Tuesday, May 26, 2026

 

အခန်း () အောက်မေ့ရန် ရက်တစ်ရက်

        ၁၉၉၁ ခုနှစ်တွင် သိပ္ပံလေ့လာရေးဂြိုဟ်တု COBE သည် ရာစုနှစ်၏ ထူးခြားသော တွေ့ရှိချက်ကို ပေးဆောင်ခဲ့သည်။ COBE စာသားသည် The Cosmic Background explorer စကြဝဠာ တည်နေပုံရဲ့ နောက်ခံ အနေအထားလေ့လာမှု ဟူ၍ အဓိပ္ပါယ်ရသည်။ နေ၊ လ၊ နက္ခတ် လေ့လာသူများ၊ အာကာသဗေဒ ပညာရှင်များနှင့် စကြဝဠာဗေဒ ပညာရှင်တို့သည် COBE တွေ့ရှိချက်များနှင့် ပတ်သက်၍ အတော်ပင် အံ့အားသင့်ပါသည်။

        အသက်ဖြစ်တည်လာမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စဉ်းစားသည့်အခါ အဖြေနှစ်ခုသာ ထွက်နိုင်သည်။ ရုပ်ပစ္စည်းသည် အစအဆုံးမရှိ၊ အမြဲတည်ရှိခဲ့သည်။ သို့တည်းမဟုတ် ဘုရားသခင်သည် အမြဲတည်ရှိခဲ့သည်။ ဤနှစ်ချက်ကိုပဲ စဉ်းစားရမည်။ တစ်စတစ်စ ပြောင်းလဲခြင်း evolutionist တွေကတော့ ရုပ်ပစ္စည်းသည် အမြဲတည်ရှိခဲ့သည်ဟု ပြောကြသည်။ အစဆိုသည်မှာ မရှိပါ။ သို့ရာတွင် COBE ဂြိုဟ်တု ကရရှိခဲ့သည့် အချက်အလက်များအရ စကြဝဠာသည် အစကနဦး အတိအကျရှိခဲ့ ကြောင်း ဖော်ညွှန်းနေပါသည်။ COBE ဂြိုဟ်တုရဲ့ တိုင်းတာတွက်ချက်မှုအရ ဤအစအဆုံးမရှိ ကျယ်ပြန့်သော စကြဝဠာကြီးတွင် သက်ရှိများရဲ့ အစကနဦး တည်ရှိလာမှုကို လေ့လာရန်ဖြစ်သည်။ COBE ရဲ့ တိုင်းတာတွက်ချက်မှု ရရှိလာသည့်အခါ ကမ္ဘာအနှံ့သိပ္ပံလောကတွင် တုန်လှုပ်ချောက်ချားမှု ရိုက်ခတ်ခဲ့သည်။ တိုင်းတာချက်အရ ရုပ်ပစ္စည်းသည် ထာဝစဉ်အမြဲ မတည်ရှိခဲ့ပါ။ COBE ရရှိသည့် အချက်အလက်များအရ စကြဝဠာသည် အစရှိခဲ့သည်။

        ဒီထူးခြားတွေ့ရှိချက်များနှင့် ပတ်သက်၍ ဒေါက်တာဟာ့ဂ်ရော့စ်ကသူရဲ့ The Creator and the Cosmos ဖန်ဆင်းရှင်နှင့် စကြဝဠာဗေဒစာအုပ်တွင် ရေးသားဖော်ပြခဲ့ပါသည်။ သူရဲ့ ရေးသားချက်မှာ ဤရာစုနှစ်ရဲ့ အထူးခြားဆုံးတွေ့ရှိချက်နှင့် ပတ်သက်၍ ဘုရားသခင်ရှိကြောင်းဖော်ညွှန်းနေပါသည်။ ဒေါက်တာရော့စ်က ဤသို့ပြောသည် COBE ဂြိုဟ်တုရဲ့တိုင်းတာချက်အရ၊ အကယ်၍ စကြဝဠာကြီး အစရှိခဲ့သော် တိုင်းတာမှု၏ အတိုင်းအဆသည် အစရှိသည့် စကြဝဠာ၏ အတိုင်းအဆနှင့် ညီမျှသည်။ ယခင်တုန်းက သိပ္ပံဆရာများသည် စကြဝဠာနှင့် ပတ်သက်၍ စဉ်းစားသည့်အခါ ရုပ်ပစ္စည်းများသည် အစမရှိအတိုင်းအတာ အကန့်အသတ်မရှိကြောင်း ယူဆကြသည်။ COBE ရဲ့ တွေ့ရှိချက်သည် ဤအယူအဆကို စိန်ခေါ်နေပါသည်။

        စကြဝဠာတွင် အစများရှိပါသလား။ အစရှိလျှင် စတင်သူရှိမှာပဲ။ဖန်ဆင်းမှု ရှိခဲ့လျှင် ဖန်ဆင်းရှင်လည်းရှိမှာပဲ၊ ဟုတ်ပါသည်။ သိပ္ပံဆရာများ နောက်တစ်ကျော့ ပြန်ကြည့်ကြသည်။ ထပ်၍ စဉ်းစားကြသည်။ ဘဂ်လီနေလနက္ခတ် လေ့လာသူ သိပ္ပံပညာရှင်တစ်ဦးသည် COBE ဂြိုဟ်တို့နှင့် ပတ်သက်၍ ဤသို့ပြောသည်။ ကျွန်ုပ်တို့တွေ့ရှိခဲ့သည်က စကြဝဠာကြီးသည် စတင်မွေးဖွားလာခဲ့ကြောင်း အထောက်အထား တွေ့ရသည်ဘုရားသခင်ကို ရှုမြင်ရသလိုဖြစ်နေသည်။

        အံ့ဖွယ်သော ဖန်ဆင်းခြင်းနှင့် ပတ်သက်၍ ဘုရားသခင်သည် သူ့ရဲ့လက်ရာကို စကြဝဠာအနှံ့တွင် ထားခဲ့ပါသည်။ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းအမှုကို လေ့လာရှုမြင်သည့် သိပ္ပံဆရာများသည်၊ ဖန်ဆင်းရှင်ရဲ့လက်ရာကို တွေ့မြင်ရသည်။ ဘုရားသခင်ရှိကြောင်းကို အထောက်အထား တွေ့ကြသည်။ ကမ္ဘာကြီးကို ပုံဖော်ခဲ့သည့် ဖန်ဆင်းရှင် ဘုရားသခင်ရှိကြောင်း အထောက်အထား တွေ့ကြသည်။ သမ္မာကျမ်းစာရဲ့ နောက်ဆုံးစာအုပ် ဗျာဒိတ်ကျမ်းသည် နောက်ဆုံးနာရီ အချိန်အခါမှာ နေထိုင်ကြသည့် အမျိုးသမီး၊ အမျိုးသားတို့ကို ခရာမှုတ်သံဖြင့် ဖန်ဆင်းရှင်ဘုရားသခင်ထံသို့ ပြန်လာကြရန် နိုးဆော်ပါသည်။

        ပုရောဖက်ရူပါရုံအားဖြင့် တမန်တော်ရှင်ယောဟန်သည် စကြဝဠာကြီးရဲ့ ပလ္လင်တော်အခန်းကို မြင်ခဲ့ရပါသည်။ ဘုရားသခင်၏ ကောင်းကင်တမန်များသည် သူ့အားဘုရားသခင်ထံတော်ပါးသို့ ဖိတ်ခေါ်ခဲ့သည်။ ကောင်းကင်တမန်ကဤအရပ်သို့ တက်လော့။ နောင်ကာလ၌ ဖြစ်ရမည့်အရာတို့ကို ငါပြမည် (ဗျာဒိတ်၊ ၄း၁)

        ပုရောဖက်ရူပါရုံအားဖြင့် ရှင်ယောဟန်သည် စကြဝဠာကြီးရဲ့ ပလ္လင်ခန်းမသို့ သွားခဲ့ရသည်။ သူသည် ကောင်းကင်သတ္တဝါများ သီဆိုသည့်ကောင်းချီးထောမနာကို ကြားရသည်။ အနန္တတန်ခိုးနှင့် ပြည်စုံ၍ ပစ္စုပ္ပန်၊အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏ (ဗျာဒိတ်၊ ၄း၈)

        “အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသော အရာတို့ကိုဖန်ဆင်းတော်မူပြီ၊ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက် ရှိကြပါ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက်တော်မူ၏ (ဗျာဒိတ် ၄း၁၁)

        ကောင်းကင်မှ အားလုံးသီဆိုကြသည်။ သိပ္ပံဆရာအချို့ မေးခွန်း ထုတ်ချင်မည်။ ပညာရှင် အချို့ သံသယရှိနိုင်မည်။ စာပေကျမ်းဂန်ရှင်များ အံ့အားသင့်မည်။ သို့ရာတွင် ကောင်းကင်အားက သီဆိုနေပါသည်။ကိုယ်တော်သည် ဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက်တော်မူ၏ ဘာကြောင့်နည်း။ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၍ အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက် ရှိကြပါ ၏။ ကျွန်ုပ်တို့သည် သက်ရှိနေထိုင်ခြင်းမှာ ကံသဘောကြောင့် မဟုတ်ပါ။ ဒြပ်မော်လီကြူး မတော်တဆ ပေါင်းစည်းမှုကြောင့် တည်ရှိလာခြင်းမဟုတ်ပါ။ ကလပ်စည်းဒြပ်နှင့် မျိုးဗီဇပေါင်းစည်းမှု ရံဖန်ရံခါရှိခြင်းကြောင်းမဟုတ်ပါ။

        ကျွန်ုပ်တို့သည် ချစ်မြတ်နိုးတတ်သော ဘုရားသခင်က ဖန်ဆင်းခြင်းကြောင့် ဖြစ်ရပါသည်။ သင့်ရဲ့ မိခင်ဝမ်း၌ ကိုယ်ဝန်မတည်ခင်ကတည်းက သင်သည် ဘုရားသခင်၏ ဉာဏ်တော်တွင် တည်ရှိပြီး ဖြစ်ပါသည်။ဘုရားသခင်သည် သင့်အားပုံဖော်သည်၊ ပုံသွင်းသည်၊ ဖန်ဆင်းခဲ့သည်။ဗျာဒိတ်ကျမ်းသည် လူသားတို့အား ဖန်ဆင်းရှင်ကို ကိုးကွယ်ရန် ပြန်ခေါ်နေပါသည်။

        ဗျာဒိတ်ကျမ်းက ဤသို့ကြေညာသည်။ ငါတို့၏ ဘုရားသခင်သည်ကမ္ဘာ အဆက်ဆက်ကောင်းချီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်သရေ၊ တန်ခိုး၊ အစွမ်းသတ္တိရှိတော်မူ စေသတည်း။ အာမင်ဟု ဆိုကြ၏ (ဗျာဒိတ် ၇း၁၂) သူ့ကို ဝတ်ပြုကိုးကွယ်ဖို့ ကောင်းကင်၊မြေကြီး၊ သမုဒ္ဒရာကိုလည်းကောင်း အရပ်ရပ်၌ ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကို (ဗျာဒိတ်၊ ၁၀း၆) ဗျာဒိတ်အခန်းကြီး ၁၀တွင် ကောင်းကင်တမန် တစ်ပါးက ကောင်းကင်မှဆင်းလာပြီး ခြေတစ်ဖက်ကို မြေပေါ်ချပြီး တစ်ဖက်က ပင်လယ်ပေါ်ချပါသည်။ အဓိပ္ပါယ်က အရပ်ရပ်နေရာတိုင်း၌ လူအပေါင်းတို့အတွက် သတင်းယူဆောင်ခြင်း ဖြစ်သည်။ ဖန်ဆင်းရှင်အားဝတ်ပြုပါ ဟူ၍ ဖြစ် သည်။

        အဘယ်ကြောင်း ဘုရားသခင်သည် ဝတ်ပြုကိုးကွယ်ဖို့ ထိုက်ပါသနည်း။

        ဘုရားသခင်အားချီးမွမ်းထောမနာပြုထိုက်သည်မှာ ကျွန်ုပ်တို့ကိုဖန်ဆင်းတော်မူသည်။ ကျွန်ုပ်တို့ကို ပုံသွင်းခဲ့သည်။ ကျွန်ုပ်တို့သည်တစ်စတစ်စနှင့် ကူးပြောင်းဖြစ်ပေါ်လာသည် မဟုတ်ပါ။ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ထိုက်သည်မှာ ကျွန်ုပ်တို့အား အသက်ပေးခဲ့သည့်အတွက် ဖြစ်သည်။ သို့ဖြစ်၍ အံ့ဖွယ်သော အသက်ပေးသနားသည့်အတွက် သူ့ အား ဝတ်ပြုကိုးကွယ် ချီးမွမ်းရပါမည်။

        ဘုရားသခင်သည် ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်ဖြစ်ခြင်းသဘောတရားကိုအဘယ်ကြောင့် ပျောက်ဆုံးခဲ့ရသနည်း။ ခေတ်သစ်သိပ္ပံပညာကြောင့် မည်သည့်အကြောင်းများဖြင့် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသော ဘုရားအယူအဆကို စွန့်လွှတ်ပြီး၊ အသက်တည်ရှိမှုသည် တစ်စတစ်စ ပြုပြင်ပြောင်းလဲမှုကြောင်း EVOLUTION ဖြစ်လာရခြင်းကို လက်ခံရသလဲ။ တစ်ချိန်ချိန်မှာ တွန်းပို့သည့် ပြောင်းလဲမှုများ ရှိခဲ့ပါသလား။

        ၁၈၃၁ ခုနှစ်တွင် လူငယ်သိပ္ပံဆရာချားလ်(စ်)ဒါဝင်သည် ဗြိတိသျှသင်္ဘော ဘီဂယ်လ်ဖြင့် ဂါလာပါရို့စ် ကျွန်းစုသို့ ဂန္တဝင်ခရီးဆန့်ခဲ့သည်။ထိုကျွန်းပေါ်တွင် ရှိသည့်များပြားသည့် ငှက်များ၊ တွားသွားသတ္တဝါများနှင့်ပင်လယ်သက်ရှိများကို လေ့လာခဲ့ပါသည်။ ကျွန်းပေါ်ရှိမရေမတွက်နိုင်သော အပင်များနှင့်သက်ရှိသတ္တဝါမျိုး ပေါင်းများစွာတို့ကို စိတ်ဝင်စားမှုရှိခဲ့သည်။ သူသတိပြုခဲ့သည်မှာ လိပ်များ၊ အိမ်မြှောင်မျိုး၊ ငှက်မျိုး အထဲမှမျိုးကွဲအမျိုးမျိုး ရှိသည်ကို မှတ်တမ်းပြုခဲ့သည်။ ထိုအချိန်အခါ အသင်းတော်များ သွန်သင်ခဲ့သည့်အရာရာတိုင်းကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း အယူအဆကို သူစွန့်လွှတ်ခဲ့ပြီး ထူးကဲခြားနားသည့် အယူအဆကို လက်ခံလာသည်။အသင်းတော်များရဲ့သွန်သင်မှုသည် သိပ္ပံနည်းမကျ၊ ဟောင်းနွမ်း လျက်ရှိကြောင်း သူယူဆခဲ့သည်။

        သဘာဝလောကတွင် သူတွေ့ရှိခဲ့သည့် မျိုးကွဲအမျိုးမျိုးရှိသည့်အတွက် ဤအရာများအားလုံးသည် တစ်စတစ်စပြောင်းလဲခြင်း evolution ဖြစ်လာကြောင်း ယူဆခဲ့သည်။ သူ့အယူအဆတွင် အပင်များနှင့် တိရစ္ဆာန်များ စပ်ကြားကွဲလွဲမှု ရှိခဲ့သော်လည်း evolution သဘောတရားကို လက်ခံခဲ့သည်။ ထိုကွဲလွဲမှုများအတွက် နောင်လာ နောက်သား သိပ္ပံဆရာတို့က ဆက်စပ်မှုအကြောင်းတရား ရှာဖွေတွေ့ရှိသွားလိမ့်မည်ဟု ယူဆခဲ့သည်။ ဒါဝင်ရဲ့ အဓိက ယူဆခဲ့သည့် မျိုးကွဲများ အဆက်အစပ်ရှိသည့် သဘောတရားမှာ ချွတ်ယွင်းချက် ရှိပါသည်။

        ကမ္ဘာဦးကျမ်း အချိန်အခါက ရှိသည့် တိရစ္ဆာန်မျိုးနွယ်စုမှ ပြုပြင်ပြောင်းလဲလာခဲ့ခြင်းကို သူမှန်ကန်စွာ လေ့လာတွေ့ရှိခဲ့ပါသည်။ ရှေးသက်ဦးဆံပိုင်ခေတ် အသင်းတော်များသည် မှားယွင်းစွာ ယူဆခဲ့သည်မှာအရာရာတိုင်း၊ မျိုးနွယ်စုတိုင်း သည် ဖန်ဆင်းမှုကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ခွေအမျိုးပေါင်းအားလုံး၊ ကြောင် အမျိုးပေါင်းအားလုံး၊ပန်းအမျိုးပေါင်းအားလုံကို ဖန်ဆင်းခဲ့သည်ကို မှားယွင်းစွာ ယူဆခဲ့သည်။ယနေ့တွင် ကျွန်ုပ်တို့တွေ့ ရှိရသည်မှာ ခွေးကို အခြားခွေအမျိုးနှင့် စပ်ပြီးမွေးလျှင် အခြားသော ခွေးမျိုးကွဲရရှိနိုင်သည်။ တိရစ္ဆာန်မျိုးနွယ်စု အတွင်းမှာသော်လည်းကောင်း၊ သီးနှံပန်းမန်၌သော်လည်းကောင်း၊ မျိုးနွယ်စုမျိုးနွယ်ကွဲရရှိအောင် ပေါင်းစပ်မွေးထုတ် နိုင်သည်ကို တွေ့ရပါသည်။

        ဒါဝင်သည် မျိုးကွဲဗီဇလေ့လာမှုကို သူ့ရဲ့ ကျိုးကြောင်းဆင်ခြင်တွေးခေါ်မှုကို အဆုံးစွန်သို့ တွေးခေါ်၍ နိဂုံးအနေဖြင့် ဖန်ဆင်းရှင်ဘုရားမရှိကြောင်းကို ဖယ်ထုတ်ခဲ့သည်။ သူသည် ဖန်ဆင်းရှင် မလိုအပ်တော့ကြောင်း လက်ခံလာသည်။

        ဒါဝင်သည် သဘာဝတရားနိယာမသည် ကျွန်ုပ်တို့ အသက်ရှင်ရခြင်းဖြစ်ကြောင်း သွန်သင်မှုပြုခဲ့သည်။ အနှိုင်းမဲ့ ဖန်ဆင်းရှင်ကို စွန့်လွှတ်ဖယ်ရှားခဲ့သည်။ ဒါဝင်ရဲ့ စာအုပ် The Origin of the Species ” မျိုးဗီဇများရဲ့ အစသည် သန်းပေါင်းများစွာသော လူအပေါင်းတို့ကို ကမ္ဘာကြီးအပေါ် အမြင်ပြောင်းလဲ စေခဲ့သည်။ ဒါဝင်ရဲ့ အမြင်မှာ လူသားများသည် အဆင့်နိမ့်သက်ရှိမှ အဆင့်မြင့်သက်ရှိသို့ နှစ်ပေါင်းသန်းပေါင်းများစွာ က တစ်စတစ်စပြောင်းလဲလာခဲ့ကြောင်း သူယူဆသည်။ အယူအဆတစ်ခုကြောင့်၊ ထောက်ခံမှုမရရှိသည့် အယူအဆကြောင့် သန်းပေါင်းများစွာ လူအပေါင်းတို့၏ အမြင်ကို ပြောင်းလဲစေသည်။

        ကမ္ဘာအနှံ့ရှိ လူအပေါင်းတို့သည် မျိုးဗီဇပြောင်းလဲမှုသည် တစ်စတစ်စပြောင်းလဲခြင်း Evolution သွန်သင်မှုကို လက်ခံကြသည်။ သဘာဝလောကတွင် မျိုးဗီဇကွဲရှိနိုင်သည်ကို အထောက်အထား ရှိသော်လည်း ဒါဝင်ရဲ့ Evolution Theory မျိုးဗီဇပြောင်းလဲမှု အယူအဆသည် သက်ရှိများရဲ့ အစနှင့်ပတ်သက်သော မေးခွန်းအားလုံးကို ဖြေကြားမှု မပြုနိုင်ပါ။ ကြီးမားသည့် ဟာကွက်များ ကျန်ရှိပါသေးသည်။ နှစ်ပေါင်းတစ်ရာခုနစ်ဆယ်ငါးကျော်လာသည့် တိုင်အောင် မေးခွန်းကြီးများအတွက်အဖြေမရရှိ သေးပါ။ အောက်ပါတို့မှာ ကျန်ရှိသေးသည့် မေးခွန်းအချို့

ဖြစ်ပါသည်။

၁။ မျိုးဗီဇပြောင်းလဲမှု Evolution သည် မှန်မည်ဆိုလျှင် မျိုးကွဲကြား ကွာဟမှု ရှိရပါသနည်း။ ပျောက်နေသည့် ကွင်းဆက်ကို ဘယ်လိုဖြည့်ပေးရမှာလဲ။ တိရစ္ဆာန်မျိုးကွဲများကြား ကွင်းဆက်ဘယ်မှာ ရှိသလဲ။ လူသားများနှင့် တိရစ္ဆာန်များကြား ကွင်းဆက် ဘယ်မှာလဲ။ ပင်လယ်သတ္တဝါများနှင့် ကုန်းပိုင်းသတ္တဝါများ စပ်ကြား စသည် စသည်တို့ဖြစ်သည်။

၂။ ဇီဝဗေဒဥပဒေမှာ သက်ရှိများသည် သက်ရှိကို ဖန်တီးပေးသည်။ ဒါဝင်ရဲ့ အဆိုအရ အချိန်အခါ လုံလောက်မှုရှိပါက သက်မဲ့မှ သက်ရှိသို့ကူးပြောင်းနိုင်သည်။ သို့ရာတွင် ဘာကြောင့် သိပ္ပံလောကတွင် ဤအတွက်အထောက်အထားများ မရှိပါသလဲ။

၃။ ဇီဝဗေဒဥပဒေ သဘောတရားတွင် တူညီသော သက်ရှိမှ တူညီသည့်သက်ရှိကို ဖန်တီးပေးသည်။ Evolution သဘောတရားတွင် တူညီသည့် သက်ရှိမှ လုံးဝမတူညီသည့် သက်ရှိကို ဖန်တီးပေးနိုင်သည်။ ဆိုလိုသည်မှာ မျိုးဗီဇတစ်ခုမှ ပထမမျိုးဗီဇနှင့် လုံးလုံးကွာခြားသည့် မျိုးဗီဇကို ဖန်တီးပေးနိုင်သည်။

        အထက်ပါဖော်ပြချက်မှာ တစ်စတစ်စပြောင်းလဲလာမှု Evolution အဖြေ မပေးနိုင်သည့် မေးခွန်အချို့ဖြစ်ပါသည်။ သို့ရာတွင် ဘုရားသခင်၌ Evolution နှင့် ပတ်သက်သော ပြဿနာများအတွက် အဖြေရှိပါသည်။ လူသားအားလုံးအတွက် သူ့ ရဲ့ နောက်ဆုံးသတင်းစကားများဖြစ်သည်။ 

        ဗျာဒိတ်ကျမ်းသည် ဘုရားသခင်ကို ကိုးကွယ်ရန် ခေါ်နေသည်။ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်လော့ (ဗျာဒိတ်၊ ၁၄း၇)

        ဤသတင်းစကားသည် ကျွန်ုပ်တို့အားလုံးအတွက် ဖြစ်သည်။ ဤသတင်းစကားမှာ ဘာသာကွဲများအတွက် မဟုတ်ပါ။ ဂိုဏ်းဂဏကွဲများအတွက် မဟုတ်ပါ။ ဘုရားကျောင်းတစ်ခုအတွက် သော်လည်းကောင်းအခြားတစ်ခုအတွက် မဟုတ်ပါ။ 

        ဘုရားသခင်ရဲ့ လူများအားလုံးအတွက် ခေါ်ယူခြင်းဖြစ်သည်။ ဖန်ဆင်းရှင်ကို ကိုးကွယ်ရန်ခေါ်သော သတင်းစကားဖြစ်ပါသည်။ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသော ဖန်ဆင်းရှင်ကို မည်သို့ဝတ်ပြုကိုးကွယ်နိုင်ပါသနည်း။

        သူ့ရဲ့ ပြန်လည်ဖန်ဆင်းနိုင်သည့် အစွမ်းကို ကျွန်ုပ်တို့အား မည်ကဲ့သို့သတိရစေသနည်း။ ဖန်ဆင်းချိန်တွင် သူ့ရဲ့ အစွမ်းသင်္ကေတ ဘယ်လိုချန်ထားပေးသလဲ။ ဗျာဒိတ်ကျမ်းသည် နောက်ဆုံးကျမ်းစာအုပ်ဖြစ်သည်။ နောက်ဆုံးကျမ်းကို သိရှိနားလည်ဖို့ ကျမ်းရဲ့အစ စာအုပ်ကို သိရှိနားလည်ဖို့ လိုအပ်ပါသည်။ ယနေ့ကြီးမားသည့် ပြဿနာများ နားလည်ဖို့ ဖန်ဆင်းချိန်ကာလမှာရှိသည့် အကြောင်းအရာများကို နားလည်မှဖြစ်မည်။ ဖန်ဆင်းရှင်ကို ကိုးကွယ်ဖို့ ဗျာဒိတ်ကျမ်းရဲ့ လူမျိုးတိုင်းအား ခေါ်ယူနေခြင်းသည် ကမ္ဘာဦးကျမ်းတွင် အစပြုခဲ့သည်။

        မှန်ကန်သည့် ဝတ်ပြုကိုးကွယ်မှုဆောင်ပုဒ်သည် သမ္မာကျမ်းစာ တစ်ခုလုံးတွင် ဖန်ဆင်းရှင်ကို ကိုးကွယ်ဖို့ သတင်းအမျှင်တန်းကြီး တစ်ခုပါသည်။ ကျမ်းဂန်ရဲ့ အရေးကြီးဆုံးဆောင်ပုဒ်တစ်ခု ဖြစ်ပါသည်။ ဗျာဒိတ်ကျမ်းရဲ့ အချက်အချာကတော့ မှန်ကန်သည့် ဝတ်ပြုမှုနှင့်မှားသော ဝတ်ပြုမှု ပြဿနာပင် ဖြစ်ပါသည်။ ဖန်ဆင်းရှင်ကို ကိုးကွယ်ဖို့အချက်သည် ပြဿနာရဲ့ အလယ်ဗဟိုမှာ ရှိပါသည်။ ကျွန်ုပ်တို့ရဲ့ ကနဦး အစသို့ ပြန်သွားပြီး ကျွန်ုပ်တို့ရဲ့ အနာဂတ်ကို နားလည်ဖို့ ကြိုးစားပါ။ ပထမစာအုပ်အစကမ္ဘာဦးကျမ်းကို ပြန်သွားပြီး ကျမ်းဆုံးဗျာဒိတ်ကျမ်းကို နားလည်ဖို့ကြိုးစားရမည်။ ယနေ့ ရှုပ်ထွေးအံ့ဩစရာဖြစ်သည့် ကမ္ဘာကြီးသည် စာလာသည့်အတိုင်း ခြောက်ရက်အတွင်း ဖန်ဆင်းခြင်းခံရသည်။

        ပုံမရှိပန်းမရှိ အစိုင်အခဲ မည်းမည်းကြီးကို ကမ္ဘာကြီး အဖြစ်သူ၏ နှုတ်အားဖြင့် တည်ရှိစေသည်။ အလင်းရောင်ထွန်းလင်းစေသည်။ စမ်းချောင်း၊ မြစ်ရေတို့ဖြင့် တင့်တယ်စေသည်။ ရောင်စုံပန်းများနှင့် အပင်မျိုးစုံဖြင့် ခြယ်သစေသည်။ သက်ရှိသတ္တဝါအမျိုးမျိုးဖြင့် ပျော်မြူးစေပြီး သူ့ရဲ့ လက်ရာကို ပြန်ကြည့်လိုက်။ အရာရာအားလုံးတို့သည် ကောင်းမွန်လျက်ရှိပါသည်။

        ဖန်ဆင်းရှင်သည် အထွတ်အထိပ်အကြီးမားဆုံး ဖန်ဆင်းမှုအတွက်ငါတို့ ပုံသဏ္ဌာန်နှင့် တစ်ညီ၊ တစ်သဏ္ဌာန်တည်းလူကို ဖန်ဆင်းကြစို့ ထိုသို့ ဘုရားသခင်သည် ပုံသဏ္ဌာန်နှင့်အညီ လူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းသည်” (ကမ္ဘာဦးကျမ်း ၁း၂၆၊ ၂၇)

        လူသားများသည် ဤထက်ကြီးမြတ်သော ဂုဏ်ပြုခြင်းမရှိနိုင်တော့ပါ။ ဘုရားသခင်သည် ဤမျှထက်ကြီးမြတ်သော မြတ်နိုးခုံမင်မှု၊ ချစ်သနားခြင်းမျိုးကို ပေးဆောင်နိုင်ခြင်း မရှိနိုင်တော့ပါ။ လူသားမျိုးသည် ဘုရားသခင်၏ ပြောင်မြောက်သော ဖန်ဆင်းမှုတစ်ရပ် ဖြစ်ပါသည်။ သူ၏ အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာ ဖြစ်ပါသည်။ ဤချစ်ခြင်း မေတ္တာသည် မျှဝေခံစားဖို့ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်က အချင်းတို့၊ များပြားစွာ မွေးဖွားကြလော့၊ မြေကြီးကို ပြည်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို လည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့မိန့်တော်မူ၏။အာဒံနှင့် ဧဝက ထိုသို့ ကောင်းကင်မြေကြီးနှင့် တကွ၊ ခပ်သိမ်းသောတန်ဆာတို့သည် ပြီးစီးလျက် ရှိကြ၏ (ကမ္ဘာဦးကျမ်း၊ ၂း၁)

        ခြောက်ရက်မျှနှင့် ဖန်ဆင်းခြင်း အလုပ်ပြီးမြောက်ခဲ့သည်။ တကယ်ပင် အချိန်တိုတိုလေးအတွင်း ဖြစ်သည်။ သို့ရာတွင် ဘုရားအတွက်တော့ မဖြစ်နိုင်စရာ အကြောင်းမရှိပါ။ သမ္မာကျမ်းစာ ဖော်ပြချက်မှာထာဝရဘုရားမြွက်ဆို၍၊ မြွက်ဆိုတော်မူသည့်အတိုင်း ဖြစ်၏။အမိန့်တော်ရှိ၍ မိန့်တော်မူသည့်အတိုင်း တည်လျက်နေ၏ (ဆာလံ ၃၃း၉) အာဒံနှင့် ဧဝတို့သည် ဖန်ဆင်းခြင်း ခံရပြီးနောက် ခြောက်ရက်မြောက်နေ့တွင် ပူပြင်းသော နေလုံးကြီး၊ မိုးကုပ်စက်ဝိုင်းအောက်သို့ ဆင်းသွားသည်ကို မြင်ရသောအခါ အလွင်ပင် အံ့အားသင့်သွားမည် ဖြစ်ပါသည်။

        ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းအကြောင်းသည် ထိုနေရာမှာအဆုံးမသတ်ပါ။ သမ္မာကျမ်းစာ၏ ဖော်ပြချက်မှာ သတ္တမနေ့ရက် ရောက်လျှင်ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူပြီး၍၊ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီးပြီးမှ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏ (ကမ္ဘာဦးကျမ်း ၂း၂)

        ဘာကြောင့် ဘုရားသခင်ရပ်နားတော်မူသနည်း။ သူမောပန်းလို့မဟုတ်ပါ။ ဘုရားသခင်သည် ဘယ်တော့မှ မောပန်းသည် မရှိကြောင်းကိုပုရောဖက်ဟေရှာယက ပြောပြပါသည် (ဟေရှာယ၊ ၄ဝး၂၈) စကြဝဠာဖန်ဆင်းရှင်သည် သူဖန်ဆင်းခဲ့သမျှကို ကောင်းမြတ်ခြင်းဖြစ်ကြောင်း၊ကျေနပ်မှုရှိကြောင်းကို ပြသခြင်းဖြစ်သည်။

        ဘုရားသခင်သည် ကမ္ဘာမြေကြီး၏ ပထမခြောက်ရက်ပတ်လုံးဖန်ဆင်းခဲ့သမျှ အလုပ်ကို ကျေနပ်လျက်ရှိပါသည်။ ပြီးသည့်အခါဘုရားသခင်သည် ထူးခြားသည့် လုပ်ရပ်တစ်ခုကို လုပ်လိုက်သည်။ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းချီးပေး သန့်ရှင်းစေတော်မူ၏။အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာ အလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏” (ကမ္ဘာဦးကျမ်း ၂း၃)

        ဖန်ဆင်းချိန်တွင်ပေးထားသော သတ္တမနေ့ဥပုသ်သည် ကျွန်ုပ်တို့လူသားများ ဘယ်အခြေအမြစ်ကလာသည်ကို သတိရအောက်မေ့ဖို့ဘုရားသခင်က ပေးအပ်ခဲ့သည်။ ဘုရားသခင်သည် သတ္တမနေ့ကိုကောင်းချီးပေးခဲ့သည် ဟူ၍ သမ္မာကျမ်းစာက ဖော်ပြပါသည်။ သတ္တမနေ့ကို မခန်းခြောက်နိုင်သော စမ်းပေါက်တစ်ခုအဖြစ် ဝိညာဉ်ရေး လန်းဆန်းဖို့ထာဝစဉ် မှီဝဲဖို့ ဖြစ်သည်။ နောက်ပြီးတော့ သတ္တမနေ့ကို သန့်ရှင်းစေတော်မူ၏။ ဤနေ့ရက်ကို သီးခြားခွဲထုတ်ပြီး သန့်ရှင်းသောနေ့အဖြစ် သတ်မှတ်ခါ သတ္တမနေ့ကျရောက်တိုင်း ကျွန်ုပ်တို့ အစပထမ ဘယ်ကလာသည်ကို သတိရအောက်မေ့ဖို့ ဖြစ်ပါသည်။

        အောက်ဖော်ပြပါ အချက်သုံးချက်သည် သတ္တမနေ့၌ ဘုရားသခင်ပြုလုပ်သော သီးသန့်လုပ်ရပ်ဖြစ်သည်။

    () ထိုနေ့ရက်ကို ကောင်းချီးပေး၏။

    () ထိုနေ့ရက်ကို သန့်ရှင်းစေတော်မူ၏။

    () ထိုနေ့ရက်၌ ငြိမ်ဝပ်စွာ နေတော်မူ၏။

        ဘုရားသခင်သည် ပထမနေ့ရက်သော်လည်းကောင်း၊ တတိယနေ့သော်လည်းကောင်း၊ ပဉ္စမနေ့ကိုသော်လည်းကောင်း၊ အခြားအခြားသောနေ့ကို သော်လည်းကောင်း ကောင်းချီးမပေးခဲ့ပါ။ သတ္တမနေ့ကိုသာ ကောင်းချီးပေးခဲ့သည်။

        ၁ရာဇဝင်ချုပ် ၁၇း၂၇ ဖော်ပြသည့်အတိုင်း ဘုရားသခင်ကောင်းချီးပေးသောအရာတို့သည် ထာဝစဉ်ကောင်းချီးပေးခဲ့သည်။ကောင်းချီးပေးခြင်းသည် ဘုရားသခင်၏ တည်နေမှုကို သွင်းပေးခြင်းဖြစ်သည်။ ဘုရားသခင်သည် သတ္တမနေ့ကို ကောင်းချီးပေးခြင်းသည် သူ၏တန်ခိုးကြီးမားမှုကို ဖန်ဆင်းခြင်း၌သော်လည်းကောင်း၊ အဆုံးမရှိ သောချစ်ခြင်း မေတ္တာကို သော်လည်းကောင်း၊ ထာဝစဉ် နိမိတ်လက္ခဏာ အဖြစ် ပြသခြင်းဖြစ်သည်။ ဥပုသ်နေ့တိုင်းမှာ စကြဝဠာ၏ ဖန်ဆင်းရှင်အား ဝတ်ပြုကိုးကွယ်သည့်အခါ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ အထူးကောင်းချီးမင်္ဂလာကို ရရှိနိုင်ပါသည်။ သူ၏ ငြိမ်ချမ်းမှု ကောင်းချီးကို ရရှိနိုင်သည်။ သူ၏ ရောက်ရှိလာမှုကို ခံစားရသည်။ ပြန်လည်ရှင်သန်မှုရှိသော ကောင်းချီးကိုရသည်။ အသက်တာ၏ စစ်မှန် သော အဓိပ္ပါယ်ကောင်းချီးမင်္ဂလာကို ရရှိပါသည်။ ဥပုသ်နေ့ကောင်းချီး မင်္ဂလာသည် ပျော်ရွှင်မှုနှင့်ပြည့်ဝသော နှလုံးသား၏။ ကောင်းချီးမင်္ဂလာကို ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်းမှ ရလာသည်။

        ဘုရားသခင်သည် သတ္တမနေ့၌ ငြိမ်ဝပ်စွာ နားနေခြင်းသည် သူမောပန်း၍ ဖြစ်ခြင်းကြောင့် မဟုတ်ပါ။ ကျွန်တော်တို့ကပဲ မောပန်းမည်ကိုသူသိသည်။ သတ္တမနေ့ကို ဘုရားသခင် သန့်ရှင်းစေတော်မူသည်။ သန့်ရှင်းသောအလုပ်အတွက် အသုံးပြုရန် ခွဲထုတ်ပေးခြင်း ဖြစ်သည်။ သန့်ရှင်းခြင်း (Sanctified) ဆိုသော စကားလုံးသည် လက်ထပ်မင်္ဂလာပွဲ၌ လူယောက်ျားတစ်ယောက်အတွက်၊ လူမိန်းမအတွက် သီးသန့်စွာ ဖယ်ထုတ်၍ သန့်ရှင်းစေသည်။

        ဥပုသ်နေ့နှင့် ပတ်သတ်ပြီး အချို့လူတို့သည် တစ်ပတ်မှာ ရက်တစ်ရက်ကို သီးသန့်ရွေးပြီး ဝတ်ပြုဖို့ မလိုပါ။ ဘုရားကို ဝတ်ပြုရန် ကိုယ်ကြိုက်သည့် ရက်တစ်ရက်ကိုရွေးလျှင် ရတာပဲလို့ ဆိုကြသည်။ ဤလိုကော လုပ်လို့ရပါသလား။

        ဥပမာတစ်ခုပေးရမည်ဆိုလျှင် လူတစ်ယောက်သည် ညီအစ်မခြောက်ယောက်ရှိသည့် မိန်းမတစ်ဦးကို လက်ထပ်ယူခဲ့ပါသည်။ သူရဲ့မိန်းမအပါအဝင် ညီအစ်မအားလုံး ခုနစ်ဦးပေါ့။ လက်ထပ်မင်္ဂလာအခမ်းအနားပြီးသည့်အခါ သူသည် ကိစ္စမပြီးပြတ်သည့် သူ့ရဲ့ ဇနီးကို အပြင်၌ ကားထဲထိုင်ပြီး စောင့်နေသည်။ သူတို့ရဲ့ ပျားရည်ဆမ်း ခရီးထွက်ဖို့ ရှိပါသည်။ အဲဒီအချိန်မှာ အခြားညီအစ်မ တစ်ဦးက သူ့ဘေးတွင် ဝင်ထိုင်ပြီး သွားကြစို့ ဟုပြောလိုက်သည်။ သူက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ ငါမင်းကို လက်ထက်ယူတာ မဟုတ်ဘူး၊ နင့်အစ်မကို လက်ထပ်ခဲ့တာလေ သူမကတော့ ပြန်ဖြေလိုက်ရာမှာ ဘာထူးလို့လဲ၊ ငါလည်း ခုနစ်ဦးထဲက တစ်ဦးပဲလေ ဟူ၍ ဖြေလိုက်သည်။ ထူးလား၊ မထူးဘူးလား၊ လက်ထပ်ခဲ့သည့် ဇနီးမောင်နှံနှစ်ဦးအတွက်တော့ ထူးတာပေါ့။ သူ့အတွက် သီးသန့်ထားသည့် မိန်းမဖယ်ထားပေးပြီလေ။

        အမျိုးသမီးတိုင်းက မတူဘူးလေ၊ နေ့ရက်တို့သည်လည်း အတူတူမဟုတ်ဘူးလေ။ ဂျူးလူမျိုးမပေါ်ခင် နှစ် ၂၃ဝဝ မတိုင်ခင် ကတည်းကဥပုသ်နေ့သည် ဘုရားသခင် ဖန်ဆင်းပေးခဲ့သည်။ ဣသရေလလူမျိုးတို့သည် သူတို့ရဲ့ ဇာစ်မြစ်ကို အာဗြဟံသို့ ကောက်ကြောင်း ပြန်ယူသည်။အာဗြဟံ၏သား ဣဇာက်သည် သားနှစ်ဦးမှ သားယာကုပ် နောင်တစ်ကြိမ်ဣသရေလ တစ်ဆယ့်နှစ်အုပ်စု ဖြစ်လာခဲ့သည်။ အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့သည် ဖန်ဆင်းချိန်ပြီး နောက်နှစ်ပေါင်း နှစ်ထောင် ကောင်းစွာကျော်ပြီးမှ အသက်ရှင်သူများဖြစ်ကြသည်။ ယုဒလူမျိုး မပေါ်လာခင်ကတည်းက ဘုရားသခင်ရဲ့ လူများသည် ဥပုသ်ပေါင်း ၁ဝဝဝဝဝ ကျော်စောင့်ထိန်းခဲ့ပြီး ဖြစ်သည်။ ဥပုသ်နေ့သည် လူမျိုးတိုင်း စောင့်ထိန်းဖို့ ဖန်ဆင်းခဲ့သည်။ အသက်ကို ပေးသနားခဲ့သော ဖန်ဆင်းရှင်အား ဝတ်ပြုဖို့၊ ချီးမွမ်းနိုင်ဖို့၊ နေ့တစ်နေ့ ဖြစ်သည်။ သို့ဖြစ်၍ ယေရှုက ဥပုသ်နေ့သည် လူအဖို့ ဖြစ်၏။ လူသည် ဥပုသ်နေ့အဖို့ ဖြစ်သည် မဟုတ် (မာကု၊ ၂း၂၇) ဘုရားသခင်သည် လူသားများအားလုံးအတွက် ကောင်းချီးမင်္ဂလာဖြစ်ဖို့ ဥပုသ်နေ့ကို ဖန်ဆင်းခဲ့သည်။ သို့ဖြစ်၍ ထိုနေ့ကို သီးခြားခွဲထုတ်ပြီး သန့်ရှင်းစေခဲ့သည်။ သို့ဖြစ်၍ နားနေရန်ရက်ကို ဖန်ဆင်းချိန်ကတည်းက လက်ဆောင်အဖြစ်ပေးခဲ့သည်။

        ဥပုသ်နေ့ကို ကျွန်ုပ်တို့ရဲ့ မိဘများဖြစ်သူ အာဒံနှင့် ဧဝတို့အား ဧဒင်ဥယျာဉ်တွင် ပေးသနားခဲ့သည်။ ဥပုသ်နေ့ကို ဖန်ဆင်းခြင်းအချိန်တွင်ဘုရားသခင်၏ ဖန်ဆင်းနိုင်စွမ်း နိမိတ်လက္ခဏာအဖြစ် ခေတ်အဆက်ဆက် လူသားတိုင်းအတွက် ဖယ်ထားပေးသည်။ အာဒံနှင့်ဧဝံတို့သည် ဥယျာဉ်တော်မှ ထွက်ခွာသွားရသည့်အခါ ဘုရားသခင်၏ ထာဝစဉ်ချစ်ခြင်းမေတ္တာကို အောက်မေ့ဖို့ ဥပုသ်နေ့ကို ချန်ထားပေးခဲ့သည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းအချိန် နှစ်ခုစလုံးတွင် ဥပုသ်နေ့သည် ဘုရားသခင်နှင့် သူ့ရဲ့ လူမျိုးတို့ စပ်ကြား အမှတ်အသား ဖြစ်ပါသည်။ ဘုရားသခင်သည် သိနာတောင်ပေါ်မှ ဣသရေလလူမျိုးအတွက် ပညတ်တော်ဆယ်ပါး မပေးခင်ကတည်းက သူတို့သည် ဖန်ဆင်းခြင်း ဥပုသ်နေ့ကိုစောင့်ထိန်းခဲ့သည်။ ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၆ တွင် ကောင်းကင်မှထူးခြားသည့် မန္ဒမုန့်ကျရောက်ခြင်းကို ဖတ်ရှုရပါသည်။ ဥပုသ်ကြိုတစ်ရက်တွင် မန္နမုန့်များနှစ်ဆ ကျလာပြီး၊ ဥပုသ်နေ့တွင် မန္နမုန့်လုံးဝမကျလာပါ။

        ဘုရားသခင်ကပြောသည် ခြောက်ရက်ပတ်လုံးသိမ်းယူကြရ၏၊ဥပုသ်နေ့ တည်းဟူသော ခုနစ်ရက်မြောက်နေ့တွင် မရှိမတွေ့ရဟု ဆိုလေ၏ (ထွက်မြောက်၊ ၁၆း၂၆) ဣသရေလလူမျိုးအတွက် ဘုရားသခင်ကအံ့ဖွယ်များ ပြုလုပ်ပေးခဲ့သည်။ သူတို့ရဲ့ လိုအပ်ချက်အတွက် ကောင်းကင်မှ မန္နမုန့်ချပေးခဲ့သည်။ မန္နမုန့်သည် ဥပုသ်နေ့မှ လွဲ၍ နေ့တိုင်းကျရောက်ပေးခဲ့သည်။

        ဣသရေလလူမျိုးတို့သည် သူတို့ စားနိုင်တာထက် ကောက်ယူလျှင်ပိုလျှံသည်များက ပျက်သွားသည်။ ခြောက်ရက်မြောက် သောကြာနေ့တွင်ခါတိုင်းရက်ထက် နှစ်ဆကျရောက်ပြီး ဥပုသ်နေ့တွင် လုံးဝမကျရောက်ပါ။ဤဥပုသ်နေ့အံ့ဖွယ်သည် ဣသရေလလူမျိုးများ တောလည်ရာတစ်လျှောက်လုံးတွင် ဤအချက်က သူတို့ကို ဘုရားသခင်က ပိုင်ဆိုင်ကြောင်း သတိရအောက်မေ့စေပါသည်။ အချို့ ဣသရေလများ ဥပုသ်နေ့တွင် မန္နမုန့်ထွက်ကောက်သည့်အခါ ဘုရားက သင်တို့သည် ငါပညတ် တရားတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြမည်နည်းဟု မိန့်ကြား၏” (ထွက်မြောက်၊ ၁၆း၂၈)

        ဘုရားသခင်သည် သိနာတောင်ပေါ်မှ ပညတ်တော်ဆယ်ပါးကို ချရေးမပေးခင်ကတည်းက သူ့လူများသည် သူ့ပညတ်ကို သိရှိနားလည်ထားပြီးဖြစ်သည်။ သိနာတောင်ပေါ်မှ ပညတ်တော်ဆယ်ပါး မချမှတ်ပေးမီ ကာဣနသည် အာဗေလကို သတ်ခြင်းသည် မှားနေပါသည်။ သိနာတောင်ပေါ်မှပညတ်တော်ဆယ်ပါး မတိုင်ခင် အာဗြဟံသည် ဘုရားသခင်၏ ပညတ်တော်ဆယ်ပါးကို စောင့်ခဲ့သည် (ကမ္ဘာဦးကျမ်း ၂၆း၅) ဣသရေလလူမျိုးများ တောလည်ရာ တစ်လျှောက်လုံး သိနာတောင်မတိုင်မီ ဥပုသ်နေ့ကို စောင့်ထိန်းခဲ့သည်။

        ဘုရားသခင်သည် အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့စဉ် သူ့ရဲ့ ပညတ်တော်ကို ၎င်းတို့၏ နှလုံးသားနှင့် ဦးနှောက်ထဲတွင် ရေးမှတ်ထားခဲ့သည်။ ဥပမာ၊ ကာဣနသည် အာဗေလကို သတ်ခဲ့ခြင်းသည် မှားယွင်းကြောင်း သိခဲ့ပါသည်။ ဣသရေလလူမျိုးတို့သည် ဥပုသ်နေ့ကို ချိုးဖောက်ခြင်းအတွက်မှားယွင်းကြောင်း သိသည်။ သိနာတောင်ပေါ်မှာ ပညတ်တော်ဆယ်ပါး ပေးရခြင်းမှာ ဘုရားသခင်ရဲ့ လူများတို့ သည် အစကနဦး ကတည်းက အမှားနှင့် အမှန်မသိခဲ့သည့်အတွက် မဟုတ်ဘဲ၊ သူတို့ရဲ့ အပြစ်နှင့် ပုန်ကန်မှုကြောင့် ဘုရားသခင်၏ ပညတ်တော်ကို ပြန်လည်ပေးအပ်ရခြင်း ဖြစ်ပါသည်။ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ ပညတ်တော်ဆယ်ပါးကိုကျောက်ပြားပေါ်တွင် ရေးမှတ်ခဲ့ပါသည်။ သဲပေါ်တွင်ရေးပြီး ရေစားနိုင်အောင်ရေးမှတ်ခြင်း မဟုတ်ပါ။ စက္ကူနှင့်ဖျင်ချပ်ပေါ် ရေးပြီး မီးစွဲလောင်သွားနိုင်အောင် မရေးမှတ်ခဲ့ပါ။ ဘုရားသခင်သည် ပညတ်တော်ကိုကျောက်ပြားပေါ် ရေးပြီး ထာဝစဉ်တည်မြဲအောင် ဖြစ်ပါသည်။ဘုရားသခင်သည် ပညတ်တော်ကို မောရှေအားရေးသားရန် တာဝန်မအပ်နှင်းခဲ့ပါ။ ပုရောဖက်တစ်ပါးကို ရေးမှတ်ရန် တာဝန်မပေးခဲ့ပါ။ကျမ်းစာတော်မှာ ပညတ်တော် တစ်မျိုးတည်းသာရှိ၍ ဘုရားသခင်ကိုယ်တော်တိုင် ကျောက်ပြားပေါ်ရေးသားခဲ့လျှင် ထိုပညတ်တော်မှာ ကျွန်ုပ်တို့လွယ်ကူစွာ ကျောခိုင်းနိုင်ပါသလား။ ကျမ်းစာတော်မြတ်က ပြောသည် ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့ (ထွက်မြောက် ၂၀း၈-၁၁)

ဘုရားသခင်က သန့်ရှင်းအောင်ပြုလုပ်ခဲ့သည့် အရာများကိုသာ သန့်ရှင်း အောင်ထားနိုင်သည်။ ဥပုသ်နေ့ကို ဘုရားသခင်က သန့်ရှင်းအောင်ပြုလုပ်ခဲ့သည်။ ဥပုသ်နေ့ကို ဖန်ဆင်းချိန်တွင် ကောင်းချီးမင်္ဂလာပေးခဲ့သည်။ ဘုရားသခင်က အောက်မေ့လော့ ဘာကြောင့် ဘုရားသခင်ကအောက်မေ့လော့ဟု ပြောရသနည်း။ ကျွန်ုပ်တို့ မေ့သွားမည်ကို သူသိသည်။ လောကီရေးရာနှင့် ပစ္စည်းမက်သည့် ခေတ်တွင် မိန်းမ၊ ယောက်ျားတို့သည် ဥပုသ်နေ့ကို မေ့သွားမည်။ သို့ဖြစ်၍ ဘုရားသခင်က ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့ ဟု ပြောသည်။ဘုရားသခင်သည် ဖန်ဆင်းချိန်အထိမ်းအမှတ်သို့ ပြန်လည်ခေါ်ယူသည်။ဥပုသ်နေ့သည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် ပေါင်းစည်းပေးသည်။ခြောက်ရက်ပတ်လုံး အလုပ်ကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍-- အလုပ်မလုပ်ရ (ထွက်မြောက် ၂၀း၉၊၁ဝ)

        ဥပုသ်နေ့ပညတ်တော်သည် ရဟူဒီဥပုသ်နေ့ ဟုပြောပါသလား။ မပြောပါ။ သင်၏ ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏ဟု ဆိုပါသည်။ အဘယ်ကြောင့် သတ္တမနေ့သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်ပါသနည်း။

        ဥပုသ်နေ့ရဲ့ အစမူလသည် ဘိရှော့ဂိုဏ်းအုပ်၊ ဘုန်းတော်ကြီး၊ သင်းအုပ်ဆရာမှ စသည်မဟုတ်ပါ။ ဥပုသ်နေ့အစမူလသည် ဖန်ဆင်းရှင်ကိုယ်တိုင်မူလမှဖြစ်သည်။ သူ့ရဲ့ နိမိန်လက္ခဏာဖြစ်သည်။ သူ့ရဲ့အောက်မေ့ဖွယ်ဖြစ်သည်။ သူ့ရဲ့ တံဆိပ်တော်ဖြစ်သည်။ သူ့ရဲ့ အမိန့်တော်ဖြစ်သည်။ တစတစဖြစ်ခြင်း (evolution) မှ ကာကွယ်ရန် ခံတပ်ကြီးတစ်ခု ဖြစ်ပါသည်။ ကောင်းကင်နှင့်မြေကြီးရဲ့  ဖန်ဆင်းရှင်အဖြစ် သူ့အားကိုးကွယ်ရန် ဥပုသ်နေ့ကို ပုံဖော်ခဲ့သည်။ ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအားဖြင့် ကျွန်ုပ်၏ နှလုံးခုန်တိုင်းသည် ဘုရားသခင်မှလာကြောင်းကိုအသိအမှတ်ပြုရာ ရောက်ပါသည်။ အသက်ရှူတိုင်း သူ့ထံတော်မှ ရရှိကြောင်း အသိအမှတ်ပြုသည်။

        ဥပုသ်နေ့တွင် နားနေပြီး ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သည့်အခါ သူ့အား ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အဖြစ် သစ္စာခံယူပါသည်။ အရှင်၊ ကျွန်ုပ်တို့ရဲ့ ဘဝအသက်ကို ကိုယ်တိုင် မဖန်ဆင်းပါ၊ ကိုယ်တော်သာလျှင် အသက်ကို ပေးဆောင်နိုင်သည်။ ဘုရားသခင်သည် ဥပုသ်နေ့ကို ခုနစ်ရက်တစ်ရက်ဖြစ်ကြောင်း မပြောပါ။ သူက သတ္တမနေ့သည် ဥပုသ်နေ့ဖြစ်သည်ဟု ပြောပါသည်။ သင့်ရဲ့ မွေးနေ့မတိုင်မီ တစ်ရက်သော် လည်းကောင်း၊ မွေးနေ့လွန်နောက်တစ်ရက်၌ မွေးနေ့ပွဲ ကျင်းပခဲ့သော် ထိုပွဲသည် မွေးနေ့အစစ်အမှန် မဟုတ်ပါ။ မွေးနေ့မတိုင်မီတစ်ရက် မွေးနေ့ပြီး နောက် တစ်ရက်တွင် ပွဲကျင်းပပေးနိုင်ပါသည်။ သို့ရာတွင် သင်အမှန်တကယ် မွေးဖွားသည့် နေ့ရက်ကို မပြောင်းနိုင်ပါ။ ထိုနည်းတူ ဘုရားသခင် သတ်မှတ်ပေးသော ဥပုသ်နေ့ကို မပြောင်းလဲနိုင်ပါ။ ဥပုသ်နေ့ကို တစ်ပတ်၏ ခြောက်ရက်နေ့၌သော်လည်းကောင်း၊ ပထမနေ့ရက်၌ သော်လည်းကောင်း၊ ဝတ်ပြုခြင်းမှာ ဘုရားသခင် ဖယ်ပေးထားသော သတ္တမနေ့ ဥပုသ် အမှန်တရားကို မဖယ်ရှားနိုင်ပါ။ သူက ပညတ်အမိန့်ရှိသည်မှာ ဥပုသ်နေ့ကို အောက်မေ့လော့ သို့ရာတွင် သန်းပေါင်းများစွာသော လူအပေါင်းတို့သည် ဤပညတ်ကို မေ့လျော့ခဲ့သည်။ သူတို့အတွက်မှာ ဥပုသ်နေ့သည် အခြားရိုးရိုးနေ့ရက်နှင့်တူပါသည်။ ဘုရားသခင်သည် သတ္တမနေ့ကို ကောင်းချီးမင်္ဂလာပေးသည်။ သတ္တမနေ့ကို သန့်ရှင်းစေ သည်။ သတ္တမနေ့၊ ဥပုသ်နေ့တွင် ဘုရားသခင်နားတော်မူသည်။

        ပညတ်တော်ဆယ်ပါးတွင် ဘာကြောင့် ဥပုသ်နေ့တွင် ဝတ်ပြုကိုးကွယ်ရမည်ကို ဘုရားသခင်က ပြောပြသည်။ထာဝရဘုရားသခင်သည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏ (ထွက်မြောက် ၂၀း၁၁)

        ပညတ်တော်ဆယ်ပါးသည် ကမ္ဘာဦးကျမ်းကို ခေါ်ဆောင်သွားပြီး ကမ္ဘာမြေကြီးကို ဘုရားသခင်ဖန်ဆင်းတော်မူသည့် အချိန်သို့ ပြန်လည်ခေါ်ဆောင်သွားသည်။ ဥပုသ်နေ့သည် ရဟူဒီ-ဂျူးလူမျိုးများအတွက်သက်သက်သာ မဟုတ်ဘဲ၊ ကျွန်ုပ်တို့ အားလုံးအတွက် ဖြစ်ပါသည်။ပညတ်တော်ဆယ်ပါးသည် လူသားများအတွက် ပြုပြင်ပြောင်းလဲ၍ မရသော ဘုရားသခင်၏ ပညတ်တော်ဖြစ်သည်။ သူ့မယားကို မပြစ်မှားနှင့် ဆိုသည့် ပညတ်သည် ဂျူးလူမျိုးအတွက်သာ မဟုတ်ပါ။ လူ့အသက်ကို မသတ်နှင့်ပညတ်သည်လည်း ဂျူးလူမျိုးအတွက်သာ မဟုတ်ပါ။ရုပ်တုဆင်းတုကို ကိုယ်အဖို့ မလုပ်နှင့်၊ ဦးမချဝတ်မပြုနှင့်ဆိုသည်မှာဂျူးလူမျိုးတွက် သက်သက် မဟုတ်ပါ။ ဥပုသ်နေ့သည် ဂျူးလူမျိုးအတွက်သီးသန့်မဟုတ်ပါ။ ဤပညတ်တော်များသည် အကောင်းဆုံးဘဝကိုနေထိုင်သွားဖို့ ဖော်ပြပါသည်။ အဓိပ္ပါယ်ရှိရှိ ပျော်ရွှင်စွာ နေထိုင်သွားဖို့အုတ်မြစ် ဖြစ်ပါသည်။

        ဥပုသ်နေ့ပညတ်သည် ကျွန်ုပ်တို့ အချို့အတွက်သာ မဟုတ်ပါ။ကျွန်ုပ်တို့ အားလုံးအတွက် ဖြစ်ပါသည်။ ပုရောဖက်ဟေရှာယက ဤအမှန်တရားကို ထောက်ခံပြောဆိုသည် ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍၊ ငါ၏ပဋိညာဉ်ကို စွဲလမ်းသောသူ အပေါင်းတို့ကိုလည်းကောင်း ငါ၏ သန့်ရှင်းသော တောင်ပေါ်သို့ ခေါ်ဆောင်ခဲ့၍၊ ငါ၏ ပတ္ထနာအိမ်၌ ဝမ်းမြောက်စေမည် (ဟေရှာယ၊ ၅၆း၆၊ ) ဘုရားသခင်၏ သန့်ရှင်း သောတောင်ဆိုသည်မှာ အဘယ်နည်း။ ယေရုရှလင်မြို့သစ် ဖြစ်ပါသည်။ ဘုရားသခင်က လူအမျိုးမျိုးတို့သည် သူ၏ ပလ္လင်တော်ရှေ့တော်၌ အသစ်သော ယေရုရှလင်မြို့ တွင် ဥပုသ်နေ့တိုင်းမှာ ဝတ်ပြုကိုးကွယ်ကြမည်ဟု မိန့်တော်မူခဲ့သည်။ ဤအရာများသည် ဗျာဒိတ်ကျမ်းတွင် ဖော်ပြခဲ့သည့် ရူပါရုံ ဝတ်ပြုရာအိမ်တော် ဖြစ်ပါသည်။ အသစ်သော ယေရုရှလင်မြို့တော်ရှိ ဝတ်ပြုရာအိမ်တော် ဖြစ်သည်။ ဒီနေရာမှာ ဘုရားသခင်၏ ပလ္လင်တော်ရှေ့၌ သူ၏လူမျိုးများ ဖန်ဆင်းရှင်ကို သီချင်းသီဆိုထောမနာပြုကြမည်။ ကမ္ဘာဦးကျမ်း ဖန်ဆင်းချိန်နှင့် ဗျာဒိတ်ကျမ်း ဖန်ဆင်းချိန်တို့ကို ကွင်းဆက်ပေးသည့် ရွှေကွင်းဆက်သည် သတ္တမနေ့ဥပုသ်၊ ဘုရားသခင် ငြိမ်ဝပ်စွာ နားနေသောနေ့၊ ဘုရားသခင် ကောင်းချီးမင်္ဂလာပေးပြီး သန့်ရှင်းစေသောနေ့ဖြစ်ပါသည်။

        ဘုရားသခင်၏ ပညတ်တော်များသည် ထာဝစဉ်တည်မြဲသည့်သဘောရှိ၍ ဥပုသ်နေ့သည်လည်း ထာဝစဉ်တည်မြဲလျက်ရှိပါသည်။ တစ်ခါမျှ မပြောင်းလဲမပယ် ဖျက်ခဲ့ပါ။ ဘုရားသခင်၏ လက်တော်ဖြင့် ကျောက်ပြားပေါ် ရေးမှတ်ခဲ့သည်။ သူ့ရဲ့ လူများအားလုံးအတွက် ထာဝစဉ်တည်မြဲလျက်ရှိသော နိမိတ်လက္ခဏာအဖြစ် ဥပုသ်နေ့ကို ဓမ္မဟောင်းကျမ်းတွင် တောက်လျှောက်တွေ့ရပါသည်။ ထာဝစဉ်တည်မြဲလျက်ရှိသော ဥပုသ်နေ့ကို ပုရောဖက်ယေဇကျေလက ဤသို့ ရှင်းပြပါသည်။ ထိုမှ တစ်ပါး ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေသည်ဟု သူတို့သည် သိမည်အကြောင်း၊ ငါနှင့်သူတို့ စပ်ကြားမှာ လက္ခဏာ သက်သေဖြစ်စေခြင်းငှာ၊ ငါ၏ ဥပုသ်နေ့တို့ကို ငါခန့်ထား၏ (ယေဇကျေလ ၂၀း၁၂)

        ဥပုသ်နေ့သည် ဘုရားသခင်က ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့ကြောင်းသက်သေလက္ခဏာ သာမကဘဲ ကျွန်ုပ်တို့နှလုံးသားကို ပြန်လည်ပြုပြင်ဖန်တီးပေးနိုင်ကြောင်း အမှတ်လက္ခဏာ ဖြစ်ပါသည်။ ဥပုသ်နေ့သည် သန့်ရှင်းမှုအထိမ်းအမှတ် ဖြစ်ပါသည်။ ကျွန်ုပ်တို့ကို မဖန်ဆင်းနိုင်သလိုပြန်လည်ပြီး ပြုပြင်ဖန်တီးမှု မပြုလုပ်နိုင်ပါ။ ကိုယ့်ကိုကိုယ် သန့်ရှင်းအောင်မပြုလုပ်နိုင်ပါ။ ဘုရားသခင်သာလျှင် သန့်ရှင်းသောဝိညာဉ်တော် မှ တစ်ဆင့် ကျွန်ုပ်တို့ကို သန့်ရှင်းစေနိုင်သည်။ ဥပုသ်နေ့သည် ကမ္ဘာကြီးကို ဖန်ဆင်းခဲ့သော ဘုရားသခင်၏ တန်ခိုးတော်ကို ဖော်ပြသော အထိမ်းအမှတ်ဖြစ်ပြီး ကျွန်ုပ်တို့ နှလုံးသားကို ပြန်လည်ပြုပြင်ပေးနိုင်သည့် တန်ခိုးတော်ကို ဖော်ပြခြင်းဖြစ်သည်။

        ဥပုသ်နေ့မှာတတ်ပြုကိုးကွယ်ခြင်း ပြုလုပ်သည့်အခါ ဘုရားသခင်အားအလုံး စုံတန်ခိုးကြီးမားသော ဖန်ဆင်းရှင်းအဖြစ် အသိအမှတ်ပြုခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ရဲ့ နှလုံးသားကို ဘုရားသခင်က ပြုပြင်ပြောင်းလဲနိုင်သည်။ ဥပုသ်နေ့ကို ဘုရားသခင်က အာဒံနှင့်ဧဝကို ဖန်ဆင်းခြင်းအချိန်တွင် ပေးခဲ့ပါသည်။ ဘုရားသခင်သည် သိနာတောင်ပေါ်တွင် မောရှေအား ပညတ်တော်ဆယ်ပါးတွင် ဥပုသ်နေ့ကို ပေးအပ်ခဲ့ပါသည်။

        ဓမ္မဟောင်းကျမ်းအချိန်တွင် သူ၏ ဖန်ဆင်းနိုင်မှု အာဏာကို ဥပုသ်နေ့ကို အထိမ်းအမှတ်ဖြစ်စေပါသည်။ သူ၏ထာဝရတန်ခိုးတော်နှင့်မကုန်ခန်းနိုင်သည့် မေတ္တာတော်ကို ဓမ္မဟောင်းချိန် တစ်လျှောက်လုံးတွင် ပြသခဲ့သည်။ ဒါကြောင့် မေးခွန်းတစ်ခု မကြာခဏ ပေါ်လာတတ်သည်။ ဓမ္မသစ်အချိန်မှာကော ဘယ်လိုရှိပါသလဲ။ သခင်ခရစ် တော်သည် ဥပုသ်နေ့ကို ဖယ်ရှားဖို့လာပါသလား။ သူ့ရဲ့ တပည့်တော်များက ဥပုသ်နေ့ကို ပြောင်းလဲလိုက်ပါသလား။ သူတို့သည် အခြားနေ့ရက် တစ်ရက်ရက်မှာ ဝတ်ပြုကိုး ကွယ်ပါသလား။ ဓမ္မသစ်ကိုလေ့လာကြည့်ရအောင်၊ သခင်ယေရှုက ကျမ်းစာတော်ဥပုသ်နေ့နှင့် ပတ်သက်ပြီး ဘယ်သို့သွန်သင်ပေးပါသနည်း။

        “ကြီးပွားတော်မူရာ နာဇရက်မြို့ သို့ ပြန်ရောက်လျှင်၊ ထုံးစံတော်ရှိသည့်အတိုင်း ဥပုသ်တော်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာကို ဖတ်ရွတ်ခြင်း ငှါထတော်မူ၏ (လုကာ ၄း၁၆) သခင်ယေရှုသည် အလေ့အကျင့်တစ်ခုရှိသည်။ ဥပုသ်နေ့တိုင်း ဝတ်ပြုကိုးကွယ်ဖို့ ပျော်မွေ့တော်မူသည်။

        အခြားသော ဝတ်ပြုကိုးကွယ်နည်းကို သခင်ယေရှုပြသလိုပါကအထိမ်းအမှတ် တစ်ခုခု၊ သို့တည်းမဟုတ် သူ့ရဲ့ ပြုကျင့်မှု တစ်ခုခုကို ပြသသွားမည် မဟုတ်ပါလား။ ပုဂ္ဂိုလ်တစ်ဦးဦးသည် သူရေးသားခဲ့သည့်သေတမ်းစာပါ အချက်အလက်များသည် သူသေဆုံးသည့်အခါ ထိုသေတမ်းစာသည် အတည်ဖြစ်သွားသည် မဟုတ်ပါလား။ ထိုသူသေသွားလျှင် သူ၏သေတမ်းစာကို ပြင်လို့မရတော့ပါ။ သို့ဖြစ်၍ သခင်ခရစ်တော်၏ သက်သေခံမှုနှင့် ဆန္ဒတို့သည် သူ၏ သေခြင်းဖြင့်အတည်ဖြစ်ခဲ့ပါသည်။ သူ၏ အသက်တာမှာ ဥပုသ်နေ့ဝတ်ပြုကိုးကွယ်မှု၊စောင့်ထိန်းမှုကို ပြသခဲ့သည်။ ကျမ်းစာတော်ဥပုသ်နေ့ကို သခင်ခရစ်တော်က စောင့်ထိန်းခဲ့သည်။ သူကိုယ်တိုင်က ဤသို့ပြောခဲ့သည် ဥပုသ်နေ့သည် လူအဖို့ဖြစ်၏၊ လူသည် ဥပုသ်နေ့အဖို့ ဖြစ်သည်မဟုတ် (မာကု ၂း၂၇)

        ဥပုသ်နေ့သည် ဂျူးလူမျိုးအတွက်ဖြစ်သလား၊ ဟုတ်ပါသည်။ ဂျူးလူမျိုးသည် လူသားဖြစ်ပါသည်။ လူသားအားလုံးအတွက် ဖြစ်ပါသည်။ဥပုသ်နေ့သည် ဂျူးလူမျိုးအတွက်ရော ဂျူးလူမျိုးမဟုတ်သူများအတွက်ပါ မှန်ကန်မှု အထိမ်းအမှတ်ဖြစ်သည်။ သူ့ကို လုံးလုံးလျားလျားဝတ်ပြုကိုးကွယ်ခြင်း အထိမ်းအမှတ် သူ့ကို ကြီးမြတ်စွာ ချစ်မြတ်နိုးကြောင်း အထိမ်းအမှတ်ဖြစ်သည်။

        ကျွန်ုပ်တို့သည် ဥပုသ်နေ့အဖို့ မဟုတ်ပါ။ ဘုရားသခင်က ဥပုသ်နေ့ကိုသူ၏ မွန်မြတ်သော လက်ဆောင်အဖြစ် ဖန်ဆင်းပေးပါသည်။ အာဒံနှင့်ဧဝတို့သည်ပထမ ဖန်ဆင်းမှုခံရပါသည်။ ဥပုသ်နေ့သည် လူသားများအတွက်ဘုရားသခင်၏ ချစ်မေတ္တာ လက်ဆောင်ဖြစ်ပါသည်။ ဥပုသ်နေ့တိုင်း လောကီ၏ ဘဝဖိစီးမှုမှ ပြေးထွက်ပြီး သူ၏ ပလ္လင်တော်ရှေ့တွင် သွားရောက်ပါသည်။ ဘဝရဲ့ တင်းမာမှုတို့ သည် သူ၏ရှေ့တော်၌ ပျော်ကွယ်သွားတော့သည်။ ဥပုသ်နေ့သည် ကျွန်ုပ်တို့ကို ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်း အထိမ်းအမှတ်ဖြစ်သည်။ ဖန်ဆင်းချိန်ပြီး မြောက်သည့်အတွက် ကျွန်ုပ်တို့ နားနေပါသည်။ ကယ်တင်ခြင်း စီမံချပ်ပြီးမြောက်၍ ကျွန်ုပ်တို့နားနေပါသည်။ အသက်ရှင်နေစဉ်အခါ၌ သော်လည်းကောင်း၊ သေခြင်းအချိန်၌သော်လည်းကောင်း၊ သခင်ယေရှုသည် ဥပုသ်နေ့တွင် နားနေပါသည်။ ဥပုသ်နေ့ကို ကျောက်ပြား ပေါ်မှာ ရေးမှတ်ပြီး မည်သည့်အခါမျှမပြုပြင် မပြောင်းလဲရတော့ပါ။

        သခင်ယေရှုသည် ဥပုသ်နေ့မှာ မည်သည့်ရက်ဖြစ်ကြောင်း သံသယဖြစ်အောင် မချန်ထားခဲ့ပေးပါ။ ဥပုသ်နေ့နှင့် ပတ်သက်သော ဥပဒေရေးရာဂျူးလူမျိုးတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုတော့..သူမေးခွန်းထုတ်ခဲ့သည်။ သို့ဖြစ်၍ ယေရှုက ပြောသည်မှာ လူသည် သိုးထက် အလွန်မြတ်ပေ၏။ ထိုကြောင့် ဥပုသ်နေ့၌ ကျေးဇူးပြုအပ် သည်ဟု ပြောတော်မူ၏” (မဿဲ၊ ၁၂း၁၂) သခင်ခရစ်တော်အတွက် ဥပုသ်နေ့သည် ကရုဏာကြင်နာမှု လုပ်ငန်း၊ ဝတ်ပြုကိုးကွယ်မှုနှင့် ချီးမွမ်းခြင်း အမှုအရာများ၊ တစ်ဦးနှင့် တစ်ဦး မိတ်သဟာယပြုခြင်း၊ အခြားသူများအတွက် မင်္ဂလာရှိသည့်လုပ်ငန်းပြုလုပ်ရန် နေ့ရက်ဖြစ်သည်။ သခင်ယေရှုသည် အခြားနေ့ရက်များနှင့်စာလျှင် ဥပုသ်နေ့တွင် အံ့ဖွယ်သောအမှုအရာတို့ကို ဆောင်ရွက်ခဲ့သည်။ သူ့အား ဥပုသ်နေ့ကို ဖောက်ဖျက်သူအဖြစ် ဝေဖန်ရှုတ်ချခဲ့သော်လည်း သူသည် ဥပုသ်နေ့ကို အခြားသူများအတွက် ကောင်းကျိုးပြုပြီး ဥပုသ်နေ့ကို ကောင်းချီးမင်္ဂလာပြုပါသည်။

        ဥပုသ်နေ့သည် တရားရေးရာ၊ အမြင်ကျဉ်းသည့် လိုအပ်ချက် မဟုတ်ပါ။ သေသည့် အချိန်၌လည်း ယေရှုခရစ်တော်သည် နားနေခြင်းဖြင့်စောင့်ထိန်းခဲ့သည်။ ဥပုသ်နေ့လွန်မှ ပြန်လည်ထမြောက်ပါသည်။ သခင်ယေရှု၏ အနီးကပ်ဆုံး တပည့်တော်များက ပညတ်တော်လာသည့်အတိုင်းသတ္တမနေ့ဥပုသ်ကို နားနေစောင့် ထိန်းကြသည်။ သခင်ခရစ်တော်၏ အလောင်းကို ဥပုသ်နေ့တွင် အမွှေးအထုံဆေးများဖြင့် ထုပ်ပိုးမှု မပြုခဲ့ပါ။ သခင်ယေရှုသည် ဥပုသ်နေ့မှာ နားနေပြီး ပထမနေ့ရက်တွင် ပြန်လည်ထမြောက်ခဲ့သည်။ သခင်ယေရှုသည် သက်တော်ထင်ရှားစဉ် ဥပုသ်နေ့ကို စောင့်ထိန်းသည်၊ သေသည့်အခါ၌လည်း စောင့်ထိန်းခဲ့သည်။ သူက ငါ့ကိုချစ်လျှင် ငါပညတ်ကို စောင့်ထိန်းပါ” (ယောဟန် ၁၄း၁၅)

        ချစ်ခြင်းမေတ္တာသည် နာခံဖို့ ပို့ဆောင်သည်။ ချစ်ခြင်းမေတ္တာသည်သူ့ပညတ်တော်ကို စောင့်ထိန်းဖို့ ပို့ဆောင်သည်။ ကပ်တိုင်ခြေရင်းအောက်တွင် ကျွန်ုပ်ဒူးထောက်သည့်အခါ သူ့လက်တွင် ရိုက်ထားသည့် သံရဲ့ အရာများကို တွေ့ရ၍ သူ့ကိုနာခံဖို့ လိုလားပါသည်။

        ကပ်တိုင်မှာ သနားကြင်နာခြင်း ရှိသည်။ ကပ်တိုင်မှာ ခွင့်လွှတ်ခြင်းရှိ

သည်။ ကပ်တိုင်မှာ ကျွန်ုပ်တို့၏ နှလုံးသား ပြောင်းလဲသွားသည်။ ထိုနေရာ၌ ဒူးထောက်ပြီး သူသည် သခင်ယေရှု၏ ချစ်ခြင်းမေတ္တာကြီးမားမှုကို အံ့အားသင့်ပါသည်။ သူ့ရဲ့စကား မှာ ငါ့ကို ချစ်လျှင် ငါပညတ်ကိုစောင့်ထိန်းပါ ဟူ၍ ဖြစ်ပါသည်။ နာခံခြင်းသည် တာဝန်တစ်ရပ်မဟုတ်ပါ။ နာခံမှုသည်ကျေနပ်စွာ ရွှင်ပြုံးစရာ ဖြစ်သည်။ ချစ်ခြင်း မေတ္တာသည်သူ့အားဥပုသ်နေ့တိုင်း ဝတ်ပြုကိုးကွယ်ဖို့ ဆော်ဩပါသည်။ တရားဥပဒေ နှင့်စပ်ဆိုင်သည့် သတ်မှတ်ချက်ကြောင့် လှုံ့ဆော်မှု မဟုတ်ပါ။ သူ့အား ချစ်မြတ်နိုး၍ နာခံချင်စိတ်လှုံဆောင်မှုကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အသက်တာဘဝကို ကျွန်ုပ်တို့ကို အသက်ပေးသနားခဲ့သူထံသို့ ပြန်လည်အပ်နှံခြင်း ဖြစ်ပါသည်။ သခင်ယေရှုသည် ဥပုသ်နေ့ကို ဂျူးလူမျိုးတို့ ဓလေ့ထုံးစံ အဖြစ် မရှုမြင်ခဲ့ပါ။ သူကပ်တိုင်ပေါ် အသေခံပြီးလျှင် ဒီဂျူးလူမျိုးတို့ရဲ့ ဓလေ့သည် ပြီးဆုံးခြင်းသို့ ရောက်သွားမည့် အဖြစ်ကို သူမရှုမြင်ခဲ့ပါ။ ပထမရာစုနှစ် အချိန်အခါတွင် သူသည် ဥပုသ်နေ့မှာ ဟေဗြဲလူမျိုးအတွက်သာ ဖြစ်ကြောင်း မသွန်သင်ခဲ့ပါ။ ဥပုသ်နေ့သည် သခင်ယေရှုအတွက် ထာဝရအထိမ်းအမှတ်ဖြစ်သည်။ သူ၏ ဖန်ဆင်းနိုင်မှု တန်ခိုး၊ ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအားဖြင့် အတွင်းစိတ်တွင် သူ့အပေါ် သစ္စာခံယူခြင်းဖြစ်သည်။

        တစ်ကြိမ်တစ်ခါမှာ သခင်ယေရှုသည် သူ့ရဲ့နောက်လိုက် အနီးစပ်ဆုံးတပည့်တော်တွေကို ဖော်ပြခဲ့သည်မှာ၊ သူသည် ကပ်တိုင်ပေါ် အတင်ခံရပြီး၊ သေဆုံး၍ ပြန်လည်ရှင်သန်ထမြောက်ပြီးသည့် နောက်ပိုင်းဥပုသ်နေ့ကို ဆက်လက်စောင့်ထိန်းသွားကြမည်။

        ကောင်းမွန်စွာ ပြုစုထားသည့် တရားဟောချက်တွင် ယေရုရှလင်မြို့တော် ဖျက်ဆီးခြင်းခံရမည့် အကြောင်းကို ဆွေးနွေးခဲ့သည်။ သူ့တပည့်တော်များကို သတိ ပေးညွှန်ကြားခဲ့သည်မှာ သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်း မကျမည် အကြောင်း ဆုတောင်းကြလော့ (မဿဲ ၂၄း၂၀)

        သခင်ယေရှု၏ တပည့်တော်များသည် ဥပုသ်နေ့ကို မစောင့်ထိန်းပါက တပည့်တော်များအား ပြေးရသော အချိန်သည် ဥပုသ်နေ့၌ မကျမည့်အကြောင်း ဆုတောင်းပါ ဟူသော မိန့်မှာချက်မှာ အဓိပ္ပါယ်ရှိမည် မဟုတ်ပါ။

        ခရစ်ယာန်များသည် ဥပုသ်နေ့၌ တစ်နေရာတည်းတွင် ဝတ်ပြုကိုးကွယ်မှုပြုပါက၊ ယေရုရှလင်မြို့ကို ရောမစစ်တပ် ဝင်ရောက်တိုက်ခိုက်ပါက ဘာတွေဖြစ်သွားမည်နည်း။ သူတို့ကို ရောမစစ်တပ်ကအားလုံးသတ်ပစ်မည်ဆိုလျှင် ပိုမိုလွယ်ကူမည်ဖြစ်သည်။ သမိုင်းဆရာဂျိုဆီဖက် (Josephus) က ပြောပြခဲ့သည်မှာ ရောမစစ်တပ်သည် မြို့ကို ဥပုသ်နေ့မှာ အမှန်တကယ် ချဉ်းကပ်ခဲ့ပါသည်။ သခင်ယေရှုက ပြေးရသောအချိန်သည် ဥပုသ်နေ့၌ မကျမည့်အကြောင်း ဆုတောင်းပါ။ ဤပထမရာစု ခရစ်ယာန်များသည် ဆုတောင်းကြပါသည်။ အံ့ဩဖွယ်ရာမှာ အကြောင်းမရှိဘဲနှင့် ရောမစစ်တပ်သည် နောက်ပြန်ဆုတ်ခဲ့သည်။ ဒီအချိန် စပ်ကြားကလေးမှာ ခရစ်ယာန်များသည် မြို့မှာ လွန်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။ သို့ဖြစ်၍ ယေရုရှလင်မြို့ ဖျက်ဆီးချိန်တွင် ခရစ်ယာန်တစ်ဦးတစ်ယောက်မျှ သေကြေပျက်စီးခဲ့ခြင်း ရှိသည်ကို မှတ်တမ်းများတွင် မတွေ့ရှိရပါ။

        သခင်ယေရှုသည် သူရဲ့ တပည်တော်များကို သူသေပြီးသည်နောက်ဥပုသ်နေ့အား ဆက်လက်စောင့်ထိန်းဖို့အတွက် ရှင်းလင်းပြတ်သားစွာကြားခဲ့သည်။ ယေရှုရှလင်မြို့သည် အေဒီ (၇ဝ) ခုနှစ်တွင် ဖျက်ဆီးခြင်းခံရသည်။ ဒီအချိန်မှာ သခင်ယေရှု ကောင်းကင်ဘုံသို့ ကြွမြန်းပြီး ဖြစ်ပါသည်။အချို့လူများက ဒီအတောအတွင်း နေ့ရက်အချိန်အခါများ ပျောက်ဆုံးမှုများ မရှိခဲ့ဘူးလားဟူ၍ မေးကြသည်။ မည်သည့်နေ့ရက်သည် ဥပုသ်နေ့ဖြစ်ကြောင်း ကျွန်ုပ်တို့ ဘယ်လိုသိနိုင်မည်နည်း။ ယနေ့တစ်ပတ်ရဲ့ သတ္တမနေ့သည် ကျမ်းစာတော်အချိန်သတ္တမနေ့ အတိုင်းပဲ ဖြစ်ပါသလား။ ပြက္ခဒိန်နေ့ရက်များ ပြောင်းလဲမှု မရှိခဲ့ဘူးလား။ 

        နေ့ရက်များ ပြောင်းလဲမှု ရှိ၊ မရှိသိနိုင်ရန် နည်းလမ်းအနည်းဆုံး သုံးခုရှိပါ သည်။ ကျမ်းစာမှ သိရှိနိုင်သည်၊ ဘာသာစကားအားဖြင့် သိနိုင်သည်။ နက္ခတ်ပညတ်အားဖြင့် သိနိုင်သည်။ ဥပုသ်နေ့ကို ဖန်ဆင်းခြင်း အချိန်တွင် ဖော်ပြထားပါသည်။ တဖန် မောရှေကို ပညတ်တော်ဆယ်ပါးပေးသည့်အခါ တစ်ဖန် ပြန်လည်ဖော်ပြပါသည်။ အာဒံနှင့် မောရှေစပ်ကြား အချိန်ပျောက်ဆုံးမှု မရှိခဲ့ပါ။ အာဒံနှင့် မောရှေတို့သည် သတ္တမနေ့ဥပုသ်ကို စောင့်ထိန်းခဲ့သည်။ ဓမ္မဟောင်းအချိန် မောရှေမှ သခင်ယေရှုအထိ ဥပုသ်နေ့ကို စောင့်ထိန်းကြ၍ ထိုအတောအတွင်းအချိန်ပျောက်ဆုံးမှု မရှိပါ။ ကပ်တိုင်ပေါ် သခင်ယေရှု အသေသတ်ခြင်းခံရသည်မှ ယနေ့အထိ တစ်ပတ်ရဲ့ နေ့ရက်လည် ပတ်မှု မပြောင်းလဲခဲ့ပါ။

        ဤနေ့ရက်ဖြစ်စဉ်များကို သမ္မာကျမ်းစာမှ လေ့လာကြည့်ရအောင်၊သခင်ယေရှုသေဆုံးချိန်မှ စတင်ကြည့်ရအောင်။ ကျမ်းစာက ဤကဲ့သို့ဖော်ပြထားပါသည်။ ထိုနေ့ကား အဖိတ်နေ့ ဖြစ်၍ ဥပုသ်နေ့ အချိန်နီးသတည်း။ ဂါလိလဲပြည်က ကိုယ်တော်နှင့် အတူလာသော မိန်းမများသည် သင်္ချိုင်းတော်ကိုလည်းကောင်း၊ အလောင်းတော်ကို အဘယ်သို့ ထားသည်ကို လည်းကောင်း၊ အကြည့်အရှု လိုက်လာကြ၏။ ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ နေကြ၏ (လုကာ၊ ၁၃:၅၄၊ ၅၅) သခင်ယေရှုကပ်တိုင်တင်ခြင်းနှင့် စပ်ဆိုင်သော ရက်သုံးရက်ကို သေချာစွာ လေ့လာကြစို့။ အဖိတ်နေ့သခင်ခရစ်တော် သေဆုံးသောနေ့ရက်ကို Good Friday” အဖြစ်ကျင်းပကြသည်။ ဒီရက်ပြီးလျှင် သတ္တမနေ့ဥပုသ် ရောက်လာပါသည်။ ဥပုသ်နေ့တွင် ခရစ်တော်၏ အနီးစပ်ဆုံး နောက်လိုက်များ ပညတ်တော်လာသည့်အတိုင်း နားနေကြသည်။ ဘုရားသခင်၏ မွန်မြတ်သော သားတော်ယေရှုခရစ်တော်သည်လည်း သင်္ချိုင်းဂူတွင် ဥပုသ်နေ့၌ နားနေသည်။

        သခင်ယေရှုသည် ခုနစ်ရက်တစ်ပတ်တွင် ပထမနေ့ရက်တွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ ထိုနေ့ရက်ကို သန်းပေါင်းများစွာသောခရစ်ယာန်များက Easter Sunday” အဖြစ်စောင့်ထိန်းကြသည်။ သတ္တမနေ့ဥပုသ်၏ အသွင်လက္ခဏာမှာ ရှင်းနေပါသည်။ ထိုနေ့ရက်သည် သခင်ယေရှုသေသောနေ့၊ သောကြာနေ့ နှင့် သခင်ယေရှု ထမြောက်သောနေ့၊တနင်္ဂနွေနေ့ နှစ်ခု၏ စပ်ကြားစနေ့နေ့ပင် ဖြစ်ပါသည်။ စနေ့နေ့သည်ကျမ်းစာတော်ဥပုသ်နေ့ဖြစ်ကြောင်း တွေ့ရှိခြင်းမှာ အံ့အားသင့်စရာ ဖြစ်ချင်ဖြစ်မည်။

        ဓမ္မသစ်ကျမ်းတွင် တစ်ပတ်၏ ပထမနေ့၊ တနင်္ဂနွေနှင့်ပတ်သက်၍ ကျမ်းပိုဒ်ရှစ်ခုရှိပါသည်။ ထိုကျမ်းပိုဒ်အားလုံးတို့သည် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဝတ်ပြုကိုးကွယ်ရမည်အကြောင်း ဖော်ပြမှု

မရှိခဲ့ပါ။ ရှင်ပြန်ထမြောက်ခြင်းနှင့် ပတ်သက်၍ သခင်ခရစ်တော်က ကျွန်ုပ်တို့ကို အထိမ်းအမှတ်ပေးခဲ့သည်။ ရှင်ပြန်ထမြောက်ခြင်းကို မည်ကဲ့သို့ ဂုဏ်ပြုရမည်နည်း။ ကျမ်းစာတော်မြတ်ကပဲ ကိုယ်တိုင်ပြောပြပါစေ။ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည် နည်းတူ၊ ငါတို့သည်လည်း အသစ်သော အသက်၌ကျင်လည် ရကြသတည်း(ရောမ ၆း၃၊ )

        ဗတ္တိဇံပြုခြင်းသည် ဓမ္မသစ်ကျမ်း၏ ရှင်ပြန်ထမြောက်မှု အထိမ်းအမှတ်ဖြစ်သည်။ အသစ်သော၏ယုံကြည်သူများ ရေသင်္ချိုင်းကို လုံးလုံးနစ်ဝင်ခြင်းသည် အသစ်တာအဟောင်း၏ သေခြင်းကို ဖော်ညွှန်းပြီး ရေမှပြန်ထွက်လာခြင်းသည် သခင်ယေရှု၏ ဘဝသစ်အဖြစ်ပြန်လည်ရှင်ပြန်ထမြောက်ခြင်းကို သက်သေအထိမ်းအမှတ် ဖြစ်သည်။သခင်ယေရှု သင်္ချိုင်းဝင်ပြီး တစ်ဖန်ပြန်လည် ရှင်သန်ထမြောက်လာသလို ဗတ္တိဇံရေနှစ်ခြင်းခံယူခြင်းသည်လည်း ပြန်လည်အသစ်တစ်ဖန် မွေးဖွားလာသည့် ခရစ်ယာန်များအတွက် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသက်တာအသစ် ပေးအပ်ခြင်းခံရသည့် အထိမ်းအမှတ်ဖြစ်ပါသည်။ ဗတ္တိဇံခံယူခြင်းသည် တနင်္ဂနွေနေ့ကို ဝတ်ပြုကိုးကွယ်ခြင်း အထိမ်းအမှတ်မဟုတ်ဘဲ ပြန်လည်ရှင်ပြန်ထမြောက်မှု အထိမ်းအမှတ် ဖြစ်ပါသည်။သမ္မာကျမ်းစာကပြောသည် ဥပုသ်နေ့ကို အောက်မေ့လော့ ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအားဖြင့် ကိုယ်တော်ရှင်အား ဖန်ဆင်းရှင်အဖြစ်အသိအမှတ်ပြု ဂုဏ်ပြုခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဘာသာစကားများ အနက် ဘာသာပေါင်း ၁၄၀ ကျော်တို့တွင် တစ်ပတ်၏ သတ္တမနေ့ကို ဥပုသ် Sabbath”ဟုခေါ်ဝေါ်ကြသည်။ 

        ရုရှားဘာသာစကား၊ ယူကရိန်းဘာသာစကားနှင့် ဘူဂေးရီးယားဘာသာစကားတွင် သတ္တမနေ့ကို စာဘိုးတာ- SABBOTA” ဟုခေါ်ဝေါ်ပါသည်။ အာရာဘီစကားတွင် အာစဘတ် As SABAT” ဟုခေါ်ဝေါ်ပါသည်။ ဟေဗြဲဘာသာတွင် ရှာဘတ် SHABBAT” လို့ ခေါ်ပါသည်။ ကမ္ဘာ့ဘာသာစကားများသည် သတ္တမနေ့ ဖြစ်သော စနေနေ့ကို အင်္ဂလိပ်ဘာသာစကား SABBATH ဥပုသ်နေ့ဖြစ်ကြောင်းကို ရှင်းလင်းစွာ ဖော်ပြပါသည်။ ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများဖြစ်သည့် အင်္ဂလိန်နိုင်ငံ၊ ဂရင်းနစ်ရှ်မြို့ရှိ (The Royal Greenwich Observatory) နှင့် အမေရိကန်နိုင်ငံရှိ (Naval Observatory)တို့သည် တစ်ပတ်၏ လည်ပတ်မှုမှာ တစ်ကြိမ်တစ်ခါမျှ ပြောင်းလဲခဲ့ခြင်း မရှိကြောင်းဆိုပါသည်။ ကမ္ဘာ့သမိုင်းတွင် AD, 1582 ခုနှစ်၌ Pope Gregory XI သည် ပြက္ခဒိန်နေ့ရက်များနှင့် ရာသီချိန် ကွဲလွဲမှုကြောင့် နေ့ရက်ညှိနှိုင်းမှု ပြုလုပ်ခဲ့ပါသည်။

        သူသည် ၁၅၈၂ ခု၊ အောက်တိုလာလ ၄ရက်၊ ကြာသပတေးနေ့ကိုနောက်လာသည့် သောကြာနေ့အား ၁၅၈၂ ခု၊ အောက်တိုဘာလ ၁၅ရက်၊သောကြာနေ့ အဖြစ်မှတ်ယူကြရန် မင်းအမိန့်ထုတ်ပြန်ခဲ့သည်။

        သို့ရာတွင် မှတ်သားရန်အချက်မှာ ဤပြောင်းလဲမှုသည်တစ်ပတ်၏ နေ့ရက်လည်ပတ်မှုကို မထိခိုက်ပါ။ သောကြာနေ့သည် ကြာသပတေးနေ့နောက်မှလာသည်။ စနေနေ့သည်လည်း သောကြာနေ့ပြီးမှလာသည်။တနင်္ဂနွေမှာ တစ်ပတ်၏ ပထမနေ့ရက်ပင်ဖြစ်သေးသည်။ ၁၉၇၆ ခုနှစ်တွင် ကျွန်တော်က Royal Greenwich Observatory ရှိ Astronomer Royal သို့ မပြောင်းလဲသည့် တစ်ပတ်ရက်လည်ပတ်မှု နှင့်ပတ်သက်၍ စာရေးမေးမြန်းခဲ့ပါသည်။ ကျွန်ုပ်အနေဖြင့် နေ့ရက်ပြောင်းလဲမှု မရှိကြောင်းကို သေချာအောင် အထောက်အထား သိလိုခြင်းဖြစ်ပါသည်။ အောက်ပါတို့မှာ ကျွန်တော်ရေးသောစာနှင့် ရရှိခဲ့သည့် ပြန်စာဖြစ်ပါသည်။ ပြန်စာနှင့်ပါဝင်သည် အချက်အလက်များကို သေချာစွာ သတိပြုပါ။ 

လူကြီးမင်းခင်ဗျား၊ 

        ကျွန်တော်သည် လက်ရှိမှာ မပြတ်တောက်ခဲ့သည့် အပတ်စဉ်ရက်လည်ပတ်မှုနှင့် စပ်လျဉ်းသည့် သုတေသနပြုလုပ်နေပါသည်။ ဥရောပနက္ခတ်ဗေဒ ပညာရှင်အများ အပြားသည်အပတ်စဉ်ရက်လည်ပတ်မှုများ ရှေးခေတ်မှ ယနေ့ အထိပြတ်တောက်မှု မရှိဘဲ ဆင်းသက်လာခဲ့ကြောင်း ပြောပါသည်။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ယနေ့သတ္တမနေ့သည် ကျမ်းစာခေတ်အခါက သတ္တမနေ့နှင့် ထပ်တူထပ်မျှ ဖြစ်ကြောင်း ဆိုလိုပါသည်။ ကျွန်တော်မေးလိုသည့် အချက်မှာ သုံးခုရှိပါသည်။

၁။ သင်၏လေ့လာချက်အရ ရှေးပဝေသဏီမှ ယခုအချိန်အထိ မပြတ်တောက်သည့် အပတ်စဉ်ရက်လည်ပတ်မှုနှင့် ပတ်သက်သောတွေ့ရှိချက်ဘာတွေရှိပါသလဲ။

၂။ လွန်ခဲ့သည့် ရာစုနှစ်များအတွင်း ပြက္ခဒိန်ပြင်ဆင်မှုနှင့် ပတ်သက်၍ အပတ်စဉ်ရက်လည်ပတ်မှုကို ထိခိုက်ပါသလား။ ( Julian မှ Gregorian သို့၊ စသည်များ)

၃။ ယနေ့အချိန်စနေနေ့သည် ကျမ်းစာခေတ်က ကပ်တိုင်တင်ခြင်း မှတ်တမ်းမှ စနေနေ့နှင့် တိုက်ရိုက်ဆင်းသက်လာသည့် အပတ်စဉ် ရက်လည်ပတ်မှုနှင့် မပြတ်တောက်ဘဲ ထပ်တူထပ်မျှဖြစ်ပါသလား။

        အချိန်ယူပြီး ကျွန်တော့်မေးခွန်းများဖြေကြားဖို့ ကျေးဇူးအများကြီး တင်ပါသည်။ ဆောလျင်စွာအဖြေမျှော်ရင်း ကျေးဇူးတင်လျက်။ စိတ်ရင်းမှန်စွာဖြင့် မာ့ဒ်ဖင်း နလီ။

 

        R.H. Tucker, Information Officer, Royal Greenwich Observatory 1974 မှ ပြန်စာ။

လူကြီးမင်းခင်ဗျား၊

        (Astronomer Royal at Greenwich) သို့ ရေးသောစာကို ကျွန်ုပ်တို့ဆီရောက်လာပြီး ညွှန်ကြားရေးမှူးက ကျွန်ုပ်အား ပြန်လည်ဖြေကြားရန် ပြောပါသည်။ အပတ်စဉ်ရက်လည်ပတ်မှု အဆက်မပြတ်မှုသည် ဂျူးလူမျိုးတို့ရဲ့ ဘာသာစတင်ခြင်း အစောဆုံးအချိန်မှ ယနေ့တိုင်ပြတ်တောက်မှု မရှိဘဲဆက်လက်တည်မြဲနေပါသည်။ နက္ခတ်ပညာရှင်သည် ပြက္ခဒိန်အချိန်နှင့်ခုနှစ်သက္ကရာဇ် တိကျမှုကို ဆုံးဖြတ်ပေးဖို့တော့ ဝန်လေးချင်ဝန်လေးနိုင်မည်။ သို့ရာတွင် တစ်ပတ်၏ သတ်မှတ်ချက်မှာ မြို့ပြရေးရာ၊ လူမှုအဖွဲ့အစည်းရေးရာနှင့်ဘာသာရေးရာ အပတ်စဉ်လည်ပတ်မှုဖြစ်နေ၍ သက္ကရာဇ်ပြင်ဆင်မှုကြောင့် အပတ်စဉ်ကို ထိခိုက်နိုင်မည် မဟုတ်ပါ။ တစ်ပတ်လျှင် ခုနစ်ရက်လည်ပတ်မှုကို ပြင်ဆင်နှောင့်ယှက်ရန် ကြိုးပမ်းမှုအားလုံးတို့သည် ဂျူးလူမျိုးအာဏာပိုင်များမှ အပြင်းအထန်ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ရပါသည်။ သို့ဖြစ်၍ အပတ်စဉ် ခုနစ်ရက်လည်ပတ်မှုကို နှောင့်ယှက်ထိခိုက်မှု မရှိကြောင်း ပြောနိုင်ပါသည်။ Julian ပြက္ခဒိန်မှ GERGORION ပြက္ခဒိန်သို့ (1582-1927) ကူးပြောင်းခြင်း သည် ရက်လည် ပတ်မှုမထိခိုက်အောင် ပြုလုပ်ပါသည်။ သစ္စာရှိစွာဖြင့်၊

R.H. Tucker

Information Officer

        သင်သည် သံသယရှိအုံးမည်ဆိုလျှင် Webster's International Dictionary” အဘိဓာန်ကို လေ့လာကြည့်ပါ။ သင်ဖတ်ရှုရမည်မှာ စနေနေ့သည် တစ်ပတ်၏ သတ္တမနေ့ဖြစ်သည်ဟူ၍ တွေ့ရပါမည်။ အာဒံသည် ဥပုသ်နေ့ကို စောင့်ထိန်းသည်၊ မောရှေသည် ဥပုသ်နေ့ကို စောင့်ထိန်းသည်၊ ဟေရှာယ ဥပုသ်နေ့ကို စောင့်ထိန်းသည်။ ယေရမိ ဥပုသ်နေ့ကို စောင့်ထိန်းသည်။ ယေရှုသည် ဥပုသ်နေ့ကို စောင့်ထိန်းသည်။ ပေတရု၊ယာကုပ်၊ ယောဟန်နှင့် ပေါလုတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းကြသည်။ ဓမ္မသစ်ကျမ်းသည် ဥပုသ်နေ့ကို စောင့်ထိန်းရန် တပည့်တော်များအတွက် ရှင်းလင်းစွာ ဖေါ်ပြပေးနေပါသည်။

        “ထိုနောက်၊ အံဖိပေါလိမြို့၊ အာပေါလောန်မြို့ ကို လျှောက်သွား၍ သက်သာလောနိတ်မြို့သို့ ရောက်ကြ၏။ ထိုမြို့မှာ ယုဒတရားဇရပ်ရှိ၏။ ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုဇရပ်သို့ ဝင်၍၊ ဥပုသ်နေ့ သုံးရက်တိုင် ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့် ဆွေးနွေးနှီးရောသဖြင့် (တမန်တော်၊ ၁၇း၁၊၂)

        ခရစ်တော်အကြောင်း ရှင်ပေါလုဟောပြောသည်။ ထိုနေ့သည်ဥပုသ်နေ့ ဖြစ်သည်။ ထူးခြား၍ စိတ်ဝင်စားစရာကောင်းသည်။ ယုဒလူမျိုးမဟုတ်သည့် အခြားလူမျိုးတို့သည်လည်း ဥပုသ်နေ့ အစည်းအဝေးသို့တက်ရောက်ကြပါသည်။ ရှင်လုကာသည် (တမန်တော်၊ ၁၃း၄၂) တွင်မှတ်တမ်းတင်ခဲ့သည်မှာ လူများတို့သည် တရားဇရပ်မှ ထွက်သွားကြစဉ်၊ထိုအကြောင်းအရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။ တမန်တော်ရှင်ပေါလုသည် နောက် တစ်ရက် ပထမနေ့ဖြစ်သော တနင်္ဂနွေနေ့ကို စောင့်ထိန်းရန် အားမပေးခဲ့ကြောင်း ကျမ်းစာတော်မှ ပြောပြသည်။ နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နားထောင်အံ့သောငှာ၊ တစ်မြို့လုံးကုန်မတတ် စည်းဝေးကြ၏ (တမန်တော်၊ ၁၃း၄၄)

        တစ်မြို့လုံး လာရောက်ကြပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြ၊ သင်၏ မြို့၌ လူအားလုံးတို့သည် ဖန်ဆင်းရှင်အား ဥပုသ်နေ့တိုင်း လာရောက်ဝတ်ပြုကြလျှင် ဘယ်သို့ဖြစ်မည်နည်း။ ဥပုသ်နေ့သည်လူမျိုးအားလုံးတို့ကြား တစ်လုံးတစ်ဝတည်း ပေါင်းစည်းညီညွတ်တည်း ရှိကြသည်ကို ဖေါ်ပြပါသည်။ သခင်ခရစ်တော် အားဖြင့် လူမျိုးတိုင်းသည်လူသားများ တစ်ခုတည်းဖန်ဆင်းမှု ပြုခဲ့သည်။ သို့ဖြစ်၍ ဥပုသ်နေ့တွင်ကျွန်ုပ်တို့ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းကို ချီးမွမ်းကြသည်။ 

        ဥပုသ်နေ့တွင် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန် လာသည့်အခါ ကျွန်ုပ်တို့ကို သူသည် လူသားတစ်ခုတည်းအဖြစ် ပေါင်းစည်းပေးခဲ့သည်။ တပည့်တော်များသည် လူအုပ်ကြီးရှိပါက ဥပုသ်ကို အများနှင့်အတူစောင့်ထိန်းကြသည်။ ယုံကြည်သူအမြောက်မြားရှိသည့်အခါ ဥပုသ်နေ့ကိုအုပ်စုကလေးနှင့်အတူ ပုဂ္ဂလိက စောင့်ထိန်းကြသည်။

        “ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ ထွက်လျှင်၊ ပတ္ထနာဇရပ်ရှိတတ်ရာ မြစ်နားသို့ သွား၍ ထိုင်ပြီးမှ ထိုအရပ်၌ စည်းဝေးသော မိန်းမတို့အားဟောပြောကြ၏” (တမန်တော်၊ ၁၆း၁၃)

        ဤမြို့မှာ ဥပုသ်နေ့စောင့်ထိန်းသည့် အုပ်စုသော်လည်းကောင်း၊ ဓမ္မဇရပ်သော်လည်းကောင်း၊ မရှိသည့်အတွက် တမန်တော် ရှင်ပေါလုသည် ဆိတ်ငြိမ်စွာစီးဆင်းနေသည့် မြစ်ချောင်းနံဘေးတွင် ယုံကြည်သူတစ်စုကလေးနှင့် ဥပုသ်နေ့ကို စောင့်ထိန်းခဲ့သည်။ ဓမ္မသစ်ကျမ်း အထောက်အထားများက ရှင်းနေပါသည်။ သခင်ခရစ်တော်သည် သူ၏ တပည့်တော်များကို မှာကြားခဲ့သည်မှာ ကပ်တိုင်နောက်ပိုင်းတွင် ဥပုသ်နေ့ ကို ဆက်လက်စောင့်ထိန်းသွားရပါမည်။ ပေတရုနှင့် ပေါလုတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းခဲ့သည်။ ဗျာဒိတ်ကျမ်းသည် ကျွန်ုပ်တို့အား ဖန်ဆင်းရှင်ကို ပြန်လည်ဝတ်ပြုကိုးကွယ်ရန် ဥပုသ်နေ့တိုင်းတွင် ခေါ်ယူနေပါသည်။

        ကမ္ဘာ့သမိုင်း၏ နောက်ဆုံးအချိန်ကာလတွင် ယေရှုခရစ်တော်ရဲ့ဗျာဒိတ်သည် မှန်ကန်သည့် ဝတ်ပြုကိုးကွယ်မှုကို ပြန်လည်ခေါ်ယူနေပါသည်။ ခရစ်ယာန်ခပ်များများသည် ဗျာဒိတ်၊ ၁း၁၀ တွင် ဖေါ်ပြခဲ့သည့် သခင်ဘုရားနေ့ရက် နှင့် ပတ်သက်၍ နားလည်မှု ရှုပ်ထွေးကြသည်။ တမန်တော်ယောဟန်က ကြေညာပြောဆိုခဲ့သည်မှာ သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကို ခံရ၍ သခင်ဘုရား၏နေ့ဆိုသည်မှာ အဘယ်နည်း။ သခင်ဘုရား၏ နေ့နှင့်ကျမ်းစာတော် ဥပုသ်နေ့နှင့်ကွာခြားမှု ရှိပါသလား။ ဒီရက်နှစ်ရက်တို့သည် တစ်ရက်က ဓမ္မဟောင်းအတွက်ဖြစ်ပြီး၊ အခြားတစ်ရက်က ဓမ္မသစ်အချိန်အတွက် ဖြစ်နေပါသလား။ သို့တည်းမဟုတ် ဒီရက်နှစ်ရက်သည် တစ်ရက်တည်းပင် ဖြစ်ပါသလား။

        ကျွန်ုပ်တို့သည် သခင်ဘုရားနေ့ ကို ကိုယ်လိုရာဆွဲပြီး အဓိပ္ပါယ်လှည့်ချင်လှည့်ဖို့ ကြိုးစားမည်ဖြစ်သော်လည်း သခင်ယေရှု ကိုယ်တိုင်ကဤသို့ဆိုသည်။ 

လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မှု၏ (မဿဲ၊ ၁၂း၈) 

သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မှု၏ (မာကု၊၂း၂၈) 

ထိုမှတစ်ပါး လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မှု၏ (လုကာ၊ ၆း၅)

        သင်သည် သမ္မာကျမ်းစာတွင် ဤအချက်နှင့်ပတ်သက်၍ သုံးကြိမ်တိုင်တိုင် ဖေါ်ပြနေရသည့်အကြောင်း မည်သို့ထင်ပါသနည်း။ အကြောင်းကတော့ တစ်ခုပဲဖြစ်နိုင်သည်။ ဤအချက်သည် အထူးပင် အရေးကြီးသည့်အတွက်ကြောင့် ဖြစ်ပါသည်။ လူသားသည် ဥပုသ်နေ့ကို အစိုးရမှုရှိလျှင် ဥပုသ်နေ့သည် သခင်ဘုရားနေ့ပင် ဖြစ်ရပါမည်။ ကမ္ဘာဦးကျမ်းမှာ ဖေါ်ပြခဲ့သည့် ဥပုသ်နေ့သည် ဖန်ဆင်းရှင်သခင်ဘုရား၏ ဗျာဒိတ်နေ့ပင် ဖြစ်ပါသည်။

        ဗျာဒိတ်ကျမ်းမှာ ဖေါ်ပြခဲ့သည့် ဖန်ဆင်းရှင်သည် ကမ္ဘာဦးကျမ်းမှာဖေါ်ပြခဲ့သည့် ဖန်ဆင်းရှင်နှင့်တစ်ဦးတစ်ယောက်တည်းပင် ဖြစ်ပါသည်။ပထမဦးဆုံး ကမ္ဘာပေါ် ရှိ လူသားတို့အားပြောခဲ့သည့် ဥပုသ်နေ့ကို ငါကောင်းချီးမင်္ဂလာပေးပြီး၊ သန့်ရှင်းအောင်ပြုခဲ့၍ နားနေပါသည်။ ဤစကားသည်လည်း လူသားများကို ဖန်ဆင်းရှင်အား ပြန်လည်ဝတ်ပြုကိုးကွယ်ဖို့ နောက်ဆုံးအချိန်ကာလတွင် ထပ်မံခေါ်ယူနေပါသည်။ သူသည် မပြောင်းလဲပါ။ နောက်ဆုံးအချိန်ကာတွင် ဘုရားသခင်၏ လူသားတို့ကို ဗျာဒိတ်ကျမ်းမှ ဤသို့ ဖေါ်ပြထားပါသည်။ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤရာ၌ သည်းခံစရာအကြောင်းရှိ၏ (ဗျာဒိတ်၊ ၁၄း၁၂)

        ဘုရားသခင်၏ လူအပေါင်းသည် မကြာမီကြွလာတော်မှုခြင်းကိုစောင့်ဆိုင်းရင်း သူ၏ ပညတ်တော်ကို သတ္တမနေ့ ဥပုသ်အပါအဝင်စောင့်ထိန်းသွားမည် ဖြစ်ပါသည်။ ဥပုသ်နေ့သည် နောက်ဆုံးအချိန်ကာလအတွက် မှန်ကန်သည့် ဝတ်ပြုအထိန်းအမှတ်ဖြစ်မည်။ ဥပုသ်နေ့သည် မှန်ကန်သည့် ဝတ်ပြုကိုးကွယ်မှု၏ အထိမ်းအမှတ်အဖြစ် ထာဝရစဉ် တည်မြဲသွားပါမည်။ ထာဝရကာလပတ်လုံးကျွန်ုပ်တို့သည် အရှင်သခင် အားလုံးစုံ တန်ခိုးကြီးမြတ်သည့် ချစ်မြတ်နိုးရသော ဖန်ဆင်းရှင်အဖြစ် ဝတ်ပြုကိုး ကွယ်သွားပါမည်။ 

        “ငါဖန်ဆင်းသော ကောင်းကင်သစ် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့ သို့ သင်တို့၏ အမျိုးအနွယ်နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မှု၏။ လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှာ၊ လဆန်းနေ့နှင့် ဥပုသ်နေ့ အစဉ်အတိုင်း လာကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏ (ဟေရှာယ၊ ၆၆း၂၂၊၂၃) 

        ကမ္ဘာအရပ်ရပ်မှလာကြပြီး လူသားတစ်ခုတည်းအဖြစ် မိသားစုတစ်ခုတည်းမှ  ညီရင်းအစ်ကို၊ ညီအစ်မများအဖြစ် ကိုယ်တော်ရှင်အား ချီးမွမ်းထောမနာပြုခြင်း၊ ဂုဏ်ကျက်သရေနှင့် ပြည့်စုံခြင်းသို့ ရောက်ရှိသွားမည်။ကျွန်ုပ်တို့အတွက် အသေခံတော်မှုသော သခင်ခရစ်တော်အား ချီးမွမ်းထောမနာပြုသွားမည်။ ကျွန်ုပ်တို့ ပေါင်းစည်းပြီး ဖခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်ကို ချီးမွမ်းသွားပါမည်။

        သင်အခု စဉ်းစားလျှင် စဉ်းစားနေမည်။ ဤအရာများ ကျွန်ုပ်အတွက်အသစ်အဆန်း ဖြစ်နေပါသလား။ သို့ရာတွင် သင်၌ ဆန္ဒတစ်ခုပဲ ရှိနေပါမည်။ ထိုဆန္ဒသည် ယေရှုသခင်၏ နောက်သို့လိုက်ပြီး သူ့ဆန္ဒကို လိုက်လျောဖို့ ဖြစ်ပါသည်။ ဘုရားသခင်သည် ပညတ်တော်ဆယ်ပါးကို သူ၏ လက်တော်ဖြင့် ကျောက်ပြားပေါ် ရေးသည့်အခါ ပညတ်တော် တစ်ပါးတည်း၌သာအောက်မေ့ပါ ဆိုသည့် စကားလုံးပါရှိခဲ့သည်။ သို့ဖြစ်၍ ဘုရားသခင်မိန့်မှာချက်များကို မေ့လျော့ခဲ့ပါက ဥပုသ်နေ့၏ ကြီးမားသော ကောင်းချီးမင်္ဂလာနှင့် လွဲသွေ့သွားမည် ဖြစ်ပါသည်။ ဥပုသ်နေ့၏ ငြိမ်းချမ်းမှု၊ ငြိမ်သက်နားနေမှုနှင့် ပျော်ရွှင်ချမ်းမြေ့မှုတို့နှင့် သွေဖယ်သွားမည် ဖြစ်သည်။ 

        ကျမ်းစာတော်မြတ်တစ်ခုလုံးတွင် ဥပုသ်နေ့ ပညတ်တော်၏ မိန့်မှာချက်သည် ရှင်းလင်းပြတ်သားသည်။ ဥပုသ်နေ့သည် ဘုရားသခင်နှင့် သူ့လူစပ်ကြား နိမိတ်လက္ခဏာ အဆက်အသွယ်ဖြစ်သည်။ ဓမ္မဟောင်းကျမ်း အချိန်ရှိ ယုံကြည်သူများသည် ဥပုသ်နေ့ကို စောင့်ထိန်းသည်။ ပေတရု၊ ယာကုပ်၊ ယောဟန်တို့သည် ဥပုသ်နေ့ကို စောင့်ထိန်းသည်။ ရှင်ပေါလုသည် မြို့တစ်ခုလုံးကို ဥပုသ်နေ့ စောင့်ထိန်းရန် သွန်သင်ပေးခဲ့သည်။ ဓမ္မသစ်ကျမ်းအချိန်ရှိ ယုံကြည်သူအားလုံးတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းသည်။

        သခင်ယေရှုကိုယ်တော်တိုင် ဖခမည်းတော်ကို ဥပုသ်နေ့တိုင်း ဝတ်ပြုကိုးကွယ်ခဲ့သည်။ ယေရှုက ငါ့ကို ချစ်လျှင် ငါ့ပညတ်ကို စောင့်ထိန်းပါ ဟုပြောခဲ့သည်။ ဥပုသ်နေ့၏ ထူးခြားလှပမှုကို သိရှိလာသည့်အခါသခင်ခရစ်တော်ကို နှလုံးကွဲလုမတတ် ချစ်မြတ်နိုးရပါသည်။ ကျွန်ုပ်တို့ဘဝအနက်ဆုံးမှ သူ့နောက် လိုက်လျှောက်မည်ဟု အော်ပြောနေပါသည်။သခင်ယေရှု အများယူဆသည်များ၊ အများက သွန်သင်ပြောပြသည်များနှင့် မည်သို့ ခြားနားသည် ဖြစ်စေ၊ ကျွန်ုပ်သည် ကျမ်းစာမှာရှိသည့် အမှန်တရားကိုသာ လိုလားပါသည်။ ကျွန်ုပ်၏ နှလုံးသားသည် အရာတစ်ခုတည်းကိုသာ လိုလားပါသည်။ ထိုအရာကား သခင်ယေရှုပင် ဖြစ်ပါသည်။

        ယခုအချိန်မှာ သင်၏ဦးခေါင်းကို ညွှတ်ပြီး သခင်ယေရှု ကျွန်ုပ်ကိုသင်၏ အမှန်တရားကို သွင်သင်ပါ။ ကျွန်ုပ်အား မည်သည့် အရပ်သို့ခေါ်ခေါ် ကျွန်ုပ်လိုက်လျှောက်မည်။

        သင်ဤသို့ပြောလိုပါသလား။ သခင်ယေရှု အခြားသူများကို မည်သို့ပင် သွန်သင်ခဲ့ပေမယ့်၊ သခင်ယေရှု၏ နောက်သို့ လိုက်လျှောက်ပြီးကျွန်ုပ်၏ ဖန်ဆင်းရှင်နှင့် အရှင်သခင်အဖြစ် ဝတ်ပြုကိုးကွယ်လိုပါသည်။အပတ်စဉ်တွင်လည်း ဥပုသ်နေ့၏နားနေမှု ဆုကျေးဇူးကို ခံစားနိုင်လိုပါသည်။

        ကျွန်ုပ်အတွက်မှာ ဘဝရဲ့ အရေးအကြီးဆုံးအရာသည် သခင်ယေရှုနောက်သို့ လိုက်လျှောက်ရန်ဖြစ်သည်။ သင်၏ ဆန္ဒမှာလည်း ဤကဲ့သို့ ဖြစ်ပါသလား။ သင်၏အပ်နှံမှုသည် ဤအတိုင်းပင် ဖြစ်ပါသလား။ သင်၏ဘဝတွင် သခင်ယေရှုသည် အရာရာတိုင်းထက် အရေးကြီးပါသလား။ သင့်အတွက် သခင်ယေရှုလမ်းပြ၍ သူ့အလိုတော် လိုက်လျှောက်နိုင်ဖို့ ဆုတောင်းပေးလိုပါသလား။

        သင့်ရဲ့နှလုံးသားကို ဖွင့်ပြီး အခုပင် သခင်ယေရှုအား ဟုတ်ကဲ့၊သင့်အလိုတော်ကို လိုက်လျှောက်ပါမည် ဟူ၍ ပြောဆိုသွားနိုင်မည်လား။

 


No comments:

Post a Comment