အခန်း- ၁၃ - ကျန်ကြွင်းသောအသင်းတော်နှင့် ယင်း၏ သာသနာလုပ်ငန်း
တစ်ကမ္ဘာလုံးနှင့်ဆိုင်သော အသင်းတော်ကို ခရစ်တော်ကို
အမှန်ယုံကြည်သောသူ အားလုံးဖြင့် ဖွဲ့စည်းထားသည်။ သို့သော် နောက်ဆုံးသောကာလ၊
အယူဖောက်ပြန်ခြင်း ပျံ့နှံ့သောအချိန်တွင်၊ ကျန်ကြွင်းသောလူတစ်စုသည်
ဘုရားသခင်၏ပညတ်တော်နှင့် ယေရှု၏ ယုံကြည်ချက်ကိုစောင့်ရန် ခေါ်ထုတ်ခြင်းခံရသည်။
ဤကျန်ကြွင်းသောအသင်း တော်သည် တရားစီရင်ရာ
နေ့ရက်ရောက်လာ ကြောင်းကြေညာသည်။ ခရစ်တော်အား ဖြင့် ကယ်တင်ခြင်းရကြောင်းကို ထုတ်ဖော်ဟောကြားသည်။
သူ၏ဒုတိယအကြိမ်ကြွ လာခြင်း နီးကြောင်းကို
လည်းကြွေးကြော်သည်။ ဤုထုတ်ဖေါ် ဟောကြားခြင်းကို (ဗျာ ၁၄) တွင်ပါရှိသော ကောင်း ကင်တမန်သုံးပါးအားဖြင့်
အမှတ်အသားပြုသည်။ ၎င်းသည် ကောင်းကင်က တရားစီရင်ခြင်း အမှုနှင့်တိုက်ဆိုင်ပြီး၊
မြေကြီးပေါ်တွင် နောင်တရခြင်း နှင့်
ပြောင်းလဲခြင်းလုပ်ငန်းကို အကျိုး ဆက်ဖြစ်ပေါ်စေသည်။ ဤကမ္ဘာအနှံ့သက်သေ ခံခြင်းတွင် ကိုယ်တိုင်ပါဝင်ရန် ယုံကြည်သူ တိုင်းသည်
ဖိတ်ခေါ် ခြင်းခံရသည်။ (ဟေရှာ ၁း၉။ ၁၁း၁၁။ ယေ ၂၃း၃။ ဒံ ၇း၉-၁၄။ မိ ၂း၁၂။ ၂ကော
၅း၁၀။ ၁ပေ၊ ၁း၁၆-၁၉။ ၄း၁၇။ ၂ပေ ၃း၁၀-၁၄။ ယု ၃၊၁၄။ ဗျာ ၁၂း၁၇။ ၁၄း၆-၁၂။ ၁၈း၁-၄)။
အဆင်းနီသောနဂါးကြီးသည်ဝပ်၍၊ အဆင်သင့်ဖြစ်နေသည်။ သူသည်
ကောင်း ကင်တမန်များ
သုံးပုံတစ်ပုံကို ကောင်းကင်မှဆွဲချပြီးဖြစ်သည် (ဗျာ ၁၂း၄၊ ၇-၉)။ ယခု၊ သူသည်
မွေးဖွားလာမည့် ကလေးကို ဝါးမျိုနိုင်ခဲ့လျှင်၊ သူသည် တိုက်ပွဲကိုအောင်နိုင် လိမ့် မည်။
သူ့ရှေ့၌ရပ်နေသောမိန်းမသည် နေကိုဝတ်လျက်၊ လကိုလည်းနင်း၍၊
ကြယ် တစ် ဆယ့် နှစ်လုံးရှိ
သောသရဖူကိုဆောင်းသည်။ သူမဖွားမြင်မည့်သားတော်သည် “လူမျိုး
တကာတို့ကို သံလှံတံနှင့် အုပ်စိုးလတ္တံ့။”
နဂါးသည်ခုန်အုပ်သော်လည်း၊ ထိုကလေးကိုသတ်မည့်ကြိုးပမ်းမှုများသည် အချနှီး ဖြစ်ရသည်။ “ထိုသားကို
ဘုရားသခင့်ထံသို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီယူတော်မူ၏။” အမျက်ထွက်သောနဂါး၏ဒေါသသည် မိန်းဘက်သို့လှည့်လာသည်။
မိန်းမသည် အတောင်ပံကိုရ၍၊ တစ်ကာလ၊ နှစ်ကာလနှင့် ကာလတစ်ဝက် ဖြစ်သော သုံး နှစ်ခွဲ သို့မဟုတ် ရက်ပေါင်း (၁၂၆၀)
ပတ်လုံးတော၌ကျွေးမွေးခြင်းကိုခံဖို့ရာ ဘုရားသခင် ပြင်ဆင် သော နေရာသို့ ခေါ်ဆောင်ခြင်းခံရသည် (ဗျာ ၁၂း၁-၆၊
၁၃၊ ၁၄)။
ကျမ်းစာ၏ ပုရောဖက်ပြုချက်တွင် စင်ကြယ်သောမိန်းမသည်
ဘုရားသခင်၏ သစ္စာရှိသော အသင်းတော်ကိုကိုယ်စားပြုသည်။ ဖောက်ပြန်သောမိန်းမသည်
ဖောက်ပြန် သော ဘုရားသခင်၏
လူတို့ကိုကိုယ်စားပြုသည် (ယေဇ ၁၆၊ ဟေရှာ ၅၇း၈။ ယေ ၃၁း၄၊၅။ ဟော ၁-၃။ ဗျာ ၁၇း၁-၅)။
“မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီး}
သည် ကြာမြင့်စွာက မျှော်လင့်ထားသော ယေရှုခရစ်၊ သားတော်ကိုဝါးမျိုဖို့ရန်
စောင့်စားနေ သည်။ ယေရှုကို
စစ်ခင်းနေသော စာတန်သည် ရောမအင်ပါယာကိုလက်နက်အဖြစ် အ သုံးပြုခဲ့ သည်။ မည်သည့်အရာကမျှ၊
လက်ဝါးကပ်တိုင်ပေါ်သေခြင်းပင်လျှင်၊ ယေရှုကို လူသားတို့၏ ကယ်တင်ရှင်အဖြစ်
သူ၏လုပ်ငန်း တာဝန် မှ တားဆီးရန်မတတ်နိုင်ခဲ့ချေ။
လက်ဝါးကပ်တိုင်တွင်
ခရစ်တော်သည်စာတန်ကိုအနိုင်ယူခဲ့သည်။ ကပ်တိုင် တင်သတ် ခြင်းနှင့် စပ်လျဉ်း၍၊
ခရစ်တော်က “ယခုတွင်ဤလောကသည်
တရားစီရင်ခြင်း ကိုခံရ ၏။ ယခုတွင် ဤလောက ကို
အစိုးရသောမင်းသည် နှင်ထုတ်ခြင်းကိုခံရလိမ့်မည်} (ယော ၁၂း၃၁) ဟု ဆိုသည်။ ဗျာဒိတ်ကျမ်းသည်
ကောင်းကင်သားတို့၏အောင် မြင်ခြင်းသီချင်း ကိုဖော်ပြသည်။ “ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။
ငါတို့ဘုရား သခင်၏နိုင်ငံတော်နှင့်
သူ၏ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူ ကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့် ရှေ့တော်၌
နေ့ညမပြတ် အပြစ်တင်သော ရန်သူကို
အောက်သို့ချလေပြီ။..... ထိုကြောင့်၊ ကောင်း ကင်နှင့် ကောင်းကင်သားတို့ရွှင် လန်းကြလော့” (ဗျာ ၁၂း၁၀-၁၂)။
ကောင်းကင်မှ နှင်ထုတ်ခံရခြင်းသည် စာတန်၏အလုပ် ကိုကန့်သတ်လိုက်သည်။ စာတန်သည် ဘုရားသခင်၏လူတို့ကို
ကောင်းကင် သားများရှေ့ တွင် အပြစ်တင်၍မရတော့ချေ။
သို့သော် ကောင်းကင်သားများရွှင်လန်းနေစဉ်၊
မြေကြီးသားတို့သည်သတိပေးချက် ကို သတိချပ်ရမည်။ “မြေကြီးနှင့်ပင်လယ်သည်
အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ် နတ် သည် မိမိကာလ
တစ်ခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသောဒေါသအမျက်နှင့် တကွ သင်တို့ရှိ ရာသို့ဆင်းလေပြီ” (ဗျာ ၁၂း၁၂)။
မိမိဒေါသထွက်ပေါက်အတွက်၊ စာတန်သည် မိန်းမတည်းဟူသော
အသင်းတော် ကို စတင်ညှဉ်းဆဲတော့သည်
(ဗျာ ၁၂း၁၃)။ သူမသည် ကြီးမားသောဆင်းရဲဒုက္ခခံရ သော်လည်း အသက် ဆက်နိုင်ခဲ့သည်။ ရက်ပေါင်း (၁၂၆၀) သို့မဟုတ်
နှစ်ပေါင်း (၁၂၆၀) အတွင်း၊ ဘုရားသခင်၏ သစ္စာရှိသူတို့အတွက်
ခိုလှုံရာကိုလူသူနည်းပါးသော ]တော} ၌ စီစဉ်ခဲ့သည်
(ဗျာ ၁၂း၁၄-၁၆)။ တောထဲပုန်းရှောင်ပြီးနောက်၊ ဘုရားသခင်၏လူတို့သည်
ခရစ်တော်မကြာမီကြွလာခြင်း၏ နိမိတ် လက္ခဏာများကို တုံ့ပြန်ရာတွင် ပေါ်ထွန်းစပြု လာခဲ့ကြသည်။ ယောဟန်သည် ဤသစ္စာရှိသူတို့ကို
ဖေါ်ထုတ်ခွဲခြားခဲ့သည်။ ကျန်ကြွင်း သောသူတို့သည် “ဘုရားသခင် ၏ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံချက် ကိုစွဲလမ်း” ကြသည်။
အထူးသဖြင့်စာတန်သည် ဤကျန်ကြွင်းသော သူတို့ ကို မုန်းတီး သည်။
ဤညှဉ်းဆဲခြင်းသည် မည်သည့်အချိန်နှင့်နေရာတွင်
ဖြစ်ပျက်ခဲ့သနည်း။ မည်ကဲ့ သို့ဖြစ်ပျက်လာခဲ့သနည်း။
မည်သည့်အချိန်တွင် ကျန်ကြွင်းသောသူတို့သည် ပေါ်လာခဲ့ သနည်း။ ၎င်း၏ လုပ်ငန်း တာဝန်ကားအဘယ်နည်း။ ဤမေးခွန်းများကို
ဖြေဆိုရာတွင် သမ္မာကျမ်းစာ ဓမ္မဟောင်း၊ ဓမ္မသစ်နှင့်
သမိုင်းတို့ကိုပြန်လည်သုံးသပ်ရန်လိုအပ် သည်။
ကြီးမားသောအယူဖောက်ပြန်ခြင်း
ခရစ်ယာန်အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်ခြင်းသည်
ရုပ်တုကိုးကွယ်သော ရော မနိုင်ငံမှ
စတင်ဖြစ်လာခဲ့သည်။ ထို့နောက်၊ ၎င်း၏ကိုယ်ပိုင်အထဲက အယူဖောက်ပြန်ခြင်း
အားဖြင့်ဆက်ဖြစ်ခဲ့သည်။ အယူဖောက်ပြန်ခြင်းသည် အံ့ဩစရာအကြောင်းမရှိချေ။ ခရစ်တော်၊
ပေါလုနှင့် ယောဟန်တို့ က ကြိုတင်ဟောခဲ့ပြီးဖြစ်သည်။
သူ၏နောက်ဆုံး အဓိကဟောပြော ချက်တွင်၊ ယေရှုသည် မိမိ တပည့်တော်များ ကိုရောက်လာမည့် လှည့်ဖြားခြင်းကို သတိပေးခဲ့သည်။ ယေရှုက “သင်တို့ကို အဘယ်သူ မျှမလှည့်ဖြားစေခြင်းငှာ
သတိပြုကြလော့။ အကြောင်းမူကား၊ ခရစ်တော်၏အယောင် ကိုဆောင်သောသူနှင့် မိစ္ဆာပုရောဖက် တို့သည်ပေါ်လာ၍၊
ရွေးချယ်သူတို့ကို ပင်လှည့် ဖြားနိုင်လျှင်
လှည့်ဖြားလောက် အောင်ကြီးစွာသော နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတို့ ကိုပြုကြလိမ့်မည်” (မ ၂၄း၄၊၂၄)
ဟုဆိုသည်။ သူ၏ နောက် လိုက်များသည် “ကြီးစွာသော ဒုက္ခ}
ကိုကြုံရလိမ့်မည်။ သို့သော်၊ သူတို့သည်
အသက်ရှင်ကျန်ကြလိမ့်မည် (မ ၂၄း၂၁၊ ၂၂)။
ပေါလုကလည်း ဤသို့သတိပေးသည်။ “ငါမရှိသည်နောက်၊
ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကိုမသနားဘဲ၊
သင်တို့အထဲသို့ဝင်မည်ကိုလည်းကောင်း၊ တ ပည့်တော်များကို
သွေးဆောင်ခြင်းငှာ၊ မှားသောစကားကိုပြောတတ်သောလူတို့သည် သင်တို့အထဲ၌ လည်းပေါ်လာမည်”
(တ ၂ဝး၂၉၊၃၀)။ ဤ “တောခွေးများ” သည် အသင်း တော်ကို “အယူဖောက်ပြန်ခြင်း” သို့မဟုတ် “ဖောက်ပြန်သင်းခွဲခြင်း” သို့ ပို့ဆောင်လိမ့် မည်။
ဤအယူဖောက်ပြန်ခြင်းသည် ခရစ်တော် မကြွလာမီ ဖြစ်ပျက်ရမည်
ဖြစ်ကြောင်း ပေါလုဆိုခဲ့သည်။ ၎င်းသည် မဖြစ်ပျက်သေးကြောင်းသေချာမှုသည်
ခရစ်တော်ကြွလာ ခြင်း မနီးသေးသော
သေချာသည့်အမှတ်လက္ခဏာဖြစ်သည်။ “အဘယ်သူမျှသင်တို့ကို
မလှည့်ဖြား စေနှင့်။ ထိုနေ့ရက် မရောက်မီ ဖောက်ပြန်သင်းခွဲခြင်း
(အယူဖောက်ပြန်ခြင်း) သည် အလျင်ဖြစ်၍၊ ဒုစရိုက် လူတည်းဟူသော ပျက်စီးခြင်း၏သားသည်
ပေါ်လာရလိမ့် မည်။ ထိုသူသည်
ဘုရားသခင်ဟူ၍လည်းကောင်း၊ ဘုရားဟူ၍လည်းကောင်း၊ ခေါ်ဝေါ် သမျှသောအရာတို့ကို
ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောအားဖြင့်၊ ဘုရား သခင်၏ ဗိမာန်တော် (အသင်း တော်) ၌ ဘုရားသခင်ကဲ့သို့ထိုင်၍၊
ဘုရားသခင် ဖြစ်ယောင်ဆောင် လျက် ကိုယ်ကို ပြသော သူဖြစ်သတည်း (၂သက် ၂း၃၊၄)။
ပေါလုအချိန်၌ပင်လျှင် ဤအယူဖောက်ပြန်ခြင်းသည်
အကန့်အသတ်တစ်ခုဖြင့် စတင်နေပြီဖြစ်သည်။ ထိုအဓမ္မလူ၏လုပ်ဆောင်မှုသည် “စာတန်ပြုပြင်သောအားဖြင့် မု သားနှင့် စပ်ဆိုင်သောထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊
အံ့ဖွယ်သောအမှုအမျိုးမျိုး နှင့် လည်းကောင်း၊
ပျက်စီးခြင်းသို့ရောက်သူတို့တွင် မတရားသောလှည့်ဖြားခြင်းအမျိုး မျိုးနှင့် လည်း ကောင်း လာလိမ့်မည်” (၂သက် ၂း၉၊၁၀)။ ပထမရာစုမကုန်မီ၊ ယောဟန်က၊ “မိစ္ဆာပုရောဖက် အများတို့သည် ဤလောကသို့ သွားကြပြီ။
ယခုပင်လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏” (၁ယော ၄း၁၊၃)
ဟုဆိုသည်။
ဤအယူဖောက်ပြန်စနစ်သည် မည်ကဲ့သို့ပေါ်ပေါက်လာသနည်း။
“အဓမ္မလူ” ၏ကြီးစိုးမှု။ “အသင်းတော်သည် “ရှေးဦးစွာသောချစ်ခြင်း
မေတ္တာ” ချန် ထားသောအခါ၊
အသင်းတော်သည် ၎င်း၏စင်ကြယ်သောယုံကြည်ချက်၊ ၎င်း၏ မြင့်မား သောကိုယ်ပိုင်အပြုအမူ၏ စံနှင့်
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ပေးသည့် မမြင်နိုင် သောစည်းလုံးခြင်းနှောင်ကြိုးတို့ကို လက်လွှတ်ခဲ့သည်။
ဝတ်ပြုကိုးကွယ်ခြင်းတွင်၊ အနှစ် မပါသောလုပ်ထုံးလုပ်နည်းသည်
ရိုးစင်းသောအရာကိုအစားထိုးခဲ့သည်။ ရှေးဦးစွာ ဒေသ ခံအသင်းတော်အတွင်းတွင် အာဏာကိုတိုးမြှင့်ရယူ၍၊ နောက်ပိုင်းတွင်အိမ်နီးချင်းအသင်း တော်များအပေါ်၌ပါ အာဏာချဲ့ရန်
ကြိုးစားသောခေါင်းဆောင်များကို ရွေးချယ်ရာတွင် ထင်ပေါ် ကျော်ကြားမှုနှင့်
ကိုယ်ပိုင်အစွမ်းများသည် ရွေးချယ်မှုကို ဆုံးဖြတ်ပေးသော အရာများ တဖြည်း ဖြည်း
ဖြစ်လာသည်။
“သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအောက်၌ ဒေသခံအသင်းတော်၏
အုပ် ချုပ်မှုသည်
နောက်ဆုံးတွင် ခရစ်ယာန်ဘုန်းကြီးတစ်ဦးတည်း၏လက်ထဲတွင် ခရစ်ယာန် အာဏာရှင်ဝါဒအဖြစ်
သို့ပြောင်းလဲသွား၍၊ အသင်းသားတိုင်းသည် သူ့လက်အောက်သို့ ရောက်ရှိ လာကာ၊ ထိုသူ
အားဖြင့်သာ ကယ်တင်ခြင်းကိုရနိုင်သည်။ ထိုအချိန်မှစ၍ နောင်တွင်၊ ခေါင်းဆောင်မှုသည်
အသင်းတော်ကို အလုပ်အကျွေးပြုခြင်းအစား၊ အုပ် ချုပ်မှု သက်သက်ဖြစ်လာ ၍၊ လူအားလုံးကို အစေခံသော သူကို လည်း
အကြီးဆုံးသော သူအဖြစ် မယူဆတော့ချေ။
ထို့ကြောင့်၊ တစ်ဦးချင်းနှင့်သူ၏ သခင်ယေရှု အကြားဝင် လာသော ယဇ်ပုရောဟိတ် ဆိုင်ရာ ရာထူးအဆင့်ဆင့်ကို တဖြည်းဖြည်း
ကြီးထွားလာ ခဲ့၏။
လူတစ်ဦးချင်းနှင့် ဒေသခံအသင်းတော်၏အရေးပါမှုသည်
တစ်စတစ်စလျော့ပါး လာသောအခါ၊ ရောမမြို့၏ ခရစ်ယာန်ဘုန်းကြီးသည်
ခရစ်ယာန်ဘာသာတွင်အထွတ် အ ထိပ်အာဏာစက်အဖြစ်
ပေါ်ထွက်လာခဲ့သည်။ ဧကရာဇ်မင်း၏အကူအညီဖြင့်ဤ အကြီး ဆုံးသောဘုန်းကြီး၊ သို့မဟုတ် ပုပ်ရဟန်းမင်းသည်
ကမ္ဘာတစ်ဝန်းအသင်းတော် ၏မြင်နိုင် သော
ဦးခေါင်းအဖြစ် အသိအမှတ်ခံရပြီး၊ တစ်ကမ္ဘာလုံးရှိအသင်းတော် ခေါင်းဆောင် အားလုံးအပေါ် အထွတ်အထိပ် အာဏာအပ်နှင်းခြင်း ခံခဲ့ ရ သည်။
ပုပ်ရဟန်းမင်း၏ ဦးဆောင်မှုအောက်တွင် ခရစ်ယာန်အသင်းတော်သည်
သာ၍ နက်သော အယူဖောက်ပြန်ခြင်းထဲသို့ နစ်ဝင်သွားခဲ့သည်။ အသင်းတော်ကိုလူကြိုက်များ
လာခြင်းသည် ၎င်း၏ ကျဆင်းမှု ကိုအရှိန်မြင့်စေသည်။ နှိမ့်ထားသောစံနှုန်းများသည် မ ပြောင်းလဲသော သူတို့ကို အသင်းတော်တွင်
စိတ်လက်ချမ်းသာနေစေသည်။ စစ်မှန်သော ခရစ်ယာန်ဘာသာကို အနည်းငယ်မျှသာသိသော
လူများစွာတို့သည် အမည်ခံမျှဖြင့် အသင်းတော် ထဲ သို့ဝင်လာ၍၊ သူတို့၏
ရုပ်တုကိုးကွယ်ခြင်း ယုံကြည်ချက်များ၊ ရုပ် တုများ၊
ဝတ်ပြုကိုးကွယ်မှုပုံစံ၊ ပွဲလမ်းသဘင်များ၊ ပျော်ပွဲများနှင့် အမှတ်အသားဖြင့် သ ရုပ်ဖော်မှု တို့ကို သူတို့နှင့် အတူ ယူဆောင်လာခဲ့ကြသည်။
ခရစ်ယာန်ဘာသာနှင့် ရုပ်တုကိုးကွယ်မှုအကြား
ဤအပေးအယူလုပ်ခြင်းသည် “အဓမ္မ လူ” တည်းဟူသော၊ အမှန်နှင့်အမှားရောနှောထားသည့် ဧရာမမှားယွင်းသော
ဘာ သာရေးစနစ်ကို
ဖွဲ့စည်းစေခဲ့သည်။ သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် အခန်း ကြီး (၂) သည် လူတစ်ဦး တစ်ယောက်ကိုအပြစ်မတင်ဘဲ၊
ကြီးမားသောအယူ ဖောက်ပြန် ခြင်းအတွက် တာဝန်ရှိသော
ဘာသာ ရေး အဖွဲ့အစည်းကို ဖော်ထုတ်ခြင်းသာဖြစ်သည်။ သို့သော်လည်း၊
ဤအဖွဲ့အစည်းအတွင်း၌ရှိသော ယုံကြည်သူများစွာတို့သည် ဘုရား သခင်၏
တစ်ကမ္ဘာလုံးနှင့် ဆိုင်သော အသင်းတော်နှင့် သက်ဆိုင် သည်။ အဘယ် ကြောင့် ဆိုသော် သူတို့သည် သူတို့ရရှိသောအလင်းတရားအားလုံးအတိုင်း
အသက်ရှင် နေထိုင် ကြသောကြောင့် ဖြစ်၏။
ဆင်းရဲဒုက္ခခံရသောအသင်းတော်။ ဝိညာဉ်ရေး ကျဆင်းခြင်းနှင့်အတူ၊ ရောမအ သင်းတော်သည် ဧကရာဇ်အစိုးရနှင့်
ပိုမိုနီးကပ်စွာဆက်ဆံမှုများနှင့်အတူ လောကီဆန် လာခဲ့၏။ အသင်း တော်နှင့်နိုင်ငံသည် မသန့်ရှင်းသောမဟာမိတ်ကို
ဖွဲ့စည်းခဲ့သည်။
ဩဇာအရှိဆုံးသော အသင်းတော်ဖခင်ကြီး တစ်ဦးဖြစ်သော
ဩဂစ္စ်တင်းသည် သူ ၏ “ဘုရားသခင်၏ မြို့တော်” ဟူသောစာအုပ်သည်
ရောမအသင်းတော်သည် တစ်လော ကလုံးဆိုင်ရာ
အသင်းတော်ဖြစ်၍၊ ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးကိုထိန်းချုပ်သည် ဟူသော သဘောကို မွေးထုတ်ပေးသည်။ ဩဂစ္စ်တင်း၏ အတွေးခေါ်သည် အလယ်ခေတ်
ပုပ်ရ ဟန်းမင်းနှင့် ဆိုင် သော
သွန်သင်ချက်တို့၏ အုတ်မြစ်ကိုချပေးခဲ့သည်။
(အေဒီ ၅၃၃)၊ ဂျက်စ်တီးနီးယန်း (Justinian) ဥပဒေတွင်ထည့်သွင်းထား သော စာ၌၊ ဧကရာဇ်ဂျက်စ်တီးနီးယန်းက ရောမမြို့၏ဘုန်းကြီးသည်
အသင်းတော်အားလုံး အ ပေါ်မှာ ခေါင်းဖြစ်သည်ဟု
ကြေညာခဲ့သည်။ ဘာသာဖောက်ပြန်သူများကို ဖယ်ရှားပစ်ရာ တွင် ပုပ်ရဟန်းမင်း၏ ဩဇာကို သူအသိအမှတ်ပြုသည်။
ဂျက်စ်တီးနီးယန်း၏ဗိုလ်ချုပ် “ဘဲလီဆာရီးယားစ်” (Justininan) သည်
ရောမမြို့ကို (အေဒီ ၅၃၈) တွင် လွတ်မြောက်စေသောအခါ၊ ရောမအသင်းတော်၏တိုးတက်မှုကို
ကန့် သတ်သည့် အာရီယာန်ဝါဒ (Arianism) ကို ဆွဲကိုင်သော
အော်စ်ထရိုဂေါ့စ် (Ostrogoths) တို့၏ထိန်းချုပ်မှုမှ ရောမမြို့၏ဘုန်းကြီးသည်လည်း
လွတ်မြောက်ခဲ့ သည်။ ယခုအချိန် တွင်
ဘုန်းကြီးသည် (အေဒီ ၅၃၃) က ဂျက်စ်တီးနီးယန်း၏အမိန့်က သူ့ကိုပေးအပ် သော
အာဏာကိုအသုံးပြုနိုင်ခဲ့ပြီး၊ ပါပရဟန်းမင်း၏ တရားရေး အာဏာ ကိုလည်း တိုးမြှင့်
နိုင်ခဲ့သည်။ ကျမ်းစာ၏အနာဂတ်ဟောပြောချက်အတိုင်း၊ ထိုအချိန် မှ စ၍ ညှဉ်းဆဲခြင်း
နှစ်ပေါင်း (၁၂၆၀) ကာလသည် စတင်ခဲ့သည် (ဒံ ၇း၂၅။ ဗျာ ၁၂း၆၊ ၁၄။ ၁၃း၅-၇)။
ဝမ်းနည်းဖွယ်ရာမှာ အသင်းတော်သည် နိုင်ငံ၏အကူအညီဖြင့်
၎င်း၏ဥပဒေများ နှင့် သွန် သင်ချက်များကို ခရစ်ယာန်အားလုံးအပေါ်တွင်
အတင်းအကျပ်ပြုရန် ကြိုးစား လာခဲ့သည်။ များစွာသော သူတို့သည် ညှဉ်းဆဲခြင်းကိုကြောက်၍
သူတို့၏ယုံကြည်ချက် များကိုစွန့်လွှတ်ခဲ့ကြသော်လည်း၊ သမ္မာကျမ်းစာ၏
သွန်သင်ချက်များအပေါ် သစ္စာရှိ သောသူတို့သည်
ပြင်းထန်သောညှဉ်းဆဲခြင်းကို ကြုံတွေ့ခဲ့ကြရသည်။
များစွာသောသူတို့သည် ဘုရားသခင်၏နာမတော်၌အကျဉ်းချခြင်း
သို့မဟုတ် ကွပ် မျက်ခြင်းခံခဲ့ကြရသည်။
ညှဉ်းဆဲခြင်း နှစ်ပေါင်း (၁၂၆၀) အတွင်း သစ္စာရှိသော ယုံကြည် သူ သန်းပေါင်းများစွာ တို့သည်
ကြီးမားသောဆင်းရဲဒုက္ခကိုခံရစဉ်၊ များစွာသော သူတို့ သည် သူတို့၏ ခရစ်တော်အပေါ် သစ္စာရှိမှု
အတွက်အသက်ဖြင့်ပေးဆပ်ခဲ့ကြရ သည်။
လျှံထွက်ယိုဖိတ်လာသောသွေးစက်တိုင်းသည်
ဘုရားသခင်နှင့်ယေရှုခရစ်၏ နာမ တော်ကို
စွန်းထင်းစေခဲ့သည်။ ဤအကြင်နာမဲ့သောညှဉ်းဆဲခြင်းထက် မည်သည့် အရာ ကမျှခရစ်ယာန်ဘာသာ၏ အရေးကို
ပိုမိုထိခိုက်နစ်နာစေသောအရာမရှိချေ။ အသင်း တော်၏ ဤ
လုပ်ဆောင်မှုများကြောင့် ဘုရားသခင်၏ဂုဏ်တော်အပေါ်လွန်စွာ မမှန်
မကန်ရှုမြင်ခြင်းနှင့် ကောင်းကင် မရောက်မီ သေသော သူ၏ ဝိညာဉ်ကို သန့်စင်ပေးရာ ဘုံနှင့် ထာ၀စဉ်ညှဉ်းပန်းခြင်းဆိုင်ရာ
ယုံကြည်ချက်များကြောင့် ခရစ်ယာန်ဘာသာကို လုံး၀
ငြင်းပယ်သွားကြသည်။
ဘာသာရေးပြုပြင်ပြောင်းလဲခြင်းမတိုင်မီနှစ်များစွာက၊
ရောမအသင်းတော်၏ ရန် ဘက်များကို
ကရုဏာမဲ့သတ်ဖြတ်ခြင်း၊ ၎င်း၏စိတ်ကြီးဝင်သော ပြောဆိုချက်များ နှင့် အကျင့် စာရိတ္တပျက်ပြားခြင်း တို့ကို
ဆန့်ကျင်သည့်အသံများ ၎င်းအသင်းတော်ထဲ က ထွက်လာခဲ့သည်။ အသင်းတော်၏ ပြန်လည်
ပြုပြင်ရန်လိုလားမှုမရှိခြင်းသည် (၁၆) ရာစုနှစ်တွင် ပရိုတက်စတန့်ပြုပြင်ပြောင်းလဲခြင်းမွေးဖွားပေးခဲ့သည်။ ၎င်း၏ အောင်မြင် မှုသည်
ရောမအသင်းတော်၏ အာဏာနှင့် သိက္ခာအတွက်ကြီးမားသော ထိုးနှက်မှုဖြစ်ခဲ့ သည်။ တန်ပြန် ပြုပြင်ပြောင်းလဲခြင်း အစီအစဉ်အားဖြင့်
ပုပ်ရဟန်းမင်းသည် ဘာသာ ရေးပြုပြင်ပြောင်းလဲ ခြင်းကိုချေဖျက်ပစ်ရန် သွေးထွက်သံယို
ရုန်းကန်လှုပ်ရှားမှု ကို ဆက်လုပ်ခဲ့သည်။ သို့သော် ၎င်းသည် အရပ်ဘက်နှင့်
ဘာသာရေးလွတ်လပ်မှု အတွက် ကြိုးစားသည့် အင်အားစုကို စစ်ဆင်ရာ တွင်
တဖြည်းဖြည်းအရေးနိမ့်လာခဲ့သည်။
နောက်ဆုံးတွင်၊ (အေဒီ ၅၃၈) တွင် စတင်ခဲ့သောနှစ်ပေါင်း
(၁၂၆၀) ၏အဆုံး၊ (၁၇၉၈) ခုနှစ်တွင်၊
ရောမအသင်းတော်သည် သေလောက်သောထိုးနှက်မှုရရှိခဲ့သည် (ဗျာ၊ ၁၃း၃)။ အီတလီတွင်
နပိုလျံစစ်တပ်၏အံ့မခန်းအောင်မြင်မှုများသည် ရဟန်းမင်း ကို ပြင်သစ်တော် လှန်ရေးအစိုးရ၏ သက်ညှာမှုအောက်တွင်
ရောက်သွားစေခဲ့သည်။ ထိုသို့ ဖြင့်
ရောမအသင်းတော်ကို အစိုးရ၏ ညှိနှိုင်းမရသော ရန်သူအဖြစ်ရှုမြင်ခဲ့သည်။ ပြင် သစ်အစိုးရသည် နပိုလျံအားရဟန်းမင်းကို အကျဉ်းသား
အဖြစ်ခေါ်ဆောင်လာရန် အမိန့် ပေးခဲ့သည်။
သူ၏အမိန့်ဖြင့် ဗိုလ်ချုပ်ဘားသီးယားသည် ရောမမြို့ကို ချင်းနင်း၍၊ ရဟန်း မင်း၏ နိုင်ငံရေးအုပ်ချုပ်မှု အဆုံး သတ်ကြောင်း
ကြေညာခဲ့သည်။ ဘားသီးယား သည် ရဟန်းမင်းကိုအကျဉ်းသားအဖြစ်၊
ပြင်သစ်သို့ခေါ်ဆောင်ပြီး၊ သူသည် ထိုနေရာ တွင် သေဆုံး ခဲ့သည်။
ရဟန်းမင်းကိုဖြုတ်ချခြင်းသည် ၎င်း၏ အာဏာတောက်လျှောက်
ကျဆင်းနေ သောဖြစ်ရပ်တို့၏
အထွတ်အထိပ်ဖြစ်သည်။ ထိုဖြစ်ရပ်သည် ကြိုတင်ဟောထားသော နှစ်ပေါင်း (၁၂၆၀) ၏ အဆုံးကို ရည်မှတ်သည်။
များစွာသောပရိုတက်စတန့်တို့သည် ဤဖြစ်ရပ်ကို ပုရောဖက်ပြုဟောကြားချက်
ပြည့်စုံခြင်းအဖြစ် အနက်ဖွင့်ဆိုကြသည်။
ပြုပြင်ပြောင်းလဲခြင်း
ကျမ်းစာနှင့်မညီသောယုံကြည်ချက်များသည် ထုံးတမ်းအစဉ်
အလာအပေါ် အခြေ ခံ၏။
ခရစ်ယာန်ဘုန်းကြီးများ၏ ဩဝါဒကိုလက်မခံသောသူတို့အားအတောမသတ်ညှဉ်း ဆဲခြင်း၊ စာရိတ္တပျက်ပြားခြင်းနှင့်
ဝိညာဉ်ရေးကျဆင်းခြင်းတို့သည် တည်ထောင်ထား သော အသင်းတော်
အတွင်း ပြုပြင်ပြောင်းလဲရေးအတွက် လူများကိုကြွေးကြော်စေ သည့်အဓိက အချက်များ
ဖြစ်သည်။
ယုံကြည်ချက်နှင့်ဆိုင်သောပြဿနာများ။ အောက်ပါတို့မှာ ကျမ်းစာနှင့် မညီသော
ယုံကြည်ချက်နမူနာများဖြစ်သည်။ ၎င်းတို့သည် ပရိုတက်စတန့်ပြုပြင်ပြောင်းလဲ ခြင်း အားပေး ၍၊ ပရိုတက် စတန့် နှင့် ရောမအသင်းတော်ကို
ခွဲခြားနေသေးသည်။
၁။ မြေကြီးပေါ်အသင်းတော်၏ ဦးခေါင်းသည် ခရစ်တော်၏ကိုယ်စားပြု
ဘုန်း ကြီးဖြစ်သည်။ ရောမမြို့၏ဘုန်းကြီးသာလျှင် မြေကြီးပေါ်တွင်ခရစ်တော်၏
ကိုယ်စား လှယ်ဖြစ်၍၊ အသင်းတော်၏
မြင်နိုင်သောဦးခေါင်းဖြစ်သည်ဟု ဤယုံကြည်ချက် ကအ ခိုင်အမာဆိုသည်။ အသင်းတော်
ခေါင်းဆောင်မှုဆိုင်ရာကျမ်းစာ၏ရှုထောင့်နှင့် ဆန့်ကျင် ၍၊ ဤယုံကြည်ချက်သည် ခရစ်တော်က ပေတရုကိုအသင်းတော်၏မြင်နိုင်
သောဦး ခေါင်းအဖြစ်ခန့်၍၊
ရဟန်းမင်း သည်လည်း ပေတရု၏ အရိုက်အရာ ဆက်ခံသူ ဖြစ်သည်ဟူသော ယူဆချက်အပေါ် အခြေ
ခံသည်။
၂။ အသင်းတော်နှင့်၎င်း၏ဦးခေါင်းသည်မမှားနိုင်ခြင်း။ ရောမအသင်းတော်၏ ဩ ဇာတိက္ကမကို
အကြီးမားဆုံးပံ့ပိုးသောယုံကြည်ချက်မှာ ၎င်း၏မမှားနိုင်ခြင်းဖြစ်သည်။ အသင်းတော်က
၎င်းသည် ဘယ်ခါမျှမမှားခဲ့၊ နောင်၌လည်းဘယ်ခါမျှမှားလိမ့် မည်မ ဟုတ်ဟု အခိုင်အမာဆိုသည်။ ၎င်းသည်
ဤသွန်သင်ချက်ကိုကျမ်းစာအထောက် အထား မရှိသည့်
အောက်ပါဆင်ခြင်တုံတရားအပေါ် အခြေခံသည်။ ၎င်းမှာ၊ အသင်းတော်သည် ဘုရားကဲ့သို့
ဖြစ်သောကြောင့်၊ ၎င်း၏ ရှိရင်းစွဲအရည်အချင်း တစ်ခုမှာ မမှားနိုင်ခြင်းဖြစ် သည်။ ထို့ပြင်မက၊ ဤ ဘုရား ကဲ့သို့သော အသင်းတော်အားဖြင့်၊
ဘုရား သခင် သည် စိတ်ထားကောင်းသောသူအားလုံးကို ကောင်းကင်သို့ခေါ်ဆောင်ရန်
ရည်ရွယ်သော ကြောင့်၊ အသင်းတော်သည်
ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရားတို့ကိုသွန်သင်ရာတွင် မမှားနိုင်ဖြစ်ရမည်။
ထို့ကြောင့် ခရစ်တော်သည် အသင်းတော်ကို သန့်ရှင်းသောဝိညာဉ် တော်၏ တန်ခိုးဖြင့် အမှား အားလုံးမှကင်း လွတ် အောင်
ထိန်းသိမ်းလိမ့်မည်။
လူသားတို့၏ ပင်ကိုစာရိတ္တပျက်ပြားခြင်းကို ငြင်းပယ်သော
ကျိုးကြောင်း ဆက်စပ်ဆင် ခြင်မှုအရ၊
အသင်းတော်၏ခေါင်းဆောင်သည်လည်း မမှားနိုင်သောသူဖြစ် ရမည်ဟု ဆိုသည်။ သို့ဖြစ်၍ ရောမဘာသာဝင်စာပေများအရ
၎င်း၏ခေါင်းဆောင်သည် ဘုရားရှင်၏ အခွင့် အာဏာ ရှိသည် ဟု အခိုင် အမာ ဆိုသည်။
၃။ ခရစ်တော်၏ယဇ်ပုရောဟိတ်မင်းနှင့် ဆိုင်သောကြားဖျန်ဖြေခြင်းအလုပ်မှေး မှိန်သွားခြင်း။
ရောမအသင်းတော်၏ဩဇာကြီးထွားလာသောအခါ၊ ယုံကြည်သူတို့၏ စိတ်အာရုံသည် ဓမ္မဟောင်းတဲတော်၌
နေ့စဉ်ယဇ်ပူဇော်ခြင်းကိုပုံဆောင်သော ခရစ် တော်၏ ကောင်းကင်၌
ယဇ်ပုရောဟိတ်မင်း အဖြစ်ဆက်လက်လုပ်နေသော ကြားဖျန် ဖြေခြင်း အလုပ်မှရောမအသင်းတော် ခေါင်းဆောင်၏
မြေကြီးပေါ်ယဇ်ပုရောဟိတ်လုပ် ငန်းသို့
ပြောင်းရွှေ့သွားရ၏။ အပြစ်ဖြေလွှတ်ခြင်းနှင့် ထာ၀ရကယ်တင်ခြင်းအတွက် ခရစ်တော်ကို
ယုံကြည်အားကိုး မည့် အစား၊ ယုံကြည်သူတို့သည် ရဟန်းမင်းများ နှင့်
ခရစ်ယာန်ဘုန်းကြီးများကိုပြောင်း၍ ယုံကြည် ကြတော့သည်။ ယုံကြည်သူအားလုံးသည်
ယဇ်ပုရောဟိတ်အမျိုးဖြစ်သည်ဟူသော ဓမ္မသစ် ကျမ်း၏ သွန်သင်ချက်နှင့်ဆန့်ကျင်၍၊
ယခုတွင်၊ ဘုန်းကြီး၏အပြစ်ဖြေခြင်းလုပ်ငန်းသည် ကယ်တင်ခြင်းအတွက်မရှိမဖြစ်
လိုအပ်သည်ဟု ယုံကြည် လာ ကြသည်။
ခရစ်တော်သည် သူ၏အပြစ်ဖြေရာ ယဇ်၏ အကျိုးကျေးဇူးများကို
နောင်တရ သောယုံကြည် သူများအတွက်
အကျိုးသက်ရောက်စေသော ကောင်းကင်က သူ၏ယဇ် ပုရောဟိတ်
လုပ်ငန်းကို အသင်းတော်သည် သူတို့ကိုယ်ပိုင်သခင်ဘုရား၏ ညစာစားပွဲ ပုံစံဖြင့် အစားထိုး ပြီးငြင်းဆိုသည်။ သူ၏
သေခြင်းကိုအောက်မေ့ဖို့ရာနှင့် သူ၏လာမည့် နိုင်ငံတော်ကို
နိမိတ်ပြ သောယေရှုစတင်ခဲ့သည့် သခင်ဘုရား၏ညစာစားပွဲနှင့်မတူဘဲ၊ ရောမအသင်းတော်က
ပွဲတော်သည် ဘုရားသခင်ထံ လူသားယဇ်ပုရောဟိတ်က သွေးမ သွန်းသော ခရစ်တော်၏ ယဇ်ပူဇော်ခြင်းဖြစ်ရမည်ဟုဆိုသည်။ လက်ဝါး
ကပ်တိုင်တွင် သူသည်ပူဇော် ခြင်းခံရသကဲ့သို့၊
ခရစ်တော်ကိုတစ်ဖန်ပူဇော်ခြင်းဖြစ်သောကြောင့်၊ ပွဲ တော်သည် ယုံကြည် သူများနှင့် ကွယ်လွန်သော သူတို့အတွက်
အထူးကျေးဇူးတော်ကို ယူဆောင်လာသည်ဟု သဘောထား
သည်။
သမ္မာကျမ်းစာကို
လျစ်လျူရှု၍၊ လူသားယဇ်ပုရောဟိတ်၏ပွဲတော်ကိုသာသိခြင်း အား ဖြင့်၊ လူများစွာတို့သည်
ကျွန်ုပ်တို့၏ကြားဖျန်ဖြေသူ၊ ယေရှုခရစ်တော်ထံတိုက်ရိုက် ရောက် ခြင်း၏
ကောင်းချီးကိုဆုံးရှုံးကြသည်။ ထို့ကြောင့်၊ ကတိတော်နှင့်ဖိတ်ခေါ် ခြင်းမှာ၊
]ထိုကြောင့် ငါတို့သည် သနားခြင်း ကရုဏာကိုလည်းကောင်း၊ တော်လျော်သော
မစခြင်းကျေးဇူးတော်ကို လည်းကောင်း ခံရမည် အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူး
ပလ္လင်တော်သို့ တိုးဝင် ချဉ်း ကပ်ကြကုန်အံ့} (ဟေဗြဲ ၄း၁၆) ဖြစ်သည်။
၄။ ကောင်းသောအကျင့်၏ထိုက်တန်သောအကျိုး။ ကောင်းသောအကျင့်ကိုကျင့် ခြင်းအားဖြင့် လူတစ်ဦးသည်
ကယ်တင်ခြင်းအတွက်ပဓာနဖြစ်သောကောင်းမှု ကုသိုလ် ကိုရရှိနိုင်ပြီး၊ ယုံကြည်ခြင်း သည်
မကယ်တင်နိုင်ဟူသောအမြင်သည် ပျံ့နှံ့နေသည်။ သို့ သော်၎င်းသည် ဓမ္မသစ်ကျမ်း၏ သွန်သင်ချက်နှင့်ဆန့်ကျင်သည်။
ကျေးဇူးတော်၏ ရ လဒ်ဖြစ်သည့်
ကောင်းသောအကျင့်သည် အပြစ်သား၏စိတ်နှလုံးထဲကို သွင်းပေးကာ ထိုက်တန်သောအကျိုးကို
ပေးသည်ဟု ရောမအသင်းတော်ကသွန်သင် သည်။ ဆိုလို သည်မှာ ထိုအကျင့်သည် လူတစ်ဦးကိုကယ်တင်ခြင်းအတွက် တရား
မျှတသောတောင်း ဆိုနိုင်ခွင့်ကိုပေးသည်။
အမှန်မှာ၊ လူတစ်ဦးသည်၊ သူတော်စင်များကဲ့သို့၊ ကယ် တင်ခြင်း အတွက်လိုအပ်သည်ထက်ပိုသော ကောင်းမှုကိုပြုနိုင်သည်။
ထိုသို့ဖြင့် အပိုကောင်းမှုများ ကိုစုဆောင်းသည်။ ဤအပိုကောင်း မှု ကို အခြားသူတို့၏
အကျိုးအတွက်အသုံးပြုနိုင် သည်။ အပြစ် သားများ၏
စိတ်နှလုံးထဲသို့ သွင်း ပေးလိုက်သော ဖြောင့်မတ်ခြင်းအားဖြင့် သူတို့သည်
ဖြောင့်မတ်ရာသို့ ရောက်သည်ဟု အသင်းတော်သည် စွဲကိုင်သောကြောင့်၊ ကောင်းသောအကျင့်သည်
လူတစ်ဦး ဖြောင့်မတ် ခြင်း သို့ရောက်ရာတွင် အရေးကြီး သောကဏ္ဍ၌ပါဝင်သည်။
ကောင်းသောအကျင့်သည် ငရဲကလေးဆိုင်ရာယုံကြည်ချက်တွင်လည်း အရေး ကြီးသောကဏ္ဍတွင်ပါဝင်သည်။
စုံလင်စွာစင်ကြယ်ခြင်းမရှိသောသူတို့သည် ကောင်း ကင်၏ ဝမ်းမြောက်ခြင်း ထဲသို့ မဝင်စားမီ ငရဲကလေးတွင်
သူတို့၏အပြစ်များအတွက် သန့်ရှင်းစေရန်၊
ခဏတာပြစ်ဒဏ်ခံရမည်ဟု သွန်သင်သည်။ အသက်ရှင်သောယုံကြည် သူတို့၏ ဆုတောင်း ခြင်း၏ ကောင်းသောအကျင့်တို့သည်
ငရဲကလေးတွင်ရှိနေသော သူတို့၏ဝေဒနာ ခံစားသည့်
ကာလကိုတိုစေ၍၊ ၎င်း၏ ပြင်းထန်မှုကို လည်း လျှော့ ချနိုင်သည်။
၅။ အာပတ်ဖြေခြင်းနှင့် ပြစ်ဒဏ်လျှော့ချခြင်း
ဆိုင်ရာယုံကြည်ချက်။ အာပတ် ဖြေခြင်းမှာ ခရစ်ယာန်တို့သည်
ရေနှစ်ခြင်းခံပြီးနောက်ကျူးလွန်သော အပြစ်များအ တွက် ခွင့်လွှတ်ခြင်း ရရှိစေနိုင်သော ပွဲတော်ဖြစ်သည်။
ဤအပြစ်ခွင့်လွှတ်ခြင်းကို ခရစ် ယာန်ဘုန်းကြီး၏
အပြစ် ဖြေခြင်းအားဖြင့် ရရှိသည်။ သို့သော်၊ အပြစ်လွှတ်ခြင်းကိုမရရှိ နိုင်မီ၊
ခရစ်ယာန်တို့သည် မိမိတို့စိတ်ကိုဆန်းစစ်ရမည်၊ သူတို့၏အပြစ်များကိုနောင်တရ ရမည်၊
ပြီးနောက် ဘုရားသခင် ကို ဘယ်ခါမျှ မပြစ်မှားရန် ဆုံးဖြတ် ရမည်။ ထို့နောက်
သူတို့သည် မိမိတို့အပြစ်များကို ခရစ်ယာန်ဘုန်းကြီးထံဝန်ချ၍၊ ဘုန်းကြီးခိုင်း သည့်
အတိုင်း အာပတ်ဖြေခြင်းကိုပြုရမည်။
သို့သော်၊ အာပတ်ဖြေခြင်းသည်
အပြစ်သားများကိုလုံးလုံးလွှတ်ငြိမ်းခွင့်မပေး ချေ။ သူတို့သည် ဤအသက်တာတွင်
သို့မဟုတ် ငရဲကလေးတွင် ယာယီအပြစ်ဒဏ် ခံရ ဦးမည်။
ဤအပြစ်ဒဏ်ကို ကိုင်တွယ်ရန် အသင်းတော်သည် ပြစ်ဒဏ်လွှတ်ခြင်း လုပ်ငန်း စဉ်ကိုပြဋ္ဌာန်းခဲ့သည်။ ၎င်းသည်
အပြစ်လွှတ်ငြိမ်းခွင့်ပြုပြီးနောက်၊ အပြစ်ကြောင့် ကျန်ရှိ နေသေးသော ယာယီပြစ်ဒဏ်မှ ကင်းလွတ်စေသည်။ အသက်ရှင်သောသူနှင့်
ငရဲက လေးတွင်ရှိသော သူတို့
အတွက် အကျိုးပြုနိုင်သော ဤ အပြစ် ဒဏ်လွှတ်စေခြင်းကို၊ နောင်တရခြင်းအခြေအနေနှင့်
ပြဋ္ဌာန်းသည့် ကောင်းသော အလုပ်ကိုလုပ် ဆောင်မှု အပေါ် အခြေခံ၍ပေးသည်။ တစ်ခါ တစ်ရံ အသင်းတော်ကို
ငွေကြေးပေးခြင်းအားဖြင့် ၎င်းကိုရနိုင် သည်။
ပြစ်ဒဏ်လွှတ်ခြင်းကိုရရှိစေနိုင်သောအရာမှာ မာတုရများ၊
သူတော်စင်များနှင့် တ မန်တော်များ၊
အထူးသဖြင့်ယေရှုခရစ်တော်နှင့် မယ်တော်မာရိတို့၏အပိုကောင်းမှု ကု သိုလ်များဖြစ်သည်။ သူတို့၏ ကောင်းမှုကုသိုလ်များကို “ကုသိုလ်ဘဏ်တိုက်” တွင်ထည့် ထားပြီး၊ လျော့နေသော ယုံကြည်သူတို့၏ ဘဏ်စာရင်းသို့
လွှဲပြောင်းပေးနိုင်သည်။ ပေတရု၏ အရိုက်အရာ ဆက်ခံသူဟုဆိုသော ပုပ်ရဟန်းမင်းသည်
ဤဘဏ်၏သော့များ ကိုထိန်းထားပြီး၊ သူတို့ကိုဘဏ်တိုက်မှပေးချေခြင်းအားဖြင့်၊
လူတို့ကိုယာယီပြစ်ဒဏ်မှ လွတ်စေနိုင်သည်။
၆။ အသင်းတော်၌တည်သောအဆုံးစွန်အာဏာ။ ရာစုနှစ်များတစ် လျှောက်၊ ဖွဲ့ စည်းထားသော အသင်းတော်သည်
ရုပ်တုကိုးကွယ်သူတို့၏ယုံကြည်မှုများ၊ သန့်ရှင်း သောနေ့များနှင့် အထိမ်းအမှတ် များကိုလက်ခံခဲ့သည်။
ဤစက်ဆုပ်ရွံရှာဖွယ် များကို ဆန့်ကျင်သော
အသံများထွက်လာသောအခါ၊ ရောမမြို့ရှိအသင်းတော်တစ်ခုတည်း က သာလျှင် သမ္မာကျမ်းစာကို အနက်ဖွင့်ဆိုနိုင်သော အခွင့်ရှိ
သည်။ သမ္မာကျမ်းစာမဟုတ် ဘဲ၊ အသင်းတော်သည် နောက်
ဆုံး လုပ်ပိုင်ခွင့်အာဏာရှိသည်။ အသင်းတော်က ဘုရား ရှင်၏သမ္မာတရားသည် အရင်းအမြစ်နှစ်ခုမှလာသည်ဟုအကြောင်းပြသည်။
(၁) မွန်မြတ် သောသမ္မာကျမ်းစာနှင့် (၂) ရှေး အသင်းတော်ခေါင်းဆောင်များ၏
စာပေများ၊ အသင်း တော်ကောင်စီ၏
ထုတ်ပြန်ချက်များ၊ ထောက်ခံထားသောအယူဝါဒများနှင့် အသင်းတော် ၏ အခမ်းအနားများ ပါဝင်သော
အသင်းတော်၏ထုံးတမ်းစဉ်လာတို့ဖြစ်သည်။ အသင်း တော်၏
ယုံကြည်ချက်များကို ကျမ်းစာအားဖြင့် မဟုတ်ဘဲ၊ ထုံးတမ်းစဉ်လာ အားဖြင့်
ပံ့ပိုးထားသောအချိန်တိုင်းတွင်၊ ထုံးတမ်း စဉ်လာသည် ဦးစားပေးခံရသည်။ သာမန်ယုံ ကြည်သူတို့သည် သမ္မာကျမ်းစာ၌ ဘုရားသခင် ဖော်ပြ
သောယုံကြည်ချက်များကို အနက်ဖွင့်ဆိုရန်အခွင့်အာဏာမရှိချေ။ ထိုအခွင့်အာဏာသည် ရောမ
အသင်းတော်၌သာ ရှိသည်။
နေ့သစ်၏အရုဏ်ဦး။ (၁၄) ရာစုနှစ်တွင် “ဂျွန်ဝိကလစ်”
(John Wycliffe) သည် အင်္ဂလန်၌ သာမက၊ ခရစ်ယာန်လောကတွင်
အသင်းတော်ပြုပြင်ပြောင်းလဲရေး အတွက် တောင်းဆိုသည်။ ထိုအချိန်တွင် သမ္မာကျမ်းစာအုပ်အနည်းငယ်သာရှိသည်။
သူသည် သမ္မာကျမ်းစာ တစ်အုပ်လုံးကို အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ခဲ့သည်။
ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းရကြောင်းနှင့် သမ္မာကျမ်းစာသည်သာ
မမှားနိုင် ကြောင်း သူ၏သွန်သင်ချက်များသည် ပရိုတက်စတန့် ပြုပြင်ပြောင်းလဲရေး အတွက်
အုတ်မြစ် ကို ချပေးခဲ့သည်။ ပြုပြင်ပြောင်းလဲခြင်း၏ နံနက်သား မိုးသောက်ကြယ် အဖြစ်၊
သူသည် ခရစ်တော်၏အသင်းတော်ကို ရုပ်တုကိုးကွယ်ခြင်းဝါဒ၏မသိဘဲ ချည်နှောင်ခြင်း
ရှိနေခြင်းမှ လွတ်မြောက်စေရန်ကြိုးစားခဲ့သည်။ သူသည် လူတစ်ဦးချင်း ၏ စိတ်လွတ်လပ် စေရန်နှင့် တစ်မျိုးသားလုံးဘာသာရေးအမှား၏ချုပ်ကိုင်ခြင်းမှ
လွတ် မြောက်စေရန် လှုပ်ရှားမှု
တစ်ခုကို သမိုင်းသစ်စခဲ့သည်။ “ဝိကလစ်” ၏ စာပေများသည် “ဟပ်စ်” (Huss)၊ “ဂျေရုန်း” (Jorome)၊ “လူးသာ” (Luther) နှင့် အခြားများစွာ
သောသူတို့ ၏စိတ်ကိုတို့ထိခဲ့သည်။
ပြင်းပြ၍ရဲစွမ်းသတ္တိရှိပြီး အလျှော့မပေးတတ်သော “မာတင်လူးသာ” သည် ဘာ သာရေးပြုပြင် ပြောင်းလဲခြင်း၏
အကျော်ကြားဆုံးသောပုဂ္ဂိုလ်ဖြစ်နိုင်သည်။ အခြားသူ များထက်သူသည် လူတို့ကို သမ္မာကျမ်းစာသို့လည်းကောင်း၊
ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်ဟူသော
ကြီးမားသည့်သမ္မာတရားသို့လည်းကောင်း ပြန် လည်ပို့ဆောင်ပြီး၊
သူသည် အကျင့်အားဖြင့် ကယ်တင်ခြင်းကိုလည်း ဆန့်ကျင်ခဲ့သည်။
ယုံကြည်သူတို့သည် သမ္မာကျမ်းစာထက် အခြားနေရာမှ
အခွင့်အာဏာကို မရရှိ သင့်ကြောင်းကို ကြေညာလိုက်ရာ၊ သူသည် လူတို့၏မျက်စိကို
လူတို့၏အကျင့်၊ ဘုန်းကြီးများနှင့် အာပတ်ဖြေခြင်းတို့ မှ၊
သူတို့၏တစ်ပါးတည်းသောကြားဖျန်ဖြေသူနှင့် ကယ်တင်ရှင်အဖြစ် ခရစ်တော်ထံသို့
လှည့်ပေးခဲ့ သည်။ သူက၊ လူတို့အကျင့်ဖြင့် ကျူးလွန်ခြင်းအပြစ်ကို လျှော့ ချ ခြင်း
သို့မဟုတ် ၎င်း၏ ပြစ်ဒဏ်ကို ရှောင်လွှဲခြင်းတို့မှာ မဖြစ်နိုင်ပါ။ ဘုရားသခင်ထံ
နောင်တရ ခြင်းနှင့် ခရစ်တော်ကို ယုံကြည်ခြင်းတို့ က သာလျှင်
အပြစ်သားများကိုကယ်တင်နိုင်သည်။ ၎င်းသည် အခမဲ့ပေးသောဆုလာဘ် ဖြစ်သော ကြောင့်
ဝယ်ယူ၍မရပါ။ ထိုကြောင့် လူတို့ သည်ပုပ်ရဟန်းမင်း၏ ပြစ်ဒဏ် လွှတ်စေခြင်းကြောင့် မဟုတ်ဘဲ၊ ကပ်တိုင်တင်သတ်ခြင်း ခံရသော
ကယ်တင်ရှင်၏ သွန်းသောအသွေးကြောင့် မျှော်လင့် ချက်ရှိ နိုင်သည်ဟုဆိုခဲ့သည်။
ရှေးဟောင်း သုတေသနဆိုင်ရာ စူးစမ်းလေ့လာရေး ခရီးစဉ်တွင်
ရာစုနှစ်များစွာ မြေအောက်၌ စုပုံနေသည့်ဘဏ္ဍာများကို ရှာဖွေတွေ့ရှိသကဲ့သို့၊
ပြုပြင်ပြောင်းလဲခြင်း သည် ကာလကြာမြင့်စွာ
မေ့ပျောက်ခဲ့သောသမ္မာတရားများကို ဖော်ထုတ်ခဲ့သည်။ ဧဝံဂေ လိတရား၏ ကြီးမားသောအခြေခံသဘောတရားဖြစ်သော
ယုံကြည်ခြင်းအားဖြင့်ဖြောင့် မတ်ခြင်းကို
ပြန်လည်ဖော်ထုတ်ခဲ့သည်။ ယေရှုခရစ်တော်၏ တစ်ခါတည်းအပြစ်ဖြေ သောယဇ်ပူဇော်ခြင်း နှင့် သူ၏ပြီးပြည့်စုံသော
ကြားဖျန်ဖြေသည့် ယဇ်ပုရောဟိတ်အ လုပ်တို့ကို
အသစ်တစ်ဖန် သဘောပေါက်လာခဲ့သည်။ ကျမ်းစာသွန်သင်ချက်များနှင့် မညီ သောသေသော သူတို့ အတွက်
ဆုတောင်းခြင်း၊ သူတော်စင်တို့၏ ကျန်ရစ်သော အရာများကိုကြည်ညိုလေးစား ခြင်း၊
ပွဲတော်ကိုကျင်းပပုံ၊ မယ်တော်မာရိကိုကိုးကွယ် ခြင်း၊ ငရဲကလေး၊ အာပတ်ဖြေခြင်း၊ သန့်ရှင်းသောရေ၊
ဘုန်းကြီးများအိမ်ထောင်မပြု ခြင်း၊
ပုတီးစိပ်ခြင်း၊ အယူဝါဒကွဲ သူများကို နှိပ် စက်ခြင်း၊
ပွဲတော်မုန့်နှင့်စပျစ်ရည်သည် ခရစ်တော်၏အသွေး အသားအဖြစ် သို့ပြောင်းလဲ ခြင်း၊
အလွန်အကျွံဆီလူးခြင်းနှင့် ထုံးတမ်းစဉ်လာအပေါ် မှီခိုခြင်းတို့ကို ငြင်းပယ်၍
စွန့်လွှတ် ခဲ့ကြသည်။
ပရိုတက်စတန့်ပြုပြင် ပြောင်းလဲရေးသမားများအားလုံးနီးပါးသည်
ရဟန်းမင်း၏ စနစ်ကို “အဓမ္မလူ၊” “ဝှက်ထားလျက်ရှိသောအဓမ္မအရာ၊” ဒုတိယကြွလာခြင်းမတိုင်မီ
နှစ် ပေါင်း (၁၂၆၀) အတွင်း
ဘုရားသခင်၏စစ်မှန်သောလူတို့ကို ညှဉ်းဆဲသည့်အဖွဲ့ အစည်း ဖြစ်သော ဒံယေလကျမ်းမှ “ချိုငယ်” စသည်တို့ဖြင့် တညီတညွတ်တည်း တန်းတူသဘော ထား ခဲ့ကြ သည် (ဗျာ ၁၂း၆၊ ၁၄။ ၁၃း၅)။
သမ္မာကျမ်းစာနှင့်၎င်း၏သွန်သင်ချက်ကသာလျှင်
ယုံကြည်ခြင်းနှင့်ကိုယ်ကျင့် တ ရား၏ စံအဖြစ်
ပရိုတက်စတန့်ဝါဒ၏အခြေခံဖြစ်လာခဲ့သည်။ လူတို့၏ထုံးတမ်းစဉ်လာ အားလုံးသည်
သမ္မာကျမ်းစာ၏ နောက်ဆုံးနှင့် ပိုမိုမြင့်သောအာဏာအောက်တွင်ရှိရမည် ဟုပြုပြင် ပြောင်းလဲရေး သမားများက သဘောထားခဲ့ကြသည်။
ဘာသာရေးယုံကြည် ချက်နှင့်
ဆိုင်သောအရေးတို့တွင် ပုပ်ရဟန်းမင်း၊ အတိုင်ပင်ခံအဖွဲ့၊ ရှေးအသင်းတော်ဖခင် ကြီးများ၊ ရှင်ဘုရင်များ သို့မဟုတ်
ကျမ်းတတ်ပုဂ္ဂိုလ်များတို့သည် ဩတ္တပ္ပစိတ်ကိုအုပ် ချုပ်နိုင်သော အာဏာမရှိချေ။ အမှန်မှာ၊ ခရစ်ယာန်လောကသည်
အိပ်ပျော်ရာမှစတင်နိုး ထလာပြီး၊ အဆုံး
တွင်နိုင်ငံများစွာ၌ ဘာသာရေးလွတ်လပ်ခြင်းကို ကြေညာ ခဲ့သည်။
ရပ်တန့်နေသောပြုပြင်ပြောင်းလဲခြင်း
ခရစ်ယာန်အသင်းတော်၏ပြုပြင်ပြောင်းလဲခြင်းသည် (၁၆) ရာစုတွင်
နိဂုံးမချုပ် သင့်ချေ။ ပြုပြင် ပြောင်းလဲရေးသမားများသည်
များစွာဆောင်ရွက်ခဲ့သော်လည်း၊ အယူ ဖောက်ပြန်ခြင်း ကာလ အတွင်း
ပျောက်ဆုံးသောအလင်းတရားအားလုံးကို ပြန်လည် မဖော်ထုတ်နိုင်ခဲ့ချေ။ သူတို့သည်
ခရစ်ယာန်ဘာသာကိုမှောင်မိုက်အတိထဲမှဆွဲထုတ် ခဲ့သော်လည်း၊ ၎င်းသည် အရိပ်၌ရှိနေသေး
သည်။ သူတို့သည် အလယ်ခေတ် အသင်းတော်၏သံလက်ကိုရိုက်ချိုးပြီး၊ သမ္မာကျမ်းစာကို
ကမ္ဘာသို့ ပေးနိုင်ခဲ့သော်လည်း၊ သူတို့သည် အခြားအရေးကြီးသော သမ္မာ တရားများကို
ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ချေ။ ရေ၌နစ်မြုပ်သောနှစ်ခြင်းမျိုး၊ ခရစ်တော်ကြွလာ
ချိန် တွင် ဖြောင့်မတ်သူတို့အားမသေနိုင်သော အဖြစ်ကို ဆုလာဘ်အဖြစ်ပေးခြင်း၊
ကျမ်းစာ၏ သတ္တမနေ့ဥပုသ်နှင့် အခြားသမ္မာတရားများတို့သည်
အရိပ်ထဲတွင်ပျောက်ဆုံးနေရဆဲ ဖြစ်၏။
ပြုပြင်ပြောင်းလဲခြင်း ကိုတိုးတက်အောင် ပြုလုပ်မည့်အစား၊
သူတို့၏ အရိုက် အရာကို ဆက်ခံသူတို့သည်
၎င်း၏အောင်မြင်မှုများကိုခိုင်မာအောင်ပြုလုပ်ခဲ့ကြသည်။ သူတို့၏ အာရုံသည်
သမ္မာကျမ်းစာ၌ မဟုတ်ဘဲ၊ ပြုပြင်ပြောင်းလဲရေးသမားများ၏ စကားများနှင့် အယူအဆများ အပေါ်သို့ ရောက်ရှိသွားသည်။
လူအနည်းငယ်က သမ္မာ တရားအသစ်များကို
ရှာဖွေတွေ့ ရှိသော်လည်း၊ အများစုသည် အစောပိုင်းကပြုပြင်ရေး သမားတို့ယုံကြည်ခဲ့သည့် အရာကို ကျော်၍
တိုးတက်အောင်လုပ်ရန်ငြင်း ဆန်ခဲ့ကြ သည်။ ထို့ကြောင့်
ပရိုတက်စတန့် ယုံကြည် ခြင်းသည် အနှစ်သာရ ကင်းသော အစဉ် အလာကို အလေးပေးသောဝါဒနှင့် ခရစ်ယာန်ဝါဒကို
အခြေခံသည့်ဒဿနပညာနှင့် စွန့်ပယ်ရမည့်အမှားများကို အမြတ်တနိုး ထိန်းသိမ်းခြင်း
စသည့်အရာသို့ ဆုတ်ယုတ် ကျဆင်းသွားခဲ့သည်။
ပြုပြင်ပြောင်းလဲခြင်း မီးလျှံသည် တဖြည်း ဖြည်းငြိမ်းသွား၍၊
ပရိုတက်စတန့်အသင်းတော်များကိုယ်တိုင် အေးစက်လာ ၍ သမားရိုးကျ ဆန်လာပြီး၊
ပြုပြင်ပြောင်းလဲခြင်းကိုလိုအပ်လာခဲ့သည်။
ပြုပြင်ပြောင်းလဲခြင်းကာလနောက်ပိုင်းတွင်
ကျမ်းစာကိုလေ့လာခြင်းလှုပ်ရှားမှု ရှိ လာ၍၊ ဝိညာဉ်
ရေးဆိုင်ရာတိုးတက်မှုလည်းရှိလာခဲ့သည်။ ဖရဲဒရစ်ဒပလျူ၊ ဖာရာ (Frederic W. Farrar)
ကဤသို့ရေးခဲ့သည်။ ယခုအချိန်တွင် “လွတ်မြောက်ရေးကိုအချုပ် အနှောင်ဖြင့် လည်းကောင်း၊ လူတိုင်းနှင့်ဆိုင်
သောစည်းမျဉ်းများကို မဖြစ်စလောက် သောအရာများဖြင့်
လည်းကောင်း၊ သမ္မာတရားကိုတစ်ယူသန်ဝါဒဖြင့်လည်းကောင်း၊ လွတ်လပ်ခြင်းကို
ထုံးတမ်းစဉ်လာဖြင့်လည်းကောင်း၊ ဘာသာရေးကို နည်းစနစ်ဖြင့် လည်းကောင်း အလဲလှယ်ပြုလုပ်ကြ သည်။ အသက်ရှင်သော
သမ္မာကျမ်းစာကြည်ညို မှုကို သေနေသော
ကျမ်းစာမှုတ်သွင်းခြင်း အယူအဆကအစားထိုးခဲ့သည်။ ချစ်စရာ အမူ အကျင့်သည် တင်းကျပ်သော တစ်ပုံစံတည်း ရှိခြင်းကိုလည်းကောင်း၊
ရှင်သန်နေသော အတွေးသည် အငြင်းပွားခြင်းကိုလည်းကောင်း နေရာဖယ်ပေးလိုက်ရသည်” ]ဘာသာရေး ပြုပြင်ပြောင်းလဲခြင်းသည်
ရှေးခရစ်ယာန်ဝါဒကို အခြေခံသည့် ဒဿနပညာ၏လေးလံ သော ရာဇလှံတံကို ရိုက်ချိုးခဲ့” သော်လည်း၊ ပရိုတက်စတန့်အသင်းတော်များသည် “သံ လှံတံကို ကိုင်ဆောင်သော
ခရစ်ယာန်ဝါဒကို အခြေခံသည့်ဒဿနပညာသစ်ကို” အစပြု ခဲ့ကြသည်။ “ရောဘတ်အမ်ဂရန့်” (Robert
M. Grant) က ဤဒဿနပညာသစ်သည် “အ လယ်ခေတ်သီဩလော်ဂျီ တည်ဆောက်မှု ကဲ့သို့ပင်ကျပ်တည်းသည်။”
ပရိုတက် စတန့် တို့သည် “လက်တွေ့ကျကျ၊ သူတို့၏
လက်ရှိယုံကြည် ချက်များ၏ ကန့်သတ်ချက်များ အားဖြင့်
သူတို့ကိုယ်ကိုချည်နှောင်ကြသည်” ဟုဆိုသည်။
အငြင်းပွားမှုများပေါ်ပေါက်လာခဲ့သည်။ “လူတို့သည် အခြားသူ၏အမှားများကို ထုတ် ဖော်ရာတွင်
အလွန်ပင်အလုပ်များသည့်ခေတ် သို့မဟုတ် သူတို့သည် အခြားသူ တစ်ယောက် ကို ကဲ့ရဲ့ပြစ်
တင်သောနာမည်များစွာဖြင့် ခေါ်သောအချိန်အခါမျိုး ဘယ်ခါ မျှမရှိခဲ့ဖူးချေ။” ထို့ကြောင့်
ကောင်းသော သတင်းသည် တိုက်ခိုက်သော စကားလုံး များဖြစ် လာသည်။ “သမ္မာကျမ်းစာသည် စိတ်နှလုံး ထဲမျှ၌ပင် စကားမပြောတော့ဘဲ၊
အပြစ်ရှာသော ဉာဏ်ကသာ စကားပြောတော့သည်။” “ယုံကြည် ချက်သည်
သမားရိုး ကျ ဖြစ်လာ၍၊ ဝိညာဉ်ရေးသည် ပျောက်ကွယ်သွားသည်။ သီဩလော်ဂျီသည်
အောင်မြင် လာ၍၊ မေတ္တာသည် ငြိမ်းသွားခဲ့
၏။”
ကျန်ကြွင်းသောသူများ
အယူဖောက်ပြန်ခြင်းနှင့် နှစ်ပေါင်း (၁၂၆၀) အတွင်း
ကြီးမားသောဆင်းရဲ ဒုက္ခရှိ ခဲ့သော်လည်း၊
ယုံကြည်သူတချို့သည် တမန်တော်တို့တည်ခဲ့သောအသင်းတော်၏ စင် ကြယ်မှုကို ဆက်လက် ရောင်ပြန်ဟပ်ခဲ့ကြသည်။ နှစ်ပေါင်း (၁၂၆၀)
ဖိနှိပ်ခြင်းသည် (အေဒီ ၁၇၉၈) တွင် ပြီးဆုံးသောအခါ၊ နဂါးသည်
ဘုရားသခင်၏သစ္စာရှိသောလူတို့ကို အမြစ်ဖြတ်မချေမှုန်း နိုင်ခဲ့ချေ။ စာတန်သည်
ဆက်လက်၍သူတို့အား ဖျက်ဆီးရန် ကြိုး ပမ်းလျက်ရှိသည်။
ယောဟန် သည် ဤသို့ရေးခဲ့သည် “နဂါးသည်
မိန်းမကိုအငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံ
တော်မူချက်ကို စွဲလမ်း သောသူတည်းဟူသော
ထိုမိန်းမ၌ကြွင်း သော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား ၏” (ဗျာ ၁၂း၁၇)။
ကျန်ကြွင်းသောသူတို့သည်အဘယ်သူနည်း။ နဂါးသည် မိန်းမနှင့် သူ၏အမျိုးအ နွယ်ကိုစစ်တိုက်ခြင်း ကိုပုံဖော်ရာတွင်၊ ယောဟန်သည် “မိန်းမ၌ကြွင်းသော အမျိုးအ နွယ်” (ဗျာ ၁၂း၁၇) ဟူသော
စကားအသုံးအနှုန်းကိုအသုံးပြုသည်။ ထိုအသုံးအနှုန်းသည် “ကျန်ကြွင်း သောသူများ” ဟူ၍
အဓိပ္ပါယ်ရသည်။ သမ္မာကျမ်းစာသည် ကျန်ကြွင်းသူများ ကို ဘေးဒုက္ခများ၊ စစ်ပွဲများနှင့် အယူဖောက်
ပြန်ခြင်းတစ်လျှောက် ဘုရားသခင်အပေါ် ဆက်၍သစ္စာရှိသော
ဘုရားသခင်၏ လူနည်းစု အဖြစ်ပုံ ဖော်သည်။ ဤကျန်ကြွင်းသူ များသည် မြေကြီးပေါ်ရှိမြင်နိုင် သောအသင်းတော်ကို
တိုးပွားစေရန် ဘုရားသခင်အသုံး ပြုသောသစ်မြစ်ဖြစ်ရမည်
(၆ရာ ၃ဝး၆။ ဧဇ ၉း၁၄၊၁၅။ ဟေရှာ ၁ဝး၂၀-၂၂။ ယေ ၄၂း၂။ ယေဇ ၆း၈။ ၁၄း၂၂)။
ဘုရားသခင်သည် ကျန်ကြွင်းသူများကို
သူ၏ဘုန်းတော်ထင်ရှားစေရန်နှင့် ကမ္ဘာ တစ်ဝန်းပြန့် ကျဲနေသောသူ၏လူတို့ကို “သန့်ရှင်းသောတောင်၊ ယေရုရှလင်မြို့” တည်း ဟူ သော “ဇိအုန်တောင်” (ဟေရှာ ၃၇း၃၁၊ ၃၂။ ၆၆း၂၀) သို့ပို့ဆောင်ရန် ဘုရားသခင်စေ ခိုင်းသည်။ ထိုသို့အတူတကွ စုရုံး လာသောသူတို့ကို
သမ္မာကျမ်းစာက “ထိုသူတို့သည်.....
သိုးသငယ် သွား လေရာရာအရပ်သို့ နောက် တော်၌ လိုက်သောသူဖြစ်ကြ၏” (ဗျာ ၁၄း၄) ဟုဆိုသည်။
(ဗျာဒိတ်ကျမ်း ၁၂း၁၇) သည် ဘုရားသခင်သည် သစ္စာရှိသောယုံကြည်သူ
များကို ရွေးချယ်ရာ တွင် နောက်ဆုံးကျန်ကြွင်းသောသူတို့ကိုဖော်ပြချက်ပါဝင်သည်။
သူတို့သည် ခရစ်တော် ဒုတိယအကြိမ် မကြွလာမီ နောက်ဆုံးသောနေရက်တွင် သူ၏ သစ္စာရှိသော
သက် သေခံများဖြစ်ကြသည်။
ကျန်ကြွင်းသောသူတို့၏ထူးခြားသောလက္ခဏာများ။ နောက်ဆုံးသော
အချိန်ကျန် ကြွင်းသောသူတို့ကို
လွယ်လွယ်နှင့်မမှားနိုင်ပါ။ ယောဟန်သည် ဤလူစုကို တိကျသော
စကားရပ်များဖြင့်ဖော်ပြသည်။ နှစ်ပေါင်း (၁၂၆၀) ညှဉ်းပန်းခြင်းနောက်ပိုင်း တွင်ပေါ် ထွက်လာသောဤသူတို့သည် “ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍၊
ယေရှု၏ သက် သေခံတော်မူချက် ကိုစွဲလမ်းသောသူ” (ဗျာ ၁၂း၁၇)
တို့ဖွဲ့စည်းထားသော သူများဖြစ် သည်။
သူတို့သည် ခရစ်တော်မကြွလာမီအချိန်လေးတွင်၊ တစ်ကမ္ဘာလုံးသို့
ဘုရားသခင် ၏
နောက်ဆုံးသတိပေးချက်တည်းဟူသော ကောင်းကင်တမန်သုံးပါး၏ သတင်း စကား များ (ဗျာ
၁၄း၆-၁၂) ကို ဟောပြော ရမည့်တာဝန်ရှိသည်။ ဤသတင်းစကား ကိုယ်၌ က ကျန်ကြွင်းသောသူတို့အကြောင်းကို ဖော်ပြသည်။ ဤသူတို့သည် “ဘုရားသခင် ၏ပညတ်တို့ကို
လည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကို လည်းကောင်း၊ စောင့်ရှောက် သောသန့်ရှင်း သူတို့” (ဗျာ ၁၄း၁၂)
ဖြစ်ကြသည်။ ဤထူးခြားသော လက္ခဏာ တစ်ခုစီကို ပို၍နီးကပ် စွာလေ့လာ ကြ ပါစို့။
၁။ ယေရှု၏ယုံကြည်ခြင်း။ ဘုရားသခင်၏ကျန်ကြွင်းသောလူတို့ကို ယေရှု၌ရှိ သောအလားတူ ယုံကြည်ခြင်းဖြင့်ဖော်ပြသည်။ သူတို့သည်
ယေရှု၏ဘုရားသခင် အပေါ် မတုန်လှုပ်သောယုံကြည် အားကိုးမှုနှင့်
သမ္မာကျမ်းစာ၏အခွင့်အာဏာကိုရောင်ပြန် ဟပ် ကြသည်။
ယေရှုခရစ်တော်သည် ကြိုတင်ဟောထားသောမေရှိယ၊ လောက၏ ကယ်တင်ရှင် အဖြစ်ကြွ လာသော
ဘုရားသခင်၏ သားတော်ဖြစ်သည်ဟု သူတို့ယုံကြည် ကြသည်။ သူတို့၏ ယုံကြည်ခြင်းသည်
ခရစ်တော်ယုံကြည်၍ သွန်သင်သော သမ္မာကျမ်း စာ၏ သမ္မာတရား
အားလုံး ကိုလွှမ်းခြုံသည်။
ထို့ကြောင့်၊ ဘုရားသခင်၏ကျန်ကြွင်းသောသူတို့သည်
ခရစ်တော်ကိုယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းရသည် ဟူသောထာ၀ရဧဝံဂေလိတရားကိုဟောလိမ့်မည်။ ဘုရား သခင်၏
တရားစီရင်ခြင်းအချိန်ရောက်လာပြီဟု ကမ္ဘာကိုသူတို့သတိပေးလိမ့်မည်။ သူတို့ သည်အခြား သူတို့ကို သူတို့၏
မကြာမီကြွလာမည့်သခင်ဘုရားကိုတွေ့ဆုံရန် ပြင်ဆင် လိမ့်မည်။ သူတို့သည် လူတို့ထံ ဘုရားသခင်၏သက်သေများအဖြစ်
တစ်ကမ္ဘာ လုံးဆိုင် ရာ သာသနာလုပ်ငန်း တွင်
ပါဝင်ကြလိမ့်မည် (ဗျာ ၁၄း၆၊၇။ ၁ဝး၁၁။ မ ၂၄း၁၄)။
၂။ ဘုရားသခင်၏ပညတ်ချက်များ။ ကျန်ကြွင်းသောသူတို့သည် ယေရှုကိုအမှန် ယုံ ကြည်ခြင်းဖြင့်
သူ၏စံနမူနာကိုလိုက်ကြသည်။ ယောဟန်က၊ “ထိုသခင်၌ ငါတည်၏
ဟု ဆိုသော သူသည် ထိုသခင်ကျင့်တော်မူသည်နည်းတူကျင့်ရမည်” (၁ယော ၂း၆) ဟုဆို သည်။ ခရစ်တော်သည် သူ့ ခမည်း တော်၏
ပညတ်ချက်များကို စောင့်သောကြောင့်၊ သူ၏ နောက်လိုက်များသည်လည်း ဘုရားသခင်၏
ပညတ်ချက်များကို နားထောင်လိမ့် မည် (ယော ၁၅း၁၀)။
အထူးသဖြင့်၊ သူတို့သည် ကျန်ကြွင်းသောသူများဖြစ်သောကြောင့်
သူတို့၏ အပြုအမူ သည် သူတို့၏ယုံကြည်ချက်နှင့်ကိုက်ညီရမည်။ ထိုသို့မဟုတ်ပါက
အချည်းနှီး ဖြစ်သည်။ ယေရှုက၊ “သခင်၊ သခင်ဟု
ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံ တော်သို့ဝင်ရလိမ့်မည်မဟုတ်။
ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလို တော်ကို ဆောင်သော သူသာလျှင်ဝင်ရလိမ့်မည်” (မ ၇း၂၁) ဟုဆိုသည်။ ခရစ်တော် ပေး သောခွန်အားဖြင့်၊ သူတို့
သည် ဘုရားသခင်၏ မပြောင်းလဲသော ပညတ်တော် (၁၀) ပါးအပါအဝင်၊ ဘုရားသခင်၏
ပညတ်ချက်များကို လိုက်လျှောက်ကြသည် (ထွက် ၂ဝး၁-၁၇။ မ ၅း၁၇-၁၉။ ၁၉း၁၇။ ဖိ ၄း၁၃)။
၃။ ယေရှု၏သက်သေခံတော်မူချက်။ ယောဟန်သည် “ယေရှု၏သက်သေခံခြင်း” ကို “ပုရောဖက် ဟောသောစကား” (ဗျာ ၁၉း၁၀) ဟူ၍အနက်ပြန်ဆိုသည်။ ကျန်ကြွင်း သောသူတို့သည် ယေရှု၏ သက်သေခံချက်ကို သယ်ဆောင်သောပုရောဖက်
စာပေများ အားဖြင့် လမ်းပြခြင်း
ခံရလိမ့်မည်။
ဤဝိညာဉ်တော်ဆုကျေးဇူးသည် “ငါတို့ရှိသမျှသည်
ယုံကြည်ခြင်းသို့လည်း ကောင်း၊ ဘုရားသခင်၏
သားတော်ကိုသိကျွမ်းခြင်းသို့လည်းကောင်း၊ တညီတညွတ် တည်းရောက်၍၊ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော
ကြီးရင့်သောလူ ၏ အဖြစ်သို့ ရောက်
သည်တိုင်အောင်” (ဧ ၄း၁၃)။
အသင်းတော်သမိုင်းတစ်လျှောက် တွင် ဆက်လက်လုပ်
ဆောင်နေသည်။ ထို့ကြောင့်၊ ၎င်းသည် ကျန်ကြွင်းသောသူတို့၏ အမှတ်လက္ခဏာတစ်ခု ဖြစ်
သည်။
ထိုသို့ပုရောဖက်၏လမ်းပြခြင်းဖြင့် ကျန်ကြွင်းသောသူတို့သည်
ပုရောဖက်ပြုချက် သတင်းစကားကို ဟောပြောကြသည်။ သူတို့သည် ပုရောဖက်ပြုချက်များကို
နားလည် ၍၊
၎င်းကိုသင်ပေးလိမ့်မည်။ ကျန်ကြွင်းသောသူတို့ထံရောက်လာသော သမ္မာတရားဖော် ပြချက်သည် ခရစ်တော်ကြွလာခြင်း အတွက် ကမ္ဘာကိုပြင်ဆင်ရာတွင်
သူတို့၏ လုပ်ငန်း ကိုပြီးစီးစေလိမ့်မည်။
နောက်ဆုံးသောနေ့၌ကျန်ကြွင်းသောသူတို့၏အရေးပေါ်အခြေအနေ။ ကျန်ကြွင်း သောသူတို့သည် ကြီးမားသောညှဉ်းပန်းနှိပ်စက်ခြင်းကာလ၏နောက်ပိုင်းတွင် ကမ္ဘာ့ဇာတ် စင်မြင့်ပေါ်၌
ပေါ်လာမည်ဟု သမ္မာကျမ်းစာကညွှန်ပြသည် (ဗျာ ၁၂း၁၄-၁၇)။ ပုပ်ရဟန်း မင်းကိုဖမ်းဆီး၍ နှစ်ပေါင်း (၁၂၆၀) ကို (၁၇၉၈) ခုနှစ်တွင်
အဆုံးသတ် ခဲ့သည့် ပြင်သစ်တော်လှန်ရေး၏
တုန်လှုပ်ဖွယ်ဖြစ်ရပ် များ၊ ခရစ်တော်ကြွလာခြင်းနီးကြောင်း သက်သေခံသည့် နေ၊ လ၊ ကြယ်
တို့၌ ပုပ္ပနိမိတ်များ ပြည့်စုံ ထင်ရှားခြင်း တို့သည် အနာ ဂတ်ဟောပြောချက်များကိုလေ့လာရန်
ကြီးမားသောနိုးကြားမှုကိုဖြစ်စေ သည်။ ယေရှု မကြာမီကြွလာမည်ဟူသော
မျှော်လင့်ချက် သည် ကျယ်ကျယ်ပြန့်ပြန့် ထွက်လာသည်။
ကမ္ဘာတစ်ဝန်းများစွာသောခရစ်ယာန်တို့သည် “အမှုကုန်ဆုံးရသည်
ကာလ” (ဒံ ၁၂း၄) ရောက်လာ ပြီ ဟု
အသိအမှတ်ပြုခဲ့ကြသည်။
၁၈ ရာစု၏ ဒုတိယအပိုင်းနှင့် ၁၉ ရာစု၏ ပထမပိုင်းအတွင်း
ကျမ်းစာ၏ ပုရော ဖက်ပြုဟောချက်များ
ပြည့်စုံခြင်းသည် ဒုတိယအကြိမ်ကြွလာခြင်းကိုမျှော်လင့်ချက် အ ပေါ်ဗဟိုပြုသည့် ယုံကြည်ခြင်း ခြားနားသူများပေါင်းစည်း၍၊
အားကြီးသောလှုပ်ရှားမှု တစ်ခုပေါ်ထွက်လာခဲ့သည်။ အသင်းတော် တိုင်းတွင်
ခရစ်တော်ကြွလာခြင်းနီးကြောင်း ယုံကြည်သူများရှိပြီး၊ သူတို့သည် ဆုတောင်း၊
လုပ်ဆောင်ရင်းဖြင့် ခေတ်အဆက်ဆက်၏ အထွတ်အထိပ်ကို စောင့်စားနေကြသည်။
ခရစ်တော်ကြွလာခြင်းကိုမျှော်လင့်ခြင်းသည်
ယုံကြည်သူများအကြားတွင် နက်နဲ သောစည်းလုံးမှုကိုယူဆောင်လာပြီး၊
ခရစ်တော်မကြာမီကြွလာမည့်အကြောင်းကို ကမ္ဘာ အားသတိပေးရန်လူများစွာ
ပူးပေါင်းလာခဲ့သည်။ ခရစ်တော်ကြွလာခြင်းကိုမျှော်လင့် သောလှုပ်ရှားမှုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်
ခရစ်တော်ကြွလာခြင်းကိုမျှော် လင့်ချက်အပေါ်ဗဟိုပြုသော
ယုံကြည်ချက် မတူသောသူတို့အကြား အမှန်ပင်ကျမ်းစာ နှင့်ညီ သောလှုပ်ရှားမှုဖြစ်သည်။
သူတို့သည် သမ္မာကျမ်းစာကိုလေ့လာလေလေ၊ ရပ်တန့်နေသော
ခရစ်ယာန်အ သင်းတော်၏
ပြုပြင်ပြောင်းလဲခြင်းကိုဆက်ရန်၊ ဘုရားသခင်သည် ကျန်ကြွင်းသောသူတို့ ကိုခေါ်နေသည်ဟူ၍ သူတို့ အခိုင်အမာယုံကြည်လေလေဖြစ်သည်။
သူတို့၏ အသင်း တော်အသီးသီးတွင်
စစ်မှန်သော ပြုပြင်ပြောင်းလဲခြင်းစိတ်ဓာတ်နှင့် ဒုတိယအကြိမ်ကြွ လာခြင်းအတွက် လေ့လာရန်နှင့်
ပြင်ဆင်ရန် စိတ်ဝင်စားမှုမရှိကြောင်းကို သူတို့ကိုယ် တိုင်တွေ့ကြုံခံစားခဲ့ကြပြီ။ သူတို့၏ သမ္မာကျမ်းစာ လေ့လာ
ခြင်းက၊ ဘုရားသခင်ကျော် ဖြတ်စေခဲ့သော
စမ်းသပ်မှုများနှင့် စိတ်ပျက်ခြင်းများသည် သူတို့ကို ဘုရားသခင်၏ ကျန် ကြွင်းသူများအဖြစ်စုရုံးစေသောဝိညာဉ်ရေးနှင့် စင်ကြယ်စေသော
အတွေ့ အကြုံဖြစ် သည်ကိုဖော်ပြသည်။
ဘုရားသခင်သည် ပြုပြင်ပြောင်းလဲခြင်းကိုဆက်ရန် သူတို့ကို တာဝန်အပ်နှင်းခဲ့ပြီး၊
အသင်းတော်တွင်များစွာသောဝမ်းမြောက်ခြင်းနှင့် တန်ခိုးကိုယူ ဆောင်လာခဲ့သည်။ ဘဝင်မြင့်စိတ်အစွဲ တစ်ခုခုကြောင့်
ဘုရားသခင်၏စေခိုင်းချက် သည်
သူတို့ထံရောက်မလာကြောင်းကို သဘောပေါက် ၍၊ ကျေးဇူးတင်သောစိတ်နှိမ့်ချခြင်း ဖြင့်သူတို့၏ လုပ်ငန်းတာဝန်ကို လက်ခံခဲ့ကြသည်။
ခရစ်တော်၏ကရုဏာနှင့် တန်ခိုးအား ဖြင့် သာလျှင်
သူတို့သည် မည်သည့်နည်းဖြင့်မဆို အောင်မြင်နိုင်သည်။
ကျန်ကြွင်းသောသူတို့၏လုပ်ငန်းတာဝန်
ဗျာဒိတ်ကျမ်း၏အနာဂတ်ဟောပြောချက်များသည်
ကျန်ကြွင်းသောသူတို့၏ လုပ်ငန်း တာဝန်ကို ရှင်းလင်းစွာဖော်ပြသည်။
ကျန်ကြွင်းသောသူတို့၏ဟောကြားချက် သည် ဧဝံဂေလိ
သမ္မာတရားကို နောက်ဆုံးပြန်လည်၍ အပြည့်အဝ အသက်သွင်းမည် ဖြစ်ကြောင်းကို (ဗျာ
၁၄း၆-၁၂) က ကောင်းကင်တမန် သုံးပါးသတင်းစကားသည်ဖော်ပြ သည်။ ခရစ်တော် မကြွလာမီအခိုက်တွင် ကမ္ဘာကို
မွှေ့မည့်စာတန်လှည့်ဖြားခြင်း၏ လွှမ်း မိုးမှုအပေါ် ဘုရားသခင်၏ တုံ့ပြန်မှုများသည် ဤသတင်း သုံးပါး
တွင်ပါဝင်သည် (ဗျာ ၁၃း၃၊ ၈၊ ၁၄-၁၆)။ လောကို ဘုရား သခင်သည် နောက်ဆုံး
မေတ္တာရပ်ခံချက် အပြီး၊ ချက်ချင်းခရစ်တော်သည် စပါးရိတ်သိမ်းရန် ကြွလာလိမ့်မည် (ဗျာ
၁၄း၁၄-၂၀)။
ပထမကောင်းကင်တမန်သတင်းစကား
“မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီး ဘာသာစကားကို ပြော သောလူမျိုးအနွယ် ခပ်သိမ်းတို့အား ထာ၀ရဧဝံဂေလိတရားကို
ဟောရသောကောင်းကင် တမန်တစ်ပါးက၊
ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်
စမ်းရေတွင်းတို့ကိုဖန်ဆင်း တော်မူသောအရှင်ကို
ကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့်ပြောဆို၍၊ ကောင်းကင်အ လယ်၌ ပျံဝဲ လျက်ရှိသည်ကိုငါ မြင်၏” (ဗျာ ၁၄း၆၊၇)။
ပထမကောင်းကင်တမန်သည် ဧဝံဂေလိတရားကို လောကသို့ သယ်ဆောင်သော
ဘုရားသခင်၏ ကျန်ကြွင်းသော သူတို့ကို ပုံဆောင်သည်။ ဤဧဝံဂေလိတရားသည် ရှေး
ပုရောဖက်များနှင့် တမန်တော်များဟောခဲ့သည့် ဘုရားသခင်၏ အနန္တမေတ္တာနှင့် ဆိုင် သောအလားတူ သတင်းကောင်းပင် ဖြစ်သည် (ဟေဗြဲ ၄း၂)။
ကျန်ကြွင်းသောသူတို့သည် ခြားနားသော ဧဝံဂေလိတရားကိုမဟောပါ။
တရားစီရင်ခြင်းရှုထောင့်မှ အပြစ်သားများ သည်
ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်၍၊ ယေရှု၏ဖြောင့်မတ်ခြင်းကို ရရှိ သည်ဟူ သော ထာ၀ရဧဝံဂေလိတရားကို သူတို့သည် ပြန်၍ အတည်ပြု
ကြသည်။
ဤသတင်းစကားသည် လောကီသားများကိုနောင်တရရန်ဖိတ်ခေါ်သည်။ ၎င်း သည် ဘုရားသခင်ကို
“ကြောက်ရွံ့၍ချီးမွမ်း” ရန်ခေါ်ဖိတ်သည်။
ကျွန်ုပ်တို့သည် ဤရည် ရွယ်ချက်အတွက်
ဖန်ဆင်းခြင်းခံရသည်။ ကျွန်ုပ်တို့၏ပြောစကားနှင့် အပြုအမူများ အားဖြင့်ဘုရားသခင်ကိုချီးမွမ်း၍၊ သူ၏ ဘုန်းတော်ကို
ထင်ရှားစေနိုင်သည်။ “သင်တို့ သည် များစွာသော အသီးကိုသီးခြင်းအားဖြင့်၊ ငါ့ခမည်းတော်၏
ဘုန်းတော်ကိုထင်ရှား တော် မူ၏” (ယော ၁၅း၈)။
ခရစ်တော်ကြွလာခြင်းအတွက် လောကကိုပြင်ဆင်သောလှုပ်ရှားမှုသည်
ဘုရား သခင်၏
ဘုန်းတော်ကိုထင်ရှားစေရန်အတွက် သမ္မာကျမ်းစာကိုပြန်၍အလေးထား စေ သည်ဟု ယောဟန်က ကြိုတင်ဟောခဲ့သည်။ အလျင်အတိုင်းမဟုတ်ဘဲ၊
၎င်းသည်ကျွန်ုပ် တို့၏ အသက်တာကို
ထိန်းသိမ်းရမည့် မွန်မြတ်သောတာဝန်အတွက် ဓမ္မသစ်ကျမ်း၏ တောင်းဆိုမှု ကိုဟောပြောသည်။
“သင်တို့ကိုယ်ခန္ဓာသည်..... သန့်ရှင်းသောဝိညာဉ်တော် ၏ ဗိမာန်တော်ဖြစ်၏။” ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာ၊ စိတ် နှင့် ဝိညာဉ်တန်ခိုးများကို
သီးသန့်လုပ်ပိုင်ခွင့်မရှိချေ။ ခရစ်တော်သည် ဤအရာများကို လက်ဝါးကပ်တိုင်ပေါ်က
အသွေးဖြင့် ဝယ်ယူခဲ့သည်။ ထို့ကြောင့်၊ “ဘုရားသခင်ပိုင်တော်မူသော
သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏
ဂုဏ်တော်ကိုထင်ရှားစေကြလော့” (၁ကော ၆း၁၉၊ ၂၀)။ “သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်း ကောင်း၊ မည်သည့်အမှုကို ပြုသော်လည်း ကောင်း၊
ဘုရားသခင်၏ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသော
အမှုကိစ္စကို ပြုကြလော့” (၁ကော ၁ဝး၃၁)။
“တရားစီရင်တော်မူသောအချိန်ရောက်လာပြီ” ဟူသောအချက်သည် နောင်တရရန်
ဖိတ်ခေါ်ခြင်းကိုအရေးတကြီးပြုရန်လိုအပ်ကြောင်း ပြောပါသည်။ (ဗျာ ၁၄း၇) က “တရားစီရင်ခြင်း” ဟူသော
စကားလုံးသည် (လုပ်ဆောင်နေဆဲအရာကိုပြသသည့်) တရား စီရင်နေ သည် ဟူ၍ အဓိပ္ပါယ် ရသော ဟေလသစကားလုံး “ကရီးစစ်” (krisis) မှလာ၍၊
စီရင်ချက် သို့မဟုတ် စီရင်ခြင်း “ကရီးမား” (krima) ဟုအဓိပ္ပါယ်မဟုတ်ပါ။ ၎င်းသည် တရားစီရင်ခြင်း
လုပ်ငန်းစဉ်တစ်ခုလုံးဖြစ်သော ဘုရားသခင်၏တရားစီရင်ရေးခန်းမတွင် လူများကို ရုံးတင်
စစ်ဆေးခြင်း၊ အသက်တာ မှတ်တမ်းများကို စုံစမ်း စစ်ဆေးခြင်း၊ အပြစ်ရှိကြောင်း
သို့မဟုတ် အပြစ်မရှိကြောင်းဆုံးဖြတ်ချက်၊ ထာ၀ရအသက် သို့မဟုတ် သေဒဏ်ကိုပေးခြင်း
စသည်တို့ အားလုံးပါဝင်သည် (မ ၁၆း၂၇။ ရော ၆း၂၃။ ဗျာ ၂၂း၁၂)။
တရားစီရင်ခြင်းအချိန်နှင့်ဆိုင်သော သတင်းစကားသည် အယူဖောက်ပြန်သူ အားလုံးအ ပေါ် ဘုရားသခင်၏ တရားစီရင်ခြင်းကို လည်းကြေညာသည် (ဒံ ၇း၉-၁၁၊၂၆။
ဗျာ ၁၇။ ၁၈)။
တရားစီရင်ခြင်း အချိန်နှင့်ဆိုင်သော သတင်းစကားသည်
တရားစီရင်ရေးအတွက် ခရစ်တော်ဝင် သွားသောကောင်းကင်တဲတော်၌
သူ့ယဇ်ပုရောဟိတ်မင်းလုပ်ငန်း၏ နောက် ဆုံးပိုင်းအချိန်ကို အထူးသဖြင့်ညွှန်ပြသည်။
ဤသတင်းစကားသည် ဖန်ဆင်းရှင်အားကိုးကွယ်ရန် လူအားလုံးကိုလည်း
ခေါ် ဖိတ်သည်။ ဘုရားသခင်ကိုကိုးကွယ်ရန်ဖိတ်ခေါ်ခြင်းသည် သားရဲနှင့်သူ၏ရုပ်တုကို
ကိုး ကွယ်ရာ
ဆင့်ခေါ်ခြင်းနှင့် ခြားနားသည် (ဗျာ ၁၃း၃၊၈၊၁၅)။ မကြာမီလူတိုင်းသည် မှန် သော ဝတ်ပြုခြင်း နှင့် မှားသောဝတ်ပြုခြင်း၊
ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ ရောက်၍ ဘုရားသခင်ကို ကိုးကွယ်ခြင်း
သို့မဟုတ် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ရန်ကြိုးစား၍ ဘုရားသခင်
ကိုကိုးကွယ်ခြင်းအကြား ရွေးချယ်မှု လုပ်ရလိမ့်မည်။ “ကောင်းကင်၊
မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင် ကို ကိုးကွယ်”
(ဗျာ ၁၄း၇။ ထွက် ၂ဝး၁၁) ရန် ကျွန်ုပ်တို့ကို
အမိန့်ပေးခြင်းအားဖြင့်၊ ဤ သတင်းစကားသည်
စတုတ္ထပညတ်တော်ကို အာရုံရောက်သွားစေသည်။ ၎င်းသည် လူတို့ ကိုဖန်ဆင်းရှင်အားစစ်မှန်သော ကိုးကွယ်မှု
ထဲသို့ပို့ဆောင်သည်။ ဤသတင်း စကားသည်
ဖန်ဆင်းချိန်၌ပြဋ္ဌာန်း၍ ပညတ်တော် (၁၀) ပါး၌ အတည်ဖြစ်သော၊ သူ၏ ဖန်ဆင်းခြင်း ၏အထိမ်းအမှတ်ဖြစ်သော ထာ၀ရ ဘုရား၏ သတ္တမနေ့ ဥပုသ်ကို
ဂုဏ်ပြုခြင်း ပါဝင်သည့် အတွေ့အကြုံတစ်ခုလည်းဖြစ်သည်။ ထို့ကြောင့်၊ ပထမ
ကောင်းကင်တမန် ၏ သတင်းစကားသည်
ဖန်ဆင်းရှင်နှင့် ကျမ်းစာထဲက ဥပုသ်နေ့၏ အရှင်သခင်ဖြစ် သော ယေရှုကို လောကီသားများရှေ့တွင်တင်ပြခြင်းအားဖြင့်
စစ်မှန်သော ကိုးကွယ်ခြင်းကို ပြန်လည်အသစ်ဖြစ်စေရန်ဖိတ်ခေါ်သည်။ ဤနေ့သည်
ဖန်ဆင်းခံသတ္တဝါအများစုက လျစ်လျူရှုသည့် လက္ခဏာ၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း
အမှတ်လက္ခဏာဖြစ်သည်။ ချားစ်ဒါဝင် ၏ “မျိုးစိတ်များ
၏မူလ” (Origin of Species)
ဟူသောစာအုပ်ပုံနှိပ် ခြင်းမှ
ဆင့်ကဲဖြစ်စဉ်အတွေးအခေါ်သည် အဓိကတွန်းအားရလာသောအချိန်တွင်၊ ကံကောင်း ထောက်မ၍၊
ဤသတင်းစကား ဟောပြောခြင်းသည် ဖန်ဆင်းရှင်ဘုရားကို အာရုံ စိုက်လာ စေရန်ဖိတ်ခေါ်သည်။ ပထမကောင်းကင်တမန်၏
သတင်းစကားကိုဟောပြော ခြင်းသည်
ဆင့်ကဲဖြစ်စဉ်အယူအဆတိုးတက်နေမှုအတွက် အကြီးမားဆုံးသော အတား အဆီးဖြစ်၏။
နောက်ဆုံးတွင်၊ ဤဖိတ်ခေါ် ခြင်းသည် “အဓမ္မလူ” (၂သက် ၂း၃)
နင်းခြေပြီးသော ဘုရားသခင်၏ သန့်ရှင်းသော ပညတ်တော်ကို ပြန်လည်လေးစားခြင်းကိုလည်း
ဆိုလို သည်။
စစ်မှန်သောကိုးကွယ်ခြင်းကို နဂိုအတိုင်းပြန်ဖြစ်စေ၍ ယုံကြည်သူတို့သည် ဘုရား သခင့် နိုင်ငံတော်၏ စည်းမျဉ်းအတိုင်းနေထိုင်သောအခါမှသာလျှင်
ဘုရားသခင်၏ ဘုန်း တော်ထင်ရှားနိုင်မည်။
ဒုတိယကောင်းကင်တမန်၏သတင်စကား
“ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။
မိမိမတရားသောမေထုန်၏အဆိပ်အတောက်တည်းဟူ သော စပျစ် ရည်
ကို လူမျိုးအပေါင်းတို့အားတိုက်လေပြီးသော ဗာဗုလုန်မြို့ ကြီးပြိုလဲပြီ” (ဗျာ ၁၄း၈)။
အစောပိုင်း အချိန်မှစ၍ ဗာဗုလုန်မြို့သည် ဘုရားသခင်အား
အာခံခြင်းကို ပုံ ဆောင်သည်။
ဗာဗုလုန်ရဲတိုက်သည် အယူဖောက်ပြန်ခြင်း၏အထိမ်းအမှတ်နှင့် ပုန်ကန် ခြင်း၏ ဗဟိုဖြစ်ခဲ့သည် (က ၁၁း၁-၉)။ လူစီဖာ (စာတန်) သည်
၎င်း၏မမြင်နိုင်သော ရှင်ဘုရင် ဖြစ်သည် (ဟေရှာ ၁၄း၄၊၁၂-၁၄)။ သူသည်
လူသားမျိုးနွယ်ကိုအုပ်ချုပ်ရန် အတွက် ဗာဗုလုန်ကို သူ့မဟာအကြံအစည်၏
ဆောင်ကြဉ်းပေးသည့်အရာဖြစ်စေလိုဟန် ရှိသည်။ သမ္မာကျမ်းစာ တစ်ခုလုံးတွင် ဘုရားသခင်၏
မြို့တော် ယေရုရှလင်မြို့နှင့် စာတန်၏ မြို့ တော်၊ ဗာဗုလုန်မြို့ တို့ အကြားတိုက်ခိုက်မှုသည်
အကောင်းနှင့် အဆိုး အကြား ပဋိပက္ခ ကို သာဓက ပြသည်။
ရှေးဦးခရစ်ယာန် ရာစုနှစ်များအတွင်း၊ ရောမတို့သည်
ယုဒလူများနှင့် ခရစ်ယာန် များကို ဖိနှိပ်သောအခါ၊
ယုဒနှင့်ခရစ်ယာန်စာပေများက ရောမမြို့ကိုဗာဗုလုန်မြို့ ကဲ့သို့ ရည်ညွှန်းခဲ့သည်။ ပေတရုသည်
ဗာဗုလုန်မြို့ကိုရောမမြို့၏နာမည်ဝှက်အဖြစ် အသုံးပြု သည်ဟု လူများစွာက ယုံကြည်သည် (၁ပေ ၅း၁၃)။
၎င်း၏အယူဖောက်ပြန်ခြင်း နှင့် ညှဉ်းဆဲခြင်းကြောင့်၊ ပရိုတက်စတန့် ပြုပြင်ပြောင်းလဲ
ရေးသမားများနှင့် ပြုပြင် ပြောင်း လဲခြင်းနောက်ပိုင်း
အများစုသည် ရောမအသင်းတော်ကို ဘုရားသခင့်လူတို့၏ရန်သူ၊ ဝိညာဉ်ရေးဗာဗုလုန်အဖြစ် ရည်
ညွှန်း ခဲ့ကြသည် (ဗျာ ၁၇)။
ဗျာဒိတ်ကျမ်းတွင်လည်း၊ ဗာဗုလုန်မြို့ကိုဆိုးယုတ်သောမိန်းမ၊
ပြည့်တန်ဆာတို့နှင့် စက် ဆုပ်ဖွယ်သော အရာတို့၏အမိဟူ၍လည်း ဖော်ပြသည် (ဗျာ ၁၇း၅)။
၎င်းသည် အထူးသဖြင့် (ဗျာ ၁၃း၁၅-၁၇) တွင်
ဖော်ပြသည့်နောက်ဆုံးဆင်းရဲဒုက္ခကိုဖြစ်စေသည့် သားရဲနှင့်သူ၏
ရုပ်တုအကြားကြီးမားသည့် အယူဖောက်ပြန်သော ဘာသာရေးမဟာ မိတ် ကိုရည်ညွှန်း သော်လည်း၊ ၎င်းသည် အယူဖောက်ပြန်သော
ဘာသာရေးအဖွဲ့အစည်း အားလုံးနှင့် ၎င်းတို့၏ ခေါင်းဆောင်မှုကိုပုံဆောင်သည်။
ဒုတိယကောင်းကင်တမန်၏သတင်းစကားသည်
ဗာဗုလုန်၏အယူဖောက်ပြန်ခြင်း နှင့် ၎င်း၏
နိုင်ထက်စီးနင်းသောတန်ခိုးတို့၏သဘောသဘာ၀ကို ဖော်ထုတ်ရာတွင် ဤသို့ ဆိုထားသည်။ “မိမိမတရားသောမေထုန်၏
အဆိပ်အတောက်တည်းဟူသော စပျစ်ရည် ကို
လူမျိုးအပေါင်းတို့အား တိုက်လေပြီ။” ဗာဗုလုန်မြို့၏ “စပျစ်ရည်” သည် ၎င်း၏
အယူမှားသော သွန်သင်ချက်များကိုပုံဆောင်သည်။ ဗာဗုလုန်မြို့သည် ၎င်း၏မှားယွင်း
သောသွန်သင်ချက် များနှင့်ဥပဒေများကို တစ်ကမ္ဘာလုံး အတင်းအကျပ်ပြုရန် နိုင်ငံတော်
အာဏာများကို ဖိအားပေးလိမ့်မည်။
ဖော်ပြထားသည့် “မတရားသောမေထုန်” သည် ဗာဗုလုန်မြို့နှင့် နိုင်ငံများအကြား၊ အယူဖောက်ပြန်
သောအသင်းတော်နှင့် အရပ်ဘက်အာဏာအကြားတရား မဝင်ဆက်ဆံ ရေးကိုပုံဆောင်သည်။ အသင်းတော်သည် ၎င်း၏သခင်ဘုရားနှင့်လက်ထပ်
ယူရမည်ဖြစ် သည်။ နိုင်ငံ၏
အထောက်အပံ့ကို ရှာယူခြင်းဖြင့်၊ ၎င်းသည် မိမိခင်ပွန်းကို ထားခဲ့၍၊ ဝိညာဉ်ရေးမတရား
သောမေထုန်ကိုကျူးလွန်သည် (ယေဇ ၁၆း၁၅။ ယာ ၄း၄)။
ဤတရားမဝင်သော ဆက်ဆံရေးသည် အဖြစ်ဆိုးကိုရောက်သွားစေသည်။ မြေ ကြီးသားတို့သည် မှားယွင်းသောသွန်သင်ချက်ဖြင့် “ယစ်မူး” ကြသည်သည်ကို
ယောဟန် မြင်သည်။ ဗာဗုလုန်မြို့
ကိုယ်တိုင်သည် ၎င်း၏ကျမ်းစာနှင့်မညီသောယုံကြည်ချက်များ ကို လက်ခံရန်နှင့် ၎င်း၏ အာဏာကို နာခံရန်ငြင်းပယ်သောသူ၊ “သန့်ရှင်းသူတို့၏အသွေး၊ ယေရှု၏ သက်သေခံ တို့၏ အသွေးနှင့်
ယစ်မူး သည်ကိုငါမြင်၏” (ဗျာ ၁၇း၂၊၆)။
ဗာဗုလုန်မြို့ ပြိုလဲရခြင်းမှာ ၎င်းသည် ပထမကောင်းကင် တမန်၏
သတင်းစကား ဖြစ်သောဖန်ဆင်းရှင်ကိုယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ရာ
သို့ရောက်သည်ဟူသော ဧဝံဂေလိတရားကို ငြင်းပယ်သောကြောင့်ဖြစ်သည်။ အစောပိုင်းအတွင်း
ရောမအသင်း တော်သည် အယူဖောက်ပြန်
သကဲ့သို့၊ ယနေ့များစွာသောခရစ်ယာန်တို့သည် ပြုပြင် ပြောင်းလဲခြင်း ကိုဖော်ဆောင်သော ကြီးမားသော သမ္မာကျမ်းစာ၏
သမ္မာတရားများမှ ထွက်ခွာသွားကြပေ ပြီ။ ဗာဗုလုန်မြို့ ပြိုလဲမည့်အကြောင်း
ကြိုတင်ဟောကိန်းသည် တစ်ချိန်က ပြုပြင်ပြောင်းလဲခြင်းကို
အားကြီးစွာမဖြစ်မနေလုပ်စေသည့် ယုံကြည်ခြင်း အားဖြင့်ဖြောင့်မတ်ရာ
သို့ရောက်သည်ဟူသောထာ၀ရဧဝံဂေလိတရား ၏စင်ကြယ်ခြင်း နှင့် ရိုးရှင်းမှုတို့ ပရိုတက်စတန့်ဝါဒသည်
ထွက်ခွာသွားချိန်တွင်ပြည့်စုံ သည်။
ဒုတိယကောင်းကင်တမန်၏ သတင်းစကားသည် နောက်ဆုံးသောကာလနီးလာ
ချိန်တွင်တိုး၍ ဆီလျော်မှုရှိ လာသည်။ ပထမကောင်းကင်တမန်၏ သတင်းစကားကို ငြင်းပယ်
ခဲ့ကြသော ဘာသာရေး အဖွဲ့အစည်းအမျိုးမျိုးသည် မဟာမိတ်ဖွဲ့လာချိန်တွင် ၎င်း၏ ပြည့်စုံ
မှုကို တွေ့လာရမည်။ ဗာဗုလုန်မြို့ ပြိုလဲခြင်းသတင်းစကားကို (ဗျာ ၁၈း၂-၄) တွင်
ထပ်ဆိုသည်။ ၎င်းသည် ဗာဗုလုန်မြို့၏ လုံးလုံးပြိုလဲခြင်းအကြောင်းကြေညာ ပြီး၊ ဗာဗုလုန်မြို့ထဲရှိ ဘာသာရေးအဖွဲ့
အမျိုးမျိုးတွင်ရှိနေသေးသော သူတို့ထံမှ ဘုရား သခင်၏ လူတို့ကိုခေါ်ထုတ် သည်။ ကောင်းကင်တမန်က “ငါ၏လူမျိုးတို့၊ သူ၏အပြစ် တို့ကို ဆက်ဆံခြင်းနှင့် လည်းကောင်း၊
သူ၏ဘေးဒဏ်များကိုခံခြင်းနှင့်လည်းကောင်း၊ ကင်းလွတ် အံ့သောငှာ သူ၏အထဲ က ထွက်ကြလော့” (ဗျာ ၁၈း၄) ဟုဆိုသည်။
တတိယကောင်းကင်တမန်သတင်းစကား
“အကြင်သူသည် သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊
သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ၊ ထိုသူသည်
ဘုရားသခင်၏ဒေါသဖလား၌ လောင်း သောအမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။
သန့်ရှင်းသော ကောင်းကင်တမန် တို့ရှေ့၊ သိုးသငယ်ရှေ့တွင်၊ ကန့်နှင့် ရောသောမီးထဲမှာ
ပြင်းစွာသော ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏မီးခိုးသည်
ကမ္ဘာအဆက်ဆက်တက် လျက်ရှိ၏။ သားရဲနှင့်သူ၏
ရုပ်တု ကိုကိုးကွယ်၍၊ သူ၏နာမတံဆိပ် လက်မှတ်ကို ခံသောသူတို့သည် နေ့ညမပြတ် သက်
သာခြင်းမရကြ။..... ဘုရားသခင်၏ ပညတ်တို့ကို လည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကို
လည်းကောင်း၊ စောင့်ရှောက်သောသန့်ရှင်း သူတို့သည် ဤအရာ၌
သည်းခံစရာ အကြောင်း ရှိ၏” (ဗျာ ၁၄း၉-၁၂)။
ပထမကောင်းကင်တမန် သတင်းစကားသည် ထာ၀ရဧဝံဂေလိ တရားကိုကြေ ညာပြီး၊ ဖန်ဆင်းရှင်အဖြစ်
ဘုရားသခင်အားအမှန်အကန်ကိုးကွယ်ခြင်းကို နဂိုအတိုင်း ပြန်လည်ဖြစ်စေရန်ဖိတ်ခေါ်သည်။
အဘယ်ကြောင့်ဆိုသော် တရားစီရင်သောအချိန် ရောက်လာပြီ။ ဒုတိယ ကောင်းကင်တမန် ကမူ
လူသားတို့ဖန်တီးသောကိုးကွယ်မှုပုံစံ အားလုံးကို သတိပေးသည်။ နောက်ဆုံးတွင် တတိယ ကောင်းကင်တမန်သည်
ယုံကြည် ခြင်းအားဖြင့်
ဖြောင့်မတ်ခြင်း ဧဝံဂေလိတရားကို ငြင်းပယ်သော သူအားလုံး အားသား ရဲနှင့်
သူ၏ရုပ်တုကိုမကိုးကွယ် ရန်ဘုရားသခင်၏ အလေးနက်ဆုံးသော သတိ ပေးစ ကားကို ကြေညာ
သည်။
ဗျာဒိတ်ကျမ်း ၁၃း၁-၁၀ တွင် ဖော်ပြသောသားရဲသည်
ရာစုနှစ်များစွာခရစ်ယာန် လောကကို စိုးမိုးသောအသင်းတော်နှင့်
နိုင်ငံအစိုးရပူးပေါင်းမှု၊ ပေါလုက “အဓမ္မလူ” (၂သက် ၂း၂-၄) ဟု ဖော်ပြ သော သူ၊ ဒံယေလကလည်း “ချိုငယ်” (ဒံ ၇း၈၊၂၀-၂၅။
၈း၉-၁၂) ဟူ၍ ခေါ်သောသူဖြစ်သည်။ သားရဲ၏ရုပ်တုမှာမူ၊ စစ်မှန်သောပြုပြင် ပြောင်းလဲရေး
စိတ်ဓာတ် ပျောက်ဆုံးသော အသင်းတော်များ သည် သူတို့၏သွန်သင်ချက်များကို
အခြားသူတို့အပေါ် အတင်းအကျပ်သွတ်သွင်းရန် နိုင်ငံအစိုးရနှင့် ပေါင်းစည်းသောအခါ၊
ပေါ်ထွန်းလာမည့် အယူဖောက်ပြန်သော ဘာသာရေးအဖွဲ့ကိုပုံဆောင်သည်။ အသင်း တော်နှင့် နိုင်ငံအစိုးရတို့ ပေါင်းစည်းရာတွင်နှစ်ပေါင်း
(၁၂၆၀) ကြာ ညှဉ်းပန်းသည့် အယူဖောက်ပြန်သော အသင်းတော်
တည်းဟူသောသားရဲ၏ပြည့်စုံသောရုပ်တု ဖြစ် လာလိမ့်မည်။
တတိယ ကောင်းကင်တမန် သတင်းစကားသည် သမ္မာကျမ်းစာတွင် အလေးနက် ဆုံးနှင့် ကြောက်စရာအကောင်းဆုံးသောသတိပေးချက်ကိုကြေညာသည်။
၎င်းသည် ကမ္ဘာ့နောက်ဆုံးဆင်းရဲဒုက္ခကာလတွင် လူတို့၏အာဏာကိုနာခံသောသူတို့သည် ဘုရား သခင်အစားသားရဲနှင့်သူ၏
ရုပ်တုကိုကိုးကွယ်လိမ့်မည်ဟုဖော်ပြသည်။ ဤနောက် ဆုံး ပဋိပက္ခအတွင်း လူနှစ်မျိုး ပေါ်လာလိမ့် မည်။
ပထမလူအမျိုးအစားသည် လူတို့ဖန်တီး သောတရားကိုထောက်ခံ၍၊ သားရဲနှင့်သူ၏ ရုပ်တုကို
ကိုးကွယ်ကာ၊ သူတို့ကိုယ်ကို အပေါ်သို့
ကြေကွဲဖွယ် အကောင်း ဆုံးသော တရားစီရင်ခြင်းကို ယူဆောင်ကြလိမ့်မည်။ အခြားလူ
အမျိုးအစားမှာမူ၊ သိသိသာ သာကွာခြားသည်။ သူတို့သည် စစ်မှန်သော ဧဝံ ဂေလိတရား အတိုင်းအသက်ရှင်၍၊ “ဘုရားသခင်၏
ပညတ်တို့ကိုလည်းကောင်း၊ ယေရှု ၏
ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ရှောက်” (ဗျာ ၁၄း၉၊၁၂)
ကြသည်။ နောက်ဆုံး အရေးတွင် စစ်မှန်သော
ကိုးကွယ်ခြင်းနှင့် မှားယွင်း သော ကိုးကွယ်ခြင်း၊ စစ်မှန်သော ဧဝံဂေလိတရားနှင့် မှားယွင်းသော တရားတို့ပါဝင်လိမ့်မည်။
ဤအရေးကို ကမ္ဘာကြီးရှေ့ သို့ရှင်းလင်းစွာချပြသောအခါ၊
ဘုရားသခင်၏ ဖန်ဆင်းရှင်ဖြစ် ကြောင်း အထိမ်းအမှတ် ဖြစ်သောကျမ်းစာထဲမှ ဥပုသ်နေ့ကိုငြင်းပယ်၍၊ သိသိကြီးဖြင့်
တနင်္ဂနွေနေ့ကိုရိုသေ၍ ထိုနေ့တွင်ကိုးကွယ်ရန် ရွေးချယ်သောသူတို့သည် “သားရဲ၏ အမှတ်တံဆိပ်” ကိုရရှိ လိမ့်မည်။ ဤအမှတ်တံဆိပ်သည် ပုန်ကန်ခြင်း အမှတ်အသားဖြစ်သည်။
သားရဲက သူကိုယ်တိုင်ကိုးကွယ်ရာနေ့ကို ပြောင်းလဲခြင်းသည် ဘုရားသခင်၏ ပညတ်တော် ထက် ပင် ၎င်း သည်အာဏာရှိကြောင်းကို ပြသသည်ဟုဆိုသည်။
တတိယသတင်းစကားသည် လောကီသားတို့၏ အာရုံကို ထာ၀ရဧဝံဂေလိ
တရားနှင့် စစ်မှန်သော ကိုးကွယ်ခြင်းကို ပြန်လည်ထူထောင်ရန်၊ ဘုရားသခင်၏သတင်း စကားကို လက်ခံရန်ငြင်းဆန်ခြင်း၏ အကျိုးဆက်သို့ဦးတည်ပေးသည်။
၎င်းသည် ကိုး ကွယ်ခြင်းနှင့် သက်ဆိုင်၍
လူတို့၏ ရွေးချယ်မှု၏ နောက်ဆုံးရလဒ်ကို ရှင်းလင်းစွာပုံဖော် ပေးသည်။ ရွေးချယ်မှုပြုရန်မှာမလွယ်ကူချေ။ အကြောင်း မှာ
ဘာပဲရွေးရွေးဆင်းရဲ ဒုက္ခပါဝင်လိမ့်မည်။
ဘုရားသခင်၏စကားကိုနားထောင်သောသူတို့သည် နဂါး၏အမျက် ဒေါသကို တွေ့ကြုံခံစား၍ (ဗျာ ၁၂း၁၇)၊ နောက်ဆုံးတွင်
သေခြင်းဖြင့်ခြိမ်းခြောက် ခံရမည် (ဗျာ ၁၃း၁၅)။ တစ်ချိန် တည်း တွင်
သားရဲနှင့်သူ၏ရုပ်တုကို ကိုးကွယ်ရန်ရွေး ချယ်သောသူတို့
အပေါ်သို့ နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးကျရောက်၍၊ နောက်ဆုံး တွင် “မီးအိုင်” ထဲသို့ ချပစ်ခြင်း ခံရ မည် (ဗျာ ၁၅။ ၁၆။ ၂ဝး၁၄၊၁၅)။
ရွေးချယ်မှုနှစ်ခုစလုံးတွင် ဆင်းရဲဒုက္ခပါသော်လည်း၊
၎င်းတို့၏ရလဒ်မှာ ခြားနား သည်။ ဖန်ဆင်းရှင်ကို
ကိုးကွယ်သောသူတို့သည် နဂါး၏သေစေလောက်သော အမျက် ဒေါသမှ လွတ်မြောက်၍၊ သိုးသငယ်နှင့်အတူဇိအုန်တောင်ပေါ်တွင်
အတူတကွ ရပ်နေ ကြရလိမ့်မည် (ဗျာ ၁၄း၁။
၇း၂၊၄)။ သားရဲနှင့် သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့ မူကား ဘုရားသခင်၏
အမျက်ဒေါသအပြည့်ကိုရရှိ၍၊ သန့်ရှင်းသော ကောင်းကင်တမန် များနှင့် သိုးသငယ်၏
ရှေ့တွင်သေရကြလိမ့်မည် (ဗျာ ၁၄း၉၊၁၀။ ၂ဝး၁၄)။
လူတိုင်းသည် မည်သူ့အားကိုးကွယ်ရမည်ကိုရွေးချယ်ရမည်။
ယုံကြည်ခြင်း အား ဖြင့်ဖြောင့်မတ်
ခြင်းကိုရွေးချယ်လျှင် ဘုရားသခင်ထောက်ခံသောကိုးကွယ်မှုပုံစံ၌ ပါဝင် သူအဖြစ်ထင်ရှားလိမ့်မည်။
အကျင့်အားဖြင့်ဖြောင့်မတ်ခြင်းကိုရွေးချယ်မှုမှာမူ၊ ဘုရား သခင်တားမြစ်သော်လည်း၊ သားရဲနှင့်သူ၏ ရုပ်တုက
အမိန့်ပေးသည့်လူလုပ်ကိုးကွယ် မှုပုံစံ၌ ပါဝင်ခြင်း၌ ထင်ရှားလိမ့်မည်။ ဘုရားသခင်သည်
ဤဒုတိယကိုးကွယ်မှုပုံစံကို လက်မခံနိုင်ချေ။ အကြောင်းမှာ ၎င်းသည် ဘုရားသခင်၏
ပညတ်ချက် များထက် လူလုပ်ပညတ်ချက်များကို သာ၍ဦးစားပေးသောကြောင့်ဖြစ်သည်။ ၎င်းသည်
ဖြောင့် မတ်ခြင်းကို ဘုရားသခင်အား
ဖန်ဆင်းရှင်၊ ရွေးနုတ်ရှင်၊ ပြန်လည်ဖန်ဆင်းရှင်အဖြစ် လုံးလုံးအပ်နှံခြင်းမှ
လာသောယုံကြည် ခြင်းဖြင့် မဟုတ်ဘဲ၊ လူတို့အကျင့်အားဖြင့် ရရှိရန်ကြိုးပမ်းသည်။ ထို့ကြောင့် ဤ သဘောတွင်၊
တတိယကောင်းကင်တမန်၏ သတင်းစကားသည်
ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ သို့ ရောက်ခြင်းဖြစ်သည်။
ဘုရားသခင်သည် အသင်းတော်အားလုံးတွင် သူ၏သားသမီးများရှိသည်။
သို့ သော်၊
ကျန်ကြွင်းသောအသင်းတော်အားဖြင့်၊ သူ၏လူတို့ကိုအယူဖောက်ပြန်ခြင်းမှ ခေါ် ထုတ်၍၊ ခရစ်တော်ကြွလာခြင်း အတွက်ပြင်ဆင်ခြင်းအားဖြင့်
သူ၏စစ်မှန်သောကိုး ကွယ်ခြင်းကို
ပြန်လည်ထူထောင်သော ဤ သတင်းစကားကို ဘုရားသခင်ကြေညာ သည်။ များစွာသော ဘုရားသခင်၏လူတို့သည် လာရောက်
ပူးပေါင်းဦးမည်ကိုသိမှတ်၍၊ ကျန်ကြွင်း သောသူတို့သည် ဤလေးနက်သောသာသနာလုပ်ငန်းကို
ပြည့်စုံစေရန်ကြိုး စားရာတွင်၊ သူတို့၏
မပြည့်စုံ မှုများနှင့် အားနည်းချက်များကိုခံစားကြသည်။ ဘုရား သခင်၏ ကျေးဇူးတော်အားဖြင့်သာလျှင် သူတို့၏လေးနက်သောတာဝန်ကိုပြီးစီးစေ နိုင် မည်ဟု သူတို့
သဘောပေါက်သည်။
ခရစ်တော်မကြာမီကြွလာခြင်းနှင့်
သူနှင့်တွေ့ဆုံရန်ပြင်ဆင်ခြင်းလို အပ်ချက်တို့ ကြောင့်၊ ဘုရားသခင်၏ အရေးတကြီး၊ အကြင်နာမေတ္တာဖြင့်ခေါ်
ခြင်းသည် ကျွန်ုပ်တို့ အယောက်စီတိုင်း ထံသို့ ရောက်လာသည်။ “ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကိုဆက်ဆံ ခြင်းနှင့် လည်းကောင်း၊ သူ၏ဘေးဒဏ်များ
ကိုခံခြင်းနှင့်လည်းကောင်း၊ ကင်းလွတ်အံ့ သောငှာ၊ သူ၏အထဲ က
ထွက်ကြလော့။ သူ၏အပြစ်တို့ သည် ကောင်းကင်ဘုံတိုင် အောင်မီကြသည် ဖြစ်၍၊ သူ၏မတရားသောအမှုတို့ကို ဘုရားသခင် သတိ
ရ တော်မူပြီ} (ဗျာ၊ ၁၈း၄၊၅)။
မူလမာတိကာသို့
No comments:
Post a Comment