အခန်း - ၁၂ - အသင်းတော်
အသင်းတော်သည် ယေရှုခရစ်တော်ကို အရှင်သခင်နှင့် ကယ်တင်ရှင်အဖြစ်
ဝန်ခံ သောယုံကြည်သူ
လူစုဖြစ်သည်။ ဓမ္မဟောင်းကျမ်းခေတ်မှ ဘုရားသခင်၏လူတို့နှင့် အ တူ ဆက် လက်၍ ကျွန်ုပ်တို့သည်လောကီအရာမှခေါ်ထုတ်ခြင်းခံရပြီး၊
ကျွန်ုပ်တို့သည် ဝတ်ပြုကိုးကွယ် ခြင်း၊ ပေါင်းသင်းဆက်ဆံခြင်း၊ နှုတ်ကပတ်တော်မှ
သွန်သင်ချက်များ ကိုခံယူခြင်း၊ သခင်
ဘုရား၏ ညစာကိုကျင်းပခြင်း၊ လူသားအကျိုးဆောင်ရွက်ခြင်းနှင့် ကမ္ဘာတစ်ဝန်း ဧဝံဂေလိ
တရားကိုကြွေးကြော်ခြင်း စသည်တို့အတွက် အတူတကွပေါင်း စည်းကြသည်။ အသင်းတော် သည် သမ္မာကျမ်းစာတွင် ဖော်ပြသည့်
နှုတ်ကပတ်တော် အဖြစ် ခံယူသော
ခရစ်တော်ထံမှ ၎င်း ၏အခွင့်အာဏာကိုရရှိသည်။ အသင်းတော်သည် ဘုရားသခင်၏မိသားစုဖြစ်၍၊
သူတို့သည် သားသမီးများအဖြစ်သူ၏ မွေးစားခြင်းကို ခံရသူများ၊ ပဋိညာဉ်အသစ်၏
အခြေခံအပေါ် အသက်ရှင်သော သူများဖြစ်ကြသည်။ အသင်းတော်သည် ခရစ်တော်၏
ကိုယ်ခန္ဓာဖြစ်၍၊ ခရစ်တော်ကိုယ်တိုင်ဦးခေါင်းဖြစ် သောယုံကြည်သူလူစုဖြစ်သည်။ အသင်းတော်သည် သတို့သမီးဖြစ်၍၊
သူမကိုသန့်ရှင်း စင်ကြယ်စေခြင်းငှာ ခရစ်တော်အသေခံခဲ့သည်။ အောင်ပွဲခံခြင်း နှင့်
သူပြန်ကြွလာသော အခါ။
ခေတ်အဆက်ဆက်မှမိမိအသွေးဖြင့်ဝယ်၍ အပြစ်စွန်းထင်း ခြင်း သို့မဟုတ် အ ရေတွန့်ခြင်းမရှိ၊ သန့်ရှင်း၍အပြစ်တင်ခြင်းနှင့်ကင်းလွတ်သည့်
သစ္စာရှိသူ များ တည်းဟူ သော
အသရေတင့်တယ်သောအသင်းတော်ကို မိမိထံသို့သိမ်းယူလိမ့်မည်။ (က ၁၂း၁-၃။ ထွက် ၁၉း၃-၇။ မ
၁၆း၁၃-၂၀။ ၁၈း၁၈။ ၂၈း၁၉၊၂၀။ တ ၂း၃၈-၄၂။ ၇း၃၈။ ၁ကော ၁း၂။ ဧ ၁း၂၂၊၂၃။ ၂း၁၉-၂၂။
၃း၈-၁၁။ ၅း၂၃-၂၇။ ကော ၁း၁၇၊၁၈။ ၁ပေ ၂း၉)။
ဣသရေလတို့သည်
ဇိနတောသို့ရောက်၍ ကာဒေရှအရပ်၌ စခန်းချသောအခါ၊ “ပရိသတ်တို့
သောက်စရာရေမရှိ” (တော ၂ဝး၂) ခဲ့ချေ။ တစ်ချိန်က၊ ဣသရေလတို့သည် ဟောရပ်အရပ်၌
သောက်စရာရေ မရှိသည်ဖြစ်ရာ၊ ဘုရားသခင်သည် မောရှေအား “ထိုကျောက်ကိုရိုက်ရမည်}
ဟု အမိန့် တော်ရှိ၍၊
ဣသရေလလူမျိုးများ၀လင်စွာသောက် ဖို့ရန်
ရေများအံ့ဖွယ် ပန်းထွက်လာခဲ့သည်။ ယခုတွင် ဣသရေလလူမျိုးတို့သည် သောက် စရာရေ မရှိသည့်အလားတူပြဿနာကို ရင်ဆိုင်ခဲ့ရ ပြန်သည်။
ဘုရားသခင်သည် မော ရှေအား “ကျောက်ကိုမှာထားလော့။ ကျောက်သည် မိမိရေကို ပေးလိမ့်မည်”
(တော ၂ဝး ၈) ဟု
ခိုင်းခဲ့သည်။ သို့သော်လည်း ကျောက်ကိုမှာမည့်အစား၊ အမျက်ထွက်လျက် မော ရှေက “ကျောက်ကိုလှံတံနှင့်နှစ်ကြိမ်ရိုက်” (တော ၂ဝး၁၁) ခဲ့သည်။ ရေသည်များစွာ ထွက် လာ သည်။ သို့သော် မောရှေသည် ဘုရားသခင်ကိုပြစ်မှားခဲ့ပြီ။
ထိုအပြစ်ကြောင့် သူ သည် ကတိ
ထားတော်မူသောပြည်ကိုမဝင်ခဲ့ရချေ (တော ၂ဝး၁၁၊၁၂)။
“သူ၏မဆင်မခြင်လုပ်ရပ်ကြောင့်
မောရှေသည် ဘုရားသခင်ကရည်ရွယ်ချက်ရှိရှိ သင် ပေး လိုသောသင်ခန်းစာ၏စွမ်းအားကို
ဖယ်ရှားပစ်ခဲ့သည်။ ခရစ်တော်ကိုပုံဆောင် သော ထို
ကျောက်ကို တစ်ကြိမ်ရိုက်ခဲ့ခြင်းက ခရစ်တော်သည် တစ်ကြိမ်တည်းပူဇော် ခြင်း ခံရမည်ကို ပုံဆောင်သည်။ ကျွန်ုပ်တို့သည် ယေရှု၏
နာမ၌ကောင်းချီးမင်္ဂလာများကို တောင်းခံရန်သာ လိုတော့သကဲ့သို့၊ ဒုတိယ အကြိမ်တွင်
ကျောက်ကိုစကားပြောရန်သာ လိုသည်။ ကျောက်ကို ဒုတိယအကြိမ် ရိုက်လိုက်ခြင်းသည်
ဤနှစ်သက်ဖွယ်ခရစ်တော် ကို ပုံဆောင်မှု၏
အနှစ်သာရ ကို ဖျက်ဆီးပစ်ခဲ့သည်။”
ထိုကျောက်သည်
ဘုရားသခင်က သူ၏လူတို့ကို တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ဖြစ် စေ၊ တည်ဆောက်သည့် အုတ်မြစ်တည်းဟူသော ခရစ်တော်ပင်ဖြစ်သည်။
ဤပုံဆောင်မှု ကို သမ္မာကျမ်းစာ
တစ်အုပ်လုံး တွင်တွေ့ရသည်။
မောရှေသည် ဣသရေလတို့အား နောက်ဆုံး ဟောသောတရားတွင်၊ ဤ
ဖြစ်ရပ် ကို ပြန်လည်သတိရပြီး၊
ဘုရားသခင်၏တည်ငြိမ်ခိုင်ခံ့မှုနှင့် ယုံကြည်အားကိုးလောက်မှု ကိုပုံဖော်ရာတွင်
ကျောက်ကိုဥပမာပေး၍အသုံးပြုသည်။
“ငါတို့ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို ချီးမွမ်းကြလော့။
ဘုရားသခင်သည် မူလ အမြစ် (ကျောက်) ဖြစ်၍၊ အမှုတော်သည်စုံလင်ပေ၏။
စီရင်တော်မူသမျှတို့သည် တရားနှင့် ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍၊
ဟုတ်မှန်ဖြောင့်မတ် သော ဘုရား ဖြစ် တော်မူ၏”
(တရား ၃၂း၃၊၄)။ ရာစုနှစ်များ ကုန်လွန်ပြီးနောက်
ဒါဝိဒ် သည် သူ၏ကယ်တင်ရှင် ကို
ကျောက်ကဲ့သို့ နှိုင်း၍ အလားတူ အာဘော်ကို ပဲ့တင် ထပ်ခဲ့သည်။
“ငါ့ကိုကယ်တင်ခြင်းအကြောင်း၊
ငါ၏ဘုန်းပွင့်ခြင်းအကြောင်းကား၊ ဘုရားသခင် ပေ တည်း။ ငါ့ကိုအားပေးသောကျောက်၊
ငါခိုလှုံရာကား၊ ဘုရားသခင်ပေတည်း” (ဆာ ၆၂း၇)။
ဟေရှာယသည်လည်း ကြွလာမည့်မေရှိယနှင့်ပတ်သက်၍၊ “စုံစမ်းသော အမြစ် ကျောက်
တည်းဟူသော၊ မလှုပ်နိုင်အောင်မြဲမြံသော တိုက်ထောင့်အမြစ်ကျောက်မြတ်” (ဟေရှာ ၂၈း၁၆) ဟူ၍ အလားတူပုံဆောင်မှုကိုအသုံးပြုသည်။
ပေတရုသည် ဤကြိုတင်ဟောကိန်းကို
ခရစ်တော်သည်ပြည့်စုံစေကြောင်းကို သက်သေခံသည်မှာ၊ သူသည် သာမန်ကျောက်မဟုတ်ဘဲ၊ “လူတို့ပယ်ထား၍ ဘုရားသခင် ရွေးချယ် တော်မူသော အသက်ကျောက်မြတ်” (၁ပေ ၂း၄) ဟူ၍ဖြစ်သည်။ ပေါလုက လည်း၊ ကိုယ်တော်ကို တစ်ခုတည်းသော ခိုင်မာသည့်
တိုက်မြစ်အဖြစ် သဘောထား၍၊ ဤသို့ဆိုသည်။ “ယေရှုခရစ်တော်တည်းဟူသော၊
ချလျက်ရှိသောတိုက်မြစ် မှတစ်ပါး အခြားသော တိုက်မြစ်ကိုအဘယ်သူမျှမချနိုင်” (၁ကော ၃း၁၁)။ မောရှေ ရိုက်ခဲ့သော ကျောက်ကိုရည်ညွှန်း၍၊ သူက “ထိုသူတို့နောက်၌ လိုက်သော ဓမ္မကျောက်မှ ထွက် သောရေကို သောက် ကြ ၏။ ထိုကျောက်ကား ခရစ်တော်ဖြစ်သတည်း” (၁ကော ၁ဝး၄) ဟုဆိုသည်။
ယေရှုကိုယ်တိုင် ထိုပုံဆောင်မှုကို တိုက်ရိုက်အသုံးပြု၍၊ “ဤကျောက်ပေါ်မှာ ငါ ၏ အသင်းတော်ကို
ငါတည်ဆောက်မည်။ ထိုအသင်းတော်ကို မရဏာနိုင်ငံ၏တံခါးတို့ သည်မနိုင်ရာ” (မ ၁၆း၁၈) ဟု ဆိုသည်။ သူသည် ခရစ်ယာန်အသင်းတော်ကို အသက်ရှင်
သော ကျောက်တည်းဟူသော သူကိုယ်တိုင် အပေါ်တွင်တည်ထောင်ခဲ့သည်။ သူစီစဉ် သောခိုင်မာသည့် တိုက်မြစ်ပေါ်တွင် တည်ဆောက်သောအသင်းတော်ကို
မည်သည့် အ ရာကမျှ မအောင်နိုင်ချေ။
ဤကျောက်တော်မှ
ရေငတ်သောလူအပေါင်းတို့အတွက် အ နာ ငြိမ်းစေ သော ရေစီးဆင်းလိမ့်မည် (ယေဇ ၄၇း၁-၁၂။ ယော ၇း၃၇၊
၃၈။ ဗျာ ၂၂း၁-၅)။
ယေရှုသည်ထိုသို့ပြောခဲ့စဉ်က၊ အသင်းတော်သည်အလွန်ချည့်နဲ့၍
အားနည်းခဲ့ သည်။ ၎င်းတွင် မောပန်းသောသူနှင့် သံသယဝင်နေသူအနည်းငယ်၊ ဝါကြွားသော
တပည့် တော်များ၊ အမျိုးသမီး
လက်တစ်ဆုပ်စာနှင့် ကျောက်တော်သည် ရိုက်ခြင်းခံရသောအခါ ပျောက်ကွယ် သွားသည့်
စိတ်ပြောင်းလဲလွယ်သော လူအုပ်တို့ပါဝင်ခဲ့သည်။ သို့သော် အ သင်းတော်ကို ချည့်နဲ့သော လူသား၏ ပညာနှင့်
ဦးနှောက်အပေါ်တွင်မဟုတ်ဘဲ၊ ကာလအ စဉ်တည်သော
ကျောက်တော်ပေါ်တွင် တည် ဆောက်သည်။ မည်သည့်အရာကမျှ သူ၏ အသင်းတော်ကို
မဖျက်ဆီးနိုင်ကြောင်းနှင့် ၎င်း ဘုရားသခင်၏ ဘုန်းတော်ကိုထင်ရှား စေ ခြင်းနှင့် ယောက်ျား မိန်းမတို့ကို
ကယ်တင်ရှင်ထံသို့ ပို့ဆောင် ခြင်းလုပ်ငန်းကို မဟန့်တား နိုင်ကြောင်းကို အချိန်က
ဖော်ပြလိမ့်မည် (တ ၄း၁၂၊၁၃၊၂၀-၃၃)။
ကျမ်းစာအရ “အသင်းတော်” ၏အဓိပ္ပါယ်
သမ္မာကျမ်းစာထဲက “အသင်းတော်} ဟူသောစကားလုံးသည် ဟေလသ စကားလုံး အယ်ကလိရှား (ekklesia) မှလာ၍၊ “ခေါ်ထုတ်ခြင်း” ဟူ၍အဓိပ္ပါယ်ရသည်။
ဤစကား အသုံးအနှုန်းကို မည်သည့်စည်းဝေးပွဲများ၌မဆိုတွေ့ဆုံရန် လူတို့ကို
ခေါ်ခြင်းမျိုးကိုအ များအားဖြင့် ဆိုလိုသည်။
ယေရှုအချိန်က
အသုံးများသည့် ဟေလသဘာသာဖြင့် ဘာသာပြန်ဆိုထားသော ဓမ္မ ဟောင်းကျမ်း (Septuagint) တွင် ဟေဗြဲစကားလုံး ခါဟားလ် (qahal) ကို အယ်ကလိ ရှား (ekkesia) ဟု ဘာသာပြန်ဆိုပြီး၊ “စည်းဝေးပွဲ” သို့မဟုတ် “ပရိသတ်အပေါင်း” ဟု အဓိပ္ပါယ်
ရသည် (တရား ၉း၁၀။ ၁၈း၁၆။ ၁ရာ ၁၇း၄၇။ ၃ရာ ၈း၁၄။ ၅ရာ ၁၃း၂)။
ဤအသုံးပြုနည်းကို ဓမ္မသစ်ကျမ်းတွင် ချဲ့ထွင်ထားသည်။
အောက်ပါအချက် များ ကို လေ့လာသုံးသပ်ပါ။ (၁)
ယုံကြည်သူများသည် သတ်သတ်မှတ်မှတ်နေရာတွင် ဝတ်ပြု ကိုး ကွယ် ရန်စုဝေးကြသည် (၁ကော
၁၁း၁၈။ ၁၄း၁၉၊၂၈)။ (၂) ယုံကြည်သူများ သည် နေရာ
တချို့တွင်နေထိုင်ကြ၏ (၁ကော ၁၆း၁။ ဂလ ၁း၂။ ၁သက် ၂း၁၄)။ (၃) ယုံကြည်သူ များသည် တစ်ဦးချင်းစီ၏အိမ်တွင်စုရုံးကြသည် (၁ကော ၁၆း၁၉။ ကော
၄း၁၅။ ဖိလေ ၂)။ (၄) အရပ်ရပ် ၌ရှိသောအသင်းတော် (တ ၉း၃၁)။ (၅)
ကမ္ဘာတစ်ဝန်း၌ရှိသောယုံ ကြည်သူအပေါင်း (မ ၁၆း၁၈။
၁ကော ၁ဝး၃၂။ ၁၂း၂၈)။ (၆) ကောင်းကင်နှင့် မြေကြီးပေါ် ၌ရှိသော သစ္စာရှိသူ အပေါင်း တည်းဟူသောအသင်းတော် (ဧ
၁း၂၀-၂၂)။
အသင်းတော်၏သဘောသဘာ၀
သမ္မာကျမ်းစာသည်
အသင်းတော်ကိုဘုရားရှင်၏အဖွဲ့အစည်းအဖြစ်ပုံဖော်ပြီး၊ ၎င်းကို “ဘုရားသခင်၏အသင်းတော်” ဟုခေါ်သည် (တ
၂ဝး၂၈။ ၁ကော ၁း၂)။ ယေရှု သည်အသင်း တော်ကို
မိမိအခွင့် အာဏာအပ်နှင်းသည် (မ ၁၈း၁၇၊၁၈)။ ဓမ္မဟောင်း ကျမ်းမှ အကြောင်းရင်း များနှင့် ဓမ္မသစ်ကျမ်းမှ
၎င်းကိုခိုင်းနှိုင်း ချက်များတို့အားဖြင့်၊ ကျွန်ုပ်တို့သည် ခရစ်ယာန် အသင်းတော်၏
သဘော သဘာ၀ကို နားလည်နိုင်သည်။
ခရစ်ယာန်အသင်းတော်၏အရင်းအမြစ်များ။ ဓမ္မဟောင်းကျမ်းသည် အသင်း တော်ကို ဖွဲ့စည်းထားသော ဘုရားသခင်၏လူစုအဖြစ်ပုံဖော်သည်။
ရှေးယခင်မှစ၍၊ အာဒံ၊ ရှေသ၊ နောဧ၊ ရှေမနှင့် အာဗြဟံတို့မှဆင်းသက်သည့်
ဘုရားကိုကြောက်ရွံ့သော မိသားစုများသည် ကိုယ်တော်၏ သမ္မာတရားကို
စောင့်ရှောက်သူများဖြစ်ခဲ့ကြသည်။ ဖခင်သည် ယဇ်ပုရော ဟိတ်အဖြစ် ဆောင်ရွက်သော ဤမိသားစုများကို
အသေးစား အသင်းတော် အဖြစ် မှတ်ယူနိုင် သည်။ ဘုရားသခင်သည် အာဗြဟံကိုသူ၏အိမ်ထောင်
မိသားစုသည် တဖြည်းဖြည်း လူမျိုး ကြီးဖြစ်လာမည်ဟု ထူးကဲသော ကတိတော်ကိုပေး ခဲ့သည်။ ဣသရေလတို့၏ တာဝန်လုပ်ငန်းမှာ အာဗြဟံအားပေးထားသည့်
လူမျိုးအ တွက်ကောင်းချီးဖြစ်ခြင်း
(က ၁၂း၁-၃) နှင့် ကမ္ဘာကိုဘုရားသခင်၏မေတ္တာကိုဖော်ပြခြင်း တွင် ရိုးရိုးတိုးချဲ့လုပ်ဆောင်ရန်ဖြစ်သည်။
အီဂျစ်ပြည်မှဘုရားသခင် ထုတ်ဆောင်ခဲ့သော လူမျိုးကို “တောတွင်ရှိသော အ စည်းအဝေး (အသင်းတော်၊ KJဠ)} (တ ၇း၃၈) ဟုခေါ်သည်။ ၎င်း၏အသင်းဝင် များကို လည်း “မင်းစည်းစိမ်ရှိ သောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး” (ထွက် ၁၉း၆)။ ဘုရားသခင် ၏ “သန့်ရှင်းသော
အမျိုး” (တရား ၂၈း၉) သို့မဟုတ်
အသင်းတော်အဖြစ်သ ဘောထားသည်။
ဘုရားသခင်သည်သူတို့ကို
ကမ္ဘာ၏ အဓိကယဉ်ကျေးမှု၏ ဗဟိုဖြစ်သော ပါလေ တ္တိန
တိုင်းပြည်တွင် နေရာချခဲ့သည်။ ဥရောပတိုက်၊ အာရှတိုက်နှင့် အာဖရိကတိုက်တို့ သည် ပါလေတ္တိနပြည်တွင် လာဆုံကြသည်။ ဤပြည်တွင်ယုဒလူတို့သည်
အခြားလူမျိုး တို့အား
ဘုရားသခင်၏လူများအဖြစ် သူတို့နှင့်ပူပေါင်းခြင်းငှာ ဖိတ်ခေါ်ခြင်းကိုတိုးချဲ့ ရန်နှင့် သူတို့ကို “အစေခံ” ရန်ရောက်ရှိနေကြခြင်းဖြစ် သည် အတိုချုပ်ရသော်၊ အခြား လူမျိုးများကို ခေါ်ဝင်လာ စေရန် ဘုရားသခင်သည် သူတို့ကိုခေါ်
ထုတ် ခဲ့သည် (ဟေရှာ ၅၆း၇)။ ဘုရားသခင်သည် ဣသရေလလူတို့အားဖြင့် ကမ္ဘာပေါ်တွင်
အကြီးဆုံးသော အသင်းတော်၊ ကမ္ဘာပေါ်ရှိ လူမျိုး အားလုံး၏ကိုယ်စားလှယ်များ
လာရောက်ဝတ်ပြုကိုး ကွယ်၍၊ စစ်မှန်သော
ဘုရားသခင်ကို သင်ယူကာ၊ မိမိတို့လူမျိုးထံသို့ပြန်၍ ကယ်တင် ခြင်းသတင်းစကားကို ပြန်မျှဝေမည့် သူများ တက် ရောက်သည့်
အသင်းတော်ကိုထူ ထောင်လိုသည်။
ဘုရားသခင်သည်
မိမိလူတို့ကိုအစဉ်ဂရုစိုက်နေလင့်ကစား၊ ဣသရေလလူတို့ သည် ရုပ်တု ကိုးကွယ်ခြင်း၊ တံခါးပိတ်ဝါဒ၊ အမျိုးသားရေးဝါဒ၊
မာန်မာနနှင့်အတ္တ ဆန် ခြင်းများကို
ကျင့်သုံးလာခဲ့သည်။ ဘုရားသခင်၏လူတို့သည် သူတို့၏လုပ်ငန်းတာဝန်ကို ကျေပွန်အောင်
မဆောင်ရွက်နိုင်ခဲ့ချေ။
ယေရှု၌ဣသရေလတို့သည်
အလှည့်အပြောင်းကိုရင်ဆိုင်ခဲ့ကြရသည်။ ဘုရား သခင်၏ လူတို့သည်
သူတို့ကိုသူတို့မှလွတ်မြောက်စေမည့်မေရှိယကိုမရှာဘဲ၊ သူတို့လူ မျိုးကို လွတ် မြောက်စေမည့် မေရှိယကိုရှာဖွေခဲ့ကြသည်။
လက်ဝါးကပ်တိုင်တွင်၊ ဣသ ရေလတို့၏ ဝိညာဉ်
ရေးချွတ်ခြုံကျခြင်း သည် ထင်ရှားခဲ့သည်။ ခရစ်တော်ကိုကပ် တိုင် တင်သတ်ခြင်း
အားဖြင့် သူတို့၏အတွင်းပိုင်းဆွေးမြည့်ခြင်း ကိုမြင်သာအောင် ပြသခဲ့ကြ သည်။ သူတို့သည် “အကျွန်ုပ်
တို့၌ကဲသာဘုရင်မှတစ်ပါး အဘယ် ရှင်ဘုရင်မျှမရှိပါ” (ယော ၁၉း၁၅)
ဟုဟစ်အော်ချိန်တွင်၊ ဘုရားသခင်သည် သူတို့အား အုပ်စိုးခွင့်ကို ငြင်း ဆန် နေခဲ့ကြသည်။
လက်ဝါးကပ်တိုင်တွင် ဆန့်ကျင်ဘက်လုပ်ငန်းတာဝန်နှစ်ခု
အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ပထမတစ်ခုမှာ၊ ၎င်းကိုဖြစ်တည်စေတော်မူသည့်သူကို
မမြင်နိုင် လောက်အောင် အတ္တဆန်၍၊ လမ်းလွဲသောအသင်းတော် ဖြစ်သည်။ ဒုတိယတစ်ခုမှာမူ၊
သူတို့ ထာ၀ရ အသက်ရှင်စေရန် သူတို့ အစား အသေခံ၍ လူတို့ကိုချစ်ခြင်း၌ တည်သော
ခရစ်တော်၏ အသင်းတော်ဖြစ်သည်။
လက်ဝါးကပ်တိုင်သည် ဣသရေလတို့၏ လုပ်ငန်းတာဝန်
နိဂုံးကိုဖော်ပြစဉ်၊ ခရစ် တော် ၏ ထမြောက်ခြင်းသည်
ခရစ်ယာန်အသင်းတော်နှင့် ခရစ်တော်၏အသွေး အား ဖြင့်ကယ်တင်ခြင်းသို့
ရောက်သည်ဟူသော ဧဝံဂေလိတရားကိုဟောကြားခြင်း တည်း ဟူသော ၎င်း၏ လုပ်ငန်းတာဝန်ကို သမိုင်းသစ်စခဲ့သည်။
ယုဒလူမျိုးတို့သည် သူတို့၏ လုပ်ငန်းတာဝန် ပျောက်ဆုံးသွားသောအခါ၊ သူတို့သည်
အခြားသောလူမျိုးမျှသာ ဖြစ် လာ၍၊ ဘုရားသခင်၏
အသင်းတော်ဖြစ်ခြင်းမှရပ်စဲသွားခဲ့သည်။ သူတို့နေရာတွင် ဘုရားသခင်သည် လူမျိုးအသစ်
တည်းဟူသော အသင်းတော်ကိုတည်ထောင်၍၊ ၎င်း သည် ကိုယ်တော်၏
သာသနာလုပ်ငန်းကို လောကီသားများအတွက်သယ် ဆောင်လိမ့် မည်။ (မ ၂၁း၄၁၊၄၃)။
ရှေးဣသရေလ
ယုံကြည်သူလူစုနှင့် နီးနီးကပ်ကပ်ဆက်စပ်သော ဓမ္မသစ်ကျမ်း အသင်း
တော်သည်ပြောင်းလဲသောယုဒများနှင့် ယေရှုခရစ်တော်ကိုယုံကြည်သော တစ် ပါးအမျိုးသား တို့ဖြင့် ဖွဲ့စည်းသည်။ ထိုကြောင့်
စစ်မှန်သောဣသရေလလူမျိုးသည် ခရစ် တော်ကိုယုံကြည်
ခြင်းအားဖြင့် လက်ခံသောသူအားလုံးဖြစ်သည် (ဂလ ၃း၂၆-၂၉)။ ပေါ လုသည် ဤ ကွဲပြား သော လူတို့၏ ဇီ၀
ဆက်ဆံရေးသစ်ပင်နှစ်ပင်ဖြင့် သရုပ်ဖော်သည် မှာ ကောင်းသော
သံလွင် ပင်သည် ဣသရေလလူမျိုးဖြစ်၍၊ သံလွင်ပင် အရိုင်းသည် တစ်ပါးအမျိုးသားများ
ဖြစ်သည်။ ခရစ်တော်ကို လက်မခံသော ယုဒလူတို့ သည် ဘုရား သခင်၏သားသမီးများမဟုတ်တော့ချေ (ရော ၉း၆-၈)။ သူတို့ကို
ကောင်းသော သစ်ပင် မှ ကျိုးကျသောအကိုင်းဖြင့် ကိုယ်စားပြု၍၊ ခရစ်တော်ကိုလက်ခံရရှိသူ
ယုဒများမှာမူ ပင်စည်နှင့် ဆက်နေသော အကိုင်းဖြင့် ကိုယ်စားပြု သည်။
ပေါလုသည်ထပ်၍
ခရစ်တော်ကိုလက်ခံသောတစ်ပါးအမျိုးသားတို့အား၊ ကောင်း သော သံလွင်ပင် ၌ ကိုင်းဆက်ကူးသောအရိုင်းပင်၏အခက်များအဖြစ်
ပုံဖော်သည် (ရော ၁၁း၁၇-၂၅)။ သူသည် ဤအသစ်သောတစ်ပါး အမျိုးသားခရစ်ယာန်များအား ဘုရား သခင် ရွေး ကောက်သော လူတို့၏ အမွေအနှစ်ကို လေးစားရန်
ညွှန်ကြားသည်။ “အမြစ် သန့်ရှင်းလျှင်၊ အခက်အလက်များလည်း သန့်ရှင်းကြလိမ့်မည်။
အချို့သောအခက် တို့ကို ချိုးဖဲ့ပြီးမှ၊ ရိုင်း
သော သံလွင်ပင်တည်းဟူသော သင်ကို အထက်ငုတ်၌ဆက်၍ စိုက်သ ဖြင့်၊ အခက်များနှင့် အတူ သံလွင်ပင် အမြစ်ကိုလည်းကောင်း၊
အဆီ ဩဇာကိုလည်း ကောင်းဆက်ဆံလျှင်၊ ချိုးဖဲ့
သောအခက်တို့ကိုကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့်။ ဝါကြွားလျှင် မူ ကား၊ သင်သည် အမြစ်ကိုမဆောင်၊ အမြစ်သည် သင့်ကိုဆောင်၏}
(ရော ၁၁း၁၆-၁၈)။
ဓမ္မသစ်ကျမ်းအသင်းတော်သည် အရည်အသွေးတူ ဓမ္မဟောင်းကျမ်းအသင်း တော်နှင့် သိသာထင်ရှားစွာခြားနားသည်။
တမန်တော်များအသင်းတော်သည် ဣသရေ လလူမျိုးမှခွဲ
ထွက်၍ သီးခြား အဖွဲ့အစည်းဖြစ်လာခဲ့သည်။ အမျိုးသားရေးနယ်နိမိတ် များကို စွန့်ပစ်၍၊ တစ်လောကလုံးနှင့် ဆိုင်သော
အသင်းတော်ဖြစ်လာသည်။ လူမျိုးနှင့် ဆိုင်သောအသင်းတော်
မဟုတ်တော့ဘဲ၊ ၎င်းသည် သာသနာပြုသောအသင်းတော်၊ ဘုရားသခင်၏
မူလအကြံအစည်ကိုပြီးစီးစေရန် လုပ်ဆောင်သော အသင်းတော်၊ အ သင်းတော်ကိုတည် ထောင်သော ယေရှုခရစ်တော်၏ “လူမျိုးတကာတို့ကို ငါ့ တပည့်ဖြစ် စေလော့” (မ ၂၈း၁၉)
ဟုပြဋ္ဌာန်းချက် ကို ဆောင်ရွက်သောအသင်းတော်ဖြစ်လာသည်။
အသင်းတော်ကိုဥပမာတင်စား၍ဖော်ပြခြင်း
ဓမ္မသစ်ကျမ်းအသင်းတော်ကို ခိုင်းနှိုင်းဖော်ပြချက်များသည်
အသင်းတော်၏ သဘောသဘာ၀ ကိုမီးမောင်းထိုးပြသည်။
၁။
ကိုယ်ခန္ဓာကဲ့သို့သောအသင်းတော်။
ကိုယ်ခန္ဓာနှင့်တင်စားခြင်းသည် အသင်း တော် ၏
စည်းလုံးခြင်းနှင့် အသင်းတော်အတွက် အသင်းသားတစ်ဦးစီ၏ လုပ်ငန်းဆိုင် ရာ ဆက်ဆံ ရေး တို့ကို အလေးပေးသည်။ လက်ဝါးကပ်တိုင်သည်
ယုံကြည်သူ အားလုံး ကို “ကိုယ်တော် ၌.... တစ်ကိုယ် တည်းဖြစ်စေခြင်းငှာ၊” (ဧ ၂း၁၆) ဘုရားသခင်နှင့် မိတ်သ ဟာယဖွဲ့ စေသည်။
သန့်ရှင်းသော ဝိညာဉ် တော် အားဖြင့်
သူတို့သည် “တစ်ကိုယ် တည်း (အသင်းတော်) ထဲသို့ ဗတ္တိဇံကိုခံကြ၏} (၁ကော ၁၂း၁၃)။ ကိုယ်ခန္ဓာ အနေ ဖြင့်၊ အသင်းတော်သည် ခရစ်တော်၏
ကိုယ်လည်းဖြစ်သည် (ဧ ၁း၂၃)။ ခရစ်တော်သည် သူ၏ စုံလင် ခြင်း ကိုပေးသောအရာမှာ
ဤအင်္ဂါအဖွဲ့အစည်း အားဖြင့်ဖြစ်သည်။ ယုံကြည်သူ များသည် သူ့ ကိုယ်ခန္ဓာ၏ အင်္ဂါ အစိတ် အပိုင်းများဖြစ်သည်
(ဧ ၅း၃၀)။ သို့ဖြင့်၍ သူ သည် ဝိညာဉ်ရေးအသက်တာကို
သူ၏တန်ခိုးနှင့် ကျေးဇူးတော်အားဖြင့် စစ်မှန်သောယုံ ကြည်သူတိုင်းကိုပေးသည်။ ခရစ်တော်သည် “ကိုယ်၏ ဦးခေါင်း” (ကော ၁း၁၈)၊ “အသင်း တော်၏
အပေါ်မှာခေါင်း” (ဧ ၅း၂၃) ဖြစ်သည်။
သူ၏မေတ္တာဖြင့် ဘုရားသခင်သည် သူ၏ကိုယ်ခန္ဓာတည်းဟူသော
အသင်းတော် ၏ အသင်းဝင်
အယောက်စီတိုင်းကို အနည်းဆုံးဝိညာဉ်ဆုကျေးဇူးတစ်ခုပေး၍၊ ထိုသို့ ဖြင့် သူတို့ သည် အရေးကြီးသောလုပ်ငန်းကို
လုပ်ဆောင်နိုင်စေမည်ဖြစ်သည်။ ကိုယ် အင်္ဂါ
တစ်ခုချင်းစီ သည် လူ့ခန္ဓာကိုယ်၌ အရေးကြီးသောအရာကို လုပ်ဆောင်သကဲ့သို့ ပင်၊ အသင်းတော်၏ သာသနာလုပ်ငန်း အောင်မြင်စွာ
ပြီးစီးနိုင်ရေးသည် အသင်းသူ အသင်းသားများ
အားပေးသော ဝိညာဉ်ဆုကျေးဇူးများကို တစ်ဦးချင်းစီ၏ အသုံးချမှုအ ပေါ်မူတည်သည်။ နှလုံးမပါသော ကိုယ်ခန္ဓာသည်
ဘာအတွက်ကောင်းသနည်း။ သို့မ ဟုတ် မျက်စိသို့မဟုတ်
ခြေထောက်မပါ လျှင် အဘယ်မျှထိရောက်မှု လျော့နည်းမည် နည်း။ အကယ်၍ အသင်းသူအသင်းသားများ သည် သူတို့ခံရသော
ဆုကျေးဇူးများကို ထိမ်ချန်ထားလျှင် အသင်းတော်သည် နားပင်း သို့မဟုတ် မျက်ကန်း
သို့မဟုတ် အနည်း ဆုံးမသန်မစွမ်း
ဖြစ်လိမ့်မည်။ သို့သော်ငြားလည်း၊ ဤဘုရားသခင်ခွဲဝေပေးသော အထူး ဆုကျေးဇူးများသည် ၎င်းတို့ ဘာသာ မကုန် ခန်းချေ။
“အသင်းတော်သည်
ကြွယ်၀သောခရစ်တော်၏ ကျေးဇူးတော်ကို သိုလှောင်ရာ ဖြစ်၏။ အသင်းတော်အားဖြင့်၊
]လောကီမှောင်မိုက်၌အစိုးတရပြုသောမင်းတို့နှင့် မိုး ကောင်းကင်၌ နေသော နတ်ဆိုးတို့} နှင့် ဘုရားသခင်၏မေတ္တာကို နောက်ဆုံးအပြည့် အဝပြသခြင်းတို့ကို နောက်ဆုံးတွင် ထင်ရှားစေလိမ့်မည်။
အသင်းတော်သည် ဘုရား သခင်၏ ခံတပ်မြို့၊
ပုန်ကန် သောလောကတွင် သူစွဲကိုင်သောခိုလှုံရာမြို့ဖြစ်သည်။ ၎င်းသည် သူ၏
ကျေးဇူးတော်ကို ပြသ သော ဇာတ်ရုံဖြစ်၍၊ ဘုရားသခင်သည် လူ့ စိတ်နှလုံးကို ပြောင်းလဲပေးသောသူ၏တန်ခိုးဖြင့်
ပြသခြင်းကိုနှစ်သက်သည်။” “မိမိ
အသင်းတော်အတွက် ဘုရားသခင်၏ မေတ္တာသည် အဆုံးမရှိချေ။ သူ၏အမွေခံများ အ ပေါ်စောင့်ရှောက်မှု သည်
လည်း ရပ်စဲသွားခြင်းမရှိချေ။”
၂။
ဗိမာန်တော်ကဲ့သို့သောအသင်းတော်။ အသင်းတော်သည် “ဘုရားသခင်၏ ဗိမာန် တော်၊” သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်သော “ဘုရားသခင်၏ ဗိမာန်တော်” ဖြစ်သည်။ ယေရှုခရစ်တော်သည် ၎င်း၏ ]တိုက်မြစ်} ဖြစ်သည် (၁ကော ၃း၉-၁၆။ ဧ ၂း၂၀)။ ဤ ဗိမာန် တော်သည် သေနေသော
အဆောက်အဦးမဟုတ်ပါ။ ၎င်းသည် ပြောင်း လဲပြီး
ကြီးထွားမှုကို ပြသသည်။ ပေတရုက၊ ခရစ်တော်သည် “အသက်ကျောက်မြတ်” ဖြစ်သကဲ့သို့ ယုံကြည် သူ များ သည်လည်း “ဓမ္မတိုက်} ကို တည်ဆောက်သည့်
“အသက် ကျောက်” များဖြစ်ကြသည်
(၁ပေ ၂း၄-၆)။
ဤတိုက်ကိုဆောက်၍ မပြီးသေးပါ။ “ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကိန်းဝပ် တော်မူ
ခြင်းအလိုငှာ၊... တည်ဆောက်လျက်ရှိ” (ဧ ၂း၂၂) သော
ထိုဗိမာန်တော် တွင် အသက်ကျောက် အသစ်များအဆက်မပြတ်တိုးလာနေသည်။ ပေါလုသည် ယုံ ကြည်သူတို့ကို ဤ ဗိမာန်တွင် အကောင်းဆုံးသော
ပစ္စည်းကိုအသုံးပြုရန် တိုက်တွန်း သည်။
ထိုသို့ဖြင့်အမှုဆုံး ဖြတ်ရာ နေ့ရက်တွင် ပြင်းထန်သောစစ်ဆေးခြင်းကို ခံနိုင် လိမ့်မည် (၁ကော ၃း၁၂-၁၅)။
ဗိမာန်တော်ကဲ့သို့ တင်စားခြင်းသည် ဒေသခံအသင်းတော်နှင့်
အသင်းတော် အ များစု၏ သန့်ရှင်းမှုကို
အထူးပြုသည်။ ပေါလုက၊ ဘုရားသခင်၏ ဗိမာန်တော်သည် သန့် ရှင်း၏။ “အကြင်သူသည်
ဘုရားသခင်၏ဗိမာန်တော်ကိုဖျက်ဆီး၏။ ထိုသူကို ဘုရား သခင်ဖျက်ဆီး တော်မူလိမ့်မည်။” (၁ကော ၃း၁၇) ဟုဆိုသည်။ မယုံကြည်သူများနှင့် အနီးကပ်
ပူးပေါင်းခြင်းသည် ၎င်း၏သန့်ရှင်းသော လက္ခဏာနှင့် ဆန့်ကျင်ကြောင်း ပေါ လုမှတ်ချက်ပြုသည်။ ထိုကြောင့်၊ “တရားသောအမှုသည် မတရားသောအမှုကို အဘယ် သို့ လက်ခံနိုင်မည်နည်။.... ဘုရားသခင်၏ ဗိမာန်တော်သည်
ရုပ်တုတို့နှင့် အ ဘယ်သို့ စပ်ဆိုင်သနည်း” (၂ကော ၆း၁၄-၁၆)။ (ပေါလု၏အကြံပြုချက်သည်
စီးပွားရေးလုပ် ငန်းနှင့်
လက်ထပ်ထိမ်းမြားခြင်း တို့ပါဝင်သည်)။ အသင်းတော်သည် ဘုရားသခင် အထူး ဂရုစိုက်သောအရာဖြစ်ရာ၊ များစွာကြည်ညို လေးစားရမည်။
၃။ သတို့သမီးကဲ့သို့သောအသင်းတော်။ အသင်းတော်ကိုသတို့သမီး အဖြစ်နှင့် ထာ၀ရဘုရား ကို
သတို့သားအဖြစ်သရုပ်ဖော်သည်။ ထာ၀ရဘုရားက “ငါသည်ကိုယ်အဖို့
သင့်ကို အစဉ်အမြဲ သိမ်းယူမည်။ ဖြောင့်မတ်ခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ချစ်သနားစုံ မက် ခြင်းနှင့်အညီ ကိုယ်အဖို့ သင့်ကို သိမ်းယူမည်” (ဟောရှေ ၂း၁၉) ဟူ၍လေးနက်စွာ ကတိပေး သည်။ ဆက်လက်၍၊ “ငါသည် သင့်ကို ရွေးယူ (လက်ထပ်-အင်္ဂလိမ်ကျမ်းစာ) ပြီ” (ယေ ၃း၁၄) ဟုအခိုင်အမာဆိုသည်။
ပေါလုသည် အလားတူတင်စားခြင်းကိုအသုံးပြုသည်။ “ငါသည် သင်တို့ကို သီလ နှင့် ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အားဆက်သသည်” (၂ကော ၁၁း၂)။
ခရစ်တော်၏ မေတ္တာသည် အသင်းတော်အပေါ် အလွန်နက်နဲပြီး ကြာရှည်ခံသည်ဖြစ်ရာ၊ သူသည် “အသင်းတော် အဖို့ အလို့ငှာ ကိုယ်ကိုကိုယ်စွန့်တော်မူ၏” (ဧ ၅း၂၆)။ သူသည် “နှုတ်ကပတ်တော်
ရေ၌ဆေးကြောခြင်း အားဖြင့် စင်ကြယ်သန့်ရှင်း စေမည်အကြောင်း” (ဧ ၅း၂၆) ဤစွန့်ခြင်းအမှုကိုပြုခဲ့သည်။
ဘုရားသခင့်
နှုတ်ကပတ်တော်၏ သန့်ရှင်းစင်ကြယ် စေသောဩဇာ (ယော ၁၇း ၁၇) နှင့် ရေနှစ်ခြင်းက ပေးသောစင်ကြယ်ခြင်းတို့အားဖြင့်၊
ခရစ်တော်သည် အသင်း တော်၏ အဖွဲ့ဝင် များကို
စင်ကြယ်စေနိုင်၍၊ သူ၏ပြည့်စုံသောဖြောင့်မတ်ခြင်း
ဝတ်လုံ ကို ဝတ်ဆင်နိုင်ရန်
သူတို့၏ ညစ်ညူးသော အဝတ်ကိုဖယ်ရှားခဲ့သည်။ ထိုကြောင့်သူ သည်၊- “အညစ်အကြေး တင်ခြင်း၊
အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်” (ဧ ၅း၂၇) တည်းဟူသော သတို့သမီးဖြစ် ရန်ပြင်ဆင်နိုင်သည်။ အသင်းတော် ၏ ပြည့်စုံသောဘုန်းအသရေကို
ခရစ်တော် မကြွ လာမီအထိမြင်တွေ့ရမည်မဟုတ်ချေ။
၄။
အထက်မှယေရုရှလင်မြို့ကဲ့သို့အသင်းတော်။ သမ္မာကျမ်းစာသည်
ယေရုရှ လင်မြို့ကို ဇိအုန်
မြို့ဟုခေါ်သည်။ ထိုနေရာတွင် ဘုရားသခင်သည် သူ၏ လူတို့နှင့်နေ ထိုင်သည် (ဆာ ၉း၁၁)။ ကယ်တင်ခြင်းသည် ဇိအုန်မြို့မှလာသည် (ဆာ
၁၄း၇။ ၅၃း၆)။ ထိုမြို့သည် “မြေကြီး တစ်ပြင်လုံး
ရွှင်လန်းရာဖြစ်သည် (ဆာ ၄၈း၂)။
ဓမ္မသစ်ကျမ်းသည် အသင်းတော်ကို မြေကြီးပေါ်ရှိ
ယေရုရှလင်မြို့၏ ဝိညာဉ်ရေး အဆင့်တူ “အပေါ်မှာရှိသော
ယေရုရှလင်မြို့” (ဂလ ၄း၂၆)
ကဲ့သို့ရှုမြင်သည်။ ဤ ယေရုရှ လင်မြို့သူ
မြို့သားများသည် “ကောင်းကင်ဘုံနှင့်
စပ်ဆိုင်လျက်ရှိကြ၏” (ဖိ ၃း၂၀)။ သူတို့ သည် “ကတိတော်နှင့် စပ်ဆိုင်သော
သား၊” “ဝိညာဉ်တော်အားဖြင့်ဖွားသော
သား၊” ယေရှု ပေးသော လွတ်ခြင်းအခွင့်၌ မွေ့လျော်သူများ ဖြစ်ကြသည် (ဂလ
၄း၂၈၊ ၂၉။ ၅း၁)။ ဤ မြို့သူမြို့သားများ သည် “ပညတ်တရား အားဖြင့် ဖြောင့် မတ်ရာသို့” (ဂလ ၄း၂၂၊၂၆၊၃၁။ ဂလ ၅း၄) ရောက်ရန် ကြိုးပမ်းမှု၏
အချုပ်အနှောင်တွင် မရှိကြတော့ပြီ။ “ဝိညာဉ်တော် အားဖြင့်၊” သူတို့သည် “ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်မည်ဟု” စိတ် အားထက်သန်စွာ
စောင့်နေကြသည်။ သူတို့ကို မြို့သူမြို့သားဖြစ်ရသော အခွင့်ကိုပေး သော အရာမှာ၊ ယေရှုခရစ်၌ “မေတ္တာ အားဖြင့်
ပြုပြင်တတ်သော ယုံကြည်ခြင်း” ဖြစ် သည်ကို သူတို့ သဘော ပေါက်ကြသည် (ဂလ ၅း၅၊၆)။
ဤဘုန်းကျက်သရေရှိသော
အဖွဲ့တွင်ပါဝင်သော သူတို့သည် “ဇိအုန်တောင်သို့ လည်း ကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏
မြို့တော်တည်းဟူသော ကောင်းကင် ယေရုရှလင်မြို့သို့ လည်းကောင်း၊
အတိုင်းမသိများစွာသော ကောင်းကင် တမန်တို့၏
စည်းဝေခြင်းသို့လည်းကောင်း၊ ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏ အသင်းတော်သို့
လည်းကောင်း .... ရောက်ကြ၏” (ဟေဗြဲ ၁၂း၂၂၊၂၃)။
၅။ မိသားစုကဲ့သို့သောအသင်းတော်။ ကောင်းကင်၌ရှိသောအသင်းတော်နှင့် မြေ ကြီး ပေါ် ရှိ အသင်းတော်တို့သည် တစ်မိသားစုတည်းဖြစ်သည်ဟုသဘောရသည် (ဧ ၃း၁၅)။ ဤ
တင်စားမှု နှစ်ခုကို ဤမိသားစု၌မွေးစားခြင်း (ရော ၈း၁၄-၁၆။ ဧ ၁း၄-၆) နှင့်
အသစ်မွေးဖွား ခြင်း (ယော ၃း၈) တို့ဖြင့် လူတို့သည်လာရောက် ပူးပေါင်းခြင်းကို
ဖော်ပြ ရန် အသုံးပြုသည်။
ခရစ်တော်ကို ယုံကြည်ခြင်း အားဖြင့် နှစ်ခြင်းခံသူအသစ်တို့ သည် ကျွန်မဟုတ်ကြတော့ဘဲ၊ အသစ်သောပဋိညာဉ်၌ နေထိုင်ကြသော၊
ကောင်းကင်ဘုံက အဖ၏ သားသမီးများဖြစ်လာကြ
သည် (ဂလ ၃း၂၆-၄း၇)။ ယခုတွင် သူတို့သည် ဟ” ယုံကြည်ခြင်း၏ အိမ်သူအိမ်သား” (ဂလ ၆း၁၀)
တည်းဟူသော “ဘုရားသခင်၏ အိမ်တော်သား”
(ဧ ၂း၁၉) ဖြစ်လာကြသည်။” ဘုရား သခင်၏ အိမ်သူအိမ်သားများသည် သူ့ကို “အဘ” (ဂလ ၄း၆) ဟုခေါ်
ကြပြီး၊ အချင်းချင်းကို ညီအစ်ကိုနှမကဲ့သို့ဆွေမျိုးတော် ကြသည်။ (ယာ ၂း၁၅။ ၁ကော ၈း၁၁။ ရော ၁၆း၁)။ ပေါလု သည်
လူများစွာကိုအသင်း တော်မိသားစု ထဲသို့
ခေါ်ဆောင်လာသောကြောင့်၊ သူ့ကိုယ်သူ ဝိညာဉ်ရေးဖခင်အဖြစ်ရှု မြင်သည်။ သူက “ဧဝံဂေလိတရားအားဖြင့် ငါသည် သင်တို့ကို ယေရှု ခရစ်၌ ဖြစ်ဖွား စေပြီ” (၁ကော ၄း၁၅) ဟုဆိုသည်။ သူခေါ်ဆောင် လာသောသူတို့ကို “ချစ်သား” (၁ကော ၄း၁၄)
ကဲ့သို့မှတ်သည်။
မိသားစုအနေဖြင့်အသင်းတော်၏ အထူးလက္ခဏာတစ်ခုမှာ
မိတ်သဟာယဖွဲ့ခြင်း ဖြစ် သည်။ ခရစ်ယာန်
မိတ်သဟာယဖွဲ့ခြင်းသည် ရင်းနှီးစွာ ရောနှောဆက်ဆံ ရုံမျှမက ဘဲ၊ “ဧဝံဂေလိ တရား၌ ဆက်ဆံခြင်း” (ဖိ ၁း၅) ဖြစ်သည်။ ၎င်းသည် ခမည်းတော်ဘုရား၊ သူ၏ သားတော်၊
သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း (၁ယော ၁း၃။ ၁ကော ၁း၉။ ၂ကော ၁၃း၁၄)၊
ယုံကြည်သူများနှင့် လည်းကောင်း (၁ယော ၁း၃၊၇) စစ်မှန်သော မိတ်သဟာယဖွဲ့
ခြင်းပါဝင်သည်။ ထိုအခါ၊ အသင်းသူ အသင်းသားများသည် မိသားစု ဝင်ဖြစ်လာသူ မည်သူ ကို မဆို “လက်ယာလက်ခံခြင်း}
မိတ်သဟာယ ကိုပြုနိုင်ကြ မည် (ဂလ ၂း၉)။
မိသားစုအဖြစ် တင်စားခြင်းသည် ဂရုစိုက်သော အသင်းတော်
ကိုပြသသည်။ အသင်းတော်သည် “လူများကိုအရေးကြီး
ပုဂ္ဂိုလ်ကဲ့သို့ ချစ်ခင်လေးစား၍၊ အသိအမှတ် ပြုရသောနေရာ၊
လူတို့သည် သူတို့ တစ်ဦးကိုတစ်ဦး လိုအပ်သည်ဟု အသိအမှတ် ပြုသော နေရာဖြစ်၏။ အစွမ်းများကို တိုးပွားစေသော
နေရာဖြစ်သည်။ လူများကြီး ထွား သော နေရာဖြစ်သည်။ လူတိုင်းလိုအင် ဆန္ဒပြည့်၀သော
နေရာဖြစ်သည်။” မိသားစု သည် တာဝန်ခံမှု၊ ဝိညာဉ်ရေး မိဘများကိုရိုသေမှု၊ ဝိညာဉ်ရေး
ညီအစ်ကို မောင်နှမများကို စောင့်
ရှောက်ခြင်းတို့ကို ဆိုလိုသည်။ နောက်ဆုံးတွင်၊ ၎င်းသည် စောင်မ၍ ခွန်အားပေး သည့် နက်နဲသော သစ္စာရှိခြင်းကို ပေါက်ဖွားစေသောမေတ္တာဖြင့်
အသင်းသူအသင်းသား များ တစ်ဦးကိုတစ်ဦး
ချစ်ကြသည်ဟု ဆိုလိုသည်။
အသင်းတော် မိသားစုတွင် အသင်းဝင်ခြင်းသည် သဘာ၀စိတ်နေသဘောထား
ချင်းများစွာ ခြားနားနေသောတစ်ဦးချင်းစီကို၊ အချင်းချင်းသာယာကြည်နူးခြင်းနှင့်
ထောက်မအားပေး ခြင်းရှိစေသည်။ အသင်းတော်မိသားစုဝင်များသည် မိမိတို့၏ ကိုယ်ပိုင် လက္ခဏာကို မပပျောက်စေဘဲ၊ စည်းလုံးစွာနေထိုင်ခြင်းကိုသင်ယူကြသည်။
၆။ သမ္မာတရား၏ထောက်တိုင်နှင့်အုတ်မြစ်ကဲ့သို့သောအသင်းတော်။ အသက်ရှင် သောဘုရားသခင်၏ အသင်းတော်သည် “သမ္မာတရား၏အမှီတံကဲဖြစ်၏။ သမ္မာတရား ၏ တည်ရာလည်းဖြစ်၏” (၁တိ ၃း၁၅)။
၎င်းသည် သမ္မာတရားကို သိုလှောင်ရာနှင့် ကာကွယ်ရာ နေရာဖြစ်၍၊ ရန်သူ
တိုက်ခိုက်မှုမှသမ္မာတရားကိုကာကွယ် ပေးသည်။ သို့သော်လည်း သမ္မာတရားသည်တန့်မနေဘဲ၊
ရွေ့လျားသည်။ အကယ်၍ အသင်းသူ အသင်းသားတို့သည်
အလင်းအသစ်ရ၍၊ ယုံကြည်ချက်အသစ် သို့မဟုတ် သမ္မာကျမ်း စာကို အနက်ဖွင့်ဆိုချက် အသစ်ကိုတွေ့သည်ဟု ဆိုလာလျှင်၊
ထိုသို့တွေ့ ရှိသောသွန်သင် မှုအတွေ့အကြုံအသစ်ကို
သမ္မာကျမ်းစာအားဖြင့်စစ်ဆေးရမည် (ဟေရှာ ၈း၂၀)။ အကယ်၍ အလင်းတရားအသစ် သည်
ဤစံချိန်နှင့်ကိုက်ညီလျှင် အသင်းတော်သည် ၎င်းကို လက်ခံရမည်။ အကယ်၍ မကိုက် ညီပါက
ငြင်းပယ်ရမည်။ အသင်းသူ အသင်းသားအားလုံးသည် ကျမ်းစာကို အခြေခံသည့်
ဆုံးဖြတ်ချက်ကိုလိုက်နာရမည်။ အကြောင်းမှာ “အကြံပေးနိုင်သော
သူအများရှိလျှင် မူကား၊ ဘေးလွတ်တတ်၏” (သု ၁၁း၁၄)။
သမ္မာတရားကို ပျံ့နှံ့စေခြင်းအားဖြင့် (ဥပမာ၊
သက်သေခံခြင်းအားဖြင့်) အသင်း တော် သည် “လောက၏ အလင်း၊” “မကွယ်နိုင်”
သည့် “တောင်ထိပ်၌တည်သောမြို့၊”
“လောက၏ ဆား” ဖြစ်လာ သည် (မ ၅း၁၃-၁၅)။
၇။ တိုက်ပွဲဝင်၍အောင်မြင်သည့်စစ်တပ်ကဲ့သို့သောအသင်းတော်။ မြေကြီးပေါ် ရှိ အသင်းတော်သည်
တိုက်ပွဲဆင်နွှဲနေသောစစ်တပ်ကဲ့သို့ဖြစ်သည်။ ၎င်းကို ဝိညာဉ်ရေး အမှောင်ထုကို
စစ်တိုက်ခြင်းဟုခေါ်သည်။ “ငါတို့သည်
အသွေးအသားရှိသော ရန်သူ တို့ နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်
မဟုတ်။ အထွတ်အမြတ်တို့နှင့် လည်းကောင်း၊ အာဏာ စက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုသော
မင်းတို့နှင့် လည်း ကောင်း၊ မိုးကောင်းကင်၌
နေသောနတ်ဆိုးတို့နှင့် လည်းကောင်းဆိုင်ပြိုင်တိုက်လှန် ရကြ ၏” (ဧ ၆း၁၂)။
ခရစ်ယာန်တို့သည် “ခဲယဉ်းဆိုးယုတ်သော နေ့ရက်
ကာလ၌ဆီး တားနိုင် သဖြင့်၊
ကိစ္စအလုံးစုံတို့ကိုပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူ သော လက်နက်စုံ ကိုဝတ်ဆင်” (ဧ ၆း၁၃) ရမည်။
ရာစုသစ်များတစ်လျှောက်အသင်းတော်သည်
အတွင်းရန်သူနှင့်အပြင်ရန်သူကို တိုက်ခဲ့ရသည် (တ ၂ဝး၂၉၊ ၃၀။ ၁တိ ၄း၁)။ ၎င်းသည်
ထူးခြားသော တိုးတက်မှုကို လုပ်ဆောင်ပြီး အောင်မြင်မှုများ ကိုရရှိခဲ့သော်လည်း၊
၎င်းသည် အောင်ပွဲခံသောအသင်း တော်မဟုတ်
သေးချေ။ ကံမကောင်းစွာ၊ အသင်းတော်သည် ကြီးမားသော အပြစ်အနာ အဆာ ရှိနေသေးသည်။ ယေရှုသည် အခြားသောဥပမာဖြင့် အသင်းတော်အထဲ ကမစုံ လင်မှုကို
ရှင်းပြသည်။ “ကောင်း ကင်နိုင်ငံတော်သည်
ကောင်းသော မျိုးစေ့ကိုလယ်၌ ကြဲသောသူနှင့်တူ၏။
လူတို့သည် အိပ်ပျော်သောအခါ သူ၏ ရန်သူသည်လာ၍၊ ကောင်းသော စပါးနှင့်လက္ခဏာတူသော
တောမျိုး စေ့ကို စပါးအထဲ၌ကြဲ၍သွားလေ၏” (မ ၁၃း၂၄၊၂၅)။
အစေခံတို့သည် တောပင်တို့ကို နုတ် လိုရာ၊ လယ်ပိုင်ရှင်က “တော ပင်တို့ကို ရွေးနုတ်
လျှင် စပါးပင်တို့ကို ရောနှော၍ နုတ်မိမည် စိုးရိမ်စရာအကြောင်းရှိ၏။ စပါးရိတ်သည်
ကာလတိုင် အောင်အပင်နှစ်မျိုးတို့သည် အတူကြီး ပွားပါလေစေ” (မ ၁၃း၂၉း၃၀) ဟုဆို၏။ တောပင်နှင့် စပါးပင် တို့သည် အတူတူလယ်၌
ရှင်သန်ကြသည်။ ဘုရားသခင်သည် ပြောင်းလဲသော သူတို့ကို အသင်းတော်သို့ ခေါ်
ဆောင်လာစဉ်၊ စာ တန်သည် မပြောင်းလဲ
သူများကိုယူဆောင်လာသည်။ ဤနှစ်ဖွဲ့သည် ကိုယ်ခန္ဓာ တစ်ခု လုံးကိုလွှမ်းမိုးသည်။ တစ်ဖွဲ့သည်စင်ကြယ်ခြင်းအတွက်လုပ်ဆောင်၍၊
အခြားတစ်ဖွဲ့ သည် အကျင့်ပျက်ခြင်း အတွက်လုပ်ဆောင်သည်။ အသင်းတော်ထဲ၌ သူတို့အကြား ပဋိပက္ခသည် ခရစ်တော် ဒုတိယအကြိမ်ကြွလာချိန်၊
ရိတ်သိမ်းရာကာလအထိဆက် လက်ရှိနေမည်။
အသင်းတော်၏ အပြင်တိုက်ပွဲသည်လည်း မပြီးဆုံးသေးချေ။
ကြီးစွာသော ဆင်း ရဲဒုက္ခ နှင့် ပဋိပက္ခသည်
ရှေ့တွင်စောင့်နေသည်။ မိမိအချိန်အနည်းငယ်သာရှိသည်ကို သိသော စာတန်သည် ဘုရားသခင်၏
အသင်းတော်ကိုဒေါသထွက်၍ (ဗျာ ၁၂း၁၂၊၁၇)၊ အသင်းတော် အပေါ်တွင် “လူမျိုး တစ်စုံတစ်မျိုးမျှဖြစ်သည်ကာလမှစ၍ ထိုကာလ
တိုင်အောင်၊ မဖြစ်စဖူး သော ဆင်းရဲဒုက္ခကပ်” ကို
ရောက်စေလိမ့်မည်။ သို့သော် ခရစ် တော်သည်
မိမိ၏သစ္စာရှိသော လူတို့ကိုယ်စားကြားဝင် ဖြေရှင်း လိမ့်မည်။ “စာစောင်၌ စာရင်းဝင်” သောသူတို့သည် “ကယ်လွှတ်ခြင်းသို့ရောက်ကြလိမ့်မည်” (ဒံ ၁၂း၁)။ “အကြင် သူသည် အဆုံးတိုင်အောင် တည်ကြည်၏၊ ထိုသူသည်
ကယ်တင်ခြင်းသို့ရောက် လိမ့် မည်” (မ ၂၄း၁၃) ဟုခရစ်တော် အာမခံသည်။
ခရစ်တော်ကြွလာချိန်တွင်
အောင်မြင်သောအသင်းတော်ပေါ်ထွက်လာမည်။ ထိုအ ချိန်တွင်၊
ခေတ်အဆက်ဆက်သစ္စာရှိ၍၊ မိမိအသွေးနှင့်ဝယ်ယူသည့် “အညစ် အကြေး တင်ခြင်း၊ အရေတွန့် ခြင်းမှစသည်တို့နှင့်လွတ်လပ်သဖြင့်၊
အသရေရှိလျက် တင့်တယ် သောအသင်း တော် ကို
ခရစ်တော် သည် မိမိအားဆက်သ” (ဧ ၅း၂၇)
လိမ့်မည်။
မြင်နိုင်သောအသင်းတော်နှင့်မမြင်နိုင်သောအသင်းတော်။ “မြင်နိုင်သော” နှင့် “မ မြင်နိုင်သော” ဟူသည့်စကားလုံးနှစ်ခုသည် မြေကြီးပေါ်ရှိအသင်းတော်၏
ရှုထောင့်နှစ် ခုကို ခွဲခြား
ရန်အသုံးပြုသည်။ အထက်ကကျွန်ုပ်တို့ လေ့လာခဲ့သောတင်စားမှုများသည် အထူးသဖြင့်မြင်
နိုင်သော အသင်းတော် အတွက် အသုံးချသည်။
၁။ မြင်နိုင်သောအသင်းတော်။ မြင်နိုင်သောအသင်းတော်သည် အမှုတော်အတွက် ဖွဲ့ စည်းသော
ဘုရားသခင်၏အသင်းတော်ဖြစ်သည်။ ၎င်းသည် ဧဝံဂေလိတရားကို လော ကီအရပ်ရပ်သို့ သယ်ဆောင်ရန် ခရစ်တော်၏ မဟာစေစားခြင်း (မ
၂၈း၁၈-၂၀) ကိုပြည့် စုံစေ၍၊ သူ၏ ဘုန်းအသရေ
နှင့်ကြွလာခြင်းအတွက် လူများကို ပြင်ဆင်သည် (၁သက် ၅း၂၃။ ဧ ၅း၂၇)။
ခရစ်တော် အထူးရွေးချယ်သော သက်သေတည်းဟူသော အသင်းတော်သည်
ကမ္ဘာကို အလင်းပေး၍၊ ကိုယ်တော်ပြုခဲ့သကဲ့သို့၊ ဆင်းရဲသားတို့ကိုဧဝံဂေလိသတင်း
ကြားပြောခြင်း၊ ကြေကွဲ သောသူတို့ကို အနာပျောက်စေခြင်း၊ ဖမ်းချုပ်ထားသောသူတို့ ကို လွှတ်ခြင်းနှင့် မျက်စိကန်းသော သူတို့ကိုမြင်စေခြင်း၊
ညှဉ်းဆဲခံရသောသူတို့ကိုကယ် မခြင်း၊ ထာ၀ရဘုရား ၏
မင်္ဂလာနှစ် ကာလကို ကြားပြောခြင်း (လု ၄း၁၈၊ ၁၉) တို့ကို လုပ်ဆောင်သည်။
၂။ မမြင်ရသောအသင်းတော်။ မမြင်ရသောအသင်းတော်ကို ကမ္ဘာ့အသင်းတော် ဟုလည်းခေါ် ဆိုပြီး၊ တစ်ကမ္ဘာလုံးရှိဘုရားသခင်၏ လူတို့ဖြင့်
ဖွဲ့စည်းထားသည်။ ၎င်းအ သင်းတော်တွင် မြင်ရသော
အသင်းတော်ထဲက ယုံကြည်သူများနှင့် အသင်းတော်အဖွဲ့ အစည်းနှင့် မသက်ဆိုင်သော်လည်း၊ ခရစ်တော်ပေးသော
အလင်းတရားအားလုံးကို လိုက်လျှောက်သည့်သူများ (ယော ၁း၉) များပါဝင်သည်။ ဤဒုတိယအဖွဲ့တွင် ခရစ် တော်အကြောင်း သမ္မာတရားကို ဘယ်ခါမျှသင်ယူခွင့်မရရှိ
ခဲ့သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏
လှုံ့ဆော်မှုကိုတုံ့ပြန်၍၊ “ပညတ်တရားကိုမသိဘဲ၊
ကိုယ်အလို အလျောက် တရားတော်ကို ကျင့် သော”
(ရော ၂း၁၄) သူများပါဝင်သည်။
မမြင်ရသောအသင်းတော် တည်ရှိနေခြင်းက ဘုရားသခင်ကို
ဝတ်ပြုကိုးကွယ် ခြင်းသည်
ဝိညာဉ်ရေးရာဖြစ်ကြောင်းကို ဖော်ပြသည်။ ယေရှုက “ကိုးကွယ်သောသူ မှန်သမျှ တို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်လည်းကောင်း၊
သစ္စာတရားနှင့်လည်း ကောင်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်လျက်ရှိ၏။ အကြောင်း မူကား၊ ထိုသို့
ကိုးကွယ်သော သူတို့ကို ခမည်းတော်သည် အလို ရှိတော်မူ၏” (ယော ၄း၂၃) ဟုဆိုသည်။ စစ်မှန်သော ကိုးကွယ်မှု၏ ဝိညာဉ်ရေးသဘော
သဘာ၀ကြောင့်၊ မည်သူသည် ဘုရားသခင့် အသင်းတော် ၏ အစိတ်အပိုင်းဖြစ်သည်မဖြစ်သည်ကို
တိတိ ကျကျ တွက်ချက်၍ မရပါ။
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်သည်
သူ၏လူတို့ကိုမမြင်နိုင် သောအသင်းတော်မှ
မြင်နိုင်သောအသင်းတော်နှင့် ပူးပေါင်းရန်ပို့ဆောင်သည်။ “ဤသိုးခြံ သို့မဝင်သောအခြား သိုးတို့ကိုလည်း ငါပိုင်သေး၏။
ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့ သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊
သိုးခြံတစ်ခု သိုးထိန်းတစ်ပါးတည်း ရှိရလိမ့်မည်” (ယော ၁ဝး၁၆)။
သူတို့သည် ဘုရားသခင်၏ သမ္မာတရား၊ ချစ်ခြင်းမေတ္တာ နှင့် မိတ် သဟာယဖွဲ့ခြင်းကို
မြင်နိုင်သော အသင်းတော် တွင်သာ အပြည့်အဝတွေ့ကြုံ ခံစားနိုင်သည်။
အဘယ်ကြောင့်ဆိုသော်၊ အသင်းသူ အသင်းသားများကို အစုအဖွဲ့လိုက် ဖြစ်စေ၊
တစ်ဦးချင်းဖြစ်စေ တည်ဆောက်သည့် ဝိညာဉ်ရေး ဆုကျေးဇူးကို ဘုရားသခင် သည် မြင်နိုင်သော အသင်းတော်တွင် ပေးသောကြောင့်ဖြစ်သည် (ဧ
၄း၄-၁၆)။ ပေါလု သည် ပြောင်းလဲ လာ သောအခါ၊
ဘုရားသခင်သည် သူ့ကိုမြင်နိုင်သောအသင်းတော်နှင့် ထိတွေ့ စေပြီးနောက်၊
အသင်းတော်၏လုပ်ငန်းတာဝန်ကိုထမ်းဆောင်ရန် တာဝန်ပေးခဲ့ သည် (တ ၉း၁၀-၂၂)။ ယနေ့တွင်လည်း ထိုသို့ပင်ဖြစ်သည်။
ကိုယ်တော်သည် မိမိ လူတို့ကို ဘုရားသခင်၏ ပညတ် တော်ကို စောင့်၍၊
ယေရှု၏ယုံကြည်ခြင်းကို ပိုင်ဆိုင် သည့်
မြင်နိုင်သောအသင်းတော်ထဲသို့ ပို့ဆောင်ရန် ရည်ရွယ်သည်။ ထိုသို့ဖြင့် သူတို့သည်
မြေကြီးပေါ်သူ၏ သာသနာပြီးစီးအောင် လုပ်ဆောင်ရာတွင် ပါဝင်နိုင်ကြမည်ဖြစ် သည်။ (ဗျာ
၁၄း၁၂။ ၁၈း၄၊ မ ၂၄း၁၄)။
မမြင်နိုင်သော အသင်းတော်၏ သဘောတရားသည် ကောင်းကင်၌ရှိသော အ သင်းတော်နှင့် မြေကြီးပေါ် ရှိအသင်းတော်တို့ ပေါင်းစည်းသော
အသင်းတော် (ဧ ၁း၂၂၊ ၂၃)နှင့် ညှဉ်းဆဲခြင်း
ကာလတွင် ပုန်းရှောင်သောအသင်းတော် (ဗျာ ၁၂း၆၊၁၄) တို့ပါဝင် သည်ဟု သဘောထားသည်။
အသင်းတော်အဖွဲ့အစည်း
တစ်လောကလုံးသို့ ဧဝံဂေလိတရားကိုဟောပြောရန် ခရစ်တော်၏
ပြဋ္ဌာန်းချက် တွင် ဧဝံဂေလိတရား
ကိုလက်ခံပြီးသောသူတို့အား ပြုစုပျိုးထောင်ရန်လည်းပါသည်။ ယုံကြည်သူ အသင်းဝင်များကို
ယုံကြည်ခြင်း၌အခြေခိုင်စေ၍၊ သူတို့၏ဘုရားပေးအစွမ်း များနှင့် ဝိညာဉ် ဆုကျေးဇူးများကို
အမှုတော်တွင်အသုံးပြုရန်သွန်သင်ရမည်။ “ဘုရား သခင်သည် ရုန်းရင်း ခတ်သောအမှုကိုပြုစုတော်မမူ။” သို့သော် “ခပ်သိမ်းသောအမှုတို့ကို တင့်တယ်လျောက်ပတ်
စွာအစဉ်အတိုင်းစီရင်” (၁ကော ၁၄း၃၃၊ ၄၀)
ရန်အလိုရှိသည်။ အသင်းတော်သည် ရိုးရိုးနှင့် ထိရောက်သောအဖွဲ့အစည်းဖြစ်ရမည်။
အဖွဲ့အစည်း၏သဘောသဘာ၀။ အသင်းတော် အဖွဲ့အစည်းနှင့် ၎င်း၏ အသင်း ဝင်များ အကြောင်းကို သုံးသပ်ကြပါစို့။
၁။ အသင်းသူအသင်းသားများ။ ပြောင်းလဲသူများသည် အရည်အချင်း တချို့ကို ပြည့်မီသောအခါ၊
အသစ်သောပဋိညာဉ်၏ ယုံကြည်သူလူစု၌ အသစ်သော အသင်း ဝင် များဖြစ်လာကြသည်။
အသင်းဝင်ခြင်းတွင် အခြားလူများ၊ နိုင်ငံတော်အစိုးရ၊ ဘုရား သခင်စသည်တို့နှင့် အသစ်သောဆက်ဆံရေးကို လက်ခံခြင်းပါဝင်သည်။
(က) အသင်းဝင်များ၏အရည်အချင်းများ။ ကိုယ်တော့်အသင်းတော်၏ အသင်း ဝင်များ ဖြစ်လာလိုသောသူတို့သည် ယေရှုခရစ်ကိုအရှင်သခင်နှင့်
ကယ်တင်ရှင်အဖြစ် လက်ခံ၍၊ သူတို့၏
အပြစ်များ ကိုနောင်တရကာ၊ ရေနှစ်ခြင်းခံရမည် (တ ၂း၃၆-၄၁)။ သူ တို့သည် အသစ်မွေးဖွားခြင်း အတွေ့အကြုံ ရှိရမည်ဖြစ်ပြီး၊
ကိုယ်တော်သည် သူတို့အား သွန်သင်သမျှကို စောင့်ရှောက်ရန် သူတစ်ပါးကို သင်ပေးရ
မည်ဟူသော ခရစ်တော်၏ လုပ်ငန်းတာဝန်ကို
လက်ခံပြီးဖြစ်ရမည် (မ ၂၈း၂၀)။
(ခ)တန်းတူရှိခြင်းနှင့်အမှုဆောင်ခြင်း။ “သင်တို့အပေါင်းသည်
ညီအစ်ကိုချင်းဖြစ် ကြ၏” နှင့် “သင်တို့တွင်အကြီး ဖြစ်သောသူသည် သင်တို့၏ အစေခံဖြစ်ရမည်” ဟူသော ခရစ်တော်၏
ကြေညာ ချက်နှင့်အညီ၊ အသင်းသူအသင်းသားများသည် အချင်းချင်းတန်း တူ ဆက်ဆံကြရမည်။ သို့သော်လည်း၊ ခရစ်တော်၏ စံနမူနာကို
လိုက်ခြင်းသည် သူတစ် ပါး၏ လိုအပ်ချက်များကို
ဆောင်ရွက်ပေး ခြင်း၊ သူတို့ကို သခင်ဘုရားထံသို့ ခေါ်ဆောင် ခြင်းကိုလည်း ဆိုလိုကြောင်း သူတို့သဘောပေါက်ရ မည်။
(ဂ) ယုံကြည်သူအားလုံးယဇ်ပုရောဟိတ်ဖြစ်ခြင်း။ ကောင်းကင်ဗိမာန်တော်၌ ခရစ်တော်၏ အမှုဆောင်ခြင်းနှင့်အတူ၊
ဝတ်ပြုရာယဇ်ပုရောဟိတ်လုပ်ငန်း၏အကျိုး သက်ရောက် မှုသည် နိဂုံးချုပ်သွားခဲ့သည်။
ယခုတွင် အသင်းတော်သည် “သန့်ရှင်းသော
ယဇ်ပုရောဟိတ်မျိုး” (၁ပေ၊ ၂း၅) ဖြစ်သည်။
ပေတရုက “သင်တို့မူကား၊
မှောင်မိုက်ထဲမှ အံ့ဖွယ်သော
အလင်းတော်သို့ခေါ်သွင်းတော်မူ သောသူ၏ဂုဏ်ကျေးဇူးများကိုဖော်ပြ စေ ခြင်းငှာ၊ ရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်
ရှိသော ယဇ်ပုရောဟိတ် မျိုး၊
သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏” (၁ပေ ၂း၉) ဟု ဆိုသည်။
ယုံကြည်သူအားလုံး ယဇ်ပုရောဟိတ်ဖြစ်ခြင်း ဟူသောဤစနစ်အသစ်သည် အ သင်းတော်လူစုအပေါ် တာဝန်ခံမှုမရှိဘဲ တစ်ဦးချင်းစီသည် မိမိကြိုက်သလိုစဉ်းစား၊ ယုံ ကြည်၊ သွန်သင်ရန် အခွင့်အာဏာမပေးချေ။ ၎င်းသည်
ဘုရားသခင်၏နာမ၌အခြား သူ များကို အမှု ဆောင်ရန်
အသင်းသားတစ်ဦးစီ၌တာဝန်ရှိကြောင်း၊ ကြားဝင်ဖျန်ဖြေသူ လူ သားမရှိဘဲလျက်ကိုယ်တော်နှင့်
တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်းတို့ကို ဆိုလို သည်။ ၎င်း သည် အသင်းသူအသင်းသားများ တစ်ဦးကိုတစ်ဦး အမှီပြုခြင်းနှင့်
သူတို့၏အမှီအခို ကင်းခြင်းတို့ကို အလေးထားသည်။ ဤယဇ်ပုရောဟိတ်ဖြစ်ခြင်းသည်
ဆရာသမားများ နှင့် သာမန်အသင်းသားများ
အကြားအရည်အသွေးဆိုင်ရာခြားနားမှုမရှိပါ။ သို့သော် သူ တို့အကြားတွင် လုပ်ငန်းဆိုင်ရာ ခြားနားမှုရှိသည်။
(ဃ) ဘုရားသခင်နှင့်နိုင်ငံတော်အပေါ်သစ္စာခံခြင်း။ သမ္မာကျမ်းစာသည် ဘုရား သခင်က အစိုးရများကို ထူထောင်သည်ကို အသိအမှတ်ပြု၍၊
ယုံကြည်သူများသည် အ ရပ်ဘက် အာဏာပိုင်များကို
ရိုသေပြီး၊ နားထောင်ရန်အခိုင်အမာဆိုသည်။ အရပ်ဘက် အခွင့်အာဏာရှိသောသူတို့သည် “အပြစ် တရားစီရင်၍၊ ရာဇဝတ်ပေးပိုင်သောသူတည်း ဟူသောဘုရား သခင်၏ အစေခံဖြစ်သတည်း။” ထိုကြောင့် အသင်းသူ၊ အသင်း သားများ၊ “အခွန်ကိုခံထိုက်
သောသူအားအခွန်ကိုလည်းကောင်း၊ အကောက်ကိုခံထိုက်သောသူအား အကောက်ကို
လည်းကောင်းပေးကြလော့။ ကြောက်ထိုက်သော သူကိုကြောက်ကြ လော့။ ရိုသေထိုက် သော သူကိုရိုသေကြလော့” (ရော ၁၃း၄၊၇)။
နိုင်ငံတော်အပေါ်အသင်းသူအသင်းသားများ၏စိတ်သဘောထားကို
ခရစ်တော်၏ နည်း ဥပဒေသအားဖြင့်လမ်းပြပေးရမည်။ “ကဲသာဘုရင်၏ဥစ္စာကိုကဲသာဘုရင်အား
ဆက်ပေး ကြ လော့။ ဘုရား သခင်၏
ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့” (မ ၂၂း၂၁)။
သို့သော် အကယ်၍ နိုင်ငံတော်သည် ဘုရား၏ ပညတ်ကိုဝင်စွက်လာလျှင်၊ ဘုရားသခင် အပေါ်
အမြင့်ဆုံးသစ္စာခံရမည်။ တမန်တော်များက “လူ၏စကားထက်
ဘုရားသခင်၏ စကား တော် ကိုနားထောင်သင့်ပါ၏” (တ ၅း၂၉) ဟုဆိုခဲ့ကြသည်။
၂။ အသင်းတော်အဖွဲ့အစည်း၏အဓိကလုပ်ငန်း။ ဘုရားသခင်၏ဘုန်းတော် ကိုသိ ကျွမ်းခြင်းနှင့် ဤကမ္ဘာဂြိုဟ်ကိုပြည့်စေရန်ဟူသော
ဘုရားသခင်၏အကြံအစည်ကို ပြီး မြောက်စေရန်အသင်းတော်ကို
ဖွဲ့စည်းခဲ့သည်။ မြင်နိုင်သောအသင်းတော်ကသာလျှင် ဤ တာဝန်ကို ဖြည့်ဆည်းစေရန် အရေးကြီးသော
လုပ်ငန်းအတော်များများကို ဆောင်ရွက် နိုင်သည်။
(က) ဝတ်ပြုကိုးကွယ်ခြင်းနှင့်တိုက်တွန်းခြင်း။ သမိုင်းတစ်လျှောက် အသင်းတော် သည် ဥပုသ်နေ့တွင် ဖန်ဆင်းရှင်ကိုကိုးကွယ်ရန်
ယုံကြည်သူများကိုစုရုံးရန် အတွက် ဘုရားသခင်၏ ကိုယ်စားလှယ်ဖြစ်နေခဲ့သည်။
ခရစ်တော်နှင့်သူ၏တပည့်တော်တို့သည် ဤဝတ်ပြုကိုးကွယ်ခြင်း အလေ့အကျင့်ကို
လိုက်လျှောက်ခဲ့ကြသည်။ သမ္မာကျမ်းစာ သည်
ယနေ့ယုံကြည်သူ များအား “အချင်းချင်းစည်းဝေးခြင်းအမှုကို
မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။
ကာလအချိန်ရောက်လုနီးသည်ကို ထောက်သဖြင့်၊
သာ၍ကြိုးစားကြလော့” (ဟေဗြဲ ၁ဝး၂၅) ဟုတိုက်တွန်းသည်။ လူထုစု ဝေး၍ ဝတ်ပြုကိုးကွယ်ခြင်းသည် ဝတ်ပြုကိုးကွယ်သူများကို
အားသစ်လောင်းခြင်း၊ အားပေးတိုက်တွန်းခြင်းနှင့် ဝမ်းမြောက်ခြင်း တို့ကို
ယူဆောင်လာပေးသည်။
(ခ) ခရစ်ယာန်မိတ်သဟာယ။ အသင်းတော်အားဖြင့် အသင်းသူအသင်းသား များ၏ မိတ်သဟာယဖွဲ့လိုသည့် အနက်ရှိုင်းဆုံးသောလိုအပ်ချက်ကို
အပြည့်အဝဖြည့် ဆည်းပေးသည်။ “ဧဝံဂေလိတရားကိုဆက်ဆံ” (ဖိ ၁း၅) ခြင်းသည်
အခြားသောဆက် ဆံရေးအားလုံးကို
ကျော်လွန်သည်။ အကြောင်းမှာ ၎င်းသည် ဘုရားသခင်နှင့်လည်း ကောင်း၊ ယုံကြည်ခြင်း တူသောအခြားသူများနှင့် လည်း ကောင်း
ရင်းနှီးသောဆက် ဆံရေးကိုပေးသည် (၁ယော၊
၁း၃၊၆၊၇)။
(ဂ) သမ္မာကျမ်းစာထဲကညွှန်ကြားချက်။
ခရစ်တော်သည်အသင်းတော်ကို “ကောင်းကင်နိုင်ငံတော်၏သော့တို့ကို” ပေးသည် (မ ၁၆း၁၉)။ ဤသော့များသည် ခရစ် တော်၏ နှုတ်ထွက်စကားတည်းဟူသော သမ္မာကျမ်းစာ၏စကားလုံးများ
အားလုံးဖြစ် သည်။ အတိ အကျပြောရလျှင်၊
၎င်းသည် နိုင်ငံတော်သို့မည်သို့ဝင်ရမည်နှင့် ပတ်သက်၍ “ပညာဖွင့်သောသော့” ဖြစ်သည် (လု ၁၁း၅၂)။
ယေရှု ၏ နှုတ်ထွက် စကားကိုလက်ခံရရှိ သူအားလုံးအတွက်
အသက်ဝိညာဉ်ဖြစ်သည် (ယော ၆း၆၃)။ ၎င်း တို့သည် ထာ၀ရ အသက်ကို ယူဆောင်လာ သည် (ယော ၆း၆၈)။
အသင်းတော်သည် ကျမ်းစာထဲကသမ္မာတရားများကိုဟောပြောသောအခါ၊ ဤ
ကယ်တင်ခြင်း သော့များသည် ချည်နှောင်နိုင်၊ လွှတ်နိုင်သောတန်ခိုး၊
ကောင်းကင်ကိုဖွင့် နိုင်၊
ပိတ်နိုင်သောတန်ခိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မည်သို့သော
သူကိုလက်ခံမည် သို့မဟုတ် ငြင်းပယ်မည်၊ မည်သူသည် ကယ်တင်ခြင်းရမည် သို့မဟုတ်
ပျောက်ဆုံးမည် ဟူသော စံအမှတ်ကို ပြောကြားသည်။ အသင်းတော်၏ ဧဝံဂေလိ တရားဟော
ပြောချက်ကို လက်ခံ၍၊ ၎င်း၏ ပညတ်ချက်များနှင့် ကတိတော်များအတိုင်း မိမိတို့
အသက်တာကို အပ်နှံ သောသူတို့ကို ဧဝံဂေလိတရားက “အသက်ရှင် ခြင်း၏ အမွှေးအကြိုင်” (၂ကော ၂း၁၆)
အဖြစ်ထုတ်ဖော်ပြသည်။ ဧဝံဂေလိတရားကို ငြင်းပယ် သော သူတို့မူကား “သေခြင်း၏ အမွှေး
အကြိုင်ဖြစ်ကြ၏” (၂ကော ၂း၁၆)။
ယေရှုသည် “ဘုရားသခင်မိန့်တော်မူသမျှ” (မ ၄း၄) အတိုင်းအသက်ရှင်ခြင်း၏ အရေးကြီးမှုကို သိသည်။
ထိုသို့ပြုခြင်းအားဖြင့်သာလျှင်၊ အသင်းတော်သည် ခရစ်တော် ၏ လူမျိုးတကာတို့ကို “ငါသည်
သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့် ရှောက်စေ” (မ ၂၈း၂၀)
ရန်ဟူသော အမိန့် တော်ကိုပြည့်စုံစေနိုင်သည်။
(ဃ) ဘုရားရှင်၏ဓမ္မမင်္ဂလာအမှုများကိုဆောင်ရွက်ခြင်း။ အသင်းတော် ထဲသို့ဝင် ရန်ရေနှစ်ခြင်းပေးခြင်း၊ ခြေဆေးမင်္ဂလာနှင့်
သခင်ဘုရား၏ညစာပွဲတော်မင်္ဂလာ တို့ကို ဆောင်ရွက် ရန် အတွက် အသင်းတော်သည်
ဘုရားသခင်၏တန်ဆာပလာဖြစ်သည်။
(င) ဧဝံဂေလိတရားကိုကမ္ဘာတစ်ဝန်းဟောပြောခြင်း။ အသင်းတော်ကို ဣသရေ လတို့
မလုပ်နိုင်ခဲ့သော သာသနာလုပ်ငန်းအတွက် ဖွဲ့စည်းခြင်းဖြစ်သည်။ အရှင်သခင်၏ အသက်တာ၌
တွေ့ရသကဲ့သို့၊ လောကကို အသင်းတော်က ပေးသော အကြီးမားဆုံးဝန် ဆောင်မှုမှာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗတ္တိဇံအားဖြင့်
ခွန်အားပြည့်လျက် “ဧဝံဂေ လိတရားကို လောကီ နိုင်ငံအရပ်ရပ်ရှိ သမျှတို့၌ဟော” (မ ၂၄း၁၄) ခြင်း လုပ်ငန်းပြီး ဆုံးအောင် အပြည့်အဝဆောင်ရွက်ခြင်းဖြစ်သည်။
ဤလုပ်ငန်းတာဝန်တွင် ခရစ်တော်ကြွလာခြင်းအတွက်ပြင်ဆင်ခြင်း၊
သတင်းစ ကားဟောပြောခြင်းပါဝင်၍၊
ဤသတင်းစကားကို အသင်းတော်ကိုယ်၌လည်းကောင်း၊- (၁ကော ၁း၇၊ ၈။ ၂ပေ ၃း၁၄။ ဗျာ ၃း၁၄-၂၂။
၁၄း၅)။ ကျန်လူသားများအားလုံးထံသို့ လည်းကောင်း ဟောပြောရန်ဖြစ်သည် (ဗျာ ၁၄း၆-၁၂၊
၁၈း၄)။
အသင်းတော်အုပ်ချုပ်ပုံနည်းစနစ်
ယေရှုကောင်းကင်သို့ တက်ကြွပြီးနောက် အသင်းတော်၏
ခေါင်းဆောင်မှုသည် တမန်တော်များ လက်ထဲသို့ရောက်လာခဲ့သည်။
အခြားယုံကြည်သူများ၏အကြံပြုချက် ဖြင့်သူတို့၏
ပထမဆုံးသော အဖွဲ့အစည်းဆိုင်ရာဆုံးဖြတ်ချက်မှာ ယုဒ၏အစားအခြား တမန်တော်ကို
ရွေးကောက်ရန်ဖြစ်သည် (တ ၁း၁၅-၂၆)။
အသင်းတော်ကြီးထွားလာသောအခါ၊ တမန်တော်တို့သည် ဧဝံဂေလိတရား
ဟော ပြောခြင်းနှင့်
အသင်းတော်၏လတ်တလောကိစ္စများကို ပြုစုစောင့်ရှောက်ခြင်းတို့ကို တွဲ လုပ်ရန်မဖြစ်နိုင်ကြောင်း သဘောပေါက်ခဲ့ကြသည်။
ထိုကြောင့်သူတို့သည် အသင်း တော်၏
လက်တွေ့လုပ်ဆောင်ရသော လုပ်ငန်းကို အသင်းတော်ကခန့်ထားသော လူခုနစ် ဦးကိုလွှဲအပ်ခဲ့သည်။ အသင်းတော်သည် “ဘုရားသခင်၏နှုတ်ကပတ်တော်ဟောခြင်း” နှင့် “စားပွဲ၌လုပ်ကျွေးမှု” တို့ကိုခွဲခြားသော်လည်း (တ ၆း၁-၄)၊ အသင်းတော်၏ သာသနာ လုပ်ငန်းကိုဆောင်ရွက်ရာတွင် ဆရာသမားများနှင့် သာမန်အသင်းသူ
အသင်းသားများကို ခွဲခြားခြင်းမရှိချေ။
အမှန်မှာ၊ ထိုလူခုနစ်ဦးထဲမှ သတေဖန်နှင့် ဖိလိပ္ပုတို့၏ထိရောက် သောတရားဟောခြင်းနှင့် ဧဝံဂေလိတရားဖြန့်ဝေခြင်းတို့ကြောင့် သတိပြုမိခြင်းခံရကြ သည် (တ ၇ နှင့်
၈)။
အသင်းတော်သည် အာရှတိုက်နှင့်
ဥရောပတိုက်တို့တွင်ချဲ့ထွင်လာရာ၊ အသင်း တော်တွင် နောက်ထပ်ခြေလှမ်းများဆက်လှမ်းရသည်။ အသင်းတော်အသစ်များစွာတည် ထောင်ခြင်းနှင့်အတူ၊ ခေါင်းဆောင်မှုအပိုင်းတည်ငြိမ်စေရန် “အသင်းတော်တိုင်းတွင် အသင်းလူကြီးများ ကိုခန့်အပ်ခဲ့သည် (တ
၁၄း၂၃)။
ကြီးမားသောအကျပ်အတည်း ပေါ်ပေါက်လာသောအခါ၊
နှစ်ဖက်သောအဖွဲ့တို့ကို သူတို့၏ ရပ်တည်ချက်များတင်ပြရန်၊
အသင်းတော်ကိုကိုယ်စားပြုသောအသင်းလူကြီး များနှင့်
တမန်တော် တို့ဖြင့်ဖွဲ့စည်းသော အထွေထွေအစည်းအဝေးတွင်ခွင့်ပြုခဲ့သည်။ ဤ အစည်း အဝေး၏ ဆုံးဖြတ်ချက်များကို အားလုံးကလိုက်နာပြီး၊
ဘုရားသခင်၏စကားသံ ကဲ့သို့လက်ခံခဲ့ကြသည်။ (တ ၁၅း၁-၂၉)။ အသင်းတော်တစ်ခုလုံးကို
ထိခိုက် စေသော ပြဿနာဖြစ်လာသောအခါ၊
ဒေသခံအသင်းတော်ထက် သာ၍ကျယ်ပြန့်သော အကြံပြု ချက်နှင့်
အခွင့်အာဏာ တို့ဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်းဤ ဖြစ်ရပ်ကပြသသည်။ ဤ ကိစ္စအရေးအစည်းအဝေး၏ ဆုံးဖြတ်ချက်သည်
အဖွဲ့အားလုံးကိုယ်စားလှယ်များမှ သ ဘောတူညီချက်ဖြင့်
ရရှိလာခြင်းဖြစ်သည် (တ ၁၅း၂၂၊ ၂၅)။
လိုအပ်ချက်များပေါ်လာသောအခါ၊
ထိုလိုအပ်ချက်များအတိအကျကိုဖြေရှင်းရန် သူ့အမှုတော်၏ ခေါင်းဆောင်မှုကို
ဘုရားသခင်သည်လမ်းပြကြောင်း ဓမ္မသစ်ကျမ်းက ရှင်းလင်းစွာဖော်ပြသည်။
သူ၏လမ်းပြမှုနှင့် အသင်းတော်၏ အကြံပြုချက်တို့ဖြင့်၊ အ သင်းလူကြီးတို့သည် ယနေ့ကျင့်သုံး နေသော
အသင်းတော်အုပ်ချုပ်ပုံစနစ်ကိုပုံဖော်ခဲ့ သည်။
ဤအုပ်ချုပ်မှုသည် အသင်းတော်ကို ဖောက်ပြန်ခြင်းမှကာကွယ်၍၊ မဟာစေစား ခြင်းကို ပြည့်စုံစေနိုင်လိမ့်မည်။
အသင်းတော်အုပ်ချုပ်မှု၏ကျမ်းစာဆိုင်ရာစည်းမျဉ်းများ
၁။ ခရစ်တော်သည် အသင်းတော်၏ဦးခေါင်းဖြစ်သည်။ ခရစ်တော်သည် အသင်း တော်၏
ဦးခေါင်းဖြစ်ခြင်းသည် အဓိကအားဖြင့် သူ၏ကြားဖျန်ဖြေခြင်းလုပ်ငန်း အပေါ် အခြေခံသည်။ လက်ဝါးကပ်တိုင်ပေါ်တွင်
စာတန်ကိုအနိုင်ယူပြီးနောက်၊ ယေရှုသည် “ကောင်းကင်ဘုံ၌
လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သောအခွင့် တန် ခိုးရှိသမျှတို့ကို” (မ ၂၈း၁၈)
ပေးအပ်ခြင်းခံရသည်။ ဘုရားသခင်သည် သူ၏ “ခြေဖဝါး တော်အောက်သို့ အလုံးစုံ တို့ကိုချထားသဖြင့်၊ အသင်းတော်
အဖို့အလို့ငှာ၊ သူ့ကိုအလုံးစုံ တို့၏ အချုပ်အခြာ ဦးခေါင်းဖြစ် စေတော်မူ၏” (ဧ ၁း၂၂)။ ထိုကြောင့်
သူသည် “သခင် တို့၏ သခင်၊ ဘုရင်တို့၏ ဘုရင် ဖြစ်တော်မူ၏” (ဗျာ ၁၇း၁၄)။
အသင်းတော်သည် သူ၏ကိုယ်ခန္ဓာဖြစ်သောကြောင့်၊ ခရစ်တော်သည်
အသင်း တော်၏ ဦးခေါင်းဖြစ်သည် (ဧ
၁း၂၃။ ကော ၁း၁၈)။ ယုံကြည် သူများသည် “ဘုရား သခင်၏ အသားတော်၊ အရိုးတော်တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏
အင်္ဂါဖြစ်ကြ၏” (ဧ ၅း၃၀)။
သူတို့သည် ကိုယ်တော်နှင့် ရင်းနှီးသော ဆက်နွှယ်မှုရှိရမည်။ အဘယ်ကြောင့် ဆိုသော်၊ အသင်းတော် သည် ကိုယ်တော်၌ “အဆစ် အပိုင်းအထုံးအဖွဲ့များအားဖြင့်အား ဖြည့်သည်” (ကော ၂း၁၉)။
၂။ ခရစ်တော်သည် ၎င်း၏အခွင့်အာဏာအားလုံး၏အရင်းအမြစ်ဖြစ်သည်။
ခရစ် တော်သည်
မိမိအခွင့်အာဏာကိုဖော်ပြသောနေရာများမှာ၊ (၁) ခရစ်ယာန် အသင်းတော် ကို တည်ထောင်ခြင်း (မ ၁၆း၁၈)၊ (၂) အသင်းတော်ကလုပ်ဆောင်
ရမည့် ဓမ္မမင်္ဂလာ အမှုတို့ကို ပြဋ္ဌာန်းခြင်း (မ ၂၆း၂၆-၃၀။ ၂၈း၁၉၊၂၀။ ၁ကော၊
၁၁း၂၃-၂၉။ ယော ၁၃း၁-၁၇)၊ (၃) သူ၏ နာမဖြင့်လုပ်ဆောင်ရန် ဘုရားရှင်၏
အခွင့်အာဏာကိုအပ်နှင်းခြင်း၊ (မ ၁၆း၁၉။ ၁၈း၁၅-၁၈။ ယော ၂ဝး၂၁-၂၃)၊ (၄) သူ၏
အခွင့်အာဏာ အောက်၌ အသင်း တော်ကိုလမ်းပြရန်သန့်ရှင်း
သောဝိညာဉ်တော် ကိုစေလွှတ်ခြင်း (ယော ၁၅း၂၆။ ၁၆း၁၃-၁၅)၊ (၅) အသင်းတော်ထဲတွင်
အထူးဝိညာဉ်တော် ဆုကျေးဇူးများကို ချပေးခြင်း တို့ဖြစ် သည်။ ထိုသို့ဖြင့် အသင်းသူ အသင်း သားများကို
အမှုတော်အတွက်ပြင်ဆင်ရန်နှင့် အားလုံး
သည် ယုံကြည်ခြင်း၌ စည်းလုံး၍ “ခရစ်တော်၏ ပြည့်စုံခြင်း” ကိုရောင်ပြန်ဟပ် သည်တိုင်အောင် ခရစ်တော်၏ကိုယ်ခန္ဓာကို
တည်ဆောက်ရန် တစ်ဦးချင်းစီကိုတမန် တော်များ၊
ပုရောဖက်များ၊ သာသနာပြုများ၊ အသင်း အုပ်ဆရာများ၊ ဆရာအရာတို့၌ ခန့်ထားသည် (ဧ ၄း၇-၁၃)။
၃။ သမ္မာကျမ်းစာသည် ခရစ်တော်၏ အခွင့်အာဏာကို ကိုင်ဆောင်သည်။ ခရစ် တော်သည်
မိမိအသင်းတော်ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လမ်းပြသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည်
အသင်းတော်လုပ်ငန်း လည်ပတ်ရာတွင် တစ်ခု တည်းသော
စံနှုန်းဖြစ်သည်။ ၎င်း၏ အသင်းဝင်အားလုံးသည် ထိုနှုတ်ကပတ်တော်ကို နားထောင်ရမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ပကတိသဘောအရ
ပညတ်ချက် ဖြစ်သည်။ လူသားတို့၏
ယဉ်ကျေးမှုထုံးတမ်းစဉ်လာ ဓလေ့အားလုံးသည် သမ္မာကျမ်းစာ ၏ အခွင့်အာဏာအောက်၌ ရှိ သည် (၂တိ ၃း၁၅-၁၇)။
၄။ ခရစ်တော်၏အခွင့်အာဏာနှင့်အသင်းတော်၏လုပ်ငန်းများ။ ခရစ်တော်သည် မိမိအခွင့်အာဏာကိုအသင်းတော်နှင့်
၎င်း၏အထူးခန့်ထားသောအစေခံများ မှတစ်ဆင့် အသုံးချသော်လည်း၊ သူ၏တန်ခိုးကို
ဘယ်ခါမျှမလွှဲပြောင်းချေ။ ခရစ်တော်နှင့် နှုတ်က ပတ်တော်တို့မှ ခွဲထွက်၍ မည်သူမျှသီးခြားအခွင့်အာဏာမရှိချေ။
ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းသူ အသင်းသားများ သည်
မိမိတို့ ၏ အရာရှိများ
ကိုရွေးကောက်တင်မြှောက်သည်။ သို့သော်၊ ဤအရာရှိများသည် လူတို့ ၏ ကိုယ်စားလှယ်များ အဖြစ် ဆောင်ရွက်ကြစဉ်၊
သူတို့၏အခွင့်အာဏာသည်ခရစ်တော် ထံမှလာသည်။
သူတို့ကို ရွေးကောက် တင်မြှောက်ခြင်းသည် သူတို့သည် ခရစ်တော်ထံမှ
ရရှိသောခေါ်တော်မူခြင်းကို အတည်ပြု ပေးရုံမျှ ဖြစ်သည်။ ရွေးကောက်ခံလူကြီးများ၏
အဓိကတာဝန်မှာ ဝတ်ပြုကိုးကွယ်ခြင်း၊ စည်းကမ်းရှိခြင်းနှင့် ဧဝံဂေလိတရားကို ဟော ခြင်းတို့၌ ကျမ်းစာ၏ ညွှန်ကြားချက်များကို လိုက်လျှောက်မှုရှိမရှိကြည့်ရှုရန်ဖြစ်သည်။
အသင်းတော်သည် ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်သောကြောင့်၊ သူတို့၏ ဆုံးဖြတ်ချက်များ နှင့် လုပ်ဆောင်မှုတို့နှင့် သက်ဆိုင်၍
နှုတ်ကပတ်တော်၏အကြံအဉာဏ် ကိုရယူရန်ဖြစ် သည်။
ဓမ္မသစ်ခေတ်ကအသင်းတော်၏ခေါင်းဆောင်များ။ ဓမ္မသစ်ကျမ်းသည် အသင်း တော်၏ ခေါင်းဆောင်နှစ်မျိုးကိုဖော်ပြသည်။ ၎င်းတို့မှာ
အသင်းလူကြီးနှင့်အသင်း ထောက်ဖြစ်သည်။ ဤလုပ်ငန်း တာဝန်နှစ်ခု၏ အရေးကြီးမှုကို
၎င်းတာဝန်ကိုထမ်း ဆောင် မည့်သူများအတွက်
မြင့်မားသော ကိုယ်ကျင့် တရားနှင့် ဝိညာဉ်ရေးသတ်မှတ် ချက်များက မီးမောင်းထိုးပြသည်။ အသင်းတော်သည်
လက်တင်မင်္ဂလာပေးခြင်းအား ဖြင့်
ခေါင်းဆောင်မှုအတွက် ဘိသိက်ပေးခြင်း၏ မြင့်မြတ်မှုကို အသိ အမှတ်ပြုသည် (တ ၆း၆။
၁၃း၂၊၃။ ၁တိ ၄း၁၄။ ၅း၂၂)။
၁။ အသင်းလူကြီးများ
(က) အသင်းလူကြီးသည်အဘယ်သူနည်း။ “အသင်းလူကြီး” များသည် ဒေသခံအ သင်းတော်တွင်
အရေးကြီးဆုံးသောခေါင်းဆောင်များဖြစ်ကြသည်။ အသင်းလူကြီးဆိုရာ တွင် အသက်ကြီးသူ ဟူ၍
အဓိပ္ပါယ်ရပြီး၊ ဂုဏ်သိက္ခာနှင့်လေးစားမှုကိုဆိုလိုသည်။ ဤ ရာထူး သည် တရားဇရပ်ကို
ကြီးကြပ်သူ၏ရာထူးနှင့်အတူတူဖြစ်သည်။ သင်းအုပ်သည် အုပ်ချုပ်သူကို ဆိုလိုသည်။
ပေါလုသည် ဤ ဝေါဟာရများကိုအပြန် အလှန်လဲလှယ် အသုံးပြုသည်။
အသင်းလူကြီးသည် အုပ်ချုပ်သူ သို့မဟုတ် သင်းအုပ်နှင့် အတူတူဖြစ် သည် (တ ၂ဝး၁၇၊၂၈။ တိ ၁း၅၊၇)။
ဤရာထူးကိုရထားသော သူတို့သည် အသစ်ဖွဲ့စည်းသော
အသင်းတော်များကို ကြီးကြပ်ခဲ့ကြသည်။ “အသင်းလူကြီး” သည် အဆင့်၊ ရာထူးကိုရည်ညွှန်း၍၊ “သင်းအုပ်” သည်
လုပ်ငန်းတာဝန်ကိုဆိုလိုသည်။ တမန်တော်တို့သည်လည်း သူတို့ကိုယ်ကို၊ အသင်း လူကြီးများဟုခေါ်ကြ (၁ပေ ၅း၁၊၂။ ၂ယော ၁။ ၃ယော ၁)
သောကြောင့်၊ ဒေသခံအသင်း လူကြီးနှင့် နယ်လှည့် သော
အသင်းလူကြီးဟူ၍ နှစ်မျိုးရှိကြောင်းထင်ရှားသည်။ သို့သော် ဤအသင်းလူကြီး
နှစ်မျိုးစလုံးသည် ယုံကြည်သူလူစု၏ သိုးထိန်းများ အဖြစ်လုပ် ဆောင်ကြသည်။
(ခ) အရည်အချင်းများ။ အသင်းလူကြီး၏အရည်အချင်းများပြည့်မီဖို့ရန် တစ်စုံ တစ်ဦးသည် “အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊
မယားတစ်ယောက်တည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊
လျောက်ပတ်စွာကျင့်သောသူ၊ ဧည့်သည် ဝတ်ကို
ပြုတတ်သောသူ၊ ဆုံးမဩဝါဒ ပေးတတ်သောသူဖြစ်ရမည်။ စပျစ်ရည်နှင့် ပျော် မွေ့ခြင်း၊
သူတစ်ပါးကိုရိုက်ပုတ်ခြင်း၊ မစင်ကြယ်သော စီးပွားကိုတပ်မက်ခြင်းမရှိ၊ စိတ် ဖြည်းညင်းသောသူ၊ ရန်မတွေ့တတ်သောသူ၊
ငွေကိုမတပ်မက်သောသူဖြစ်ရမည်။ မိမိ အိမ်ကိုကောင်းမွန်စွာ
အုပ်စိုး၍၊ သမ္မာသမာဓိရှိသည်နှင့်၊ မိမိ သားသမီးကိုဆုံးမနိုင်သော သူဖြစ်ရမည်။ (မိမိအိမ်ကို မအုပ်စိုးတတ်လျှင်၊ ဘုရားသခင်၏
အသင်းတော်ကို အဘယ် သို့ပြုစု လိမ့်မည်နည်း)။
မာနနှင့် ယစ်မူးလျက်၊ မာရ်နတ်၏ အပြစ်ရောက်မည်ဟု စိုးရိမ် စရာရှိ၍၊
ဘာသာဝင်လူသစ်မဖြစ်ရ။ ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ် ဖမ်းမိခြင်းနှင့် ကင်း လွတ်မည် အကြောင်း၊ ပြင်ပလူတို့တွင် အသရေရှိသောသူဖြစ်ရမည်” (၁တိ ၃း၁-၁၇)။
ထိုကြောင့် တာဝန်မပေးအပ်မီရွေးကောက်ခံရမည့်ကိုယ်စားလှယ်သည်
သူတို့၏ ခေါင်းဆောင်မှု စွမ်းရည်ကို မိမိတို့အိမ်၌ပြသရမည်။ “အဆိုတင်သွင်းထားသည့်သူ၏ မိသားစုကို စဉ်းစားသုံးသပ်ရမည်။
သူတို့သည် နာခံမှုရှိသလား၊ ထိုသူသည် သူ၏မိသားစု ကို ဂုဏ်သိက္ခာ ဖြင့်
အုပ်ချုပ်နိုင်သလား။ သူ၏သားသမီးများသည် မည်သည့်အကျင့် စာရိတ္တရှိကြသနည်း။
သူတို့သည် ဖခင်၏ ဩဇာလွှမ်းမိုးမှုကို လေးစားမှုရှိကြမည်လား။ အကယ်၍သူသည် အိမ်၌
လိမ္မာပါးနပ်မှု၊ ဉာဏ်ပညာနှင့် ဘုရားဝတ်၌ မွေ့လျော်ခြင်း တန်ခိုးမရှိလျှင်၊ အလားတူ
ချွတ်ယွင်းချက်များကိုအသင်းတော်ထဲသို့ သယ်ဆောင်လာ၍၊ အလားတူမသန့်ရှင်းသော စီမံ
အုပ်ချုပ်မှုကိုလည်း အသင်းတော်တွင်မြင်ရလိမ့်မည်ဟု မှတ်ချက်ချနိုင်သည်။” အကယ်၍ အဆိုပြုခြင်းခံရသောသူသည် အိမ်ထောင်ရှိပါက၊ “ဘုရားသခင်၏ အသင်းတော်” (၁တိ ၃း၁၅) ၏
ခေါင်းဆောင်မှုတာဝန်ကို ပေးအပ်ခြင်း မခံရမီ၊ သူ၏ အိမ်၌ ဦးဆောင် နိုင်မှုကိုပြသ
ရမည်။
ဤတာဝန်သည် အရေးကြီးသောကြောင့်၊ ပေါလုက “အဘယ်သူ၏အပေါ်၌ လက် ကို အလျင် တဆော
မတင်နှင့်” (၁တိ ၅း၂၂)
ဟုညွှန်ကြားခဲ့သည်။
(ဂ) အသင်းလူကြီး၏တာဝန်နှင့်အာဏာ။ ရှေးဦးစွာအသင်းလူကြီးများသည်
ဝိညာဉ်ရေးခေါင်းဆောင်များဖြစ်ကြသည်။ သူတို့သည် “အသင်းတော်ကိုလုပ်ကျွေး” (တ ၂ဝး၂၈) ရန်ရွေးချယ် ခံရသည်။ သူတို့၏တာဝန်တွင်
အားနည်းသောသူတို့ကို မစခြင်း (တ ၂ဝး၃၅)၊ နားကောက် သူကို သတိပေးခြင်း (၁သက် ၅း၁၂)၊
သင်းကွဲခြင်းကိုဖြစ်စေနိုင် သောသွန်သင်
ချက်များအတွက် နိုးနိုးကြားကြား ရှိခြင်း (တ ၂ဝး၂၉-၃၁) တို့ပါဝင်သည်။
အသင်းလူကြီးများ သည် ခရစ်ယာန်အသက်တာ နေထိုင်မှု ပုံစံ (ဟေဗြဲ ၁၃း၇။ ၁ပေ၊ ၅း၃)
နှင့် ရက်ရောခြင်း (တ ၂ဝး၃၅) တို့၌ ပုံနမူနာပြသရမည်။
(ဃ) အသင်းလူကြီးများအပေါ်သဘောထား။ ကြီးမားသောအတိုင်းအတာအထိ၊ ထိရောက် သောအသင်းတော်၏
ခေါင်းဆောင်မှုသည် အသင်းသူအသင်းသားများ၏ သစ္စာရှိခြင်းအပေါ် မူတည်သည်။ ပေါလုသည်
ယုံကြည်သူများအားသူတို့၏ ခေါင်း ဆောင်များကို
လေးစားရန်နှင့် “သူတို့ပြုသော အမှုကြောင့်
မေတ္တာစိတ်နှင့်အလွန်ချစ် ခင်မြတ်နိုး” (၁သက် ၅း၁၃) ရန်အားပေးသည်။ သူက “တရားဟောခြင်း၊ ဆုံးမဩဝါဒ ပေးခြင်း အမှုကိုကြိုးစားအားထုတ်သောသူတို့သည် အလှူနှစ်ဆကို
အထူးသဖြင့် ခံထိုက် သောသူ ဖြစ်သည်ဟူ၍ မှတ်ရမည်” (၁တိ ၅း၁၇)
ဟုဆိုသည်။
သမ္မာကျမ်းစာသည် အသင်းတော် ခေါင်းဆောင်များကို
ရိုသေလေးစားရန် လိုအပ် ကြောင်း ရှင်းလင်းစွာဖော်ပြသည်။ “သင်တို့ကိုအုပ်သော သူတို့၏စကားကို နားထောင်၍၊ နှိမ့်ချလျက်
နေကြလော့။ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင် တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှာစောင့်နေကြ၏” (ဟေဗြဲ ၁၃း၁၇)။ ဘုရားပေးတာ ဝန်ကိုထမ်း ဆောင်သော ခေါင်းဆောင်များအတွက်
အသင်းသူအသင်းသားများက အ ခက်အခဲကို ဖန်တီးပေးသောအခါ၊ နှစ်ဖက်စလုံးသည်
ဝမ်းနည်းခြင်းကိုခံစား၍၊ ဘုရား သခင်၏ကြွယ်၀ခြင်း၌
ဝမ်းမြောက်ခြင်းကိုလက်လွှတ်ကြရသည်။
ယုံကြည်သူများသည် ခေါင်းဆောင်တို့၏ခရစ်တော်နှင့်တူသော
အသက်ရှင်နေ ထိုင်ပုံကို ကြည့်၍
လိုက်နာရမည်။ “သူတို့သည်အဘယ်သို့ကျင့်ကြံပြုမူ၍၊
စုတေသည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကိုမီအောင်လိုက်ကြလော့” (ဟေဗြဲ ၁၃း၇)။ အသင်းသူ အသင်းသားတို့သည်
အတင်းအဖျင်းစကားများကိုနားမထောင်သင့်ချေ။ ပေါ လု က “သက်သေခံနှစ်ဦးသုံးဦးမရှိလျှင်၊
သင်းအုပ်၌ အပြစ်တင်သောစကားကိုနားမ ထောင်နှင့်” (၁တိ ၅း၁၉) ဟုသတိပေးသည်။
၂။ အသင်းထောက်များနှင့်အသင်းထောက်မယ်များ။ “အသင်းထောက်” ဟူသော နာမည်သည် ဟေလသစကား “ဒီးယားကောနော့စ်” (diakonos) မှလာ၍ “အစေခံ” သို့မ ဟုတ် “အိမ်ဖော်” ဟုအဓိပ္ပါယ်ရသည်။
တမန်တော်များသည် “နှုတ်ကပတ်တရားတော် ကိုဟောပြောခြင်း အမှုတို့ကိုအမြဲပြု” (တ ၆း၄) နိုင်ရန် အသင်းထောက်အလုပ်ကို စတင် ဖွဲ့စည်းခဲ့သည်။ အသင်းထောက်များသည် အသင်းတော်၏ လောကီရေးရာ
ကိစ္စများကို ဆောင်ရွက်ရ မည်ဖြစ်သော်လည်း၊ သူတို့သည် ဧဝံဂေလိတရား
ဟောခြင်းအလုပ်တွင် လည်း တက်တက်
ကြွကြွပါဝင်ရန်ဖြစ်သည် (တ ၆း၈။ ၈း၅- ၁၃၊၂၆-၄၀)။
သင်းထောက်မိန်းမဟူသောဝေါဟာရကို (ရော ၁၆း၁) တွင်တွေ့ရသည်။
ဘာသာ ပြန်များက ဤစကားလုံးကို “အစေခံ” သို့မဟုတ် “အသင်းထောက်မယ်” ဟူ၍ ဘာသာ ပြန်သည်။ “ဤစကားလုံးနှင့်
ဤကျမ်းချက်ပုံကိုထောက်လျှင်၊ အသင်းထောက်မယ်၏ လုပ်ငန်းသည် ရောမဩဝါဒစာကိုပေါလုရေးချိန်က အသင်းတော်၌ရှိနှင့်ခဲ့ပြီးဖြစ်နိုင် သည်။”
အသင်းလူကြီးများကဲ့သို့၊ အသင်းထောက်များကိုလည်း အသင်းတော်က
ရွေး ချယ်သည်။
ထိုသို့ခန့်အပ်ရာတွင် အသင်းတော်သည် သူတို့၏ကိုယ်ကျင့်တရားနှင့် ဝိညာဉ် ရေးအရည်အချင်းများကို
ဂရုတစိုက်လေ့လာရသည်။
အသင်းတော်၏စည်းကမ်း။ ခရစ်တော်သည်
အသင်းတော်ကိုအသင်းဝင်တို့အား အရေးယူအပြစ်ပေးရန်အာဏာကိုပေး၍၊
ထိုသို့ပြုနိုင်ရန်သင့်လျော်သောစဉ်းမျဉ်းများ ကို လည်းစီစဉ်ပေးသည်။
အသင်းတော်သည် “သန့်ရှင်းသောယဇ်ပုရောဟိတ်အမျိုး” နှင့် “သန့်ရှင်းသောလူမျိုး” (၁ပေ ၂း၅၊ ၉) အဖြစ်မွန်မြတ်သောခေါ်တော်မူခြင်းကို ထိန်းသိမ်း ရန်လိုအပ် သောအချိန်တိုင်းတွင် ဤစည်းမျဉ်းများ
ကိုအကောင်အထည်ဖော်ရန် ကိုယ် တော်မျှော်လင့်သည်။
သို့သော်လည်း အသင်းတော်သည် မှားယွင်းသော အသင်းသူအ သင်းသားများက မိမိတို့အကျင့် စရိုက်ကို ပြုပြင်နိုင်မည်
အကြောင်း၊ သူတို့ကိုတိုက်တွန်း ရန်ကြိုးပမ်းရမည်။
ဧဖက်အသင်းတော်သည် “မတရားသော သူတို့ ကို
လက်မခံနိုင်} (ဗျာ ၂း၂) နိုင်
သောကြောင့် ခရစ်တော်ချီးကျူးသည်။ သို့သော် ပေရဂံ အသင်းတော် နှင့် သွာတိရ
အသင်းတော်တို့ကိုမူ ဘာသာရေးအယူမှားခြင်းနှင့်အကျင့်ပျက်ခြင်းတို့ကို
သည်းခံသောကြောင့် ကိုယ်တော်ဆုံးမသည် (ဗျာ ၂း၁၄၊ ၁၅၊ ၂၀)။ စည်းကမ်းနှင့် သက် ဆိုင်၍ ကျမ်းစာ၏ အကြံပြုချက်ကို မှတ်သားပါ။
(၁) ပုဂ္ဂလိကပြစ်မှုများကိုကိုင်တွယ်ခြင်း။ အသင်းသားတစ်ဦးသည် အခြားသူ တစ်ယောက်ကို ပြစ်မှားသောအခါ (မ
၁၈း၁၅၊ ၁၇)၊ ပြစ်မှားခြင်းခံရသောသူသည် ပြစ်မှု ကျူးလွန် သူထံသို့သွား၍ သူ၏ အပြုအမူများကိုပြောင်းလဲရန်
သူ့ကိုဖျောင်းဖျရမည်ဟု ခရစ်တော် အကြံ ပြုသည်။ အကယ်၍ မအောင်မြင်လျှင်၊
ပြစ်မှားခြင်းခံရသောသူသည် ဘက်မလိုက်သော သက်သေ တစ်ဦး၊ နှစ်ဦးကိုခေါ်၍ ဒုတိယ
အကြိမ်ကြိုးစားရမည်။ ဤကြိုးစားမှုသည်လည်း မအောင်မြင်လျှင်၊ ဤကိစ္စကို
အသင်းတော်တစ်ခုလုံးရှေ့ သို့ချ ပြရမည်။
ခရစ်တော်၏အသင်းတော်၏အမြော်အမြင်နှင့်
အာဏာကိုငြင်းပယ်သည့်ပြစ်မှား သောအသင်းသားများသည်
အသင်းတော်မိတ်သဟာယမှ သူတို့ကိုယ်ကိုအဆက်ဖြတ်ရ မည်။ မှားယွင်းသော သူကို ထုတ်ပယ်ရာတွင်၊ အသင်းတော်သည်
သူ၏အခြေအနေကို အတည်ပြုပေးခြင်းသာဖြစ်သည်။ အကယ်၍အသင်းတော်သည် သန့်ရှင်းသောဝိညာဉ် တော်၏ လမ်းပြမှုဖြင့်၊ ကျမ်းစာ၏ အကြံဉာဏ်ကို
ဂရုတစိုက်လိုက်လျှောက်လျှင်၊ ၎င်း၏ဆုံးဖြတ်ချက်ကို ကောင်းကင်၌အသိအမှတ်ပြုလိမ့်မည်။
ယေရှု က “မြေကြီးပေါ် မှာ သင်တို့ချည်နှောင် သမျှသည်
ကောင်းကင်ဘုံ၌ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီး ပေါ်မှာဖြေလွှတ် သမျှသည် ကောင်းကင်ဘုံ၌ဖြေလွှတ်လျက်ရှိလိမ့်မည်” (မ ၁၈း၁၈) ဟု ဆို သည်။
လူသိရှင်ကြားပြစ်မှုများကိုကိုင်တွယ်ခြင်း။ “လူအပေါင်းတို့သည်
ဒုစရိုက်ကိုပြု၍၊ ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြ” (ရော ၃း၂၃) သော်လည်း၊ အသင်းတော်အတွက် အပြစ်တင်စရာဖြစ်သော
ပြောင်ပြောင်တင်းတင်းကျူးလွန်ခြင်းနှင့် ပုန်ကန်သောပြစ်မှု များကိုပြစ်မှားသော သူကို ထုတ်ပစ်ခြင်းအားဖြင့်
ချက်ချင်းကိုင်တွယ်ရမည်။ အသင်း တော်မှ ထုတ်ပယ်
ခြင်းသည် မကောင်းမှုကို ဖယ်ရှားခြင်းဖြစ်သည်။ ထိုသို့ မဟုတ်ပါက တဆေးကဲ့သို့
ပွားများလိမ့်မည်။ ထိုသို့ပြုခြင်းသည် အသင်းတော်၏ စင်ကြယ်မှုကိုပြန် ရစေ၍၊ အပြစ်ကျူးလွန်သူ အတွက်ကယ်တင်သော ဆေးတစ်ပါးဖြစ်သည်။
ကောရိန္တု အသင်းတော်၌
လိင်ပိုင်းဆိုင်ရာ အကျင့်ယိုယွင်းခြင်း အကြောင်းကိုသိသောအခါ၊ ချက် ချင်းအရေးယူရန် ပေါလုတိုက်တွန်းသည်။ “ငါတို့သခင်ယေရှုခရစ်၏အခွင့် အားဖြင့် သင် တို့သည် ငါ့ဝိညာဉ်နှင့်အတူ စည်းဝေးပြီးမှ
ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို အမှီ ပြု၍၊ ထိုသူ၏ ဝိညာဉ်သည် ယေရှုခရစ်၏ နေ့ရက်၌ ကယ်တင်ခြင်းသို့
ရောက်မည် အကြောင်း၊ သူ၏ ကိုယ်ခန္ဓာပျက်စီးဖို့ရာ
သူ့ကို စာတန်လက်သို့ အပ်နှံကြစေ။.... အသစ် သော
မုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသော တဆေးကို သုတ်သင်ပယ်ရှင်းကြလော့} (၁ကော ၅း၄-၇) ဟု သူဆိုသည်။ “ညီအစ်ကိုဟု
ခေါ်ဝေါ်သော သူသည် မတရားသော မေထုန်၌မှီဝဲခြင်း၊
လောဘလွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေ ရည်သေရက်နှင့်ယစ်မူးခြင်း၊ အနိုင်အထက်လုယူခြင်း မှစ၍၊
ထိုသို့သော အမှုကိုပြု သောသူနှင့်မပေါင်းဖော်ရ။.... ထိုဆိုးညစ်သောသူကို
သင်တို့အထဲမှ နှင်ထုတ်ကြလော့” (၁ကော ၅း၁၁-၁၃)။
၃။ သင်းခွဲသောသူများကိုကိုင်တွယ်ခြင်း။ အသင်းသားအထဲတွင် “ဆန့်ကျင်ဘက်
ဖြစ်သောသင်းခွဲခြင်းကိုပြုတတ်သောသူ” (ရောမ ၁၆း၁၇)၊ “နည်းဥပဒေအတိုင်း မကျင့် ဘဲ၊ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့” သည် သူတို့၏စိတ်သဘောထားကို ]ရှက် ကြောက် စေခြင်းငှာ၊ အပေါင်းအဖော် မလုပ်ကြနှင့်။
သို့သော်လည်း ရန်သူကဲ့သို့ မမှတ်၊ ညီအစ်ကိုကဲ့သို့ မှတ်၍သတိပေးကြလော့” (၂သက် ၃း၆၊၁၄၊၁၅) ဟု ပေါလု ပြောခဲ့သည်။ “သင်းခွဲသောသူကို နှစ်ကြိမ်မြောက်အောင်ဆုံးမပြီးမှ
ပယ်ရှားနှင်ထုတ်လော့။ ထိုသို့ သောသူသည်
ကိုယ်အပြစ် ကို သိလျက်ပင်အပြစ်ပြု၍၊ မှောက်လှန်သော စိတ်ရှိ သော သူဖြစ်သတည်း”
(တိ ၃း၁၀၊ ၁၁)။
၄။ ပြစ်မှုကျူးလွန်သူများကိုပြန်လည်သိမ်းသွင်းခြင်း။ အသင်းသူအသင်းသား များသည်
အသင်းတော်မှ ထုတ်ပယ်ခံရသောသူကို မထီမဲ့ပြင်ပြုခြင်း၊ ရှောင်ကြည်ခြင်း၊ သို့မဟုတ်
လျစ်လျူရှုခြင်းမပြုရ။ ထို့အစား၊ ထိုသူသည် နောင်တနှင့် အသစ်မွေးဖွားခြင်း အားဖြင့် ခရစ်တော်နှင့် ဆက်ဆံရေးအသစ်ပြန်လည်ရရှိစေရန်
ကြိုးစားပေးရမည်။ အ သင်းတော်မှထုတ်ပယ်ခြင်းခံရသောသူသည်
အမှန်အကန် နောင်တရကြောင်း သက်သေ အလုံအလောက်
ပြသလာသောအခါ၊ အသင်းတော်မိတ်သဟာယ ထဲသို့ ပြန်လည်လက် ခံရမည် (၂ကော ၂း၆-၁၀)။
အထူးသဖြင့် အပြစ်သားများကို အသင်းတော်ထဲသို့
သိမ်းသွင်းသောအခါ၊ ဘုရား သခင်၏ တန်ခိုး၊
ဘုန်းတော်နှင့်ကျေးဇူးတော်ထင်ရှားသည်။ သူသည် အပြစ်၏အကျဉ်း သားများကို လွှတ်၍၊ မှောင်မိုက်သောနိုင်ငံမှ
အလင်းနိုင်ငံတော်ထဲသို့ သူတို့ကိုပြောင်းရွေ့ လိုသည်။ စကြ၀ဠာ၏ ဇာတ်စင် မြင့်ဖြစ်သော
ဘုရားသခင်၏အသင်းတော်သည် ခရစ် တော်၏
အပြစ်ဖြေသောယဇ်ပူဇော်ခြင်း၏ တန်ခိုးကို လူယောက်ျား၊ မိန်းမတို့၏အသက် တာတွင် ပြသည်။
ယနေ့ခရစ်တော်သည် အသင်းတော်မှတစ်ဆင့်လူအားလုံးကို
သူ၏မိသားစုဝင် များ ဖြစ် လာရန်
ဖိတ်ခေါ်သည်။ သူက “ငါသည်တံခါးရှေ့မှာရပ်၍
ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍၊ တံခါးကိုဖွင့်အံ့၊
ထိုသူရှိရာသို့ငါဝင်၍၊ သူနှင့် အတူစားသောက်မည်။ သူသည်လည်း ငါနှင့် အတူ
စားသောက်ရလိမ့်မည်” (ဗျာ ၃း၂၀) ဟုဖိတ်ခေါ်သည်။
မူလမာတိကာသို့
No comments:
Post a Comment