Tuesday, December 16, 2025

၁ တိမောသေ ၅း၂၃ 1 Timothy 5:23

၁ တိမောသေ ၅း၂၃
သင်၏ရင်ထဲ၌ အကျိုးဖြစ်စေခြင်းငှါ၎င်း၊ မကြာမကြာခံရသော ရောဂါကြောင့်၎င်း၊ ယခုမှစ၍ ရေကိုသာ မသောက်ဘဲ၊ စပျစ်ရည်အနည်း ငယ်ကိုသုံးလော့။

အဖြေ ရှင်ပေါလုသည် မိမိ၏ ဝိညာဉ်ရေးဆိုင်ရာ သားတော် တိမောသေကို ပေးသော အကြံဉာဏ်မှ သူ၏ ဗိုက်နာခြင်း ခံစားနေရသည်ကို ထင်ရှားစွာ တွေ့ရသည်။ ရှင်ပေါလုသည် တိမောသေအား ရေကို လုံးဝ မသောက်ရန် အကြံပြုခြင်း မဟုတ်ချေ။ သို့ရာတွင် ဗိုက်နာခြင်းအတွက် ရေကို မသောက်ဘဲ၊ အစားထိုး စပျစ်ရည်ကို အနည်းငယ် သုံးဆောင်ရန် ဆိုလိုခြင်း ဖြစ်သည်။ ရှင်ပေါလုသည် အရက်ရည်များနှင့် စပ်လျဉ်း၍ သမ္မာကျမ်းစာ၏ တားမြစ်ချက်ကို ကောင်းစွာ သိရှိပြီး ဖြစ်သည် (သုတ္တံကျမ်း ၂၀:၁ နှင့် ၂၃:၂၉-၃၂)။ ထို့ပြင် တိမောသေကို “သေမလောက် ဖြစ်နေသူ” သို့မဟုတ် “နှလုံးပင်ပန်း ခံစားနေသူ” ဟု မယူဆခဲ့သောကြောင့် (သုတ္တံကျမ်း ၃၁:၄-၇)၊ အတွေ့အကြုံရှိသော မစ်ရှင်နယ်ဆရာ ဖြစ်သူ ရှင်ပေါလုသည် အရက်သောက်ရန် အကြံပြုမည် ဟု မယဉ်ကြည်နိုင်ချေ။ အဲဒီအစား သူဆိုလိုသည်မှာ “သင်၏ ဗိုက်နာခြင်းအတွက် စပျစ်သီးရည်ကို သောက်လော့” ဟူ၍ ဖြစ်သည်။ မကြာသေးမီ လေ့လာချက်များအရ “ခရမ်းရောင် စပျစ်သီးရည်တွင် စပျစ်ရည်အား နှလုံးကျန်းမာရေးအတွက် အကျိုးပြုသည်ဟု ယုံကြည်ကြသော ဖလေဗိုနွိုက် (flavonoids) ဟုခေါ်သော ရောဂါကို တိုက်ဖျက်နိုင်သော ဓာတ်များ ပါဝင်သည်” ဟူ၍ ဖြစ်သည် (CNN သတင်း၊ Wine or Welch’s? Grape Juice Provides Health Benefits Without Alcohol. March 31, 2000)။


1 Timothy 5:23

Drink no longer water, but use a little wine for thy stomach’s sake and thine often infirmities.

Answer

It is obvious from the counsel of Paul to his spiritual son Timothy that he was suffering from stomach problems. Paul is not suggesting that Timothy no longer drink any water. But rather, that he not drink water for his stomach’s problem, but instead use a little wine. Since Paul was acquainted with the Bible’s injunction concerning alcoholic liquors (Proverbs 20:1 and 23:29-32), and since Timothy was not considered as “ready to perish” or “of heavy hearts” (Proverbs 31:4-7), it would be unthinkable that the experienced missionary is suggesting that he imbibe. Rather, he was saying, “Drink grape juice for your stomach’s sake.” Recent studies show that “Purple grape juice contains the same powerful disease-fighting antioxidants, called flavonoids, that are believed to give wine many of its heart-friendly benefits” (CNN report, Wine or Welch’s? Grape Juice Provides Health Benefits Without Alcohol. March 31, 2000).

No comments:

Post a Comment