ဒေသခံအသင်းတော်လူကြီးများနှင့်အဖွဲ့အစည်းများ
သန့်ရှင်းမွန်မြတ်သော အသင်းတော်၏တာဝန်ကိုဦးဆောင်ရန် အမျိုးသား၊ အမျိုးသမီးများ တို့အထဲမှ ပုဂ္ဂိုလ်များတို့ကိုရွေးချယ်ရာတွင် အသင်းတော် တိုးတက်ရေးအတွက် အရည်အချင်းရှိ သည့်ပုဂ္ဂိုလ်များတို့ကို ရွေးချယ်ခြင်းသည် လွန်စွာအရေးကြီးလှပါသည်။
ယေဘုယျအရည်အချင်းများ
စာရိတ္တနှင့်ဘာသာရေးကောင်းမွန်ခြင်း - “ထိုမှတစ်ပါးဘုရားသခင်ကိုကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကိုရွံရှာလျက် တတ်စွမ်းန်ိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍ တစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် အရာ၌ ခန့်ထားရ မည်” (ထွက်မြောက်ရာကျမ်း ၁၈း၂၁)။
“ထိုကြောင့် ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်လည်းကောင်း၊ ပညာနှင့်လည်းကောင်းပြည့်စုံ လျက်၊ အသရေရှိသောသူခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့” (တမန်တော် ၆း၃)။
“ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ်ဖမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ပြင်ပလူတို့တွင် အသရေရှိသောသူဖြစ်ရမည်” (၁တိမောသေ ၃း၇)။
“သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ကြားရပြီးသောအရာတို့ကို သစ္စာနှင့်ပြည့်စုံ၍ သူတစ်ပါးတို့ကိုသွန်သင်ခြင်းငှာ၊ တတ်စွမ်းနိုင်သောသူတို့၌ အပ်ပေးလော့” (၂တိမောသေ ၂း၂)။
“ထိုကြောင့် သင်းအုပ်သည် အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတစ်ယောက်တည်း ရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ကျင့်သောသူ၊ ဧည့်သည် ဝတ်ကိုပြုတတ်သောသူ၊ ဆုံးမဩဝါဒ ပေးတတ်သောသူ ဖြစ်ရမည်။ စပျစ်ရည်နှင့် ပျော်မွေ့ခြင်း၊ သူတစ်ပါးကိုရိုက်ပုတ်ခြင်း၊ မစင်ကြယ် သောစီးပွားကိုတပ်မက်ခြင်းမရှိ၊ စိတ်ဖြည်းညင်းသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကိုမတပ်မက် သောသူဖြစ်ရမည်။ မိမိအိမ်ကို ကောင်းမွန်စွာအုပ်စိုး၍ သမာဓိရှိသည်နှင့် မိမိသားသမီးကိုဆုံးမနိုင် သောသူဖြစ်ရမည်။ မိမိအိမ်ကိုမအုပ်စိုးတတ်လျှင်၊ ဘုရားသခင်၏အသင်းတော်ကို အဘယ်သို့ပြုစု လိမ့်မည်နည်း။ မာနနှင့်ယစ်မူးလျက်၊ မာရ်နတ်၏အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၍၊ ဘာသာဝင် လူသစ်မဖြစ်ရ၊ ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ်ဖမ်းမိခြင်းနှင့် ကင်းလွတ်မည်ကြောင်း ပြင်ပလူတို့တွင် အသရေရှိသော သူဖြစ်ရမည်။
ထိုနည်းတူ၊ သင်းထောက်တို့သည် တည်ကြည်သောသူဖြစ်ရကြမည်။ လျှာနှစ်ခွနှင့်ပြော သော သူ၊ စပျစ်ရည်ကိုသောက်ကျူးသောသူ၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောသူ မဖြစ်ရကြ။ ကိုယ် ကိုကိုယ်သိသောစိတ်စင်ကြယ်သည်နှင့်၊ ယုံကြည်ခြင်း၏နက်နဲသောအရာကို စွဲလမ်းသောသူဖြစ်ရ ကြမည်။ သူတို့သည်လည်း ရှေးမဆွက စုံစမ်းခြင်းကိုခံကြစေ။ နောက်မှ အပြစ်တင်ခွင့်နှင့် ကင်း လွတ်လျှင်၊ သင်းထောက်လုပ်ကြစေ။ ထိုနည်းတူ၊ မိန်းမတို့သည် တည်ကြည်သောသူဖြစ်ရကြ မည်။ ချောစားတတ်သောသူမဟုတ်။ သမ္မာသတိရှိသောသူ၊ အရာရာ၌သစ္စာရှိသောသူဖြစ်ရကြ မည်။ သင်းထောက်သည် မယားတစ်ယောက်တည်းရှိရမည်။ မိမိသားသမီးနှင့်အိမ်သူအိမ်သားတို့ ကို ကောင်းမွန်စွာ အုပ်ချုပ်သောသူဖြစ်ရမည်။ အကြောင်းမူ ကား၊ သင်းထောက်မှုကို ကောင်းစွာ ရွက်ဆောင်သောသူတို့သည် မိမိတို့အဖို့ကောင်းသော အရာကိုလည်းကောင်း၊ ယေရှုခရစ်၏ယုံ ကြည်ခြင်း၌ ရဲရင့်ခြင်းသတ္တိကိုလည်းကောင်း အမြတ်ရကြ၏” (၁တိမောသေ ၃း၂-၁၃။ တိတု ၁း၅-၁၁ နှင့် ၂း၁၊၇၊၈ ကိုလည်းကြည့်ပါ။)
“သင်၏အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှမထီမဲ့မြင်မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတစ်ပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြင်ခြင်း အရာ မှာ ယုံကြည်သောသူတို့အားပုံသက်သေကိုပြလော့။ ငါမလာမိတိုင်အောင် ကျမ်းစာကိုဖတ်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမဩဝါဒပေးခြင်းကို ကြိုးစား၍ပြုလော့။---- ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမဩဝါဒကို လည်းကောင်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင်၊ ကိုယ်ကိုလည်းကောင်း၊ နားထောင် သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်” (၁တိမောသေ ၄း၁၂-၁၆)။
အသင်းတော်ကိုကျွေးမွေးခြင်းနှင့်လမ်းပြပို့ဆောင်ခြင်း - တမန်တော်ရှင်ပေါလုသည် “အသင်းတော်၏ အသင်းလူကြီးများတို့ကို” အတူတကွခေါ်၍ အကြံပေးခဲ့သည်မှာ၊ “ထိုကြောင့် သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့်ဝယ်တော်မူ သောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုအအုပ်အ ချုပ်ခန့်ထားတော်မူသော သိုးစုတစ်စုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။ အကြောင်းမူကား၊ ငါမရှိသည်နောက် ကြမ်းတမ်းသောခွေးတို့သည် သိုးများကိုမသနားဘဲ သင်တို့အထဲသို့ဝင်မည် ကိုလည်းကောင်း၊ တပည့်တော်များကိုသွေးဆောင်ခြင်းငှာ မှားသောစကားကိုပြောတတ် သောသူ တို့သည် သင်တို့အထဲ၌ လည်းပေါ်လာမည်ကိုလည်းကောင်း ငါသိ၏။ ထိုကြောင့် စောင့်ရှောက်၍ နေကြလော့။ ငါသည်သုံးနှစ်ပတ်လုံးနေ့ညမပြတ် လူအပေါင်းတို့ကို မျက်ရည်နှင့်တကွဆုံးမ၍နေ ကြောင်းကို အောက်မေ့ကြလော့” (တမန်တော် ၂ဝး၁၇၊ ၂၈-၃၁။ ၁ပေတရု ၅း၁-၃ ကိုလည်း ကြည့်ပါ။)
အသင်းအုပ်ဆရာများနှင့် တာဝန်ရှိခေါင်းဆောင်များတို့ကိုရိုသေလေးစားခြင်း - “ထိုမှတစ်ပါး၊ ညီအစ်ကိုတို့၊ သင်တို့တွင်အမှုတော်ကို ဆောင်ရွက်ခြင်း၊ သခင်ဘုရားအခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်းအမှုကိုပြုသောသူတို့ကို သိမှတ်၍၊ သူတို့ပြုသောအမှုကြောင့် မေတ္တာ စိတ်နှင့်အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်း အသင့်အတင့်နေကြလော့” (၁သက်သာလောနိတ် ၅း၁၂၊၁၃။ ၁တိမောသေ ၅း၁၇ နှင့် ဟေဗြဲ ၁၃းရ၊၁၇ ကိုလည်းကြည့်ပါ။)
“သက်သာလောနိတ်မြို့သားယုံကြည်သူများတို့သည် တစ်ယူသန်အတွေးအခေါ်နှင့် ဩဝါဒ များရှိသောသူတို့ဝင်ရောက်လကြသဖြင့် အလွန်မှပင်စိတ်အနှောင့်အယှက်ဖြစ်ကြသည်။ အချို့တို့ သည် ဆူဆူပူပူအနှောင့်အယှက်ပေးတတ်ပြီး ကောင်းစွာအလုပ်မလုပ်ကြပါ။ သို့ရာတွင် သူတစ်ပါး တို့၏ အရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်တတ်သည်။ အသင်းတော်ကိုကောင်းမွန်စွာ ဖွဲ့စည်းခဲ့ပြီး အမှုဆောင်များကို ဓမ္မဆရာများကဲ့သို့လည်းကောင်း၊ သင်းထောက်များကဲ့သို့ လည်းကောင်း ခန့် ထားခဲ့ပါသည်။ သို့သော် အသင်းတော်တွင် လုပ်ပိုင်ခွင့်အပ်နှင်းထာသော ပုဂ္ဂလိကဆုံးဖြတ်ချက်အ ခွင့်အရေးကိုသာ တောင်းခံရုံမကဘဲ အသင်းတော်အပေါ်တွင်လည်း မိမိတို့၏အတွေးအခေါ် ဩဇာ သည် အများစုအပေါ်လွှမ်းမိုးသင့်ကြောင်း တောင်းဆိုပေသေးသည်။ ဤကိစ္စများကို ကြိုတင်သိမြင် ထားသောကြောင့် ရှင်ပေါလုသည် သက်သာလောနိတ်အသင်းဝင် များအား အသင်းတော်တွင် စီမံ အုပ်ချုပ်ပိုင်ခွင့်အပ်နှင်းထားသူများတို့အား ရရှိထိုက်သောရိုသေ ကိုင်းရှိုင်းမှုနှင့် လိုက်လျောက် လက်ခံမှုပြုကြရန် သတိပေးခြင်းဖြစ်သည်။” (AA, pp.261,262).
“အသင်းတော်တွင် တာဝန်ကြီးသောရာထူးနေရာများတွင် တာဝန်ထမ်းဆောင်ကြရသော သူများသည် အခြားသူများနည်းတူ အမှားအယွင်းပြုမိတတ်ကြပါသည်။ သူတို့၏ဆုံးဖြတ်ချက် သည်လည်း မှားတတ်ပါသည်။ ဤအားနည်းချက်များရှိသော်လည်း ကမ္ဘာမြေကြီးပေါ်ရှိ ခရစ်တော် ၏ အသင်းတော်သည် သူတို့အား တန်ခိုးအာဏာကိုပေးအပ်ထားသောကြောင့် ၎င်းကို ပေါ့ပေါ့ ဆဆမယူဆသင့်ဘဲ အလေးထားကြရပါမည်။” (4T ၁၇).
တာဝန်ပေးအပ်ရန်ဆန္ဒမစောသင့်ပါ - နေရာများစွာတို့တွင် အရည်အချင်းမပြည့်မီဘဲ လျက် အသင်းတော်၏အသင်းလူကြီးကဲ့သို့သော တာဝန်ရှိရာထူးနေရာများသို့ ဆန္ဒစော၍ရယူခဲ့ကြ သည့် ပုဂ္ဂိုလ်များတို့နှင့် တွေ့ဆုံကြရသည်။ သူတို့သည် မိမိတို့ကိုယ်ကို ကောင်းမွန်စွာမအုပ်ချုပ်န်ိုင်ပါ။ သူတို့၏ဩဇာအရှိန်အဝါ လည်း ကောင်းမွန်းခြင်းမရှိပါ။ ခေါင်းဆောင်တို့၏ စာရိတ္တဆိုင်ရာ ချွတ်ယွင်းမှုကြောင့် အသင်း တော်သည စဉ်ဆက်မပြတ် ဒုက္ခနှင့် ကြုံတွေ့ရပေသည်။ ဤသူများတို့ အား တာဝန်ပေးအပ်ခန့် ထားခဲ့ခြင်းမှာ မြင်ဆန်လွန်းသောကြောင့်ဖြစ်သည်။” (4T ၄၀၆,၄၀၇း 5T ၆၁၇ နှင့် ၁တိမောသေ ၅း၂၂ ကိုလည်းကြည့်ပါ။)
စည်းလုံးရေးပြိုကွဲစေနိုင်သူအား တာဝန်ပေးအပ်ခြင်းမပြုသင့်ပါ - “ကျွန်ုပ်တို့၏အထဲ ၌ မိမိတို့ကိုယ်ကို ခရစ်တော်၏အစေခံများဖြစ်ကြသည်ဟု ပြောဆိုကြသူများ ပေါ်ထွက်လာသော် လည်း သူတို့၏လုပ်ဆောင်မှုများမှာ အသင်းတော်တွင် ကျွန်ုပ်တို့၏သခင်ဘုရားတည်ထောင်ခဲ့ သည့် စည်းလုံးညီညွတ်မှုကို ဆန့်ကျင်နေကြပါသည်။ သူတို့၌ လုပ်ငန်း၏မူလစီမံချက်များနှင့် နည်းလမ်းများရှိသည်။ သူတို့၏အတွေးအခေါ်နှင့် စဉ်းစာယူဆချက်များအားဖြင့် အသင်းတော်ထဲ၌ ပြောင်းလဲမှုများကိုပြုလုပ်ရန် ဆန္ဒရှိကြပြီး ၎င်းပြုလုပ်ခြင်းအားဖြင့် အသင်းတော်၏တိုးတက်မှုကို ရယူနိုင်မည်ဟု ထင်မြင်ကြပါသည်။ ဤပုဂ္ဂိုလ်များတို့အနေဖြင့် ခရစ်တော်၏စာသင်ကျောင်းတွင် ဆရာပြုလုပ်လိုခြင်းထက် တပည့်ပြုလုပ်ကာ သင်ယူသူများဖြစ်ရန်ပို၍ လိုအပ်သည်။ သူတို့သည် အစဉ်အမြဲတည်ငြိမ်မှုကင်းမဲ့နေကြပြီး ကြီးမားသော လုပ်ငန်းများလုပ်ဆောင်နိုင်ရန်နှင့် မိမိတို့ ဂုဏ်သက္ခာတိုးမြှင့်လာစေရေးအတွက်ကိုသာ ဆောင်ရွက်ရန်ဆန္ဒ ပြင်းပြလျက်ရှိပါသည်။ နှိပ်ချ သောသဘောနှင့် ယေရှုကိုယုံကြည်ခြင်းတည်းဟူသော အကျိုးအရှိဆုံးသင်ခန်းစာများကို သူတို့အ နေဖြင့် သင်ယူရန်လိုအပ်သည်။----
“သမ္မာတရားကိုသင်ကြားပေးသူများ၊ သာသနာပြုဆရာများနှင့် အသင်းတော်၏အမှု ဆောင် များတို့သည် သမ္မာတရားတော်မြတ်အတိုင်း လိုက်နာကျင့်သုံးခြင်းအားဖြင့် မိမိတို့၏အသက်တာ ကို သန့်ရှင်းစေကြလျှင် မိမိတို့သခင်အတွက် ကောင်းမွန်သောလုပ်ငန်းရပ်တစ်ခုခုကို လုပ်ဆောင် နိုင်ကြပေလိမ့်မည်။” (5T ၂၃၈).
လက်တွဲလုပ်ဆောင်ရန်ငြင်းဆန်သူအားရွေချယ်ပါက အန္တရာယ်ရှိခြင်း - ထာ၀ရဘုရားသည် မတူညီသောစွမ်းရည်သတ္တိရှိသူများကို မိမိ၏အသင်းတော်၌ ကိုယ်တော်ရှ်အားကူညီသူများအဖြစ် တာဝန်ပေးအပ်ထားပါသည်။ လူအများတို့၏ပေါင်းစည်းထားသော ဥာဏ်ပညာအားဖြင့် ဝိညာဉ်တော်၏လိုလားချက်ကို ဖြည့်ဆည်းန်ိုင်ရန်ဖြစ်သည်။ မိမိတို့၏အကျင့်စာရိတ္တထူးခြားချက် များအတိုင်း လိုက်လျှောက်ကြသူများသည် ဘုရားသခင်၏အမှုတော်တွင် ကြာမြင့်စွာအတွေ့အကြုံ ရှိခဲ့သူများတို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် ငြင်းပယ်လျက် မိမိကိုယ်ကိုအားကိုးလွန်းသောစိတ် ကြောင့် မှန်ကန်သည့် အသိအမြင်ကွယ်ပျောက်ကာ အမှားနှင့်အမှန်စပ်ကြားတွင် ပိုင်းခြားဝေဖန် နိုင်စွမ်းရှိမည်မဟုတ်ပါ။ ထိုသို့သောပုဂ္ဂိုလ်များကို အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ရန် လုံခြုံစိတ်ချမှုရှိမည်မဟုတ်ပါ။ အကြောင်းမှာ ထိုသူတို့သည် မိမိတို့၏ဆုံးဖြတ်ချက်နှင့် အစီအစဉ် အတိုင်းသာလိုက်လျောပြီး ညိအစ်ကိုမောင်နှမတို့၏ဆုံးဖြတ်ချက်များကို လျစ်လျူရှုထားမည်သာ ဖြစ်သည်။ ခြေလှမ်းတိုင်းတွင် အကြံဥာဏ်တောင်းခံနေရသူများ၊ မိမိတို့၏ကိုယ်စွမ်းဥာဏ်စွမ်းဖြင့် အသက်ဝိညာဉ်များကို ထိန်းသိမ်းနိုင်ကြောင်းအာမခံသူများနှင့် ခရစ်တော်၏နှိမ့်ချမှုကို သင်ယူ လက်ခံခြင်းမရှိသူများတို့အားဖြင့် ရန်သူသည် အလုပ်လုပ်ရန်လွယ်ကူသည်။” (AA စ. ၂၉၇).
ဒေသခံအသင်းဝင်များ - အသင်းတော်၌ အသင်းဝင်နာမည်စာရင်းရှိပြီး အသင်းတော်၏ ယုံကြည်ချက်နှင့်အညီနေထိုင်သော အသင်းဝင်များကိုသာ အသင်းတော်၏ခေါင်းဆောင်များဖြစ် တင်မြှောက်နိုင်ပါသည်။ အောက်ပါ အချက်များအပေါ် ခြွင်းချက်ရှိနိုင်ပါသည်။
၁။ ကောင်းသောအသင်းဝင်များဖြစ်သည့် ကျောင်းသားများတို့မှ မိမိပညာရေးကိစ္စ ကြောင့် မိမိ၏အသင်းတော်နှင့်ဝေးကွာနေရသော်လည်း မိမိခေတ္တနေထိုင်လျက်ရှိသည့်နေရာတွင် ရှိသောအသင်းတော်၌ ဘုရားကျောင်းမှန်မှန်တက်သောကျောင်းသူ၊ ကျောင်းသားများ။
၂။ နယ်ဌာနချုပ်မှ သင်းအုပ်ဆရာအဖြစ် (သို့မဟုတ်) ခေါင်းဆောင်အဖြစ် (၂) နှစ်ထက် ပို၍ အသင်းတော်ကို ဦးဆောင်ရန် တာဝန်ပေးအပ်ထားသောနယ်အမှုထမ်းတစ်ဦး။
၃။ လိုအပ်ပါက နယ်ဌာနချုပ်အလုပ် အမှုဆောင်ကော်မတီ၏ ထောက်ခံချက်နှင့်အညီ သက်ကြီးဝါကြီးတစ်ဦအား ခရိုင်တစ်ခုအတွင်းရှိ အသင်းတော်တစ်ခုထက်ပို၍ ဦးဆောင်မှုပြုရန် ရွေးချယ်တင်မြှောက်နိုင်သည်။
အခြားခြွင်းချက်များကို နယ်ကော်မတီမှ စဉ်းစာသတ်မှတ်နိုင်ပါသည်။
ဆယ်ဖို့တစ်ဖို့ပေးခြင်းပုံသက်သေ - တာဝန်ရှိခေါင်းဆောင်အားလုံးတို့သည် ဆယ်ဖို့တစ် ဖို့ကိုသစ္စာရှိစွာ ပြန်လည်၍ပေးအပ်သောပုံသက်သေကောင်းပြရမည်။ ထိုကိစ္စ၌ပျက်ကွက်သူများကို အသင်းတော် ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းမပြုသင့်ပါ။
ရာထူးအရကိုယ်စာလှယ်မဖြစ်ရ - ရာထူးအရ မည်သည့် အသင်းတော်ခေါင်းဆောင်မျှ နယ်ဌာနချုပ်၏ညီလာခံစည်းဝေးသို့ တက်ရောက်ခွင့်မရှိပါ။ အသင်းတော်အနေဖြင့် မိမိ၏အသင်း တော်လူကြီးတစ်ဦးဦးအား ကိုယ်စားလှယ်တစ်ဦးအဖြစ်ဆောင်ရွက်စေလိုပါက ထိုအသင်းတော် လူကြီးအား ကိုယ်စားလှယ်အဖြစ်ရွေးချယ်ရပါမည်။
တာဝန်ခွဲဝေခြင်း - အဖွဲ့ငယ်တစ်ခုတွင် ဦးဆောင်လျက်ရှိသော ဆန္ဒရှိသည့်ခေါင်းဆောင် အပေါ် တာဝန်များစွာမပေးအပ်သင့်ပါ။ လုပ်ငန်းထမ်းဆောင်န်ိုင်သည့် အခြားပုဂ္ဂိုလ်များသို့ တာဝန်ခွဲဝေသင့်သည်။ အခြေအနေအရမလိုအပ်ပါက ပုဂ္ဂိုလ်တစ်ဦးအား တာဝန်များစွာပေးအပ် ခြင်းကို မပြုလုပ်ရန် သတိပြုရပါမည်။
ထုတ်ပယ်ခြင်းနှင့်ပြန်လည်လက်ခံခြင်း - ခေါင်းဆောင်တစ်ဦးကို အသင်းတော်မှထုတ် ပယ်လ်ိုက်ပြီး နောက်တစ်ဖန် သူ့အားပြန်လည်၍လက်ခံပါက၊ ထိုပြန်လည်၍လက်ခံသောသူကို ယခင်မိမိ၏ဆောင်ရွက်ခဲ့သည့်တာဝန်ကို ပြန်လည်၍ပေး အပ်ခြင်းမပြုရပါ။
တာဝန်အပိုင်းအခြားကာလ
အသင်းတော်နှင့် ၎င်း၏အသင်းခွဲအဖွဲ့အစည်းခေါင်းဆောင်များတို့၏ တာဝန်အပိုင်းအခြား ကာလသည် တစ်နှစ်တာကာလအတွင်းသာဖြစ်ရမည်။ သို့သော် ခေါင်းဆောင်များတို့၏အရည် အချင်းနှင့် ဝိညာဉ်ဆုကျေးဇူးများပို၍ တိုးပွားလာရန်နှင့် နှစ်စဉ်ရွေးကောက်ခြင်း၏တာဝန်ကို မဆောင်ရွက်ရစေရန် (၂) နှစ်သက်တမ်းထားလျှင် ပို၍ကောင်းမည်ဟု အသင်းတော်၏အလုပ် အမှုဆောင်စည်းဝေး၌ စည်းဝေးတိုင်ပင်၍ အများသဘောတူဆုံးဖြတ်ကာ ထားရှိနိုင်ပါသည်။
ခေါင်းဆောင်တစ်ဦးသည် အချိန်အကန့်အသတ်မရှိဘဲ ခေါင်းဆောင်တာဝန် တစ်ခုတည်းကို ထမ်းဆောင်ခြင်းအတွက် သင့်လျော်ခြင်းမရှိသောကြောင့်ပြန်လည်ရွေးကောက်ခြင်းကို ပြုရခြင်းဖြစ် သည်။
အသင်းလူကြီးများ
အသင်းတော်၏ဘာသာရေးခေါင်းဆောင်များ - အသင်းတော်လူကြီးများတို့သည် ဝိညာဉ်ရေးခွန်အားတောင့်တင်းသော ခေါင်းဆောင်များနှင့် အသင်းတော်၌သော်လည်းကောင်း၊ ပတ်ဝန်းကျင်၌သော်လည်းကောင်း ကောင်းသော ဂုဏ်သတင်းရှိသူဟု အသင်းတော်မှအသိ အမှတ် ပြုခြင်းခံရသူဖြစ်ရမည်။ အသင်းအုပ်ဆရာမရှိစဉ်အခါ အသင်းလူကြီးများတို့သည် အသင်းတော်၏ ဝိညာဉ်ရေးခေါင်းဆောင်များဖြစ်ပြီး နှုတ်ကပတ်တရားတော်အားဖြင့် သော်လည်းကောင်း၊ ပုံသက် သေအားဖြင့် သော်လည်းကောင်း အသင်းတော်ကို နက်ရှိုင်း၍ပြည့်၀သော ခရစ်ယာန်ဗဟုသုတဖြင့်ယုံကြည်သူအသင်းဝင်များတို့ကို လမ်းပြပို့ဆောင်ရ မည်။
အသင်းလူကြီးများတို့သည် သင်းအုပ်ဆရာမရှိခိုက်၊ အသင်းတော်၏ဝတ်ပြု ကိုးကွယ်ခြင်း အစီအစဉ်များတို့ကို နှုတ်အားဖြင့် သော်လည်းကောင်း၊ ယုံကြည်ချက်များအားဖြင့် သော်လည်း ကောင်း ဦးဆောင်တတ်သူဖြစ်ရမည်။ သို့သော် အများနှစ်သက်ခြင်း၊ စကားပြောကောင်းခြင်း ကြောင့်သာမဖြစ်စေရဘဲ မိမိ၏ဦးဆောင်နိုင်စွမ်းရှိခြင်းနှင့် ဆက်ကပ်သောအသက်တာကြောင့်သာ ဖြစ်ရပါမည်။
အသင်းလူကြီးများကို ပြန်လည်၍ရွေးကောက်တင်မြှောက်ရမည်။ အကန့်အသတ်မရှိဦး ဆောင်မှုပြုခြင်းကို မလိုလားသင့်ပါ။ အပြောင်းအလဲလိုအပ်လာသည့်အခါတိုင်း အသင်းတော်အနေ ဖြင့် မိမိအသင်းလူကြီးကို ပြန်လည် ၍တင်မြှောက်ရန် တာဝန်မရှိပါ၊ အခြားပုဂ္ဂိုလ်များကို ရွေး ချယ်တင်မြှောက်နိုင်ပါသည်။ အသင်းလူကြီးအသစ်ရွေးချယ်ပြီးသောအခါ အသင်းလူကြီးအ ဟောင်းအနေဖြင့် အသင်းတော်၏တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် တာဝန်မရှိတော့ပါ။ သို့သော် အခြားအသင်းတော်၏ အသင်းလူကြီးတာဝန်ကို ထမ်းဆောင်နိုင်ပါသည်။
အသင်းလူကြီးများကိုလက်တင်ပေးခြင်း - အသင်းလူကြီးတာဝန်ကိုထမ်းဆောင်ရန် ရွေး ချယ်ပြီးသည်နှင့်တစ်ပြိုင်တည်း ၎င်းတာဝန်ကိုဆောင်ရွက်ရန် ထိုက်တန်ခြင်းမရှိသေးပါ။ ရွေးချယ် ခဲ့သည့်ပုဂ္ဂိုလ်ကို လက်တင်မင်္ဂလာပေးပြီးမှသာ အသင်းလူကြီးတာဝန်ကို ထမ်းဆောင်နိုင်သည့် အခွင့်အာဏာကိုရရှိပါသည်။ ရွေးချယ်ပြီးစီးခြင်းနှင့် လက်တင်မင်္ဂလာမပေးမီစပ်ကြား အသင်းတော်ခေါင်းဆောင်အလုပ်များကို လုပ်ဆောင်နိုင်သော်လည်း အုပ်ချုပ်ရေးတာဝန်နှင့် အသင်းတော်၏ဝိညာဉ်ပြဌာန်းချက်များတို့ကို ဦးဆောင်ပါဝင်နိုင်ခွင့်မရှိပါ။
လက်တင်မင်္ဂလာအစီအစဉ်ကိုနယ်ဌာနချုပ်မျ လက်တင်မဂီလာပေးထားသော ဓမ္မဆရာများ သာ ဆောင်ရွက်ခွင့်ရှိပါသည်။ ယဉ်ကျေးမှုအရ၊ အစီအစဉ်တက်ရောက်လာသည့် လက်တင်ရ ဧည့်သည်ဓမ္မဆရာကို အစီအစဉ်၌ ကူညီရန် ဖိတ်ခေါ်နိုင်ပါသည်။ သို့သော် နယ်ဌာနချုပ်ခေါင်း ဆောင်များမှ အထူးဖိတ်ခေါ်တာဝန်ပေးခြင်းအားဖြင့်သာ ဧည့်သည်လက်တင်ရဓမ္မဆရာ (သို့မဟုတ်) အငြိမ်းစားလက်တင်ရဓမ္မဆရာအနေဖြင့် ၎င်းလက်တင်မင်္ဂလာ အစီအစဉ်ကို ဦးဆောင်နိုင်ပါသည်။
ဤသန့်ရှင်းမွန်မြတ်သည့် လက်တင်မင်္ဂလာအစီအစဉ်ကို အသင်းတော်ရှေ့တွင် လေးလေး စားစားရိုးရိုးလေးကျင်းပရာတွင် အသင်းလူကြီးတို့၏ တာဝန်များ၊ လိုအပ်သည့်အရည်အချင်းများ၊ အဓိကထမ်းဆောင်ရမည့်တာဝန်များတို့ကို အကျဉ်းချုပ်အားဖြင့် ဖော်ပြရပါမည်။ အားတက်သ ရောအကြံပေးခြင်းများတို့ကို ပြုပြီးသည်နောက် လက်တင်ဓမ္မဆရာနှင့် အခြားလက်တင်ရ ဓမ္မဆရာများ (သို့မဟုတ်) ဒေသခံအသင်းလူကြီးများ တို့၏အကူအညီဖြင့် လက်တင်ပေးသွား မည့်အသင်းတော်လူကြီးများအတွက် အထူးဆုတောင်းဆက်ကပ်ပေးခြင်းနှင့် မိမိတို့အပေါ်လက် တင်ခြင်းအစီအစဉ်ကို ပြုလုပ်သွားရပါမည်။
တစ်ကြိမ်လက်တင်ပြီးစီးခဲ့သေ အသင်းလူကြီးများတို့ကို နှစ်သစ်၌ ပြန်လည်၍ရွေးချယ်တင် မြှောက်ခဲ့ပါက ထပ်မံ၍လက်တင်ပေးရန်မလိုအပ်တော့ပါ။ ကိုယ်ကျင့်တရားကောင်းမွန်သူအဖြစ် ဆက်လက်နေထိုင်သူဖြစ်ပါက အခြားအသင်းတော်တစ်ခုခုတွင် ထိုသူအားအသင်းလူကြီးအဖြစ် ရွေးချယ်ပါကလည်း ထပ်မံ၍လက်တင်ပေးရန်မလိုပါ။ သင်းထောက်တာဝန်ကိုလည်း ထမ်း ဆောင်နိုင်ပါသည်။
သင်းအုပ်ဆရာနှင့်ဆက်စပ်မှုအခြေအနေ - နယ်ဌာနချုပ်ကော်မတီသည် သိက္ခာရဓမ္မ ဆရာတစ်ဦးအား အသင်းတော်တစ်ရပ်၏သင်းအုပ်ဆရာအဖြစ် တာဝန်ပေးအပ်သည့်အကိစ္စမျိုး တွင် ထိုသင်းအုပ်ဆရာကို အဆင့်အမြင့်ဆုံး
အမှုဆောင်ဟု မှတ်ယူရမည်ဖြစ်ပြီး ဒေသခံအသင်းလူကြီးကိုမူ သူ၏လက်ထောက်အဖြစ် မှတ်ယူရ မည်။ သူတို့၏လုပ်ငန်းသည် နီးစပ်စွာဆက်စပ်မှုရှိပြီး၊ သူတို့နှစ်ဦးတို့သည် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရပေမည်။ ဓမ္မဆရာသည် လုပ်ငန်းအားလုံးတို့၏တာဝန်များကို တစ်ဦး တည်းသာလျှင် ဆောင်ရွက်ရမည်မဟုတ်၊ အသင်းလူကြီးနှင့်အခြားသောအမှုဆောင်များသို့လည်း ခွဲဝေပေးရမည်။ အသင်းတော်တစ်ရပ်ကို သင်းအုပ်ဆရာအဖြစ် ပုံမှန်တာဝန်ယူနေသော ဓမ္မဆရာ သည် အသင်းတော်ဘုတ်အဖွဲ့တွင် ဥက္ကဌ အဖြစ်ဆောင်ရွက်ရမည်။ အသင်းလူကြီးတစ်ဦးအား ဤလုပ်ငန်းအဆင့်အတန်းအထိ လုပ်ဆောင်ရန်တာဝန်ပေးသည့်အခြေအနေမျိုး ဖြစ်ပေါ်နိုင်ပါ သည်။ အသင်းတော်အား အုပ်ထိန်းသည့်လုပ်ငန်းကိုမူ နှစ်သီးစလုံးကမျှဝေပြီး တာဝန်ယူရပါမည်။ အသင်းလူကြီးသည် ဓမ္မဆရာ၏အကြံဥာဏ်ကိုရယူလျက် အသင်းဝင်များထံလည်ပတ်ခြင်း၊ လူနာ များအားကြည့်ရှုစောင့်ရှောက်ခြင်းနှင့် စိတ်ဓာတ်ကျနေသူများကို အားပေးတိုက်တွန်းခြင်း အစရှိ သည့်အများစွာသော အုပ်ထိန်းမှုတာဝန်များကို တာဝန်ယူဆောင်ရွက်ရမည်။ အသင်းလူကြီး၏ လုပ်ငန်းသည် ဤကဏ္ဍအပိုင်းကို အကျယ်ချဲ့၍မရပါ။ သူသည် ဒုတိယသိုးထိန်း တစ်ဦးအနေဖြင့် သိုးစုကို အစဉ်စောင့်ကြပ်ကြည့်ရှုနေရပေမည်။ ခန့်အပ်ခြင်းခံရသည့်သင်းအုပ်သည် လိုင်စင်ရဓမ္မ ဆရာဖြစ်ပါက ဒေသခံအသင်းတော်၊ အသင်းတော်များသည် သူ့ကိုအသင်းလူကြီးအဖြစ် ရွေးချယ် ရမည်။
နယ်ဌာနချုပ်သည် သင်းအုပ်ဆရာတစ်ဦးအား ဒေသခံအသင်းတော်တွင် သင်းအုပ်ဆရာအ ဖြစ် ခန့်အပ်သောကြောင့် ထိုသင်းအုပ်ဆရာသည် ၎င်းအသင်းတော်ကိုစောင့်ရှောက်ရသော နယ်ဌာနချုပ်၏ဝန်ထမ်းတစ်ဦးဖြစ်ပြီး နယ်ဌာနချုပ်ကော်မတီသို့လည်း တာဝန်ယူရပါမည်။ သို့ရာတွင် ဒေသခံ အသင်းတော်၏စီမံချက်များနှင့် လုပ်ငန်းဖော်ဆောင်နည်းများတွင် တာဝန်ရှိသူ အားလုံးတို့နှင့် က်ိုယ်ချင်းစာတရားထားလျက် စည်းလုံးညီညွတ်စွာ လုပ်ကိုင်ဆောင်ရွက်သည်။ အသင်းလူကြီးသည် ဒေသခံ အသင်းတော်မှ ရွေးကောက် တင်မြှောက်ခြင်း ခံရပါက အလိုအလျောက်ပင် ထိုအသင်းတော်နှင့်အသင်းတော်ဘုတ်အဖွဲ့တို့အတွက် တာဝန်ရှိပါသည်။
အသင်းလူကြီးများ၏အလုပ်သည် ဒေသခံအတွင်း၌သာဖြစ်ခြင်း - လက်တင်မင်္ဂလာ ပေးထာသည့် အသင်းလူကြီး၏လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်သည် မိမိအားရွေးကောက်တင် မြှောက်၍ လက်တင်ပေးထားသော အသင်းတော်အတွက်ကိုသာ ကန့်သတ်ထားသည်။ နယ်ဌာန ချုပ်ကော်မတီ၏မဲပေးဆုံးဖြတ်ခြင်းအားဖြင့် ဒေသခံအသင်းလူကြီးတစ်ဦးကို အခြားအသင်းတော် များအား ကြည့်ရှုစောင့်ရှောက်ရန် သိက္ခာတော်ရဓမ္မဆရာတစ်ဦး၏ အဆင့်ကဲ့သို့ ဆောင်ရွက်ခွင့် မရှိပါ။ သို့သော် လိုအပ်လာသည့်အခါ အသင်းတော်တစ်ရပ်သည် အနီးအနားရှိ အသင်းလူကြီး အားဖိတ်ခေါ်၍ မိမိအသင်းတော်အတွက် အသင်းလူကြီး၏လုပ်ငန်းတာဝန်ကို ထမ်းဆောင်ပေးရန် ၎င်းနယ်ဌာနချုပ်ကော်မတီမှ ထောက်ခံမှုပေးန်ိုင်ပါသည်။ ဤနည်းအားဖြင့် အသင်းလူကြီးတစ်ဦး သည် အသင်းတော်တစ်ခုထက်ပို၍ တာဝန်ထမ်းဆောင်ရန်လိုအပ်လာသည့်အခါ ထိုအသင်းလူကြီး ကို တစ်ကြိမ်တည်းတွင် အသင်းတော်တစ်ခုထက်ပို၍ လုပ်ငန်းတာဝန်ထမ်းဆောင်ရန် ရွေးချယ်၍ တာဝန်ပေးအပ်နိုင်ပါသည်။ ဤကဲ့သို့ဆောင်ရွက်ရန်လိုအပ်လာလျှင် နယ်ဌာနချုပ်ကော်မတီသို့ တင်ပြကာ ခွင့်ပြုချက်ရယူရမည်။ သို့သော် ဤအခွင့်အာဏာသည် ဒေသခံအသင်းတော်၌သာရှိ သည်။ နယ်ဌာနချုပ်ကော်မတီမှနေ၍ ဆောင်ရွက်ရန် အာဏာမရှိပါ။ ဒေသခံအသင်းတော်၏ တောင်းဆိုလာခြင်းကို ခွင့်ပြုနိုင်ခြင်းဖြစ်သည်။ ထိုကြောင့် အသင်းတော်အားလွတ်လပ်စွာ ကြည့်ရှု စောင့်ရှောက်နိုင်ရန်အတွက် အရည်အချင်းပြည့်မီစေသည့် တစ်ခုတည်းသောနည်းလမ်းမှာ ဧဝံဂေလိသတင်းစကားဖြန့်ဖြူးရေးအတွက် လက်တင်မင်္ဂလာခံယူခြင်း အားဖြင့်သာဖြစ်သည်။
အသင်းတော်ဝတ်ပြုခြင်းအစီအစဉ်များကိုဆောင်ရွက်ခြင်း - ဓမ္မဆရာ၏အုပ်ချုပ်မှု အောက်၌ (သို့မဟုတ်) ဓမ္မဆရာမရှိခိုက် အသင်းလူကြီးသည် အသင်းတော်၏ဝတ်ပြုခြင်း အစီအစဉ်များကို သူကိုယ်တိုင် (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အားဖြင့် ဆောင်ရွက်သွားနိုင်ပါသည်။ ပွဲတော်မင်္ဂလာအစီအစဉ်ကို လက်တင်ရဓမ္မဆရာ (သို့မဟုတ်) စေခိုင်းခြင်းခံရသော ဓမ္မဆရာ (သို့မဟုတ်) ဒေသခံအသင်းလူကြီးမှ ဆောင်ရွက်နိုင်ပါသည်။ ဓမ္မဆရာသည် အများအားဖြင့် အသင်းတော် ၏ လုပ်ငန်းတာဝန်ကို ဆောင်ရွက်သည့်အစည်းအဝေး၌ ဥက္ကအဖြစ်ဆောင်ရွက်ရပါသည်။ ဓမ္မဆရာ မရှိသည့်အခါတွင် ဓမ္မဆရာ၏ခွင့်ပြုချက်ဖြင့် (သို့မဟုတ်) နယ်ဥက္ကဌ၏ခွင့်ပြုချက် ဖြင့် အသင်းလူ ကြီးသည် ဥက္ကဌအဖြစ်ဆောင်ရွက်ခွင့်ရှိပါသည်။
နှစ်ခြင်းမင်္ဂလာအစီအစဉ် - လက်တင်ရဓမ္မဆရာမရှိခိုက် အသင်းလူကြီးအနေဖြင့် နယ်ဥက္ကဌထံ နှစ်ခြင်းမင်္ဂလာခံယူလိုသူများအား နှစ်ခြင်းပေးရန်၊ စီစဉ်ဆောင်ရွက်ပေးရန် တောင်း ဆိုရမည်။ တာဝန်ရှိ၍ ဆောင်ရွက်ပိုင်ခွင့်ရှိသူများမရှိနိုင်ပါက နယ်ဥက္ကဌ၏ခွင့်ပြုချက် အားဖြင့်သာ အသင်းလူကြီးအနေဖြင့် နှစ်ခြင်းပေးပိုင်ခွင့်ရှိသည်။
ထိမ်းမြားမင်္ဂလာအစီအစဉ် - ထိမ်းမြားမင်္ဂလာအစီအစဉ်တွင် တာဝန်ပေးအပ်ခြင်း၊ ကတိ သစ္စာဆိုခြင်းနှင့် ဇနီးမောင်နှံဖြစ်သွားကြောင်းကြေညာခြင်း အစရှိသည်တို့ကို လက်တင်ရဓမ္မဆရာ သာလျှင် ဆောင်ရွက်ရပါမည်။ သို့သော် ခြွင်းချက်အနေဖြင့် တချို့ဒေသများ၌ ဒီဝီဇံကော်မတီ သည် ရွေးချယ်ထားသောလိုင်စင်ရဓမ္မဆရာ (သို့မဟုတ်) စေခိုင်းခြင်းခံရသောဓမ္မဆရာ (၎င်းပုဂ္ဂိုလ်များသည် လက်တင်ပေးခံရသောအသင်းလူကြီးဖြစ် ရမည်) များကို ဆောင်ရွက်ခွင့်ပြု န်ိုင်ပါသည်။ လက်တင်ရဓမ္မဆရာ၊ လိုင်စင်ရဓမ္မဆရာ (သို့မဟုတ်) အသင်းလူကြီးများတို့အနေဖြင့် ဒေသနာဟောပြောခြင်း၊ ဆုတောင်းပေးခြင်း၊ ကောင်းချီးမင်္ဂလာတောင်းခံပေးခြင်းများကို ပြုလုပ် ပေးနိုင်ပါသည်။
ဆယ်ဖို့တစ်ဖို့ပေးကမ်းခြင်း၌အားပေးခြင်း - သစ္စာရှိစွာ ဆယ်ဖို့တစ်ဖို့ကို ပြန်လည်၍ ပေးအပ်ခြင်းအားဖြင့် အသင်းလူကြီးသည် အသင်းသား များတို့အား ဆယ်ဖို့တစ်ဖို့ပြန်လည်၍ပေးအပ်ရန် တိုက်တွန်းအားပေးရာတွင် အလွန်ထိရောက်မှုရှိ သည်။ အသင်းလူကြီးများသည် ပါးနပ်စွာနှင့်ထိရောက်စွာ အသင်းသူအသင်းသား များတို့ကို နှုတ်ကပတ်တော်နှင့်အညီ လူထုပရိသတ်အများရှေ့တွင် ဆယ်ဖို့တစ်ဖို့ပြန်လည်ပေးအပ်ခြင်း အကြောင်းကို အားပေးတိုက်တွန်းခြင်းပြုလျက် ဘဏ္ဍာစိုးအရာနှင့်ပတ်သက်သည့်တာဝန်ကို ကိုယ်တိုင်ကြိုးစာဆောင်ရွက်လိုက်လျှောက်ရပါမည်။
အသင်းလူကြီးများတို့သည် ငွေရေးကြေးရေးဆိုင်ရာကိစ္စများကို အရေးတကြီးထားရှိကာ အသင်းဝင်များနှင့် မသက်ဆိုင်သည့်အရာများကို အသိပေးခြင်းမပြုဘဲ တာဝန်ရှိပုဂ္ဂိုလ်များကိုသာ အသိပေးရမည်ဖြစ်သည်။
ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်း၊ ယေရှုနှင့်အဆက်အသွယ်ပြုခြင်းတို့၌ အားပေးခြင်း - ဝိညာဉ်ရေးခေါင်းဆောင်များအဖြစ် အသင်းလူကြီးများတို့သည် အသင်းသူအ သင်းသားများတို့အား မိမတို့ကိုယ်တိုင်ယေရှုနှင့်ဆက်သွယ်မှုကောင်းမွန်၍ ဝိညာဉ်ခွန်အားတိုး တက်ရန်အတွက် သမ္မာကျမ်းစာကိုဖတ်ရှုလေ့လာခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်းအကျင့်ဓလေ့ကို ပျိုးထောင်ကြရန်တိုက်တွန်းအားပေးရမည်။ မိမိကိုယ်တိုင်လည်း သမ္မာကျမ်းစာကိုဖတ်ရှုလေ့လာ ခြင်းနှင့် ဆုတောင်းပတ္ထနာပြုခြင်းတွင် အချိန်ယူရပါမည်။ အသင်းဝင်တိုင်းတို့၏ထိရောက်သော ဆုတောင်ခြင်းအသက်တာ၊ ဒေသခံအသင်းတော်၏သာသနာ့လုပ်ငန်းများနှင့် အစီအစဉ်တိုင်းကို ပံ့ပိုးကူညီခြင်းသည် အသင်းတော်၏လုပ်ငန်းကို တိုးတက်အောင်မြင်စေလိမ့်မည်။ အသင်းလူကြီး များအနေဖြင့် အသင်းတော်ဘုတ်အဖွဲ့ကို ဤလုပ်ငန်း၏တိုးတက်မှုနှင့် အားပေးမှုကို အကူအညီပြု ရန် ကောင်စီ တစ်ခုဖွဲ့စည်းခွင့်အတွက် တောင်းဆိုန်ိုင်ပါသည်။
လုပ်ငန်းအားလုံးတို့၌အားပေးခြင်း - သင်းအုပ်ဆရာ၏လက်အောက်၌ အသင်းလူကြီး များတို့သည် အသင်းတော်၏ဝိညာဉ်ရေးခေါင်းဆောင်အဖြစ်
သင်းအုပ်ဆရာနှင့်လက်တွဲကာ အသင်းတော်ဌာနတိုင်း၏လှုပ်ရှားမှုများကို အားပေးရန်တာဝန် ရှိသည်။ အသင်းလူကြီးများတို့သည် အခြားအသင်းတော်ခေါင်းဆောင်များတို့နှင့် ကောင်းသော ဆက်သွယ်မှုကိုရှိစေရန် အမြဲထိန်းသိမ်း ထားရမည်။
နယ်ဌာနချုပ်နှင့်လက်တွဲလုပ်ဆောင်ခြင်း - သင်းအုပ်ဆရာသအင်းလူကြီးများနှင့် အသင်းတော်ခေါင်းဆောင်များအာလုံးတို့သည် နယ်ဌာနချုပ်လူကြီးများနှင့် ဌာနဆိုင်ရာညွှန်ကြား ရေးမှူးများအာလုံးတို့နှင့် အတူတကွလက်တွဲကာ အသင်းတော်၏စီမံကိန်းများတို့ကို ဆောင်ရွက် ကြရပါမည်။ နယ်ဌာချုပ်မှ တာဝန်ရှိခေါင်းဆောင်များတို့သည် ပုံမှန်အလှူငွေများ၊ အထူးအလှူ ငွေများ၊ အသင်းတော်၏စီမံကိန်းနှင့်လှုပ်ရှားမှုအားလုံးတို့ကို အသင်းတော်သို့အကြောင်းကြာရ မည်ဖြစ်ပြီး အသင်းတော်လူကြီးများတို့အား နယ်ဌာနချုပ်၏စီမံကိန်းနှင့် စည်းကမ်းချက်အားလုံး တို့ကို ပံ့ပိုးလုပ်ဆောင်ကြရန် အားပေးတိုက်တွန်းရပါမည်။
အသင်းတော်လူကြီးများတို့သည် မိမိတို့၏ဘဏ္ဍာရေးမှူးနှင့် နီးကပ်စွာလက်တွဲ၍ အသင်း တော်လုပ်ငန်းများတို့ကို လုပ်ဆောင်ကြရမည်ဖြစ်ပြီး နယ်ဌာနချုပ်နှင့်သက်ဆိုင်သည့် ကောက်ခံရ ရှိသောရန်ပုံငွေများကို နယ်သို့အချိန်မီသတ်မှတ်ချိန်အတ်ိုင်း ပို့ပေးရပါမည်။ အသင်းတော်စာရေးမှ သုံးလတစ်ကြိမ် နယ်ဌာနချုပ် အတွင်းရေးမှူးထံသို့ ပို့ရမည့်အသင်းသားဦးရေ စာရင်းကိုလည်း အချိန်မီပို့နိုင်ရန် အသင်းလူကြီးများဆော်ဩရန် တာဝန်ရှိပါသည်။
နယ်ဌာနချုပ်မှဆက်သွယ်လာသောစာအားလုံးတို့ကို အသင်းလူကြီးများအရေးတကြီး တုံ့ပြန်မှု ပြုရမည်။ အသင်းတော်သို့ကြေညာရန် ကိစ္စပါရှိသော် အချိန်မီကြေညာခြင်းပြုရပါမည်။
အသင်းအုပ်ဆရာမရှိစဉ်၊ ပထမအသင်းလူကြီးအနေဖြင့် နယ်ဌာနချုပ်ညီလာခံသို့ တက် ရောက်ရမည့်ကိုယ်စားလှယ်များကိုရွေးချယ်ရန်နှင့် ၎င်းအမည်စာရင်ကို အသင်းတော်စာရေးမှ နယ်ဌာနချုပ်ရုံးသို့ ပေးပို့စေရမည်။
ကမ္ဘာ့သာသနာလုပ်ငန်းကိုအားပေးခြင်း - အသင်းလူကြီးများတို့သည် ကမ္ဘာ့သာသနာ့ လုပ်ငန်းကို သေချာစွာလေ့လာပြီး မိမိတို့၏အသင်းသူ အသင်းသားတို့အား အင်တိုက်အားတိုက် ကိုယ်တိုင်ကိုယ်ကျပါဝင်ထမ်းဆောင်ကြရန် အားပေးရမည်။ သူတို့၏ကြင်နာခြင်း၊ လိမ္မာပါးနပ်စွာ ပြောဆိုလုပ်ဆောင်ခြင်းသည် အသင်းသူအသင်းသာတို့အား အသင်းတော်၏ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်များနှင့် ဥပုသ်စာဖြေအစီအစဉ်များတွင် အားတက်သရော လုပ်ကိုင်ဆောင်ရွက်ကြရန် အားပေးမှုပြုစေလိမ့်မည်။
အသင်းလူကြီးများကိုသင်တန်းပေးခြင်းနှင့်ပံ့ပိုးခြင်း - အခြားဌာနများတို့နှင့်အတူ လက်တွဲကာ ဓမ္မရေးရာဌာနအဖွဲ့အစည်းသည် အသင်းလူကြီးများတို့ကို လိုအပ်သည့်သင်တန်းများ နှင့်ပံ့ပိုးမှုများကို ပြုလုပ်ဆောင်ရွက်ရမည်။ သို့သော် အသင်းအုပ်ဆရာအနေဖြင့် အဓိကတာဝန်မှာ အသင်းလူကြီးများတို့ကို သင်တန်းပေးခြင်းဖြစ်သည်။
ထိရောက်စွာလုပ်ငန်းလုပ်ဆောင်ရန်လွတ်လပ်မှုရှိခြင်း - အထူးသဖြင့် အသင်းလူကြီး များတို့သည် လုပ်ဆောင်စရာများစွာသောလုပ်ငန်းများတို့ကို ထိရောက်စွာလုပ်ဆောင်နိုင်ရန် လွတ်လပ်ခွင့်ပြုရပါမည်။ သို့သော် ပြင်ပသို့သာသနာ့ လုပ်ငန်းဖြန့်ချိရန် အစီအစဉ်ကို အသင်းလူ ကြီးများမှ ဦးဆောင်မှုပြုရန် အကြံပြု နိုင်ပါသည်။ မိမိတို့၌ အခြားစွမ်းရည်များရှိပါက သာသနာ့ လုပ်ငန်းအတွက် ပါဝင်လုပ်ဆောင်နိုင်ပါသည်။
ပထမအသင်းလူကြီး - ကြီးသောအသင်းတော်များတွင် လုပ်ဆောင်စရာလုပ်ငန်းကြီးမား ခြင်းကြောင့်အသင်းလူကြီးတစ်ဦးထက်ပို၍ ရွေးချယ်တင်မြှောက်နိုင်ကြောင်း အကြံပြုလိုပါသည်။ အသင်းလူကြီးတစ်ဦးထက်များပါက တစ်ဦးကို “ပထမအသင်းလူကြီး” အဖြစ်သတ်မှတ်ရပါမည်။ လုပ်ငန်းတာဝန်များကို မိမိတို့၏ဗဟုသုတနှင့်စွမ်းရည်အလျောက် ခွဲဝေ၍ထမ်းဆောင်ကြရန်ဖြစ် ပါသည်။
အာဏာအကန့်အသတ် - အသင်းလူကြီးများတို့သည် အသင်းဝင်များတို့ကို အသင်းတော် သို့လက်ခံခြင်း၊ အသင်းတော်မှ ထုတ်ပယ်ခြင်းတို့အတွက် အာဏာမရှိပါ။ အသင်းတော်မှ ဤကိစ္စ များကို ဆောင်ရွက်ရပါမည်။ အသင်းတော်ဘုတ်အဖွဲ့မှ အဆိုပြုခြင်းအားဖြင့်သာ အသင်းတော်မှ အသင်းဝင် များကို အသင်းတော်သို့ လက်ခံခြင်း၊ အသင်းတော်မှ ထုတ်ပယ်ခြင်းတို့ကိုလုပ်ဆောင် သွားရမည်ဖြစ်သည်။
အသင်းတော်ခေါင်းဆောင်များ
တစ်ခါတစ်ရံ အသင်းလူကြီးအဖြစ်ထမ်းဆောင်ရန် ဗဟုသုတနှင့် အရည်အချင်းရှိသူတစ်ဦိး တစ်ယောက်မျှမရှိသည်ကို တွေ့ရတတ်ပါသည်။ ထိုအခြေအနေမျိုးတွင် အသင်းတော်အနေဖြင့် ပုဂ္ဂိုလ်တစ်ဦးကိုရွေးကောက်ကာ ထိုပုဂ္ဂိုလ်ကို “ခေါင်းဆောင်” အဖြစ် ထားရှိရပါမည်။ သင်းအုပ် ဆရာမရှိသည့်အခါ (သို့မဟုတ်) နယ်မှတာဝန်ပေးအပ်သည့် ဓမ္မဆရာမရှိသည့်အခါတွင် ထိုခေါင်း ဆောင်သည် အသင်းတော်၏ဝတ်ပြုကိုးကွယ်သည့်အစီအစဉ်များနှင့် လုပ်ငန်းလုပ်ဆောင်သည့် အစည်းအဝေးအပါအဝင်တို့ကို ဦးဆောင်သွားရန်တာဝန်ရှိပါသည်။ ခေါင်းဆောင်အနေဖြင့် ကိုယ် တိုင်ဦးဆောင်သည်ဖြစ်စေ၊ တစ်ဦးတစ်ယောက်ကိုစေခိုင်းကာ ဦးဆောင်စေခြင်းဖြစ်စေ စီစဉ် ဆောင်ရွက်နိုင်ပါသည်။
ခေါင်းဆောင်တစ်ဦးသည် အသင်းတော်၏ဝိနည်းကျင့်ထုံးများ၊ နှစ်ခြင်းမင်္ဂလာပေးခြင်း၊ ပွဲတော်မင်္ဂလာကျင်းပပေးခြင်း၊ ထိမ်းမြားလက်ထပ်ပေးခြင်း၊ အသင်းတော်၏လုပ်ငန်း လုပ်ဆောင် သည့် အစည်းအဝေးတွင် အသင်းဝင်များအား ပြစ်ဒဏ်ပေးခြင်း အစရှိသည်တို့ကို ဆောင်ရွက်ခွင့် မရပါ။ နယ်ဥက္ကဌထံ သို့အကြောင်းကြားကာ လက်တင်ရဓမ္မဆရာတစ်ဦးအာ ထိုအစီအစဉ်များ၌ ဦးဆောင်ပေးရန် တောင်းဆ်ိုရပါမည်။
သင်းထောက်များ
ဓမ္မသစ်ကျမ်း၌ သင်းထောက်၏လုပ်ငန်းကိုဖော်ပြရာတွင် ဟေလသစကားဖြင့် “ diakonos ” မှဆင်းသက်ပြီး အင်္ဂလိပ်ဘာသာစကား “ deacon ” မှ ဆင်းသက်လာသည်။ ထိုစကားလုံး၏ အဓိပ္ပါယ်မှာ “အစေခံ၊ ဆောင်ရွက်သူ၊ စာရေးသူ၊ အဖော်” ဖြစ်ပြီး ခရစ်ယာန်ဘာသာ၏ အသုံး အနှုန်းများ “ deacon သင်းထောက်” ဟု ဖြစ်ပါသည်။
တမန်တော်ခေတ်ရှိ အသင်းတော်အချိန်အခါ၌ သင်းထောက် (၇) ဦးကို ရွေးကောက်ကာ လက်တင်ပေးပြီး အသင်းတော်၏လုပ်ငန်းများကို ဆောင်ရွက်စေခဲ့ကြောင်း သိရှိရပါသည်။ (တမန်တော် ၆း ၁-၈)။ သူတို့၏ အရည်အချင်းမှာ အသင်းလူကြီးများတို့၏ အရည်အချင်းထက် နည်းငယ်လျော့ပြီး ၁တိမောသေ ၃း ၈-၁၃ တွင်ဖော်ပြထားပါသည်။
“သူတို့အပေါ်လက်တင်ကာ အထူးလုပ်ငန်းဖြစ်သည့် ဆင်းရဲသူဆင်းရဲသားများ တို့၏လို အပ်ချက်များတို့ကို ကူညီဆောင်ရွက်ပေးရန် ဖြစ်သော်လည်း အသင်းတော်၏ယုံကြည်ချက်များ တို့ကို ဟောပြောသွန်သင်ခြင်း၌လည်း ပါဝင် လုပ်ဆောင်ရပါမည်။ ၎င်းပြင် အခြားသူများတို့ကို အမှန်တရားသွန်သင်ရာ၌ အရည်အချင်းပြည့်၀သူများဖြစ်ပြီး သာသနာ့လုပ်ငန်းတွင် ပြင်းပြသော စိတ်ဓာတ်နှင့်အောင်မြင်ခြင်းရှိရန် ဆောင်ရွက်သူများဖြစ်ရပါမည်။ (AA ၉၀).
“ပုဂ္ဂိုလ် (၇) ဦးအား အသင်းထောက်များအဖြစ်ခန့်ထားကာ အသင်းတော်၏ကျယ်ပြောလှ သည့် တာဝန်များကို ပါဝင်လုပ်ကိုင်ဆောင်ရွက်စေခြင်းသည် အသင်းတော်အတွက်ကြီးမားလှသည့် ကောင်းချီးမင်္ဂလာဖြစ်ပါသည်။ ဤပုဂ္ဂိုလ်များတို့သည် အသင်းဝင်တစ်ဦးချင်း၏ လိုအပ်ချက်များ နှင့် အသင်းတော်၏အထွေထွေဆိုင်ရာ ငွေရေးကြေးရေးကိစ္စများတို့ကို သေချာစွာ စဉ်းစားဆင်ခြင် ပြီး သူတို့၏လိမ္မာပါးနပ်စွာအုပ်ချုပ်ခြင်းနှင့် ကောင်းသော ပုံသက်သေတို့သည် အခြားအသင်း တော်လူကြီးများတို့အတွက် အရေးကြီးလှသည့် ထောက်အကူဖြစ်စေရုံမျှမကဘဲ စည်းလုံးညီညွတ် စွာပေါင်းစည်းကြကာ အသင်းတော်၏အကျိုးကို သယ်ပိုးခြင်းဖြစ်သည်။” (AA ၈၉).
ယနေ့သင်းထောက်များကို ရွေးချယ်တင်မြှောက်ရာတွင်လည်း အလားတူ အသင်းတော်၏ အုပ်ချုပ်ရေးတာဝန်များ၊ အထူးသဖြင့် ဓမ္မဆရာများ၊ အသင်းလူကြီးများနှင့် အခြားအသင်းတော် ခေါင်းဆောင်များတို့၏ တာဝန်များကို ပေါ့ပါးစေရန် သင်းထောက်များတို့မှ ကောင်းမွန်စွာဆောင် ရွက်ကြခြင်းဖြင့် အသင်းတော်အတွက် ကောင်းချီးမင်္ဂလာများကိုဖြစ်စေပါသည်။
“ဘုရားသခင်၏ကြိုတင်ပြင်ဆင်ထားခြင်းအားဖြင့် အသင်းတော်၏ အရေးပါသော တာဝန် ဝတ္တရားများကို ဦးဆောင်နေရသည့် ပုဂ္ဂိုလ်တို့၏အချိန်နှင့်စွမ်းအားတို့ကို ထူးခြားသောဥဏ်ပညာ နှင့် စိတ်၏လွတ်လပ်မှုလိုအပ်သော သာမန်ထက်နက်နဲသည့် ကိစ္စရပ်များတွင် အသုံးပြုရပါမည်။ အခြားသူများကောင်းမွန်စွာဆောင်ရွက်နိုင်သည့် သာမန်ကိစ္စရပ်များအပေါ်တွင် ချိန်ကိုက်ညှိနှိုင်း ပေးရန်တွက် ထိုသို့သောပုဂ္ဂိုလ်တို့အား အသနားခံပန်ကြားရန် ဘုရားသခင်၏မိန့်မှာချက်တွင် မပါဝင်ပါ။” (ဗဗ ၉၃).
သင်းထောက်များဘုတ်အဖွဲ့ - အသင်တော်တစ်ခု၌ သင်းထောက်ဦးရေ အရေအတွက်များ ပါက သင်းထောက်ဘုတ်အဖွဲ့ ဖွဲ့စည်းရန်လိုအပ်ပြီး ခေါင်းဆောင်သင်းထောက်ကို ဥက္ကဌအဖြစ်နှင့် အခြားသင်းထောက်တစ်ဦးကို အတွင်းရေးမှူးအဖြစ်လုပ်ဆောင်စေရမည်။ အသင်းတော်ကြီး၏ တိုးတက်ရာ တိုးတက်ကြောင်းအတွက် မိမိတို့အထဲ၌ ဆောင်ရွက်စရာတာဝန်များကို ခွဲဝေလုပ် ဆောင်ကြရပါမည်။ အသင်းထောက်အသစ်များတို့အားလည်း မိမိတို့၏ဆောင်ရွက်ရမည့် တာဝန် ကို သိရှိနားလည်ပြီး ဆောင်ရွက်တတ်ရန် သင်တန်းပို့ချပေးရပါမည်။
သင်းထောက်များတို့ကို လက်တင်မင်္ဂလာပေးရမည် - အသစ်ရွေးချယ်ခြင်းခံရသည့် သင်းထောက်များသည် နယ်ဌာနချုပ်မှ တာဝန်ပေးအပ်ထားသည့် လက်တင်ရဓမ္မဆရာ၏ လက်တင်မင်္ဂလာပေးခြင်းမခံရမချင်း မိမိတို့၏တာဝန်ကိုဆောင်ရွက်ခွင့်မရှိပါ။
၎င်းတို့အတွက် သန့်ရှင်းမွန်မြတ်သည့် လက်တင်မင်္ဂလာအစီအစဉ်ကို ရိုးစင်းစွာဖြင့်အသင်း တော် ရှေ့မှောက်တွင် ကျင်းပပေးရပါမည်။ ဓမ္မဆရာ အနေဖြင့် အတိုချုံး၍ ကျမ်းစာမှဖော်ပြသည့် သင်းထောက်၏တာဝန်ကိုလည်းကောင်း၊ လိုအပ်သည့်အရည်အချင်းကိုသော်လည်းကောင်း၊ သင်း ထောက်များတို့၏ အရေးကြီးသည့် တာဝန်ကို မည်ကဲ့သို့ဆောင်ရွက်ရမည်ကိုလည်းကောင်း ဖော် ပြရပါမည်။ အမှုတော်မြတ်၌သစ္စာရှိစွာ မည်ကဲ့သို့ဆောင်ရွက်ရမည်ကို အားတက်သရော အားပေး တိုက်တွန်းပြီးသောအခါ သင်းအုပ်ဆရာသည် အသင်းလူကြီး၏ ပါဝင်ကူညီခြင်း အားဖြင့် သင်း ထောက်များတို့ကို ဆုတောင်းခြင်းအားဖြင့်နှင့် လက်တင်ခြင်းအားဖြင့် လက်တင်ဘိတ်သိက်ပေး ခြင်းအစီအစဉ်ကို ဆောင်ရွက်သွားရပါမည်။
သင်းထောက်များသည် အသင်းတော်၌ မိမိ၏အမည်စာရင်းရှိနေသရွေ့ တစ်ကြိမ်လက်တင် မင်္ဂလာခံယူခဲ့ပြီးလျှင် အခြားအသင်းတော်များသို့ အမည် စာရင်းပြောင်းရွှေ့ သွားသော်လည်း ထပ်မံ၍ လက်တင်မင်္ဂလာခံယူရန် မလိုအပ်ပါ။ သို့သော် မိမိတို့၏တာဝန်အပိုင်းအခြားကာလ ကုန်ဆုံးသွားခဲ့သော် သူတို့ကိုထပ်မံ၍ ပြန်လည်ရွေးချယ်ခြင်းပြုမှသာ ၎င်းသင်းထောက်တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်မှာဖြစ်ပါသည်။
အသင်းလူကြီးများသည် သင်းထောက်အဖြစ် ရွေးချယ်ခြင်းခံရပါက သူ့အားထပ်မံ၍ လက် တင်မင်္ဂလာပေးရန်မလိုပါ။ အသင်းလူကြီးအဖြစ် လက်တင်ခံခဲ့ရခြင်းသည် ဤသင်းထောက် တာဝန်ကို ထမ်းဆောင်နိုင်ရန် အကျွမ်းဝင်ပါသည်။
သင်းထောက်များဆောင်ရွက်ခွင့်မရှိသည့်လုပ်ငန်းများ - သင်းထောက်များတို့သည် အသင်းတော်၏ အရေးကြီးသောပွဲတော်များကို ဦးဆောင်ခြင်း၊ အသင်းတော်၏လုပ်ငန်းဆောင် သည့် အစည်းအဝေးများ၌ဦးဆောင်ခြင်း၊ ထိမ်းမြားမင်္ဂလာအခမ်းအနားကို ဦးဆောင်ပေးခြင်း၊ အသင်းဝင်များကိုအသင်းတော် ၌လက်ခံခြင်း၊ ထုတ်ပယ်ခြင်း အစရှိသည်တို့ကို ပြုလုပ်ဆောင် ရွက်ခွင့်မရှိပါ။
အကယ်၍ ဖော်ပြပါလုပ်ငန်းတာဝန်များတို့ကို ဦးဆောင်သွားရန် အသင်းတော်၌ မည်သူ တစ်ဦးတစ်ယောက်မျှမရှိပါက နယ်ဌာနချုပ်၏အကူအညီ ကိုတောင်းခံရပါမည်။
သင်းထောက်တို့၏တာဝန်များ - အသင်းတော်၏လုပ်ငန်းအဖုံဖုံ တို့ကို ဆောင်ရွက်နိုင် သည့် သင်းထောက်များတို့၏တာဝန်များမှာ-
၁။ အစီအစဉ်များနှင့်စည်းဝေးများတွင်ကူညီမှုပြုခြင်း - အထူးသဖြင့် သင်းထောက်များ တို့သည် ဘုရားကျောင်းသို့တက်ရောက်လာကြသော အသင်းသူအသင်းသားများနှင့် ဧည့်သည်များ တို့ကို ကြိုဆိုကာ နေရာချထားပေးခြင်းတွင် ပါဝင်ကူညီရပါသည်။ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ် များအားလုံး ချောမွတ်စေရန် သင်းအုပ်ဆရာနှင့် အသင်းလူကြီးများတို့ကို ဝိုင်းဝန်းကူညီရပါသည်။
၂။ အသင်းသူအသင်းသားများထံသို့အလည်အပတ်ပြုခြင်း - အသင်းတော်အများစုတို့ သည် နယ်မြေအလိုက်ခွဲတမ်းများပြုလုပ်ကာ အသင်းသူအသင်းသားများရှိရာသို့ အနည်းဆုံး ၁၃ ပတ်တွင်တစ်ကြိမ် အလည်အပတ်ရောက်ရှိရန် သင်းထောက်များတို့အား တာဝန်ပေးထားပါသည်။
၃။ နှစ်ခြင်းမင်္ဂလာအစီအစဉ်၌ကူညီခြင်း - သင်းထောက်များတို့သည် ရေနှစ်ခြင်းမင်္ဂလာ အစီအစဉ်၌ လိုအပ်သည့်ပြင်ဆင်မှုများတို့ကိုပြုလုပ်ရန် တာဝန်ရှိကြပါသည်။
၄။ ပွဲတော်မင်္ဂလာအစီအစဉ်၌ကူညီမှုပြုခြင်း - ခြေဆေးမင်္ဂလာအစီအစဉ်၌ သင်းထောက် များနှင့်သင်းထောက်မယ်များ တို့သည် လိုအပ်သည့် ခြေဆေးရန်ရေ၊ အင်တုံများ၊ ရေပုံးများ၊ ခြေသုတ်ရန်ပဝါများ အစရှိသည့်တို့ကို ပြင်ဆင်ထားပေး ရပါမည်။ အစီအစဉ်ပြီးသောအခါ အိုး၊ ခွက်၊ အင်တုံ၊ ဇလုံများတို့ကို ကောင်းမွန်စွာသိမ်းဆည်းရန်နှင့် ခြေသုတ်ပဝါများတို့ကို လျှော်ဖွပ် ရန် တာဝန်ယူကြရပါမည်။
သောက်စား၍မကုန်ဘဲ ကျန်ရစ်သည့်မုန့်နှင့် စပျစ်ရည်များကို စားသုံးခြင်းမပြုဘဲ ရိုရိုသေ သေဖြင့် သင်းထောက်နှင့် မြုပ်နှံလိုက်ခြင်း (သို့မဟုတ်) မီးရှို့လိုက်ခြင်းကို အစီအစဉ်ပြီးသည်နှင့် တစ်ပြိုင်တည်း ဆောင်ရွက် သွားရပါမည်။
၅။ ဖျားနာသူများကိုပြုစုခြင်း၊ ဆင်းရဲသားများနှင့်ဒုက္ခရောက်သူများတို့ကိုကူညီခြင်း - သင်းထောက်များနှင့် သင်းထောက်မယ်များတို့သည် ဖျားနာသူများ၊ ဆင်းရဲသူများနှင့် ဒုက္ခရောက် သူများတို့ကို ကူညီမှုပြုရန် တာဝန်ယူကြရမည်ဖြစ်ပြီး သူတို့၏လိုအပ်သော အရာများတို့ကို အသင်းတော်သို့ အကြောင်းကြားကာ ကူညီမှုပြုခဲ့သည့်အသင်းဝင်စာရင်းကိုလည်း ပြုစုရမည်။ ထို ဒုက္ခရောက်သူများတို့အတွက် ရန်ပုံငွေကိုလည်း ပြင်ဆင်ထားသင့်ပါသည်။ အသင်းတော်ဘုတ်အဖွဲ့ ၏ထောက်ခံချက်အရ အသင်းတော်ဘဏ္ဍာထိန်းအနေဖြင့် လိုအပ်သည့်ငွေများကို ၎င်းလိုအပ်နေသူ များအတွက် သင်းထောက်များနှင့်သင်းထောက်မယ်များတို့မှ တစ်ဆင့်ထုတ်ပေးရပါမည်။
၆။ အသင်းပိုင်ပစ္စည်းများကိုကြည့်ရှုထိန်းသိမ်းခြင်း - အသင်းတော်များတို့တွင် အသင်း တော်ပိုင်ပစ္စည်းများတို့ကို ထိ်န်းသိမ်းစောင့်ရှောက်ရန် အဆောက်အဦ ဆောက်လုပ်ရေး ကော်မတီ အဖွဲ့အား တာဝန်ပေးထားခြင်းမပြုဘဲ ဤတာဝန်ကို သင်းထောက်များနှင့် သင်းထောက်မယ်များသို့ ပေးအပ်ထားပါသည်။
ရှေးခရစ်ယာန်အသင်းတော်များ၌ သင်းထောက်မယ်များတို့သည် အသင်းတော်၏တာဝန်ရှိ ပုဂ္ဂိုလ်များအထဲတွင် ပါဝင်ကြပါသည်။
“ကင်ခြေမြို့အသင်းတော်၌ သင်းထောက်မိန်းမဖြစ်သော ငါတို့နှမဖိဗေကို သင်တို့ထံသို့ ငါသွင်းပေး၏။ သန့်ရှင်းသူတို့သည် ပြုသင့်သည် အတိုင်း၊ သခင်ဘုရားကိုထောက်၍ ထိုသူကို လက်ခံလော့။ သူသည်အကူအညီမလိုသမျှသောအမှုတို့၌ သူ့ကိုကူမ ကြလော့။ အကြောင်းမူကား၊ သူသည် များစွာသော သူတို့ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း မစသောသူဖြစ်၏” (ရောမ ၁၆း၁၊၂)။
မိမိတို့၏ဆောင်ရွက်ရမည့်တာဝန်နှင့် သင့်လျော်သည့်အရည်အချင်းရှိသူများနှင့် သူတို့၏ ဆက်ပက်မှုအပေါ်သုံးသပ်ကာ သင်းထောက်မယ်များကို ရွေးချယ်ရပါမည်။
သင်းထောက်မယ်များတို့၏ဘုန်အဖွဲ့ - အကယ်၍ အသင်းအနေဖြင့် သင်းထောက်မယ် များတို့ကို အရေအတွက် အားဖြင့် များများ ရွေးချယ်ပါက သင်းထောက်မယ်တို့၏ ဘုတ်အဖွဲ့ကို ဖွဲ့စည်းကာ သင်းထောက်မယ်များ ခေါင်းဆောင်သူမှ ဥက္ကဌအဖြစ်ဆောင်ရွက်ကာ အခြားသင်း ထောက်မယ် တစ်ဦးဦးကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးရပါမည်။ ဤဘုတ်အဖွဲ့မှနေ၍ အဖွဲ့ဝင် တစ်ဦးစီတို့အား ဆောင်ရွက်ရမည့် တာဝန်ကို ခွဲခန့်ချမှတ်ကာ အထူးသဖြင့် ဘုရားကျောင်းသို့ အ သင်းသူအသင်းသားများနှင့် ဧည့်သည်တော်များကို ကြိုဆိုနှုတ်ဆက်ခြင်း၊ ယုံကြည်သူတို့၏ အိမ် သို့ အလည်အပတ်ပြုခြင်းဆိုင်ရာ ကိစ္စရပ်များတို့ကို သင်းထောက်ဘုတ် အဖွဲ့ နှင့်နီးကပ်စွာ ပူး ပေါင်းလက်တွဲ၍ ဆောင်ရွက်ကြရပါမည်။ သင်းထောက်မယ်အသစ်များတို့ကို မိမိတို့၏ ဆောင် ရွက်ရမည့် တာဝန်များတို့အား ဆောင်ရွက်နိုင်ရန် သင်တန်းပေးရပါမည်။
သင်းထောက်မယ်များတို့အတွက် လက်တင်ပေးခြင်းအစီအစဉ် - ၎င်းလက်တင်ပေး ခြင်းအစီအစဉ်ကို နယ်ဌာနချုပ်မှ လက်ရှိလ်ိုင်စင်ပေးထားသော လက်တင်ရဓမ္မဆရာမှ ဆောင်ရွက် ရပါမည်။ ထိုလက်တင်ပေးခြင်း အစီအစဉ်ကို အသင်းတော်ရှေ့ မှောက်၌ရိုးစင်းစွာဆောင်ရွက်သွား ရပါမည်။
အကယ်၍ အသင်းတော်၌နာမည်စာရင်းရှိနေဆဲဖြစ်ပါက အခြားအသင်းတော်များသို့ ပြောင်းရွှေ့သွားပြီး သင်းထောက်မယ်တာဝန်ကို ထမ်းဆောင်နေလျှင် ထပ်မံ၍ထိုသူတို့အား လက် တင်ပေးရန်အလိုပါ။ မိမိတာဝန်ထမ်းဆောင် ရမည့်ကာလ ပြီးဆုံးခဲ့ပါက အကယ်၍ ဤသင်း ထောက်မယ်တာဝန်ကို ဆက်လက်ထမ်းဆောင်စေလိုလျှင် ပြန်လည်၍ အရွေးခံရမည် ဖြစ်ပါသည်။
သင်းထောက်မယ်များတို့၏တာဝန်များ - သင်းထောက်မယ်များ ဆောင်ရွက်ရမည့် ပါဝင်သည့် အသင်းတော်၏တာဝန်အမျိုးမျိုးတို့မှာ -
၁။ ဧည့်သည်များနှင့် အသင်းသားများတို့ကို ကြိုဆိုခြင်းနှင့်လည်ပတ်ခြင်း - အသင်း တော်အများတို့၌ သင်းထောက်မယ်များတို့သည် ဝတ်ပြု ကိုးကွယ်သောအစည်းအဝေးများတို့တွင် အသင်းသားများတို့နှင့် ဧည့်သည်များတို့ကို ကြိုဆိုရာ၌ ကူညီ ခြင်းနှင့် စည်းဝေးသို့ မတက်ရောက် နိုင်သည့် အသင်းသူ အသင်းသားများတို့ထံသို့ အလည်အပတ်ပြုခြင်းများတို့ကို ပြုလုပ်ရပါမည်။
၂။ နှစ်ခြင်းမင်္ဂလာအစီအစဉ်၌ကူညီခြင်း - နှစ်ခြင်းခံယူမည့် အမျိုးသမီးများကို နှစ်ခြင်း မယူမီနှင့် နှစ်ခြင်းယူပြီးချိန်၌ လိုအပ်သည့်စောင့်ရှောက်မှုများကို သင်းထောက်မယ်များတို့မှ တာ ဝန်ယူရပါမည်။ နှစ်ခြင်းခံယူသည့်အခါ သင့်လျော်သည့်အဝတ်အစားကိုဝတ်နိုင်ရန် အကြံပေးရ မည်။ သင့်လျော် သည့်ဝတ်လုံကိုလည်း ပြင်ဆင်ပေးသင့်သည်။ ဤဝတ်လုံများတို့ကို အသုံးပြုပြီး သောအခါ လျှော်ဖွပ်ခြင်း၊ မီးပူတိုက်ခြင်း၊ လုံခြုံစွာ သိမ်းဆည်းထားခြင်း ပြုရပါမည်။
၃။ ပွဲတော်မင်္ဂလာအတွက်အစီအစဉ်ပြုလုပ်ခြင်း - သင်းထောက်မယ်များနှင့် သင်း ထောက်များတို့သည် ဤအစီအစဉ်အတွက်၊ လိုအပ်သည့်အရာ အားလုံးအတွက် ပြင်ဆင်ပေးရ မည် ဖြစ်ပြီး အစီအစဉ်ပြီးဆုံးသွားသော အခါ အသုံးပြုခဲ့သည့်အရာအားလုံးကို သေချာစွာ သိမ်း ဆည်းလျက် စောင့်ရှောက်ရပါမည်။
ပွဲတော်မင်္ဂလာအစီအစဉ်မစမီ သင်းထောက်မယ်များတို့သည် ပွဲတော် မင်္ဂလာယူမည်စားပွဲကို ပြင်ဆင်ပေးခြင်း၊ မုန့်နှစ်စပျစ်ရည်တို့ကိုလည်း အဆင်သင့်ပြင်ဆင်ပေးခြင်း၊ ပွဲတော်အုပ်ထဲရှိ ခွက် လေးများထဲသို့ စပျစ်ရည်ဖြည့်စွက် ပေးထားခြင်း၊ ပန်းကန်ထဲသို့ တဆေးမဲ့မုန့်ကို ထည့်ထားပေး ခြင်းနှင့် စားပွဲပေါ်ရှိ ၎င်းတို့အားဖုံးအုပ်ထားရန်၊ ပြင်ဆင်ထားသော စားပွဲခင်းကို ဖုံးအုပ်ထားခြင်း ပြုရမည်။
သင်းထောက်မယ်များတို့သည် ခြေဆေးမင်္ဂလာအစီအစဉ်တွင် အထူးသဖြင့် အမျိုးသမီးဧည့် သည်များနှင့် အမျိုးသမီးအသင်းသူအသစ်များတို့ကို အကူအညီ ပေးရမည်။
၄။ ဖျားနာသူများနှင့်ဆင်ရဲနွမ်းပါးသူများကို ကြည့်ရှုစောင့်ရှောက်ခြင်း - သင်းထောက် မယ်များတို့သည် ဖျားနာသူများ၊ အမအစလိုအပ်သူများနှင့် ဆင်းရဲနွမ်းပါးသူများတို့ကို ပြုစုရာ၌ သင်းထောက်များတို့ကို ဝိုင်းဝန်းကူညီရမည်။
၅။ အသင်းပိုင်ပစ္စည်းများကိုကြည့်ရှုထိ်န်းသိမ်းခြင်း - အသင်းတော်များတို့တွင် အသင်း တော်ပိုင်ပစ္စည်းများတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အဆောက်အဦ ဆောက်လုပ်ရေးကော်မတီ အား တာဝန်ပေးထားခြင်းမပြုဘဲ ဤတာဝန်ကို သင်းထောက်များနှင့် သင်းထောက်မယ်များသို့ ပေးအပ်ထားပါသည်။
အသင်းတော်စာရေး
အသင်းတော်၏ထိရောက်စွာလည်ပတ်နိုင်ရန် ဆောင်ရွက်စရာကိစ္စများစွာတို့သည် အသင်း တော်စာရေးအပေါ်၌ မူတည်လျက်ရှိပါသည်။ ဤလုပ်ငန်း၏အရေးကြီးခြင်းနှင့် အထူးဆောင်ရွက် ရန်အမှုကိစ္စများတို့ကြောင့် ဤတာဝန်ကိုထမ်းဆောင်မည့် ပုဂ္ဂိုလ်သည် စာရင်းအင်းများထိန်းသိမ်း ခြင်းနှင့် အစီရင်ခံစာတင်ပြခြင်းတို့၌ ကျွမ်းကျင်ရမည့် ပုဂ္ဂိုလ်ဖြစ်သည့် အတွက် အထူးသတိပြုကာ တစ်နှစ်တာအတွင်းသာ တာဝန်ကိုထမ်းဆောင်ရမည်မဟုတ်ဘဲ ထပ်မံ၍ ပြန်လည်ရွေးကောက်ခြင်း ကို ခံထိုက်သူဖြစ်ပါက ပို၍သင့်လျော်မည်ဖြစ်သည်။ ကြီးသော အသင်းတော်များတွင် လက် ထောက်စာရေးများကို လိုသလိုရွေးချယ်န်ိုင်ပါသည်။ အတွင်းရေးမှူးအဖြစ် အသင်းတော်စာရေး သည် အသင်းတော်၏လုပ်ငန်းဆောင်ရွက်ရန် အစည်းအဝေးတွင် မတက်ရောက်န်ိုင်ပါက လက်ထောက်စာရေးကို စည်းဝေးမှတ်တမ်းရေးရန် တာဝန်ပေးရပါမည်။
ဆုံးဖြတ်ချက်မရှိဘဲ မည်သည့်နာမည်ကိုမျှထည့်သွင်းခြင်း (သို့မဟုတ်) ထုတ်ပယ် ခြင်းမပြုရ - အသင်းသားတစ်ဦးသေဆုံးသွားခြင်းမှလွဲလျှင် အသင်းတော်၏ ဆုံးဖြတ်ချက်မရှိဘဲ အသင်းတော်စာရေးသည် မည်သည့် အသင်းသူအသင်းသား၏နာမည်ကိုမျှ အသင်းသားဦးရေစာ ရင်းစာအုပ်ထဲမှ ထုတ်ပယ်ခြင်း (သို့မဟုတ်) ထည့်သွင်းခြင်းအာဏာမရှိပါ။ အသင်းသား တစ်ဦး သေဆုံးပါက အသင်းတော်စာရေးအနေဖြင့် သေဆုံးသူ၏သေဆုံးသွား သောနေ့စွဲကို အသင်းသား ဦးရေစာရင်းစာအုပ်ထဲ၌ မှတ်သားထားရပါမည်။
အသင်းသားများပြောင်းရွှေ့ခြင်း - အသင်းသားများပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ စာပေးစာယူကိစ္စကို အသင်းတော်စာရေးမှ တာဝန်ယူရပါမည်။
အသင်းသားများတို့နှင့်ဆက်သွယ်ခြင်း - ဘုရားကျောင်းနှင့် (သို့မဟုတ်) အသင်းတော် နှင့် အဆက်သွယ်ပြတ်နေသေ အသင်းသူအသင်းသာများကို အသင်းတော်စာရေးမှ ကြိုးစား၍ အဆက်အသွယ်ပြုရပါမည်။
နယ်ညီလာခံအတွက် ကိုယ်စားလှယ်များတို့ကိုအကြောင်းကြားခြင်း - အသင်းတော် ဘုတ်အဖွဲ့မှ နယ်ညီလာခံတွင် အသင်းတော်အား ကိုယ်စားပြုရန် ရွေးချယ်ထားသောကိုယ်စားလှယ် ကို အသင်းတော်စာရးမှ နေ၍ နယ်ဌာနချုပ်မှ ပြင်ဆင်ထားသော စာရွက်ပုံစံကို အသုံးပြုကာ အမြန်ဆုံး အကြောင်းကြားရပါမည်။ နည်ညီလာခံသို့ မပျက်မကွက်တက်ရောက်နိုင်ရန် အတွက် ဖြစ်သည်။
အစီရင်ခံစာများတို့ကိုအချိန်မီပေးပို့ခြင်း - နယ်ဌာနချုပ်မှ တောင်းဆိုသော အစီရင်ခံ စာများကို အသင်းတော်စာရေးမှနေ၍ အချိန်မီပေးပို့ရမည်။ တချို့တို့သည် (၁၃) ပတ်တစ်ကြိမ်နှင့် တချို့တို့သည် တစ်နှစ်
တစ်ကြိမ်ပို့ပေးရပါမည်။ သတ်မှတ်ချိန်အတွင်း ဤအစီရင်ခံစာများတို့ကို နယ်အတွင်းရေးမှူးထံသို့ ပေးပို့ရန်လိုအပ်ပါသည်။ ကမ္ဘာ့အသင်းတော်သို့ ဆက်လက်၍ ပေးပို့ရန်ဖြစ်သောကြောင့် အစီရင်ခံ စာများတို့သည် တိကျမှန်ကန်ရန် လိုအပ်ပါသည်။ အသင်းတော်စာရေး အနေဖြင့် အစီရင်ခံစာကို ပြုစုရာတွင် အချက်အလက်များတို့ကို အသင်းတော်လူကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့ ထံမှ ရယူရပါမည်။
အသင်းတော်မှတ်တမ်းများ - ကောင်းမွန်စွာထားရှိရမည့် အသင်းတော် မှတ်တမ်းများတို့ကို အသင်းတော် စာရေးမှ တာဝန်ယူထိန်းသိမ်းရပါသည်။ မှတ်တမ်းများအားလုံးနှင့် အသင်းတော် လူကြီးအားလုံးတို့၏ စာရင်းအင်းများတို့သည် အသင်းတော်ပိုင်ပစ္စည်းများဖြစ်သောကြောင့် ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး မိမိတာဝန်ပြီးဆုံးသည့်အခါ အသစ်ရွေးချယ်သောစာရေးထံသို့ လွှဲပြောင်းပေးရမည်။ မိမိတာဝန်ထမ်းဆောင်စဉ်အခါတွင် ၎င်းစာရင်းအင်းများမှတ်တမ်းမှတ်ရာ များတို့ကို သင်းအုပ်ဆရာ (သို့မဟတ်ု) အသင်းလူကြီးများမှ သိလို၍တောင်းဆိုသည့်အခါတွင် လည်း ပေးရပါမည်။
ဘဏ္ဍာရေးမှူး
ဘဏ္ဍာရေးမှူးအနေဖြင့် အရေးကြီးလှသည့်တာဝန်ကို ထမ်းဆောင်ရသောကြောင့် မှတ်တမ်း နှင့် စာရင်းအင်းများတို့ကို ဆက်လက်၍ ထိန်းသိမ်းန်ိုင်ရန် အစီရင်ခံစာကိုလည်း တင်ပြနိုင်ရန် ပြန်လည်၍ ရွေးချယ်တင်မြှောက် နိုင်သည့် ပုဂ္ဂိုလ်ကို ရွေးချယ်ရန်လိုအပ်ပါသည်။ ကြီးသော အသင်းတော်များတွင် လက်ထောက်ဘဏ္ဍာရေးမှူးကို ရွေးချယ်ထားရှိနိုင်ပါသည်။
ဘဏ္ဍာရေးမှူးသည် အသင်းသူအသင်းသာများတို့ကို ဆယ်ဖို့ဆစ်ဖို့၌ သစ္စာရှိရန်နှင့် ရက် ရောစွာ ပေးလှူကြရန် အားပေးတိုက်တွန်းခြင်းကို ကြီးကြီးမားမား ပြုလုပ်နိုင်သူတစ်ဦး ဖြစ် သည်။ သခင်ခရစ်တော်၏စိတ်သဘောထားဖြင့် အကြံပေးခြင်းသည် အသင်းသူအသင်းသားများတို့အား ငွေရေးကြေးရေးခက်ခဲ၍ စီးပွားရေးကြပ် တည်းချိန်၌ပင် ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေများကို သစ္စာရှိစွာ ပေးနိုင်ရန် သူတို့အတွက် ခွန်အား ဖြစ်စေလိမ့်မည်။
ရန်ပုံငွေအားလုံးကိုထိန်းသိမ်းစောင့်ရှောက်သူ - ဘဏ္ဍာရေးမှူးသည် အသင်းတော်၏ရန် ပုံငွေအားလုံးကို ထိန်းသိမ်းစောင့်ရှောက်ရသောသူ ဖြစ်သည်။ ထိုရန်ပုံငွေများမှာ (၁) နယ်ဌာနချုပ် ရန်ပုံငွေများ (၂) ဒေသခံအသင်းတော် ရန်ပုံငွေများနှင့် (၃) ဒေသခံအသင်းတော် လက်အောက်ရှိ အဖွဲ့အစည်း အားလုံးနှင့်ဆိုင်သော ရန်ပုံငွေများဖြစ်သည်။
အခြားနည်းလမ်းဖြင့် အကြေံပေးချက် မရှိပါက ရန်ပုံငွေအားလုံး (နယ်ဌာနချုပ်၊ ဒေသခံ အသင်းတော်၊ လက်အောက်အဖွဲ့အစည်း) တို့ကို ဘဏ်ထဲ၌ (သို့မဟတ်ု) အသင်းတော်နာမည်ဖြင့် ငွေကြေးဌာနတစ်ခုခုနတွင် ထားရှိရပါမည်။
ပိုလျှံသည့်ရန်ပုံငွေများကို အသင်းတော်ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် အတ်ိုးရရန်ဘဏ်၌ စု ထားန်ိုင်ပါသည် အထူးစီမံကိန်းကိုဆောင်ရွက်ရန် လက်တွင်း၌ငွေမြောက်မြားစွာရှိနေပါက ဘုတ် အဖွဲ့မှနေ၍ သီးသန့်ဘဏ်စာအုပ်တစ်ခုဖွင့်ရန် ခွင့်ပြုနိုင်ပါသည်။ ထိုစာရင်းများကို မည်သို့ပင်ဖြစ် စေ၊ ဘဏ္ဍာရေးမှူးမှ တာဝန်ယူကာ အခြားသောရန်ပုံငွေများနှင့်အတူ အသင်းတော်သို့ စာရင်းတင် ပြရပါမည်။
ဘဏ်၌ဖွင့်ထားသော အသင်းတော်ငွေစာရင်းအားလုံးတို့သည် လုံးလုံးလျားလျား အသင်း တော် ရန်ပုံငွေများသာဖြစ်စေရပြီး မိမိ၏ကိုယ်ပိုင်ငွေနှင့် မည်သည့်အခါမျှ ရောထားခြင်းမပြုရပါ။
နယ်ဌာနချုပ်ရန်ပုံငွေများ - နယ်ဌာနချုပ်အလှူငွေများမှာ ဆယ်ဖို့တစ်ဖို့အလှူငွေ၊ ပုံမှန် သာသနာအတွက် ရန်ပုံငွေများနှင့် နယ်ဌာနချုပ် စီမံကိန်းများနှင့် သင်တန်းဌာနများတို့အတွက် အထူးရန်ပုံငွေများအားလုံးပါဝင်ပါသည်။
လကုန်ဆုံးချိန်တိုင်း (သို့မဟုတ်) နယ်ဌာနချုပ်မှတောင်းဆိုလာသည့်အချိန်တိုင်း ဘဏ္ဍာရေးမှူး အနေဖြင့် ဤနယ်ဌာနချုပ် ရန်ပုံငွေများအားလုံးကို နယ်ဌာနချုပ် ဘဏ္ဍာရေးမှူးထံသို့ ပို့ပေးရပါ မည်။ အသင်းတော်မှနေ၍ ဤရန်ပုံငွေများကိုချေးယူခြင်း၊ အသုံးပြုခြင်း (သို့မဟုတ်) ထိန်းသိမ်း ထားခြင်းကို မည်သည့် ကိစ္စအတွက်ကိုမျှ ပြုလုပ်ခွင့်မရှိပါ။
ဥပုသ်စာဖြေကျောင်းရန်ပုံငွေများ - ဥပုသ်စာဖြေကျောင်းအလှူငွေအားလုံးကို ပတ်စဉ် ဥပုသ်စာဖြေကျောင်းအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးမှနေ၍ အသင်းတော် ဘဏ္ဍာထိန်းထံ အပ်နှံရ မည်။ ထိုအလှူငွေများကို အသင်းတော် ဘဏ္ဍာထိ်န်းအနေဖြင့် ကောင်းမွန်စွာ မှတ်တမ်းယူ ကာ သိမ်းဆည်းထားရမည်။ ဤသာသနာရန်ပုံငွေများကို နယ်ဌာနချုပ်သို့ပေးပို့ရမည်။ ဥပုသ်စာဖြေ ကျောင်းကုန်ကျစရိတ် ရန်ပုံငွေများကိုမူ ဥပုသ်စာဖြေကျောင်းအစီအစဉ်အတွက် လိုအပ်သလို ဥပုသ်စာဖြေ ကျောင်းကောင်းစီ၏ သဘောတူညီချက်အရ အသုံးပြုသွားရမည်ဖြစ်သည်။
ဒေသခံအသင်းတော်ရန်ပုံငွေများ - ဒေသခံအသင်းတော် ရန်ပုံငွေများမှ အသင်းတော် ကုန်ကျစရိတ် ရန်ပုံငွေ၊ အဆောက်အဦ အတွက်နှင့် မွမ်းမံပြင်ဆင်မှုရန်ပုံငွေများနှင့် ဆင်းရဲသား နှင့် နွမ်းပါးသူများ တို့အတွက် ရန်ပုံငွေများ ပါဝင်ပါသည်။ ဤရန်ပုံငွေများမှာ ဒေသခံအသင်း တော်နှင့်သာ သက်ဆိုင်ပြီး အသင်းတော်ဘုတ်အဖွဲ့ (သို့မဟုတ်) အသင်းတော်လုပ်ငန်းလုပ်ဆောင် သည့် စည်းဝေးမှ ခွင့်ပြုချက်အရ အသင်းတော်၏ဘဏ္ဍာရေးမှူးမှနေ၍ အသုံးပြုနိုင်ရန်ထုတ် ပေးရ ပါမည်။ သို့သော် ဘဏ္ဍာရေးမှူးအနေဖြင့် ဒေသခံအသင်းတော် ကုန်ကျစရိတ်များအတွက် ဘောင် ချာနှင့်တကွ တင်ပြလာသော အသုံးပြုသည့် စရိတ်အားလုံးကို အသင်းတော်ဘုတ်အဖွဲ့၏ သဘော တူညီချက်အရ ထုတ်ပေးရပါမည်။
လက်အောက်ခံအဖွဲ့အစည်းများတို့၏ရန်ပုံငွေများ - လက်အောက်ခံ အဖွဲ့အစည်းရန်ပုံ ငွေများမှ အသင်းတော်၏ သာသနာ့လုပ်ငန်း ဖြန့်ချိရန်၊ အိမ်ထောင်မိသားစု အသက်တာ၊ မြော်လင့်ခြင်း လူငယ်ဌာန၊ ဒေါ်ကာအဖွဲ့အစည်း၊ ပတ်ဝန်းကျင်ထောက်ပံ့ရန်၊ ဥပုသ်စာဖြေကျောင်း ကုန်ကျစရိတ်နှင့် ကျန်းမာရေး သာသနာ့လုပ်ငန်း၊ ၎င်းပြင် အသင်းတော်ကျောင်းရန်ပုံငွေများ ပါ ဝင်ပါသည်။ ၎င်းလက်အောက်ခံ အဖွဲ့အစည်းအတွက် ရရှိငွေအလှူငွေများအားလုံးကို အဖွဲ့အစည်း အတွင်းရေးမှူးသည် အသင်းတော် ဘဏ္ဍာရေးမှူးထံ ချက်ချင်းအပ်နှံ ရပါမည်။ သို့မဟုတ် သင်း ထောက်များ (သို့မဟုတ်) ရရှိသူများတို့မှ အပ်နှံရပါမည်။ ဤရန်ပုံငွေများမှာ လက်အောက်ခံအဖွဲ့ အစည်းနှင့်သာ ပတ်သက်ပါသည်။ သက်ဆိုင်သည့်အဖွဲ့အစည်း၏ ခွင့်ပြုချက်အားဖြင့်သာ ၎င်း အဖွဲ့အစည်း အတွက် အသုံးပြုရန်ထုတ်ပေးရပါမည်။
ရရှိသည့်ရန်ပုံငွေအားလုံးအတွက် ရရှိကြောင်းဖြတ်ပိုင်းရေး၍ လက်ခံရမည်။ အသင်းတော် ငွေထိန်းထံမှ ပိုက်ဆံရရှိသော လက်အောက်ခံ အဖွဲ့အစည်း၏ အတွင်းရေးမှူးသည် မှန်ကန်သော ဘောင်ချာဖြတ်ပိုင်းကို ငွေထိန်းထံသို့ ပြန်ပေးရပါမည်။
ရန်ပုံငွေတို့၏ရည်ရွယ်ချက်ကိုကာကွယ်စောင့်ရှောက်ခြင်း - ကမ္ဘာ့ သာသနာ့လုပ်ငန်း အတွက် (သို့မဟုတ်) အထွေထွေ လုပ်ငန်းအတွက် (သို့မဟုတ်) ဒေသခံလုပ်ငန်းအတွက် ကောက် ခံရရှိသည့် အလှူငွေများကို သက်ဆိုင်ရာ ရည်ရွယ်ချက်နှင့်အညီ ခွဲခွဲခြားခြား ရေတွက်ထားရှိ ရ မည်။ အလှူငွေဟူသရွေ့နှင့် ပေးကမ်းမှုဟူသရွေ့တို့သည် ပေးသူများတို့၏ ရည်ရွယ်ချက်အတ်ိုင်း သာ အသုံးပြုသွားရပါမည်။ ဘဏ္ဍာရေးမှူး (သို့မဟုတ်) ဘုတ်အဖွဲ့မှနေ၍ အသုံးပြုရန်ရည်ရွယ်ထား သည့် ထည့်ဝင်ထားသောအလှူငွေများကို ပြောင်းလဲရန် အာဏာမရှိပါ။ ရည်ရွယ်ချက်အတိုင်းသာ အသုံးပြုရပါမည်။
လက်အောက်ခံအဖွဲ့အစည်း၏ ရန်ပုံငွေများတို့သည် အများအားဖြင့် သက်ဆိုင်ရာအဖွဲ့ အစည်းမှ နှိုးဆော်ခြင်းကြောင့် စိတ်ပါဝင်စားစွာထည့်ဝင်
CM - ၁၀
ကြခြင်း ဖြစ်ပြီး အသင်းတော်၏ လုပ်ငန်းကို ၎င်းအဖွဲ့စည်း အားဖြင့် တိုးတက် အောင်မြင်ရန် ဖွဲ့စည်းထားခြင် ;ဖြစ်ပါသည်။ ထိုကြောင့် ၎င်းရန်ပုံငွေများကို ဘဏ္ဍာရေးမှူး အနေဖြင့် လုံခြုံစွာ ထိ်န်းသိမ်းထားရမည်ဖြစ်ပြီး ဘဏ္ဍာရေးမှူးမှ သော်လည်းကောင်း၊ ဘုတ်အဖွဲ့မှ သော်လည်းကောင်း ပြောင်းလဲခွင့်မရှိပါ။ မည်သူမျှချေးယူ၍ အသုံးပြုခွင့်မရှိပါ။
လက်အောက်ခံ အဖွဲ့အစည်း ဆက်လက်တည်ရှိခြင်း မရှိတော့ပါက ပုံမှန်အသင်းတော် လုပ်ငန်းဆောင်ရွက်သည့် အစည်းအဝေး၌ ၎င်းအဖွဲ့အစည်းမှကျန်ရှိနေသည့် ရန်ပုံငွေကို အခြား ဌာနသို့ လိုအပ်သလိုပြောင်းရွှေ့ကာ အသုံးပြုသွားနိုင်ပါသည်။
ကိုယ်ပိုင်စာပေမှာယူရန်အတွက်ငွေ - မြော်လင့်ခြင်းစာအုပ်ဆိုင်မရှိသောနေရာများတွင် ကိုယ်ပိုင်ငွေဖြင့် စာစောင်များ၊ စာအုပ်များ၊ မဂ္ဂဇင်းများ၊ လစဉ် (သို့မဟုတ်) အခါအားလျော်စွာ ထုတ်ဝေသောစာများကို အလိုရှိ၍ မှာယူလိုပါက ဘဏ္ဍာရေးမှူးမှ တာဝန်ယူကာ မှာယူပေးလျက်ရှိ ပါသည်။
အသင်းသားများမှမှန်ကန်သည့်နည်းစနစ်ဖြင့် ငွေပေးခြင်း - အသင်းသားများမှ အသင်းတော် အတွက် ပေးကမ်းသောငွေများကို ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေစာအိတ်များ ထဲသို့ ထည့်၍ပေးကမ်းရန် ဘဏ္ဍာရေးမှူးမှ ဆော်ဩရမည်။ အသင်းသားများအနေဖြင့် မိမိထည့်ဝင်သည့် ငွေကို စာအိတ်ပေါ်တွင် မှန်ကန်စွာမည်သည့်အလှူငွေ၊ အရေအတွက်မည်ရွေ့မည်မျှဟူ၍ ရေးမှတ် ထားရပါမည်။ ထိုစာအိတ်များကို ဘဏ္ဍာရေးမှူးများသည် ဘောင်ချာသဖွယ်စာရင်းစစ်ပြီးသည့်တိုင် သိမ်းဆည်းထားရမည်။
အသင်းသားများအနေဖြင့် ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေများကို check (ချက်) သို့မဟုတ် စာတိုက်ဖြင့်ပေးပါက မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကိုမျှ လိပ်မူခြင်းမပြုဘဲ အသင်းတော် သို့သာ လိပ်မူ၍ပေးပို့ရပါမည်။
အသင်းသားများကိုငွေလက်ခံဖြတ်ပိုင်းပေးခြင်း - အသင်းသားများမှ ပေးလှူသော အလှူငွေ သည် မည်ရွေ့မည်မျှနည်းနေသော်လည်း ရရှိသော အလှူငွေတိုင်းအတွက် ဖြတ်ပိုင်း ချက်ချင်း ရေးပေးရပါမည်။ ဘဏ္ဍာရေးမှူးမှ ရရှိငွေများနှင့် ထုတ်ပေးငွေများတို့၏ စာရင်းအင်း များတို့ကို တိကျစွာ ရေးမှတ်ထားရပါမည်။ အလှူငွေအိတ်ထဲ၌ မဟုတ်ဘဲ ထည့်ဝင်လှူဒါန်းသည့် အထွေထွေ အလှူငွေများကို အသင်းတော်လူကြီး (သို့မဟုတ်) အသင့်လျော်ဆုံးမှာ သင်းထောက် တစ်ဦးဦးရှေ့မှောက်၌ ဘဏ္ဍာရေးမှူးအနေဖြင့် ရေတွက်ကာ အလှူဖြတ်ပိုင်းကို ထိုသူမှတစ်ဆင့် ပေးလိုက်ရန်ဖြစ်ပါသည်။
နယ်ဌာနချုပ်သို့မှန်ကန်စွာရန်ပုံငွေပေးပို့ခြင်းစနစ် - ရန်ပုံငွေများကို နယ်ဌာနချုပ် ဘဏ္ဍာရေးမှူးထံသို့ ပေးပို့သည့်အခါ ပေးပို့သည့် (သို့မဟုတ်) ငွေပို့လွှာအပေါ်၌ မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏နာမည်ဖြင့် ပို့ခြင်းမပြုဘဲ အဖွဲ့အစည်း၏နာမည်ဖြင့် ပေးပို့ရပါမည်။ ငွေပေးပို့ရာတွင် ငွေနှင့်တစ်ပါတည်းစာရင်းစာရွက်ကိုပါ သက်ဆိုင်သည့်လအတွက် ထည့်ပို့ပေးရ ပါမည်။
ငွေကြေးဆိုင်ရာစာရွက်စာတမ်းများကိုထိန်းသိမ်းခြင်း - ငွေရေးကြေးရေးဆိုင်ရာ စာရွက်စာတမ်းများ၊ ဘောင်ချာများ (သို့မဟုတ်) လက်ခံရရှိကြောင်း စာရွက်များကို ရန်ပုံငွေ အားလုံးအတွက် လက်ခံရရှိသည်ဖြစ်စေ၊ ထုတ်ပေးသည်ဖြစ်စေ ဒေသခံအဖွဲ့အစည်း၏ ထောက်ခံ ချက်အပေါ် နည်းစနစ်အတိုင်း ထိန်းသိမ်းထားရမည်။
စာရင်းအင်းစာအုပ်များကို စစ်ဆေးရမည် - နယ်ဌာနချုပ်ဘဏ္ဍာရေးမှူး (သို့မဟုတ်) နယ်ဌာနချုပ်ကော်မတီမှ ခန့်ထားသောပုဂ္ဂိုလ်တစ်ဦးသည် အသင်းတော်၏စာရင်းအင်း စာအုပ်များ တို့ကို အများအားဖြင့် နှစ်စဉ် ပုံမှန်စစ်ဆေးရမည်။
ဘဏ္ဍာရေးမှူးစာအုပ်များနှင့် အခြားဘဏ္ဍာရေးမှူးလုပ်ငန်းနှင့်ပတ်သတ်သော ငွေရေး ကြေးရေး မှတ်တမ်းများ၊ အသင်းတော်ကျောင်းဘဏ္ဍာရေးမှူးနှင့် အခြားအဖွဲ့အစည်း၏ ဘဏ္ဍာရေး မှူး တို့ကို အချိန်မရွေးခေါ်ယူ၍ စစ်ဆေးခြင်းကို နယ်ဌာနချုပ်စာရင်းစစ် (သို့မဟုတ်) သင်းအုပ် ဆရာ၊ ခရိုင်ခေါင်းဆောင်၊ အသင်းလူကြီးခေါင်းဆောင် (သို့မဟုတ်) အသင်းတော်ဘုတ်အဖွဲ့မှ ခွင့်ပြုထားသော ပုဂ္ဂိုလ်များမှ ပြုလုပ်နိုင်သည်။ ခွင့်ပြုမိန့်မရရှိသူများ ပါဝင်ခြင်းမပြုနိုင်ပါ။
ရန်ပုံငွေအားလုံးတို့၏ရရှိခြင်း၊ အသုံးပြုခြင်းအစီရင်ခံစာကို ပုံမှန် အသင်းတော်လုပ်ငန်းလုပ် ဆောင်သည့်အစည်းအဝေး၌ တင်ပြရမည်။ အစီရင်ခံစာ မိတ္တူတစ်စောင်ကို ဦးဆောင်သည့် ခေါင်း ဆောင်အား ပေးထားရမည်။
အသင်းတော်၌ ဆယ်ဖို့တစ်ဖို့ပေးခြင်းဦးရေကို တင်ပြသည့်အခါ လစာမရှိသည့်ဇနီးသည်နှင့် အရွယ်မရောက်သည့်အသင်းတော်၌ အသင်းဝင်ဖြစ်သူများကို ထည့်သွင်းရေတွက်ရမည်။ လခစား အိမ်ထောင်မိသားစုဝင်အပြင် သူတို့ကိုလည်းထည့်သွင်းရမည်။
အသင်းသားများတို့၏လျှို့ဝှက်ကိစ္စဆိုင်ရာဆက်စပ်မှုများ - ဘဏ္ဍာရေးမှူးသည်အသင်း သားတစ်ဦးချင်းတို့နှင့်သာ ပတ်သက်သည့်ကိစ္စများကို အထူးလျှို့ဝှက်စွာထားရှိရန် သတိပြုရမည်။ အသင်းသားများတို့၏ ဆယ်ဖို့တစ်ဖို့ပေးခြင်းနှင့် မိမိတို့၏ ဝင်ငွေတို့နှင့်ပတ်သက် ၍ ဝေဖန်သုံး သပ်မှုမပြုသင့်ပါ။ ပြုလိုပါက မိမိနှင့်အတူလက်တွဲလျက် တာဝန်ထမ်းဆောင်သူ နှင့်သာ ပြုရန်ဖြစ် သည်။ ဤကိစ္စကိုလိုက်လျှောက်ရန်ပျက်ကွက်ပါက ကြီးမားသော အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ပါ သည်။
စိတ်ဝင်စားမှုတာဝန်ခံ
အသင်းတော်၏တိုးချဲ့သာသနာလုပ်ငန်းကြောင့် စိတ်ဝင်စားသောသူများရှိလာခြင်းကို လျင်မြန်စွာ ဂရုစိုက်နိုင်ရန် အသင်းတော်အနေဖြင့် စိတ်ဝင်စားမှုတာဝန်ခံတစ်ဦးသည် ရွေးချယ်ခန့်ထားသင့်သည်။ ဤပုဂ္ဂိုလ်သည် အသင်းတော်ဘုတ်အဖွဲပဝင်နှင့် တစ်ဦးချင်းသာသနာလုပ်ငန်းကောင်စီအဖွဲ့ဝင်ဖြစ်ပြီး သင်းအုပ်ဆရာနှင့်ကောင်စီဥက္ကဌနှစ်ဦးတို့နှင့် အတူ လုပ်ငနးကိုလုပ်ဆောင် သွားရပါမည်။
ဤလုပ်ငန်း၏လုပ်ဆောင်ရန် တာဝန်များမှာ-
၁။ အသင်းတော်မှရရှိသော စိတ်ဝင်စားသူအားလုံးတို့၏ စာရင်းကို စနစ်တကျထားရှိရ မည်။
၂။ သင်းအုပ်ဆရာနှင့် တစ်ဦးချင်းသာသနာ လုပ်ငန်းကောင်စီ ဥက္ကဌတို့ကို ကူညီလျက် စွမ်းဆောင်န်ိုသည့် အရည်အချင်းရှိသော အသင်းသားများ တို့ကို စာရင်းယူစည်းရုံးကာ စိတ်ဝင် စားသူများထံသို့ သွားရောက်တွေ့ဆုံ၍ မိမိတို့၏ ဝိညာဉ်များကို ကယ်တင်ရမည်။
၃။ စိတ်ပါဝင်စားသူဦးရေ မည်မျှရှိကြောင်းနှင့် လုပ်ဆောင်ချက်များတို့ကို လစဉ်အသင်း တော်ဘုတ်အဖွဲ့သို့ အစီရင်ခံစာတင်ပြရမည်။ စိတ်ဝင်စားသူများတို့အနေဖြင့် အပြည့် အဝယုံကြည် လက်ခံသည့်အခြေအနေသို့ ရောက်ရှိလာပါက သင်းအုပ်ဆရာနှင့် တွေ့ဆုံကာ သတင်းဝေငှရမည်။
ဌာနဆိုင်ရာနှင့် အခြားအဖွဲ့အစည်းများ
သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအောက်၌ အသင်းတော်၏ ဆောက်တည်ခြင်းသည် အသင်းသားများတို့၏ ဝိညာဉ်ရေးကြီးထွားခြင်းအတွက်နှင့် အသင်းတော်၏လုပ်ငန်းတာဝန်ပြီး မြောက်ပြည့်စုံခြင်းအတွက် အထူးအရေးကြီးပါသည်။ ၎င်းသည် ရှေးအသင်းတော်၏ ကိုယ်ခန္ဓာပုံ ကြမ်းဖြစ်သည်။ “ထိုဦးခေါင်းမှ၊ အဆစ်အပိုင်းများတို့သည် အားဖြည့်သဖြင့်၊ တစ်ကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျက်၊ အသီးအသီး အင်္ဂါများ ကိုယ်ငန်းကိုယ်တာအတိုင်း ပြုပြင် သည်နှင့်အညီ၊ မိမိ ကိုယ်ကို မေတ္တာ၌တည်ဆောက်ခြင်းငှာ ကြီးပွားစေတတ်၏” (ဧဖက် ၄း၁၆)။
အဖွဲ့အစည်းတည်ဆောက်ရာတွင် အရေးကြီးဆုံးလိုအပ်သည့်အချက်များမှာ ခေါင်းဆောင် များ၊ ဌာနဆိုင်ရာများနှင့် အခြားအဖွဲ့အစည်းများဖြစ်သည်။ ဤအပိုင်းတွင်၎င်းတို့၏ရည်ရွယ်ချက် များ၊ ခေါင်းဆောင်မှုပြုခြင်းနှင့် လည်ပတ်မှုများတို့ကို ဖော်ပြသွားမည်ဖြစ်သည်။
ဌာနဆိုင်ရာနှင့် လက်အောက်ခံအဖွဲ့အစည်းများတို့၏ အလုပ်သည်သင်းအုပ်ဆရာတို့၏ အလုပ်နှင့်ပေါင်းစည်းလျက်ရှိခြင်းမှာ လုပ်ဆောင်စရာလုပ်ငန်းအားလုံးတို့သည် သာသနာတိုးချဲ့ ဖြန့်ချိခြင်းနှင့်ပတ်သက်သောကြောင့်ဖြစ်သည်။ သင်းအုပ်ဆရာသည်ဤဌာနဆိုင်ရာနှင့်အဖွဲ့အစည်း များတို့အတွက်အကြံပေး ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ဆောင်ရွက်ရပြီး ၎င်းဌာနများနှင့်အဖွဲ့အစည်းများတို့ သည် သာသနာတိုးချဲ့ဖြန့်ချိခြင်းဆိုင်ရာလုပ်ငန်းကို သင်းအုပ်ဆရာအား ပြန်၍ကူညီရပါသည်။ အရေးပေါ်ကိစ္စအတွက်သော်လည်းကောင်း၊ အခြေအနေအရ သော်လည်းကောင်း သင်းအုပ်ဆရာ သည် ဖော်ပြပါသက်ဆိုင်သည့်အဖွဲ့အစည်း ၏တာဝန်ရှိပုဂ္ဂိုလ်များတို့နှင့် စည်းဝေးခေါ်ယူကာ တိုင်ပင်မှုပြုရပါမည်။
အသင်းတော်တိုင်းတို့သည် ဤဌာနများနှင့်အဖွဲ့အစည်းများတို့ကို အသုံးပြုခြင်းအားဖြင့် မိမိတို့၏အသင်းသူအသင်းသားများတို့ကို ပြုစုပျိုးထောင်ခြင်းနှင့် ခရစ်တော်စေခိုင်းခဲ့သော သာသနာလုပ်ငန်းပြီးစီးခြင်းတို့ကို ဆောင်ရွက်ကြရပါမည်။ (မဿဲ ၂၈း၁၉။ ဗျာဒိတ် ၁ဝး၁၁။ ၁၄း၆ ကိုဖတ်ပါ။)
ကလေးသာသနာလုပ်ငန်း
ကလေးသာသနာလုပ်ငန်းသည် မွေးဖွားသည့်အချိန်မှစ၍ အသက်(၁၄) နှစ်အရွယ်အထိ အလေးတို့၏ယုံကြည်ခြင်းကိုပျိုးထောင်ကာ အသင်းတော်နှင့်ပေါင်းစည်းရန် ပို့ဆောင်ရပါမည်။ ကလေးများတို့ကို ယေရှုထံသို့ပို့ဆောင်ခြင်းနှင့် မိမိတို့၏နေ့စဉ်အသက်တာတွင် ယေရှုနှင့်အတူ
လျှောက်လှမ်းနိုင်ခြင်းတို့အတွက် လိုအပ်သည့်နည်းလမ်းအမျိုးမျိုးတို့ကို ရှာဖွေပြင်ဆင်ပေးရပါ မည်။ ဥပုသ်စာဖြေကျောင်းနှင့်အတူလက်တွဲကာ အခြားဌာနများပါဝင်လျက် ကလေးသူငယ်များတို့၏ဘာသာရေးဆိုင်ရာပညာကို ရရှိရန်ပြင်ဆင်ပေးခြင်းနှင့် မိမိတို့၏ဆောင်ရွက်ရန်တာဝန်ကိုပြည့်စုံစေရန် ကလေးသူငယ်များအတွက်ကျေးဇူးတော်ကိုရှေ့ ထားသည့်သာသနာလုပ်ငန်း၊ ဝန်ထမ်းခြင်းကိုဦးစာပေးသည့်လုပ်ငန်း၊ ဦးဆောင်မှုအရည်အသွေး ဆောက်တည်ခြင်း၊ လုံခြုံရေးနှင့်သာသနာပြုခြင်းတို့ ပါဝင်ပါသည်။
“အရေးကြီးလှသည့်အကြောင်းအရာများကို ကလေးများတို့အားဦးစွာသတင်းပေးခြင်းမပြုရ ပါ။ ပထမ (၇) နှစ်အသက်အရွယ်အတွင်း ကလေးများသင်ကြားရမည့်သင်ခန်းများမှာ လာမည့်အ သက်အရွယ်ကြီးပြင်းလာသည့်သင်ယူစရာအားလုံးတို့ထက် အကျင့်စာရိတ္တတည်ဆောက်ခြင်းကို ပို၍သင်ယူရပါမည်။” (CG ၁၉၃)
“ဧဝံဂေလိသတင်းစကားအားဖြင့် သွန်သင်ခြင်းကို ကလေးများတို့သည်ယုံကြည်လက်ခံရန် အလွယ်ကူဆုံးဖြစ်ခြင်းမှာ မှန်ကန်ပြီးဘုရားတရားဩဇာညောင်းရန် သူတို့၏နှလုံးမှာပွင့်လျက်ရှိ ကာ ရရှိသည့်သင်ခန်းစာများကိုလည်းခိုင်ခိုင်မာမာစွဲမြဲစေပါသည်။ ကလေးငယ်များမှာ ခရစ်ယာန် များဖြစ်သည့်တိုင်ရရှိသည့်ဗဟုသုတမှာ မိမိတို့၏အသက်အရွယ်အပေါ်မူတည်ပါသည်။သူတို့အား ဝိညာဉ်ရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ပညာပေးရန်လိုအပ်သည်။ မိဘများတို့အနေဖြင့်လည်း အခွင့်အရေးရရှိတိုင်းသွန်သင်လျက်ခရစ်တော်၏စာရိတ္တနည်းတူ သူတို့၌လည်းရှိစေရန် ဆောင်ရွက် ရမည်။” (DA ၅၁၅).
“(၈) နှစ်မှ (၁၂) အရွယ်ရှိ ကလေးများတို့သည် မိမိတို့ကိုယ်တိုင်အတွက် ဘာသာရေးအ ကြောင်းကိုသင်ကြားပေးရန် အချိန်တန်နေပြီးဖြစ်သည်။ ---အကယ်၍ မှန်ကန်စွာသွန်သင်မှုပြုပါ က ငယ်လွန်းသည့်ကလေးပင် မိမိတို့၏အခြေအနေသည် အပြစ်သားများဖြစ်ကြောင်းနှင့်ခရစ်တော် အားဖြင့်ကယ်တင်ခြင်းရရှိကြောင်းဟူသည့် မှန်ကန်သည့်အမြင်ကို ရရှိနိုင်ပါသည်။”
(1T ၄၀၀).
“ကလေးများတို့ကို သူ့တို့ထံသို့လာရန်မဆီးတားကြနှင့်ဟု ယေရှုပြောခဲ့သည့်အခါ၊ သူ၏ ပြောဆိုခဲ့သောအချက်မှာ ခေတ်အဆက်ဆက်တွင် သူ့နောက်သို့လိုက်သောသူများ အားလုံးအတွက် ဖြစ်ပါသည်။ အသင်းတော်ခေါင်းဆောင်များအားလုံး၊ ဓမ္မဆရာအားလုံး၊ ကူညီမှုပြုသူအားလုံးနှင့် ခရစ်ယာန်အားလုံးတို့အတွက်ဖြစ်ပါသည်။ ယေရှုသည် ကလေးငယ်များတို့ကို ဆွဲယူကာ ကျွန်ုပ် တို့ကို အမိန့်ပေးစသည်မှာ၊ သူတို့လာရန်မဆီးတာကြနှင့်ဟုပြောခြင်းသည်၊ “မင်းတို့မတားဆီးပါ ကသူတို့လာလိမ့်မည်” ဟု ပြောနေခြင်းဖြစ်သည်။” (DA ၅၁၇).
ကလေးသာသနာလုပ်ငန်းတာဝန်ခံနှင့်ကော်မတီ -– အသင်းတော်သည်ကလေးသာသနာ လုပ်ငန်းတာဝန်ခံကိုရွေးချယ်ပြီး ထိုပုဂ္ဂိုလ်မျာသည် ကလေးသူငယ်များတို့၏ ယုံကြည်ခြင်းကိုပျိုး ထောင်လျက် ဤလုပ်ငန်းကိုတိုးတတ်စေရမည်။ ဤတာဝန်ခံသည် ဦးဆောင်မှုအရည်အချင်းရှိသူ နှင့် ဗဟုသုတရှိသူဖြစ်ပြီး ကလေးများတို့အတွက် စေတနာမေတ္တာဖြင့် လုပ်ဆောင်လိုသော စိတ်ဆန္ဒရှိသူဖြစ်ရမည်။
ကလေးသာသနာလုပ်ငန်းတာဝန်ခံသည် သင်းအုပ်ဆရာနှင့်သော်လည်းကောင်း၊ ဘုတ်အဖွဲ့ နှင့်သော်လည်းကောင်း လက်တွဲလုပ်ဆောင်ကာ ကလေးသာသနာလုပ်ငန်းကော် မတီကိုဖွဲ့စည်းပြီး ကလေးများတို့၏ယုံကြည်ခြင်းကိုပြုစုပျိုးထောင်ရန် ဤသာသနာလုပ် ငန်းတိုးတတ်ရေးအတွက် ဖန်တီးပေးရမည်။ ဤကလေးသာသနာလုပ်ငန်းကော်မတီတွင် ကလေးများတို့နှင့်အတူအလုပ်လုပ် ရန် စိတ်ပါဝင်စားသူနှင့် ဗဟုသုတရှိသူများပါဝင်ရမည်။ အများအားဖြင့် ကော်မတီဝင်များမှာ ဥပုသ်စာဖြေကျောင်းဌာနခေါင်းဆောင်များ၊ နွေရာသီကျမ်းစာကျောင်းခေါင်းဆောင်၊ မြော်လင့်ခြင်း လူငယ်ခေါင်းဆောင်များနှင့် ကလေးများတို့အပေါ်မေတ္တာရှိသူများနှစ်ဦး (သို့မဟုတ်) သုံးဦးပါဝင်ကြပါသည်။
အကယ်၍အသင်းတော်အနေဖြင့် ကလေးသာသနာလုပ်ငန်းဌာနရှိခဲ့သော်၊ နွေရာသီကျမ်းစာ သင်ကျောင်း၊ လူငယ်များအတွက်ဥပုသ်စာဖြေကျောင်းခွဲများ၊ ပတ်ဝန်းကျင်ကျမ်းစာသင်ကြားခြင်း အဖွဲ့နှင့် ပုံပြောခြင်းအစီအစဉ်အားလုံးတို့သည် ဤသာသနာလုပ်ငန်း၏ ဦးဆောင်မှုလက်အောက်၌ ရှိရမည်။
ကလေးများတို့နှင့်အတူအလုပ်လုပ်ရန် ပါဝင်ပတ်သက်သည့်သူတိုင်း အသင်းတော်နှင့် တရားဥပဒေ၏စံချိန်နှင့် တောင်းဆိုချက်များနှင့်ညီညွတ်သူများ ဖြစ်ရမည်။
ဆက်သွယ်ရေး
ဆက်သွယ်ရေး သာသနာလုပ်ငန်းကို ပံ့ပိုးရန် သာမန်အသင်းသားတိုင်း၊ အသင်းတော် ဝန်ထမ်းများနှင့် အသင်းတော်လုပ်ငန်းဌာနအားလုံးတို့၏တာဝန်ဖြစ်ပါသည်။ လူထုဆက်ဆံရေး၏ အသံအစီအစဉ်နှင့် ခေတ်မီသောဆက်ဆံရေးဆိုင်ရာနည်းလမ်းများ၊ တည်မြဲသည့်စက်မှုနည်းပညာ များနှင့် ဧဝံဂေလိသတင်းစကားကြွေးကြော်ဟောပြေရန် ဆက်သွယ်မှုကိရိယာများတို့ကို ဤ ဆက်သွယ်ရေးဌာနမှနေ၍ အသုံးပြုနိုင်ရန် တိုးတတ်အောင်ဆောင်ရွက်ရပါမည်။ အသင်းတော် အနေဖြင့် ဆက်သွယ်ရေးအတွင်းရေး မှူးတစ်ဦး ရွေးချယ်ရမည်ဖြစ်ပြီး လိုအပ်ပါက ဆက်သွယ်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းရပါမည်။
“လူထုပရိသတ်အပေါင်းတို့အား အလင်းပေးရန် မှန်ကန်ထင်ရှားသောနည်းလမ်းတိုင်းကို အသုံးပြုရပါမည်။ ပုံနှိပ်တိုက်ကိုအသုံးပြုခြင်း၊ ထုတ်ပြန်ကြေညာချက်အမျိုးမျိုးတို့ကို အသုံးပြုခြင်း ဖြင့် သူတစ်ပါး၏အာရုံကိုဆွဲဆောင်မှုပြုစေပါ။” (6T ၃၆). ”စိတ်နှလုံးသားများ ကိုထိတွေ့ရန် နည်းလမ်းအမျိုးမျိုးကို တီထွင်ကြံစည်နိုင်သည်။ ဤလုပ် ငန်းအတွက် တချို့သော နည်းလမ်းကို အသုံးပြုခြင်းသည် ရှေးယခင်အချိန်ကအသုံးပြုခဲ့သော နည်းလမ်းများနှင့်ကွာခြားမည်ဖြစ်သည်။” (Ev ၁၀၅)
ဆက်သွယ်ရေးအတွင်းရေးမှူးများ - ဆက်သွယ်ရေးအတွင်းရေးမှူးသည်အသင်းတော်ကို ကိုယ်စားပြုနိုင်သော လူထုပရိသတ်နှင့်ဆက်ဆံတတ်သည့်စွမ်းရည်ရှိခြင်း၊ ကောင်း၍မှန်ကန် သော ဆုံးဖြတ်ချက်၊ ကောင်းသောစည်းရုံးမှု၊ ထိရောက်၍ကျွမ်းကျင်စွာရေးသားတတ်ခြင်းနှင့် ကျရာ တာဝန်ကိုလုပ်ဆောင်လိုသောဆန္ဒရှိခြင်း စသည့်စိတ်ဓာတ်နှင့်အရည်အချင်းရှိသူဖြစ် ရမည်။
အတွင်းရေးမှူးအနေဖြင့် သတင်းများကိုစုဆောင်းပြီးဖြန့်ဖြူးရန်နယ်ဆက်သွယ်ရေးညွှန် ကြား ရေးမှူးနှင့်လက်တွဲကာ ဒေသခံဆက်သွယ်ရေးလမ်းဖြင့်ဆောက်ရွက်ခြင်း၊ ခေတ်ပေါ် အစီအရင်ခံစာ များကို အသင်းတော်လုပ်ငန်းဆောင်ရွက်ခြင်းအစီးအဝေးသို့ တင်ပြခြင်းပြု ရမည်။ နယ်ဆက်သွယ် ရေးညွှန်ကြားရေးမှူးသည် သင့်လျော်သည့်ညွှန်ကြားမှုများကို ပြင်ဆင်ပြီး ကူညီပံပိုးမှုကို ဆက်သွယ် ရေးအတွင်းရေးမှူးအားပေးရမည်။
အသင်းတော်၏ဆက်သွယ်ရေးအစီအစဉ်အတွက် အဓိကတာဝန်ယူရသည့်သင်းအုပ်ဆရာ သည် ဆက်သွယ်ရေးအတွင်းရေးမှူး (သို့မဟုတ်) ကော်မတီနှင့်နီးကပ်စွာ အကြံပေးနိုင်သမျှ နည်းလမ်းများကို ရှာဖွေ၍အကြံပေးမှုများပြုလုပ်ရမည်။
မည်သည့်ဌာန (သို့မဟုတ်) အဖွဲ့အစည်းမှ ပုဂ္ဂိုလ်တစ်ဦးကို တာဝန်ပေးကာ ရရှိနိုင်သည့် ထိုက်တန်သည့် သတင်းအဖြစ်အပျက်များကို ဆက်သွယ်ရေးအတွင်းရေးမှူး (သို့မဟုတ်) ကော်မတီသို့ပေးပို့ရမည်။
ဆက်သွယ်ရေးကော်မတီ - ကြီးမားသောအသင်းတော်များတို့တွင် ဆက်သွယ်ရေး ကော်မတီသည် လူထုဆက်သွယ်ရေးကိစ္စနှင့် ဆက်သွယ်ရေး အစီအစဉ်အမျိုးမျိုးတို့ကို လုံလောက်စွာကိုင်သွယ်ရပါသည်။ အသင်းတော် အနေဖြင့် ဤကော်မတီကို ဖွဲ့စည်းပြီး ဆက်သွယ်ရေးအတွင်းရေးမှူးသည်
ဥက္ကဌဖြင့် ဆောင်ရွက်ရပါသည်။ ကော်မတီဝင်များတို့မှာ ဆက်သွယ်ရေး တာဝန်နှင့်ဆက်နွှယ် လျက်ရှိသော တာဝန်ကိုထမ်းဆောင်ရသည်ပုဂ္ဂိုလ်များ၊ အထူးသဖြင့် ပုံနှိပ်တိုက်အမှုထမ်း၊ အသံ လွှင့်ဌာနနှင့် သတင်းပို့သောပုဂ္ဂိုလ်များ၊ အသင်းတော်၏သတင်းဖြန့်ချိရေးဌာန နှင့်ပတ်သက်သည့် ပုဂ္ဂိုလ်များပါဝင်နိုင်သည်။ အကယ်၍ အသင်းတော်သင်တန်းကျောင်းအနီး အနား၌ရှိပါက လူထု ဆက်သွယ်ရေးအဖွဲ့ဝင် (သို့မဟုတ်) ဆက်သွယ်ရေးဝန်ထမ်းများတို့ကို ကော်မတီ၌ခေါ်ဖိတ်နိုင် ပါသည်။
ဗဟိုဆက်သွယ်ရေးကော်မတီ -– အကယ်၍ဒေသတစ်ခုတွင်း အသင်းတော်များစွာရှိ ပါက ဗဟိုဆက်သွယ်ရေးကော်မတီတစ်ခုကို ဖွဲ့စည်းနိုင်ပြီး ၎င်းအသင်းတော်တစ်ခုစီမှ ဆက်သွယ်ရေး အတွင်းရေးမှူးများတို့ကိုကော်မတီဝင်များအဖြစ်ထားရှိကာ သတင်းများတို့ကို ထုတ်လွင့်ရာတွင် အားလုံးနှင့်သက်ဆိုင်သည့်သတင်းများတို့ကို ပူးပေါင်းထုတ်လွင့်နိုင်မည် ဖြစ်သည်။ ဤကော်မတီ ကို နယ်ဌာနချုပ်ဆက်သွယ်ရေ့်းညွှန်ကြားရေးမှူးမှ ဖန်တီးဖွဲ့စည်းရပါ မည်။ ဤဗဟိုကော်မတီ၏ အစည်းအဝေးကို အဖွဲ့မှရွေးချယ်ထားသော ဥက္ကဌမှနေ၍ခေါ် ယူကာ စည်းဝေး၌ဦးဆောင်သွားရ ပါမည်။
ပညာရေး
အသင်းတော်တည်ရှိသောနေရာများတွင် လူငယ်လူရွယ်များအတွက် အသင်းတော်၏ စံချိန်၊ ယုံကြည်ချက်များ၊ ပုံစံများ၊ တန်ဖိုးများ၊ အကျင့်ဓလေ့များတို့ကို သိရှိနားလည်လိုက် လျှောက် ကျင့်သုံးနိုင်ရန် မူလတန်းကျောင်းမှနေ၍ တက္ကသိုလ်ကျောင်းများအထိ ဖွင့်လှစ်လျက် ရှိပါသည်။ အသုံးပြုသည့်အရာ၊ ငွေကြေးများနှင့် မြော်လင့်ခြင်းပညာ၏ရည်ရွယ်ချက်မှာ မှန်သောဘုရားကို သိရှိရန်၊ သင်ကြားခြင်းနှင့်အမှုထမ်းခြင်းအားဖြင့် ဘုရားရှင်နှင့် မိတ်သဟာယဖွဲ့ကာ သူနှင့်အကျွမ်းတဝင်ရှိရန်ဖြစ်ပြီး သူနှင့်တူသော သူ၏စာရိတ္တမျိုးကို တည် ဆောက်ရရှိရန်ဖြစ်သည်။
ပညာရေးအတွင်းရေးမှူး - မြော်လင့်ခြင်းပညာအတွက် အားပေးမှုနှင့်လည်ပတ်မှုကို ပံ့ပိုးရန် အသင်းတော်သည် ပညာရေးအတွင်းရေးမှူးကိုရွေးချယ်ရပါမည်။ အတွင်းရေးမှူးသည် အိမ်နှင့် ကျောင်းအဖွဲ့အစည်း၏အမှုဆောင်ကော်မတီဝင်ဖြစ်ပြီး အဖွဲ့အစည်းနှင့် ပူးပေါင်းအလုပ်လုပ်ကိုင် ဆောင်ရွက်သူဖြစ်ရမည်။
အိမ်နှင့်ကျောင်းအဖွဲ့အစည်း - ကျောင်းရှိသောအသင်းတော်တစ်ခုသည် အိမ်နှင့်ကျောင်း အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်ရမည်ဖြစ်ပြီး ၎င်းဖွဲ့စည်းရသည့်ရည်ရွယ်ချက်မှာ မိဘများကိုပညာ ပေး ခြင်း၊ အိမ်နှင့်ကျောင်းကိုပေါင်းစည်းခြင်းများကိုပြုကာ အသင်းတော်အနေဖြင့် ကြိုးစား လျက် ကလေးများအတွက်မြော်လင့်ခြင်းပညာကို ဝိုင်းဝန်းပေးကြရန်ဖြစ်သည်။ ကျောင်းသားမိဘများ၊ ကျောင်းဆရာများနှင့်အသင်းသူအသင်းသားများတို့သည် အဖွဲ့အစည်း၏ တတ်ကြွသောအဖွဲ့အဝင် များဖြစ်ကြရန် အားပေးသင့်သည်။
အိမ်နှင့်ကျောင်းအဖွဲ့အစည်းခေါင်းဆောင်များတို့သည် ခေါင်းဆောင်တစ်ဦး၊ အကူခေါင်း ဆောင်တစ်ဦး၊ အတွင်းရေးမှူး-ဘဏ္ဍားရေးမှူး၊ စာကြည့်တိုက်မှူးနှင့် ပညာရေးအတွင်းရေးမှူး ဖြစ်ရမည်။ စီမံကိန်းခိုင်မြဲရန် ထိုပုဂ္ဂိုလ်များတို့ကို ဒုတိယအကြိမ်ပြန်လည်၍ ရွေးချယ်တင် မြှောက် သင့်သည်။ သူတို့အားလုံးသည် အသင်းဝင်များဖြစ်ရမည်။
အဖွဲ့အစည်း၏ခေါင်းဆောင်သည် ကလေးများတို့ကို သင်တန်းပေးခြင်း၌ အောင်မြင် သော သူတစ်ဦးဖြစ်ရမည်။ အသစ်အဆန်းတွေးခေါ်တတ်သူဖြစ်ပြီး ခရစ်ယာန်ပညာရေး၏ အရေးကြီးခြင်း ကို ယုံကြည်သူဖြစ်ရမည်။
အတွင်းရေးမှူး-ဘဏ္ဍာရေးမှူးသည် အဖွဲ့အစည်း၏စာရင်းဇယား၊ မှတ်တမ်းများအားလုံး ကို ထိန်းသိမ်းရပြီး အစီရင်ခံစာကို ကျောင်းနှစ်အစ၌
တစ်ကြိမ်၊ ကျောင်းနှစ်အဆုံး၌တစ်ကြိမ် နယ်ဌာနချုပ်ပညာရေးဌာနညွှန်ကြားရေးမှူးထံသို့ ပေးပို့ရ ပါမည်။ အဖွဲ့အစည်း၏ရန်ပုံငွေကိုအသင်းတော်ဘဏ္ဍာရေးမှူး (သို့မဟုတ်) ကျောင်းဘဏ္ဍာရေးမှူးမှ တစ်ဆင့် ပေးပို့ရန်နှင့် သီးသန့်စာရင်းတစ်ခုဖွင့်ရန်လိုအပ်ပြီး အသင်းတော်၏စည်းကမ်းအချက် အရ စာရင်းစစ်ဆေးခြင်းကို ပြုလုပ်ရမည်။
ကျောင်းအုပ်သည် အလိုအလျောက် အိမ်နှင့်ကျောင်းအဖွဲ့အစည်း၏ ကော်မတီဝင် တစ်ဦးဖြစ် ရမည်။
အသင်းတော်ကျောင်းဘုတ်အဖွဲ့ -– အသင်းတော်တစ်ခုမှဖွင့်လှစ်ထားသော မူလတန်း ကျောင်း၊ အလယ်တန်းကျောင်းများတို့ကို အုပ်ချုပ်သည့်အဖွဲ့ဖြစ်သည့် ကျောင်းဘုတ်အဖွဲ့ကို အသင်းတော်မှ (သို့မဟုတ်) အသင်းတော်ဘုတ်အဖွဲ့မှဖွဲ့စည်းထားသော ကျောင်းကော်မတီမှ ဖွဲ့စည်းရပါလိမ့်မည်။ ထို့ကြောင့် ဤအဖွဲ့အစည်းသည် ကျောင်းဘုတ်အဖွဲ့၊ အသင်းတော်ဘုတ်
အဖွဲ့ (သို့မဟုတ်) အသင်းတော်ဘုတ်အဖွဲ့၏ကျောင်းကော်မတီနှင့် သီးသီး သန့်သန့်ဖြစ်စေရမည် ဖြစ်ပြီး မိမိရည်ရွယ်ချက်ကိုပြည့်စုံစေရန် ဖွဲ့စည်ခြင်းဖြစ်စေရမည်။ ဒီဝီစံ၏လုပ်ငန်းလုပ်ဆောင် သည့် စည်းမျဉ်းဥပဒေစာအုပ်မှကျောင်းဘုတ်အဖွဲ့၏လုပ်ဆောင်ချက်များတို့ကို ရှင်းပြထားပါ သည်။
မိမိတို့ဆက်ကပ်မှုအပေါ် ဘုတ်အဖွဲ့ဝင်များတို့ကိုရွေးချယ်သင့်သည့်။ ၎င်းပြင် ခရစ်ယာန် ပညာရေး၏စည်းမျဉ်းဥပဒေအပေါ်သစ္စာတည်ရန် ယုံကြည်ခြင်းအပေါ် သူတို့၏ကောင်းသော ဆုံဖြတ်ချက်နှင့်ပါးနပ်မှုအပေါ်၊ ကျောင်းကိစ္စနှင့်ပတ်သက်သောအရာများ၌ သူတို့၏ဗဟုသုတ အပေါ်နှင့် သူတို့၏ငွေကြေးကိုသုံးစွဲပုံနှင့် စွမ်းရည်ပေါ်ရွေးချယ်သင့်ပါသည်။ အသင်းတော်၏
ပညာရေးစည်းကမ်းချက်များနှင့် အဆိုပြုချက်များတို့ကိုယုံကြည့်ပြီး ၎င်းအတိုင်းလိုက်လျှောက် လိုသော ဆန္ဒရှိသူများဖြစ်ရမည်။
အကယ်၍ အသင်းတော်နှစ်ခုထက်ပို၍ စုပေါင်းကာဖွင့်လှစ်ထားသောကျောင်းဖြစ်ပါက စုပေါင်းဖွဲ့လှစ်သောကျောင်းဟူ၍သိရကာ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းကို ပါဝင်သည့်အသင်း တော်များမှနေ၍ ဦးဆောင်သူများတို့ကို ရွေးချယ်တင်မြှောက်ပြီး အသင်းတော်၏စည်းကမ်းချက်များနှင့်အညီ အုပ်ချုပ်ရပါမည်။
အသင်းတော်ဘုတ်အဖွဲ့ဝင်ထဲမှ ပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) နှစ်ဦးကိုကျောင်းဘုတ်အဖွဲ့ဝင် အဖြစ် ရွေးချယ်ခြင်းအားဖြင့် ကျောင်းဘုတ်အဖွဲ့သည်အသင်းတော်ဘုတ်အဖွဲ့နှင့်နီးကပ်စွာ ဆက်သွယ်မှုရှိပေလိမ့်မည်။
သင်အုပ်ဆရာသည် ကျောင်းဘုတ်အဖွဲ့ဝင်ဖြစ်ရမည်။ အကယ်၍ကျောင်းသည် အသင်းတော် တစ်ခုထက်ပို၍ စုပေါင်းဖွင့်လှစ်ပါက ပါဝင်သည့်အသင်းတော်၏သင်အုပ်ဆရာများမှာ အလို အလျောက်ကျောင်းဘုတ်အဖွဲ့ဝင်များ ဖြစ်ကြရပါမည်။
မူလတန်းကျောင်းနှင့်အလယ်တန်းကျောင်းများ၌ကျောင်းအုပ် (သို့မဟုတ်) ဆရာများအထဲမှ ခေါင်းဆောင်တစ်ဦးသည် ဘုတ်အဖွဲ့ဝင်ဖြစ်ရမည်။
တချို့သောကျောင်းဘုတ်အဖွဲ့ဝင်များတို့မှာ ကျောင်း၌ပညာသင်ယူနေသည့် ကျောင်းသား မိဘများဖြစ်သင့်သည်။ သို့မှသာ မိဘများတို့၏အမြင်၊အကြံပြုချက်များတို့ကိုရရှိပြီး သူတို့၏ နီးကပ်စွာလေ့လာသုံးသပ်ခြင်းနှင့် ဗဟုသုတ၏အကျိုးကိုလည်း ရရှိခံစားရမည်ဖြစ်သည်။
ကျောင်းဘုတ်အဖွဲ့ခေါင်းဆောင်များအထဲမှ ဥက္ကဌနှင့်အတွင်းရေးမှူးကိုခန့်သွားရမည်။ အကယ်၍ ကျောင်းကိုအသင်းတော်တစ်ခုတည်းမှ ဖွင့်လှစ်ပါက ၎င်းအသင်းတော်မှ ကျောင်းဘုတ် ၏ဥက္ကဌကိုရွေးချယ်ရပါမည်။
ပေါင်းစည်လျက်ရှိသော ကျောင်းဘုတ်အဖွဲ့ထဲတွင် တာဝန်ရှိခေါင်းဆောင်များထဲ၌ ဘဏ္ဍာရေးမှူးတစ်ဦး၊ ဒုဥက္ကဌတစ်ဦးနှင့် တွဲဘက်အတွင်းရေးမှူးပေါင်းထည့်ရွေးချယ်ရပါမည်။ ရွေးချယ်တင်မြှောက်ပြီးသော ပထမဦးဆုံးအစီးအဝေးတွင် ပေါင်းစည်းထားသောကျောင်းဘုတ် အဖွဲ့သည် မိမိ၏ဥက္ကဌကို အဖွဲ့ဝင်ထဲမှရွေးချယ်ရပါမည်။ ၎င်းအစည်းအဝေး၌ အသင်းတော်များစပ်ကြားတွင် သဘောတူညီမှုမရရှိနိုင်ခဲ့သော် ထိုရွေးချယ်၍တာဝန်ပေးခြင်းကို နယ်ဌာနချုပ် ပညာရေးဘုတ်အဖွဲ့ (သို့မဟုတ်) နယ်ဌာနချုပ်ကော်မတီမှနေ၍ ဆောင်ရွက်ရပါမည်။ ကျောင်းအုပ် ကိုအများအားဖြင့် ဘုတ်အဖွဲ့၏အတွင်းရေးမှူး တာဝန်ပေးလေ့ရှိပါသည်။
ထောက်ပံ့လျက်ရှိသော အသင်းတော်များ၏ငွေကြေးနှင့်ပတ်သက်လာလျှင် ပေါင်းစည်း လျက်ရှိသည့်ကျောင်းဘုတ်မှ ဆုံးဖြတ်ချက်ပြုလုပ်နိုင်ရန် မိမိတို့သက်ဆိုင်ရာဘုတ်အဖွဲ့များသို့ တင်ပြ၍ ထောက်ခံချက်များကိုရယူရပါမည်။
သီးခြားကျောင်းဘုတ်အဖွဲ့တစ်ခုကို ရွေးချယ်သောအခါ၌ ရွေးကောက်ခြင်းအချိန်ကိုသတ် မှတ်ခြင်းနှင့်တာဝန်အပ်ိုင်းအခြားကာလကို သတ်မှတ်ခြင်းပြုရန် စီမံကိန်းနှစ်ခုထဲမှတစ်ခုကို အသုံးပြုနိုင်ပါသည်။ (၁) အဖွဲ့ဝင်အားလုံးကို နှစ်ကုန်တွင်ရွေးချယ်ပြီး တစ်နှစ်တာအတွက်ကိုသာ တာဝန်ထမ်းဆောင်စေခြင်း (၂) ပထမဘုတ်အဖွဲ့၏အဖွဲ့ဝင်များကို တစ်နှစ် (သို့မဟုတ်) နှစ်
နှစ် (သို့မဟုတ်) သုံးနှစ်အမှုထမ်းဆောင်ရန် တာဝန်အပိုင်းအခြားကာလကိုသတ်မှတ်နိုင်ပြီး သုံးနှစ်တာအတွင်းရွေးချယ်ခဲ့သည့်ပုဂ္ဂိုလ်များကို လိုအပ်သလိုအစားထိုး၍ ရွေးချယ်သွားနိုင်ပါ သည်။ ဤစီမံကိန်း၏ ရည်ရွယ်ချက်မှာဗဟုသုတရှိသောအမာခံအဖွဲ့ဝင်များကို ဘုတ်အဖွဲ့ထဲ၌ ဆက်လက်၍ရှိစေရန်ဖြစ်သည်။ ကာလ၏တစ်ဝက်အချိန်၌ လစ်လပ်နေရာကိုဖြည့်စွက်ပြီးသော
အခါ အသစ်သောအဖွဲ့ဝင်များမှာ ကျန်ရှိသည့်အချိန်ကာလကို ကုန်ဆုံးသည့်တိုင် ပါဝင်ဆောင် ရွက်သွားနိုင်ပါသည်။
ကျောင်း၏တစ်နှစ်တာအတွင်း ကျောင်းဘုတ်အဖွဲ့ (သို့မဟုတ်) ကျောင်းကော်မတီအနေ ဖြင့် အနည်းဆုံးလစဉ်ပုံမှန်တွေ့ဆုံသင့်ကြပါသည်။
ကျောင်းဘုတ်အဖွဲ့၏ ဥက္ကဌသည် စည်းဝေးကိုခေါ်ပြီးဦးဆောင်ကာဘုတ်အဖွဲ့၏ ဆုံးဖြတ် ချက်များကို အကောင်အထည်ဖော်ရန် ကြပ်မတ်သွားရမည်။ အတွင်းရေးမှူးမှပြင်ဆင်သော ငွေးကြေးထုတ်ပေးခြင်းများကိုလည်းထပ်ဆင့်လက်မှတ်ရေးထိုးပေးရမည်။ ဥက္ကဌသည် မူလတန်း နှင့်အလယ်တန်းကျောင်း စစ်ဆေးရေးကော်မတီတွင် အလိုအလျောက်ကော်မတီဝင်တစ်ဦးဖြစ်
ပြီး ကျောင်းများနှင့် ၎င်း၏လုပ်ဆောင်ချက်များတို့ကိုစစ်ဆေးခြင်းနှင့် အရည်အသွေးကိုသတ်မှတ် ခြင်းပြုရပါသည်။
အတွင်းရေးမှူးသည် အစည်းအဝေးမှတ်တမ်းများကို အမြဲထားရှိရန်သိမ်းဆည်းထားခြင်း၊ ငွေထုတ်ပေးရန်အမိန့်ပေးခြင်းနှင့် ဘုတ်နှင့်သက်ဆိုင်သည့် စာပေးစာယူဆက်သွယ်မှုကို တာဝန်ယူရပါမည်။
အသင်းတော်တစ်ခုတည်းမှ ကျောင်းတစ်ကျောင်းကိုဖွင့်လှစ်ရာတွင်ဘဏ္ဍာရေးမှူးတာဝန်ကို အများအားဖြင့် အသင်းတော်ဘဏ္ဍာရေးမှူး (သို့မဟုတ်) တွဲဘက်ဘဏ္ဍာရေးမှူးမှ တာဝန်ယူသွား ပါသည်။ ကျောင်းလခများနှင့်အခြားဝင်ငွေများကိုလက်ခံခြင်း၊ ပေးငွေများကို အတွင်းရေးမှူး၏ ထောက်ခံချက်နှင့်ဥက္ကဌ၏ထပ်ဆင့်ထောက်ခံသည့်လက်မှတ်ဖြင့်ထုတ်ပေးခြင်းနှင့် အပေးအယူ
ငွေစာရင်းအင်းများတို့ကို ကောင်းမွန်စွာထားရှိပြီး လစဉ်အစည်းအဝေး၌အသေးစိတ်အစီရင်ခံစာကို ဘုတ်အဖွဲ့သို့တင်ပြရပါမည်။ ပေါင်းစည်းလျက်ရှိသော ဘုတ်အဖွဲ့အတွင်းရေးမှူးကို ယူနီယံဘုတ် အဖွဲ့မှခန့်ရပါမည်။
အိမ်ထောင်မိသားစုသာသနာလုပ်ငန်း
အိမ်ထောင်မိသားစုသာသနာလုပ်ငန်း၏ရည်ရွယ်ချက်မှာ အိမ်ထောင်ပြုခြင်းနှင့် အိမ်ထောင် မိသားစုခိုင်မာတောင့်တင်းရန်အတွက် အားပေးကူညီခြင်းဖြစ်ပါသည်။ အိမ်ထောင်မိသားစုကို ထိမ်းမြားခြင်းအားဖြင့်ဗဟိုပြုလျက် ဘုရားရှင်ကိုယ်တိုင်အစပြုခဲ့ပါသည်။ ဤအဓိကအခြေချခဲ့သည့် အရာကို တန်ဖိုးထားကာသင်ယူခြင်းပြုပြီး၊ အကောင်းဆုံးဘုရားရှင်နှင့်သော်လည်းကောင်း၊ အခြား သူများနှင့်သော်လည်းကောင်း ပေါင်းသင်းဆက်ဆံခြင်းအားဖြင့် အသင်းတော်၏တပည့်ပြုလုပ်ခြင်း လုပ်ငန်းကို ထိရောက်စွာလုပ်ဆောင်ကြရန် လွန်စွာအရေးကြီးပါသည်။
အိမ်ထောင်မိသားစုသာသနာလုပ်ငန်းသည် မိသားစုနှင့်မိသားစု အသက်တာအတွက် ဘုရားရှင်၏စံနှုန်းကိုချီးမြှောက်ကာ သမ္မာကျမ်းစာသွန်သင်ချက်နှင့်အညီ စွဲကိုင်ထားခြင်းဖြစ် သည်။ တစ်ကြိမ်ထဲ၌ ဤအပြစ်ကမ္ဘာပေါ်တွင် တစ်ဦးချင်းတို့နှင့်မိသားစုများတို့မှ ကြုံတွေ့ရသည့် မသင့်မမြတ်ပြိုကွဲသောဗဟုသုတကို နားလည်ရန်ဖြစ်သည်။ ဤဌာနသည် အိမ်ထောင်နှင့်ဘုရားရှင်၏ မိသားစုအထဲ၌ နားလည်မှု၊ စည်းလုံးညီညွတ်မှုနှင့် မေတ္တာတရားပြည့်၀ရန် ကူညီမှုပေးသည်။ မာလခိ ၄း၅၊၆ မှ ဧလိယ၏သတင်းစကားအတိုင်း ဆင်းသက်လာသည့်မျိုးဆက်များအတွက် ကတိပြုခြင်းကို သင့်မြတ်စေရန်အားပေးပြီး မျှော်လင့် ခြင်းနှင့်ပံ့ပိုးမှုကို စော်ကားခြင်းခံရသူများ၊ အိမ်ထောင်ရေးပြဿနာကြုံတွေ့ရသူများနှင့် ပေါင်းသင်း ဆက်ဆံရေးပျက်စီးသူများတို့ကိုကူညီမစရန်ဖြစ်သည်။ အိမ်ထောင်ရေးအသက်တာ၏ ပညာပေး ခြင်းနှင့် အားအင်ဖြည့်တင်းခြင်းအားဖြင့် ဆက်ဆံမှုတိုးတတ်ရေးအခွင့်အရေးများကို ပြင်ဆင်ပေး ပါသည်။ တစ်ဦးစီတိုင်း၊ ဇနီးမောင်နှံအတွဲများနှင့် မိသားစုများအားလုံးတို့အတွက် လိုအပ်သည့် အချိန်၌ ကျွမ်းကျင်သူများတို့၏ အကြံပေးခြင်းအားဖြင့် အကူအညီရယူနိုင်ပါသည်။
ဒေသခံအသင်းတော်၌ အိမ်ထောင်မိသားစုများအတွက် သာသနာလုပ်ငန်း၏ဦးတည်ချက် များမှာ လူငယ်စုံတွဲတို့အား အိမ်ထောင်မပြုမီလမ်းညွှန်ခြင်း၊ လက်ထပ်ထိမ်းမြားခြင်းကို အားပေး သည့်အစီအစဉ်ပြုလုပ်ခြင်းနှင့် မိဘများကိုပညာပေးခြင်းတို့ဖြစ်သည်။ ၎င်းပြင် ဖခင်တစ်ဦးတည်း (သို့မဟုတ်) မိခင်တစ်ဦးတည်းရှိသော အိမ်ထောင်၏အထူးလိုအပ်ချက်များကိုဂရုပြုခြင်းနှင့် မိသားစုမှမိသားစုသို့သာသနာပြုခြင်း ညွှန်ကြားချက်များကို ပြင်ဆင်ပေးခြင်းများ ပြုလုပ်ပေးသည်။
“ခရစ်တော်အတွက် ကျွန်ုပ်တို့၏လုပ်ငန်းသည် အိမ်ထောင်မိသားစုမှအစပြုသည်---ဤထက်ပို၍အရေးကြီးသော သာသနာနယ်မြေမရှိပါ။အများအားဖြင့် လူသားများတို့သည် ဤအရေးကြီးလှသည့်အရာကို လျစ်လျူရှုကြသည်။ ထိုကြောင့် ဘုရားရှင်၏နည်းလမ်းများနှင့် ကုသမှုများကို အသုံးပြုလျက် ဤဆိုးရွားလှသည့်အခြေအနေကို ပြုပြင်သွားရန်အချိန်တန်
ပြီး” (AH ၃၅).
“ဘုရားသခင်၏ချမှတ်ထားသည့်ပုံစံမှာ ဤလောက၌ရှိသော အိမ်ထောင်မိသားစုများ သည် ကောင်းကင်၌ရှိသော အိမ်ထောင်မိသားစုပုံစံအတိုင်းဖြစ်ရန်ဖြစ်သည်။ ခရစ်ယာန်အိမ် ထောင်သည် ဘုရားသခင်၏စီမံကိန်းနှင့်အညီထူထောင်ခဲ့ပါက ခရစ်ယာန်အကျင့်စာရိတ္တပျိုး ထောင်ခြင်းနှင့် သူ၏လုပ်ငန်းတိုးတတ်ရေးအတွက် အထိရောက်ဆုံးကိုယ်စားလှယ်အဖြစ် တည်ရှိနေမည်
ဖြစ်သည်။” (6T ၅၃၀).
CM -၁၁
“အိမ်ထောင်၏လုပ်ငန်းသည် မိမိတို့၏အိမ်ထောင်မိသားစုဝင်များတို့အတွက်သာမဟုတ်ဘဲ ပြင်ပသို့ထိရောက်မှုများစွာ ပေးစွမ်းနိုင်သည်။ --- ပလ္လင်ပေါ်၌ဟောကြားသောတရား ဒေသနာ များတို့ထက် စစ်မှန်သည့်အိမ်ထေင် ၏တန်ခိုးဩဇာသည် လူသားများတို့၏နှလုံးသားနှင့် အသက်တာအပေါ် တန်ခိုးဩဇာသာ၍လွှမ်းမိုးမှုရှိပါသည်။” (MH ၃၅၂).
အိမ်ထောင်မိသားစုသာသနာလုပ်ငန်းခေါင်းဆောင်များ - ပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) အိမ်ထောင်သည်တစ်ဦးဦးကို အိမ်ထောင်မိသားစု သာသနာလုပ်ငန်း၏အခေါင်းဆောင်အဖြစ် တင်မြှောက်နိုင်ပါသည်။ ထိုသူတို့၌ အိမ်ထောင်မိသာစုများ၏ကောင်းစားရေးအတွက် စိတ်ဝင် စားအားပေးလိုစိတ်ရှိသူများဖြစ်ပြီး မိမိတို့ကိုယ်တိုင် ခိုင်မာသည့်စံပြမိသာစုမှ ပေါက်ပွားလာ သူများဖြစ်သင့်သည်။ ထိရောက်မှုရှိစေရန်အတွက် အိမ်ထောင်မိသားစု သာသနာလုပ်ငန်းခေါင်း ဆောင်သည် အပြစ်ကြောင့်ပြိုကွဲနေသော မိသားစုဆက်ဆံရေးရှိနေသူများတို့ထံ ဘုရားသခင်၏ ကယ်တင်ခြင်းစီမံကိန်းကို ယူဆောင်ပေးရန် နားလည်များဖြစ်ရမည်။ ခေါင်းဆောင်သည် မိသားစု ၏ လျှို့ဝှက်ချက်များရှိပါက လျှို့ဝှက်စွာထားရှိနားလည်သူဖြစ်ပြီး ကြီးမားသည့် ခက်ခဲမှုကြုံတွေ့ နေရသည့် အိမ်ထောင်မသားစုအတွက် အကြံပေးနိုင်သူဖြစ်ရပါမည်။
အိမ်ထောင်မိသားစုသာသနာလုပ်ငန်းကော်မတီ -– ဘုတ်အဖွဲ့မှနေ၍အိမ်ထောင်မိသားစု သာသနာလုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်။ အိမ်ထောင်မိသားစုသာသနာ လုပ်ငန်းခေါင်းဆောင် အနေဖြင့် ဥက္ကဌအဖြစ်ဆောင်ရွက်သွားရပါမည်။
ကျန်းမာရေးသာသနာလုပ်ငန်း
ခရစ်တော်အကြောင်းကိုသိရှိရန် ကမ္ဘာသို့ပြောကြားရာတွင် အသင်းတော်၏ဆောင်ရွက်ရ မည့်တာဝန်အထဲ၌ လူသားများတို့၏သိက္ခာကို အမြင့်မားဆုံးသောအခြေအနေသို့ရောက်ရှိရန် ခန္ဓာ၊ စိတ်၊ ဝိညာဉ်ကျန်းမာရေး စသည့်ကျင့်ဝတ်များတို့ကို အကောင်းဆုံးထိန်းသိမ်းခြင်းသည် ပါဝင်လျက်ရှိကြောင်းအသင်းတော်အနေဖြင့် ယုံကြည်ပါသည်။
၎င်းပြင် ဖျားနာသူများတို့ကိုကုသပြုစုနေရာတွင် ရောဂါဝေဒနာမခံးကြရစေရန်အတွက် မည်ကဲ့သို့ကာကွယ်ရမည့် ထိရောက်သည့်ကျန်းမာခြင်း ပညာပေးခြင်း၊ ဆေးလိပ်၊ အရက်၊ မူးယစ် ဆေးဝါးနှင့် မသန့်ရှင်းသော အစားအစာများစားသုံးခြင်းမှ ကင်းဝေစေခြင်းဖြင့် ကျန်းမာခြင်း ပြည့်ပြည့်၀၀ရရှိရန်အားပေးကာ ဦးဆောင်မှုပြုခြင်းတို့ကိုလည်း ပြုလုပ်ဆောင်ရွက်ပါသည်။
ဖြစ်နိုင်ပါက အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များတို့ကိုသာ စားသုံးကြရန် အားပေးသင့်ပါသည်။
ကျန်းမာရေးသာသာနာလုပ်ငန်းခေါင်းဆောင် - ထိရောက်သောအစီအစဉ်ကိုစီမံ၍ အကောင်အထည်ဖော်နိုင်ရန်အတွက် အသင်းတော်အနေဖြင့် ကျန်းမာရေးသာသနာလုပ်ငန်း ခေါင်းဆောင်တစ်ဦးနှင့် လိုအပ်ပါက တွဲဘက်ခေါင်းဆောင်တစ်ဦးကို ခန့်ထားသင့်ပါသည်။ ခေါင်းဆောင်သည် ကျန်းမာရေးကိုဦးစားပေးသူနှင့် အသင်းသားများနှင့်ပတ်ဝန်းကျင်အတွက် ကျန်းမာစွာဖြင့်မည်ကဲ့သို့နေထိုင်စားသောက်ရမည့်အကြောင်း အသင်းတော်၏ကျန်းမာရေး
သာသနာလုပ်ငန်းအစီအစဉ်များနှင့်အညီ အားပေးမှုပြုရာ၌ စိတ်ပါဝင်စားသူ ဖြစ်ရပါမည်။ ခေါင်းဆောင်သည် ဤကျန်းမာရေးလုပ်ငန်းအစီအစဉ်ကို ဆောင်ရွက်ရာတွင် အသင်းတော်၏ စံချိန်ယုံကြည်ခံယူချက်များနှင့်အညီ ကာယ၊ဥာဏ၊ ဝိဥာဏများအားလုံးတိုးတတ်ရေးအတွက် ထိရောက်မှုရှိစေရန်ဆောင်ရွက်တတ်သူဖြစ်ရမည်။
ကျန်းမာရေးသာသနာလုပ်ငန်းကော်စီ -– လက်တွေ့ကျသောနေရာတွင် အသင်းတော်၏ ကျန်းမာရေးသာသနာလုပ်ငန်းကော်စီကို ကျန်းမာစွာနေထိုင်နိုင်ရေးအတွက် အသင်းသူအသင်း သားများနှင့် ပတ်ဝန်းကျင်များတို့အားဦးဆောင်မှု ပြုနိုင်ရန်ဖွဲ့စည်းပြီး ကျန်းမာခြင်းနှင့် ချုပ်တည်းခြင်းအစီအစဉ်အမျိုးမျိုး တို့အားဖြင့်သော် လည်း ကောင်း၊ ဝိညာဉ်ရေးကိုအထူးပြု ကာ ဆောင်ရွက်ခြင်းအားဖြင့်သော်လည်းကောင်း၊ ဝိညာဉ် ကယ်ဆယ်ရေးလုပ်ငန်းကို ပါဝင်ကူညီလုပ်ဆောင်ရန်ဖြစ်သည်။ ဤကော်စီသည် တစ်ဦးချင်း သာသနာလုပ်ငန်းကော်စီနှင့် တွဲလျက် ဆေးလိပ်ဖြတ်ခြင်းအစီအစဉ်၊ချက်ပြုတ်ရေးသင်တန်း၊ ကျန်းမာရေးအတန်းများ၊ စိတ်ဖိစီးမှုထိန်းသိမ်းခြင်းအစီအစဉ်များနှင့် အခြား ပတ်သက်သည့် ကြိုးစားမှုများ အစရှိသည့်ကျန်းမာရေးဘာသနာလုပ်ငန်းအစီအစဉ်များကို ဦးဆောင်ကာ အစီအစဉ်များဆွဲ၍ ဖန်တီးလုပ်ကိုင်ကြရမည်ဖြစ်သည်။ အသင်းအုပ်ဆရာသည် ဤကောင်စီ၌ ဥက္ကဌအဖြစ်ဆောင် ရွက်ရန်မဟုတ်သော်လည်း အလိုအလျောက်ကော်မတီဝင်တစ်ဦးဖြစ်ရပါမည်။
ကျန်းမာရေးသာသနာလုပ်ငန်း (သို့မဟုတ်) ချုပ်တည်းခြင်းအသင်းအဖွဲ့ - တချို့နေ ရာဒေသများတွင် ကျန်းမာရေးသာသနာ (သို့မဟုတ်) ချုပ်တည်းခြင်းအသင်းကို အသင်းတော်အဖွဲ့ အစည်းမှ သီးခြားခွဲခြားမှုရှိရန် သီးသန့်ခွဲခြား၍ဖွဲ့စည်းနိုင်ပါသည်။ ထိုအဖွဲ့အစည်းများကိုဖွဲ့စည်း ရာ၌ နယ်ဌာနချုပ်မှကျန်းမာရေးသာသနာလုပ်ငန်းညွှန်းကြား ရေးမှူးပါဝင်သင့်ပါသည်။
ကမ္ဘာ့ကျန်းမာရေးသာသနာဥပုသ်နေ့အလှူငွေ - ကမ္ဘာ့ကျန်းမာရေး သာသနာဥပုသ်နေ့ အလှူငွေအားလုံးကို နယ်ဌာနချုပ်သို့ပေးပို့ကာ ချမှတ်ထားသောစည်းမျဉ်းဥပဒေအရ ခွဲဝေခြင်းကို ပြုရမည်။ နယ်ဌာနချုပ်သို့ အသင်းတော်၏တောင်းဆိုချက်အပေါ်မူတည်ပြီး အသင်းတော်မှ ကောက်ခံရရှိသည့်အလှူငွေအပေါ် ၂၅% အထိ ကျန်းမာရေးသာသနာလုပ်ငန်း အစီအစဉ်အတွက် မိမိအသင်းတော်တွင် အသုံးပြုခွင့်ရှိသည်။
တေးသီချင်း
တေးသီချင်းတေးသီချင်းတာဝန်ခံရွေချယ်ခြင်း - အသင်းတော်သည်တေး သီချင်းခေါင်း
ဆောင်များတို့ကိုရွေးချယ်ရာတွင် အထူးသတိပြုသင့်သည်။ မိမိကိုယ်ကိုဆက်ကပ်အပ်နှံ၍ အသင်း တော်၏ဝတ်ပြုကိုးကွယ်သည့် အစီအစဉ် များနှင့် အစည်းအဝေးများအားလုံးအတွက် ကို သင့်လျော် သောတေးသီချင်းများ ကိုပြင်ဆင်ပေးနိုင်သူဖြစ်ရမည်။ လောကီဆန်၍ သူတစ် ပါးအတွက်မေးခွန်း
ထုတ်စရာရှိသည့် တေးသီချင်းအများတို့ကို ဝတ်ပြုခြင်းအစီအစဉ်များ၌မည်သည့် အခါမျှသီဆို တီးမှုတ်ခြင်းမပြုမိရန် သတိပြုသင့်သည်။
တေးသီချင်းခေါင်းဆောင်များတို့သည် သင်းအုပ်ဆရာနှင့်နီးကပ်စွာ လက်တွဲလုပ်ဆောင် လျက် သီဆိုမည့်သီချင်းများကို ရွေးချယ်သည့်နေရာတွင် တရားဟောချက်၏ ရည်ရွယ်ချက် နှင့်ကိုက်ညီရန် အရေးကြီးပါသည်။ သီချင်းခေါင်းဆောင်တစ်ဦးသည် အသင်းအုပ်ဆရာ (သို့မဟုတ်) အသင်းလူကြီး၏လက်အောက်၌ရှိရမည်ဖြစ်ပြီး မိမိသဘောအတိုင်း လွတ်လပ်စွာအ လုပ်မလုပ်ရပါ။ သီချင်းခေါင်းဆောင်သည် သူတို့နှင့်တိုင်ပင်ကာ အထူးသီချင်းသီဆိုမည့် ပုဂ္ဂိုလ်နှင့် တေးသံရှင်များသီဆိုမည့်တေးသီချင်းများတို့ကို စိစစ်သင့်သည်။
တေးသံရှင်များကိုရွေးချယ်ခြင်း - အများဝတ်ပြုခြင်းအစီအစဉ်တွင် သန့်ရှင်းမွန်မြတ် သောတေးသီချင်းသည် အထူးပင်အရေးကြီးလှသည်။ အသင်းတော်၏စည်းမျဉ်းစည်းကမ်း များကို မှန်ကန်စွာကိုယ်စားပြုနိုင်သည့်သီချင်းအဆိုသည်များနှင့် အခြားတေးသံရှင်များကိုသာ ရွေးချယ်ရ မည်။ ဥပုသ်စာဖြေကျောင်းအတန်းသားများ၊ မြော်လင့်ခြင်းလူငယ်အဖွဲ့အစည်း၏ အဖွဲ့ဝင်များ၊ အသင်းသူအသင်းသားများသာလျှင်ဖြစ်ရမည်။ အကြောင်းမှာ ဝတ်ပြုကိုးကွယ်ရာ၌ လူအများရှေ့ တွင်နေရာယူရသောကြောင့် သူတို့၏ပေါ်လွင်မှု နှင့်ဝတ်စားဆင်ယင်မှုသည်ရိုးရိုးယဉ်ယဉ် သိက္ခာရှိရှိဖြင့် ပုံသက်သေပေးနိုင်သည့်အခြေအနေတွင်ရှိရမည်။ ကွာယာဝတ်စုံရှိနိုင်ပါက ပို၍သင့်လျော်ပါသည်။
အသင်းတော်၌ ကွာယာအဖွဲ့အမျိုးမျိုးရှိနိုင်ပါသည်။ ကလေးများကွာယာအဖွဲ့သည် ဝိညာဉ် ရေးတည်ဆောက်ပေးရန်၊ အသင်းတော်မိသားစုနှင့်ပေါင်းစည်းပေးရန်၊ ဧဝံဂေလိသတင်းစား ဖြန့်ချိရန် လမ်းကြောင်းများဖြစ်သည်။
လူထုအရေးကိစ္စနှင့်ဘာသာရေးလွတ်လပ်မှု
လူထုအရေးကိစ္စများနှင့် ဘာသာရေးလွတ်လပ်မှု (PARL) ဌာနသည် ဘာသာရေးလွတ် လပ်မှု ကို အားပေးထိန်းသိမ်းခြင်းပြုပြီး အထူးသဖြင့် အကောင်းနှင့်အဆိုးကိုလွတ်လပ်စွာ ခွဲခြားတတ် သည့်စိတ်ကို အလေးထားသည်။ ဘာသာရေးလွတ်လပ်မှုတွင် မိမိနှစ်သက်ရာကိုးကွယ်မှုပြုခြင်း၊ မိမိ၏စိတ်ဆန္ဒအလျောက် ကိုယ်၏ယုံကြည်ကိုးကွယ်မှုကိုပြောင်းလဲခြင်း၊ တစ်ဦးချင်းနှင့်သော် လည်းကောင်း၊ အခြားလူအများစုတွင်သော်လည်းကောင်း၊ မိမိယုံကြည်ခံယူချက်ကိုဖော်ပြခြင်း၊ ဝတ်ပြုရာတွင်သော်လည်းကောင်း၊ သုံးသပ်ခြင်း၊ လိုက်လျှောက်ခြင်း၊ သက်သေခံခြင်းနှင့်သွန်သင် ပို့ချခြင်း အစရှိသည်တို့၌လူများတို့၏အခွင့်အရေးကို တန်းတူညီတူလေးစားလျက်ထားရှိသည့်လူ့အခွင့်အရေးပါဝင်သည်။
ဘာသာရေးလွတ်လပ်မှုခေါင်းဆောင် -– ရွေးချယ်ခြင်းခံရသည့် ဘာသာရေးလွတ်လပ်မှု ခေါင်းဆောင်သည် သင်းအုပ်ဆရာ၊ နယ်ဌာနချုပ်နှင့် ယူနီယံဌာနချုပ် (ဏဗျွူ) ဌာနနှင့် ပူးပေါင်း အလုပ်လုပ်ရမည်။ ခေါင်းဆောင်သည် ကောင်းသောဝိညာဉ်ရေးဩဇာရှိသူဖြစ်ပြီး၊ လူထုအဖွဲ့အ စည်းနှင့်ရင်ဆိုင်နိုင်သူ၊ လူထုအရေးကိစ္စကိုစိတ်ဝင်စားသူ၊ ဆက်သွယ်မှုကောင်းသောသူနှင့်
ဘုရားသားသမီးများတို့၏ လွတ်လပ်မှုကို ထိန်းသိမ်းခြင်း၌ အလေးထားသူဖြစ်ရမည်။
ဘာသာရေးလွတ်လပ်မှုအဖွဲ့အစည်းများ - အသင်းတော်တိုင်းတွင်ဘာသာရေးလွတ်လပ်မှု အဖွဲ့အစည်းကို သင့်လျော်သလိုထားရှိနိုင်ပြီး အသင်းဝင်တို့သည် အဖွဲ့ဝင်များအဖြစ် သတ်မှတ်ရ ပါမည်။ သင်းအုပ်ဆရာ (သို့မဟုတ်) အသင်းလူကြီးသည် ဥက္ကဌဖြစ်ရပါမည်။
ဓမ္မစာပေသာသနာလုပ်ငန်း
ဓမ္မစာပေသာသနာလုပ်ငန်းသည် မိမိ၏နယ်မြေအတွင်း ဓမ္မစာပေသာသနာ လုပ်ငန်း ကောင်စီနှင့်သင့်လျော်သည့် ဓမ္မစာပေအဖွဲ့အစည်း၏ညွှန်းကြားမှုအောက်၌ ဧဝံဂေလိစာပေကို တာဝန်ယူကာ တိုက်တွန်းအားပေးမှုပြုရမည်။ အဖိုးမဲ့မဂ္ဂဇင်း များနှင့်အခြားသာသနာဆိုင်ရာ စာပေများတို့ကိုရောင်းချခြင်း၊ ဝေငှခြင်းတို့၌ အခြားဌာနများတို့ကို ကူညီးမှုပေးသည်။ ဤဌာန သည် အသင်းအုပ်ဆရာနှင့် အခြားဌာနများတို့နှင့်လက်တွဲကာ အသင်းဝင်များတို့အား နည်းစနစ် တကျဓမ္မစာပေသာသနာလုပ်ငန်းတွင်ပါဝင်ရန် စီစဉ်လုပ်ဆောင်လျက်ရှိသည်။
“ဓမ္မဆရာ၏ဟောကြားခြင်းကို မကြားရသည့်နေရာဒေသများစွာရှိသည်။ ထိုနေရာများသို့ ကျွန်ုပ်တို့၏ပုံနှိပ်ထုတ်ဝေသော လူသားများအလိုရှိနေသည့် သမ္မာကျမ်းစာ၏ အမှန်တရားနှင့် ပြည့်၀သော စာအုပ်များ၊ စာစောင်များနှင့်ဝေစာများရောက်ရှိနိုင်သည်။” (ဃM ၄).
ဓမ္မစာပေသာသနာလုပ်ငန်း၏လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်သည် သာသနာပြုခြင်းနှင့် အသင်းသူအသင်းသားများတို့အား ပြုစုပျိုးထောင်ခြင်း ဖြစ်သည်။ အယ်လင် ဂျီ၊ ဝှိုက်သည် အသင်းဝင်များတို့အား ကျွန်ုပ်တို့၏စာပေများကိုရောင်းချခြင်း (သို့မဟုတ်) ဝေငှလိုက်ခြင်းပြုရန် အားပေးထားပါသည်။” (ဃM ၉၁).
ဓမ္မစာပေအမှုထမ်းများမှရောင်းချခြင်း - “ဘုရားသခင်သည် အသင်းတော်တိုင်းရှိ ယုံကြည်သူတို့အား ဓမ္မစာပေအမှုထမ်းများအဖြစ် အမှု တော်လုပ်ငန်းတွင်ပါဝင်ရန် ဖိတ်ခေါ် လျက်ရှိသည်။” (ဃM ၂၀).
အသင်းသားများမှဝေငှခြင်း - “ယနေ့ကာလအတွက် သတင်းစကားပါရှိသည့် စာစောင် များ၊ ဝေစာများနှင့်စာအုပ်များတို့ကို ယုံကြည်သူတိုင်းတို့ထံသို့ ဖြန့်ဝေခြင်းပြုစေပါ။” (ဃM ၂၁).
ဓမ္မစာပေသာသနာလုပ်ငန်းတာဝန်ခံ - ဧဝံဂေလိစာပေလှုပ်ရှားမှုအတွက် ခေါင်းဆောင်မှု ပြင်ဆင်ပေးနိုင်ရန် အသင်းတော်အနေဖြင့် ဓမ္မစာပေသာသနာလုပ်ငန်းတာဝန်ခံကို ရွေးချယ်တင် မြှောက်ရမည်။
ဓမ္မစာပေသာသနာလုပ်ငန်းကောင်စီ - ဘုတ်အဖွဲ့၏ညွှန်ကြားမှုအောက်၌ အလုပ်လုပ်ရန် ဘုတ်အဖွဲ့သည် ဓမ္မစာပေသာသနာ့လုပ်ငန်းကောင်စီကို ဖွဲ့စည်းရမည်။ ဓမ္မစာပေသာသနာ့လုပ်ငန်း တာဝန်ခံသည် ဥက္ကဌအဖြစ်ဆောင်ရွက်ရမည်။ သင်းအုပ်ဆရာ၊ တစ်ဦးချင်းသာသနာ့လုပ်ငန်း ခေါင်းဆောင်နှင့် အတွင်းရေးမှူးတို့သည် အလိုအလျောက်အဖွဲ့ဝင်များဖြစ်ရကြမည်။ အဖွဲ့ဝင်များ တို့သည် ဓမ္မစာပေသာသနာ့လုပ်ငန်းတွင် စိတ်ဝင်စားပြီး ဗဟုသုတရှိသူများဖြစ်ရကြမည်။
ဥပုသ်စာဖြေကျောင်းနှင့်တစ်ဦးချင်းသာသနာ့လုပ်ငန်း
ဥပုသ်စာဖြေကျောင်း
ဥပုသ်စာဖြေကျောင်းသည်ရည်ရွယ်ချက် (၄) ခုရှိသည့် အသင်းတော်၏အဓိကဘာသာရေး ဆိုင်ရာ အစီအစဉ်ဖြစ်သည်။ ၎င်း (၄) ချက်သည် သမ္မာကျမ်းစာလေ့လာခြင်း၊ ပေါင်းသင်းဆက်ဆံ ခြင်း၊ ပတ်ဝန်းကျင်သို့သာသနာဖြန့်ချိခြင်းနှင့် ကမ္ဘာ့သာသနာလုပ်ငန်းလုပ်ဆောင် ခြင်းတို့ဖြစ် သည်။ ကမ္ဘာ့ဌာနချုပ်ဥပုသ်စာဖြေကျောင်းနှင့် တစ်ဦးချင်းသာသနာလုပ်ငန်းဌာနမှ အသက်
အရွယ်တိုင်းအတွက် ဥပုသ်စာဖြေသင်ခန်းစာများကို ဝေငှဖြန့်ချိပေးခြင်း၊ ခြားနား သည့်ကမ္ဘာ့ဒီဝီစံ များရှိ လူတို့၏ရိုးရာဓလေ့အတွင်း ဥပုသ်စာဖြေကျောင်းအတွက် ပုံစံများပြင်ဆင်ပေးခြင်း၊ လိုအပ်သည့်အသုံးပြုရန်အထောက်အကူပစ္စည်းများ၊ ဥပုသ်စာဖြေကျောင်း ဆရာများကို သင်တန်းပေးခြင်းစနစ်များတို့ကို ပြင်ဆင်ပေးခြင်းနှင့် ကမ္ဘာ့သာသနာအတွက် ဥပုသ်စာဖြေကျောင်းအလှူငွေများတို့ကို ထည့်ဝင်ရန် အားပေးခြင်းတို့ဖြစ်သည်။
“ဥပုသ်စာဖြေကျောင်းသည် သာသနာလုပ်ငန်း၏အရေးကြီးလှသည့် ဌာနခွဲတစ်ခုဖြစ်သည်။ လူကြီးလူငယ်များတို့အား နှုတ်ကပတ်တော်အသိတရားပေးရုံမျှမက သန့်ရှင်းမွန်မြတ်သည့်အမှန် တရားကို ခင်တွယ်မြတ်နိုးစိတ်ဖြစ်ပေါ်စေရန်နှင့် မိမိတို့ကိုယ်တိုင်အတွက် လေ့လာလိုသော ဆန္ဒရှိရန်ဖြစ်သည်။ အချုပ်အားခြင့် သန့်ရှင်းသောသင်ကြားပို့ချမှုအားဖြင့် မိမိတို့၏အသက်တာ သည်၎င်းအတိုင်းရှင်သန်ခြင်းရှိရန် သူတို့အားသင်ကြားပို့ချခြင်းဖြစ်သည်။” (CSW ၁၀,၁၁).
“ဥပုသ်စာဖြေကျောင်းကို အကယ်၍မှန်ကန်စွာကျင်းပပါက ဝိညာဉ်များတို့အား အမှန် တရားသို့ပို့ဆောင်စေနိုင်သည့် ဘုရားသခင်၏ကြီးမာလှသော လက်နက်တစ်ခုဖြစ်သည်။” (CSW ၁၁၅).
ဥပုသ်စာဖြေကျောင်းခေါင်းဆောင်များကော်စီ - အသင်းတော်သည်ဥပုသ်စာဖြေကျောင်း ခေါင်းဆောင်များနှင့် ဥပုသ်စာဖြေကျောင်းကော်စီအဖွဲ့ဝင်များတို့ကို ရွေးချယ်ရမည်။ ခေါင်း ဆောင်များမှာ ဥပုသ်စာဖြေကျောင်းဥက္ကဌနှင့်ဒုဥက္ကဌများ၊အတွင်းရေးမှူးနှင့်ဒုအတွင်းရေးမှူးများ၊ ဥပုသ်စာဖြေကျောင်းဌာနတိုင်းအတွက် ခေါင်းဆောင်တစ်ဦးစီ၊ လူကြီးတန်းနှင့်အခြားဌာနခွဲများ
အပါအဝင်တို့ဖြစ်သည်။ ကလေးသာသနာလုပ်ငန်းတာဝန်ခံနှင့် နွေရာသီ ကျမ်းစာသင်တန်းညွှန်း ကြားရေးမှူးနှင့် စုဆောင်းခြင်းအလှူငွေအတွင်းရေးမှူးကိုလည်း ရွေးချယ်ရမည်။
ခေါင်းဆောင်များ၊ ဆရာများနှင့်ဥပုသ်စာဖြေကျောင်းအသင်းဝင်အားလုံးတို့သည် အခြားဌာန များတို့နှင့်ပူးပေါင်းကာ သာသနာလုပ်ငန်းဟူသရွေ့ကိုလုပ်ဆောင်ရမည်။ ဥပုသ်စာဖြေကျောင်း အတန်းများကို မှန်မှန်တတ်ရောက်ခြင်းနှင့် လှုပ်ရှားမှုများဖြစ်သည့် ဆုံးဖြတ်ချက်ချသည့်နေ့များ၊ သင်းအုပ်ဆရာ ၏ကျမ်းစာသင် တန်းများ၊ ပတ်ဝန်းကျင်အတွက်ဧည့်သည်တော်နေ့များ၊ နွေရာသီကျမ်းစားသင်ကျောင်းများနှင့် ဥပုသ်စာဖြေကျောင်းလက်တတ်ခွဲများ၊ အိမ်နီးနားချင်းကျမ်းစာအသင်းနှင့်ပုံပြောခြင်းအချိန်နာရီတို့ အပါအဝင်အားဖြင့် ဥပုသ်စာဖြေကျောင်းသာသနာလုပ်ငန်းတို့ကိုလည်း လုပ်ဆောင်ရပါမည်။
ဥပုသ်စာဖြေကျောင်းကော်စီသည် ဥပုသ်စာဖြေကျောင်းကို အုပ်ချုပ်ကွပ်ကဲသောအဖွဲ့ အစည်းဖြစ်သည်။ ၎င်းကော်စီ၌ပါဝင်သောသူများမှာ ဥပုသ်စာဖြေကျောင်းဥက္ကဌ၊ ဒုဥက္ကဌများ၊ အတွင်းရေးမှူးနှင့်ဒုအတွင်းရေးမှူးများ၊ဌာနခေါင်းဆောင်များ၊ စုဆောင်ခြင်းအလှူငွေအတွင်းရေးမှူး၊ တစ်ဦးချင်းသာသနာလုပ်ငန်းခေါင်းဆောင်၊ ကလေးသာသနာလုပ်ငန်းတာဝန်ခံနှင့် နွေရာသီ ကျမ်းစာသင်ကျောင်းညွှန်းကြားရေးမှူးဘုတ်အဖွဲ့မှခန့်ထားသော အသင်းလူကြီးတစ်ဦးနှင့် သင်းအုပ်ဆရာတို့ဖြစ်ကြပါသည်။
ခေါင်းဆောင်များရွေးချယ်ပြီးသည်နှင့်တစ်ပြိုင်တည်း ဥက္ကဌမှနေပြီးကောင်စီအစည်းအဝေး ကိုခေါ်ယူကာ ဌာနအသီးသီးအတွက် ခေါင်းဆောင်များကိုကောင်စီ အဖွဲ့ဝင်အထဲ၌မပါသောသူ များတို့ကို လိုအပ်သလိုခန့်သွားရမည်ဖြစ်သည်။ အထက်ပါခန့်ထားသောခေါင်းဆောင်များအပြင် ကောင်စီအနေဖြင့်ဌာနနှင့်အဖွဲ့အားလုံးတို့၏လိုအပ်ချက်များကိုလေ့လာကာ ဆရာများတို့ကို
ခန့်ထားပြီး ဘုတ်အဖွဲ့မှသဘောတူညီမှုကိုရယူရန် သူတို့၏နာမည်ကိုတင်းသွင်းရမည်။ ဥပုသ် စာဖြေကောင်းသင်ခန်းစာ သင်ရိုးညွှန်းတမ်း၏ ဂုဏ်သိက္ခာကိုထိန်းသိမ်းရန်နှင့် အရည်အချင်း ရှိရှိသင်ကြားမှုပြုလုပ်နိုင်ရန် ကောင်စီအနေဖြင့်ဆရာများတို့ကိုရွေးချယ်မှုပြုရာတွင် အထူးသတိပြု ရွေးချယ်ရပါမည်။ အထူးသဖြင့်ကလေးဌာနများအတွက် ဆရာများကိုရွေးချယ်ရာ၌ ကောင်စီအနေ ဖြင့် ကလေးဌာန ခေါင်းဆောင်များထံ အကြံဉာဏ်ရယူသင့်သည်။ ဆရာအားလုံးတို့သည်
ကျင့်ကောင်းသီလရှိသောယုံကြည်သူ အသင်းဝင်များသာဖြစ်ရမည်။
ကောင်စီ၏တာဝန်မှာ ဥက္ကဌ၏ဦးဆောင်မှုအားဖြင့် ဥပုသ်စာဖြေကျောင်း တစ်ခုလုံး၏ တိုးတတ်အောင်မြင်စွာ ဦးဆောင်သွားနိုင်ခြင်းဖြစ်သည်။ ကောင်စီအဖွဲ့များတို့သည် လိုအပ်သလို မှန်မှန်အစည်းအဝေးထိုင်ရမည်။ အစီအစဉ်၌လိုအပ်သည့်ကူညီမှုနှင့် တန်ဆာပလာများ၊ ကမ္ဘာ့ဌာနချုပ်မှပြင်ဆင်ပေးသောဥပုသ်စာဖြေသင်ခန်းစာများနှင့် အခြားအရာ များ အရေအတွက်အပြည့်အစုံ လုံလုံလောက်လောက်ရရှိသည်မရရှိသည်တို့ကို သေချာစွာသိရှိ နားလည်ဆောင်ရွက်သွားသင့်သည်။
ဥပုသ်စာဖြေကျောင်းဥက္ကဌသည်နှင့်အခြားခေါင်းဆောင်များ - ဥပုသ်စာဖြေကျောင်း ဥက္ကဌသည် ဥပုသ်စာဖြေကျောင်း၏အဓိကဦးဆောင်သူဖြစ်ပြီး ရွေးချယ်ခြင်းခံရသည်နှင့် တစ် ပြိုင်တည်း ဥပုသ်စာဖြေကျောင်း၏ထိရောက်စွာလည်ပတ်မှုရှိရန် စတင်၍အစီအစဉ်ကိုဆွဲရပါ လိ်မ့်မည်။ နယ်ဌာနချုပ်မှ ဥပုသ်စာဖြေကျောင်းဌာန၏စီမံကိန်းနှင့် ညွှန်ကြားချက်များကို ပုံပိုး ရမည်ဖြစ်ပြီးဥပုသ်စာဖြေကျောင်းကောင်စီ၏ဆုံးဖြတ်ချက်များကို ဥပုသ်စာဖြေကျောင်း၏အစီ အစဉ်နှင့်လည်ပတ်မှုများအတွက် အကောင်အထည်ဖော်ကာ ဆောင်ရွက်ရပါမည်။ အသင်းတော် အနေဖြင့် ဥပုသ်စာဖြေကျောင်းဥက္ကဌအတွက်လက်ထောက်တစ်ဦး (သို့မဟုတ်) တစ်ဦးထက်ပို၍ ထားရှိနိုင်ပါသည်။
အတွင်းရေးမှူးသည် သုံးလတစ်ကြိမ်အစီရင်ခံစာကို မှန်ကန်သည့်ပုံစံဖြင့် သုံးလကုန်သော နောက်ဆုံးဥပုသ်နေ့ပြီးသည်နှင့် ချက်ချင်းပြင်ဆင်ကာ သတ်မှတ်အချိန်အတွင်း ဥပုသ်စာဖြေ ကျောင်းဌာနနှင့် တစ်ဦးချင်သာသနာ လုပ်ငန်းဌာနညွှန်ကြားရေးမှူးများထံ အချိန်မှီစာတိုက်ဖြင့် ပေးပို့ရမည်။ အတွင်းရေးမှူးသည် ပေးပို့သည့်မိတ္တူတစ်စောင်ကို အမြဲတမ်းဖိုင်ထဲ၌ထားရှိပြီး
ဥက္ကဌနှင့်အသင်းအုပ်ထံ တစ်စောင်စီပေးရမည်။ ထိုအစီအရင်ခံစာကိုလည် အသင်းတော်၏ လုပ်ငန်းလုပ်ဆောင်သည့် စည်းဝေး၌တင်ပြရမည်။
စုဆောင်းခြင်းအလှူငွေအတွင်းရေးမှူးသည် စုဆောင်းခြင်းအလှူငွေထည့်ဝင်ခြင်းစီမံကိန်းကို သာသနာအားပံ့ပိုးရန်အတွက် ဥပုသ်စာဖြေကျောင်းဌာနတိုင်းတွင် အားပေးနှိုးဆော်ခြင်းကိုပြုရ မည်ဖြစ်ပြီး မိမိ၏အားပေးမှုအစီအစဉ် မည်ရွေ့မည်မျှတိုးတတ်ကြောင်းကိုလည်း ဥပုသ်စာဖြေ ကျောင်းအသင်းဝင်တိုင်းသိရှိစေရန် သတင်းပေးရမည်။
နွေရာသီကျမ်းစာသင်တန်းကျောင်းညွှန်ကြားရေးမှူးသည် နှစ်စဉ်နွေရာသီ ကျမ်းစာသင် ကျောင်း အစီအစဉ်အားဖြင့် ပတ်ဝန်းကျင်ရှိလူသားတို့အား ဧဝံဂေလိသတင်းစကားကို ဖြန့်ချိခြင်း တွင်ဦးဆောင်ကာ စည်းရုံးခြင်း၊ တိုက်တွန်းအားပေးခြင်းပြုရမည်။ ဤတာဝန်ကို အသင်းတော်မှ နေ၍ ကလေးသာသနာလုပ်ငန်းတာဝန်ခံအား ပေးအပ်ရမည်။
ဥပုသ်စာဖြေကျောင်းကောင်စီသည် ဌာနခေါင်းဆောင်များနှင့် ညှိနှိုင်းတိုင်ပင်ကာ ဥပုသ်စာ ဖြေကျောင်းအစီအစဉ်အတွက် တေးသီချင်းတာဝန်ခံကိုခန့်နိုင်ပါသည်။ ဝတ်ပြုခြင်းအစီအစဉ်တွင် တေးသီချင်းသည် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေရမည်။ သီချင်းသီဆိုသူများနှင့် အခြားတေးသံရှင်များတို့ကို ရွေးချယ်ရာတွင် အခြားဥပုသ်စာဖြေကျောင်းအစီအစဉ်များတို့ကို
ဦးဆောင်ရမည့်ပုဂ္ဂိုလ်များတို့ကို ရွေးချယ်သကဲ့သို့စံချိန်ထားကာ အထူးသတိပြုရွေးချယ်ရပါမည်။ ကောင်စီသည် ဌာနတိုင်းအတွက် စန္ဒရားတီးမည့်သူများတို့ကိုလည်း ခန့်ထားနိုင်ပါသည်။
ဥပုသ်စာဖြေဌာနခေါင်းဆောင်များ - ဌာနတိုင်းအတွက် ခေါင်းဆောင်တစ်ဦးစီကို အသင်းတော်ဘုတ်အဖွဲ့မှ ခန့်ထားရပါမည်။ လိုအပ်သလိုဌာနအတွက် အကူခေါင်းဆောင်များကိုမူ ဥပုသ်စာဖြေကျောင်းကောင်စီမှ ခန့်ထားနိုင်ပါသည်။ ဥပုသ်စာဖြေကျောင်းလက်စွဲစာအုပ်ကို မြော် လင့်ခြင်းဓမ္မစာပေစာအုပ်ဆိုင် (သို့မဟုတ်) နယ်ဌာနချုပ်ဥပုသ်စာဖြေကျောင်းဌာနတွင်ရရှိနိုင်ပါ သည်။ ၎င်းလက်စွဲစာအုပ်ထဲ၌ ဌာနအားလုံးတို့နှင့်ပတ်သက်သည့်သတင်းများ၊ အငယ်ဆုံးကလေး မှ လူကြီးများအထိ ဖွဲ့စည်းထားသောဌာနအကြောင်း ပါဝင်ရုံမျှမက ဥပုသ်စာဖြေကျောင်းသို့ မတတ်ရောက်နိုင်သူများတို့အား ကူညီစောင့်ရှောက်ခြင်းအစီအစဉ်တို့ပါ ပါရှိပါသည်။
ဥပုသ်စာဖြေကျောင်းအတန်းဆရာများ - ဥပုသ်စာဖြေကျောင်းကောင်စီသည် ဥပုသ်စာ ဖြေကျောင်းအတန်းဆရာများကိုရွေးချယ်ပြီး အသင်းတော် ဘုတ်အဖွဲ့မှသဘောတူကြောင်း ထောက်ခံသွားရသည်။ သူတို့သည် သင်ကြားခြင်း၌ဝါသနာပါပြီး သင်ကြားမှုအရည်အသွေးကိုတိုးတတ်ရန် နည်းလမ်းရှာဖွေလေ့လာလိုသောဆန္ဒရှိသူများဖြစ်ရမည်။ ပြင်ဆင်မှုပြုရာ၌ လုံ့လဝီရိယရှိသူများဖြစ်ပြီး အတန်းသို့အချိန်မီ မှန်မှန်တတ်ရောက်သူများဖြစ် ရမည်။ ဥပုသ်စာဖြေလေ့လာရာတွင် ပုံသက်သေကောင်းပြနိုင်သူဖြစ်ရမည်။
ကောင်စီနေဖြင့် ကလေးနှင့်လူငယ်များအတွက် ဆရာများကိုရွေးချယ်ရာတွင် ကလေးလူ ငယ်များကို စိတ်ဝင်စားမှုရှိပြီး သူတို့၏လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်သည့် အရည်အချင်းရှိသူ များကိုသာလျှင် အထူးဂရုပြုရွေးချယ်ရပါမည်။ ကလေးများဌာန၌ပါဝင်၍ လုပ်ကိုင်ဆောင်ရွက် သူတိုင်း အသင်းတော်နှင့်တရားဥပဒေစံချိန်များနှင့် လိုအပ်ချက်များနှင့်ကိုညီသူများဖြစ်ပြီး မိမိ
တို့၏နောက်ကြောင်းရာဇဝင်ကောင်းမွန်သူများ (သိုမဟုတ်) ထောက်ခံချက်ရှိသူများဖြစ်ရမည်။ ဒေသခံအသင်းတော်ခေါင်းဆောင်များတို့သည် နယ်ဌာနချုပ်နှင့်တိုင်ပင်ကာ မည်ကဲ့သို့သော ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်ကို အကြံတောင်းရမည်။ ဥပုသ်စာဖြေကျောင်း၌ သင်းကြားသော ဆရာအားလုံးတို့သည်နယ်ဌာနချုပ်မှ ဥပုသ်စာဖြေကျောင်းဌာန၏ပြင်ဆင်ပေးသည့်သင်တန်းတိုင်း
ကို တတ်ရောက်သင်ကြားကြရန် တိုက်တွန်းအားပေးမှုပြုရမည်။
ဥပုသ်စာဖြေကျောင်းတိုင်းတွင် ဥပုသ်စာဖြေကျောင်းဆရာများအစည်းအဝေးကို ပတ်စဉ် ပြုလုပ်သင့်သည်။
သေချာစွာနာလည်းရမည့်အချက်မှာ “မိမိ၏စိတ်နှလုံးကို သမ္မာကျမ်းစာ အမှန်တရားအား ဖြင်း စွဲမြဲခိုင်ခံ့စေသူများသာလျှင် နောက်ဆုံးသောကာလ၌မတုန်မလှုပ်ဘဲ ရပ်တည်နိုင်မှာဖြစ် သည်။” (Gဃ ၅၉၃ယ၅၉၄). ဥပုသ်စာဖြေကျောင်းခေါင်းဆောင်များတို့သည် ဥပုသ်စာဖြေသင်ခန်းစာ ကို စနစ်တကျမှန်မှန်လေ့လာရန် အထူးအားပေးသင့်သည်။ ဥပုသ်စာဖြေသင်ခန်းစာပုံနှိပ်
ထုတ်ဝေခြင်းသည် နေ့စဉ်နှုတ်ကပတ်တော်ကိုလေ့လာရန်အားပေးခြင်း၊ တစ်ကမ္ဘာလုံးရှိအသင်း တော်တိုင်း၌ စည်းလုံးညီညွတ်မှုကိုထိန်းသိမ်းရန်ဆောင်ရွက်ခြင်းဖြစ်သည်။ ယုံကြည်သူတိုင်း မိမိတို့၏အသက်အရွယ်အလိုက် ကမ္ဘာ့ဌာနချုပ်မှ ပုံနှိပ်ထုတ်ဝေသော ဥပုသ်စာဖြေကျောင်းသင်ခန်းစာများကိုရရှိရန် စီစဉ်လျက် ရှိပါသည်။ ထိုနည်းတူစွာ၊ ခေါင်းဆောင်နှင့်ဆရာတိုင်းတို့သည်လည်း မိမိတို့ဆိုင်ရာဌာနတိုင်းအ တွက် အမ္ဘာ့ဌာနချုပ် (သို့မဟုတ်) ဒီဝီစံမှပြင်ဆင်ထားသော ဥပုသ်စာဖြေသင်ခန်းစာကိုရရှိ ရပါမည်။
အတန်းတွင်သင်ကြားရန် ဆရာများအနေဖြင့်အချိန်ကို မိနစ် (၃၀) အနည်းဆုံးယူသွား ရပါမည်။
ဥပုသ်စာဖြေကျောင်းအလှူငွေများ - ဥပုသ်စာဖြေကျောင်း အတွင်းရေးမှူးသည် ဥပုသ်စာ ဖြေကျောင်းအလှူငွေကို တိကျစွာမှတ်တမ်းယူပြီး၊ အသင်းတော်ဘဏ္ဍာရေးမှူးထံသို့ အမြန်ဆုံးပေး လိုက်ရမည်။ တိုးချဲ့သည့်ဌာနတို့၏အလှူငွေများတို့ကိုလည်းပုံမှန်ဥပုသ်စာဖြေကျောင်းအလှူငွေနှင့်
ပေါင်းထည့်ရပါမည်။ များစွာသောဥပုသ်စာဖြေကျောင်းတို့သည် ဥပုသ်စာဖြေ ကျောင်းကုန်ကျ စရိတ်ကို ကောက်ခံကြပါသည်။ ၎င်းဥပုသ်စာဖြေကျောင်း ကုန်ကျစရိတ်အလှူငွေမှလွဲလျှင် သာသနာလုပ်ငန်းနယ်မြေများတို့ကိုပံ့ပိုးရန်ကျန်ဥပုသ်စာဖြေကျောင်း အလှူငွေအားလုံးတို့ကို အသင်းတော်ဘဏ္ဍာရေးမှူးသည် နယ်ဌာနချုပ်သို့ပို့လိုက်ရမည်။ ဤရန်ပုံငွေများမှာ ပတ်စဉ် ကောက်ခံရရှိသည့် ပုံမှန်ဥပုသ်စာဖြေကျောင်းအလှူငွေ၊ တစ်ဆယ့်သုံးပတ်ဥပုသ်အလှူငွေ၊ စု ဆောင်းခြင်းအလှူငွေ၊ မွေးနေ့နှင့် ကျေးဇူးတင်ခြင်းအလှူငွေများပါရှိပါသည်။ တစ်ခုချင်းစီတို့ကို အသင်းတော်၏ငွေကြေးစနစ်၌ သီးသန့်စီခွဲခြားထားရှိရပါမည်။ သာသနာအတွက် ရန်ပုံငွေများကို အသင်းတော်၏စည်းမျဉ်းဥပဒေအရ ခွဲဝေသွားရပါမည်။ သာသနာအတွက် ရန်ပုံငွေများကို အသင်းတော်မှသော်လည်းကောင်း၊ နယ်ဌာနချုပ်မှသော်လည်းကောင်း မယူထားရပါ။
ဥပုသ်စာဖြေကျောင်းကုန်ကျစရိတ်အလှူငွေနှင့် သာသနာလုပ်ငန်းအလှူငွေသည် သဘော တူညီမှုနည်းအရသော်လည်းကောင်း ရနှုန်းအလိုက်သော်လည်းကောင်း ခွဲဝေရန်တစ်ခုတည်းသော အလှူငွေအဖြစ် ပေါင်းစည်း၍ကောက်ခံခြင်းမပြုရပါ။ ဒီဝီစံသဘောတူညီမှုရှိသည့် စုပေါင်းအလှူ ငွေစနစ်ကျင့်သုံးသောဒေ၌ ပါရှိသည့်အသင်းတော်များတို့သာလျှင် အလှူငွေများကိုပေါင်းစည်း၍ကောက်ခံ ခြင်းပြုလုပ်နိုင်ပါသည်။
တစ်ဦးချင်းသာသနာလုပ်ငန်း
တစ်ဦးချင်းသာသနာလုပ်ငန်းသည် အထောက်အကူပစ္စည်းများကို ပြင်ဆင်ပေး၍ အသင်း သားများကို သင်ကြားပို့ချကာ သင်းအုပ်ဆရာများနှင့်ခေါင်းဆောင်များတို့ကို ဝိညာဉ်အောင်မြင် ခြင်းလုပ်ငန်း၌ ပါဝင်လုပ်ကိုင်ဆောင်ရွက်သည်။ လိုအပ်သူများအတွက် ကူညီမှုပြုသည့်အစီအစဉ် များကိုဆောင်ရွက်ရသော အဓိကတာဝန်လည်းရှိသည်။
တစ်ဦးချင်းသာသနာလုပ်ငန်းကောင်စီ - တစ်ဦးချင်းသာသနာ လုပ်ငန်းကောင်စီသည် အသင်း တော်၏သာသနာလုပ်ငန်းကိုဦးဆောင်ကာဘုတ်အဖွဲ့၏လမ်းညွှန်မှုအောက်၌ သာသနာလုပ်ငန်းကို လုပ်ဆောင်လျက်ရှိသည်။ ကောင်စီသည် အနည်းဆုံးတစ်လတစ်ကြိမ်တွေ့ဆုံးသင့်ပြီး၊ ၎င်း
တွေ့ဆုံခြင်းတွင် သင်းအုပ်ဆရာ၊ အသင်းလူကြီး၊ ဘဏ္ဍာရေးမှူးနှင့် အခြား ဌာနမှခေါင်းဆောင် များနှင့် ထိုအသင်းတော်၌ အကူအညီပြုသည့်ခေါင်းဆောင်များ ပါဝင်ရမည်။ တစ်ဦးချင်းသာသနာ လုပ်ငန်းကောင်စီသည် အထူးလုပ်ငန်းလုပ်ဆောင်ရန်အတွက် ကော်မတီငယ်များကို ဖွဲ့စည်းနိုင် သည့်ကော်မတီငယ်များအားလုံး တစ်ဦးချင်းသာသနာလုပ်ငန်းကောင်စီသို့ သတင်းပို့ရမည်။
တစ်ဦးချင်းသာသနာလုပ်ငန်းကောင်စီနှင့်ခေါင်းဆောင်သည် အဖွဲ့ငယ်သာသနာလုပ်ငန်းများကို ဖွဲ့စည်းရန်တာဝန်ရှိသည်။
တစ်ဦးချင်းသာသနာလုပ်ငန်းခေါင်းဆောင်များ - အသင်းတော်အနေဖြင့် တစ်ဦးချင်းသာသနာ လုပ်ငန်းခေါင်းဆောင်များကို ရွေးချယ်ရမည်။ ခေါင်းဆောင်တစ်ဦး၊ လိုအပ်လျှင်အကူခေါင်း ဆောင်များနှင့် အတွင်းရေးမှူး တစ်ဦးကိုလည်း ရွေးချယ်ရမည်။
ခေါင်းဆောင်သည် သာသနာလုပ်ငန်းလုပ်ဆောင်ရန်အတွက် အသင်းသူအသင်းသားများတို့အား သင်တန်းပေးခြင်း၊ လမ်းညွှန်ခြင်းပြုပြီး တစ်ဦးချင်းသာသနာလုပ်ငန်း၏ဥက္ကဌအဖြစ် ဆောင်ရွက် ရမည်။ ခေါင်းဆောင်သည်သာသနာလုပ်ငန်းအတွက် အသင်းသူအသင်းသားများတို့၏ လုပ် ဆောင်ချက်များတို့ကို လစဉ်အသင်းတော်၏ဥပုသ်နေ့ဝတ်ပြုချိန်၌သော်လည်းကောင်း၊ အသင်း တော်၏လုပ်ငန်းလုပ်ဆောင်သည့် အစည်းအဝေး၌သော်လည်းကောင်းတင်ပြရမည်။ လက်ထောက် များအနေဖြင့် စာပေးစာယူကျမ်းစာသင်ကျောင်း၌ အကူအညီပေးခြင်း၊ ဓမ္မဧဝံဂေလိလုပ်ငန်း၊ ဝေစာဝေငှခြင်း၊အဖွဲ့ငယ်သာသနာလုပ်ငန်းကိုစည်းရုံးခြင်း၊ အသင်းသူအသင်းသားများတို့အား သင်တန်းပေးခြင်းနှင့် အခြားဝိညာဉ်အောင်မြင်ခြင်းအစီအစဉ်များတို့၌ ပါဝင်ဦးဆောင်လုပ်ကိုင်ရန် တာဝန်ပေးနိုင်ပါသည်။
အတွင်းရေးမှူးအနေဖြင့် အသင်းတော်၏ဌာနတိုင်းအတွက် မျှော်လင့်ခြင်းစာအုပ်ဆိုင်၏ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ပြီး အသင်းတော်၏သာသနာ လုပ်ငန်းတိုးတတ်ရန်အတွက် ခေါင်းဆောင်နှင့်အတူ လက်တွဲလုပ်ကိုင်ဆောင်ရွက်ရမည်။
မြော်လင့်ခြင်းလူများ - မြော်လင့်ခြင်းလူများသည် တစ်ဦးချင်းသာသနာလုပ်ငန်းဌာန၏ အကူအဖွဲ့များဖြစ်သည်။ သာမန်အသင်းသားတရားဟောခြင်းလုပ်ငန်း၊ အကျဉ်းထောင်တွင်း သာသနာပြုလုပ်ငန်းနှင့် ပတ်ဝန်းကျင်အကျိုးပြုလုပ်ငန်းတို့ပါဝင်သည်။
ကျမ်းစာကျောင်းတာဝန်ခံ -ကျမ်းစာကျောင်းတာဝန်ခံသည်ပတ်ဝန်းကျင်ရှိလူတို့အတွက် အသင်းတော်၏ကျမ်းစာကျောင်းဖြင့် သာသနာပြုရန် စည်းရုံးဦးဆောင်ရပါသည်။ တာဝန်ခံ သည့် သင်းအုပ်ဆရာ၊ စိတ်ဝင်စားသူများတာဝန်ခံနှင့် တစ်ဦးချင်းသာသနာလုပ်ငန်းခေါင်း ဆောင်တို့နှင့် နီးကပ်စွာလက်တွဲအလုပ်လုပ်ကိုင်ရပါမည်။
လူထုအကျိုးပြုလုပ်ငန်း - ဒေါ်ကာအဖွဲ့ခေါင်းဆောင် - အသင်းတော်သည် လူထုအကျိုး ပြုလုပ်ငန်း - ဒေါ်ကာအဖွဲ့ခေါင်းဆောင် လိုအပ်ပါက လက်ထောက်ခေါင်းဆောင်များနှင့် အတွင်း ရေးမှူး-ဘဏ္ဍာထိန်းတို့ကို ရွေးချယ်ရမည်။ ဤအဖွဲ့အစည်းသည် လိုအပ်သူများတို့အတွက် အဝတ် အစား၊ အစားအစားနှင့် အခြားအသုံးအဆောင်များတို့ကို စုသိမ်းပြင်ဆင်မှုပြုကာသင်း ထောက်နှင့် သင်းထောက်မယ်များတို့နှင့် နီးကပ်စွာအလုပ်လုပ်ရမည်။ လူထုအကျိုးပြုလုပ်ငန်း၊ ဒေါ်ကာသာသ နာလုပ်ငန်းသည် လိုအပ်သူများတို့အား ဝတ္ထုပစ္စည်းအကူအညီပေးခြင်းထက်ပို သည်။ သက်ကြီး ရွယ်အိုများတို့ကို ပညာပေးခြင်း၊ လည်ပတ်ခြင်း၊ အိမ်မွမ်းမံပေးခြင်း၊ မိသာစုပျိုးထောင်ပြုစုခြင်း၊ အကြံဥာဏ်ပေးခြင်းနှင့် အခြားအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ပါဝင်ပါသည်။
အကယ်၍ အသင်းတော်အနေဖြင့် ပတ်ဝန်းကျင်အကျိုးပြုလုပ်ငန်းဌာနအဖွဲ့ ဖွဲ့စည်းခဲ့ သော်၊ တစ်ဦးချင်းသာသနာလုပ်ငန်းကောင်စီသည် ၎င်းအား အုပ်ချုပ်ရမည့်ကော်မတီဖြစ်ရပါ မည်။ ကောင်စီမှ ၎င်းအဖွဲ့၏ညွှန်ကြားရေးမှူးကို ခန့်ပေးရမည်။ ထိုပုဂ္ဂိုလ်သည် ကောင်စီဝင်တစ်ဦးထဲမှ ဖြစ်ရပါမည်။
မသန်မစွမ်းသူတို့အတွက်သာသနာပြုလုပ်ငန်း - ဤသာသနာလုပ်ငန်းသည် တစ်ဦးချင်း သာသနာလုပ်ငန်းကောင်စီအောက်၌ လှုပ်ရှားမှုပြုရမည်ဖြစ်ပြီး မသန်မစွမ်းသော အသင်းသူအသင်း သားများနှင့် အခြားသူများတို့အတွက်ပါ အစီအစဉ်များကို ဖန်တီးလုပ်ကိုင်ဆောင်ရွက်ရမည်။
သက်သေခံခြင်းအစီအစဉ်များ၊ အသင်းတော်ပစ္စည်းများပို၍ရရှိရန် မည်ကဲ့သို့ဆောင်ရွက်ရမည် ကိုအကြံပြုခြင်းများ၊ သွားရေးလာရေးအခက်အခဲပြဿနာကို ဖြေးရှင်းပေးခြင်းများနှင့် အသင်းဝင် များတို့အား မသန်မစွမ်းသူတို့နှင့်ပါဝင် ပတ်သက်ရန်နည်းလမ်းများတို့ကို ဖန်တီးလုပ်ကိုင် ဆောင်ရွက်ရပါမည်။ မသန်စွမ်းသူ့တို့အတွက် သာသနာပြုလုပ်ငန်းတာဝန်ခံသည် မသန်မစွမ်းသူ များအတွက်သာသနာမှဖွင့်လှစ်ထားသော အဖွဲ့အစည်းများဖြစ်သည့် မျက်မမြင်ကျောင်း၊
CM – ၁၂
ဆွံ့အနားမကြားကျောင်း အစရှိသည်တို့နှင့် ဆက်သွယ်မှုရှိရမည်ဖြစ်ပြီး ၎င်းဌာနများကို ပုံပိုးရ ပါမည်။
ဘဏ္ဍာစိုးအရာသာသနာလုပ်ငန်း
ဘဏ္ဍာစိုးအရာသာသနာလုပ်ငန်းသည် အသင်းသူအသင်းသားများတို့အား ဘုရားသခင် ၏ကျေးဇူးတော်ကို တုံ့ပြန်သောအားဖြင့် မိမိတို့၏အသက်တာနှင့်ရှိသမျှကို ဘုရားရှင်အတွက် ဆက်ကပ်ရန် အားပေးရမည်။ ဘဏ္ဍာစိုးအရာ၏တာဝန်သည် ငွေရေးကြေးထက်ပိုသည်။ မိမိတို့ ၏ကိုယ်ခန္ဓာ၊ စိတ်၊အချိန်၊ စွမ်းရည်သတ္တိ၊ ဝိညာဉ်ဆုကျေးဇူးများ၊ ပေါင်းသင်းဆက်ဆံရေး၊ ဩဇာ၊ဘာသာစကား၊ ပတ်ဝန်းကျင်နှင့်ပိုင်ဆိုင်မှုအားလုံးတို့ကို မှန်ကန်စွာထိန်းသိမ်းစောင့် ရှောက် ခြင်းများ ပါဝင်ပါသည်။ ဤဌာနသည် အသင်းသူအသင်းသားတို့အား မိမိတို့၏ခံစားရရှိသည့် ဆုကျေးဇူးနှင့်ပိုင်ဆိုင်မှုအားလုံးတို့ကို အသုံးပြုခြင်းအားဖြင့် ဘုရားရှင်၏အမှုတော်လုပ်ငန်း ပြီးစီးရန် ဘုရားရှင်နှင့်ဖက်စပ်ပါဝင်လျက် ပူးပေါင်းဆောင်ရွက်ခြင်း၌ အားပေးမှုပြုရမည်။
ဘုရားသခင်၏ဝိညာဉ်တော်သည် အသက်တာကိုပိုင်ဆိုင်သောအခါ၊ “ခရစ်တော်၏ မေတ္တာတော်နှင့်ပြည့်၀သော နှလုံးသားများတို့သည် ခရစ်တော်၏ပုံသက်သေများဖြစ်သည့် ကျွန်ုပ်တို့အတွက် ဆင်းရဲခံခြင်း၊ သူ၏ဆင်းရဲမှုကြောင့် ကျွန်ုပ်တို့ကြွယ်၀ချမ်းသာခြင်းရှိရန် ဆောင်ရွက်သည့်အသက်တာမျိုးကို လိုက်လျှောက်ကြပါလိမ့်မည်။ ငွေကြေး၊ အချိန်၊ ဩဇာနှင့် ဘုရားရှင်ထံမှရရှိသမျှသော ဆုကျေးဇူးအားလုံးတို့ကို ဘုရားရှင်၏ဧဝံဂေလိအမှုတော်
လုပ်ငန်းတိုးတတ်ပြီးစီးရေးအတွက် အသုံးပြုကြမည်ဖြစ်သည်။” (AA ၇၁).
ဘဏ္ဍာစိုးအရာသာသနာလုပ်ငန်းခေါင်းဆောင် - ဘဏ္ဍာစိုးအရာ သာသနာလုပ်ငန်း ခေါင်းဆောင်သည် ခရစ်ယာန်ဘဏ္ဍာစိုးအရာ၏စည်းမျဉ်း ဥပဒေအားလုံးကိုလိုက်လျှောက်ပြီး အသင်းတော်၏ဝိညာဉ်ရေးနှင့် ငွေရေး
ကြေးရေးဆိုင်ရာကိစ္စများတို့ကို နားလည်ရပါမည်။ ခေါင်းဆောင်အနေဖြင့် နယ်ဌာနချုပ်ဘဏ္ဍာစိုး အရာ သာသနာလုပ်ငန်းညွှန်ကြားရေးမှူး၊ အသင်းအုပ်ဆရာနှင့်ဘုတ်အဖွဲ့တို့နှင့်ပူးပေါင်းကာ လက်တွဲအလုပ်လုပ်ဆောင်ရပါမည်။ ခေါင်းဆောင်သည် နယ်ဌာနချုပ်ဘဏ္ဍာစိုးအရာသာသနာ လုပ်ငန်းဌာနနှင့် အသင်းတော်နှင့်အပြန်အလှန် ဆက်သွယ်မှုပြုရမည်။
အမျိုးသမီးသာသနာလုပ်ငန်း
အမျိုးသမီးသာသနာလုပ်ငန်းသည် အမျိုးသမီးများတို့၏ယေရှုခရစ်တော် တပည့်တော် များအဖြစ်နှင့် အသင်းတော်၏အသင်းဝင်များအဖြစ် နေ့စဉ် လျှောက်လှမ်းနေရသည့်အသက်တာ ကိုအားပေးခြင်း၊ ပံ့ပိုးခြင်းနှင့်ကူညီမစခြင်းများ ပြုလုပ်ပေးသည်။
၎င်း၏ရည်ရွယ်ချက်မှာ အမျိုးသမီးများတို့၏ဝိညာဉ်ရေးတိုးတတ် ရေးနှင့်ရှင်သန်ခြင်းကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖန်ဆင်းခြင်းနှင့်ရွေးနုတ်ခြင်းအားဖြင့် သူတို့၏ပါရမီသည် တန်ဖိုး တိုင်းတာ၍မရကြောင်းကို ခိုင်မာစေခြင်း၊ အမှုတော်အတွက်ပျိုးထောင်ပေးခြင်း၊ အသင်းတော်၏ အရေးကိစ္စများ၌ အမျိုးသမီးများတို့၏ပါဝင်ဆောင်ရွက်နိုင်သည့်အလားအလာကိုပေးဆောင်နိုင် ခြင်း၊ အမျိုးသမီးများတို့၏လိုအပ်ချက်များကို အကျယ်တဝင့်ဆောင်ရွက်ပေးခြင်း၊ အမျိုးသမီး သာသနာလုပ်ငန်းကိုလုပ်ဆောင်ရာတွင် အခြားဌာနများနှင့်ပူးပေါင်းလျက် ယဉ်ကျေးမှုပေါင်းစုံနှင့် လူမျိုးနွယ်စုပေါင်းစုံအတွက်အကျိုးကိုရှေးရှုခြင်း၊ အမျိုးသမီးများအထဲ၌ မွန်မြတ်သောစိတ်ဓာတ် ကိုဆောက်တည်ပေးခြင်း၊ အပြန်အလှန်အားပေးမှုပြုကာ မိမိတို့၏အမြင်ကိုဖလှယ်ကြခြင်း၊ အသင်းတော်လုပ်ငန်းတွင်ပါဝင်ကြရန် အားပေးလျက် နည်းလမ်းကိုရှာဖွေခြင်း၊ နည်းလမ်းနှင့် ငွေကြေးများကိုရှာဖွေကာ အမျိုးသမီးတိုင်းတို့အားမိမိတို့၏စွမ်းရည်များကို ကမ္ဘာအနှံ့သို့သာသနာ ဖြန့်ကြရန် စိန်ခေါ်မှုပြုရန်တို့ဖြစ်ပါသည်။
အမျိုးသမီးသာသနာလုပ်ငန်းခေါင်းဆောင်နှင့်ကော်မတီ - ရွေးချယ်ခြင်းခံရသော အမျိုးသမီးသာသနာလုပ်ငန်းခေါင်းဆောင်သည် တိကျသောသာသနာလုပ်းငန်းကိုဖော်ထုတ် ကာ အမှုတော်အတွက် အမျိုးသမီးများတို့ကိုပြုစုပျိုးထောင် ပညာပေးရမည်။ အမျိုးသမီးသာ သနာ လုပ်ငန်းကော်မတီ၌ ဥက္ကဌအဖြစ်ဦးဆောင်ကာ မိမိ၌ရှိသောအမြင်နှင့်စီမံကိန်းများကို တင်ပြလျက် အသင်းတော်၏လုပ်ငန်း၌ အမျိုးသမီးများတို့အား အစွမ်းကုန်ပါဝင်လုပ်ဆောင်ရန် အားပေးရပါ မည်။
စုပေါင်းလှုပ်ရှားမှုများနှင့်အစီအစဉ်များတွင် ခေါင်းဆောင်သည် ဘုတ်အဖွဲ့ကိုပံ့ပိုးကာ ပို၍ကြီးမားသောအသင်းတော်၏အစီအစဉ်၌ အမျိုးသမီးများကို ပါဝင်စေရမည်။ အမျိုးသမီးများ တို့၏ပါဝင်လုပ်ဆောင်ချက်များတို့ကိုလည်း အသင်းတော်သို့အမြဲအစီအရင် ခံရပါမည်။ နယ်ဌာန ချုပ်မှအမျိုးသမီးသာသနာလုပ်ငန်းညွှန်ကြားရေးမှူးနှင့်လက်တွဲလျက် အမျိုးသမီးများတို့အား သင်တန်းပေးခြင်းနှင့် လိုအပ်သည့်အထောက်အကူပစ္စည်းများကို ပြင်ဆင်ပံ့ပိုးပေးရပါမည်။
အမျိုးသမီးသာသနာလုပ်ငန်းခေါင်းဆောင်သည် တတ်ကြွသူ၊ တာဝန်သိတတ်သူ၊ မျှတသူ၊ အမျိုးသမီးများတို့၏စွမ်းရည်များကို မြင့်တင်ပေးလျက်အားပေးတတ်သည့် စွမ်းရည်ရှိသူဖြစ်ပြီး အသင်းတော်ထဲ၌ရှိသော အမျိုးသမီးများတို့နှင့်သော်လည်းကောင်း၊ သင်းအုပ်ဆရာနှင့်သော် လည်းကောင်း၊ ဘုတ်အဖွဲ့နှင့်သော်လည်းကောင်း ကောင်းမွန်စွာ လက်တွဲအလုပ်လုပ်တတ်သူဖြစ်ရမည်။
အမျိုးသမီးသာသနာလုပ်ငန်းကော်မတီသည် အသင်းတော်ထဲ၌ရှိသော အမျိုးသမီးများတို့ကို အမှုတော်လုပ်ငန်းတွင်ပါဝင်ရန် ပြုစုပျိုးထောင်ကာအားပေးရမည်။ ဤကော်မတီ၌ပါဝင်သော သူများတို့သည် အမျိုးသမီးများတို့၏လိုအပ်ချက်များကို စိတ်ဝင်စားသူ၊ စွမ်းရည်နှင့်ဗဟုသုတ အမျိုးမျိုးရှိသူများဖြစ်ရမည်။
လူငယ်သာသနာလုပ်ငန်း
အသင်းတော်၏လူငယ်အဖွဲ့အစည်းအမျိုးမျိုးတို့သည် နယ်ဌာနချုပ် လူငယ်သာသနာ လုပ်ငန်း ဌာနနှင့် နီးကပ်စွာလုပ်ငန်းလုပ်ဆောင်ရပါမည်။
မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့ - အသင်းတော်သည် လူငယ် များအတွက်နှင့် လူငယ်များနှင့်အတူ မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့အားဖြင့် အလုပ်လုပ်ရမည်။ မြော်လင့်ခြင်း လူငယ်အသင်းအဖွဲ့ခေါင်းဆောင်၏လက်အောက်၌ လူငယ်များတို့သည် အတူတကွလူငယ် သာသနာလုပ်ငန်းတောင့်တင်းခိုင်မာစေရန် ပြုစုပျိုးထောင်ရမည်။ ထိုလုပ်ငန်း၌ လူငယ်တစ်ဦးစီ
၏ကာယ၊ဥာဏ၊ ဝိဥာဏ၊ ခရစ်ယာန်ပေါင်းသင်းဆက်ဆံခြင်းတို့ကို ကောင်းမွန်စေရန်အတွက် ပါဝင်ပြီး အသင်းတော်၏ဝိညာဉ်အောင်မြင်ခြင်းအတွင်တတ်ကြွစွာပါဝင်သက်သေခံကာ ပံ့ပိုး ကူညီရပါမည်။ မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့၏ပန်းတိုင်သည် လူငယ်များ၏လှုပ်ရှားမှုများ တွင် ပါဝင်ကြပြီးအသင်းတော်နှင်ပူးပေါင်းကာ ခရစ်ယာန်လုပ်ငန်းတာဝန်အတွက် သင်တန်း
ပေးလေ့ကျင့်ပေးရမည်။
မောရှေအားဘုရားသခင်ပြောသည်မှာ “ယနေ့ငါမှာထားသောစကားကိုနှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်။ ထိုစကား ကိုလည်း သင်၏လက်၌ လက္ခဏာသက်သေဖို့ရာလည်းကောင်း၊ သင်၏မျက်စိကြားမှာသင်း ကျစ်ကဲ့သို့လည်းကောင်း ချည်းထားရမည်။ အိမ်တံခါး၊ မြို့တံခါးတို့၌လည်း ရေးထားရမည်” (တရားဟောရာကျမ်း ၆း၆-၉)။
တမန်တော်ပေါလုပြောသည်မှာ၊ “သင်၏အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှမထီ မဲ့မြင်မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတစ်ပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘော ရှိခြင်း၊သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ ယုံကြည်သောသူတို့အား ပုံသက်သေကိုပြလော့” (၁တိ ၄း၁၂)။
“အကယ်၍ မှန်ကန်စွာလမ်းညွှန်ပြီး အားပေးမှုပြုပါက ကြီးကျယ်သော အမှုကိုပြုနိုင်သည့် လူငယ်စစ်သည်တော်များ၊ ယနေ့ကျွန်ုပ်တို့၌ရှိနေပါမည်။ --- သူတို့ကိုဘုရားသခင်ကောင်းချီးပေး ရန် ကျွန်ုပ်တို့အလိုရှိသည်။ စနစ်တကျစီမံထားသော စီမံကိန်းတွင်ပါဝင်ကြပြီး အခြားလူငယ်များ တို့အားကူညီရန်ကျွန်ုပ်တို့အလိုရှိသည်။” (GCB , Jan. ၂၉, ၃၀, ၁၈၉၃, p.၂၄).
“လူငယ်များ မိမိတို့စိတ်နှလုံးကို ဘုရားရှင်ထံပေးအပ်သည့်အခါ သူတို့အတွက် ကျွန်ုပ်တို့ ၏တာဝန်မှာ မပြီးဆုံးသေးပါ။ ဘုရားရှင်၏အမှုတော်၌ သူတို့စိတ်ဝင်စားရမည်၊ အမှုတော်တိုး တတ်ရန် သူတို့အားဘုရားရှင်တစ်ခုခုလုပ်စေလိုကြောင်း သူတို့အားသိစေရမည်။ သူတို့အား မည်ရွေ့မည်မျှလုပ်ဆောင်ရန်လိုအပ်ကြောင်း ညွှန်ပြရုံဖြင့်မလုံလောက်ပါ။ သခင့်အတွက်မည်ကဲ့သို့
လုပ်ဆောင်ရမည်ကို သင်ကြားပေးရမည်။ သူတို့ကိုသင်တန်းပေးခြင်း၊ လမ်းညွှန်ခြင်း၊ လေ့ကျင့် ပေးခြင်းများပြုလုပ်ပြီး ခရစ်တော်အတွက် ဝိညာဉ်အောင်မြင်ရန် အကောင်းဆုံးနည်းလမ်းများ ကို သင်ကြားပေးရမည်။ မိမိတို့၏မိတ်ဆွေသူငယ်ချင်းများကိုကူညီရန် ဟန်ဆောင်မှုမပါဘဲ တိတ်တ ဆိတ်ကြိုးစားရန်သွန်သင်ပေးရမည်။ သာသနာလုပ်ငန်းဌာနခွဲများကို စနစ်တကျချမှတ် ကာ သူတို့အားပါဝင်စေပြီး ညွှန်ကြားချက်များနှင့်ကူညီပံ့ပိုးမှုများကိုပြုပါ။ သို့မှသာဘုရားရှင် အတွက် မည်ကဲ့သို့လုပ်ဆောင်ရမည်ကို သိရှိပါလိမ့်မည်။” (GW ၂၁၀).
“ကျွန်ုပ်တို့လူငယ်ကဲ့သို့ ဤမျှလောက်အမှုဆောင်စစ်သည်တော်များကို မှန်ကန်စွာသင်တန်း ပေးခြင်း၊ ခွန်အားဖြည့်ဆည်းပေးခြင်းပြုလုပ်ပါကယေရှုခရစ်၏ကပ်တိုင်၌ ရိုက်ထားခံခြင်း၊ ထ မြောက်ခြင်း၊ မကြာမီကြွလာမည့်သတင်းစကားကို ကမ္ဘာ့တစ်ဝန်းသို့ လျင်မြန်စွာသယ်ဆောင် နိုင် မည်ဖြစ်သည်။” (MYP ၁၉၆).
တတ်ကြွသည့်မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့ အသင်းတော်တိုင်း၌ရှိသည့်တိုင်အောင် လူငယ်အစီအစဉ်သည် အသင်းတော်နှင့်သီးသီးသန့်သန့်မဖြစ်စေရန် အရေးကြီးသည်။ ၎င်းပြင် လူငယ်များသည် မိမိတို့၏ မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့ အစီအစဉ်၌ ပါဝင်ကြသကဲ့သို့ အခြားအသင်းတော်၏ လုပ်ငန်း တာဝန်များတွင်လည်း ပါဝင်ခွင့်ပြုသင့်ပါသည်။ လူငယ်အသင်းလူကြီး၊ လူငယ်သင်းထောက်နှင့် သင်းထောက်မယ်များအဖြစ် ဗဟုသုတရှိကြသည့် အသင်းတော်ခေါင်းဆောင်များတို့နှင့်လက်တွဲ ကာ သင်ယူလုပ်ဆောင်သင့်ကြပေသည်။
“ကဏ္ဍအသီးသီးရှိ အမှုတော်လုပ်ငန်းရှေ့သို့တိုးတက်စေရန် ဘုရားရှင်သည် ခွန်အား၊ စိတ် ဆန္ဒနှင့် သတ္တိရှိသည့် လူငယ်များတို့ကို ခေါ်လျက်ရှိသည်။ အမှုတော်လုပ်ငန်းရှေ့သို့ တိုးတက်ရေး တွင်ပါဝင်ကူညီရန် ဘုရားရှင်သ် လူငယ်များတို့ကို ရွေးချယ်သည်။ ရှင်းလင်းပြတ် သားသောစိတ် ဖြင့် စီမံကိန်းဆွဲရန်နှင့် ရဲရင့်သောလက်ဖြင့် လုပ်ဆောင်ရန် လတ်ဆတ်၍ ပြည့်၀သောခွန်အား လို အပ်ပါသည်။ ပျိုရွယ်သောခွန်အားကို ဘုရာသခင်အားပေးရန် ပျိုရွယ် မောင်မယ်များတို့ကို ဘုရား ရှင်ခေါ်လျက်ရှိပြီး ထိုတန်ခိုးများကိုအသုံးပြုခြင်း အားဖြင့်သော် လည်းကောင်း၊ ထက်မြက်သော အတွေးအခေါ်နှင့် ခွန်အားနှင့် ပြည့်၀သောလုပ်ဆောင်ချက်များ အားဖြင့်သော်လည်းကောင်း ဘုရား ရှင်၏ ဘုန်းတော်ကို ထင်ရှားစေပြီး မိမိတို့၏အပေါင်း အသင်းများတို့ကို ကယ်တင်ခြင်း သို့ပို့ ဆောင်နိုင်မည်ဖြစ်သည်။”
မြော်လင့်ခြင်းလူင်ယသာသနာလုပ်ငန်းကော်မတီ - မြော်လင့်ခြင်းလူငယ်သာသနာ့ လုပ်ငန်းကော်မတီသည် လူငယ်သာသနာ့လုပ်ငန်းအစီအစဉ်၏အထွေထွေစီမံကိန်းအတွက် အသင်း တော်ထဲ၌ အဓိကအဖွဲ့အစည်းဖြစ်သည်။ ရွေးချယ်ထားသောမြော်လင့်ခြင်း လူငယ်အသင်းအဖွဲ့ ခေါင်းဆောင်များ၊ တစ်ဦးခင်ျးသာသနာလုပ်ငန်းခေါင်းဆောင်၊ လူငယ်ဥပုသ်စာဖြေအတန်း ခေါင်း ဆောင်၊ ကျန်းမာခြင်းသာသနာလုပ်ငန်းခေါင်းဆောင်၊ သံတမန်အဖွဲ့ညွှန်ကြားသူ၊ လမ်းပြအဖွဲ့ညွှန် ကြားသူ၊ စွန့်စားသူအဖွဲ့ညွှန်ကြားသူ၊ ကျောင်းအုပ်ပံ့ပိုးသူနှင့် သင်းအုပ်ဆရာများ အစရှိပုဂ္ဂိုလ်များ တို့သည် ၎င်းအဖွဲ့အစည်း၌ ပါဝင်ကြပါသည်။ မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့ခေါင်းဆောင်သည်
ဘုတ်အဖွဲ့ဝင်ဖြစ်ပြီး မြော်လင့်ခြင်းလူငယ်သာသနာလုပ်ငန်း ကော်မတီ၏ဥက္ကဌ ဖြစ်ရမည်။ ဤ ကော်မတီသည fမိမိ၏သာသနာလုပ်ငန်းအေင်မြင်ရေးအတွက် ရေတိုရေရှည်ပန်းတိုင်နှင့် စီမံကိန်း ကို ရွေးဆွဲရန်လိုအပ်လို ကော်မတီစည်းဝေးကို ခေါ်ယူရပါမည်။
မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့ကော်မတီ - မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့ကော်မ တီသည် သက်ကြီးတန်းလူငယ်များတို့၏လှုပ်ရှားမှုများအတွက် တာဝန်ရှိပြီးမြော်လင့်ခြင်း လူငယ် သူသနာလုပ်ငန်းကော်မတီအားဖြင့် အခြားသောလူငယ်အဖွဲ့အစည်းများတို့နှင့် အတူပူးပေါင်း အလုပ်လုပ်ကြရပါမည်။ သံတမန်အဖွဲ့၊ လမ်းပြအဖွဲ့၊ စွန့်စားသူအဖွဲ့မရှိပါက မြော်လင့်ခြင်း လူ ငယ်အသင်းအဖွဲ့အနေဖြင့် ယူငယ်တန်းအသင်းအဖွဲ့တစ်ခုထဲတွင် ဤလူငယ်များကို ထည့်သွင်း နိုင်သည်။
မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့ခေါင်းဆောင်များ - ဤမြော်လင့်ခြင်းလူငယ်အသင်း အဖွဲ့ ခေငါးဆောင်များ၊ လူငယ်ခေါင်းဆောင်၊ တွဲဘက်လူငယ်ခေါင်းဆောင်၊ အတွင်းရေးမှူး - ဘဏ္ဍာရေးမှူး၊ အကူအတွင်းရေးမှူး^ဘဏ္ဍာရေးမှူး၊ သီချင်းဦးဆောင်သူ၊ စန္ဒရားတီးခတ်သူနှင့် တာဝန်ခံတစ်ဦးကို အသင်းတော်မှရွေချယ်တင်မြှောက်ရပါမည်။ လူငယ်များတို့၏ စာရိတ္တကို တည်ဆောက်ရာတွင် တေးသီချင်းည် လွန်စွာအရေးကြီးသောကြောင့် တေးသံရှင်များကို ရွေးချယ် ရာ၌ အခြားမြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့ခေါင်းဆောင်များတို့ကို ရွေးချယ်သကဲ့ သို့ အထူး သတိပြုရပါမည်။ ဤအဖွဲ့သည် လူငယ်ခန့်အပ်ထားသည့် အခြားခေါင်းဆောင် များတို့နှင့် တိုင်ပင် ကာ မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့ကော်မတီအတွက် အမာခံကိုဖြစ်စေ ပါသည်။ ငယ်သောအ သင်းတော်များတို့၌ ပုဂ္ဂိုလ်တစ်ဦးမှနေ၍ များစွာသောတာဝန်ကို ဆောင်ရွက်ရပါသည်။
မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့ခေါင်းဆောင်သည် ခရစ်တော်fနှင့် တူသည့်အသက်တာ မျိုး ကိုမွေးမြူပြီး ဝိညာဉ်အောင်မြင်ရန်ဆန္ဒရှိသူနှင့် သူတစ်ပါးအားစိတ်တက်ကြွမှုကို လှုပ်ဆော်စေသည့် စိတ်ဓာတ်တက်ကြွစွာလုပ်ဆောင်သူဖြစ်ရမည်။ အတူတကွလုပ်ဆောင်ကြ ရန်နှင့် တာဝန်များ တို့ကို ထမ်းဆောင်ကြရန် လူငယ်များတို့ကို လှုပ်ဆောင်ရာ၌ အထောက် အကူပြုခြင်းတွင် ခေါင်း ဆောင်သည် နောက်မှနေ၍လမ်းညွှန်ခြင်း၊ အကြံပြုခြင်း၊ အားပေးခြင်း များတို့ကို လူငယ်များတို့ အားကူညီကာ ပညာဟေုသုတကိုရရှိစေခြင်းနှင့် အောင်မြင်ခြင်း၏ ဝမ်းမြောက်ဝမ်းသာခြင်းကို ရစေရမည်။ ခေါင်းဆောင်သည် အသင်းတော်၌ရှိသော လူငယ်များ တို့၏အခြေအနေကို လေ့လာ သုံးသပ်ကာ လူငယ်တိုင်းတို့အား မြော်လင့်ခြင်းလူငယ်အသင်း အဖွဲ့အထဲ၌ ပါဝင်လှုပ်ရှားမှုပြုကြ ရန် ဆောင်ရွက်ရပါမည်။
ခေါင်းဆောင်သည် အသင်းအုပ်ဆရာ၊ တာဝန်ခံသူနှင့် နယ်ဌာနချုပ်မှ လူငယ်ညွှန်ကြား ရေးမှူးတို့နှင့် အမြဲထိတွေ့ကာ အမငတော်အတွက်သင်တန်းပေးခြင်း၊ အခွင့်အရေးကိုရယူခြင်း နှင့် အဖွဲ့အစည်းကို အသင်းတော်နှင့်အတူ သော်လည်းကောင်း၊ နယ်ဌာချုပ်နှင့်အတူသော်လည်း ကောင်း ဦးဆောင်သွားရပါမည်။
တွဲဘက်ခေါင်းဆောင်သည် ခေါင်းဆောင်ကိုကူညီရမည်ဖြစ်ပြီးခေါင်းဆောင်မရှိသည့်အချိန်၌ မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့ကော်မတီကို ဥက္ကဌအဖြစ်ဦးဆောင်ရမည်။ ခေါင်းဆောင်၏တာ ဝန်များကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။ မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့ကော်မတီမှနေ၍ တွဲဘက်ခေါင်းဆောင်ကို အခြားတာဝန်များတို့အား ပေးအပ်နိုင်ပါသည်။
အတွင်းရေးမှူး-ဘဏ္ဍာရေးမှူးအနေဖြင့် မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့ လှုပ်ရှားမှုမှတ် တမ်းကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြင်ဆင်ထားသည့်ပုံစံစာရွက်တွင် လစဉ်အစီရင်ခံစာကို နယ်ဌာနချုပ်လူငယ်သာသနာလုပ်ငန်း ညွှန်ကြားရေးမှူးထံသို့ပေးပို့ခြင်းနှင့် တစ်ဦးချင်းသာသနာ လုပ်ငန်းအတွက်ပေးထားသည့် (၁၀) မိနစ်အချိန်၌ မိမိတို့၏သက်သေခံခြင်းလုပ်ငန်းကို အစီရင် ခံရန် လူငယ်များတို့အား အားပေးခြင်းပြုရမည်။
အကူအတွင်းရေးမှူး-ဘဏ္ဍာရေးမှူးသည် အတွင်းရေးမှူး-ဘဏ္ဍာရေးမှူးအား ပေးအပ်သည့် တာဝန် အပေါ် ကူညီမှုပြုရပါမည်။
မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့အကြံပေးအရာရှိ - မြော်လင့်ခြင်း လူငယ် အသင်းအဖွဲ့ အကြံပေးအရာရှိသည် အသက်အရွယ်ကြီးရင့်သူတစ်ဦး (သို့မဟုတ်) ဘုတ်အဖွဲ့ ဝင်ထဲမှ မြော်လင့်ခြင်းလူငယ်အသင်းအဖွဲ့၏ရည်ရွယ်ချက်ကိုနားလည်သူ၊ လူငယ်များ တို့ကိုကြင်နာ ပြီး အသင်းတော်သာသနာလုပ်ငန်း၌ ပါဝင်သောလူငယ်များ တို့အား အကြံ အဥာဏ်ပေး နိုင်သောသူတစ်ဦးဖြစ်နိုင်သည်။ အကြံပေးအရာရှိသည် မြော်လင့်ခြင်း လူ ငယ်အသင်းအဖွဲ့ ခေါင်းဆောင်များတို့ကို ဦးဆောင်သူတစ်ဦးအဖြစ် (သို့မဟုတ်) အကြံပြု သူတစ်ဦးအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး မြော်လင့်ခြင်းလူငယ် အသင်းအဖွဲ့ကော်မတီ အစည်းအဝေးများ၌ အမြဲတက်ရောက်ပါဝင်ရပါမည်။ အကြံပေး အရာရှိသည် မြော်လင့် ခြင်းလူငယ်အသင်းအဖွဲ့ ခေါင်းဆောင်နှင့်လက်တွဲကာ ဘုတ်အဖွဲ့ သို့ အသင်းအဖွဲ့၏ လိုအပ်ချက်များတို့ကို တင်ပြခြင်းတွင် အတူတကွပါဝင်လုပ်ဆောင် ကြရပါမည်။
အကြံပေးအရာရှိသည် နယ်ဌာနချုပ်လူငယ်သာသနာလုပ်ငန်းညွှန်ကြားရေးမှူးနှင့် ရင်းနှီးသိကျွမ်းရမည်ဖြစ်ပြီး အသင်းတော်ရှိလူငယ်ခေါင်းဆောင်များ အပြောင်းအလဲရှိခြင်း နှင့် အခြားလူငယ်အသင်းအဖွဲ့ကိစ္စများတို့ကို အမြဲသတင်းပေးရပါမည်။ မြော်လင့်ခြင်း လူငယ်အသင်းအဖွဲ့ခေါင်းဆောင်များတို့နှင့်အတူ အကြံပေးအရာရှိသည် နယ်ဌာနချုပ် လူ ငယ်သင်တန်းကို တက်ရောက်ရမည်ဖြစ်ပြီး လူငယ်သာသနာလုပ်ငန်း၏တိုးတက်မှုများကို အမြဲသတင်းပေးပို့ရပါမည်။
ဆက်လက်၍ မိမိလက်ရှိတာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက် ဖြစ်နိုင်ပါက အကြံ ပေးအရာရှိသည် မိမိတာဝန်အချိန်ကာလကို တစ်ကြိမ်ထက်ပို၍ အရွေးခံသင့်သည်။
မြော်လင့်ခြင်းလူငယ်၏သွင်ပြင်လက္ခဏာများ - ယေရှုခရစ်တော်နှင့် မိမိတို့၏ ဆက်သွယ်မှုတိုးတက်ကောင်းမွန်စေရန် အကူအညီဖြစ်စေရေး
အတွက် လူငယ်သာသနာလုပ်ငန်းဌာနသည် အသက်အရွယ်ခြင်းတူညီသည့် ယူငယ်အဖွဲ့ များကိုစီစဉ်လျက် ဝိညာဉ်ဆုကျေးဇူးများတို့ကို ပြုစုပျိုးထောင်နိုင်ရန်အတွက် ပတ်ဝန်းကျင် ကိုလည်း ဖန်တီးပေးပါသည်။
မြော်လင့်ခြင်းလူလတ်ပိုင်းလူငယ်အသင်းအဖွဲ့ - မြော်လင့်ခြင်းလူလတ်ပိုင်း လူ ငယ်အသင်းအဖွဲ့၏ ရည်ရွယ်ချက်တို့မှာ လူလတ်ပိုင်းလူငယ်များကို ခရစ်ယာန်ခေါင်း ဆောင်မှုနှင့် အမှုထမ်းခြင်းအတွက် သင်တန်းပေးရန်နှင့် လူငယ်အဖွဲ့ဝင်များတို့ကို အမှု တော်အတွက် အပြည့်အဝဆောင်ရွာက်နိုင်ရန် ပြုစုပျိုးထောင်ခြင်းတို့ဖြစ်သည်။
အသင်းတော်များအထဲ၌ ကျောင်းများနှင့်အတူ မြော်လင့်ခြင်းလူလတ်ပိုင်းလူငယ်များ တို့သည် သင်ရိုးညွှန်းတမ်းအစိတ်အပိုင်းဖြစ်ပြီး ဆရာသည် ၎င်း၏ခေါင်းဆောင် (သို့မဟုတ်) အကြံပေးအရာရှိဖြစ်သည်။ မြော်လင့်ခြင်းလူလတ်ပိုင်းလူငယ်အသင်းအဖွဲ့ အစီအစဉ်ကို ကျောင်း၌ကျင်းပသည့်အခါ ကျောင်းခန်းတိုင်းကို အသင်းအဖွဲ့တစ်ခုစီဟု သတ်မှတ်ရမည်ဖြစ်ပြီး မူလတန်းကျောင်းသားများကိုမူ အရန်အဖွဲ့ဝင်များဟု သတ်မှတ်ရ ပါလိမ့်မည်။ သို့သော် အကြီးတန်းကျောင်းသားများမှာ တင်းပြည့်အဖွဲ့ဝင်များဖြစ်ရပါ မည်။
လူငယ်များတို့နှင့်အတူ ပါဝင်လုပ်ကိုင်ဆောင်ရွက်သောသူတိုင်း အသင်းတော်နှင့် တရားဥပဒေစံချိန်၊ သတ်မှတ်ချက်များတို့ဖြင့် ကိုက်ညီရမည်ဖြစ်ပြီး နောက်ကြောင်းရာဇ ဝင်အထောက်အထားနှင့် ထောက်ခံချက်လက်မှတ်ရှိရမည်ဖြစ်သည်။ ဒေသခံအသင်းတော် ခေါင်းဆောင်များတို့အနေဖြင့် နယ်ဌာနချုပ်နှင့်တိုင်ပင်ပြီး မည်ကဲ့သို့သောနောက်ကြောင်း ရာဇဝင်နှင့် ထောက်ခံချက် လက်မှတ်မျိုးရရှိရမည်ကို သေချာစေရန် အကြံတောင်းရပါ မည်။
သံတမန်အဖွဲ့ - သံတမန်အဖွဲ့သည် အသက် (၁၆) နှစ်မှ (၂၁) နှစ်အရွယ်ရှိသူများ ဖြစ်ပြီး လူငယ်များတို့၏လိုအပ်ချက်များကို အထူးအစီအစဉ်အားဖြင့် ပြင်ဆင်ပေးလျက်ရှိ သည်။ ဤအသက်အရွယ်ရှိလူငယ်များကို မိမိ
တို့၏ဒေသအတွင်း၌သော်လည်းကောင်း၊ အခြားနေရာဒေသအနှံ့အပြား၌ သော်လည်းကောင်း အသင်းတော်အထဲ၌ အမှုတော်လုပ်ငန်းကိုဆောင်ရွက်ရန် စည်းရုံးခြင်း၊ ဖွဲ့စည်း ခြင်းပြုလျက် ပါဝင်လှုပ်ရှားကြရန် အားပေးမှုပြုလုပ်ခြင်းဖြစ်သည်။ ဤအဖွဲ့သည် အသင်း တော်ရှိ သက်ကြီးပိုင်းလူငယ်များတို့အား သာသနာလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရန်အား ပေးခြင်းအတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ခရစ်တော်နှင့်ကိုယ်တိုင်အကျွမ်းတဝင်ရှိပြီး ခံစားရရှိသည့်ဗဟုသုတများကိုဝေငှရန် စိန်ခေါ်မှုပြုပေးသည်။ မိမိယုံကြည်ခြင်းနှင့်ညီ ညွတ်သည့် ဘ၀အသက်တာကိုတည်ဆောက်ရန် ကူညီမစပေးခြင်းနှင့်အသက်မွေးဝမ်း ကျောင်းပညာကိုလည်း ရရှိရန်ပြင်ဆင်ပေးခြင်း၊ တစ်သက်တာလုံးအတွက် လုံခြုံမှုကို ပေးနိုင်သည့်နေရာနှင့်လုပ်ငန်းကို လုံးလုံးလျားလျားပြုစုပျိုးထောင်ပေးနိုင်ရန် ပြင်ဆင်ပေး ခြင်းတို့ဖြစ်သည်။ ၎င်း၏လှုပ်ရှားမှုများတို့ကို နယ်ဌာနချုပ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်သွားရန်နှင့် ဒေသခံအသင်းတော်၏ သက်ကြီးပိုင်းလူငယ်များတို့၏ သာသနာ လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။ သံတမန်အဖွဲ့၌ ညွှန်ကြားရေးမှူးတစ်ဦးနှင့် တွဲဘက်တစ်ဦး (သို့မဟုတ်) လိုအပ်ပါက တစ်ဦးထက်ပို၍ထားရှိနိုင်သည်။ တွဲဘက်ညွှန် ကြားရေးမှူးအနေဖြင့် အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတာဝန်ကိုလည်း ထမ်းဆောင်နိုင် သည်။ ညွှန်ကြားရေးမှူးသည် မြော်လင့်ခြင်းလူငယ် အသင်းအဖွဲ့ကော်မတီဝင်တစ်ဦးဖြစ် သည်။
လမ်းပြအဖွဲ့ - လမ်းပြအဖွဲ့သည် လူလတ်ပိုင်းယူငယ်၌ တွေ့ရှိရသည့်စွန့်စားရှာဖွေ စူးစမ်းမှုပြုသည့် စိတ်ဓာတ်ရှိစေရန်အတွက် အသင်းတော်ကို ဗဟိုပြုသော အထူးအစီအစဉ် တစ်ခုကို ပြင်ဆင်ပေးပါသည်။ ပြင်ပနေထိုင်ခြင်း၊ သဘာ၀စူးစမ်းလေ့လာခြင်း၊ လက်မှုပ ညာဆည်းပူးခြင်း၊ ဝါသနာအလျောက်လုပ်ကိုင်ခြင်း (သို့မဟုတ်) အသက်မွေးဝမ်းကျောင်း လုပ်ငန်းမျာသင်ယူခြင်း အစရှိသော မြော်လင့်ခြင်းလူလတ်ပိုင်းလူငယ်များတို့၌ အကောင်း ဆုံးတတ်အားသရွေ့ သတိပညာနှင့်အတတ်ပညာများ အစရှိသည်တို့ကို ဆောင်ရွက်ပေး
ခြင်းများ ပါဝင်ပါသည်။ ဤသို့ဆောင်ရွက်ပေးခြင်းအားဖြင့် ဝိညာဉ်ရေးအသားပေးမှုကို ကောင်းမွန်စွာရရှိစေလျက် လမ်းပြအဖွဲ့သည် ဝိညာဉ်ကယ်တင်ခြင်းဩဇာကို ထင်ရှားပြသ စေနိုင်မည်ဖြစ်သည်။ များစွာသောအသင်းတော်တို့၌ လမ်းပြအဖွဲ့သည် ရှေးရိုးမြော်လင့် ခြင်းလူလတ်ပိုင်းလူငယ်အသင်းအဖွဲ့၏နေရာကို အစားထိုးသွားကြပါသည်။ ကျောင်းရှိပါ က လမ်းပြအဖွဲ့သည် မြော်လင့်ခြင်းလူလတ်ပိုင်းလူငယ်အသင်းအဖွဲ့၏အလုပ်ကို ဖြည့်စွက် ပေးသင့်သည်။
လမ်းပြအဖွဲ့ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလုပ်ဆောင်သည့် ညွှန်ကြားရေးမှူးတို့ကို အသင်းတော်မှ ရွေးကောက်တင်မြှောက်ရပါသည်။ ကိုယ်စားနှစ်ဦးကို ရွေးချယ်ပါက အမျိုးသားမာs;ကိုဦးဆောင်သူတစ်ဦးနှင့် အမျိုးသမီးများကိုဦးဆောင်သူတစ်ဦး ထားရှိရ မည်။ ကိုယ်စားလုပ်ဆောင်သူများအထဲမှတစ်ဦးသည် အဖွဲ့၏မှတ်တမ်းပြုစုသူနှင့် ဘဏ္ဍာ ရေးမှူးအဖြစ်ဆောင်ရွက်သူအနေဖြင့် ထားရှိရပါမည်။ ညွှန်ကြားရေးမှူးသည် ဘုတ်အဖွဲ့ဝင် နှင့်မြော်လင့်ခြင်းလူငယ်သာသနာလုပ်ငန်းကော်မတီဝင်တစ်ဦးဖြစ်ရမည်။
လက်မှုပညာနှင့်သဘာ၀အတန်းများတို့ကို သင်ကြားပို့ချရန်အတွက် လမ်းပြအဖွဲ့ အမှုထမ်းများနှင့် တပ်ဖွဲ့စု (၆) ခုမှ (၈) ခုအထိရှိသော လမ်းပြတပ်ဖွဲ့များတစ်ခုစီကို တာ ဝန်ယူကြည့်ရှုရန် အကြံပေးအရာရှိများတို့ကိုလည်း ဦးဆောင်သူများအဖြစ် ရွေးချယ်၍ တာဝန်ပေးအပ်နိုင်ပါသည်။
အထောက်အကူပစ္စည်းများတို့ကို လိုအပ်ပါက နယ်ဌာနချုပ်လူငယ်သာသနာ့လုပ် ငန်းညွှန်ကြားရေးမှူးထံမှ ရရှိနိုင်ပါသည်။
အရွယ်မရောက်သေးသောကလေးမျာတို့အတွက် တာဝန်ထမ်းဆောင်သူများတစ်ဦးစီ တို့သည် အသင်းတော်နှင့်တရားဥပဒေစံချိန်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီပြီး မိမိ တို့၏နောက်ကြောင်းရာဇဝင်နှင့်ထောက်ခံချက်များ (သို့မဟုတ်) လက်မှတ်ရှိရမည်။ ဒေသ ခံအသင်းတော်ခေါင်းဆောင်များအနေဖြင့် နယ်ဌာနချုပ်နှင့်တိုင်ပင်မှုပြုကာ ၎င်းနောက် ကြောင်းကိုယ်ရေးရာဇဝင်နှင့် ထောက်ခံချက်လက်မှတ်များတို့မှာ မည်ကဲ့သို့သောအရာများ ဖြစ်ကြောင်း သေချာစေရန်အကြံယူရမည်။
စွန့်စားခြင်းအဖွဲ့ - စွန့်စားခြင်းအဖွဲ့သည် ကလေးIယ် (၆) နှစ်မှ (၉) နှစ်အရွယ်ရှိ မိဘများတို့အတွက် အိမ်နှင့်အသင်းတော်အစီအစဉ်များကို ပြင်ဆင်ပေးပါသည်။ ၎င်း၏ ဆောင်ရွက်ရမည့်လုပ်ငန်းမှာ ကလေးများ၏သိလိုသောစိတ်ဆန္ဒကို နှိုးဆော်ပေးခြင်းနှင့် အသက်အလိုက်တိကျသည့် လှုပ်ရှားမှုများပါဝင်ပြီး မိဘနှင့်ကလေးပါ အားသစ်လောင်း လှုပ်ရှားမှုများ၊ လွယ်ကူသောလက်မှုပညာများ၊ ဘုရားရှင်ဖန်ဆင်းထားသော အရာများတို့ ကို ချီးမွမ်းတတ်ခြင်းများနှင့် ၎င်းအသက်အရွယ်၌ရှိသည့် ကလေးတို့၏စိတ်ဝင်စားသော အခြားလှုပ်ရှားမှုအားလုံးပါဝင်သည်။
အဖွဲ့၏ညွှန်ကြားရေးမှူးနှင့်တွဲဘက်များတို့ကို အသင်းတော်မှရွေးချယ်ရပါသည်။ အခြားအမှုဆောင်အဖွဲ့ဝင်များကို အဖွဲ့၏အုပ်ချုပ်ရေးအမှုထမ်းများမှ ရွေးချယ်ရပါသည်။ ညွှန်ကြားရေးမှူးသည် မြော်လင့်ခြင်းလူငယ်သာသနာလုပ်ငန်း ကော်မတီဝင်တစ်ဦးဖြစ်ရ မည်။ လိုအပ်သည့်အထောက်အကူပစ္စည်းများကို နယ်ဌာနချုပ်လူငယ်သာသနာလုပ်ငန်း ညွှန်ကြားရေးမှူးထံ ရယူနိုင်သည်။
ဤအရွယ်မရောက်ရှိသေးသည့် ကလေးသူငယ်များတို့နှင့်အတူ ပါဝင်လုပ်ကိုင် ဆောင်ရွက်သောသူတိုင်း အသင်းတော်နှင့်တရားဥပဒေ၏စံချိန်များ၊ သတ်မှတ်ချက်များတို့ ဖြင့် ကိုက်ညီရမည်ဖြစ်ပြီး နောက်ကြောင်းကိုယ်ရေး ရာဇဝင်အထောက်အထားများနှင့် ထောက်ခံချက်လက်မှတ်ရှိရမည်ဖြစ်သည်။ ဒေသခံအသင်းတော်ခေါင်းဆောင်များ တို့အ နေဖြင့် နယ်ဌာနချုပ်နှင့်တိုင်ပင်ကာ မည်ကဲ့သို့သောနောက်ကြောင်းကိုယ်ရေးရာဇဝင်နှင့် ထောက်ခံချက်လက်မှတ်မျိုးရရှိရမည်ကို သေချာစေရန် အကြံဥာဏ်တောင်းခံရပါမည်။
တာဝန်အပ်နှင့်းခြင်းအစီအစဉ်
လက်ရှိလိုင်စင်ရ (သို့မဟုတ်) လက်တင်ရဓမ္မဆရာတစ်ဦးမှဦးဆောင်ကျင်းပသည့် ဤတာဝန်အပ်နှင်းခြင်းအစီအစဉ်တွင် ဒေသခံအသင်းတော်အတွက် အသ်စရွေးချယ်ပြီး သော ခေါင်းဆောင်အားလုံးပါဝင်ရမည်ဖြစ်သည်။
အကယ်၍ ဓမ္မဆရာမရှိပါက ဤအစီအစဉ်ကို အခြားအသင်းလူကြီးများ၊ သင်းထောက် များ၊ သင်းထောက်မယ်များတို့မှမဟုတ်ဘဲ အသင်းလူကြီးမှ ဦးဆောင်သွားနိုင်ပါသည်။ အသစ်ရွေးချယ်ထားသောခေါင်းဆောင်များအတွက် အသင်းတော်မှ တာဝန်အပ်နှင်းခြင်း အစီအစဉ်ကို ပြုလုပ်ကျင်းပသောအခါတွင်အခြားဌာနခေါင်းဆောင်များအားလုံးနှင့် အခြား အဖွဲ့အစည်းများလည်းတက်ရောက်ပါဝင်သင့်သည်။
-၀-
No comments:
Post a Comment