Monday, February 24, 2025

 



အခန်း - ၉ - ခရစ်တော်၏အသက်တာ၊ သေခြင်းနှင့်ထမြောက်ခြင်း

ဘုရားသခင်၏ အလိုတော်ကို အပြည့်အဝနားထောင်သော ခရစ်တော်၏အသက်တာ၊ သူ၏ ဆင်းရဲခြင်းဒုက္ခ၊ သေခြင်းနှင့်ထမြောက်ခြင်း၌ ဘုရားသခင်သည် လူသားတို့၏ အပြစ် ဖြေရန် တစ်ခုတည်းသောနည်းလမ်းကို စီစဉ်ပေးခဲ့သည်။ ထိုသို့ဖြင့် ဤအပြစ်ဖြေခြင်းကို ယုံကြည်ခြင်းဖြင့် လက်ခံသောသူတို့သည် ထာ၀ရအသက်ကိုရရှိနိုင်ပြီး၊ ဖန်ဆင်းသောအရာအားလုံးသည် ဖန်ဆင်းရှင်၏အနန္တမေတ္တာ သန့်ရှင်းသောချစ်ခြင်းကိုသာ၍ ကောင်းစွာနားလည်နိုင်မည်။ ဤပြည့်စုံသောအပြစ်ဖြေခြင်းသည် ဘုရားသခင့်ပညတ်တော်၏ ဖြောင့်မှန်ခြင်းနှင့် သူ့ဂုဏ်တော်၏ ကရုဏာတရားကို သက်သေထူသည်။ အကြောင်းမှာ၊ ၎င်းသည်ကျွန်ုပ်တို့၏အပြစ်ကိုရှုတ်ချ၍၊ ကျွန်ုပ်တို့၏ အပြစ်လွှတ်ခြင်း အတွက်လည်း စီစဉ်သည်။ ခရစ်တော်၏သေခြင်းသည် အစားထိုးခြင်းနှင့်အပြစ်ကိုခံယူခြင်း၊ သင့်မြတ်စေခြင်းနှင့်ပြုပြင်ပြောင်းလဲခြင်းကိုဖော်ဆောင်သည်။ ခရစ်တော်၏ရုပ်ခန္ဓာ ရှင်ပြန်ထမြောက်ခြင်းသည် မကောင်းမှု၏ အင်အားစုအပေါ် ဘုရားသခင်၏အောင်နိုင်ခြင်းကို ကြွေးကြော်ပြီး၊ ဤအပြစ် ဖြေခြင်းတရားကိုလက် ခံသောသူတို့အားအပြစ်နှင့် သေခြင်းတို့အပေါ် နောက်ဆုံးသော အောင်မြင်မှုကိုအာမခံပေးသည်။ ၎င်းသည် ယေရှုခရစ်တော်၏ အရှင်သခင်ဖြစ်ခြင်းကို ကြေ ညာပြီး၊ သူ့ရှေ့တော်တွင်ကောင်းကင်နှင့်မြေကြီးပေါ်တွင်ရှိသမျှတို့သည် ဒူးထောက်ကြလိမ့် မည်။ (က ၃း၁၅။ ဆာ ၂၂း၁။ ဟေရှာ ၅၃။ ယော ၃း၁၆။ ၁၄း၃၀။ ရော ၁း၄။ ၃း၂၅။ ၄း၂၅။ ၈း၃၊၄။ ၁ကော ၁၅း၃၊၄၊၂၀-၂၂။ ၂ကော ၅း၁၄၊၁၅၊၁၉-၂၁။ ဖိ ၂း၆-၁၁။ ကော ၂း၁၅။ ၁ပေ ၂း၂၁၊ ၂၂။ ၁ယော ၂း၂။ ၄း၁၀)။

ပွင့်နေသောတံခါးသည် စကြ၀ဠာ၏ အလယ်ဗဟိုဖြစ်သော ကောင်းကင်ဘုံသို့ ဦးတည် ပေးသည်။ အသံတစ်သံက "ဤအရပ်သို့တက်လော့၊ နောင်ကာလ၌ဖြစ်ရမည့် အရာတို့ကို ငါပြမည်ဟု ဖိတ်ခေါ်သည်။ ဝိညာဉ်တော်ကိုခံရ၍ တမန်တော်ယောဟန်သည် ဘုရားသခင်၏ ပလ္လင်တည်ရာ အခန်းကိုမြင်ရသည်။

တောက်ပသောမြကျောက်အရောင်သက်တံသည် လယ်ဗဟို၌ရှိသောပလ္လင်ကို ဝန်းရံပြီး၊ ထိုနေရာမှ လျှပ်စီးလက်ခြင်း၊ မိုးကြိုးသံနှင့်စကားပြောသံများ ထွက်လာသည်။ ဝတ်လုံဖြူဝတ်၍၊ ရွှေသရဖူဆောင်းသည့် အသက်ကြီးသူတို့သည် ပတ်ပတ်လည်ရှိ ပလ္လင်များတွင် ထိုင်နေကြသည်။ ဂုဏ်တော်ချီးမွမ်းခြင်း ပျံ့လွင့်လာရာ၊ အသက်ကြီးသူတို့သည် ကြည်ညိုခြင်းဖြင့် မိမိတို့ကိုယ်ကို ပျပ်ဝပ်လျက်၊ ပလ္လင်တော်ရှေ့တွင် မိမိတို့သရဖူများကို ချလိုက်ကြ၏။

တံဆိပ်ခုနစ်ချက်ခတ်ထားသော စာလိပ်ကိုကိုင်လျက်၊  ကောင်းကင်တမန်က ဤ စာစောင်ကိုဖွင့်၍၊ တံဆိပ်တို့ကိုခွာခြင်းငှာ အဘယ်သူထိုက်သနည်း” (ဗျာ ၅း၂) ဟု ကြွေးကြော် သည်။ တုန်လှုပ်လျက်၊ ယောဟန်သည် ထိုစာလိပ်ကိုဖွင့်ရန်ကောင်းကင်၊ မြေကြီး၌ အဘယ်သူမျှမထိုက်တန်သည်ကိုမြင်သည်။ အသက်ကြီးသူတစ်ပါးက နှစ်သိမ့်သည်အထိ သူငိုကြွေးခဲ့သည်။ ထိုသူက၊ မငိုကြွေးနှင့်။ ယုဒအမျိုးခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာကိုလည်းကောင်း၊ တံဆိပ်ခုနစ်ချက်တို့ကိုလည်းကောင်း ဖွင့်ခြင်းငှာအောင်မြင်လေပြီ” (ဗျာ ၅း၄၊၅) ဟုပြောဆိုသည်။

တစ်ဖန်ဘုန်းကြီးသောပလ္လင်ကိုကြည့်သောအခါ၊ ယောဟန်သည် အသေသတ်ခြင်းကို ခံ၍၊ ယခုတွင်အသက်ရှင်လျက်၊ ဝိညာဉ်တော်ဖြင့်အာဏာအပ်နှင်းခြင်းခံရသော သိုးသငယ်ကိုမြင်သည်။ ဤနိမ့်ကျသော သိုးသငယ်သည် စာစောင်ကိုခံယူသောအခါ၊ အသက်ရှင်သောသတ္တဝါတို့နှင့် အသက်ကြီးသူတို့က၊ ကိုယ်တော်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊   အသွေးတော်နှင့် ဘုရားသခင်အဖို့ရွေးနုတ်တော်မူ၏။ အကျွန်ုပ်တို့၏ ဘုရားသခင့် ရှေ့မှာ၊ ရှင်ဘုရင်အရာ၌ လည်းကောင်း၊ ယဇ်ပုရောဟိတ် အရာ၌လည်းကောင်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသောအခွင့် ကိုပေးတော်မူ၏။ ထိုကြောင့် ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကိုဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏” (ဗျာ ၅း၉၊၁၀)။ ကောင်းကင်နှင့်မြေကြီးပေါ်က ဝေနေယျသတ္တဝါအပေါင်းတို့က ပလ္လင်ပေါ်မှာထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းချီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူစေသတည်းဟု ပြောဆိုကြသည်” (ဗျာ ၅း၁၃)။

ဤစာစောင်အကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာသည် အလွန်အရေးကြီး သနည်း။ ၎င်းစာစောင်သည် စာတန်၏ကျေးကျွန်ဘ၀မှလူသားများအား ကယ်တင်ခြင်းကို မှတ်တမ်းတင်ထားပြီး၊ အပြစ်အပေါ် ဘုရားသခင်၏နောက်ဆုံးအောင်နိုင်ခြင်းကိုလည်းဖော်ပြသည်။ ၎င်းသည် သူတို့၏ ရွေးချယ်မှုမျှဖြင့် အပြစ်၏ဖမ်းဆီးခြင်းခံရသော သူတို့သည် သေခြင်းအကျဉ်းထောင်မှ လွတ်မြောက်စေနိုင်သည့် အလွန်ပြည့်စုံသော ကယ်တင်ခြင်းကို ဖော်ပြသည်။ ဗက်လင်မြို့တွင်မမွေးဖွားမီကြာမြင့်စွာက သိုးသငယ်သည် ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုအမှတ်ပြု၍ ရေးထားသည်နှင့်အညီ၊ အကျွန်ုပ်သည်သွားပါမည်ဟု ဝန်ခံပါ၏။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုတော်ကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏” (ဆာ ၄ဝး၇၊၈) ဟုကြွေးကြော်ခဲ့သည်။ ကမ္ဘာဦးကပင် ကွပ်မျက်ခြင်းခံရသော သိုးသငယ်၏ ကြွလာခြင်းသည် လူသားတို့၏ကယ်တင်ခြင်းကို အကျိုးသက် ရောက်စေခဲ့သည် (ဗျာ ၁၃း၈)။

ဘုရားသခင်၏ကယ်တင်သောကျေးဇူးတော်

သမ္မာကျမ်းစာသည် လူသားတို့၏ကယ်တင်ခြင်းအတွက် စိုးရိမ်ပူပန်မှုဖြင့် လွှမ်းမိုးနေသောဘုရားတစ်ပါးကိုဖော်ပြသည်။ သုံးပါးတစ်ဆူဘုရားသည် လူတို့ကို မိမိတို့ဖန် ဆင်းရှင်နှင့် ပြန်လည်ပေါင်းစည်းခြင်းအလုပ်၌ တွဲလုပ်ကြသည်။ ယေရှုသည် ဘုရားသခင်၏ ကယ်တင်သောမေတ္တာကို မီးမောင်းထိုးပြခဲ့သည်။ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာ၀ရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” (ယော ၃း၁၆)။

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ” (၁ယော ၄း၈) ကြောင်းကို သမ္မာကျမ်း စာက ဖော်ပြသည်။ သူသည် လူသားတို့ထံသို့ ထာ၀ရမေတ္တာ” (ယေ ၃၁း၃)ဖြင့် အရောက် လှမ်းလာသည်။ ကယ်တင်ခြင်းသို့ဖိတ်ကြားခြင်းကို တိုးချဲ့သော ဘုရားသည် အနန္တတန်ခိုးရှင်ဖြစ်သည်။ သို့သော်၊ ဖိတ်ခေါ်ခြင်းကိုတုံ့ပြန်ရာတွင် လွတ်လပ်စွာရွေး ချယ်နိုင်အောင်သူ၏ မေတ္တာသည် တစ်ဦးချင်းစီကို ခွင့်ပြုရန်လိုအပ်သည် (ဗျာ ၃း၂၀၊၂၁)။ သူ၏ဂုဏ်တော်နှင့် ဆန့်ကျင်သည့် အကျပ်ကိုင်မှုသည် သူ၏ ဗျူဟာတွင်မပါဝင်ချေ။

ဘုရားရှင်ကအစပြုခြင်း။ အာဒံနှင့်ဧ၀တို့သည် အပြစ်ပြုသောအခါ၊ ဘုရားသခင်သည် သူတို့ကိုအလျင်ရှာဖွေခဲ့သည်။ အပြစ်ရှိသောစုံတွဲသည် မိမိတို့ဖန်ဆင်းရှင်၏ အသံကိုကြားသောအခါ၊ အလျင်အတိုင်းသူ့ထံသို့ပျော်ရွှင်စွာပြေးမသွား ခဲ့တော့ချေ။ ထို့အစား၊ သူတို့ ပုန်းရှောင်ခဲ့ကြသည်။ သူသည် ထပ်တလဲလဲ သင်တို့သည် အဘယ်မှာ ရှိသနည်းဟုခေါ် ခဲ့၏။

ဝမ်းနည်းခြင်းများစွာဖြင့် ဘုရားသခင်သည် သူတို့နားမထောင်ခြင်း၏ အကျိုးဆက်များဖြစ်သည့် သူတို့ရင်ဆိုင်ရမည့်နာကျင်မှုနှင့်အခက်အခဲများကို ဖော်ပြခဲ့သည်။ သို့သော်၊ သူတို့၏ လုံး၀မျှော်လင့်ခြင်း ကင်းမဲ့နေသောအခြေအနေတွင်၊ သူသည် အပြစ်နှင့်သေခြင်းကို နောက်ဆုံးတွင် အောင်နိုင်မည့်အံ့ဖွယ်အစီအစဉ်ကို ဖော်ပြခဲ့သည် (က ၃း ၁၅)။

ကျေးဇူးတော်လော၊ သို့မဟုတ်  တရားမျှတမှုလော။   သိနာတောင်တွင် ဣသရေလတို့ ဖောက်ပြန်ပြီးနောက်တွင် ဘုရားသခင်သည် မိမိ၏စေတနာရှိပြီး၊ တရားမျှတသောဂုဏ်တော်ကို မောရှေအားဖော်ပြပြီး၊ ထာ၀ရဘုရား၊ ထာ၀ရဘုရား၊ ချစ်သနားခြင်း မေတ္တာကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်၀တော်မူထသော၊ အထောင်အသောင်းများသော သူတို့အားသနားခြင်း ကျေးဇူး တရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီးသက်သက်ဖြေလွှတ်တော်မမူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်အဘတို့၏ ပြစ်ကို သားတို့၌ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဟု ကြွေးကြော်တော်မူ၏” (ထွက် ၃၄း၆၊၇)။

ဘုရားသခင်၏ဂုဏ်တော်သည် ကျေးဇူးတော်နှင့် တရားမျှတမှုတို့တစ်မူထူး၍ ရောစပ်ခြင်း၊ အပြစ်ကိုရှင်းပစ်လိုသည့် လိုလားမှုတို့ကိုဖော်ပြသည်။ ခရစ်တော်၌သာ ဤအရာနှစ်ခုသည်မည်သို့ ပြန်လည်စေ့စပ်ပေါင်းထုပ်နိုင်သည်ကို ကျွန်ုပ်တို့နားလည် နိုင်သည်။

ခွင့်လွှတ်မည်လား၊ သို့မဟုတ် အပြစ်ပေးမည်လား။ ဣသရေလလူများ ဖောက်ပြန်နေကြချိန်တွင်၊ ဘုရားသခင်က မိမိလူတို့သည် သူတို့၏အပြစ်ကိုသိမှတ်၍ သူ့ထံသို့ ပြန်လာရန် မကြာခဏ တမ်းတစွာတောင်းပန်းခဲ့သည် (ယေ ၃း၁၂-၁၄)။ သို့သော်၊ သူတို့သည် သူ၏ ကြင်နာသော ဖိတ်ခေါ်ခြင်းကို ပစ်ပစ်ခါခါငြင်းခဲ့ကြသည် (ယေ ၅း၃)။ အပြစ်လွှတ်ခြင်းကို သရော်သည့် နောင်တမရသောစိတ်ဘောထားသည် မလွဲဧကန်အပြစ်ဒဏ်ကိုခံရမည် (ဆာ ၇း၁၂)။

ဘုရားသခင်သည် ကရုဏာရှိသော်လည်း၊ သူသည် အပြစ်ကိုတွယ်ဖက်သော သူတို့အား ခွင့်မလွှတ်နိုင်ချေ (ယေ ၅း၇)။ အပြစ်လွှတ်ခြင်းသည် ရည်ရွယ်ချက်ရှိသည်။ ဘုရားသခင်သည် အပြစ်သားများကို သန့်ရှင်းသူများအဖြစ်သို့ ပြောင်းလဲပေးချင်သည်။ ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကို လည်းကောင်းစွန့်ပစ်၍၊ ထာ၀ရဘုရားအထံတော်သို့ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင့်ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူး သဖြင့် အပြစ်ကို လွှတ်တော်မူ လိမ့် မည်} (ဟေရှာ ၅၅း၇)။ ကိုယ်တော်၏ ကယ်တင်ခြင်း သတင်းစကားသည် ကမ္ဘာအနှံ့ရှင်းလင်းစွာ အသံလွှင့်သည်။ မြေကြီးစွန်းသားအပေါင်းတို့၊ ငါ့ကိုမျှော်ကြည့်၍၊ ကယ်တင်ခြင်းကျေးဇူးကိုခံကြလော့။ ငါသည် ဘုရားသခင် ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ” (ဟေရှာ ၄၅း၂၂)။

အပြစ်အပေါ်ဘုရားသခင်၏အမျက်ဒေါသ။ ကနဦးအပြစ်ကျူးလွန်ခြင်းသည် လူသားတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ရန်ဘက်ပြုသောစိတ်ထားကို ဖန်တီးပေးခဲ့သည် (ကော ၁း၂၁)။ သို့ဖြစ်၍၊ ကျွန်ုပ်တို့သည် အပြစ်ကို လောင်သောမီး” (ဟေဗြဲ ၁၂း ၂၉) ဖြစ်သောဘုရား၏ မကျေနပ်မှုကို ခံထိုက်ပေသည်။ လေးနက်သောအမှန်တရားမှာ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍၊” (ရော ၃း၂၃)၊ လူအားလုံးသည် အမျက်တော်ကို ခံရသောသူ” (ဧ ၂း၃) များဖြစ်ကြကာ၊ အပြစ်တရား၏ အခကားသေခြင်း” (ရော ၆း၂၃) ဖြစ်သောကြောင့် သေမျိုးဖြစ်ကြသည်။

သမ္မာကျမ်းစာအရ ဘုရားရှင်၏အမျက်ဒေါသမှာ အပြစ်နှင့်မတရားမှုအပေါ်ဘုရား သခင်၏ တုံ့ပြန်မှုဖြစ်သည် (ရော ၁း၁၈)။ ဖော်ပြထားသည့် ဘုရားသခင်၏ အလိုတော် တည်း ဟူသောပညတ်တော်ကို တမင်ငြင်းပယ်ခြင်းသည် သူ၏တရားသော အမျက်ဒေါသကို နှိုးဆွ ပေးသည် (၄ရာ ၁၇း၁၆-၁၈။ ၆ရာ ၃၆း၁၆)။ ဂျီ၊ အီး၊ လက် (G. E. Ladd) က၊ လူတို့သည် ကျင့်ဝတ်တရားအရအပြစ်ရှိသည်။ ဘုရားသခင်သည် သူတို့၏အပြစ်ကို သူတို့အပေါ်မှာ မှတ်သောအခါ၊ သူတို့သည် ဘုရားရှင်၏ အမျက်ဒေါသကိုခံရမည့် အပြစ်သားများ ကဲ့သို့လည်း ကောင်း၊ ရန်သူများကဲ့သို့လည်းကောင်းရှုမြင်လိမ့်မည်။အကြောင်းမှာ၊ ကျင့်ဝတ်နှင့် ဘာသာရေးအရ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အပြစ်အပေါ်အမျက်ကို ထင်ရှားစေလိမ့်မည်။ သို့သော်လည် း၊ တစ်ချိန်တည်းတွင် ဘုရားသခင်သည် ပုန်ကန်သောလောကီသားများကို ကယ်တင်ရန်တမ်းတလျက်ရှိသည်။ သူသည် အပြစ်ဟူသမျှကို မုန်းသော်လည်း၊ သူသည် အပြစ်သားတိုင်းကို ကြင်နာစွာဂရုစိုက်သည်။

လူသားတို့၏တုံ့ပြန်မှု။ ဘုရားသခင်၏ ဣသရေလတို့ အပေါ်ဆက်ဆံခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်၏အလွန်ကြွယ်၀ခြင်း” (ဧ ၂း၇) ကို အရှင်းလင်းဆုံးမြင်စေသောယေရှုခရစ်တော်၏ သာသနာတွင် အထွတ်အထိပ်သို့ရောက်ခဲ့သည်။ ယောဟန်က၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း၊ ပြည်စုံလျက်ငါတို့ တွင်တည် နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ဘုန်းတော်ကဲ့သို့ သူ၏ဘုန်းတော်ကိုငါတို့မြင်ရကြပြီ” (ယော ၁း၁၄) ဟုဆိုခဲ့သည်။ ပေါလုက ယေရှုခရစ် သည်... ငါတို့၌ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်းဖြစ် တော်မူ၏။ သို့ဖြစ်၍ ကျမ်းစာလာသည်နှင့်အညီ၊ ဝါကြွားသောသူမည်သည်ကား၊ ထာ၀ရဘုရား၌သာဝါကြွားစေ” (၁ကော ၁း၃၀၊ ၃၁) ဟု ရေးခဲ့သည်။ ထိုကြောင့် အဘယ်သူသည် ကြွယ်၀စွာကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကိုမထီမဲ့မြင်ပြုသနည်း။ "ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကိုနောင်တလမ်းသို့သွေးဆောင်” (ရော ၂း၄)ကြောင်း ပေါလုက ညွှန်ပြသည်မှာ အံ့အားသင့်စရာမရှိချေ။

ဘုရားသခင်၏ကယ်တင်ခြင်းကမ်းလှမ်းမှုကို လူသားတို့၏တုံ့ပြန်မှုကပင်လျှင် လူသားတို့မှ အစပြုခြင်းမဟုတ်ဘဲ၊ ဘုရားသခင်ကအစပြုခဲ့သည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်း (ရော ၁၂း၃) နှင့်နောင်တတရား (တ ၅း၃၁)သည် ဘုရားသခင်၏ ဆုလက်ဆောင်ဖြစ်သည်။ ကျွန်ုပ်တို့၏ချစ်ခြင်းသည် ဘုရားသခင်၏မေတ္တာကိုတုံ့ပြန်ရာမှ ပေါ်လာသည် (၁ယော ၄း၁၉)။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုစာတန်၊ အပြစ်၊ ဆင်းရဲဒုက္ခနှင့် သေခြင်းမှမကယ်တင်နိုင်ချေ။ ကျွန်ုပ်တို့၏ကိုယ်ပိုင်ဖြောင့်မတ်ခြင်းသည် အဝတ်စုတ်ကဲ့သို့ဖြစ်သည် (ဟေရှာ ၆၄း၆))။ ကရုဏာတော်နှင့်ကြွယ်၀တော်မူသော ဘုရားသခင်သည် ငါတို့ကိုကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊ ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့် အတူအသက်ရှင်စေတော်မူပြီ။... ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှဝါကြွားစရာအခွင့် မရှိ” (ဧ ၂း၄-၉)။

ခရစ်တော်၏ပြန်လည်သင့်မြတ်ခြင်းလုပ်ငန်း

သတင်းကောင်းမှာ ဘုရားသခင်သည် ခရစ်တော်အထဲ၌ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကိုမှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့ စေတော်မူ၏” (၂ကော ၅း၁၉) ဖြစ်သည်။ သူ၏ပြန်လည်သင့်မြတ်စေခြင်းသည် ဘုရားသခင်နှင့် လူသားတို့ အကြားဆက်ဆံရေးကို အသစ်ဖြစ်စေသည်။ ဤလုပ်ငန်းစဉ်သည် ဘုရားသခင်ကို လူသားတို့နှင့် သင့်မြတ်စေသည် မဟုတ်ဘဲ၊ လူသားတို့ကို ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေခြင်းဖြစ်သည်။ အပြစ်သားများကို ဘုရားသခင်ထံသို့ပြန်၍ ပို့ဆောင်သော အဓိကပုဂ္ဂိုလ်မှာ ယေရှုခရစ်တော်ဖြစ်သည်။ ဘုရားသခင်၏ ပြန်လည်သင့်မြတ်ခြင်း စီမံကိန်းသည် အံ့ဖွယ်ဘုရားရှင်၏ အညံ့ခံခြင်းပင်ဖြစ်သည်။ သူ၌လူသားတို့ကို ပျက်စီးစေနိုင်သောအခွင့်ရှိသည်။

ကျွန်ုပ်တို့လေ့လာခဲ့သကဲ့သို့ ဘုရားသခင်သည် သူနှင့်လူသားတို့အကြား ပြတ်တောက်သွားသောဆက်ဆံရေးကို ပြန်လည်အသစ်ဖြစ်ရေး၌ အစပြုခဲ့သည်။ ပေါလုက ရန်သူဖြစ် လျက်ပင် ဘုရားသခင်၏သားတော်အသေခံတော်မူခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း ကိုခံရသည်” (ရော ၅း၁၀) ဟုဆိုခဲ့သည်။

သို့ဖြစ်၍၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် မိတ်သဟာယဖွဲ့ရာ ကျေးဇူးကိုယခုခံရပြီးလျှင်၊ ထိုသခင်အားဖြင့် ဘုရားသခင်၌ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏” (ရောမ ၅း ၁၁)။

ပြန်လည်သင့်မြတ်ခြင်းလုပ်ငန်းစဉ်သည် အပြစ်ကိုပြေစေခြင်းနှင့် တွဲဖက်လျက် ရှိသည်။ အပြစ်ပြေစေခြင်းသည် သဘောတူညီမှုရှိသောအခြေအနေကိုပြသည်။ သို့ဖြစ်၍၊ အပြစ်ဖြေခြင်းသည် ဆက်ဆံရေး၌ စိတ်သဘောထား ညီညွတ်ခြင်း၏ လက္ခဏာဖြစ် သည်။ ခပ်တန်းတန်းဖြစ်သောအချိန်တွင် ပြန်လည်သင့်မြတ်ခြင်းလုပ်ငန်းစဉ်သည် ဤစိတ်သဘောထားညီညွတ်ခြင်းကို ဖြစ်စေလိမ့်မည်။ အပြစ်ကိုပြေစေခြင်း၏မူလအဓိပ္ပါယ်သည် ခပ်တန်းတန်း အခြေ အနေကိုရပ်တန့်ပစ်သည့် ပြည်လည်သင့်မြတ်သော အခြေအနေကို ရည်ညွှန်းသည်။

များစွာသော ခရစ်ယာန်တို့သည် အပြစ်ဖြေခြင်းကို ခရစ်တော်၏ လူ့ဇာတိခံယူခြင်း၊ ဆင်းရဲဒုက္ခနှင့်သေခြင်းတို့၏ ရွေးနုတ်သောအကျိုးဆက်များနှင့်သာ သီးသန့်ကန့် သတ်ထားကြသည်။ သို့သော်ငြားလည်း၊ တဲတော်လုပ်ငန်းတွင်အပြစ်ဖြေခြင်းသည် ယဇ်ကောင်သိုးသငယ်ကို သတ်ခြင်းတစ်ခုသာမပါဝင်ဘဲ၊ သွန်းသောသွေးနှင့်ဆိုင်သည့် တဲတော်၌ ယဇ်ပုရောဟိတ်၏ လုပ်ငန်းလည်းပါဝင်ခဲ့သည် (ဝတ် ၄း၂၀၊၂၆၊၃၅။ ၁၆း၁၅-၁၈၊၃၂၊၃၃)။ ထို့ကြောင့်ဤကျမ်းစာ၏ အသုံးအနှုန်းအရ၊ အပြစ်ဖြေခြင်းသည် ခရစ်တော်၏ လက်ဝါးကပ်တိုင်ပေါ်သေခြင်းနှင့် ကောင်းကင်ဗိမာန်တော်၌ သူ၏ကြားဖျန်ဖြေခြင်း လုပ်ငန်းတို့ကိုရည်ညွှန်းနိုင်သည်။ ထိုနေရာတွင် ယဇ်ပုရောဟိတ်မင်းအနေဖြင့် သူ၏ပြီးပြည့်စုံသောအပြစ်ဖြေခြင်း၊ ယဇ်ပူဇော်ခြင်း၏ အကျိုးကျေးဇူးကို လူသားတို့အား ဘုရားသခင်နှင့် သင့်မြတ်စေခြင်း၌အသုံးပြုသည်။ ခရစ်တော်သည် ကောင်းကင်သို့ တက်ကြွသွားခဲ့ပြီး၊ လူတို့အတွက်သူ၏ အပြစ်ဖြေခြင်းသည် ပြည့်စုံလုံလောက်ကြောင်း၊ သူ၏အသွေးတော်အားဖြင့် လူတိုင်းထာ၀ရ အသက်ကိုရနိုင်ကြောင်း အာမခံချက်ကို ဘုရားသခင်ကိုယ်တော်တိုင်ထံမှကြားခဲ့သည်။ ခမည်းတော်သည် ခရစ်တော်နှင့် အတူပြုခဲ့သော ပဋိညာဉ်ကို အတည်ပြုခဲ့သည်။ ထို့သို့ဖြင့်သူသည် နောင်တရ၍ နားထောင်သောသူတို့ ကိုလက်ခံပြီး၊ မိမိသားတော်ကိုချစ်သကဲ့သို့ပင် သူတို့ကို ချစ် မည်။ ယေရှုသည် သူ၏အမှုတော်ကို ပြည့်စုံစေပြီး၊ လူသည်ရွှေစင်ထက်ထိုက်မည် အကြောင်း၊ ဆင်းရဲ သား သည် ဩဖိရရွှေကျောက်ထက်အဖိုးထိုက်မည်အကြောင်း ငါပြုမည်" ဟူသောသူ၏ ကတိကို လည်းပြည့်စုံစေမည်။

ဗင်းဆင့်တယ်လာ (Vincent Taylor) ရှင်းပြသကဲ့သို့ အပြစ်ဖြေခြင်းဆိုင်ရာ ယုံကြည်ချက်သည် ရှုထောင့်နှစ်ခုရှိသည်။ "၎င်းတို့မှာ (၁) ခရစ်တော်၏ကယ်တင်သော လုပ်ငန်းနှင့် (၂) သူ၏ လုပ်ငန်းကိုတစ်ဦးချင်းဖြစ်စေ၊ အများနှင့်ဖြစ်စေ၊ ယုံကြည်ခြင်းဖြင့် အပိုင်ရယူခြင်းတို့ဖြစ်သည်။ ဤအရာနှစ်ခုသည် အပြစ်ဖြေခြင်းကိုဖြစ်လာစေသည်။ အပြစ်ဖြေခြင်းသည် ကျွန်ုပ်တို့အတွက်ပြီးမြောက်ပြီးဖြစ်၍၊ ကျွန်ုပ်တို့အထဲ၌ဖြစ်ပေါ်စေခဲ့သည်။ ဤအခန်း (၉) သည် ခရစ်တော်သေခြင်းနှင့် သက်ဆိုင်သောအပြစ်ဖြေခြင်းကိုအထူးပြုသည်။ သူ၏ ယဇ်ပုရောဟိတ်မင်းနှင့်ဆိုင်သော အပြစ်ဖြေ ခြင်းကိုမူ နောက်ပိုင်း (အခန်း ၂၄) တွင် လေ့လာကြမည်။

ခရစ်တော်၏အပြစ်ဖြေခြင်းယဇ်

ကရာနီကုန်းတွင် ခရစ်တော်၏အပြစ်ဖြေခြင်းယဇ်သည် ဘုရားသခင်နှင့်လူသား ဆက်ဆံရေးတွင် အလှည့်အပြောင်းဖြစ်စေခဲ့သည်။ လူတို့၏အပြစ်မှတ်တမ်းရှိ သော်ငြား လည်း၊ ပြန်လည်သင့်မြတ်စေခြင်း၏အကျိုးရလဒ်အဖြစ် ဘုရားသခင်သည် သူတို့၏ အပြစ်များကို မမှတ်ချေ (၂ကော ၅း၁၉)။ ဤအရာသည် ဘုရားသခင်သည် အပြစ်ဒဏ်ကို ဖယ်ပစ်သည် သို့မဟုတ် အပြစ်သည် သူ၏အမျက်ဒေါသကို မနှိုးဆွတော့ချေ ဟူသော အဓိပ္ပါယ်မဟုတ်ပါ။ အမှန်မှာ၊ မိမိထာ၀ရပညတ်တော်၏တရားမျှတမှုကို စွဲကိုင်ထားနေလျက်ပင်၊ ဘုရားသခင်သည် နောင်တရသောအပြစ်သားများအားခွင့်လွှတ်မည့် နည်းလမ်းကို တွေ့ရှိ ခဲ့ပေပြီ။

ခရစ်တော်၏သေခြင်းသည်လိုအပ်သည်။ မေတ္တာရှင်ဘုရားသခင်အတွက် သူ၏ ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းကို ထိန်းသိမ်းရန်၊ ယေရှုခရစ်တော်၏ အပြစ်ဖြေသောသေခြင်းသည် ကျင့်ဝတ်အရနှင့် တရားရေးအရလိုအပ်ချက်ဖြစ်သည်။ ဘုရားသခင်၏ တရားမျှတခြင်းသည် အပြစ်ကိုတရားစီရင်ရန်တောင်းဆိုသည်။ ထိုကြောင့်ဘုရားသခင်သည် အပြစ်နှင့် အပြစ်သားကို တရားစီရင်ရမည်။ ဤစီရင်ချက်တွင် ဘုရားသခင်၏သားတော်သည် ဘုရားသခင်၏ အလိုတော်အတိုင်း အပြစ်သားများဖြစ်သော ကျွန်ုပ်တို့၏နေရာကိုဝင်ယူခဲ့ သည်။ လူသားသည် ဘုရားသခင်၏တရားသော အမျက်ဒေါသအောက်၌ ရပ်နေသောကြောင့်အပြစ်ဖြေခြင်းသည် လိုအပ်သည်။ ဤနေရာ၌ အပြစ်လွှတ်ခြင်း သတင်းကောင်း၏ အချက်အချာနှင့် ခရစ်တော်၏လက်ဝါးကပ်တိုင်၏ နက်နဲခြင်းတည်ရှိသည်။ ခရစ်တော်၏ ပြည့်စုံသောဖြောင့်မတ်ခြင်းသည် ဘုရားရှင်၏ တရားမျှတမှုကို ပြည့်ပြည့်၀၀ဖြည့်ဆည်းခဲ့ပြီး၊ ဘုရားသခင်သည် လူသားတို့၏သေခြင်းနေရာ၌ ခရစ်တော်၏သေခြင်းကို လက်ခံရန် လိုလိုလားလား ရှိသည်။

ခရစ်တော်၏အပြစ်ဖြေသော အသွေးတော်ကို လက်မခံလိုသောသူတို့သည် အပြစ်ဖြေလွှတ်ခြင်းကိုမရရှိဘဲ၊ ဘုရားသခင်၏အမျက်ကိုခံနေကြရဆဲဖြစ်သည်။ "သားတော်ကို ယုံကြည်သော သူသည် ထာ၀ရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏ အပေါ်၌ ဘုရားသခင်၏အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏" (ယော ၃း၃၆)။

ထိုကြောင့် လက်ဝါးကပ်တိုင်သည် ဘုရားသခင်၏ကရုဏာနှင့် သူ၏တရားမျှတမှုကို ဖော်ပြသည်။ ဘုရားသခင်သည် သည်းခံတော်မူ၍၊ လွန်ခဲ့ပြီးသောဒုစရိုက် အပြစ်များကို မှတ်တော်မမူရာတွင်၊ ဖြောင့်မတ်ခြင်းတရားတော်ကိုထင်ရှားစေခြင်းငှာ လည်းကောင်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍၊ ယေရှုကို ယုံကြည်သောသူတို့၏ အပြစ်ကိုလွှတ်တော်မူသော်လည်း၊ တရားသဖြင့်ပြုတော်မူခြင်းငှာလည်းကောင်း၊ ယေရှုခရစ်တော်၏ အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေရာ အကြောင်းဖြစ်စေခြင်းငှာ ခန့်ထားတော်မူပြီ” (ရော ၃း၂၅၊ ၂၆)။

မည်သည့်အရာကအပြစ်ဖြေသောယဇ်ကိုပြီးမြောက်စေသနည်း။ ခမည်းတော် ကိုယ်တိုင်မိမိသားတော်ကို အပြစ်ဖြေရာယဇ်” (ရော ၃း၂၅) အဖြစ်ပေးအပ်သည်။ ဓမ္မသစ်ကျမ်းမှ မူရင်းဟေလသစကားလုံးသည် ရုပ်တုကိုးကွယ်သူများက အမျက်ထွက်နေသော ဘုရားသခင်ကို ဖျောင်းဖျခြင်း၊ သို့မဟုတ် အငြိုးကြီးသောဘုရား၊ ထင်တိုင်းကြဲသောဘုရား၊ ပြောင်းလဲလွယ်သောဘုရားကို ချွေးသိပ်ခြင်းနှင့်ဘာမျှမသက်ဆိုင်ချေ။ အထက်ပါကျမ်းချက်က ဘုရားသခင်သည် မိမိကျေးဇူးကရုဏာဖြင့် လူသားတို့၏အပြစ်အပေါ်သူ၏ သန့်ရှင်းသော အမျက်ဒေါသကိုပြေစေရန် ခရစ်တော်ကို ပေးအပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်သူသည် ခရစ်တော်ကို လူတို့၏ ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ အပြစ်အပေါ် သူ၏စီရင်ချက်ကိုရရှိရန် အစားထိုးသော အရှင်အဖြစ်လည်းကောင်း လက်ခံခဲ့သည်။

ဤရှုထောင့်မှ တစ်စုံတစ်ဦးသည် ခရစ်တော်၏အသေခံခြင်းကို မွှေးကြိုင်သော အနံ့ရှိ စေခြင်းငှာ ကိုယ်ကိုကိုယ်ဆက်ကပ်၍ပူဇော်ခြင်း" (ဧ ၅း၂) အဖြစ်ပေါလု၏ ဖော်ပြခြင်းကို နားလည် နိုင်သည်။ "ခရစ်တော်၏ မိမိကိုယ်ကိုပူဇော်ခြင်းကို ဘုရားသခင်နှစ်သက်သည်။ အဘယ်ကြောင့်ဆိုသော် ဤဆက်ကပ်ပူဇော်ခြင်းသည် ဘုရားသခင်နှင့် အပြစ်ရှိသော လူတို့ အကြားရှိ အတားအဆီးကို ပယ်ရှား၍၊ ထိုသို့ဖြင့်ခရစ်တော်သည် အပြစ်အပေါ် ဘုရားသခင်၏ အမျက်ဒေါသကို အပြည့်အဝ သယ်ဆောင်ခဲ့သည်။ ခရစ်တော်အားဖြင့်၊ ဘုရားသခင်၏ ဒေါသသည် ချစ်ခြင်းမေတ္တာသို့ပြောင်းလဲသွားခြင်း မဟုတ်ဘဲ၊ ဘုရားရှင်၏ အမျက်သည် လူတို့ထံမှလွဲသွား၍ မိမိကိုယ်တိုင် သယ်ဆောင်သည်။

ရော ၃း၂၅ သည် ခရစ်တော်၏ပူဇော်ဆက်သခြင်းအားဖြင့် အပြစ်အတွက် ကျေနပ် အောင်ပြုလုပ်ကြောင်းဖော်ပြသည်။ အပြစ်ပြေအောင်ပြုခြင်းသည် အပြစ်ဖြေသောအသွေးတော်က နောင်တရသောအပြစ်သားအပေါ် ပြုသောအမှုကိုပစ်မှတ်ထားသည်။ သူသည် ခွင့်လွှတ်ခြင်း၊ အပြစ်ဖြေလွှတ်ခြင်းနှင့် အပြစ်မှစင်ကြယ်ခြင်းတို့ကို ခံစားရ သည်။

တစ်ဆင့်ခံအပြစ်သယ်ဆောင်သူခရစ်တော်။ သမ္မာကျမ်းစာသည် ခရစ်တော်ကို လူတို့၏ အပြစ်ကို သယ်ဆောင်သူအဖြစ်ဖော်ပြသည်။ ဟေရှာယက ပုရောဖက်ပြု၍ ဟောသောစကားမှာ ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်၊ နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏။... ထာ၀ရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။... ထာ၀ရဘုရားသည် သူ့ကိုနှိပ်စက်ခြင်းငှာ အလိုတော်ရှိ၍နာစေတော်မူ၏။ သူသည် အပြစ်ဖြေသော ယဇ်ကိုပူဇော်၏။... လူများတို့၏အပြစ်ကို ဆောင်၏” (ဟေရှာ ၅၃း၅-၁၂) ဟူ၍ဖြစ်သည်။ ပေါလုသည်လည်း စိတ်ထဲ၌ ဤအနာဂတ္တိဟောချက်ကိုထားရှိလျက် ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း၊ ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏” (၁ကော ၁၅း၃) ဟု ဆိုခဲ့သည်။

ဤကျမ်းချက်များသည် ကယ်တင်ခြင်းစီမံကိန်းတွင် အရေးကြီးသောအမြင်သဘော ထားကိုညွှန်ပြသည်။ ၎င်းမှာ ကျွန်ုပ်တို့ကိုညစ်ညူးစေသောအပြစ်ကို ကျွန်ုပ်တို့၏အပြစ်သယ်ဆောင်သူ အပေါ်သို့ပြောင်းပေးလိုက်ခြင်းသည် ကျွန်ုပ်တို့ကိုစင်ကြယ်စေသည် (ဆာ ၅၁း၁၀)။ ဓမ္မဟောင်းကျမ်း တဲတော်၏ယဇ်ပူဇော်ခြင်းအခမ်းအနားများသည် ဤခရစ်တော်၏ အခန်းကဏ္ဍကိုဖော်ပြခဲ့သည်။ ထိုအခမ်းအနားတွင် နောင်တရသော အပြစ်သားထံမှ အပြစ်မဲ့သောသိုးသူငယ်ထံသို့ အပြစ်ကိုလွှဲပြောင်းခြင်းသည် အပြစ်သယ်ဆောင်သူခရစ်တော်ထံလွှဲပြောင်းခြင်းကိုပုံဆောင်ခဲ့သည်။

အသွေး၏အခန်းကဏ္ဍကားအဘယ်နည်း။ အသွေးသည် တဲတော်လုပ်ငန်း၏ အပြစ်ဖြေရာ ယဇ်ပူဇော်ခြင်းတွင် အရေးကြီးသောအခန်း၌ပါဝင်သည်။ ဘုရားသခင်သည် အပြစ်ဖြေခြင်းအတွက် ကြိုတင်စီမံထားခဲ့သည်။ ကိုယ်ခန္ဓာအသက်သည် အသွေး ၌တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေခြင်းငှာ၊ ထိုအသွေးကိုသင်တို့အား ယဇ်ပလ္လင်ပေါ်မှာငါပေးပြီ” (ဝတ် ၁၇း၁၁)။ တိရစ္ဆာန်ကို သတ်ပြီးနောက်၊ အပြစ်ဖြေလွှတ်ခြင်းကို မခံရမီ ယဇ်ပုရောဟိတ်သည် အသွေးကိုသုတ်လိမ်းရမည်။

အစားထိုးသောအသွေးအားဖြင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်းတို့အတွက် ဓမ္မဟောင်းအချိန်ကအခမ်းအနားများသည် ကရာနီကုန်းမှ ခရစ်တော်၏ ပူဇော်ခြင်း၏ အပြစ်ဖြေသောအသွေး၌ပြည့်စုံကြောင်းကို ဓမ္မသစ်ကျမ်းက ဖော်ပြသည်။ နည်းလမ်းဟောင်းနှင့်ဆန့်ကျင်၍၊ ဓမ္မသစ်ကျမ်းက၊ အပြစ်ကင်းသော ကိုယ်တော်ကို ထာ၀ရဝိညာဉ်တော်အားဖြင့် ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏အသွေးသည် သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကိုပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသောစိတ်ကို စင်ကြယ်စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော” (ဟေဗြဲ ၉း၁၄) ဟုဆိုသည်။ သူ၏ အသွေးကိုသွန်းခြင်းဖြင့် အပြစ်ကိုပြေစေသည် (ရော ၃း၂၅)။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါ့တို့၏အပြစ်ဖြေစရာ အကြောင်းဖြစ်စေခြင်းငှာ၊ သားတော်ကို စေလွှတ်တော်မူ၏” (၁ယော ၄း၁၀) ဟုယောဟန်ဆိုသည်။

အကျဉ်းချုပ်အားဖြင့်၊ ဘုရားသခင်၏သင့်မြတ်ရာသင့်မြတ်ကြောင်း လုပ်ဆောင်ချက် သည် သူ၏သားတော်ခရစ်တော်ယေရှု၏အပြစ်ကို ပြေစေသောအသွေးတော်အားဖြင့်ပြီးမြောက် ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် ပြန်လည်သင့်မြတ်ခြင်းကို စီစဉ်သောသူနှင့် လက်ခံရရှိသူဖြစ်သည်။

ရွေးနုတ်ဖိုးခရစ်တော်

လူသားတို့သည် အပြစ်၏စိုးမိုးမှုအောက်သို့ရောက်သွားသောအခါ၊ အပြစ်ဒဏ်စီရင်ခြင်းနှင့် ဘုရားသခင့်ပညတ်တော်၏ကျိန်ခြင်းကိုခံရသည် (ရော ၆း၄။ ဂလ ၃း၁၀-၁၃)။ အပြစ်၏ ကျွန်ဘ၀၊ သေမျိုးအဖြစ်မှသူတို့သည် မရုန်းထွက်နိုင်ကြချေ။ မိမိညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်။ ရွေးရန်အဖိုးကိုဘုရားသခင်၌မပေးနိုင်” (ဆာ ၄၉း၇)။  ဘုရားသခင်သည် သာလျှင်ရွေးနုတ်ရန်  တန်ခိုးအပ်နှင်းခြင်း ခံရသည်။ သူတို့ကို မရဏာနိုင်ငံတန်ခိုးမှ ငါကယ် လွှတ်မည်။ သေမင်းလက်မှလည်း ရွေးမည်” (ဟော ၁၃း၁၄)။

ဘုရားသခင်သည် သူတို့ကိုမည်ကဲ့သို့ရွေးခဲ့သနည်း။ သူတစ်ပါးကိုစေစားခြင်း ငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍၊ လူများကိုရွေးခြင်းငှာလည်းကောင်း၊ ကြွလာ” (မ ၂ဝး၂၈) ကြောင်းကိုယ်တိုင်သက်သေခံသော သူယေရှုအားဖြင့်၊ ဘုရားသခင်သည် မိမိအသွေးနှင့်အသင်းတော်ကိုဝယ်ခဲ့သည် (တ ၂ဝး၂၈)။ သားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်ခံရကြ၏” (ဧ ၁း၈)။ ယေရှုခရစ်သည် ခပ်သိမ်းသောဒုစရိုက်မှ ငါတို့ကို ရွေးနုတ်ခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့် ဘက်၌စိတ်အားကြီး၍၊ ပိုင်ထိုက်တော်မူသော အမျိုးကို မိမိအဖို့ စင်ကြယ်စေခြင်းငှာ လည်းကောင်း၊ ကိုယ်ကိုကိုယ်စွန့်ကြဲတော်မူပြီ” (တိ ၂း၁၄)။

ရွေးနုတ်ဖိုးသည်မည်သည့်အရာကိုပြီးမြောက်စေသနည်း။ ခရစ်တော်၏သေခြင်းသည် ဘုရားသခင်၏လူသားများအားပိုင်ဆိုင်မှုကို အတည်ဖြစ်စေသည်။ ပေါလုက၊ သင်တို့သည် မိမိတို့ကို မိမိတို့မပိုင်၊... သင်တို့သည်အဖိုးနှင့်ဝယ်တော်မူသောသူဖြစ်” (၁ကော ၆း၁၉၊၂၀) သည် ဟုဆိုခဲ့သည်။

မိမိသေခြင်းအားဖြင့်၊ ခရစ်တော်သည်အပြစ်၏အုပ်စိုးမှုကို ချိုးဖျက်ခဲ့သည်၊ ဝိညာဉ်ရေးအကျဉ်းကျခြင်းကို အဆုံးသတ်သည်၊ ပညတ်တော်၏ အပြစ်စီရင်ခြင်းနှင့် ကျိန်ခြင်းကို ဖယ်ရှားခဲ့သည်၊ နောင်တရသော အပြစ်သားအားလုံးအတွက် ထာ၀ရအသက်ကို ရရှိစေနိုင်ခဲ့သည်။ ပေတရုက ယုံကြည်သူများသည် မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်း” (၁ပေ ၁း၁၈) မှ ရွေးနုတ်ခြင်းခံရသည်ဟုဆိုသည်။ အပြစ်၏ ကျေးကျွန်ဘ၀နှင့်၎င်း၏သေစေနိုင်သော အကျိုးဆက်တို့မှ ရွေးနုတ်ခြင်းခံရသောသူတို့သည် ယခုတွင် ဘုရားသခင်၏အမှုတော်၌ရှိနေကြပြီး၊ သန့်ရှင်းခြင်းအကျိုးကို ရကြ၏။ အဆုံး၌လည်း ထာ၀ရအသက်ကိုရကြလိမ့်မည်” (ရော ၆း၂၂)။ ရွေးယူခြင်း နိယာမကို မသိကျိုးကျွန်ပြုခြင်း သို့မဟုတ်  ငြင်းပယ်ခြင်းသည် ကျေးဇူးတော်နှင့်ဆိုင်သော ဧဝံဂေလိတရား၏ အဓိကအချက်ကို ဆုံးရှုံးခြင်းနှင့် ဘုရားသခင်၏ သိုးသငယ်အပေါ် အနက်ရှိုင်းဆုံးကျေးဇူးတင်သောစိတ်သဘောကို ငြင်းပယ်ခြင်းဖြစ်လိမ့်မည်။ဤနိယာမသည် ကောင်းကင်ဘုံပလ္လင်ရှိရာ ခန်းမတွင်သီဆိုသော ချီးမွမ်းခြင်း၏ အဓိကကျသောအရာဖြစ်သည်။ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ အသီးအသီး ဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့်  ဘုရားသခင်အဖို့ ရွေးနုတ်တော်မူ၏။ အကျွန်ုပ်တို့၏ဘုရားသခင့်ရှေ့မှာ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌ လည်းကောင်း ခန့်ထား၍၊ မြေကြီးပေါ် မှာစိုးစံရသော အခွင့်ကို ပေးတော်မူ၏" (ဗျာ ၅း၉၊၁၀)။

လူသားတို့၏ကိုယ်စားလှယ်ခရစ်တော်

အာဒံနှင့် နောက်ဆုံးဖြစ်သော အာဒံတည်းဟူသော ခရစ်တော် သို့မဟုတ် ဒုတိယလူ” (၁ကော ၁၅း၄၅၊၄၇) လူသားအားလုံးကိုကိုယ်စားပြုသည်။ ဇာတိပကတိ ဖြင့်မွေးဖွားခြင်းသည် အာဒံ၏ လွန်ကျူးခြင်း၏အကျိုးဆက်များနှင့် တစ်ဦးချင်းစီကို ကုန်းနှီးခွစီးပါ သော်လည်း၊ ဝိညာဉ်တော် မွေးဖွားခြင်းကိုခံရသောသူတိုင်းသည် ခရစ် တော်၏ ပြည့်စုံသော အသက်တာနှင့် သေခြင်း၏ အကျိုးကျေးဇူးများကိုရရှိသည်။ လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့ သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်ရကြလတ္တံ့” (၁ကော ၁၅း၂၂)။

အာဒံ၏ ပုန်ကန်မှုသည်အပြစ်၊ ပြစ်ဒဏ်ချမှတ်ခြင်းနှင့် သေခြင်းကိုလူတိုင်းထံသို့ယူဆောင်လာခဲ့သည်။ ခရစ်တော်သည် ၎င်းကိုပြောင်းပြန်ဖြစ်စေခဲ့သည်။ မိမိ၏ ကြီး မားသောမေတ္တာဖြင့်သူသည် မိမိကိုယ်ကိုအပြစ်အပေါ်၊ ဘုရားရှင်၏အပြစ်အပေါ် တရားစီရင်ခြင်း အောက်၌ထားရှိပြီး၊ လူသားတို့၏ ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။ သူ၏အစားထိုးသေခြင်းသည်   အပြစ်၏ပြစ်ဒဏ်မှရွေးနုတ်ခြင်းနှင့်   နောင်တရသောအပြစ် သားများအတွက် ထာ၀ရအသက် ဆုကျေးဇူးတို့ကိုပေးခဲ့သည် (၂ကော ၅း၂၁။ ရော ၆း၂၃။ ၁ပေ ၃း၁၈)။

ခရစ်တော်၏အစားထိုးအသေခံခြင်းသည် လူတိုင်းအတွက်ဖြစ်သည်ကို သမ္မာကျမ်းစာက သွန်သင်သည်။ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်သူသည် လူတိုင်းအတွက် အသေခံခဲ့သည်။ အာဒံကဲ့သို့၊ လူတိုင်းအပြစ်ရှိသည် (ရော ၅း၁၂)။ ထိုကြောင့် လူတိုင်းပထမသေခြင်းကိုတွေ့ကြုံကြရသည်။ လူတိုင်းအတွက် ခရစ်တော်မြည်းစမ်းခဲ့သောသေခြင်းသည် သေခြင်း၏ ကျိန်ခြင်းဖြစ်သော ဒုတိယသေခြင်းဖြစ်သည် (ဗျာ ၂ဝး၆)။

ခရစ်တော်၏အသက်နှင့်ကယ်တင်ခြင်း

ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော်အသေခံတော်မူခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိတ်သဟာယဖွဲ့ပြီးမှ အသက်တော်အားဖြင့်ကယ်တင်တော်မူခြင်းသို့ရောက်မည်” (ရော ၅း၁၀)။ အပြစ်အားဖြင့်ထွင်းဖေါက်သော ချောက်နက်ကြီးကိုပေါင်းကူးရန် ခရစ်တော်၏အသက်နှင့်သူ၏သေခြင်းကိုအပ်သည်။ ၎င်းတို့နှစ်ခုစလုံးသည် လိုအပ်ပြီး၊ ကျွန်ုပ်တို့၏ ကယ်တင်ခြင်း အတွက်ဖြည့်ဆည်း ပေးသည်။

ခရစ်တော်၏ ပြည့်စုံသောအသက်သည် ကျွန်ုပ်တို့အတွက် မည်သည့်အရာကိုလုပ်ပေးနိုင်သနည်း။ ယေရှုသည်ဖြူစင်၊ သန့်ရှင်း၊ ချစ်ဖွယ်သောအသက်တာဖြင့် ဘုရားသခင် အပေါ်လုံးလုံးမှီခိုခဲ့သည်။ ဤအဖိုးကြီးသောအသက်ကို သူသည်နောင်တရသော အပြစ်သားတို့အားလက်ဆောင်အဖြစ်မျှဝေပေးသည်။ သူ၏ပြည့်စုံသော စာရိတ္တကို မင်္ဂလာဝတ်စုံ (မ ၂၂း၁၁) သို့မဟုတ် ဖြောင့်မတ်ခြင်းဝတ်လုံ (ဟေရှာ ၆၁း၁၀) ဖြင့်ခိုင်းနှိုင်းသည်။ ဖြောင့်မတ်ခြင်းရရန် လူသားတို့၏ ကြိုးပမ်းမှုတည်းဟူသော ညစ်သောအဝတ် (ဟေရှာ ၆၄း၆) အစားဖြောင့်မတ်ခြင်းဝတ်လုံကိုသူပေးသည်။

ကျွန်ုပ်တို့လူသားများ၏ အကျင့်ပျက်မှုကြားမှ၊ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို ခရစ်တော် ထံ အပ်နှံသောအခါ၊ ကျွန်ုပ်တို့၏နှလုံးသည် သူ၏နှလုံးနှင့်ပေါင်းစည်းသည်၊ ကျွန်ုပ်တို့၏ ဆန္ဒသည် သူ၏ဆန္ဒ၌ကူးပြောင်းသည်၊ ကျွန်ုပ်တို့၏စိတ်သည် သူ၏စိတ်နှင့်တစ်ခုတည်းဖြစ်လာသည်၊ ကျွန်ုပ်တို့၏ အတွေးသည် သူ၏ဖမ်းစားခြင်းကိုခံရသည်၊ ကျွန်ုပ်တို့သည် သူ၏အသက်ဖြင့်အသက်ရှင်သည်။ ကျွန်ုပ်တို့သည် သူ၏ဖြောင့်မတ်ခြင်းဝတ်လုံဖြင့်လွှမ်းခြုံခြင်းခံရသည်။ ဘုရားသခင်သည် ယုံကြည်၍ နောင်တရသောအပြစ်သားကို ကြည့်သောအခါ၊ သူသည် အပြစ်၏ဗလာဖြစ်ခြင်းသို့မဟုတ် ပုံပန်းပျက်ခြင်းကိုမမြင်ဘဲ၊ ပညတ်တော်ကို ခရစ်တော်၏ အပြည့်အဝနားထောင်ခြင်းအားဖြင့် ဖြစ်ပေါ်လာသောဖြောင့်မတ်ခြင်းဝတ်လုံကိုမြင်သည်။ ဤဝတ်လုံဖြင့် လွှမ်းခြုံခြင်းမခံရပါက အဘယ်သူမျှစစ်မှန်စွာ ဖြောင့်မတ်ရာသို့ မရောက်နိုင်ချေ။

မင်္ဂလာဆောင်ပွဲ၏အဝတ်ဆိုင်ရာဥပမာတွင် မိမိကိုယ်ပိုင်အဝတ်ဖြင့်ရောက်လာသော သူကိုမယုံကြည်မှုကြောင့် ပြင်သို့မထုတ်ခဲ့ပါ။ သူသည်ပွဲတက်ရန် ဖိတ်ခေါ် ခြင်းကို လက်ခံခဲ့သည် (မ ၂၂း၁၀)။ သို့သော် သူရောက်လာခြင်းသည် မလုံလောက်ချေ။ သူသည် မင်္ဂလာပွဲဝတ်စုံလိုအပ်သည်။ အလားတူစွာ၊ လက်ဝါးကပ်တိုင်ကိုယုံကြည်ခြင်းသည် မလုံလောက်ချေ။ ရှင်ဘုရင်၏ ရှေ့တော်တွင် ခစားနိုင်ရန်၊ ကျွန်ုပ်တို့သည်လည်း ခရစ်တော်၏ဖြောင့်မတ်သောအသက်တာ၊ သူ၏ဖြောင့်မတ်သော စာရိတ္တတော်ကိုလို အပ်သည်။

အပြစ်သားများအနေဖြင့် ကျွန်ုပ်တို့၏အကြွေးကိုချေဖျက်ရန်လိုအပ်သည် သာမက၊ ကျွန်ုပ်တို့၏ ဘဏ်စာရင်းကိုလည်းပြန်ဖြည့်ရန်လိုအပ်သည်။ ကျွန်ုပ်တို့သည် အကျဉ်းထောင်မှ လွတ်မြောက်ခြင်း လိုအပ်သည်ထက်၊ ဘုရင်မင်းမြတ်၏မိသားစုဝင် အဖြစ်မွေးစားခြင်းခံဖို့ရန်လည်းလိုအပ်သည်။ ရှင်ပြန်ထမြောက်သောခရစ်တော်၏ ကြားဖျန်ဖြေခြင်းအလုပ်သည် အပြစ်လွှတ်ခြင်းနှင့် ဝတ်လုံဖြင့် လွှမ်းခြုံခြင်းဟူသော ရည်ရွယ်ချက်နှစ်ခု ရှိပြီး၊ သူ၏သေခြင်း နှင့်အသက်ကို အကျွန်ုပ်တို့၏အသက်နှင့် ဘုရားသခင်၏ရှေ့တွင်ရပ်ခြင်း၌ အကျိုးသက်ရောက်စေသည်။ ကရာနီကုန်းမှ အမှု ပြီးပြီဟူသောကြွေးကြော်သံသည် ပြည့်စုံသော အသက်နှင့် ပြည့်စုံသောယဇ်တို့၏ ပြီးစီးခြင်းကိုပြသသည်။ အပြစ်သားများသည် ဤနှစ်ခုစလုံးကို လိုအပ်သည်။

ခရစ်တော်၏အသက်တာ၏စေ့ဆော်မှု။ ဤမြေကြီးပေါ် ခရစ်တော်၏ အသက်တာသည် လူသားတို့အားမည်သို့အသက်ရှင်နေထိုင်ရမည်ကို စံနမူနာပေးသည်။ ဥပမာ၊ ပေတရုက၊ အစော်ကားခံရ ချိန်တွင်ယေရှု၏တုံ့ပြန်သည့်နည်းလမ်းသည် ကျွန်ုပ်တို့အတွက်စံနမူနာဖြစ်ကြောင်း အကြံပြုသည် (၁ပေ ၂း၂၁-၂၃)။ သူသည် ကျွန်ုပ်တို့ကဲ့သို့ စုံစမ်းခြင်းအမျိုးမျိုးကို ခံရပြီး၊ ဘုရားသခင်၏ တန်ခိုးကို မှီခိုသောသူတို့သည် ဆက်လက်၍အပြစ်၌ရှိရန် မလိုအပ်တော့ကြောင်း ကျွန်ုပ်တို့ကိုပြသခဲ့သည်။ ခရစ်တော်၏ အသက်တာက၊ ကျွန်ုပ်တို့သည် အောင် အောင်မြင်မြင်အသက်ရှင်နေထိုင်နိုင်ကြောင်း အာမခံချက်ကိုပေးသည်။ ပေါလုက ငါ့ကိုခွန် အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏” (ဖိ ၄း၁၃) ဟုသက်သေခံသည်။

ခရစ်တော်၏ထမြောက်ခြင်းနှင့်ကယ်တင်ခြင်း

ပေါလုက ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ၊ သင်တို့ ယုံကြည်ခြင်း၌လည်းအကျိုးမရှိ။ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏” (၁ကော ၁၅း၁၄၊ ၁၇)။ ယေရှုခရစ်တော်သည် ရုပ်ခန္ဓာဖြင့်ထမြောက်ခဲ့ပြီး (လု ၂၄း၃၆-၄၃)၊ ကောင်းကင်ဘုံသို့ ဘုရား-လူသား အဖြစ်တက်ကြွကာ၊ ခမည်းတော်ဘုရား၏လက်ယာဘက်တွင် ကြားဖျန်ဖြေသူအဖြစ် သူ၏အရေးကြီးသော ကြားဖျန်ဖြေခြင်းလုပ်ငန်းကို စတင်ခဲ့သည် (ဟေဗြဲ ၈း၁၊၂)။

သောကြာနေ့ကပ်တိုင်တင်သတ်သောနေ့တွင် ကြေကွဲနေသောတပည့်တော်များ မမြင် နိုင်ခဲ့သော လက်ဝါးကပ်တိုင်၏ အဓိပ္ပါယ်ကို ခရစ်တော်၏ထမြောက်ခြင်းကပေး ခဲ့သည်။ သူ၏ ထမြောက်ခြင်းသည် ဤလူများအား သမိုင်းကိုပြောင်းလဲစေသောစစ်တပ်ကြီး အဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။ ကပ်တိုင်တင်သတ်ခြင်းနှင့် ဘယ်ခါမှာဖြတ်ထုတ်၍မရနိုင်သော ရှင်ပြန်ထမြောက်ခြင်းသည် သူတို့သာသနာ၏အဓိကဖြစ်လာခဲ့သည်။ သူတို့သည်မကောင်းမှု စစ်တပ်ကြီးအပေါ်အောင်နိုင်၍၊ အသေသတ်ခြင်းခံပြီးမှ ယခုအသက် ရှင်သောခရစ်တော်ကို ထုတ်ဖော်ပြောခဲ့ကြသည်။ ဤ၌တမန်တော်တို့ သတင်း စကား၏တန်ခိုးရှိသည်။

ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်ယာန်ဘာသာမှာမှန်ကန်သည် သို့မဟုတ် မှားယွင်းသည်ကို အလေးအနက်မေးခွန်းထုတ်သည်။ ၎င်းသည် သမိုင်းတွင်ကျန်သည့် အကြီးမားဆုံးသော နိမိတ်လက္ခဏာ သို့မဟုတ် အကြီးမားဆုံးသောလှည့်ဖြားမှု ဖြစ်သည်။ ခရစ်တော် ၏ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်း၏ ဗဟိုချက်ဖြစ်သည်။ ဤအရာသည် ပထမရာစုနှစ်တွင် ကမ္ဘာကိုမှောက်လှန်သော ယုံကြည်ချက်၊ ဂျူးဘာသာနှင့် မြေထဲပင်လယ်ဒေသက အယူမှားဘာသာများအထက်တွင် ခရစ်ယာန်ဘာသာကို သိသိသာသာမြှင့်တင်သောယုံကြည်ချက်ဖြစ်သည်။ ထိုသို့ဖြစ်လျှင်၊ သခင်ယေရှုခရစ်တော်၏ ဧဝံဂေလိသတင်း၌ အလွန်အရေးပါသောအရာနှင့် တစ်မူထူးခြားသောအရာအားလုံးနီးပါးသည်လည်း ဖြစ်လိမ့်မည်။ ခရစ်တော်သည် မြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊” (၁ကော ၁၅း၁၇)။

ခရစ်တော်၏လက်ရှိလုပ်ငန်းသည် သူ၏သေခြင်းနှင့် ထမြောက်ခြင်း၌ တည်သည်။ ကရာနီကုန်းပေါ်က အပြစ်ဖြေရာယဇ်ပူဇော်ခြင်းသည် လုံလောက်ပြည့်စုံသော်လည်း၊ ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ဤမြေကြီးပေါ်တွင်ဘုရားပေး တာဝန်ကို အောင်မြင်စွာပြီးမြောက်ခဲ့သည် ဟူသောအာမခံချက်ကို ကျွန်ုပ်တို့ရရှိလိမ့်မည် မဟုတ်။ ခရစ်တော်သည် ထမြောက်ပြီးဖြစ်သောကြောင့် သင်္ချိုင်းတစ်ဖက်၌အမှန်တကယ် အသက်ရှင်ခြင်းကို အတည်ဖြစ်ပြီး၊ သူ၌ဘုရားသခင်၏ ထာ၀ရအသက် ကတိတော်၏ မှန်ကန်မှုကိုဖော်ပြသည်။

ခရစ်တော်၏ကယ်တင်သောလုပ်ငန်း၏အကျိုးရလဒ်များ

ခရစ်တော်၏အပြစ်ဖြေခြင်းလုပ်ငန်းသည် လူသားများကိုသာမက၊ စကြ၀ဠာတစ်ခုလုံးကို အကျိုးသက်ရောက်စေသည်။

စကြ၀ဠာတစ်လျှောက်ပြန်လည်သင့်မြတ်ခြင်း။ အသင်းတော်အထဲ၌ လည်းကောင်း၊ အသင်းတော်အားဖြင့် ခရစ်တော်၏ ကယ်တင်ခြင်း၏ ပမာဏကိုပေါလုဖော် ပြသည်။ ကောင်းကင်အရပ်တို့၌ အထွတ်အမြတ်အာဏာစက်တို့သည်၊ဘုရားသခင်၏ ထူးဆန်းသော ပညာတော်ကို အသင်းတော်အားဖြင့် ယခုသိရကြမည်အကြောင်းတည်း” (ဧ ၃း၁၁)၊ လက်ဝါး ကပ်တိုင်မှာသွန်းသော အသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့စေခြင်းငှာ အလိုရှိတော်မူ၏” (ကော ၁း၂၀)။ ဆက်လက်၍ ပေါလုသည် ဤ ပြန်လည်သင့်မြတ်ခြင်း၏အံ့ဖွယ်ရလဒ်များကိုဖော်ပြသည်။ ကောင်းကင်သတ္တဝါ၊ မြေကြီး သတ္တဝါ၊ မြေကြီးအောက်၌ရှိသောသတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမတော်ကိုဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူသည်ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ဘုန်းအသရေတော်ကို ထင်ရှားစေမည်အကြောင်းတည်း” (ဖိ ၂း၁၀၊၁၁)။

ဘုရားသခင်၏ပညတ်တော်ကိုသက်သေထူခြင်း။ ခရစ်တော်၏ပြည့်စုံသော အပြစ်ဖြေရာယဇ်သည် ဘုရားသခင့်သန့်ရှင်းသောပညတ်တော်၏ တရားမျှတခြင်းနှင့် ကောင်းမြတ် ဖြောင့်မှန်ခြင်းနှင့်အတူ သူ၏ကြင်နာသောဂုဏ်တော်ကိုလည်း အတည်ပြုခဲ့သည်။ ခရစ်တော်၏ သေခြင်းနှင့်ရွေးနုတ်ခြင်းသည် (အပြစ်ကိုပြစ်ဒဏ်ပေး ရမည်ဟူသော) ပညတ်တော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေး၍၊ နောင်တရသောအပြစ်သားများကို သူ၏ကျေးဇူးကရုဏာတော်အားဖြင့် ဖြောင့်မတ်စေသည်။ ပေါလုက အပြစ်ဖြေဖို့ရာ ဇာတိပကတိ၌အပြစ်ကိုဒဏ်ခတ်တော်မူ၏။ အကြောင်းမူကား၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့်သောငါတို့သည်၊ တရား၌ပါသောပညတ်တို့ကို စောင့်ရှောက်မည် အကြောင်းတည်း” (ရော ၈း၃၊၄) ဟု ဆိုခဲ့သည်။

ဖြောင့်မတ်ခြင်း။ အပြစ်ခွင့်လွှတ်ခြင်းကိုလက်ခံသည့်အချိန်မှသာ ပြန်လည်သင့်မြတ်ခြင်းသည် အကျိုးသက်ရောက်လာသည်။ ပျောက်ဆုံးသောသားသည် ဖခင်၏မေတ္တာနှင့် အပြစ်ခွင့်လွှတ်ခြင်း ကို လက်ခံသောအခါ သူ၏ဖခင်နှင့်ပြန်လည်သင့်မြတ် ခဲ့သည်။

ဘုရားသခင်သည် ခရစ်တော်၌ လောကီသားများနှင့် မိမိကိုယ်ကိုပြန်လည်သင့် မြတ်စေ ကြောင်းကို ယုံကြည်ခြင်းဖြင့်လက်ခံသောသူတို့နှင့် သူ့ထံသို့ဆက်ကပ်သောသူတို့သည် ဘုရားသခင်ထံမှတန်ဖိုးမဖြတ်နိုင်သောဆုဖြစ်သည့် ဖြောင့်မတ်ခြင်းနှင့် ၎င်း၏ချက်ချင်းရလဒ်ဖြစ်သော ဘုရားသခင်နှင့်သင့်မြတ်ခြင်းကိုရရှိလိမ့်မည် (ရော ၅း၁)။ ဘုရားသခင်၏ အမျက်ရှခြင်းကို မခံရတော့ဘဲ၊ ဖြောင့်မတ်သောယုံကြည်သူတို့သည် ဘုရားသခင်၏မျက်နှာသာပေးခြင်းကိုရရှိလာသည်။ ခရစ်တော်အားဖြင့် ဘုရားသခင်၏ပလ္လင်ကို အပြည့်အဝချဉ်းကပ်ခွင့်ရသည်ဖြစ်ရာ၊ သူတို့သည် အတားအဆီးအားလုံးနှင့် ယုဒနှင့်သာသနာပလူတို့အကြားရှိ ခွဲခြားသည့်ရန်လိုသောနံရံများကို ချိုးဖျက်ရန်သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကို ရရှိကြသည် (ဧ ၂း၁၄-၁၆)။

အကျင့်အားဖြင့်ကယ်တင်ခြင်း၏အချည်းနှီးဖြစ်ခြင်း။ ဘုရားသခင်၏ ပြန်လည် သင့်မြတ်ခြင်းလုပ်ငန်းသည် ပညတ်တရား၏အကျင့်အားဖြင့် ကယ်တင်ခြင်းရရှိရန် လူသားတို့ကြိုးပမ်းမှု၏ အဓိပ္ပါယ်မဲ့ခြင်းကို ဖော်ပြသည်။ ဘုရားရှင်၏ကျေးဇူးတော်ကို သိမြင်ခြင်းသည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို လက်ခံရန် ပို့ဆောင်ပေးသည်။ အပြစ်ခွင့်လွှတ်ခြင်းကို ခံစားရသောသူတို့၏ ကျေးဇူးတင်ခြင်းသည် နားထောင်ခြင်း၌ ဝမ်းမြောက်သည်။ ထိုအခါအကျင့်သည် ကယ်တင်ခြင်းအတွက် အခြေအမြစ်မဟုတ်ဘဲ၊ ၎င်း၏အသီးအပွင့်ဖြစ်သည်။

ဘုရားသခင်နှင့်အသစ်သောဆက်ဆံရေး။ ခရစ်တော်၏ပြည့်စုံသောအသက်တာ နှင့် နားထောင်ခြင်းကိုကမ်းပေးသော ဘုရားသခင်၏ကျေးဇူးတော်၊ သူ၏ဖြောင့်မတ်ခြင်းနှင့် သူ၏အပြစ်ဖြေသောယဇ်တို့ကို အခမဲ့လက်ဆောင်အဖြစ်ရရှိခံစားခြင်းသည် ဘုရားသခင်နှင့် သာ၍နက်နဲသော ဆက်ဆံရေးသို့ပို့ပေးသည်။ ကျေးဇူးတင်ခြင်း၊ ချီးမွမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြစ်ပေါ်လာ၍၊ နားထောင်ခြင်းသည်လည်း ကြည်နူးစရာဖြစ်လာကာ၊ နှုတ်ကပတ်တော်ကိုလေ့လာခြင်းသည် ပျော်ရွှင်စရာဖြစ်လာပြီး၊ စိတ်နှလုံးသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ရာဖို့ အဆင်သင့်ဖြစ်လာသည်။ ဘုရားသခင်နှင့်နောင်တရသော အပြစ်သား အကြားတွင် အသစ်သောဆက်ဆံရေးရှိလာသည်။ ကြောက်ရွံ့၍ တာဝန်အရ ဆက်ဆံရေးမျိုး မဟုတ်ဘဲ၊ ချစ်ခြင်းနှင့်ကြည်ညိုခြင်းကို အခြေခံသည့် ဆက်ဆံရေးဖြစ်သည် (ယော ၁၅း၁-၁၀ ကိုဖတ်ပါ)။

လက်ဝါးကပ်တိုင်၏ရှုထောင့်မှ ဘုရားသခင်၏ကျေးဇူးတော်ကို ကျွန်ုပ်တို့သာ၍ နားလည်လေ၊ မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ခံစားချက်နည်းလေဖြစ်ပြီး၊ ကျွန်ုပ်တို့သည်  အဘယ်မျှကောင်းချီးခံရကြောင်းကို  သဘောပေါက်လေဖြစ်သည်။  ခရစ်တော်ကို ထမြောက်စေသော ထိုသန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးသည် ကျွန်ုပ်တို့၏ သက်တာကိုပြောင်းလဲပေးလိမ့်မည်။ ကျရှုံးခြင်းများအစား၊ ကျွန်ုပ်တို့သည် နေ့စဉ်အပြစ်ကို အောင်နိုင်လိမ့်မည်။

သာသနာအတွက်လှုံ့ဆော်မှု။ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ပြန်လည် သင့်မြတ်ခြင်းလုပ်ငန်း၌ ဖော်ပြသောအံ့ဖွယ်မေတ္တာသည် သူတစ်ပါးထံ ဧဝံဂေလိတရား ဝေငှရန် ကျွန်ုပ်တို့ကို နှိုးဆော်သည်။ ၎င်းကိုကျွန်ုပ်တို့ကိုယ်တိုင်တွေ့ကြုံခံစားသောအခါ၊ အပြစ်များအတွက် ခရစ်တော်၏ယဇ်ပူဇော်ခြင်းကိုလက်ခံသောသူတို့၏အပြစ်ကို ဘုရားသခင်သည် မှတ်ထားမည်မဟုတ်ကြောင်း အမှန်တရားကိုကျွန်ုပ်တို့သည် မပြောဘဲနေနိုင်မည် မဟုတ်ချေ။ သင်တို့သည် ရန်ငြိမ်း၍၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ ကြလော့။... အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည်အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏” (၂ကော ၅း၂၀၊၂၁) ဟူသော ဧဝံဂေလိတရား၏ တိုက်တွန်းသောဖိတ်ခေါ်ခြင်းကို ကျွန်ုပ်တို့သည် အခြားသူတို့အား လက်ဆင့်ကမ်းကြ လိမ့်မည်။


- ၀ -

No comments:

Post a Comment