Wednesday, February 19, 2025


 အခန်း- ၅ သန့်ရှင်းသောဝိညာဉ်တော်ဘုရား

ထာ၀ရဝိညာဉ်တော်ဘုရားသည် ခမည်းတော်၊ သားတော်တို့နှင့်အတူဖန်ဆင်းခြင်း၊ လူ့ ဇာတိကို ခံယူခြင်းနှင့် ရွေးနုတ်ခြင်းတို့တွင်ပါဝင်ခဲ့သည်။ သူသည် ခမည်းတော်နှင့် သားတော် ကဲ့သို့ ပုဂ္ဂိုလ် တစ်ပါး ဖြစ်သည်။ သူသည် ကျမ်းစာရေးသူတို့ကိုတိုက်တွန်း နှိုး ဆော်ခဲ့သည်။ သူသည် ခရစ်တော်၏ အသက်တာကို တန်ခိုးနှင့်ပြည့်စေခဲ့သည်။ သူသည် လူသားများကိုဆွဲယူ၍၊ အပြစ်ကိုဖော်ပြရာ၊ တုံ့ပြန်သောသူတို့ကို သူသည် ဘုရားသခင် ၏ပုံသဏ္ဌာန်တော်သို့ အသစ်ပြုပြင်၍၊ ပြောင်းလဲပေးသည်။ ကိုယ်တော်၏ သားသမီး များနှင့်အတူ အစဉ်ရှိရန်ခမည်း တော်နှင့်သားတော်တို့၏ စေလွှတ်ခြင်းကိုခံ၍၊ သူသည် အသင်းတော်ကိုဝိညာဉ် ဆုကျေးဇူးများကိုတိုးပေးသည်။ ခရစ်တော်ကို သက်သေခံရန် တန်ခိုးကိုပေးပြီး၊ သမ္မာကျမ်းစာနှင့်အညီ အလုံးစုံသောသမ္မာတရားထဲသို့ ပို့ဆောင် ပေး သည်။ (က ၁း၁၊၂။ ၂ရာ ၂၃း၂။ ဆာ ၅၁း၁၁။ ဟေရှာ ၆၁း၁။ လု ၁း၃၅။ ၄း၁၈။ ယော ၁၄း ၁၆-၁၈၊ ၂၆။ ၁၅း၂၆။ ၁၆း၇-၁၃။ တ ၁း၈။ ၅း၃။ ၁ဝး၃၈။ ရော ၅း၅။ ၁ကော ၁၂း၇-၁၁။ ၂ကော ၃း၁၈။ ၂ပေ ၁း၂၁)။ လက်ဝါးကပ်တိုင် ပေါ်တင်သတ်ခြင်းသည် ယေရှု၏ နောက် လိုက်များကို စိတ်ရှုပ်ထွေး၊ ကြောက်ရွံ့စေခဲ့သော်လည်း၊ ရှင်ပြန်ထမြောက်ခြင်းသည် သူတို့၏အသက်တာတွင် နေ့သစ်ကို ယူဆောင်လာခဲ့သည်။ ယေရှုသည် သေခြင်း၏ သံခြေချင်းများကို ရိုက်ချိုးသောအခါ၊ သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ နိုင်ငံတော်အရုဏ်တက်လာ ခဲ့သည်။

ယခုတွင် သူတို့၏စိတ်ထဲတွင် ငြိမ်းမရသောမီးတောက်လောင်နေသည်။ လွန်ခဲ့သောအပတ်အနည်းငယ်က တပည့်တော်များအကြား မနှစ်မြို့ဖွယ်အတားအဆီးများအ ဖြစ်ရှိနေ သောခြားနားမှုများသည် အရည်ပျော်ခဲ့သည်။ သူတို့သည် အချင်းချင်းအပြစ်များကို ဝန်ချတောင်းပန်၍၊ တက်ကြွသွားသောသူတို့၏ဘုရင်ယေရှုကို ပို၍လက်ခံနိုင်ရန် မိမိတို့ကိုယ်ကို ဖွင့်ထားကြသည်။

တစ်ချိန်ကကွဲပြားသော ဤသိုးစု၏စည်းလုံးမှုသည် ဆုတောင်းခြင်းဖြင့် တစ်ရက်ပြီး တစ်ရက် ကုန်လွန်စေရာတွင် ကြီးထွားလာခဲ့သည်။ မမေ့နိုင်သောနေ့တစ်နေ့တွင် သူတို့သည် ဘုရားသခင်ကို ချီးမွမ်းကြစဉ်၊ သူတို့အထဲတွင် မုန်တိုင်း၏အဟုန်ကဲ့သို့သော အသံထွက်ပေါ် လာသည်။ သူတို့၏ စိတ်နှလုံးထဲက လောင်ကျွမ်းမှုကိုမြင်ရသည်အလား၊ တစ်ဦးချင်းစီအပေါ် တွင် မီးလျှံများ ဆင်းသက်ခဲ့သည်။ ဒေါသအဟုန်ကဲ့သို့သော မီးကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့ အပေါ်သို့ ဆင်းသက်ခဲ့သည်။

ဝိညာဉ်တော်နှင့်ပြည့်၀သောတပည့်တော်တို့သည် ယေရှု၌သူတို့၏အသစ်သော အလွန်တက် ကြွသည့် ချစ်ခြင်းနှင့်ဝမ်းမြောက်ခြင်းကို မထိန်းနိုင်ကြတော့ချေ။ လူသိရှင်ကြား၊ စိတ်အားထက်သန်စွာဖြင့် ကယ်တင်ခြင်းဝမ်းမြောက်ဖွယ်သတင်းစကားကို စတင်ဟောပြောခဲ့ကြသည်။ အသံကိုသတိပြုမိသည့် များစွာသောဒေသခံများနှင့် တိုင်းနိုင်ငံများမှ ဘုရားဖူးများ သည် အဆောက်အဦးသို့ စုရုံးလာကြသည်။ အံ့ဩခြင်း၊ စိတ် ရှုပ်ထွေးခြင်းတို့နှင့်ပြည့်လျက်၊ ရိုးစင်းသောဂါလိလဲလူတို့သည် ဘုရားသခင်၏ ကြီးမား သောအလုပ်ကို အားကောင်းသော သက်သေခံသည့်စကားကို မိမိတို့ကိုယ်ပိုင်ဘာသာ စကားဖြင့်ကြားခဲ့ကြသည်။

တချို့က ငါနားမလည်ဘူး။ ဒါကဘာကိုဆိုလိုတာလဲဟုပြောဆိုကြသည်။ အခြား သူတို့ ကလည်း သူတို့စပျစ်ရည်မူးနေကြတာဟူ၍ လည်းစွပ်စွဲကြသည်။ ပေတရုက ထိုသို့မဟုတ်ပါ။ သင်တို့ကြားရ၊ မြင်ရသောအရာများမှာ ရှင်ပြန်ထမြောက်သော ယေရှု ခရစ်တော်သည် ဘုရားသခင်၏ လက်ယာဘက်မှာ ချီးမြှောက်ခြင်းကို ခံရပြီးဖြစ်၍၊ ယခုတွင်ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဥိတော်ကို ပေးသောကြောင့်ဖြစ်သည်ဟု ရဲရင့်စွာ ပြောပြခဲ့သည် (တ ၂)။

သန့်ရှင်းသောဝိညာဉ်တော်သည်အဘယ်သူနည်း။

သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်မဲ့စွမ်းအားတစ်ခုမဟုတ်ဘဲ၊ ပုဂ္ဂိုလ် တစ်ပါးဖြစ် ကြောင်းကို သမ္မာကျမ်းစာကဖော်ပြသည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ငါတို့အတွက် ကောင်းသည် (တ ၁၅း၂၈) ဟူသောဖော်ပြချက်သည် ရှေးဦး ယုံကြည် သူများက သူ့ကိုပုဂ္ဂိုလ် တစ်ပါးအနေဖြင့် ရှုမြင် ကြောင်းကိုဖော်ပြသည်။ ခရစ်တော် ကလည်း သူ့အားထူးခြားသော ပုဂ္ဂိုလ်ကဲ့သို့ပြောဆိုခဲ့သည်။ ထိုသူသည် ငါ့ဘုန်းကို ထင် ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍၊ သင်တို့အားဖော် ပြလိမ့်မည်” (ယော ၁၆း၁၄)။ သမ္မာကျမ်းစာသည် သုံးပါးတစ်ဆူ ဘုရားကိုရည် ညွှန်း၍၊ ဝိညာဉ်တော်ကိုပုဂ္ဂိုလ် တစ်ပါးကဲ့သို့ဖော်ပြသည် (မ ၂၈း၁၉။ ၂ကော ၁၃း၁၄)။

သန့်ရှင်းသောဝိညာဉ်တော်သည် ပင်ကိုစရိုက်ရှိသည်။ သူသည် ဆုံးမသည် (က ၆း ၃)၊ သွန်သင်သည် (လု ၁၂း၁၂)၊ အပြစ်ဖော်ပြသည် (ယေ ၁၆း၈)၊ အသင်းတော် ကိစ္စများ ကို ညွှန် ကြား သည် (တ ၁၃း၂)၊ ကူညီ၍ကြားဝင်ပေးသည် (ရော ၈း၂၆)၊ နှိုးဆော်သည် (၁ပေ ၁း ၂၁)၊ သန့်ရှင်းစေသည် (၁ပေ ၁း၂)။ ဤလုပ်ဆောင်ချက်များကို စွမ်းအင်အား ဖြင့်လည်းကောင်း၊ ဩဇာအားဖြင့် လည်းကောင်း၊ သို့မဟုတ် ဘုရားသခင်၏ဂုဏ်ရည် အားဖြင့်လည်းကောင်း မလုပ်ဆောင်နိုင်ချေ။ ပုဂ္ဂိုလ်တစ်ပါးပါးကသာလျှင် ၎င်းတို့ကိုလုပ် နိုင်သည်။

သန့်ရှင်းသောဝိညာဉ်တော်သည်အမှန်ပင်ဘုရားဖြစ်သည်

သမ္မာကျမ်းစာသည် သန့်ရှင်းသောဝိညာဉ်တော်ကို ဘုရားအဖြစ်ရှုမြင်သည်။ သန့်ရှင်း သောဝိညာဉ်တော်ကိုလှည့်စားရာ၌၊ ပေတရုသည်အာနနိကို လူကိုသာမုသား ပြော ပြီ မဟုတ်၊ ဘုရားသခင်ကို လည်းမုသားပြောပြီ” (တ ၅း၃၊၄) ဟုဆိုခဲ့သည်။ ယေရှုက အပြစ်ကို ဖြေ၍မရနိုင်သောအပြစ်   ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်ဖြစ်သည်ဟု ဆို သည်။ လူသားကို နှုတ်ဖြင့်ပြစ်မှားသော သူ၏ အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကို ယခုဘ၀၊ နောင်ဘ၀၌မလွှတ်နိုင်” (မ ၁၂း၃၁၊၃၂)။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်မှသာဤ အချက်မှန်နိုင် သည်။

သမ္မာကျမ်းစာသည် ဘုရား၏ဂုဏ်ရည်များကို သန့်ရှင်းသောဝိညာဉ်တော်နှင့် တွဲဖက် ထားသည်။ ပေါလုသည်သူ့ကို အသက်ရှင်စေသောဝိညာဉ်တော်” (ရော ၈း၂) ဟု ညွှန်းဆိုခဲ့ သည်။ သူသည်သမ္မာတရားဖြစ်သည်။ ခရစ်တော်သည်သူ့ကို သမ္မာတရားနှင့်ပြည့်စုံသော ဝိညာဉ်တော်” (ယော ၁၆း၁၃) ဟုခေါ်သည်။ ဝိညာဉ်တော်၏မေတ္တာ” (ရော ၁၅း၃၀) နှင့် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်” (ဧ ၄း၃၀) ဟူသောဖော်ပြချက် များက မေတ္တာ နှင့်သန့်ရှင်းခြင်းတို့သည် သူ့ဂုဏ်တော်၏ အစိတ်အပိုင်းဖြစ်ကြောင်းကို ဖော်ပြသည်။

သန့်ရှင်းသောဝိညာဉ်တော်သည် အနန္တတန်ခိုးရှင်ဖြစ်သည်။ သူသည်ဝိညာဉ် ဆုကျေးဇူး များကို လူအသီးအသီးတို့အား အသီးအသီးခံရသောအခွင့်ကို အလိုတော် ရှိသည်အတိုင်း” (၁ကော ၁၂း၁၁) ဝေငှသည်။ သူသည်နေရာတိုင်းတွင်ရှိသည်။ သူသည် မိမိလူတို့နှင့်အတူ အစဉ်မပြတ် တည်နေသည် (ယော ၁၄း၁၆)။ မည်သူမျှသူ၏ဩဇာ မှမလွှတ်နိုင်ချေ (ဆာ ၁၃၉း၇-၁၀)။ သူသည်လည်း အရာရာကိုသိရှိသည်။ ဝိညာဉ်တော်သည် ဘုရား၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသော အရာတို့ကိုစစ်တော်မူ၏။...... ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ် တော်မှတစ်ပါး အဘယ်သူမျှမသိ” (၁ကော ၂း၁၀၊၁၁)။

ဘုရားသခင်၏ လုပ်ဆောင်ချက်များကိုလည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် တွဲဖက် ထားသည်။ ဖန်ဆင်းခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတွင် သူပါဝင်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ငါ့ကိုဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏ အသက်တော်သည်  ငါ့ကိုအသက်ရှင်စေတော်မူပြီ” (ယောဘ ၃၃း၄)။ ဆာလံဆရာကလည်း ဝိညာဉ် တော်ကိုလွှတ်၍၊ သူတို့ကို ဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးမျက်နှာကိုအသစ်ပြုပြင်တော်မူ၏” (ဆာ ၁၀၄း၃၀) ဟုဆိုခဲ့သည်။ ပေါလုက ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသောဘုရားသည် သင်တို့အထဲ၌ ကိန်းဝပ်သော မိမိဝိညာဉ်တော်အားဖြင့်၊ သေ တတ်သော သင်တို့ ၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်” (ရော ၈း၁၁)။

ပုဂ္ဂိုလ်မဲ့ဩဇာ၊ ဖန်ဆင်းသောအရာမဟုတ်ဘဲ၊ နေရာတိုင်း၌ရှိသောပုဂ္ဂိုလ် ဘုရားက သာလျှင် ဘုရားရှင်ခရစ်တော်ကို မာရိထံသို့ ယူဆောင်နိုင်သော အံ့ဖွယ်နိမိတ်ကို ဆောင်ရွက် နိုင်သည်။ ပင်တေကုတ္တေပွဲနေ့တွင် ဝိညာဉ်တော်သည် ဘုရား-လူသားဖြစ်သောယေရှုကို လက်ခံလိုသော သူအားလုံးကို ပေးသည်။ နှစ်ခြင်းခံပုံသေနည်း (မ ၂၈း ၁၉)၊ တမန်တော်၏ ကောင်းချီးပေးခြင်း (၂ကော ၁၃း၁၄) နှင့် ဝိညာဉ်ဆုကျေးဇူးများ ဟောပြောချက် (၁ကော ၁၂း၄-၆) တို့တွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ခမည်းတော်၊ သားတော်တို့နှင့် တန်းတူ ဖြစ်သည်ကိုဖော်ပြသည်။

သန့်ရှင်းသောဝိညာဉ်တော်နှင့်သုံးပါးတစ်ဆူဘုရား

ထာ၀ရကာလမှစ၍ သန့်ရှင်းသောဝိညာဉ်တော် ဘုရားသည် သုံးပါးတစ်ဆူ ဘုရား အကြားတွင် တတိယအဖွဲ့ဝင်အဖြစ်ရှိနေခဲ့သည်။ ခမည်းတော်၊ သားတော်နှင့် ဝိညာဉ်တော် တို့သည် ညီတူညီမျှကိုယ်ဘာသာကိုယ်တည်ရှိနေကြသည်။ တစ်ပါးချင်းစီသည် တန်းတူ သော်လည်း၊ သူတို့အထဲတွင် သီးခြားလုပ်ငန်းရှိနေကြသည် (အခန်း ၂ ကိုဖတ် ပါ)။

သန့်ရှင်းသောဝိညာဉ်တော်ဘုရား အကြောင်း အမှန်တရားကို ယေရှုအားဖြင့် အကောင်း ဆုံး နားလည်နိုင်သည်။ ဝိညာဉ်တော်သည်ယုံကြည်သူတို့ထံသို့လာသောအခါ၊ ခရစ်တော်၏ ဝိညာဉ်တော်ကဲ့သို့လာသည်။ မိမိကိုယ်ပိုင်အခွင့်အရေး၊ မိမိသည် မည်သူဖြစ်သည် ဟူသောအထောက်အထားများဖြင့်မလာချေ။ သမိုင်းထဲကသူ၏ လှုပ်ရှားမှုများသည် ခရစ်တော်၏ ကယ်တင်ခြင်း လုပ်ငန်းအပေါ်ဗဟိုပြုသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်မွေးဖွားခြင်းတွင် ထိရောက်စွာပါဝင်၍ (လု ၁း၃၅)၊ သူ၏ လူထုအကြားသာသနာကို နှစ်ခြင်းခံ ချိန်တွင်အတည်ပြုပေးကာ (မ ၃း၁၆၊ ၁၇)၊ ခရစ်တော်၏အပြစ်ဖြေရာယဇ်ပူဇော်ခြင်းနှင့် ထမြောက်ခြင်းအကျိုးကျေးဇူးများကို လူသားတို့ ထံသို့ယူဆောင်လာခဲ့သည် (ရော ၈း၁၁)။

သုံးပါးတစ်ဆူဘုရားတွင် ဝိညာဉ်တော်သည်ဖြစ်မြောက်စေသူ၏ ကဏ္ဍ၌ပါဝင်ဟန် ရှိ၏။ ခမည်းတော်သည် မိမိသားတော်ကို ဤလောကကိုရွေးနုတ်ရန် လောကသို့ စေလွှတ်သောအခါ (ယော ၃း၁၆)၊ သန့်ရှင်းသောဝိညာဉ်တော်သည် မာရိကို ပဋိသန္ဓေတည်စေသည် (မ ၁း၁၈-၂၀)။ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုအစီအစဉ်ကိုပြည့်စုံစေရန်နှင့် အကောင်အထည် ဖော်ရန်ကြွလာခဲ့သည်။

ဖန်ဆင်းခြင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အတွင်းကျကျပါဝင်ခြင်းကို ဖန်ဆင်း ခြင်းတွင် သူ၏ရှိနေခြင်းတွင်မြင်ရသည် (က ၁း၂)။ အသက်၏မူလနှင့် စောင့်ရှောက်ခြင်းသည် သူ၏ လုပ်ငန်းအပေါ်တွင် တည်သည်။ သူထွက်သွားလျှင် သေဆုံးရ သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်သည် လူကိုအလိုတော်မရှိ ၍၊ လူ၏အသက်ဝိညာဉ်ကိုရုပ်သိမ်းတော်မူလျှင်၊ ခပ်သိမ်းသောလူ သတ္တဝါတို့သည် ချက် ချင်းသေပျောက်၍၊ မြေမှုန့် သို့ တစ်ဖန်ရောက်ရကြလိမ့်မည်” (ယောဘ ၃၄း၁၄၊၁၅) ဟု ဖော်ပြသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ဖန်ဆင်းခြင်း လုပ်ငန်းပုံရိပ်ကို ဘုရား သခင် ကို လက်ခံသောသူတစ်ဦးချင်းစီအထဲ၌ သူ၏ပြန်လည် ဖန်ဆင်းခြင်း အလုပ်တွင်မြင်နိုင် သည်။ ဘုရားသခင်သည် မိမိအလုပ်ကို တစ်ဦးချင်းစီ အထဲတွင် ဖန်ဆင်းရှင် ဝိညာဉ်တော် အားဖြင့် အကောင်အထည်ဖော်သည်။ ထိုကြောင့် လူ့ဇာတိခံယူခြင်း၊ ဖန်ဆင်းခြင်းနှင့် အသစ်ဖန်ဆင်းခြင်းတို့တွင်၊ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကိုပြည့်စုံ စေသည်။

ကတိပြုသောဝိညာဉ်တော်

ကျွန်ုပ်တို့ကိုသန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ရာအဖို့ ရည်ရွယ်ထားသည် (၁ ကော ၃း၁၆)။ အာဒံနှင့်ဧ၀၏အပြစ်သည် သူတို့ကိုဥယျာဉ်နှင့်ဝိညာဉ်တော်ကိန်းဝပ် ခြင်းမှ ခွဲခွာစေခဲ့ သည်။ ထိုခွဲခွာခြင်းသည် အပြစ်စိုးမိုးသောနေရာတိုင်းတွင် ဆက်လက် ရှိနေသည်။ နောဧ လက်ထက်တွင် ကမ္ဘာပေါ် သို့တရားစီရင်ခြင်းအဖြစ် ဘုရားသခင်သည် ရေလွှမ်းမိုးစေခဲ့သည် မှာ မကောင်းမှုများပြားခြင်းကြောင့် ဖြစ်သည်။ ရေမလွှမ်းမိုးမီ၊ ဘုရားသခင်က ငါ့ဝိညာဉ် သည် လူတို့တွင်အစဉ်မဆုံးမရ” (က ၆း၃) ဟု ကြေညာ ခဲ့သည်။

ဓမ္မဟောင်းကျမ်းအချိန်တွင် ဝိညာဉ်တော်သည်လူတချို့ကို အထူးတာဝန်ထမ်း ဆောင်ရန် တန်ဆာတပ်ဆင်ပေးခဲ့သည် (တော ၂၄း၂။ တရား ၆း၃၄။ ၁ရာ ၁ဝး၆)။ တစ်ခါတစ်ရံ သူသည် လူတို့ အထဲ၌ရှိသည် (ဟေရှာ ၆၃း၁၁)။ ဧန်ကန်မုချ၊ စစ်မှန်သော ယုံကြည်သူ တို့သူရှိနေခြင်းကို အမြဲသိနေကြသည်။ သို့သော် လူမျိုး တကာတို့” (ယောလ ၂း၂၈) အပေါ် သို့ ဝိညာဉ်တော် သွန်းလောင်းမည့် ကြိုတင် ဟောပြောချက်သည် ဝိညာဉ်တော်သည်သာ၍ ကြီးကြီးမားမား ကိုယ်ယောင်ထင်ပြသည့်အခါ ကဏ္ဍ သစ်တစ်ရပ်ကိုဖွင့် ပေးလိမ့်မည်။

လောကသည်ကျူးကျော်သူ၏ လက်ထဲတွင်ရှိနေစဉ်၊ ဝိညာဉ်တော်အပြည့်အဝ သွန်း လောင်းခြင်းကိုစောင့်ရမည်။ လူမျိုးတကာတို့အပေါ်သို့ဝိညာဉ်တော်မသွန်းလောင်း နိုင်မီ၊ ခရစ်တော်သည် မြေကြီးပေါ်သာသနာပြုခြင်းနှင့် အပြစ်ဖြေခြင်း ယဇ်ပူဇော်ခြင်းကို ဆောင်ရွက် ရမည်။ ခရစ်တော်၏ သာသနာကို ဝိညာဉ်တော်၏သာသနာကဲ့သို့ ညွှန်ပြရာ တွင်၊ နှစ်ခြင်းဆရာယောဟန်က ငါသည်... ရေနှင့်ဗတ္တိဇံကိုပေး၏။... ထို သူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်... သင်တို့ကိုဗတ္တိဇံပေးမည်” (မ ၃း၁၁) ဟု ဆိုခဲ့သည်။ သို့သော်၊ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဗတ္တိဇံပေးသည်ကို ခရစ်ဝင်ကျမ်းများက မဖော်ပြချေ။ သူ မသေမီအချိန်ကလေးတွင်၊ ယေရှုသည် မိမိတပည့်တော်တို့အား ငါသည်ခမည်းတော်ကို တောင်း၍၊ ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တစ်ပါးသောဥပဇ္ဈာယ်ဆရာကိုသင်တို့နှင့်အတူ အစဉ်မပြတ်တည် နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်” (ယော ၁၄း၁၆၊ ၁၇) ဟု ကတိပေးခဲ့သည်။ ကတိပေးသော ဝိညာဉ်တော်ဗတ္တိဇံကို လက်ဝါးကပ်တိုင်၌ ခံခဲ့သလော။ သူမထမြောက် မီအချိန်ထိ ယေရှုသည် ဝိညာဉ်တော်ကို တပည့်တော်များ အပေါ်သို့မှုတ်သွင်းတော်မမူချေ (ယော ၂ဝး၂၂)။ သူက၊ ကြည့်ရှုလော့ ငါ့ခမည်းတော်၏ ကတိရှိသည်အတိုင်း သင်တို့၌ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်က တန်ခိုးကိုမခံမီတိုင်အောင်၊ ယေရုရှလင်မြို့၌နေကြဦးလော့ဟုမိန့်တော်မူ၏” (လု ၂၄း၄၉)။ သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည်တန်ခိုး ကိုခံရ၍၊... မြေကြီး စွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်” (တ ၁း၈)။

ယောဟန်က ယေရှုသည်ဘုန်းပွင့်တော်မမူသေးသောကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး” (ယော ၇း၃၉) ဟုရေးခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းရန်အတွက်၊ ခရစ်တော်၏ယဇ်ပူဇော်ခြင်းကို ခမည်းတော်သည် လက်ခံရန်လိုအပ်၏။

ကျွန်ုပ်တို့၏အောင်မြင်သောသခင်သည် ကောင်းကင်ပလ္လင်ပေါ်ထိုင်ပြီးမှ သာလျှင် ကမ္ဘာ သစ် ရောက်လာနိုင်သည်။ သို့မှသာသူသည် သန့်ရှင်းသောဝိညာဉ်တော် ကိုအပြည့် အဝစေလွှတ်နိုင်သည်။ ပေတရုက ဘုရားသခင်သည်လက်ယာတော်နှင့် ချီးမြှင့်ပြီး နောက်၊ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်ကို၊ တညီတညွတ်တည်း ကြိုးစား၍၊ ဆုတောင်းပတ္ထနာပြု” (တ ၁း၅၊၁၄) ၍ စုရုံး သည့် စိတ်လှုပ်ရှားနေကြသော မိမိတပည့် တော်များအပေါ်သို့ ညွှန်းလောင်း” (တ ၂း၃၃) သည်ဟု ဆိုခဲ့သည်။ ကရာနိကုန်းပေါ် အသေခံပြီး၊ ရက်ပေါင်း (၅၀) မြောက်ပင်တေကုတ္တေပွဲတွင် ဝိညာဉ်တော် တည်ရှိခြင်း ၏တန်ခိုးအလုံးစုံဖြင့် ခေတ် သစ် ထွက်ပေါ်လာခဲ့သည်။ ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့ သောအသံသည် တစ်ခဏချင်း တွင်ကောင်းကင်မှလာ၍၊ သူတို့နေထိုင်သောအိမ် ကိုဖြည့် လေ၏။... ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ကြ ” (တ ၂း၂-၄)။

ယေရှုနှင့်သန့်ရှင်းသောဝိညာဉ်တော်၏ သာသနာသည် တစ်ခုနှင့်တစ်ခုလုံး၀အမှီ ပြု၏။ ယေရှုသည်သူ၏ သာသနာကို မပြီးစီးမီ၊ သန့်ရှင်းသောဝိညာဉ်တော်ကို အပြည့် အဝပေး၍ မရနိုင်ချေ။ အခြားတစ်ဖက်တွင်၊ ယေရှုသည်ဝိညာဉ်တော်ဖြင့် ပဋိသန္ဓေခံ ယူသည် (မ ၁း၈-၂၁)၊ နှစ်ခြင်းခံသည် (မာ ၁း၉၊၁၀)၊ ပို့ဆောင်ခြင်းခံရသည် (လု ၄း၁)၊ နိမိတ်လက္ခဏာများပြုလုပ်သည် (မ ၁၂း၂၄-၃၂)၊ ကရာနိတွင် အသေခံသည် (ဟေဗြဲ ၉း ၁၄၊၁၅)၊ ရှင်ပြန်ထမြောက်သည် (ရော ၈း၁၁)။

ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော်ကို အပြည့်အဝခံယူသော ပထမပုဂ္ဂိုလ် ဖြစ်၏။ အလွန်အံ့ဖွယ်သောအမှန်တရားမှာ ကျွန်ုပ်တို့၏သခင်သည် မိမိဝိညာဉ်တော်ကို လေးလေး နက်နက်လိုချင်သောသူအားလုံးအပေါ်သို့သွန်းလောင်းရန် လိုလိုလားလားရှိ နေခြင်းဖြစ်၏။

သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ငန်းတာဝန်

ခရစ်တော်အသေ မခံမီညနေတွင်၊ သူထွက်ခွာသွားမည့် အကြောင်းပြောသော  စကားသည် သူ၏တပည့်တော်တို့ကို ကြီးစွာသောစိတ်သောကရောက်စေခဲ့သည်။ မိမိကိုယ်ပိုင် ကိုယ်စားလှယ်အဖြစ်၊ သန့်ရှင်းသောဝိညာဉ်တော်ကို သူတို့ရရှိမည်ဖြစ်ကြောင်း ချက်ချင်းအခိုင်အမာဆိုခဲ့သည်။ သူတို့ကိုမိဘမဲ့ကဲ့သို့ထားရစ်မည်မဟုတ် (ယော ၁၄း၁၈)။

တာဝန်၏မူလ။ ဓမ္မသစ်ကျမ်းသည် သန့်ရှင်းသောဝိညာဉ်တော်ကို တစ်မူထူး၍ ဖော်ပြ သည်။ ယေရှု၏ဝိညာဉ်တော်” (တ ၁၆း၇ NIV)၊ သားတော်၏ဝိညာဉ်တော်” (ဂလ ၄း၆)၊ ဘုရားသခင်၏ဝိညာဉ်တော်” (ရော ၈း၉)၊ ခရစ်တော်၏ဝိညာဉ်တော်” (ရော ၈း၉။ ၁ပေ ၁း၁၁)၊ ယေရှုခရစ်၏ ဝိညာဉ်တော်” (ဖိ ၁း၁၉) ဟုခေါ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ငန်းတာဝန်ကို အဘယ်သူအစပြုသနည်း၊ ယေရှုခရစ်တော်လော၊ သို့မဟုတ် ခမည်းတော်ဘုရားလော။

ခရစ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ပျောက်ဆုံးသောလောကသို့ လုပ် ငန်းကို ဖော်ပြရာတွင်၊ အရင်းအမြစ်နှစ်ခုထုတ်ဖော်သည်။ ပထမအနေဖြင့်သူသည် ခမည်းတော်ကို ရည်ညွှန်းသည်။ ငါသည်ခမည်းတော်ကိုတောင်း၍၊ ခမည်းတော်သည်... တစ်ပါးသော ဥပဇ္ဈာယ်ဆရာကို... ပေးတော်မူ၏” (ယော ၁၄း၁၆)။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဗတ္တိဇံခံခြင်းကို ခမည်းတော်၏ကတိ” (တ ၁း၄) ဟုသူခေါ်သည်။ ဒုတိယအနေဖြင့်၊ ခရစ်တော်သည် မိမိကိုယ်ကိုရည်ညွှန်းသည်။ ထိုသူ (ဝိညာဉ်တော်)ကို သင်တို့ဆီသို့ ငါစေလွှတ်မည်” (ယော ၁၆း၇)။ ထိုကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ခမည်းတော်နှင့် သားတော်ထံမှတစ်ဆင့်ရှေ့ဆက်လုပ်ဆောင်သည်။

လောကသို့သူ၏လုပ်ငန်း။ ခရစ်တော်၏အရှင်သခင်ဖြစ်ခြင်းကို သန့်ရှင်းသောဝိညာဉ်တော်၏ လွှမ်းမိုးမှုအားဖြင့်သာလျှင် ကျွန်ုပ်တို့အသိအမှတ်ပြုနိုင်သည်။ ပေါလု က ယေရှုသည် သခင်ဘုရားဖြစ်တော်မူ၏ဟု သန့်ရှင်းသောဝိညာဉ်တော်ကိုအမှီမပြုလျှင် အဘယ်သူမျှမပြောနိုင်” (၁ကော ၁၂း၃) ဟုဆိုခဲ့သည်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်၊ ဟုတ်မှန်သောအလင်း" ဖြစ်သည့် ခရစ်တော်သည် လူအပေါင်းတို့အားအလင်းကိုပေး” (ယော ၁း၉) ကြောင်း၊ ကျွန်ုပ်တို့ကို အာမခံချက် ပေးသည်။ သူသည် ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ အပြစ်ကင်းခြင်းကို လည်းကောင်း၊ အပြစ်စီရင်ခြင်းကို လည်းကောင်း လောကီသားတို့အား ထင်ရှားစွာဖော်ပြမည်” (ယော ၁၆း၈)။

ရှေးဦးစွာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကိုအပြစ်၊ အထူးသဖြင့် ခရစ်တော်ကို လက်မခံသောအပြစ်ကို လေးလေးနက်နက်ဖော်ပြပေးသည် (ယော ၁၆း၉)။ ဒုတိယ အဆင့်တွင်၊ ဝိညာဉ်တော်သည် လူအားလုံးအား ခရစ်တော်၏ ဖြောင့်မတ်ခြင်းကို လက်ခံရန် တိုက်တွန်းသည်။ တတိယအဆင့်တွင်၊ ဝိညာဉ်တော်သည်နောင်တ တရားနှင့် ပြောင်းလဲခြင်းလိုအပ်သည်ကို အပြစ်၏ မှိုင်းတိုက်ခြင်းခံရသော စိတ်ကိုနှိုးဆွရာတွင် ထိရောက်သည့် ကိရိယာ ဖြစ်သော တရားစီရင်ခြင်းကို သတိပေးသည်။

ကျွန်ုပ်တို့နောင်တရပြီးသောအခါ၊ ကျွန်ုပ်တို့သည် ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်၏ ဗတ္တိဇံအားဖြင့် အသစ်မွေးဖွားသည် (ယော ၃း၅)။ ထိုအခါ၊ ကျွန်ုပ်တို့သည် ခရစ်တော်၏ ဝိညာဉ်တော်ကိန်းဝပ်ရာဖြစ်လာသောကြောင့်၊ အသစ်သောအသက်တာကို ပိုင် ဆိုင်ရ၏။

ယုံကြည်သူများအတွက်သူ၏လုပ်ငန်း။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပတ်သက်သော ကျမ်း ချက်အများစုသည် သူနှင့်ဘုရားသခင်၏လူများဆက်ဆံရေး အကြောင်းဖြစ်သည်။ သူ၏ စင်ကြယ်စေသော ဩဇာသည် နားထောင်ခြင်းသို့ပို့ဆောင်သည် (၁ပေ ၁း၂)။ သို့သော် ထိုအခြေအနေများကို ဖြည့်ဆည်းခြင်းမရှိဘဲ၊ ဝိညာဉ်တော် ကိန်းဝပ်ခြင်းကို မည်သူမျှ ဆက် လက်တွေ့ကြုံရမည်မဟုတ်။ ပေတရုက ဘုရားသခင်သည် သူ့အား ဆက်လက်နားထောင်သော သူတို့ကို ဝိညာဉ်တော်ပေးသည် ဟုဆိုသည် (တ ၅း၃၂)။ ထိုကြောင့်ယုံကြည်သူတို့ အားဝိညာဉ်တော်ကိုဆန့်ကျင်ခြင်း၊ စိတ်နာစေခြင်း၊ ငြိမ်းစေခြင်းမပြုရန် သတိပေးထားသည် (တ ၇း၅၁။ ဧ ၄း၃၀။ ၁သက် ၅း၁၉)။

ဝိညာဉ်တော်သည် ယုံကြည်သူများအတွက် မည်သည့်အရာကိုပြုလုပ်သနည်း။

၁။ သူသည်ယုံကြည်သူများကိုကူညီသည်။ သန့်ရှင်းသောဝိညာဉ်တော်ကို မိတ်ဆက်ပေးချိန်က၊ ခရစ်တော်သည်သူ့ကို တစ်ပါးသောဥပဇ္ဈာယ်ဆရာ” (ယော ၁၄း၁၆) ဟု ခေါ်သည်။ ဤ ဂရိစကားလုံးကို ကူညီသူ၊” “နှစ်သိမ့်သူ၊” “အကြံပေးသူ၊ဟူ၍ဘာသာပြန်ဆိုပြီး၊ ကြားဝင်သူ၊” “ဖျန် ဖြေသူ၊” ”ရှေ့နေဟုလည်းအဓိပ္ပါယ်ရသည်။

သမ္မာကျမ်းစာတွင် ဤစကားလုံးကို တစ်ခုတည်း နောက်ထပ်အသုံးပြုသည်မှာ ခရစ်တော် ကိုယ်တိုင်ဖြစ်သည်။ သူသည်ခမည်းတော်ရှေ့တွင် ကျွန်ုပ်တို့၏ရှေ့နေ သို့မဟုတ် ဖျန်ဖြေသူဖြစ်သည်။ ချစ်သားတို့၊ သင်တို့သည်ဒုစရိုက်ကိုမပြုစေခြင်းငှာ၊ ဤအရာများကို သင်တို့အားငါရေး၍ ပေးလိုက်၏။ တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏” (၁ယော ၂း၁)။

ကြားဝင်သူ၊ ဖျန်ဖြေသူနှင့်ကူညီသူအဖြစ်၊ ခရစ်တော်သည် ကျွန်ုပ်တို့ကို ဘုရားသခင်ထံသို့ တင်ဆက်၍၊ ကျွန်ုပ်တို့အားဘုရားသခင်ကိုဖော်ပြသည်။ အလားတူစွာ၊ ဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ခရစ်တော်ထံသို့လမ်းပြ၍၊ ခရစ်တော်၏ ကျေးဇူး တော်ကို ကျွန်ုပ်တို့အားပြသသည်။ ဤအရာကဝိညာဉ်တော်ကို ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်” (ဟေဗြဲ ၁ဝး၂၉) ဟုခေါ်ကြောင်းရှင်းပြသည်။ သူ၏အကြီးမားဆုံးသော ဆောင်ရွက်မှုတစ်ခုမှာ ခရစ်တော်၏ ရွေးနုတ်သောကျေးဇူးတော်ကို လူတို့ထံအကျိုး သက် ရောက်စေခြင်းဖြစ်သည်။

၂။ သူသည်ခရစ်တော်၏သမ္မာတရားကိုယူဆောင်လာသည်။ ခရစ်တော်သည် သန့် ရှင်း သောဝိညာဉ်တော်ကို သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်” (ယော ၁၄း၁၇။ ၁၅း၂၆။ ၁၆း၁၃) ဟု ခေါ်သည်။ သူ၏လုပ်ငန်းသည် ငါပြောခဲ့သမျှသောစကား တို့ကို မှတ်မိသော ဥာဏ်” (ယော ၁၄း၂၆) ကိုပေး၍၊ သမ္မာတရားကိုသင်တို့အားအကြွင်းမဲ့ သွန် သင်ပြသ လိမ့် မည်” (ယော ၁၆း၁၃)။ သူ၏သတင်းစကားသည် ယေရှုခရစ်တော်ကို သက်သေခံသည် (ယော ၁၅း၂၆)။ ထိုဝိညာဉ်တော် သည်ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကိုဟောပြောလိမ့်မည်။ နောင်လာ လတ္တံ့သောအရာ တို့ကိုလည်း သင်တို့အားဖော်ပြလိမ့်မည်။ ထိုသူသည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်မည်။ အ ကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍၊ သင်တို့အားဖော်ပြလိမ့်မည်” (ယော ၁၆း၁၃၊၁၄)။

၃။ သူသည်ခရစ်တော်၏ရှိနေခြင်းကိုယူဆောင်လာသည်။ သူသည် ခရစ်တော် အ ကြောင်းသတင်းစကားကိုသာမက၊ ခရစ်တော်၏ရှိနေခြင်းကိုလည်း ယူဆောင်လာသည်။ ယေရှုက၊ ငါသွားလျှင်သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာ (သန့်ရှင်းသော ဝိညာဉ်တော်)သည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကိုသင်တို့ ဆီ သို့ငါစေလွှတ်မည်” (ယော ၁၆း၇) ဟုဆိုခဲ့ သည်။

လူ့ဇာတိဖြင့် နှေးကွေးသောလူသားယေရှုသည် နေရာတိုင်းတွင်ရှိ မနေနိုင်ရာ၊ အခြေအနေအရ သူထွက်ခွာရန် လျော်ကန်သင့်မြတ်သည်။ ဝိညာဉ်တော်အားဖြင့်၊ သူသည် အချိန်တိုင်း၊ နေရာတိုင်း တွင်ရှိနိုင်သည်။ ယေရှုက၊ ငါသည်ခမည်းတော်ကို တောင်း၍၊ ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တစ်ပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ၊ သင်တို့အားပေးတော်မူမည်ဟုဆိုခဲ့သည်။ ဝိညာဉ်တော်သည် သင်တို့နှင့် အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။ ငါသည်သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှာ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့လာဦးမည်” (ယော ၁၄း၁၇၊၁၈) ဟုလည်း အာမခံချက် ပေးခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်၏ကိုယ်စားလှယ်ဖြစ် သည်။ သို့သော် လူသားစရိုက်ကိုပယ်ဖျက်ပြီး၊ ၎င်းမှသီးခြားရှိနေသည်။

လူ့ဇာတိခံယူရာ၌၊ သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်၏ရှိနေခြင်းကို လူသား တစ်ဦး မာရိထံသို့ယူဆောင်လာခဲ့သည်။ ပင်တေကုတ္တေပွဲနေ့တွင် ဝိညာဉ်တော်သည် အောင် မြင်သော ခရစ်တော်ကို လောကသို့ယူဆောင်လာခဲ့သည်။ ခရစ်တော်၏ ငါသည်သင့်ကို မစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား” (ဟေဗြဲ ၁၃း၅) နှင့် ငါသည်လည်းကပ်ကမ္ဘာကုန်သည် တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်” (မ ၂၈း၂၀) ဟူသောကတိတော်များကို ဝိညာဉ်တော်အားဖြင့်နားလည်ရသည်။ ဤအကြောင်းကြောင့်၊ ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်းတွင် ဘယ်ခါမျှအသုံးမပြုဖူးသောဂုဏ်ပုဒ် ယေရှုခရစ်၏ ဝိညာဉ်တော်ဟူသောနာမကို ဝိညာဉ်တော်အားပေးသည် (ဖိ ၁း၁၉၊ ၂၀)။

ဝိညာဉ်တော် အားဖြင့် ခမည်းတော်နှင့်သားတော်တို့သည် ယုံကြည်သူများကို မိမိတို့၏ နေရာချရာ (ယော ၁၄း၂၃) ဖြစ်စေသကဲ့သို့၊ ယုံကြည်သူများသည် ခရစ်တော်၌ တည်နိုင်မည့် တစ်ခုတည်း သော နည်းလမ်းမှာ ဝိညာဉ်တော်အားဖြင့်ဖြစ်သည်။

၄။   သူသည်အသင်းတော်၏လုပ်ငန်းကိုလမ်းညွှန်သည်။   သန့်ရှင်းသောဝိညာဉ် တော်သည် စင်စစ်ခရစ်တော်၏ တည်ရှိနေခြင်းကိုယူဆောင်သောကြောင့်၊ သူသည်မြေကြီးပေါ်တွင်၊ စစ်မှန်ပြီးအသက်ရှင်သောခရစ်တော်၏ကိုယ်စားလှယ်ဖြစ်သည်။ ယုံကြည်ခြင်းနှင့် ယုံကြည်ချက်ဆိုင်ရာကိစ္စများတွင်  အခွင့်အာဏာရှိသူအဖြစ်၊  ဝိညာဉ်တော်သည် အသင်းတော်ကို သမ္မာကျမ်းစာနှင့် လုံး၀ကိုက်ညီစွာဦးဆောင်သည်။  ပရိုတက်စတင့်ဝါဒ၏ ထူခြားသောအင်္ဂါရပ်မှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် မြေကြီးပေါ်တွင် ခရစ်တော်၏စစ်မှန်သောအရိုက်အရာ ခံသူဖြစ်သည်ဟူ၍ လက်ခံခြင်းဖြစ်သည်။ အဖွဲ့အစည်း၊ ခေါင်းဆောင်များ၊ သို့မဟုတ်လူတို့၏ပညာ တွင်မှီခိုခြင်းသည် လူသားဖြင့် ဘုရားရှင်ကို အစားထိုးခြင်းဖြစ်၏။”  

သန့်ရှင်းသော ဝိညာဉ်တော်သည် တမန်တော်များ အသင်းတော်၏ လုပ်ငန်းတွင် အတွင်းကျကျပါဝင်ခဲ့သည်။ သာသနာပြုများကိုရွေးချယ်ရာတွင်၊ အသင်းတော်သည် သူ လမ်းပြမှုကို ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့်ရရှိကြသည် (တ ၁၃း၁- ၄)။ ရွေးချယ်ခံရသူတစ်ဦးချင်းသည် ဝိညာဉ်တော်၏ ဦးဆောင်မှုကို လက်ခံသူများဖြစ် သည်။ တမန်တော် ဝတ္ထုသည် သူတို့ကို သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်” (တ ၁၃း၉) သူများအဖြစ် ဖော်ပြသည်။ သူတို့သည် သူ၏ထိန်းချုပ်မှုအောက်၌ လုပ်ဆောင်ကြသည် (တ ၁၆း၆၊ ၇)။ အသင်းလူကြီးများသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မိမိတို့ရာထူးရ ရှိကြောင်းကို
ပေါလု သတိပေးခဲ့သည်။

အသင်းတော်၏ စည်းလုံးမှုကို ခြိမ်းခြောက်သည့် ပြင်းထန်သော အခက်အခဲများ ကို ဖြေရှင်းရာ တွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် အရေးကြီးသောကဏ္ဍတွင်ပါဝင် ခဲ့သည်။ အမှန်မှာ၊ သမ္မာကျမ်းစာသည် ပထမဦးဆုံးအသင်းတော်၏အစည်းအဝေးဆုံး ဖြတ်ချက်များကို သန့်ရှင်းသောဝိညာဉ်တော်နှင့်ငါတို့သည်အလိုမရှိ” (တ ၁၅း၂၉) ဟူ သောစကားလုံးဖြင့် အစပြုခဲ့ သည်။

၅။ သူသည်အသင်းတော်ကို အထူးဆုကျေးဇူးများတပ်ဆင်ပေးသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူးဆုကျေးဇူးများကို ဘုရားသခင်၏ လူများကို အပ်နှင်းသည်။ ဓမ္မဟောင်းကျမ်းအချိန်တွင် ထာ၀ရဘုရား၏ ဝိညာဉ်တော်သည် သူတို့အပေါ်သို့ သက်ရောက်} ၍၊ ဣသရေလ တို့ကိုဦးဆောင်ရန်နှင့် ကယ်တင်ရန်အထူးတန်ခိုးများ (သူ ကြီး ၃း၁၀။ ၆း၃၄။ ၁၁း၂၉) နှင့် ပုရောဖက် ပြုရန်အစွမ်းကိုပေးသည် (တော ၁၁း၁၇၊၂၅၊ ၂၆။ ၂ရာ ၂၃း၂)။ ရှောလုနှင့်ဒါဝိဒ်ကို ဘုရားသခင်လူတို့၏ခေါင်းဆောင်များအဖြစ် ဘိသိက်ပေးချိန်တွင်၊ သူတို့အပေါ်သို့ ဝိညာဉ်တော်ဆင်းသက်သည် (၁ရာ ၁ဝး၆၊ ၁၀။ ၁၆း ၁၃)။ လူတချို့အတွက်၊ ဝိညာဉ်တော်နှင့်ပြည့်သောအခါ၊ ထူးခြားသော အနုပညာတတ်ကျွမ်းမှုရှိလာကြသည် (ထွက် ၂၈း၃။ ၃၁း၃။ ၃၅း၃၀-၃၅)။

ရှေးဦးအသင်းတော်တွင်လည်း၊ ခရစ်တော်သည်အသင်းတော်အပေါ် မိမိဆုကျေးဇူးများကို အပ်နှင်းသည်မှာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်သည်။ ဝိညာဉ်တော် ထင်ရှားစွာပေးတော် မူသောကြောင့်၊ အသင်းတော်တစ်ခုလုံးသည် အကျိုးခံစားရသည် (တ ၂း၃၈။ ၁ကော ၁၂း၇-၁၁)။ မြေကြီး စွန်းတိုင်အောင် ဧဝံဂေလိသတင်းကြွေးကြော်ရန်အတွက်၊ ဝိညာဉ်တော်သည် လိုအပ်သော အထူးတန်ခိုးကို စီစဉ်ပေးခဲ့သည် (တ ၁း ၈)။

၆။ သူသည်ယုံကြည်သူတို့၏စိတ်နှလုံးကိုဖြည့်ပေးသည်။ ပေါလုက ဧဖက်မြို့ရှိ တပည့် တော်များကို သင်တို့သည်ယုံကြည်သည်နောက်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြပြီလော” (တ ၁၉း၂) ဟူသောမေးခွန်းသည် ယုံကြည်သူတိုင်းအတွက် အလွန်အရေးပါသော မေးခွန်း ဖြစ်သည်။

ပေါလုသည်သူတို့မရရှိသည့်အဖြေကိုရရှိသောအခါ၊ ထိုတပည့်များအပေါ်သို့လက်ကိုတင်၍၊ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံကိုခံရကြသည် (တမန်၁၉း၆)။

ဤဖြစ်ရပ်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အပြစ်ထင်ရှားစေခြင်းနှင့် ဝိညာဉ်တော် ၏ အသက်တာကိုဖြည့်ခြင်းတို့သည် ခြားနားသောအတွေ့အကြုံနှစ်ခုဖြစ်ကြောင်း ကိုညွှန်ပြ၏။

ယေရှုသည်ရေဖြင့် မွေးဖွားခြင်းနှင့် ဝိညာဉ်တော်ဖြင့်မွေးဖွားခြင်း လိုအပ်ချက်ကို ထောက်ပြ ခဲ့သည်(ယော ၃း၅)။ ကောင်းကင်သို့မတက်ကြွမီ ယုံကြည်သူအသစ်များကို ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌” (မ ၂၈း၁၉) နှစ်ခြင်းပေး ရန် မိန့်ကြားခဲ့၏။ ဤအမိန့်နှင့် လျော်ညီစွာ၊ နှစ်ခြင်းခံချိန်တွင် သန့်ရှင်းသော ဝိညာဉ် တော် တည်းဟူသော ဆုကျေးဇူး” (တ ၂း၃၈) ကို ခံရကြမည်ဖြစ်ကြောင်း ပေတရုဟော ခဲ့သည်။ ပေါလုသည်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ ဗတ္တိဇံအရေးကြီးကြောင်းကို၊ ယုံကြည်သူတို့အား ဝိညာဉ် တော်နှင့်ပြည့်စုံလျက်ရှိကြလော့” (ဧ ၅း၁၈) ဟု အရေးတ ကြီးတောင်းဆိုခြင်းဖြင့် အတည် ပြုသည်။

သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်၀ခြင်းသည် ကျွန်ုပ်တို့ကိုဘုရားသခင်၏ ပုံသဏ္ဌာန်တော်သို့ ပြောင်းလဲပေး၍၊ အသစ်မွေးဖွားခြင်း၌စတင်ခဲ့သော စင်ကြယ်စေခြင်း အမှုကို ဆက်လက်လုပ်ဆောင်သည်။ ဘုရားသခင်သည် မိမိသနားခြင်းကရုဏာတော်နှင့် အညီ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်... ငါတို့ကိုကယ်တင် တော်မူ၏။   ငါတို့ကိုကယ်တင်သောအရှင်ယေရှုခရစ်အားဖြင့်  ငါတို့အပေါ်သို့ထို ဝိညာဉ်  တော်ကို ကြွယ်၀စွာ သွန်း လောင်းတော်မူ၏” (တိ ၃း၅၊၆)။

ဝိညာဉ်တော်မပါရှိခြင်းကြောင့် ဧဝံဂေလိသာသနာသည် တန်ခိုးမဲ့ခဲ့ရသည်။ ပညာ၊ စွမ်းရည်၊ စကားပြောကောင်းခြင်း၊ ပင်ကို သို့မဟုတ် လေ့ကျင့်ယူသောအရည် အချင်း တို့ကိုပိုင်ဆိုင်နိုင်သည်။ သို့သော်၊ ဘုရားသခင်၏ဝိညာဉ်တော်မပါရှိပါက၊ စိတ်နှလုံးကိုထိ ၍၊ အပြစ်သားကို ခရစ်တော်ထံခေါ် ဆောင်နိုင်မည်မဟုတ်ချေ။ အခြားတစ် ဖက်တွင်မူ၊ အကယ်၍သူတို့သည် ခရစ်တော်နှင့် ဆက်သွယ်၍၊ ဝိညာဉ်တော် ဆုကျေးဇူးများကိုပိုင် ဆိုင်လျှင်၊ အဆင်းရဲဆုံးနှင့် ပညာအမဲ့ဆုံးသော သူ၏ တပည့်များသည် စိတ်နှလုံးကိုတို့ ထိအောင်ပြော နိုင်သည့်တန်ခိုးရှိကြလိမ့်မည်။ ဘုရားသခင်သည် သူတို့ကို စကြ၀ဠာ၌ အမြင့်မားဆုံးသော ဩဇာယိုစီးရာလမ်းကြောင်းဖြစ်စေမည်။

ဝိညာဉ်တော်သည် မရှိမဖြစ်လိုအပ်သည်။ ကျွန်ုပ်တို့အထဲ၌ ယေရှုခရစ်တော် ဖြစ်ပေါ်စေသော ပြောင်းလဲမှုအားလုံးသည် ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းအားဖြင့် လာသည်။ ယုံကြည်သူများ အနေဖြင့်ကျွန်ုပ်တို့သည် ဝိညာဉ်တော်မပါလျှင် ဘာမျှမစွမ်း ဆောင် င် သည်ကို အစဉ်အောက်မေ့ ရ မည် (ယော ၁၅း၅)။

ယနေ့မိမိသားတော်၌ ဘုရားသခင်ပေးသည့် အကြီးမားဆုံးသောမေတ္တာကို ကျွန်ုပ် တို့ အာရုံပြု နိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်ညွှန်ပြပေးသည်။ သူ၏ဖိတ်ခေါ် ခြင်းကို ကျွန်ုပ်တို့ မငြင်းပယ်ဘဲ၊ ကျွန်ုပ်တို့၏ ချစ်ဖွယ်ကရုဏာရှင်ခမည်းတော်နှင့် ကျွန်ုပ်တို့သင့် မြတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ကိုလက်ခံရန် သူတောင်းဆို သည်။

 

                                                                                  - ၀ -

မူလမာတိကာသို့

No comments:

Post a Comment