက်အချိန်သည် အနာဂတ်ကိုကြိုတင်မျှော် မှန်း နေသည်။ ပေါလုက၊ “ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော် မူခြင်းနှင့် ဆိုင်သောဆုကိုရခြင်းငှာ၊ ပန်းတုံးတိုင်သို့ငါလိုက်၍ပြေး၏” (ဖိ ၃း၁၂-၁၄)။ ထိုတမန်တော် ကပင် “ငါတို့သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၊ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ” (၁သက် ၅း၂၃) သန့်ရှင်း စင်ကြယ်သော အသက် တာဖြင့်နေထိုင်ပါ။ ထိုကြောင့် ခရစ်တော်၌ ကြီးထွားခြင်းသည် သူ၏မေတ္တာ၊ သန့်ရှင်းစင် ကြယ်ခြင်းနှင့် သက်သေခံခြင်းတို့၌ ကြီးထွားခြင်းနှင့် လာမည့် နိုင်ငံတော်၌ ကယ်တင်ခြင်း အတွေ့အကြုံ၏ နောက်ဆုံး ပြီးပြည့်စုံခြင်းကို မျှော်လင့် စောင့်စားခြင်း၌ ကြီးထွားခြင်းတို့ ဖြစ် သည်။ “နှိမ့်ချ၍ယုံကြည် သောသူတို့အတွက် မြေကြီးပေါ် က ဘုရားသခင် ၏ အိမ်တော်သည် ကောင်းကင်ဂိတ် တံခါးဖြစ်သည်။ ဘုရားသခင်၏ကိုယ်စားလှယ်များ၏ ချီးမွမ်း ခြင်းသီချင်း၊ ဆုတောင်းခြင်းနှင့် ပြောသော စကားများသည် အထက်ကအသင်းတော်အတွက်နှင့် မည်သည့် ညစ်ညူးသောအရာ မျှမဝင်နိုင်သည့်နေရာ၌ သာ၍မြင့်မြတ်သောဝတ်ပြုကိုးကွယ်ခြင်း အတွက် လူတို့ကိုပြင် ဆင်ရန် ဘုရားသခင်ခန့်ထားသောလုပ်ငန်းများဖြစ်သည်။”
- ၀ -
No comments:
Post a Comment