ထာ၀ရခမည်းတော်ဘုရားသည် ဖန်ဆင်းခြင်း အားလုံးတို့၏ဖန်ဆင်းရှင်၊ မူလအစ၊ အထောက်အမနှင့်အချုပ်အခြာ အာဏာပိုင်ဖြစ်သည်။ ကိုယ်တော်သည် ဖြောင့်မတ်သန့်ရှင်းသော၊ သနားခြင်းကရုဏာနှင့်ပြည့်စုံသော၊ စိတ်ရှည်သော၊ တည်မြဲသောမေတ္တာနှင့် သစ္စာစောင့်ခြင်း၌ ကြွယ်၀သောအရှင် ဖြစ်တော်မူသည်။ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့တွင် ပြသတော်မူသော အရည်အချင်းများနှင့် တန်ခိုးများတို့သည် ခမည်းတော်၌လည်း ထုတ်ဖော်ပြသသည် (က ၁း၁။ တရား ၄း၃၅။ ဆာ ၁၁ဝး၁၊၄။ ယော ၃း၁၆။ ၁၄း၉။ ၁ကော ၁၅း၂၈။ ၁တိ ၁း၁၇။ ၁ယော ၄း၈။ ဗျာ ၄း၁၁)။
တရားစီရင်ခြင်းနေ့ကြီးစတင်သည်။ မီးတောက်သောရာဇပလ္လင်တို့သည် မီးစက်လှည်းဘီးများ နှင့် အတူရွေ့လျားနေသည်။ အသက်ကြီးသော
သူတစ်ဦးသည် ထိုင်နေသည်။ ကြီးကျယ်ခမ်းနားသော အသွင်ဖြင့်၊ တရားစီရင်သည်။ ကိုယ်တော်၏ အံ့ဩဖွယ် ရှေ့တော်မှောက်တွင် အတိုင်းမသိများစွာသောသူတို့သည်
အမှုထမ်းနေကြသည်။ မြောက်မြားစွာ သောသက်သေအပေါင်းတို့သည်
ရှေ့တော်၌ရပ် နေကြသည်။ တရားစီရင်ခြင်းစပြီ၊ စာအုပ် များလည်းဖွင့်ထားလျက်ရှိသည်။
လူသားတို့ အသက်တာမှတ်တမ်းကို စတင်စစ်ဆေး လေပြီ (ဒံ ၇း၉၊ ၁၀)။
စကြ၀ဠာတစ်ခုလုံးသည်ဤအခိုက်အတန့်ကိုစောင့်စားနေကြသည်။ ခမည်းတော်ဘုရားသည် ဆိုးသွမ်းမှုအားလုံးကိုတရားစီရင်လိမ့်မည်။ “သန့်ရှင်းသူတို့အားစီရင်ရသော အခွင့်ကိုပေး” (ဒံ ၇း၂၂) ပေးသည်။
ဝမ်းမြောက်ဖွယ်ချီးမွမ်းခြင်းများနှင့်ကျေးဇူး တင်ခြင်းတို့သည် ကောင်းကင် ဘဝဂ်ဝယ်ပဲ့တင်ထပ်လျက်ရှိသည်။ ဘုရားသခင်၏ ဂုဏ်တော်ကို ဘုန်းတော်အစုံအလင်ဖြင့်မြင်ရပြီး၊ ကိုယ်တော်၏အံ့ဖွယ်နာမတော်သည် စကြ၀ဠာတစ် ခွင်လုံးတွင် သက်သေထူလျက်ရှိသည်။ တရားစီရင်ခြင်းနေ့ကြီးစတင်သည်။
မီးတောက် သောရာဇပလ္လင်တို့သည် မီးစက်လှည်းဘီးများ နှင့်
အတူရွေ့လျားနေသည်။
အသက်ကြီး သော သူတစ်ဦးသည် ထိုင်နေသည်။ ကြီးကျယ်ခမ်းနားသော အသွင်ဖြင့်၊
တရားစီရင် သည်။ ကိုယ်တော်၏အံ့ဩဖွယ် ရှေ့တော် မှောက်တွင်
အတိုင်း မသိများစွာ သောသူတို့
သည် အမှုထမ်းနေကြသည်။ မြောက်မြားစွာ သောသက်သေအ ပေါင်းတို့သည် ရှေ့တော် ၌ရပ်နေကြသည်။ တရားစီရင်ခြင်းစပြီ၊ စာအုပ် များလည်းဖွင့် ထားလျက်ရှိသည်။ လူသား တို့ အသက်တာမှတ်တမ်းကို စတင်စစ်ဆေး
လေပြီ (ဒံ ၇း၉၊ ၁၀)။
ခမည်းတော်ကိုရှုမြင်ပုံများ
ခမည်းတော်ဘုရားသည် မကြာခဏအထင်လွဲခြင်းခံရသည်။ များစွာသောသူတို့သည် လူသား မျိုးနွယ်အတွက် မြေကြီးပေါ်ခရစ်တော်၏သာသနာလုပ်ငန်းနှင့်
တစ်ဦးတစ်ယောက် ချင်းစီအပေါ် သန့်ရှင်းသောဝိညာဉ်တော်၏အခန်းကဏ္ဍကို သဘောပေါက်
ကြသော်လည်း၊ ခမည်းတော်သည် ကျွန်ုပ်တို့အတွက် မည်သည့်အဓိပ္ပါယ်ဆောင်သနည်း။ သူသည်
ကျေးဇူးတော်နှင့် ပြည့်စုံသောသားတော်၊ ဝိညာဉ်တော်တို့နှင့် မတူဘဲ၊ ကျွန်ုပ်တို့
လောကကြီးနှင့် လုံးလုံးကင်းကွာသောသူ၊ အဝေးရောက် မြေရှင်၊ မရွေ့ရှားနိုင်သော
ဘုရားဖြစ်နေသလား။
သို့တည်းမဟုတ်၊ ကိုယ်တော်သည်၊ အချို့သောသူတို့စိတ်ထင်သကဲ့သို့၊ “ဓမ္မ
ဟောင်းကျမ်းဘုရား” “သူ့မျက်စိကိုဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကို ချိုးလျှင် ကိုယ်သွားကို ချိုးခြင်းခံစေ” (မ ၅း၃၈။ ထွက် ၂၁း၂၄ နှင့် ယှဉ်ဖတ်ပါ) ဟူသောအမိန့်ကို ပေးသည့် လက်စားချေသောဘုရား၊ ပြည့်စုံသော အကျင့်များ သို့မဟုတ် အခြားသောအရာတစ်ခုခုကို တောင်းဆိုသည့် အမှားမခံသော ဘုရားဖြစ်နေသလား။ အခြားပါး တစ်ဖက်ကို လှည့်ပေးရန်နှင့် နှစ်တိုင်သွားရန် (မ ၅း၃၉-၄၁) အလေးပေးသူအဖြစ် ဓမ္မသစ်ကျမ်းက ပုံဖော်ထားသည့် ချစ်ဖွယ် ဘုရားသခင်နှင့် လုံးလုံးဆန့်ကျင်ဘက်ဖြစ်
နေသောဘုရားလော။
ဓမ္မဟောင်းကျမ်းကခမည်းတော်ဘုရား
ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်း တို့၏စုဖွဲ့မှု၊
ရွေးနုတ်ခြင်းဆိုင်ရာ၎င်းတို့၏ တူညီသော စီမံချက် တို့ကို၊
မိမိလူတို့၏ကယ်တင်ခြင်းအတွက် ကျမ်းနှစ်ခုစလုံးတွင် မိန့်မြွက်၍၊ လုပ်ဆောင်သော ဘုရားသည် အတူတူပင်ဖြစ်သည် ဟူသော အချက်ကဖော်ပြသည်။ “ရှေးလွန် လေပြီးသောအခါ ပုရောဖက်များအားဖြင့်ဘိုးဘေးတို့အား အထပ်ထပ်
အနည်းနည်း ဗျာဒိတ်ပေးတော်မူသော ဘုရားသခင်သည်၊
ဤနောက်ဆုံးသောကာလအခါ၊ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ။
ထိုသားတော်ကိုအလုံးစုံတို့၏အမွေ ခံသခင်အရာ၌ ခန့်ထားတော်မူ၏။
သားတော်အားဖြင့်လည်း လောကဓာတ်တို့ကိုတည် တော် မူ၏" (ဟေဗြဲ ၁း၁၊၂)။ ဓမ္မဟောင်းကျမ်းသည် သုံးပါးတစ်ဆူဘုရားကို သွယ်ဝိုက်ရည် ညွှန်း သော်လည်း၊ သူတို့ကို သဲကွဲအောင်ခွဲခြားခြင်းမရှိချေ။ သို့သော်
ဓမ္မသစ်ကျမ်းမူကား ဖန်ဆင်းခြင်း၌ သားတော် ဘုရား ဖြစ်သောခရစ်တော်သည် လုပ်ဆောင်သော
သူဖြစ် ကြောင်း နှင့် (ယော ၁း၁-၃၊၁၄။ ကော ၁း၁၆)၊ သူသည်
ဣသရေလတို့အား အဲဂုတ္တုတိုင်း ပြည်မှ ခေါ်ထုတ် သောဘုရားဖြစ် ကြောင်း
(၁ကော ၁ဝး၁-၄။ ထွက် ၃း၁၄။ ယော ၈း၅၈) ရှင်းပြသည်။ ဖန်ဆင်းခြင်း နှင့် ဣသရေလတို့၏
ထွက်မြောက်ခြင်း၌ ခရစ်တော်၏အခန်း ကဏ္ဍကို ဓမ္မသစ်ကျမ်း၏ ဖော်ပြသည့်အရာက၊
ခမည်းတော်ဘုရားသည် ကိုယ်စားလှယ် တော် သားတော်အားဖြင့် လုပ်ဆောင်သည့်
ပုံရိပ်ကို ဓမ္မဟောင်းကျမ်းက မကြာမကြာပေးသိကြောင်းဖော်ပြသည်။ “ဘုရားသခင်သည် ခရစ်တော်အထဲ၌ရှိနေလျက်၊ လောကီ သားတို့၏ အပြစ်များကို မှတ် တော် မမူ” (၂ကော ၅း၁၉)။
ဓမ္မဟောင်းကျမ်းသည် ခမည်းတော်ဘုရားကိုအောက်ပါဝေါဟာရများဖြင့်ဖော်ပြ
သည်။
ဖခင်ကဲ့သို့သောဘုရား။
ဣသရေလတို့ကိုမိန့်ကြားရာတွင်၊ မောရှေသည် ဘုရားသခင် ကို သူတို့အားရွေးနုတ်သော သူတို့၏
ဖခင်ကဲ့သို့ ညွှန်းဆိုခဲ့သည်။ “ထာ၀ရဘုရားသည် သင့်
ကိုဖြစ်စေသော အဘ၊ ဖြစ်တော်မူသည်မဟုတ်လော”
(တရား ၃၂း၆)။ ဘုရားသခင်သည် ဣသရေလ တို့ကို
မိမိသားအဖြစ် မွေးစားခဲ့သည်။ “ဣသရေလသည်အသက်ငယ် သောအခါ ငါသည်ချစ်၍၊ ငါ့သားကို အဲဂုတ္တုပြည်မှခေါ်ခဲ့ပြီ” (ဟော ၁၁း၁) ဟူ၍၊ ဘုရား သခင်၏ ရွေးနုတ်သည့်လုပ်ငန်း ကိုဖော်ပြရာတွင်၊ ဟောရှေဆိုထားသည်။ “ငါသည်ဣသ
ရေလအမျိုး၏ အဘဖြစ် ၏} မှာ ဘုရားသခင်သည် ယေရမိကို မိန့်မြွက်သည့်ပုံစံဖြစ်သည် (ယေ ၃၁း၉)။ ဟေရှာယသည် “အိုထာ၀ရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အဘ ဖြစ်တော်မူ၏” ဟုဆိုခဲ့သည် (ဟေရှာ ၆၄း၈)။ ဆာလံဆရာကလည်း “အဘသည်သား တို့ကို သနားစုံမက်သည်နည်းတူ၊ ထာ၀ရဘုရားသည် ကြောက်ရွံ့သော
သူတို့ကိုသနားစုံ
မက် တော်မူ၏”
(ဆာ ၁၀၃း၁၃) ဟုဆိုသည်။ မာလခိအားဖြင့်ဘုရားသခင်က “ငါသည် အဘမှန်” (မာလ ၁း၆) ၏ ဟု အခိုင်အမာဆိုသည်။
အခြားကျမ်းချက်တွင်လည်း၊ မာလခိသည် ဘုရားသခင်၏ အဘဖြစ် ခြင်းကို
ဖန်ဆင်းရှင်အဖြစ်သူ၏အခန်းကဏ္ဍနှင့် ဆက်စပ်၍၊ “ခပ်သိမ်းသောငါတို့၌
တစ်ပါးတည်းသောအဘရှိသည် မဟုတ်လော။ တစ်ပါးတည်းသော ဘုရားသခင်သည် ငါတို့ကို ဖန်ဆင်းတော်မူသည်မဟုတ်လော” (မာလ ၂း၁၀) ဟုဆိုသည်။ ဖန်ဆင်းခြင်းနှင့်
ရွေးနုတ်ခြင်းတို့ အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏အဘဖြစ်သည်။
ကြီးကျယ်ခမ်းနားသော အမှန်တရားပါတ ကား။
ကရုဏာနှင့်ပြည့်သောဘုရား။
ဓမ္မဟောင်းကျမ်းတစ်ခုလုံးတွင် ဘုရားသခင်ကို “ချစ်သနားခြင်း မေတ္တာကရုဏာ နှင့်ပြည့်စုံ” သောသူအဖြစ်အသိအမှတ်ပြု ထားသည် (ထွက် ၃၄း၆၊ ၆ရာ ၃ဝး၉)။ ဆာလံ ဆရာသည် “ငါတို့ဘုရား သခင်သည်ကရုဏာစိတ်ရှိတော်မူ၏”
ဟု သီဆိုပြီး၊ “ကရုဏာ တော်သည် အစဉ်အမြဲရှိ” ကြောင်းအခိုင်အမာဆိုသည် (ဆာ၁၁၆း၅၊
၁၀ဝး၅)။ ဘုရား သခင်မိန့်တော်မူ သည်အတိုင်း၊
မောရှေသည်တောင်ပေါ် သို့တက်သွားရာတွင်၊ မိမိသည် မည်သူဖြစ်ကြောင်း ဖော်ပြသည့်စကားလုံးများကို ဘုရားသခင်သည် ပေးတော်
မူရာတွင်၊ ကရုဏာတရားသည် အဓိကပါဝင်သည်။ “ထာ၀ရဘုရား၊ ချစ်သနားခြင်း မေတ္တာကရုဏာ နှင့် ပြည့်စုံ၍၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊
သစ္စာစောင့်ခြင်းနှင့် ကြွယ်၀တော်မူထသော၊ အထောင်အသောင်းများသောသူတို့အား
သနားခြင်း ကျေးဇူးတရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊
တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်း အပြစ်တို့ကို ဖြေ လွှတ်သော်လည်း၊ အချည်းနှီးသက်သက်ဖြေလွှတ်တော်မမူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်
အဘတို့၏အပြစ်ကိုသားတို့၌ဆပ်ပေးစီရင် တော်မူသောဘုရားသခင်” ဖြစ်တော်မူသည် (ထွက် ၃၄း၆၊၇)။
ဘုရားသခင်သည် ကရုဏာစိတ်ရှိ သော်လည်း၊ လူသားတို့သည် ဘုရားသခင်၏ ကရုဏာ
တရားကို တောင်းဆို၍မရနိုင်သကဲ့သို့ (ထွက် ၃၃း၉)၊ ရယူ၍လည်းမဖြစ်နိုင်ချေ။ ဒံယေလသည်
ဆုတောင်း၍၊ ဘုရားသခင်ထံအသနားခံရာတွင်၊ ဆုတောင်းချက်သည် “ကိုယ်ကုသိုလ်ကိုအမှီမပြု၊ မဟာကရုဏာတော်ကိုသာအမှီပြု” (ဒံ ၉း၁၈) ခဲ့သည်။ တောင်ကြီးတောင်ငယ်များ
ရွေ့သွားသော်လည်း၊ ကိုယ်တော်၏ကရုဏာတော်သည်ရွေ့လိမ့်မည် မဟုတ် (ဟေရှာ ၅၄း၁၀)။
သို့ရာတွင် ဘုရားသခင်၏ ကရုဏာတော်သည် အကြောင်းမဲ့ အပြစ်လွှတ်ခြင်းမရှိဘဲ၊ တရားမျှတခြင်းနှင့် သန့်ရှင်းခြင်းစည်းမျဉ်းများအတိုင်းပြုမူသည်။ ကိုယ်တော်၏ ကရုဏာတော်နှင့် ခွင့်လွှတ်ခြင်းကို ငြင်းပယ်သောသူတို့သည် အပြစ်တရားကြောင့်ကိုယ်တော်၏ပြစ်ဒဏ်စီရင်ခြင်းကို ရိတ်သိမ်းကြရမည်။
သိနာတော်ပေါ်တွင် ဘုရားသခင်သည် ဣသရေလတို့၏မိတ်ဆွေဖြစ်လိုသည့်
ဆန္ဒနှင့် သူတို့နှင့်အတူနေလိုကြောင်းကိုဖော်ပြခဲ့သည်။ ကိုယ်တော်သည်မောရှေအား “ငါသည် သင်တို့တွင် ကိန်းဝပ်ရာဖို့ သန့်ရှင်းရာဌာနကိုလုပ်ကြစေ”
(ထွက် ၂၅း၈) ဟုမိန့် တော်မူခဲ့သည်။ ၎င်းသည် မြေကြီးပေါ် ဘုရားသခင်ကိန်းဝပ်ရာ
နေရာဖြစ်သောကြောင့်၊ ဤတဲတော်သည် ဣသရေလတို့၏ ဘာသာရေး အတွေ့အကြုံ၏ ဗဟိုချက်မဖြစ်လာ ခဲ့သည်။ ဤတဲတော်ထဲတွင် ဘုရားသခင်၏ ကရုဏာပလ္လင်တော်ရှိပြီး၊
ကိုယ်တော်ထံတော်သို့လာသောသူတို့အားအကြောင်းမဲ့နှင်
ထုတ်မည်မဟုတ်ကြောင်း ဘုရားသခင်၏ ထာ၀ရအာမခံချက်အမှတ် သင်္ကေတ ဖြစ်သည်။
ပဋိညာဉ်ပြုသောဘုရား။
တာရှည်ခံသောဆက်ဆံရေးကို တည်ဆောက်လိုသည့် စိတ်ဇောဖြင့်၊ ဘုရားသခင်သည် နောဧ (က ၉း၁-၁၇) နှင့် အာဗြဟံ (က ၁၂း၁၊၃၊၇။ ၁၃း၁၄-၁၇။ ၁၅း၁၊၅၊၆။
၁၇း၁-၈။ ၂၂း၁၅-၁၈) တို့ကဲ့သို့သောလူတို့နှင့် လေးနက်သော ပဋိညာဉ်ကို ပြု
တော်မူခဲ့သည်။ ဤ ပဋိညာဉ်များသည် မိမိလူတို့၏အရေးများ၌ ချစ်ဖွယ်ဘုရားသခင်၏
စိတ်ဝင်စားမှုကိုဖော်
ပြသည်။ ကိုယ်တော်သည်နောဧကို
ပုံမှန်ရာသီဥတုအတွက် အာမခံချက် ပေးပြီး (က ၈း၂၂)၊ အခြားသော ကမ္ဘာအနှံ့
ရေလွှမ်းမိုးခြင်းသည် ဘယ်ခါမျှရှိတော့မည် မဟုတ်ချေ (က ၉း၁၁)။ အာဗြဟံအားလည်း၊
ကိုယ်တော်သည် များပြားသော သားမြေးစဉ်ဆက် (က ၁၅း၅-၇) နှင့် သူနှင့်သူ၏
မျိုးရိုးစဉ်ဆက်များ နေထိုင်မည့်ပြည်ကို ကတိပေးခဲ့ သည် (က ၁၅း၁၈။ ၁၇း၈)။
နောက်ပိုင်းတွင် ဘုရားသခင်သည် သိနာတောင်ပေါ် ၌ ဣသရေ လ လူမျိုးနှင့်တိကျသော
နည်းလမ်းဖြင့် ပဋိညာဉ်ကိုဖွဲ့ခဲ့သည်။ ထိုသို့အားဖြင့် ဣသရေလ လူမျိုးတို့သည်
သူတို့ကိုအဲဂုတ္တုပြည်မှရွေးနုတ်၍၊ အာဗြဟံအားကတိထားသောပြည်သို့ ခေါ် ဆောင်သောသူနှင့် ချစ်ခင်နားထောင်မှုရှိသော ဆက်ဆံရေးထဲသို့
ဝင်ရောက် သွားခဲ့
ကြသည် (ထွက် ၁၉း၅-၈။ ၂၄း၃-၈)။
ဤနေရာနှင့်နောက်ပိုင်းတွင် ဣသရေလတို့နှင့် အသစ်သောပဋိညာဉ်ကိုပြုခြင်း၌လည်းကောင်း
(ယေ ၃၂း၃၁-၃၄)၊ နောက်တစ်ဖန် ခရစ်ယာန်အသင်းတော် သို့ရွှေ့ပြောင်းလာသော
ပဋိညာဉ်ပြုခြင်း၌ လည်းကောင်း (ဟေဗြဲ ၈း၇-၁၃။ ၁ပေ ၂း၉၊၁၀)၊ ဘုရားသခင်သည်
မိမိကိုယ်ကိုသစ္စာစောင့်သောဘုရား၊ ကျေးဇူး တရားဖြင့်ဆက်ဆံရေးကို ကတိပေးသောဘုရား၊ မိမိလူတို့ထံမှ
နားထောင်ခြင်းကို မျှော်
လင့်နေသော ဘုရားအဖြစ်ဖော်ပြသည်။ “ငါသည်သင်တို့၏ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း၊ ငါ၏ လူမျိုးဖြစ်ကြလိမ့်မည်” (ယေ ၇း၂၃)။
ရွေးနုတ်သောဘုရား။
အစုအပြုံလိုက်ထွက်မြောက်ခြင်း၏ အရှင်အဖြစ်၊
ဘုရားသခင်သည် ကျွန်ခံသော
လူမျိုးကို အံ့ဩဖွယ် လွတ်လပ်စေခဲ့သည်။ ဤကြီးမားသော ရွေးနုတ်ခြင်းသည် ဓမ္မဟောင်းကျမ်း တစ်ခုလုံး၏ နောက်ခံဖြစ်ရပ်ဖြစ်ပြီး၊
ကျွန်ုပ်တို့၏ ရွေးနုတ်ရှင် ဖြစ်လိုသော ကိုယ်တော်၏ တောင့်တမှု၏နမူနာဖြစ်သည်။
ဘုရားသခင်သည် ဝေးကွာသူ၊ အဆက်ဖြတ်သူ၊ စိတ်ဝင်စားမှုမရှိသူမဟုတ်ဘဲ၊
ကျွန်ုပ်တို့၏အရေးကိစ္စများတွင် လွန်စွာပါဝင်သော သူဖြစ်သည်။
ဘုရားသခင်ကိုအတွင်းရေးအကျဆုံးသိကျွမ်းခြင်း သည် ယောဘက "ငါ့ကိုရွေး နုတ်သော သခင်သည်
အသက်ရှင်၍... ငါသိ၏" (ယောဘ ၁၉း၂၅) ဟု ဆိုသကဲ့သို့၊
ကိုယ်တော်ကို ဝန်ခံခြင်း ဖြစ်သည်။
ဆာလံသီချင်းများသည် အထူးသဖြင့် ဘုရားသခင်၏နက်နဲသောချစ်ဖွယ်ပါဝင်
ပတ်သက်မှုအားဖြင့် နှိုးဆော်၍စပ်ဆိုခြင်းဖြစ်သည်။ “လက်ညှိုးတော်အလုပ်တည်းဟူသောကိုယ်တော်၏ မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကိုလည်းကောင်း၊ အကျွန်ုပ်ဆင်ခြင်သော်၊
လူသည်အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည်အောက်မေ့တော်မူရသနည်း။
လူသားသည်အဘယ်သို့သောသူဖြစ်၍အကြည့် အရှုကြွလာတော်မူရသနည်း” (ဆာ ၈း၃၊၄)။ “အို ထာ၀ရဘုရား၊ အကျွန်ုပ်၏ခွန်အားဗလ တည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏။ ထာ၀ရဘုရားသည် ငါ၏ကျောက်၊
ငါ၏မြို့ရိုး၊ ငါ့ကို ကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊
ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏” (ဆာ၁၈း၁၊၂)။ “အကြောင်းမူကား၊
နှိမ့်ချလျက်ရှိသောသူ၏နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင်ပြုတော်မူ သည် မဟုတ်” (ဆာ ၂၂း၂၄)။
ခိုလှုံရာဘုရား။
ဒါဝိဒ်သည်
ဘုရားသခင်ကိုမိမိ၏ခိုလှုံရာအဖြစ်မြင်ခဲ့သည်။ ဆာလံဆရာသည် ခိုလှုံရာအကြောင်း
ထပ်တလဲလဲပြောဆိုရာတွင် ခရစ်တော်နှင့် ခမည်းတော်ကို ပုံဖော် သည်။ သုံးပါးတစ်ဆူဘုရားသည် ခိုလှုံရာဖြစ်တော်မူခဲ့သည်။
“အကြောင်းမူကား၊ ဘေးအန္တရာယ်ရောက်သည်ကာလ၊ တဲတော်တွင်ငါ့ကိုကွယ် ကာတော်မူမည်။ ဗိမာန်တော်အတွင်းအရပ်၌၊
ငါ့ကိုဝှက်ထားတော်မူမည်။ ကျောက်ပေါ် မှာလည်း ငါ့ကိုတင်ထား တော်မူမည်”
(ဆာ ၂၇း၅)။ “ဘုရားသခင်သည်ငါ့တို့ခိုလှုံရာဖြစ်၍၊
ခွန်အားကို ပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း
ထင်ရှားလျက်ရှိ၏” (ဆာ ၄၆း၁)။ “တောင်ရိုးတို့သည်ယေရုရှလင်မြို့ကို ဝန်းရံသကဲ့သို့၊ ထာ၀ရဘုရားသည်
မိမိလူတို့ကိုယခုမှစ၍၊ ကာလအစဉ်မပြတ်ဝန်းရံ တော်မူ၏” (ဆာ ၁၂၅း၂)။
ဆာလံဆရာသည် မိမိဘုရားကို သာ၍သာ၍တောင့်တကြောင်းကို ဖော်ပြခဲ့သည်။ “သမင်ဒရယ်သည် ရေစီးသောချောင်းကိုတောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည်
ကိုယ်တော်ကို တောင့်တပါသည်ဘုရား။ ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသောဘုရားကို ငတ်လှ၏” (ဆာ ၄၂း၁၊၂)။ မိမိအတွေ့အကြုံမှ ဒါဝိဒ်သည် “ထမ်းရွက် ရသောဝန်ကို ထာ၀ရဘုရား၌ ချထားလော့။ သင့်ကိုမစတော်မူမည်။
ဖြောင့် မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ”
(ဆာ ၅၅း၂၂) ဟု သက်သေခံခဲ့သည်။ “အိုလူများတို့၊ ဘုရားသခင်၌အစဉ်မပြတ်ခိုလှုံကြလော့။ ရှေ့တော်၌
စိတ်နှလုံးကိုဖွင့်ပြကြ
လော့။ ဘုရား သခင်သည်
ငါတို့ခိုလှုံရာဖြစ်တော်မူ၏” (ဆာလံ ၆၂း၈)။ “ကိုယ်တော်သည် သနားစုံမက် တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊
သည်းခံတတ်သောသဘော၊ ကရုဏာနှင့် သစ္စာကြွယ်၀သောသဘောနှင့်
ပြည့်စုံသောဘုရားဖြစ်တော်မူ၏” (ဆာ ၈၆း၁၅)။
ခွင့်လွှတ်သောဘုရား။
အိမ်ထောင်ရေးဖောက်ပြန်ခြင်းနှင့်လူသတ်သည့်
အပြစ်များကို ပြုပြီးနောက် ဒါဝိဒ်သည် အနူးအညွတ်တောင်းပန်ခဲ့သည်။ “အိုထာ၀ရဘုရား၊ ကျေးဇူးပြုချင်သော စေတနာစိတ်တော်ရှိသည်အတိုင်း၊
အကျွန်ုပ်ကိုသနားတော်မူပါ။” အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကိုရုပ်သိမ်းတော်မမူပါနှင့်} (ဆာ ၅၁း၁၊၁၁)။
ဘုရားသခင်သည်အံ့ဖွယ်သနားခြင်းကရုဏာနှင့် ပြည့်စုံသည် ဟူသော အာမခံချက်ဖြင့် ဒါဝိဒ်သည်နှစ်သိမ့် မှုရရှိခဲ့သည်။ “မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည် အတိုင်း၊ ထာ၀ရဘုရားကိုကြောက်ရွံ့သောသူတို့၌ ကရုဏာတော်သည်အားကြီးပေ၏။ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊
ငါတို့အပြစ်များကို ငါတို့ နှင့် ဝေးစေတော်မူ၏။ အဘသည်သားတို့ကိုသနားစုံမက်
သည်နည်းတူ၊ ထာ၀ရဘုရားသည် ကြောက်ရွံ့သောသူတို့ကိုသနားစုံမက်တော်မူ၏။ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။
ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏} (ဆာ ၁၀၃း၁၁-၁၄)။ မိက္ခာသည် “အပြစ်မှလွှတ်တော်မူထသော၊ ...
ကရုဏာ၌မွေ့လျော်သောကြောင့် အစဉ်အမျက်ထွက်တော်မမူသော ကိုယ်တော်
ကဲ့သို့အဘယ်ဘုရားရှိပါ
သနည်း။... အကျွန်ုပ်တို့၏
ဒုစရိုက်ရှိသမျှကိုကျော်နင်း၍... အပြစ်အလုံးစုံတို့ကို နက်နဲသောပင်လယ်ထဲသို့ ချပစ်တော်မူ လိမ့်မည်} (မိ ၇း၁၈၊ ၁၉) ဟု အံ့အားသင့်စွာဆိုခဲ့သည်။ ဘုရားသခင်၏ ခွင့်လွှတ်သော
မေတ္တာသည် ကြီးမားလွန်းသည်ဖြစ်ရာ၊ ကျွန်ုပ်တို့အား အပြစ်လွှတ်၍၊ အနာငြိမ်းစေနိုင်ကြောင်း သူ့ထံတော်သို့ပြန် လာရန်
ကိုယ်တော်သည် ကျွန်ုပ်တို့ကိုတမ်းတသည် (ဟော ၁၄း၄)။
ကောင်းမြတ်သောဘုရား။
ဘုရားသခင်၏ဖိတ်ခေါ်ချက်မှာ “ထာ၀ရဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့” (ဆာ ၃၄း၈) ဖြစ်သည်။ ဘုရားသခင်သည် “ညှဉ်းဆဲခြင်းကိုခံရသောသူတို့အား
တရားပြုတော်မူ၏။ ငတ်မွတ်သောသူတို့ကို ကျွေးမွေးတော်မူ၏။ ထာ၀ရဘုရားသည် ချုပ်ထားခြင်းကိုခံရသော
သူတို့ကိုလွှတ်တော်မူ၏။ ထာ၀ရဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ၏။
ထာ၀ဘုရားသည် နှိမ့်ချသောသူတို့ကိုကြွပင့်တော်မူ၏။ ထာ၀ရဘုရားသည်
ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။ ထာ၀ရဘုရားသည် ဧည့်သည်တို့ကို
စောင့်မတော်မူ၍၊ မုဆိုးမနှင့်မိဘမရှိသော သူတို့ကိုထောက်မတော်မူ၏” (ဆာ ၁၄၆း၇-၉)။ ဘုရားသခင်၏
ကောင်းမြတ်ခြင်း
ရုပ်ပုံကား ချပ်ပါတကား။
သစ္စာစောင့်သောဘုရား။
ဘုရားသခင်သည်ကြီးမြတ်သော်လည်း၊ ဣသရေလတို့သည်
အချိန်တိုင်းလိုလို ကိုယ်တော်ထံမှလမ်းလွဲခဲ့ကြသည် (ဝတ် ၂၆။ တရား ၂၈)။ မိမိဇနီးသည်ကို ချစ်သော ဣသရေလတို့၏လင်ယောက်ျားအဖြစ် ဘုရားသခင်ကိုသရုပ်ဖော် ထားသည်။ ဟောရှေအနာဂတ္တိကျမ်းသည် ပြောင်ပြောင်တင်းတင်းသစ္စာမဲ့ခြင်းနှင့် ငြင်းပယ်ခြင်းတို့ကိုရင်ဆိုင်
နေသည့်အကြားမှ ဘုရားသခင်၏သစ္စာစောင့်ခြင်းကို
ဆွတ်ပျံ့ဖွယ်ပုံဖော် ထား
သည်။ ဘုရားသခင်၏ အစဉ်တစ်လျှောက်
ခွင့်လွှတ်တော်မူခြင်းသည် သူ၏ခြွင်းချက် မရှိသောမေတ္တာ၏ ဂုဏ်တော်ကို
ဖော်ပြ၏။
ဣသရေလတို့၏လမ်းခရီးကိုတည့်မတ်ရန် ကြိုးပမ်းသည့်အနေဖြင့်၊ ၎င်း၏ သစ္စာမဲ့ခြင်းကြောင့် ဘေးဒုက္ခများကြုံတွေ့ရန်
ဘုရားသခင်သည်ခွင့်ပြုခဲ့သော်လည်း၊ ကိုယ်တော်သည်မိမိမေတ္တာဖြင့်
သူတို့ကိုပွေ့ဖက်ထားဆဲဖြစ်သည်။ ကိုယ်တော်သည်သူတို့အား “သင်သည် ငါ၏ကျွန်ဖြစ်၏ ဟူ၍လည်းကောင်း၊ သင့်ကိုငါရွေးချယ်ပြီ၊
သင့်ကိုမပစ်မပယ် ဟူ၍လည်းကောင်း၊ ကတိကိုခံသောသူ၊
မစိုးရိမ်နှင့်။ ငါသည်သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရား သခင်ငါသည် သင့်ကို
ခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်” (ဟေရှာ ၄၁း၉၊ ၁၀) ဟုအာမခံ ထားသည်။
သူတို့သစ္စာမဲ့နေကြလင့်ကစား၊ ကိုယ်တော်သည် ကြင်နာစွာကတိပေးသည်မှာ၊ “ကိုယ် အပြစ်၊ ဘိုးဘတို့အပြစ်များ
ကိုဖော်ပြတောင်းပန်လျှင်လည်းကောင်း၊ အရေဖျားလှီးခြင်း ကို မခံသောမိမိတို့ စိတ်နှလုံးကို နှိမ့်ချ၍၊
မိမိတို့အပြစ်ကြောင့်ခံရသော ဒဏ်ကိုဝန်ခံလျှင် လည်းကောင်း၊ ငါသည် ယာကုပ်... ဣဇာက်... အာဗြဟံနှင့်ပြုသော
ပဋိညာဉ်ကိုလည်း
ကောင်း... ငါအောက်မေ့မည်” (ဝတ် ၂၆း၄၀-၄၂) ဟူ၍ဖြစ်သည်။
ဘုရားသခင်သည်မိမိလူတို့အား မိမိ၏ရွေးနုတ်သောစိတ်သဘောထားကို အမှတ် ရစေ
သည်ကား၊ “အိုယာကုပ်အမျိုး၊ ဤအရာတို့ကိုဆင်ခြင်လော့။
အိုဣသရေလအမျိုး၊ သင်သည် ငါ့ကျွန်ဖြစ်၏။ သင့်ကိုငါဖန်ဆင်းသည်ဖြစ်၍၊
သင်သည်ငါ့ကျွန်ဖြစ်၏။ အိုဣ
သရေလအမျိုး၊ သင့်ကို ငါမမေ့မလျော့။
သင်၏ဒုစရိုက်တို့ တိမ်တိုက်ကဲ့သို့လည်းကောင်း၊
သင်၏အပြစ်တို့ကို တိမ်လွှာကဲ့သို့လည်းကောင်း
ငါချေပြီ။ ငါ့ထံသို့ပြန်လာလော့။ သင့် ကိုငါရွေးနုတ်ပြီ} (ဟေရှာ ၄၄း၂၁၊၂၂) ဟူ၍ဖြစ်သည်။ ကိုယ်တော်သည် “မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကိုမျှော်ကြည့် ၍၊
ကယ်တင်ခြင်းကျေးဇူးကိုခံကြလော့။ ငါသည်ဘုရား သခင်ဖြစ်၏။ ငါမှတစ်ပါးအခြားသော ဘုရားမရှိ” (ဟေရှာ ၄၅း၂၂) ဟု မိန့်တော် မူသည်မှာ
အံ့ဩစရာအကြောင်းမရှိချေ။
ကယ်တင်သောဘုရားနှင့်လက်စားချေသောဘုရား။ ဓမ္မဟောင်းကျမ်းက ဘုရား သခင်ကို လက်စားချေသောဘုရားအဖြစ် သရုပ်ဖော်ထားသည်ကို၊ ကိုယ်တော်၏
သစ္စာရှိ သောလူတို့အား
လူဆိုးများကဖျက်ဆီးသည့်အနေအထားရှုထောင့်မှကြည့်ရမည်။ “ထာ၀ရဘုရား၏ နေ့ရက်' ဟူသော အကြောင်းအရာဖြင့် ပုရောဖက်တို့သည်နောက်ဆုံးသော အချိန်တွင်
ကိုယ်တော်၏ လူတို့ကိုယ်စား ဘုရားသခင်၏ လုပ်ဆောင်မှုများ ကိုဖော်ပြ
သည်။ ထိုနေ့ရက်သည် ကိုယ်တော်၏ လူတို့အတွက်
ကယ်တင်ခြင်းနေ့ ရက်ဖြစ်သော် လည်း၊ ဖျက်ဆီးခြင်းခံရမည့် သူတို့၏
ရန်သူများ အတွက်မူလက်စားချေသည့်နေ့ရက်ဖြစ် သည်။ “အားယူကြလော့၊ မစိုးရိမ်ကြနှင့်ဟု
ကြောက်တတ် သော သူတို့အားဆိုကြလော့။ အကြောင်းမူကား၊ သင်တို့၏
ဘုရားသခင်သည်အပြစ်ပေးလျက်၊ ဒဏ်စီရင်လျက်ကြွ လာတော်မူလိမ့်မည်။ ဘုရားသခင်သည်
ကိုယ်တော် တိုင်ကြွလာ၍၊ သင်တို့ကို ကယ်တင် တော်မူလိမ့် မည်။” (ဟေရှာ ၃၅း၄)။
ဓမ္မသစ်ကျမ်းထဲကခမည်းတော်ဘုရား
ဓမ္မဟောင်းကျမ်း၏ဘုရားနှင့် ဓမ္မသစ်ကျမ်း၏ဘုရားတို့သည်
ခြားနားမှုမရှိချေ။ ခမည်းတော် ဘုရားကို အရာခပ်သိမ်း၏မူလ၊
စစ်မှန်သောယုံကြည်သူအားလုံး၏အဖ၊ တစ်မူထူး၍ ယေရှုခရစ်တော်၏ ခမည်းတော်
စသည်ဖြင့်ဖော်ပြသည်။
ဖန်ဆင်းသောအရာအားလုံး၏အဘ။ ပေါလုသည် ခမည်းတော်ကိုယေရှု ခရစ်တော်နှင့်ခွဲခြား၍ ဖော်ထုတ်သည်။ “ထိုခမည်းတော်ဘုရားသခင်တစ်ပါးတည်းသာ
ငါတို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့်ငါတို့မှစ၍
ခပ်သိမ်းသောအရာဖြစ်ကြ၏၊ ထိုသခင် ယေရှုခရစ်တစ်ပါး တည်းသာငါတို့၌
ရှိတော်မူ၏” (၁ကော ၈း၆)။ ပေါလုသက်သေခံ သည်ကား၊ “ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တစ်အိမ်ထောင်လုံးတည်းဟူသော
သားတော်အပေါင်းတို့၏ အချုပ်အခြာ ဖြစ်တော်မူသော ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် ရှေ့မှာ ငါသည် ဒူး ထောက်၍ ဆုတောင်းလေ့ရှိ၏” (ဧ ၃း၁၅) ဟူ၍ ဖြစ် သည်။
ယုံကြည်သူအားလုံး၏အဖ။ ဓမ္မသစ်ကျမ်းသည် ဤဝိညာဉ်ရေးအဖနှင့် သားဆက်ဆံရေးကို ဘုရားသခင်နှင့် ဣသရေလလူမျိုးတို့အကြား၌သာ
ကန့်သတ်မထားဘဲ၊ ဘုရားသခင်နှင့် ယုံကြည်သူတစ်ဦးချင်းအကြားရှိသော
ဝိညာဉ်ရေးဆက်ဆံရေး အဖြစ်ရှုမြင် သည်။ ယေရှုသည် ၎င်းဆက်ဆံရေးအတွက်
လမ်းညွှန်ချက်များကိုပြင်ဆင် တော်မူပြီ (မ ၅း၄၅။ ၆း၆-၁၅)၊ ၎င်းသည်ယုံကြည်သူ၏
ယေရှုခရစ်တော်ကို လက်ခံခြင်းအားဖြင့် တည်ဆောက်သည် (ယော ၁း၁၂၊ ၁၃)။
ခရစ်တော်ယူဆောင်လာခဲ့သော ရွေးနုတ်ခြင်းအားဖြင့်၊ ယုံကြည်သူများသည်
ဘုရားသခင်၏ သားသမီးများအဖြစ်မွေးစား ခံရကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဤ ဆက်ဆံရေးကို လွယ်ကူချောမောစေတော်မူသည်။ “ငါတို့သည်သား၏အခွင့် အရာကိုခံရမည်အကြောင်း၊ ပညတ်တရားလက်၌
ရှိသောငါတို့ကိုရွေးနုတ်... တော်မူ၏။ ထိုသို့ သင်တို့သည်သားဖြစ်သောကြောင့်
အဗ္ဗအဘဟုခေါ်တတ်သော သားတော်၏ ဝိညာဉ်တော် ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင်
စေလွှတ် တော်မူ၏' (ဂလ ၄း၄-၆)။
ယုံကြည်သူအားလုံး၏အဖကဲ့သို့ ဘုရားသခင်ကိုအသိသာ ထင်ရှားဆုံးဖော်ပြ သောအရာမှာယေရှုသည်မိမိနောက်လိုက်တို့ကို
သင်ပေးခဲ့သောဆုတောင်းခြင်းပုံစံတွင် ပါရှိသည် (မ ၆း၉-၁၃)။ ယုံကြည်သူတို့သည် “ကောင်းကင်ဘုံ၌ ရှိတော်မူသောအဖ' ဟု ဆုတောင်းသောအခါ၊ သူတို့ကဘုရားသခင်သည် ပုဂ္ဂိုလ်တစ်ပါးဖြစ်၍၊ မိမိတို့နှင့် အကျွမ်းဝင်ဆုံးနှင့်
ဂရုအစိုက်ဆုံးဆက်ဆံရေးမျိုးကို ပေးနိုင်သောဘုရားအဖြစ်အသိ အမှတ် ပြုခြင်းဖြစ်သည်။ ကိုယ်တော်သည် ဖခင်တစ်ဦးကဲ့သို့သောပုဂ္ဂိုလ်၊
လက်တွေ့ရှိသူ၊ ချစ်သောသူ၊ ဂရုစိုက်သော သူဖြစ်သော်လည်း၊
ကိုယ်တော်သည် ကောင်း
ကင်ဘုံ၌ရှိသော အဖ၊ သန့်ရှင်းပြည့်စုံသော ဂုဏ်တော်ရှိသူ၊ သူ၏စောင့်ထိန်းမှုနှင့်
ဆက်ဆံရေး၌ ချစ်ခင်သနားသောသူဖြစ်သည်။ ကိုယ်တော်သည်လူသားမဟုတ်ပါ။
ယေရှုသည်ခမည်းတော်ကိုဖော်ပြသည်။ ဘုရားသခင်၏သားတော် ယေရှုသည် ဘုရားသခင်၏
မိမိကိုယ်ကိုဖွင့်ချခြင်းအဖြစ် လူသားအဖြစ်ကိုခံယူချိန်တွင် ဘုရားသခင် ကိုအကြီးကျယ်ဆုံး ဖော်ပြခဲ့သည် (ယော ၁း၁၊၁၄)။ ယောဟန်က “ဘုရားသခင်ကို
အဘယ်သူမျှမမြင် စဖူးသော်လည်း၊...
တစ်ပါးတည်းသောသားတော်သည် ဘုရားသခင် ကိုထင်ရှားစေတော်မူပြီ” (ယော ၁း၁၈) ဟုဖော်ပြသည်။ ယေရှုက “ငါသည်...ကောင်းကင် မှဆင်းသက်သည်” (ယော ၆း၃၈)၊ ငါ့ကို မြင်သောသူသည် ခမည်းတော်ကိုမြင်၏' (ယော ၁၄း၉) ဟုမိန့်တော်မူခဲ့ သည်။
ယေရှုကိုသိခြင်းသည် ခမည်းတော်ကို သိခြင်းပင်ဖြစ်သည်။
ဟေဗြဲဩဝါဒစာသည် ၎င်းကိုယ်တိုင်ဖွင့်ချခြင်း၏ အရေးကြီးမှုကို အလေးပေး
ဖော်ပြသည်။ “ရှေးလွန်လေပြီးသောအခါ၊ ပုရောဖက်များအားဖြင့်
ဘိုးဘေးတို့အား
အထပ်ထပ် အနည်းနည်း
ဗျာဒိတ်ပေးတော်မူသောဘုရားသခင်သည်၊ ဤနောက်ဆုံးသော ကာလအခါ မိမိသားတော်အားဖြင့်
ငါတို့အားဗျာဒိတ်ပေးတော်မူပြီ။ ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင်အရာ၌
ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်းလော ကဓာတ် တို့ကို တည်တော်မူ၏။ ထိုသားတော်သည် ဘုရားသခင် ဘုန်းရောင်ခြည်နှင့်
ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်... တော်မူ၏” (ဟေဗြဲ ၁း၁-၃)။
(၁) ပေးသောဘုရား။ ယေရှုသည်မိမိခမည်းတော်ကို ပေးကမ်းသော ဘုရားအဖြစ် ဖော်ပြသည်။
ကျွန်ုပ်တို့သည်ကိုယ်တော်၏ပေးကမ်းမှုကို ဖန်ဆင်းခြင်း၊ ဗက်လင်မြို့နှင့် ကရာနိ
တောင်ကုန်း ပေါ် တွင်မြင်ရသည်။
ဖန်ဆင်းခြင်းတွင်၊ ခမည်းတော်နှင့်သားတော်တို့သည် အတူတကွလုပ်ဆောင်
ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အသက်ပေးခြင်းဖြင့် မိမိသားတော်၏သေခြင်း
ဖြစ်စေမည်ကို သိလျက် ကျွန်ုပ်တို့အားအသက်ကိုပေးခဲ့သည်။
ဗက်လင်မြို့တွင်ကိုယ်တော်သည် မိမိသားတော်ကိုပေးသကဲ့သို့
မိမိကိုယ်ကိုပေးခဲ့သည်။ အပြစ်နှင့် ညစ်ညမ်းသောလောကသို့ မိမိသားတော်ဝင်ရောက်လာချိန်တွင် ခမည်းတော်၏ တွေ့ကြုံရသော နာကျင်မှုသည် ကြီးလှပါသည်တကား။ မိမိသားတော်သည်
ကောင်းကင်တမန်များ၏ချစ်ခြင်းနှင့် ကြည်ညိုခြင်းကိုအပြစ်သားတို့၏ မုန်းတီးခြင်းနှင့် လည်းကောင်း၊ ကောင်းကင်နိုင်ငံ၏ ဘုန်းတော်နှင့်
အတိသုခကို သေခြင်းလမ်းနှင့်လည်း ကောင်း လဲလှယ် သည်ကို
ကိုယ်တော်တွေ့သောအခါ၊ ခမည်းတော်၏ ခံစားချက်ကိုတွေး ကြည့်ပါ။
သို့သော်
ဘုရားသခင်ကိုအနက်နဲဆုံးမြင်နိုင်သည့်အရာမှာ
လက်ဝါးကပ်တိုင်ဖြစ်
သည်။ လူသားတို့ခံစားရသည်ထက်သာလွန်၍၊
မိမိသားတော်နှင့်သေကွဲရှင်ကွဲခွဲခွာရခြင်းကို ခမည်းတော်သည် ဘုရားဖြစ်လျက်ပင်
နာကျင်မှုကိုခံစားခဲ့သည်။ ကိုယ်တော်သည် ခရစ်တော်နှင့်အတူညီတူညီမျှ ခံစားခဲ့သည်။ ခမည်းတော်အကြောင်းသာ၍ကြီးကြီး
မားမားသက်သေခံနိုင် သောအရာဖြစ်ပါသည်တကား။ အခြားမည်သည့်အရာကမျှမဖော် ပြနိုင်သော ဘုရားသခင်အကြောင်း သမ္မာတရားကို လက်ဝါးကပ်တိုင်သည်
ဖော်ပြလျက် ရှိသည်။
(၂) ချစ်ခြင်းမေတ္တာဘုရား။ ယေရှုနှစ်သက်သောဆောင်ပုဒ်မှာ ဘုရားသခင်၏
ကြင်နာ သနားခြင်းနှင့် ချစ်ခြင်းမေတ္တာဖြစ်သည်။
ကိုယ်တော်က “သင်တို့၏ ရန်သူတို့ကို ချစ်
ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား
မေတ္တာပို့ကြလော့။ သင်တို့ ကိုမုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို
နှောင့်ယှက် ညှဉ်းဆဲသော သူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။ အကြောင်းမူကား၊
ကောင်းကင်ဘုံ၌ရှိ တော်မူသောသင်တို့အဘသည်၊ ကောင်းသော
သူမကောင်းသော သူတို့ အပေါ်၌ ကိုယ်တော်၏နေကိုထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သော သူတို့အပေါ် ၌ မိုးကို ရွာစေတော်မူ၏' (မ ၅း၄၄၊၄၅)။
“ထိုသို့ပြုလျှင် သင်တို့အကျိုးကြီးလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သား
ဖြစ်ကြ လိမ့်မည်။ ထိုဘုရားသည် ကျေးဇူးမသိသောသူ၊
ဆိုးညစ်သောသဘောရှိသော သူတို့အား ကျေးဇူး ပြုတော်မူ၏။
ထိုကြောင့်သင်တို့အဘသည် သနားခြင်းစိတ်ရှိတော်မူ သည်နည်း
တူသင်တို့ သည်လည်း သနားခြင်း စိတ်ရှိကြလော့”
(လု ၆း၃၅၊၃၆)။
ကိုယ်ကိုကိုင်း၍၊ မိမိကိုသစ္စာဖောက်မည့်သူ၏ခြေထောက်ကိုဆေးရာတွင် (ယော
၁၃း၅၊ ၁၀-၁၄)၊ ယေရှုသည် ခမည်းတော်၏ချစ်တတ်သောသဘာ၀ကို ပြသတော်မူခဲ့ သည်။ ယေရှု သည် ဆာလောင်နေသူတို့ကို ကျွေးမွေးခြင်း (မာ ၆း၃၉- ၄၄။
၈း၁-၉)၊ နားပင်းသူကိုကြားစေ ခြင်း (မာ ၉း၁၇-၂၉)၊ ဆွံ့အသူကိုစကား ပြောစေခြင်း (မာ
၇း၃၂-၃၇)၊ မျက်ကန်းများကိုမြင်စေခြင်း (မာ ၈း၂၂-၂၆)၊ လေဖြတ်သူကိုချီမခြင်း (လု
၅း၁၈-၂၆)၊ နူနာသည်များကို သန့်ရှင်းစေခြင်း (လု ၅း၁၂-၁၃)၊
သေသောသူတို့ကိုထမြောက်စေခြင်း (မာ ၅း၃၅-၄၃။ ယော ၁၁း၁-၄၅)၊ အပြစ်သားများကို
ခွင့်လွှတ်ခြင်း (ယော ၈း၃-၁၁) နှင့် နတ်ဆိုးများကို နှင်ထုတ် ခြင်း (မ ၁၅း၂၂-၂၈။
၁၇း၁၄-၂၁) စသည်တို့ကိုကျွန်ုပ်တို့မြင်သောအခါ၊ ခမည်းတော်သည်
လူတို့နှင့်ရောနှောခြင်း၊ သူတို့အား မိမိအသက်ကို ယူဆောင်လာပေးခြင်း၊ သူတို့အား လွတ်မြောက်စေခြင်း၊ သူတို့အား
မျှော်လင့်ချက်ပေးခြင်း၊ နောင်တွင်အသစ်ပြုပြင်မည့် ကမ္ဘာသစ်ကိုညွှန်ပြခြင်း စသည်တို့ကိုကျွန်ုပ်တို့မြင်နိုင်သည်။ မိမိ ခမည်းတော်၏ မြတ်နိုးဖွယ်ချစ်ခြင်း မေတ္တာကိုဖော်ပြခြင်းသည်
လူတို့အားနောင်တ
တရားရစေသည့် သော့ချက်ဖြစ်ကြောင်းကို
ခရစ်တော်သိနေခဲ့သည် (ရော ၂း၄)။
ခရစ်တော်၏ဥပမာ (၃) ခုသည် ပျောက်ဆုံးသောလူသားတို့အတွက် ဘုရားသခင်၏ ချစ်ဖွယ်စိတ်ဝင်စားမှုကိုပုံဖော်သည် (လု ၁၅)။
ပျောက်ဆုံးသောသိုးဥပမာသည် ကယ်တင်ခြင်းသည် ဘုရားသခင်၏
ပထမခြေလှမ်းအားဖြင့်ဖြစ်၍၊ ကိုယ်တော်ကို ကျွန်ုပ်တို့ရှာ ဖွေခြင်းကြောင့်မဟုတ်ပါ။ သိုးထိန်းသည် မိမိသိုးကိုချစ်၍၊
ပျောက်သွားသောသိုးတစ်ကောင်အတွက် မိမိအသက်ကိုစွန့်စားသကဲ့သို့
ထိုထက်မကသာ၍ ကြီးမားသော အတိုင်းအတာဖြင့် ဘုရားသခင်သည် ပျောက်ဆုံးသူတိုင်းအတွက် မိမိ၏မေတ္တာကိုဖော်ပြသည်။
ဤဥပမာသည် စေကြ၀ဠာနှင့်အမျှအဓိပ္ပါယ်ရှိသည်။ ပျောက်သောသူသည် ဘုရား ရှင်၏ အပြောကျယ်လှသော စကြ၀ဠာတွင် မြူမှုန်မျှသော ပုန်ကန်သော
ကျွန်ုပ်တို့၏ ကမ္ဘာကို ပုံဆောင်သည်။ သိုးခြံထဲသို့ကျွန်ုပ်တို့၏ကမ္ဘာကိုသွင်းရန်
ဘုရားသခင်၏တန်ဖိုး မဖြတ်နိုင်သော သားတော် ဆုလက်ဆောင်သည် ကျွန်ုပ်တို့၏
ကျရှုံးသောကမ္ဘာကြီးသည် ကိုယ်တော်ဖန်ဆင်းသောအရာများကဲ့သို့ ကိုယ်တော်အတွက် တန်ဖိုးရှိကြောင်းကိုညွှန်ပြ သည်။
ပျောက်ဆုံးသောဒင်္ဂါးဥပမာသည် ကျွန်ုပ်တို့အပြစ်သားများအပေါ်
ဘုရားသခင်ထားရှိသည့် အလွန့် အလွန်ကြီးမားသောတန်ဖိုးကို အလေးပေးသည်။
ပျောက်ဆုံးသောသားဥပမာသည် နောင်တရသောသားသမီးများကို အိမ်ပြန်ရန်
ကြိုဆိုသည့် ခမည်းတော်၏ ဧရာမမေတ္တာတော်ကို ပြသသည်။ နောင်တရသော အပြစ်သား တစ်ယောက် အပေါ် ကောင်းကင်၌ဝမ်းမြောက်ခြင်းရှိသော် (လု ၁၅း၇)၊
ကျွန်ုပ်တို့၏ သခင်ဒုတိယအကြိမ် ကြွလာသောအခါ၊ စကြ၀ဠာကြီးသည်
မည်မျှဝမ်းမြောက်မည်ကို တွေးကြည့်ပါ။
ဓမ္မသစ်ကျမ်းသည် မိမိသားတော်ပြန်ကြွလာခြင်းနှင့်အတူ ခမည်းတော်၏
ပါဝင်မှု ကိုရှင်းပြသည်။ ဒုတိယအကြိမ်ကြွလာချိန်တွင်
လူဆိုးတို့သည်တောင်များနှင့် ကျောက် များကိုခေါ်၍ “ငါတို့ အပေါ်သို့ကျကြပါ။ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကိုဖုံးအုပ်ကြပါ”
(ဗျာ ၆း၁၆) ဟု အော်ဟစ်ကြသည်။ ယေရှုက “လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာ နုဘော် ကိုဆောင်လျက်၊ ကောင်းကင်တမန်အခြံအရံတို့နှင့် ကြွလာ
တော်မူလတ္တံ့” (မ ၁၆း၂၇)၊ ပြီးနောက်၊ “နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏ လက်ယာဘက်၌ ထိုင်လျက် မိုးတိမ်ကိုစီး၍၊
ကြွလာသည်ကို သင်တို့ မြင်ရကြလတ္တံ့ ဟုမိန့်တော်မူ၏” (မ ၂၆း၆၄)။
ရွေးနုတ်ခံသူတို့ကိုနောက်ဆုံးတွင် သူတို့၏ထာ၀ရအိမ်တော်ခေါ်ဆောင်သော အချိန်၊ ဒုတိယအကြိမ်ကြွလာခြင်းကိုခမည်းတော်သည်
တောင့်တသည့်စိတ်တော်ဖြင့် မျှော်လင့်စောင့်စားတော်မူသည်။ ထိုအခါ “ဘုရားသခင်သည် တစ်ပါးတည်းသောသားတော် ကိုဤလောကသို့စေလွှတ်တော်မူသောအရာ၌” (၁ယော ၄း၉) အချည်းနှီး ဖြစ်လိမ့်မည် မဟုတ်။ “ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏
သားတော်အသေခံတော်မူခြင်း အားဖြင့်၊
ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း ကျေးဇူးတော်ကိုခံရသည်”
(ရော ၅း၁၀) ကို နက်နဲလွန်း၍ ကိုယ်ကျိုးမဖက်သော
မေတ္တာတော်ကသာလျှင် ရှင်းပြပေးသည်။ ထိုသို့သောမေတ္တာကို
ကျွန်ုပ်တို့သည်မည်သို့ပစ်ပစ်ခါခါငြင်းပယ်၍၊ ကိုယ်တော်ကို ကျွန်ုပ်တို့၏ခမည်းတော်ကို အသိ အမှတ်မပြုဘဲနေနိုင်မည်နည်း။
မူလမာတိကာသို့
No comments:
Post a Comment