Tuesday, May 26, 2026

 

အခန်း () အလုပ်ဖိစီးသောသူများအတွက် အနားရခြင်း

        သင်သည် တစ်ခါတစ်ရံ အလုပ်သိပ်များပြီး လုပ်ရန် အချိန်သိပ်နည်းနေကြောင်း ခံစားမိပါသလား။ သင်သည် ဖိအားခံရပြီး စိတ်နွမ်းနယ်မှုခံနေရမှာပဲ။ သင်ဘယ်မျှလောက် ကြိုးစားကြိုးစား ၎င်းအလုပ်များကို ပြီးနိုင်အောင်မတတ်နိုင်ပါ။ လုပ်စရာ အလုပ်စာရင်းတွင် တစ်ခုခုကို ကျန်ရှိနေပါမည်။

        အရေးကြီးသည့် အလုပ်များမှာ သင့်ဘဝကို ဖမ်းစားလျက်ရှိပါသည်။အလုပ်တစ်ခုမှတစ်ခု ပြေးပြီးလုပ်လျက်ရှိရာ သင်သည် ဒီလိုပြုလုပ်တာကို အဓိပ္ပါယ်များရှိပါသေးရဲ့လား ဆိုတာကို သင်တွေးမိမှာပဲ။ လုပ်သမျှအလုပ်သည် တာရှည်ခံအကျိုးရှိ နိုင်မည်လား။ ဘဝအသက်တာ ဘယ်လိုများ ဆက်စပ်မှုရှိပါသနည်း။ လုပ်စရာသိပ်ပြီး အရေးကြီးနေသည်များကို လတ်တလောလုပ်ဖို့ လိုအပ်သည်များက ဖယ်ထုတ်နေပါသလား။ သင့်အတွက် အသေးအဖွဲ့ကို ကိစ္စများအရေးပေါ်လုပ်ရန် လိုအပ်နေ၍ သင့်ရဲ့ နေ့ရက်များကို အချိန်ကုန်လွန်စေပါသလား။

        မကြာသေးမီက ကျွန်ုပ်သည် (Los Angeles Times) သတင်းစာတွင်စိတ်ဝင်စားစရာကောင်းသည့် အကြောင်းအရာတစ်ခုကို ဖတ်မိပါသည်။ကော်လံစား စာရေး ဆရာအာရီယားနားဟာဖင်တန်(Arianna Huffington)သည်multitasking အလုပ်မျိုးစုံ တစ်ပြိုင်တည်း လုပ်ကိုင်ခြင်းအကြောင်း ရေးသားခဲ့သည်။ ကျွန်ုပ်တို့ သည် တစ်ရက်ပြီးတစ်ရက် လုပ်ငန်းများကို တစ်ပြိုင်တည်း လုပ်ချင်ကြသည်၊ လုပ်နေကြပါသည်။ အလုပ်နှစ်ခုသုံးခုကို တစ်ပြိုင်တည်း လုပ်ဖို့ကြိုးစားသည်။ ရောက်လာသည့် စာအိတ်ကို ဖွင့်ဖတ်ရင်း ကလေးများနှင့်လည်း စကားပြောသည်။ ညစာ စားလျက်ရှိချိန်တွင် စီအင်အင် (CNN) သတင်းစဉ် နားထောင်ရင်း စကားစမြည်ပြောဖို့ ကြိုးစားသည်။ ကွန်ပျူတာ၊ အီးမေးလ်ဖွင့်ဖတ်ရင်း သူငယ်ချင်းတစ်ဦးနှင့် တယ်လီဖုန်းဖြင့် စကားပြောကာ တစ်ပြိုင်တည်းမှာလည်း ကျွန်ုပ်တို့ အနှစ်သက်ဆုံး အားကစားအဖွဲ့ရဲ့ အောင်မြင်မှု အခြေအနေကိုလည်း လေ့လာမှတ်သားပါသည်။ ကားမောင်းရင်း လွယ်ကူစွာ စားသုံးနိုင်သော နံနက်စာကို စားကာ ရေဒီယိုသတင်း နားထောင်လျက် အိမ်ရှိဇနီးသည်နှင့်လည်း လက်ကိုင်ဖုန်းဖြင့် စကားပြောဖို့ ကြိုးစားသည်။

        တချို့သော သူတို့မှာ အလုပ်မျိုးစုံ တစ်ပြိုင်တည်း လုပ်ကိုင်ခြင်းကိုဘိန်းစွဲသလို လုပ်ကိုင်တတ်သည်။ စာရေးဆရာအာရီယားနားက ကျွန်တော့်သူငယ်ချင်း အချို့တို့သည် ပြဿနာဒါဇင်ဝက်ကို ဖြေရှင်းရင်း ချောက်ကမ်းပါးအစွန်းမှာ လူးလွန့်ရမှ ကျေနပ်မှုရှိသည်။ ပြီးမှ ညအချိန်အိပ်နိုင်ဖို့ အိပ်ဆေးများစားရတော့သည်ဟု ပြောပါ သည်။ မိမိလုပ်ငန်းတို့ကို ဒီလို ရုတ်ရုတ်သဲသဲ လုပ်ကိုင်ရသည့်အတွက် နှလုံးရောဂါရရှိဖို့ လမ်းစပေါ်တော့သည်။ ၁၉၅၈ ခုနှစ် အမျိုးသားဗဟိုကျန်းမာရေးကိန်းဂဏန်း လေ့လာချက်တစ်ရပ်တွင် လေ့လာခဲ့သည့် အလုပ်သမား ၄၀၀၀၀ အနက်ထက်ဝက်တို့မှာ နှစ်ပတ်အတွင်း ဖိအားအလွန်ခံနေရခြင်းမှ အသင့်အတင့်ခံနေရကြောင်း ဖေါ်ပြထားပါသည်။ သိက္ခာရှိလေ့လာရေး အဖွဲ့တစ်ခုရဲ့ တွေ့ရှိချက်မှာ အမေရိကန်နိုင်ငံရှိ အလုပ်သမားလေးပုံတစ်ပုံတို့မှာ သူတို့ရဲ့ အလုပ်ခွင်တွင် ဖိအားခံစားနေရကြောင်း၊ သို့ဖြစ်၍ စုစုပေါင်း စိတ်ဖိစီးမှုခံရသူအရေအတွက်မှာ အလွန်များပြားပါသည်။ ယခုနှစ်အတွင်းမှာ လူဦးရေ ၁၂ဝဝဝဝဝ မှ နှလုံးရောဂါ ဖြင့်တိုက်ခတ်မှု (Heart-Attach) နှင့် နှလုံးနာကျင်မှု (Angina) တို့ကို အမေရိကန်နိုင်ငံတွင်ခံရဖွယ်ရှိသည်။ ၎င်းအနက် ၄၅ဝဝဝဝ တို့မှာ သေဆုံးဖွယ်ရှိသည်။ အမေရိကန်နိုင်ငံ၌ နှလုံးရောဂါသည် နံပါတ်တစ် သေဆုံးနိုင်သော ရောဂါအဖြစ် ရပ်တည်နေသေးသည်။

        နှလုံးရောဂါဖြစ်ရခြင်းအဓိက အကြောင်းရင်းမှာ စိတ်ဖိစီးမှုဖြစ်ပါသည်။ ဘာမဆို အမြဲတမ်း သုတ်သီးသုတ်ပျာဖြစ်ခြင်း၊ အလျင်စလို မစောင့်ဆိုင်းနိုင်ခြင်း၊ စိတ်ကျဉ်းကျပ်ခြင်းနှင့်သူများထက်သာအောင် လုပ်တတ်စမြဲရှိသည့် ပုဂ္ဂိုလ်များသည် နှလုံးရောဂါသားကောင်များဖြစ်ကြသည်။ ဒေါက်တာရေးရိုဆန်နှင့် ဒေါက်တာမေယာဖရိဒ်မင်း တို့က ‘အေအမျိုးအစား အရည်အသွေးရှိ သူပုဂ္ဂိုလ်များ သတ်မှတ်ပေးပါသည်။ ဒီပုဂ္ဂိုလ်အမျိုးအစားတို့မှာရည်မှန်းချက်ကြီးသူများဖြစ်ကြသည်။ အချိန်ကို အကျိုးရှိအောင် အသုံးချဖို့ ဆန္ဒစောခြင်း၊ အများထက်သာအောင် ကြိုးပမ်းပြီး ဘယ်တော့မှ ကျေနပ်မှုမရှိသည့်အတွက် အမြဲလိုလို စိတ်ဖိစီးမှု ရှိပါသည်။ အသက် ၆ဝ အောက် နှလုံးရောဂါဖြစ်သူ ၉ဝ ရာခိုင်နှုန်းတို့မှာ ‘အေအမျိုးအစား နှလုံးရောဂါသည်များဖြစ်ကြ သည်။

        ၂၀၀၈ခုနစ်၊ ဇန်နဝါရီလ () ရက် (MSNMC) အထူးဆေးဖက်ဆိုင်ရာ အစီရင်ခံစာတွင် သုတေသနပြုသူများက အလွန်အကျွံ စိတ်စိုးရိမ်မှုသည် နှလုံးရောဂါဖြစ်ဖို့ မြင့်မားလာစေပါသည်။ အထူးသဖြင့် ယောက်ျားများအတွက် ပိုမိုဖြစ်နိုင်စွမ်းရှိသည်။ နယူးယောက်တက္ကသိုလ်ဆေးကျောင်းမှ ဒေါက်တာနီကာဂိုလ်ဘာရီက ပြောသည်မှာ နှလုံးနှင့် ဦးနှောက်တို့မှာ ဆက်စပ်မှုရှိပါသည် သူ၍ပင်၊ သူမသည် ဆက်လက်၍ ပြောသည်မှာ “ဆရာဝန်များသည် အဆီကော်လက်စထရောနှင့်သွေးတိုးရောဂါအတွက် ဆေးပေးကုသရုံဖြင့် မလုံလောက်ဘဲ စိတ်ပိုင်းဆိုင်ရာ လူနာဦးနှောက်ထဲဝင်ကြည့်ဖို့လိုပါသည်။ တောင်ကယ်လိုဖိုးနီးယား တက္ကသိုလ်က ဒေါက်တာဘင်ယင်ဂျမ်းရှင်းက နှလုံးကျန်းမာရေးနှင့်အသက်ကြီးရင့်လာခြင်းအကြောင်း လေ့လာချက်တွင် အေးအေးဆေးဆေး သွားလာလှုပ်ရှားသူနှင့် စာလျှင် အလွန်အမင်းစိုးရိမ်ကြောင့်ကြမှု ရှိသူများသည် ၃၀-၄၀% ထိ နှလုံးရောဂါ ဖြစ်တတ်ကြောင်း ဆိုပါသည်။

 

နိုင်လွန်မင်းထက် အရေးကြီးသည်များမှ ရုန်းထွက်ခြင်း

        အလွန်အမင်း အရေးကြီးသည်ဟု ယူဆရသော လုပ်ငန်းများမှရုန်းထွက်ပြီး အမှန်တကယ် လိုအပ်သည့်အရာများကို ကျွန်ုပ်တို့ဘဝထဲသို့အလယ်ဗဟို ပြန်လည်ထားနိုင်ဖို့ နည်းလမ်းမရှိတော့ဘူးလား။ ဘဝမှာအမှန်တကယ် လိုအပ်သည်များကို ပြန်လည်ရှင်သန်နိုင်ဖို့ မပြုလုပ်နိုင်ဘူးလား။ ကမ္ဘာကြီးက ပို၍ပို၍ မြန်အောင် လည်ပတ်လှုပ်ရှားနေလျှင် စည်းဘောင်ကို ဘယ်လိုထားရှိနိုင်မည်နည်း။ သင်သည် တစ်ရက်မှတစ်ရက်သို့ကူးပြောင်းခြင်း၊ တစ်ပတ်မှတစ်ပတ်သို့ ကူးပြောင်းခြင်း၊ တစ်နှစ်မှတစ်နှစ် သို့ ကူးပြောင်းခြင်းတို့သည် မြန်ဆန်လွန်းသည်ဟု ခံစားမိပါသလား။ ဒီလိုမြန်ဆန်စွာ သွားလာလှုပ်ရှားမှုကို နှေးကွေးစေပြီး နွမ်းနယ်သော စိတ်နှလုံးနှင့် ကိုယ်ကာယတို့ကို ဘယ်လိုအနားပေးနိုင်မည်နည်း။

        ကျွန်တော်အကြံပြုချင်သည်ကတော့ ဘုရားသခင်သည် အစပြုနိုင်သော နည်းလမ်းကောင်းကို ပေးထားပြီးဖြစ်ပါသည်။ ဘယ်မှာနယ်နိမိတ် သတ်မှတ်ထားရမည်ကို အချိန်နှင့်အခါဖြင့် သတ်မှတ်ထားပေးပြီး ဖြစ်ပါသည်။ ဒီဟာမှာ မွန်မြတ်သည့် အချိန်စပ်ကြားဖြစ်ပါသည်။ အစ၊ အဆုံးမရှိသော ထာဝရလက္ခဏာဖြစ်ပါသည်။ ဘုရားသခင် သည် ကျွန်ုပ်တို့ကို အနားယူပြီး အားအင်သစ်ဆန်းလာအောင် ဖိတ်ခေါ်ပါသည်။  ငြိမ်းချမ်းမှုကို ဖန်ဆင်းချိန်မှစ၍ ဧဒင်ဥယျာဉ်၌ တွေ့ရှိရပါမည်။

        ဖန်ဆင်းချိန် ခြောက်ရက်ပြီးမြောက်သည့်အခါ ဘုရားသခင်ကဥပုသ်နေ့ကို သတ်မှတ်ပေးပါသည်။ ကမ္ဘာဦးကျမ်း ၂း၁- တွင် “ထိုသို့ကောင်းကင်မြေကြီးနှင့် တကွ၊ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက် ရှိကြ၏။ သတ္တမနေ့ရက်ရောက်လျှင် ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူပြီး၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏။ ထိုသတ္တမနေ့ကို ဘုရားသခင်သည်ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။အကြောင်းမူကား ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည်ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိပ်ဝပ်စွာနေတော်မူ၏ ဟူ၍ ရေးသားထားသည်။ ဘုရားသခင်သည် သတ္တမနေ့၌ နားရန် ရက် ဖန်ဆင်းပေးသည်။ ဥပုသ်နေ့သည် ခုနစ်ရက်တစ်လီ တစ်ပတ်တွင် သန့်ရှင်းသောနယ်နိမိတ်သတ်မှတ်ချက် ဖြစ်ပါသည်။ နေ့ရက်အချိန် စီးဆင်းမှုကို ရပ်တန့်စေပြီး နေ့စဉ်ရုန်းကန်ရမှုကို ခေတ္တအနားပေးခြင်း ဖြစ်ပါသည်။နေ့စဉ်အချိန်လုလုပ်ကိုင်နေရသော လုပ်ငန်းမှရပ်တန့်စေသည်။ ဥပုသ်နေ့သည် ရှုပ်ထွေးပြေးလွှားနေရသော လောကကြီးမှရှောင်ထွက်ပြီး နားနေရန် ရက်မြတ်တစ်ရက်အဖြစ် ဘုရားသခင်ဖန်ဆင်းပေးသည်။ တစ်ပတ်မှာခြောက်ရက်သောဖန်ဆင်းခြင်း နေ့ရက်များမှ သီးသန့်ဖယ်ထုတ်ထားသော အထူးရက်တစ်ရက် ဖြစ်ပါသည်။ တန်ဖိုးအရှိဆုံးအချိန်ဖြစ်ပါသည်။ ဒီနေ့ ရက်မှာ ကျွန်ုပ်တို့နှင့်ဘုရားသခင်စပ်ကြားဆက်ဆံရေးအခြေအနေကို သုံးသပ်ဖို့ အချိန်ဖြစ်ပါသည်။ နောက်ပြီးတော့ ကျွန်ုပ်တို့ဘဝကို ရှုပ်ထွေးစေသည့် အရာအားလုံးတို့ကို ငြင်းပယ်ဖို့အချိန် ဖြစ်ပါသည်။

        လူသားများသည် ဤသန့်ရှင်းသော နေရာအကန့်၊ ဘုရားမှပေးသောနယ်နိမိတ် အထူးလိုအပ်လျက်ရှိပါသည်။ ကမ္ဘာကြီးသည် ခါတိုင်းထက် ပိုရှုပ်ထွေးသည်၊ ပို ဆူညံသည်၊ ပိုမိုပြင်းထန်ပြီး လူတွေရဲ့ ဂရုစိုက်မှုကို ပိုမိုတောင်းဆိုလျက်ရှိပါသည်။ သို့ဖြစ်၍ ဥပုသ်နေ့သည် ဤတောင်းဆိုမှုကြီးမားခြင်းရဲ့ လောင်ကျွမ်းမှုမှ ကာကွယ်ပေးနိုင်မည်။ 

        ရာဘီဒေးဗစ်ဝပ်က ရဟူဒီကျမ်းတတ်ဆရာရဲ့ မှတ်သားချက်တစ်ခုမှာ “ခေတ်သစ်ကမ္ဘာကြီးသည် အသံထွက်သည့်အခါ တီးတိုးစွာ အသံမထွက်ပါ။ မြို့ပြကြီးများတွေဟာ ထွက်ပေါက်မရှိသည့် ဈေးတန်းကြီးများရှိသည့်လမ်းများနှင့် တူပါသည်။ အရေးကြီးသည့် အသံဗလံများ၊ မီးရောက်ထွန်းဆိုင်းဘုတ်များနှင့် မီဒီယာရုပ်ပုံလွှာများဖြင့် ကျွန်ုပ်တို့ကို ဝန်းရံထားပါသည်။ ကျွန်ုပ်တို့ ပြည့်လျှံလွန်း၍ ဖိအားများသည့် ဘဝအသက်တာသည် အနားယူဖို့လိုပါသည်။ အကြောင်းအရာအမျိုးမျိုးရဲ့ရိုက်ခတ်မှုမှ သက်သာမှုလိုအပ်ပြီး ဘုရားသခင်နှင့် အဓိပ္ပါယ်ရှိသည့် ပျော်ရွှင်ဆက်ဆံရေးလိုအပ်ပါသည်။

        ဘာသာရေးသမိုင်းတစ်လျှောက်လုံးတွင် ဥပုသ်နေ့သည် အနှိုင်းမဲ့ဖြစ်ပါသည်။ ကမ္ဘာကြီးရဲ့ အခြားသော ဘာသာရေးများ၌ သန့်ရှင်းမွန်မြတ်သောအရာအမျိုးမျိုး ရှိကြပါသည်။ လူတွေဟာ ထွက်မြတ်သော နွားများမှအစ သူတော်စင်များရဲ့ ရုပ်ကြွင်း အရိုးစုတို့ကို သန့်ရှင်းမွန်မြတ်ကြောင်း ယူဆကြသည်။ ရုပ်တုအမျိုးမျိုး ကိုးကွယ်ကြပါသည်။ နောက်ပြီး ကမ္ဘာ့သမိုင်းတွင် သန့်ရှင်းမွန်မြတ်သည့် နေရာအများအပြား ရှိကြသည်။ ဟိန္ဒူဘာသာဝင်တို့သည် မိုင်ထောင်ပေါင်းများစွာ ခရီးသွားပြီးမြင့်မြတ်သည့် ဂင်္ဂါမြစ်တွင် ရေချိုးရသည်။ မွတ်ဆလင်ဘာသာဝင်တို့သည် ဝေးလံသည့် သန့်ရှင်းမွန်မြတ်သော မက္ကာမြို့သို့ ဘုရားဖူးခရီးဆန့်ခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓဘုရား မဂ်ဖိုရသောနေရာကို အမြတ်တနိုးထားကြသည်။ အချို့ခရစ်ယာန်များမှာ ရောမမြို့ (သို့တည်းမဟုတ်) ယေရုရှလင်မြို့သို့ သွားကြပြီး သန့်ရှင်းမွန်မြတ်သည့် အတွေ့ကြုံခံစားဖို့ ဖြစ်ပါသည်။

        သို့ရာတွင် သမ္မာကျမ်းစာ၌ အနှိုင်းမဲ့သန့်ရှင်းမွန်မြတ်မှု သဘောတရားကို အချိန်အခါ၌ တည်ရှိကြောင်း တွေ့ရပါသည်။ သတ္တမနေ့ကို ဘုရားသခင် ကောင်းချီးမင်္ဂလာပေးပြီး သန့်ရှင်းစေပါသည်။ ဥပုသ်နေ့ကို ဘုရားသခင်ဖန်ဆင်းပေးပြီး လူသားများကို ကောင်းချီးမင်္ဂလာပေးနိုင်ဖို့ ဖြစ်ပါသည်။ သို့ရာတွင် နေရာတစ်ခုတည်းတွင် မသတ်မှတ်ပေးပါ။ ခရီးရှည်သွားရမှ ဘုရားသခင်ရဲ့ မွန်မြတ်သည့် နေရာ ဒေသသို့ရောက်နိုင်မည်မဟုတ်ဘဲ ဥပုသ်နေ့တိုင်းတွင် ကောင်းကင်သည် မြေကြီးသို့သက်ဆင်းထိ တွေ့ပါသည်။ ဘုရားသခင်ရဲ့ ထာဝရအချိန်အခါသည် ကောင်းကင်မှသက်ဆင်းလာပါသည်။ သူ့ရဲ့ သန့်ရှင်းမွန်မြတ်သည့် အချိန်အခါ သတ်မှတ်ချက်သည် လူသားတိုင်းအတွက် ချဉ်းကပ်မှုပြုနိုင်သည်။ ဘုရားသခင်ရဲ့ နာမတော်ဖြင့် အနားယူနိုင်သည်။ ဤကိစ္စများမြောင်သည့်ကမ္ဘာကြီးမှ မွန်မြတ်သည့် အချိန်အကန့် တစ်ခုဖြစ်ပါသည်။ စကြဝဠာအရှင်သခင်သည် ဘဝရဲ့ အပြိုင်အဆိုင်များထားခဲ့ပြီး အရှင်သခင်ရဲ့ နန်းတော် သို့ ဝင်ရောက်ပါရန် ဖိတ်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။

        ကျွန်ုပ်တို့နေ့စဉ် ကုန်းရုန်းနေရသော လောကီအလုပ်၊ ကျွန်ဘဝမှ လွတ်လပ်မှုရရှိပြီး ကောင်းကင်နယ်ပယ်သို့ ချဉ်းကပ်ဖို့ အခွင့်အရေးရပါသည်။ ဆာလံဆရာများနည်းတူ သီဆိုနိုင်သည်မှာ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ (ဆာလံ ၁၁၈း၂၄)

        “အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ယာတော်နားမှာ အစဉ်အမြဲပျော်မွေ့ခြင်း အခွင့်ရှိပါ၏ (ဆာလံ ၁၆း၁၂) ဥပုသ်နေ့သည် ကောင်းကင်ဘုံမှ မွန်မြတ်သည့် ဖိတ်ကြားချက်အဖြစ် ဖန်ဆင်းရှင်ရဲ့ အထံတော်ပါး၌ အနားရခြင်း၊ ငြိမ်သက်မှုရှိခြင်းနှင့်ပျော်ရွှင်ခြင်း ဆုကျေးဇူးရရှိဖို့ ဖြစ်ပါသည်။ ဟိုပြေးသည် ပြေးခြင်းမှ ရပ်တန့်ပြီး နားနေဖို့ဖိတ်ခေါ်ချက်ဖြစ်ပါသည်။ ဘယ်အရာများကိုမှ အလေးထားသင့်သည်ကိုကောင်းကင်ဘုံမှ တောင်းဆိုမှုပြုပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့၍ သူပိုင်ဆိုင်ကြောင်း တစ်ပတ်လျှင် တစ်ကြိမ် သတိရအောက်မေ့ဖို့ ဖြစ်ပါသည်။ ဥပုသ်နေ့သည် ကျွန်ုပ်တို့ရဲ့ ဇာစ်မြစ်ကို ဖော်ညွှန်းပြီး ဘုရားသခင်နှင့် အဓိပ္ပါယ်ရှိသည့် ဆက်ဆံမှုအသစ်ကို ဖိတ်ခေါ်နေပါသည်။

 

ဝိညာဉ်ရေးရာနှင့် ကျမ်းမာရေး

        ဥပုသ်နေ့နားရက်သည် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် မိသားစုတို့ရဲ့ဆက်ဆံရေးအား အသစ်တစ်ဖန် ဂဟေဆက်ပေးပါသည်။ ကျွန်ုပ်တို့ စိတ်ဦးနှောက်ပိုင်းနှင့် ကိုယ်ကာယပိုင်းကို အားပြန်လည် ဖြည့်တင်းပေးပါသည်။ ဘုရားသခင်ကတိပြုခဲ့သည်မှာ ထိုသို့ပြုသောသူ၊ အမြဲစွဲလမ်းသောလူသားသည် ဥပုသ်နေ့ကို မရှုပ်ချ၊ စောင့်ရှောက်၍ မိမိလက်ကို ဒုစရိုက်နှင့် ကင်းစင်သူသည် မင်္ဂလာရှိ၏ (ဟေရှာယ ၅၆း၂) ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ အချိန်ဖယ်ထားသောသူကို ဘုရားသခင်က အထူးကောင်းချီး မင်္ဂလာပေးကမ်းပါမည်။ များမကြာမီက ပြုလုပ်ခဲ့သည့် ဘာသာရေးနှင့်ကျန်းမာရေး သိပ္ပံလေ့လာချက်တွင် ဘုရားသခင်ကတိပြုချက်သည် အမှန်တကယ် စစ်မှန်ကြောင်းဖော်ညွှန်းပါသည်။ (The International Journal of Psychitry in Medicine) စိတ်ပိုင်းဆိုင်ရာ ဆေးကျမ်းစာစောင်တွင် ထိုစိတ်ဝင်စားစရာကောင်းသည့် တွေ့ရှိချက်ကို ဖော်ပြထားပါသည်။ ဘာသာရေးလှုပ်ရှားမှုနှင့်သွေးတိုးနှုန်း ဆက်စပ်မှုတို့ကို သက်ကြီးရွယ်အို လူနာ ၄ဝဝဝ တို့အား ခြောက်နှစ်ကာလအတွင်း လေ့လာစစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။ လေ့လာချက်တွင် ဘာသာရေးဝတ်ပြုကိုးကွယ်မှုကို တစ်ပတ်လျှင် တစ်ကြိမ်နှင့်အထက်တက်ရောက်သူများ၊ တစ်နေ့လျှင် တစ်ကြိမ်နှင့်အထက် ဆုတောင်းခြင်းသော်လည်းကောင်း၊ ကျမ်းစာဖတ်ခြင်းသော်လည်းကောင်း၊ ပြုလုပ်သောသူတို့သည် ဤထက် ဘာသာရေးလှုပ်ရှားမှု မပြုလုပ်သောသူများနှင့်စာလျှင် သူတို့ရဲ့ သွေးတိုးနှလုံး ဖိနှုန်းသည် ၄၀% လျော့နည်းပါသည်။ (အသက်၊ အမျိုးသမီး၊ အမျိုးသားဖြစ်ခြင်း၊ လူမျိုး၊ ဆေးလိပ်သောက် မသောက်၊ ဖြစ်သည့် ရောဂါဆိုးအခြေအနေနှင့် ကိုယ်ကာယအလေးချိန်တို့ကို ညှိနှိုင်းမှုပြုပြီးသည့် အချိန်အခြေအနေ) တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဝတ်ပြုကိုးကွယ်မှုသည် ကျမ်းမာရေးအတွက် ကောင်းကျိုးပေးပါသည်။ အခြားသောလေ့လာချက်များတွင်လည်း ဝတ်ပြုကိုးကွယ်ခြင်း အတွေ့အကြုံကြောင့်သွေးတိုးမှု လျော့ကျခြင်း၊ ခြေလက်ကိုက်ခဲသည့် ရောဂါလျော့နည်းသွားခြင်းနှင့် နှလုံးရောဂါဖြစ်ဖို့ အန္တရာယ်လျော့နည်းစေကြောင်း တွေ့ရှိခဲ့ပါသည်။ 

        ဥပုသ်နေ့သည် စောင့်ထိန်းရန် တရားဥပဒေသတ်မှတ်ချက်မဟုတ်ပါ။ ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းတစ်လျှောက်လုံးတွင် ဥပုသ်နေ့ကို ကျွန်ုပ်တို့အားချစ်မြတ်နိုးသည့် ဖန်ဆင်းရှင်က လက်ဆောင်မွန်အဖြစ် ပေးသနားခြင်းဖြစ်ပါသည်။ ဖန်ဆင်းခြင်းနေ့ရက်တွင် ဖန်ဆင်းရှင်အား ဝတ်ပြုကိုးကွယ်သည့်အခါ ကျွန်ုပ်တို့ပြန်လည်လန်းဆန်းပြီး အားအင်တစ်ဖန်ပြန်လည်ပြည့်ဝလာပါတော့သည်။

 

ဥပုသ်နေ့ဆုမင်္ဂလာများ

        ဥပုသ်နေ့သည် ဆုမင်္ဂလာများသော နေ့တစ်နေ့ပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ဓမ္မဟောင်းကျမ်းပုရောဖက်များသည် လူများကို ဖန်ဆင်းရှင်ဘုရားသခင်၊ ဥပဒေကိုပေးသော အရှင်သခင်၊ ကယ်တင်ခြင်းကို ပေးသောဘုရားသခင်ထံတော်ပါးသို့ ပြန်လာရန် အမြဲခေါ်ဖိတ်ပါသည်။ ဓမ္မဟောင်းကျမ်း ပုရောဖက်များ ထပ်ခါတလဲလဲ သတိပေးချက်အချို့မှာ “ဥပုသ်နေ့၌ ဝန်ကို မထမ်းရွက်၊ ယေရုရှလင်မြို့တံခါးမှ မဆောင်သွင်းဖို့ သတိပြုကြလော့ (ယေရမိ ၁၇း၂၁၊ ၂၂)

        ပုရောဖက်ယေရမိသည် ကျွန်ုပ်တို့အားလုံးရင်ဆိုင်ရမည့် အန္တရာယ်အကြောင်းကို ပြောပြနေပါသည်။ သူနေခဲ့သည့်အချိန်နှင့်ပတ်သက်သည့်ပြဿနာ အကြောင်းပြောခြင်းဖြစ်သော်လည်း ယနေ့ ကျွန်ုပ်တို့ခေတ်နှင့်လည်း ဆက်စပ်ပတ် သက်မှုရှိပါသည်။ ထိုအချိန် ထိုအခါ၌ သက်ရှိလူသားများအတွက်သာမကဘဲ ယနေ့ နှစ်ဆယ့်တစ်ရာစု လူသားများနှင့်လည်းပတ်သက်မှုရှိပါသည်။ ဤပြဿနာမှာ အမြဲတောက်လျှောက် အလုပ်လုပ်ခြင်းသည် ဝိညာဉ်ရေးကို ညှစ်ထုတ်လိုက်သလို ဖြစ်ပါသည်။ ငွေနောက်သို့ လိုက်ပြေးခြင်းသည် အချိန်အားလုံးကုန်ခန်းစေပါသည်။ ပစ္စည်းအတွက် ရှာဖွေခြင်းသည် ထာဝရအရာများကို တွန်းဖယ်လိုက်သလို ဖြစ်သည်။ဤလို အခြေအနေများသည် ယေရမိရဲ့ ယေရုရှလင်အချိန်အခါမှာ ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့ အချိန်အခါမှာလည်း ဖြစ်ပျက်နေပါသည်။ ကျွန်ုပ်တို့အိမ်မှာ၊ ကျွန်ုပ်တို့အလုပ်ဌာနမှာ၊ ကျွန်ုပ်တို့ မြို့ပြတွေမှာ ဖြစ်နေပါသည်။ သို့ဖြစ်၍ ဘုရားသခင်က ကျွန်ုပ်တို့အား ဥပုသ်နေ့အားဖြင့် အလေးထားရမည့်အရာများသို့  ပြန်လည်ခေါ်ဆောင်ပါသည်။ ပစ္စည်းလုံခြုံလောက်မှုရှိအောင် နောက်သို့လိုက်ခြင်းသည် အမှန်တကယ် အရေးကြီးလိုအပ်ချက်များကို မလွှမ်းမိုးစေနှင့်။

        ပုရောဖက်ဟေရှာယသည်လည်း ဤကဲ့သို့ပင်သတိပေးပါသည်။ ဣသရေလလူမျိုးတို့သည် ကျမ်းစာပါဥပုသ်နေ့ကို လျစ်လျူရှုလျက်ရှိနေသည်။ မိစ္ဆာဒိဋ္ဌိအယူဝါဒ ယဉ်ကျေးမှုများနှင့် ဆက်ဆံနေကြသဖြင့်ထာဝရဘုရားသခင်၏ နေ့ထူးနေ့မြတ်ကို ဂရုမစိုက်ဘဲ ရှိကြသည်။ ဟေရှာယ အခန်းကြီး ၅၈ တွင် ဘုရားသခင်က သူတို့ကို မိမိတို့ရဲ့ ယုံကြည်ချက်ကို အသစ်တစ်ဖန်ပြန်လည်တည်ဆောက်ဖို့ ခေါ်နေပါသည်။ သူတို့ကိုဝိညာဉ်ရေးရာတန်ဖိုးထားတတ်ဖို့ ဖိတ်ခေါ်နေပါသည်။ ခေတ်အဆက်ဆက်၊ မျိုးအဆက်ဆက်ရဲ့ အုတ်မြစ်ကို ပြန်လည်တည်ဆောက်ပြုပြင်ဖို့ ခေါ်နေပါသည်။ ဘုရားသခင်က ငါ့ကို ကိုးစားသောသူမူကား၊ပြည်တော်ကိုပိုင်၍ ငါ၏သန့်ရှင်းသောတောင်ကို အမွေခံရလိမ့်မည်။ ထိုအခါ မြေကိုဖို့ကြ၊ မြေကိုဖို့ကြ ငါ့လူတို့၏ လမ်းခရီး၌ အဆီးအတားမရှိစေနှင့်ဟုငါပြောဆိုရ၏ဟုမြွက်ဆို၏။ (ဟေရှာယ၊ ၅၈း၁၂-၁၄)

        ယုံကြည်ခြင်းကို ပြန်လည်တည်ဆောက်သူများသည် ပြိုလဲနေသော မြို့ရိုးပြုပြင်သူများ ဟု ခေါ်တွင်သည်ကို တွေ့ရပါသည်။ ဘုရားသခင်ရဲ့လူများကို ကာကွယ်တည်ဆောက်ထားသည့် မြို့ရိုးပေါက်သွားခဲ့ပါသည်။ဥပုသ်နေ့သည် အကွယ်အကာပေးသည့် နယ်နိမိတ်မြို့ရိုးပင်ဖြစ်ပါသည်။ ဘုရားသခင်က ပြုလုပ်ပေးသော စည်းဝိုင်းလုံခြုံ သည့် နေရာဖြစ်ပါသည်။ ဥပုသ်နေ့သည် ဘုရားသခင်ရဲ့ ချစ်မြတ်နိုးခြင်းအကာအကွယ် စောင့်ရှောက်မှုကို တစ်ပတ်တစ်ကြိမ်ခံစားနိုင်ဖို့ ဖြစ်ပါသည်။

        ဥပုသ်နေ့တွင် ဖန်ဆင်းရှင်ရဲ့ ကောင်းမြတ်ခြင်းကို စဉ်းစားနိုင်ဖို့ အချိန်ဖြစ်ပါသည်။ ဘဝရဲ့ အမှန်တရားအဓိပ္ပါယ်ကို အာရုံပြုနိုင်သည်။ ပုရောဖက်ဟေရှာယ ပြောလိုက်ပါသေးသည်။ ဥပုသ်နေ့ကို စောင့်ထိန်းသောသူတို့အား စကြဝဠာအရှင်သခင် ဖန်ဆင်းရှင်က ကမ္ဘာအထက်နေရာများ၌ စိုးစံခွင့်ပေးမည်ဖြစ်ကြောင်း ကတိတော်ပေးခဲ့သည်။ ဥပုသ်နေ့ကိုစောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင်ရဲ့ လူတို့သည် ကာယအားဖြင့်သော်လည်းကောင်း၊ ဉာဏ်အားဖြင့်လည်းကောင်း၊ ဝိညာဉ်ရေးအားဖြင့်သော်လည်းကောင်း၊ လူမှုအဖွဲ့အစည်းများ၌သော်လည်းကောင်း အဖက်ဖက်မှာ ကြီးပွားတိုးတက်မည် ဖြစ်ပါသည်။

        ဓမ္မသစ်ကျမ်းများတွင် ယေရှုခရစ်သည် အခြားသောရက်များနှင့်စာလျှင် ဥပုသ်နေ့များတွင် အံ့ဖွယ်သောကုသရေးအမှုတို့ကို ဆောင်ရွက်ခဲ့ပါသည်။ တစ်ဆယ့်ရှစ်နှစ်လုံးလုံး နတ်ဆိုးစွဲ၍ ဖျားနာခဲ့သည့် မိန်းမတစ်ဦးကို ရောဂါပျောက်ကင်းစေသည် (လုကာ၊ ၁၃း၁၀-၁၂) မျက်စိကန်းနေသူတစ်ဦးကို ဥပုသ်နေ့မှာ မျက်စိအလင်းပြန်ရစေသည် (ယောဟန် ၉း၁-၁၂) သူသည် သိမ်းသွားသည့်လက်များ၊ အကြောသေသူများ၊ သေလုမြောပါး ကလေးများတို့ကို ဥပုသ်နေ့မှာ ပျောက်ကင်းစေသည်။ သူ၏ အထူးခြား ဆုံး အံ့ဖွယ်အမှုသည် ၃၈ နှစ်လုံးလုံး ခြေလက်မသန်စွမ်းရောဂါကြောင့် မထနိုင်သည့် လူနာတစ်ဦးကို ဗေသေသဒရေကန်၌ ဥပုသ်နေ့တွင် ပျောက်ကင်းစေပါသည်။

        ဥပုသ်နေ့မှာ ပြုလုပ်ခဲ့သည့် အံ့ဖွယ်အမှုများသည် ယေရှုခရစ်နှင့် ဥပုသ်အကြောင်း ဘာကိုဆိုလိုချင်သနည်း။ မိမိ၏ သားသမီးတို့ကို ပြည့်ဝလျှံပယ်သည့် ဘဝကို ပေးသနားလိုသည့် ခရစ်တော်အကြောင်း ပြောပြခြင်းဖြစ်ပါသည်။ ဥပုသ်နေ့တိုင်း ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ရဲ့ ဘဝကိုအသစ်တစ်ဖန် ပြုပြင်ပေးနေသည်။ ခုနစ်ရက်တိုင်း ဘဝပြည့်ဝမှု ပြန်လည်ရရှိအောင် ပေးသနားသည်။ ကျွန်ုပ်တို့ကို ဖန်ဆင်းပေးသူသည်ကျွန်ုပ်တို့အား ကာယ၊ ဉာာဏနှင့် ဝိညာဉ်းရေးဘက်၌ ပြည့်ဝစုံလင်အောင်ဖြစ်စေချင်ပါသည်။

        ဥပုသ်နေ့သည် ယေရှုခရစ်အတွက် ကုသမှုရက်ဖြစ်ပါသည်။ ဒီလိုအချိန်မှာ သူ့ကို မှီခိုအားထားနားနေမှု ရရှိပါသည်။ ယေရှုခရစ်သည်လူသားတို့ကို ဖိအားများ၍ မနိုင်သည့်ဝန်မှ လွန်မြောက်စေချင်သည်။ဥပုသ်နေ့နှင့် သက်ဆိုင်သည့်အကြောင်းအရာတို့ကို သူ့အားပြစ်တင်ကဲ့ရဲ့သူတို့အား ပြန်လည်ချေပရာ၌ သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏ (မာကု ၂း၂၇၊ ၂၈)

        ယေရှုခရစ်သည် ကိန်းခန်းများခြင်းနှင့် ဥပဒေသတ်မှတ်ချက်များကိုရှောင်ရှားပြီး နိုင်ငံတော်သွားရာလမ်းသို့ ပိုမိုကောင်းမွန်သည့် လမ်းကိုပြသပါသည်။ သူသည် ဥပုသ်နေ့ရဲ့သခင်ဖြစ်ကြောင်းကို ကြေညာပါသည်။ ဒီဟာမှာ အထူးပင်ထူးခြားချက် တစ်ရပ်ဖြစ်ပါသည်။ အချို့လူတို့သည်ဥပုသ်နေ့ကို ဓမ္မဟောင်းကျမ်းရဲ့ ကျင့်ဝတ်အဖြစ်ယူဆပြီး တရားဥပဒေနှင့်သာသက်ဆိုင်ကြောင်းထင်သူများကို ယေရှုခရစ်က သူသည် ဥပုသ်နေ့ရဲ့ အရှင်သခင်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူပြောခဲ့သည်မှာ ဥပုသ်နေ့သည် လူအဖို့ဖြစ်၏။ ဥပုသ်နေ့သည် ကျွန်ုပ်တို့ကို ကောင်းချီးမင်္ဂလာပေးဖို့နှင့် ကျွန်ုပ်တို့ကို အကျိုးပြုဖို့ ဖြစ်ပါသည်။ အခြားဘာသာရေးတာဝန် တစ်ခုမျှသာမဟုတ်ဘဲ ခက်ခဲသည့် ဝန်ထုပ်ဝန်ပိုးမဟုတ်ပါ။ ဓမ္မသစ်ချိန်ဥပုသ်နေ့သည် ကရုဏာကျေးဇူး ခံစားရာနေရာနှင့် နားနေရာဖြစ်သည်။ဥပုသ်နေ့သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့စပ်ကြား ဆက်ဆံရေးကို ပဋိညာဉ်အသစ်တစ်ဖန် ပြန်လည်ပြုလုပ်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ်တို့၏ ဗဟိုအချက်အချာဖြစ်ကြောင်း တွေ့နိုင်သော နေရာဖြစ် သည်။

        ဟေဗြဲအခန်းကြီး  တွင် သမ္မာကျမ်းစာရေးသူသည် ပညတ်တော်လေးချက်မြောက်ကို သတ္တမနေ့ကို သန့်ရှင်းအောင် စောင့်ထိန်းဖို့ အမိန့်တော်ပေးခဲ့ပါသည်။ ကျမ်းစာဖတ်သူများကို ဘုရားသခင်သည်မိမိအမှုအရာအလုံးစုံတို့ကို ပြီးစီး၍ ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏ ဟူ၍ သတိရရန် အသိပေးပါသည် (ဟေဗြဲ ၄း၄) နောက်အခန်းငယ် အနည်းငယ်မှာ ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည်နည်းတူ၊ ထိုချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏ (ဟေဗြဲ ၄း၉၊၁ဝ) ဒီကျမ်းပိုဒ်တွေဟာ ကျွန်ုပ်တို့ကို ဘာတွေပြောပြချင်ပါသနည်း။ ကျွန်ုပ်တို့ကို အလုပ်အကိုင်မှ နားနေနိုင်ကြောင်း ဆိုလိုပါသည်။ပို၍ပို၍အများကြီးရအောင် စေစားမှုရဲ့ ဖိအားမှ နားနေဖို့ အခွင့်အရေးရှိသည်။

        ကျွန်ုပ်တို့ကို ချစ်မြတ်နိုးသည့် ဖန်ဆင်းရှင်၏ စောင့်ထိန်းမှုဖြင့်အနားယူနိုင်သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းလုပ်ငန်းနှင့် ကယ်နုတ်ခြင်း လုပ်ငန်းပြီးစီးသည့်အတွက် နားနေနိုင်ပါသည်။ ကျွန်ုပ်တို့သည် တစ်စစပြောင်းလဲလာခြင်း မဟုတ်ဘဲ ဘုရားသခင်က အချိန်အကန့်အသတ်တစ်ပိုင်းတွင် ဖန်ဆင်းခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့သည့်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အထူးလူသားများ ဖြစ်ကြသည်။ ကျွန်ုပ်တို့ကို ဖန်ဆင်းသည်မကဘဲ ကျွန်ုပ်တို့ကို ရွေးနုတ် ကယ်တင်ခဲ့ပါသည်။ ဘုရားသခင်ရဲ့ သားတော် ကားစင်တင်ခံရ၍ ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်း ရရှိခဲ့ပါသည်။ ကောင်းမှုကုသိုလ်ပြုပြီးမှ ဒီဆုကျေးဇူးကိုရရှိခြင်း မဟုတ်ဘဲ လက်ခံယူဖို့သာ ဖြစ်ပါသည်။ အပတ်စဉ် ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် စိတ်ချယုံကြည်မှုရှိပြီး ဖန်ဆင်းရှင်၌ခိုလှုံမှု ရရှိနိုင်ပါသည်။

        ဥပုသ်နေ့သည် ဖန်ဆင်းရှင်ရဲ့ ရှေ့မှောက်တွင် ကျွန်ုပ်တို့ရဲ့ အမှန်တန်ဖိုးကို သိနိုင်သည်။ ကျွန်ုပ်တို့ရဲ့အခြေအမြစ်ကို ဘုရားသခင်၌ ရှာတွေ့နိုင်ပါသည်။ ကျွန်ုပ်တို့သည် အရိုးကို ဖုံးအုပ်နေသည့် အရေပြားသာမကဘဲ ဖန်ဆင်းရှင်၏ မျက်မှောက်တွင် တန်ဖိုးရှိသူများဖြစ်ကြသည်။ မျိုးဗီဇ တစ်စစပြောင်းလဲလာခြင်း မဟုတ်ဘဲ ဘုရားသခင်ရဲ့သားသမီးများ ဖြစ်ကြပါသည်။ အပတ်စဉ်ဥပုသ်နေ့၌ ဝတ်ပြုကိုးကွယ်မှုဖြင့် ကျွန်ုပ်တို့ ဘယ်ကလာခဲ့သလဲ၊ ဘာကြောင့် ရှင်သန်တည်ရှိရသည်ကို အမြဲသတိရအောက်မေ့စေပါသည်။ ဥပုသ်နေ့ဝတ်ပြုကိုးကွယ်ခြင်းအားဖြင့် ဘဝရည်ရွယ်ချက် အစစ်အမှန်ကို သိရှိနိုင်ပြီး ဖန်ဆင်းရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းနိုင်ပါမည်။

        ဥပုသ်နေ့သည် နားနေမှုကို သခင်ယေရှုထံမှ ရရှိနိုင်ခြင်း၊ ဖန်ဆင်းခြင်းသည် ကျွန်ုပ်တို့ အလုပ်မဟုတ်၊ ကယ်တင်ခြင်းသည်လည်း ရယူအောင်မလုပ်နိုင်ပါ။ ကျွန်ုပ်တို့အတွက် အသေခံသည့် ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရပါသည်။ ဥပုသ်နေ့သည် အလုပ်လုပ်ရန်မဟုတ် နားနေရမည့်နေ့ ဖြစ်ပါသည်။ အပြစ်များဖြင့် ပြည့်နှက်သည့် ကျွန်ုပ်တို့ရဲ့ဝိညာဉ်ကို ဥပုသ်နေ့၌ နားနေခြင်းဖြင့် ကယ်တင်ခြင်း ရယူနိုင်သည်ကို ကျေးဇူးထောမနာပြုနိုင်သည်။ 

        သွားလာလှုပ်ရှားမှု မြန်ဆန်နေသည့် ကမ္ဘာကြီးအတွက် ဥပုသ်နေ့သည် ဘုရားသခင်ပေးသနားသည့် နားနေရာရက်ဖြစ်သည်။

 

No comments:

Post a Comment