Friday, February 14, 2025

                                                     

 

အခန်း - ၁
ဘုရားသခင်၏နှုတ်ကပတ်တော်


ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းပေါင်းထားသည့် သမ္မာကျမ်းစာသည် ဘုရားရှင် မတ် သွင်း၍၊ ဘုရားသခင်၏ နှုတ်ထွက်စကားကို ရေးသားထားသည့် စာအုပ်ဖြစ်သည်။ မှုတ်သွင်း ခံရသော ကျမ်းရေးသူတို့သည် သူတို့အား သန့်ရှင်းသောဝိညာဉ်တော် ပဲ့ပြင်သည် အတိုင်း ပြော ဆို၊ ရေးသားခဲ့သည်။ နှုတ်ကပတ်တော်တွင်၊ ဘုရားသခင် သည် ကယ်တင်ခြင်းအတွက် လိုအပ်သော အသိပညာကို လူသားတို့အားပေးသည်။ သမ္မာကျမ်းစာသည် ကိုယ် တော် အလိုတော်၏ အချုပ်၊ အခွင့်အာဏာနှင့် ဘုရားသခင်၏အလိုတော်ကို မမှားမယွင်း နိုင်အောင်ဖော်ပြပေး သည်။ ၎င်းသည် အကျင့်စာရိတ္တ၏ စံချိန်၊ အတွေ့အကြုံကို ဆန်းစစ်သော အရာ၊ ယုံကြည်ချက်များကို တိကျ သေချာစွာဖော်ပြသောစာအုပ်၊ သမိုင်းတစ်လျှောက် ဘုရားသခင်၏ လုပ်ဆောင် ချက်များကို ယုံကြည်စိတ်ချ ဖွယ်မှတ်တမ်း စာအုပ်ဖြစ်သည်။ (ဆာ ၁၁၉း ၁၀၅။ သု ၃ဝး၅၊၆။ ဟေရှာ ၈း၂၀။ ယော ၁၇း၁၇။ ၁သက် ၂း၁၃။ ၂တိ ၃း၁၆၊၁၇။ ဟေဗြဲ ၄း၁၂။ ၂ပေ ၁း၂၀၊၂၁)။

သမ္မာကျမ်းစာကဲ့သို့ မြတ်နိုးကြည်ညိုရသောစာအုပ်မရှိချေ။ ၎င်းသည် လူ့သမိုင်းတွင် အကြီးမားဆုံးနှင့် အမြင့် မြတ်ဆုံး လုပ်ဆောင်မှုများကိုဖြစ်စေသည်။ သမ္မာကျမ်းစာ၏ ထူးခြား မှုသည် ၎င်း၏ အတုမရှိသောနိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးလွှမ်းမိုးခြင်းမှ လာခြင်း မဟုတ်ဘဲ၊ ၎င်း၏ မူရင်းနှင့် ပါရှိသော အကြောင်းအရာများမှ လာသည်။ ၎င်းသည် ဘုရား- လူသားဖြစ်သည့် လောက၏ ကယ်တင်ရှင်၊ ဘုရားသခင်၏သားတော် ယေရှု ခရစ်တော်ကို ဘုရားသခင်ဖော်ပြသည့်စာအုပ်ဖြစ်သည်။

ဘုရားရှင်၏မိမိကိုယ်ကိုဖွင့်ချခြင်း

သမိုင်းကာလတစ်လျှောက်၊ လူအချို့တို့သည် ဘုရားသခင်တည်ရှိနေခြင်းကို မေးခွန်းထုတ်ခဲ့ ကြသော်လည်း၊ များစွာသောသူတို့သည် ကိုယ်တော်တည်ရှိခြင်းနှင့် မိမိကိုယ်ကို ထုတ်ဖော်ကြောင်းကို ယုံကြည်စိတ်ချစွာ သက်သေခံခဲ့ကြပြီးဖြစ်သည်။ မည်သည့်နည်းလမ်း များအားဖြင့် ဘုရားသခင်သည် မိမိကိုယ်ကိုဖော်ပြ၍၊ သမ္မာကျမ်းစာသည် ထိုသို့ ဖော်ပြတော် မူခြင်း၌ မည်ကဲ့သို့ လုပ်ဆောင် သနည်း။

ယေဘုယျဖွင့်ချခြင်း။ ဘုရားသခင်၏ ဂုဏ်တော်ကို သမိုင်း၊ လူသားတို့၏ အပြုအမူ၊ အသိတရားနှင့် သဘာ၀ တရားများတွင် ထိုးထွင်း မြင်ရသည်ကို ယေဘုယျ ဖွင့်ချခြင်းဟု ခေါ်လေ့ရှိသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းကိုလူတိုင်းတွေ့ မြင် နိုင်ပြီး၊ စဉ်းစားတွေးခေါ် ရန်လိုအပ်သည်။

သန်းပေါင်းများစွာသော လူတို့အတွက်၊ မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်း အသရေကို ကြားပြော၍၊ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏” (ဆာ ၁၉း၁)။ နေရောင်ခြည်၊ မိုးရေ၊ တောင်ကုန်းများနှင့်စမ်းချောင်းများ တို့သည် ချစ်ဖွယ် ဖန်ဆင်းရှင်ကို ထင်ရှားစေကြသည်။ ဖန်ဆင်းတော်မူ သောအရာများကို ထောက်ရှုသဖြင့်၊ ထာ၀ရတန်ခိုးတော်နှင့် ထာ၀ရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည်ကမ္ဘာတည်သည် ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကိုမဖုံးနိုင်ရာ” (ရော ၁း၂၀)။

အခြားသူတို့မူကား၊ ဘုရားသခင်၏ ပြုစုစောင့်ရှောက်ခြင်း အထောက်အထားကို မိတ်ဆွေများအကြား၊ မိသားစု ဝင်များအကြား၊ လင်နှင့်မယားအကြား၊ မိဘများနှင့် သားသမီးများအကြား ပျော်ရွှင်ဖွယ်ဆက်ဆံရေး များတွင် တွေ့မြင်ကြသည်။ အမိသည် သားငယ်ကို နှစ် သိမ့်စေသကဲ့သို့၊ သင်တို့ကို ငါနှစ်သိမ့်စေမည်” (ဟေရှာ ၆၆း၁၃)။ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာ၀ရဘုရားသည် ကြောက်ရွံ့သော သူတို့ကို သနားစုံမက် တော်မူ၏” (ဆာ ၁၀၃း၁၃)။

သို့သော်လည်း ချစ်ဖွယ်ဖန်ဆင်းရှင်ကိုသက်သေခံသည့် ထိုနေရောင်ခြည်သည် မြေကြီးကို ပူပြင်းခြောက်သွေ့ သော သဲကန္တာရအဖြစ်သို့ပြောင်းလဲစေပြီး၊ ငတ်မွတ်ခေါင်းပါးခြင်းကို ဖြစ်ပေါ်စေသည်။ အလားတူမိုးရေသည် တစ်ဟုန်ထိုးတက်လာသောရေအဖြစ်သို့ ပြောင်း သွားပြီး မိသားစုဝင်များ ရေနစ်သေကြရသည်။ အလွန်မြင့် သောတောင်သည် အက်ကွဲပြီး တစ်စစီကြေသွားရသည်။ လူသားတို့၏ဆက်ဆံရေးတွင်လည်း မကြာမကြာ မနာလို ဝန်တို ခြင်း၊ ဒေါသတို့နှင့် လူသတ်မှုကို ဖြစ် စေသောမုန်းတီးခြင်းများပင်ပါဝင်သည်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်လောကကြီးသည် ရောနှောနေ သည့် နိမိတ်များကိုပေး၍၊ ဖြေရှင်းချက်များကို မပေးသည်သာမက၊ မေးခွန်းများကို သာ၍ ပေးနေ သည်။ ၎င်းသည် အကောင်းနှင့်အဆိုး တိုက်လှန်ပွဲကိုဖော်ပြသည်။ သို့သော် ၎င်းတိုက်လှန်ပွဲသည် အဘယ်ကြောင့်စတင်ခဲ့သည်၊ မည်သူတို့တိုက်နေကြသည်၊ သို့မဟုတ် အဆုံးတွင် မည်သူအနိုင်ရမည်ကို ရှင်းမပြချေ။

အထူးဖွင့်ချခြင်း။ အပြစ်တရားသည် ဘုရားသခင်၏သက်သေခံချက်ကို အနက်ဖွင့်ဆို ရန် ကျွန်ုပ်တို့၏ စွမ်းရည် ကို ကန့်သတ်လိုက်ခြင်းအားဖြင့် ဖန်ဆင်းသည့် အရာများမှတစ်ဆင့် ဘုရားသခင်၏ မိမိကိုယ်ကို ဖွင့်ချခြင်းကို မှေးမှိန်စေသည်။ ဘ၀၏ကြီးမားရှုပ်ထွေးသော မေးခွန်းများ၏ အဖြေများကို ကျွန်ုပ်တို့ရရှိနိုင်ရန်၊ ဘုရားသခင် သည် မိမိကိုယ်ကို အထူးဖွင့်ချ ခြင်းကို မေတ္တာဖြင့်ပေးသည်။ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းများမှတစ်ဆင့် တိကျသော နည်းလမ်းဖြင့် ကျွန်ုပ်တို့အား မိမိကိုယ်ကိုဖွင့်ချသည်ဖြစ်ရာ၊ ကိုယ်တော်၏ မေတ္တာနှင့် ပြည့်၀သော ဂုဏ်တော်ကို သံသယဖြစ်စရာအကြောင်း မရှိတော့ချေ။ ရှေးဦးစွာ ပုရောဖက်များမှ တစ်ဆင့် မိမိ ကိုယ်ကိုဖွင့်ချ ပြီ၊ ထို့နောက်၊ လူသားအဖြစ် ခံယူသည့်ယေရှုခရစ်တော်အားဖြင့်၊ အဆုံးစွန်မိမိကိုယ်ကို ဖွင့်ချသည် (ဟေဗြဲ ၁း၁၊၂)။

သမ္မာကျမ်းစာသည် ဘုရားသခင်အကြောင်း အမှန်တရားကို အလေးအနက်ပြော၍၊ ကိုယ်တော်အား လူပုဂ္ဂိုလ် ကဲ့သို့ဖော်ပြသည်။ ဖွင့်ချခြင်းနှစ်မျိုးစလုံးလိုအပ်သည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်ကိုယေရှုခရစ်တော် (ယော ၁၇း၃) နှင့် ယေရှု၌သမ္မာတရား” (ဧ ၄း၂၁)တို့မှ တစ်ဆင့် သိကျွမ်းရန်လိုအပ်သည်။ ထိုနောက်သမ္မာကျမ်းစာ အားဖြင့် ကျွန်ုပ်တို့၏စိတ်၊ ကောင်း မကောင်း သိကျွမ်းခြင်းနှင့် ဝိညာဉ်ရေးကန့်သတ်ချက်များတို့ကို ထိုးဖောက် ၍၊ ကျွန်ုပ်တို့အား ကယ်တင် လိုသည့် မိမိ၏စိတ်အားထက်သန်မှုကိုသိစေသည်။

သမ္မာကျမ်းစာ၏ဗဟိုချက်မ

သမ္မာကျမ်းစာသည် ဘုရားသခင်ကိုဖော်ပြ၍၊ လူတို့အားဖွင့်ချပေးသည်။ ၎င်းသည် ကျွန်ုပ်တို့၏ အကျပ်အတည်း ကိုလှစ်ပြ၍၊ ကိုယ်တော်၏ဖြေရှင်းနည်းကိုပြသည်။ ၎င်းက ကျွန်ုပ်တို့သည် ဘုရားသခင်ထံတော်မှခွာ၍ ပျောက် ဆုံးသောသူများကဲ့သို့တင်ပြပြီး၊ ယေရှု ကိုကျွန်ုပ်တို့အား ရှာဖွေတွေ့ရှိ၍ ဘုရားသခင်ထံတော်သို့ တစ်ဖန်ခေါ် ဆောင်သောသူအဖြစ် ဖော်ပြသည်။
ယေရှုခရစ်တော်သည် သမ္မာကျမ်းစာ၏ဗဟိုချက်မဖြစ်သည်။ ဓမ္မဟောင်းကျမ်းသည် ဘုရားသခင်၏ သားတော် ကို လောက၏ရွေးနုတ်ရှင်မေရှိယအဖြစ်ဖော်ထုတ်ပြီး၊ ဓမ္မသစ်ကျမ်းကမူကိုယ်တော်ကိုကယ်တင်ရှင် ယေရှုခရစ် တော်အဖြစ်ဖော်ပြသည်။ ကျမ်းတိုင်း သည် ကိုယ်တော်၏ လုပ်ဆောင်တော်မူချက်နှင့် ဂုဏ်တော်တို့ကိုပုံဆောင်မှု သို့မဟုတ် အစစ်အမှန် အားဖြင့် ဖော်ပြကြသည်။ လက်ဝါးကပ်တိုင်ပေါ် ခရစ်တော်၏သေခြင်းသည် ဘုရားသခင် ၏ ဂုဏ်တော်ကို အဆုံးစွန် ဖွင့်ချခြင်း ဖြစ်သည်။

လက်ဝါးကပ်တိုင်သည် ဤအဆုံးစွန်ဖွင့်ချခြင်းကိုဖြစ်ပေါ်စေသည်။ အကြောင်းမှာ ၎င်းသည် တစ်ဖက်စွန်းစီ ရောက်နေသည့် လူသားတို့၏ နက်လွန်းသော ဆိုးသွမ်းမှုနှင့် ဘုရား သခင်၏ မကုန်ခန်းနိုင်သော မေတ္တာတို့ကို ပေါင်းစပ်စေသည်။ လူတို့၏မှားတတ်ခြင်းကို မည် သည့် အရာကသာ၍ ထိုးထွင်း မြင်စေမည်နည်း။ မည်သည့် အရာသည် အပြစ်တရားကို သာ ၍ဖော်ပြပေးနိုင်မည်နည်း။ လက်ဝါးကပ်တိုင်သည် လူတို့၏ အပြစ်အတွက် မိမိ၏ တစ်ပါးတည်းသော သားတော်ကို သေစေရန် ခွင့်ပြုပေးတော်မူသော ဘုရားကိုဖော်ပြပေးသည်။ ကြီးမား သော စွန့်လွှတ်ခြင်းပါတကား။ ဤ အရာထက် ကိုယ်တော်သည် မည်သည့် မေတ္တာ ကို သာ၍ ပြသနိုင်မည်နည်း။ သမ္မာကျမ်းစာ၏ အဓိကဆုံချက်မှာ အမှန်ပင် ယေရှုခရစ်တော် ဖြစ်သည်။ မကြာမီကရာနိကုန်းပေါ်ကကိုယ်တော် ၏အောင်နိုင်ခြင်းသည်မကောင်းမှုကိုရှင်းပစ်ရာ၌ အထွတ်အထိပ်သို့ရောက်လိမ့်မည်။ လူသားများနှင့်ဘုရားသခင် သည် ပြန်လည် ပေါင်းစည်းကြလိမ့်မည်။
အထူးသဖြင့်လက်ဝါးကပ်တိုင်ပေါ် ခရစ်တော်၏အသေခံခြင်း၌ မြင်တွေ့ရသည့် ဘုရား သခင်၏ ချစ်ခြင်း မေတ္တာသည် စကြ၀ဠာတစ်ခုလုံး၏ အခမ်းနားဆုံးသောအမှန် တရားနှင့် သမ္မာကျမ်းစာ၏ အာဘော်ဖြစ်သည်။ ထို့ကြောင့်သမ္မာကျမ်းစာမှ အဓိကသမ္မာ တရားများကို ဤ ရှုထောင့်မှ လေ့လာရမည်။

သမ္မာကျမ်းစာကိုအစပြုသူ

ယုံကြည်ခြင်းနှင့်ကျင့်စဉ်တို့အတွက် သမ္မာကျမ်းစာ၏အခွင့်အာဏာသည် ၎င်း၏ ဇာစ်မြစ်မှ စတင်သည်။ ကျမ်း ရေးသူတို့က သမ္မာကျမ်းစာသည် အခြားစာပေများနှင့် ခြားနားသည် ဟု ရှုမြင်ကြသည်။ သူတို့သည် ၎င်းကို သန့်ရှင်းသောကျမ်းစာ” (ရော ၁း၂)၊ ဘုရားသခင် မှုတ်သွင်းတော်မူ သော... ကျမ်းစာ” (၂တိ ၃း၁၅)၊ ဘုရား သခင်၏ဗျာဒိတ်တော်” (ဟေဗြဲ ၅း၁၂) ဟူ၍ ရည်ညွှန်း ဖော်ပြကြသည်။

သမ္မာကျမ်းစာ၏ တစ်မူထူးခြားချက်မှာ ၎င်းမူလဇာစ်မြစ်အပေါ်တည်သည်။ ကျမ်းစာရေးသား သူတို့သည် မိမိ တို့မှာသတင်းစကား၏မူရင်းမဟုတ်ကြောင်း၊ ဘုရားရှင် ထံတော်မှရရှိ ခြင်းဖြစ်ကြောင်း အခိုင်အမာပြောဆို ကြသည်။ ဘုရားရှင်ဖွင့်ချခြင်းအားဖြင့် သူတို့လက်ဆင့်ကမ်းသည့် သမ္မာတရားများကို သူတို့ ခံရကြသည် (ဟေရှာ ၁း၁။ အာ ၁း၁။ မိ ၁း၁။ ဟဗ ၁း၁။ ယေ ၃၈း၂၁)။

သန့်ရှင်းသောဝိညာဉ်တော်သည် ပုရောဖက်များမှတစ်ဆင့် လူတို့ထံသို့ပြောပြသောသူ အဖြစ် ကျမ်းစာရေးသား သူတို့သည် ညွှန်ပြကြသည် (နေ ၉း၃၀။ ဇာ ၇း၁၂)။ ဒါဝိဒ်သည် "ထာ၀ရဘုရား၏ ဝိညာဉ်တော်သည် ငါ့အားဖြင့် မိန့်တော်မူ၏။ နှုတ်ကပတ်တော်သည် ငါ့လျှာ ၌တည်၏" (၂ရာ ၂၃း၂) ဟု ဆိုခဲ့သည်။ ယေဇကျေလက "ဝိညာဉ် တော်သည် ငါ့အထဲသို့ဝင် ၍" "ထာ၀ရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်သို့ သက်ရောက်၍၊" "ဝိညာဉ်တော် သည်... ငါ့ကိုချီ၍" (ယေဇ ၂း၂။ ၁၁း၅၊၂၄) ဟု ဆိုခဲ့သည်။ မိက္ခာကလည်း၊ "ထာ၀ရဘုရား၏ ဝိညာဉ်တော်အား ဖြင့် အရှိန်တန်ခိုး၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံ၏" (မိ ၃း၈) ဟုသက်သေခံ သည်။
ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်းထွက်ပေါ်လာရာတွင် သန့်ရှင်းသောဝိညာဉ်တော် ၏ ကဏ္ဍကို အသိအမှတ် ပြုသည်။ ဒါဝိဒ်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လှုံ့ဆော် ခြင်း ခံရသည်ဟု ယေရှု မိန့်တော်မူခဲ့သည် (မာ ၁၂း၃၆)။ "ပုရောဖက်ဟေရှာယအားဖြင့်" (တ ၂၈း၂၅) သန့်ရှင်းသောဝိညာဉ်တော်သည် စကားပြောတော်မူခဲ့သည် ကို ပေါလုယုံကြည်ခဲ့ သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူအနည်းငယ်ကိုသာမဟုတ်ဘဲ၊ ပုရောဖက်အား လုံးကို လမ်းပြတော်မူကြောင်း ပေတရု ဖော်ပြခဲ့သည်။ (၁ပေ ၁း၁၀၊ ၁၁။ ၂ပေ ၁း၂၁)။ တစ်ခါတစ်ရံမှာ ကျမ်းရေး သူသည် နောက်ကွယ်တွင် လုံး၀ပျောက်ကွယ်သွားတတ်ပြီး၊ မူလလက်ရာရှင် အစစ်အမှန်ဖြစ်သည့်သန့်ရှင်းသော ဝိညာဉ်တော် သည်သာ၊ "သန့်ရှင်းသော ဝိညာဉ်တော် မိန့်တော်မူသည်ကား...." "သန့်ရှင်းသော ဝိညာဉ်တော်သည် အရိပ်ပေးတော်မူ၏" (ဟေဗြဲ ၃း၇။ ၉း၈) ဟူ ၍ အသိအမှတ်ပြုခြင်းခံရသည်။

ဓမ္မသစ်ကျမ်းကို ရေးသားသောသူတို့သည် မိမိတို့သတင်းစကား၏အရင်းအမြစ်သည် သန့်ရှင်းသောဝိညာဉ်တော် ဖြစ်ကြောင်းကိုလည်းအသိအမှတ်ပြုခဲ့ကြသည်။ ပေါလုသည် "ဝိညာဉ်တော် သည်အတိအလင်းဗျာဒိတ်ထား တော်မူသည်ကား၊ နောင်ကာလ၌... လူအချို့ တို့သည် ယုံကြည်ခြင်း ကိုစွန့်ပယ်" (၁တိ ၄း၁၊ ၂) ကြလိမ့်မည်ဟု ရှင်းပြထားသည်။ ယောဟန်က သခင်ဘုရားနေ့ ၌ ဝိညာဉ်တော်ကိုခံရ” (ဗျာ၊ ၁း၁၀) သည်ဟုပြောခဲ့သည်။ ယေရှု သည် မိမိတမန်တော်တို့ကို သန့်ရှင်း သောဝိညာဉ်တော်အားဖြင့် မှာထားခဲ့သည် (တ ၁း၁။ ဧ ၃း၃-၅)။

ထို့ကြောင့်ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်၌ သမ္မာကျမ်းစာမှ တစ်ဆင့် မိမိ ကိုယ်ကို ဖွင့်ချသည်။ ဘုရားသခင်သည် သမ္မာကျမ်းစာကိုမိမိလက်တော်ဖြင့် မဟုတ်ဘဲ၊ လူပေါင်း (၄၀) ဦးခန့်၏လက်ဖြင့်၊ နှစ်ပေါင်း (၁၅၀၀) ထက်ပိုသောကာလ အတွင်းရေးခဲ့ သည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ကျမ်းရေးသားသူတို့ ကို မှုတ်သွင်းခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် ၎င်း၏လက်ရာရှင်ဖြစ်သည်။

သမ္မာကျမ်းစာကိုမှုတ်သွင်းခြင်း

ပေါလုသည် "ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့် ဖြစ် သည်" (၂တိ ၃း၁၆) ဟုဆိုသည်။ "မှုတ်သွင်းခြင်း" ဟူ၍ပြန်ဆိုသော ဟေလသ (ဂရိ) စကားလုံး သီအိုနီးတိုးစ် (theopneutos) သည် "ဘုရားသခင်မှုတ်သည်" ဟူ၍ တိုက်ရိုက် အဓိပ္ပါယ်ရသည်။ ဘုရား သခင်သည် မိမိရွေးချယ်တော်မူသောလူသား တို့၏စိတ်ထဲတွင် သမ္မာတရားကို "မှုတ်သွင်း" သည်။ ထိုနောက်သူတို့သည် သမ္မာကျမ်းစာထဲတွင် တွေ့ရသည့် စကားလုံးအတိုင်း ပြန်လည်ဖော်ပြကြ သည်။ ထို့ကြောင့်မှုတ်သွင်းခြင်းသည် ဘုရားသခင်က မိမိ၏သမ္မာတရား ကို သိစေသည့် နည်းစနစ် ဖြစ်သည်။

မှုတ်သွင်းခြင်းနည်းစနစ်။ ဘုရားသခင်၏ဖွင့်ချခြင်းကို "သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်း ကိုခံရ" သော "ဘုရားသခင်၏သန့်ရှင်းသူတို့" (၂ပေ ၁း၂၁) ကို ဘုရားသခင် မှုတ်သွင်းခြင်းအားဖြင့်ရရှိသည်။ ဤဖွင့်ချချက်များကို အကန့်အသတ်များ ရှိ သည့် မပြည့်စုံသော လူ့စကားဖြင့် ပုံဖော်ထားသည်။ သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်၏ သက်သေခံချက်အဖြစ် ကျန်ရှိနေသည်။ ဘုရားသခင်သည် စကားလုံးများမဟုတ်ဘဲ၊ လူကို မှုတ်သွင်းခြင်းဖြစ်သည်။

ပုရောဖက်များသည် အသံဖမ်းစက်များကဲ့သို့သွင်းထားသည့်အရာကို အတိအကျ ပြန်ဖွင့်ပြကြသလော။ အချို့ ဖြစ်စဉ်များတွင် ဘုရားသခင်၏စကားအတိအကျကို ဖော်ပြရန်ကျမ်း ရေးသူတို့သည် အမိန့်ပေးခံခဲ့ကြရသည်။ သို့သော် ဖြစ်ရပ်အများစုတွင်မူ ဘုရားသခင်သည် သူတို့မြင်သောအရာ သို့မဟုတ် ကြားသောအရာကိုရေးရန် ညွှန်ကြားသည်။ ဤအခြေအနေ မျိုးတွင် ကျမ်းရေးသူတို့သည် မိမိတို့ ကိုယ်ပိုင်ဘာသာစကား၊ ပုံစံနှင့်ဟန်ပန်ကို အသုံးပြုခဲ့ကြ သည်။
"
ပုရောဖက်တို့သည်လည်း၊ မိမိတို့စိတ်ဝိညာဉ်ကိုထိန်းချုပ်နိုင်ကြ" (၁ကော ၁၄း၃၂) သည်ကို ပေါလု သတိပြုမိ ခဲ့သည်။ စစ်မှန်သောဝိညာဉ်တော်မှုတ်သွင်းခြင်းသည် ပုရောဖက် ၏ ပင်ကိုလက္ခဏာ၊ အကြောင်းတရား၊ ရိုးသား ဖြောင့်မတ်ခြင်း သို့မဟုတ် ပင်ကိုစရိုက်ကို မချေဖျက်ချေ။ အဆင့်တစ်ခုအထိမောရှေနှင့်အာရုန်တို့၏ဆက်ဆံရေး သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ကျမ်း ရေးသူတို့အကြား ဆက်ဆံရေးကိုပုံဖော်ပေးသည်။ ဘုရားသခင်သည် မောရှေအား "သင့်ကို ဖာရောဘုရင်၏ဘုရားအရာ၌ငါခန့်ထား၏။ သင်၏အစ်ကို အာရုန်သည် သင်၏ပုရောဖက် ဖြစ်ရလိမ့်မည်" (ထွက် ၇း၁။ ၄း၁၅၊၁၆) ဟုဆိုခဲ့သည်။ မောရှေသည် ဘုရားသခင်၏ သတင်းစကားကို အာရုန် အား ပြောပြသည်။ ထို့နောက် အာရုန်သည် မိမိကိုယ်ပိုင်ဝေါဟာရနှင့် ဟန်ပန်ဖြင့် ဖာရောဘုရင်ကို ပြန်ပြောပြ သည်။ ထိုနည်းတူစွာ၊ သမ္မာကျမ်းစာကိုရေးသားသူတို့သည် ဘုရားရှင်၏အမိန့်တော်များ၊ သဘောထားများနှင့် အကြံအစည်တော်များကို မိမိတို့ကိုယ်ပိုင်ဘာသာစကားပုံစံဖြင့် သိရှိစေခဲ့ကြသည်။ ဘုရားသခင်သည် ဤနည်း အားဖြင့်သိစေတော်မူသောကြောင့် သမ္မာကျမ်းစာမှ ကျမ်းအုပ်များရှိ ဝေါဟာရများ လည်းကွဲပြားသွားရကာ၊ ကျမ်းရေးသူတို့၏ ပညာရေးနှင့် ယဉ်ကျေးမှုကို ရောင်ပြန်ဟပ်စေ၏။

"
သမ္မာကျမ်းစာသည်" ဘုရားသခင်၏သဘောထားနှင့် မျက်နှာထားပုံစံမဟုတ်ချေ။ ... လူတို့သည် ထိုသို့သော မျက်နှာထားသည် ဘုရားသခင်နှင့် မတူဟုမကြာမကြာ ပြောကြလိမ့် မည်။ သို့ သော် ဘုရားသခင်သည် သမ္မာ ကျမ်းစာထဲမှစကားလုံးများ၊ ဆင်ခြင် တွေးခေါ်မှုများ၊ အာဝဇ္ဇန်းများတို့၌ မိမိကိုယ်ကိုထားတော်မမူချေ။" ဝိညာဉ် တော်မှုတ်သွင်းခြင်းလူ့စကားလုံးများ သို့မဟုတ် ဖော်ပြချက်များအပေါ်တွင်မဟုတ်ဘဲ၊ သန့်ရှင်းသောဝိညာဉ် တော်၏ လွှမ်းမိုးခြင်းအောက်၌ရှိသော လူကိုယ်တိုင်အပေါ်သက်ရောက်ပြီး၊ သူသည် အတွေးများဖြင့် ပြည့်၀ လာသည်။ သို့သော် သူတို့ရရှိ သော စကားလုံးများသည် တစ်ဦးချင်းစီ၏ စိတ်တွင်စွဲနေသည်။ ဘုရားရှင်၏စိတ် တော်နှင့် အလိုတော်သည် လူသား၏ စိတ်နှလုံးအလိုတို့နှင့်ပေါင်းစပ်သည်။ ထို့ကြောင့်လူသား၏ဖွင့်ဟပြောခြင်း များသည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားဖြစ်၏။"
ဖြစ်ရပ်တစ်ခုတွင် အတိအကျမိန့်မြွက်၍ရေးသားသည့်ပညတ်တော် (၁၀) ပါး ရှိသည်။ ၎င်းတို့မှာ လူတို့မဟုတ် ဘဲ၊ ဘုရားရှင်၏ရေးသားချက်ဖြစ်သည် (ထွက် ၂ဝး၁- ၁၇။ ၃၁း၁၈။ တရား ၁ဝး၄၊ ၆)။ သို့ရာတွင် ဤအရာများ သည်ပင် အကန့်အသတ်ရှိသော လူ့ဘာသာစကား ဖြင့် ဖော်ပြရပေ၏။

ထို့ကြောင့် သမ္မာကျမ်းစာသည် ဘုရားရှင်၏သမ္မာတရားကို လူ့ဘာသာစကားဖြင့် ဖော်ပြ သော စာအုပ်ဖြစ်သည်။ ရင်ခွင်ပိုက်အရွယ်ကလေးအား လျှပ်စစ်သံလိုက်စွမ်းအား ဆိုင်ရာ ရူပဗေဒကို သင်ပေးရမည်ကိုစဉ်းစားကြည့်ပါ။ ထိုသို့သောပြဿနာမျိုးမှာ ဘုရားသခင် အတွက် အပြစ်ရှိ၍ အကန့်အသတ်နှင့်ရှိသောလူသားကို ဘုရားရှင်၏ သမ္မာတရားကို ပြောပြ ရန်ကြိုးပမ်းရာ၌ ရင်ဆိုင်ရသောအရာ ဖြစ်သည်။

လူသားအဖြစ်ခံယူသောယေရှုနှင့်သမ္မာကျမ်းစာအကြားတွင် တူညီချက်ရှိသည်ကို လေ့လာပါ။ ယေရှုသည်ဘုရား ဖြစ်၍ လူသားလည်းဖြစ်ကာ၊ ပုဂ္ဂိုလ်တစ်ဦးတွင်ဘုရားဖြစ်ခြင်းနှင့် လူသားဖြစ်ခြင်းပေါင်းစပ်ထားသည်။ သမ္မာ ကျမ်းစာသည်လည်းထိုနည်း အတိုင်းပင် ဘုရားသခင်နှင့် လူသားပေါင်းစပ်ထားသောစာအုပ်ဖြစ်သည်။ "နှုတ်က ပတ်တော်သည်လည်း လူ့ ဇာတိအဖြစ်ကိုခံယူ၍... ငါတို့တွင် တည်နေတော်မူသည်" (ယော ၁း၁၄) ဟူ၍ ခရစ် တော်အကြောင်းကို သမ္မာကျမ်းစာသည် အခိုင်အမာဆိုထားသည်။ ဤဘုရားနှင့် လူသားပေါင်းစပ် ခြင်းသည် သမ္မာကျမ်းစာကို အခြားသော စာပေများ ထက်တစ်မူထူးခြားစေသည်။

ဝိညာဉ်တော် မှုတ်သွင်းခြင်းနှင့် ကျမ်းရေးသူများ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏ သမ္မာတရား ကို သိစေမည့်လူတချို့ကိုပြင်ဆင်သည်။ ဤပုဂ္ဂိုလ် တစ်ဦးချင်းစီကို ဝိညာဉ်တော်သည် မည်သို့အရည်အချင်း ပြည့်မီစေသည်ကို သမ္မာကျမ်းစာသည် ရှင်းပြ မပေး ချေ။ သို့သော် နည်းလမ်းတချို့ ဖြင့် ဘုရားရှင်နှင့် လူသားတို့ အကြား ပေါင်းစပ်မှုကို သူ သည် မည်သို့ ဆောင်ရွက်သည်ကိုမူ ရှင်းပြသည်။

သမ္မာကျမ်းစာရေးသားရာတွင် ပါဝင်သောသူတို့သည် ပင်ကိုစွမ်းရည်ကြောင့် ရွေးချယ်ခြင်း မခံကြရပါ။ ဘုရား ရှင်၏ ဖွင့်ချ ခြင်းသည် ထိုသူအား သေချာပေါက်ပြောင်းလဲ စေသည်၊ သို့မဟုတ် ထာ၀ရအသက်ကို အာမခံပေး သည်ဆိုသည်မှာလည်းမဟုတ်ချေ။ ဗာလမ်သည် ဘုရားသခင်၏ အကြံပြု ချက်များကိုဆန့်ကျင်နေစဉ်မှာပင် ဝိညာဉ်တော် မှုတ်သွင်းခြင်း၌ ဘုရားရှင်၏ သတင်းစကားကို ထုတ်ဖော်ပြောခဲ့သည် (တော ၂၂- ၂၄)။ သန့်ရှင်း သော ဝိညာဉ်တော်၏ အသုံးတော်ခံ ဒါဝိဒ်သည် ကြီးမားသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည် (ဆာ ၅၁)။ သမ္မာကျမ်းစာကို ရေးသော သူ အားလုံးသည် ဘုရားသခင်၏ကျေးဇူးတော်ကို နေ့စဉ်လိုအပ်သည့် ဇာတိ သဘောရှိသော လူသားများ ဖြစ်ခဲ့ကြသည် (ရော ၃း၁၂)။

သမ္မာကျမ်းစာကို ရေးသားသူတို့၏ ဝိညာဉ်တော်မှုတ်သွင်းခြင်း အတွေ့အကြုံသည် အလင်းတရားရရှိခြင်း ဘုရားရှင်၏လမ်းပြမှုတို့ထက်သာသည်။ အကြောင်းမှာ သမ္မာတရား ကို ရှာဖွေသော သူအားလုံးသည် ထိုအရာများကိုရရှိကြသည်။ အမှန်မှာ သမ္မာကျမ်း ရေးသား သူတို့သည် တစ်ခါတစ်ရံ မိမိတို့သိစေသည့် ဘုရားသတင်းစကားကို အပြည့်အဝ နားမလည် ဘဲ ရေးခဲ့ကြသည် (၁ပေ ၁း၁၀-၁၂)။

မိမိတို့သယ်ဆောင်သောသတင်းစကားများအပေါ် ကျမ်းရေးသူတို့၏တုံ့ပြန်မှုများ သည် တူညီခြင်းမရှိချေ။ ဒံယေလနှင့်ယောဟန်တို့သည် မိမိတို့ရေးသားချက်များအပေါ် များစွာ စိတ်ရှုပ်ထွေးခဲ့ ရသည်ဟု ဆိုကြသည် (ဒံ ၈း၂၇။ ဗျာ ၅း၄)။ (၁ပေ ၁း၁၀) ကလည်း အခြား ကျမ်းရေးသူတို့သည် မိမိတို့ သို့မဟုတ် အခြားသူတို့၏ သတင်း စကားများ၏ အနက်အဓိပ္ပါယ် ကို ရှာဖွေကြကြောင်းကိုပြသ၏။ တစ်ခါတစ်ရံ ဤပုဂ္ဂိုလ်များသည် ဝိညာဉ်တော် မှုတ်သွင်း သော သတင်းစကားကို ကြွေးကြော် ရန်ကြောက် ရွံ့ကြပြီး၊ အချို့တို့သည်ဘုရားသခင်နှင့်ပင် အငြင်း အခုံပြုကြသည် (ဟဗ ၁။ ယောန ၁း၁-၃။ ၄း၁-၁၁)။

ဖွင့်ချခြင်းနည်းလမ်းနှင့် ပါရှိသည့် အကြောင်းအရာ။ သန့်ရှင်းသော ဝိညာဉ်တော် သည် ဘုရားသခင်၏ သတင်း စကားကို ရူပါရုံနှင့်အိပ်မက်များအားဖြင့် မကြာခဏ သိစေသည် (တော ၁၂း၆)။ တစ်ခါတစ်ရံသူသည်ကြားနိုင် အောင် သို့မဟုတ် စိတ်ထဲတွင်စကားပြော တော်မူသည်။ ဘုရားသခင်၏ ရှမွေလကို နားအပါး” (၁ရာ ၉း၁၆) ၌ မိန့်တော်မူသည်။ ဇာခရိသည် သင်္ကေတ တင်ပြချက်များ နှင့် အတူ ရှင်းပြချက်များကို ရရှိခဲ့သည် (ဇာ ၄)။ ပေါလု နှင့်ယောဟန်သည် ရရှိသည့် ကောင်းကင်မှ ရူပါရုံများ သည် နှုတ်ဖြင့် ညွှန်ကြားချက်များ လိုက်ပါလာသည် (၂ကော ၁၂း၁-၄။ ဗျာ ၄၊၅)။ ယေဇကျေလသည် အခြား အရပ်တွင် ဖြစ်ပေါ်သည့် ဖြစ်ရပ်များကို ကြည့်ရှုခဲ့သည် (ယေဇ ၈)။ ကျမ်းရေးသူအချို့သည် မိမိတို့မြင်သော ရူပါရုံတွင် ပါဝင်၍၊ ၎င်းရူပါရုံ၏တချို့အပိုင်းတွင် ပါဝင်လုပ်ဆောင် ကြသည် (ဗျာ ၁၀)။

ပါရှိသည့်အကြောင်းအရာနှင့်သက်ဆိုင်၍၊ ဝိညာဉ်တော်သည် အချို့တို့ကို ရောက်ရှိလာမည့် ဖြစ်ရပ်များကို ဖော် ပြခဲ့သည် (ဒံ ၂၊ ၇၊ ၈၊ ၁၂)။ အခြားကျမ်းရေးသူတို့မူကား၊ ကိုယ်ပိုင် အတွေ့အကြုံ ပေါ်အခြေခံသည့်သမိုင်း သို့ မဟုတ် ရှိနှင့်ပြီးသမိုင်းမှတ်တမ်းမှ ကောက်နုတ်ချက် သမိုင်းဖြစ်ရပ်များကို မှတ်တမ်းတင်ခဲ့ကြသည် (တရား သူကြီးမှတ်စာ၊ ၁ရာ၊ ၆ရာ၊ ခရစ်ဝင်ကျမ်းများ၊ တမန်တော်ဝတ္ထု)။

ဝိညာဉ်တော်မှုတ်သွင်းခြင်းနှင့်သမိုင်း။ "ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ် သွင်းတော်မူသော အားဖြင့် ဖြစ်၍၊" ကောင်းသောအရာကိုပြုစုခြင်း၊ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေး နေထိုင်မှု အတွက် အခွင့်အာဏာရှိ ကြောင်း (၂တိ ၃း၁၅၊၁၆) သမ္မာကျမ်းစာ၏ အခိုင်အမာပြောဆိုမှုသည် နည်းစနစ်ကိုရွေးချယ်ရာတွင် ဘုရားရှင်၏ လမ်းပြမှုကို သံသယဖြစ်ဖွယ်မရှိ ကြောင်း ပြသ၏။ သတင်းစကားသည် ကိုယ်တိုင် လေ့လာချက်၊ နှုတ်ပြော သို့မဟုတ် ရေးသားသည့် အမှီအငြမ်း၊ သို့မ ဟုတ် တိုက်ရိုက်ဖော်ပြခြင်းအားလုံးသည် သန့်ရှင်းသောဝိညာဉ် တော်၏လမ်းပြမှုအားဖြင့် ကျမ်းရေးသူထံသို့ ရောက်လာခဲ့သည်။ ဤအရာသည် သမ္မာကျမ်းစာ၏ ယုံကြည်စိတ်ချရမှုကို အာမခံသည်။

သမ္မာကျမ်းစာသည် ဘုရားသခင်၏စီမံချက်ကို ယေဘုယျယုံကြည်ချက်ပေါင်းချုပ်၌ မဖော်ပြဘဲ၊ လူသားမျိုးနွယ် နှင့်တက်တက်ကြွကြွဆက်ဆံခြင်း၌ဖော်ပြသည်။ ကိုယ်တော်၏ မိမိကိုယ်ကို ဖွင့်ချ ခြင်းသည် တိကျသည့်အချိန် နှင့်နေရာတွင် ဖြစ်ပျက်သောအမှန်တကယ် ဖြစ်ရပ်များ၌ မြစ်ဖျားခံသည်။ သမိုင်းဖြစ်ရပ်များ၏ယုံကြည်စိတ်ချ ရမှုသည် လွန်စွာအရေးကြီး သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ဂုဏ်ကို ကျွန်ုပ်တို့၏ နားလည် ခြင်းနှင့် ကျွန်ုပ်တို့အတွက် ကိုယ်တော်၏ ရည်ရွယ်ချက်ဘောင်တို့ကို ပုံဖော်ပေးသည်။ မှန်ကန်တိကျစွာ နားလည်ခြင်းသည် ထာ၀ရအသက်ကိုပို့ဆောင်သည်။ သို့သော် မမှန် မကန် ရှု မြင်ခြင်းသည် ရှုပ်ထွေးခြင်းနှင့် သေခြင်းသို့ ပို့ဆောင်သည်။

ဘုရားသခင်သည် ကျမ်းရေးသူအချို့ကို ဣသရေလလူမျိုးအပေါ် မိမိ၏ ကိုင်တွယ်တော်မူခြင်း သမိုင်းကို ရေး သားစေတော်မူခဲ့သည်။ လောကီရေးရာသမိုင်းရှုထောင့်နှင့်ကွဲပြား၍ ရေးသားထားသည့် ဤသမိုင်းဇာတ်ကြောင်း များသည် သမ္မာကျမ်းစာ၏ အရေးကြီးသော အပိုင်းတွင်ပါဝင်သည် (တော ၃၃း၁၊၂။ ယောရှု ၂၄း၂၅၊၂၆။ ယေဇ ၂၄း၂)။ ၎င်းတို့သည် ဘုရားရှင်၏ ရှုထောင့်မှ တိကျ မျှတ သောသမိုင်း ဖြစ်စဉ်များကို ကျွန်ုပ်တို့အားစီမံပေးသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျမ်းရေးသူတို့အား အထူးသော ထိုးထွင်းဥာဏ်ကို ပေးတော်မူသည်။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေသည့် အကောင်း နှင့် အဆိုးအကြားတိုက်လှန်ပွဲမှ ဖြစ်ရပ် များကို မှတ်တမ်းတင်နိုင်ခဲ့ကြပြီး၊ ကယ်တင်ခြင်းကို ရှာဖွေသောသူတို့ကို လမ်းပြပေးနိုင်သည်။

ဤသမိုင်းဖြစ်ရပ်များသည် "ကပ်ကာလအဆုံးတွင်ဖြစ်သော ငါတို့ကိုဆုံးမစရာဖို့ ကျမ်းစာ၌ ရေးထားလျက်ရှိ" သော "ပုံသက်သေ" များဖြစ်ကြသည် (၁ကော ၁ဝး၁၁)။ "ငါတို့သည် ကျမ်းစာ၌ ပါသောသည်းခံခြင်း၊ သက်သာ ခြင်းအကြောင်းများကိုအမှီပြု၍၊ မျှော်လင့်ရသော အခွင့်ရှိစေခြင်းငှာ၊ ကျမ်းစာ၌အထက်ကရေးထားသမျှသည် ငါတို့ကိုဆုံးမဩဝါဒပေး၍ ရေးထားသတည်း" (ရော ၁၅း၄) ဟုပေါလုကထပ်၍ပြောသည်။ သောဒုံမြို့နှင့် ဂေါမောရမြို့ တို့ကို ဖျက်ဆီးခြင်းသည် "ပုံသက်သေ" သို့မဟုတ် သတိပေးချက်ဖြစ်သည် (၂ပေ ၂း၆၊ ယု ၇)။ အာဗြဟံ၏ ဖြောင့်မတ်ခြင်းသို့ ရောက်ခြင်း အတွေ့အကြုံသည် ယုံကြည်သူတိုင်းအတွက် ပုံနမူနာဖြစ်သည် (ရော ၄း၁-၂၅။ ယာ ၂း၁၄-၂၂)။ ဓမ္မဟောင်းကျမ်းမှ အရပ်ဘက်ဆိုင်ရာ ဥပဒေများသည် နက်နဲသော ဝိညာဉ်ရေး အဓိပ္ပါယ်နှင့် ပြည့်၀ပြီး၊ ယနေ့ကျွန်ုပ်တို့၏ အကျိုး အမြတ် အတွက် ရေးသားခြင်းဖြစ်သည် (၁ကော ၉း၈၊၉)။

လုကာသည် ယေရှု၏ သက်တော်စဉ်အကြောင်းကိုသိစေလိုသောကြောင့် သူ၏ ခရစ်ဝင်ကျမ်းကို ရေးသားသည် ဟု ဖော်ပြခဲ့သည်။ "ကိုယ်တော်သင်ပြီးသောအကြောင်း အရာတို့ သည် ဧကန်အမှန်ဖြစ်ကြောင်းကို သိစေခြင်းငှာ အစဉ်အတိုင်းရေးသားထားသည်" (လု ၁း၄)။ ယောဟန်သည် ယေရှုသက်တော်စဉ်မှဖြစ်ရပ်များကို စိစစ်ရွေး ချယ်၍ မိမိ၏ ခရစ်ဝင်ကျမ်းတွင် ထည့်သွင်းခြင်းမှာ "ယေရှုသည်ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သား တော်ဖြစ် တော်မူသည်ကို သင်တို့သည် ယုံကြည်မည်အကြောင်း၊ ထိုသို့ ယုံ၍နာမတော်အားဖြင့် အသက်ကိုရ မည်အကြောင်း ...တည်း" (ယော ၂ဝး၃၁)။ ကျွန်ုပ်တို့ကိုကယ်တင်ခြင်းသို့ ပို့ဆောင်မည့်နည်းလမ်းဖြင့် သမိုင်း ကို တင်ဆက်ရန် ဘုရားသခင်သည် ကျမ်းစာကို ရေးသောသူတို့အားခွင့်ပြုတော်မူခဲ့သည်။

သမ္မာကျမ်းစာမှပုဂ္ဂိုလ်တို့၏အတ္ထုပ္ပတ္တိများသည် ဘုရားရှင်မှုတ်သွင်းခြင်း၏ အခြားသော အထောက်အထားကို ပေးသည်။ ဤရာဇဝင်များသည် ထိုပုဂ္ဂိုလ်တို့၏ အားနည်းချက်များနှင့် အားသာချက်များကိုဂရုတစိုက် အသေး စိတ် ချပြသည်။ ထိုသူတို့၏ အပြစ်များနှင့် အောင်မြင်ခြင်းများတို့ကိုလည်း တိတိကျကျသရုပ်ဖော်သည်။

နောဧ၏မိမိကိုယ်ကိုထိန်းချုပ်မှုကင်းမဲ့ခြင်း သို့မဟုတ် အာဗြဟံ၏ လိမ်လည်ခြင်းကို ဖုံးကွယ်ခြင်း မရှိချေ။ မောရှေ၊ ပေါလု၊ ယာကုပ်နှင့် ယောဟန်တို့၏ဒေါသထွက်ခြင်းများကိုလည်း မှတ်တမ်းတင်ထားသည်။

သမ္မာကျမ်းစာ၏သမိုင်းမှတ်တမ်းသည် ဣသရေလတို့၏ပညာအရှိဆုံးသော ရှင်ဘုရင်၏ ကျရှုံးခြင်းများ နှင့် ဘိုးဘေး (၁၂) ဦးနှင့် တပည့်တော် (၁၂) ဦးတို့၏ အားနည်းခြင်းများကို ဖော်ထုတ်သည်။ သမ္မာကျမ်းစာသည် ထိုအရာများအတွက်ဆင်ခြေ မပေးဘဲ၊ သူတို့၏ အပြစ် ကို သေးငယ်သွားစေရန် ကြိုးပမ်းခြင်းလည်းမရှိချေ။ သူတို့၏အပြစ် ကိုအပြစ်အတိုင်းပြသ၍၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် သူတို့သည်ဘာဖြစ်လာသည် သို့မဟုတ် ဘာဖြစ်မလာခဲ့သည်များကိုဖော်ပြသည်။ ဘုရားရှင်၏ မှုတ်သွင်းခြင်း မရှိခဲ့ပါက မည်သည့်အတ္ထုပ္ပတ္တိ ရေးသူကမျှ ထိုသို့သော စိတ်ဖြာလေ့လာသည့် ရှုထောင့်မှ ရေးသားနိုင်ကြမည်မဟုတ်ချေ။

သမ္မာကျမ်းစာကို ရေးသားသူတို့သည် ၎င်း၌ ပါရှိသောသမိုင်း ဖြစ်ရပ်အားလုံးကို ဒဏ္ဍာရီ သို့မဟုတ် သင်္ကေတမျှ အဖြစ်မမှတ်ဘဲ၊ စစ်မှန်သောသမိုင်းမှတ်တမ်းအဖြစ်ရှုမြင် ကြသည်။ များစွာသော မျက်မှောက်ခေတ် အယုံ အကြည်ကင်းမဲ့သူတို့သည် အာဒံနှင့်ဧ၀၊ ယောနနှင့် ရေလွှမ်းမိုးခြင်း အဖြစ်အပျက်များကို ငြင်းပယ်ကြသည်။ သို့သော်လည်း ယေရှုက၎င်းတို့သည် သမိုင်းကြောင်း အရတိကျမှန်ကန်၍၊ ဝိညာဉ်ရေးအရလည်း သက်ဆိုင်မှု ရှိကြောင်း လက်ခံတော်မူခဲ့သည် (မ ၁၂း၃၉-၄၁။ ၁၉း၄-၆။ ၂၄း၃၇- ၃၉)။

သမ္မာကျမ်းစာသည် တစ်ပိုင်းတစ်စကိုသာ ဝိညာဉ်တော်မှုတ်သွင်းခြင်း သို့မဟုတ် ဝိညာဉ်တော် မှုတ်သွင်းခြင်း၏ အတိုင်းအတာကို သွန်သင်ခြင်းမရှိချေ။ ဤယူဆချက်များသည် သမ္မာကျမ်းစာ၏ ဘုရားအခွင့်အာဏာကို လုယက်သော ထင်မြင်ချက်များသာ ဖြစ်၏။

သမ္မာကျမ်းစာ၏မှန်ကန်တိကျမှု။ ယေရှုသည် "လူဇာတိအဖြစ်ကိုခံယူ၍၊ ... ငါတို့တွင် တည်နေတော်မူသည်" (ယော ၁း၁၄) နည်းတူ၊ ကျွန်ုပ်တို့ သည် သမ္မာတရားကိုနားလည်ရန် အလို့ငှာ၊ သမ္မာကျမ်းစာကို လူ့ဘာသာ စကားဖြင့် ပေးထားသည်။ သမ္မာကျမ်း စာကို ဝိညာဉ်တော်မှုတ်သွင်းခြင်းသည် ၎င်း၏ယုံကြည်စိတ်ချရမှုကို အာမခံသည်။

၎င်း၏သတင်းစကားသည်ခိုင်လုံမှန်ကန်ကြောင်း အာမခံချက်ကို ကျော်လွန်၍၊ စာသားများ တစ်ဆင့်ကူးယူခြင်း ကို ဘုရားသခင်သည် မည်သည့်အတိုင်းအတာအထိ ကာကွယ် သနည်း။ ရှေးလက်ရေးစာမူတို့သည် ခြားနား ကြောင်းရှင်းနေပါသော်လည်း၊ ပဓာနကျသောသမ္မာတရားများကို ကာကွယ်စောင့်ရှောက်ထားသည်။ သမ္မာကျမ်း စာကို ကူးယူသူများနှင့် ဘာသာပြန်သူတို့သည် အသေးအဖွဲအမှားများပြုလုပ်နိုင်ခြေရှိသော်လည်း၊ ကျမ်းစာဆိုင်ရာ ရှေးဟောင်း သုတေသနပြုချက်များမှ အထောက်အထားသည် လူအများက အမှားများဟု စွပ်စွဲချက်များသည် ကျမ်းတတ် ပညာရှင်ဘက်မှအမှန်တကယ်နားလည်မှု လွဲမှားခြင်းများသာ ဖြစ်ကြောင်းဖော်ပြသည်။ ဤသို့သော ပြဿနာ တချို့ပေါ်လာရခြင်းမှာ လူတို့သည် သမ္မာကျမ်းစာမှ ရာဇဝင်များနှင့် ယဉ်ကျေးမှုများကို အနောက်တိုင်း အမြင်ဖြင့် ဖတ်ကြသောကြောင့် ဖြစ်သည်။ လူသားသည် တစ်ပိုင်း တစ်စသာ သိသည်ကို ကျွန်ုပ်တို့ ဝန်ခံရမည်။ ဘုရားရှင်၏ လုပ်ဆောင်မှုများအပေါ် သူတို့၏အမြင်သည် တစ်စိတ်တစ်ပိုင်း မျှသာရှိသည်။

ထိုကြောင့်၊ တွေးထင်သည့်ကွာဟချက်များသည် သမ္မာကျမ်းစာအပေါ်ယုံကြည် စိတ်ချခြင်းကို မတိုက်စားစေရ ပါ။ ၎င်းတို့သည် ကျွန်ုပ်တို့၏မမှန်ကန်သည့် သိမြင်နားလည်ခြင်း၏ရလဒ်သာဖြစ်ပြီး၊ အတိအကျဆိုရသော်အမှန် တကယ်အမှားများမဟုတ်ချေ။ ကျွန်ုပ်တို့ အပြည့်အဝ နားမလည်နိုင်သည့် စာကြောင်း သို့မဟုတ် ကျမ်းချက်ကို ကျွန်ုပ်တို့ ဖတ်သောအခါ၊ ဘုရားသခင်သည် စစ်ဆေးစီရင်ခြင်း ခံနေရပါသလား။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ မှ ကျမ်းချက်တိုင်းကို ဘယ်ခါမျှ ရှင်းပြ နိုင် လိမ့်မည်မဟုတ်ချေ။ ရှင်းပြရန်လည်း မလိုအပ်ချေ။ ပြည့်စုံပြီးသော အနာဂတ် ဟောပြောချက်များသည် ကျမ်းစာ၏ယုံကြည်စိတ်ချရခြင်းကို မှန်ကန် ကြောင်းအတည်ပြုသည်။

သမ္မာကျမ်းစာကိုဖျက်ဆီးရန်ကြိုးစားသော်လည်း အံ့ဩဖွယ်နိမိတ်ဖြင့် မှန်ကန် တိကျမှုကို ထိန်းသိမ်း ထားသည်။ ပင်လယ်သေတွင်တွေ့ရှိသည့်ရှေးစာလိပ်များနှင့် ဓမ္မဟောင်းကျမ်း၏ အနောက်ပိုင်းလက်ရေးစာမူတို့ကို နှိုင်းယှဉ် ရာ၊ တစ်ဆင့်ကူးယူရာတွင် စေ့စပ်သေချာမှုကို ဖော်ပြသည်။ ၎င်းတို့ သည် သမ္မာကျမ်းစာ၏ ယုံကြည်စိတ်ချ ရခြင်းကို မမှားယွင်းနိုင်သော ဘုရားသခင်၏အလိုတော်ဖွင့်ချခြင်း အဖြစ်ခိုင်မာစေသည်။

သမ္မာကျမ်းစာ၏အခွင့်အာဏာ

ဘုရားသခင်သည်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သမ္မာကျမ်းစာ၌ စကားမိန့်တော်မူသောကြောင့်၊ သမ္မာ ကျမ်းစာသည် ဘုရားရှင်၏အခွင့်အာဏာရှိသည်။ ထို့ကြောင့် သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်တော် ထွက်စကားအတွက် ရေးသားထားသည့် အထောက်အထားဖြစ်သည်။ ဤသို့အခိုင်အမာပြောဆိုရာတွင် သက် သေကား အဘယ်မှာနည်း။ ကျွန်ုပ်တို့၏ အသက်တာအတွက် နှင့် အသိပညာကိုရှာဖွေရာတွင် ပါဝင်ပတ်သက် မှုများသည် အဘယ်နည်း။

သမ္မာကျမ်းစာ၏အဆိုများ။ မိမိတို့၏သတင်းစကားမှာ ဘုရားသခင်ထံတော်မှတိုက်ရိုက်လာသည်ဟု သမ္မာ ကျမ်းစာ ကိုရေးသားသူတို့က သက်သေခံကြသည်။ ယေရမိ၊ ဟောရှေ၊ ယေဇကျေလ နှင့် အခြားသူတို့ထံသို့ ရောက်လာသောအရာမှာ "ဘုရား သခင်၏နှုတ်ကပတ်တော်" ဖြစ်သည်။ (ယေ ၁း၁၊၂၊၉။ ယေဇ ၁း၃။ ဟော ၁း၁။ ယောလ ၁း၁။ ယောန ၁း၁)။ ဘုရားသခင်၏ တမန်တော်များအဖြစ် (ဟဂ္ဂဲ ၁း၁၃။ ၆ရာ ၃၆း၁၆) ဘုရားသခင်၏ ပုရောဖက်များသည် ကိုယ် တော်၏ နာမတော်ဖြင့် "အရှင်ထာ၀ရဘုရား မိန့်တော်မူသည်" (ယေဇ ၂း၄) ဟုပြော ကြားရန် အမိန့်တော်ကို ခံခဲ့ရကြသည်။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သူတို့ကို ဘုရားရှင်၏ လူနှင့် အခွင့် အာဏာဖြစ်ကြောင်းကို သက်သေပြသည်။

တစ်ခါတလေဘုရားသခင်အသုံးပြုတော်မူသော လူသားကိုယ်စားလှယ်သည် နောက်ခံ ၌မှေးမှိန်နေတတ်သည်။ မဿဲသည်ဓမ္မဟောင်းကျမ်းမှပုရောဖက်၏နောက်ကွယ်က တန်ခိုး အာဏာကို ညွှန်းဆိုရာတွင်၊ သူသည် "ထာ၀ရ ဘုရားသည်ပုရောဖက်ဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည်အကြောင်းတည်း" (မ ၁း၂၂) ဟူသော စကားလုံးများဖြင့် ကိုးကား သည်။ ဘုရားသခင် သည်တိုက်ရိုက်အခွင့်အာဏာရှိသူဖြစ်တော်မူ၍၊ ပုရောဖက် မူကား တစ်ဆင့်ခံ ကိုယ်စားလှယ်ဖြစ်၏။

ပေတရုသည် ပေါလုရေးသားသည့် စာပေများကို ကျမ်းစာနှင့် တန်းတူအဆင့်၌ ထား သည် (၂ပေ ၃း၁၅၊၁၆)။ ပေါလုသည်မိမိရေးသည့်အရာနှင့်သက်ဆိုင်၍၊ "လူထံမှာငါခံရ သည်မဟုတ်။ ယေရှုခရစ်၏ဗျာဒိတ်တော်မှ တစ်ပါး အခြားသောဥပဒေသကို ငါမခံသည် အကြောင်းကို သင်တို့အား ငါ ကြားလိုက်ရ၏" (ဂလ ၁း၁၂) ဟုသက်သေခံသည်။ ဓမ္မသစ် ကျမ်းကိုရေးသားသူတို့သည် ခရစ်တော်၏စကားများကို ကျမ်းစာအဖြစ် လက်ခံခဲ့ကြပြီး၊ ၎င်း တို့ သည် ဓမ္မဟောင်းကျမ်းများကဲ့သို့ အလားတူအခွင့်အာဏာရှိသည်ဟု မှတ်ယူခဲ့ကြသည် (၁တိ ၅း၁၈။ လု ၁ဝး၇)။

ယေရှုနှင့်သမ္မာကျမ်းစာ၏အခွင့်အာဏာ။ မိမိ၏သာသနာတစ်လျှောက်လုံး၊ ယေရှုသည် သမ္မာကျမ်းစာ၏အခွင့် အာဏာကို အလေးပေးတော်မူခဲ့သည်။ စာတန် စုံစမ်းချိန် သို့မဟုတ် ရန်ဘက် နှင့် တိုက်ခိုက်ချိန်တွင် "ကျမ်းစာ လာသည်" မှာ ကိုယ်တော်၏ အကာ အကွယ်နှင့် တိုက်စစ် ဖြစ်ခဲ့သည် (မ ၄း၄၊၇၊၁၀။ လု ၂ဝး၁၇)။

"
ယေရှုကလည်း၊ လူသည်မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှအားဖြင့် အသက်ကိုမွေးရမည်" (မ ၄း၄) ဟု မိန့်တော်မူခဲ့သည်။ တစ်စုံတစ်ဦး က ထာ၀ရအသက်ကိုရရန် မည်သို့ပြုရမည် ကိုမေးသောအခါ၊ "ကိုယ်တော် က၊ ပညတ္တိကျမ်း၌ အဘယ်သို့ လာသနည်း။ သင်သည်အဘယ်သို့ ဖတ်သနည်း ဟုမေးတော်မူ၏" (လု ၁ဝး၂၆)။
ယေရှုသည်သမ္မာကျမ်းစာကို လူသားတို့၏ထုံးစံဓလေ့နှင့်အတွေးအခေါ်၏ အထက်၌ ထားသည်။ ကိုယ်တော် သည် ယုဒတို့ကို သမ္မာကျမ်းစာ၏အခွင့်အာဏာကို ဘေးဖယ်ထားမှုအတွက် ပြစ်တင် တော်မူခဲ့သည် (မာ ၇း၇-၉)။ ပြီးနောက်၊ "ကျမ်းစာ၌သင်တို့သည် တစ်ခါ တစ်ရံမျှ မဖတ်ဖူးသလော" (မ ၂၁း၄၂။ မာ ၁၂း၁၀၊ ၂၆ နှင့်ယှဉ် ဖတ်ပါ) ဟူ၍၊ သမ္မာကျမ်းစာကိုသာ၍ ဂရုတစိုက် လေ့လာကြရန် မေတ္တာရပ်ခံခဲ့သည်။

ကိုယ်တော်သည်အနာဂတ္တိစကား၏အခွင့်အာဏာကို အခိုင်အမာယုံကြည်၍၊ ၎င်းသည် မိမိ ကိုယ်တိုင်ကိုညွှန်ပြ ကြောင်းကိုဖော်ပြခဲ့သည်။ ကိုယ်တော်သည် "ထိုကျမ်းစာပင် ငါ၏ သက်သေဖြစ်၏။" "သင်တို့သည်မောရှေ၏ စကားကိုယုံလျှင် ငါစကားကိုမယုံဘဲ မနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည်ငါ့အကြောင်းကိုရေးထား၏" (ယော ၅း၃၉၊၄၆) ဟုမိန့်တော် မူခဲ့သည်။ ယေရှုသည် ဘုရားပေးအမှုတော် ထမ်းဆောင်ကြောင်း အခိုင်အမာဆုံး လက်ခံ ယုံကြည်စေသောအရာမှာ ဓမ္မဟောင်းကျမ်းမှအနာဂတ်ဟောပြောချက်ကို ပြည့်စုံစေခြင်းဖြစ်သည်။

ထို့ကြောင့်၊ ခရစ်တော်သည်သမ္မာကျမ်းစာမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အလိုတော်ကိုဖော်ပြသည့် အခွင့်အာဏာရှိအဖြစ် သံသယကင်းမဲ့စွာလက်ခံခဲ့သည်။ ကိုယ်တော်သည် သမ္မာကျမ်းစာကို မှားယွင်းသော ထုံးစံ ဓလေ့များနှင့် စိတ်ကူးယဉ်မှုများ၏ အမှောင်ထုထဲမှ ကယ်တင်ခြင်း အသိပညာကိုပေးသည့် စစ်မှန်သည့်အလင်း တရားသို့ လူသားတို့အားပို့ပေးသည့် ရည်ရွယ်ချက်ဖြင့် ဖော်ပြသောသမ္မာတရားအစု အဝေးအဖြစ်ရှုမြင် ခဲ့သည်။
           
သန့်ရှင်းသောဝိညာဉ်တော်နှင့်သမ္မာကျမ်းစာ၏အခွင့်အာဏာ။ ယေရှုအသက်ရှင်စဉ်အချိန်အတွင်း ဘာသာရေး ခေါင်းဆောင်များနှင့် သတိမဲ့နေသောလူတို့သည် ကိုယ်တော် သည် အမှန်တကယ် မည်သူမည်ဝါဖြစ်ကြောင်းကို သတိမပြုမိခဲ့ကြချေ။ အချို့တို့က ကိုယ်တော်သည် နှစ်ခြင်း ဆရာ ယောဟန်၊ ဧလိယ သို့မဟုတ် ယေရမိစသည့် သာမန်လူသား ပုရောဖက်ဖြစ်သည်ဟု စိတ်ထင်ခဲ့ကြသည်။ ပေတရုသည်ယေရှုအား "ခရစ်တော်တည်း ဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်သည်ဟု လျှောက်သောအခါ၊ ဤသို့သောဝန်ခံခြင်းသည် ဘုရားရှင်၏ ဖော်ပြခြင်း အားဖြင့်သာ ဖြစ်နိုင်ကြောင်း ကို ယေရှု ညွှန်ပြသည် (မ ၁၆း၁၃-၁၇)။ ပေါလုသည် ဤအမှန်တရားကို "ယေရှုသည် သခင်ဘုရားဖြစ်တော်မူ၏ ဟု သန့်ရှင်းသောဝိညာဉ်တော်ကိုအမှီမပြုလျှင်၊ အဘယ်သူမျှ မပြောနိုင်" (၁ကော ၁၂း၃) ဟု အလေးအနက်ဆိုသည်။

သမ္မာကျမ်းစာသည်လည်း ထိုနည်းတူဖြစ်သည်။ ကျွန်ုပ်တို့၏စိတ်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပြ ခြင်းမရှိလျှင်၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ သို့မဟုတ် ၎င်းသည် ဘုရားသခင်၏ ခိုင်လုံသောအလိုတော်အဖြစ် သိရှိရန်ပင် ဘယ်သောအခါမျှ မှန်ကန်စွာ နားလည် နိုင်မည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် "ဘုရားသခင် ၏ နက်နဲသောအရာကို ဘုရားသခင်၏ဝိညာဉ်တော်မှ တစ်ပါး အဘယ်သူမျှမသိ" (၁ကော ၂း၁၁)။ ဆက်လက်၍၊ "ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ် သည်ဟုထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍ နားလည် နိုင်သည်" (၁ကော ၂း၁၄)။ သို့ဖြစ် ၍ "ဆုံးရှုံး ခြင်းသို့ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သောတရား ဖြစ်၏" (၁ကော ၁း၁၈)။

သန့်ရှင်းသောဝိညာဉ်တော်၏ အမအစဖြင့်သာ၊ "ဘုရားသခင်၏ နက်နဲသော အရာကို" (၁ကော ၂း၁၀) ရှာဖွေ သောသူသည် ဘုရားသခင်နှင့်ကိုယ်တော်၏ အလိုတော်ကို ဖွင့်ချသောအရာအဖြစ် သမ္မာကျမ်းစာ၏အခွင့် အာဏာကို ယုံကြည်လက်ခံသောသူ ဖြစ်လာနိုင် သည်။ ထိုအခါ လက်ဝါးကပ်တိုင်တော်သည် "ဘုရားသခင်၏ တန်ခိုးတော်" (၁ကော ၁း၁၈) ဖြစ်လာ၍၊ "ငါတို့သည် လောကီဝိညာဉ်ကိုမခံရကြ။ ဘုရားသခင်ပေးတော် မူသောအရာ တို့ကို သိခြင်းအလိုငှာ ဘုရားသခင့်ထံမှ ကြွလာသော ဝိညာဉ်ကိုခံရကြပြီ" (၁ကော ၂း၁၂) ဟူ၍ ပေါလုနှင့်အတူသက်သေခံနိုင်သည်။

သမ္မာကျမ်းစာနှင့်သန့်ရှင်းသောဝိညာဉ်တော်ကို ဘယ်ခါမျှသီးခြားခွဲ၍မရချေ။ သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာကျမ်းစာမှသမ္မာတရားကို ဖန်တီးသူနှင့်ဖော်ပြသူ ဖြစ်သည်။
ကျွန်ုပ်တို့အသက်တွင် သမ္မာကျမ်းစာ၏အခွင့်အာဏာတိုးခြင်း၊ လျော့ခြင်းဆိုသည်မှာ ဝိညာဉ်တော်မှုတ်သွင်းခြင်း နှင့်ဆိုင်၍ ကျွန်ုပ်တို့၏အမြင်သဘောထားအပေါ် မူတည်သည်။ သမ္မာကျမ်းစာသည် လူသားတို့၏ သက်သေခံ ချက်များပေါင်းချုပ်အဖြစ် မျှသာတွေးဆ၍ သို့မဟုတ် ကျွန်ုပ်တို့၏ စိတ်ခံစားချက်များကို မည်သို့ကိုင်လှုပ်သည် ဆိုသည့်အပေါ် ၎င်း၏ အခွင့်အာဏာကိုခံယူလျှင်၊ ကျွန်ုပ်တို့သည်၎င်း၏အခွင့်အာဏာကို ကျွန်ုပ်တို့ အသက်တာ တွင် ဆုတ်ယုတ်စေကြသည်။ လူသားတို့သည် မည်မျှပင်အားနည်း၍၊ မည်သို့ပင်ဖြစ်နေခဲ့ ကြစေကာမူ ကျမ်းရေး သူတို့မှတစ်ဆင့် ဘုရားသခင်၏အသံတော်ကို ကျွန်ုပ်တို့ခွဲခြားသိရှိသောအခါ၊ သမ္မာကျမ်းစာသည် ယုံကြည်ချက် နှင့် ဆိုင်သောအရာများ၊ ဆုံးမဩဝါဒပေးခြင်း၊ အမှားကိုပြုပြင်ခြင်း၊ ဖြောင့်မတ်ခြင်းတရားကို သွန်သင်ခြင်းအရာ တို့၌ အကြွင်းမဲ့အခွင့် အာဏာရှိလာသည် (၂တိ ၃း၁၆)။

သမ္မာကျမ်းစာအခွင့်အာဏာ၏အတိုင်းအတာ။ သမ္မာကျမ်းစာနှင့် သိပ္ပံပညာတို့ အကြား ကွဲလွဲခြင်းများသည် မကြာခဏထင်မြင်ချက်၏ အကျိုးဆက်ဖြစ်သည်။ ကျွန်ုပ်တို့သည် သိပ္ပံပညာနှင့် သမ္မာကျမ်းစာကိုလိုက်ဖက် မညီစေနိုင်ရခြင်းမှာ ကျွန်ုပ်တို့သည် "သိပ္ပံပညာရပ် သို့မဟုတ် ဘုရားရှင်၏ဖော်ပြခြင်းကို မပြည့်မစုံ နားလည် ခြင်းကြောင့်ဖြစ်၍၊ ... သို့သော် မှန်ကန်စွာနားလည် ခဲ့မည် ဆိုလျှင်၊ ၎င်းတို့သည် အံကိုက်ဖြစ်နေသည်။"

လူသားတို့၏ ပညာအားလုံးသည် သမ္မာကျမ်းစာ၏ အခွင့်အာဏာအောက်၌ ရှိနေရမည်။ သမ္မာကျမ်းစာမှ သမ္မာ တရားများသည် အခြားအတွေးအခေါ်အားလုံးကို ဆန်းစစ်ရမည့်စံဖြစ် သည်။ ကန့်သတ်ချက်ရှိသည့် လူသားတို့ ၏စံနှုန်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကို အကဲဖြတ်ခြင်းသည် ကြယ်တို့၏အကွာအဝေးကို ပေတံ ဖြင့်တိုင်းတာရန် ကြိုးစားခြင်းနှင့် တူသည်။ သမ္မာကျမ်းစာသည် လူတို့၏စံနှုန်းများအောက်တွင်ရှိမနေရပါ။ ၎င်း သည်လူသား တို့၏ ပညာအားလုံးနှင့် စာပေအားလုံးထက်သာလွန်သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို အကဲ ဖြတ်နေသည်ထက်၊ လူ အားလုံးသည် ၎င်း၏တရားစီရင်ခြင်းကိုခံရကြမည်။ အကြောင်းမှာ ၎င်းသည် အကျင့် စာရိတ္တ၏စံချိန်နှင့်၊ အတွေးအခေါ်နှင့်အတွေ့ အကြုံအားလုံးကို ဆန်းစစ် သည့် အရာဖြစ်သည်။

နောက်ဆုံးအနေဖြင့်၊ ပုရောဖက်ပြုခြင်းဆုကျေးဇူး သို့မဟုတ် ဘာသာစကား အမျိုးမျိုးကို ပြောခြင်း (၁ကော ၁၂။ ၁၄း၁။ ဧ ၄း၇-၁၆) အားဖြင့်လမ်းပြခြင်း အပါအဝင်၊ သန့်ရှင်းသော ဝိညာဉ်တော်မှ လာသောဆုကျေးဇူးများ ကိုပင် သမ္မာကျမ်းစာသည် အခွင့်အာဏာကို ကိုင်စွဲ ထားသည်။ ဝိညာဉ်တော်ဆုကျေးဇူးများသည် သမ္မာကျမ်းစာ ကို အစားမထိုးပါ။ အမှန်မှာ၊ ၎င်းတို့ကိုသမ္မာကျမ်းစာဖြင့် စစ်ဆေးရမည်။ အကယ်၍ သမ္မာကျမ်းစာနှင့် ကိုက်ညီ မှုမရှိပါသော်၊ ၎င်းတို့သည် မစစ်မှန်သော ကြောင့်စွန့်ပစ်ရမည်။ "တရားတော်ကိုလည်းကောင်း၊ သက်သေခံတော် မူချက်ကိုလည်းကောင်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့် မညီလျှင်၊ သူတို့၌ အရုဏ်မတက်သေး" (ဟေရှာ ၈း၂၀)။

သမ္မာကျမ်းစာစုဖွဲ့မှု


သမ္မာကျမ်းစာကိုအပေါ်ယံဖတ်ခြင်းသည် အပေါ်ယံသာနားလည်လိမ့်မည်။ ထိုသို့ဖတ်ခြင်းဖြင့် သမ္မာကျမ်းစာ သည်ဖြစ်ရပ်များ၊ တရားဟောချက်များနှင့် သမိုင်းရာဇဝင်တို့ ပေါက်သောက်ရောထွေး နေသကဲ့သို့ဖြစ်နေလိမ့် မည်။ သို့ရာတွင် ဘုရားသခင်၏ဝိညာဉ်တော်၏ အလင်းပေးခြင်းကိုခံယူသောသူများ၊ ဝှက်ထားသော သမ္မာ တရားကို စိတ်ရှည်ခြင်းနှင့်များစွာ ဆုတောင်းခြင်းတို့ဖြင့် ရှာဖွေရန်စိတ်ပါသော သူတို့သည် ကယ်တင်ခြင်း လမ်းစဉ်ကို သွန်သင်ရာတွင် ငုပ်နေသည့်စုဖွဲ့နေခြင်း သမ္မာကျမ်းစာ၏ အထောက်အထားများကို တွေ့ရှိကြလိမ့် မည်။ သမ္မာကျမ်းစာသည် ငြီးငွေ့ဖွယ် အပ်ကြောင်းထပ်နေသည့်ပုံစံတူမဟုတ်ပါ။ အမှန်မှာ ၎င်းသည်ကွဲပြားခြား နား သည့်ရှားပါးလှပသော သက်သေခံချက်များစွာဖြင့် သဟဇာတ ဖြစ် အောင်ဖွဲ့စည်း ထားသည့်စာအုပ်ဖြစ် သည်။ မတူညီသော ရှုထောင့်များမှ တင်ဆက်ထား သောကြောင့်၊ ၎င်းသည်ကာလအဆက်ဆက်မှ လူတို့၏ လိုအပ်ချက် များကိုသာ၍ ကောင်းစွာ ဖြည့်ဆည်း ပေးနိုင်သည်။

ဘုရားသခင်သည်အဆက်မပြတ်ဖွင့်ဟပြောဆိုခြင်းများဖြင့် လူသားတို့ထံသို့ မိမိကိုယ် ကိုဖော်ပြတော်မမူဘဲ၊ လူမျိုးအစဉ်အဆက်ထံသို့တဖြည်းဖြည်းချင်းဖွင့်ချ တော်မူသည်။ မောရှေသည် မိဒျန်ပြည်၌ရေးသည်ဖြစ်စေ၊ ပေါလုသည်ရောမမြို့ အကျဉ်းထောင်၌ ရေးသည် ဖြစ်စေ၊ ၎င်းသည် ဝိညာဉ်တော်မှုတ်သွင်းသည့်အလားတူ ဆက်သွယ်ခြင်းကိုဖော်ပြသည်။ ဤ "တိုးတက်သောဖွင့်ချခြင်း" ကိုနားလည်ခြင်းသည် သမ္မာကျမ်းစာနှင့် ၎င်း၏ စုဖွဲ့မှုကို နားလည်စေသည်။

မျိုးဆက်များခြား၍ရေးသော်လည်း၊ ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းတို့မှ သမ္မာတရားများ တစ်ပေါင်းတည်း ရှိနေသည်။ ၎င်းတို့သည်တစ်ခုနှင့်တစ်ခုဆန့်ကျင်၍ မနေချေ။ ဘုရားသခင်သည် တစ်ပါးတည်း ရှိသကဲ့သို့ ကျမ်း နှစ်ကျမ်းသည်တစ်ခုတည်းဖြစ်၏။ ဓမ္မဟောင်းကျမ်းသည် အနာဂတ္တိဟောပြောချက်များနှင့် လက္ခဏာများတို့ ဖြင့် ကြွလာတော်မူမည့် ကယ်တင်ရှင် ၏ ဧဝံဂေလိ သတင်းကိုဖော်ပြသည်။ ဓမ္မသစ်ကျမ်းသည် ယေရှု၏ သက် တော်စဉ်အားဖြင့် ဧဝံဂေလိတရား၏ အမှန်တကယ်ဖြစ်သည့်ကြွလာတော်မူသော ကယ်တင်ရှင်ကို ဖော်ပြသည်။ ဓမ္မဟောင်းကျမ်းသည် ဓမ္မသစ်ကျမ်းအတွက် အုတ်မြစ်ဖြစ်သည်။ ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်း၏ ခက်ခဲ နက်နဲသောအရာများကိုရှင်းပြနေစဉ်၊ ဓမ္မသစ်ကျမ်းသည်၎င်းနက်နဲသောအရာများကို ဖွင့်မည့်သော့ကိုဓမ္မဟောင်း ကျမ်းကစီစဉ်ပေးသည်။

မိမိ၏နှုတ်ကပတ်တော်ကို စူးစမ်းရှာဖွေခြင်းဖြင့် မိမိနှင့်အကျွမ်းတဝင်ရှိစေရန် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကြင်နာစွာခေါ်တော်မူသည်။ ၎င်း၌ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအာမခံချက်ဆိုင်ရာ ကြွယ်၀သော ကောင်းချီးမင်္ဂလာကို ကျွန်ုပ်တို့ ရှာဖွေတွေ့ ရှိ နိုင်သည်။ သမ္မာကျမ်းစာသည် ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြ ခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းများတို့သည် ကျွန်ုပ်တို့အတွက်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ တွေ့ရှိနိုင်သည်။ ၎င်းအားဖြင့် ကျွန်ုပ်တို့သည် စုံလင်သောသူ၊ ကောင်းသောအမှု အမျိုးမျိုးတို့ကို ပြုစုခြင်း အလို ငှာ ပြင်ဆင်သောသူ” (၂တိ ၃း၁၆၊ ၁၇) ဖြစ်မည်အကြောင်းတည်း။

မူလမာတိကာသို့

1 comment: