Monday, May 25, 2026

ယေဇကျေလအနာဂတ္တိကျမ်း ၄၇

 

အခန်းကြီး - ၄၇

1 ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကို ဆောင်ခဲ့၍၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင်၏။ အမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍၊ ရေသည်အိမ်တော်တံခါးခုံလက်ျာအောက်၊ ယဇ်ပလ္လင် တော် တောင်ဘက်မှ စီးသွားလေ၏။
တဖန် မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ ပြင်၌ဝိုင်းသွားလျက်၊ အရှေ့သို့ မျက်နှာပြုသော ပြင်တံခါး လမ်းဝသို့ ရောက်သောအခါ၊ လက်ျာဘက်မှစီးသော ရေကို ငါမြင်၏။
ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင်၊ အတောင်တတောင်စေ့အောင်တိုင်း၍ ငါ့ကို ရေကူးစေ၏။ ရေသည် ဖမျက်သို့ မှီလေ၏။
တဖန်အတောင်တထောင်စေ့အောင်တိုင်း၍ ရေးကူးစေပြန်လျှင်၊ ရေသည် ဒူးကိုမှီလေ၏။ တဖန် အတောင်တထောင်စေ့အောင်တိုင်း၍ ကူးစေပြန်လျှင်၊ ရေသည်ခါးကိုမှီလေ၏။
တဖန် အတောင်တထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သော မြစ်ဖြစ်လေ၏။ ရေထ သောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမှီပဲ ကူးရသောမြစ်ဖြစ်၏။
ထိုသူက၊ အချင်းလူကား၊ ဤအရာကို မြင်သည် မဟုတ်လောဟု ပြောပြီးမှ တဖန်ငါ့ကိုခေါ်သွား၍ မြစ်နားသို့ပြန်စေ၏။
ပြန်စဉ်အခါ မြစ်နားနှစ်ဘက်၌ များစွာသော အပင်တို့ကို ငါမြင် ၏။
ထိုသူကလည်း၊ ဤရေသည် အရှေ့သို့စီး၍ တောကို ရှောက်ပြီးမှ၊ အိုင်ထဲသို့ဝင်တတ်သော အားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။
အသက်ရှင်၍လှုပ်ရှားတတ်သော သတ္တဝါ အမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍၊ အလွန်များစွာသော ငါတို့လည်း ရှိကြ လိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့်၊ ရောက်သမျှ သော အရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည်။
10 
အိုင်နားမှာတံငါတို့သည် ရပ်၍၊ အင်္ဂေဒိရွာမှ စ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာ အရပ် ဖြစ်လိမ့်မည်။ ငါအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။
11 
ရွံ့ပွက်ရည်နှင့် ရွံ့အိုင်ရေမူကား မချိုရ၊ အစဉ် ငန်ရလိမ့်မည်။
12 
မြစ်ကမ်းနားနှစ်ဖက်၌ စားစရာကောင်းသော အပင်အမျိုးမျိုး ပေါက်ကျလိမ့်မည်။ အရွက်လည်း မညှိုး မနွမ်းရ အသီးလည်းမပျက်ရ။ လတိုင်းအစဉ်နုသော အသီးကို သီးလိမ့်မည်။ အကြောင်းမူကား၊ သန့်ရှင်းရာ ဌာနထဲကထွက်သတည်း။ အသီးသည် စားစရာ အပိုဖြစ် ၏။ အရွက်သည် အနာရောဂါငြိမ်းစရာဘို့ဖြစ်သည်ဟု ငါ့အားပြောဆို၏။
13 
အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအမွေခံရသော မြေ အပိုင်းအခြားမူကား၊ ယောသပ်သည် မြေအပိုင်းအခြား နှစ်ခုကို ယူရမည်။
14 
ဘိုးဘေးတို့အား ငါကျိန်ဆိုသည်အတိုင်း ငါပေး ရသော ထိုမြေသည် သင်တို့အမွေဖြစ်၍၊ သင်တို့သည် အချင်းချင်းအမွေခံရကြမည်။
15 
မြေမြောက်ဘက်အပိုင်းအခြားသည် မဟာ ပင်လယ်တဘက်တချက်၊ ဟေသလုန်လမ်း၊ ဇေဒဒ်လမ်းသို့ လိုက်လျက်၊
16 
ဟာမတ်မြို့နှင့် ဗေရောသာမြို့ကို၎င်း၊ ဒမာသက်နယ်နှင့်ဟာမတ်နယ်ဆက်ကြားမှာ သိဗရိမ် မြို့ကို၎င်း၊ ဟောရန်မြို့အနားမှာ၊ ဟာဇာဟတ္တိကုန်းမြို့ကို ၎င်း ဝိုင်း၍၊
17 
တဖန်ပင်လယ်နှင့်ကွာပြီးမှ ဒမာသက်နယ် အနား၌ ဟာဇရေနန်မြို့၊ မြောက်ဘက်၌ ဇိဖြုန်မြို့၊ ဟာမတ်မြို့ပါရမည်။ ဤရွေ့ကား မြောက်ဘက် အပိုင်း အခြားဖြစ်သတည်း။
18 
အရှေ့ဘက်အပိုင်းအခြားသည် ဟောရန်မြို့၊ ဒမာသက်မြို့၊ ဂိလဒ်ပြည်၊ ရောဒန်မြစ်နား ဣသရေလ ပြည်နယ်ကိုရှောက်၍၊ အရှေ့ပင်လယ်၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ဘက်အပိုင်းအခြား ဖြစ်သတည်း။
19 
တောင်ဘက်အပိုင်းအခြားသည် တာမာမြို့မှ စ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်၎င်း၊ မဟာ ပင်လယ်ထဲသို့ ဝင်သောမြစ်တိုင်အောင်၎င်း၊ ရှောက်သွား ရမည်။ ဤရွေ့ကား၊ တောင်ဘက်အပိုင်းအခြားဖြစ်သ တည်း။
20 
အနောက်ဘက်၌ မဟာပင်လယ်သည် တောင် ဘက်မှစ၍၊ ဟာမတ်မြို့တဘက်တချက်တိုင်အောင် ပိုင်းခြားလျက်ရှိရမည်။ ဤ၍ကား၊ အနောက်ဘက်အပိုင်း အခြားဖြစ်သတည်း။
21 
ထိုမြေကိုဣသရေလအမျိုး အသီးအသီးတို့အား ဝေရမည်။
22 
အမျိုးသားချင်းအမွေခံဘို့၎င်း၊ သင်တို့တွင်နေ၍ သားသမီးဘွားမြင်သော တပါးအမျိုးသားချင်း အမွေခံ ဘို့၎င်း စာရေးတံချ၍ မြေကို ဝေရမည်။ ထိုတပါး အမျိုးသားတို့ကို ပြည်၌ဘွားမြင်သော ဣသရေလ အမျိုးသားကဲ့သို့မှတ်ရမည်။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့် အတူမြေကိုအမွေခံ ရကြလိမ့်မည်။
23 
တပါးအမျိုးသား နေလေရာရာခရိုင်၌ သူ့အမွေ ခံစရာမြေကို ပေးရမည်ဟု အရှင်ထာဝရဘုရား မိန့်တော် မူ၏။

အနက်ဖွင့်ချက်။

၄၇:၄၈:၃၅ ဗိမာန်တော်ကို ဝန်းရံထားသော မြေသစ်ကို ဖော်ပြသည်။ ဤအပိုင်းသည် ဗျာဒိတ်ကျမ်း ၂၁၂၂ ရှိ ယေရုရှလင်မြို့သစ်ဖော်ပြချက်နှင့် တူညီမှုများစွာရှိသည် (နိဒါန်းကိုကြည့်ပါ)

47:1–48:35 Describes the new land surrounding the temple. There are many parallels between this section and the description of the New Jerusalem in Rev. 21–22 (see Introduction).

 

၄၇:၁၂ ဤဖော်ပြချက်သည် တစ်ခုလုံးသော ရူပါရုံတွင် နောက်ဆုံးနေ့သို့ရောက်ရှိမည့် အတိုင်းအတာကို ဆိုလိုပြီး၊ သဘာဝ၏ သမိုင်းဆိုင်ရာဖြစ်နိုင်ခြေများကို ကျော်လွန်သော စူပါနာရူရယ်အသွင်ပြောင်းမှုဖြစ်သည်။ ၎င်းသည် ခရစ်တော်နှင့် ဓမ္မသစ်အသင်းတော်တွင် ဝိညာဉ်ရေးအရ ပြည့်စုံပြီး၊ ကမ္ဘာသို့ စီးဆင်းနေသော ကတိသစ်တရား၏ ကောင်းချီးများ (ယော :၃၇၃၈) စစ်မှန်စွာအားဖြင့် မြေကြီးသစ်တွင် ပြည့်စုံသည် (ဗျာ ၂၂:)

47:1–12 The description implies a future last-day dimension of the entire vision, with a supernatural transformation of nature that exceeds historical possibilities. It is spiritually fulfilled in Christ and the NT church with the blessings of the new covenant flowing out to the world (John 7:37–38); literally it is fulfilled in the New Earth (Rev. 22:1–2).

 

၄၇: အရှေ့ဘက်။ မောရှေသန့်ရှင်းရာဌာနနှင့် ရှောလမုန်ဗိမာန်တော်ကဲ့သို့ (ထွက် ၃၆:၂၀၃၀၊  ရာ :၂၁) အရှေ့ဘက်သို့ ဦးတည်မှု။

47:1 east. Orientation toward the east, as with the Mosaic sanctuary and Solomonic temple (Ex. 36:20–30; 1 Kin. 7:21).

 

၄၇:၁၀ အင်ဂျဒီ။ သေမင်းပင်လယ်အနောက်ဘက်အလယ်တွင် ရှိသော စမ်းရေ။ အင်အဂလဲမ်။ တည်နေရာမသေချာပါ။

47:10 En GediA spring midway along the west side of the Dead Sea. En Eglaim. Location uncertain.

 

၄၇:၁၃၂၀ တရားဟော ၃၄:၁၂ တွင် ဖော်ပြထားသော နယ်နမိတ်များနှင့် ဒါဝိဒ်နှင့် ရှောလမုန်ခေတ်က နယ်နမိတ်များနှင့် အနီးစပ်ဆုံးဖြစ်ပြီး (ယော်ဒန်မြစ်အရှေ့ဘက်တွင် မည်သည့်အရာမျှ မပါဝင်ပါ)

47:13–20 Approximates the borders listed in Num. 34:1–12, and those at the time of David and Solomon (except nothing east of the Jordan is included).

 

၄၇:၂၁၂၂ ဧည့်သည်တော်များကို အမွေခံယူမှုတွင် ထည့်သွင်းထားသည်ကို သတိပြုပါ၊ ဤသည်မှာ ဟေရှာယပရောဖက်ကဲ့သို့ (ဟေရှာ ၅၆:) ဖော်ပြသော အားလုံးပါဝင်မှုနှင့် ညီညွတ်ပြီး၊ ဓမ္မသစ်တွင် ပြည့်စုံသည် (ဧဖက် :၁၂၁၄၊ ကော :၁၁)

47:21–22 Note the inclusion of strangers in the inheritance, in harmony with the universality proclaimed by prophets like Isaiah (Is. 56:3–8), and fulfilled in the NT (Eph. 2:12–14; Col. 3:11).

No comments:

Post a Comment