Monday, February 17, 2025



ဘုရားသခင် မတတ်နိုင်သော အရာ ၇ ခု

၁။ ဘုရားသခင် မုသားမပြောနိုင်
တိတု ၁:၂ – "မုသာနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည်"
ဟေဗြဲ ၆:၁၈ – "အကြောင်းမူကား၊ ဘုရားသခင်သည် မုသာမသုံးနိုင်သော အရာတည်းဟူသော မဖောက်ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကို အမှီပြု၍၊ ..."
ဤကျမ်းပိုဒ်များက ဘုရားသခင်သည် သစ္စာတရားနှင့်အညီ အမြဲတမ်းတည်ကြောင်း ဖော်ပြသည်။

၂။ ဘုရားသခင် ပြောင်းလဲခြင်းမရှိ (သစ္စာမပျက်)
မာလခိ ၃:၆ – "ငါသည် ထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်း မရှိ။ "
ယာကုပ် ၁:၁၇ – "ထိုအဘသည် ရွေ့ လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။"
ဘုရားသခင်၏ ဂုဏ်တော်နှင့် ကတိတော်များ အစဉ်တည်မြဲသည်။

၃။ ဘုရားသခင် မိမိကိုယ်ကို ငြင်းပယ်၍မရ
၂ တိမောသေ ၂:၁၃ – "ထိုသခင်သည် သစ္စာတည်သဖြင့် ကိုယ်ကို ငြင်းပယ်တော်မမူနိုင်။"

ဘုရားသခင်၏ သစ္စာတော်သည် လူသား၏အပြစ်များအပေါ် မှုတည်ခြင်းမရှိ။

၄။ ဘုရားသခင် အပြစ်နှင့်စုံစမ်းခြင်းမခံရ၊ မည်သူ့ကိုမျှ မစုံစမ်း
ယာကုပ် ၁:၁၃ – "မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ။"
ဘုရားသခင်သည် စုံစမ်းခြင်းအကြောင်းမဟုတ်၊ လွတ်မြောက်ရာလမ်းသာဖြစ်၏။

၅။ အပြစ်ဖြေရာယဇ်မပါဘဲ ဘုရားသခင်သည် ခွင့်လွှတ်နိုင်ခြင်းမရှိ
ဟေဗြဲ ၉:၂၂ – "အသွေးမသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိ။"
ယေရှု၏အသွေးတော်သည် ကယ်တင်ခြင်း၏ အခြေခံဖြစ်သည်။

၆။ ကယ်တင်ခြင်းမရှိဘဲ မည်သူ့ကိုမျှ ကောင်းကင်နိုင်ငံသို့ ဝင်ခွင့်မပေး
ယောဟန် ၃:၃ – "ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရ"
ဒုတိယမွေးခြင်းသည် ကောင်းကင်နိုင်ငံသို့ ဝင်ရန် တောင်းဆိုချက်ဖြစ်သည်။ 

၇။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ ကျွန်ုပ်တို့မှ ကင်းကွာနိုင်ခြင်းမရှိ
ရောမ ၈:၃၈-၃၉ – "အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊
အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်"
ဘုရားသခင်၏မေတ္တာသည် စကြဝဠာအနှံ့ အပြား အတိုင်းအဆမရှိ တည်မြဲသည်။ အာမင်။ 

No comments:

Post a Comment