Tuesday, February 18, 2025

 


အခန်း- ၄။ သားတော်ဘုရား

ထာ၀ရသားတော်ဘုရားသည် ယေရှုခရစ်၌လူ့ဇာတိကိုခံခဲ့သည်။ ကိုယ်တော် အား ဖြင့် အရာခပ်သိမ်းသည်ဖန်ဆင်းခံရသည်။ ဘုရားသခင်၏ဂုဏ်တော်ကိုဖော်ပြသည်။ လူ သားတို့ ၏ ကယ်တင်ခြင်းကိုပြီးမြောက်ခဲ့ပြီ။ လောကသားတို့သည်လည်း သူ့အားဖြင့် စီရင်ခြင်းကို ခံ၏။ အကယ်စင်စစ် ထာ၀ရဘုရားဖြစ်လျက်ပင်၊ သူသည်ယေရှုခရစ်တော် အဖြစ်ဖြင့် လူသား စင်စစ်လည်းဖြစ်လာခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေခံယူ၍၊ အပျို ကညာ မာရိအားဖြင့် ဖွားမြင်ခြင်းကို ခံခဲ့၏။ ကိုယ်တော်သည် လူ သားတို့ကဲ့သို့အသက်ရှင်၍ စုံစမ်းခြင်းကိုခံခဲ့သည်။ သို့ရာတွင် ဘုရားသခင်၏ဖြောင့်မတ် ခြင်းနှင့် မေတ္တာတော်ကို ပြည်စုံစွာသာဓကပြခဲ့သည်။ မိမိ၏နိမိတ်လက္ခဏာများအားဖြင့် ဘုရားသခင်၏ တန်ခိုးတော် ထင်ရှားစေ၍၊ ဘုရားသခင်မှကတိထားသော မေရှိယအဖြစ် မှန်ကန်ကြောင်း အထောက်အထားဖြစ်စေခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအတွက်နှင့်ကျွန်ုပ်တို့ကိုယ်စား လက်ဝါးကပ်တိုင် ပေါ်တွင် မိမိဆန္ဒအလျောက်ဒုက္ခခံ၍ အသေခံပြီး၊ သေခြင်းမှရှင်ပြန်ထ မြောက်ကာ၊ ကျွန်ုပ်တို့ကိုယ်စား ကောင်းကင်ဆိုင်ရာ ဗိမာန်တော်၌အမှုဆောင်ရန်နှင့် ကောင်းကင်သို့တက်ကြွသွားခဲ့သည်။ မိမိလူတို့ကိုနောက် ဆုံးအကြိမ်လွတ်မြောက်စေရန်နှင့် အရာ ခပ်သိမ်းကို နဂိုအတိုင်း ပြန်လည်မွမ်းမံရန်အတွက် ကိုယ်တော်သည်ဘုန်းတော်ဖြင့် နောက်တစ်ဖန်ကြွလာလိမ့်မည် (ဟေရှာ ၅၃း၄-၆။ ဒံ ၉း၂၅-၂၇။ လု ၁း၃၅။ ယော ၁း၁- ၃၊၁၄၊ ၅း၂၂။ ၁ဝး၃၀။ ၁၄း၁-၃၊၉၊၁၃။ ရော ၆း၂၃။ ၁ကော ၁၅း၃၊၄ ၂ကော ၃း၁၈။ ၅း၁၇-၁၉။ ဖိ ၂း၅-၁၁။ ကော ၁း၁၅-၁၉။ ဟေဗြဲ ၂း၉-၁၈၊ ၈း၁၊၂)။

ကန္တာရတောကြီးသည်မြွေပွေးများဖြင့် အိပ်မက်ဆိုးပမာဖြစ်လာခဲ့သည်။  မြွေများ သည် ထမင်း အိုးများအောက်တွင်လျှောတက်သွားကာ၊ တဲငုတ်တိုင်ဘေးတွင်ခွေနေ ခဲ့ကြသည်။ ၎င်းတို့သည် ကလေးကစားစရာအရုပ်များအကြားတွင်ပုန်းလျှိုးလျက်၊ ကောက်ရိုးမွေ့ရာပေါ် တွင် စောင့်နေခဲ့ကြသည်။ ၎င်းတို့၏အစွယ်ကိုနက်စွာထိုးနစ်၍၊ သေစေလောက်သော အဆိပ်ကို ထိုးသွင်းခဲ့ကြသည်။

တစ်ချိန်က ဣသရေလတို့၏ခိုလှုံရာဖြစ်သော ဤကန္တာရတောကြီးသည်၊ သုသာန် တစ ပြင်ဖြစ် လာခဲ့သည်။ ရာပေါင်းများစွာတို့သည် သေလုမြောပါးဖြစ်နေကြသည်။ မိမိ တို့၏ အကျပ်အတည်းကို သဘောပေါက်၍ ကြောက်လန့်နေသောမိဘတို့သည် မောရှေ၏ တဲသို့ပြေးကာ၊ အကူအညီ တောင်းခဲ့ကြသည်။ မောရှေသည် လူများအဖို့ဆုတောင်း လေ၏” (တော ၂၁း၇)။

ဘုရားသခင်၏ အဖြေကား အဘယ်နည်း။ မြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာ မြှောက်ထား လော့။ ၎င်းကို ကြည့်သောသူအားလုံးသည် အသက်ရှင်လိမ့်မည်။ မောရှေသည် ကြေးဝါ ဖြင့် မြွေကိုလုပ်၍ တိုင်ပေါ် မှာမြှောက်ထားပြီးလျှင်၊ မြွေကိုက်သောသူမည် သည်ကား၊ ကြေးဝါမြွေ ကိုကြည့်ရှုသောအခါ အသက် ချမ်းသာရကြ၏” (တော ၂၁း၉)။

မြွေသည်အပြစ်ကိုကိုယ်စားပြုသောစာတန်ကို အမြဲပုံဆောင်လေ့ရှိသည် (က ၃။ ဗျာ ၁၂)။ စခန်း တစ်ခုလုံးသည် စာတန်၏လက်ထဲသို့ကျရောက်ခဲ့သည်။ ဘုရားသခင်၏ ကုသမှု ကား၊ တဲတော်ယဇ်ပလ္လင်ပေါ်မှ သိုးသငယ်ကိုကြည့်ရန်မဟုတ်ဘဲ၊ ကြေးဝါမြွေ ကိုကြည့်ရန် ဖြစ်သည်။

၎င်းသည် ထူးဆန်းသောခရစ်တော်ကိုပုံဆောင်မှုဖြစ်သည်။ အဆိပ်သင့်စေသော မြွေကို တိုင်ပေါ်တွင်မြှောက်ထားသည်နှင့်အလားသဏ္ဌာန်တူ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန် ကို ဆောင်သော” (ရော ၈း၃) ယေရှုသည်ရှက်ဖွယ်လက်ဝါး ကပ်တိုင်ပေါ်တွင် မြှောက်ထားခြင်း ခံရမည်အကြောင်းတည်း (ယော ၃း၁၄၊၁၅)။ အသက်ရှင် ခဲ့ပြီးသောသူနှင့် အသက်ရှင်လာဦးမည့် သူတိုင်း၏အပြစ်အားလုံးကို မိမိကိုယ်တိုင် ပေါ်ယူဆောင်လျက်၊ ကိုယ်တော်သည် အပြစ်ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့်အပြစ်ရှိ သောသူဖြစ်စေတော်မူ၏။ အကြောင်း မူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည် အကြောင်းတည်း” (၂ကော ၅း၂၁)။ ခရစ်တော်ကို ကြည့်ခြင်းအားဖြင့် မျှော်လင့်ခြင်းကင်းမဲ့ သောလူသားတို့သည် အသက်ကို ရှာတွေ့နိုင် သည်။

လူသားအဖြစ်ခံယူတော်မူခြင်းသည် လူသားတို့အတွက်ကယ်တင်ခြင်းကို မည်ကဲ့သို့ယူ ဆောင်လာပေးနိုင်သနည်း။ ၎င်းသည်သားတော်အပေါ်၌ မည်သည့်အကျိုး သက်ရောက်မှုရှိ သနည်း။ ဘုရားသခင်သည် မည်ကဲ့သို့လူသားဖြစ်လာနိုင်သနည်း။ ၎င်းသည် အဘယ်ကြောင့် လိုအပ်သနည်း။

လူသားအဖြစ်ခံယူခြင်း။    ကြိုတင်ဟောကြားမှုများနှင့်ပြည့်စုံခြင်း

ဘုရားသခင်၏ အမြော်အမြင်ရှိသော လမ်းညွှန်မှုမှ လမ်းလွဲသော သူတို့ကိုကယ် တင်ရန် ကိုယ်တော်၏ စီမံချက်သည် (ယော ၃း၁၆။ ၁ယော ၄း၉)၊ သူ၏မေတ္တာတော်ကို ယုံကြည် လောက်စွာ ထင်ရှားစေသည်။ ဤစီမံချက်တွင် မိမိသားတော်သည် အပြစ်အတွက် ယဇ်ကောင် အဖြစ်သော်လည်းကောင်း၊ လူသားမျိုးနွယ်၏ မျှော်လင့်ချက်အဖြစ် လည်းကောင်း ဤကမ္ဘာမြေ မတည်မရှိမီခန့်ထားတော်မူခြင်းကိုခံနှင့်သည်” (၁ပေ ၁း၁၉၊၂၀)။ ကိုယ်တော်သည်ကျွန်ုပ်တို့ကို ဘုရားသခင် ထံတော်သို့ပြန်လည်ခေါ်ဆောင်ရန်နှင့် နတ်ဆိုး၏ ဖျက်ဆီးသောလုပ်ရပ်များအားဖြင့် အပြစ်တရားမှ ကယ်တင်ခြင်းကို ပေးရန်ဖြစ်သည်။ (၁ပေ ၃း၁၈။ မ ၁း၂၁။ ၁ယော ၃း၈)။

အပြစ်တရားသည် အာဒံနှင့် ဧ၀ကိုအသက်၏ အရင်းအမြစ်မှ ပြတ်သွားစေခဲ့သည်။ အကျိုးဆက်အဖြစ် အာဒံနှင့်ဧ၀တို့သည် ချက်ချင်းသေခြင်းကိုရင်ဆိုင်ကြရမည် ဖြစ်သည်။ သို့ရာတွင် ကမ္ဘာ မတည်မီ (၁ပေ ၁း၂၀၊၂၁)၊ မိတ်သဟာယပဋိညာဉ်” (ဇာ ၆း ၁၃) တွင် ချထားခဲ့သော စီမံချက်နှင့်အညီ၊ သားတော်ဘုရားသည် သူတို့နှင့်ဘုရားရှင်၏တရား မျှတခြင်းတို့အကြားတွင် ခြေလှမ်းဝင်၍၊ ကွာဟချက်ကြီးကိုပေါင်းကူးပေး ကာ၊ သေခြင်းကို ထိန်း ချုပ်ခဲ့သည်။ ထို့ကြောင့်၊ လက်ဝါးကပ်တိုင် မတိုင်မီကပင်၊ ကိုယ်တော်၏ ကျေးဇူးတော်သည် အပြစ်သားများကိုအသက်ရှင်စေ၍၊ သူတို့အား ကယ်တင်ခြင်းကိုစိတ်ချစေသည်။ သို့သော် ကျွန်ုပ်တို့ကို ဘုရားသခင်၏သားများ၊ သမီးများအဖြစ်အပြည့်အဝပြန်လည်ဖြစ်စေရန်၊ ကိုယ်တော်သည် လူသားအဖြစ်ကိုခံယူရမည်ဖြစ်သည်။

အာဒံနှင့်ဧ၀တို့အပြစ်ပြုပြီးချက်ချင်း၊ မြွေနှင့်မိန်းမတို့အကြား၊ မြွေအမျိုးအနွယ်နှင့် မိန်းမ အမျိုးအနွယ်တို့အကြား သဘာ၀လွန်ရန်ငြိုးကိုစတင်ရန် ကတိပေးခြင်းဖြင့်၊ ဘုရားသခင်သည် သူတို့ကို မျှော်လင့်ချက်ပေးခဲ့သည်။ (က ၃း၁၅)၏ပြင်းထန်သော ဖော်ပြချက်တွင် မြွေနှင့် ၎င်း၏ အမျိုးနွယ်သည် စာတန်နှင့် သူ၏နောက်လိုက်များကိုပုံဆောင်၍၊ မိန်းမနှင့်၎င်း၏အမျိုးအနွယ်သည် ဘုရားသခင်၏လူတို့နှင့်လောက၏ ကယ်တင်ရှင်ကိုပုံဆောင်သည်။ ဤဖော်ပြချက်သည် အကောင်းနှင့်အဆိုးအကြား တိုက်လှန်ပွဲသည် ဘုရားသခင်၏သားတော်အတွက် အောင်မြင်ခြင်း၌ ပြီးဆုံးသွားမည်ဖြစ်ကြောင်း ပထမဆုံးသောအာမခံချက် ဖြစ်သည်။ သို့သော်လည်း အောင်မြင်မှုသည် နာကျင်လိမ့်မည်။ သူ ကယ်တင်ရှင်သည် သင် စာတန်၏ ဦးခေါင်းကိုကြိတ်လိမ့်မည်။ သင် စာတန်သည် သူ ကယ်တင်ရှင်၏ ဖနောင့်ကိုကြိတ်လိမ့်မည်” (က ၃း၁၅)။ မည်သူမျှမထိမရှဘဲ ထွက်လာလိမ့်မည် မဟုတ်။

ထိုအချိန်မှစ၍၊   လူသားတို့သည် ကတိထားတော်မူသောသူကို ရှာဖွေခဲ့ကြသည်။ ဓမ္မဟောင်းသည် ထိုရှာဖွေမှုကိုဖွင့်ဟသည်။ ဗျာဒိတ်တော်များသည်ကတိထားတော်မူသောသူရောက်လာမည့်အချိန်၊ ကမ္ဘာကြီးကသူ၏ကိုယ်ပိုင်လက္ခဏာကို အတည်ပြုရန် သက်သေရရှိမည့်အချိန်ကို ကြိုတင်ဟောကြားခဲ့သည်။

ကယ်တင်ခြင်းကိုကြိုတင်သရုပ်ဆောင်ခြင်း။ အပြစ်တရားဝင်လာပြီးနောက်၊ ကြွလာမည့် ကယ်တင်ရှင်၏သာသနာကိုသရုပ်ဖော်ရန် တိရစ္ဆာန်ယဇ်ပူဇော်ခြင်းကို ဘုရားသခင်စတင်တော်မူခဲ့သည် (က ၄း၄ ကိုဖတ်ပါ)။ ဤသရုပ်ဖော်သောနည်းစနစ်သည် သားတော်ဘုရားသည် အပြစ်ကို အမြစ်ဖြတ်မည့် ပုံစံကို သရုပ်ဆောင်သည်။

အပြစ်တည်းဟူသော ဘုရားသခင်၏ပညတ်ကိုလွန်ကျူးခြင်းကြောင့် လူသားမျိုးနွယ်သည် သေခြင်းကိုရင်ဆိုင်ခဲ့ရသည် (က ၂း၁၇။ ၃း၁၉။ ၁ယော ၃း၄။ ရော ၆း၂၃)။ ဘုရားသခင်၏ ပညတ်သည် အပြစ်သား၏အသက်ကိုတောင်းဆိုသည်။ သို့ရာတွင် ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာ၀ရအသက်ကိုရစေခြင်းငှာ” (ယော ၃း၁၆)။ ဘုရားသခင်သည် မိမိ၏အနန္တမေတ္တာဖြင့် မိမိသားတော်ကိုပေးခဲ့သည်။ နားမလည်နိုင်သော အညံ့ခံအရှုံးပေးခြင်းပါတကား။ ထာ၀ရသားတော်၊ ဘုရားသခင်ကိုယ်တိုင်အပြစ်အတွက် ပြစ်ဒဏ်ကိုတစ်ဆင့်ခံ ပေးဆပ်တော်မူသည်။ ထို့ ကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်ဖြေလွှတ်ခြင်းကို ပေးနိုင်ပြီး၊ သုံးပါးတစ်ဆူဘုရား နှင့် သင့်မြတ်စေနိုင်သည်။

ဣသရေလတို့သည်အဲဂုတ္တုပြည်မှထွက်မြောက်ပြီးနောက်၊ ဘုရားသခင်နှင့် မိမိလူတို့ အကြား ပဋိညာဉ်ဆက်ဆံရေး၏ အစိတ်အပိုင်းအဖြစ် ယဇ်ပူဇော်ခြင်းကို တဲတော်၌ကျင်းပခဲ့သည်။ ကောင်းကင်ဆိုင်ရာပုံစံအတိုင်း မောရှေတည်ဆောက်ခဲ့သောတဲတော်နှင့် ၎င်း၏ လုပ်ငန်းများတို့သည် ကယ်တင်ခြင်းစီမံကိန်းကိုသရုပ်ဖော်ရန် စတင်ခဲ့ခြင်းဖြစ်သည် (ထွက် ၂၅း၈၊ ၉၊ ၄၀။ ဟေဗြဲ ၈း၁-၅)။

ခွင့်လွှတ်ခြင်းကိုရရှိရန် နောင်တရသောအပြစ်သားသည် အပြစ်ကင်းသောကယ် တင်ရှင်ကို ကိုယ်စားပြုခြင်းအဖြစ်၊ အပြစ်အနာအဆာမရှိသောယဇ်ကောင်ကို ယူဆောင်လာသည်။ ထို့နောက် ထိုအပြစ်သားသည် မိမိလက်ကိုအပြစ်မဲ့သောတိရစ္ဆာန်အပေါ် တင်၍၊ မိမိအပြစ်များကိုဝန်ချသည် (ဝတ် ၁း၃၊၄)။ ဤလုပ်ဆောင်မှုသည် ယဇ်ပူဇော်ခြင်း၏ အစားထိုးသော သဘောသဘာ၀ကို သရုပ်ဖော်သည့်အပြစ်ရှိသော အပြစ်သားမှ အပြစ်မဲ့သော ယဇ်ကောင်သို့ အပြစ်ပြောင်းရွှေ့ခြင်းကို ပုံဆောင်သည်။

အသွေးမသွန်းလောင်းဘဲအပြစ်လွှတ်ခြင်းမရှိ” (ဟေဗြဲ ၉း၂၂) သည်ဖြစ်ရာ၊ အပြစ်သားသည် တိရစ္ဆာန်ကိုသတ်၍၊ အပြစ်၏သေစေသောသဘောသဘာ၀ကို သက်သေထင်ရှား စေသည်။ မျှော်လင့်ခြင်းကို ဝမ်းနည်းဖွယ်ရာဖော်ပြခြင်းဖြစ်သော်လည်း အပြစ်သား၏ ယုံကြည်ခြင်းကို ပြသသည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

ယဇ်ပုရောဟိတ်နှင့်ဆိုင်သောလုပ်ငန်းပြီးဆုံးသွားပြီးနောက် (ဝတ် ၄-၇)၊ ယဇ်ကောင်က ပုံဆောင်သည့် ကြွလာမည့် ရွေးနုတ်ရှင်၏ အစားထိုးအသေခံခြင်း၌  သူ၏ယုံကြည်ခြင်း အားဖြင့်အပြစ်သားသည် အပြစ်များမှခွင့်လွှတ်ခြင်းကိုရရှိခဲ့သည်။ ဓမ္မသစ်ကျမ်းသည် ဘုရားသခင်၏သားတော်ယေရှုခရစ်ကို ဤလောက၏အပြစ်ကို ဆောင်သွားသောဘုရားသခင်၏သိုးသငယ်” (ယော ၁း၂၉) အဖြစ်အသိအမှတ်ပြုသည်။ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်” (၁ပေ ၁း၁၉) ဖြင့်၊ အပြစ်၏ အဆုံးစွန် ပြစ်ဒဏ်မှလူသားတို့ကို ရွေးနုတ်ရန်အတွက် ကိုယ်တော်ရနိုင်ခဲ့သည်။

ကယ်တင်ရှင်အကြောင်းကြိုတင်ဟောချက်များ။ လောကထဲသို့အပြစ်ဝင်လာချိန် မှစ၍၊ ဘုရားသခင်သည်ကြွလာမည့်ကယ်တင်ရှင်အကြောင်း သတင်းကောင်းကို လူသားတို့အားသေချာစွာသိစေခဲ့သည်။ ကြွလာမည့်ကယ်တင်ရှင်နှင့် ဆိုင်သောပထမကတိတော်ကို၊ ဧဒင်ဥယျာဉ်ထဲက အာဒံနှင့်ဧ၀တို့ကိုသိစေကြောင်း (က ၃း၁၅) တွင်ပါရှိသည်။ ကယ်တင်ရှင်မေရှိယ တည်းဟူသော ဘိသိက်ခံသူသည် အာဗြဟံ၏အမျိုးမှ ဆင်းသက်မည် ဖြစ်ကြောင်း ဘုရားသခင်ကတိပြုခဲ့သည်။ သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည်ကောင်းချီး မင်္ဂလာကိုခံရကြလိမ့်မည်” (က ၂၂း၁၈)။

ကယ်တင်ရှင်သည် သားယောက်ျားအဖြစ်ဖွားမြင်၍၊ လူနှင့်ဘုရားဇာတိနှစ်ခုလုံး ရှိမည် ဖြစ်ကြောင်း ဟေရှာယဗျာဒိတ်ဟောခဲ့သည်။ အကြောင်းမူကား၊ ငါတို့အဖို့ သူငယ် ကိုဖွားမြင် ၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည်အုပ်စိုးခြင်း အာဏာစက်ရှိ လိမ့်မည်။ နာမတော်မူကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာ၀ရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ် သမုတ်ခြင်းကိုခံတော်မူလိမ့်မည်” (ဟေ ရှာ ၉း၆)။ ဤ ကယ်တင်ရှင်သည် ဒါဝိဒ်မင်း၏ရာဇပလ္လင်ပေါ်မှာထိုင်၍၊ ကာလအစဉ်မပြတ် ငြိမ်းချမ်းသော နိုင်ငံတော်ကို တည်ထောင်တော်မူလိမ့်မည်” (ဟေရှာ ၉း၇)။ ဗက်လင်မြို့သည်သူ့ဖွားမြင်ရာမြို့ ဖြစ်လိမ့်မည်” (မိ ၅း၂)။

ဤဘုရား-လူသား၏မွေးဖွားခြင်းသည် သဘာ၀လွန်ဖြစ်လိမ့်မည်။ ဓမ္မသစ်ကျမ်းသည်ဤ (ဟေရှာ ၇း၁၄) ၏ဗျာဒိတ်ဟောချက်ကိုအတည်ပြု၍၊ ယေရှု၏ဖွားမြင်တော်မူခြင်း၌ အသုံးချသည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည်ပဋိသန္ဓေစွဲယူ၍၊ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတ္တံ့ဟုလာသတည်း။ ဧမာနွေလ အနက်ကား၊ ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း” (မ ၁း၂၃)။

ကယ်တင်ရှင်၏ သာသနာကိုဟေရှာယသည် အောက်ပါအတိုင်း ဗျာဒိတ်ဟောခဲ့သည်။ ထာ၀ရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်မှာတည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ၊ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏အနာကို စည်းစေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကို ဖြစ်စေခြင်းငှာလည်းကောင်း၊ ထာ၀ရဘုရား၏ မင်္ဂလာနှစ်ကို” (ဟေရှာ ၆၁း၁၊၂။ လု ၄း၁၈၊၁၉) ဟောပြော ရန်ဖြစ်သည်။

မေရှိယသည် အံ့ဩဖွယ်ငြင်းပယ်ခြင်းကိုခံရမည်။ သူသည် "ခြောက်သွေ့သောမြေ ၌ပေါက် သောအတက်ကဲ့သို့ထင်မှတ်ခြင်းခံရမည်။ ပမာဏပြုစရာအဆင်းတင့်တယ် ခြင်းမရှိ။ ချစ်လိုဖွယ်သော မျက်နှာလက္ခဏာနှင့်မပြည့်စုံ။ မထီမဲ့မြင်ပြုခြင်းကိုခံ၍၊ လူတို့တွင်အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူ ဖြစ်၏။ ... ငါတို့သည်မရိုသေကြ” (ဟေရှာ ၅၃း၂-၄)။

ရင်းနှီးသော မိတ်ဆွေတစ်ဦးသည် ကိုယ်တော်ကိုသစ္စာဖောက်၍ (ဆာ ၄၁း၉)၊ ငွေသုံး ဆယ်ဖြင့် ရောင်းစားလိမ့်မည် (ဇာ ၁၁း၁၂)။ ကိုယ်တော်အားစစ်ဆေးချိန်တွင် တံတွေးထွေး ခြင်း၊ ရိုက်ပုတ်ခြင်း ခံရမည် (ဟေရှာ ၅ဝး၆)။ ကိုယ်တော်ကိုကွပ်မျက် သောသူတို့သည် သူ၏အဝတ်တော်ကို စာရေးတံချ ကြလိမ့်မည် (ဆာ ၂၂း၁၈)။ သူ၏ အရိုးတစ်ခုမျှမကျိုးရ (ဆာ ၃၄း၂၀)၊ သို့သော် နံဘေးတော်သည် ထိုးဖောက်ခြင်းကိုခံ ရမည် (ဇာ ၁၂း၁၀)။ သူ၏ ဝေဒနာအကြားတွင် ခုခံခြင်းမရှိ၊ သိုးသည် အမွေးညှပ်သော သူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ ဥူသည် နှုတ်ကို မဖွင့်ဘဲနေ၏” (ဟေရှာ ၅၃း၇)။

အပြစ်မဲ့သောကယ်တင်ရှင်သည် အပြစ်သားများအတွက် အလွန်အမင်းဝေဒနာခံ လိမ့်မည်။ ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏... ထိုသူ သည် ငါတို့လွန်ကျူး ခြင်းအပြစ်များကြောင့်၊ နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်း ချမ်းသာကို ဖြစ်စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။... ထာ၀ရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏။ ...အသက်ရှင်သောသူတို့၏နေရာမှ သူ့ကိုသုတ်သင်ပယ်ရှင်းသည်ဖြစ်၍၊... ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကိုခံလေ၏” (ဟေရှာ ၅၃း၄-၈)။

ကယ်တင်ရှင်ကိုဖော်ထုတ်ခြင်း။ ယေရှုခရစ်တော်တစ်ပါးတည်းသာလျှင် ဤအနာဂတ်ဟော ကြားချက်များကို ပြည့်စုံစေတော်မူခဲ့သည်။ ရှင်မဿဲခရစ်ဝင်ကျမ်း သည် ကိုယ်တော်၏ ဆွေစဉ်မျိုးဆက်ကိုအာဗြဟံမှဇာစ်မြစ်ကိုလိုက်၍၊ သူ့အားအာဗြဟံ၏သားတော်ဟုခေါပြီး (မ ၁း၁)၊ ရှင်လုကာခရစ်ဝင်ကျမ်း၌မူကား၊ အာဒံ၏အဘ ဘုရားသခင်အထိ နောက်ပြန်ခြေရာကောက်ခဲ့သည် (လု ၃း၃၇)။ အာဗြဟံနှင့် သူ၏အမျိုးအနွယ်၌ ကတိထားသည့်အရာသည် ခရစ်တော်၌ပြည့်စုံကြောင်းကို ပေါလုအတည်ပြုသည် (ဂလ ၃း၁၆)။ ဒါဝိဒ်၏သားတော်ဟူသောမေရှိယဆိုင်ရာနာမကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်တော်၌အသုံးပြုသည် (မ ၂၁း၉)။ ကိုယ်တော်ကို ဒါဝိဒ်၏ရာဇပလ္လင်ကိုဆက်ခံမည့် ကတိထားသော မေရှိယအဖြစ် ဖော်ထုတ် သည် (တ ၂း၂၉၊၃၀)။

ယေရှု၏မွေးဖွားခြင်းသည် အံ့ဩဖွယ်ရာဖြစ်သည်။ အပျိုကညာမာရိ၏ ပဋိသန္ဓေ သည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏” (မ ၁း၁၈-၂၃)။ ရောမအစိုးရ၏အမိန့် ဒီဂရီသည် သူမက၊ ကြိုတင်ဟောခဲ့သည့် မွေးရပ်မြေဗက်လင်မြို့သို့ပို့ပေးခဲ့ သည် (လု ၂း၄-၇)။

ယေရှု၏ နာမတော်တစ်ခုမှာ ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ဟုအဓိပ္ပါယ်ရှိသော ဧမာနွေလဖြစ်သည်။ ၎င်းသည်ကိုယ်တော်၏ဘုရား-လူဇာတိကိုရောင်ပြန်ဟပ်ပြီး၊ ထိုဘုရားသည် လူသားလည်းဖြစ်တော်မူကြောင်းဖော်ပြသည် (မ ၁း၂၃)။ ကိုယ်တော်၏အများသိနာမတော်ဖြစ်သော ယေရှုသည် သူ၏ကယ်တင်ခြင်းလုပ်ငန်းကို အလေးပေးသည်။ သူ၏မွေးဖွားခြင်းကို ကြေညာသောကောင်းကင်တမန်သည် ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ်မည့်သူ ဖြစ်သောကြောင့် ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်” (မ ၁း၂၁) ဟု ဆိုခဲ့သည်။

ယေရှုသည်မိမိသာသနာကို ဟေရှာယကြိုတင်ဟောခဲ့သည့် မေရှိယ၏သာသနာ နှင့် တူကြောင်းကို၊ ယနေ့ပင်ဤကျမ်းစာချက်သည် သင်တို့ကြားသည်အတိုင်းပြည့်စုံလေပြီ” (လု ၄း၁၇-၂၁) ဟုထုတ်ဖော်တော်မူခဲ့သည်။

ကိုယ်တော်သည်မိမိလူတို့အပေါ် ကြီးကျယ်သောအရာကို ထင်စေခဲ့သော်လည်း၊ သူ၏ သတင်းစကားသည် အများအားဖြင့်ငြင်းပယ်ခံရသည် (ယော ၁း၁၁။ လု ၂၃း၁၈)။ လူအနည်း ငယ်မှလွဲ၍၊ ကိုယ်တော်ကိုလောက၏ ကယ်တင်ရှင်အဖြစ် အသိအမှတ်မပြုခဲ့ကြချေ။ လက်ခံမည့်အစား၊ ကိုယ်တော်သည် အသက်ခြိမ်းခြောက်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည် (ယော ၅း၁၆။ ၇း၁၉။ ၁၁း၅၃)။

ယေရှု၏သုံးနှစ်ခွဲ သာသနာလုပ်ငန်း အဆုံးပိုင်းတွင်၊ တပည့်တော်ယုဒရှကာရုတ်သည် သူ့ကိုသစ္စာဖောက်၍ (ယော ၁၃း၁၈။ ၁၈း၂)၊ ငွေအကျပ်သုံးဆယ်ဖြင့် ရောင်းခဲ့သည် (မ ၂၆း၁၄၊ ၁၅)။ သူ့ကို ကယ်တင်ရန်သူ၏တပည့်တော်များကို ခွင့်ပြုမည့်အစား၊ သူ့ကိုကာကွယ်ရန် ကြိုးစားသော သူတို့ကိုပင် အပြစ်တင်ခဲ့သည် (ယော ၁၈း၄-၁၁)။

ကိုယ်တော်အားဖမ်းဆီးပြီး ၂၄ နာရီမပြည့်မီ၊ သူသည်မည်သည့်ပြစ်မှုမျှ မကျူးလွန်သော်လည်း၊ တံတွေးထွေးခြင်း၊ ရိုက်ခြင်း၊ စစ်ဆေးခြင်း၊ သေဒဏ်ချမှတ်ခြင်းနှင့် ကပ်တိုင် တင် သတ်ခြင်းကို ခံခဲ့သည် (မ ၂၆း၆၇။ ယော ၁၉း၁-၁၆။ လု ၂၃း၁၄၊၁၅)။ စစ်သားများသည် သူ၏ အဝတ်တော်ကို စာရေးတံချကြသည် (ယော ၁၉း၂၃၊၂၄)။ ကပ်တိုင်တင်သတ်ခြင်း ခံစဉ်တွင် ကြိုတင်ဟောထားသကဲ့သို့ သူ၏အရိုးများမကျိုးခဲ့ (ယော ၁၉း၃၂၊၃၃၊၃၆။ ဆာ ၃၄း၂၀ ကိုဖတ်ပါ)။ ကိုယ်တော်အသက်တော် ထွက်ပြီးနောက်၊ စစ်သားများသည် သူ၏ နံဘေးကို လှံဖြင့်ထိုးဖောက်ခဲ့ကြသည် (ယော ၁၉း၃၄၊၃၇)။

မိမိတို့၏ရွေးနုတ်ခြင်းကို သေချာစေရန်အတွက်၊ ကိုယ်တော်၏ သေခြင်းသည် အပြစ် သားများ အတွက်ရရှိနိုင်သည့် တစ်ခုတည်းသောယဇ်ပူဇော်ခြင်းအဖြစ် ခရစ်တော်၏ နောက်လိုက်များက အသိအမှတ်ပြုကြသည်။ ငါတို့သည်အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည်ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏” (ရော ၅း၈)။ ခရစ်တော်သည်ငါတို့ကိုချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌မွှေးကြိုင်သောအနံ့ ရှိစေခြင်းငှာ၊ ကိုယ်ကိုကိုယ်ဆက်ကပ်၍၊ ယဇ်ပူဇော်လျက်၊ ငါ့တို့အတွက်စွန့်တော်မူသည် နည်းတူ၊ သင်တို့သည်မေတ္တာတရား၌ကျင်လည်ကြလော့” (ဧ ၅း၂)။ မှန်ပါသည်။ ခရစ်တော်သည် လူသားတို့၏အပြစ်များအတွက် အစားထိုးအသေခံခဲ့သည်။ ကိုယ်တော် အားပြုစုထိုက်သကဲ့သို့ ကျွန်ုပ်တို့သည်ပြုစုခြင်းခံရမည်အကြောင်း၊ ခရစ်တော်သည် ကျွန်ုပ်တို့ ထိုက်တန်သည့် အရာဖြင့်ပြုစုခြင်းကိုခံခဲ့သည်။ ကိုယ်တော်သည်အပြစ်မရှိဘဲ၊ ကျွန်ုပ်တို့၏ အပြစ်များအတွက် အပြစ်စီရင်ခြင်းကိုခံခဲ့ရာ၊ ကျွန်ုပ်တို့၌ ဖြောင့်မတ်ခြင်း မရှိပါဘဲလျက်၊ သူ၏ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်ဖြောင့်မတ်ခြင်းရမည်အကြောင်းတည်း။ ကိုယ်တော်၏အသက်ကို ကျွန်ုပ်တို့ရရှိနိုင်မည် အကြောင်း၊ ကျွန်ုပ်တို့၏သေခြင်းကို၊ သူသည်ကိုယ်စားခံခဲ့သည်။ သူခံရသောဒဏ်ချက်အား ဖြင့် ငါတို့သည် အနာပျောက်လျက်ရှိ ကြသည်။}

ကိုယ်တော်၏သာသနာပြုချိန်နှင့်သေချိန်။ ဘုရားသခင်သည် မိမိသားတော်ကို ဤ မြေကြီးသို့ အချိန်ကာလစေ့သောအခါ” (ဂလ ၄း၄) စေလွှတ်ကြောင်းကို သမ္မာကျမ်းစာကဖော်ပြသည်။ ခရစ်တော်သည်သူ၏သာသနာကိုအစပြုတော်မူချိန်က အချိန်ပြည့်စုံပြီ” (မာ ၁း၁၅)ဟု မိန့်တော်မူခဲ့သည်။ ဤအချိန်နှင့်ဆိုင်သောကျမ်းချက်တို့သည် ခရစ်တော်၏ သာသနာသည် ဘုရားသခင်၏ ချိန်းချက်သောအချိန်နှင့်အညီ ရှေ့ဆက်ဖြစ်လာကြောင်း ညွှန်ပြ ပေးသည်။

ရာစုနှစ်ငါးစုထက်စော၍၊ ဒံယေလအားဖြင့်ဘုရားသခင်သည် ခရစ်တော်၏သာသနာစတင်မည့် အချိန်နှင့် သူသေမည့်အချိန်အတိအကျကိုကြိုတင်ဟောခဲ့သည်။

ဗာဗုလုန်နိုင်ငံတွင် ဣသရေလတို့အားဖမ်းဆီးခြင်းနှစ်ပေါင်း (၇၀) အဆုံးပိုင်းတွင်၊ ဘုရားသခင်သည် ယုဒလူတို့နှင့် ယေရုရှလင်မြို့အတွက် အပတ်ပေါင်း (၇၀)ကို ကရုဏာ ကာလအဖြစ် သတ်မှတ်ကြောင်း ဒံယေလကိုမိန့်တော်မူခဲ့သည်။

ဤအချိန်အတွင်း၊ နောင်တတရားဖြင့်၊ ကြွလာမည့်မေရှိယအတွက် မိမိကိုယ်ကို ပြင်ဆင်ခြင်းအားဖြင့်၊ ယုဒလူမျိုးတို့သည် သူတို့အတွက် ဘုရားသခင်၏ရည်ရွယ်ချက်ကို ပြည့်စုံစေ ရန်ဖြစ်သည်။

ဒံယေလကလည်း ဒုစရိုက်အပြစ်ကိုဖြေရှင်းခြင်းနှင့် ထာ၀ရကုသိုလ်ကို ပြုခြင်းတို့သည် ဤကာလ၏ ပစ်မှတ်ဖြစ်သည်ဟု ရေးသားခဲ့သည်။ ဤမေရှိယနှင့် ဆိုင်သောလုပ် ဆောင်မှုများသည် ဤအချိန်အတွင်း ကယ်တင်ရှင်ကြွလာမည်ဖြစ်ကြောင်းကို ညွှန်ပြသည် (ဒံ ၉း၂၄)။

မေရှိယသည် ယေရုရှလင်မြို့ကိုတစ်ဖန် တည်ထောင်ပြုစုခြင်းငှာ၊ အမိန့်တော်ရှိသည့်နေ့နောက်ပိုင်း၊ ခုနစ်သီတင်းနှင့်ခြောက်ဆယ်နှစ်သီတင်းကြာသို့မဟုတ် စုစု ပေါင်း ၆၉ ပတ်တွင် မေရှိယသည်ပေါ်ထွန်းမည်ဖြစ်ကြောင်းကို ဒံယေလသည် ကြိုတင်ဟော၍ သတ်မှတ်ခဲ့သည်။ ခြောက်ဆယ်ကိုးသီတင်းပြီးဆုံးပြီးနောက် မေရှိယသည် အခွင့်မရဘဲ အသေသတ်ခြင်းကိုခံရလိမ့်မည်” (ဒံ ၉း၂၆)။ သူသည် သီတင်းပတ် (၇၀) မြောက်၏အလယ်တွင် အသေသတ်ခြင်းကိုခံ၍၊ ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်” (ဒံ ၉း၂၇)။

အချိန်နှင့်ဆိုင်သော ဗျာဒိတ်ဟောချက်များကိုနားလည်ရန် အဓိကသော့ချက်သည် ဗျာဒိတ် ဟောချက်ကတစ်ရက်သည် တစ်နှစ်နှင့်ညီသည်ဟူသောသမ္မာကျမ်းစာ၏ ဥပဒေသအပေါ်တည်သည် (တော ၁၄း၃၄။ ယေဇ ၄း၆)။ ဤနှစ်-ရက်ဥပဒေသအရ၊ အပတ်ပေါင်း ၇၀ (သို့မဟုတ် ဗျာဒိတ် ဟောချက်ရက်ပေါင်း ၄၉၀) သည် နှစ်ပေါင်း ၄၉၀ ကို ရောက်စေသည်။

ဤအချိန်ကာလသည် ယေရုရှလင်မြို့ကိုတစ်ဖန်တည်ထောင်ပြုစုခြင်းငှာ၊ အမိန့်တော်ရှိသည် နေ့မှ” (ဒံ ၉း၂၅) စတင်ကြောင်းကိုဖော်ပြသည်။ ယုဒလူတို့အား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ပေးသည့် ဤအမိန့်ကိုပါးရှားဘုရင်အာတဇေရဇ်၏နန်းစံ ခုနစ် နှစ်မြောက်၊ ဘီစီ (၄၅၇) အနှောင်းပိုင်းတွင် စတင်အကျိုးသက်ရောက်ခဲ့သည် (ဧဇ ၇း၈၊၁၂-၂၆၊ ၉း၉) ဤ ဗျာဒိတ်ဟောချက်အရ၊ အမိန့်ချ ပြီးနှစ်ပေါင်း (၄၈၃) (ဗျာဒိတ်သီတင်း ၆၉) ကုန်လွန်ပြီးနောက်၊ ခရစ်တော်သခင်" သည် ပေါ်ထွန်း လိမ့်မည်။ ဘီစီ (၄၅၇) မှ စတင်၍၊ နှစ်ပေါင်း (၄၈၃) ကုန်လွန်ပြီး၊ အေဒီ (၂၇) အနှောင်းပိုင်းတွင် ယေရှုသည် နှစ်ခြင်းကိုခံ၍၊ လူထုအကြား သာသနာကိုစတင်တော်မူခဲ့သည်။ ဘစီ (၄၅၇) နှင့်အေဒီ (၂၇) စသည့်ရက်စွဲတို့ကို လက်ခံသည့်၊ ဂလီဆန်အာချာ (Gleason Archer) က၊ ဤအရာသည် ရှေးအခါက ဗျာဒိတ်ဟော ချက်များ ပြည့်စုံခြင်းတွင် အထူးခြားဆုံးသော တိကျ မှန်ကန်မှုရှိသည်။ ဘုရားတစ်ပါးတည်းက သာလျှင်၊ ထိုသို့သောအံ့ဖွယ်တိကျမှုဖြင့် မိမိ သားတော်ကြွလာခြင်းကို ကြိုတင်ဟောနိုင်သည်။

 

 

ယော်ဒန်မြစ်တွင်နှစ်ခြင်းကိုခံချိန်က၊ ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော်၏ ဘိသိက် ပေးခြင်းကိုခံရ၍၊ ဘိသိက်မြှောက်ခြင်းခံရသူဟုအဓိပ္ပါယ်ရသော မေရှိယ” (ဟေဗြဲဘာ သာ) သို့မဟုတ် ခရစ်တော်” (ဟေလသဘာသာ) အဖြစ် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံခဲ့သည် (လု ၃း၂၁၊၂၂။ တ ၁ဝး၃၈။ ယော ၁း၄၁)။ ယေရှု၏ အချိန် ပြည့်စုံပြီ” (မာ ၁း၁၅) ဟူသော ကြွေးကြော်ခြင်းသည် ဤအချိန်ကာလနှင့်ဆိုင်သော ဗျာဒိတ်ဟောချက်၏ ပြည့်စုံခြင်းကိုရည်ညွှန်းသည်။

သီတင်းပတ် (၇၀) မြောက်၏အလယ်၊ ယေရှုနှစ်ခြင်းခံပြီးသုံးနှစ်ခွဲအလွန်၊ အေဒီ (၃၁) ၏ နွေဦးကာလတွင်၊ မေရှိယသည်မိမိအသက်ကိုပေးခြင်းဖြင့် ယဇ်ပူဇော်ခြင်း စနစ်ကို အဆုံးသတ်ခဲ့သည်။ ကိုယ်တော်သေဆုံးချိန်တွင် ဗိမာန်တော်ကန့်လန့်ကာသည် ထက်စွန်းမှ အောက်စွန်းတိုင်အောင် ကွဲလေ၏” (မ ၂၇း၅၁)။ ၎င်းသည် ဗိမာန်တော် လုပ်ငန်းစဉ်အားလုံးကို ဘုရားရှင် ဖျက်သိမ်းကြောင်း ညွှန်ပြသည်။

ယဇ်ပူဇော်ခြင်း လုပ်ငန်းစဉ် အားလုံးသည် ကုံလုံပြည့်စုံသောမေရှိယ၏ ပူဇော်ဆက်သခြင်းကို ကြိုတင်ညွှန်ပြခဲ့သည်။ စစ်မှန်သောဘုရားသခင်၏သိုးသငယ်၊ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များအတွက်ရွေးနုတ်ရန် အဖိုးအခအဖြစ်ကရာနိကုန်းပေါ်တွင် အသေခံသောအခါ (၁ပေ ၁း၁၉)၊ ပုံစံသည်အစစ်အမှန်နှင့်တွေ့ရှိပြီး၊ အရိပ်သည်လည်း အဖြစ်မှန်ထဲသို့ ပေါင်းစပ်သွားခဲ့လေသည်။ မြေကြီးနှင့်ဆိုင်သော တဲတော်လုပ်ငန်းများလည်း မလိုအပ်တော့ပြီ။

ကြိုတင်ဟောချက်အချိန်အတိအကျတွင်၊ ပသခါပွဲအတွင်း၊ ခရစ်တော်အသေခံ ခဲ့သည်။ ပေါလုက အကြောင်းမူကား၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါသိုးသငယ်သည် ငါတို့အဖို့ ယဇ်ပူဇော် ရာဖြစ်၏” (၁ကော ၅း၇) ဟုပြောခဲ့သည်။ ယေရှုခရစ် တော်သည် ကြာမြင့်စွာ က ကြိုတင်ဟောခဲ့သော လောက၏ကယ်တင်ရှင်ဖြစ်ကြောင်း၊ အခိုင်မာဆုံးသော အထောက် အထားများကို ဤ အံ့ဖွယ်တိကျ သော အချိန်နှင့်ဆိုင်သည့် ဗျာဒိတ်ဟော ချက်ကပြသသည်။

ကယ်တင်ရှင်၏ထမြောက်ခြင်း။ သမ္မာကျမ်းစာသည် ကယ်တင်ရှင်၏ သေခြင်းကိုသာမက၊ သူ၏ရှင်ပြန်ထမြောက်ခြင်းကိုလည်း   ကြိုတင်ဟောခဲ့သည်။ ပေတရုက၊ ခရစ်တော်၏ စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ပစ်ထားတော်မမူ၊ အသားသည်လည်းပုပ်စပ်ခြင်းသို့ မရောက်” (တ ၂း၃၁) ဟူ၍ ဒါဝိဒ်၏ဗျာဒိတ်ဟောချက်ကို ရည်ညွှန်း၍ဆိုခဲ့သည် (ဆာ ၁၆း၁၀)။ ခရစ်တော်သည် အခြားသူတို့ကို သေခြင်းမှ ထမြောက်စေသော်လည်း (မာ ၅း၃၅-၄၂။ လု ၇း၁၁-၁၇။ ယော ၁၁)၊ သူကိုယ်တိုင်၏ရှင်ပြန်ထမြောက်ခြင်းသည် လောက၏ ကယ်တင်ရှင် ဖြစ်ကြောင်း သူ၏ ပြောဆိုချက်၏နောက်ကတန်ခိုးကိုဖော်ပြခဲ့သည်။ ယေရှုကလည်း၊ ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်” (ယော ၁၁း၂၅၊၂၆)။

မိမိ၏တပည့်တော်များအား ရှင်ပြန်ထမြောက်တော်မူသောယေရှု၏ အာမခံချက် ဟူမူကား၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည်အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည်အလျင်သေသည်ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်းငါအစိုးရ၏ (ဗျာ ၁း၁၇း ၁၈) ဟူ၍ဖြစ်သည်။

ယေရှုခရစ်တော်၏ဇာတိနှစ်မျိုး

နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍” (ယော ၁း၁၄) ဟုဖော်ပြ ရာတွင် ယောဟန်သည်အလွန်လေးနက်သောသမ္မာတရားကိုချပြခဲ့သည်။ သားတော်ဘုရား၏ လူ့ဇာတိကို ခံယူခြင်းသည် ဆန်းကြယ်လွန်းသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ လူဇာတိခံယူခြင်းကို ကိုးကွယ်ခြင်း၏နက်နဲသောအရာဟုမီးမောင်းထိုးသည် (၁တိ ၃း၁၆)။

လောကကိုဖန်ဆင်းသောအရှင်၊ သုံးပါးတစ်ဆူဘုရားကို ပြည့်စုံစေသောသူသည် နွား စားခွက်တွင် အကူအညီမဲ့သောကလေးငယ်ဖြစ်လာခဲ့သည်။ မည်သည့်ကောင်းကင် တမန်ထက်မဆိုများစွာ သာလွန်၍၊ ဇာတိ၊ သိက္ခာနှင့်ဘုန်းတော်တို့၌ ဘုရားသခင်နှင့်တူတော်မူသောကိုယ်တော်သည် လူသား၏အဝတ်ကိုဝတ်ဆင်ရန် အရှုံးခံနှိမ့်ချခဲ့သည်တကား။

သန့်ရှင်းသောဝိညာဉ်တော်၏အလင်းပြမှုကိုမတောင်းခံဘဲ၊ ဤမွန်မြတ်နက်နဲမှု၏ အဓိပ္ပါယ်ကို သိရှိနိုင်မည်မဟုတ်။ လူ့ဇာတိအဖြစ်ခံယူတော်မူခြင်းကိုနားလည်ရန်ကြိုးစာ ရာတွင်၊ မထင်ရှားသော အရာတို့သည် ငါတို့ဘုရားသခင်ထာ၀ရဘုရား၏အငန်းအတာ ဖြစ်၏။ ဖော်ပြတော်မူသော အရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့်ငါ့တို့ သားသမီးများတို့၏ အငန်းအတာဖြစ်” (တရား ၂၉း၂၉) သည်ကို သတိရပါ။

ယေရှုခရစ်တော်သည် အမှန်တကယ်ဘုရားဖြစ်သည်။ ယေရှုခရစ်တော်သည် ဘုရားဖြစ်သည်ဟူသောသက်သေကား အဘယ်နည်း။ ကိုယ်တော်သည် မိမိကိုယ်ကို မည်သို့သိရှိသနည်း။ လူတို့ သည် သူ၏ဘုရားဇာတိကိုအသိအမှတ်ပြုခဲ့ကြသလား။

၁။ ကိုယ်တော်၏ဘုရားဂုဏ်လက္ခဏာများ။ ခရစ်တော်သည် ဘုရားဂုဏ်တော် လက္ခဏာများကိုပိုင်ဆိုင်သည်။ သူသည်အနန္တတန်ခိုးရှင်ဖြစ်သည်။ ခမည်းတော်သည် သူ့အား ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့် တန်ခိုးရှိ သမျှ” (မ ၂၈း၁၈။ ယော ၁၇း၂) ကိုပေးခဲ့ပြီ။

ကိုယ်တော်သည်သဗ္ဗညုတဥာဏ်တော်ရှင်ဖြစ်သည်။ ပေါလုက၊ ကိုယ်တော်၌ နက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဥာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏” (ကော ၂း၃) ဟုဆိုခဲ့ သည်။

ယေရှုက၊ မိမိ၏နေရာတိုင်းတွင်တည်ရှိနေခြင်းကို ငါသည်လည်းကပ်ကမ္ဘာကုန်သည် တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်” (မ ၂၈း၂၀) ဟူ၍ လည်းကောင်း၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့ အလယ် မှာ ငါရှိ သည်” (မ ၁၈း၂၀) ဟူ၍လည်းကောင်း၊ အာမခံချက် ပေးသည်။

ကိုယ်တော်၏ ဘုရားဖြစ်ခြင်းသည် နေရာတိုင်း၌ ရှိနိုင်သော်လည်း၊ လူ့ဇာတိကို ခံယူသောခရစ်တော်သည် ဤအချက်တွင်ဆန္ဒအလျောက် မိမိကိုယ်ကို ကန့်သတ်တော် မူခဲ့ သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်အားဖြင့် နေရာတိုင်းတွင်ရှိနေရာ ရွေးချယ်ခဲ့ပြီ (ယော ၁၄း၁၆-၁၈)။

ဟေဗြဲဩဝါဒစာသည် ကိုယ်တော်၏ပြောင်းလဲခြင်းမရှိကြောင်းကို သက်သေပြုသည်။ ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလအစဉ်အမြဲမပြောင်းမလဲနေတော်မူ၏” (ဟေဗြဲ ၁၃း၈)။

ကိုယ်တော်၏ပင်ကိုတည်ရှိခြင်းသည် ကိုယ်တော်ကမိမိ၌အသက်ရှိသည်ဟူ၍ မိန့်တော်မူချက်၏ သက်သေဖြစ်သည် (ယော ၅း၂၆)။ ယောဟန်က နှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏” (ယော ၁း၄) ဟု သက်သေခံခဲ့သည်။ မိမိကိုယ်တိုင်သည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏} (ယော ၁၁း၂၅) ဟု ခရစ်တော် ထုတ်ဖော်ခဲ့သည်။ ထိုသို့ဖော်ပြရာတွင်၊ သူ၌ချေးငှားရရှိ၍မဟုတ်၊ မူလအသက်ရှိတော်မူကြောင်းကို အခိုင်အမာဆိုသည်။

သန့်ရှင်းခြင်းသည် မငြင်းဆိုနိုင်သောခရစ်တော်၏ ဇာတိအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သတင်းကြားပြောသည့်ကောင်းကင်တမန်ကမာရိကို သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏ အပေါ်မှာ ဆင်းသက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်” (လု ၁း၃၅) ဟုဆိုခဲ့သည်။ ယေရှု၏ ရှေ့မှောက်တွင်နတ်ဆိုးများက ကိုယ်တော်သည်အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။... ကိုယ်တော်သည် ဘုရား၏သန့်ရှင်းတော်မူသောသူဖြစ်သည်ကို အကျွန်ုပ်တို့သိပါ၏” (မာ ၁း၂၄) ဟု ဆိုကြသည်။

ခရစ်တော်သည်ချစ်ခြင်းမေတ္တာဖြစ်သည်။ ယောဟန်က ခရစ်တော်သည် ငါတို့အဖို့အလိုငှာ အသက်တော်ကိုစွန့်တော်မူသည်အရာကို ငါတို့သည်ထောက်၍၊ မေတ္တာတော်ကို သိရကြပြီ” (၁ယော ၃း၁၆) ဟု ရေးသားခဲ့သည်။

ခရစ်တော်သည်အစဉ်တည်ရှိသည်။ ဟေရှာယသည်ကိုယ်တော်ကို ထာ၀ရအဘ” (ဟေရှာ ၉း၆) ဟုခေါ်ခဲ့သည်။ မိက္ခာသည်ကိုယ်တော်ကို ထိုသခင်သည်ရှေးကပ်ကမ္ဘာ မှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏” (မိ ၅း၂) ဟုဆိုခဲ့သည်။ ပေါလုက သားတော်သည် လည်း ခပ်သိမ်းသော အရာမဖြစ်မီ ဖြစ်တော်မူ” (ကော ၁း၁၇) သည်ဟု ကြွေးကြော်ပြီး၊ ယောဟန်က ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ ထိုနှုတ်က ပတ်တော်သည် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ် သောအရာတစ်စုံတစ်ခုမျှမရှိ” (ယော ၁း၂၊၃) ဟု ဆိုခဲ့သည်။

၂။ ကိုယ်တော်၏ဘုရားတန်ခိုးများနှင့်အခွင့်အာဏာများ။ ဘုရားသခင်၏ လုပ်ဆောင်မှုများကို ခရစ်တော်၏လက်ရာအဖြစ်မှတ်ယူသည်။ ကိုယ်တော်ကိုဖန်ဆင်းရှင် အဖြစ်လည်းကောင်း၊ “ခပ်သိမ်းသောအရာတို့ကိုမစတော်မူသော" သူအဖြစ်လည်းကောင်း မှတ်ယူသည် (ယော ၁း၃။ ကော ၁း၁၆။ ၁း၁၇။ ဟေဗြဲ ၁း၃။ ကိုယ်တော်သည် သေသောသူတို့ကို မိမိအသံဖြင့် ထမြောက်စေနိုင်ပြီး (ယော ၅း၂၈၊၂၉)၊ နောက်ဆုံးသောအချိန်တွင် လောကီသားတို့ကို တရားစီရင်မည် (မ ၂၅း၃၁၊၃၂)။ ကိုယ်တော်သည်အပြစ်ကိုလွှတ်၏ (မ ၉း၆။ မာကု ၂း၅-၇)။

၃။ ကိုယ်တော်၏ဘုရားနာမတော်များ။ ကိုယ်တော်၏ ဘုရားနာမတော်များသည် သူ၏ ဘုရားဇာတိကိုဖော်ပြသည်။ ဧမာနွေလသည် ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်” (မ ၁း၂၃) ဟုအဓိပ္ပါယ်ရသည်။ ယုံကြည်သူများနှင့် နတ်ဆိုးတို့သည် သူ့ကိုဘုရားသခင်၏ သားတော်အဖြစ် အမည်တပ်ခဲ့ကြသည် (မာ ၁း၁။ မ ၈း၂၉။ မာ ၅း၇)။ ဓမ္မဟောင်းကျမ်းမှ အလေးအမြတ်ထားသော ဘုရားနာမတော် ယေဟောဝါ သို့မဟုတ် ယာဝယ့်ယေရှု၌ အသုံးပြုသည်။ မဿဲက (ဟေရှာ ၄ဝး၃) မှ ထာ၀ရဘုရားကြွတော်မူ ရာလမ်းကိုပြင်ကြလော့ဟူသောစကားလုံးကို၊ ခရစ်တော်၏သာသနာအတွက် နှစ်ခြင်းဆရာယောဟန်၏ ကြိုတင်ပြင်ဆင်သောအလုပ်ကို ဖော်ပြရာတွင် အသုံးပြုခဲ့သည် (မ ၃း၃)။ ပြီးနောက် ယောဟန်သည် ယေရှုကို ဤလောက၏ အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏သိုးသငယ်နှင့် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်း ဖော် ထုတ်ခဲ့သည် (ယော ၁း၂၉၊၃၄)။

၄။ကိုယ်တော်၏ဘုရားအဖြစ်ကိုအသိအမှတ်ပြုခြင်း ယောဟန်က ယေရှုသည် လူဇာတိ အဖြစ်ကိုခံယူ” (ယော ၁း၁၊ ၁၄) သည့် ဘုရားဖြစ်တော်မူသော နှုတ်ကပတ်တော်အဖြစ် ပုံဖော် ခဲ့သည်။ သောမတ်သည် ထမြောက်တော်မူသော ခရစ်တော်ကို "အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်" (ယော ၂ဝး၂၈) ဟု အသိအမှတ်ပြုခဲ့သည်။ ပေါလုသည် "ခရစ်တော်သည်လည်း ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူ၍၊ ထာ၀ရမင်္ဂလာရှိတော်မူသောဘုရားသခင်ဖြစ်တော်မူ၏" (ရော ၉း၅) ဟုပြောခဲ့သည်။ ဟေဗြဲဩဝါဒစာကို ရေးသားသောသူကလည်း ကိုယ်တော်အား ဘုရားသခင်နှင့် ဖန်ဆင်းသောအရှင်သခင်အဖြစ် ခေါ် သည် (ဟေဗြဲ ၁း၈၊၁၀)။

     ၅။ ကိုယ်တော်၏ကိုယ်တိုင်သက်သေခံချက်။ ယေရှုကိုယ်တော်တိုင် ဘုရားသခင်နှင့် တန်းတူဖြစ်ကြောင်း အခိုင်အမာမိန့်တော်မူခဲ့သည်။ ကိုယ်တော်သည်မိမိကိုယ်ကို ဓမ္မဟောင်းကျမ်းက "ငါဖြစ်သည်" အမည်ရှိသော ဘုရားသခင်အဖြစ်ထုတ်ဖော်သည် (ယော ၈း၅၈)။ သူသည် ဘုရား သခင်ကို "ကျွန်ုပ်တို့၏အဘ" ဟုခေါ်မည့်အစား၊ "ငါ့ခမည်းတော်" ဟုခေါ်သည်။ "ငါသည် ခမည်းတော်နှင့်တစ်လုံးတစ်၀တည်းဖြစ်သည်" (ယော ၁ဝး၃၀) ဟု မိန့်တော်မူရာတွင်၊ သူသည် ဘုရားသခင်နှင့် "ကိုယ်တစ်ခု" ဖြစ်၍ "တူညီသော ဂုဏ်လက္ခဏာများကိုပိုင်ဆိုင်" ကြောင်းကို ချပြခြင်း ဖြစ်သည်။

     ၆။ ကိုယ်တော်သည်ဘုရားနှင့်တန်းတူဖြစ်ကြောင်းယူဆချက်။ ခရစ်တော်၏ ခမည်းတော်ဘုရားနှင့်   တန်းတူဖြစ်ကြောင်းကို   နှစ်ခြင်းပေးခြင်းပုံစံ၌လည်းကောင်း (မ ၂၈း၁၉)၊ တမန်တော်၏ ကောင်းချီးပေးခြင်း၌လည်းကောင်း (၂ကော ၁၃း၁၄)၊ သူ၏ နှုတ်ဆက်စကား ၌လည်းကောင်း (ယော ၁၄-၁၆)၊ ပေါလု၏ဝိညာဉ်တော် ဆုကျေးဇူးအကြောင်း ရှင်းလင်းချက်၌ လည်းကောင်း (၁ကော ၁၂း၄-၆) အခိုင်အမာ တွေ့ရသည်။ သမ္မာကျမ်းစာသည် ယေရှုကို ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် "ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်" (ဟေဗြဲ ၁း၃) ကဲ့သို့ဖော်ပြသည်။ ခမည်းတော်ဘုရားကို ပြပါဟုတောင်းဆိုချိန်တွင်၊ ယေရှုက၊ "ငါ့ကိုမြင်သောသူသည်ခမည်းတော်ကိုမြင်၏" (ယော ၁၄း၉) ဟု မိန့်တော်မူခဲ့သည်။

     ၇။ ကိုယ်တော်အားဘုရားကဲ့သို့ကိုးကွယ်ခြင်း။        လူတို့သည်ယေရှုကို ကိုးကွယ်ခဲ့ကြ၏ (မ ၂၈း၁၇။ လု ၁၄း၃၃)။ "ဘုရားသခင်၏ကောင်းကင်တမန်အပေါင်းတို့သည် ထိုသူကို ပျပ်ဝပ် ကိုးကွယ်ကြ" (ဟေဗြဲ ၁း၆) သည်။ ပေါလု က၊ "ယေရှု၏ဘွဲ့နာမတော်ကိုဒူးထောက်၍ ... ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်ဖြင့်ဝန်ခံ" (ဖိ ၂း၁၀၊၁၁) ကြမည်ဟုရေးခဲ့ သည်။ တမန်တော်တချို့၏ နောက်ဆုံးအပိတ်ကောင်းချီးပေးခြင်းတွင် ခရစ်တော်အား "ကမ္ဘာ အဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း" ဟုတူညီစွာဆိုကြသည် (၂တိ ၄း၁၈။ ဟေဗြဲ ၁၃း၂၁။ ၂ပေ ၃း၁၈)။

     ၈။ ကိုယ်တော်၏ဘုရားဇာတိလိုအပ်ခြင်း။   ခရစ်တော်သည် လူသားတို့ကို ဘုရားသခင် နှင့် မိတ်သဟာယဖွဲ့ပေးခဲ့သည်။ လူတို့သည် ဘုရားသခင်နှင့်ကိုယ်ပိုင် ဆက်ဆံရေး တိုးတက် စေရန် ပြည့်စုံသော ဘုရားသခင်၏ဂုဏ်တော်ဖွင့်ချခြင်းကိုလိုအပ် ခဲ့သည်။ ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ပြသခြင်းဖြင့် ၎င်းလိုအပ်ချက်ကို ဖြည့်စွက်ခဲ့သည် (ယော ၁း၁၄)။ "ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ" (ယော ၁း၁၈။ ၁၇း၆)။ ယေရှုက "ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏" (ယော ၁၄း၉) ဟု သက်သေခံသည်။

ခမည်းတော်အပေါ်လုံးလုံးမှီခိုလျက် (ယော  ၅း၃၀)၊  ခရစ်တော်သည် ဘုရားသခင်၏ မေတ္တာကိုဖေါ်ပြရန် ဘုရားတန်ခိုးကိုအသုံးပြုခဲ့သည်။ ဘုရားတန်ခိုးဖြင့် ကိုယ်တော်သည် အနာငြိမ်းစေခြင်း၊ အသစ်ပြုပြင်ခြင်းနှင့် အပြစ်လွှတ်ခြင်းအတွက် ဘုရားသခင် စေလွှတ်တော်မူသည့် ချစ်ဖွယ် ကယ်တင်ရှင်အဖြစ် မိမိကိုယ်ကိုဖေါ်ပြခဲ့သည် (လု ၆း၁၉။ ယော ၂း၁၁။ ၅း၁-၁၅၊၃၆။ ၁၁း၄၁-၄၅။ ၁၄း၁၁။ ၈း၃-၁၁)။ သို့သော်လည်း၊ အလားတူ အခြေအနေမျိုးတွင် ထားရှိပါက အခြားလူတို့ကလည်း တွေ့ကြုံရမည့်ကိုယ်ပိုင်အခက်အခဲများနှင့် ဒုက္ခဆင်းရဲမှ မိမိကိုယ်ကိုလွတ်မြောက်အောင်၊ ကိုယ်တော်သည် ဘယ်ခါမျှနိမိတ်လက္ခဏာကိုမပြုခဲ့ချေ။

ယေရှုခရစ်တော်သည် ခမည်းတော်ဘုရားနှင့် "ဇာတိ၊ ဂုဏ်တော်နှင့် ရည်ရွယ်ချက်တွင် တစ်ခု တည်း" ဖြစ်သည်။ သူသည် ဧကန်အမှန်ဘုရားသခင်ဖြစ်သည်။

ယေရှုခရစ်သည်ဧကန်အမှန်လူသားဖြစ်သည်။ သမ္မာကျမ်းစာသည် ခရစ်တော်၏ ဘုရားဇာတိအပြင်၊ သူသည် လူ့ဇာတိရှိသည်ကိုသက်သေခံသည်။ ဤသွန်သင်ချက်ကို လက်ခံခြင်းသည် အရေးပါလှသည်။ "လူဇာတိအဖြစ်ကြွလာသော ယေရှုခရစ်ကိုဝန်ခံသော" သူတိုင်းသည် "ဘုရားသခင်နှင့်စပ်ဆိုင်၏။" ဝန်မခံသော လူတိုင်းသည် "ဘုရားသခင်နှင့် မစပ်ဆိုင်" (၁ယော ၄း၂၊၃)။ ခရစ်တော်၏လူအဖြစ် မွေးဖွားခြင်း၊ ကြီးထွားခြင်း၊ ပင်ကို လက္ခဏာများနှင့် ကိုယ်ပိုင် သက်သေခံချက်တို့သည် ကိုယ်တော်၏ လူသားဖြစ်ခြင်း အထောက်အထားကိုပေးသည်။

     ၁။ ကိုယ်တော်၏လူ့အဖြစ်မွေးဖွားခြင်း။ "နှုတ်ကပတ်တော်သည် လူဇာတိအဖြစ်ကို ခံယူ၍၊ ... ငါတို့တွင်တည်နေတော်မူသည်" (ယော ၁း၁၄)။ ပေါလုသည် ရိုးရှင်းသော စကားဖြင့်၊ ]မိန်းမဝမ်း၌ ... ဖွားမြင်ရသောသားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏" (ဂလ ၄း၄) ဟုဆိုသည်။ ယေရှုသည် "လူကဲ့သို့သောအဖြစ်" နှင့် "လူ၏ဂုဏ်အင်္ဂါ လက္ခဏာ" ရှိတော်မူသည် (ဖိ ၂း၇၊၈)။

ဤ လူဇာတိ၌ဘုရားသခင်ကို ကိုယ်ထင်ပြခြင်းသည် "ကိုးကွယ်ခြင်း၏နက်နဲသော အရာ} (၁တိ ၃း၁၆) ဖြစ်သည်။ ခရစ်တော်၏ဆွေစဉ်မျိုးဆက်သည် သူ့ကို "ဒါဝိဒ်၏သား" နှင့် "အာဗြဟံ၏သား" (မ ၁း၁) အဖြစ်ရည်ညွှန်းထား သည်။ သူ၏လူဇာတိအရ၊ ကိုယ်တော်သည် "ဒါဝိဒ်အမျိုး" (ရော ၁း၃။ ၉း၅)၊ "မာရိ၏သား" (မာ ၆း၃) ဖြစ်တော်မူသည်။ အခြားသော ကလေးများအားလုံးကဲ့သို့၊ ကိုယ်တော်သည် မိန်းမမှမွေးဖွားခဲ့သော်လည်း၊ ကြီးမားသောခြားနားခြင်း၊ တစ်မူထူးခြား ခြင်းရှိနေသည်။ မာရိ သည်အပျိုကညာဖြစ်၍၊ ဤသားတော်ကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ပဋိသန္ဓေတည်ခဲ့သည် (မ ၁း၂၀-၂၃။ လု ၁း၃၁-၃၇)။ ယေရှုသည် ဘုရားအဖြစ်တည်ရှိနေရင်း၊ မိမိ၏ လူဇာတိ ခံယူခြင်းဖြင့် လူသားစင်စစ်ဖြစ် ကြောင်းကို ပြောနိုင်သည်။

     ၂။ လူသားအဖြစ်ကြီးထွားခြင်း။ ယေရှုသည်လူသားကြီးထွားခြင်းနိယာမ အောက်တွင် ရှိနေ ခဲ့သည်။ "သူငယ်သည်လည်းကြီးပွား၍၊ ပညာဥာဏ်သတ္တိနှင့်ပြည့်စုံ၏" (လု ၂း၄၀၊၅၂)။ အသက် (၁၂) နှစ်တွင် ကိုယ်တော်သည်သူ၏ဘုရားပေး သာသနာကိုစတင်သိရှိခဲ့သည် (လု ၂း၄၆-၄၉)။ ငယ်ရွယ်စဉ်တစ်လျှောက်၊ ကိုယ်တော်သည် မိဘတို့၏လက်တွင်ရှိနေခဲ့သည် (လု ၂း၅၁)။

လက်ဝါးကပ်တိုင်သို့ သွားသောလမ်းသည် ကိုယ်တော်၏ ကြီးထွားမှုတွင် အရေးကြီး သည့် ကဏ္ဍ တွင်ပါဝင်သည့်ဝေဒနာခံစားခြင်းဖြင့် အစဉ်ကြီးထွားသောအရာတစ်ခု ဖြစ်သည်။ "ဘုရားသခင်၏သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နားထောင်ခြင်း အကျိုးအကြောင်းကို သင်တော်မူ၏။ ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ ယုံကြည်နားထောင် သော သူအပေါင်းတို့အား ထာ၀ရကယ်တင်ခြင်းကျေးဇူးကိုပြုသော သူဖြစ်တော်မူ၏" (ဟေဗြဲ ၅း၈၊၉။ ၂း၁၀၊၁၈)။ သို့သော်၊ ကိုယ်တော် သည်ကြီးထွား လာသော်လည်း၊ အပြစ်မပြုခဲ့ချေ။

     ၃။ ကိုယ်တော်သည်လူသားဟုအခေါ်ခံရသည်။ နှစ်ခြင်းဆရာ ယောဟန်နှင့် ပေတရုတို့ သည် ကိုယ်တော်ကို "သူ" ဟု ရည်ညွှန်းကြသည် (ယော ၁း၃၀။ တ ၂း၂၂)။ ပေါလုသည် "တစ်ယောက်သောသူတည်းဟူသောယေရှုခရစ်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်" (ရော ၅း၁၅) အကြောင်းကိုပြောသည်။ ကိုယ်တော်သည် "သေသောသူတို့၏ ထမြောက်ခြင်း" ကို ဖြစ်စေသော "လူ" (၁ကော ၁၅း၂၁)၊ "ဘုရားသခင်နှင့်လူတို့စပ်ကြားမှာ၊ လူဖြစ်သောယေရှုခရစ်} (၁တိ ၂း၅) ဖြစ်တော်မူသည်။ မိမိရန်သူတို့ကိုမိန့်တော်မူရာတွင် မိမိကိုယ်ကိုလူကဲ့သို့ရည်ညွှန်းသည်။ "ဘုရားသခင့်အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အားဟောပြောသော "သူ" တည်းဟူသော ငါ့ကိုသတ်အံ့သောငှာ သင်တို့သည် ယခု ရှာ ကြံကြ၏" (ယော ၈း၄၀)။

ယေရှု နှစ်သက်၍ အကြိမ်ပေါင်း (၇၅) ထက်မကအသုံးပြုသော မိမိကိုယ်ကို သတ်မှတ် ချက်မှာ "လူသား" ဖြစ်သည် (မ ၈း၂၀။ ၂၆း၂)။ ဘုရားသားတော် ဟူသောဘွဲ့နာမသည် သုံးပါးတစ်ဆူ ဘုရားအကြားကဆက်ဆံရေးကိုအာရုံပြုသည်။ "လူသား" ဟူသောနာမမူကား၊ မိမိ၏ လူသားအဖြစ်ခံယူခြင်း အားဖြင့် လူသားမျိုးနွယ်နှင့် စည်းလုံးညီညွတ်မှုကို အလေးပေး သည်။ "မိမိ၏လူသားဇာတိဖြင့်၊ ခရစ်တော်သည် လူသားတို့ကိုထိတွေ့၍၊ မိမိ၏ ဘုရားဇာတိ ဖြင့် ဘုရားသခင်၏ ရာဇပလ္လင်ကို ဆွဲကိုင် တော်မူသည်။ လူသားအနေဖြင့်ကိုယ်တော်သည် ကျွန်ုပ်တို့အားနားထောင်ခြင်း စံနမူနာကိုပေး၍၊ ဘုရားသားတော် အနေဖြင့်၊ နားထောင်ရန် တန်ခိုးကိုပေးတော်မူသည်။"

     ၄။ ကိုယ်တော်၏ လူသားဂုဏ်အင်္ဂါလက္ခဏာများ။ ဘုရားသခင်သည် လူသားတို့ကို "ကောင်းကင်တမန်တို့အောက်၌အနည်းငယ်နှိမ့်" (ဆာ ၈း၄)၍ ဖန်ဆင်းတော်မူခဲ့သည်။ အလားတူစွာ၊ သမ္မာကျမ်းစာသည် ယေရှုကို "ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်" (ဟေဗြဲ ၂း၉) သူအဖြစ်ဖော်ပြသည်။ ကိုယ်တော်၏ လူသားဇာတိသည်ဖြစ်တည်၍၊ မဟာ လူသားတန်ခိုးများကို ပိုင်ဆိုင်ခြင်း ရှိတော်မမူခဲ့ပါ။

ခရစ်တော်သည်ဧကန်အမှန်လူသားဖြစ်ရမည်အကြောင်းမှာ၊ ကိုယ်တော်၏ သာသနာ အစိတ်အပိုင်း ဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည် အရေးကြီးသော လူ့ဂုဏ်အင်္ဂါ လက္ခာများကို ပိုင်ဆိုင်ပြီး၊ သူသည် "အသွေးအသား" (ဟေဗြဲ ၂း၁၄) နှင့်ရှိခဲ့သည်။ ခရစ်တော်သည် "မိမိညီအစ်ကိုတို့ နှင့်လုံးလုံးတူရသောအကြောင်းရှိ၏" (ဟေဗြဲ ၂း၁၇)။ ကိုယ်တော်၏ လူ့ဇာတိသည် အခြားသော လူသားများကဲ့သို့တူသော စိတ်နှင့်ကာယဆိုင်ရာ ထိခိုက်လွယ်သောသဘောရှိ၍၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မောပန်းခြင်းနှင့် စိုးရိမ်ခြင်း တို့ကိုလည်းခံစားခဲ့ရသည် (မ ၄း၂။ ယော ၁၉း၂၈။ ၄း၆)။

ကိုယ်တော်သည်အခြား သူတို့ထံအမှုဆောင်ရာတွင် ချစ်သနားခြင်း၊ တရားသော အမျက်နှင့် ပူဆွေးမှုတို့ကိုပြသခဲ့သည် (မ ၉း၃၆။ မာ ၃း၅)။ တစ်ခါတစ်ရံ ကိုယ်တော်သည် စိတ်သောက၊ ဝမ်းနည်းခြင်း၊ ငိုကြွေးခြင်းပင်ရှိခဲ့သည် (မ ၂၆း၃၈။ ယော ၁၂း၂၇။ ၁၁း၃၃၊၃၅။ လု ၁၉း၄၁)။ ကိုယ်တော်သည်ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျ ခြင်းတို့ဖြင့် ဆုတောင်းခဲ့ပြီး၊ တစ်ကြိမ်တွင် သွေးစက်ကဲ့သို့ ပင်ချွေးထွက်ခဲ့သည် (ဟေဗြဲ ၅း၇။ လု ၂၂း၄၄)။ ကိုယ်တော်၏ ဆုတောင်းသော အသက်တာသည် ဘုရားသခင်အပေါ် လုံးလုံးမှီခိုခြင်းကိုဖော်ပြသည် (မ ၂၆း၃၉-၄၄။ မာ ၁း၃၅။ ၆း၄၆။ လု ၅း၁၆။ ၆း၁၂)။

ယေရှုသည် သေခြင်းကိုတွေ့ကြုံခဲ့သည် (ယော ၁၉း၃၀၊၃၄)။ ကိုယ်တော်သည် ရှင်ပြန် ထမြောက် တော်မူခဲ့သည်မှာ ဝိညာဉ်ကဲ့သို့မဟုတ်ဘဲ၊ ကိုယ်ခန္ဓာဖြင့်ဖြစ် သည်။

၅။ ကိုယ်တော်၏လူသားဇာတိအတိုင်းအတာ။ သမ္မာကျမ်းစာက ခရစ်တော်သည် ဒုတိယ အာဒံဖြစ်သည်၊ အပြစ်နှင့်ပြည့်စုံသောဇာတိပကတိ၏ သဏ္ဌာန်ကိုဆောင်” (ရော ၈း၃) သည်ဟု ဖော်ပြသည်။ ကျရှုံးသောလူသားနှင့်ထပ်တူဖြစ်လာသည် ဟူသော အချက် သည် မည်မျှအထိတာ သွား သနည်း။

အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိသဏ္ဌာန်ကိုဆောင်သည်ဟူသောဖော်ပြချက် ၏ မှန်ကန်သောအမြင်သည် မရှိမဖြစ်လိုအပ်သည်။ မတိကျသောအမြင်များသည် ခရစ် ယာန်အသင်းတော် သမိုင်းတစ်လျှောက်တွင် ပြင်းထန်သောသဘောကွဲလွဲမှုနှင့် ပဋိပက္ခ ကိုဖြစ်ပေါ် စေခဲ့ပြီ။

(က)ကိုယ်တော်သည်အပြစ်နှင့် ပြည့်စုံသောဇာတိပကတိသဏ္ဌာန်ကိုဆောင်သည်။ အစောပိုင်းကဖော်ပြခဲ့သောကန္တာရတောထဲတွင် မြှောက်ထားခြင်းခံရသောမြွေ သည် ခရစ်တော်၏လူ့ဇာတိကိုနားလည်စေသည်။ အဆိပ်ရှိသောမြွေ ပုံသဏ္ဌာန်ကိုကြေး ဝါဖြင့် အရုပ်ပြုလုပ်ပြီး၊ လူတို့၏အနာငြိမ်းစေရန်အတွက်မြှောက်ခဲ့သည် နည်းတူ၊ ပြစ်နှင့်ပြည့် သော ဇာတိပကတိ သဏ္ဌာန်ဆောင်} သည့် ဘုရားသခင်၏ သားတော်သည် လောက၏ ကယ်တင်ရှင်ဖြစ်လာလိမ့်မည်။

လူ့ဇာတိကိုမခံမီကယေရှုသည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံသည်။       ”ဆိုလိုသည်မှာ၊ ဘုရားဇာတိသည်အစအဦးကပင် ကိုယ်တော်၏ဥစ္စာဖြစ်ခဲ့သည် (ယော ၁း၁။ ဖိ ၂း၆၊၇)။ အစေခံ ကျွန်၏ သဏ္ဌာန်ကိုယူဆောင်ရာတွင် ကိုယ်တော်သည် ဘုရားအခွင့် အာဏာကိုဖယ်ထားခဲ့သည်။ သူသည်ခမည်းတော်၏အလိုကိုဆောင်ရွက်ရန် (ယော ၆း၃၈။ မ ၂၆း၃၉၊ ၄၂) သူ့ခမည်းတော်၏ အစေခံကျွန်ဖြစ်လာခဲ့သည် (ဟေရှာ ၄၂း၁)။ ကိုယ်တော်သည် သူ၏ ဘုရားဇာတိကို လူ့ဇာတိဖြင့် လွှမ်းခြုံလျက်၊ အပြစ်နှင့် ပြည့်စုံသော ဇာတိပကတိ သဏ္ဌာန်” “အပြစ်နှင့်ပြည့်စုံသောလူ့ဇာတိ၊သို့မ ဟုတ် ကျရှုံးသောလူ့ဇာတိကိုဆောင်ခဲ့သည် (ရော ၈း၃)။ ယေရှုခရစ်သည် အပြစ်နှင့် ပြည့် သည် သို့မဟုတ်အပြစ်ရှိသောအတွေး သို့မဟုတ် လုပ်ဆောင်မှုများရှိသည် ဟူ၍ညွှန်ပြ နေခြင်းလုံး၀မဟုတ်ပါ။ အပြစ်ရှိသော ဇာတိပုံသဏ္ဌာန်ကို ဆောင်ခဲ့သော်လည်း၊ ကိုယ် တော်သည် အပြစ်မဲ့ပြီး၊ သူ၏အပြစ်မဲ့ခြင်းသည် သံသယ၏ တစ်ဖက်ကမ်းပင်ရောက်နေ သည်။

(ခ) ကိုယ်တော်သည်ဒုတိယအာဒံဖြစ်သည်။ သမ္မာကျမ်းစာသည် အာဒံနှင့် ခရစ် တော်တို့ကို နှိုင်းယှဉ်၍၊ အာဒံအား ရှေးဦးစွာသောလူ၊ခရစ်တော်ကို နောက်ဆုံးဖြစ် သောအာဒံသို့မဟုတ် ဒုတိယလူဟုခေါ်သည် (၁ကော ၁၅း၄၅၊ ၄၇)။ သို့သော် အာဒံ သည် ခရစ်တော်ထက်အခွင့်ပိုသာသည်။ အပြစ်သို့ကျရောက်ချိန်တွင် သူသည် ပါရဒိသု ဘုံ၌နေထိုင်ခဲ့သည်။ သူသည်ပြည့်စုံသော လူသား၊ ခန္ဓာနှင့်စိတ်အားမာန်အပြည့် ပိုင်ဆိုင်ခဲ့ သည်။

ယေရှုမှာမူ ထိုသို့မဟုတ်ခဲ့ပါ။ ကိုယ်တော်သည်လူ့ဇာတိကိုခံယူချိန်တွင်၊ လူသား မျိုးနွယ် သည် အပြစ်ကျိန်ခြင်းခံရသောကမ္ဘာဂြိုဟ်၌ အပြစ်ထဲတွင် နှစ်ပေါင်း ၄၀၀၀ မျှ ယိုယွင်းခဲ့ပြီးဖြစ်သည်။ အဆုံးစွန်အောက်ကျခြင်းတွင်းနက်ထဲမှလူတို့ကို ကိုယ်တော်သည် ကယ်တင်နိုင်မည်အကြောင်း၊ အာဒံ၏ မကျရှုံးမီဇာတိနှင့်နှိုင်းယှဉ်သော်၊ ကာယ၊ ဉာဏတို့ တွင် ဆုတ်ယုတ်နေသည့်လူသားဇာတိကို ခရစ်တော် သည်အပြစ်ပြုခြင်းမရှိဘဲ၊ ယူတင် ဝတ်ဆင်ခဲ့သည်။

ခရစ်တော်သည် အပြစ်၏ အကျိုးဆက်များကို ခံစားသည့် လူ့ဇာတိကို ယူဆောင် ချိန်တွင်၊ သူသည်ချည့်နဲ့ခြင်းနှင့် အားနည်းခြင်းတို့ကိုတွေ့ကြုံခံစားခဲ့သည်။ ကိုယ်တော် သည် နွမ်းရိအားနည်းခြင်းဇာတိရှိတော်မူခဲ့သည် (ဟေဗြဲ ၅း၂)။ သူသည် မိမိအား လျော့နေခြင်းကိုသိသည်။ ကိုယ်တော်သည် သေခြင်းမှကယ်နိုင်တော်မူသောသူကို ကြီး စွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပတ္ထနာပြု” (ဟေဗြဲ ၅း၇) ခြင်းဖြင့်၊ လူသားတို့၌ ရှိ နေကျလိုအပ်ချက်များနှင့် အားနည်းချက် များကိုလည်း သူခံစား ကြောင်းဖော်ပြသည်။

ထိုကြောင့် ခရစ်တော်၏လူသားဖြစ်ခြင်းသည် အပြစ်မကျမီအာဒံ၏လူသားဇာတိ နှင့် မတူချေ။ သို့တည်းမဟုတ် ကျရှုံးပြီး အာဒံ၏ ဇာတိအင်္ဂါရပ်မျိုးစုံနှင့်လည်း မတူပါ။ အာဒံကဲ့သို့ မဟုတ်ခဲ့ပါ။ အကြောင်းမှာ ၎င်းသည်အပြစ်ကြောင့်ချည့်နဲ့သော် လည်း အပြစ် ကင်းမဲ့ခဲ့သည်။ ၎င်းသည် အပြစ်ထဲ မကျရောက်ပေ။ အကြောင်းမှာ ၎င်းသည် မစင်ကြယ် သော ကိုယ်ကျင့် တရားထဲသို့မဆင်းသက်ခဲ့ချေ။ ထိုကြောင့် ၎င်းသည် ကျွန်ုပ်တို့၏ လူသားဖြစ်ခြင်း အတိုင်း ဖြစ် သော်လည်း၊ အပြစ်ကင်းမဲ့သည်။}

(ဂ) ကိုယ်တော်၏စုံစမ်းခြင်းများကိုကြုံတွေ့ခြင်း။ စုံစမ်းခြင်းများသည် ခရစ် တော်ကို မည်ကဲ့သို့ထိခိုက်သနည်း။ ၎င်းတို့ကိုတွန်းလှန်ရန် ကိုယ်တော်အတွက် လွယ်သ လော၊ သို့မဟုတ် ခက်ခဲသလော။ ကိုယ်တော်သည်စုံစမ်းခြင်းများကိုကြုံတွေ့ ခဲ့သည့်ပုံစံ က သူသည် ဧကန် အမှန် လူသားဖြစ် ကြောင်း ကို သက်သေပြသည်။

(၁) ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းကိုခံဘူးခြင်း။ ခရစ် တော်သည် ငါ့တို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်း နှောင့်ယှက်ခြင်းကိုခံဘူးသည့် အရာမှာ သူသည် လူ့ဇာတိကို ခံသောသူ ဖြစ်ကြောင်းကို ပြသသည်။ စုံစမ်းခြင်း နှင့် အပြစ်ပြု နိုင်ချေသည် ခရစ်တော်အတွက် အမှန်တကယ်ရှိခဲ့သည်။ ကိုယ်တော်သည် အပြစ်ကိုမပြုနိုင်ခဲ့လျှင်၊ သူသည် လူသားဖြစ်မည်မဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ စံနမူနာလည်း ဖြစ်မည်မဟုတ်ချေ။ ခရစ်တော်သည် စုံစမ်းခြင်း ထဲသို့ကျရောက်နိုင်သည့် အဖြစ်အပါ အဝင်၊ လူ့ဇာတိနှင့်၎င်း၏ ဝန်ထုပ်ဝန်ပိုးအားလုံး ကို ယူတင် ခဲ့ သည်။

မည်သို့ဖြင့်ကိုယ်တော်သည် ကျွန်ုပ်တို့ကဲ့သို့အမျိုးမျိုးသောစုံစမ်းနှောင့်ယှက် ခြင်းကိုခံသနည်း။ အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းသည် ယနေ့ကျွန်ုပ်တို့ရင်ဆိုင် ရသော စုံစမ်းခြင်းများနှင့် တစ်ထပ်တည်း ကျသောစုံစမ်းခြင်းကို ကိုယ်တော်ခံရသည်ဟု မဆိုလိုပါ။ ဥပမာ၊ ကိုယ်တော်သည် ကိုယ်ကျင့်တရားကိုကျဆင်းစေသည့် ရုပ်မြင်သံကြား အစီအစဉ်များ သို့မဟုတ် သတ်မှတ်မိုင်နှုန်း ထက် ပိုမောင်းရန် စသည်တို့ဖြင့်ဘယ်ခါမျှ စုံစမ်းခြင်း မခံခဲ့ရပါ။

စုံစမ်းခြင်းအမျိုးမျိုးဟုဆိုရာတွင် အဓိကကိစ္စမှာဘုရားသခင်၏အလိုတော်၌အပ်နှံ မည်၊ မအပ်နှံ မည်ဆိုသည့်အရာဖြစ်သည်။ စုံစမ်းခြင်းကိုရင်ဆိုင်ရာတွင်ယေရှုသည် မိမိ ၏ ဘုရားသခင်အပေါ် သစ္စာရှိခြင်းကို အမြဲထိန်းသိမ်းသည်။ ဘုရားရှင်၏ တန်ခိုးအပေါ် အစဉ်မှီခို နေခြင်းအားဖြင့်၊ သူသည် လူသားပင်ဖြစ်သော်ငြားလည်း၊ ကိုယ်တော်သည် အပြင်းထန်ဆုံးသော စုံစမ်းခြင်းကို အောင်မြင်စွာ ခုခံနိုင်ခဲ့သည်။

ခရစ်တော်၏စုံစမ်းခြင်းများကို အောင်နိုင်ခြင်းသည် လူသားတို့၏အားနည်းခြင်း များကိုညှာတာ ထောက်ထားစေနိုင်သည်။ ကျွန်ုပ်တို့၏ စုံစမ်းခြင်းကို အောင်နိုင်ခြင်းသည် ကိုယ်တော်အပေါ် မှီခိုခြင်းကို ထိန်းသိမ်းခြင်းအားဖြင့်လာသည်။ ဘုရားသခင်သည် သစ္စာ နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့် သောငှာအခွင့်ပေးတော်မမူ။ သင်တို့သည်ခံနိုင်မည်အကြောင်း၊ စုံစမ်းနှောင့် ယှက်ခြင်း အရာ နှင့် တကွ၊ ထွက်မြောက်သော လမ်းကို လည်း စီရင်ပြုပြင်တော်မူလိမ့် မည်” (၁ကော ၁ဝး၁၃)။

အဆုံးတွင် ခရစ်တော်သည် ကျွန်ုပ်တို့ကဲ့သို့ အမျိုးမျိုးသော စုံစမ်းခြင်းကိုခံရသော် လည်း၊ အပြစ်မရှိခဲ့ပါဟူသောအရာသည် လူသားတို့အားရှင်းပြမထားသည့်နက်နဲ သော အရာ ဖြစ်သည်ကို သိထားရမည်။

(၂) ဝေဒနာနှင့်စုံစမ်းခြင်းကိုခံခဲ့သည်။ ခရစ်တော်သည်စုံစမ်းခြင်းခံချိန်တွင် ဒုက္ခ ဆင်းရဲခြင်းကို လည်းခံခဲ့သည် (ဟေဗြဲ ၂း၁၈)။ ကိုယ်တော်သည် ဒုက္ခဝေဒနာ အားဖြင့် စုံ လင်ခြင်းသို့” (ဟေဗြဲ ၂း၁၀) ရောက်သည်။ ကိုယ်တော်ကိုယ်တိုင် စုံစမ်းခြင်းကိုခံသော ကြောင့်၊ စုံစမ်းခြင်းကို ခံရသော မည်သူမဆိုကို၊ ကိုယ်တော်သည် မည်သို့ကူညီရမည် ကိုနားလည်ကြောင်း ကျွန်ုပ်တို့သိနိုင်သည်။ လူသားတို့ ခံရသောစုံစမ်းခြင်းကိုခံစားရာတွင် ကိုယ်တော်သည် လူသား တို့ နှင့်တစ်ထပ်တည်းကျသည်။

ခရစ်တော်သည် စုံစမ်းခြင်းကို မည်ကဲ့သို့ခံစားခဲ့သနည်း။ ကိုယ်တော်သည် အပြစ် နှင့် ပြည့်စုံသော ဇာတိပကတိသဏ္ဌာန်ကိုဆောင်သော်လည်း၊ ကိုယ်တော်၏ ဝိညာဉ်ရေး စွမ်းရည်သည် အပြစ်၏စွန်းထင်းမှုနှင့်ကင်းလွတ်သည်။ ထို့ကြောင့် ကိုယ်တော်၏သန့် ရှင်း သောဇာတိသည် လွန်စွာထိခိုက်လွယ်သည်။ မကောင်းမှုနှင့် ထိတွေ့တိုင်း၌ နာ ကျင် မှုကိုခံစားရသည်။ ကိုယ်တော်သည် မိမိသန့်ရှင်းခြင်း၏ ပြည့်စုံမှုတစ်ပိုင်းတစ်စကိုထိခိုက် သည်ဖြစ်ရာ၊ အခြားအရာအားလုံးထက်စုံစမ်းခြင်းသည် ယေရှုကိုသာ၍ဒုက္ခ ခံစေသည်။

ခရစ်တော်သည် မည်မျှခံစားခဲ့သနည်း။ တောထဲ၌ လည်းကောင်း၊ ဂေသရှေမန် ဥယျာဉ်၌ လည်းကောင်း၊ ဂေါလဂေါသတောင်ကုန်း၌လည်းကောင်း ကိုယ်တော်၏အတွေ့ အကြုံ သည် သွေးစီး ကျသည်အထိစုံစမ်းခြင်းကို ကိုယ်တော်ခုခံကြောင်းပြသည် (ဟေဗြဲ ၁၂း၄)။

ခရစ်တော်သည်မိမိသန့်ရှင်းခြင်း၌ တစ်စိတ်တစ်ပိုင်းခံစားရသည်သာမက၊ ကျွန်ုပ် တို့လူသားများခံရသည်ထက် သာ၍ပြင်းထန်သောစုံစမ်းခြင်းကိုခံခဲ့ရသည်။ (B. F. Westcott) ဘီ၊ အဲဖ်၊ ဝဲစ္စ်ကုတ်က ဤသို့မှတ်ချက်ပြုသည်။ ကိုယ်တော်စုံစမ်းခြင်း ခံရာတွင်အပြစ်သားများကို သနားခြင်းသည် အပြစ်ကိုတွေ့ကြုံခြင်း၌မတည်ဘဲ၊ အပြစ်မဲ့ သူကသာ၎င်း၏ ပြင်းထန်မှုကို နားလည်နိုင်သည့် အပြစ်သို့ ကျရောက်နိုင်သော စုံစမ်းခြင်း၏ စွမ်းပကားကို တွေ့ကြုံခြင်း ၌ တည်သည်။ ကျရှုံးသော သူသည် နောက်ဆုံး အားမစိုက်ထုတ်မီကျရှုံးခြင်းဖြစ်သည်။အလားတူ၊ (F. F. Bruce) ဘရူးစ်ကလည်း၊ ကိုယ်တော်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းအားမနည်း၊ နားထောင်ခြင်းလည်း မလျော့ဘဲလျက်၊ လူသားတို့ခံရသော စုံစမ်း ခြင်းမျိုးစုံကို အောင်မြင်စွာကြံ့ကြံ့ခံ ခဲ့သည်။ ထိုသို့သော သည်း ခံနိုင်ရည်သည် သာမန် လူ သားတို့၏ ဆင်းရဲဒုက္ခထက်မလျော့၊ ပို၍ပင်များသည်။

ခရစ်တော်သည် လူသားများဘယ်ခါမျှမကြုံဖူးသည့်၊ မိမိ၏ဘုရားတန်ခိုးပင် သုံး ရန်လို အပ်သောပြင်းထန်သည့်စုံစမ်းခြင်းကိုလည်းရင်ဆိုင်ခဲ့သည်။ အယ်လင်ဂျီဝှိုက် က၊ ကိုယ် တော်သည် ကောင်းကင်ဘုံတွင် ဂုဏ်ပြုခြင်းကိုရရှိပြီးဖြစ်ရာ၊ အကြွင်းမဲ့ တန်ခိုးနှင့် အကျွမ်းတဝင်ရှိသည်။ လူသားတို့ အတွက်မိမိတို့၏နိမ့်ကျသောသဘာ၀ အဆင့်မှ ဘုရား ရှင်၏ သဘာ၀ကိုသက်ဝင်ရန် ခက်ခဲသကဲ့သို့၊ ကိုယ်တော်သည် လူသား အဆင့်ကိုစောင့် ထိန်းရန် ခက်ခဲ သည်} ဟုဆိုသည်။

(ဃ) ခရစ်တော်အပြစ်ပြုနိုင်သလော။ ခရစ်တော်သည်အပြစ်ပြုနိုင်၊ မပြုနိုင်ဟူ သောကိစ္စအပေါ် ခရစ်ယာန်များကွဲပြားကြသည်။ (Philip Schaff) “ဖိလိရှပ်ခရစ် တော်သည် အစမှစင်းလုံးချောဖြစ်၍၊ အပြစ်မပြုနိုင်သောအဖြစ်ရှိခဲ့လျှင်၊ သူသည် လူသားအစစ်မဟုတ်၊ အတုယူစရာ ပုံနမူနာလည်းဖြစ်မည်မဟုတ်ချေ။ သူ၏ ကိုယ်တိုင် ကျင့်ယူသောလုပ်ရပ်နှင့် ပင်ကိုကောင်းမှုတို့ အစား၊ သူ၏သန့်ရှင်းခြင်းသည် မတော်တဆ ဖြစ်သောအရာ သို့မဟုတ် အပြင်ပန်းပါရမီသာဖြစ်ပြီး၊ သူ၏စုံစမ်းခြင်း သည်လည်း လုပ်ဇာတ်သာဖြစ်လိမ့်မည်} ဟူသော အဆိုကို ကျွန်ုပ်တို့သဘောတူ သည်။

ကားလ်အိုးမန်း(Philip Schaff) ကလည်းထပ်၍ စုံစမ်းခြင်းသမိုင်းကိုမည်သို့ပင် ရှင်းပြစေကာမူ အရာရောက်မည်မဟုတ်။ ဟေဗြဲဩဝါဒစာထဲက သူသည် ငါတို့ခံရသည် နည်းတူ အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းကိုခံဖူးသည်ဟူသောဖော်ပြချက်သည် လည်း အဓိပ္ပါယ်မဲ့လိမ့်မည်ဟု ဆိုသည်။

၆။ အပြစ်မဲ့သောယေရှုခရစ်တော်၏လူသားဇာတိ။ ယေရှု၏ဘုရား ဇာတိသည် အပြစ်ကင်းသည်မှာ သက်သေပြရန်မလိုချေ။ သို့သော် သူ၏လူသား ဇာတိကားအဘယ် သို့နည်း။

သမ္မာကျမ်းစာကယေရှု၏ဇာတိသည် အပြစ်မဲ့သကဲ့သို့ပုံဖော်သည်။ သူ၏ မွေးဖွား ခြင်းသည် သဘာ၀လွန်ဖြစ်၍၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည် ခဲ့သည် (မ ၁း၂၀)။ ကိုယ်တော်မမွေးဖွားမီ၊ သူ့ကို သန့်ရှင်းသောသား” (လု ၁း၃၅) ဟုဖော်ပြ သည်။ သူသည် အပြစ်၏အကျိုးဆက် များသယ်ဆောင်သည့် ကျရှုံးသော လူသားဇာတိကိုခံယူခဲ့ ပြီး၊ ၎င်း၏အပြစ်ရှိခြင်းကိုမူမခံမယူ။ သူသည်အပြစ်ထဲမှလွဲ၍၊ လူသားနှင့်အတူရှိနေခဲ့ သည်။

ယေရှုသည် ငါတို့ခံရသည်နည်းတူ အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်း တို့ကိုခံ ဖူးသောသူဖြစ်သော်လည်း၊ သန့်ရှင်းစင်ကြယ်၍အညစ်အကြေးနှင့် ကင်းလွတ်လျက်၊ အပြစ် ရှိသော သူတို့နှင့် မဆက်ဆံသောသူဖြစ်သည် (ဟေဗြဲ ၄း၁၅။ ၇း၂၆)။ ပေါလုက၊ ကိုယ်တော်သည် အပြစ်နှင့် ကင်းစင်သောသူ” (၂ကော ၅း၂၁) ဟု ရေးခဲ့သည်။ ပေတရုက၊ ထိုသခင်သည်ဒုစရိုက်ကိုမပြု၊ နှုတ်တော် ၌ လည်း မုသားကို ရှာမတွေ့” (၁ပေ ၂း၂၂) ဟု သက်သေခံပြီး၊ အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်” (၁ပေ ၁း၁၉။ ဟေဗြဲ ၉း၂၄) နှင့် နှိုင်းယှဉ်ပြခဲ့သည်။ ယောဟန်က ကိုယ်တော်၌ လည်း အပြစ်မရှိ။ ... ကိုယ်တော်သည် ဖြောင့်မတ်တော်မူသည်။ (၁ယော ၃း၅-၇) ဟု ဆိုခဲ့သည်။

ယေရှုသည်ကျွန်ုပ်တို့၏ဇာတိနှင့် ၎င်း၏ဝန်ထုပ်အားလုံးကို  မိမိကိုယ်ပေါ်တွင် ယူ တင်ခဲ့သည်။ သို့သော်သူသည် မျိုးရိုးဗီဇအကျင့်ပျက်ခြင်း၊ သို့မဟုတ် ဆိုးယုတ်ခြင်းနှင့် အမှန် တကယ် အပြစ်နှင့် ကင်းလွတ်သည်။ သူသည် မိမိ၏ရန်ဘက်များကို ငါ၌ အပြစ်ရှိ ကြောင်းကို သင်တို့တွင် အဘယ်သူ ဖော်ပြသနည်း” (ယော ၈း၄၆) ဟု စိန်ခေါ်ခဲ့သည်။  အပြင်းထန်ဆုံးသောစစ်ဆေးခြင်းကို ခံရသောအခါ၊   သူသည် ဤလောကကို အစိုးရ သောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ ၌အဘယ် အခွင့် အရာကိုမျှမတွေ့ရ} (ယော ၁၄း၃၀) ဟုကြွေးကြော်ခဲ့သည်။ ယေရှုသည် မကောင်းသော အလေ့အထ၊ သို့မဟုတ် အပြစ်ကို လုပ် လိုသောဆန္ဒမရှိချေ။ မည်သည့်စုံစမ်းခြင်း လှိုင်းလုံးကမျှ သူ၏ဘုရားအပေါ် သစ္စာခံခြင်း ကို မပြတ်စေနိုင်ချေ။

ယေရှုသည်ဘယ်ခါမျှ အပြစ်ဝန်ချခြင်း သို့မဟုတ် အပြစ်ဖြေ ရာယဇ်ပူဇော်ခြင်း မပြုခဲ့ချေ။ သူသည် အဖ၊ ကျွန်ုပ်အပြစ်ကိုလွှတ်တော်မူပါဟု ဆုမတောင်းဘဲ၊ အိုအဖ၊ သူတို့၏ အပြစ် ကို လွှတ်တော်မူပါဟု ဆုတောင်းခဲ့သည်။ မိမိအလိုမဟုတ်ဘဲ၊ မိမိအဖ၏ အလိုတော်ကို ရှာဖွေလျက်၊ ယေရှုသည် ခမည်းတော်အပေါ်မှီခိုနေခြင်းကို အစဉ်ထိန်း သိမ်းသည် (ယော ၅း၃၀)။

အပြစ်ရှိသောလူသားများနှင့်မတူဘဲ၊ ယေရှု၏ ဝိညာဉ်ရေးဇာတိသည် စင်ကြယ် သန့်ရှင်း၍၊ အပြစ်၏အစွန်းအထင်းဟူသမျှနှင့်ကင်းလွတ်သည်။သူသည် အပြစ်၌ အထုံ ပါသောကျွန်ုပ်တို့နှင့် လုံး၀တန်းတူသည်ဟူသောအချက်သည် မှားယွင်းသည်။ ယေရှု သည် ဒုတိယအာဒံဖြစ်၍၊ ဘုရားသခင်၏ ထူးခြားသောသားတော်ဖြစ်သည်။ သူ၏လူ သားဇာတိ၌ စုံစမ်း ခြင်း အမျိုးမျိုးကို ခံရသော်လည်း၊ သူသည်ဘယ်ခါမျှကျရှုံးခြင်း မရှိ၊ အပြစ်ပြုခြင်း လည်းမရှိချေ။ ဘယ်ခါမျှသူ၌ အပြစ်ပြုလိုသော ဆန္ဒမရှိချေ။ အမှန်မှာ၊ ယေရှုသည်လူသားတို့၏အမြင့်မားဆုံးနှင့် အသန့်ရှင်းဆုံးသောစံနမူနာဖြစ်သည်။ သူသည် အပြစ်ကင်း၍၊ ပြုလေသမျှသည်ပြည့်စုံခြင်းကိုသရုပ်ပြသည်။ အမှန်ပင်၊ သူသည်ပြည့်စုံ သော အပြစ်မဲ့ လူသားစံနမူနာဖြစ်သည်။

၇။ ခရစ်တော်သည်လူသားဇာတိကိုခံယူရန်လိုအပ်ခြင်း။ အဘယ်ကြောင့် ယေရှု သည် လူသားဇာတိကိုခံယူရမည်အကြောင်းကို သမ္မာကျမ်းစာကအကြောင်းရင်းများဖော် ပြသည်။

(က) လူသားမျိုးနွယ်အတွက်ယဇ်ပုရောဟိတ်မင်းဖြစ်ရန်။ မေရှိယအနေဖြင့်၊ ယေရှု သည် ယဇ်ပုရောဟိတ်မင်းအရာ သို့မဟုတ် ဘုရားသခင်နှင့်လူတို့အကြား၌ ကြားဖျန်ဖြေ သူအရာကို ခံယူရမည် (ဇာ ၆း၁၃။ ဟေဗြဲ ၄း၁၄-၁၆)။ ဤလုပ်ငန်းသည်   လူသားဇာတိကို လိုသည်။   ခရစ်တော်သည် ထိုအရည်အချင်းများနှင့်ပြည့်စုံသည်။ (၁) သူသည်ကိုယ်တိုင် နွမ်း ရိအားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက်သောသူ၊ မှားယွင်းသော သူတို့ကိုသည်းခံခြင်းငှာ တတ် နိုင်၏” (ဟေဗြဲ ၅း၂)။ (၂) သူသည် မိမိ ညီအစ်ကို တို့နှင့်လုံးလုံးတူသည်ဖြစ်၍၊ ကရုဏာနှင့် လည်းကောင်း၊ သစ္စာနှင့်လည်းကောင်းပြည့်စုံ (ဟေဗြဲ ၂း၁၇)။ (၃)စုံ စမ်း နှောင့် ယှက်ခြင်းတို့ကိုကိုယ်တော်တိုင်ခံ၍၊ ဒုက္ခဆင်းရဲခြင်း၌ကျင်လည်သောကြောင့်၊ စုံ စမ်းနှောင့် ယှက်ခြင်းအမှုနှင့်တွေ့ကြုံသော သူတို့ကို မစခြင်းငှာ တတ်နိုင် တော်မူ၏” (ဟေ ဗြဲ ၂း၁၈)။ (၄) သူသည် ငါတို့ခံရသည် နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့် ယှက် ခြင်းတို့ကို ခံဖူးသောသူဖြစ်သော်လည်း၊ ဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူသော ကြောင့်၊ သူသည် အားနည်း ခြင်းများကို ကြင်နာသနားသည် (ဟေဗြဲ ၄း၁၅)။

(ခ) အနှိမ့်ကျဆုံးသောသူကိုပင်ကယ်တင်ရန်။ လူတို့အားသူတို့ရှိသော နေရာသို့ ရောက်ရှိ ရန်နှင့် မျှော်လင့်ချက်အကင်းမဲ့ဆုံးသောသူတို့ကိုကယ်တင်ရန်၊ ကိုယ်တော်သည် အစေခံကျွန် အဆင့်၌ ကြွဆင်းခဲ့သည် (ဖိ ၂း၇)။

(ဂ) လောကီသားတို့၏အပြစ်အတွက်မိမိအသက်ကိုပေးရန်။ ခရစ်တော်၏ ဘုရား ဇာတိ သည် မသေနိုင်ချေ။ ထို့ကြောင့်၊ အသေခံခြင်းအလို့ငှာ၊ ခရစ်တော်သည် လူ့ဇာတိ ကို ခံယူရသည်။ သူသည်လူသားဖြစ်လာ၍၊ အပြစ်၏အခသေခြင်းကိုပေးဆပ် ခဲ့သည် (ရော ၆း၂၃။ ၁ကော ၁၅း၃)။ လူသားတစ်ဦးအနေဖြင့်၊ သူသည်လူတိုင်း အတွက်သေခြင်း ကို မြည်းစမ်းခဲ့ သည် (ဟေဗြဲ ၂း၉)။

(ဃ) ကျွန်ုပ်တို့၏စံပြဖြစ်ရန်။ လူတို့သည် မည်သို့နေထိုင်ရမည်ကို စံနမူနာထားရှိ ရန်၊ ခရစ်တော်သည် လူဇာတိ၌အပြစ်မဲ့သော အသက်တာဖြင့်နေထိုင်ရမည်။ လူတို့သည် ဘုရား သခင်၏ ပညတ်တော်ကို မစောင့်ထိန်းနိုင်၊ အပြစ်ကိုလည်း မအောင်နိုင် ဟူသော ယုံမှတ်ခြင်း ကို သူသည် ပပျောက်စေခဲ့သည်။ လူတို့သည် ဘုရားရှင်၏အလိုတော်၌ သစ္စာရှိနိုင်ကြောင်း ကိုပြသခဲ့သည်။ ပထမအာဒံကျရှုံးသောနေရာတွင်၊ ဒုတိယအာဒံ သည်အပြစ်နှင့် စာတန်ကို အောင်နိုင်၍၊ ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့်စံပြဖြစ်လာခဲ့ သည်။ သူပေးသောခွန်အားဖြင့် သူ၏ အောင်နိုင်ခြင်းသည် ကျွန်ုပ်တို့၏ ဥစ္စာဖြစ်နိုင်သည် (ယော ၁၆း၃၃)။

ကိုယ်တော်ကိုကြည့်ခြင်းဖြင့်၊ လူတို့သည် ဘုန်းအသရေတိုးပွား၍၊ ပုံသဏ္ဌာန် တော်နှင့် အညီ၊ ပြောင်းလဲခြင်းရှိရကြ၏” (၂ကော ၃း၁၈)။ ယုံကြည်ခြင်းကိုအစအဦး စီရင်၍၊ စုံလင် စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။. အပြစ်ရှိ သော သူတို့လက်တွင်၊ ထိုမျှလောက်ကြီးစွာ သောဆီးတားနှောင့်ယှက်ခြင်းကို ခံတော်မူ သောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊  အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ် အံ့သောငှါ၊ ကြိုးစားကြလော့” (ဟေဗြဲ ၁၂း၂၊၃)။ အမှန်တကယ်၊ ခရစ်တော်သည်ငါတို့ အတွက်ခံတော်မူသည်ဖြစ်၍၊ ခြေတော်ရာကိုလျှောက်လိုက်စေခြင်းငှာ၊ ပုံသက်သေကို ထားတော်မူပြီ” (၁ပေ ၂း၂၁)။

ဇာတိနှစ်ခုပေါင်းစည်းခြင်း

ယေရှုခရစ်တော်၌ ဘုရားဇာတိနှင့်လူ့ဇာတိဟူ၍၊ ဇာတိနှစ်ခုရှိသည်။ သူသည် ဘုရားလူသား ဖြစ်သည်။ လူသားဇာတိကိုခံယူခြင်း၌ ထာ၀ရသားတော်ဘုရားသည် မိမိ ကိုယ် အပေါ် လူဇာတိကို ယူ ခြင်းဖြစ်၍၊ လူသားယေရှုသည် ဘုရားဇာတိကိုရယူခြင်းမ ဟုတ် ချေ။ ဤအပြောင်းအလဲသည် လူ မှ ဘုရား အဖြစ်သို့မဟုတ်ဘဲ၊ ဘုရားမှလူအဖြစ် သို့ဖြစ် သည်။

ယေရှု၌၊ ထိုဇာတိနှစ်ခုသည် လူတစ်ဦးအထဲ၌ပေါင်းသည်။ အောက်ပါ ကျမ်းချက် အထောက် အထား များကိုမှတ်သားပါ။

ခရစ်တော်သည်ဇာတိနှစ်ခုပေါင်းစပ်ခြင်းဖြစ်သည်။ သုံးပါးတစ်ဆူ ဘုရားကဲ့သို့ ခရစ်တော်၌ မရှိပါချေ။ ယေရှုသည် ပုဂ္ဂိုလ်တစ်ဦးဖြစ်၍၊ နှစ်ဦးမဟုတ် ကြောင်းကို သမ္မာ ကျမ်းစာကဖော်ပြသည်။ ကျမ်းချက်တချို့သည် ဘုရားဇာတိနှင့် လူ့ဇာတိကိုဖော်ပြသော် လည်း၊ လူပုဂ္ဂိုလ်တစ်ဦးအကြောင်း ကိုသာပြောသည်။ ပေါလုကယေရှုခရစ်တော် သည် မိန်းမ၌ ဖွားသော (လူ့ဇာတိ) ဘုရားသခင်၏ သားတော် (ဘုရား ဇာတိ) (ဂလ ၄း၄) အဖြစ်ဖော်ပြသည်။ ထို့ကြောင့်၊ ယေရှုသည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့်ပြည့်စုံ တော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့်ပြိုင်သောအမှု (ဘုရားဇာတိ) ကို လုယူ ခြင်း အမှုဟူ ၍မထင်မမှတ်လျက်ပင်၊ မိမိအသရေကိုစွန့်၍အစေခံကျွန်၏ သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ် (လူ့ဇာတိ) ၌ဖွားမြင်ခြင်းကိုခံတော် မူ၏” (ဖိ ၂း၆၊၇)။

ခရစ်တော်၏ဇာတိနှစ်ခုမှာ ဒြပ်မဲ့ဘုရားတန်ခိုး သို့မဟုတ် ဘုရားဩဇာသည် သူ၏ လူသားအဖြစ်နှင့် ဆက်နွှယ်၍ဖွဲ့စည်းခြင်းမျိုးမဟုတ်ချေ။ ယောဟန်က နှုတ်ကပတ်တော် သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော် နှင့် လည်းကောင်းပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ် ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကိုငါတို့သည် မြင်ရကြပြီ”  (ယော ၁း၁၄)။ ပေါလုကလည်း၊ ဘုရားသခင်သည် အပြစ်နှင့် ပြည့်စုံသော ဇာတိပကတိ ၏ သဏ္ဌာန်ကို ဆောင်သောမိမိသားတော်ကို စေလွှတ်တော်မူ” (ရော ၈း၃) ၍၊ ဘုရား သခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ” (၁တိ ၃း၁၆) ဟုရေးခဲ့သည်။

ဇာတိနှစ်ခုကိုရောနှောခြင်း။ တစ်ခါတစ်ရံသမ္မာကျမ်းစာသည် ဘုရားသခင်၏ သားတော် ကို သူ၏လူ့ဇာတိ....... ဖြင့်ဖော်ပြသည်။ ဘုရားသခင်သည် မိမိအသင်းတော် ကို မိမိအသွေး ဖြင့်ဝယ်ခဲ့သည် (တ ၂ဝး၂၈)။ တချို့နေရာများ တွင်မူလူသားကိုသူ၏ ဘုရားဇာတိဖြင့် ဖော်ပြသည် (ယော ၃း၁၃။ ၆း၆၂။ ရော ၉း၅)။

ခရစ်တော်သည် ဤလောကသို့ကြွလာချိန်က၊ သူ့အတွက် ကိုယ်ခန္ဓာကို ပြင် ဆင်နှင့် ပြီးဖြစ်သည် (ဟေဗြဲ ၁ဝး၅)။ သူသည်လူ့ဇာတိကိုခံယူရာတွင်၊ မိမိ၏ ဘုရားအ ဖြစ်ကို လူ့အသွင်အဖြစ်ဖြင့်လွှမ်းခြုံခဲ့သည်။ ဤအရာကိုလူသားမှဘုရားအဖြစ်သို့ ပြောင်း လဲခြင်းသို့မဟုတ် ဘုရားမှလူသားအဖြစ်သို့ပြောင်းလဲခြင်းမျိုးမဟုတ်ချေ။ သူသည်မိမိ အထဲမှထွက်၍ အခြားဇာတိကို ခံယူခြင်းမဟုတ်ဘဲ၊ မိမိ၌လူ့ဇာတိကို ယူဆောင်ခြင်းဖြစ် သည်။ ထို့သို့ဖြင့် ဘုရားအဖြစ်နှင့် လူသားအဖြစ်တို့သည် ပေါင်းစပ်သည်။

လူ့ဇာတိကိုခံယူသောအခါ၊ ခရစ်တော်သည် ဘုရားဖြစ်နေခြင်းကို ရပ်တန့်လိုက် ခြင်းမဟုတ်၊ သူ၏ဘုရားအဖြစ်ကို လူသားအဆင့်သို့လျှော့ချလိုက်ခြင်းလည်း မဟုတ် ချေ။ ဇာတိတစ်ခုချင်းစီသည် အပြည့်အဝရှိနေသည်။ ပေါလုက ဘုရားသခင်၏ ဇာတိ အဖြစ်တော်၏ ပြည့်စုံခြင်း အပေါင်းသည် ခရစ်တော်၌ကိုယ်ထင်ရှား၍ ကိန်းဝပ်တော် မူ၏” (ကော ၂း၉) ဟု ဆိုသည်။ လက်ဝါးကပ်တိုင်ပေါ်တွင် ဘုရားဇာတိမဟုတ်ဘဲ၊ လူ့ ဇာတိသေခဲ့သည်။ ဘုရား ဇာတိသည်မသေနိုင်ချေ။

ဇာတိနှစ်ခုပေါင်းစည်းရန်လိုအပ်ခြင်း။ ခရစ်တော်၏ဇာတိနှစ်ခု၏ ဆက်နွှယ်မှုကို နားလည်ခြင်းသည် ခရစ်တော်၏သာသနာနှင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်သော အသိအမြင်ကိုပေးသည်။

၁။ လူသားကိုဘုရားသခင်နှင့်သင့်မြတ်စေရန်။ ဘုရား-လူသား ကယ်တင်ရှင်က သာလျှင် ကယ်တင်ခြင်းကိုယူဆောင်ပေးနိုင်သည်။ လူ့ဇာတိကိုခံယူခြင်း၌၊ ခရစ်တော် သည် ယုံကြည်သူတို့အား မိမိ၏ဘုရားဇာတိကိုပေးနိုင်ရန်၊ မိမိ၌လူ့ဇာတိ ကိုယူတင်ခဲ့ သည်။ ဘုရား-လူသား၏ အသွေးတော်၏ ကောင်းကျိုးအားဖြင့်ယုံကြည်သူတို့ သည် ဘုရားဇာတိ ကို ဆက်ဆံနိုင်သည်။

ပေါင်းစည်းထားသောဘုရားဇာတိနှင့်လူ့ဇာတိသည် ခရစ်တော်၏အပြစ်ဖြေခြင်း ယဇ်ကို အကျိုး သက်ရောက်စေသည်။ အပြစ်မဲ့သောလူသား သို့မဟုတ် ကောင်းကင်တ မန်သည် လူသားမျိုးနွယ်၏ အပြစ်များကိုမဖြေနိုင်ချေ။ ဘုရားလူသားဖန်ဆင်းရှင်က သာလျှင် လူသားတို့ကိုရွေးနုတ်နိုင်သည်။

၂။ ဘုရားဇာတိအဖြစ်ကို လူ့ဇာတိဖြင့်ဖုံးထားရန်။ ခရစ်တော်သည် မိမိဘုရားအဖြစ် ကို လူ့ ဇာတိဖြင့်ဖုံးခဲ့သည်။ အပြစ်သားများသည် သူ၏ရှေ့တော်တွင် ဖျက်ဆီးခြင်းမခံရ ဘဲရှိနေနိုင်ရန် သူသည်မိမိကောင်းကင်ဘုန်းတန်ခိုးကိုချန်ထားခဲ့သည်။ သူသည် ဘုရားပင် ဖြစ်နေသေးသော်လည်း၊ ဘုရား ကဲ့သို့ မထင်ရှားချေ (ဖိ ၂း၆-၈)။

၃။ အောင်မြင်စွာအသက်ရှင်ရန်။ ခရစ်တော်၏လူ့ဇာတိတစ်ခုတည်းသည် စာတန် ၏ လှည့်ဖြားခြင်းများကို ဘယ်ခါမျှမခံရပ်နိုင်ချေ။ သို့သော် သူ၌ ဘုရားသခင်၏ ဇာတိ အဖြစ် တော်၏ ပြည့်စုံခြင်းအပေါင်း” (ကော ၂း၉) ရှိသည်။ သူသည် ခမည်းတော် အပေါ် လုံးလုံးမှီခို သောကြောင့်အပြစ်ကို အောင်နိုင်ခဲ့ပြီး (ယော ၅း၁၉၊၃၀။ ၈း၂၈)၊ ရားတန်ခိုး သည် လူ့ဇာတိနှင့်ပေါင်းစပ်လိုက်ရာတွင်၊ လူသားတို့ အစားအကန့်အသတ်မဲ့ အောင်မြင် ခြင်း ကိုရရှိခဲ့ သည်။

ခရစ်တော်၏ အောင်နိုင်သော နေထိုင်မှုသည် သူ၏သီးသန့်အခွင့်ထူး မဟုတ်ချေ။ သူသည် လူတို့ အသုံးပြု၍မရနိုင်သောတန်ခိုးကို အသုံးပြုခြင်းမဟုတ်ချေ။ ကျွန်ုပ်တို့ သည်လည်း ဘုရားသခင်၏ ပြည့်စုံတော်မူခြင်းရှိသမျှနှင့် အညီပြည့်စုံ” (ဧ ၃း၁၉) နိုင် သည်။ ခရစ်တော်၏ ဘုရားတန်ခိုးအားဖြင့် ကျွန်ုပ်တို့သည် အသက်ရှင်ခြင်း၊ ဘုရားဝတ် ၌ မွေ့လျော်ခြင်းနှင့် စပ်ဆိုင် သော အရာရှိသမျှတို့ကို ... ပေးသနားတော်မူပြီ။

ဤအတွေ့အကြုံ၏သော့ချက်မှာ ကျွန်ုပ်တို့သည် လောကီတပ်မက်ခြင်းအညစ် အကြေး နှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကိုဆက်ဆံရသောသူဖြစ်မည်အကြောင်းအလွန်ကြီးမြတ်၍၊ အဖိုး ထိုက်သောကတိများကို၊ (၂ပေ ၁း၃၊ ၄) ယုံကြည်ခြင်းဖြစ် သည်။ သူ့ကိုအောင်မြင်စေသော အလားတူတန်ခိုးကို သူပေးနေသည်။ ထိုသို့ဖြင့် လူအားလုံး သည် သစ္စာရှိစွာနားထောင်၍၊ အောင်မြင်သော အသက်တာကို ပိုင်ဆိုင်နိုင်ကြ မည်။

ခရစ်တော်၏ နှစ်သိမ့်မှုပေးသော ကတိတစ်ခုမှာ အောင်မြင်ခြင်းဖြစ်သည်။ ငါသည် အောင်မြင်၍၊ ငါ့ခမည်းတော်၏ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူထိုင်နေ သကဲ့သို့၊ အောင်မြင်သော သူသည် ငါ့ပလ္လင်ပေါ်မှာ ငါနှင့်အတူထိုင်နေရသောအခွင့်ကို ငါပေးမည်” (ဗျာ ၃း၂၁)။

ယေရှုခရစ်တော်၏လုပ်ငန်းများ

ပုရောဖက်၊ ယဇ်ပုရောဟိတ်နှင့် ရှင်ဘုရင်ရာထူးများသည်ထူးခြားပြီး၊ အကြမ်း အားဖြင့် ဆီလိမ်း ဘိသိက်ပေးရန်လိုအပ်သည် (၃ရာ ၁၉း၁၆။ ထွက် ၃ဝး၃၀။ ၂ရာ ၅း၃)။ ဓမ္မဟောင်း ကျမ်း၏ အနာဂတ် ဟောပြောချက်တွင် ဘိသိက်ခံသူ၊ မေရှိယသည် ဤရာ ထူးသုံးခုကိုကိုင် မည်ဖြစ်ကြောင်းညွှန်ပြခဲ့သည်။ ခရစ်တော်သည် ဘုရားသခင်နှင့် ကျွန်ုပ် တို့ အကြား မိမိ၏ ကြားဖျန်ဖြေခြင်းလုပ်ငန်းကို ပုရောဖက်၊ ယဇ်ပုရောဟိတ်နှင့် ရှင်ဘုရင် လုပ်ငန်းများအားဖြင့် ထမ်းဆောင်၏။ ပုရောဖက်ခရစ်တော်သည် ကျွန်ုပ်တို့ အတွက် ဘုရားရှင်၏ အလိုတော်ကို ထုတ်ဖော်သည်။ ယဇ်ပုရောဟိတ်ခရစ်တော်သည် ကျွန်ုပ်တို့ နှင့် ဘုရားသခင်အကြား အပြန် အလှန်ကိုယ်စားပြုသည်။ ရှင်ဘုရင်ယေရှုသည် ဘုရား သခင်၏ မိမိလူတို့အပေါ်  ကြင်နာသော အခွင့်အာဏာကိုကိုင်စွဲသည်။

ပုရောဖက်ဖြစ်သောခရစ်တော်။ ဘုရားသခင်သည် ခရစ်တော်၏ပုရောဖက် လုပ် ငန်းကို မောရှေအားဖော်ပြခဲ့သည်။ သူတို့အမျိုးသားချင်းတို့အထဲ၌ သင်နှင့်တူသော ပုရောဖက် တစ်ပါးကို သူတို့အဖို့ငါပေါ်ထွန်းစေ၍၊ ထိုပုရောဖက်နှုတ်၌ ငါ့စကားကိုငါအပ် သဖြင့် ငါမှာထား သမျှတို့ကို သူတို့ အားဆင့်ဆိုရလိမ့်မည်” (တရား ၁၈း၁၈)။ ခရစ်တော် အချိန်က ရှိသော သူတို့ သည် ဤကြိုတင် ဟောချက်၏ ပြည့်စုံခြင်းကိုအသိအမှတ် ပြုခဲ့ ကြသည် (ယော ၆း၁၄။ ၇း၄၀။ တ ၃း၂၂၊၂၃)။

ယေရှုသည်မိမိကိုယ်ကို ပုရောဖက်အဖြစ် ရည်ညွှန်းခဲ့သည် (လု ၁၃း၃၃)။ သူသည် ပုရောဖက် ပြု သောအခွင့်အာဏာဖြင့် (မ ၇း၂၉) ဘုရားသခင့်နိုင်ငံတော်၏ စည်းမျဉ်းများ (မ ၅-၇။ ၂၂း၃၆-၄၀) ဟောပြော၍၊ အနာဂတ်ကိုဖေါ်ပြခဲ့သည် (မ ၂၄း၁-၅၁။ လု ၁၉း ၄၁-၄၄)။

လူ့ဇာတိကိုမခံယူမီ၊ ခရစ်တော်သည်ကျမ်းစာရေးသားသောသူတို့ကို မိမိ၏ ဝိညာဉ် တော်နှင့် ပြည့်၀စေ၍၊ မိမိ၏ဒုက္ခဆင်းရဲခံခြင်းနှင့် နောက်ဆက်တွဲဘုန်းတော် အကြောင်း ဗျာဒိတ်များကို သူတို့ အားပေးခဲ့သည် (၁ပေ ၁း၁၁)။ ကောင်းကင်သို့တက် ကြွပြီးနောက် သူသည် မိမိကိုယ်ကို မိမိ လူတို့ထံ သို့ဖော်ပြသည်။ သမ္မာကျမ်းစာကသူ သည် မိမိ၏ သက်သေခံတော်မူချက်ဖြစ်သော ပုရောဖက်ဟောသောစကားချက်ကိုမိ မိ၏သစ္စာရှိသော ကျန်ကြွင်း သူတို့အားပေးသည် (ဗျာ ၁၂း၁၇။ ၁၉း၁၀)။

ယဇ်ပုရောဟိတ်ဖြစ်သောခရစ်တော်။ ဘုရားရှင်၏ ကျမ်းကျိန်ချက်သည် မေရှိယ ယဇ်ပုရောဟိတ်ဖြစ်ခြင်းကို အခိုင်အမာသက်သေထူခဲ့သည်။ ထာ၀ရဘုရားက၊ သင် သည် မေလခိဇေ ဒက်နည်းတူ ထာ၀ရယဇ်ပုရောဟိတ်ဖြစ်သည်ဟုကျိန်ဆို၍၊ နောက် တစ်ဖန် စိတ်ပြောင်းလဲခြင်းရှိ တော်မမူ” (ဆာ ၁၁ဝး၄)။ ခရစ်တော်သည် အာရုန်မှဆင်း သက်လာ ခြင်း မဟုတ်။ မေလခိဇေဒက် နည်းတူ၊ သူ၏ယဇ်ပုရောဟိတ်ဖြစ်ခွင့်သည် ဘုရားရှင်၏ ခန့်အပ် ခြင်း မှလာသည် (ဟေဗြဲ ၅း၆၊၁၀)။ သူ၏ကြားဖျန်ဖြေ ခြင်း၊ ယဇ်ပုရောဟိတ်ဖြစ်ခြင်းသည် မြေကြီးဆိုင်ရာနှင့်ကောင်းကင်ဆိုင်ရာဟူ၍ ကဏ္ဍနှစ်ခုရှိသည်။

၁။ ခရစ်တော်၏မြေကြီးဆိုင်ရာယဇ်ပုရောဟိတ်ဖြစ်ခြင်း။ မီးရှို့ရာယဇ်ပလ္လင်က ယဇ်ပုရောဟိတ်၏ ကဏ္ဍသည် ခရစ်တော်၏ မြေကြီးဆိုင်ရာသာသနာကို ပုံဆောင် သည်။ ခရစ်တော်သည် ယဇ်ပုရောဟိတ်လုပ်ငန်းအတွက် လုံး၀ဘောင်ဝင်သည်။ သူသည် လူသား စင်စစ်ဖြစ်သည်။ သူသည် ပူဇော်သကာကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ကို လည်း ကောင်း၊ ပူဇော်ရန် ခန့်ထားတော်မူသော သူဖြစ်၏” (ဟေဗြဲ ၅း၁)။

ယဇ်ပုရောဟိတ်သည် အပြစ်လွှတ်ခြင်းကို ပုံဆောင်သော ယဇ်ပူဇော်ခြင်းစနစ် အားဖြင့်ဝတ်ပြုသူတို့ကို ဘုရားသခင်နှင့်သင့်မြတ်စေရန်ဖြစ်သည် (ဝတ် ၁း၄။ ၄း၂၉၊၃၁၊ ၃၅။ ၅း၁၀။ ၁၆း၆။ ၁၇း၁၁)။ ထို့ကြောင့်မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် စဉ်ဆက်ယဇ်ပူဇော်ခြင်းများသည် စဉ်ဆက်မပြတ် အပြစ်ဖြေ ခြင်းကိုရရှိနိုင်ကြောင်းကိုပုံဆောင်သည်။

ဤယဇ်ပူဇော်ခြင်းများသည် လုံလောက်မှုမရှိချေ။ ၎င်းတို့သည်ယဇ်ပူဇော်သူကို ပြည့်စုံစေရန်၊ အပြစ်များကိုလွှတ်ရန်၊ သို့မဟုတ် ရှင်းလင်းသောဩတ္တပ္ပစိတ်ကိုထုတ်ပေး ရန်မစွမ်းဆောင်နိုင်ချေ (ဟေဗြဲ ၁ဝး၁-၄။ ၉း၉)။ ၎င်းတို့သည် နောက်လာမည့်ကောင်းသောအရာများ၏ အရိပ်မျှသာဖြစ်သည် (ဟေဗြဲ ၁ဝး၁)။ မေရှိယကိုယ်တော် တိုင် ဤယဇ်ကောင် များ၏ နေရာကို အစားထိုး ယူမည် ဖြစ် ကြောင်း ဓမ္မဟောင်းကျမ်း ကဖော်ပြသည် (ဆာ ၄ဝး၆-၈။ ဟေဗြဲ ၁ဝး၅-၉)။ ထို့ကြောင့် ဤယဇ်ပူဇော်ခြင်းများ သည် ခရစ်တော် ကယ်တင်ရှင်၏ တစ်ဆင့်ခံဝေဒနာခံစားခြင်းနှင့် အဖြစ်ဖြေသော သေ ခြင်းကို ညွှန်ပြခဲ့သည်။ ဘုရားသခင်၏ သိုးသငယ်ဖြစ်သောသူသည် ကျွန်ုပ်တို့အတွက် အပြစ်နှင့်ကျိန်ခြင်းဖြစ်လာခဲ့သည်။ သူ၏အသွေးတော်သည် ကျွန်ုပ်တို့ကိုအပြစ်အားလုံးမှ သန့်စင်စေသည် (၂ကော ၅း၂၁။ ဂလ ၃း၁၃။ ၁ယော ၁း၇)။

ထိုကြောင့်မြေကြီးပေါ်သာသနာပြုစဉ်အတွင်း၊ ခရစ်တော်သည် ယဇ်ပုရောဟိတ် နှင့် ယဇ်ကောင် ဖြစ်ခဲ့သည်။ လက်ဝါးကပ်တိုင်အပေါ်အသေခံခြင်းသည် သူ၏ယဇ်ပုရော ဟိတ် လုပ်ငန်းအစိတ် အပိုင်းတစ်ခုဖြစ်သည်။ ဂေါလဂေါသတွင် အပူဇော်ခံပြီးနောက်၊ သူ၏ ကြားဖျန်ဖြေခြင်း ယဇ်ပုရောဟိတ် လုပ်ငန်းသည် ကောင်းကင်တဲတော်တွင်ဗဟို ပြုခဲ့သည်။

၂။ ခရစ်တော်၏ကောင်းကင်ဆိုင်ရာယဇ်ပုရောဟိတ်ဖြစ်ခြင်း။ ယေရှုသည် မြေ ကြီးပေါ် တွင် အစပြုခဲ့သော ယဇ်ပုရောဟိတ်လုပ်ငန်းကို ကောင်းကင်တွင် ပြည့်စုံစေ သည်။ ဘုရားသခင်၏ ဒုက္ခဆင်းရဲခံသောအစေခံအဖြစ်မြေကြီးပေါ်တွင်သူ၏ နှိမ့်ကျ ခြင်းသည် ကောင်းကင်၌ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်ရန် ဘောင်ဝင်စေသည် (ဟေဗြဲ   ၂း၁၇၊၁၈။   ၄း၁၅။   ၅း၂)။   အနာဂတ္တိကျမ်းက မေရှိယသည် ဘုရားသခင်၏ ပလ္လင်ပေါ်တွင် ယဇ်ပုရောဟိတ် ဖြစ်မည်ဖြစ်ကြောင်းကိုဖော်ပြသည် (ဇာ ၆း၁၃)။ ရှင်ပြန် ထမြောက်ပြီးနောက်၊ နှိမ့်ကျခဲ့သောခရစ်တော်သည် ချီးမြှောက်ခြင်းခံရသည်။ ယခုတွင် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းသည် ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လက်ယာဘက်မှာ ထိုင်နေတော်မူ၍၊ ကောင်းကင်တဲတော်တွင်အမှု ထမ်းနေသည် (ဟေဗြဲ ၈း၁၊၂)။

ခရစ်တော်သည် ကောင်းကင်သို့ တက်ကြွပြီးနောက် မိမိကြားဖျန်ဖြေခြင်းအလုပ် ကို ချက် ချင်း စတင်ခဲ့သည်။ ဗိမာန်တော်၏သန့်ရှင်းသောအခန်းမှနံ့သာမီးခိုးအထက်သို့ တက်သွား ခြင်းသည် ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်ခြင်းနှင့် ဆုတောင်းခြင်းများ ဘုရားသ ခင်ရှေ့တော်၌ လက်ခံဖွယ်ဖြစ်စေသော ခရစ်တော်၏ကောင်းမှု၊ ဆုတောင်းခြင်းနှင့် ဖြောင့် မတ်ခြင်းတို့ကိုပုံဆောင်သည်။ နံ့သာမွှေးကို မီးရှို့ရာယဇ်ပလ္လင်ပေါ်ကမီးခဲဖြင့် သာပူဇော် နိုင်သည်ဖြစ်ရာ၊ ပလ္လင်ပေါ်ကအပြစ်ဖြေရာယဇ်နှင့် ကြားဖျန်ဖြေခြင်း အကြားရှိနီးကပ်သော ဆက်သွယ်မှုကိုဖော်ပြသည်။ ခရစ်တော်၏ ကြားဖျန်ဖြေခြင်းအလုပ်ကို သူ၏ပြည့် စုံသောယဇ်ပူဇော်ခြင်း ဆိုင်ရာအပြစ်ဖြေခြင်းအကျိုးအပေါ်၌ သာတည်ဆောက်ထား သည်။

ခရစ်တော်၏ကြားဖျန်ဖြေခြင်းသည်   မိမိလူတို့အတွက်အားပေးခြင်းဖြစ်သည်။ သူတို့၏ အမှုကိုကိုယ်တော်သည်စောင့်လျက်၊ ကာလအစဉ်အသက်ရှင်သောကြောင့်၊ သူတို့ကိုအစဉ် ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏” (ဟေဗြဲ ၇း၂၅)။ ခရစ်တော်သည် မိမိလူတို့အတွက် ဖျန်ဖြေသောကြောင့်၊ စာတန်၏ စွပ်စွဲချက်အားလုံးသည် တရားဝင်အခြေ အမြစ်ပျောက်ဆုံးခဲ့ရသည်။ ပေါလုက အပြစ်စီရင်သောသူသည် အဘယ်သူနည်းဟု မေးခဲ့သည်။

ထို့နောက်၊ ခရစ်တော်ကိုယ်တိုင်သည် ဘုရားသခင်၏ လက်ယာဘက်မှာနေ၍ ကျွန်ုပ်တို့ အတွက်ကြားဝင်ပေးနေကြောင်း အာမခံချက်ကိုပေါလုပေးခဲ့သည် (ရော ၈း ၃၄)။ ကြားဖျန်ဖြေသူ အဖြစ် မိမိ၏ကဏ္ဍကိုသေချာစေရင်း၊ ခရစ်တော်က ငါ အမှန် ဆိုသည်ကား၊ သင်တို့ သည် ငါ၏ နာမကို အမှီပြု၍၊ ခမည်းတော်မှာဆုတောင်းသမျှ တို့ကို ခမည်းတော်သည် ပေးတော်မူမည်” (ယော ၁၆း၂၃) ဟုဆိုခဲ့သည်။

ရှင်ဘုရင်ဖြစ်သောခရစ်တော်။ ထာ၀ရဘုရားသည်   ပလ္လင်တော်ကိုကောင်းကင် ဘုံ၌ တည်တော်မူ၍၊ အာဏာတော်သည် ခပ်သိမ်းသောအရာတို့ကိုနှံ့ပြား၏” (ဆာ ၁၀၃း ၁၉)။ သုံးပါးတစ်ဆူထဲ ကတစ်ပါးအဖြစ် ဘုရားသခင်၏သားတော်သည် စကြ၀ဠာတစ်ခု လုံးကို အုပ်စိုးခြင်း၌ ပါဝင်ကြောင်း ထင်ရှားသည်။

ဘုရား-လူသားအနေဖြင့် ခရစ်တော်သည် မိမိကိုအရှင်သခင်နှင့် ကယ်တင်ရှင်အ ဖြစ်လက်ခံသော သူတို့အပေါ်တွင် မိမိ၏ရှင်ဘုရင်ဖြစ်ခြင်းကိုအသုံးချလိမ့်မည်။ သမ္မာ ကျမ်းစာက၊ အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာ၀ရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သောနိုင်ငံဖြစ်ပါ၏” (ဆာ ၄၅း၆။ ဟေဗြဲ ၁း၈၊၉)။

ခရစ်တော်၏နိုင်ငံကို ပဋိပက္ခမပါဘဲ တည်ထောင်ခြင်း မဟုတ်ချေ။ အကြောင်း မှာ လောကီ ရှင်ဘုရင် တို့သည်ထကြ၍၊ မှူးမတ်အရာရှိတို့သည်လည်း၊ ထာ၀ရဘုရား နှင့် ခရစ်တော် (မေရှိယ) ကို ရန်ဘက်ပြုကြ၏” (ဆာ ၂း၂)။ သို့သော် သူတို့၏အကြံ အစည်သည် မအောင်မြင်ချေ။ ဘုရားသခင် သည်အမိန့်တော်ဖြင့် မေရှိယကိုမိမိ ပလ္လင် ပေါ်တွင် တည်စေ လိမ့်မည်။ ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင်ပေါ်မှာ၊ ငါကိုယ်တိုင် ဘိသိက်ပေး ပြီ။... သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကိုငါဖြစ်ပွား စေပြီ” (ဆာ ၂း၆၊၇) ဟု မိန့်တော်မူသည်။ ဒါဝိဒ်၏ရာဇပလ္လင်ကိုဆက်ခံမည့် ရှင်ဘုရင်၏ နာမတော်သည် ယေဟောဝါ ဇေဒကနုဖြစ်သည် (ယေ ၂၃း၅၊၆)။ သူသည် ကောင်းကင် ဘုံပလ္လင်မှ ယဇ်ပုရောဟိတ်နှင့် ရှင်ဘုရင်အဖြစ်လုပ်ဆောင်မည် ဖြစ်ရာ၊ သူ၏ အုပ်စိုးမှု သည် တစ်မူထူးသည် (ဇာ ၆း၁၃)။

မာရိထံသို့ ကောင်းကင်တမန်ဂါဗြေလက ယေရှုသည် အုပ်စိုးသူမေရှိယဖြစ်မည် အကြောင်း နှင့် သက်ဆိုင်၍၊ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်။ သူ၏ နိုင်ငံသည်လည်း ဆုံးခြင်းမရှိရဟုပြောဆို၏” (လု ၁း၃၃)။ သူ၏ ဘုရင်ဖြစ်ခြင်းကို နိုင်ငံနှစ်နိုင်ငံ ပုံဆောင်သည့်ရာဇပလ္လင်နှစ်ခုဖြင့်  ပုံဖော်ထားသည်။ ကျေးဇူးပလ္လင် တော်” (ဟေဗြဲ ၄း၁၆) သည် ကျေးဇူးတော်နိုင်ငံကိုကိုယ်စားပြုပြီး၊ ဘုန်းရှိသောပလ္လင်တော်” (မ ၂၅း၃၁) သည် ဘုန်းထွန်းသော နိုင်ငံတော် ကိုကိုယ်စားပြုသည်။

၁။ ကျေးဇူးတော်နိုင်ငံ။ ရှေးဦးလူသားတို့သည် အပြစ်ကျူးလွန်ပြီး ချက်ချင်း၊ ကျေးဇူး တော်နိုင်ငံသည် စတင်အသက်ဝင်ခဲ့သည်။ ၎င်းသည်ဘုရားသခင်၏ ကတိတော် အားဖြင့် တည်ရှိခဲ့သည်။    အပြစ်သားသည်    ဘုရားသခင်၏ ကတိတော်ကိုယုံကြည်ခြင်း အားဖြင့် ၎င်း၏ နိုင်ငံသားများဖြစ်လာ နိုင်ရန်မှာဘုရားသခင်၏ကျေးဇူးတော်အားဖြင့် သာဖြစ်နိုင်၏။ သို့သော်ကျေးဇူးတော်နိုင်ငံသည် ခရစ်တော်မသေမီအချိန်ထိ အပြည့်အဝ ဖော်ပြ၊ တည်ထောင်ခြင်းမရှိချေ။ ကိုယ်တော်သည် လက်ဝါးကပ်တိုင်ပေါ် တွင် အမှုပြီး ပြီဟုကြွေးကြော်ချိန်တွင် ရွေးနုတ်ခြင်းအတွက် လိုအပ်ချက်များ ပြည့်စုံသွားပြီး၊ ပဋိညာဉ်အသစ်သည် အတည် ဖြစ်သွားသည် (ဟေဗြဲ ၉း၁၅-၁၈)။

အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏ နိုင်ငံတော်သည်တည်လုနီးပြီ” (မာ ၁း၁၅) ဟူ သော ယေရှု၏ ကြေညာချက်သည် မကြာမီမိမိသေခြင်းအားဖြင့် ကျေးဇူးတော်နိုင်ငံ တည်ထောင် မည်ကို တိုက်ရိုက် ရည်ညွှန်းသည်။ ကျေးဇူးတော်အားဖြင့်ရွေးနုတ်ခြင်း လုပ်ငန်းအပေါ်တည် ဆောက်သော ဤနိုင်ငံသည် ၎င်း၏နိုင်ငံသားများကို အသစ်ပြုပြင် ခြင်းဟူသော အသစ်မွေးဖွားခြင်းအားဖြင့်ရရှိသည်။ ယေရှုက ရေနှင့်ဝိညာဉ်တော် မမွေး သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်ရ” (ယော ၃း၅) ဟုပြဋ္ဌာန်းခဲ့ သည်။ သူသည် ၎င်း၏ ကြီးထွားခြင်းကို မုန်ညင်းစေ့ကြီးထွားခြင်းနှင့် တဆေးသည် မုန့်ကို ပွစေခြင်း တို့နှင့်နှိုင်းယှဉ် သည် (မာ ၄း၂၂-၃၁။ မ ၁၃း၃၃)။

ကျေးဇူးတော်နိုင်ငံကို အပြင်တွင်မမြင်ရသော်လည်း၊ ယုံကြည်သူတို့၏ စိတ်နှလုံး အပေါ်၎င်း၏ အကျိုးသက်ရောက်မှုကိုမူမြင်နိုင်သည်။ ယေရှုသွန်သင်ခဲ့သည်မှာ ဤနိုင်ငံ သည် မျက်မြင်သော အရာ၌မတည်။... ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏ အထဲ၌ရှိသည်” (လု ၁၇း၂၀၊၂၁) ဟူ၍ ဖြစ်သည်။ သူက၊ ၎င်းသည်ဤလောက၏ နိုင်ငံမ ဟုတ်၊ သမ္မာတရားနှင့် ပြည့်သောနိုင်ငံဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။ ငါသည် ရှင်ဘုရင် မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလော ကသို့ကြွလာပြီ။ သမ္မာတရားနှင့် စပ်ဆိုင်သမျှသော သူတို့သည် ငါ့စကားကို နားထောင် ကြသည်ဟု မိန့်တော်မူ၏” (ယော ၁၈း၃၇)။ ပေါလုက ဤနိုင်ငံသည် ယုံကြည်သူ များကို ပြောင်းရွှေ့သွင်းသည့် ခရစ်တော်၏ နိုင်ငံဖြစ်ပြီး၊ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခံရသော ဝမ်းမြောက်ခြင်း၌တည်၏” (ရော ၁၄း၁၇။ ကော ၁း၁၃)။

ဤနိုင်ငံကို တည်ဆောက်ရာတွင် ပြင်းထန်သော ဝေဒနာကိုတွေ့ကြုံရမည်ဖြစ်ရာ၊ လက်ဝါးကပ်တိုင်မရှိဘဲ၊ ဦးရစ်သရဖူမရှိနိုင်သည်ကိုအတည်ပြုသည်။ မိမိ၏လူထု အကြားသာသနာပြုခြင်း အဆုံးပိုင်းတွင် ဘုရား-လူသားဖြစ်သည့် မေရှိယယေရှုသည် ဒါဝိဒ်၏ ရာဇ ပလ္လင်ကိုတရားသဖြင့်   အမွေခံအဖြစ် ယေရုရှလင်မြို့ သို့ကြွလာခဲ့သည်။ နန်းတင်မြှောက်ရန် အတွက် ယူဒလူတို့၏ ထုံးစံအတိုင်း၊ မြည်းကိုစီးလျက် (ဇာ ၉း၉)၊ သူသည် လူထု၏ တောက် လျှောက် စိတ်အား ထက်သန်စွာ ထောက်ခံကြောင်း ပြသ ခြင်းကို လက်ခံခဲ့သည်။ တော်ဝင် မြို့ တော်ထဲသို့ အောင်မြင်ခြင်းနှင့် ဝင်ချိန်တွင် တိုင်းမသိ များစွာသောလူတို့သည် မိမိတို့ အ ဝတ်နှင့် သစ်ကိုင်းသစ်ခက်များကို ခုတ်၍ လမ်း၌ ခင်းကြ၏” (မ ၂၁း၈၊၉)။ ထိုသို့ဖြင့် ဇာခရိ၏ ကြိုတင်ဟောထားချက်ကို ပြည့်စုံ စေခဲ့သည်။ ယခုတွင် ခရစ်တော်သည် မိမိကိုယ်ကို ရှင်ဘုရင်ကဲ့သို့တင်ဆက်ခဲ့သည်။

အကြောင်းမလှစွာ၊ ကိုယ်တော်၏နန်းတက်ခြင်းသည်  ဆန့်ကျင်ခြင်းခံရသည်။ အပြစ်မဲ့ သောသူအပေါ်စာတန်၏အမုန်းသည် အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။ ယုံ ကြည်ခြင်းကို ကာကွယ်သူများဖြစ်ရမည့် ယုဒလူအကြီးအကဲများသည် (၁၂) နာရီ အတွင်း ယေရှုကို တိတ် တ ဆိတ်ဖမ်း၍၊ စစ်ဆေးကာ သေဒဏ်အပြစ်စီရင်ခဲ့ကြသည်။

စစ်ဆေးခံစဉ်တွင်၊ သူသည် ဘုရားသခင်၏ သားတော်နှင့် မိမိလူတို့၏ရှင်ဘုရင် ဖြစ်ကြောင်းကို ယေရှုသည်လူသိရှင်ကြားအခိုင်အမာဆိုခဲ့သည် (လု ၂၃း၃။ ယော ၁၈း ၃၃-၃၇)။ သူ၏ ပြောဆိုချက်ကို တုံ့ပြန်သောအားဖြင့်၊ သူ့အားတော်ဝင်ဝတ်ရုံနှင့် ရွှေသ ရဖူမဟုတ်ဘဲ၊ ဆူးရစ်သရဖူကို အထင်သေးစွာ ဝတ်ဆင်ပေးကြသည် (ယော ၁၉း၂)။ ရှင် ဘုရင်ကဲ့သို့သူ့အား ကြိုဆိုခြင်းသည် ပြက်ရယ်ပြုခြင်းသာဖြစ်သည်။ သူ့ကိုရိုက်ရင်း၊ စစ် သားများက ယုဒ ရှင်ဘုရင်ကိုယ်တော်သည် မင်္ဂလာရှိစေသတည်း” (ယော ၁၉း၃) ဟုသ ရော်ခဲ့ကြသည်။ ရောမအာဏာပိုင်ပိလတ်မင်းသည် သူ့အားလူထုထံသို့ ပေးရာတွင် သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟုဆိုခဲ့သည်။ သူ၏လူများ ကိုယ်တိုင် သူ့ကို တညီတညွတ်တည်း ငြင်း ပယ် ကြပြီး၊ ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ” (ယော ၁၉း၁၄၊၁၅) ဟု ဟစ်ကြော်ခဲ့ကြသည်။

အနိမ့်ကျဆုံးသော လက်ဝါးကပ်တိုင်အပေါ် သေခြင်းအားဖြင့် ခရစ်တော်သည် ကျေးဇူး တော် နိုင်ငံကိုတည်ထောင်ခဲ့သည်။ ချီးမြှောက်ခြင်းခံရပြီးမကြာမီ၊ သူ၏အရှက် ရခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ကောင်းကင်သို့တက်ကြွရာတွင် သူ့အားယဇ်ပုရောဟိတ် နှင့် ရှင်ဘုရင် အဖြစ်နန်းတင်ခြင်းခံရပြီး၊ ခမည်းတော်နှင့်ပလ္လင်တွင်ထိုင်ခဲ့သည် (ဆာ ၂း ၇၊၈)။ ဤ နန်းတင် မြှောက်ခြင်းတွင် ဘုရားသခင်၏ သားတော်ဘုရားအနေဖြင့်၊ ယခင် ကသူ၏တန်ခိုးကို ပြန် လည်ပေးအပ်ခြင်းခံရသည်။ သို့သော်၊ ယခုတွင် ဘုရား-လူသား ကြားဖျန်ဖြေသူအနေဖြင့်၊ သူ၏လူ့ဇာတိသည် ပထမအကြိမ်အဖြစ် ကောင်းကင်ဘုံ၏ ဘုန်းတော် နှင့် တန်ခိုးတွင် ပါဝင် လာ ခဲ့သည်။

၂။ ဘုန်းထွန်းသောနိုင်ငံတော်။ ဘုန်းထွန်းသောနိုင်ငံတော်၏ပုံစံကို အသွင်ပြောင်း သော တောင်ပေါ်တွင်ပေးခဲ့သည်။ ထိုနေရာတွင် ခရစ်တော်သည် မိမိဘုန်းတော်ကို ပြသ ခဲ့၏။ မျက်နှာ တော်သည်နေကဲ့သို့ ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့ သို့ဖြူ လျက်ရှိ၏” (မ ၁၇း၂)။ မောရှေနှင့်ဧလိယတို့သည် ရွေးနုတ်ခံသူတို့ကိုကိုယ်စားပြုခဲ့ သည်။ မောရှေသည် ခရစ်တော်၌သေ၍၊ ရှင်ပြန်ထမြောက်ကြမည့်သူတို့ကို ကိုယ်စားပြု ပြီး၊ ဧလိယ သည် ဒုတိယအကြိမ်ကြွလာချိန် သေခြင်းကို မမြည်းစမ်းရဘဲ ကောင်းကင် သို့ ယူဆောင်ခြင်း ခံရမည့်သူတို့ကို ကိုယ်စား ပြုသည်။

ဘုန်းထွန်းသော နိုင်ငံတော်ကို ခရစ်တော် ကြွလာချိန်တွင် ကပ်ဆိုးကြီး ဖြစ်ရပ်များ နှင့် အတူ တည်ထောင်လိမ့်မည် (မ ၂၄း၂၇၊၃၀၊၃၁။ ၂၅း၃၁၊၃၂)။ ကောင်းကင် တဲတော် တွင် လူသား၏ ကြားဖျန်ဖြေခြင်းအလုပ်ပြီးဆုံးသောအခါ၊ တရားစီရင်ခြင်းသည် လိုက် လာ၍၊ အသက်ကြီးသောသူတည်းဟူသော ခမည်းတော်ဘုရားသည် သူ့အပေါ်တွင် နိုင်ငံနှင့် တကွအာဏာစက်တန်ခိုး” (ဒံ ၇း၉၊ ၁၀၊ ၁၄) ကိုအပ်နှင်းလိမ့်မည်။ ထို့နောက်၊ ကောင်း ကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာစက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံး သောဘုရား၏ သန့်ရှင်းသောအမျိုးသားတို့သည်ရကြလိမ့်မည်။ ထိုဘုရားသခင်၏ နိုင်ငံ တော်သည် ထာ၀ရနိုင်ငံဖြစ်၏။ မင်းကြီးအပေါင်းတို့သည်တိုးဝင်၍ ကျွန်ခံရကြလိမ့် မည်” (ဒံ ၇း၂၇)။

ဘုန်းထွန်းသော နိုင်ငံတော်သည် ကောင်းကင်မှ ယေရုရှလင်မြို့သစ် ဆင်းသက် လာမည့် အချိန်၊ နှစ်ပေါင်းတစ်ထောင်အဆုံး၌ မြေကြီးပေါ်တွင်နောက်ဆုံးတည်ထောင် လိမ့်မည် (ဗျာ ၂၀၊ ၂၁)။ ယေရှုခရစ်တော်ကို ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ်လက် ခံခြင်း အားဖြင့်၊ ယနေ့ကျွန်ုပ်တို့သည် ကျေးဇူးတော်နိုင်ငံသားနှင့် ကိုယ်တော်ဒုတိယအ ကြိမ်ကြွ လာချိန်တွင်ဘုန်းထွန်းသော နိုင်ငံသားများဖြစ်လာနိုင်ကြသည်။ ကျွန်ုပ်တို့၏ အရှေ့တွင်အ ဆုံးမဲ့ဖြစ်နိုင်ခြေများနှင့် ပြည့်သောအသက်ရှိနေသည်။ ခရစ်တော်ပေးသောအသက်သည် ကျရှုံးခြင်းနှင့် ပြည့်သောအသက်၊ မျှော်လင့်ချက်နှင့် ရည်မှန်းချက်များ ပြန့်ကျဲသောအ သက်မျိုးမဟုတ်ဘဲ၊ ပြည့်စုံကြီးထွားသောအသက်၊ ကယ်တင်ရှင်နှင့် ပျော်ရွှင်သည့် ပေါင်း ဖော်သောအသက်ဖြစ်သည်။ စစ်မှန်သောချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း (ဂလ ၅း၂၂၊ ၂၃) တို့ကိုတိုး၍ ပြသသောအသက်ဖြစ်၍၊ ဤဆက်ဆံခြင်း၏ အသီးများကိုယေရှုသည် သူ့ထံသို့ မိမိတို့အသက် တာ ကိုအပ်နှံသော သူအားလုံးကိုပေးလျက်ရှိသည်။ ထိုသို့သောပေးကမ်းမှု ကို အဘယ်သူ တွန်းလှန်နိုင်မည် နည်း။

 

- ၀ -


No comments:

Post a Comment