အခန်း - ၆ ဖန်ဆင်းခြင်း
ဘုရားသခင်သည် သမ္မာကျမ်းစာတွင်
မိမိ၏ဖန်ဆင်းခြင်းဆိုင်ရာလုပ်ဆောင်မှု သ မိုင်း
ဖြစ်ရပ်မှန် ကိုဖော်ပြခဲ့သည်။ ဘုရားသခင်သည်စကြ၀ဠာကိုဖန်ဆင်းခဲ့ပြီး၊ မကြာမီ ကခြောက်ရက် ဖန်ဆင်းခြင်းအတွင်း၊ ထာ၀ရဘုရားသည် “မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို” ဖန်ဆင်း၍၊ သတ္တမနေ့တွင်နားခဲ့သည်။ ထိုသို့ဖြင့်
သူသည်ခြောက်ရက် အတွင်းပြီးစီးစေခဲ့သောအလုပ်၏ ထာ၀ရ အထိမ်းအမှတ်အဖြစ် ဥပုသ်နေ့ကို
တည်ထောင်ခဲ့သည်။ ဥပုသ်နေ့သည် ယနေ့ကျွန်ုပ်တို့ တစ်ပတ်ဟု ခေါ်သော အလားတူအချိန်
အပိုင်းအခြားနှင့် ညီမျှသည်။ ရှေးဦးလူယောက်ျm;နှင့် လူမိန်းမတို့ကို ဖန်ဆင်းခြင်း၏ အထွတ်အထိပ်အဖြစ်၊
ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီဖန်ဆင်းပြီး၊ ကမ္ဘာကိုအုပ်စိုးခြင်းနှင့်
၎င်းကိုပြုစုခြင်း တာဝန်ကိုပေးအပ်ခဲ့သည်။ ကမ္ဘာကိုဖန်ဆင်း ပြီးသောအခါ၊ ဘုရားသခင်၏
ဘုန်းတော်ကို ထုတ်ဖော်သည်ဖြစ်ရာ၊ “အလွန်ကောင်း သည်” (က ၁၊၂၊၅၊၁၁။ ထွက်
၂ဝး၈-၁၁။ ဆာ ၁၉း၁-၆။ ၃၃း၆၊၉။ ၁၀၄။ ဟေရှာ ၄၅း၁၂ ၊၁၈။ တ ၁၇း၂၄။ ကော ၁း၁၆။ ဟေဗြဲ ၁း၂။ ၁၁း၃။ ဗျာ ၁ဝး၆။
၁၄း၇။)။
သမ္မာကျမ်းစာဖြစ်စဉ်သည်ရိုးရှင်းသည်။ ဘုရားသခင်၏ဖန်ဆင်းနိုင်စွမ်းအမိန့် တော်ဖြင့်၊ “မိုးကောင်းကင်၊ မြေကြီး၊
သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှ” (ထွက် ၂ဝး၁၁) တို့ သည်ချက်ချင်း ပေါ်လာခဲ့သည်။ ခြောက်ရက်တာမျှအတွင်း၊ “အဆင်း သဏ္ဌာန်မရှိ၊ လွတ် လပ်လဟာ” အဖြစ်မှ၊
အရွယ်ရောက်သော တိရစ္ဆာန်များနှင့် သစ်ပင်အမျိုးမျိုးဖြင့်ဖွေး ဖွေးလှုပ်သည့် စိမ်းလန်းစိုပြည်သော ကမ္ဘာကိုမြင်ခဲ့ရသည်။
ကျွန်ုပ်တို့၏ ကမ္ဘာသည် ရှင်း လင်းစင်ကြယ်
တောက်ပသောအရောင်များ၊ ပုံစံအမျိုးမျိုးနှင့် နံ့သာပေါင်းစုံဖြင့် အလှ ဆင်ထားပြီး၊ အကောင်း ဆုံးသောအရသာနှင့် အသေးစိတ်ကျသော
လုပ်ဆောင်မှုတို့ နှင့် အတူထားရှိသည်။
ထို့နောက်ဘုရားသခင်သည်ပျော်မွေ့ရန် ခေတ္တ “ငြိမ်ဝပ်စွာနေတော်မူ၏။” ထို ခြောက်ရက်
ဖန်ဆင်းခြင်း၏အလှနှင့် ထည်ဝါမှုကို၊ သူနားသောကြောင့် ထာ၀ရအမှတ်ရ နေမည်။
သမ္မာကျမ်းစာ၏ အစအဦးမှတ်တမ်းကို အမြန်လေ့လာကြပါစို့။
“အစအဦး၌
ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏” (က ၁း၁)။ မြေကြီးကို ရေနှင့်အမှောင်ထုက ဖုံးကွယ်ထားသည်။
ပထမနေ့တွင် အလင်းနှင့် အ မှောင် ကိုခွဲခြား၍၊
အလင်းကိုနေ့၊ မှောင်မိုက်ကိုညဟုခေါ်သည်။
ဒုတိယနေ့တွင် ဘုရားသခင်သည် “ရေနှင့်ရေချင်းခြားနားစေ” ၍၊ မိုး မျက်နှာကြက် အောက်၌ ရှိသော
ရေနှင့်လေထုကိုခွဲခြားကာ၊ အသက်အတွက်သင့်လျော်သော အခြေ အနေကို ဖန်ဆင်းခဲ့သည်။
တတိယနေ့တွင် ဘုရားသခင်သည်ရေကိုတစ်နေရာတွင် စုဝေးစေ၍၊
ကုန်းနှင့် ပင် လယ် ကို ဖြစ်တည်စေခဲ့သည်။ ထို့နောက် ဘုရားသခင်သည်
ဘာမျှမရှိ၊ လွတ်လပ်လဟာ ဖြစ်နေ သော ကမ်းခြေများ၊ တောင်ကုန်းများနှင့်
ချိုင့်ဝှမ်းများကို ဆင်မြန်း၍၊ “မြေသည် မြက်ပင်ကို လည်းကောင်း၊ စပါးသီးမျိုးကိုဖြစ်စေသောစပါးပင်ကို
လည်းကောင်း၊ မိမိ၌ မျိုးစေ့ပါလျက်
သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင် ကိုလည်းကောင်း ပေါက်စေ၏” (က ၁း၁၂)။
စတုတ္ထနေ့တွင်ဘုရားသခင်သည် “နိမိတ်လက္ခဏာ၊
ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဖို့၊” နေ၊ လ၊ ကြယ်တို့ကိုတည်စေခဲ့သည်။ နေသည် နေ့အ တွက်၊ လသည်ညကို အုပ်စိုးရန်ဖြစ်သည် (က ၁း၁၄-၁၆)။
ဘုရားသခင်သည်ငှက်များနှင့် ရေနေသတ္တဝါများကို ပဉ္စမနေ့တွင်
ပုံသွင်းခဲ့သည်။ သူသည် ၎င်းတို့ကို “အမျိုးအလိုက်” (က ၁း၂၁) ဖန်ဆင်းခဲ့သည်အရာမှာ၊ သူဖန်ဆင်းခဲ့ သော သတ္တဝါများသည် ၎င်းတို့၏ အမျိုးအလိုက်၊
မပြောင်းမလဲမျိုးပွားရန် ဖြစ်ကြောင်း ကိုညွှန်ပြ၏။
ဆဌမနေ့တွင် ဘုရားသခင်သည်သာ၍အဆင့်မြင့်သော
တိရစ္ဆာန်ကိုဖန်ဆင်းခဲ့ သည်။ သူက၊ “မြေသည်အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသောသားယဉ်တို့ကိုလည်း ကောင်း၊ တွားတတ်သောတိရစ္ဆာန်တို့ကိုလည်းကောင်း၊
သားရဲမျိုးတို့ကိုလည်း ကောင်း၊ မွေးဖွားစေဟု
အမိန့်တော်ရှိ သည် အတိုင်းဖြစ်လေ၏” (က ၁း၂၄)။
ထို့နောက်၊ ဖန်ဆင်းခြင်း၏အထွတ်အထိပ်အဖြစ်၊ “ဘုရားသခင်သည် မိမိပုံ သဏ္ဌာန်နှင့် အညီလူကိုဖန်ဆင်းတော်မူ၏။
ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့် အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းတော်မူ၏” (က ၁း၂၇)။ “ဘုရားသခင်သည်
မိမိဖန်ဆင်းသမျှသောအရာ တို့ကိုကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကိုမြင်တော်မူ၏” (က ၁း၃၁)။
ဘုရားသခင်၏ဖန်ဆင်းနိုင်သောနှုတ်ထွက်စကား
ဆာလံဆရာက၊ “ထာ၀ရဘုရား၏နှုတ်ကပတ်တော်အားဖြင့်
မိုးကောင်းကင်ကို လည်းကောင်း၊ နှုတ်တော်အသက်အားဖြင့်
မိုးကောင်းကင်တန်ဆာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏” (ဆာ ၃၃း၆) ဟုရေးခဲ့သည်။ ဤဖန်ဆင်းနိုင်သောနှုတ်ထွက်စကား သည်မည် ကဲ့သို့လုပ်ဆောင်သနည်း။
ဖန်ဆင်းနိုင်သောစကားနှင့်ရှိနှင့်သောအရာ။
ကမ္ဘာဦးကျမ်းကိုခြောက်ရက် ဖန်ဆင်း ခြင်း၏
ကြီးကျယ်သောဖြစ်ရပ်ကို ဘုရားရှင်၏ပြောင်းလဲစေနိုင်သောစကားဖြင့် အစပြု သည် (က ၁း၃၊ ၆၊ ၉၊ ၁၁၊ ၁၄၊ ၂၀၊ ၂၄)။
ဖန်ဆင်းနိုင်သောစွမ်းအင်ဖြင့် မိန့်တော် မူချက် တိုင်းသည် “အဆင်းသဏ္ဌာန်မရှိ၊
လွတ်လပ်လဟာ” ဖြစ်သောဂြိုဟ်ကို၊
ပါရဒိသုဘုံအဖြစ် ပြောင်းလဲခဲ့ သည်။ “ထာ၀ရဘုရားမြွက်ဆို၍၊ မြွက်ဆိုတော်မူသည် အတိုင်းဖြစ်၏။
အမိန့်တော်ရှိ၍၊ မိန့်တော်မူသည်အတိုင်းတည်လျက်နေ၏” (ဆာ ၃၃း၉)။
အကယ်စင်စစ်၊ “လောကဓာတ်တို့သည်
ဘုရားသခင်အမိန့်တော်ကြောင့်သာ တည်သည်” (ဟေဗြဲ ၁၁း ၃)။
ဤဖန်ဆင်းနိုင်သောစကားသည် ရှိနှင့်သောအရာအပေါ်မတည်မှီချေ။ ”ယခု မြင်ရ သောအရာတို့သည်
အလျင်ထင်ရှားသောအရာထဲကမဖြစ်ဘဲ၊ လောကဓာတ်တို့သည် ဘုရားသခင်၏ အမိန့် တော်
ကြောင့်သာတည်သည်ကို ငါတို့သည်ယုံကြည်ခြင်းအားဖြင့် သိကြ၏” (ဟေဗြဲ ၁၁း၃)။ တစ်ခါ တစ်ရံဘုရားသခင်သည် ရှိနှင့်သောအရာကိုအသုံးပြုခဲ့ သည်။ အာဒံနှင့်သားရဲတိရစ္ဆာန်များကို မြေကြီးဖြင့်ဖန်ဆင်း၍၊
ဧ၀ကိုအာဒံ၏နံရိုးဖြင့် ဖန် ဆင်းခဲ့သည် (က ၂း၇၊ ၁၉၊
၂၂)။ အဆုံးတွင် ဘုရား သခင် သည်အရာရာကို ဖန်ဆင်းခဲ့ သည်။
ဖန်ဆင်းခြင်းဖြစ်စဉ်
ကမ္ဘာဦးကျမ်း၏ဖန်ဆင်းခြင်းအကြောင်းကို
မေးခွန်းများစွာထုတ်ခဲ့ကြသည်။ ကမ္ဘာဦးကျမ်း၌ ပါသောဖန်ဆင်းခြင်း အကြောင်းနှစ်ခု (က
၁၊၂) သည် တစ်ခုနှင့် တစ်ခု ဆန့် ကျင်ပါသလော၊ သို့မဟုတ် တစ်သမတ်တည်းဖြစ်သလော။ ဖန်ဆင်းခြင်း
နေ့ရက် များသည် အရှိ
အတိုင်းဖြစ်သလော၊ သို့မဟုတ် နှစ်ပေါင်းများစွာကိုကိုယ်စားပြုသ လော။ နေ၊ လ၊ ကြယ်များ တို့ကို အမှန်ပင် လွန်ခဲ့သော
နှစ်ပေါင်း (၆၀၀၀) က ဖန်ဆင်း ခဲ့သလော။
ဖန်ဆင်းခြင်းဖြစ်ပျက်ပုံ။ ကမ္ဘာဦးကျမ်း ၁း၁ မှ ၂း၃ က ဖန်ဆင်းခြင်းနှင့် ကမ္ဘာဦး ကျမ်း ၂း၄-၂၅ မှ ဖန်ဆင်းခြင်းတို့သည်ကိုက်ညီသည်။
ပထမဖြစ်စဉ်သည် အရာအားလုံးဖန်ဆင်းခြင်းကို
အစဉ်အလိုက်ပြန်ပြောပြသည်။
ဒုတိယဖြစ်စဉ်ကို “သားစဉ်မြေးဆက်စာရင်းဟူမူကား”
ဖြင့်အစပြုသည်။ ၎င်း သည် ကမ္ဘာဦးကျမ်းတွင်၊
မိသားစုသမိုင်းကိုစတင်ကြောင်းကိုဖော်ပြသည်။ ဤဇာတ် ကြောင်းသည် ဖန်ဆင်းခြင်း၌
မိသားစု၏နေရာကိုဖော်ပြသည်။ ၎င်းသည် နှစ်ကာလ အစဉ်အတိုင်း တိတိ ကျကျမဟုတ်သော်လည်း၊
အရာရာသည်လူသားအတွက်ပတ်ဝန်း ကျင်ကိုပြင်ဆင်ရန်ဖြစ်
ကြောင်းဖော်ပြသည်။ ၎င်းသည် အာဒံနှင့်ဧ၀ကိုဖန်ဆင်းခြင်း နှင့် ဧဒင်ဥယျာဉ်ဖန်ဆင်းခြင်းကို သာ၍အသေးစိတ်ပြသသည်။
ထို့ပြင်မက၊ ၎င်းသည် လူ့သ ဘာ၀နှင့် ဘုရားရှင်၏
အုပ်စိုးခြင်း ကိုသရုပ်ဖော်သည်။ ဤဖန်ဆင်းခြင်း အကြောင်း နှစ်ခု ကို အရှိအတိုင်းနှင့်သမိုင်း ကဲ့သို့ လက်ခံ မှသာလျှင်၊
၎င်းတို့သည် ကျန်သောသမ္မာကျမ်း စာ
နှင့်လိုက်ဖက်နိုင်မည်။
ဖန်ဆင်းခြင်းရက်များ။ သမ္မာကျမ်းစာ၏ဖန်ဆင်းခြင်းနေ့ရက်များသည် ပကတိ (၂၄) နာရီ
သဘောဆောင်သည်။ ဓမ္မဟောင်းအချိန်က ဘုရားသခင်၏လူတို့သည် အချိန် ကို တိုင်း တာသည့်၊ “ညဦးနှင့်နံနက်” (က ၁း၅၊၈၊၁၃၊၁၉၊၂၃၊၃၁) ဟူသည့်နေ့ရက်တိုင်း သည် ညဦးသို့မဟုတ် နေဝင်ချိန် (ဝတ် ၂၃း၃၂။ တရား ၁၆း၆)
ဖြင့်အစပြုကြောင်းသတ် မှတ်သည်။ ဤဖော်ပြချက်သည်
ဝတ်ပြုရာကျမ်းတွင် ပကတိတစ်ရက်ကိုဆိုလိုပြီး၊ ကမ္ဘာဦးကျမ်းတွင် နှစ်ပေါင်းထောင်ချီ၊
သန်းချီ၍ ဆိုလိုသည် ဟုဆိုခြင်းအတွက် အ ကြောင်းပြချက်မရှိပါ။
ကမ္ဘာဦးကျမ်း ၁ တွင် “ရက်” ဟူ၍ပြန်ဆိုသောဟေဗြဲစကားလုံးမှာ “ယွမ်” (ပသာ) ဖြစ်သည်။ “ယွမ်” (ပသာ)
ကိုဂဏန်းလုံးများကတွဲပါလာလျှင်၊ ၎င်းသည် အမြဲတမ်းပက တိ (၂၄) နာရီကိုဆိုလို၍ (ဥပမာ က ၇း၁၁။ ထွက် ၁၆း၁)၊ ဖန်ဆင်းခြင်းရက်များသည်
ပကတိ (၂၄) နာရီကိုပြောဆိုသည့် အခြား ညွှန်ပြချက်ဖြစ် သည်။
ပညတ်တော် (၁၀) ပါးကလည်း၊
ကမ္ဘာဦးကျမ်းမှဖန်ဆင်းခြင်းဖြစ်စဉ်တွင် ပကတိ ရက်များ ပါဝင်ကြောင်းအခြားသော အထောက်အထားကိုပေးသည်။
စတုတ္ထပညတ် တွင် ဘုရားသခင်က၊ “ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုအောက်မေ့လော့။ ခြောက် ရက်ပတ်လုံးအလုပ်မျိုးကို
ကြိုးစား၍လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင်ထာ၀ရဘုရား၏ ဥပုသ်နေ့ ဖြစ်
၏။ ထိုနေ့၌... အလုပ်မလုပ်ရ။ အကြောင်းမူ ကား၊
ထာ၀ရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာအရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်
တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့်ထာ၀ရ ဘုရားသည် သတ္တမနေ့ရက်ကိုကောင်းချီးပေး၍၊ သန့်ရှင်းစေတော်မူ၏” (ထွက် ၂ဝး၈-၁၁) ဟုဆိုခဲ့သည်။
ဘုရားသခင်သည် ဖန်ဆင်းခြင်းအကြောင်းကို လိုရင်းတိုရှင်း
ပြန်ပြောပြခြင်းဖြစ် သည်။ ရက် (yom) တိုင်းသည် ဖန်ဆင်းသည့်လုပ်ငန်းဖြင့်ပြည့်နေသည်။
ထို့နောက်၊ ဥပုသ်နေ့သည်
ဖန်ဆင်းခြင်း၏ အထွတ်အထိပ်ဖြစ်သည်။ ထို့ကြောင့် (၂၄) နာရီကြာ သောဥပုသ်နေ့သည် ဖန်ဆင်းခြင်းရက် သတ္တပတ်၏
အထိမ်းအမှတ်ဖြစ်သည်။ ရက်တစ် ရက်စီကို ရှည်လျားသော ကာလအဖြစ် ဆွဲဆန့်ခဲ့ လျှင် စတုတ္ထပညတ်သည် အဓိပ္ပါယ် ကင်းမဲ့လိမ့်မည်။
ထို့ကြောင့်၊ “ကျမ်းစာသမိုင်းကြောင်းတစ်လျှောက်
ထိန်းသိမ်းယူဆောင်လာ သည့် ခြောက်ရက် အလုပ်လုပ်၍၊ သတ္တမနေ့တွင်နားသော၊
ခုနစ်ရက်တစ်ပတ်စက်ဝိုင်းသည် ပထမခုနစ်ရက်၏ ကြီးမားသောအချက်အလက်များမှအစပြုခဲ့သည်။
၂ပေ ၃း၈ မှ “ထာ၀ရဘုရားမှာကာလတစ်ရက်သည်
အနှစ်တစ်ထောင်ကဲ့သို့” ကို
ကိုးကားသူတို့က၊ ထိုကျမ်းချက်သည် အနှစ်တစ်ထောင်သည် “တစ်ရက်ကဲ့သို့” ဖြင့်အဆုံး သတ်သည်ကို
မျက်စိလျှမ်း၍၊ ဖန်ဆင်းခြင်းရက်များသည် ပကတိ (၂၄) နာရီမဟုတ်ဟု
သက်သေပြရန်ကြိုးစားကြသည်။ ဖန်ဆင်းခြင်းရက်များကို နှစ်ပေါင်းသန်းပေါင်း ထောင် ချီ၍ ပင်ကြာနိုင် သည်ဟူ၍ ဖတ်သောသူတို့သည် ဘုရားသခင့်
နှုတ်ကပတ်တော်၏ ခိုင် လုံမှုကို သံသယဖြစ် နေကြခြင်းဖြစ်သည်။ “ပထမအပတ် ဖန်ဆင်းခြင်းသည် နှစ်ပေါင်း ထောင်ပေါင်းများစွာလိုအပ် သည်ဟုယူဆခြင်းသည် စတုတ္ထပညတ်၏
အုတ်မြစ်ကို တိုက်ရိုက်တိုက်ခိုက်သည်။
...၎င်းသည် မသိမသာအစိမ့်ဝင်ကူးစက် ဆုံးသောဖောက်ပြန် မှုဖြစ်သောကြောင့်၊ အန္တရာယ် အရှိဆုံးသောပုံစံ၌ရှိနေသည်။
၎င်း၏ စစ်မှန်သောလက္ခ ဏာကို
အလွန်ရုပ်ဖျက်ထားပြီး၊ သမ္မာကျမ်းစာကိုယုံကြည်ပါသည်ဟု ဆိုသောသူများစွာ က ၎င်းကိုစွဲကိုင်ပြီး၊ သင်ပေးကြ၏။}
ကောင်းကင်ကားအဘယ်နည်း။ ဘုရားသခင်သည် “ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏” (က ၁း၁) နှင့် လွန်ခဲ့သောနှစ်ပေါင်း (၆၀၀၀) ကျော်က၊
ဖန်ဆင်းခြင်း အပတ်၏ စတုတ္ထနေ့တွင် နေ၊ လ၊ ကြယ် တို့ကိုဖန်ဆင်းခဲ့သည်။ (က ၁း၁၄-၁၉)
ဟူသော ကျမ်းချက်များကြောင့် လူတချို့ဇဝေဇဝါဖြစ်ကြ သည်ကိုနားလည်နိုင်သည်။ ကောင်း ကင်မှနက္ခတ်တာရာ
အားလုံးကို ထိုအချိန်ကဖန်ဆင်းခဲ့သလော။
ဖန်ဆင်းခြင်းအပတ်တွင် ထာ၀ရကာလမှစ၍ ဘုရားသခင်ကိန်းဝပ်သော
ကောင်း ကင်မပါဝင်ခဲ့ပါ။ (က ၁
နှင့် ၂) က “ကောင်းကင်” သည် ကျွန်ုပ်တို့၏ နေမိသားစုကို သေ ချာသလောက်ရည်ညွှန်း၏။
အမှန်မှာ၊ ကမ္ဘာမြေသည် ခရစ်တော်၏ပထမလက်ရာအစား၊ နောက်ဆုံး
လက်ရာ ဖြစ်နိုင်ချေရှိသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏
သားများအဖြစ်ပုံဖော်သည်။ မကျရှုံးသော
ကမ္ဘာများမှ အာဒံတို့သည်ဘုရားသခင်နှင့် တွေ့ဆုံခဲ့ကြသည် (ယောဘ ၁း၆-၁၂)။ ယခုအထိ၊ အာကာသလေ့လာ
မှုများသည် လူသူနေထိုင်သော ဂြိုဟ်များကို မတွေ့ရှိသေးချေ။
၎င်းတို့သည် အပြစ်မကူးစက်စေရန်၊ ကျွန်ုပ်တို့၏ အပြစ်နှင့် ညစ်ညမ်းသောနေမိသားစု၏
လက်လှမ်းမမီသော ကျယ်ပြောလှသည့် အာကာသ ထဲတွင်ရှိနေနိုင်သည်။
ဖန်ဆင်းရှင်ဘုရားသခင်
ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် မည်ကဲ့သို့သောဘုရားဖြစ်သနည်း။
ဤကဲ့သို့သော အနန္တပုဂ္ဂိုလ်သည် မိမိ၏စကြ၀ဠာ၏ဝေးလှသောထောင့်တစ်နေရာတွင် မြူမှုန်မျှ
ဖြစ် သော
ကျွန်ုပ်တို့ကိုစိတ်ဝင်စားပါသလား။ ကမ္ဘာမြေကိုဖန်ဆင်းပြီးနောက်၊ သူသည် သာ၍ ကြီးပြီးကောင်းသောအရာနောက်သို့ လိုက်သလော။
ဂရုစိုက်သောဘုရား။ သမ္မာကျမ်းစာ၏ဖန်ဆင်းခြင်းအကြောင်းသည် ဘုရားသခင် နှင့် စတင်၍၊ လူသားများအကြောင်းကိုဆက်ပြောသည်။ ၎င်းသည်
ကောင်းကင်နှင့် မြေကြီးကို
ဖန်ဆင်းရာတွင်၊ ဘုရားသခင်သည်လူသားမျိုးနွယ်အတွက် ပြည့်စုံသောပတ် ဝန်းကျင်ကို ပြင်ဆင်နေခြင်းဖြစ်သည်။ လူယောကျ်ား လူမိန်းမတို့ သည် သူ၏ကြီးကျယ် သော အပြောင် မြောက်ဆုံးလက်ရာဖြစ်သည်။
ဖန်ဆင်းခြင်းအကြောင်းသည်
ဘုရားသခင်ကိုမိမိဖန်ဆင်းသောအရာကို ဂရုစိုက် သည့်စေ့စပ်သော စီစဉ်သူအဖြစ်ဖော်ပြသည်။ သူသည်
လူတို့အတွက်အထူး ဥယျာဉ်ကို စိုက်ပေး၍၊ ၎င်းကို
ပျိုးထောင်မည့်တာဝန်ကိုပေးသည်။ သူသည် လူသားတို့ကို ဖန်ဆင်း ရာတွင်၊ သူတို့သည် သူနှင့် ဆက်ဆံမှုရှိနိုင်မည်ဖြစ်သည်။
၎င်းသည် အတင်း အကျပ်ဖြင့်၊ သဘာ၀မကျသော
ဆက်ဆံရေးမဟုတ်ချေ။ ကိုယ်တော်သည်သူတို့ကို လွတ်လပ်သော ရွေးချယ်ခွင့်နှင့် သူ့ကို ချစ်၍ ကိုးကွယ်နိုင်စွမ်း
တို့ဖြင့် ဖန်ဆင်းခဲ့သည်။
ဖန်ဆင်းရှင်ဘုရားသည်အဘယ်သူနည်း။
သုံးပါးတစ်ဆူဘုရားအားလုံးသည် ဖန် ဆင်းခြင်း၌
ပါဝင်ခဲ့ကြသည် (က ၁း၂၊၂၆)။ သို့သော်ငြားလည်း၊ အဓိက လုပ်ဆောင်သူမှာ ဘုရားသခင်၏
သားတော်၊ ယခင်ရှိနှင့်သော ခရစ်တော်ပင်ဖြစ်သည်။ ဖန်ဆင်းခြင်း အကြောင်း ပဏာမတွင်၊
မောရှေသည်၊ “အစအဦး၌ဘုရားသခင်သည်
ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏} ဟုရေးခဲ့သည်။ ဤစာလုံးများကိုမှတ်မိရင်း၊ ယောဟန် သည် ဖန်ဆင်းခြင်းတွင် ခရစ်တော်၏ အခန်းကဏ္ဍကို ဖော်ပြခဲ့သည်။
“အစအဦး၌ နှုတ် ကပတ်တော်ရှိ၏။
နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း၊ ဘုရားသခင်ဖြစ်တော်မူ၏။... နှုတ်ကပတ်တော်သည်
ခပ်သိမ်းသောအရာ တို့ကိုဖန်ဆင်းတော်မူ၏။
ဖန်ဆင်းခြင်းနှင့်ကင်းလွတ်လျက်ရှိသော အရာတစ်စုံတစ်ခုမျှ မရှိ၊” (ယော ၁း၁-၃)။
နောက်ပိုင်းတွင်၊ ယောဟန်သည် နှုတ်ကပတ်တော်ဟု မိမိရည်ညွှန်း ရေးသားသော သူမှာခရစ်တော်ဖြစ်သည်ကို
ရှင်းလင်းစွာဖော်ပြခဲ့သည်။ “နှုတ်ကပတ် တော်သည်လည်း လူဇာတိ အဖြစ်ကိုခံယူ၍၊...
ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊...
သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ” (ယော ၁း၁၄)။
အမိန့်တော်ရှိ၍၊ ကမ္ဘာမြေ ကိုဖြစ်တည် လာစေသော
ဖန်ဆင်းရှင် မှာ ယေရှုဖြစ် သည် (ဧ ၃း၉။ ဟေဗြဲ ၁း၂)။
ဘုရားသခင်၏မေတ္တာကိုပြသသူ။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည်
နက်နဲလှ သည်တကား။
ခရစ်တော်သည်တယုတယဖြင့် အာဒံဘေးတွင်ဒူးထောက်လျက် ဤပထ မလူသား၏ လက်ကိုပုံသွင်းချိန်တွင်၊ တစ်နေ့သောအခါ
လူသားတို့၏လက်ကို အလွဲသုံး စားပြု၍၊
အဆုံးတွင်မိမိအား လက်ဝါးကပ်တိုင်တွင်သံမှိုရိုက်မည်ကို သိရှိထား ပေလိမ့် မည်။ တစ်နည်းအား ဖြင့်၊ ဖန်ဆင်းရှင် ခရစ်တော်သည်
ကမ္ဘာဦးကပင်အသတ်ခံ ပြီးဖြစ်ရာ (ဗျာ ၁၃း၈)၊ ဖန်ဆင်း ခြင်းနှင့် လက်ဝါးကပ်တိုင်သည်
ပေါင်းစည်းလျက် ရှိသည်။
သူ၏ကြိုတင်သိရှိခြင်းသည် သူ့ကို မရပ်တန့်စေခဲ့ပါ။ ကရာနိကုန်း၏ ကြောက်
မက်ဖွယ်မိုးတိမ်အောက်တွင်၊ ခရစ်တော်သည် အာဒံ၏နှာခေါင်းထဲသို့ဇီ၀အသက်ကိုမှုတ် သွင်းခဲ့ရာတွင်၊ ဤဖန်ဆင်းနိုင်သော လုပ်ဆောင် မှုသည် မိမိ၏
ဇီ၀အသက်ကိုဆုံးရှုံး စေမည် ဖြစ်ကြောင်းကိုလည်း
သိနေခဲ့သည်။ နားမလည် နိုင်သောချစ်ခြင်းမေတ္တာ သည် ဖန်ဆင်းခြင်း၏ အခြေခံ ဖြစ်သည်။
ဖန်ဆင်းခြင်း၏ရည်ရွယ်ချက်။
ဘုရားသခင်၏ လုပ်ဆောင်မှုအားလုံးကို ချစ်ခြင်းမေတ္တာက
လှုံ့ဆော်သည်။ အကြောင်းမှာ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူသည် (၁ယော ၄း၈)။
ကျွန်ုပ် တို့သည်
သူ့ကိုချစ်နိုင်ရန် သာမက၊ သူသည် ကျွန်ုပ်တို့ကိုချစ်နိုင်ရန်လည်းဖန်ဆင်းခဲ့ သည်။ ဖန်ဆင်းခြင်းတွင်၊ သူသည်
အကြီးမားဆုံးသောလက်ဆောင်ဖြစ်သည့် ဖြစ်တည် ခြင်းကိုပေးခဲ့သည်။
ထိုသို့ဆိုသော်၊ သမ္မာကျမ်းစာ သည်စကြ၀ဠာနှင့် ၎င်း၌ နေထိုင်သူ များမည်သည့် ရည်ရွယ် ချက်အတွက်ရှိသည်ကိုဖော်ပြပါသလား။
ဘုရားသခင်၏ဘုန်းတော်ကိုဖော်ပြရန်။ သူ၏ဖန်ဆင်းသောလက်ရာ များအား ဖြင့်၊ ဘုရားသခင်သည် မိမိဘုန်းတော်ကိုဖွင့်ပြသည်။ “မိုးကောင်းကင်သည် ဘုရားသခင် ၏ ဘုန်းအသရေတော်ကိုကြားပြော၍၊ မိုးမျက်နှာကြက်သည်
လက်တော်နှင့် လုပ်သော အရာများ ကို ပြသ၏။ တစ်နေ့ကို
တစ်နေ့မြွက်ဆို၍၊ တစ်ညကိုတစ်ညသွန်သင်၏။ နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ။
သူတို့နှုတ်ထွက် သံကိုမကြားရသော်လည်း၊ သူတို့၏ အသံသည် မြေတစ်ပြင်လုံး ၌နှံ့ပြား၍၊ သူတို့၏စကားသည်
မြေကြီးစွန်းတိုင် အောင် ရောက်လေ၏” (ဆာ ၁၉း၁-၄)။
အဘယ်ကြောင့်ဘုရားသခင်၏ ဘုန်းတော်ကို ထိုမျှလောက်ပြသရသနည်း။
သဘာ၀တရားသည် ဘုရားသခင်အတွက်သက်သေခံအဖြစ်လုပ်ဆောင်သည်။ မိမိဖန် ဆင်းသောအရာများ တစ်ခုချင်းစီသည်
မိမိ၏ဖန်ဆင်းရှင်ကိုညွှန်ပြရန် ကိုယ်တော် ရည် ရွယ်သည်။ ပေါလုက “ဖန်ဆင်းတော်မူ သောအရာများကို ထောက်ရှုသဖြင့်၊ ထာ၀ရ တန်ခိုးတော်နှင့်
ထာ၀ရအဖြစ်တော်တည်းဟူသော မျက်မြင်မရသောဘုရားသခင်၏ အ ရာတို့သည် ကမ္ဘာတည်သည်
ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏” (ရော ၁း၂၀) ဟု ဆို သည်။
ကျွန်ုပ်တို့သည် သဘာ၀တရားအားဖြင့် ဘုရားသခင်ထံ
ဆွဲယူခံရသောအခါ၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အသက်တာထဲသို့ ဖြည့်သွင်းနိုင်သော
ဘုရားသခင်၏ ဂုဏ်တော် လက္ခဏာများ အကြောင်း ကို ကျွန်ုပ်တို့သည်သာ၍သင်ယူနိုင်မည်။
ပြီးနောက်၊ ဘုရား သခင်၏ဂုဏ်တော်ကို
ရောင်ပြန်ဟပ်ခြင်းဖြင့်၊ ကျွန်ုပ်တို့သည် သူ၏ဘုန်းကိုထင်ရှားစေ ပြီး၊ ကျွန်ုပ်တို့အားဖန်ဆင်းရခြင်း ၏ရည်ရွယ်ချက်ကို
ဖြည့်စွက်နိုင်မည်။
ကမ္ဘာကိုပြည့်စေရန်။ ကမ္ဘာမြေသည်အထီးကျန်ပြီး၊ လူသူကင်းမဲ့ရန် ဘုရားသခင်
မရည်ရွယ်ခဲ့ပါ။ ၎င်းသည် လူသူနေထိုင်ရန်ဖြစ်သည် (ဟေရှာ ၄၅း၈)။ ပထမလူ သားသည် မိမိအဖော်လိုအပ် ကြောင်းခံစားရသောအခါ၊ ဘုရားသခင်သည်
လူမိန်းမကို ဖန်ဆင်းခဲ့သည် (က ၂း၂၀။
၁ကော ၁၁း၉)။ ထိုသို့ဖြင့်၊ သူသည် လက်ထပ်ထိမ်း မြားခြင်းကိုစတင်ခဲ့သည် (က ၂း၂၂-၂၅)။
ပြီးနောက်ဖန်ဆင်းရှင်သည် ထိုစုံတွဲကိုအသစ် ဖန်ဆင်းသော
ကမ္ဘာကိုအုပ်စိုးရန် သာမက၊ “များပြားစွာ
မွေးဖွားကြလော့” (က ၁း၂၈)
ဟူသောစကားဖြင့်၊ သူတို့ကို၎င်း၏ ဖန်ဆင်းခြင်း၌ ပါဝင်ရသောအခွင့်ကိုပေးခဲ့သည်။
ဖန်ဆင်းခြင်း၏အရေးပါမှု
ခေတ်အဆက်ဆက်မှလူတို့သည်
ဖန်ဆင်းခြင်းနှင့်ဆိုင်သောယုံကြည်ချက်ကို လျစ် လျူရှုရန်စုံစမ်းခြင်းခံရကြသည်။ သူတို့က၊ “ဘုရားသခင်ကကမ္ဘာမြေကိုဘယ်လိုဖန်ဆင်း တယ် ဆိုတာဂရုစိုက်စရာလား။ ကျွန်တော်တို့သိဖို့လိုတာက၊
ကောင်းကင်ကို ဘယ်လို ရောက်မလဲဆိုတာသာဖြစ်တယ်”
ဟုဆိုကြသည်။ သို့သော်လည်း ဘုရားရှင်၏ ဖန်ဆင်း ခြင်းဆိုင်ရာ ယုံကြည်ချက်သည် ခရစ်ယာန်ဘာသာရေးနှင့်
ကျမ်းစာဆိုင်ရာ သွန်သင်ချက် အတွက်မရှိ
မဖြစ်အုတ်မြစ်ကို ဖွဲ့စည်းပေးသည်။ များစွာသောအခြေခံ ကျမ်းစာဆိုင် ရာခံယူချက်များသည် ဘုရားရှင်၏ ဖန်ဆင်းခြင်းတွင်
အမြစ်တည်သည်။ အမှန်မှာဘုရား သခင်သည် “ကောင်းကင် နှင့်မြေကြီး” ကို
မည်သို့ဖန်ဆင်းသည်ကို သိခြင်းသည် ဗျာဒိတ် ကျမ်းကိုပြုစုသော
ယောဟန်ပြောသည့် ကောင်းကင်သစ်နှင့်မြေကြီးသစ်သို့ သွားမည့် လမ်းကို အဆုံးတွင်တွေ့ရှိစေနိုင် သည်။ ထိုသို့ဆိုသော်၊
ဖန်ဆင်းခြင်းဆိုင်ရာ ယုံကြည် ချက်၏
အဆိုပြုချက်တချို့ကား အဘယ် နည်း။
ရုပ်တုကိုးကွယ်မှုကိုကုစားခြင်း။ ဘုရားသခင်၏ဖန်ဆင်းရှင်ဖြစ်ခြင်းသည် အခြား ဘုရားများ အားလုံးမှ သူ့ကိုခွဲခြားစေသည် (၅ရာ ၁၆း၂၄-၂၇။ ဆာ
၉၆း၅၊၆)။ ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့ပြုလုပ်
သောဘုရားများမဟုတ်ဘဲ၊ ကျွန်ုပ်တို့ကို ဖန်ဆင်းသောဘုရား သခင်ကိုကိုးကွယ်ရမည်။ သူ၏ဖန်ဆင်းရှင်ဖြစ်ခြင်းကြောင့်၊
သူသည် ကျွန်ုပ်တို့၏ အလုံး စုံသောသစ္စာ
ရှိမှုကိုခံထိုက်သည်။ ဤသစ္စာခံမှုကိုနှောင့်ယှက်သောမည်သည့် ဆက်ဆံ ရေးမဆိုဟူသည်
ရုပ်တုကိုးကွယ်ခြင်းဖြစ်၍၊ ဘုရားရှင်၏ တရားစီရင်ခြင်းကိုခံရမည်။ ထို့ကြောင့်
ဖန်ဆင်းရှင် အပေါ် သစ္စာရှိခြင်းသည် သေရေးရှင်ရေး ကိစ္စဖြစ် သည်။
စစ်မှန်သောကိုးကွယ်ခြင်း၏အုတ်မြစ်။ ဘုရားသခင်ကို ကျွန်ုပ်တို့ကိုးကွယ်ခြင်း မှာ သူသည် ကျွန်ုပ်တို့၏
ဖန်ဆင်းရှင်ဖြစ်၍၊ ကျွန်ုပ်တို့သည်သူ၏သတ္တဝါများ ဖြစ်သည် ဟူသော အချက်အပေါ်တည်သည် (ဆာ ၉၅း၆)။ ဤအကြောင်း အရာ၏အရေးကြီး မှုကို၊ ခရစ်တော် ပြန်မကြွလာမီ အချိန်တွင်၊ “ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေ တွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကိုကိုးကွယ်ကြလော့” (ဗျာ ၁၄း၇) ဟု ခေါ် ဖိတ်ခြင်း၌
ပါဝင်ခြင်း အားဖြင့် ညွှန်ပြသည်။
ဖန်ဆင်းခြင်းအထိမ်းအမှတ်-ဥပုသ်နေ့။ ဘုရားသခင်သည်သတ္တမနေ့
ဥပုသ်ကိုအ စပြုခဲ့၏။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည်
သူဖန်ဆင်းသောသတ္တဝါများဖြစ်သည်ကို အစဉ် အောက်မေ့ကြရမည်။
ဥပုသ်နေ့သည် ကျွန်ုပ်တို့လုပ်ဆောင်သောအရာ မဟုတ်ဘဲ၊ ဘုရား သခင်လုပ်ဆောင် ပြီးခဲ့သော အရာကို ရည်ညွှန်းသည့်
ကျေးဇူးတော်ဖြင့် ပေးသော လက်ဆောင်ဖြစ်သည်။ သူသည် ထိုနေ့ရက်ကို
အထူးသဖြင့်ကောင်းချီးပေး၍၊ သန့်ရှင်း စေသည်ဖြစ်ရာ၊
ကျွန်ုပ်တို့ သည် အလုပ်အပြင်၊ အသက်တာတွင် ဖန်ဆင်းရှင်နှင့် ပေါင်းဖက်ခြင်း၊
အနားယူခြင်း၊ ဘုရားသခင်၏ အံ့ဖွယ်လက်ရာများကို ချီးကျူး ဂုဏ်ပြု ခြင်းများလည်း ပါဝင်ကြောင်းဘယ်ခါမျှ မမေ့အပ်ချေ (က ၂း၂၊၃)။
၎င်းအရေးကြီးမှုကို အရေးထားရန်၊ ဖန်ဆင်းရှင်သည် ဖန်ဆင်းခြင်း၏
ထာ၀ရအမှတ်လက္ခဏာအဖြစ်ပညတ် တော်၏အလယ်၌
ဤစင်ကြယ်သောသူ၏ ဖန်ဆင်းနိုင်စွမ်းတန်ခိုး၏ အထိမ်းအမှတ်ကို အောက်မေ့ရန် တရားဝင်အမိန့် ထားရှိခဲ့သည် (ထွက် ၂ဝး၈-၁၁၊
၃၁း၁၃- ၁၇။ ယေဇ ၂ဝး၂၀)။
ဘုရားရှင်ပြဋ္ဌာန်းသောလက်ထပ်ထိမ်းမြားခြင်း။
ဖန်ဆင်းခြင်းအပတ် အကြောင်း ကျမ်းစာ၏ မှတ်တမ်းသည် ဘုရားသခင်၏လူယောက်ျား လူမိန်းမကိုဖန်ဆင်း၍၊ လက် ထပ် ထိမ်း မြားပေးခြင်းနှင့် ဥပုသ်နေ့ကို
တည်ထောင်ပေးခြင်းတို့ဖြင့် အဆုံးသတ်သည်။ လက်ထပ်ထိမ်းမြားခြင်းကို ဘုရားရှင်၏
ပြဋ္ဌာန်းချက်အဖြစ်မြဲမြံစေရာတွင်၊ ဘုရားသခင် သည် ဤလူနှစ်ဦးအကြားတွင် ကြာရှည်တည်တံ့သော
ပေါင်းစည်းမှုရှိစေရန်ရည်ရွယ်ခဲ့ သည်။ “ယောက်ျားသည်...
ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊
ထိုသူတို့သည် တစ်သားတစ် ကိုယ်တည်း
ဖြစ်ရလိမ့်မည်” (က ၂း၂၄)။
စစ်မှန်သောမိမိကိုယ်ကိုတန်ဖိုးထားခြင်း၏အခြေအမြစ်။
ဖန်ဆင်းခြင်း ဖြစ်စဉ်က ကျွန်ုပ်တို့ကို ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ
ဖန်ဆင်းကြောင်းဖော်ပြသည်။ ဤ အချက်ကို
သဘောပေါက်ခြင်းသည် လူတစ်ဦးချင်းစီ၏တန်ဖိုးကို ကောင်းစွာနားလည် စေသည်။ ကျွန်ုပ်တို့ကိုယ်ကို လည်းကောင်း၊
သူတစ်ပါးကိုလည်းကောင်း အထင်အမြင် သေးစရာအကြောင်းမရှိချေ။
ကျွန်ုပ်တို့အားဖန်ဆင်းရှင်နှင့်အမြဲတမ်း ဆက်သွယ်နိုင် သောအထူးအခွင့်အရေးနှင့် သူနှင့်သာ၍တူလာ နိုင်သော
အခွင့်ကိုဖန်ဆင်းခြင်းတွင် တစ် မူထူးသော နေရာကို
ပေးထားသည်။
စစ်မှန်သောပေါင်းဖော်ခြင်းအတွက်အခြေခံ။
ဘုရားသခင်၏ဖန်ဆင်းရှင် ဖြစ်ခြင်း သည်
သူ၏ဖခင်ဖြစ်ခြင်းအဖြစ်ကိုအတည်ဖြစ်စေပြီး (မာလ ၂း၁၀)၊ လူသားအားလုံး သည် ညီနောင်များဖြစ် ကြောင်းကိုဖော်ပြသည်။ သူသည်
ကျွန်ုပ်တို့၏အဖဖြစ်၍၊ ကျွန်ုပ် တို့သည်
သူ၏သားသမီးများဖြစ်ကြသည်။ လိင်၊ လူမျိုး၊ ပညာသို့မဟုတ် ရာထူးကို ပဓာနမထားဘဲ၊ လူအားလုံးကို ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်
အညီဖန်ဆင်းသည်။ ဤ အယူအဆကို
နားလည်ကျင့်သုံးခြင်းသည် လူမျိုးခွဲခြား ဆက်ဆံခြင်းဝါဒ၊ တစ်ယူသန် သဘောထား၊ အမျိုးဇာတ်ခွဲခြားခြင်းနှင့် အခြားမည်သည့် ခွဲခြားမှုမျိုးမဆိုကို ရှင်းပစ်လိမ့် မည်။
ကိုယ်ပိုင်ဘဏ္ဍာစိုး။ ဘုရားသခင်သည်
ကျွန်ုပ်တို့ကိုဖန်ဆင်းသောကြောင့်၊ ကျွန်ုပ် တို့သည် သူနှင့်သက်ဆိုင်သည်။ ဤအချက်သည်ကျွန်ုပ်တို့၏ကိုယ်ခန္ဓာ၊
စိတ်နှင့် ဝိညာဉ် ရေးဆိုင်ရာအစွမ်းများကို
သစ္စာရှိစွာစောင့်ထိန်းရမည့်တာဝန်ရှိကြောင်းကိုပြသသည်။ ဖန် ဆင်း ရှင်ကို လုံး၀မမှီခိုဘဲပြုမူခြင်းသည် ကျေးဇူးကန်းခြင်းစံနမူနာဖြစ်သည်။
ပတ်ဝန်းကျင်းထိန်းသိမ်းရမည့်တာဝန်။ ဖန်ဆင်းချိန်က၊
ဘုရားသခင်သည် ရှေးဦး လူယောက်ျားနှင့်မိန်းမကို ဥယျာဉ်တွင်ထားခဲ့သည် (က ၂း၈)။ သူတို့သည်
မြေကြီးကို ထွန် ယက်စိုက်ပျိုး၍၊
တိရစ္ဆာန်အားလုံးအပေါ်အုပ်စိုးရသောအခွင့်ရှိရန်ဖြစ်သည် (က ၁း ၂၈)။ ဤအချက်သည် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၏အရည်အသွေးကို
ထိန်းသိမ်းရမည့် ဘုရား ပေးတာဝန်ကျွန်ုပ်တို့၌
ရှိကြောင်းကိုပြသသည်။
လက်နှင့်လုပ်သောအလုပ်၏ဂုဏ်။ ဖန်ဆင်းရှင်သည်အာဒံအားဧဒင်ဥယျာဉ်ကို “ပြု စုစောင့်ရှောက်” ရန်ထားခဲ့သည် (က ၂း၁၅)။ ပြည့်စုံသောကမ္ဘာတွင် ဤအသုံးဝင်သော
လုပ်ငန်းကို လူတို့အားတာဝန်ပေးခြင်းသည် လက်နှင့် လုပ်သောအလုပ်၏ ဂုဏ်ကိုဖော် ပြ၏။
ရုပ်ပိုင်းဆိုင်ရာလောကဓာတ်၏တန်ဖိုး။
ဖန်ဆင်းခြင်းတစ်ဆင့်ချင်းစီတွင် ဘုရား သခင်သည်
သူလုပ်သောအရာကို ကောင်းသည်ဟုဆိုခဲ့သည် (က ၁း၁၀၊၁၂၊ ၁၇၊၂၁၊၂၅)။ ဖန်ဆင်းခြင်း
ပြီးဆုံးသောအခါ၊ သူသည်အရာအားလုံးကို “အလွန် ကောင်းသည်” ဟု ကြေညာခဲ့သည် (က ၁း၃၁)။ ထို့ကြောင့် ဖန်ဆင်းသော အရာသည်
ပင်ကိုအားဖြင့်မဆိုး ဘဲ၊ ကောင်းသည်။
မကောင်းမြင်ဝါဒ၊ အထီးကျန်ခြင်းနှင့်
အဓိပ္ပါယ်မဲ့ခြင်းတို့အတွက်ဆေး။ ဖန်ဆင်း ခြင်း
ဇာတ်ကြောင်းသည် ဆင့်ကဲဖြစ်စဉ်ကြောင့်ဖြစ်တည်လာခြင်း မဟုတ်ဘဲ၊ အရာရာ ကိုရည်ရွယ်ချက်ဖြင့် ဖန်ဆင်းသည်ကိုဖော်ပြသည်။
လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်ကိုယ် တော်တိုင်နှင့်
အစဉ်ဆက်ဆံရန် အတွက်ရည်ရွယ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့အား အကြောင်းတရားတစ်ခု
အတွက်ဖန်ဆင်းသည်ကို နားလည်သောအခါ၊ အသက်တာသည် အဓိပ္ပါယ်ရှိ၍ ကြွယ်၀လာကာ၊
လူအများခံစားရသည့် နာကျင်သော ဘာမျှမရှိ ဟင်းလင်း ဖြစ်ခြင်းနှင့် စိတ်မကျေနပ်မှုများကို
ဘုရားသခင်၏ချစ်ခြင်းမေတ္တာအားဖြင့် အစားထိုး လိမ့်မည်။
ဘုရားသခင့်ပညတ်တော်၏သန့်ရှင်းခြင်း။ ဘုရားသခင်၏ ပညတ်တော်သည် အ ပြစ်မကျရောက်မီကရှိနေခဲ့သည်။ အပြစ်မရှိမီနှင့်အပြစ်တွင်းကျရောက်ပြီးနောက်ပိုင်း၊ လူသား
တို့သည် ၎င်းကို လိုက်နာရန်ဖြစ်သည်။ “ဘုရားသခင်၏
ပညတ်တော်သည် ဘုရားကိုယ်တော်တိုင် ကဲ့သို့ပင် သန့်ရှင်းသည်။ ၎င်းသည်
သူ၏အလိုတော်ကိုဖွင့်ပြခြင်း၊ သူ၏ ဂုဏ်တော်ကို ကူးယူချက်၊ ဘုရားရှင်၏ ချစ်ခြင်း
မေတ္တာနှင့်ဉာဏ်တော်ကိုဖော်ပြ ခြင်းဖြစ်သည်။
ဖန်ဆင်းခြင်း၏သဟဇာတဖြစ်မှုသည် ဖန်ဆင်းရှင်၏ပညတ်တော်အ တိုင်း၊ သက်ရှိသက်မဲ့ အရာအားလုံး၏ လုံး၀လိုက်လျော ညီညွတ်မှု
အပေါ် တည်သည်။} ထိုပညတ်တော်သည် မိမိကိုယ်ကို ဖျက်ဆီးခြင်းကိုသတိပေးရန်၊
လွတ်လပ်မှု ၏ အကန့်အသတ်ကိုဖော်ပြရန် (က ၂း၁၇) နှင့် ဘုရားသခင့်
နိုင်ငံသားများ၏ပျော်ရွှင်မှုနှင့် ငြိမ်သက်ခြင်း ကိုကာကွယ်ရန် (က ၃း၂၂-၂၄)
ဖြစ်သည်။
အသက်၏စင်ကြယ်မြင့်မြတ်ခြင်း။ အသက်ကိုဖန်ဆင်းသောအရှင်သည်
လူ့ အသက်ဖြစ် တည်မှုတွင်
ဆက်လက်ပါဝင်ပြီး၊ အသက်တာကိုစင်ကြယ်မြင့်မြတ်စေ သည်။ ဒါဝိဒ်သည် မိမိ မွေးဖွားခြင်း၌
ဘုရားသခင်၏ပါဝင်မှုကြောင့်၊ သူ့ကိုချီးမွမ်းသည်။ “ကိုယ်တော်သည်
အကျွန်ုပ်၏ ကျောက်ကပ်ကိုပင်ဖန်ဆင်း၍၊ အမိဝမ်းထဲမှာအကျွန်ုပ်ကို ဖုံးအုပ်တော်မူပြီ။
အကျွန်ုပ် သည် ကြောက်မက်ဖွယ် သောလက္ခဏာ၊ ထူးဆန်းသော
လက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကိုချီးမွမ်းပါမည်။... မထင်ရှားသောအရပ် ၌အကျွန်ုပ်ကိုဖန်ဆင်း၍၊ မြေကြီးအောက်အရပ်၌
စေ့စပ်စွာပြုပြင်တော်မူသော အခါ၊
အကျွန်ုပ်၏ကိုယ်ခန္ဓာသည် ရှေ့တော်၌ ထင်ရှားလျက်ရှိပါ၏။ မစုံလင်သေးသော အကျွန်ုပ်၏
အလုံးအထွေးကိုလည်း
ကိုယ်တော်သည်ကြည့်ရှု၍၊
မြင်တော်မူပြီ။ ထို အရာတို့ကိုပြုပြင်၍၊ တစ်စုံတစ်ခုမျှမရှိမီ ကာလတွင်၊
ကိုယ်တော်၏စာရင်း၌ အကုန် အစင် မှတ်သားလျက်ရှိကြပါ၏” (ဆာ ၁၃၉း၁၃-၁၆)။ ဟေရှာယအနာဂတ္တိကျမ်းတွင် ထာ၀ရဘုရားသည်
မိမိကိုယ်ကို “ဖွားစကပင် သင့်ကို
ပြုပြင် တော်မူသော” (ဟေရှာ ၄၄း၂၄)
သူအဖြစ်ဖော်ထုတ်သည်။ အသက်သည် ဘုရားသခင်၏ ဆုကျေးဇူးဖြစ်သော ကြောင့်၊ ကျွန်ုပ်တို့သည် အသက်ကိုအလေးထား၍၊
စောင့်ထိန်းရမည့် တာဝန်ရှိ သည်။
ဘုရားသခင်၏ဖန်ဆင်းသောအလုပ်ဆက်နေသည်
ဘုရားသခင်သည် မိမိ၏ဖန်ဆင်းခြင်းကိုအဆုံးသတ်ပြီလော။
ဖန်ဆင်းခြင်း ဇာတ် ကြောင်းသည် “ထိုသို့ကောင်းကင်မြေကြီးနှင့်တကွ၊
ခပ်သိမ်းသောတန်ဆာတို့သည် ပြီးစီး လျက်ရှိကြ၏” (က ၂း၁) ဟူသော
ဖော်ပြချက်ဖြင့် ပြီးဆုံးသွားသည်။ ဓမ္မသစ်ကျမ်းက ဘုရား သခင်၏ ဖန်ဆင်းခြင်းသည် “ကမ္ဘာဦးကပင်” (ဟေဗြဲ ၄း၃)
ပြီးစီးခဲ့ပြီ။ ဤအရာက ခရစ်တော် ၏ ဖန်ဆင်းခြင်းအစွမ်းသည် လုပ်ဆောင်ခြင်းမရှိတော့ဟု
ဆိုလိုပါသလား။ လုံး၀မဆိုလိုပါ။ ဖန်ဆင်းနိုင်သော နှုတ်ထွက်စကားသည်
နည်းလမ်းအမျိုးမျိုးဖြင့် လုပ် ဆောင်နေသေးသည်။
၁။ ခရစ်တော်နှင့်သူ၏ဖန်ဆင်းနိုင်သောစကား။ ဖန်ဆင်းခြင်းပြီးနောက် နှစ်ပေါင်း (၄၀၀၀) တွင်၊
တပ်မှူးတစ်ယောက်ကယေရှုကို၊ “အမိန့်တော်တစ်ခွန်းရှိလျှင်
ကျွန်တော်၏ ငယ်သားသည် ချမ်းသာရပါလိမ့်မည်” (မ ၈း၈)
ဟုဆိုခဲ့သည်။ သူသည် ဖန်ဆင်းချိန်က ပြုခဲ့ပြီး သကဲ့သို့ပင်၊ ယေရှု သည်
အမိန့်တော်ရှိ၍၊ ငယ်သားသည် ရောဂါပျောက်ခဲ့သည်။ ယေရှု၏ မြေကြီးပေါ်သာသနာပြုစဉ်
ကာလတစ်လျှောက်၊ အာဒံ၏အသက်မဲ့သော ကိုယ်ခန္ဓာကို
အသက်ရှင်စေသော အလားတူဖန်ဆင်းခြင်း တန်ခိုးသည် သေသောသူ တို့ကို ထမြောက်စေ၍၊ သူ၏ အကူအညီကိုရှာသော
ဒုက္ခရောက်သူတို့အား အသစ်သော အသက်တာကို ယူ ဆောင်ပေးခဲ့သည်။
၂။ ယနေ့ဖန်ဆင်းနိုင်သောစကား။ ဤကမ္ဘာသော်လည်းကောင်း၊ စကြ၀ဠာသော် လည်းကောင်း ယင်း၏ပင်ကိုစွမ်းအားဖြင့်လည်ပတ်သည်မဟုတ်ချေ။
၎င်းတို့ကို ဖန်ဆင်း သော ဘုရားသည်
၎င်းတို့ကိုထိန်းသိမ်းစောင့်ရှောက်သည်။ သူသည် “ကောင်းကင်ကို
မိုးတိမ်များ နှင့်ဖုံးလွှမ်းသဖြင့်၊ မြေကြီးဖို့မိုးရေကိုပြင်ဆင်၍၊
တောင်များပေါ်မှာ မြက် ပင်ကို ပေါက်စေတော်မူ၏။
မြည်တတ်သော ကျီးကန်းကလေးမှစ၍၊ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ၏” (ဆာ ၁၄၇း၈၊၉)။ သူသည် မိမိစကားတော်ဖြင့် အရာခပ်သိမ်းကို ထိန်းသိမ်း၍၊ “ခပ်သိမ်းသော
အရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏” (ကော ၁း၁၇)။
ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာရှိဆဲလ်တိုင်း၏ လုပ်ဆောင်မှုအတွက်
ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ်မှီခိုရသည်။ ထွက်သက်ဝင်သက်၊ နှလုံးခုန်ချက်နှင့် မျက်တောင်ခတ် ချက်တိုင်းသည်
ချစ်ဖွယ်ဖန်ဆင်းရှင်၏ ဂရုစိုက်မှုကိုပြောသည်။ “ငါတို့သည်
ဘုရားသခင် အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှား လျက်၊ ဖြစ်လျက်ရှိကြ၏” (တ ၁၇း၂၈)။
ဘုရားသခင်၏ ဖန်ဆင်းနိုင်စွမ်းတန်ခိုးသည် ဖန်ဆင်းခြင်း၌သာမက၊
ရွေးနုတ်ခြင်း နှင့်
အသစ်ပြုပြင်ခြင်းတို့တွင်လည်းပါဝင်သည်။ ဘုရားသခင်သည် စိတ်နှလုံးကို အသစ် ဖန်ဆင်း သည် (ဟေရှာ ၄၄း၂၁-၂၈။ ဆာ ၅၁း၁၀)။ ပေါလုက “ငါတို့သည် ကောင်းသော အကျင့်ကို ကျင့်ရမည်အကြောင်း၊
ယေရှုခရစ်၌ပြုပြင်၍၊ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏” (ဧ ၂း၁၀)
ဟုဆိုသည်။ “လူမည်သည်ကား၊
ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တ ဝါဖြစ်၏” (၂ကော ၅း၁၇)။
စကြ၀ဠာတွင် ကြယ်စင်စုများကို ပစ်ပေါက်သောဘုရားသည်၊ ထိုတန်ခိုးကို
အနိမ့်ကျဆုံးသောအပြစ်သားအားမိမိ ပုံသဏ္ဌာန်နှင့် အညီပြန်လည်ဖန် ဆင်း ရန်အသုံးပြုသည်။
ဤရွေးနုတ်၍၊ အသစ်ပြုပြင်သောတန်ခိုးသည် လူသားတို့၏အသက်တာကို
ပြောင်းလဲစေရန်သာ ကန့်သတ်ထားသည်မဟုတ်။ ကောင်းကင်နှင့်မြေကြီးကိုမူလဖန် ဆင်းသောထို တန်ခိုးသည် နောက်ဆုံးတရားစီရင်ခြင်း အပြီးတွင်၊
၎င်းတို့ကို ပြန်လည် အသစ်ဖန်ဆင်း၍၊ ခမ်းနားသော
ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို
ပြန်လည်ဖန်ဆင်း လိမ့်မည်။ (ဟေရှာ
၆၅း၁၇-၁၉။ ဗျာ ၂၁။ ၂၂)။
ဖန်ဆင်းခြင်းနှင့်ကယ်တင်ခြင်း
ထိုကြောင့်၊ ဖန်ဆင်းခြင်းနှင့်ကယ်တင်ခြင်းသည်
ယေရှုခရစ်၌ဆုံမိသည်။ သူသည် ကြီးကျယ်သော စကြ၀ဠာနှင့်ပြည့်စုံသောကမ္ဘာကို
ဖန်ဆင်းခဲ့သည်။ ဖန်ဆင်းခြင်း နှင့် ကယ်တင်ခြင်းတို့၏ တူညီ သော အချက်များကို
နှိုင်းယှဉ်ခြင်းသည်အရေးပါသည်။
ဖန်ဆင်းခြင်းကာလ။ ဖန်ဆင်းခြင်း၌ ခရစ်တော်သည်အမိန့်ပေး၍၊ ချက်ချင်းဖြစ် လာခဲ့သည်။ ကျယ်ပြောလှသောကာလအတွင်းအသွင်ပြောင်းလဲခြင်း
မဟုတ်ဘဲ၊ သူ၏ ကြီးသော
စကားအားဖြင့်ဖန်ဆင်းခဲ့သည်။ ခြောက်ရက်တွင်သူသည် အရာခပ်သိမ်းကိုဖန် ဆင်းခဲ့သည်။ သို့သော်အဘယ်ကြောင့် ခြောက်ရက်ပင်ကြာခဲ့သနည်း။
သူသည်တစ်ကြိမ် တည်းမိန့်တော်မူ၍၊
တစ်ခဏချင်းတွင် အရာရာကို မဖြစ်စေနိုင်သလော။ သူသည်ထို ခြောက်ရက်အတွင်း၊ ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်ကို
ပြသလို၍လည်းဖြစ်နိုင်သည်။ သို့မဟုတ် ဤ “ဆန့်ထုတ်သော” အချိန်သည်
ဖန်ဆင်းသည့်အရာတစ်ခု ချင်း အပေါ် သူတန်ဖိုးထားသည့် အကြောင်းနှင့်လည်း
သက်ဆိုင်မှုရှိနိုင်သည်။ သို့တည်းမဟုတ် လုပ်ငန်းလည်ပတ်ရန် အတွက်ပုံစံအဖြစ်
ခုနစ်ရက် ကိုဖော်ပြလိုသောသူ၏ ဆန္ဒနှင့် လူသားများ အတွက် သူရည်ရွယ်သည့် နားနေခြင်း
အတွက် ကြောင့်လည်းဖြစ် နိုင်သည်။
သို့သော်၊ ခရစ်တော်သည်ကယ်တင်ခြင်းကိုဖြစ်စေဟုမပြောခဲ့ချေ။
လူတို့ကို ကယ်တင်မည့် လုပ်ငန်းစဉ်ကို နှစ်ထောင်ချီမကဆွဲဆန့်သည်။ ၎င်းတွင်ပဋိညာဉ် အဟောင်းနှင့် အသစ်၊ ခရစ်တော်၏
မြေကြီးပေါ်အသက်တာနှင့် နောက်ပိုင်း၊ နှစ်ပေါင်း (၂၀၀၀) မျှ ကောင်းကင်ဆိုင်
ရာဖျန်ဖြေခြင်း လုပ်ငန်းတို့ပါဝင်သည်။ အချိန်ကာလသည် ကျယ်ပြော လှပြီး၊ ကျမ်းစာ၏ ကာလအစဉ်အတိုင်းအရ၊ ဖန်ဆင်းချိန်မှစ၍
နှစ်ပေါင်း (၆၀၀၀) ကြာလာခဲ့ပြီး၊ လူတို့သည် ဧဒင်ဥယျာဉ်သို့ ပြန်မသွား ကြသေး ချေ။
ဖန်ဆင်းခြင်းအတွက်နှင့် ပြန်လည်ဖန်ဆင်းခြင်းအတွက်
လိုအပ်သောအချိန်ကို နှိုင်းယှဉ်ခြင်းသည် လူသားမျိုးနွယ်၏အကောင်းဆုံးသောအကျိုးအတွက်
ဘုရားသခင်၏ အမြဲလုပ် ဆောင်မှုများ ကိုဖော်ပြသည်။ တိုတောင်းသောဖန်ဆင်းခြင်းကာလသည်
မိမိ ဖန်ဆင်းသည့် လက်ရာကို မွေ့လျော်နိုင်မည့်အရွယ်ရောက်ပြီး သတ္တဝါတို့ကိုဖန်ဆင်း လိုသောသူ၏ဆန္ဒကို ရောင်ပြန်ဟပ်သည်။...
ပြန်လည်ဖန်ဆင်းခြင်းအတွက် ခွင့်ပြုသော အချိန်ကာလသည်
လူတို့ကိုများနိုင်သမျှ များအောင် ကယ်တင်လိုသောဘုရားသခင်၏ ဆန္ဒကို ဖော်ပြသည် (၂ပေ ၃း၉)။
ခရစ်တော်၏ဖန်ဆင်းခြင်းအလုပ်။ ဧဒင်ဥယျာဉ်တွင် ခရစ်တော်သည်
ဖန်ဆင်းနိုင် သောစကားကို
မိန့်မြွက်ခဲ့သည်။ ဗက်လင်မြို့တွင် “နှုတ်ကပတ်တော်သည်
လူဇာတိ အဖြစ်ကို ခံယူခဲ့သည်” (ယော ၁း၁၄)။
ဖန်ဆင်းရှင်သည် လူသားတို့၏ အစိတ်အပိုင်း ဖြစ်လာခဲ့သည်။
အဆုံးစွန်မိမိကိုယ်ကို နှိမ့်ချခြင်းပါတကား။ မည်သူမျှ ခရစ်တော်၏ ကမ္ဘာမြေဖန်ဆင်းခြင်းကို မမြင်ခဲ့ ကြသော်လည်း၊ မျက်ကန်းကို
မြင်စေသော တန်ခိုး (ယော ၉း၆၊၇)၊ ဆွံ့အသော သူကိုစကားပြောစေသောတန်ခိုး (မ ၉း၃၂း၃၃)၊
နူနာသည် ကိုသန့်ရှင်းစေသောတန်ခိုး
(မ ၈း၂၊၃)၊ သေ သူ ကိုထမြောက် စေသောတန်ခိုး (ယော ၁၁း၁၄-၄၅) ကိုမူ
လူများစွာကမြင်ခဲ့ကြသည်။
ခရစ်တော်သည် ဒုတိယအာဒံကဲ့သို့ကြွလာ၍၊ လူသားအတွက်အသစ်သော အစ ကိုပြုခဲ့ သည်။ (ရော ၅)။ သူသည်
လူတို့အားဧဒင်ဥယျာဉ်ကအသက်ပင်ကို ပေးခဲ့သည်။ သို့သော် လူတို့သည် သူ့ကို ကရာနိသစ်တိုင်ပေါ်တွင်ချိတ်ဆွဲခဲ့ကြသည်။
ပရဒိသုဘုံတွင် လူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်ဖြင့် အရပ်ရှည်ရှည်ရပ်နေကြသည်။
သို့သော် ကရာနိတွင် လူသားယေရှုသည် ရာဇဝတ်သား၏ ပုံသဏ္ဌာန်ဖြင့်ဆွဲခြင်းခံရသည်။ ဖန် ဆင်းခြင်းသောကြာနေ့နှင့် ကပ်တိုင်တင်သတ်ခံခြင်း သောကြာ နေ့
နှစ်ရက် စလုံးတွင် ဖန်ဆင်းခြင်းပြီးဆုံးကြောင်း မြွက်ဆိုရာတွင် “အမှုပြီးပြီ” ဟုဆိုခဲ့သည်။
ပထမအမှုကို ဘုရားအနေဖြင့်နှင့်၊ ဒုတိယတစ်ခုကို လူသားအနေဖြင့်လည်းကောင်း၊
ပထမတစ်ခုကို လျင်မြန်သော တန်ခိုးဖြင့်နှင့် ဒုတိယကို လူသား၏
ဝေဒနာခံခြင်းဖြင့်လည်းကောင်း၊ ပထမအရာသည် တစ်ချိန်တည်းအတွက်နှင့် ဒုတိယအရာသည်
ထာ၀ရအတွက်လည်း ကောင်း၊ ပထမအရာသည်
အပြစ်သို့ကျရောက် ရန် နှင့် အခြားအရာသည်စာတန်အပေါ် အောင်နိုင်ရန် ခရစ်တော်သည် ပြီး
မြောက် စေခဲ့သည်။
ရှေးဦးစွာလူတို့ကိုအသက်ပေးသောအရာမှာ
ခရစ်တော်၏ပြည့်စုံအံ့ဖွယ်သော လက်ဖြစ်ပြီး၊ လူတို့အားထာ၀ရအသက်ကိုပေးသောအရာမှာလည်း
ဖောက်ခြင်းခံ၍ သွေးစွန်းသောခရစ်တော်၏ လက်ပင်ဖြစ်သည်။ အကြောင်းမှာ
လူတို့ကိုတစ်ကြိမ် အ တွက်သာ ဖန်ဆင်း သည်မဟုတ်၊
သူတို့ကို ပြန်လည်ဖန်ဆင်းနိုင်သည်။ ဖန်ဆင်းခြင်းနှင့် ပြန်လည်ဖန်ဆင်းခြင်း
နှစ်ခုစလုံးသည် တန်းတူညီမျှ ခရစ်တော်၏အလုပ်ဖြစ်၍၊ ၎င်းတို့ သည် သဘာ၀အတိုင်း တိုးတက်ပြောင်းလဲလာခြင်းမဟုတ်ချေ။
ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့် အညီ ဖန်ဆင်းသောကျွန်ုပ်တို့ကို ဘုရားသခင်၏
ဘုန်းကိုထင်ရှားစေရန် ခေါ်တော်မူ ခြင်းခံကြရသည်။ သူ၏ ဖန်ဆင်းခြင်းအထွတ်အထိပ်အဖြစ်၊
ဘုရားသခင် သည် အယောက်စီတိုင်းကို
မိမိနှင့် မိတ်သဟာယဖွဲ့ရန်၊ ခရစ်တော်၏ အသစ်ပြုပြင် သောတန်ခိုးကို နေ့စဉ်ရှာဖွေရန်ဖိတ်ခေါ်သည်။
ထိုသို့ဖြင့်ဘုရားသခင်၏ ဘုန်းတော် အတွက်၊
ကျွန်ုပ်တို့သည် သူ၏ပုံသဏ္ဌာန်ကို သာ၍ ပြည့်စုံစွာ ရောင်ပြန်ဟပ် နိုင်လိမ့် မည်။
မူလမာတိကာသို့
No comments:
Post a Comment