အခန်းကြီး - ၁
ယုဒဩဝါဒစာ
The Epistle of Jude
ကျမ်းရေးသူ
ရှင်ယုဒသည် ဓမ္မသစ်ကျမ်းခေတ်တွင် လူကြိုက်များသည့်အမည်တစ်ခုဖြစ်သည်။ သို့သော်၊ ဓမ္မသစ်ကျမ်းတွင် ယာကုပ်အမည်ရှိ ညီအစ်ကိုတစ်ဦးနှင့်အတူ အခြားယုဒတစ်ဦးသာဖော်ပြထားသည်၊ ၎င်းသည် ယေရှုခရစ်၏ညီအစ်ကိုလည်းဖြစ်သည် (မ ၁၃:၅၅၊၊ မာ ၆:၃)။ ယုဒနှင့် ယာကုပ်သည် ယောသပ်၏ ယခင်အိမ်ထောင်မှတစ်ဆင့် ယေရှု၏အစ်ကိုများဖြစ်နိုင်ပြီး၊ ၎င်းတို့သည် ယေရှုကို ညီလေးတစ်ဦးအဖြစ် ဆက်ဆံခဲ့ကြသည် (မာ ၃:၂၁၊ ၃၁-၃၅)။ ယုဒသည် သူ၏ညီအစ်ကိုများနှင့်အတူ ယေရှု၏လောကသာသနာပြုစဉ်အတွင်း ၎င်းကို ဝေဖန်သောအမြင်ရှိခဲ့ပြီး ယုံကြည်ခြင်း ရှိပုံမရ (ယော ၇:၃-၅)။ ယေရှုသည် ရှင်ပြန်ထမြောက်ပြီးနောက် ယာကုပ်ထံသို့ ထင်ရှားပြသခဲ့ကြောင်း ပေါလုကပြောပြသည် ( ၁ကော ၁၅:၇)၊ သူသည် ၎င်းတို့၏ ယုံကြည်ခြင်းသို့ ပြောင်းလဲလာမှုကို ဖော်ပြနိုင်သည်။ မည်သို့ပင်ဖြစ်စေ၊ ယာကုပ်သည် အသင်းတော်၏ ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည် (တ ၁၂:၁၇၊ ၁၅:၁၃၊၂၁:၁၈၊ ဂလာ ၁:၁၉၊ ၂:၉) နှင့် အသင်းတော်၏အစဉ်အလာရိုးရာသွင်သင်ချက်အရ ယေရှု၏ ဆွေမျိုးများသည် ဣသရေလ(လူမျိုး)အသင်းတော်တွင် မျိုးဆက်များစွာ ခေါင်းဆောင်များအဖြစ် ဆက်လက်ရှိနေခဲ့သည်။ အကယ်၍ ဤသို့ဖြစ်ခဲ့ပါက၊ ယုဒသည် ယေရှုနှင့် အထူးဆက်နွယ်မှုကို အခွင့်အရေးမယူဘဲ၊ မိမိကိုယ်ကို “ယေရှုခရစ်၏ကျွန်” ဟု ရိုးရှင်းစွာ ဖော်ပြထားသည်မှာ မှတ်သားဖွယ်ဖြစ်သည် (ယု ၁)။
Author
Jude, or Judas, was a common name in
New Testament times. The New Testament, however, only mentions one Jude with a
brother named James: the one who was also a brother of Jesus Christ (Matt.
13:55; Mark 6:3). Judas and James were probably stepbrothers of Jesus through
an earlier marriage of Joseph because they treated him as a younger brother
(Mark 3:21, 31–35). It is also probable that Jude shared with his brothers a
critical view of Jesus and did not believe in Him during His ministry on earth
(John 7:3–5). Paul tells us that Jesus appeared to James after His resurrection
(1 Cor. 15:7), something that would explain their conversion. One way or
another, James became a leader of the church (Acts 12:17; 15:13; 21:18; Gal.
1:19; 2:9) and church tradition relates that Jesus’ relatives continued to be
leaders of the church in Israel for generations. If this is true, it is
noteworthy that Jude does not take any advantage of a special relationship with
Jesus, but describes himself simply as a “bondservant of Jesus Christ” (Jude
1).
စာဖတ်ပရိသတ် နှင့် ကျမ်းရေးသားချိန်
ဤစာစောင်ကို မည်သည့်ပရိသတ်အတွက်ရေးထားသည်ကို ဖော်ပြထား
သော အချက်အလက်မရှိပါ။ ရေးသားသည့်ရက်စွဲနှင့်ပတ်သက်သော တစ်
ခုတည်းသော အချက်အလက်မှာ ရှင်ယုဒနှင့် ရှင်ပေတရုဒုတိယစာများ
အကြား ဆက်နွှယ်မှုအပေါ် အခြေခံထားသည်။ ရှင်ပေတရုဒုတိယစာ ၂:၁–
၃:၃ နှင့် ရှင်ယုဒတို့တွင် အပြန်အလှန်မှီခိုမှုတစ်မျိုးရှိကြောင်း ထင်ရှား၏။
၎င်းတို့သည် တူညီသောအတွေးအခေါ်များကို မျှဝေပြီး၊ ဆင်တူသော
ဝေါဟာရများကို အသုံးပြုကာ အတွေးအခေါ်များ၏ အစီအစဉ်တူညီ
နေသည်။ ဓမ္မပညာရှင်အများစုက ရှင်ပေတရုသည် ရှင်ယုဒစာကို အသုံးပြုပြီး အခြားနေရာတစ်ခုတွင် အလားတူပြဿနာကို ဖြေရှင်းရန်
လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ခဲ့သည်ဟု ယုံကြည်ကြ၏။ ဤ
အချက်ကြောင့်ရှင်ယုဒဩဝါဒစာသည် အေဒီ ၆၅ မတိုင်မီ ရက်စွဲကို ညွှန်ပြလိမ့်မည်။
Audience and Date
We have no information to identify
the audience of this letter. The only information about the date of writing is
based on the relationship between Jude and 2 Peter. It is evident that 2 Peter
2:1–3:3 and Jude have some kind of interdependence. They share the same ideas,
use similar vocabulary, and have the same sequence of ideas. A majority of
scholars believe that Peter used and adapted Jude to address a similar danger
elsewhere. This would suggest a date for Jude before A.D. 65.
သတင်းစကား
ရှင်ယုဒသည် သီးခြားအခြေအနေတစ်ခုကို စိတ်ထဲထားခဲ့ဖွယ်ရှိ၏။ သူသည် ခရစ်ယာန်ကယ်တင်ခြင်းအကြောင်း ရေးသားရန် စီစဉ်ထားသော် လည်း၊ အသင်းတော်များအတွင်း အဓမ္မဆရာများ ဝင်ရောက်လာသည်ဆိုသော စိတ်အနှောင့်အယှက်ဖြစ်စရာ သတင်းကြောင့် အကြောင်းအရာကို ပြောင်းလဲရန် ဖြစ်ပေါ်ခဲ့သည် (ငယ် ၃–၄)။ ဤအဓမ္မဆရာများသည် မိမိတို့ကိုယ်ကို ဝိညာဉ်ရေးရာပုဂ္ဂိုလ်များဟု ဆိုခဲ့ကြသော်လည်း (ငယ် ၁၉)၊ လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားသူများ (ငယ် ၇–၈၊ ၁၈)၊ ငွေကိုတပ်မက်သူ များ (ငယ် ၁၁–၁၂၊ ၁၆)၊ မောက်မာဝါကြွားပြီး မိမိကိုယ်ကို ချီးမွမ်းသူများ (ငယ် ၁၆)၊ သခင့်ညစာစားပွဲကို ဖျက်ဆီးသူများ (ငယ် ၁၂)
ဖြစ်ကြသည်။ ၎င်းတို့သည် ရူပါရုံများကို မြင်သည်ဟုလည်း ဖြစ်နိုင်ခြေရှိ
စွာ ဆိုခဲ့ကြသေး၏ (ငယ် ၈)။ အသင်းတော်အတွင်း ဤပြဿနာအားလုံး
ကြောင့် နောက်ပိုင်းရက်စွဲမှသာဖြစ်နိုင်သည်ဟု သေချာပေါက်ညွှန်ပြရန် မ
လိုအပ်ပါ။ ပေါလုသည် ကောရိန္သုပထမစာနှင့် ဒုတိယစာများတွင်လည်း
ဆင်တူသောပြဿနာများကို တိုက်ခိုက်နေခဲ့ပြီ ဖြစ်သည်။
Message
Jude probably had a particular
situation in mind. He had planned to write about Christian salvation, but
disturbing news of the infiltration of false teachers among the churches forced
him to change the subject (vv. 3–4). These false teachers claimed to be
spiritual (v. 19), but were sexually corrupt (vv. 7–8, 18), lovers of money
(vv. 11–12, 16), loud and boastful (v. 16), and perverted the communion meal
(v. 12). They probably also claimed to have visions (v. 8). All of this trouble
in the church does not necessarily suggest a late date. Paul attacks similar
problems in 1 and 2 Corinthians.
ရှင်ယုဒ၏ သမ္မာကျမ်းစာစံမမီသောစာပေကို အသုံးပြုမှု
အခန်းငယ် ၁၄–၁၅ တွင် ရှင်ယုဒသည် ဧနောက်ပထမကျမ်း ၁:၉ မှ ကိုး
ကားထားသည်။ ထို့ပြင် အခန်းငယ် ၉ တွင် မောရှေ၏တက်ကြွခြင်း
သို့မဟုတ် မောရှေ၏သေတမ်းစာဟုခေါ်သော အကြောင်းတစ်ခုကို
ရည်ညွှန်းကိုးကားထားသည်။ ဧနောက်ပထမကျမ်းနှင့် မောရှေ၏တက်ကြွ
ခြင်းတို့သည် သမ္မာကျမ်းစာစံမမီသော (ဆိုလိုသည်မှာ သမ္မာကျမ်းစာတွင်
မပါဝင်သော) ဂျူးစာပေများဖြစ်သည်။ ရှင်ယုဒသည် ထိုသို့သော အရင်း
အမြစ်များကို ကိုးကားခြင်းသည် မထူးဆန်းပါ။ ပေါလုသည် ဂရိစာရေး
ဆရာများဖြစ်သော ဧပီမနီဒတ်စ် Epimenides (တ ၁၇:၂၈က၊ တိ ၁:၁၂)
နှင့် အရတုစ် Aratus (တ ၁၇:၂၈ဂ) တို့ကို ကိုးကားခဲ့သည်။ ပေတရုနှင့်
ပေါလုတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့် (၂ပေ
၁:၂၁)၊ ထိုကိုးကားချက်များနှင့် ရည်ညွှန်းချက်များသည် ၎င်း
တို့၏သတင်းစကားများအတွက် သင့်လျော်သည်ဟု ယုံကြည်ခဲ့ကြသည်။
Jude’s Use of Non-canonical
Literature
In verses 14–15, Jude quotes from 1
Enoch 1:9. And Jude 9 refers to a story that was narrated in The
Assumption of Moses, also called The Testament of Moses. Both
1 Enoch and The Assumption of Moses are non-canonical
(that is, not included in the Bible) Jewish literature. Jude is not unique in
quoting such sources. Paul quoted Greek authors: Epimenides (Acts 17:28a; Titus
1:12) and Aratus (Acts 17:28c). Peter and Paul believed, guided by the Holy Spirit
(2 Pet. 1:21), that those quotations and allusions were appropriate for their
messages.
အဓိကအချက်များ
၁။
နှုတ်ဆက်စကား (ငယ် ၁–၂)
၂။ စာရေးသားရခြင်း၏အကြောင်း (ငယ် ၃–၄)
၃။ အဓမ္မဆရာများအား သတိပေးခြင်းနှင့် ၎င်းတို့၏အပြစ်ဒဏ်ကြေညာခြင်း (ငယ် ၅–၁၉)
က။ အကျင့်ပျက်ပုဂ္ဂိုလ်များ၏ အပြစ်ဒဏ်ပေးခံရခြင်းကို အလေးပေးသည့် ဓမ္မဟောင်းဥပမာသုံးခု ( ၅–၁၀)
ခ။ အဓမ္မဆရာများ၏ ဖျက်ဆီးသောသြဇာလွှမ်းမိုးမှုကို အလေးပေးသည့် ဓမ္မဟောင်းဥပမာသုံးခု ( ၁၁–၁၃)
ဂ။ ဧနောက်၏ ဆိုးယုတ်သူများအပေါ် တရားစီရင်ခြင်းဆိုင်ရာ ပရောဖက်ပြုချက် (ငယ် ၁၄–၁၆)
ဃ။ အဓမ္မဆရာများပေါ်လာခြင်းအကြောင်း တမန်တော်များ၏ ကြိုတင်ဟောကိန်းထုတ်ချက် (ငယ် ၁၇–၁၉)
၄။ ယုံကြည်ခြင်းအတွက် ယှဉ်ပြိုင်ရုန်းကန်ရန် စိန်ခေါ်ချက် (ငယ် ၂၀–၂၃)
၅။ ချီးမွမ်းသီချင်း (ငယ် ၂၄–၂၅)
Outline
I.
Greetings (vv. 1–2)
II.
Occasion for the letter (vv. 3–4)
III.
Warning against false teachers and their condemnation announced (vv. 5–19)
A.
Three OT examples emphasizing the condemnation of corrupt people (vv.
5–10)
B.
Three OT examples emphasizing the corrupting influence of false teachers
(vv. 11–13)
C.
Enoch’s prophecy of the judgment of the wicked (vv. 14–16)
D.
The prediction of the apostles of the coming of false teachers (vv.
17–19)
IV.
A challenge to contend for the faith (vv. 20–23)
V.
Doxology (vv. 24–25)
1 ယေရှုခရစ်၏ ကျွန်ဖြစ်သောယာကုပ်ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မတော်မူသော သူတို့ကို ကြားလိုက်ပါ၏။
2 သင်တို့၌ကရုဏာရှိပါစေသော။ ငြိမ်သက်ခြင်း နှင့်ချစ်ခြင်းများ ပြားပါစေသော။
3 ချစ်သူတို့၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး၍ ပေးလိုက် ခြင်းငှါ ငါသည်အလွန်ကြိုးစားသည်တွင်၊ သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်း တရား ဘက်မှာ သင်တို့သည် ကြိုးစား၍တိုက်လှန်စေခြင်းငှါ နှိုးဆော်သွေးဆောင်၍ ရေးလိုက်ရသောအကြောင်းရှိ၏။
4 အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကိလေသာ၏ ညစ်ညူးခြင်း အလိုငှါမှောက်လှန်လျက်၊ တပါးတည်း အစိုးရတော်မူသောအရှင်၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှါ ရှေးကစီရင် မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ။
5 ထို့ကြောင့် သင်တို့သည်သိနှင့်သော်လည်း ငါသည် သတိပေး၍ ပြောချင်သော အကြောင်းအရာ ဟူမူကား၊ ထာဝရဘုရားသည် ဣသရေလ လူတို့ကို အဲဂုတ္တုပြည်မှ ကယ်လွှတ်တော်မူပြီးလျှင်၊ မယုံကြည်သော သူတို့ကိုတဖန် ဖျက်ဆီးတော်မူ၏။
6 ထိုမှတပါး၊ မိမိတို့အခွင့်အရာကိုမစောင့်၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို၊ ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှါ၊ ထာဝရ ချည်နှောင်ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော် မူ၏။
7 ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီး သော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့်ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေထင်ရှားလျက်ရှိကြ၏။
8 ယခုယောင်ယမ်းသောအဓမ္မလူတို့သည်၊ ရှေးနည်းတူမိမိတို့ ကိုယ်ကိုညစ်ညူးစေ၍၊ အာဏာစက် ကိုပယ်လျက်၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ၏။
9 ကောင်းကင်တမန် မင်းမိက္ခေလမူကား၊ မောရှေ၏ ကိုယ်ကို အကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူစေ သတည်းဟူ၍ သာပြောဆို၏။
10 ထိုသူတို့မူကား၊ မိမိတို့နားမလည်သောအရာများကို ကဲ့ရဲ့တတ်ကြ၏။ တိရစ္ဆာန်ကဲ့သို့ ပကတိအတိုင်း မိမိတို့နားလည်သော အရာများဖြင့် မိမိတို့ကိုပုပ်ပျက်စေတတ်ကြ၏။
11 သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကာဣနနောက်သို့လိုက်ကြ၏။ အခကိုရခြင်းငှါ ဗာလမ်မှားယွင်းသကဲ့သို့ အလွန်မှားယွန်းခြင်းရှိကြ၏။ ကောရ၏ငြင်းခုံခြင်းအပြစ်နှင့် ဖျက်ဆီးခြင်းသို့ရောက် ကြ၏။
12 မေတ္တာပွဲလုပ်၍ သင်တို့နှင့်အတူ စားသောက်သောအခါ အားမနာဘဲ၊ မိမိတို့ကိုဝစွာကျွေး၍ ပွဲ၌ အစွန်းအကွက်ဖြစ်ကြ၏။ ရေမရှိ၊ လေတိုက်၍လွင့်သော မိုဃ်းတိမ်ကဲ့သို့၎င်း၊ ညှိုးနွမ်း၍ အသီးမတင်၊ နှစ်ကြိမ် သေ၍ နှုတ်ပစ်သော သစ်ပင်ကဲ့သို့၎င်း၊
13 မိမိရှက်ခြင်းအကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့၎င်း၊ ကြယ်ပျံကဲ့သို့၎င်းဖြစ်ကြ၏။ ထို ကြယ်ပျံတို့အဘို့တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။
14 အာဒံမှဆင်းသက်၍ ခုနှစ်ဆက်မြောက်သောသူ ဧနောက်က၊ ထာဝရဘုရားသည် ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့် ပြုသောအဓမ္မအမှုရှိသမျှတို့၏ အပြစ်ကို၎င်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ပြောသောကြမ်းတမ်းသော စကား ရှိသမျှတို့၏ အပြစ်ကို၎င်းဘော်ပြခြင်းငှါ၊
15 အတိုင်းမသိ များစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွကြွလာတော် မူလိမ့်မည်ဟု ပရောဖက်ပြု၍ ဟောပြောလေ၏။
16 ထိုသူတို့သည် မြည်တမ်း၏ အပြစ်တင်တတ်သောသူ၊ ကိုယ်တပ်မက်ခြင်းအတိုင်း ကျင့်တတ်သောသူ၊ ထောင်လွှားသော စကားကိုပြောတတ်သောသူ၊ ကိုယ်အကျိုးစီးပွားကြောင့် သူ့မျက်နှာကို ထောက်ထား ခန့်ညားတတ်သော သူဖြစ်ကြ၏။
17 ချစ်သူတို့၊ နောက်ဆုံးသောကာလ၌၊ မိမိတို့မတရားသော တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊ ပြက်ယယ်ပြုတတ်သော သူတို့သည် ပေါ်ကြလိမ့်မည်ဟု
18 ငါတို့သခင်ယေရှုခရစ်၏ တမန်တော်တို့သည် ဟောပြောနှင့်သော စကားများကို အောက်မေ့ကြလော့။
19 ထိုသူတို့သည်သင်းခွဲသောသူ၊ ဝိညာဉ်တော်နှင့် ကင်းသော ဇာတိပကတိလူဖြစ်ကြ၏။
20 ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက် လျက်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း ပဌာနပြုလျက်၊
21 ဘုရားသခင်ကို ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍ ထာဝရအသက်အလိုငှါ၊ ငါတို့သခင် ယေရှုခရစ်၏ ကရုဏာတော်ကို မြော်လင့်၍ နေကြာလော့။
22 ပိုင်းခြား၍သိတတ်သော ဥာဏ်ရှိ၍ အချို့တို့ကို သနားကြလော့။
23 ကိုယ်ကာယနှင့်ညစ်ညူးစွန်းကွက်သော အဝတ်ကိုပင် စက်ဆုပ်ရွံရှာ၍ ကြောက်ရွံ့ခြင်းနှင့်တကွ၊ အချို့ တို့ကို မီးထဲမှ ဆယ်နှုတ်ကယ်တင်ကြလော့။
24 ထိမိ၍ လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှါ၎င်း၊ အပြစ် မရှိဘဲဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှါ၎င်း တတ်နိုင်တော်မူသော သူတည်းဟူသော။
25 ငါတို့ကို ကယ်တင်တော်မူသောအရှင်၊ တဆူတည်းသောဘုရားသခင်သည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့်၊ ယခုမှစ၍ကမ္ဘာ အဆက်ဆက်ဘုန်းတန်ခိုး အာနုဘော်နှင့် အစွမ်းသတ္တိအာဏာ စက်ရှိတော်မူစေ သတည်း။ အာမင်။
မှတ်စုများ
Notes
အနက်ဖွင့်ချက်။
၁ ယာကုပ်ညီ...ငါယုဒ။ ယေရှုခရစ်တော်၏ညီ(အစ်ကို)လည်းဖြစ်နိုင်ခြေ
များစွာရှိသည် (မ ၁၃:၅၅၊ မာ ၆:၃)။ ဘုရားသခင် သန့်ရှင်းစေတော်မူသူ။
“ဘုရားသခင်က ချစ်ခင်တော်မူသူ” ဟု နားလည်နိုင်သည်။
1 Jude … brother of James. Probably
also the brother of Jesus Christ (Matt. 13:55; Mark 6:3). sanctified by
God. Understood as “loved by God.”
၃ ကြိုးစား၍တိုက်လှန်စေခြင်းငှါ။ မူရင်းစကားလုံးသည် စစ်ပွဲ သို့မဟုတ်
အားကစားပြိုင်ပွဲတစ်ခုတွင် တစ်စုံတစ်ခုအတွက် ပြင်းထန်စွာ ရုန်းကန်ရ
သည်ဟု ဆိုလိုသည်။ ရှင်ယုဒသည် အခန်းငယ် ၂၀–၂၃ တွင် ဤရုန်းကန်မှု
ကို မည်သို့ဆောင်ရွက်ရမည်ကို ရှင်းပြထားသည်။ သန့်ရှင်းသူများ၊
ခရစ်ယာန်များကို ယေဘုယျအားဖြင့် ရည်ညွှန်းရာတွင် သုံးလေ့ရှိသော
စကားရပ်ဖြစ်သည်။
3 contend earnestly. The original implies to
struggle strenuously for something as in a battle or a sporting contest. Jude
explains in vv. 20–23 how this struggle must be carried out. saints.
A common expression for Christians in general.
၄ အဓ္ဓမလူအချို့။ ရူပါရုံများရှိသည်ဟု ဆိုကြသော (ငယ် ၈) အဓမ္မဆရာများဖြစ်ပြီး၊ လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှုနှင့် အကျင့် စာရိတ္တ ပျက်စီးသူများဖြစ်သည်။ ၎င်းတို့သည် ကျေးဇူးတော်နှင့် ခရစ်ယာန်လွတ်လပ်မှုကို ဟောပြောသော်လည်း၊ ၎င်းတို့၏အပြုအမူဖြင့် ယေရှုခရစ်တော်ကို ငြင်းပယ်ကြသည်။ အပြစ်ခံစေခြင်းငှါ ရှေးကစီရင် မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ။ ရှင်ယုဒသည် အခန်းငယ် ၅ - ၁၉ တွင် ဤအဆိုကို ရှင်းပြထားသည်။ ၎င်းသည် အဓမ္မဆရာများနှင့် ဆင်တူသော
ဒုစရိုက်များကို ကျူးလွန်ခဲ့ပြီး ဘုရားသခင်က အပြစ်ဒဏ်ပေးခဲ့သော လူ
များ သို့မဟုတ် ဆိုးသောကောင်းကင်တမန်များ၏ ဓမ္မဟောင်းရှိ ဥပမာ
များကို ဖော်ပြထားသည်။ ထိုဓမ္မဟောင်းဥပမာများသည် အနာဂတ်
ရှိ အဓမ္မဆရာများ၏ အပြစ်ဒဏ်ကျူးခြင်းကို ကြိုတင်ဟောကိန်းထုတ်
ထားသည်။
4 certain men. False teachers who claimed to
have dreams (v. 8), but were sexually corrupt and of immoral conduct. They
preached of grace and Christian freedom, but denied Jesus Christ with their
behavior. long ago were marked out for this condemnation. Jude
explains this assertion in vv. 5–19. He provides there OT examples of people or
evil angels who committed sins similar to those of the false teachers and were
condemned by God. Those OT examples predicted the condemnation of future false
teachers.
၆ မိမိတို့အခွင့်အရာကိုမစောင့်။ ဆိုးသောကောင်းကင်တမန်များသည် ၎င်းတို့၏အဆင့်အတန်းကို ကျေနပ်မှုမရှိခဲ့ကြပါ (ဟေရှာ ၁၄:၁၂–၁၅ ရှု)။ ထာဝရချည်နှောင်ခြင်း။ ဗျာဒိတ်ကျမ်း ၁၂:၉–၁၂ အရ၊ ဘုရားသခင်သည်
ဆိုးသောကောင်းကင်တမန်များကို ဤကမ္ဘာမြေသို့ နှင်ထုတ်ခဲ့သည်။
ဗျာဒိတ်ကျမ်း ၂၀ တွင် ၎င်းတို့သည် တရားစီရင်ရာနေ့ရောက်သည်အထိ
ဤနေရာတွင် ချုပ်နှောင်ထားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
6 did not keep their proper
domain. Evil
angels were not satisfied with their status (see Is. 14:12–15). everlasting
chains. According to Rev. 12:9–12, God cast the evil angels to this
earth. Rev. 20 says that they will be locked up here until the day of judgment.
၇ ထာဝရမီး။ ၎င်း၏ရလဒ်သည် ပြောင်းလဲ၍မရသော ပြီးပြည့်စုံ
သောကြောင့် ထာဝရဖြစ်သည်။ ငရဲနှင့် ငရဲမီးအကြောင်းပိုမိုသိရှိရန် မဿဲ
၃:၁၂၊ ၁၃:၄၂၊ ၂၅:၄၁၊ မာကု ၉:၄၃ နှင့် ဟေရှာယ ၃၄:၉-၁၀ မှတ်စုကို
ကြည့်ပါ။
7 eternal fire. Eternal
because its result was irreversible and complete. For more on HELL and hell
fire, see Matt. 3:12; 13:42; 25:41; Mark 9:43; and note on Is. 34:9–10.
၈ ယောင်ယမ်းသော (အိပ်မက်မက်သူများ)။ အဓမ္မဆရာများသည် ရူပါရုံ
များရှိသည်ဟု အလားတူပြောဆိုခဲ့ကြပေမည် (တ ၂:၁၇ ရှု)။ဘုန်းတန်ခိုး
ကြီးသောသူ။ စာသားအရ “ဘုန်းကြီးသူများ”။ ဖြစ်နိုင်သည်မှကောင်းကင်
ပုဂ္ဂိုလ်များကို ရည်ညွှန်းပေမည်။
8 dreamers. The false teachers probably claimed
to have visions (see Acts 2:17). dignitaries. Literally,
“glorious ones.” Probably referring to celestial beings.
၉ မောရှေ၏(ခန္ဓာ)ကိုယ်ကို အကြောင်းပြု၍...ငြင်းခုံသောအခါ။ မော
ရှေ၏ခန္ဓာကိုယ်အတွက် (လုယူ)ရုန်းကန်မှုအကြောင်းဖြစ်ရပ်သည် သမ္မာ
ကျမ်းမဟုတ်သောထိုခေတ်၏စာပေ “မောရှေ၏တက်ကြွခြင်း” ကို
ရည်ညွှန်းပေမည်။ နိဒါန်းရှိ၊ “ရှင်ယုဒ၏ သမ္မာကျမ်းစာစံမမီသောစာပေကို
အသုံးပြုမှု” ကိုရှုပါ။
9 when he disputed about the
body of Moses. The story about the struggle for the body of Moses probably alludes
to The Assumption of Moses, a non-canonical work of the
time. See Introduction, “Jude’s Use of Non-canonical Literature.”
၁၂ မေတ္တာပွဲ(လမ်းများ)။ ကနဦးအသင်းတော်တွင် သခင်ဘုရား၏ညစာ
သည် အဂ္ဂါပေ (“ချစ်ခြင်း”) ဟုခေါ်သော ပြည့်စုံသောအစာစားပွဲ၏တစ်
စိတ်တစ်ပိုင်းအဖြစ် ကျင်းပခဲ့သည်။ ၎င်းသည် ညီအစ်ကိုချစ်ခြင်းနှင့်
ညီညွတ်မှု၏အရေးကြီးသောဖော်ပြချက်ဖြစ်သည် (တ၂:၄၂၊ ၄၆)။
12 love feasts. In the early church, the Lord’s
Supper was celebrated as part of a full meal that was called agape (“love”).
This was an important expression of brotherly love and unity (Acts 2:42, 46).
၁၃ ကြယ်ပျံ (လမ်းလွဲသောကြယ်များ)။ ဂြိုဟ်များအတွက်အသုံးပြုသော
အသုံးအနှုန်း။ “ဂြိုဟ်” ဟူသောဂရိစကားလုံးသည် “လမ်းလွဲစေရန်”
ဟူသောဂရိကြိယာနှင့် ဆက်စပ်သည်။ ၎င်းသည် လှည့်ဖြားသောမိရိုးဖလာ
အဓမ္မဆရာများကို ဖော်ပြရန် စကားလုံးကစားခြင်းဖြစ်သည်။
13 wandering stars. An expression used of planets. The
Greek word for “planet” is related to the Greek verb “to lead astray.” This is
wordplay to describe deceitful false teachers.
၁၄-၁၅ ထိုခေတ်က သမ္မာကျမ်းမဟုတ်သော ဧနောက် ၁:၉ မှ ကိုးကားချက်
ပါရှိသည်။ နိဒါန်းရှိ၊ “ရှင်ယုဒ၏ သမ္မာကျမ်းစာစံမမီသောစာပေကိုအသုံးပြု
မှု”ကိုရှုပါ။
14–15 Contains a quotation of 1 Enoch
1:9, a non-canonical book of the time. See Introduction, “Jude’s Use of Non-canonical
Literature.”
၂၀-၂၃ ယုံကြည်ခြင်းကိုသန်မာစေရန်လုပ်ဆောင်မှုများ (ငယ် ၂၀-၂၁) နှင့်
လမ်းလွဲသူများကိုကိုင်တွယ်ရန် (ငယ် ၂၂-၂၃)။
20–23 Actions to strengthen the faith
(vv. 20–21) and to deal with those who err (vv. 22–23).
၂၀ မိမိတို့ကို တည်ဆောက်လျက်။ ဧဝံဂေလိတရား၏အသိပညာနှင့်
အတွေ့အကြုံတွင် ကြီးပြင်းရန်လိုအပ်သည်။ သန့်ရှင်းသောဝိညာဉ်တော်
အားဖြင့် ဆုတောင်းပဌာနာပြုလျက်။ ဆိုလိုသည်မှာ ဝိညာဉ်တော်အား ၎င်း
တို့၏ဆုတောင်းမှုများတွင် ဦးဆောင်စေခြင်းဖြစ်သည်။
20 building yourselves up. They need to grow in the knowledge
and experience of the gospel. praying in the Holy Spirit.
That is, letting the Spirit lead in their prayers.
၂၁ ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍။ နာခံ
ခြင်းဖြင့် (ယော ၁၅:၉-၁၀)။ ကရုဏာတော်ကိုမျှော်လင့်၍။ ဆိုလိုသည်မှာ
ယေရှု၏ဒုတိယအကြိမ်ကြွလာခြင်းတွင်သူတို့၏ မျှော်လင့်ချက်များ ထား
ရှိခြင်းဖြစ်သည်။
21 keep yourselves in the
love of God. Through obedience (John 15:9–10). looking for the mercy. That
is, setting their hopes in Jesus’ Second Coming.
၂၃ အဝတ်ကိုပင် စက်ဆုပ်ရွံရှာ၍။ မှားယွင်းသောဩဝါဒနှင့် အကျင့်
ယိုယွင်းမှု၏ ညစ်ညမ်းသောအဝတ်အစားများကို စွန့်ပယ်ရမည်။ အခြား
သူများကို အမှားမှကယ်တင်ရန်ကြိုးစားသူများသည် ထိုဖြစ်စဉ်တွင် မိမိ
ကိုယ်ကို ညစ်ညမ်းမသွားစေရန် သတိထားရမည်။ အခြားသူများကို
ကယ်တင်ခြင်းသည် မီးထဲမှထင်းတစ်ချောင်းကို ဆွဲထုတ်ခြင်းနှင့်တူသည်
(ဇာ ၃:၂–၅)။
23 hating even the garment. The filthy garments of false teaching
and immorality must be discarded and repudiated. Those who try to save others
from error should be careful not to contaminate themselves in the process.
Saving others is similar to pulling a brand out of the fire (Zech. 3:2–5).

No comments:
Post a Comment